uid
string | page
int64 | text
string | burmese_percent
float64 | title
string | author
string |
---|---|---|---|---|---|
10005
| 1 |
________________
၁
www.burmeseclassic.com
BURMESE CLASSIC
.com
ဒသကျော်စွာ
M
www.burmeseclassic.com
| 10.185185 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 2 |
________________
www.burmeseclassic.com
BURMESE
CLASSIC
.com
လမိုက်ညခေါ်သံ
သူတို့သုံးယောက် စတင်ဆုံဆည်းကြစဉ်က
တည်းက အံသြဖွယ်ဆန်းကြယ်မှုများကို တွေ့ကြုံခဲ့ရခြင်းဖြစ်
ပါသည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုရန်အလို့ငှာ ဤမြို့တွင်
သူတို့ လာရောက်ဆုံဆည်းကြခြင်းဖြစ်ပြီး တွေ့တွေ့ချင်းပင် သူတို့ ခင်မင်သွားခဲ့ရခြင်းမှာ ခိုင်လုံသောအကြောင်းအချက် များစွာ ရှိနေပါလေ၏။
တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန် မိတ် ဆက်ကြစဉ်ကပင် သူတို့နာမည်တွေခြင်း ဆင်တူနေမှုအား သတိထားမိလိုက်လေ၏။
ကျော်စိုး၊ ကျော်မိုးနှင့် ကျော်တိုးဟူသည့် နာမည် များမှာ တမင်ကာရန်ကိုက်ပေးထားသလိုဖြစ်ကာ မသိသူများ အဖို့ ညီအစ်ကိုများလားဟု ထင်စရာရှိပါသည်။ ပြီးတော့ အသက်အရွယ်တွေ မေးကြသည့်အခါ လည်း သုံးယောက်လုံး ရွယ်တူ၊ ပိုဆိုးသည်ကအားလုံး တနင်္လာသားချည်းဖြစ်ကာ မွေးလ မွေးနှစ်များပါ တူညီနေကြ ခြင်းပင်တည်း။
2
www.burmeseclassic.com
| 80.853816 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 3 |
________________
www.burmeseclassic.com
ဒဿကျော်စွာ
ထို့အကြောင်းများကြောင့်ပင် သူတို့မှာ အများသူငါ ထက်ပိုခင်မင်ခဲ့ရခြင်းဖြစ်လေသည်။ သူတို့သည်ဗေဒင်နက္ခတ် အရ မွေးဖွားသောရာသီခွင်ချင်း တူနေသည်ဖြစ်ရာ အချင်းချင်း စိတ်အမူအကျင့်များတူကြမည်ဟု ယေဘုယျသဘော ယူဆ မိကြပြီး တွေ့ပြီးသိပ်မကြာခင်မှာပင် တစ်အူထုံဆင်း ညီ အစ်ကိုရင်းများကဲ့သို့ အမြဲတစ်တွဲတွဲ ဖြစ်နေကြပါလေတော့ သည်။
BURMESE
CLASSIC
.com
သူတို့သူငယ်ချင်းသုံးယောက်၏ ထူးဆန်းသော
တိုက်ဆိုင်မှုကို အကြောင်းပြု၍ ကြံကြံဖန်ဖန်စိတ်ကူးတစ်ခုကို စပြီးရသူမှာ ကျော်တိုးပင်ဖြစ်သည်။
“ကျော်မိုး ငါတို့ ဗေဒင်သွားမေးရအောင်၊ အောင်မြေလောကဆုတောင်းပြည့်ဘုရားလေးနား မှာ ဗေဒင်ဆရာတစ်ယောက် တော်တော်မှန်တယ် လို့ပြောတယ်””
ကျော်တိုးစကားအဆုံးတွင် ကျော်စိုးက မျက်မှောင်
ကျုံ့လျက် ကျော်မိုးကို လှမ်းကြည့်သည်။
ကျော်တိုးကို ပြုံးစေ့စေ့ကြည့်ကာ
| 83.968463 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 4 |
________________
၁၀
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
“မင်းကလည်း ဗေဒင်တို့ လက္ခဏာတို့ဆိုတာက မိန်းမတွေပဲ စိတ်ဝင်စားကြတာ၊ မင်းကျမှပဲ...” ဟုပြောလိုက်လေသည်။
"မိန်းမတွေမှကြည့်ရမှာလားကွ၊ ယောက်ျား တွေက ပိုပြီးတောင် အဲဒီပညာရပ်တွေကို စိတ်ဝင် တစားလေ့လာကြသေးတယ်၊ နာမည်ကြီးနေတဲ့ ဗေဒင်ဆရာတွေဆို ယောက်ျားတွေချည်းပဲ၊ အခု ငါပြောတဲ့ ဗေဒင်ဆရာက ပိုပြီးထူးဆန်းတယ်၊ လက္ခဏာတင်မကဘူး၊ ခြေခဏာပါကြည့်ပေး တာကွ"
“ဟာ... ပေါက်ပေါက်ရှာရှာ ခြေခဏာရယ်လို့ မကြည့်ချင်ပါဘူး၊ ခြေဖဝါးကို ဟိုထောက် ဒီထောက်နဲ့ ယားမှာပဲ၊ ငါက ခြေဖဝါးထိရင် ယားတတ်တယ်”
ကျော်မိုးက ခေါင်းတစ်ခါခါ လက်တစ်ခါခါနှင့် ငြင်းလေသည်။ ကျော်တိုးက ခေါင်းကို တဗြင်းဗြင်းကုတ် ရင်းနှင့် ကျော်စိုးဘက်ကိုလှည့်ပြီး အဖော်ညှိပြန်သည်။
BURMESE CLASSIC
“ကျော်စိုး မင်းရောလိုက်ဦးမလား””
ကျော်စိုးမှာ ဘာမှပြန်မပြော။ သူတို့ပြောနေသည်ကို ဘာမှမကြားသလို ခပ်ဝေးဝေးကိုသာ ငေးနေလေသည်။ "ကဲပါကွာ မင်း ဒီလောက်စိတ်ဝင်စားနေရင် လည်းသွားကြတာပေါ့”
ကျော်မိုးက ထိုသို ့ ပြောလိုက်သောအခါတွင် ကျော်တိုးမှာ ဝမ်းသာအားရဖြစ်သွားလေတော့သည်။ “ကျော်စိုး မင်းရောလိုက်မယ်မဟုတ်လား၊ လိုက်ခဲ့ကွာ”
com
..
ကျော်စိုးမှာ ငေးငိုင်နေရာမှ ခပ်ကြောင်ကြောင်
ပြန်ကြည့်ကာ...
“ဟင်.. ဘာလဲ”ဟုမေးလေသည်။ “ဟာ.. မင်းကလည်း အခုပြောနေတဲ့ဟာကို အခုဘာလဲပြန်မေးနေတယ်၊ ဗေဒင်ဆရာဆီသွား မလို့ဟေ့ ဗေဒင်သွားကြည့်မလို့” “ဪ.... သွားလေ ငါတော့
ပါဘူး၊ ဒါပေမယ့် ic.com/
www.bunn
ငါက
| 82.085987 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 5 |
________________
၁၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၃
ဘာလို့ တစ်ယောက်တည်းချန်နေရစ်ရမှာလဲ၊ လိုက်ခဲ့မှာပေါ့"
"ဒါဆိုလည်း ပြီးတာပါပဲ”
ထိုသို့ဖြင့် ကျော်တိုးဦးဆောင်သော သူတို့ သုံးယောက်အုပ်စုမှာ အောင်မြေလောက ဆုတောင်းပြည့် ဘုရားနားမှ ဗေဒင်ဆရာဆီသို့ ရောက်ခဲ့ကြတော့သည်။
ဘုရားရင်ပြင်တော်ပေါ်ရှိ အမိုးအကာပါသော တန် ဆောင်းလေးထဲတွင် အသက်လေးဆယ်ကျော်ငါးဆယ်ခန့် ရှိမည့် လူတစ်ယောက်သည် စားပွဲခုံပုလေးတစ်လုံးချကာ ထိုင်နေလေသည်။ သူ့နောက်တွင် နှစ်ကိုက်ခန့်ရှိသော ပိတ်ဖြူတစ်ခုကို အစွန်းထိပ်နှစ်ဖက်စီ ကြိုးဖြင့်ချည်နှောင် လျက် တန်ဆောင်းမှ တိုင်နှစ်တိုင်ကို လှမ်းဆွဲထား၏။ ထိုပိတ်ဖြူပေါ်တွင် ဝေဒသုတေသီကြာဗြား၊ ခြေခဏာ အထူး ကြည့်ရှု ဟောပြောပေးသည်ဟု စာလုံးအပြာရောင်နှင့် ရေးထားသည်ကို တွေ့လိုက်ရလေသည်။
သူတို့ သုံးယောက်ထိုင်မိကြလျှင် ဆရာဗြားက တစ်ချက်မော့ကြည့်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး
"ကဲ ကဲ ထိုင်ကြ ရှေ့ဖြစ်၊ နောက်ဖြစ်၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတာတွေအတွက် ဆရာ့ကို အားကိုးပြီးရောက်လာ တဲ့အတွက် ခုနှစ်ရက်သားသမီးတို့ရဲ့ ဇာတာ စန်းလဂ်ကံကြမ္မာကို တတ်တဲ့ပညာနဲ ့ ဟောပြော ကူညီနေတဲ့ ဆရာဗြားဆိုတာကျုပ်ပါပဲ”” ဟုဆိုလိုက်လေသည်။ ထိုအခါ ကျော်တိုးမှာ “အရင်ကဖြစ်ပျက်ခဲ့တာတွေတော့ မသိချင် တော့ပါဘူးဆရာ၊ သိပြီးသားတွေပဲ၊ နောက်ဘာဖြစ် မယ်ဆိုတာသာ ဟောပေးပါ"
ဟုဆိုကာသူ့ရဲ့မွေးနေ ့၊ မွေးလနှင့်မွေးနှစ်တို့ကို ဆရာဗြားအား ပြောပြလိုက်လေတော့သည်။ ကျော်တိုးအ လှည့်ပြီးလျှင် ကျော်မိုးကို ဟောလေသည်။ ထိုအချိန်တွင် ကျော်စိုးမှာ စိတ်ဝင်စားသည်လည်းမဟုတ်၊ စိတ်မဝင်စား သည်လည်း မဟုတ်သောမျက်နှာနှင့် ဆရာဗြားဟောနေသည် ကိုငေးကြည့်နေလေသည်။
www.buseclassic.com,
သူတို့နှစ်ယောက် အလှည့်ပြီးသွားသောအခါ
| 87.432065 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 6 |
________________
၁၄
www.burmeseclassic.com
ဒဿကျော်စွာ
ကျော်မိုးက သူတို့နှင့် မွေးနှစ်၊ မွေးနံတူသောကြောင့် ကျော်စိုး အတွက်ပါ ဟောခိုင်းလေသည်။ ဗေဒင်ဆရာမှာ တနင်္လာ သားချည်းဖြစ်ပြီး နာမည်တွေကလည်း အမွှာညီအစ်ကို တွေလို ဆင်တူနေပြီး မွေးနှစ်၊ မွေးလ ရာသီခွင်များပါတူနေ သော သူတို့ သုံးယောက်ကို တအံ့တသြ ဖြစ်နေလေသည်။ “အင်း... တော်တော်ထူးဆန်းတာပဲ၊ သုံးယောက် လုံး.. ဒီလိုတိုက်တိုက်ဆိုင်ဆိုင်ကြီး လာတူနေတာ တော့ ကျုပ်တစ်ခါမှ မကြုံဖူးဘူး၊ ဒါပေမယ့်-နှစ်၊ လရာသီခွင်တွေတူန် ့တော့ ကံကြမ္မာက မတူ နိုင်ဘူးပေါ့လေ၊ မွေးတဲ့အချိန်၊ နာရီ၊ စက္ကန့် လွဲတာနဲ့ ဂြိုဟ်တွေ၊ နက္ခတ်တွေလွဲတော့တာပဲ” ကျော်တိုးတို့ သုံးယောက်မှာ ဆရာဗြားပြောသမျှ ကို ခေါင်းတစ်ညီတညီတနှင့် နားထောင်နေကြလေသည်။ “မောင်ကျော်စိုးကျတော့ တော်တော်လေးထူး တယ်၊ သူများတကာထက်ကံဇာတာပိုကောင်း မယ်၊ သူမတူအောင် အောင်မြင်ကြီးပွားမယ့် လက္ခဏာပဲ””
လမိုက်ညခေါ်သံ
၁၅
ဟုအစချီကာ အကောင်းတွေချည်းသာဟောပြော လေသည်။ ကျော်တိုးနှင့် ကျော်မိုးမှာ ကျော်စိုးကို ဟောသမျှ အားရဝမ်းသာဖြစ်နေကြသော်လည်း ကျော်စိုးမှာ တစ်ဟား ဟားနှင့်ရယ်၍သာနေလေသည်။
LL
သူတစ်ခွန်းဟောတိုင်းထရယ်သော ကျော်စိုးကို ကြည့်၍ အင်း... ကံကောင်းတာတွေချည်းဟောလို့ ဝမ်းသာလွန်းပြီး ကြောင်တောင်တောင်များ ဖြစ်သွားပြီလား” ဟု တွေးပြီးဆရာဗြားမှာ ခေါင်းကို ခပ်ဖြည်းဖြည်းခါနေ လေသည်။
ကျော်စိုးကတော့ သူ့ကို ဟောကိန်းထုတ်နေသော ဗေဒင်ဆရာကိုပင် အားနာရကောင်းမှန်းမသိသလို အူလှိုက် သည်းလှိုက် ရယ်မော၍သာနေလေတော့သည်။
www.burmeseclassic.com
| 85.570988 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 7 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၁၇
ဘုရားမှ ပြန်လာသောအခါလမ်းတွင် ကျော်မိုးက “ကျော်စိုး ၱာဘာဖြစ်လို့ရယ်တာလဲ၊
အကုန်လုံး ဒ င်းတွေချည်း ဟောတဲ့ဟာကို၊
༣
ငါ့ကိုဆို အသက်ငါးဆယ်ကျော်ရင် ကျန်းမာရေး ညံ့မယ်တဲ့၊ ကျော်တိုးကိုလည်းအိမ်ထောင်ရေး ကံမကောင်းဘူးတဲ့”
ကျော်မိုးစကားအဆုံးတွင် ကျော်တိုးမှာ တစ်ဖြည်း ဖြည်းပြုံးရင်းမှ ဟက်ဟက်ပက်ပက် ထရယ်ပြန်သည်။
“ငါကလည်း အဲဒီ ဟောတာတွေကိုပဲသဘောကျ တာ၊ မင်းစဉ်းစားလေ၊ အသက်ငါးဆယ်ကျော်
မှတော့ ကျန်းမာရေးကညံ့ပြီပေါ့၊ အဲဒီအရွယ် ရောက်ရင် မင်းမှမဟုတ်ဘူး၊ လူတိုင်းညံ့ကြတာ ချည်းပါပဲ၊ ဘာဆန်းလဲ”
ကျော်စိုးစကားကြောင့် ကျော်မိုးနှင့် ကျော်တိုးမှာ ခေါင်းညိတ်ရမလို၊ ခေါင်းခါရမလိုဖြစ်သွားကြလေသည်။ “အေး... ထားပါတော့ကွာ၊ ဒါလည်းဖြစ်မှ မဖြစ်သေးတာ၊ ဒါနဲ့ နေပါအုံး၊ မင်းကိုဟောတာ တွေကျတော့ရော ဘာရယ်စရာပါလို့လဲ” “ရယ်စရာပါတာပေါ့ကွ၊ သူဟောတာဟုတ်မှ မဟုတ်ဘဲ၊ ငါ့ကို အသက်ရှည်မယ်တဲ့၊ အိမ်ထောင် သုံးဆက်တဲ့၊ သူများထက်ကံကောင်းပြီး ကြီးပွား ချမ်းသာဦးမယ်တဲ့”
“အေးလေ အဲဒါဘာဖြစ်လဲ၊ နောက်ဖြစ်လာမှာ မှားတယ်လို့ ပြောလို့ရမလား”
ကျော်တိုးကလည်း အားကျမခံ အတင်းဝင်ငြင်း သည်။ ကျော်စိုးက ပြုံးရင်းခေါင်းကို
“ပြောလို့ရတဲ့ အကြော .. pssic.com
ငါက
| 84.615385 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 8 |
________________
www.burmeseclassic.com
--- ဒဿကျော်စွာ
ဆယ်နှစ်အတွင်းသေရမယ်ဆိုတာ သိပြီးသားလူပဲ၊ သူဟောလိုက်တဲ့ `ကိစ္စတွေ ဘာမှဖြစ်မလာနိုင် တော့ဘူးဆိုတာ အတတ်သိတာပေါ့”
ဟု ဆိုလိုက်ရာ ကျော်တိုးနှင့် ကျော်မိုးမှာ နားမ လည်ခြင်းတစ်ဝက်၊ အံ့သြခြင်းတစ်ဝက်နှင့် ကျော်စိုးမျက်နှာ ကို လှမ်းကြည့်လိုက်ကြလေသည်။ အတန်ကြာမှ ကျော်တိုး က ခေါင်းခါရင်း
“မဖြစ်နိုင်တာကွာ မင်းကဘာရောဂါမှမရှိဘဲ အကောင်းပကတိကြီးကနေ ဘယ်လိုဆယ်နှစ် အတွင်း သေမယ်မှန်းသိလဲ” `အေးလေ... ဘုရားဟောတောင်ရှိသေးတယ်၊ ကိုယ်ဘယ်ဘဝကလာတယ်၊ ဘယ်နေ့သေမယ်၊ ဘယ်ဘဝရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်မှန် သမျှ ဘယ်သူမှမသိနိုင်ဘူးတဲ့၊ ကဲ ဘယ့်နှယ့်လဲ ကိုယ့်လူ ဆယ်နှစ်အတွင်းသေပါ့မယ်လို့ ပြောချင် သေးလား
ဟု ကျော်မိုးက ဝင်၍ပြောလိုက်ရာ ကျော်စိုးမှာ
လမိုက်ညခေါ်သံ
၁၉
ဘာမှပြန်မဖြေဘဲ ငေးမောတွေဝေနေလေသည်။ အတန်ကြာမှ သက်ပြင်းတစ်ချက်ချလိုက်ကာ
“ဒီအကြောင်းတွေကို ပြောရင်တော့ ယုံနိုင်စရာ မရှိဘူးပေါ့ကွာ၊ ဒါပေမယ့် တကယ်ကြုံတွေ့
ခဲ့ရတဲ့ လူအဖို့တော့ ဘယ်တော့မှ မေ့ပျောက်လို့ ရနိုင်မှာမဟုတ်ဘူး”
ကျော်စိုး၏ မျက်လုံးများမှာ ချက်ချင်းပင်ရီဝေမှိုင်း ညို့လာကာ အတိတ်ကိုပုံဖော်နေသလို ခပ်ဆွေးဆွေး ဖြစ်လာလေတော့သည်။
““အဲဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ဆယ်နှစ် လောက်က ငါကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ၊ ရွာမှာ တုန်းကလည်း အခုလိုပဲ၊ ငါ့မှာ သူငယ်ချင်း နှစ်ယောက်ရှိတယ်၊ မင်းတို့နှစ်ယောက်လိုတော့ နာမည်တွေက မဆင်ဘူးပေါ့၊ အဲဒီတုန်းက ငါ့သူငယ်ချင်းနှစ်ယောက်က နီတွတ်နဲ့ ချက်စူတဲ့၊
ငါတို့ သုံးယောက်လုံးက reclassic.com/
သုံးယောက်ပေါင်းလောင်းကျော်လို့
| 86.521084 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 9 |
________________
၂၀
www.burmeseclassic.com
ဒဿကျော်စွာ
အော့ကြောလန်တဲ့ ကလေးဆိုး လေးတွေပေါ့၊
ငါ့ရဲ့ငယ်ဘဝက တော်တော်လေး ပျော်စရာကောင်း
ခဲ့တယ်၊ ဒါပေမယ့် မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခုနဲ့ စကြုံပြီး နောက်ပိုင်းမှာတော့”
တပေါင်းလမို့ နေကခြစ်ခြစ်တောက်ပူလျက်ရှိသည်။ ရွာထိပ်ရှိ ထနောင်းပင်ရိပ်အောက်တွင် ချက်စူ၊ နီတွတ်နှင့် ကျော်စိုးတို့မှာ သစ်ရိပ်ခိုရင်းကစားနေကြလေသည်။ အတော် လေးကြာလာသောအခါ ကစားရသည်ကို အားလုံးပျင်းရိလာ ကြသည်နှင့်နီတွတ်က
“တော်ပြီကွာ မကစားချင်တော့ဘူး။ ဘကြီးပု တဲကုန်း ငှက်သွားပစ်မယ်”
ဟုပြောလိုက်ရာ ကျန်နှစ်ယောက်မှာ ခဏစဉ်းစား သလိုပြုပြီး ခေါင်းခါကြ၏။ ချက်စူက နှာဝမှာထွက်ပြု နေသော နှပ်ကို တရှုံ့ရှုံ့တင်ရင်း
www.burmeseclassic.com/
| 81.055901 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 10 |
________________
၂၂
www.burmeseclassic.com - ဒဿကျော်စွာ
“ငါတော့ မသွားရဲဘူး၊ ဟိုနေ ့က ဘကြီးပု လောက်စာလုံးတွေကို မီးဖုတ်နေတာကို ငါတွေ့ခဲ့ တယ်၊ အဲဒါ ငါတို့လို ငှက်ပစ်ဖို့မဟုတ်ဘူးကွ၊ သူ့ကန်ထဲ ရေဆင်းသောက်တဲ့နွားတွေကို ပစ်ဖို့ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ ငါတို့ကိုဆော် ဖို့ပဲနေမယ်” ဟုပြောလိုက်လေသည်။
“ဟုတ်တယ်ကွ၊ အရီးလေးညှက်ကလည်း ပြောင်း ခင်းထဲဝင်မရအောင် ကြခတ်တွေကာထားတာပိတ် လို့၊ ငါတို့ရန်ကိုကြောက်လို့တဲ့၊ ဘကြီးပုက ရွာလူကြီးကို တိုင်သလားမသိဘူး၊ မနေ့က ငါ့အမေ ကို ပြောလိုက်တယ်၊ ဒီထက်ဆိုးရင်တော့ ဘုန်းကြီး ကျောင်းကန်ထဲက မြေတွေကိုသယ်ပြီး ကန်ဘောင် ဖို့ရမယ်တဲ့”“ ကျော်စိုးစကားအဆုံးတွင် ချက်စူနှင့်နီတွတ်မှာ ရှုံ့မဲ့
သွားလေသည်။
“အမလေး...... ကန်ဘောင်ဖို့ရရင်တော့ မသက်
လမိုက်ညခေါ်သံ
၂၃
သာဘူး၊ ဟိုတစ်ခါ ငှက်ပျောသီးကျွေးမယ်ဆိုပြီး ကပ္ပိယကြီး ငါတို့ကို ဝိုင်းသယ်ခိုင်းဟာကို မှတ်မိ သေးလား၊ ပုခုံးတွေဆိုအထိတောင်မခံနိုင် တော့ဘူး၊ တော် တော် ငါတို့တော့ သွားနေကျနေရာ တွေကို ခပ်ဝေးဝေးရှောင်တော့မယ်”” သူတို့သုံးယောက်မှာ တစ်ရွာလုံးရှိဖရဲခင်း၊ ပြောင်း ခင်းများကို အလွတ်မပေးတတ်သောကြောင့် အားလုံးက သူတို့အန္တရာယ်ကို ကာကွယ်ရန် ကြိုတင်ပိတ်ဆို့ထားကြရ လေသည်။
“ငါတို့တော့ တဖြည်းဖြည်းဆော့စရာနေရာရှား လာပြီ၊ ဘယ်လိုလုပ်ကြမလဲ၊ စဉ်းစားကြစမ်းပါ အုံးကွ“
နီတွတ် ကြီးကြီးကျယ်ကျယ် .. ပြောလိုက်သော စကားအဆုံးတွင် ကျော်စိုးနှင့်ချက်စူမှာ ထနောင်းပင်ကြီးကို မှီရင်း မျက်လုံးလေးပေကလပ်၊ ပေကလပ်လုပ်ကာစဉ်းစားနေ ကြလေသည်။ ချက်စူက ထိုင်နေရာမှထကာ ကျောင်းစိမ်း ပုဆိုးလေးကို ကွင်းသိုင်းလိုက်၏။
www.burmesecl
| 86.260103 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 11 |
________________
၂၄
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၂၅
“ရှုပ်တယ်ကွာ၊ ငါတော့ မန်ကျည်းစိမ်းသီး သွားခူးစားတော့မယ်””
ထိုအခါ နီတွတ်နှင့် ကျော်စိုးမှာ မနေသာတော့ဘဲ ချက်စူနောက်သို့ လေးခွလေးတွေ ခါးထိုးရင်း လိုက်သွား ကြလေတော့သည်။ မန်ကျည်းပင်ပေါ်သို့ ရောက်သော်လည်း နေလို့မပျော်ကြချေ။
မန်ကျည်းစိမ်းတောင့်သုံးလေးတောင့် ခူးစားပြီး သွားကျိန်းလာသောကြောင့် ဆက်မခူးကြတော့ဘဲ မန်ကျည်း ပင် ခွဆုံတွင် မှီအိပ်နေကြလေသည်။
ကျော်စိုးမှာ မန်ကျည်းပင်ထိပ်ဖျားကိုင်းမှ တောစပ် ဘက်သို့ လှမ်းကြည့်ရင်း အကြံတစ်ခုရလာလေသည်။ “နီတွတ်ရေ”
ကစား
"ငါ့အကြံရပြီဟေ့၊ ငါတို့ တောစပ်သွားပြီး မယ်၊ အဲဒီဘက်မှာ ဆက်ရက်တွေလည်းရှိတယ်၊ ဟိုတစ်ခါ ဖိုးလေးအုန်းတို့ အိမ်က နွားကြီးပျောက် လို့သွားရှာတော့ ငါလိုက်သွားဖူးတယ်၊ ဆက်ရက်
တွေရော။ လင်းဝက်တွေရော ပေါမှပေါ၊ ငှက်ပစ် လို့ရတယ်ကွ၊ သွားကြမလား”
“ကျော်စိုးအကြံ ကောင်းတယ်ဟေ့၊ တောစပ်မှာဆို ဘယ်သူမှဆူမယ့်သူမရှိဘူးကွ၊ ငှက်ပစ်တာ ဘုန်းကြီးလည်းမမြင်နိုင်တော့ဘူး၊ တောစပ်အထိ တော့ ကပ္ပိယကြီးလည်း လိုက်မချောင်းနိုင်တော့ ပါဘူးကွာ“
ဤသို့ဖြင့် သူတို့သုံးယောက်မှာ လောက်စာလုံး ထည့်ထားသော ပုဆိုးကိုလွယ်၊ လောက်လေးခွကိုခါးထိုး ကာ တောစပ်သို့ အားရဝမ်းသာ ထွက်ခဲ့ကြလေတော့၏။
www.burmeseclassic.com
| 84.903934 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 12 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၂၇
တောစပ်သို့ရောက်သောအခါ အဝေးမှလှမ်းမြင် ရသလို သစ်ပင်ကြီးများ အုံ့အုံ့ဆိုင်းဆိုင်းနှင့် မှိုင်းညှို့မနေဘဲ ညောင်မုတ်ဆိတ်ပင်ကြီးများ၊ ဆူးချုံများ၊ ဝါးတောကြီးများ နှင့် တိုးမပေါက်အောင် ရှုပ်ယှက်ခတ်နေသည်ကို တွေ့ရ
လေ၏။
“ဟေ့-- ကျော်စိုး မင်းပြောတော့ ဆက်ရက်တွေ လင်းဝက်တွေ ပေါမှပေါဆို.. ဘာမှလည်း မတွေ့ရပါလား”
နီတွတ်က လေးခွနှင့်သစ်ပင်ချုံကြားသို့ လှည့်ပတ် ချိန်ရင်း ပြောလိုက်လေသည်။ မည်သည့်ငှက်မျှ မတွေ့ရသေး
သော်လည်း တကျွိကျွိအော်နေသံများကိုတော့ ကြားနေရ၏။ “မင်းတို့မကြားဖူးလားကွ၊ ငှက်သံတွေဆူလို့”
အားလုံးသေသေချာချာ နားစိုက်ထောင်လိုက်ကြ
သောအခါ ငှက်သံများနှင့်အတူဝါးပင်ချင်းကြိတ်မိသံနှင့် သစ်ကိုင်းများ ပွတ်တိုက်သောအသံများကို ကြားရလေသည်။ ထိုနေရာမှာ ရွာနှင့် သိပ်မဝေးလှသော်လည်း လူသူ အရောက်အပေါက်နည်းလှသည်။ ထိုတောစပ်၏ တစ်ဖက် အလွန်တွင် ဆင်ခြေလျှောလမ်းလေးရှိပြီး ထိုမှဆင်းသွားလျှင် မြို့သို ့ ဖြတ်လမ်းဖြင့်သွားနိုင်သော လှည်းလမ်းကြောင်း လေးရှိ၏။
သို့သော် တစ်ဖက်ပိတ် တောင်စောင်းလမ်းဖြစ် သောကြောင့် လူသုံးနည်းလေသည်။ ကျွဲပျောက်နွားပျောက် ရှာလျှင် ထိုအနီးတစ်ဝိုက်တွင် တွေ့ရတတ်၏။ သိပ်မကျယ် လှသော်လည်း တိုးရခက်သော တောအုပ်မို့ သစ်ခုတ်သူ ပင်တစ်ဦးမျှမရှိချေ။
ကလေးသုံးယောက်မှာ ဟိုဟိုဒီဒီ လျှောက်ကြည့်
́ ရင်း စိမ်းညို့နေသောနွယ်ပင်များပါသည်။ ssic.com
WWW.
| 86.72788 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 13 |
________________
၂၈
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၂၉
ဂူဝကြီးတစ်ခုသို့ ရောက်သွားကြလေတော့သည်။ သူတို့မှာ ဂူပေါက်တစ်ခုမှန်း မသိကြချေ။
“ဟေ့ ဟေ့ .. ချက်စူရေ၊ ဒီမှာ ကြည့်စမ်း၊ ဒီချုံပုတ်နောက်မှာ တွင်းပေါက်ကြီးတစ်ပေါက်ကွ၊ သွားကြည့်ရအောင်””
နီတွတ်စကားအဆုံး ချက်စူနှင့် ကျော်စိုးမှာ ချုံပုတ်ကြီးကို ဆွဲဖယ်ကာ ထိုအပေါက်ကြီးဆီသို့တိုး သွားကြလေသည်။ တောင်ကမူနဲ့ရံတွင် မြေစိုင်များမှာ ကျောက်သားများ လိုမာကျောပြီး သဘာဝကျောက်ဂူကြီးလို ဖြစ်နေလေ၏။ထိုနေရာမှာ သူတို့သုံးယောက် မတ်တပ်ရပ် ဝင်သွားနိုင်သော်လည်း လူကြီးများဆိုလျှင် ခါးကုန်း၍ဝင်မှရ နိုင်ပြီး အတွင်းပိုင်းသို့ ရောက်လေလေပို၍နိမ့်လာလေလေ ဖြစ်သည်။ တစ်ချို့နေရာများမှာ အတော်အတန်မြင့်ပြီး ကျယ်လည်းကျယ်ဝန်းလေသည်။
မြေလိုဏ်ဂူသည် အကွေ့အကောက်မရှိသော ကြောင့် သိပ်မမှောင်လှသော်လည်း စိမ်းရွှေရွှေ၊ အောက်သိုးသိုး အနံ့ကြီးထွက်နေလေသည်။
“ဟေ့.... ငါတို့ ဒီထဲကို ရောက်တာဘယ်သူမှ မသိဘူးနော်၊ ရွာကလူတွေလည်း ဒါကြီးရှိတာ သိမယ်မထင်ဘူးကွ”“
သူတို့သုံးယောက်မှာ စမ်းစမ်းစမ်းစမ်းနှင့် ဝင်လာ ရင်း တစ်နေရာအရောက်တွင် ဆံပင်ဖားလျား၊ မုတ်ဆိတ် မွေးဖားလျားနှင့် လူကြီးတစ်ယောက်အား ဘွားကနဲတွေ့လိုက် ရာ အားလုံးလန့်ဖျပ်ပြီး အား' ဟု အော်လိုက်မိကြလေ သည်။
သူတို့ အားလုံးထဲတွင် နီတွတ်က စပ်စုတတ်သလို သတ္တိလည်းကောင်းလှသည်။
“မကြောက်ပါနဲ့ကွာ လူကြီးပါ”
ကျော်စိုးနှင့် ချက်စူမှာ နောက်ကြောင်းပြန်လှည့်ပြေး မလိုလုပ်ပြီးမှ နီတွတ်စကားကြောင့် မပြေးဘဲ လှမ်းကြည့် မိကြလေသည်။
“တော်ပါသေးရဲ့၊ ဗြုန်းခနဲ သရဲကြီးငုတ်တုတ် ထိုင်နေတယ်မှတ်လို့”
"ဟာ... ဘယeclassic.com
ချက်စူ
| 86.366933 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 14 |
________________
၃၀
www.burmeseclassic.com
ဒဿကျော်စွာ
ကလည်း၊ သေသေချာချာကြည့်ပါဦး၊ ဒီလူကြီး ငါတို့ရွာက ကပ္ပိယကြီးလို တရားထိုင်နေတာ
""
ကျော်စိုးစကားကြောင့် နီတွတ်နှင့် ချက်စူမှာ ထို
ကြီးကို ကြည့်ပြီး
“တရားထိုင်တာ ဒီတွင်းကြီးထဲထိုင်ရလား၊ ကပ္ပိယကြီးလို ဘုရားမှာမထိုင်ဘဲနဲ့၊ ကြည့်ပါဦး၊ မုတ်ဆိတ်ကြီးကလည်း ချုံပုတ်ကြီးကျနေတာပဲ၊ ကြောက်စရာကြီးပါကွာ”
ဟုပြောလိုက်လေသည်။ သူတို့သည် ထိုမြေလိုဏ်ဂူ ကို လိုဏ်ဂူမှန်းမသိဘဲ မြေတွင်းကြီးတစ်ခုဟုသာ ထင်နေကြ လေသည်။
““တိုးတိုးပြောပါကွ၊ ငါ့အမေကပြောတယ်။ လူကြီးတွေ အာရုံစိုက်နေရင် ငြိမ်ငြိမ်နေရတယ်တဲ့” ကျော်စိုးက မည်သို့ပင် ပြောစေကာမူ ချက်စူနှင့် နီတွတ်ကတော့ စုတ်စုတ်ပြတ်ပြတ်နှင့် ညှင်းသိုးသိုး နိုင်လှ သောထိုလူကြီးကိုကြည့်ကာ တဟီးဟီးတဟားဟားနှင့် မဲ့ရွဲ့
က
လမိုက်ညခေါ်သံ
၃ ၁
လှောင်ပြောင်ကြလေသည်။ သူတို့သုံးယောက်မှာတစ် ယောက်နှင့်တစ်ယောက် ဆူညံစွာ အော်ဟစ်ပြောဆိုကြသော ကြောင့် လိုဏ်ဂူထဲတွင် အသံများဟိန်းထွက်နေ၏။
သို့သော် တရားထိုင်နေသော မုတ်ဆိတ်ဗရပျစ်နှင့် လူကြီးမှာ တုတ်တုတ်မျှမလှုပ်သည့်အပြင် မျက်လွှာပင် တစ်ချက်ပင့်မကြည့်ချေ
ကျော်စိုး၊ ချက်စူနှင့် နီတွတ်မှာ ချောင်ကြိုချောင်ကြား ပါမကျန် လှည့်ပတ်ကြည့်ရင်း တုတ်နှင့်ဟိုထိုးသည်ထိုး လုပ်ကြရာ လင်းနို့များမှာ တဖျပ်ဖျပ်နှင့် ပျံထွက်သွားကြ ပြီး ထိုလူကြီး၏မျက်နှာအား တိုးတိုက်မိလေသည်။
“ပြန်ကြစို့ကွာ-- အပြင်မှာ မှောင်တော့မယ်နဲ့ တူတယ်၊ ဒီထဲမှာ နည်းနည်းမှောင်ချင်နေပြီ။ ပြီး တော့ စိမ်းရွှေရွှေကြီးနှံတယ် ငါမနေချင်တော့ ဘူး”
www.eclassic.com)
ကျော်စိုးစကားအဆုံးတွင် ချက်စူနှင့် နီတွက်မှာထိုထဲ မထွက်ချင်သေ..သာလည်း မှောင်လျှင် အိမ်ကလူ တွေ ရိုက်မှာစိုးသောကြောင့် ပြန်ထွက်ခဲ့ရလေ
| 86.78596 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 15 |
________________
၃၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၃၃
သို့သော် ဂူဝမှထွက်ခါနီးတွင် နီတွတ်က တရားထိုင် နေသော လူကြီးကိုလှည့်ကြည့်ကာ...
“ဟေ့ .. ချက်စု ဟိုလူကြီးဟာ လူမှဟုတ်ရဲ့လား လှုပ်ကိုမလှုပ်ဘူး ငါတော့ ဒီလူကြီးလှုပ်လာအောင် တစ်ခုခုလုပ်ပစ်ခဲ့မယ်”
ဟု တီးတိုးပြောလေသည်။ သူတို့မှာစဝင်ကတည်း က တုတ်တုတ်မလှုပ်သော လူကြီးအား လှုပ်လှုပ်ရှားရှား ဖြစ်အောင် လုပ်ကြည့်ချင်မိကြလေသည်။ ထိုနေရာတွင် နီတွတ်ကဉာဏ်သွားသူဖြစ်ရာ
၏။
“ဒီလိုလုပ်ကြမယ်ဟေ့”
ဟု ပြောပြီး ဂူအပြင်ဘက်သို့ ထွက်ခဲ့ကြလေတော့
“ကဲ မင်းတို့ ဟိုဖက်ကကျောက်တုံးတွေကို ဒီ ဖက်ကို ဖြည်းဖြည်းချင်းလှိမ့်ပေး ငါက ဒီနားက စီရယ်”
ကျော်စိုးနှင့် ချက်စူမှာ နီတွတ်သြဇာပေးသည့် အတိုင်း ရွံ့တစ်ဝက် ကျောက်ခဲတစ်ဝက်ဖြစ်နေသော ကျောက်
တုံးကြီးများကို အားစိုက်ခွန်စိုက် တွန်းရွှေ့ပေးကြ လေသည်။ နီတွက်က လူတစ်ကိုယ်ဝင်စာ ဂူပေါက်ကို `ကျောက်တုံးကြီးများနှင့်ပိတ်ပြီး ပိုသေချာစေရန် ကျော များကို မနိုင့်တနိုင် သယ်ကာပုံခဲ့လေသည်။
သူများကို နောက်ချင်ပြောင်ချင်နေသော ကလေး သုံးယောက်မှာ မောရပန်းရကောင်းမှန်းမသိ ထိုအပေါက်ကြီး ကို ပိတ်ဆို့နေကြရာ နေဝင်သွားသည်ကိုပင် မသိလိုက်ဘဲ မှောင်စပျိုးမှ ရွာကိုပြန်ပြေးခဲ့ကြလေတော့၏။
နောက်တစ်နေ့မနက်တွင် သူတို့သုံးယောက်မှာ ထုံးစံအတိုင်း ရွာထိပ်တွင် ကစားရန် လူစုနေကြစဉ် တောစပ် ဆီမှ တဝုန်းဝုန်းတဝေါဝေါအသံကြီးကို ကျယ်လောင်စွာ ကြားလိုက်ရလေသည်။
ww.bu assic.com.
ထိုအသံကြီးမှာ တခြားမဟုတ်ဘဲ မြေပြိုသံကြီး ဖြစ်ကြောင်း သိလိုက်ရ၏။ သူတို့နယ်မှာ မကြာခဏမြေ လေ့ရှိသောကြောင့် အထူးအဆန်းမဟုတ်တော့သ
| 86.222222 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 16 |
________________
၃၄
www.burmeseclassic.com
ဒဿကျော်စွာ
ကျော်စိုးတို့သုံးယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြက်သေ သေနေကြ၏။
ရွာထဲကလူများ ပြေးထွက်လာမှပင် အားလုံးသတိ ဝင်ကာ ထိုလူအုပ်ကြီးနောက်မှ ပြေးလိုက်သွားကြလေတော့ သည်။
`ဟေ့ ခုနအသံကြီးက မြေပြိုတာ မဟုတ်လား” “ဟုတ်ပါ့... ငလျင်သံလိုလို၊ တော်လဲသံလိုလို နဲ့၊ လန့်သွားတာပဲ”
“အသံက တော်တော်ပြင်းထန်မဲ့ပုံပဲဗျ . . . ဂလိုင်သံ ပေါက်နေပုံထောက်ရင်တော့ လှိုင်ခေါင်းတွေ၊ဘာ တွေပြိုတာလဲ ဖြစ်မယ်ဗျ”
ကျော်စိုးတို့သုံးယောက်မှာ လူကြီးများပြောစကားကို နားထောင်ပြီး အံ့အားသင့်သလို ထိတ်လန့်နေမိ၏။
တောစပ်သို့ရောက်သွားသောအခါ မယုံနိုင်စရာ မြင်ကွင်းက သူတို့ကို ဆီးကြိုနေတော့သည်။
“ချက်စူ ကြည့်စမ်း.. တို့မနေ့က ပိတ်ခဲ့တဲ့ ဂူကြီးပြိုသွားတာကွ၊ ဟိုလူကြီးတော့ သနားပါ
လမိုက်ညါ်သံ
တယ်
ကွာ
၃ ၅
အောက်မှာပိပြီး သေရှာပြီထင်ပါတယ်
ကျော်စိုးက ချက်စူနား နားကပ်ကာ တီးတိုး.. လိုက်လေသည်။ နီတွတ်မှာ ထိုနေရာသို့လှည့်ကြည့်ပြီး မနေ့က ပိတ်ခဲ့မိသောနေရာမှန်းသိလျှင် ဘာမှမပြောနိုင်ဘဲ ငိုင်နေမိ၏။
ရွာနီးချုပ်စပ်မှလာကြည့်သော လူအုပ်ကြီးမှာ များပြားလွန်းသောကြောင့် ဂူပအနီးသို့ ကပ်ကြည့်ခွင့်မရဘဲ ခပ်လှမ်းလှမ်းမှသာ ကြည့်နေရလေသည်။
“ထူးတော့ ထူးဆန်းတယ်ဗျို့... ဂူဝမှာ မြေ စိုင်ခဲတွေတင်မကဘူး၊ ဘယ်ကကျောက်တုံးတွေ ပါ လိမ့်ကြလာသလဲ မဆိုတတ်ဘူးဗျ... ဂူပေါက် ကြီးပိတ်လို့ပါကလား”
လူကြီးတစ်ယောက်၏ စကားကြောင့် သူတို့သုံး ယောက်မှာ အလွန်ထိတ်လန့်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်မိကြလေသည်။ ကျော်စိုးမှာ ကြောက်တတ်သူဖြစ်သောကြောင့် ချွေးသီးချွေးပေါက်ပွား
www.meseclassic.com
| 85.177151 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 17 |
________________
၃၆
www.burmeseclassic.com
-- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၃၇
ကျ၍လာလေတော့သည်။ “ငါတို့ ပြန်ရအောင်”
နီတွတ်က သူတို့သုံးယောက်လုံး ရွာသို့ပြန်ရန် စပြောလိုက်လေသည်။ ထိုနေရာတွင် အားလုံးကြာကြာဆက် မနေဝံ့တော့သည့်အတွက် ရွာသို့ ပြန်လာခဲ့ကြ၏။ တစ်လမ်း လုံး တစ်ယောက်နှင့်တစ်ယောက် စကားမပြောနိုင်ဘဲရှိရာ ရွာထိပ် ထနောင်းပင်ကြီးအောက်ရောက်မှ စိတ်မောလူမော နှင့် ထိုင်ချလိုက်ကြတော့သည်။
ကျော်စိုးက
အားလုံး အတွေးကိုယ်စီနှင့် ငြိမ်သက်နေရာမှ
”ဟိုလူကြီးတော့ သနားပါတယ်””
ဟု
ထပ်ကာတလဲလဲ တီးတိုးရေရွတ်နေလေသည်။ ထိုအခါ နီတွက်နှင့်ချက်စူမှာ ကျော်စိုးစကားကို လူကြီးများ ကြားပါက သူတို့လုပ်ခဲ့သောအပြစ် မီးခိုးကြွက်လျှောက် ပေါ်တော့မည်ကို စိုးရိမ်လာ၏။
`ဟေ့ကောင် ... ဘာဖြစ်လို့ ဒါပဲ ထပ်တလဲလဲ ပြောနေတာလဲ ဟိုလူကြီးက ညကတည်းက ထွက်
သွားရင်လည်းသွားမှာပေါ့ ဘာလို့သေမှာလဲ" “အိုး မသေဘဲ ခံနိုင်ရိုးလား ဂူပေါက်ကြီးက မြေပြိုကျတာတောင် ပိတ်ရင်းအတိုင်း.. ရှိတာပဲ ဟာကို”
ချက်စူမှာ ကျော်စိုးစကားကြောင့် အတန်ကြာ ငြိမ်သက် သွားလေသည်။ ထို့နောက် နီတွက်က “ဟေ့ ... ဒီအတိုင်းဆို ငါတို့လုပ်ခဲ့တာ လူကြီး တွေ သိသွားကြလိမ့်မယ်၊ ဒါဆိုရင်တော့ သက် သာမှာမဟုတ်ဘူး၊ ဒီအကြောင်းကို ငါတို့ ဘယ် တော့မှ ထပ်မပြောဘဲ နေကြမယ်၊ ငါလည်း မပြောဘူး၊ မင်းတို့လည်း မပြောကြနဲ့ကွာ..." ဟုဆိုလိုက်ရာ ကျော်စိုးနှင့် ချက်စူမှာမိဘများရိုက်မှာ ဆူမှာထက် ရွာလူကြီးနှင့် ကျောင်းထိုင်ဆရာတော်ကို ကြောက်လှသောကြောင့် ထိုအကြောင်းကို ဘယ်တော့မှ ပြန်မပြောရန် ဆုံးဖြတ်လိုက်ကြလေသည်။
သို့သော် လုံးလုံးမေ့ဖျောက်ပစ်ရန် မတတ်နိုင်ရက
ရွာထိပ်သို့ ရောက်တိုင်း တောစပ်သူ pan toclassic.com/
| 85.03937 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 18 |
________________
**
၃၈
www.burmeseclassic.com
—— ဒဿကျော်စွာ
လမိုက်ညခေါ်သံ
စိတ်မကောင်းဖြစ်မိကြရ၏။
ထို ့ကြောင့် တောစပ်ကို ဘယ်သောအခါမှမသွား၊ ခြေဦးပင်မလှည့်ဝံ့တော့ဘဲ ရွာထိပ်တွင်သာ အေးအေးလူလူ ကစားကြတော့သည်။ တစ်ခါတစ်ရံတွင် သူတို့အားလုံး ကစားရင်း ပျင်းလာလျှင် ထိုနေရာကို သတိရမိပြီး ချက်ချင်း လိုပင် ထိတ်လန့်လာသောကြောင့် ဇွတ်အတင်းမေ့ပစ်လိုက် ရသည်သာဖြစ်၏။
နောက် ရက်အနည်းငယ်ကြာသောအခါ သူတို့ သုံးယောက်၏ စိတ်ချောက်ချားစရာကိစ္စတို့ကို မေ့ပျောက် သွားစေရန် ကြုံလာရသည်ကား သူတို့ရွာတွင် အချမ်းသာဆုံး သူဌေးကြီးဖြစ်သည့် ဦးကြာပေါ်အလှူလုပ်မည်ဟူသော သတင်းပင်ဖြစ်၏။
“ဟေ့ - ချက်စူ မင်းကြားပြီးပြီလား၊ ငါ့အဘ ပြောတာ၊ ဦးကြာပေါ်ကြီး အလှူလုပ်မလို့တဲ့၊ အငြိမ့် လည်းငှားမှာတဲ့ကွ”
၃ ၉
နီတွတ်သည် နေရာတကာဆရာလုပ်တတ်သူပီပီ သူကြားလာသော သတင်းဦးဦးဖျားဖျားကို တခြားလူမဦးခင် တင်ကြို၍ပြောပြလေသည်။ ဘုန်းကြီးကျောင်းတွင် ဆွမ်း လောင်းလိုက်သော ချက်စူကလည်း ဟိုနေရာစပ်စပ် ဒီနေရာ စပ်စပ်ပါတတ်ပြီး ခေသူမဟုတ်ရာ။
“အံမယ်... သိပါ့ကွာ...ဦးကြာပေါ်ကြီးက ငါ့ကိုတောင် ရှင်တစ်ရာထဲ ထည့်ဖို့တောင်းတ ဘဘုန်းကြီးက သင်္ကန်းမနိုင်သေးဘူးဆိုလို... ဟု ပြန်ပြောလိုက်လေသည်။ ထိုအထဲတွင် ဖိုးချို (ခေါ် ကျော်စိုးမှာ သူတို့လို ဘုန်းကြီးကျောင်း ဟုတ်တိပတ်တိ မနေရဘဲ အတန်းကျောင်းဟု အရပ်ကခေါ်သော အစိုးရ မူလတန်းကျောင်းတွင်သာ နေရသူဖြစ်ရာ ဘာမှနားမလည် ချေ။ ထို့ကြောင့်
“သင်္ကန်းက အဲလောက်တောင်လေးလို့လား၊ ကိုရင်ဂျော့ကြီးဆို ပိန်ပိန်လေးရယ်၊ ဒါပေမယ့် ဝတ်နိုင်တာပါပဲ”
www.bmeseclassic.com
ဟု ထင်ရာမြင်ရာ ဝင်ပြောလိုက်လေသ
| 85.427509 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 19 |
________________
www.burmeseclassic.com
ဒဿကျော်စွာ
“သင်္ကန်းမနိုင်ဘူးဆိုတာ အဲဒါမျိုးကို ပြောတာ မဟုတ်ဘူးကွ”
“ဒါဖြင့် ဘယ်လိုမနိုင်တာတုံး၊ သင်္ကန်းက ငါတို့ အခုဝတ်နေတဲ့ အဝတ်အစားတွေထက်များ ပိုလေး နေလို့လား"
ကျော်စိုးစကားကြောင့် ချက်စူမှာ စိတ်ရှုပ်ပြီး ခေါင်း ကုတ်မိလေသည်။ သင်္ကန်းမနိုင်ဆိုခြင်းမှာ အရပ်ကအလွယ် ခေါ်သော စကားအသုံးအနှုန်းဖြစ်ပြီး ရဟန်း၊ သာမဏေတို့ လိုက်နာကျင့်ကြံအပ်သော နှစ်ရာ့နှစ်ဆယ် ခုနှစ်သွယ်သော သိက္ခာပုဒ်ကို မစောင့်ထိန်းနိုင်သည်ကို ဆိုလိုခြင်းဖြစ်ပေရာ မင်္ဂလသုတ်လောက်သာ တတ်ရသေးသည့် ချက်စူမှာ ရေ လည်အောင် ရှင်းမပြနိုင်ချေ။
“အင်း.. ငါ့စိတ်ထင်တော့ သင်္ကန်းမနိုင်ဘူး ဆိုတာ... အသက်ငယ်သေးတာကိုပြောတာပဲ ဖြစ်မှာပါကွာ”
နီတွတ်၏စကားမှာ လုံးလုံးလျားလျားမှန်လှသည် မဟုတ်သော်လည်း ဖြစ်နိုင်ချေအတော်အတန်ရှိသောကြောင့်
လမိုက်ညခေါ်သံ
၄၁
လက်ခံလိုက်ကြလေသည်။ သူတို့၏အသက်မှာ ဆယ့်တစ် နှစ်ကျော် ဆယ့်နှစ်,နှစ်သာ ရှိသေးသောကြောင့် ရှင်ပြုရန် စောသေးမှန်းလည်း နားလည်ကြ၏။
”ဟုတ်မယ်ကွ၊ မနှစ်က ကိုငွေရတို့ရှင်ပြုတုန်းက သူ့ညီစိန်ရက ဘယ်မှာ ကိုရင်ဝတ်ရလို့တုန်း၊ သူငိုယိုနေလို့ မြင်းတစ်စီးငှားပြီး ရှင်လောင်း လိုလှည့်ပေးတာ၊ ပြီးတော့ ဆန်လှူခံ ဖိုးသူတော် လို အဝတ်ဖြူ ကြီးပဲ ဝတ်ရတာလေ” ကျော်စိုးစကားအဆုံးတွင် ချက်စူက ခေါင်းတညိတ် ညိတ်လုပ်နေလေသည်။ ထို့နောက် မျက်နှာခပ်ညှိုးညှိုးနှင့်
“အေးကွာ.. ဘဘုန်းကြီးကလည်း အဲဒါခက် တာပဲ၊ ကိုရင်မဝတ်ရလည်းနေ၊ ရှင်တစ်ရာထဲ စာရင်းပေးလိုက်ရင် နေရင်းထိုင်ရင်း ငါ မြင်းစီး ရဦးမယ်၊ ခုတော့..”
ဟု ကြိတ်မနိုင်ခဲမရ ပြောလိုက်လေသည်။ ထိုအခါ ချက်စူခြင်းမစီးရသည်ကို ကျော်စိုးနှင့် နီတွတ်မှ ရောယောင်ပြီး စိတ်မကောင်းဖြစ်မိကြသည်။
www.burmesessic.com.
| 86.325967 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 20 |
________________
www.burmeseclassic.com
၄၂
2 ဒဿကျော်စွာ
လမိုက်ညခေါ်သံ
"အို... မြင်းမစီးရလည်း ဘာဖြစ်လဲကွာ၊ အငြိမ့် ကြည့်ရမှာပဲဟာ” ကျော်စိုးစကားကြောင့် ချက်စူမျက်နှာမှာ ဝင်းခနဲဖြစ်
သွားလေသည်။
632:... ဟုတ်သားပဲ၊ ငါမေ့နေတာ အငြိမ့်ပွဲ ကြည့်ရမှာပဲဟာ၊ ငါကတော့ နေ့ခင်းကတည်း က ဖျာတွေ ဂုန်နီအိတ်တွေ သွားခင်းပြီးနေရာ ဦးထားမှာပဲ”
ချက်စူစကားအဆုံးတွင် နီတွတ်က ဆရာကြီးလေသံ
“အပင်ပန်းခံပြီး နေရာဦးစရာမလိုပါဘူးကွ၊ ကြည့်ထား အငြိမ့်ပွဲကျရင် ငါ့အဘတို့က ရှေ့ဆုံးနေရာရမှာ၊ ဦးကြာပေါ်ကြီးက အလှူလုပ်ဖို့ ရက်သွားတောင်းတာတောင် ငါ့အဘကို လာခေါ် တာ၊ အလှူလုပ်မှာကို အရင်ဆုံးသိတာ ငါ့အဘပဲ၊ အငြိမ့်သွားငှားရင်လည်း ဦးကြာပေါ်ကြီးနဲ ့ ငါ့ အဘနဲ့ သွားငှားကြမှာ”
ဟု ပြောလိုက်ရာ ကျော်စိုးနှင့် ချက်စူမှာ အားကျ
သော မျက်နှာများနှင့် ငေးကြည့်နေကြလေသည်။
..
630:...
အဲဒီညကျရင် ရှေ့ဆုံးကကြည့်ရမယ်၊
မင်းတို့နှစ်ယောက်ကို ခေါ်မှာပေါ့” နီတွတ်စကားကြောင့် ကျော်စိုးနှင့်ချက်စူမှာ အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြလေသည်။ ယခုမှ တပေါင်း လဆုတ် ဆယ့်တစ်ရက်သာရှိသေးရာ တန်ခူးလဆန်းခုနှစ် ရက်ကို မြန်မြန်ရောက်ရန် စိတ်စောနေမိလေတော့၏။
www.burmeseclassic.com
| 81.962339 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 21 |
________________
၄၄ =
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၄၅
ဦးကြာပေါ်၏ ရှင်တစ်ရာအလှူမှာ သူတို့နယ် တဝိုက်တွင် မကြုံစဖူး ထူးထူးခြားခြားအလှူကြီးဖြစ်လေ သည်။ အလှူပွဲသို့လာကြသော ပရိတ်သတ်မှာ များလွန်း သောကြောင့် မဏ္ဍာပ်ကြီးပင် မဆန့်ဘဲ ဘုန်းကြီးကျောင်းတွင် တစ်ဝက်ခွဲကာ ဧည့်ခံရလေသည်။
အလှူသို့လာသော နွားလှည်းများ၊ ထွန်စက်များ၊ ထော်လာဂျီတွဲများမှာ ကွင်းပြင်တွင် ထားရလေသည်။ အငြိမ့် စင်ကိုလည်း ရွာစပ်ဘောလုံးကွင်းကြီးတွင် ဆောက်ထား၏။ ကျော်စိုးတို့သုံးယောက်မှာ ကြီးကျယ်ခမ်းနားလှ သော အလှူပွဲထဲတွင်တတွဲတွဲနှင့် ဟိုဟိုဒီဒီ လျှောက်သွား
နေကြသော်လည်း ကောက်ရိုးပုံကြီးထဲက ပုရွတ်ဆိတ် ကလေးများပမာ သေး၍ ပျောက်နေကြသည်ဟု သူတို့ကိုယ် သူတို့ ခံစားရလေသည်။ သူတို့သည် သံဃာစင်ရှေ့တွင် ခုံတန်းရှည်ကြီးချကာ စောင်များခင်း၍ အခန့်သား ထိုင်နေ ကြသော ရှင်လောင်းများကိုကြည့်ကာ အားကျနေ၏။
ထိုအထဲတွင် အလှူဒါယကာဖြစ်သော ဦးကြာပေါ် ၏သားဖြစ်သူ ကျောက်ဒိုးကိုတော့ ကြည့်မရဆုံးဖြစ်နေကြ သည်။ ကျောက်ဒိုးသည် ကြီးကြီးကျယ်ကျယ် ရှင်ပြုရခြင်း အတွက် အလွန်မာန်တက်နေပုံရ၏။ နေရာတွင် ငြိမ်ငြိမ်သက် သက်မထိုင်ဘဲ ဟိုထသွား ဒီထသွားနှင့် ပရိသတ်ရှေ့တွင် လမ်းသလားပြနေတော့သည်။
ဦးကြာပေါ်မိန်းမ ဒေါ်မြရင်မှာလည်း အလွန်ဝါ ကြွားသူဖြစ်ရာ မည်းနက်နေသော အသားအရေနှင့်မလိုက်၊ ဝတ်ထားသော- အထက်အောက် ပန်းရောင်ဖဲသား ဝမ်းဆက် တကားကား၊ ငါးကျပ်သားခန့်ရှိသော ဆွဲကြိုးကြီးတယမ်း ယမ်းနှင့် လူတွေရှေ့ဖြတ်ကာ သားတော်မောင်ကျောဂ
ဆီသို့ သွားပြီး အအေးတိုကssic.com/
| 87.782101 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 22 |
________________
www.burmeseclassic.com
၄၆ - ဒဿကျော်စွာ
မကြာ လုပ်လေသည်။
ကျောက်ဒိုးမှာ မျက်နှာတွင် သနပ်ခါးအစက် အပြောက်များ လိမ်းခြယ်ကာ နှုတ်လမ်းနီကို ရဲနေအောင် ဆိုးထားရခြင်းနှင့် ပန်းပန်ရခြင်းကို အလွန်သဘောကျနေဟန် ရှိ၏။
““ဟေ့ ကျော်စိုး၊ ကျောက်ဒိုးကိုကြည့်စမ်း မျောက်ဖင်နိကျနေတာပဲ ခေါင်းကအုပ်ဆောင်းကြီး ကို ချွတ်လိုက်သွတ်လိုက်နဲ့ ဣန္ဒြေကိုမရဘူး” နီကွက်က ကျော်စိုးအနီးသို့ကပ်ကာ တီးတိုးပြော လိုက်လေသည်။
"အံမယ်... ဒီလိုမပြောပါနဲ့ကွ၊ သူက ညနေ ဆို ကိုရင်ဖြစ်တော့မှာ၊ အခု ရှင်လောင်းဖြစ်နေပြီ မင်းငရဲကြီးမယ်”
ချက်စူစကားကြောင့် နီတွတ်မှာ အသာပြန်ငြိမ်နေ
လိုက်ရတော့သည်။
ချက်စူပြောတာ အမှန်ပင်ဖြစ်လေသည်။ ညနေ လေးနာရီလောက်ရှိသောအခါတွင် ရှင်လောင်းများမှာ ဘုန်း
လမိုက်ညခေါ်သံ
၄၇
ကြီးကျောင်းသို့သွား၍ စွပ်ကျယ်အင်္ကျီအဖြူ၊ ဘောင်းဘီတိုးက လေးများနှင့် ဆောင့်ကြောင့်ထိုင်ကာ ဆံချရလေတော့၏။
ညနေစောင်းသောအခါ သူတို့သုံးယောက်မှာ အငြိမ့် စင်ရှေ့သို့ရောက်နေကြပြီ ဖြစ်လေသည်။ နီတွတ်ပြောသလို ပင် သူ့အဖေဦးစံရွှေမှာ ရပ်မိရပ်ဖဖြစ်ပြီး ရွာလူကြီးဦးသာ လွန်နှင့် တန်းတူအရေးပေးခံရသူဖြစ်ရာ သူတို့အားလုံး တခြား ကလေးများလို အပင်ပန်းခံနေရာမဦးရဘဲ ရှေ့ဆုံးမှနေရာ ရလေသည်။
ထိုနေရာတွင် ဦးကြာပေါ်တို့ အလှူဒကာ မိသား စု လာကြည့်ကြသည့်အတွက် ကိုရင်ဖြစ်သွားသော ကျောက် ဒိုးပါ သင်္ကန်းတလွှားလွှားနှင့် ရောယောင်ပါလာ၏။
“ဟိုမှာကြည့်စမ်း၊ နီတွတ် ကျောက်ဒိုး အဲ ... ဟုတ်ပေါင် ကိုရင်ကျောက်ဒိုးက ပွဲလာကြည့် တယ်”
“သူက အလှူရှင်ကိုးကွ... ဒီနေ့မှစဝတ်လို့ ဘဘုန်းကြီး ပို့လိုက်ထားတာပါကွာ... သို့မဟုတ် ရင် မရပါဘူး”
w.burmeseclassic.com/
| 85.206672 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 23 |
________________
၄၈
www.burmeseclassic.com
12 ဒဿကျော်စွာ
ချက်စူနှင့် နီတွတ်မှာ ကိုရင်ကျောက်ဒိုးအား မလှမ်း မကမ်းမှ အကဲခတ်ကာ တီးတိုးတီးတိုး ပြောနေကြလေ သည်။ ကိုရင်ကျောက်ဒိုးမှာ ယခင်နေ့တွေက ကျော်စိုးတို့လို ပင် ဖုန်အလူးလူး - ရွံ့အလူးလူးနှင့် ညစ်ပတ်ပေရေအောင် ဆော့ခဲ့သူဖြစ်သော်လည်း ဘုန်းကြီးကျောင်းသို့သင်္ကန် တောင်း သွားကျက်သည့်နေ့မှစ၍ သန့်သန့်ရှင်းရှင်းဖြစ်လာ ခဲ့ပြီး ယခုလို ကိုရင်ဝတ်လိုက်သောအခါ တင့်တောင်းတင့် တယ်နှင့် ကြည်ညိုဖွယ်ဖြစ်နေ၏။ ကျော်စိုးမှာ ကိုရင် ကျောက်ဒိုးကို အမှတ်မထင် ငေးနေခိုက် သူပြန်လှည့် အကြည့်နှင့် ဆုံသောအခါ ရယ်ရမလိုပြုံးရမလို အိုးတိုး အန်းတန်း ဖြစ်သွားရလေသည်။
“ဟေ့ ... ကျော်စိုးပါလား၊ ရော့ .. ချိုချဉ်စားဦး ဟိုဖက်မှာ နီတွတ်တို့လည်းပါတာကိုး ရော့... ရော့
ကိုရင်ကျောက်ဒိုးသည် ကျော်စိုးအား သင်္ကန်းအနား စနှင့် ထုတ်ထားသော ချိုချဉ်များကို ယူကာလှမ်းပေးလေ
သည်။
လမိုက်ညခေါ်သံ
၄၉
နီတွတ်နှင့် ချက်စူကိုလည်းပေး၏။ ထို့နောက် “”ချိုချဉ်တွေစားရလွန်းလို့ လျှာတွေလည်း ပေါက် နေပါပြီ၊ ကိုရင်က ညနေထမင်းမစားရဘဲ တော်သေးတယ် အိမ်ကအမေ အဲလေ... ဒကာမ ကြီးက ချိုချဉ်တွေ၊ ထန်းလျှက်ခဲတွေ ပုလင်းနဲ့ အပြည့်ထည့်ပေးလိုက်လို့””
ဟု ပြောလိုက်၏။ သူတို့သုံးယောက်မှာ ဘယ်လို ပြန်ပြောရမှန်းမသိသည်နှင့် ခေါင်းတညိတ်ညိတ် နေရလေ
သည်။
ထိုအချိန်တွင် အငြိမ့်စင်ထက်မှ ကတ္တီပါကားလိပ် ကြီးသည် ဆိုင်းသံနှင့်အတူ တရိပ်ရိပ် တက်သွားသောကြောင့် အားလုံး စင်ပေါ်သို့ အာရုံရောက်သွားကြလေတော့သည်။ အငြိမ့်မင်းသမီးနှစ်လက်သည် တစ်လှည့်စီ ထွက်ကကြ၏။ မင်းသမီးနှစ်ယောက်အနက် ရှေ့ထွက်မင်းသမီး စိမ့်စိမ့်စိုး မှာ ရုပ်ရည်အလွန်ချောပြီး ခေါင်းဆောင်မင်းသမီးချောကလျာ မှာ အကရော၊ အဆိုပါ ပိုင်လှသူဖြစ်လေသည်။ သူမ၏ အသံသည် သူတို့ကြားဖူးသမျှ မိန်းကလေးအသံများထဲ
www.
w.burgseclassic.com
| 85.826257 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 24 |
________________
၅ဝ
www.burmeseclassic.com
ဒဿကျော်စွာ
အတော်လေးစူးရှကာပီသကျယ်လောင်လှလေသည်။ နီတွတ်
၏ ဖခင် ဦးစံရွှေက
“တယ်လဲ အသံကောင်းတဲ့ မင်းသမီးဟေ့၊ ကြိုးကြာသံ၊ စက္ကဝက်သံကို မှီတာပဲ” ဟုပြောလိုက်ရာ လျှာရှည်လှသော နီတွတ်က ``အဘ' ကြိုးကြာတို့ ၊ စက္ကဝက်တို့ဆိုတာ မင်းသမီးတွေပဲလား၊ သူတို့ကို ဘာလို့မငှားတာလဲ”
ဟု
ဝင်မေးလိုက်၏။ ဦးစံရွှေမှာ သားဖြစ်သူအား ”ဟာ...ဒီကောင်လေးနှယ်၊တောက်တီးတောက်တဲ့ ဘာတွေလျှောက်ပြောနေတာတုန်း၊ ငါပြောတာ
ငှက်တွေဟဲ့”
ဟုအော်ငေါက်လိုက်လေသည်။ ထိုအခါ နီဟွတ် မှာ ဇက်ကလေးပုသွားပြီး ....
“အဘကလည်း ဒီလောက်လှတဲ့ မင်းသမီးကို ငှက်နဲ့ နှိုင်းရတယ်လို့” ဟုတစ်ယောက်တည်းတီးတိုးရေရွတ်နေလေ၏။ ကျော်စိုးမှာ စိမ့်စိမ့်စိုးဟူသော မင်းသမီးကိုသာ ပိုပြီး
လမိုက်ညခေါ်သံ
၅၁
သဘောကျ မိလေသည်။ သူမသည် ပရိသတ်ကို နှုတ်ဆက် ရာတွင် မျက်နှာက ပြုံးချိုနေပြီး စကားဆိုရာ တွင်လည်း တိုးတိုးသက်သာဆို၏။ ခေါင်းဆောင်မင်းသမီး၏ အသံက စူးခနဲ၊ စူးခနဲ အော်လိုက်သောအခါ ဓာတ်စက်ဟွန်းကြီး သူတို့ ဘက်အလှည့်နှင့်ကြုံလျှင် နားမခံသာအောင်ဖြစ်ရ လေတော့သည်။
သူတို့အားလုံးမှာ အကြိုက်တူသည်မှာ လူရွှင်တော် များ၏ပြက်လုံးပင်ဖြစ်၏။
အတော်လေးညည့်နက်လာသောအခါ သူတို့ သုံးယောက်စလုံး မျက်တောင်များစင်းကာ အိပ်ငိုက်လာလေ ၏။ သို့သော် နောက်ပိုင်းဇာတ်ထုတ် စပြီးကသည့်အခါ မျက်လုံးများကျယ်လာပြန်လေသည်။ နောက်ပိုင်းဇာတ်မှာ ရာမဇာတ်တော်ဖြစ်သောကြောင့် ဘီလူးရော၊ မျောက်ရော စုံအောင်တွေ့ရသဖြင့် သဘောကျမိလေသည်။
ဒဿဂီရိအလှည့်တွင် ဆိုင်းသံမှာညံနေ၍ မျက်နှာ ဖုံးစွပ်ထားမှန်းသိရက်နှင့်ပင် ဘီလူးက,ကနေသည် ကြောက်သလိုဖြစ်လာမိသည်။ သီတာဒေဝီအဖြစ်
www.burnsecassic.com
| 85.909418 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 25 |
________________
၅၂
www.burmeseclassic.com
သော ဒဿကျော်စွာ
လွန်စွာမှ အသံစူးလှသော ခေါင်းဆောင်မင်းသမီးပင် ဖြစ်၏။ တစ်ချီတွင် ရသေ့ကြီးက ဟာနုမာန်ကို ကျိန်စာ တိုက်သည့်အခန်းသို့ ရောက်လာရာ သူတို့သုံးဦးမှာ စိတ် လည်းဝင်စား၊ နားလည်းမလည်ရှိရာ နီတွတ်အဖေဦးစံရွှေ အားမေးရလေသည်။
ရင်း . . .
“ရသေ့ကြီးက ဟာနုမာန်ကို ဘာတွေပြောတာလဲ
အဘ
“ကျိန်စာတိုက်တာပေါ့ကွယ်၊ သူတော်ကောင်းကို ပစ်မှားစော်ကားရင် ကျိန်စာစူးတတ်တယ်ကွဲ့” “ကျိန်စာစူးတယ်ဆိုတာ ဘာဖြစ်တာလဲဟင်
အဘ”
နီတွတ်စကားအဆုံးတွင် ဦးစံရွှေက ကွမ်းတမြုံ့မြုံ့ဝါး
“ကျိန်စာစူးတယ်ဆိုတာက လွယ်လွယ်နဲ့ပြောရ ရင်တော့ ကျိန်ဆိုတဲ့အတိုင်းလိုက်ဖြစ်ရတာပေါ့ကွယ်၊ ဒါတွေရှင်းပြရင် မဆုံးနိုင်ပါဘူး လူလေးရယ်၊ နောက်ကြုံတော့ အဘရှင်းပြပါ့မယ်””
လမိုက်ညခေါ်သံ
၅၃
ဟုဆိုကာ အငြိမ့်ဇာတ်ထုတ်ကို ဆက်ကြည့်နေလေ တော့သည်။ “သူတော်ကောင်းကို ပစ်မှားရင်ကျိန်စာစူး တတ်တယ်ကွဲ့” ဟူသော ဦးစံရွှေ၏ စကားက နားထဲ တွင် ထပ်ကာတလဲလဲပြန်ကြားယောင်ပြီး အငြိမ့်ကြည့်ရသည် ကိုလည်း စိတ်မပါတော့ချေ။ သူတို့သုံးယောက်လုံး နှုတ်က ဖွင့်မပြောကြသော်လည်း တကုံးနှံ့တွေးပြီး စိတ်မကောင်းဖြစ် နေကြလေတော့၏။
နောက်တစ်နေ့တွင် ကျော်စိုးမှာ ဦးစံရွှေက အခေါ် လွှတ်သည်ဆိုသောကြောင့် အမေမသိအောင် တိတ်တဆိတ် အိမ်မှ ထွက်လာခဲ့ရလေသည်။ နီတွတ်အဖေ ဦးစံရွှေမှာ အကြောင်းမရှိဘဲနဲ့တော့ ခေါ်ခိုင်းမည်မဟုတ်ချေ။ သူ့ကို ခေါ်ရအောင်လည်း ဘာမှထွေထွေထူးထူးအကြောင်းမရှိဟု စဉ်းစားရင်း လျှောက်လာရာ တစ်နေရာအရောက်တွင် ချက်စူ ကို လှမ်းတွေ့လိုက်ရလေသည်။
““ဟေ့ကောင် ... ချက်စူ”
www.burmeseclassic.com.
| 85.176825 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 26 |
________________
၅၄
www.burmeseclassic.com
အား ဒဿကျော်စွာ
``ဟာ... ကျော်စိုး မင်းဘယ်သွားမလို့လဲ” ““နီတွတ်တို့အိမ် သူ့အဖေက ငါ့ကို လာခဲ့ဦးလို့ မှာလို့ ဘာလဲသိချင်တာနဲ့ ချက်ချင်းထွက်လာ
တာပဲ”
ချက်စူမှာ စွယ်ကျယ်အင်္ကျီအားစနှင့် နှပ်ချေးသုတ် နေရာမှ အံ့အားသင့်သလိုမော့ကြည့်ပြီး...
“ ဟင်... ဟုတ်လား၊ နီတွတ်တို့အဖေက ငါ့ကို လည်းအခေါ်ခိုင်းလိုက်တယ်ကွ၊ ဘာဖြစ်လို့လဲ
မသိဘူး"
ဟုပြောလေသည်။ ကျော်စိုးမှာ ချက်စူစကား ကြောင့် သာ၍ပင် အံ့သြသွားရလေသည်။
ဤသို့ဖြင့် ကျော်စိုးနှင့် ချက်စူမှာဘာပါလိမ့်ဟူသော အတွေးနှင့် နီတွတ်တို့အိမ်သို့ရောက်သွားလေသည်။
သူတို့ရောက်သွားသောအခါမှာ နီတွတ်မှာမျက်လုံး
လေး ကလယ်ကလယ်ဖြင့်ကြည့်နေလေသည်။
“ချက်စူနဲ့ ကျော်စိုးပါလား လာကြဟေ့၊ လာကြ လူမိုက်တွေ၊ မင်းတို့က တော်တော်မိုက်တဲ့ ကလေး
လမိုက်ညခေါ်သံ
တွေ”
၅၅
ရောက်ရောက်ချင်းပင် နီတွက်အဖေဦးစံရွှေမှာ သူတို့ နှစ်ယောက်ကိုဆီး၍ မာန်မဲလိုက်တော့၏။ ချက်စူသည် အကြောင်းရင်းကို ဇဝေဇဝါရိပ်မိဟန်ဖြင့် နီတွတ်ကို လှမ်း ကြည့်လိုက်ရာ နီတွတ်မှာ ငူတူတူင်တိုင်တိုင်ပုံစံနှင့် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
"ဟဲ့ နီတွတ် ပြောစမ်း၊ ညာ ဗြာခဲ့တဲ့ ကိစ္စက အမှန်ပဲလား၊ ဟိုနှစ်ကောင်ရော ပါတယ်ဆိုတာ ရောတကယ်လား”
“ဟုတ်...ဟုတ်ပါတယ်အဘ ကျွန်တော်တို့ ဟိုလူကြီးကို စချင်နောက်ချင်လို့ပိတ်ခဲ့တာပါ။ သူ့ကို မုန်းလို့ လုပ်ခဲ့တာမဟုတ်ပါဘူး” နီတွတ်၏ ထစ်ထစ်ငေါ့ငေါ့ စကားတွေ အဆုံး ကျော်စိုးမှာ မျက်လုံးပြူးသွားရလေတော့၏။ “ဟုတ်သလားကျော်စိုး၊ နီတွတ်ပြောသလို ဂူပေါက်ကို လူရှိမှန်းသိရက်နဲ့ ပိတ်ခဲ့ကြသလား” နိုတွတ်အဖေ ဦးစံရွှေက ကြေးကွမ်းညှ
ww.burmassic.com.
| 84.890511 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 27 |
________________
၅၆
www.burmeseclassic.com
ဒဿကျော်စွာ
ကွမ်းသီးစိတ်ရင်း မျက်နှားထားတင်းတင်းကြီးဖြင့် မေးလိုက် ရာ ကျော်စိုးမှာ ဆတ်ခနဲပင်တုန်သွားရသည်။
““ဟုတ်..ဟုတ်ပါတယ် အဘဦးစံရွှေ၊ ကျွန်တော်တို့ အဲဒီအပေါက်ကြီးကို ကျောက်တုံး တွေနဲ့ ဆို့ခဲ့မိပါတယ်၊ ဒါပေမယ့် အဲဒီလူကြီး ပြန်ထွက်လာမယ်ထင်တာကြောင့် ..” “တော် တော် တော်တော်မိုက်ကဲ့သတ္တဝါတွေ၊ နင်တို့ အပြစ်ဘယ်လောက်ကြီးပြီလဲ သိရဲ့လား” "သိပါတယ် အဘရယ်၊ ဒါပေမယ့် ရွာလူကြီး နဲ့တော့ မတိုင်ပါနဲ ့နော်၊ ဘဘုန်းကြီးကိုလည်း မလျှောက်ပါနဲ့”
ချက်စူစကားအဆုံးတွင် ဦးစံရွှေက မျက်တောင့်
နီကြီးနှင့် စိုက်ကြည့်ပြီး
“ဟင် ... ခွေးတိရစ္ဆာန်လေးတွေ၊ ကိုယ့်အလှည့် ရောက်မှာ၊ အသားနာမှာတော့ ကြောက်ကြသလား ဟင်၊ လူမိုက်တွေး မရဘူးဟေ့... မရဘူး၊ ငါ မတိုင်လည်း နင်တို့အပြစ်ကမသေးဘူးဟ၊ သိရဲ့
လမိုက်ညခေါ်သံ
လား၊
၅၇
သူတော်ကောင်းကို ပြစ်မှားတဲ့အတွက် နင်တို့ဝဋ်လည်မယ်၊ တူသောအကျိုးတို့ခံစားရမယ်၊ သူ့လိုပဲ နင်တို့ပြန်ဖြစ်လိမ့်မယ်””
ဟု အော်ငေါက်ပြောဆိုလိုက်ရာ သုံးယောက်လုံး တုတ်တုတ်မျှ မလှုပ်ရဲအောင် ကြောက်လန့် သွားရှာလေတော့ သည်။
“ဟေ့ ... နင်တို့ ဝဋ်လည်တယ်ဆိုတာကို သိ အောင် ပြောပြထားရဦးမယ်”
ဟုဆိုကာ ဦးစံရွှေကြီးသည် ဘုရားစင်အောက်ရှိ စာအုပ်စင်ကလေးမှ စာအုပ်တစ်အုပ်ကို ယူလာလေသည်။ ထိုစာအုပ်ထဲမှာ ဓာတ်ပုံအချို့ကို ထုတ်ယူလိုက်ပြီး ““ဒီမှာ ကြည့်ကြစမ်း”
ဟု ဆင်တွေနှင့် ခရီးသွားနေပုံ၊ ဘုရားဖူးကြပုံများကို
ပြလေသည်။
“ဒါ အဘတို့တွေ တမြန်နှစ်က အလောင်းတော် ကဿပကို ဘုရားသွားဖူးထားတဲ့ပုံတွေ၊ အလောင်းတော်ကဿပဂူ”
www.burmese?assic.com.
| 83.858859 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 28 |
________________
၅၈
www.burmeseclassic.com
12 ဒဿကျော်စွာ
အလောင်းတော်ကဿပ ဘုရားဖူးသွားပုံနှင့် ဂူ ပေါက်ပိတ်မိသည့်ကိစ္စ မည်သို့သက်ဆိုင်နေသလဲဟု စဉ်းစား ရင်း ပုံများကိုကြည့်ကြရ၏။
“အေး... ဒီဓာတ်ပုံတွေ နင်တို့ကို ပြတာ အကြောင်းမဲ့မဟုတ်ဘူး အလောင်းတော်ကဿပ ရဲ့ ဘဝဖြစ်စဉ်ကိုပြောပြချင်လို့ အလောင်းတော် ကဿပမဖြစ်ခင် လူ့ဘဝက ငှက်အသေလေး တစ်ကောင်ကို ဖိုခနောက်ဆိုင် ကျောက်တုံးလေး သုံးတုံးနဲ ့ ပိတ်ထားခဲ့မိတဲ့အတွက် သူဟာ ရဟန္တာ ဖြစ်တာတောင်မှ ဖိုခနောက်သုံးလုံးပုံစံ ပိတ်နေတဲ့ တောင်ကြားထဲမှာ ပရိနိဗ္ဗာန်ပြုရတယ်။ ပရိနိဗ္ဗာန် ပြုတယ်ဆိုတာ လူတွေလိုပြောရင်သေတာပေါ့၊ အဲဒီတော့ နင်တို့လည်းလွတ်မှာ မဟုတ်ဘူး၊ အဲဒီတော့ ကြပ်ကြပ်ကြီးသတိထား၊ သူများကို လုပ်သလို ကိုယ်ပြန်ခံရမယ်၊ နောက်လုပ်ရဲရင် လုပ်ကြည့်ကြပေတော့”
ဦးစံရွှေ၏ စကားအဆုံးတွင် ကျော်စိုးတို့သုံးဦးမှာ
လမိုက်ညခေါ်သံ
၅၉
မျက်နှာငယ်လေးနှင့် တစ်ယောက်ကိုတစ်ယောက် လှမ်း ကြည့်လိုက်မိကြပြီး ဇောချွေးများပင် ပျံလာလေတော့သည်။ သူတို့ကို နောက်မလုပ်ရဲအောင် ခြောက်လှန့်လိုက် သော စကားသည် သူတို့ရင်ထဲတွင် သံမှိုနှက်လိုက်သလို စွဲထင်သွားလေတော့၏။
ww.burmeseclassic.com.
| 84.70948 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 29 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၆၁
ညရောက်သောအခါ ကျော်စိုးမှာ တလူးလူးတလိမ့် လိမ့်ဖြင့် တော်တော်နှင့်အိပ်မပျော်နိုင်တော့ချေ။ အိပ်တော့မည် ဟု ကြံတိုင်း သူများကိုလုပ်သလို ကိုယ်ပြန်ခံရလိမ့်မယ်၊ ဝဋ်လည်မယ်ဟူသော အသံကိုသာ ထပ်တလဲလဲ ကြား ယောင်နေပြီး မည်သို့မျှအိပ်ရဘဲဖြစ်နေလေသည်။
အိပ်ပျော်တော့မည်ကဲ့သို့ မျက်လုံးက မှေးခနဲကျ သွားပြန်လျှင်လည်း နားကွဲလုမတတ် ကျယ်လောင်လှသော မြေပြိုသံလို အသံကြီးကိုကြားကာ အိပ်ရာမှပြန်နိုးလာရစမြဲ ပင်ဖြစ်ပြီး တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များကျလျှက် ကတုန်ကယင် ဖြစ်နေရ၏။ တစ်ခါတစ်ရံ အားခနဲပင်
ယောင်အော်မိလေရာ... မိခင်ဖြစ်သူက ကျော်စိုးအား “ဟဲ့သား... မောင်ကျော်စိုး... လူလေး... ဘာဖြစ်တာတုန်း”
ဟု ထခေါ်ရ၏။ နောက်မှအိမ်မက်ယောင်နေမှန်း သိသွားလေသည်။
နံနက်လင်းခါနီးရောက်မှပင် ကျော်စိုးမှာ မှေးခနဲအိပ် ပျော်သွားတော့သည်။ ထိုသို့ အိပ်ပျော်သွားသည့်အချိန်မှာ ပင် သူ့ဘဝတစ်သက်တာ အမြဲသွေးလန့်နေစေတော့မည့် အိမ်မက်တစ်ခုကို မြင်မက်ခဲ့လေတော့၏။
သူသည် တောစပ်မှ ဂူပျက်ကြီးအနီးသို့ တစ် ယောက်တည်း ရောက်နေသည်။ ထိုနေရာသို့သူတစ်ယောက် တည်း မလာသင့်မှန်းသိပါရက်နှင့် ထိုအနားက မခွာနိုင်ဘဲ တဝဲလည်လည်ဖြစ်နေသည်။
သူရောက်နေသောအချိန်မှာ နေ့လည်နေ့ခင်းဖြစ်ပြီး အလင်းရောင်ကောင်းစွာရသည့် အပြင် တစ်တောလုံး လင်းထိန်နေလေသည်။ တောအုပ်တစ်ခုလုံး ငြိမ်သက်ပြီး လေတိုးသံသဲ့သဲ့ပင် မကြားရချေ။
www.bus, p2ssic.com
| 86.352357 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 30 |
________________
၆၂
www.burmeseclassic.com
တာ ကျော်စွာ
လမိုက်ညခေါ်သံ
၆၃
ကြားနေရသောကြောင့် သူ့စိတ်ထဲ အနည်းငယ်ပျော်ရွှင်လာပြီး လေးခွပါ,မပါ စမ်းကြည့်လိုက်သည်။
လေးခွကအဆင်သင့် လောက်စာလုံးတွေလည်း အများကြီးပါလာသဖြင့် လေးခွကိုအသင့်ချိန်ကာ ငှက်သံ များကြားရာ နေရာသို့ တရွေ့ရွေ့တိုးခဲ့သည်။ ထိုအချိန်က နီတွတ်နှင့် ချက်စူပါမလာသည်ကိုပင် ခပ်ကောင်းကောင်း ဟုတွေးလိုက်မိသေး၏။
ထိုစဉ် တစ်တောလုံး လေများ တဟူးဟူးတိုက်လာ ပြီး သူချိန်ထားသော ငှက်များမှာ ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးသွားလေတော့သည်။
"*cl"
"ဝုန်း"
လေတိုက်သံအပြင် မြေပြိုသံလိုအသံကြီးပါ ထွက်ပေါ်လာပြီး တောကြီးတစ်ခုလုံး သိမ့်သိမ့်ခါသွားလေ တော့သည်။
ကျော်စိုးမှာကြောက်ပြီး ခြေဦးတည့်ရာ စွတ်ရွတ်
ပြေးခဲ့မိ၏။ သို့သော် မည်သို့ဖြစ်မှန်းမသိ၊ သူ့ခြေထောက် များမှာ သဲထဲနစ်နေသလို ရုန်းမရချေ။ စောစောက လင်းထိန်နေခဲ့သော တောအုပ်ကြီးမှာလည်း မိုးမှောင်ကျလာ သလို အုံ့ဆိုင်း မည်းညို့လာလေတော့၏။
“ဟင်. ဟို.. ဟိုလူကြီး”
ထိုလူကြီးက သူ့ကိုကျောခိုင်းနေရင်းမှ တဖြည်း ဖြည်းလှည့်ကြည့်လာသည်။ ဆံပင်ဖားလျား မုတ်ဆိတ်မွေး ထူလဗျစ်နှင့် သူ့တစ်ကိုယ်လုံး မှောင်မည်းနေသော်လည်း မျက်လုံးကြီးနှစ်လုံးကမူ ဖြူဖွေးနေလေသည်။
ထိုမျက်လုံးဖြူဖြူကြီးများနှင့် သူ့ကိုစိုက်ကြည့်နေ သည်။ ထို့နောက် ထိုလူကြီး၏ ညာလက်သည် လေတိုက် ခံရသော သစ်ကိုင်းခြောက်ကြီးပမာ တဖြည်းဖြည်း မြောက် တက်သွားပြီး သူ့ကိုလက်ယပ်ခေါ်လေသည်။
“ဟင့်အင်း.. ဟင့်အင်း"
သူ ခေါင်းကို သွက်သွက်ခမ်းရင်း နောက်ကို - ဆုတ်လိုက်မိသည်။ မုတ်ဆိတ်မွေးကြီးများ သူ့မေးများသည် တဆတ်ဆတ်လှုပ်လာပြီး
www.burmeseassic.com
| 85.745614 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 31 |
________________
၆၄
www.burmeseclassic.com
“လာခဲ့ ငါနဲ့ ဒီမှာလာနေလှည့်”
ဒဿကျော်စွာ
ဟူသော အော့နှလုံးနာဖွယ် အသံနက်ကြီးနှင့် လှမ်း ခေါ်လိုက်၏။ ထိုလူကြီးမှာ ခပ်တိုးတိုးပြောသော်လည်း လိုဏ်ခေါင်းထဲမှလာသလို ထပ်ခါတလဲလဲ တုန်ခါမြည်ဟီး သွားပြီး အသံကြီးကမစဲတော့ဘဲ ဆတ်တိုက်ထွက်ပေါ် လာလေသည်။
“မလာဘူး မလာဘူး.. ကျွန်တော့်ကို မခေါ် ပါနဲ့"
သူ့အသံများက ထစ်ငေါ့တုန်ယင်နေသည်။ လူကြီး က လက်ကို ဆန့်တန်းရင်း လှမ်းခေါ်ပြန်သည်။ ““နင်လာရမယ်၊ လာကိုလာရမယ်”
ပြောင်း ဆန့်ထားတဲ့လက်ကြီးက သစ်ပင်ကိုင်း တက်များလို ဖြာထွက်ပြီး သူ့ရှေ့ကိုရောက်လာသည်။ ထိုလက်ကြီးဖြင့် မကြာမီ သူ့ကိုရစ်ပတ်ခေါ်ဆောင်သွားတော့ မည်မှန်း သိလိုက်သော်လည်း ခြေထောက်များ မြေကြီးထဲ တွင် ကျွံနေပြီး တော်တော်နှင့် နှုတ်မရချေ။ “နင် ... ပြေးလို့မလွတ်ပါဘူး၊
ဟား - ဟား
လမိုက်ညခေါ်သံ
ဒီမှာလာနေကို နေရမယ် . . .
ဟား ဟား"
၆ ၅
ဟား---
“အား... မလာဘူး မလာဘူး... ကယ်ကြ ပါဗျို့ အမေရေ ကယ်ပါဦးဗျို့”
သူ သတိဝင်လာပြီး သံကုန်ခြစ်အော်လိုက်လေတော့ သည်။ သူ့အသံက ကျပ်ခဲတစ်ဆို့နေသော်လည်း လည်ချောင်း မှ ခက်ခဲပင်ပန်းစွာ ရုန်းကန်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်နိုင်၏။
"320"
ခနဲအော်သံနှင့်အတူ သူပြေးဖို့ ခြေထောက်တွေက ပေါ့သွားသည်ကို သတိထားလိုက်မိချိန်တွင် အိပ်မက်မှ လန့်နိုး လာခဲ့လေတော့သည်။
ကျော်စိုးမှာ ချက်စူနှင့် ထနောင်းပင်ကြီးအောက်တွင်
ကစားရင်း ညကအိမ်မက်အကြောင်းကို
သည်။ သူအိမ်မက်ဆိုးများကို Plassic.com/
| 82.847896 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 32 |
________________
GG
است اتر که بر داشته
www.burmeseclassic.com
- ဒဿကျော်စွာ
ဘုရားရှိခိုးပြီး မအိပ်လျှင် အိပ်မက်ဆိုးများ မက်တတ်ကြောင်း အမေက မကြာခဏ ဆုံးမသော်လည်း ဘုရားရှိခိုးဖို့ သူ
သဲကွဲကွဲ မမှတ်မိတော့ချေ။
“ကျော်စိုး “ဟင်”
,,
ချက်စူ၏ ရုတ်တရက်ခေါ်သံကြောင့် သူလန့်သွား မိသည်။ ချက်စုက ရွာထဲလမ်းဖက်ကို မကြာခဏလှမ်းကြည့်
ပြီး
”ဟိုကောင်လည်း မလာဘူး”
ဟု ပြောလေသည်။ သူတို့မနက်အစောကြီးက တည်းက ရောက်နေတာဖြစ်ပြီး နီတွတ်အလာကို စောင့်ဆိုင်း နေကြခြင်းဖြစ်သည်။
“နီတွတ်က အရင်နေ့တွေဆို သူအစောဆုံးရောက် တာကွ၊ ဒီနေ့မှ ဘာဖြစ်လို့ နောက်ကျနေလဲ မသိဘူး"
“သူ လာတော့လာမှာပါကွာ ငါတို့ အရင် ကြိုရောက်မယ်လို့တောင် ထင်မှာမဟုတ်ဘူး
လမိုက်ညခေါ်သံ
၆၇
ကြည့်နေ၊ သူလာလိမ့်မယ်” ချက်စူကပြောရင်း လောက်စာလုံးတွေကို ပုံပြီး
ပစ်ဖို့ပြင်နေသည်။
“ဟေ့... ငါတို့ဒီလိုလုပ်ရအောင်၊ နီတွတ်လာ လို့ ငါတို့ကို ရုတ်တရက်မတွေ့ရင် အံ့သြသွား မှာပဲ အဲဒီတော့... ငါတို့ဘယ်ရောက်သွားပါလိမ့် ဆိုပြီး ပျာယာခတ်သွားအောင် ပုန်းနေရအောင်” ကျော်စိုးစကားအဆုံးတွင် ချက်စူက ထိုအကြံအစည် ကို သဘောကျသလို ပန်းရန်နေရာကို ဟိုဟိုဒီဒီလိုက်ရှာကြည့် လေသည်။
“ဒီနားမှာက ဆူးချုံတွေချည်းပဲ၊ ဟိုဆပ်သွားဖူး တောထဲလဲ ဝင်မပုန်းချင်ဘူး ဆူးစူးတယ်၊ ဘယ်မှာ ပုန်းကြမလဲ”
"ဟိုဖက်က သပွတ်ပင်တွေအကွယ်ဆိုရင်ရော” "ဟာ... အဲဒီနားတော့ မသွားနဲ့၊ ခါချဉ်တွေ ပေါမှပေါ သူတို့နှစ်ယောက်မှာ ယခင်ပုန်းနေကျ
www.buseclassic.com.
| 81.285598 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 33 |
________________
www.burmeseclassic.com
၆။ အာ... ကျော်စွာ
လည်း မပုန်းချင်ကြချေ။ ထိုနေရာများတွင်ပုန်းပါက နီတွတ် က အလွန်လျှင်သူဖြစ်ရာ အလွယ်အတကူ တွေ့သွားမည်သာ ဖြစ်သည်။ အတန်ကြာသော် ချက်စူမှာ တစ်စုံတစ်ခုကို အကြံရသလို ဝမ်းသာအားရ ဖြစ်သွားပုံနှင့်
`ကျော်စိုးရေ' ဟု လှမ်းခေါ်လိုက်လေသည်။ "GUD:"
“ငါသိပြီကွ၊ ဟိုတစ်ခါ ငါတို့ ငှက်သိုက်တက် နှိုက်တဲ့ သနပ်ပင်ကြီးပေါ် တတ်ပုန်းနေကြမယ်၊ အဲဒီအပင်ပေါ်ကကြည့်ရင် နီတွတ်လာတာကို မြင်ရတယ်ကွ”
630:...
ဟုတ်တယ်၊ ငါတို့သနပ်ပင်ပေါ်
တက်ပုန်းကြတာပေါ့”
သူတို့နှစ်ယောက်မှာ သနပ်ပင်အုပ်အုပ်ကြီးပေါ်သို့ တက်ပြီး ပုန်းနေလိုက်ကြသည်။ သနပ်ပင်ကြီးမှာ မြင့်လည်း မြင့်သည့်အပြင် သစ်ခေါင်းပေါက်ကြီးများရှိသောကြောင့် လူလေးငါးယောက် တက်နေတာတောင် အလွယ်တကူ မမြင်နိုင်ချေ။
လမိုက်ညခေါ်သံ
၆ ၉
ချက်စူနှင့် ကျော်စိုးမှာ ခပ်မြင့်မြင့်နေရာရှိ ခွဆုံ ကောင်းကောင်းတွင်ထိုင်ကာ နီတွတ်အလာကို စိတ်လှုပ်ရှား စွာ စောင့်နေကြလေတော့သည်။ အတော်လေးကြာသော အခါ လေလေးတဖြူးဖြူးနှင့်မို့ နှစ်ယောက်လုံး အိပ်ငိုက် လာကြသည်။
စောင့် ရသောအလုပ်မှာ အလွန်စိတ်ပျက်ဖွယ် ကောင်းလှသည်။ ကြာတော့ နှစ်ယောက်လုံး သစ်ပင်ပေါ်တွင် အိပ်ပျော်ခြင်းသို့ ရောက်သွားကြလေတော့၏။
သူတို့နှစ်ယောက်မှာ မည်မျှကြာအောင် အိပ်ပျော် သွားသည်မသိ၊ နိုးလာသောအချိန်တွင် ညနေပင်စောင်းနေပြီ ဖြစ်လေသည်။
“ဟေ့--- ချက်စူ ထစမ်း၊ ကြည့်ပါဦး ငါတို့ မနက်ကတည်းက အိပ်ပျော်သွားတာ နေတောင် ဝင်တော့မယ်၊ ဟိုကောင်နီတွတ်ကို အပုန်းကောင်း တာ အိမ်ကဆူတော့မှာပဲ၊ နီတွတ်လည်း ငါတို့ကို မတွေ့လို့ ပြန်သွားပြီထင်တယ်”” ကျော်စိုးနှင့် ချက်စူမှာ အိပ်ရေးဝသွားပြီ
www.buseclassic.com.
| 85.07891 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 34 |
________________
www.burmeseclassic.com
— ဒဿကျော်စွာ
“ဟော့်.. ဘယ့်နှယ် လူလေးကို ဘယ်သူစောင့် ပေးနေလို့ တော်က စိတ်ချလက်ချ ပြန်လာတာလဲ" ဟု လှမ်းပြောလိုက်လေသည်။ ”ဟိုမှာ ညွန့်ဟန်တို့ရှိပါတယ်ကွာ၊ ဖျားတာပဲ ပျောက်သွားမှာပါ၊ ဘာမှစိုးရိမ်မနေပါနဲ့” “ပြောတော့လွယ်လှချည်လား ကိုစံရွှေ၊ ကလေး အခုလိုဖြစ်တာ ရှင်မကောင်းလို့ ရှင်သိရဲ့လား၊ ရှင်ခြောက်လှန့်လိုက်လို့၊ အိမ်မက်ဆိုးတွေ မက်ပြီး အပြင်းဖျားတာ၊ ဘယ့်နှယ်တော် ကလေးပေါက်စ လေးတွေကို တော်ရုံဆုံးမပေါ့၊ ခြောက်လိုက် လှန့်လိုက်တာ ကျိန်စာတိုက်တဲ့အတိုင်းပဲ” “ဟ ငါက နောက်မလုပ်ရဲအောင်ပြောတာ တမင် လှန့်တာမှမဟုတ်တာ”
“အို..... နောက်မလုပ်ရဲအောင်ပြောတာ တော်ရုံ ပြောလည်းရတာပဲ၊ ခုဟာက တဆိတ်လွန်လွန်း ပါတယ်၊ ကလေးတွေစိတ်ထဲမှာ ငါတို့လုပ်ခဲ့တဲ့ အပြစ်တော့ မလွဲမသွေခံရမှာပဲဆိုတဲ့ စိတ်ကြီး
၇၃
လမိုက်ညခေါ်သံ
စွဲသွားတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရင် မခက်ဘူးလား၊ လူကြီးဖြစ်ပြီးနည်းနည်းမှ မဆင်ခြင် ဘူး”
ဒေါ်စိန်ရင်၏ စကားကြောင့် ဦးစံရွှေမှာ အတော် လေးဒေါသထွက်သွားဟန်ရှိလေသည်။ လှည်းပေါ်မှ ကောက်ရိုးများ၊ ယိုင်လိပ်များကိုဆွဲချကာ
“ဟေ့... တော် တော်၊ မင်းဘာမှမသိ နားမလည်ဘဲ ၀င်ဝင်မပြောနဲ့၊ ငါက ဖြစ်တတ်တာ ကို သိအောင်ပြောရတာ“
ဟု တစ်ခွန်းမှအလျော့မပေးဘဲ ပြန်ပြောလိုက်လေ တော့၏။ ထိုအခါ သားသမီးဇောနှင့် စိတ်ပူနေသော ဒေါ်စိန်ရင်ကလည်း ဒေါနှင့်မောနှင့် ပြန်အော်လေသည်။ လင်မယားနှစ်ယောက် အချေအတင်ပြောဆို နေကြစဉ် ချက်စူနှင့်ကျော်စိုးမှာ နီတွတ်အတွက် စိတ်မကောင်း စွာနှင့်ပင် ပြန်လာခဲ့ကြလေတော့သည်။
COR
www.burmeseclassic.cOn
| 84.813971 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 35 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၇၅
နောက်တစ်ပတ်ခန့်ကြာသောအခါ ကျော်စိုးနှင့် ချက်စု တို့ကစားနေခိုက် နီတွတ်ဆေးရုံကပြန်လာပြီ ဟူသော သတင်း ကို နားစွန်နားဖျားကြားလိုက်ရလေသည်။
“ဖိုးချိုရေ နီတွတ် ဆေးရုံကဆင်းလာပြီတဲ့၊ နေကောင်းသွားပြီထင်တယ်"
ချက်စူ၏ဝမ်းသာအားရစကားအဆုံးတွင်နှစ်ယောက်
သား နီတွတ်ဆီသို့ထွက်လာခဲ့ကြလေသည်။ သူတို့နှစ် ယောက်မှာ နီတွတ်ကို အလွန်တွေ့ချင်နေကြပြီဖြစ်သည်။ သူတို့အဖွဲ့တွင် နီတွတ်က ခေါင်းဆောင်လိုဖြစ်နေသော ကြောင့် နီတွတ်မရှိသည့်ရက်တွင် ကစားရသည်ပင်
ပျော်စရာမကောင်း၊ ပျင်းရိသလိုဖြစ်နေကြရသည်။ "ဟေ့ ချက်စူ ကြည့်စမ်း လူတွေ ဟိုရှေ့မှာ တရုန်းရုန်းနဲ့ ဘယ်ကိုသွားနေကြတာလဲမသိဘူးကွ” “အေးနော် ဟော -ပြောရင်းဆိုရင်း နီတွတ်တို့ အိမ်ထဲကို ဝင်သွားကြပြီကွ”
“ဟာ...မဟုတ်သေးပါဘူး၊ ဟိုဖက်လမ်းကြားထဲ
ကွေ့သွားတာမဟုတ်ဘူးလား””
ကျော်စိုးစကားအဆုံး ချက်စူက ခဏနေစမ်း
ဟူသော သဘောနှင့်လက်ကာပြရင်း ဆက်မသွားဘဲ တုံ့ခနဲ ရပ်လိုက်၏။
“ဘာလဲ ချက်စူ”
“မင်း မကြားဘူးလား သေသေချာချာနားထောင် စမ်း၊ ငိုသံလိုလိုကြားတယ်”
ချက်စူပြောတာမှန်သည်။ နီတွတ်တို့ အိမ်ဘက်မှ
ငိုသံတွေ စီစီညံညံထွက်လာသည်။
“အောင်မယ်လေး... အဖြစ်ဆိုးလိုက်တား
ရယ် • •
www.burmesassic.com.
| 83.28585 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 36 |
________________
၇၆
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၇၇
“ဘယ်လိုဖြစ်ရတာတုံး လူလေးရဲ့ .. သားရေ... နီတွတ် အမေခေါ်နေတာ ထူးပါဦး... အီး... S:... :..."
အိမ်နားသို့ရောက်လာလေ ငိုသံမှာ ပိုပြီးကျယ်လာ လေပင်။ သူတို့နှစ်ယောက်လုံး အံ့သြထိတ်လန့်နေရာမှ ရုတ်တရက် သတိဝင်လာကာ ထိုအိမ်ဘက်သို ့ သုတ်ခြေ တင်ပြီး ပြေးခဲ့ကြလေတော့သည်။ နီတွတ်တို့ခြံထဲရောက် သွားသောအခါ လူအုပ်ကြီးမှာ အိမ်ပေါ်နှင့်ခြံထဲတွင် ပြည့်ကျပ်ခဲနေလေသည်။
“နီတွတ် နီတွတ် ဘာဖြစ်တာလဲဟင်” နီတွတ်၏အစ်ကိုဝမ်းကွဲတော်သူ ကိုစိန်ကုလားမှာ စုပ်တသပ်သပ်၊ အံတကြိတ်ကြိတ်နှင့် အတော်လေးယူကြုံးမရ ဖြစ်နေဟန်ရှိလေသည်။
“နီတွတ်ဆုံးပြီ” တဲ့။
ချက်စူနှင့်ကျော်စိုးမှာ သူတို့နားကိုပင် သူတို့မယုံ
နိုင်တော့ချေ။ နီတွတ်သေပြီဟု သူတို့အနေနှင့်ဘယ်လိုမှ လက်ခံ၍မရ။
သတင်းလာမေးသော လူအုပ်ကြီးမှာ စိတ်မကောင်း
ခြင်း၊ အံ့သြနေခြင်းတို့ကြောင့် မေး၍မဆုံးနိုင်တော့။ ““လှည်းပေါ်မှာ စကားတွေတောင် ပြောလာတာ အကောင်းပါဗျာ၊ နေကောင်းလို့ဆေးရုံကဆင်းခွင့် ပေးလိုက်တာပါ၊ အားနည်းနေတာကလွဲရင် ဘာအဖျားမှမရှိတော့ဘူးလို့ ဆရာဝန်ကိုယ်တိုင် ပြောလိုက်တာပဲ”
"ဒါနဲ့များ... ဘယ်လိုဖြစ်ပြီး တစ်ချီတည်း အသက်ပါသွားရတာလဲ၊ စဉ်းစားလို့မရနိုင်ဘူး” စိန်ကုလားက ခေါင်းကိုတွင်တွင်ခါရမ်းရင်း “ကျုပ်စိတ်ထင်တော့ ဟိုနေရာကြောင့်လို့ထင်
တယ်”
ဟု အံကြိတ်သံနှင့် ပြောလိုက်လေသည်။ “နေစောင်းပြီဆိုတော့ ကျုပ်လည်း ရွာရောက်ချင် ဇော နဲ့ လှည်းကိုတောစပ်ဖြတ်လမ်းက မောင်းလာ ခဲ့တာ၊ တောစပ်ဂူပျက်နားလည်းရောက်ရော
www.seclassic.com
ချက်ချင်းကတုန်ကယင်ဖြစ်လာပြီး
| 84.684685 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 37 |
________________
၇၈
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၇၉
သွားတယ်၊ ပြီးတော့ တစ်ချီတည်းအသက်ပါ သွားတော့တာပဲ”
စိန်ကုလား၏ စကားအဆုံးတွင် သူတို့နှစ်ယောက် မှာ တစ်ယောက်မျက်နှာတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ လှမ်းကြည့်လိုက်မိကြသည်။ ချက်စူမှာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေပြီး သူလည်း တကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေခဲ့လေသည်။
ကြောက်မက်ဖွယ်ရာ အရိပ်ဆိုးကြီးသည် ထိုအချိန်မှ စ၍ နုနယ်သော သူတို့နှလုံးသားကို အုပ်မိုးထားလိုက်လေ ' တော့သည်။
“ငါ့ အဖြစ်ကတော့အဲဒါပါဘဲကွာ"
ဟု ကျော်စိုးက သူ့စကားကို အဆုံးသတ် လိုက်သည့်အချိန်တွင် သူ၏မျက်လုံးတွင် မျက်ရည်လိုလို အရည်ကြည်များ ရစ်ဝဲဝေ့သီနေသည်ကို တွေ့လိုက်ရလေ တော့သည်။
ထို့ပြင် သူ့အသွင်မှာ အတိတ်ပုံရိပ်ထဲမှ တော်တော် နှင့် ရုန်းထွက်နိုင်ပုံမရဘဲ အလွန်အမင်း တုန်လှုပ်ချောက်ချား
ပုံပေါ်နေလေသည်။ ကျော်စိုး၏အသွင်မှာ အပြစ်လုပ်မိစဉ် မိဘမြင်သွားသောကြောင့် ထိတ်လန့်နေသော ကလေးငယ် ကဲ့သို့ ဖြစ်နေ၏။
ကျော်မိုးနှင့်ကျော်တိုးမှာ ကျော်စိုးအတွက် စိတ်မ ကောင်းဖြစ်သွားရသည်။ သူငယ်ချင်းဖြစ်သူ၏ ရင်ထဲတွင် ကာလအတော်ကြာ ထိရှနာကျင်ခဲ့ရသော ဝေဒနာအတွက်စာ နာမိကာ ကျော်စိုး၏ ပုခုံးကိုဖက်၍နှစ်သိမ့်လိုက်မိကြသည်။ ““အဲဒီလိုတော့လည်း မဟုတ်ပါဘူးကွာ၊ ပြီးခဲ့တာ တွေပြီးပြီပဲ၊ ဘာမှစိတ်ထဲထားပြီး စိတ္တဇကြီး ဖြစ်မနေပါနဲ့တော့ သူငယ်ချင်းရာ”
ကျော်မိုး၏ စကားအဆုံးတွင် ကျော်တိုးကလည်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
`ဟုတ်တယ် သူငယ်ချင်း၊ ဒါက စိတ်ကခြောက် လှန့်နေတဲ့ အဲဒီအဖြစ်အပျက်ကြောင့် မင်းကိုယ်မင်း နောက်ဆယ်နှစ်အတွင်း သေမယ်လို့ ပြောတာလား၊ မဖြစ်နိုင်ပါဘူးကွာ”
ဟု ပြောလိုက်လေသည်။ ကျော်စိုးက
www.burseclassic.com
| 86.71875 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 38 |
________________
00
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
တစ်ချက်ခါရမ်းပစ်လိုက်ရင်း သက်ပြင်းကိုခပ်မျှင်းမျှင်း
ရှိုက်သွင်းသည်။
““အဲဒီလိုတော့ မဟုတ်ဘူးကွ၊ အဖြစ်ဆိုးကြီးက
ငါတို့သုံးယောက်ကြားမှာ ဒီတစ်ခုတည်းနဲ့ အဆုံး သတ်သွားတာ မဟုတ်ဘူး၊ နီတွတ်သေတာက အဆုံးမဟုတ်တဲ့ နိဒါန်းအစဆိုတာ နိတွတ်သေပြီး လနည်းနည်းအကြာမှာပဲ သိခဲ့ရတယ်၊ အဲဒါ ကတော့... တောစပ်က ဟိုနေရာမှာ ချက်စူ ပိုးထိတာပဲ၊ ခါတိုင်းဆို ငါတို့ရွာက ကပ္ပိယကြီးက မြွေနိုင်တယ်၊ ပိုးထိတဲ့လူနာတိုင်းကို ပျောက်အောင် ကုပေးနေကျ၊ ဒါပေမယ့် ချက်စူကိုတော့ မကုပေး နိုင်ခဲ့ဘူး။ ချက်စူကို ကိုက်တဲ့မြွေက တိုက်မြွေ တဲ့လေ'
ကျော်စိုးစကားအဆုံးတွင် ကျော်မိုးရောကျော်တိုး
ပါ ခေါင်းကိုခပ်သွက်သွက်ခါရမ်းကြလေသည်။ ကျော်တိုး က ကျော်စိုးကို နင့်နဲစွာကြည့်ပြီး
“ဒါ.. ဒါတိုက်ဆိုင်မှုပါကွာ၊ စိတ်စွဲလမ်းတာ
လည်းပါတယ်၊ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်
တယ်ဆိုတဲ့စကား မင်းလည်းကြားဖူး ပေါ့၊ အကောင်းဆုံးကတော့ ဒီအဖြစ်အပျက်တွေကို မင်း စိတ်ထဲရိုးရိုးတန်းအဖြစ်အပျက်တွေလို့ လက်ခံ နိုင်အောင် ကြိုးစားရမယ်”
မည်သို့ပင်ဖျောင်းဖျနှစ်သိမ့်စေကာမူ ကျော်စိုး
ကတော့ ခေါင်းကိုသာတွင်တွင်ခါယမ်းနေလေတော့၏။
နောက်တစ်နေ ့ ကျောင်းဆင်းသောအခါ ကျော်မိုး နှင့်ကျော်တိုးမှာ ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် သွား ထိုင်ကြလေသည်။ ကျော်စိုးမှာ လက်ဖက်ရည်ဆိုင်မလိုက်ချင် ဟုဆိုကာ အဆောင်သို့ပြန်သွားသောကြောင့် နှစ်ယောက် တည်း ထွက်လာခဲ့သည်။
“ကျော်စိုးကတစ်မျိုးပဲကွ၊ ဒီကောင်ဉာဏ်လည်း ကောင်းတယ်၊ စာလည်းငါတို့ထက်တော်ရဲ့
www.bueseclassic.com
| 86.1678 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 39 |
________________
၈
www.burmeseclassic.com
ဒဿကျော်စွာ
ဘာဖြစ်လို့ မဟုတ်တဲ့ဘက်မှာ တစ်ယူသန်အစွဲတွေ ရှိနေရတာလဲမသိဘူး”
ကျော်တိုး၏စကားကြောင့် ကျော်မိုးမှာ အလွန် ထူးထူးဆန်းဆန်းနိုင်လှသော သူငယ်ချင်းဖြစ်သူ၏ စိတ်ကို နားမလည်နိုင်စွာ စဉ်းစားတွေးတောနေမိလေသည်။ ကျော်စိုး သည် သူတို့နှင့် စတွေကတည်းက စကားပြောဆိုပုံ အမူအရာ ကအစ အေးဆေးသိမ်မွေ့သည်။ ရုပ်ရည်အားဖြင့် သူတို့ ထဲတွင် ကြည့်အကောင်းဆုံးနှင့် မိန်းကလေးများစိတ်ဝင်စား ခြင်းခံရဆုံးဖြစ်သည်။ အစကတော့ ရိုးလွန်းအေးလွန်းသည် ဟုသာ ထင်မှတ်ခဲ့မိသည်။ အချိန်ကြာလာတာနှင့်အမျှ သူ့စိတ်ထဲတွင် လွှမ်းမိုးဖိစီးနေသော စိတ်ဒဏ်ရာတို့ကို တစ်စ တစ်စသိမြင်လာခဲ့သည်။
“သူ့စိတ်ထဲမှာ ဒီအယူအဆလွဲကြီးက တော်တော် အမြစ်တွယ်နေပြီကွ၊ တော်သေးတယ်၊ စိတ္တဇ
ဝေဒနာရမသွားတာ
ကျော်မိုး၏စကားအဆုံး ကျော်တိုးက မျက်မှောင်
ကျုံ့လိုက်ရင်း
လမိုက်ညခေါ်သံ
၈၃
““ဒီကောင်က အကဲကိုပိုလွန်းတာပါကွာ၊ ခေတ် ပညာတတ်ပြီး ဒါတွေ စွဲလမ်းယုံကြည်နေတ ငါတော့ တော်တော်အံ့သြတာပဲ” ဟုပြောလိုက်လေသည်။
“အဲဒီလိုတော့ ပြောလို့မရဘူးကွ၊ ငယ်နုတဲ့ နှလုံး သားတစ်ခုမှာ စွဲထင်နေတဲ့ အရိပ်က ဖျောက်ပစ်ရ ခက်တယ်၊ အမှန်တော့ ဦးစံရွှေဆိုတဲ့ လူကြီးအမှား ပဲကွ၊ သူအဆုံးမလွန်လို့ ကလေးတွေ စိတ်ထဲမှာမစွဲ သင့်တာကြီး စွဲသွားရတာ၊သူကတော့ နောင်ကြဉ် အောင်အပြစ်ပေးတဲ့ သဘောနဲ့ ဆုံးမပေမယ့် သူပေး တဲ့အပြစ်ဒဏ်က ကလေးတွေအတွက် အစွဲအလမ်း ကို ပိုပြီးကြီးမားအောင် လုပ်သလိုဖြစ်သွားတာ ပေါ့ကွာ”
““ဒါကတော့ လူကြီးဆိုတာမျိုးက ကလေးတွေ နောက်မလုပ်ရဲအောင် ခြောက်လှန့်ကြတာပါကွာ၊
ဒါတွေကလည်းမေ့သင့်ပါပြီ useclassic.com/
ခုဆို ကျော်စိုးက ကလေးမှမဟုတ်တော့တာ၊
| 86.773256 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 40 |
________________
၈၄
www.burmeseclassic.com
ာ ဒဿကျော်စွာ
ငါ့အဘွားဆို သိပ်ပြီးလှန့်တတ်တာ၊ ညႇည ငါက အိမ်လည်ပြီးဆော့တတ်တယ်၊ ပြီးတော့ ညဘက်ဆို စိတ်ကောက်ပြီးငိုတော့ ငါ့အဘွားက အိမ်ထောင့်က လက်ပံပင်မှာ ဒေဝေါရှိတယ်လို့ပြောတာ၊ ငါလည်း ကြောက်လိုက်တာ၊ လှုပ်ကိုမလှုပ်ရဲဘူး၊ ဒေဝေါဆို တာ ဘာကောင်မှန်းလည်း မသိဘူး၊ ဒါပေမယ့် ဒေဝေါလာပြီဆိုရင် ငါ့မှာ နေစရာကိုမရတော့ပါ ဘူးကွာ၊ ရယ်စရာတောင် ဖြစ်သွားပြီ” ကျော်တိုး စကားအဆုံး ကျော်မိုးက ခေါင်းကို ဖြည်းညင်းစွာခါယမ်းလိုက်ပြီး
ဒါပေမယ့် မင်းမျက်စိရှေ့မှာ အဲဒီဒေဝေါလက် ချက်နဲ့ ဘယ်သူမှ ဒုက္ခမရောက်ခဲ့ဘူး မဟုတ်လား၊ ကျော်စိုးကျတော့ သူ့မျက်စိရှေ့တင် ဟိုနှစ်ယောက်
က
ဘာလိုလို ပယောဂမကင်းဘဲ သေသွားရက ထို၊ စိတ်၌တစ်ခု နေကာ့ာေါ့၊ ငါတို့နားမှာ ကောင်လေးတစ်ယောက် ဟော်
တိုးတာ၊ အသက်က နှစ်ဆယ့်တစ်နှစ်လောက်
လမိုက်ညခေါ်သံ
၈ ၅
ပေါ့၊ အဲဒါ ဒီလောက်သောင်းကျန်းရမလား၊ ဆိုးရမ လားဆိုပြီး ဖအေလုပ်တဲ့လူက အခန်းတစ်ခန်းထဲ တစ်နေကုန်သော့ခတ်ထည့်ထားတာ၊ ခဏဆိုပြီး ခြောက်လှန့်ထည့်လိုက်တာပဲ၊ မေ့ပြီးညနေစောင်း တဲ့အထိ မဖွင့်ပေးမိဘူး၊ သတိရလို့ သွားဖွင့်ပေး တော့ အကြောက်လွန်ပြီး အထဲမှာသေနေပြီ၊ အဲဒါ စိတ်ကပြန်သတ်သွားတာကွ”
“ဘာပဲဖြစ်ဖြစ်ကွာ၊ ကျော်စိုးက ငယ်ငယ်ကတည်း ကတောင် ဘာမှမဖြစ်ခဲ့ဘဲနဲ့၊ ခုအရွယ်ကျမှ ဘာလို့ ဒုက္ခရောက်ရမှာလဲ၊ ဒီလောက်အကောင်းကြီး
သေလောက်တဲ့ရောဂါလည်းဘာမှရှိသေးတာမဟုတ်
ဘူး”
ကျော်တိုးစကားအဆုံး ဘာမှမတုံ့ပြန်တော့ဘဲ ကျော်မိုးသည် ခပ်ဝေးဝေးသို့သာ ငေးနေလေတော့၏။ သူတို့ နှစ်ယောက်ဆုံတိုင်း ကျော်စိုးအကြောင်းကိုသာ တွက်မရသော ပုစ္ဆာတစ်ပုဒ်လို အဖြေရှာကြ၊ ဝေဖန်ကြမြဲပင်။
သဘောထား
ချင်း၊ ထင်မြင်ယူဆပုံချင်းတော့ လုံးဝမတူကြချေ။
www.burmeseclassic.com
| 86.527778 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 41 |
________________
www.burmeseclassic.com
ဒဿကျော်စွာ
သို့သော် သူတို့နှစ်ယောက်လုံး ကျော်စိုးခံစားနေ ရသော အဖြစ်အပျက်ကို တူညီစွာသိမြင်ခွင့်ရခဲ့သည့် အဖြစ် အပျက်တစ်ခုက သိပ်မကြာခင်မှာပင် ဖြစ်ပွားခဲ့လေတော့ သည်။ ထိုညက စာမေးပွဲရှိသောကြောင့် သူတို့အားလုံး အဆောင်သို့မပြန်ဖြစ်ကြတော့ဘဲ သူတို့ဆရာဦးစိုးတင့် အခန်းတွင် စာကျက်ရင်း စုအိပ်လိုက်ကြလေသည်။
ညဉ့်နက်သောအခါ အားလုံးအိပ်ရာဝင်ကြလေ တော့သည်။ အားလုံးအသက်ပြင်းပြင်းရှူ၍ အိပ်ပျော်သွား ကြသော်လည်း ကျော်စိုးမှာ ရုတ်တရက်အိပ်မပျော်သေး။ ထို့အတူ ကျော်မိုးမှာလည်း အိုက်စပ်စပ်ဖြစ်နေသောကြောင့် မအိပ်နိုင်သေးဘဲ ရှိနေလေသည်။ ခဏအကြာတွင် ကျော်စိုး မှာ ဘယ်ညာလူးလှိမ့်နေရာမှ အိပ်ပျော်သွားလေတော့သည်။ ကျော်တိုးနှင့်ဝင်းထင်ဟူသော အတန်းတူသူငယ်ချင်းတစ် ယောက်ဆိုလျှင် တရူးခူး၊တခေါခေါနှင့် ဟောက်ပင် ဟောက်နေချေပြီ။
အချိန်ကား ညည့်နှစ်နာရီပင်နီးပါးပင်ရှိနေပြီ ဖြစ်သည်။ ကျော်မိုးမှာ မှေးခနဲ ပျော်တော့မည်ကဲ့သို့ ဖြစ်နေ
လမိုက်ညခေါ်သံ
၈၇
စဉ်
"အား---
ဟူသော အော်သံကြီးကြောင့် အိပ်ရာမှ အထိတ်
တလန့် ထထိုင်လိုက်မိသည်။
“ဂူကမည်းမည်းကြီး...သွားသွား..ထွက်သွား... " ““ကျွန်တော့်ကို မခေါ်ပါနဲ့၊ ဂူပျက်ကြီးထဲမှာ မြေ တွေ..မြေတွေ ပြိုလာပြီ”
တိတ်ဆိတ်နေသောညအချိန်တွင် ကြားလိုက်ရသော ကျော်စိုး၏ အထိတ်တလန့်အော်သံကြောင့် အားလုံးအိပ်ရာ မှ လန့်နိုးလာကြတော့သည်။ ကျော်ဘိုးမှာ ပထမတော့ ကြောင်နေပြီး ခဏကြာမှ မီးခလုတ်ကို ဖွင့်ဖို့သတိဝင်လာ၏။ “အား.....ကယ်ကြပါဦး..ကယ်ကြပါဦး...ကျွန်တော်
မလာဘူး"
ကျော်စိုးမှာ မျက်စိအစုံကို မှိတ်ထားရက်နှင့်ပင် လက်များကို မျက်နှာရှေ့၌ တစ်စုံတစ်ခုကို ကာကွယ်ထား
သလို
ကာထားကာ အော်ဟစ်နေလေသည်။
“ကျော်စိုး ကျော်စိုး”
www.burmeseclassic.com.
| 85.302198 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 42 |
________________
00
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၉
မလာနဲ့
““ကျော်စိုး ဟေ့ကောင်””
ကျော်တိုးမှာ ကျော်စိုး၏ ပုခုံးအားခပ်ကြမ်းကြမ်း ဆွဲလှုပ်နှိုးလိုက်မှပင်
“ဟင်”
ဟုဆိုရင်း ကြောင်တောင် တောင် ပြန်ကြည့် လေသည်။ သူတို့အားလုံးမှာ ကျော်စိုးအား အထိတ်တလန့် နှင့် ထိုင်ကြည့်နေမိကြလေသည်။
ကျော်စိုးသည် မျက်နှာပေါ်တွင် စိုရွှဲနေသော ချွေးသီး ချွေးပေါက်များကို လက်ဖြင့် ပွတ်သုတ်ပစ်လိုက်ပြီး သူတို့ကို ရှက်ကိုးရှက်ကန်းနှင့် ပြန်ကြည့်နေလေသည်။
ကျော်စိုးအကြောင်းကိုမသိသော ဝင်းထင်မှာ ကြောက်လန့်နေပြီး စကားအထစ်ထစ်အငေါ့ငေါ့နှင့် “ကျော် ကျော်စိုး . . .မင်း..ဘာ...ဘာအိပ်မက် တွေ မက်နေတာတုန်း"
ဟုမေးလေသည်။ ကျော်စိုးက ခေါင်းကိုဖြည်း ညင်းစွာ ခါယမ်းလိုက်ပြီး ဘာမှပြန်မဖြေဘဲနေလေသည်။
“မင်း အိပ်မက်ဆိုးတွေ မက်နေတာမဟုတ်လား၊ ကဲပါကွာ ပြန်အိပ်လိုက်တော့၊ ငါတို့ရှိနေတာပဲ” ကျော်မိုးစကားအဆုံးတွင် ကျော်စိုးက ဘာမှ ပြန်မဖြေဘဲ ခပ်ဟဟပွင့်နေသော အိမ်ပြင်ပြတင်းပေါက်ကို လှမ်းကြည့်ကာ တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေ၏။
““မင်း ဘာပြောလိုက်တာလဲ ကျော်စိုး” ကျော်တိုးက အိမ်အပြင်ကို လှမ်းကြည့်ပြီး စိုးရိမ်
တကြီး မေးလိုက်လေသည်။
“ဪ.... ဒီည လမိုက်ညဆိုတာကို ငါမေ့သွား တယ်၊ ဒီလိုမှန်းသိရင် ငါမအိပ်ပါဘူး၊ လမိုက် ညတိုင်း ငါ အိပ်မက်ဆိုးတွေမက်တတ်တယ်” ကျော်စိုးစကားကြောင့် သူတို့အားလုံး အံ့အားသင့် သွားပြီး ကျော်စိုးကို ကရုဏာလည်းသက်၊ နားမလည်နိုင် သလိုလည်းဖြစ်မိကာ သက်ပြင်းကိုယ်စီချလိုက်မိတော့၏။
ယ
www.burmeseclassic.com.
| 83.925811 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 43 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၉ ၁
ထိုအဖြစ်အပျက်ဆန်းများအပြီး နောက်ပိုင်းတွင် ကျော်မိုးရော ကျော်တိုးပါ သူ့အပေါ်တွင် အမြင်ပြောင်းလဲ လာခဲ့ရလေတော့သည်။
ကျော်စိုးသည် အများအမြင်တွင် ဘာမှမထူးခြား သော သာမန်ကျောင်းသားတစ်ယောက်အဖြစ် အေးအေးဆေး ဆေး ရှိနေခဲ့သော်လည်း သူနှင့်အနီးကပ်ဆုံး အရင်းနှီးဆုံး ဖြစ်သော ကျော်မိုးတို့အတွက် ထူးဆန်းသောလူတစ် ယောက်ဖြစ်ခဲ့ရသည်။
တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ယုံကြည်လက် ခံလိုက်ရခြင်းမဟုတ်ဘဲ တိုက်ဆိုင်သည်ဟု ပြော၍ရသလို
ထူးဆန်းစွာဖြစ်ပျက်သည်ဟု ပြောနိုင်သော ကိစ္စများက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာမှ သိလာခဲ့ရခြင်းပင် ဖြစ်၏။
အကြောင်းမှာ ကျော်စိုးသည် အနေအထိုင် အေး ဆေးသည်ကလွဲ၍ နုံနုံအအ၊ ထုံထိုင်းသူတစ်ယောက် မဟုတ်သလို၊ နမော်နမဲ့ နေတတ်သူလည်းမဟုတ်ချေ။ သို့ သော် သူတို့သုံးယောက် အတူတူရှိနေသည့်အချိန်တွင် တစ်ခုခု ထိမိခိုက်မိစရာကြုံပါက ကျော်စိုးကိုသာ ထိခိုက်မိ တတ်လေသည်။
တစ်ခါက ကျောင်းရှေ့ကွင်းပြင်တွင် ကျောင်းသား ငယ်များ ဂေါ်လီရိုက်နေသည့်ဘေးမှ ဖြတ်အလာတွင် ကျောင်း သားတစ်ယောက်အရှိန်နှင့် ရိုက်လွှတ်လိုက်သော ဂေါ်လီမှာ ကျော်စိုး၏ နဖူးတည့်တည့်ကို လာမှန်လေသည်။ ထိုမျှနှင့် မပြီးသေးချေ။
သူတို့အားလုံးကျောင်းပိတ်ရက်တွင် ဘောလုံးကန် ကြသည့်အခါ ဘောလုံးမကန်တတ်သော ကျော်စိုးမှာ လိုက်ကြည့်ရုံသာရှိ၏။ ထိုအခါတွင် ကွင်းဘေးတွင်
www.burneclassic.com
| 87.077703 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 44 |
________________
၉၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
ကြည့်နေသော ကျော်စိုးကိုမှ ဘောလုံးက တည့်တည့်သွားမှန် တတ်သည်။
ကျော်စိုးနှင့်အတူ ရေလမ်းခရီးသွားရမည်ဆိုလျှင် သူတို့နှစ်ယောက် တစ်ခါတည်းနှင့်ပင် လန့်သွားခဲ့ရဘူးသည်။ ရာသီဥတုကလည်း အကောင်း၊ ရေစီးကလည်း သိပ်သန် လှသည်မဟုတ်သော ချောင်းထဲတွင် သူတို့အားလုံးလှေစီးရင်း လှေမှောက်ကြသည်။ ထိုစဉ်က ရေကူးတတ်သော ကျော်စိုး မှာ မည်သို့ဖြစ်သည်မသိ။ ရုတ်တရက်လန့်ကာ သတိလစ် သလို၊ ကြွက်တက်သလိုနှင့် ရေနစ်သွားရဖူးသည်။ လမ်းဘေး ဓာတ်တိုင်တွေ၊ မီးကြိုးတွေနှင့် မလွတ်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်လှဲစဉ်ကလည်း ခပ်ဝေးဝေးကရှောင် ပါရက်နှင့် ကျော်စိုးခေါင်းကို သစ်ကိုင်းစမှန်ကာ သုံးလေး ချက်ချုပ်လိုက်ရ၏။ ထိုအဖြစ်အပျက်များမှာ ဘာမှမဟုတ် ဘူးဟု ဆိုနိုင်သော်လည်း တိုက်ဆိုင်မှုဟု ပြောလို့မရတော့ ဘဲ ကျော်စိုးတစ်ယောက်တည်းကိုသာကွက်၍ ကံခေနေစေ ခဲ့ကြောင်း လက်ခံလိုက်ရတော့သည်။
သို့သော် ထိုနှစ်က စာမေးပွဲဖြေဆိုရာတွင် ကျော်စိုး
၉ ၃
မှာ ကံမခေခဲ့ချေ။ သူတို့ သုံးယောက်လုံး စာမေးပွဲအောင် ကြသည်။ ထိုသို့ စာမေးပွဲအောင်သွားခြင်းနှင့်အတူ သူတို့ သုံးယောက်မှာလည်း တစ်နယ်စီ ခွဲခွာခဲ့ရတော့၏။ နယ်ခံ ဖြစ်သော ကျော်မိုးမှလွဲ၍ ကျော်ဟိုးနှင့် ကျော်စိုးမှာ သူတို့ ဇာတိသို့ စာမေးပွဲဖြေပြီးကတည်းက အသီးသီးပြန်သွား ခဲ့ကြသည်။
ကျော်စိုးမှာ သူ့ရွာသို့ ပြန်သွားပြီးကတည်းက တစ်ခေါက်မျှ ပေါ်မလာတော့ချေ။ ကျော်တိုးကတော့ မကြာမကြာ ရောက်လာဖြစ်လေသည်။ ကျော်တိုးလာတိုင်း လည်း ကျော်စိုးအကြောင်းတွေကို ပြောဖြစ်ခဲ့ကြသည်။
ကျော်မိုးလိုပင် ကျော်တိုးမှာ ကျော်စိုးသတင်းကို နားစွင့်နေပြီး သူသိသမျှကို ပြန်ပြီးဖောက်သည်ချတတ်၏။ ကျော်စိုးမှာ ရွာပြန်ရောက်ရောက်ချင်းပင် သူ့အမေ ဆုံးသွားသောကြောင့် စိတ်ညစ်ပြီး ထွက်သွားလိုက်သည်မှာ ဘယ်ရောက်မှန်းမသိ ၊သတင်းအစအနပင် မကြားရကြောင်း ကျော်စိုးတို့သားအမိမှာ သူတို့ရွာတွင် လယ်မြေဧကပေါင်း
မြောက်များစွာကို ပိုင်ဆိုင်ထားseclassic.com/
WWW.
| 88.545455 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 45 |
________________
၉၄
www.burmeseclassic.com
ဒဿကျော်စွာ
ထိုလယ်ယာများကို ဘာမှ ပြန်မကြည့်ဘဲ ထွက်သွားသော ကြောင့်ဆွေမျိုးနီးစပ်တော်သူ လူကြီးတစ်ယောက်ကပင် ထိန်းသိမ်းပေးထားကြောင်းကို သိရလေသည်။
ထိုအကြောင်းများကို ကျော်မိုးမှာ သိတန်သ လောက် သိပြီးဖြစ်၏။ သို့သော် ကျော်တိုးလာတိုင်း ကျော်စိုး သတင်းကို အပြည့်အစုံ ယူလာတတ်သည်။
ကျော်စိုးအကြောင်းကိုသိပြီးဖြစ်သောကြောင့် သိပ် မအံ့သြတော့သော်လည်း ဘယ်ကိုရောက်နေမှန်းမသိ၊သတင်း အစအနပင် မကြားရသည့်အတွက် သူတို့အားလုံး စိတ်ပူမိ ကြသည်။ ကျော်စိုးသည် စိတ်ဖိစီးမှုများနေသည်မှလွဲ၍ အသိဉာဏ်ပြည့်စုံသောသူဖြစ်သောကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်တော့ မပြုလောက်ပါဘူးဟု ဖြေ တွေး, တွေးမိပြန်တော့ အနည်းငယ် စိတ်သက်သာရာရသွား မိလေသည်။
ကျော်စိုးအကြောင်း လုံးဝသတင်းမကြားဘဲနေရာမှ နှစ်နှစ်ခန့်အကြာတွင် ကျော်မိုးထံသို ့ စာတစ်စောင်ရောက်
လာလေ၏။
လမိုက်ညခေါ်သံ
၉၅
ထိုစာထဲတွင် သူဘယ်မှာနေသည်၊ ဘာလုပ်နေ သည်ဟူ၍မပါဘဲ အိပ်မက်အကြောင်းကိုသာ ခရေစေ့တွင်း ကျ ရှင်းပြထားသည်ကို တွေ့လိုက်ရတော့၏။
သူ့ခြေလှမ်းများက ရွာစပ်က·ထွက်လာစဉ်ကလို မဟုတ်၊ တဖြည်းဖြည်း လေးလံနှေးကွေးလာသည်။ ကလေး တစ်ယောက်ဘဝတုန်းကလို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ် လပ်လပ် ပုံစံမျိုးမဟုတ်ဘဲ မဖြစ်မနေကိစ္စတစ်ခုနှင့် လာရ သလိုလို ခြေထောက်တွေက သိပ်မရွေ့ချင်ဘဲနှင့် နေရ သလို ဖြစ်နေသည်။
မကြာခင် တောစပ်အနီးသို့ရောက်လာသည်။ နေ့လည်ခင်း နေမွန်းတည့်ချိန်ဖြစ်သော်လည်း နေပူသည် လည်းမဟုတ်ဘဲ ညဘက်လသာသလို ခပ်မှောင်မှောင် ဖြစ်နေသော အလင်းရောင်အောက်တွင် ပြေးလွှားဆော့ကစား နေသော ကလေးနှစ်ယောက်ကို တွေ့လိုက်ရ၏။ ထို
ကလေးနှစ်ယောက်ကို သူမြင်ဖူးသော ပိုင်၍ ကြည့်နေစဉ် တစ်ယောက်ကသူ့ကို မြင်သွားပြီး လှမ်းပေါ်လိုက်လေသည်၊ “ဟေ့ ကျော်စိုး လာလည်-
www.burmeseclassic.com
| 87.483356 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 46 |
________________
www.burmeseclassic.com
၉၆
11 ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၉ ၇
သူ ကလေးနှစ်ယောက်နှင့် မလှမ်းမကမ်းရောက် သွားသည်။ ကလေးနှစ်ယောက်မှာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ် နှစ်လောက်သာရှိဦးမည်။ သူ့အသက်က နှစ်ဆယ့်နှစ်နှစ်ရှိ နေပြီဖြစ်၏။
“ဟေ့ကောင် ... လာလေကွာ..ဘာငေးနေတာလဲ ကစားရအောင်”
ကလေးတစ်ယောက်ကခေါ်လိုက်ပြန်သည်။ သူ ထိုကလေးနှစ်ယောက်၏ မျက်နှာကို သေသေချာချာ မြင် လိုက်ရစဉ် တစ်ကိုယ်လုံးကြက်သီးများ ဖြန်းခနဲထလာ တော့၏။
နီတွတ်နှင့်ချက်စု။ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးက သေဆုံးခဲ့ပြီးသော နီတွတ်နှင့်ချက်စူကို သူပြန်တွေ့နေရပြီ။ သူ အံ့သြထိတ်လန့်စွာနှင့် ရပ်ကြည့်နေမိစဉ် နီတွတ်နှင့် ချက်စူက သူ့ကို လှည့်ပတ်ပြီး ပြေးဆော့နေကြသည်။
``ဟေ့ ကျော်စိုးလာပါကွ၊ ငါတို့နဲ့ အတူတူ ကစားရအောင်”
“ခေါ်မနေပါနဲ့ကွာ၊ ဒီကောင်က ငကြောက်ကြီး၊
ဘယ်နေရာမှ အဖြစ်ရှိတာမဟုတ်ဘူး”
သူ့ကို မခေါ်ဖို့ပြောလိုက်သူမှာ နီတွတ်ပင်ဖြစ် သည်။ နီတွတ်မျက်နှာက ကြောက်စရာကောင်းလောက် အောင် တင်းမာခက်ထန်နေပြီး သူ့ကို လာစေချပုံမရချေး သူဘာမှပြန်မပြောဘဲ ကြောင်တောင်တောင်နှင့် ရပ်နေမိ သည်။ ချက်စူက သူ့ကို ဟီးခနဲ တစ်ချက်ရယ်ပြရင်း လက်ယပ်ခေါ်ပြန်သည်။
“ကျော်စိုး သွား.. သွား မင်းမလာနဲ့၊ ဒီကောင် ချက်စူကလည်း ဘာဖြစ်လို့ အတင်းလိုက်ခေါ်နေ တာလဲ၊ သွား မင်းပြန်တော့”
နီတွတ်က သူ့ကို မျက်နှာထားတင်းတင်းနှင့် နှင်လွှတ်သည်။ အသက်အရွယ်၊ လူကိုယ်ခန္ဓာကိုယ်ချင်းယှဉ် လျှင် ထက်ဝက်မကကြီးနေသော သူ့ကို လုံးဝကြောက်ရွံ့ အံ့ဩဟန်မပြဘဲ ခါးခါးသီးသီးနှင်လွှတ်နေသော နီတွတ်ကို ကြည့်ကာ သူတစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် နီတွတ်က ပြေးနေရင်းမှ သူ့ရှေ့သို့ လှည့်လာကာ
www.burmeseclassic.com
| 85.400425 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 47 |
________________
ලග
www.burmeseclassic.com
ဒဿကျော်စွာ
““မင်းကို ထွက်သွားလို့ပြောနေတာ မကြား ဘူးလား”
ဟု အော်ပြန်သည်။ နီတွတ်၏ မျက်ကွင်းများမှာ ညိုမည်းချိုင့်ဝင်နေပြီး မျက်လုံးကြီးများကလည်း တလည် လည်ဖြစ်နေလေသည်။ သူနီတွတ်မျက်နှာကို ကြည့်ပြီး မနှစ်မြို့စွာ နောက်သို့တစ်လှမ်းဆုတ်လိုက်မိသည်။ ချက်စူက တော့ မျက်နှာပြုံးပြုံးရွှင်ရွှင်နှင့်ပင် သူ့ကို ဖော်ရွေနှစ်လိုစွာ ခေါ်သည်။
“လာပါကွာ၊ သူလည်း ငါတို့လို ကစားချင်မှာ ပေါ့၊ သုံးယောက်အတူတူရှိတဲ့ဟာကို သူ့တစ် ယောက်တည်း ဘာလို့ဖယ်ထားရမှာလဲ” ချက်စူစကားကို သူသဘောကျသလိုလိုဖြစ်သွား သည်။ သူ့စိတ်သည် ချက်ချင်း ကလေးလေးလို ပြန်ဖြစ် သွားသည်။
အာစေးထည့်ထားသလို စေ့ပိတ်နေသော သူ့ပါး
စပ်က ရုတ်တရက်ပွင့်ဟသွား၏။
“ကစားမယ်၊ ငါလည်းမင်းတို့နဲ့ အတူကစား
လမိုက်ညခေါ်သံ
မယ်”
၉၉
သူ့စကားအဆုံး နီတွတ်မျက်နှာ ကွက်ခနဲ ပျက်သွား
သည်။ အံကို ကြိတ်ရင်း -
“ဒီကောင်တော့”
ဟု ကြိမ်းမောင်းကာ မျက်တောင့်နီကြီးနှင့် စိုက်ကြည့်နေလေသည်။ ချက်စူက ဘာမှ ဂရုမစိုက်ရန် လက်ကာပြပြီး
“လာ ငါတို့ ဂူဝနားမှာ သွားကစားမယ်” ဟုခေါ်လေသည်။ နီတွတ်က တစ်စုံတစ်ခု ပြော တော့မည်ကဲ့သို့ ဟန်ပြင်လေသည်။ ထိုစဉ် တောစပ် ဂူဝကြီး ဆီမှ ဝုန်းခနဲ မြည်သံကြီးကို ကြားလိုက်ရသော နီတွတ်မှာ အထိတ်တလန့်နှင့် လှည့်ကြည့်လိုက်၏။ ချက်စူက သူ့လက် ကိုဆွဲရင်း
“လာ ကျော်စိုး အဲဒီကို သွားကြည့်ရအောင်” ဟုခေါ်လေသည်။ သူ့စိတ်ထဲ မလိုက် ကောင်းနိုး၊ လိုက်ရကောင်းနိုးနှင့် ချီတုံချတုံဖြစ်နေစဉ်
“လာကြစမ်း... အခုလာခဲ့ကြစမ်း”
www.burmeseclassic.com
| 83.833718 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 48 |
________________
200
www.burmeseclassic.com
- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
ဟူသော အော်သံနက်ကြီးကို ကြားလိုက်ရ၏။ `လာ ဖိုးချို ဘာမှမကြောက်နဲ့၊ သွားရအောင်” ချက်စူက သူ့လက်ကိုဆွဲကာ မရမက ကပ်ခေါ် လေသည်။ သူမလိုက်ဘူးဟု ငြင်းဆန်ဖို့ အားယူပေမယ့် ခြေထောက်တွေက ထိုဂူကြီးနားသို့ တရွေ့ရွေ့ ပါသွားရသည်။ ထိုအခါနီတွတ်၏ **320:...**
ဟူသောအော်သံကြီးကို ကြားလိုက်ရသည်။ ''နီတွတ်...နီတွတ် ဘယ်ရောက်သွားပြီလဲ” သူ့လက်ကို ဆွဲကိုင်လာသော ချက်စုလက်က ရေခဲ လို အေးစက်ပြီးတောင့်တောင့်ကြီးဖြစ်နေသောကြောင့် သူ ငုံ့ကြည့်လိုက်သည်။
380:...
--လွှတ်လွှတ် ငါ့ကိုလွှတ်”“
သူ ထိတ်လန့်ခြောက်ချားစွာ အော်ဟစ်လိုက်သံက ဂူပျက်ကြီးနှင့် တောင်စောင်းတစ်လျှောက် ပဲ့တင်ထပ်သွား သည်။ ချက်စူ။ မည်းညိုနေသော မျက်ကွင်းများ အလယ် တွင် ဖြူဆွတ်ပြီး မျက်ဆန်မရှိသော မျက်လုံးများနှင့် သူ့ကို
စိုက်ကြည့်ကာ အရိုးခေါင်းခြောက်ကြီးလို မချိသွားဖြဲ ရယ်ပြ နေသည်။
သူ လက်ကို အတင်းဖိရုန်းသည်။ ကလေးလက် ဆိုပေမယ့် အသေကုပ်တွယ်ထားသလို မြဲမြံကာ အတော် နှင့် ရုန်းမရ၊ ထိုစဉ် ဂူဝမှ အရိပ်မည်းကြီးတစ်ခု ပေါ်ထွက် လာသည်။ ထိုအရိပ်ကြီးကို မကြည့်ရဲသောကြောင့် သူမျက် နှာလွှဲထားလိုက်မိသည်။
သို့သော် ထိုမည်းမည်းကြီးလှုပ်ရှားသမျှကို မင် ချင်ဘဲ အကုန်မြင်နေရသည်။ သူ့လက်ကြီးက တခေတ် ဆတ် တုန်ရင်နေကာ ကြောက်ရွံ့နေဟန် ရှိသောနီတွတ်၏ လည်ကုတ်ပေါ်တွင် တင်ထားမိရာမှ သူတို့ဆီသို့ ဆတ်ခနဲ ဆောင့်တွန်းထုတ်လိုက်၏။
နီတွတ်မှာ သူ့ကို ခုနပုံစံမျိုးမဟုတ်တော့ဘဲ ဝမ်း နည်းကြေကွဲသည့်အကြည့်နှင့် စူးစိုက်ကြည့်ပြီး အေးစက်စက် သူ့လက်ကလေးများနှင့် လာကိုင်ကာ ဂူဘက်သို့ဆွဲခေါ်လေ တော့သည်။
360;...
• ငါ့ကိုလွှတ် 2. lassic.com/
WWW.
| 83.699504 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 49 |
________________
၁၁၂ - -
www.burmeseclassic.com
ဒဿကျော်စွာ
သူ့အော်သံက အချည်းနှီးသာ အရိပ်မည်းကြီးက ဂူဘက်သို့ လက်ညှိုးညွှန်ပြသည်။ ချက်စူနှင့်နီတွတ်မှာ သူ့ကို ဘေးတစ်ဖက်တစ်ချက်မှ ဆွဲခေါ်ကာ ဂူထဲသို့ တရွေ့ရွေ့နှင့် ဝင်ရလေတော့၏။ သူတို့ ဂူထဲရောက်ပြီးခဏအကြာ ဂူပြင် မှ ရယ်သံကြီးကို ကြားလိုက်ရလေတော့သည်။ ထို့နောက် တပုန်းပုန်း တအုန်းအုန်း အသံများကို ကြားရပြန်သည်။
မြေပြိုပြီ ဟူသော အသိကြောင့် အပြင်သို့ အတင်း ရုန်းပြေးရန်ကြံပေမယ့် သူ့ခြေထောက်တွေက မြေပြင်တွင် သစ်ပင်ပေါက်သလို ကပ်တွယ်နေကြသည်။
သူကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်စဉ်မှာပင် ဂျိမ်းခနဲ မြည်သံကြီးနှင့်အတူ ဂူပေါက်ကြီး ပိတ်သွားတော့ သည်။
ထို့နောက် မြေပြိုသံကြီးများ ပိုမိုနီးကပ်လာသော အခါ ခုံကိုသို့ ကျောက်တုံးကြီးများ တစ်အုန်းအုန်း ပြုတ်ကျလာသည်။ငူကြီးသည် တစ်ဖြည်းဖြည်း ပြိုပြီး သူတို့အပေါ်သို့ ပိာလေတော့၏။ သူအသက်ရှူတွေ
လမိုက်ညခေါ်သံ
ကျပ်လာသည်။
၁၃
မကြာခင် သူသေရတော့မည်ကိုသာ နောက်ဆုံး သိလိုက်ရလေတော့သည်။
ကျော်စိုးစာဆုံးသွားသည်နှင့် ကျော်မိုးမှာ သက်ပြင်း တစ်ချက်ချရင်း ခေါင်းကို ဖြည်းညင်းစွာခါယမ်းလိုက်လေ တော့သည်။ ထို့အတူ ယောက်ျားပီသပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာနှင့် ချောမောသော ကျော်စိုး၏ရုပ်သွင်ကို ပြန်မြင် ယောက်လာမိသည်။
"အိပ်မက်ဆိုတာ မမက်ပါနဲ့လို့တားမရဘူး သူငယ်ချင်း၊ အထူးသဖြင့် ငါ့အတွက်ပေါ့၊ လမိုက် ညမှာ အိပ်မက်မမက်အောင် ဘယ်လိုမှ လုပ်လို့မ
ရဘူး
ကျော်စိုးပြောခဲ့သော စကားများကို ကြားယောင်ရ သူပင် ကျောထဲစိမ့်ခနဲဖြစ်သွားရသည်။ သူ၏
www.burn ssic.com.
| 86.554622 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 50 |
________________
၁၀၄
www.burmeseclassic.com
- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၀၅
အကြောင်းကို စာရေးပြီး နောက်ထပ် ဘာစာမှမလာတော့ဘဲ တစ်နှစ်ကျော်ခန့် အဆက်အသွယ် ပြတ်သွားခဲ့ရလေသည်။
တစ်ရက်တွင် သူ့ထံသို့ စာတစ်စောင်ရောက်လာ သည်ဆိုသောကြောင့် သူ့စိတ်ထဲ အနည်းငယ် စနိုးစနောင့် ဖြစ်သွားမိသေးသည်။ သူထင်သည့်အတိုင်းပင် ကျော်စိုး ထံမှ စာဖြစ်နေသောကြောင့် သူစိတ်ပူသလို သိပ်ဆိုးဆိုး ရွားရွားကြီး မဖြစ်နိုင်သေးသည့်အတွက် အနည်းငယ် စိတ် သက်သာရာရသွားမိ၏။
ယခင်တစ်ခေါက်ကလို အိပ်မက်ဆိုးတွေပဲ ဖြစ်နေ မည်လားဟုတွေးရင်း စာကိုဖွင့်ဖတ်လိုက်ရသည်။ သို့သော် သူထင်သလို မဟုတ်သည်ကို တွေ့လိုက်
ရလေ၏။
စော်ပြီး
Sexyson, stofson sex di Ever
ဗယ်၊ တီ မင်းတို့မှာရေးတာ တမ်နဲ့ ရှဗ်လည်သို့ သ နှမ်းရိတ်ပဲ လိုတယ်။ ဟိုမ် ဗင်ကို denရေးပြီးကတည်းက
လုပ်တိက္ခနဲ့ရပ်ပြီး တရေးနိုး တာ၊ ၁၃ မာရင်းကိုင်လုပ်လုပ် GFတယ်ကွ။ ရွာကလပ်တွေလည်း ဘကြီးက ထိန်းထားတယ်လို့ d သတင်းနဲ့ ရွာလိုက်ဖြစ်ဘူး။ က စီရောပြီးဘူး
လည်း ၉လုံးစီးဆင်တယ်။ ရွာကို ဖို့ ဗ မားလွှာ။
ဘာနဲ့ တည်တဖြမ်းပြီလား ႕ သူ့ဒီ ဓာတမ်တင်) မရေးဖြစ်သေးဘူး။ သူ့ထက်အရင် က dချက်ကို ားလည် လိပ်လို့ ဝိတ်က လိုလိုသိနေတာကြောင့် ဗင်ကိုပဲ ဗာ ရေးဖြm d လုပ်၍တည် သုံးနိုင်, anong ရေးလို့ရရင် လိုတာလို ဒီ;om dofof ဗိန္ဒုသာ၆။ ဘာလဲလို့တော့ ရေရေရာရာ မနိုင်သေးဘူး 64လွှာ။ နိုင်တဲ့ တရင်ငံတာ ကြောင်ကို ရေးလိုဦး ဗယ်။ လူကိုယ်တိုင်လည်း ရောက်ချင်ရောက်လာယ်နဲ့
သူငယ်ချင်း -
www.burmesessic.com.
| 80.333069 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 51 |
________________
၁၀၆
www.burmeseclassic.com
ဒဿကျော်စွာ
30
မရေမရာ စကားတစ်ခွန်းနှင့် ပဟေဠိလုပ်ကာ ဆုံးသတ်သွားသော ကျော်စိုး၏ စာကိုဖတ်အပြီးတွင် သူ့စိတ် သည် အလွန်တစ်ရာမှ လွတ်လပ်ပေါ့ပါးသွားသလို ခံစား လိုက်ရလေတော့သည်။ ကျော်စိုးအတွက်လည်း စိတ်အေး သွားရတော့၏။
သူတို့သုံးယောက်တွင် ကျော်တိုးမှလွဲ၍ သူနှင့် ကျော်စိုးမှာ တစ်ကိုယ်ရည် တစ်ကာယသမားချင်းတူနေသော ကြောင့် တစ်ခါတစ်ရံ ကျော်စိုးလို စိတ်ပျော်ရာမှာ လိုက်နေ ချင်စိတ်ပင် ပေါ်၍လာတတ်လေသည်။ သို့သော် သူက ဇာတိမြို့ကို မစွန့်ခွာနိုင်ပြန်ရာ ကိုယ့်မြို့၌ပင် မြေတိုင်းဦးစီး ဌနတွင် အလုပ်လျှောက်ထားပြီဖြစ်သောကြောင့် ဘယ်မှ သွားလို့မဖြစ်သေးချေ။
ကျော်မိုးမှာ စိတ်ကူးတည့်ရာလျှောက်တွေးပြီး ပြုံး လိုက်မိလေသည်။ ထို့နောက် ကျော်စိုးအား သတိရကြောင်း အဆင်ပြေနေသည်ဟု ကြားရသောကြောင့် ဝမ်းသာမိကြောင်း၊ သူ့အလုပ်အကြောင်း စာပြန်ရေးကာ ကျော်စိုးပေးသော လိပ် စာအတိုင်း ပို့လိုက်လေတော့၏။
သူမြေတိုင်းဦးစီးဌာနတွင် စာရေးအဖြစ် အလုပ်ဝင်
ရပြီး တစ်လခန့်ကြာသောအချိန်၌ စာတစ်စောင်ရောက်လာ
၏။
“ကိုကျော်မိုးရေ ဒီမှာ ခင်ဗျားစာဗျို့၊ ပို့တာတော့ အိမ်လိပ်စာနဲ့ပဲ ကြုံလို့တစ်ခါတည်းပေးခဲ့တော့ မယ်''
စာပို့လုလင် မောင်ဝင်းကျော်မှာ သူနှင့်အတော်လေး ရင်းနှီးလေသည်။ ယခု ဌာနသို့လာသော စာများကို ပေးရင်း သူ့ထံသို့လာသောစာကိုပါ တစ်ခါတည်း ပေးခဲ့လေတော့ သည်။
www.burmeseclassic.com
| 85.799829 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 52 |
________________
www.burmeseclassic.com
- ဒဿကျော်စွာ
စာအိတ်ပေါ်မှ ညီညာသပ်ရပ်သော လက်ရေးကို မြင်လိုက်ကတည်းက ကျော်စိုးစာမှန်း သိလိုက်သောကြောင့် ဘာသတင်းများ အထူးအဆန်းကြားရဦးမလဲဟု သိချင်ဇော နှင့် ရေးလက်စစာရင်းများကိုပစ်ပြီး စာအိတ်ကို အလျင် စလိုပင် ဖွင့်လိုက်မိ၏။
စာကိုမဖတ်ခင် တစ်ရွက်လုံးခြုံငုံကြည့်ပြီး သူအ လွန်အံ့သြသွားမိသည်။ အဘယ့်ကြောင့်ဆိုသော် စာ၏ထိပ် ပိုင်း ကျော်မိုးဆိုသော နေရာမှလွဲ၍ အောက်ကစာမှာ မိတ္တူ ဆွဲထားသော စာလုံးမည်းများဖြစ်နေခြင်းကြောင့်ပင်။
“ဒီကောင် ဘာအထူးအဆန်းတွေ လုပ်ပြန်ပြီလဲ ဟု တွေးပြီး စာကိုဖတ်ကြည့်လိုက်သည်။
ပြီး
င်း) လုပ်ရဲပြီလား၊ d6, hလုပ်လည်း Gonဆင်နေပြီဆို တင်ပြီး ဗိယာလေးတမ်၃ ဦးတည် တည်ဆာတာလို့ ဖိတ်တယ်။
တက်တည်းGပြောပြရတယ်။ d oxid
လမိုက်ညခေါ်သံ
၁၀၉
ပိလေးက လမိုက်ရိုင်ရုံးက ရေးလေးတဗ်ာ၊ သူနဲ ့d ချသူတွေဖြစ်တာ အိဗာပြသေးဘူး။ ဒါ သူရာရာ
ကလည်း ထောင်ဖို့ သိပ်GPGာ ဘူးလို့ထင်တာ သူ့ရဲ့ က သက်ရွယ်ချင်း တူတူပဲ။ သူ့ ဦးလေးတာဆိုတာကလွဲလို့
ဆိုရ။ သူ့က ဒီက ဗဟုတ်ဘူး။ နာမည်က သင်းသင်းရတဲ့။ ဗိုလ်ချဉ် ကိုယဉ် 60mxဟုတ်ဘူး။ ဒါGu, Gofohတယ်ကွ။ လ်ရေးတွေ၊ လ်ရေးတွေ မိင် ဘူးထင်ထားတဲ့ ပွဲလည်း နဲ့ 0 ပဲ။..ာင်က ဆိုးတွေနေရာမှာ ခုကိုပဲ box ထိုးxnထိ ငါတို့ယော တာကိုတက် ဟု သိကြတာကွ။ ခုကို dnကြောင်တွေကို ပြီးပြောရdzGရသွားတာ။ · သူက ဘာသာရေးလည်း offကိုင်းပိုင်းတw dကို လာဂရလိုက်တယ်။ မင်းတို့နဲ့ Gတွေ့GEပြီ။ ငါတို့လက်ထပ်ဖို့ ဘဲလိုတော့ဘူး။ ဗင်းတို့p6uxh ကတာ လာပြဗ်ကင်လာရာ။ လုပ်တွnofg နာလည်ဘူး။ တက္က ကြိုပြောG။ ပဲကွာ။
www.burbesclassic.com
| 80.434783 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 53 |
________________
www.burmeseclassic.com
ဒဿကျော်စွာ
ကောင်စီဆွဲပြီး တယောက်ပြီး ပို့လိုက်တာ၊ ဗဂ်လာဆောင်ရး ကြောင်းကြားလိုက်တာ
မင်းတို့ရဲ့ သူငယ်ချင်း
ကျော်မိုး
ကျော်စိုး၏ စာကိုဖတ်ပြီး သူသဘောကျစွာ ရယ် လိုက်မိတော့သည်။ စာပို့လုလင် မောင်ဝင်းကျော်မှာ ရုတ်တ ရက်မပြန်သေးဘဲ ကိုငြိမ်းဝေတို့လူစုနှင့် စကားပြောနေရာမှ စာဖတ်ရင်းပြုံးစေ့စေ့ဖြစ်နေသာ ကျော်မိုးကို တစေ့တစောင်း အကဲခတ်နေလေ၏။
ထိုစဉ် ကျော်မိုးမှာ ရုတ်တရက် တဟားဟား ၁ ရယ်လိုက်သောကြောင့် အားလုံးတအံ့တသြ လှည့်ကြည့် လိုက်ကြလေတော့သည်။
∞
“ဟာ ကိုကျော်မိုး စာထဲမှာ ဘာတွေတွေ့လို့ ဒီလောက် ရယ်နေရတာလဲဗျ” မောင်ဝင်းကျော်မှာ အလွန်စပ်စပ်စုစု နိုင်သူဖြစ်ရာ
လမိုက်ညခေါ်သံ
၁၁၁
ကျော်မိုး စာကိုအလောတကြီး ဖွင့်နေကတည်းက စိတ်ဝင်စား နေခြင်းဖြစ်၏။
“ဘာမှ မဟုတ်ပါဘူးဗျာ၊ အထက်တန်းကျောင်း တုန်းက သူငယ်ချင်းတစ်ယောက်က အိမ်ထောင် ပြုတော့မယ့်အကြောင်း စားရေးလိုက်လို့ပါ” “ဒါများဗျာ၊ အူလှိုက်သည်းလှိုက် ထရယ်ရတယ် လို့၊ ဒါရယ်စရာမှ မဟုတ်တာ”
ကိုငြိမ်းဝေ၏လေသံက သူငယ်ချင်းအိမ်ထောင်ပြု သည်ကိုကြားပြီး မိမိမှာ ချစ်သူရည်းစားပင်မရှိသေးသည့် အတွက် စိတ်ဖောက်သွားပြီလားဟု လှောင်ပြောင်လိုရိပ်များ ပါနေလေသည်။
“မဟုတ်ဘူးဗျ၊ ဒီကောင်က ကျွန်တော်တို့အုပ်စု ထဲမှာ တော်တော်ထူးဆန်းတာ၊ ဒီလောက်မြန်မြန် ဆန်ဆန်ကြီး စိတ်ကူးလိမ့်မယ်လို့ မထင်လို့“ သူ့ရဲ့ ကပျာကယာ ဖြေရှင်းသံအဆုံးတွင် စာပို့လု လင် မောင်ဝင်းကျော်က
“ဒါဖြင့်... ကိုကျော်မိုးသူငယ်ချင်းက ဟို
www.buseclassic.com,
| 85.454545 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 54 |
________________
၁၁၂
www.burmeseclassic.com
—— ဒဿကျော်စွာ
လျာစိတ် ပေါက်နေလို့လားဗျာ”
ဟု နှုတ်သွက်လျှာသွက်ထမေးလိုက်ရာ ကိုကျော်မိုး မှာ ငိုရမလို၊ ရယ်ရမလို ဖြစ်သွားရလေတော့သည်။
“ဘယ်က မိန်းမလျာစိတ်ပေါက်ရမှာလဲဗျာ၊ ဒီ ကောင် ထူးဆန်းတယ်ဆိုတာ သူ့စိတ်ဗျ၊ သူ့စိတ်က ပုံမှန်မဟုတ်တာကို ပြောတာ””
ဟု စိတ်ပေါက်ပေါက်နှင့် အော်ပြောလိုက်သော ကျော်မိုးစကားအဆုံးတွင် မောင်ဝင်းကျော်က “ဪ စိတ်မနှံ့ရှာဘူးကိုး” ဟု အတွန့်တက်ပြန်လေသည်။
““ဟာဗျာ... ခင်ဗျားထင်ရာတွေလျှောက်ပြောနေ ဘယ်၊ သူ့စိတ်ဆိုတာ တစ်ခုခုကို စွဲလမ်းနေတာ ကိုပြောတာ၊ ဘယ်က စိတ်မမှန်ရမှာလဲ။ စိတ်မှန် လို့ ဘွဲ့ရပြီး အလုပ်တောင်ဝင်နေပြီ” `ဪ... ဒီလိုလား... သူက ဘာကိုစွဲလမ်း နေတာလဲ”
“သူစွဲလမ်းနေတာ.... အင်း ... ပြောရရင်တော့
လမိုက်ညခေါ်သံ
၁၁၃
အရှည်ကြီးပါပဲဗျာ၊ မသိချင်ပါနဲ့တော့”“ ကျော်မိုးမှာ စပ်စုပြီး လျှာရှည်လွန်းသော မောင်ဝင်း ကျော်ကို စကားမြန်မြန်ဖြတ်လိုသည်နှင့် မပြောဘဲ နေလိုက်ရာ စာရင်းလုပ်ရင်း နားစွင့်နေသော အပျိုးကြီးမညွန့်စိ၏ မျက် စောင်းကိုလည်းကောင်း၊ ကိုငြိမ်းဝေ၏ မကျေမနပ်အကြည့် ကိုလည်းကောင်း ခံလိုက်ရလေသည်။
www.burmeseclassic com.
| 81.205312 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 55 |
________________
www.burmeseclassic.com
BURMESE
CLASSIC
အချိန်က အမှတ်တမဲ့နေရင်းနှင့်ပင် ကုန်လွန်လာ ခဲ့သည်။ ကျော်မိုးပင် ရာထူးတစ်ဆင့်တိုးပြီး နယ်ပြောင်းရ၏။ ထိုမြို့သို့ရောက်ပြီး နှစ်လခန့်အကြာတွင် သူငှားနေသော အိမ်နှင့် ကပ်ရပ်ခြံသို့ မိန်းကလေးတစ်ယောက် ရောက်နေ သည်ကို အမှတ်မထင်တွေ့လိုက်ရ၏။
တစ်နေ့သော ရုံးပိတ်ရက် နေ့လည်ခင်းတွင် ခြံထဲရှိ အရိပ်ကောင်းလှသော ပိတောက်ပင်အောက်တွင် ပက်လက် ကုလားထိုင်တစ်လုံးချကာ စာဖတ်နေခိုက်တွင် အမြဲလို တံခါးပိတ်ထားလေ့ရှိသော အိမ်ဘက်ဆီသို့ ဘာရယ်မဟုတ် လှမ်းကြည့်ရင်း အိမ်ရှေ့ဝရံတာတွင် ရေစိုနေသော ဆံပင်ရှည်
.com
လမိုက်ညခေါ်သံ
၁၁၅
ကြီးကိုဖြန့်ကာ တဘက်စတစ်ခုနှင့် သုတ်နေသော အမျိုးသ မီးတစ်ယောက်ကို တွေ့လိုက်ရသောကြောင့် သူ ရုတ်တရက် အံ့သြသွားမိလေသည်။
သူရောက်ကတည်းက ထိုအိမ်တွင် လူအရိပ်အ ယောင်မတွေ့ရဘဲ ယနေ့မှ မိန်းကလေးတစ်ယောက်ကို ဘွား ခနဲတွေ့လိုက်ရသောကြောင့် နေ့ခင်းအချိန်ကြီးမှာပင် ကြောက် သလိုလို၊ လန့်သလိုလိုဖြစ်သွားမိသေးသည်။ သို့သော် မိန်းကးမှာ တစ်ခါကြည့်ပြီး မျက်စိမခွာနိုင်လောက်အောင် လှပသူဖြစ်နေရာ တအံ့တသြနှင့်ပင် ငေးနေမိတော့၏။
ထိုမိန်းကလေးသည် အနက်တွင် အပြာနုနှင့် အနီ ရောင်ပတ်လည်စင်းများပါသော ကချင်ထမီနှင့် သနပ်ခါး ရောင်အင်္ကျီလက်ပြတ် ရင်ဖုံးကလေးကို ချပ်ချပ်ရပ်ရပ် ဝတ် ဆင်ထားရာ သူမ၏ခန္ဓာကိုယ် ကျစ်ကျစ်လေးမှာ ထင် ထင်ရှားရှား ပေါ်လွင်လှပနေတော့သည်။ မီနှင့် အင်္ကျီ အဆင်ကြောင့် သူမ၏ အသားအရေမှာ နဂိုရှိရင်းစွဲထက် ပိုပြီး ဝင်းနှစ်နေသလိုထင်ရ၏။ ရေစို၍ကပ်နေသော ဆံပင် ရှည်ကြီးမှာ နောက်ကျောသို့ သေသေချာချာ ပြန်ချပြီး၊
www.bul. Classic.com.
•
| 85.745775 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 56 |
________________
၁၆
www.burmeseclassic.com
တင်ပါးအောက်အထိ ရောက်မည်ထင်သည်။
- ဒဿကျော်စွာ
သူမည်မျှ သတိလက်လွတ်ငေးနေမိသည်မသိ။ မိန်းကလေးသည် ဆံပင်ကို တစ်ဖက်သို့ သပ်တင်ရင်း သူ့ ဘက်ကို မျက်နှာအလှည့် သူကလည်းအဝေးနှင့် သွား၍ ကြုံလေရာ သူမမှာ အာမေဋိတ်သံတိုးတိုးလေးပြုရင်း နှုတ်ခမ်း လေးပွင့်ဟသွားခဲ့လေ၏။
"..."
မိန်းကလေးမှာ ရှက်ရွံ့သော အမူအရာလေးနှင့် တစ်ခဏမျှတွေကြည့်ပြီး အိမ်ထဲသို့ လှစ်ခနဲပြေးဝင် ပျောက် ကွယ်သွားလေတော့သည်။ ထိုအခါကျမှ ကျော်မိုးမှာ ဣန္ဒြေး သိက္ခာမဲ့သော ငေးနေ့မိသော မိမိအဖြစ်ကို မိမိဘာသာ ရှက်ရွံ့မိကာ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရင်း စာကိုအာရုံမရောက် နိုင်တော့သဖြင့် အိမ်ထဲသို့ ပြန်ဝင်ခဲ့လေတော့သည်။
OOR
BURMESE
CLASSIC
.com
တစ်ဖက်အိမ်မှ မိန်းကလေးသည် သူ့ကိုမြင်သွား သည့်နေ့မှစ၍ ဝရံတာသို့ အဝတ်လှန်းခြင်း၊ တစ်ခါတစ်ရံ တံမြက်စည်းလှဲခြင်းပြုသည်မှလွဲ၍ အကြောင်းမဲ့ထွက်မရပ် တော့ချေ။ တစ်ခါတစ်ရံ အိမ်ရှေ့ရေတိုင်ကီတွင် ရေထွက် ချိုးသည့်အခါ ထွက်လာတတ်သော်လည်း မသင့်တော်သော ကြောင့် မကြည့်ခဲ့ရချေ။
ကျော်မိုးမှာ နေ့စဉ် ရုံးတက်ရုံးဆင်းလုပ်ရင်းပင် အလုပ်တစ်ခုက ပိုလာသည်။ ယခင်က ချောင်ကျကျ ကွက်အတွင်းမှ ရုံးနှင့် အလှမ်းဝေးသော ထိုအိမ်ကရေ သဘောမကျချေ။ ကားလမ်းမမှ ရပ်ကွက်အ
www.burmesic.com
| 83.193277 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 57 |
________________
www.burmeseclassic.com
— ဒဿကျော်စွာ
အပော်ဝေးဝေး လျှောက်ရသောကြောင့် အပျင်းပြေ သီချင်း နားထောင်စရာ လက်ဖက်ရည်ဆိုင်ပင်မရှိ။
ထို့ကြောင့် ရုံးမှပြန်ရောက်တိုင်း စာအုပ်တစ်အုပ် နှင့်သာ သူ့မှာ အပျင်းဖြေရသည်။ ယခုတော့ တစ်ဖက်အိမ် တွင် သူဘယ်လိုမှ မျှော်လင်မထားခဲ့ဘူးသော လှပသိမ်မွေ့ သည့် မိန်းကလေးကို တွေ့လိုက်ရသောအခါ ချောင်ကျကျ ရပ်ကွက်ကလေးအတွင်းမှ ခပ်မှောင်မှောင် အိမ်ကလေးကို ပင် ပျော်စရာကောင်းသော နေရာတစ်ခုအဖြစ်တင်မြင်လာ မိတော့သည်။
ရုံးမှ ပြန်ရောက်သည်နှင့် အိမ်ထဲတွင် အငြိမ်ထိုင်မ နေဘဲ အိမ်ဘေးတံခါးကိုဖွင့်ကာ ဟိုဟိုဒီဒီ လျှောက်လုပ် ခြင်း၊ ခြံထဲဆင်းပြီး အမှိုက်သရိုက်များလှဲကျင်းခြင်း စသော တောက်တိုမယ်ရ အလုပ်များကို မလိုအပ်ဘဲ လျှောက်လုပ် မိလေတော့သည်။ စကားပြောဖော်မရှိလျှင် စာကိုသာ ငြိမ် ဖတ်တတ်သည့်အကျင့်ပျောက်ပြီး အားတိုင်း သီချင်း တစ်ပုဒ်ကိုသာ ခပ်တိုးတိုးညည်းနေမိ၏။
တစ်နေ့တွင် သူရုံးမှပြန်ရောက်ပြီး ခြံစည်းရိုးရှိ ချုံ
လမိုက်ညခေါ်သံ
BURMESE
၁၁၉
နွယ်များကိုရှင်းရန် စိတ်ကူးရလေသည်။ ကိုယ့်အကြံနှင့် ကိုယ်မို့ စိတ်လောကာ ရှပ်အင်္ကျီအဖြူကိုပင် မလဲနေနိုင်ဘဲ လက်မောင်း အထက်သို့လိပ်တင်ကာ ပုဆိုးကို ခပ်တို ဝတ်ပြီး ဆင်းလာခဲ့မိ၏။ တစ်ဖက်ခြံသို့ မသိမသာအကဲ ခတ်ကြည့်လိုက်တော့ ခြံစည်းရိုးနှင့် သိပ်မဝေးသောနေရာတွင် အဝတ်ရုတ်နေသော မိန်းကလေးကို တွေ့လိုက်ရလေသည်။ သူ့ရင်ထဲ တဒိတ်ဒိတ်ခုန်ရင်း ခြံစည်းရိုးနားသို့ တစ် လှမ်းချင်း တိုးကပ်သွားမိသည်။ သူ့ဘယ်ဘက်ရင်မှ တဒတ် ဒိတ်ခုန်နေသောရင်သည် ပို၍ကျယ်လောင်လာ၏။ သူက ယောင်ကတမ်း ငုံ့ကြည့်လိုက်မိတော့ ငွေရောင်ဘောလ် ပင်လေးကိုပင် မဖြုတ်မိသည်ကို သတိထားလိုက်မိတော့ သည်။
CLABSIC
သူခြံစည်းရိုးမှ ခြုံနွယ်စိမ်းစိမ်းတွေကို ခပ်ကြမ်းကြမ်း ဆွဲရှင်းနေစဉ် မိန်းကလေးသည် အသံလိုလိုကြားသောကြောင့် လားမပြောတတ်။ ဖျတ်ခနဲ လှည့်ကြည့်လာလေသည်။ ထို့နောက် တစ်ခဏမျှ အံ့သြထိတ်လန့်သလို သူ့ကိုတွေငေ ကြည့်နေပြီး အိမ်ပေါ်သို့ ကသုတ်ကရက်တက်သွ
www.burnclassic.com
| 87.417219 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 58 |
________________
၁၂၀
တော့၏။
www.burmeseclassic.com
ဒဿကျော်စွာ
ခဏကြာသောအခါ အိမ်ပေါ်မှ အသက်ငါးဆယ် ကျော်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး ကပျာကယာဆင်း လာပြီး
"ဟဲ့ ဟဲ့ ခဏနေပါဦး မောင်ရင်”
ဟု သူ့ကို ကပျာကယာလှမ်းတားလေတော့သည်။ သူနားမလည်သလို ခပ်ကြောင်ကြောင် ပြန်ကြည့်လိုက်မိ သည်။
သည်။
“ကျွန်တော့်ကို ပြောတာလားခင်ဗျာ” “ဟုတ်ပါတယ်ကွဲ့၊ ဟုတ်ပါတယ် ဒါနဲ့ မောင်ရင် က ဘာစိတ်ကူးနဲ့ ဒီအပင်တွေကို ဆွဲနှုတ်နေတာ
“ဗျာ''
ထိုအမျိုးသမီးကြီး၏ စကားကြောင့် အံ့သြသွားရ
“ဪ... ဒီအပင်တွေကို ဘာစိတ်ကူးနဲ့နှုတ်ပစ် တာလဲလို့မေးတာပါ”
သူစိတ်အလိုမကျစွာ ပြန်ကြည့်ပစ်လိုက်သည်။
လမိုက်ညခေါ်သံ
၁၂၁
ချက်ချင်းဆိုသလို ဆံပင်ရှည်ကြီးနှင့် မိန်းကလေးမျက်နှာကို ပြန်မြင်ယောင်ကာ စိတ်ကိုလျှော့ချပစ်လိုက်ရင်း
"ဒီလိုခြုံတွေ၊ နွယ်တွေပိတ်နေတော့ ခြင်အောင်း
တာပေါ့ဗျာ၊ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး မဟုတ်လား၊ တော်ကြာ သွေးလွန်တုပ်ကွေးဖြစ်” သူ့စကားမဆုံးခင် အဒေါ်ကြီးက လက်ကာပြရင်း “နေ--- နေပါဦးကွယ်... သွေးလွန်တုပ်ကွေးဖြစ် စရာ ဒီနားမှာ ကလေးသူငယ်လည်းမရှိပါဘူး၊ ပြီးတော့ ဒါ အဒေါ်စိုက်ထားတာကွဲ့” ဟုပြောလိုက်လေတော့သည်။
““ဗျာ”
“ဟုတ်တယ် . . .၊ အဒေါ်ရောဂါနဲ့တည့်လို့ ကင်း မုံပင်ကို လိုတဲ့အချိန်ရအောင် ခြံစည်းရိုးမှာ ကပ် ထားတာ၊ သူကဆေးဖက်လည်းဝင်တယ်၊ ဟင်း ချက်စားလို့လည်းရတယ်၊ ကြည့်ပါဦး၊ အသီး ကင်းကလေးတွေတောင်ထွက်နေပြီ၊ တော်သေး
ပေါ့၊ နှင်းယုအပြော "assic.com/
| 83.597002 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 59 |
________________
၁၂၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၂၃
ပြောင်မှာပဲ””
အဒေါ်ကြီးသည် သူ အကြောင်းမရှိအကြောင်းရှာ နှုတ်ပစ်ခဲ့မိသော သီကင်းလေး တန်းလန်းလေးတွေနှင့် ကင်း မုံပင်ကိုကြည့်ကာ အလွန်နှမြောတသနေပုံရလေသည်။ သူ ဘာပြန်ပြောရမှန်းမသိ။ အလွန်အားနာသွားရသည်။
“ဟို.... ဒီလိုပါအဒေါ် ကျွန်တော်က ဒါကို မြက်... မြက်ပင်အောက်မေ့လို့နှုတ်မိတာပါ” ကျွတ်.. ကျွတ် ဖြစ်မှဖြစ်ရလေ၊ မင်းနှယ် ကွယ်၊ ဒီအရွယ်ရောက်နေပြီ၊ ကင်းမုံပင်မှန်း မြက်ပင်မှန်းတောင် မသိတော့ဘူးလား" “ဟုတ်ကဲ့... ကျွန်တော် ကင်းမုံသီးဟင်းတော့ စားဖူးပါတယ်၊ အပင်ကိုတော့ တစ်ခါမှ မမြင်ဘူး လို့ပါ၊ နောက်မနှုတ်တော့ပါဘူး” သူရှက်ကိုးရှက်ကန်းနှင့် မသိမသာလှမ်းကြည့်လိုက်
တော့ ပြုံးတော့မယောင် မျက်နှာကလေးနှင့် သူ့အားတံခါးဝမှ ကြည့်နေသော မိန်းကလေး၏မျက်နှာကလေးကို တွေ့လိုက်ရ လေတော့သည်။
ခုနအဒေါ်ကြီးပြောသော သူမနာမည်။ ဘာပါလိမ့်။ ကင်းမုံ၊ ကင်းမုံ မဟုတ်သေးပါဘူး။ ကင်းပုံက သူ၏အငြိုး တကြီးနှင့် အနှုတ်ခံရသည့်အပင်။ မိန်းကလေးနာမည်
က။
“ဟေ့ ... နှင်းယုရေ”
““အံမယ်လေး”
အဒေါ်ကြီး၏ ခေါ်သံအဆုံးတွင် သူ့ရဲ့ အထိတ်တ လန့်အော်သံကြောင့် အဒေါ်ကြီးမှာ “ဟဲ့ သောက်ပလုပ်တုတ်
ဟု ယောင်အော်ရင်း ထခုန်လေတော့သည်။ “ဘာ... ဘာတွေ့လို့လဲ မောင်ရင်”
“ဘာမှ မတွေ့ပါဘူးခင်ဗျာ၊ ကျွန်တော့်လက်ပေါ် ပေါက်ဖတ်ကြီးကျလာလို့ပါ””
“အို.... မင်းနှယ်နော်... ယောက်ျားတန်မဲ့ ပေါက် ဖတ်ကို လန့်ရတယ်လို့” သူ့အဖြစ်ကိုကြည့်ပြီး နှင်းယုက
www.assic.com
လိုက်သည်ကို အမှတ်မထင်တွေ့လိုက်ရသောဂေ
သ
| 83.217324 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 60 |
________________
၁၂၄
www.burmeseclassic.com
လမိုက်ညခေါ်သံ
ང་
၁၂၅
ဒဿကျော်စွာ
ရင်ထဲတွင် ရှက်သလိုလို၊ ပျော်သလိုလိုဖြစ်လာလေသည်။
“ဒါနဲ့ မောင်ရင်” ““ခင်ဗျာ...””
ခုနက မောင်ရင်နှုတ်ထားတဲ့ ကင်းမုံပင်တွေကို ဒီဖက်ကိုပေးပါကွယ်၊ နှမြောစရာကောင်းတယ်၊ - ရွှေပုစွန်ခြောက်ထောင်းထည့်ပြီး ကြော်စားရမယ်၊ နှင်းယုရေ ကင်းပုံတွေလာသယ်လှည့်ကွယ်” အဒေါ်ကြီး၏ စကားအဆုံးတွင် နှင်းယုမှာ ဆန်ခါ လေးတစ်လုံးကိုင်ရင်း အိမ်ပေါ်မှဆင်းလာသည်။ သူကင်းပုံ ပင်တစ်ထွေးကြီးကို တစ်ဖက်ခြံသို့ လှမ်းပေးလိုက်သည်။
ထို့နောက် သနပ်ခါး ခပ်ပါးပါးလေးလိမ်းခြယ်ထား သော နှင်းယု၏ ́မျက်နှာဝိုင်းဝိုင်းကလေးကို တမေ့တမော လိုက်ငေးနေမိသည်ကို အဒေါ်ကြီး မည်သို့ သဘောပေါက် သွားသည်မသိ။
“ဪ.... မောင်ရင်လည်း စားချင်ရင် ယူထား လိုက်ဦးလေ””
“ဟုတ်ကဲ့ နောက်မှပဲစားတော့မယ်ခင်ဗျ”
"*...**
နှင်းယုမျက်နှာကလေး ရဲခနဲဖြစ်သွားသလို အဒေါ ကြီးကလည်း ကြောင်တောင်တောင်နှင့် “ဟင်” ဟု အာမေ ဋိတ်ပြုပြီး ကင်းပုံပင်အပုံကြီးကို စိုက်ကြည့်နေသည်။ ထို့နောက် သူ့ကို ပြန်လှည့်ကြည့်ကာ ဇဝေဇဝါ
ပုံစံနှင့်
... 630...
အခုမစားချင်သေးဘူးကိုး”
ဟုဆိုကာ အိမ်ပေါ်သို့တက်သွားလေတော့သည်။ မြေကြီးပေါ်တွင် ပုံချထားသော ကင်းမုံရွက်များကို ချွေနေ သော နှင်းယုကို သူခဏမျှ တွေကြည့်နေပြီး နောက်မှ သတိဝင်ကာ
“ဟို... ကျွန်တော်သွားတော့မယ်နော်”
ဟု နှုတ်ဆက်လိုက်ရာ နှင်းယုက အထိတ်တလန့် မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားလေသည်။ ဤသည်ကိုပင် ကျော်မိုးမှာ နှင်းယုခေါင်းညိတ်ပြသည်ဟု ဇွတ်ပင်သတ် မှတ်ပြီး အိမ်ပေါ်သို့ ပြန်တက်ခဲ့လေတော့၏။ D&
www.burmeseclassic.com.
| 82.550336 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 61 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
:
၁၂၇
တစ်နေ့ ရုံးပိတ်ရက်တွင် ကျော်မိုးမှာ ပျင်းပျင်းရှိ
သည်နှင့် တစ်ဖက်ခြံသို့ လည်တဆန့်ဆန့် မျှော်နေမိလေ သည်။ ကင်းပုံပင်ကိစ္စလည်း မရှိတော့သည့်အတွက် နှင်းယု တို့အိမ်နှင့် ဘာကိစ္စမှ ပတ်သက်စရာမရှိတော့ချေ။
ထို့ကြောင့်ခြံစည်းရိုးဘေး အုန်းပင်၌ ကပ်စိုက်ထား သော သစ်ခွပင်ကို မသိဟန်ဆောင်ကာ ဓားနှင့် ခုတ်ချ လိုက်ရမလားဟု မတော်တရော်နိုင်လှသော အတွေးကိုတွေး ကာ တစ်ယောက်တည်းပြုံးမိနေစဉ်
“အစ်ကို ဒီက အစ်ကို””
...
ဟူသော ခေါ်သံကို ကြားလိုက်ရသောကြောင့်
လှည့်ကြည့်လိုက်ရာ နှင်းယုဖြစ်နေသည်ကို တွေ့လိုက် လေသည်။ သူ တအံ့တသြနှင့် ငေးမောကြည့်နေမိစဉ် နှင်းယု တစ်စုံတစ်ခုကို လှမ်းပြောလိုက်သည်မို့ “ဟင်... ဘာ ဘာပြောလိုက်တာလဲဟင်””
က
ကပြုံးရင်း
ဟု အလန့်တကြား ပြန်မေးယူရလေသည်။ နှင်းယု
“ဒီက အစ်ကို့ကို ဆွမ်းကျွေးလာဖိတ်တာပါ" ဟု ဆိုမှ သူခေါင်းတစ်ချက်ညိတ်လိုက်မိတော့၏။ “ဟို.. ဘာအတွက်လဲဟင်၊ အိမ်တက်လား" ကျော်မိုးစကားအဆုံး နှင်းယုက မျက်နှာညှိုးညှိုးနှင့် ခေါင်းကို ဖြည်းညင်းစွာခါရင်း
”မဟုတ်ပါဘူး၊ မနက်ဖန် မမဆုံးတာ တစ်လ ပြည့်လို့ ဘုန်းကြီးဆွမ်းကပ်မလို့ပါ”” ဟုဖြေလိုက်လေသည်။
"ဪ..”
သူစိတ်မကောင်းဖြစ်သွားသည်။
“နှင်းယုက မိဘတွေ မရှိတော့ဘူးလား၊
www.burmeclassic.com/
| 82.315406 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 62 |
________________
၁၂၈
www.burmeseclassic.com
11 ဒဿကျော်စွာ
ကြီးကရော ဘာတော်သလဲဟင်”
''ဟုတ်ကဲ့၊ မရှိတော့ပါဘူး၊နှင်းယုတို့က ညီအစ်မ နှစ်ယောက်တည်းရှိတာ၊ ဒေါ်ဒေါ်က ဖေဖေ့နှမ ဝမ်းကွဲပါ၊ မမဆုံးပြီးတော့ နှင်းယုတစ်ယောက် တည်းဖြစ်နေတာနဲ့ အဖော်လာနေပေးတာ၊ ဒေါ်ဒေါ် က ပဲခူးက သီလရှင်ကျောင်းမှာ ယောဂီဝတ်မယ် ဆိုပြီး သွားနေတာ၊ ရုတ်တရက် မမဆုံးသွားတော့ သူလည်း မသွားဖြစ်တော့ဘူးလေ”
နှင်းယု၏စကားကြောင့် သူ စိတ်မကောင်းဖြစ် သွားမိလေသည်။ ဤမိန်းကလေးသည် အလွန်ဆုံးရှိလှမှ အသက်နှစ်ဆယ်၊ နှစ်ဆယ့်တစ်သာ ရှိဦးမည်ဖြစ်၏။
ယခုလို ငယ်ငယ်ရွယ်ရွယ်လေးနှင့် တစ်ကောင် ကြွက်တစ်မျက်နှာ ဖြစ်နေရခြင်းကို သူစိတ်မကောင်း ဖြစ် သွားမိသည်။ သူလည်း မိဘမရှိ၊ ဖခင်ရင်းတစ်ယောက် လို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့သော ဆရာဦးစိုးတင့်သာ မရှိလျှင် သူ့ဘဝသည်လည်း မတွေးရဲစရာပင်။
“အစ်ကိုလည်း တစ်ယောက်တည်းသမားပါပဲ
လမိုက်ညခေါ်သံ
၁၂၉
ကွယ်• “ရှင်... နှင်းယုက မျက်လုံးလေးဝိုင်းသားနှင့် သူ့ကို ပြန်
မော့ကြည့်သည်။
" ဪ... ကိုယ့်မှာ မိဘ၊ ညီအစ်ကို မောင်နှမ တွေတစ်ယောက်မှမရှိဘူးလို့ ပြောတာပါ” သည်တော့မှ သူမသဘောပေါက်သွားပုံရသည်။ "ဟုတ်လား.."
ဟု ခပ်တိုးတိုးဆိုရင်း ငေးကြည့်နေ၏။ သူသက် ပြင်း တစ်ချက်ခိုးရှိုက်လိုက်မိသည်။ နှင်းယု၏ မျက်ဝန်းလဲ့ လဲ့ကလေးတွေ၊ မျက်တောင်ကော့ကော့လေးတွေမှာ သူ့အာ ရုံတွင် ဖျောက်ဖျက်မရအောင် စွဲနေပြီတည်း။
ထိုမျှမက နှင်းယုသည် ချစ်မြတ်နိုးဖွယ်၊ ကရုဏာ သက်ဖွယ် ကောင်းမှန်းကိုလည်း သူနားလည်လိုက်မိသည်။ ချက်ချင်းကြီး ဖွင့်ပြောလိုက်ပြန်လျှင် အားနည်းသူအပေါ် အခွင့်ကောင်းယူရာကျဦးမည်။ ထို့ကြောင့် ချစ်နေရက်နှင့် ဟန်ဆာင်ထိန်းချုပ်ပြီး အချိန်ဆွဲရပေဦးတော့မည်။
www.burmeseclassic.com.
| 85.412262 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 63 |
________________
၁၃၀
www.burmeseclassic.com
မာယာ ဒဿကျော်စွာ
``နှင်းယု ပြန်တော့မယ် အစ်ကို၊ မနက်တရားနာ လာဖြစ်အောင်လာပါတဲ့၊ အဒေါ်ကြီးက မှာလိုက်
တယ်””
နှင်းယုက ပြောပြောဆိုဆိုလှည့်ပြန်မည် ဟန်ပြု သည်။ သူခေါင်းညိတ်ပြလိုက်သည်ကို မြင်မှမြင်သွား ရဲ့လားမသိ။ သူမက ခြံဝရောက်သွားချေပြီ။ သနပ်ခါးရနံ့က သူ့နားမှာ ရစ်ဝဲသင်းပျံ့ကျန်ခဲ့လေတော့၏။
ထိုနောက်ပိုင်းမှစ၍ နှင်းယုသည် သူ့အပေါ် မိတ် ဆွေတစ်ဦးထက်ပိုကာ အစ်ကိုရင်းတစ်ယောက်လို ချစ်ခင် အားကိုးလာသည်။ ဘာမဆို တိုင်တိုင်ပင်ပင်နှင့် ပွင့်ပွင့်လင်း လင်း ပြောရဲဆိုရဲရှိလာလေ၏။
သို့သော် သူမ ရင်းနှီးကျွမ်းဝင်လာပုံမှာ သူ့စိတ်ထဲ . ကဆန္ဒနှင့် တစ်ခြားစီဖြစ်သဖြင့် တစ်ယောက်တည်း ကြိတ် မှိတ်ခံစားရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။
www.buh, lassic.com.
နှင်းယု၏အဒေါ် ဒေါ်သောင်းတင်မှာ သူ့ကိုတူရင်း သဖွယ် ခင်မင်၍ ထိုအိမ်သို့ နေ့ညအချိန်မရွေး၊ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့်ရ၍သာ တော်တော့သည်။ သူ့မှ
| 83.170732 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 64 |
________________
၁၃၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ =
၁၃၃
တစ်ဒုက္ခ၊ မနက်မိုးလင်း၍မှ နှင်းယုမျက်နှာ မမြင်ရလျှင် ရုံးသွားရတာစိတ်မဖြောင့်၊ ညနေပြန်လာလို့မှ နှင်းယု အရိပ်အ ခြေမတွေ့ရလျှင် ညအိပ်၍မပျော် ဖြစ်လာသည်။
တစ်ညနေတွင် ပျင်းပျင်းရှိသည်နှင့် စာအုပ်တစ်အုပ် ကို စိတ်မပါဘဲ ဇွတ်မှိတ်၍ဖတ်နေခိုက် အိမ်ရှေ့ဆီမှ “အစ်ကို.. အစ်ကို လာပါဦး၊ ဒေါ်ဒေါ် ဘယ်လို ဖြစ်မှန်းမသိဘူး”
ဟုအော်ရင်း အိမ်ပေါ်သို့ အပြေးအလွှားတက်လာ
သော နှင်းယူကို တွေ့လိုက်ရာ သူလန့်ဖျတ်၍ သွားလေတော့
၏။
“ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲဟင်” `မေးမနေပါနဲ့တော့ အစ်ကို၊ လိုက်သာကြည့်ပါ၊ ဒေါ်ဒေါ်အန်တာ သုံးလေးခါရှိပြီ၊ နှင်းယုလည်း ဘာမှမလုပ်တတ်တော့ဘူး”
နှင်းယုစကားအဆုံးတွင် သူဘာမှ ထွေထွေထူးထူး ဆက်မေးမနေတော့ဘဲ သုတ်ခနဲထလိုက်လာမိသည် သူ ရောက်သွားသောအခါတွင် ဒေါ်သောင်းမှာ ခုတင်ခြေရင်းတွင်
တိုင်ကိုမှီရင်း အလွန်မောဟိုက်နေသောပုံစံနှင့် ထိုင်နေသည်ကို တွေ့လိုက်ရလေတော့သည်။.
“အဒေါ်ကြီး အဒေါ်ကြီး”
“ဟင်...” “
ဒေါ်သောင်းတင်မှာ လေသံယဲ့ယဲ့သာ ထူးနိုင်တော့
သည်။ အန်ရလွန်းလို့ ပင်ပန်းသွားတာပင်ဖြစ်သည်။ “ဒေါ်ဒေါ် ဘယ်လိုနေသေးလဲ”
“နှင်းယု ... **NE...637637** “ဆရာဝန်ပင့်လာသလား”
"အင်..”
ဒေါ်သောင်းတင်၏ စကားအဆုံးတွင် သူရော နှင်းယုပါ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။ အားကိုးတကြီးလာခေါ်သော နှင်းယုရှေ့တွင် သူရဲ ကောင်းဟန်နှင့် လိုက်ပါလာခဲ့မိသော ကျော်မိုးမှာ ပြန်ရမလို ဒေါ်သောင်းတင်၏ လက်ကောက်ဝတ်ကို
www.bunassic.com/
| 82.677165 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 65 |
________________
၁၃၄
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၃၅
ရမလိုဖြစ်နေမိ၏။
ဟို.. ဟို နှင်းယုလည်း ဘာလုပ်ရမှန်းမသိတာနဲ့၊ အစ်ကိုကျော်မိုးကို ခေါ်လာခဲ့တာ ဒေါ်ဒေါ်"
သည်။
"ဟင်း...'
ဒေါ်သောင်းတင်မှာ ဟင်းခနဲ သက်ပြင်းချသွား
“နှင်းယု အဒေါ်ကြီးစိုက်ထားတဲ့ကင်းပုံပင်ဟာ ဆေးဖက်ဝင်တယ်ဆို၊ အဲဒါ ထောင်းတိုက်လိုက် ရရင် မကောင်းဘူးလား”
“အို.... ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဘာအတွက် သုံးရမှန်း နှင်းယုမှ မသိတာ၊ တော်ကြာ ပိုဆိုးကုန် ပါ့မယ်”
ဒေါ်သောင်းတင်မှာ တဟင်းဟင်းညည်းညူနေလေ တော့သည်။ တအေ့အေ့ တငေါ့ငေါ့နှင့် လေတက်နေသည် မှာ အရက်မူးနေသလားလို့တောင် အောက်မေ့ရသည်။ “နေ နေ ဆရာဝန်ပဲ သွားခေါ်လိုက်တော့မယ်” ဟုပြောပြီး ုထွက်လာခဲ့သည်။ လမ်းထိပ်မှ ဆိုက်
ကားတစ်စီးဝင်ငှားပြီး ဒေါက်တာအောင်ဌေးဟန် ဆေးခန်းကို သွားရသည်။ ဆေးခန်းရောက်တော့ ဒေါက်တာက ခရီး ထွက်သွားသည်ဆိုသောကြောင့် နီးစပ်ရာဆေးခန်း တစ်ခု သို့ဝင်ကာ အကျိုးအကြောင်းပြောပြီး သောက်ဆေးစပ်ခိုင်းရ ပြန်သည်။
ဆေး
သူပြန်ရောက်လာသောအခါ ဒေါ်သောင်းတင်မှာ. မဟာဖြေဆေးသောက်ပြီး အိပ်နေပြီဖြစ်သောကြောင့် တိုက်ရမည့်အချိန်နှင့် ဆေးထုတ်များကို သေသေချာချာခွဲပြီး နှင်းယုလက်ထဲ ထည့်လိုက်လေသည်။
နှင်းယုက လက်ထဲတွင် ဆေးထုတ်များကို ကိုင်
ထားရင်း သူ့ကိုငေးကြည့်ကာ
ကျေးဇူးတင်ပါတယ် အစ်ကိုရယ်”
ဟု ခပ်တိုးတိုးဆိုသည်။ သူမသည် ရိုးရိုးသားသား ကျေးဇူးတင်ခြင်းဖြစ်ပါလိမ့်မည်။ သို့သော် သူ့စိတ်သည် မည်သို့ဖြစ်သည်မသိ။ နှင်းယုလက်ကို ဖျတ်ခနဲဆွဲရင်း အတန် ကြာအောင် ကိုင်ထားမိသည်။ နှင်းယုက မရုန်းဘဲ တအံ့တသြမော့ကြည့်၏။ သူ ခေါင်းငုံပြီး
WW, khe assic.com.
| 85.103245 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 66 |
________________
၁၃၆
www.burmeseclassic.com
ဒဿကျော်စွာ
ပြောမည်ဟု ကြံလိုက်စဉ် အိမ်ခန်းထဲမှ ဒေါ်သောင်းတင်၏ ညည်းသံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် နှင်းယူက လက်ကို ကမန်းကတန်းရုန်းပြီး အိမ်ထဲသို့ပြန်ပြေးဝင် သွားလေသလို သူလည်း ယောင်တောင်တောင်နှင့် အိမ်ဖက် သို့ ပြန်ခဲ့ရလေသည်။ ထိုညက သူ တော်တော်နှင့် အိပ်မပျော် ခဲ့ချေ။
နောက်တစ်နေ့နံနက်ရုံးမသွားခင် ဒေါ်သောင်းတင်
အား သတင်းသွားမေးမည်ဟု စိတ်ကူးပြီး လက်ဆွဲအိတ်ကို အိမ်ရှေ့၌ထားခဲ့ကာ နှင်းယုတို့အိမ်ဖက်သို့ ထွက်လာခဲ့သည်။ အိမ်ရှေ့တံခါးကို စေ့ရုံသာစေ့ထားသောကြောင့် အသာတွန်း ဖွင့်ပြီး ဝင်မည်ပြုခိုက် အထဲမှစကားသံများကြောင့် ကျော်မိုး မှာ ရှေ့မဆက်မိဘဲ တုန်ခနဲရပ်သွားရ၏။
“ဘာမဟုတ်ပါဘူးလဲ၊ ကျုပ်မျက်စိနဲ့တပ်အပ်တွေ့ တာပါ နှင်းယုရယ်”
“ဟာ ဒေါ်ဒေါ်ကလည်း မဟုတ်ပါဘူးဆို၊ အဲဒါ
လမိုက်ညခေါ်သံ
ဆေးထုတ်ပေးတာပါဆို”
၁၃၇
နှင်းယု အသံကြားတာနှင့် သူမမျက်နှာရှက်ပြီး နီရဲနေတာကို မြင်လိုက်ရသလို ခံစားလိုက်ရလေသည်။ “အံမယ်--- နှင်းယုရယ် ကျုပ်က ညည်းတို့အထဲဆို ကတည်းက ထိန်းလာတာပါအေ့၊ ဒါလောက် · တော့ အရိပ်အကဲခတ်မိပါတယ်၊ ညည်းမှာလည်း ဘာလေးကြုံကြုံ မောင်ကျော်မိုးချည်း ပြေးပြေး ခေါ်နေတာ သူတစ်ယောက်ပဲ ညည်းစိတ်ထဲ အားကိုးစရာမြင်နေတယ် မဟုတ်လား၊ ဒီလိုဖြင့် လည်း ကောင်းတာပါပဲအေ၊ ညည်းနေရာကျမှ ငါလည်း လွတ်လွတ်လပ်လပ် တရားစခန်း ဝင်နိုင် : မှာ၊ ဟိုကလည်း ညည်းကို..” “အို... အဒေါ်ကလည်း..”
“ဒေါ်ဒေါ်ကလည်း လုပ်မနေနဲ့၊ ကျုပ်ကတော့ သဘောမတူစရာ ဘာမှမရှိဘူး၊ ညည်းသဘောကျ ရင်သာ”
www.buseclassic.com.
“ဒုက္ခပါပဲ၊ ဒေါ်ဒေါ်က ဇွတ်အတင်းချ
| 84.690799 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 67 |
________________
၁၃၈
www.burmeseclassic.com
12 ဒဿကျော်စွာ
ကဖြင့် နှင်းယုကို ဘာမှတောင် မပြောရသေးဘူး” "အို... ပြောတဲ့အခါ ဘာမှမူမနေနဲ့၊ ဒါမှ ငါမြန် မြန် ယောဂီဝတ်လို့ရမှာ”
နှင်းယူစကားကြောင့် ကျော်မိုးမှာ ထခုန်မိမတတ် ဝမ်းသာသွားလေသည်။ သို့သော် မျက်နှာပူသည်ကတစ် ကြောင်း၊ နှင်းယုရှက်သွားမှာစိုးသောကြောင့် တစ်ကြောင်း၊ အိမ်ထဲမဝင်တော့ပဲ ကမန်းကတန်းလှည့်အထွက် အိမ်အ တက်အဆင်း ဖိနပ်ချွတ်နေရာ၌ ထောင်ထားသော အုန်းတံ မြက်စည်းကို ခလုတ်တိုက်မိကာ ခြေချော်ကျသောကြောင့် ဝုန်းခနဲ အသံမြည်သွားလေသည်။
သူချော်လဲနေရာမှ ကပျာကယာ .ကုန်းထခိုက် နှင်းယု၏ ဟယ်” ဟူသော အာမေဋိတ်သံလေးနှင့်အတူ ဒေါ်သောင်းတင်ကြီး၏ `ဟော” ဟူသော အလန့်တကြား ရေရွတ်သံကို ကြားလိုက်ရလေတော့သည်။
လာရာ
သူ နောက်သို့လှည့်မကြည့်တော့ဘဲ ခြံဝသို့ ထွက် ဒေါ်သောင်းတင်က
"ဟို... မောင်ကျော်မိုး သွားတော့မလားကွဲ့၊
လမိုက်ညခေါ်သံ
အိမ်ပေါ်မတက်..
၁၃၉
“နေ... နေတော့ အဒေါ်ကြီး ၊ ကျွန်တော် ယောဂီ ဝတ် အဲလေ.. ရုံးသွားရအုံးမယ်၊ ညနေမှ လာခဲ့ တော့မယ်”
သူ့စကားတွေက အထစ်ထစ် အငေါ့ငေါ့ဖြစ်ရုံမက တလွဲတွေ ဖြစ်နေသောကြောင့် ဒေါ်သောင်းတင်မှာ ရှက်ကိုး ရှက်ကန်းဖြစ်သွားပြီး
“အေးကွယ် မနေ့က တညင်းသီးနဲ့ ပုန်းရည်ကြီး ချက်ရယ်၊ မျှစ်ချဉ်နဲ့ ဝက်သားဟင်းရယ် စားလိုက် ရာက တက်တော့တာပဲ မောင်ကျော်မိုးရေ၊ သွား သွား ရုံးနောက်ကျလို့ မဖြစ်ဘူးမဟုတ်လား” ဟူသော အဆက်အစပ်မရှိသော စကားကို လှမ်း အော်ပြောလိုက်ရင်း ကျန်ခဲ့လေတော့သည်။
www.burmeseclassic.com
| 83.199357 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 68 |
________________
၁၄၀
www.burmeseclassic.com
အာ ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၄၁
ဒေါ်သောင်းတင်၏ အစားစုံမှုသာ မစလျှင် နှင်းယု နှင့်သူတစ်ယောက်ကိုတစ်ယောက် ရှိန်နေတာနှင့် နီးစပ် မှာ မဟုတ်တော့ချေ။
ယခုအခါ နှင်းယုနှင့်သူ ချစ်သူရည်းစားတွေ ဖြစ်ပြီး ၍ လက်ထပ်ဖို့ပင် စီစဉ်နေရချေပြီ။ ပြန်တွေးပြီး တညင်းသီး နှင့် မျှစ်ချဉ်ကိုလည်းကောင်း၊ ဒေါ်သောင်းတင်ကို လည်း ကောင်း၊ ကျေးဇူးတင်ရမလိုပင်ဖြစ်နေ၏။
မင်္ဂလာဆောင်အတွက် နှစ်ဖက်မိဘဆွေမျိုးအရေး သိပ်မပူပင်ရသော သူတို့နှစ်ဦးမှာ လက်ထက်ဖို့ သိပ်အခက် အခဲမရှိလှချေ။ အရာရာတွင် နှင်းယုသဘော၊ အစ်ကို့သဘော နှင့် အပြန်အလှန်နားလည်မှုရကာ နှစ်ဦးစိတ်ကြိုက် စီစဉ်ခွင့် ရခဲ့သည်။
နှင်းယုရောသူပါ မြို့ခံနယ်ခံမဟုတ်သည့်အတွက် မင်္ဂလာဆောင်ကို မိတ်ဆွေရင်းချာတစ်ချို့နှင့် အကျဉ်းရုံးလိုက် ရလေသည်။ နှင်းယုဘက်တွင် ဒေါ်သောင်းတင်နှင့် တစ်ခြား ဆွေမျိုးတစ်ချို့ရှိပြီး ကျော်မိုးဘက်တွင် ဆရာဦးစိုးတင့်နှင့် ရုံးမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများရှိသည်။ ထိုအထဲတွင်
မင်္ဂလာဆောင် အကျဉ်းရုံးသည်ဆိုသော်လည်း မမေ့မလျေ ဖိတ်ရမည့်သူနှစ်ဦးရှိသေးသည်။
မကြာခင် မင်္ဂလာဆောင်တော့မည်ဟူသော ကျော်စိုး နှင့် ဘာသတင်းမှမကြား၊ လူချင်းမတွေ့တာကြာပြီဖြစ်သော ကျော်တိုးတို့အားဖိတ်ရဦးမည်။
မင်္ဂလာဆောင်ရက်နီးလျှင် စာရေးအကြောင်းကြား လိုက်မည်ဟူသော ကျော်စိုးမှာ သူ့ဆီကစာရပါက အလွန် အံ့သြသွားပေလိမ့်မည်။ ထို့အတူ သတင်းကြားထားသော ကျော်စိုးက မဖိတ်ဘဲ သူ့ဆီက မင်္ဂလာဖိတ်စာရသောကြောင့် ကျော်တိုးမှာလည်း ဘယ့်နှယ့်ပါလိမ့်ဟု ထင်ပေတော့မည်။
တကယ့်တကယ် သူမင်္ဂလာဆောင်သောအခါ ကျော်တိုးသာရောက်လာပြီး ကျော်စိုးမှာ ရောက်ထောချေ။ “မင်းလာတာ ငါဝမ်းသာတယ်သူငယ်ချင်းရာ၊ ဒါပေမယ့် ... ဟိုကောင်ကျော်စိုး မလာတာတော့ စိတ်ထဲမကောင်းဘူး၊ သူ့သကင်းလည်း ဘာမှ မကြားရတော့ ငါစိတ်ပူတယ်ကွာ" ““အေး ငါလည်း အဲဒါတွေးနေတာ၊ သူအိမ်
www.busseclassic.com/
| 87.826641 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 69 |
________________
၁၄၂
www.burmeseclassic.com
— ဒဿကျော်စွာ
ပြုတော့မယ်ဆိုတဲ့အကြောင်း စာရေးပေးပြီးကတည်း က လုံးဝသတင်းမကြားရတော့တာ၊ ဒါ သူ့ဆီကို စာထည့်သေးတယ်။ ဘာမှ အကြောင်းမပြန်ဘူး၊ သူ့စာထဲမှာ မနက်ဖန်သဘက်ခါပဲ မင်္ဂလာဆောင် တော့မှာလိုလိုနဲ့ ဘယ်လိုဖြစ်တယ်မသိပါဘူး၊ ဒါနဲ့ မင်းသူ့ကို သေသေချာချာရော ဖိတ်ရဲ့လား” ကျော်တိုးစကားကြောင့် သူသက်ပြင်းရှိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။
“ငါ သူလုပ်နေတဲ့ စာရင်းစစ်ရုံးလိပ်စာအတိုင်း ဖိတ်လိုက်တာပဲ"
“တကယ်လို့ သူအဲဒီမှာမရှိဘူး၊ အလုပ်ထွက်သွား ပြီဆိုရင်ရော”
ကျော်တိုးပြောသည့်စကားမှာ ဖြစ်နိုင်ချေရှိသည်။
သို့သော် အလုပ်ထွက်ရုံနှင့် သတင်းက မျက်ခြေမပြတ် သင့်ချေ။
မည်သို့ပင်ဆိုစေ ကျော်တိုးနှင့် ကျော်မိုးဆုံဖြစ်ကြ တိုင်း ကျော်စိုးအကြောင်းကိုသာ ပဟေဠိသဖွယ် ပြောဆို
လမိုက်ညခေါ်သံ
ကြမြဲပင်။
၁၄၃
ကျော်တိုးမှာ သူမင်္ဂလာဆောင်ပြီး တစ်ပတ်အကြာမှ ပြန်သွားသည်။ ဇနီး နှင်းယုနှင့်လည်း ရင်းနှီးပြီး အတော်လေး ခင်ခင်မင်မင်ဖြစ်သွား၏။ သူတို့လက်ထပ်ပြီး တစ်လနီးပါး ကြာသောအခါ ကျော်မိုးမှာ ရာထူးတိုးပြီး သူ့ဇာတိမြို့သို့ ပြောင်းရွှေ့ခွင့်ရခဲ့သည်။ထိုအခါ ဒေါ်သောင်းတင်မှာ ဘယ်မှ မလိုက်လိုတော့။ ပဲခူးရှိ သီလရှင်ကျောင်းသို့သာ သွားပါ ရစေဟု ဆိုသဖြင့် ခွင့်ပြုလိုက်ရလေတော့၏။
DR
www.burmeseclassic.com
| 85.181818 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 70 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၁၄၅
ကျော်မိုးမှာ မိမိဇာတိမြို့သို့ ရာထူတိုးပြီး အရာရှိ ပေါက်စလေးအဖြစ်နှင့် ပြန်လာရသောကြောင့် ဝမ်းသာမဆုံး တော့။ ထို့ပြင် ချောမောလှပသော ဇနီးလေးပါ,ပါလာ သောကြောင့် ရုံးမှလုပ်ဖော်ကိုင်ဖက်ဟောင်းများမှာ အားကျ နေကြသည်။
တစ်ခုခက်နေသည်က နှင်းယုသည် သူ့မြို့တွင် လုံးဝမပျော်ချေ။ အမြဲလိုလို ရုံးမှခွင့်ယူပြီး သူ့မြို့သို့ပြန်ပို့ ဖို့သာ ပူဆာနေလေ့ရှိသည်။
ရောက်စကတော့ လွမ်းရှာမှာပဲလေ၊ နေသားမှ မကျသေးဘဲလေဆိုပြီး မကြာခဏ ပြန်ပို့ပေးခဲ့သည်။
နောက်တော့ အလုပ်မအားတာနှင့် လိုက်မပို့ဖြစ် တော့။ ရာထူးကြီးလာသည်နှင့်အမျှ တာဝန်ဝတ္တရား ပိုများ လာကြောင်း ရှင်းပြကာ ချော့မော့ထားရသည်။ နှင်းယုသည် သူ့ထက်သုံးနှစ်မျှငယ်သော်လည်း အထွေးဆုံးနှမကလေးလို ဆိုးချင်နွဲ့ချင်နေသည်။ လိမ္မာသည်၊ သူ့စကားနားထောင် သည်ဟု ဆိုနိုင်သော်လည်း တစ်ခါတစ်ရံ စိတ်ကောက်ချင် သည်။
ယခုလည်း သူရုံးမှ ပြန်လာသည်ကို ထွက်မကြို ဘဲ သိုးမွေးထိုင်ထိုးနေသည်။ ယခင်က ထမင်းအိုးငှဲ့ကာနီး ဖြစ်နေရင် ပျော့ချင်ပျော့ပါစေဆိုပြီး ယောက်ျားဖြစ်သူကို ထွက်ကြိုသောနှင်းယုမှာ အိမ်ရှေ့သို့ပင်ထွက်မလာ၊ သူလှမ်း ခေါ်သည်ကိုပင် အသံမပြုဘဲ ခပ်မဆိတ်နေသဖြင့် ကျော်မိုး စိတ်ထဲတွင် တစ်မျိုးဖြစ်သွားရ၏။
“နှင်းယုကို အစ်ကို ဝမ်းသာစရာပြောပြရဦးမယ် သိလား”
အင်္ကျီကို ချိတ်မှာ ကိုယ့်ဘာသာချိတ်ရင်း နှင်းယု ကိုချော့ဖို့ စကားစရသည်။ နှင်းယုက မျက်လုံးပင်
www.besseclassic.com
| 86.786297 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 71 |
________________
www.burmeseclassic.com
၁၄၆
- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၄၇
ကြည့်ချေ။
”နှင်းယု ဘာဖြစ်နေတာလဲ၊ ပြောစမ်း အစ်ကို့ကို စိတ်ကောက်နေတာလား ”
နှင်းယုကသက်ပြင်းချပြီး ထိုးလက်စသိုးမွေးချည်လုံး နှင့်အပ်ကိုချကာ အိမ်ခန်းထဲဝင်သွားသည်။ သူခဏမျက်မှောင် ကျုံ့ရင်း တွေးနေရာမှ ကမန်းကတန်းထပြီး အိမ်ခန်းထဲ ဝင်လိုက်ခဲ့၏။
နှင်းယုက ကုတင်ပေါ်တွင် သူ့ကို ကျောခိုင်းရင်း
ငူတူတူ ထိုင်နေသည်။ “နှင်းယု”
သူ့အသံက မမာသော်လည်း အနည်းငယ်ကျယ် သွားသည်။ နှင်းယုက သူ့ကို လှည့်မကြည့်သောကြောင့် သူ နှင်းယုအနားသို့တိုးသွားပြီး နောက်ကျောမှ ခါးကိုသိမ်း ဖက်ရင်း သူမ၏ပုခုံးတွင်မေးတင်ကာ
,,
“ပြောစမ်း အစ်ကို့မိန်းမက ဘာတွေစိတ်အလိုမကျ ဖြစ်နေတာလဲ၊ ဘယ်လောက်ခက်ခဲနေပါစေ၊ အစ်ကို ရအောင်လုပ်ပေးမယ်၊ ပြောဘာလိုချင်လို့
03"
နှင်းယုက ငြိမ်သက်တွေဝေနေရင်းမှ ““အိမ်ပြန်ချင်တယ်”
ဟု မဆိုင်းမတွ ပြန်ဖြေလေသည်။ သူခဏမျှ ကြောင်သွားပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်မိ၏။ “ဪ.... ငါ့မိန်းမက အသက်နှစ်ဆယ်ကျော်ပြီ ဆိုတော့ လူကြီးမှတ်နေတာ၊ အပြီးသတ်တော့ အိမ်လွမ်းတဲ့ ကလေးဖြစ်နေပါရောလား၊ ခင်ဗျားက အိမ်ထောင်သည်ဗျ၊ နားလည်ရဲ့လား၊ ယောက်ျား ရှိတယ်၊ ဘယ်အိမ်ကို ပြန်ချင်တာတုံး၊ အိမ်မှာ ဘယ်သူရှိလို့တုံး”
ကျော်မိုးမှာ နှင်းယုစကားကို မသိဟန်ဆောင်ကာ စလိုက်သည်။ တကယ်တော့ ဟိုမြို့လေးမှာကျန်ခဲ့သည့် သူမအိမ်လေးကို နှင်းယုပြန်ချင်နေမှန်း သူသိသည်။ အစ ကတည်းက အိမ်ကို ရောင်းခဲ့မိရင် အကောင်းသားဟု တွေး လိုက်မိ၏။
“ဘယ်သူရှိရှိမရှိရှိ ၊ အဲဒါ နှင်းယုငယ်ငယ်က တည်းက နေခဲ့တဲ့အိမ်၊ နှင်းယုလွမ်းတယ်၊ သတိရနေတယ်၊ အစ်ကို့ကိုမခွဲနိုင်လို့
www.bemeclassic.com
| 84.95252 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 72 |
________________
၁၄၈
www.burmeseclassic.com
— ဒဿကျော်စွာ
ပေမယ့် နည်းနည်းမှမပျော်ဘူး၊ ဟိုအိမ်ကလေး မှာ နှင်းယု တစ်သက်လုံးနေမယ်လို့ ဆုံးဖြတ်ထား
တာ”
ဟု ပြောရင်းနှင့် နှင်းယူငိုလေတော့၏။ “ဟောဗျာ... အဲဒါက ဘာဖြစ်ရတာလဲ နှင်းယုရဲ့ ခု အစ်ကိုက အဲဒီအကြောင်းပြောမလို့၊ အလုပ် ကိစ္စနဲ့ အဲဒီဘက်ကို နှစ်ပတ်လောက်ခရီးထွက် ရမယ်၊ အဲဒါ မအိမ်လွမ်းကို ခေါ်သွားရရင် ကောင်း မလားလို့”
သူ့စကားအဆုံး နှင်းယုက သူ့ဘက်သို့လှည့်ပြီး သူ့လက်မောင်းကိုထုသည်။
“ကြည့်ပါလား၊ အစ်ကိုမကောင်းဘူးနော်” “စောစောကတည်းကပြောမလို့ ခင်ဗျားက မျက် နှာကြီး စူပုတ်ပြီး အရင်ကောက်နှင့်နေတာကိုး” ကျော်မိုးစကားအဆုံး နှင်းယုမှာ ငိုမဲ့မဲ့ကလေးနှင့် အံကြိတ်ထားရာမှ ဟက်ဟက်ပက်ပက် ရယ်ချလိုက်လေ တော့သည်။
သင်္ဘောပေါ်တွင် နှင်းယုမှာ ကျော်မိုးကို စိတ် ကောက်နေပြန်သေးသည်။ အကြောင်းမှာ ကျော်မိုးသည် နှင်းယုတို့မြို့တွင် သင်္ဘောဆိုက်ပါက တစ်ခါတည်းဆင်း မနေရစ်ဘဲ လုပ်ငန်းကိစ္စရှိသည့်မြို့သို့ လမ်းသင့်သဖြင့် တစ်ခါ တည်းဆက်လိုက်မည်ဆိုသောကြောင့်ပင်။
“တစ်ခါတည်း အလုပ်ရှိတဲ့ဆီ အရင်သွားလိုက် တော့ အပြန်ဒီမှာ အေးအေးဆေးဆေး ဝင်နားလို့ ရတာပေါ့ကွာ၊ အခုဒီမှာ အစ်ကိုကဆင်းနေပြီး ပြန်ခါနီးမှ ဟိုကိုသွားရင် ကမန်းကတန်းဖြစ်နေ မှာပေါ့”
ww.burmesecassic.com,
| 84.43616 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 73 |
________________
၁၅၀
www.burmeseclassic.com
ဒဿကျော်စွာ
“ဘာမှကမန်းကတန်းဖြစ်စရာမလိုဘူး၊ ပြန်ခါနီးမှာ အစ်ကိုရောနှင်းယုပါ အတူတူသွားမယ်၊ အပြန် ဟိုကနေ တန်းပြန်လည်းပြီးတဲ့ကိစ္စကို...”
“က်လိုက်တာနှင်းယုရယ်၊ ကလေးလည်းမ ဟုတ်ဘဲနဲ့၊ အစ်ကိုပြောတာကို နားထောင်စမ်းပါ”” နှင်းယုမှာ သူ့ဘက်ကိုလှည့်မကြည့်ဘဲ တစ်ဖက်
သို့ မျက်နှာလွှဲနေသည်။
“သွားပါ သွားပါ၊ ဟိုကို လွတ်လွတ်လပ်လပ် တစ်ယောက်တည်းခွဲသွားချင်တယ်၊ အလုပ်ကိစ္စ၊ အလုပ်ကိစ္စနဲ့ ဟိုမှာ ဘယ်သူရှိနေမှန်းမှမသိဘဲ” “မဆိုင်လိုက်တာကွာ၊ အစ်ကိုက အဲဒီနယ်ကို မှစသွားရမှာ ဘယ်သူကရှိနေမှာလဲ၊ အရင် သွားဖူးနေကျဆိုရင် တစ်မျိုးပေါ့”
သူ့စကားအဆုံး နှင်းယုမှာ ဖျတ်ခနဲ လှည့်ကြည့်ပြီး မျက်စောင်းတိုးကာ
တွေ့လား၊ စာားထဲက ဇာတိပြလာပြီ၊ အရင်သွားဖူးနေကျနေရာမှာတော့ ရှိချင်ရှိမယ် ဆို
လမိုက်ညခေါ်သံ
၁၅၁
တဲ့သဘောပေါ့၊ ဟင်.. ဟုတ်လား၊ မိန်းမ လစ်တာနဲ့ ကိုယ့်ကိုယ်ကို လူပျိုထင်နေတာ၊ အခု လည်း နှင်းယူလိုက်ခဲ့ပါ့မယ်ဆိုတာကို အတင်း ခွာထုတ်နေတယ်၊ သိတယ်... သိတယ် မလိုက် တော့ဘူး၊ ရှင့်ဘာသာ တစ်ယောက်တည်းသွား၊ ပြန်မလာချင်လည်း အဲဒီမှာပဲ နောက်မိန်းမတစ် ယောက်ကို ယူပြီး၊ ဒေါ်ဒေါ့်နောက် လိုက် သွားပြီး သီလရှင်ဝတ်လိုက်မယ်”
ဟု စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်ရာ ကျော်မိုး မှာ သဘောကျပြီး တဟဲဟဲနှင့် ရယ်၍သာနေလေသည်။ “နှင်းယုကို မလိုက်စေချင်ဘူးဆိုတာ ပင်ပန်းမှာ စိုးလို့ သိရဲ့လား၊ အဲဒီလို နယ်တွေဘက်ဆင်းရင် ကြုံသလိုတည်းခိုရတာ၊အစ်ကိုက ယောက်ျားလေး၊ ဘာမှမဖြစ်ဘူး”
ကာယ
“နှင်းယုလည်း ဘာမှမဖြစ်ဘူးအစ်ကို၊ ကံရှင်ကတောင် အပင်ပန်းခံနိုင်တာ၊ ဘာကြောင့် မခေါ်ချင်ရတာလဲ”
www.burmeseclāssic.com.
| 85.025566 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 74 |
________________
၁၅၂
www.burmeseclassic.com
အား ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၅၃
မိသည်။
နှင်းယုစကားအဆုံးတွင် ကျော်မိုးသက်ပြင်းချလိုက်
“ကဲ ဒေါ်နှင်းနှင်းယု ဒီလောက်ကျုပ်ကို သင်္ကာမ ကင်းဖြစ်နေရင်လည်း လိုက်သာလိုက်ခဲ့ ပေတော့ ဗျာ၊ မဟုတ်တရုတ်တွေကို လျှောက်စွပ်စွဲမနေနဲ့
တော့
သူ့စကားအဆုံး နှင်းယုက သူ့ဘက်ကို ချာခနဲ လှည့်ကြည့်ပြီး တဖြည်းဖြည်းပြုံးလာလေသည်။ “တကယ်ပြောတာလား”
“ဪ..... လိုက်ခဲ့ပါဆိုမှပဲ”
“အဟင်း... မလိုက်တော့ဘူး၊ နှင်းယုက အစ်ကို စိတ်ကိုသိချင်လို့၊ မလိုက်ချင်ပါဘူး၊ အိမ်ကိုပဲ ရောက်ချင်လှပြီ”
“ဟောဗျာ.. တတ်လည်းတတ်နိုင်တဲ့ မိန်းမပဲ၊ မရဘူး၊ လိုက်ကိုလိုက်ခဲ့ရမယ်”
သူ့စကားကြောင့် နှင်းယုက သဘောကျစွာရယ် သည်။မကြာခင် သူမဆင်းရမည့် သင်္ဘောဆိပ်နားသို့ရောက်
လာသည်။ သင်္ဘောဥသြဆွဲသံက ကျယ်လောင်စွာထွက်ပေါ်
လာသည်။
“နှင်းယု ဆင်းတော့မယ် အစ်ကို“
နှင်းယုက ပစ္စည်းပစ္စယလေးတွေကိုစုရင်း ဆင်းဖို့
ဟန်ပြင်နေသည်။
“ဖြည်းဖြည်းမှဆင်းပါနှင်းယုရယ်၊ သင်္ဘောဖြင့် ကမ်းမကပ်သေးဘူး”
“အထုတ်တွေကျန်ခဲ့မှာစိုးလို့ အစ်ကိုရဲ့” “ကျန်တော့ရော အစ်ကို ရှိနေတာပဲဟာ” “အို.. အစ်ကို ခရီးဆောင်အိတ်နဲ့ စာရင်းစာအုပ် တွေထည့်တဲ့အိတ်သာ ယူထားပါ၊ တစ်ခြားပစ္စည်း ခြင်းတွေ နှင်းယုယူသွားမှဖြစ်မှာပေါ့။ ဒါနဲ့ မြန်မြန် ကိစ္စပြီးရင် ပြန်ခဲ့နော်အစ်ကို၊ နှင်းယုတစ်ယောက် တည်း အိမ်မှာ...."
““စိတ်ချပါကွာ၊ အစ်ကိုကလည်း မလွှဲသာလွန်း လို့သာ.. စိတ်မချပါဘူး””
www.burm lassic.com.
သူ့စကားအဆုံး နှင်းယုက သေ
| 82.629482 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 75 |
________________
၁၅၄
www.burmeseclassic.com
“ ဒဿကျော်စွာ
သည်။ သင်္ဘောဆိပ်ကမ်းကပ်သောအခါ နှင်းယုကို သူ အထုတ်အပိုးများဆွဲပြီး ဆိပ်ခံဘောတံတားနားအထိ လိုက်ပို့ ပေးလိုက်၏။ တံတားပေါ်မှ အထုတ်တွေ၊ ခြင်းတွေဆွဲရင်း ကမ်းပေါ်သို့ တရွေ့ရွေ့တက်သွားသော နှင်းယု၏နောက် ကျောကို သူ ရပ်ကြည့်နေမိသည်။ သင်္ဘောပေါ်မှ လူများ အတက်အဆင်း၊ ကုန်အတင်အချလုပ်နေသောကြောင့် ချက် ချင်းမထွက်ဖြစ်သေး။ ထို့ကြောင့် နှင်းယုကမ်းပေါ်တက်သွား သည်အထိ သေသေချာချာ လိုက်ကြည့်လို့ရသည်။
နှင်းယုမှာ သူ့ကို မြင်လား၊ မမြင်လားမပြောတတ်၊ သင်္ဘောဆီသို့ တစ်ချက်လှည့်ကြည့်ပြီး ဆက်လျှောက်သွား သည်။ တစ်နေရာအရောက်တွင် နှင်းယုသည် ရှေ့ဆက် မလျှောက်ဘဲ တုံ့ခနဲ ရပ်လိုက်၏။
သူမ၏ရှေ့တွင် လူတစ်ယောက်က လမ်းပိတ်ရပ် နေသည်။ နှင်းယုက ဘယ်ဘက်တိုးလျှင် ဘယ်ဘက်ရွှေ့ရပ် ၏။ ညာဖက်ပြန်တိုးလျှင် ညာဖက်လိုက်ရွှေ့ရပ်သည်။ လမ်းမ အလယ်တွင် ထုတ်ဆီးတိုးသလိုဖြစ်နေသော နှင်းယုနှင့် ထို လူကိုကြည့်ကာ သူမျက်မှောင်ကျုံ့လိုက်မိသည်။
လမိုက်ညခေါ်သံ
၁၅၅
ထိုလူမှာ အသားဖြူဖြူ အရပ်မြင့်မြင့်ဖြစ်ပြီး ရခိုင် ပုဆိုးအပြာကွက်နှင့် ရှပ်အင်္ကျီအဖြူကိုဝတ်ထားကာ ရည်မွန် သန့်ပြန့်သော အသွင်ရှိလေသည်။ သို့သော် အမျိုးသမီး တစ်ယောက်ကို လမ်း၌ပိတ်ကာ စေ့စေ့စူးစူးကြည့်နေပုံမှာ ရိုင်းပြလွန်းလှသည်။
ပေလား။
ထိုသူ မည်သူနည်း။ နှင်းယု၏ ရည်းစားဟောင်း
သူတောက်တစ်ချက်ခေါက်လိုက်မိသည်။ သင်္ဘော ကမ်းမှမခွာခင် အဝတ်အိတ်နှင့်စာရင်းဖိုင်များ ထည့်ထား သော လက်ဆွဲအိတ်ကိုယူကာ သင်္ဘောပေါ်မှ ခပ်သုတ်သုတ် ဆင်းခဲ့သည်။
နှင်းယုမှာ သူနှင့်ကျောခိုင်းအနေအထားဖြစ်သော ကြောင့် သူသင်္ဘောပေါ်မှဆင်းလာသည်ကိုမမြင်၊ သူမရှေ့မှ လူ၏မျက်နှာကို သူမြင်ရသည်။ နှင်းယုကို ဘာစကား တစ်ခွန်းမှမပြောဘဲ တွေတွေကြီးစိုက်ကြည့်နေသည်။ “ဟေ့လူ ဒါဘာလုပ်တာလဲ” သူ ပြောပြောဆိုဆို ထိုသူ၏ရင်ဘတ်ကို
www.burassic.com
| 87.929916 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 76 |
________________
၁၅၆
www.burmeseclassic.com
ဒဿကျော်စွာ
လိုက်သည်။ ရုတ်တရက် သူရောက်လာသောကြောင့် နှင်းယု မှာ ထိတ်လန့်အံ့သြသွားပုံရ၏။ “ ဟယ်...အစ်ကို”
ဟု လွှတ်ခနဲအော်လိုက်ပြီး သူ့လက်မောင်းကို ဆွဲထားသည်။ သူတွန်းလိုက်သောကြောင့် နောက်သို့ နှစ် လှမ်းသုံးလှမ်း ခန့်ယိုင်သွားသော ထိုလူကို ဒေါသတကြီးမျက် နှာချင်းဆိုင်လိုက်၏။
ထိုလူမှာ လူမမာတစ်ယောက်လို အားနည်း ဖြူ ဖျော့နေသည်။ နက်မှောင်နေသော မျက်ခုံးများအောက်မှ စူးရှ တောက်ပနေခဲ့ဟန်ရှိ သောမျက်လုံးများက ရီဝေဆွေးမြေ ရိပ်သန်းနေပြီး သူ့ကို ကြောင်တောင်တောင်ပုံစံနှင့် ခပ်တွေတွေ ပြန်ကြည့်လာ၏။
သူ့စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။
ဒီလူ မျက်လုံးတွေ။ တစ်မျိုးပါလား။ ဒီလို ရီဝေဝေ မျက်လုံးတွေ သူ ရင်းရင်းနှီးနှီးသိခဲ့ဖူးသည်။ “ခင်ဗျား...”
သူနှုတ်က ယောင်ပြီး အသံထွက်သွားမိ၏။ ထိုလူ
လမိုက်ညခေါ်သံ
၁၅၇
ကလည်း တစ်စုံတစ်ခု ပြောတော့မယောင် နှုတ်ခမ်းက ဆတ်ခနဲလှုပ်သွားသည်။
မေးစေ့မှာ ပါးချိုင့်ကလေးက ထင်းခနဲပေါ်လာ
သည်။ သူ့ရင်ထဲ ထိတ်ခနဲတုန်သွားသည်။ ဒါ... “ကျော်
ကျော်စိုး”
ကျော်မိုးစကားသံအဆုံး သူ့မျက်လုံးများ လက်ခနဲ
ဖြစ်သွားသည်။
“ကျော်မိုး ကျော်မိုးလားဟင်”
သူ့အသံက တဆိတ် အားနည်းဖျော့တော့လွန်းလှ သည်။ ယခင်က နူးညံ့ရဲစိုနေသော ကျော်စိုးနှုတ်ခမ်းတွေ က ဆေးလိပ်အလွန်အကျွံသောက်ထားသူလို ပြာနှမ်းသွေ့ ခြောက်နေသည်။ သူ့မျက်လုံးတွေက ပုံမှန်မဟုတ်သလို ကြောင်တောင်တောင်နိုင်လှ၏။ လမ်းပျောက်နေသော က လေးငယ်တစ်ယောက်၏ ကြောက်ရွံ့နာကျင်မှုမျိုး။ ကျော်မိုးရင်ထဲ ဆို့နင့်သွားရသည်။ စာလေးနှစ်စောင် သုံးစောင်မှလွဲ၍ ရှစ်နှစ်တိုင်တိုင်ကွဲကွာခဲ့ရသော အရင်းနှီးဆုံ သူငယ်ချင်း။
www.burme.classic.com
| 85.581062 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 77 |
________________
၁၅၈
www.burmeseclassic.com
ဒဿကျော်စွာ
“မင်း... ဘယ်က ဘယ်လို...” ကျော်မိုးအသံတွေက ထစ်ငေါ့ကာ အဖျားခတ် တုန်ယင်သွားသည်။ ကျော်စိုးက သူ့မျက်နှာကို ခပ်တွေတွေ စိုက်ကြည့်ပြီးမှ နှင်းယုံဆီအကြည့်ရွေ့သည်။
"ဒါ ငါ့အမျိုးသမီး၊ ငါတို့လက်ထပ်တာမကြာသေး ဘူး၊ မင်းရော လက်ထပ်ပြီးပြီလား“ ကျော်စိုးက ခေါင်းကို ခပ်ဖြည်းဖြည်းခါရင်း နှင်းယု ကို သေသေချာချာ ပြန်ကြည့်သည်။ ထို့နောက်သူ့နှုတ်မှ တိုးလျသော စကားတစ်ခွန်းထွက်လာသည်။
“သူ... သူက ငါ့ချစ်သူနဲ့တူလွန်းတယ်၊ ဒါပေ မယ့် သူ့လို ဘယ်ဘက်ပါးမှာ မှဲ့မပါဘူး” “အို...”
နှင်းယုထံမှ အာမေဋိတ်သံလေးက အလန့်တကြား ထွက်လာသည်။
“အခု မင်းတို့လက်မထပ်ဖြစ်ဘူးလား၊ သူ ဘယ် ရောက်သွားလို့လဲ””
“စုဆုံးတာ ခြောက်လမိုက်ညပီ"
လမိုက်ညခေါ်သံ
“ဖြစ်မှဖြစ်ရလေကွာ”
၁၅၉
သူ့ရဲ့ ကရုဏာသက်စွာ ရေရွတ်လိုက်တဲ့စကား အဆုံး နှင်းယုထံမှ အင့်ခနဲရှိုက်သံကို ကြားလိုက်ရသည်။ ပြီးမှ ဗလုံးဗထွေးလေသံနှင့်
“အစ်ကို သူပြောတဲ့ စုဆိုတာ နှင်းယုအစ်မ သင်း သင်းစုပဲဖြစ်မှာ”
ဟုပြောလိုက်ရာ ကျော်မိုးမှာ အလွန်အံ့သြသွားမိ တော့၏။ ကျော်စိုး၏မျက်နှာကို ဖျတ်ခနဲ လှမ်းကြည့် လိုက်မိသည်တွင် နီရဲနေသော မျက်လုံးများ၌ မျက်ရည် များပြည့်လျှံရစ်ဝိုင်းလာသည်ကို တွေ့လိုက်ရလေသည်။
“မင်းနဲ့ ကျော်တိုးဆီကို ငါစာရေးလိုက်တဲ့အချိန်က ငါ့ဘဝရဲ့အပျော်ဆုံးအချိန်တွေပါပဲ၊ ငါ့ဘဝမှာ
နောက်ထပ် ဘယ်တော့မှပြန်မရနိုင်တော့မယ့် အပျော်ဆုံးကာလတွေပဲပေါ့.. ဟုတ်ပါတယ်၊ ဘယ်တုန်းကမှ အဲဒီလိုမပျော်ခဲ့ဖူးဘူး၊
www.burassic.com
| 84.135754 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 78 |
________________
၁၆၀
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၆၁
ထပ်ဘယ်တော့မှ အဲဒီခံစားချက်မျိုးပြန်ရမှာ ဟုတ်တော့ပါဘူးကွာ”
ကျော်စိုးအသံက မျှော်လင့်ချက်အားလုံး ရိုက်ချိုး ဖျက်ဆီးခံရသူပမာ အင်အားမဲ့နေသည်။ ကျော်မိုးမှာ သူငယ် ချင်းဖြစ်သူအား မည်သို့ နှစ်သိမ့်ရမှန်းမသိသလို ငေးကြည့် နေမိ၏။ နှင်းယုမှာလည်း တစ်သိမ့်သိမ့်ရှိုက်ကာသာ ငိုနေ တော့သည်။
“ဘယ်လိုဖြစ်ရတာလဲကွာ”
““တိုက်ပဲတိုက်ဆိုင်လွန်းတယ် အစ်ကိုရယ်၊ မမစု လက်ထပ်ခါနီးဆဲဆဲမှာ ရုတ်တရက် ဆုံးသွား တယ်ဆိုတာပဲသိလိုက်ရတယ်၊ ဘယ်လိုဖြစ်မှန်း တောင် အသေးစိတ်မသိလိုက်ရဘူး၊ အဲဒီအချိန်တုန်း နှင်းယုက ဒေါ်ဒေါ်နဲ့ပဲခူးမှာ ရိပ်သာဝင်နေ ကံကောင်းတယ်ပဲပြောရမလား၊ ကံဆိုးတယ် ပဲပြောရမလားမသိဘူး၊ နှင်းယု တရားနဲ့ဖြေနိုင် ခဲ့တယ်၊ ခုလို မမစုနဲ့ လက်ထပ်မယ့် ခင်ပွန်း လောင်းတစ်ယောက်ကို ပြန်မတွေ့ခင် အထိပေါ့”
က
တာ၊
နှင်းယုရဲ့စကားအဆုံး ကျော်စိုးက သက်ပြင်းတစ် ချက်ရှိုက်လိုက်ပြီး နှုတ်ခမ်းကိုဖိကိုက်ထားသည်။ ရင်ထဲတွင် မချိမဆန့် ကြေကွဲဝမ်းနည်းနေရမှန်း သူ့မျက်လုံးတွေက သက် သေခံနေ၏။
“အဖြစ်က ဒီလို... အဲဒီနေ့က ငါ ရုံးကခွင့်ယူ ပြီးမနက်ပိုင်း သူနဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေ သွား ဝယ်ကြတယ်၊ ညနေရုံးဆင်းချိန်အထိ စာရင်းကိစ္စ တွေ မပြတ်သေးတာနဲ့ အိမ်ကိုပြန်မအိပ်မိဘူး၊ တကယ်လို့ အဲဒီညနေ စု ငါ့ဆီကို လာမယ်မှန်း သိရင် ငါအိမ်ကို ရောက်အောင်ပြန်မိမှာပဲ၊ အဲဒီ ညက မိုးတွေသည်းသည်းမည်းမည်း ရွာနေတယ်၊ လမိုက်ည... ဟုတ်တယ်... လမိုက်ည၊ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့လမိုက်ညပေါ့” ဟု နာကျည်းကြေကွဲစွာ ရေရွတ်လိုက်တဲ့ ကျော်စိုး စကားသံအဆုံးတွင် သူတို့နားထဲတွင် မိုးတွေ၊ လေတွေ သည်းနေမည့်ညတစ်ညကို မြင်ယောင်လာလေတော့၏။
www.burmeseclassic.com/
| 85.862786 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 79 |
________________
www.burmeseclassic.com
၁၆၂ ဒဿကျော်စွာ
မှန်၏။ ထိုညက မိုးတွေ သည်းသည်းမည်းမည်း ကြီး ရွာနေခဲ့သည်။ ညနေအိမ်ကထွက်လာတုန်းက မိုးရိပ်မိုး ခြေမရှိ၊ ကြည်ကြည်လင်လင်ပင်။ သူအိမ်ကိုရောက်သွား တော့ ညနေငါးနာရီပင်ခွဲနေပြီ။ သူက အခုထိပြန်မရောက် သေး။ မင်္ဂလာဆောင်ရက်နီးမှ သူ့သူငယ်ချင်းတွေကများ ဝိုင်းညှင်းနေကြသလား။ အလုပ်ကိစ္စမပြီးလို့လား စသည်ဖြင့် တွေးရင်း သူမကိုပေးထားသည့် သော့အပိုတစ်ချောင်းကို သုံးကာ အိမ်ထဲတွင် ထိုင်စောင့်နေခဲ့သည်။
မိုးက ခပ်စိတ်စိတ်ရွာရာမှ တဖြည်းဖြည်းသည်းလာ သည်။ တစ်ချက်တစ်ချက် လျှပ်စီးကလက်လိုက်သေး၏။ နာရီကိုကြည့်တော့ ခြောက်နာရီနှစ်ဆယ်။ သင်းသင်းစု အိမ်ထဲတွင် ပျင်းရိညည်းငွေ့စွာ စောင့် ဆိုင်းရင်း အိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ မိသည်။
“မဖြစ်သေးပါဘူး၊ ကြာလိုက်တာ၊ မောင်တို့ရုံးကို ဖုန်းဆက်ကြည့်ဦးမှ”
အိမ်အနီးတွင် ဖုန်းဆက်လို့ရသည့်နေရာမရှိ။ လမ်း
လမိုက်ညခေါ်သံ
၁၆၃
ထိပ်ခပ်ဝေးဝေးမှ စတိုးဆိုင်ကို ဖုန်းသွားဆက်မှရမည်။ ခြောက် နာရီခွဲ ပတ်ဝန်းကျင်ဆိုပေမယ့် မိုးရွာနေတာမို့ မှောင်မိုက် နေချေပြီ။ လမ်းမီးတိုင်ခပ်ကျဲကျဲအောက်တွင် သူမ ခပ်သုတ် သုတ်လျှောက်လာမိ၏။ လမ်းထိပ်ရောက်တော့ စတိုးဆိုင်က ပိတ်ထားတာမို့ လက်လျှော့ပြီးပြန်ခဲ့ရသည်။
တစ်ကိုယ်လုံးလည်း မိုးကရွှဲရွှဲစိုနေပြီဖြစ်သည်။ ထီးဆောင်းပေမယ့် အရပ်လေးမျက်နှာက ဝေ့ဝဲတိုက်ခတ် နေသော လေကြောင့်မလုံ။ အိမ်ပေါ်ရောက်တော့ ထမိရော အင်္ကျီပါ စိုနေပြီဖြစ်သည့်အတွက် သူ့အင်္ကျီဟောင်းတစ်ထည် နှင့် ပုဆိုးဟောင်းတစ်ထည်ကို ယူဝတ်လိုက်ရသည်။
ကိုယ့်ပုံကိုယ် မှန်ထဲတွင်ပြန်ကြည့်ပြီး ရယ်ချင်သွား မိ၏။ သူပြန်လာလျှင်လည်း သင်းသင်းစုပုံစံကို ကြည့်ကာ ရယ်ပေဦးမည်ဟုတွေးပြီး ရှက်ရွံ့စွာ ပြုံးလိုက်မိပြန်သည်။ ရုတ်တရက် လျှပ်စီးတစ်ချက် ဝင်းခနဲလက်သွားသည်။ သူမ လန့်သွားပြီး မှန်ကို မျက်နှာသုတ်ပုဝါနှင့် ကပျာယာ ကာထားလိုက်မိ၏။
www.beseclassic.com
တစ်ကိုယ်လုံး ကြက်သီးတွေဖြာပြီး ကတုန်
| 88.490099 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 80 |
________________
၁၆၄
www.burmeseclassic.com
—-—- ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁ ၆ ၅
ဖြစ်နေသည်။ မိုးခြိမ်းသံကို သိပ်ပြီးမကြောက်တတ်သော သင်းသင်းစုပင် စိတ်လှုပ်ရှားမိ၏။
စိတ်တည်ငြိမ်သွားအောင် ဘာပြန်လုပ်ရမလဲဟု စဉ်းစားရင်း သူမအကြည့်က မီးဖိုချောင်ထဲရောက်သွားသည်။ “ဟုတ်ပြီ၊ မောင်ပြန်လာရင် စားရအောင် ထမင်း ဟင်းချက်ထားမှ၊ ဘာရှိလည်းမသိဘူး” သူမတစ်ကိုယ်တည်း စိတ်ကူးရင်း မီးဖိုချောင်ဘက် သို့ ထွက်လာခဲ့သည်။ အိမ်ခန်းထဲရှိ ဗီရိုရှေ့မှအဖြတ် ယောက်ျားတစ်ယောက်ကို ဗြုန်းခနဲ တွေ့လိုက်ရ၏။
"အံမယ်လေး.....”
သင်းသင်းစုအော်သံက မိုးသံတွေကို ဖောက်မထွက် နိုင်ပေမယ့် အတော်ကလေးကျယ်လောင်သွားသည်။ အရိပ် လိုလိုတွေ့ရာဘက်သို့ လှမ်းကြည့်လိုက်သည်။
“ဪ...... ငါ့နှယ်”
ယောက်ျားလေးအပတ်တွေ ယူဝတ်ထားမိသော သူမပုံစံကို မှန်ထဲ၌ပြန်မြင်ပြီးလန့်သွားမိသောကြောင့် တစ် ယောက်တည်းရယ်လိုက်မိသည်။ မီးဖိုချောင်ထဲမှပန်းကန်
ကြောင်အိမ်လေးထဲတွင် မြေပဲဆံပုလင်း၊ ပုဇွန်ခြောက်ပုလင်း နှင့် ဘဲဥ သုံးလေးလုံးလောက်သာတွေ့ရသည်။
သူလည်းတစ်ယောက်တည်း ဒါတွေပဲစားနေတယ် ထင်ပါရဲ့။ ရှိတာပဲချက်ထားရတော့မှာပဲဟု တွေးကာ ဘဲဥ နှပ်ပြီး ပုဇွန်ခြောက်ထောင်း ကြော်ထားလိုက်ဖို့ပြင်ဆင် လိုက်သည်။
ညရှစ်နာရီကျော်နေပြီ။ ချက်ဖို့ပြုတ်ဖို့ပြင်ဆင် နေတာနှင့် နာရီကိုမကြည့်ဖြစ်တော့။ မေ့လျော့ထားလိုက်တော့ သည်။ မီးလာနေသောကြောင့်တော်သေး၏။ နို့မဟုတ်ရင် ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် သူ့ကိုစောင့်ရပေဦးမည်။ ဘဲဥပြုတ်မယ်ဆိုပြီး လှမ်းအယူ သုံးလုံးအနက် တစ်လုံးက ခွပ်ခနဲ ကျကွဲသွားသည်။
“ကျွတ် ဒုက္ခပါပဲ.. အကုန်ညှီကုန်ပြီ” စိတ်ပျက်လက်ပျက်ရေရွတ်ရင်း လက်ဆေးဖို့ နောက်ဖေးသို့ ထွက်ခဲ့သည်။ နှစ်လုံးသာကျန်ခဲ့သည့် ဘဲဥ ကို အိုးထဲထည့်လိုက်ပြီး ရေနည်းနည်းထပ်ထည့်လိုက်၏
လေတိုက်သောကြောင့် ic.com/
Www.b
| 87.014726 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 81 |
________________
၁၆၆
www.burmeseclassic.com
_11_1 ဒဿကျော်စွာ
ရှိသည့် အုန်းပင်က ခေါင်မိုးသွပ်ပြားကို ဗြန်းခနဲလာရိုက် သည်။ သူမ လန့်အော်မိတော့မလိုဖြစ်သွားသည်။ တစ်အိမ် လုံးတွင် တဆက်တည်းပါလားဟူသော အသိကစိတ်ကို အလိုလို ရောက်များသိမ်ငယ်နေစေသည်။
လျှပ်စစ်မီးဖိုပေါ် ဘဲဥပြုတ်မည့်အိုးကို တင်လိုက်တဲ့ သူမလက်မတွေက မသိမသာတုန်ယင်နေသည်။
“မောင်ရယ် မြန်မြန်ပြန်လာပါတော့” သင်းသင်းစု စိတ်ထဲက တီးတိုးရေရွတ်လိုက်မိ၏။
ရေစက်လက်စိုနေသော လက်ကိုမသုတ်မိ။ ကွိုင်မီး ဖုံကို ခလုတ်တင်ပြီးမှ မီးလင်းမလာတာကြောင့် မီးပလပ်ခုံကို လှမ်းကြည့်လိုက်မိသည်။ အစိုးရိမ်လွန်တတ်သော ကျော်စိုးက မီးပလပ်ခေါင်းကို ဖြုတ်ထားခဲ့၏။
သည်။
သူမ ကပျာကယာထပြီး ပလပ်ခေါင်းကို ထိုးလိုက်
ဖျန်း ကျွန်းက
**အား
မီးလင်း မီးပွားတွေဖြာတက်ပြီး သူမတစ်ကို
လမိုက်ညခေါ်သံ
၁၆၇
လုံး လွင့်စင်ထွက်သွားသည်။ ရေစိုနေသော ညာဘက် လက်က အကြောတွေအားလုံး ထုံကျင်ပြီး တဆတ်ဆတ်တုန် နေသည်။
“အား... ကျွတ် ကျွတ်”
လွင့်စင်ထွက်သွားသည့်အရှိန်ကြောင့် ခေါင်းက မာကျောသည့် အရာတစ်ခုနှင့် သွားဆောင့်မိလိုက်ခြင်း ဖြစ်မည်။ သူမ ခေါင်းကိုဆုပ်ကိုင်ရင်း မျက်လုံးကို ဖြည်းဖြည်း ချင်း ဖွင့်ကြည့်လိုက်သည်။ “ဟင်..”
လက်ထဲမှာ စိုကပ်စေးပျစ်နေသည့်အရာတွေ လက် ကို ဆတ်ခနဲ ယူကြည့်လိုက်တော့မှ သွေးတွေမှန်းသိရသည်။ “အား... မောင်... မောင်ရေ ကယ်ပါဦး” သင်းသင်းစုမှာ သွေးတွေကိုကြည့်ရင်း ကယောင် ကတမ်း အော်ဟစ်လိုက်မိသည်။ အပြင်တွင်မိုးကအငြိုးနဲ့ရွာနေ
၏။
အတင်းအားယူထပြီး ကုတင်ပေါ်သို့ရောက်အောင် တက်လာခဲ့သည်။ ခေါင်းထဲမူးနောက်ပြာဝေလာသည်
www.burmessic.com.
| 84.63833 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 82 |
________________
၁၆၈
www.burmeseclassic.com
ဒဿကျော်စွာ
စို့ သွေးနံ့နှင့် ရောထွေးနေသောညှော်နံ့ကြီးကို စူးစူးဝါးဝါး ရလိုက်၏။ မျက်လုံးဖွင့်အကြည့်တွင် မြင်လိုက်ရသည်က သူမ ထိုးခဲ့သောပလပ်ခုံမှ အူထွက်နေသော မီးခိုးလုံးကြီးကို တွေ့လိုက်ရသည်။
တဖျစ်ဖျစ်လောင်ကျွမ်းလာသော ဝါယာကြိုးအသံ က သေမင်းခေါ်သံလို နားထဲကို စူးရှကျယ်လောင်စွာ ဝင် ရောက်လာ၏။
“မောင်... ကယ်ပါဦး စုကိုကယ်ပါဦး” သူမခေါင်းမှသွေးတွေက အိပ်ရာခင်းဖြူဖြူပေါ်
နှစ်အိုင်စိုရွှဲသွားစေသည်။
အိပ်ရာတည့်တည့်မှ မီးချောင်းက ရုတ်တရက် လှုပ်ယိမ်းလာသလို နားထဲမှာ တံခါးခေါက်သံလိုလို လှေ ကားကို နင်းတက်လာသံလိုလို ကြားလိုက်ရ၏။ မရှေးမ နှောင်းမှာပင် ကင်းတဲမှ သံချောင်းခေါက်သံ ဆယ့်နှစ်ချက် ထွက်ပေါ်လာသည်။
စိတ်ကထင်နေတာလား၊ မောင်ပြန်လာတာလား၊ စိတ်ထဲ အားတက်သွားတာတော့အမှန်၊ အိပ်ရာပေါ်မှ
လမိုက်ညခေါ်သံ
၁ ၆၉
မူးနောက်ရီဝေစွာ ကုန်းထပြီး လက်က မိန်းခလုတ်ဆီသို့ လှမ်းလိုက်သည်။
သို့သော် သူမလက်က မိန်းခလုတ်အားဆွဲအချ ဝါယာကြိုးတစ်စက သူမတည့်တည့်သို့ ပျက်ကျလာသည်။ သူမရဲ့အော်သံက မိုးချုန်းသံနှင့်အပြိုင် ကျယ်လောင် မြည်ဟီးစွာ ထွက်ပေါ်လာသည်။ သို့သော် မည်သူမျှမကြား နိုင်။ အိမ်လေးအတွင်းမှာ ပဲ့တင်ထပ်သွားသည်။
“အား.
ကျော်စိုး၏အော်သံက စူးစူးဝါးဝါး။ သူ့ဘေးတွင် အိပ်ပျော်နေသော ရုံးမှ စာရေးမောင်ဟိန်းကျော်မှာ လန့်နိုး သွားလေတော့၏။
“ဟာ အစ်ကို၊ အစ်ကို ကျော်စိုး” ““အင်း... ဟင်”
ကျော်စိုးတစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များဖြင့် ရွဲနစ်နေသည်။ အိပ်ရာမှလူးလဲထပြီး ဘေးပတ်ဝန်းကျင်
www.burmelassic.com
| 85.659802 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 83 |
________________
www.burmeseclassic.com
၁၇ဝ အာ ဒဿကျော်စွာ
ကြည့်လိုက်သည်။ သူ့အိပ်ရာကုတင်ပေါ်တွင်မဟုတ်။ “အစ်ကို အိပ်မက်မက်ပြီး ယောင်နေတာထင် တယ်"
သူ့နဖူးပေါ်မှစီးကျလာသော ချွေးသီးချွေးပေါက် များကို လက်နှင့်သပ်ချရင်း နာရီကိုကြည့်လိုက်သည်။ ည ဆယ့်နှစ်နာရီတိတိ။ အပြင်မှာ မိုးကသည်းသည်းထန်ထန် ရွာနေပေမယ့် သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များရေ လောင်းထားသလို နှစ်နေသည်ကိုကြည့်ရင်း ဟိန်းကျော်မှာ တအံ့တသြ ဖြစ်နေပုံရသည်။
“ငါ... အိပ်မက်ထဲမှာ စူဓာတ်လိုက်ပြီး.. မဟုတ်ဘူး၊ စူအော်သံကို ငါကြားလိုက်ရတာ၊ အပြင်မှာလိုပဲ”
“ဟာ... မဟုတ်တာ အစ်ကိုရာ၊ အိပ်မက်ထဲက အော်သံက အပြင်မှာကြားရတယ်လို့၊ ကြံ့ကြံဖန်ဖန် ကျွန်တော်တော့ အစ်ကို့အော်သံပဲ ကြားလိုက် တယ် ••
သူ ခေါင်းကို ဖြည်းညင်းစွာခါယမ်းလိုက်မိသည်။
လမိုက်ညခေါ်သံ
၁၇၁
စုရဲ့ ကယ်ပါဦးဆိုတဲ့အသံက သူ့နားထဲမှာပီပီသသကြား လိုက်ရခြင်းဖြစ်၏။ အိပ်မက်လိုလိုတကယ်လိုလို စုက သူ့အိမ်ကိုရောက်နေသည်။
ရသည်။
"ငါ... အိမ်ပြန်မှဖြစ်မယ်”
သူ့စကားအဆုံးတွင် ဟိန်းကျော်က ခေါင်းရမ်းရင်း “ဟာ.. မပြန်ပါနဲ့ အစ်ကိုရာ၊ အချိန်မရှိတော့ ဘူး၊ သန်းခေါင်ကျော်နေပြီး မနက်စောစောမှ ပြန်ပါ
ဗျာ
ဟု အတင်းတားလေတော့သည်။ “မဟုတ်ဘူး.. ငါ့စိတ်တွေ အရမ်းလေးနေတယ်၊ ငါပြန်မှဖြစ်မယ်'
စိတ်ထဲတွင် တစ်ခုခုကို ကြိုသိနေသလို ခံစားနေ
“မပြန်ပါနဲ့ဗျာ၊ ကျွန်တော်တစ်ယောက်တည်း ဆက်မအိပ်ရဲလို့ပါ “
“အရေးထဲမှ မင်းကကြောက်နေသေးတယ်၊ ငါ
စုကို အရမ်းစိတ်ပူနေပြီ၊ ၁ eclassic.com/
| 84.138486 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 84 |
________________
၁၇၂
www.burmeseclassic.com
အာ ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၇၃
ငါထင်တယ်”
“အစ်ကို စိတ်စွဲလို့ပါ၊ မစု ဘာမှမဖြစ်နိုင်ပါဘူး၊ အစ်ကိုပဲ စိတ်အေးအေးထားရမှာ” ဟိန်းကျော်က ပြောပြီးပြီးချင်း ပြန်အိပ်သွားသည်။ “ဟာ ဟေ့ကောင် ထစမ်း၊ မင်းနေခဲ့လည်း နေခဲ့၊ ငါပြန်မယ်”
သူအတင်းထထွက်လာတော့ ဟိန်းကျော်လည်း မနေရဲတော့ချေ။ အိပ်ချင်မူးတူးနှင့် ထလိုက်လာတော့သည်။
ကျော်စိုးမှာ အိမ်သို့ပြန်ရောက်မှ အလာကောင်းပေ မယ့် အခါနှောင်းပြီမှန်း သိလိုက်ရတော့၏။
သင်းသင်းစုမှာ မမြင်ရက်မရှုရက်စရာ သေဆုံး နေချေပြီ။ သူမငသေအံ့ဆဲဆဲတွင် မိန်းခလုတ်ကို ဆွဲချသွား ခြင်းကြောင့် သူ့အိမ်အပါအဝင် တစ်ရပ်ကွက်လုံး အသက် အိုးအိမ် စည်းစိမ်ချမ်းသာရာရခဲ့သော်လည်း သူမ၏ အသက် ကိုတော့ မည်သူမျှ မကယ်တင်လိုက်နိုင်သည်ကို ရင်နင့်ဖွယ် တွေ့လိုက်ရလေသည်။
ကျော်စိုးစကားအဆုံးတွင် မိန်မသားဖြစ်သောနှင်းယု မဆိုထားနှင့်၊ ကျော်မိုးပင် ရင်ထဲ၌ဆို့နေပြီး မျက်ရည်ဝဲမိလေ
၏။
ချစ်သူနှင့်လက်ထပ်ခါနီးဆဲဆဲမှ အသေဆိုးနှင့် သေ ရသော အစ်မဖြစ်သူအတွက် နှင်းယုမှာ အတော်လေး ယူကြုံး မရဖြစ်နေဟန်ရှိသည်။
“ငါ စိတ်မကောင်းလိုက်တာ . သူငယ်ချင်းရာ၊ မင်းနေရာမှာငါသာဆို ရူးသွားမလားပဲ”
ဟုပြောပြီးမှ သူ့စကားမှားသွားမှန်း သိလိုက်ပေ မယ့် ပြုတ်ကျသွားတဲ့ပစ္စည်းကို ပြန်ကောက်သိမ်းလို့ရတော့ တာမျိုးမဟုတ်သောကြောင့် အားနာနာနှင့်ပင် နေလိုက်ရတော့ သည်။ ကျော်စိုးက နှင်းယုကိုကြည့်ပြီး သက်ပြင်းချလိုက်
၏။
“ငါလည်း ဘာထူးလဲကွာ၊ ရူးသွားမတတ်ပဲ၊ မဟုတ်သေးပါဘူး၊ ရူးသွားတာပါ၊ အလင်းရောင် ပျပျလေးတွေ့ခါမှ အမှော်ထဲကို သလိုမျိုးခံစားရတယ်၊ စုမရှိကတည်းက
W ( 8ssic.com/
| 86.588062 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 85 |
________________
www.burmeseclassic.com
၁၇၄ - ကျော်စွာ
ဖြစ်ချင်ရာဖြစ် ရေစုန်မျောလိုက်တာပဲ၊ ငါ့ဘဝက အရူးတစ်ယောက်နဲ့ ဘာများကွာသေးလဲ၊ နေချင်ရာ နေတယ်၊ သွားချင်ရာသွားတယ်၊ ငါ့မှာ ဆွေမျိုးညီ အစ်ကိုမောင်နှမဆိုတာမရှိဘူး၊ ရှင်းရှင်းပြောရရင် ငါ့မှာကျော်စိုးဆိုတဲ့ နာမည်တောင် ပျောက်ဆုံး ခဲ့တာကြာပြီ၊ မင်းနဲ့ ပြန်မတွေ့ခင်အထိပေါ့ကွာ၊ မင်းငါ့ကို ကျော်စိုးလို့ မခေါ်လိုက်ခင်အထိပေါ့၊ ငါ့နာမည်ငါ မေ့သလိုဖြစ်နေတာ” “ဒါဆို မင်းအလုပ်”
“ငါအလုပ်က ထွက်လိုက်ပြီသူငယ်ချင်း၊ ထွက် တာမှ ဘယ်သူ့မှမပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် ထွက်လာခဲ့တာ၊ စုသေတဲ့ ညက ရုံးမှာအိပ်ခဲ့တဲ့ နေ ့ဟာ နောက်ဆုံးနေ့ပဲ အလုပ်ကိုပါ ငါ စိတ်အ နာကြီးနာသွားခဲ့တာ၊ အဲဒီညက ရုံးမှာ စာရင်း ကိစ္စတွေမရှုပ်ခဲ့ရင် ငါ ညနေစောစော ပြန်ခဲ့ရင် စု ဘာမှဖြစ်စရာအကြောင်းမရှိဘူး”” သေတဲ့လူကတော့ တစ်ဘဝ ချုပ်ငြိမ်းသွားပြီမို့
လမိုက်ညခေါ်သံ
၁၇၅
နောက်တွယ်ရတဲ့ဘဝအသစ်မှာ မည်သို့နေရှာမည်မသိ။ ကျန်ခဲ့ သူမှာတော့ အပူသောကမီးတွေဝိုင်းပြီး အရူးတစ်ယောက် လို ကျန်ခဲ့ရသည်။
“ဘာပဲဖြစ်ဖြစ် ပြီးတာတွေပြီးပါစေတော့ကွာ၊ မင်း အသက်ငယ်ငယ်လေးရှိသေးတယ်၊ ဘဝမှာ ရှေ့ ဆက်ဖို့တွေ အများကြီးကျန်သေးတာပဲ၊ လူတိုင်း လူတိုင်း ပတ်ဝန်းကျင်ရယ် မိသားစုအသိုင်းအဝိုင်း ရှယ်ဆိုတာရှိလာရင် ကိုယ်ချစ်တဲ့သူနဲ့ ခွဲခွာဖူးကြ တာချည်းပါပဲ၊ ဘုရားဟောဇာတ်နိပါတ်တွေမှာ လည်း မင်းကြားဖူးမှာပေါ့၊ လူမသေဖူးတဲ့အိမ်၊ မိသားစုဆိုတာရှိလို့လား၊ ဘဝကို ဘာလို့လွယ် လွယ် အရှုံးပေးရမှာလဲ၊ မင်းတတ်ထားတဲ့ပညာ တွေ အစွမ်းအစတွေ၊ စီးပွားဥစ္စာတွေ ဒါတွေဘာ လုပ်ဖို့လဲ၊ ဘာအတွက် မင်းမိဘတွေ ရှာဖွေပေး ခဲ့လဲ'
လေ၏။
ကျော်မိုးစကားအဆုံး ကျော်စိုးက ခပ်ယဲ့ယဲ့ပြုံးလို
www.burmese Classic.com
| 86.507379 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 86 |
________________
၁၇၆
www.burmeseclassic.com
ဒဿကျော်စွာ
“ငါတရားမရှိလို့ပြောတာမဟုတ်ပါဘူးကွာ၊ ပညာ တွေ၊ ပစ္စည်းဥစ္စာတွေဆိုတာ အသုံးချတတ်တဲ့ သူအတွက်ပဲ အသုံးဝင်တာ၊ ငါကဘဝကို လွယ် လွယ်နဲ့ အရှုံးပေးတာလို့ မင်းထင်နေတယ်၊ တ ကယ်တော့ ငါ့ဘဝက လူရယ်မြည်ကာစမယ် ကြံကာရှိသေးတယ်။ ကံကြမ္မာက အနိုင်နဲ့ပိုင်းတာ ကို ခံလိုက်ရပြီးသား၊ ငါထပ်ပြီး အရှုံးပေးနေတော့ ရော ဘာမှထူးပြီး မဆုံးနိုင်တော့ပါဘူးကွာ၊ ပညာ တတ်တယ်၊ ပစ္စည်းရှိတယ်ဆိုတာက ငါ့အတွက် ဘာမှမဟုတ်ဘူး၊ စုလည်းပညာတတ်တယ်၊ ဒါပေ မယ့် ကံကြမ္မာကို သူအနိုင်ယူနိုင်ခဲ့လို့လား၊ သူ လည်းရှုံးသွားတာပဲ၊ အင်းလေ.. ကံကြမ္မာဆို တာက လောကရဲ့တရားသူကြီးပဲ သူစီရင်ချင်သလို စီရင်ခွင့်ရှိပါတယ်၊ ဟုတ်တယ်၊ သူက ငါတို့မ လွန်ဆန်နိုင်တဲ့ အရှင်သခင်ပါ”
ကျော်မိုးမှာ ခေါင်းကိုသာတွင်တွင်ခါယမ်းလိုက် မိသည်။ နှင်းယုက ဘာမှဆက်မပြောရန် မျက်ရိပ်ပြသည်။
လမိုက်ညခေါ်သံ
၁၇၇
တစ်ခြားအကြောင်းအရာတစ်ခုနှင့် သူ့ကို အာရုံပြောင်းသွား စေချင်ပုံရသည်။
““ဒါနဲ့ မင်းဒီကို ဘာလာလုပ်တာလဲ၊ ကျော်တိုး နဲ့ရော တွေ့ဖြစ်သေးလား”
"မတွေ့ပါဘူး၊ သူနဲ့ငါ အဆက်အသွယ်ပြတ်နေ ကာ ကြာပါပြီ။ မင်းနဲ့ သူ့ဆီစာပို့ခဲ့တာ နောက်ဆုံး
“မင်း ဒီမြို့မှာအသိရှိလို့လား”
ကျော်မိုးစကားအဆုံး နှင်းယုက ဖျတ်ခနဲလှည့်ကြည့် သည်။ တစ်စုံတစ်ခုကို ပြောချင်နေသလို သူမနှုတ်ခမ်းတွေ က တရွရွလှုပ်လာပေမယ့် ဘာသံမှမထွက်။ ကျော်စိုးက စီးကရက်တစ်လိပ်ကို မီးညှိရင်း ခပ်ဝေးဝေးသို့ မီးခိုးငွေ့များ လွင့်ဝဲသွားသည်ကို လိုက်ငေးနေသည်။ အတန်ကြာမှ
"ဒါ စု ငယ်ငယ်ကနေခဲ့တဲ့မြို့လေးတဲ့၊ သူ့အရိပ် အငွေ့တွေများ ခံစားရမလားဆိုပြီးလာခဲ့တာ” ဟုပြောရင်း နှင်းယုဘက်သို့ လှည့်ကြည့်၏။ “မင်းအမျိုးသမီးကို စတွေ့လိုက်တော့ ငါ့
www.burmesrassic.com
| 86.237898 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 87 |
________________
၁၇၈
www.burmeseclassic.com
—ာ ဒဿကျော်စွာ
တစ်မျိုးဖြစ်သွားတယ်၊ စုက ခရီးသွားရာကနေ ပြန်လာသလိုမျိုး၊ ငါ့စိတ်ကိုငါညာပစ်လိုက်တယ်၊ မဟုတ်မှန်းသိရက်နဲ့ က စုပဲလို့ ဇွတ်အတင်းယူဆ လိုက်မိတယ်၊ ဒါပေမယ့် မင်းအမျိုးသမီး အင်း. .. စု ရဲ့ညီမလေးအဖြစ်ပြန် တွေ့ရတော့ ငါဝမ်းနည်း ဝမ်းသာ ဖြစ်သွားတယ်၊ ရိုးရိုးသားသားစိတ်နဲ့ပါ” ``ငါနားလည်ပါတယ် သူငယ်ချင်းရယ်” `စုက သူ့မှာ ညီမလေးတစ်ယောက်ရှိတယ်ဆိုတာ ကိုပဲ ပြောပြထားဖူးတယ်၊ တစ်ခါမှမတွေ့ဖူးခဲ့ဘူး၊ ညီအစ်မဆိုပေမယ့် အမြွှာတွေလိုရုပ်ချင်းဆင်လိမ့် မယ်လို့လည်း မထင်မိခဲ့ဘူးလေ”
ကျော်မိုးနှင့် နှင်းယုမှာ သူ့စကားကို ငြိမ်သက်စွာ နားထောင်ရင်း စိတ်မကောင်းဖြစ်နေမိကြလေသည်။ “နှင်းယုလည်း ဒီကိုလာခဲ့တာ မမစုကို လွမ်းလို့ လာခဲ့တာ၊ တိုက်တိုက်ဆိုင်ဆိုင် မမစုချစ်သူနဲ့ လာဆုံရတယ်လို့၊ တိုက်ဆိုင်လိုက်တာနော်” နှင်းယုစကားကြောင့် ကျော်စိုးမှာ ငေးငိုင်နေရာမှ
လမိုက်ညခေါ်သံ
၁၇၉
တစ်ချက်လှည့်ကြည့်ပြီး ပြုံးလာလေသည်။ “ဘာပဲဖြစ်ဖြစ် စုရဲ့ညီမလေးဟာ ငါ့ညီမလေးပဲ 601"
ကျော်စိုး၏မျက်နှာတွင် ပီတိဖြစ်နေသော အပြုံးကို မြင်လိုက်ရသည့်အတွက် သူတို့လင်မယားနှစ်ယောက်လုံး ဝမ်းသာသွားကြလေသည်။ နှင်းယုမှာ ကျော်စိုးအားတွေ့ခါစ ကလောက် ရှိန်ခြင်း၊ကြောက်ခြင်းမရှိတော့ဘဲ အစ်ကိုရင်း တစ်ယောက်လို ကရုဏာသက်နေမိ၏။
www.burmeseclassic.com
| 85.142349 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 88 |
________________
www.burmeseclassic.com
လမိုက်ညခေါ်သံ
၁၈၁
တစ်ရက်တွင် ကျော်မိုးမှာ အလုပ်ကိစ္စနှင့်ထိုမြို့ အနီးမှ နယ်သို့ခရီးသွားရလေသည်။ ထိုအခါ အိမ်တွင် ကျော်စိုးနှင့် နှင်းယု နှစ်ယောက်သာကျန်ရစ်ခဲ့၏။
တစ်ယောက်နှင့်တစ်ယောက် ပြောစရာစကားမရှိ သလို ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်သက်တိတ်ဆိတ်နေမိကြ သည်။ စကားပြောပြန်လျှင်လည်း သင်းသင်းစုကိစ္စနှင့်ပတ် သက်ပြီး စိတ်မကောင်းစရာများသာ ဖြစ်နေသောကြောင့် တစ်ဦးနှင့်တစ်ဦး ဘာမှမပြောဘဲ ဆိတ်ဆိတ်နေကြခြင်းသာ အကောင်းဆုံးဖြစ်မည်ဟုတွေးကာ ကျော်စိုးမှာ ဝရန်တာတွင် ထိုင်ပြီး စီးကရက်တစ်လိပ်ပြီးတစ်လိပ် သောက်နေသည်။
နှင်းယုမှာလည်း အိမ်ထဲတွင် လုပ်စရာမည်မည်ရရ မရှိသည်နှင့် ခြံထဲရှိသစ်ပင်များကို ဟိုကြည့်သည်ကြည့် လုပ်နေရလေသည်။ ခြံစည်းရိုးဘေးတွင် ကင်းမုံသီးများပြွတ် ခဲနေအောင်သီးနေသည်ကို မြင်လျှင် ကျော်မိုးနှင့် စတွေ့စဉ်က အကြောင်းကိုသတိရကာ ပြုံးမိလေသည်။ ထိုစဉ် အိမ်ရှေ့ ဝရန်တာတွင် ကုလားထိုင်နှင့်ထိုင်နေသော ကျော်စိုးက ““ညီမလေးနဲ့ ဟိုကောင်က ဘယ်မှာစတွေ့ကြတာ လဲ”
ဟု လှမ်းမေးလိုက်ရာ နှင်းယုမှာ သူမစိတ်ထဲမှ အတွေးကို သူများမြင်နေရသလားဟု တွေးမိကာ ရှက်ရွံ့စွာ ပြုံးလိုက်မိတော့၏။
“ဘယ်မှာမှ မဟုတ်ဘူး၊ ဒီမှာပဲ ဟိုဖက်ကအိမ် လေးမှာ အစ်ကိုက ငှားနေတာလေ၊ နှင်းယုတို့ တူဝရီးနှစ်ယောက်က ဒီအိမ်မှာဆိုတော့....” “ဪ... ဒီကောင် ခက်ခက်ခဲခဲ ရှာလိုက်ရ သားပဲ”
ဟုဆိုကာ ကျော်စိုးမှာ ဟက်ဟက်ပက်ပက်
www.burm9classic.com
| 85.950413 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 89 |
________________
၁၈၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၈၃
သာနေလေသည်။ ကျော်စိုးမှာ မရယ်ရတာ ကြာခဲ့ပြီထင် သည် ဘာမဟုတ်တာလေးကို အူလှိုက်သည်းလှိုက် ရယ် မောပစ်ဖို့ ကြိုးစားနေပုံမျိုးပင်။
“ဒါနဲ့ အစ်ကိုနဲ့မမ”
အစ်ကိုနဲ့မမစုတို့ရော ဘယ်လိုစတွေ့ကြတာလဲ ဟု မေးမိမလိုပြုပြီးမှ မမေးဖြစ်တော့ဘဲ စကားကို တစ်ပိုင်းတစ်စ နှင့် ရပ်ထားလိုက်လေသည်။ သို့သော် သူမ၏အရိပ်အကဲ ကို ခန့်မှန်းမိသွားသော ကျော်စိုးမှာ ခဏမျှ ငြိမ်သက်တွေဝေ သွားပြီး အတိတ်ကို ကြည်နူးလွမ်းဆွတ်ကာ မြင်ယောင် တမ်းတမိသလို ပြုံးလိုက်မိ၏။
“အစ်ကိုလည်း စုနဲ့ ဒီလိုပဲ ရုံးသွားရုံးပြန်ရင်း တွေ့ကြတာပေါ့၊ အစ်ကိုက စာရင်းစစ်ရုံးမှာလေ၊ စုက လယ်စိုက်ရှင်းက မဟုတ်လား”
စကားဆိုလျှင် တိုးတိုးသက်သာဆိုပြီး သိမ်မွေ့ နူးညံ့သော အပြုံးရေးရေးကို နှုတ်ခမ်းမှာချိတ်ဆွဲထားသည့် ကျော်စိုးမျက်နှာကို ပြန်ကြည့်ပြီး ဖြူဝင်အေးချမ်းသော မမစု ကို သတိရလာသည်။ မမစုသာရှိလျှင် သူတို့နှစ်ယောက်
ဘယ်လောက်တောင်လိုက်ဖက်ကြမလဲဟု နှမြောတသစွာ
တွေးမိ၏။
မမစုသည်လှရုံမဟုတ်။ ယဉ်လည်းယဉ်သည်။ မမစုမျက်နှာသည် ခပ်တည်တည်နေလျှင်တောင် နှုတ်ခမ်း တွေက ပြုံးရိပ်သန်းနေတတ်သည်။ ပြီးတော့ နှင်းယုလို မဟုတ်၊ သူ့ကိုယ်သူ ပြင်ပြင်ဆင်ဆင်နေတတ်သောကြောင့် မမစုအလှက ပိုပြီးပေါ်လွင်ပြည့်စုံ၏။
“အဲဒီတုန်းက စုကပြောတယ်၊ သူ့မှာ ညီမလေး တစ်ယောက်ရှိသေးတယ်တဲ့၊ သူ့ထက်ပိုလှတယ်လို့ ပြောသေးတာ၊ အစ်ကိုက စုလောက်လှမယ် မထင် ဘူးလို့တောင် ရယ်စရာပြောလိုက်မိသေးတယ်”” “ဟုတ်လား၊ အခုကျတော့ရော” “စုပြောတာမှန်တာပေါ့၊ ငါ့ညီမကလှသားပဲ” နှင်းယူပြုံးလိုက်မိသည်။ ကျော်စိုး၏ စိတ်သဘော ထားပြည့်ဝပုံ၊ ရိုးသားပုံတို့ကိုမြင်ကာ ထိုသူနှင့်မှ ကံဆိုး စွာလွဲခဲ့ရသော မမစုအတွက် ယူကြုံးမရဖြစ်မိပြန်သည်၊ ကျော်စိုးမှာ ဟန်ဆောင်ခြင်းလား၊ စိတ်ကို
classic.com/
| 87.433511 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 90 |
________________
၁၈၄
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၈၅
လားမပြောတတ်၊ မမစုနှင့်ပတ်သက်သော အမှတ်တရ အကြောင်းအရာလေးများကို တစ်လုံးစနှစ်လုံးစပြောပြရှာ လေသည်။ သို့သော် သူပြောပြပုံမှာ တစ်ဆက်တည်းမဟုတ်၊ မျက်လုံးထဲ ပြန်မြင်ယောင်ပြီး ပေါ်လာသောကိစ္စလေး တစ်ကွက်ကို ပြောလိုက်၊ နောက်ထပ်ပြန်စဉ်းစားလိုက်နှင့် ဖြည်းဖြည်းချင်း ပြောပြချင်းဖြစ်လေသည်။
“နေပါဦး၊ ကျော်မိုးရော လစာဘယ်မလောက်ရတုံး၊ လောက်ရောလောက်ငှရဲ့လား”” ရုတ်တရက် စကားလမ်းကြောင်းပြောင်းပြီး စီးပွား ရေးကိစ္စ ထမေးလိုက်သောကြောင့် နှင်းယုမှာ ခဏမျှအံ့သြ
ကာ ငြိမ်သက်သွားမိသေး၏။
“အင်း... ဒီလိုပါပဲ၊ ပိုတယ်လျှံတယ်တော့မဟုတ် ဘူးပေါ့။ ဒါပေမယ့် လင်မယားနှစ်ယောက်တော့ ချောင်ချောင်လည်လည်သုံးရပါတယ်၊ အစ်ကို့
သူငယ်ချင်းက ရသမျှတော့အကုန်အပ်ပါတယ်၊ ဟိုတစ်လောက ရာထူးဟိုးတုန်းက လစာလုံးဝ မပေးလို့ နှင်းယုလည်း စိတ်ကောက်ပြီး သုံးရက်
လောက်စကားမပြောဘဲ နေပစ်လိုက်တယ်” “ကျော်မိုးက ဘာတွေသုံးပစ်လို့တုန်း” ““ရာထူးတိုးလို့ ရုံးကအပေါင်းအသင်းတွေကို လိုက်ပြီး ကျွေးရမွေးရတယ်တဲ့လေ”” “ဪ... ဒီလိုလား”
လေ၏။
ကျော်စိုးက သဘောကျစွာရယ်နေသည်။ ”ဒါနဲ့ အစ်ကိုရော အလုပ်တစ်ခုခုလုပ်ဖို့ စိတ် မကူးတော့ဘူးလား”
နှင်းယုစကားအဆုံး ကျော်စိုးက ပြုံးရင်း ခေါင်းခါ
“အလုပ်မလုပ်ဘဲ ဒီအတိုင်းနေမယ်ဆိုလည်း ဖြစ် ပါတယ်၊ လွန်ခဲ့တဲ့တစ်လလောက်တုန်းက ဘကြီး ဆုံးလို့ဆိုပြီး ရှိတဲ့လယ်တွေ၊ ခြံတွေအကုန်လွှဲပေးခဲ့ တယ်၊ အစ်ကိုအတွက်အမွေပေါ့၊ ဒါပေမယ့် အစ်ကိုမှ အဲဒါတွေစိတ်မပါတော့ဘဲကွာ” ကျော်စိုးစကားကြောင့် နှင်းယုမှာ အား
မရ ဖြစ်သွားဟန်နှင့်
www.burme.lassic.com
| 85.640648 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 91 |
________________
www.burmeseclassic.com
၁၈၆ဝဝ အား ဒဿကျော်စွာ
“အစ်ကိုကလည်း စိတ်မပါဘူးရယ်လို့၊ ကိုယ့် စီးပွားရေး ပြီးတော့ မိဘလက်ငုတ်လက်ရင်းပဲ နှင်းယုတို့များ အဲလိုအမွေပေးမယ့်လူရှိလို့ကတော့“ ဟု ကျော်စိုးအား စီးပွားရေး၌ စိတ်ဝင်စားလာစေ ပြောလိုက်လေ၏။ ကျော်စိုးမှာ ဘာမှပြန်မပြောဘဲ ခပ် တွေတွေ လုပ်နေရင်းမှ တစ်ခုခုကို စဉ်းစားသလို မျက်မှောင် ကျုံ့ပြီး ငေးနေလေတော့သည်။
နောက်တစ်နေ့တွင် ကျော်စိုးမှာ ကျော်မိုးနှင့် ညဉ့် အတော်နက်သည်အထိ စကားပြောနေကြလေသည်။ ကျော်စိုးသည် ကောင်းကင်ကို မော့ကြည့်ကာ “ဘာလိုလိုနဲ့ ဒီနေ့လဆန်းရှစ်ရက်တောင် ရောက် လာပြီနော်”
ဟု ခပ်တိုးတိုးပြောလိုက်၏။ ကျော်မိုးက နားမ
လည်သလိုကြည့်ပြီး
“ဘာဖြစ်လို့လဲ”
ဟု ပြန်မေးလိုက်သည်။
“စုသေတာ လမိုက်ညကွ ငါ့အဝတ်အစ
www.burmelassic.com
| 81.195335 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 92 |
________________
၁၈၈
www.burmeseclassic.com
ဒဿကျော်စွာ
ဝတ်ပြီး ငါ့အိပ်ရာပေါ်မှာသေတာ” ကျော်မိုးက မျက်မှောင်ကျုံ့ရင်း ကျော်စိုးကို လှမ်း ကြည့်လိုက်၏။
“မင်းဆိုလိုတာက”
“ငါ လမိုက်ညရောက်တိုင်း အိမ်မက်ဆိုးတွေ
မက်တာ မင်းသိတယ်မို့လား””
ဆယ်တန်းကျောင်းသားဘဝ ဆရာဦးစိုးတင့်အိမ် တွင် စာကျက်ရင်း အတူတူအိပ်ကြစဉ်က အိပ်မက်တွေမက် ပြီး ကယောင်ကတမ်း ထအော်သည်ကို အမှတ်ရလိုက်မိ တာကြောင့် သူ ခေါင်းညိတ်ပြလိုက်သည်။
"ငါ့စိတ်ထဲမှာ စုသေရတာ ငါ့ပယောဂမကင်းဘူး လို့ ခံစားရတယ်”
“ဟာ.. မင်းကလည်း မဟုတ်တာကွာ” ကျော်စိုးစိတ်ထဲတွင် ထိုအစွဲကြီးရှိနေပါလားဟု သိလိုက်ရသော ကျော်မိုးမှာ စိတ်မကောင်းဖြစ်သွားပြီး အ ကြောက်အကန် ငြင်းဆန်ကန့်ကွက်ပစ်လိုက်မိသည်။
“ဘာပဲဖြစ်ဖြစ် လူဆိုတာ မွေးကတည်းက သူ့ကံနဲ့
လမိုက်ညခေါ်သံ
၁၈၉
သူ ပါလာကြပြီးသားပါကွာ၊ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့မှ ပြောမရတာ၊ လူတစ်ယောက် ကတစ်ယောက်ကို ကိုယ်ထိလက်ရောက် သတ် လိုက်တယ်ဆိုရင်တောင် ပြုသူကအသစ်၊ ဖြစ်သူက အဟောင်းပဲ၊ သတ်တဲ့လူက သူအကြောင်းနဲ့သူ အသစ်၊ အသတ်ခံရတဲ့လူက ဟိုတုန်းကဝဋ်ကြွေးအ ဟောင်းကြောင့်ဖြစ်တာ၊ ဒီနေ့ဒီအချိန် ဒီလိုအ ကြောင်းနဲ့ သေရမယ်ဆိုရင် ရှောင်လွှဲလို့မှမရတာ၊ သူ့မှာဒီလိုဖြစ်ဖို့ အတိတ်ကအကြောင်း ပါလာပြီး သားပါကွာ၊ ဒါ တိုက်ဆိုင်မှုပါ" “တိုက်ဆိုင်မှု၊ တိုက်ဆိုင်မှုတဲ့လား ငါ့ဘဝမှာ အဲဒီ လိုဖြစ်ခဲ့တာတွေများပြီ၊ တိုက်ဆိုင်မှုလို့ မပြောချင် တော့ဘူး၊ အဲဒါကို ငါလက်မခံနိုင်တော့ဘူး၊ စုက ငါ့ကိုယ်စားဝင်ပြီး ဓားစာခံသွားတယ်လို့ ငါ ထင်တယ် “
www.burmeseclassic.com
“တော်ပါတော့ကွာ၊ မဒါတွေ အခုထိစွဲလ နေတုန်းပဲလား”
| 85.160328 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 93 |
________________
၁၉၀
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
သာပြုံးနေလေသည်။
၁၉၁
“ငါက တမင်စွဲလမ်းနေတာမဟုတ်ဘူး၊ အဲဒီ အစွဲကြီးကို မေ့ပစ်ချင်နေတာကြာပြီ၊ မေ့လို့မှ မရတာ၊ ဘာလိုလိုနဲ့ လမိုက်ညရောက်တော့မယ် အင်း.. ငါ့ဘဝရဲ့နောက်ဆုံးအချိန် နီးကပ်လာ ပြီပေါ့လေ”
"မင်း အဲလို လမိုက်ညတွေကို ထိုင်စောင့်နေ တာလား ကျော်စိုး အဓိပ္ပာယ်မရှိလိုက်တာကွာ၊ မင်း အလုပ်တစ်ခုခုဝင်လုပ်ပြီး စိတ်ကို နစ်မြုပ် ထားသင့်တယ်၊ ဖြစ်လာမှဖြစ်ပါစေကွာ၊ ဘာမှ ကြိုမတွေးနဲ့၊ အလကားအဓိပ္ပာယ်မရှိတာ” “ငါ အလုပ်တစ်ခုခုလုပ်ရင် တကယ်ပဲ အဲဒါ တွေ မေ့ပျောက်သွားနိုင်လား" “ဟာ... သေချာတာပေါ့၊ ဘာပဲပြောပြော စိတ် ထဲမှာ အလုပ်ရယ် တာဝန်ရယ်ဆိုတာရှိလာရင် အဲဒါကြီးကို ထိုင်တွေးနေဖို့ အချိန်မရတော့ဘူး ပေါ့ကွာ”
သူ့စကားအဆုံး ကျော်စိုးက ဘာမှမပြောဘဲ ပြုံးရုံ
“မင်းမရှိတဲ့နေ့ကတောင် နှင်းယုနဲ့ငါ မင်းအ ကြောင်းတွေပြောဖြစ်သေးတယ်””
“ဟုတ်လား ထွေထွေထူးထူး ငါ့အကြောင်း ဘာရှိ လို့လဲ”“
“မင်း ရာထူးတိုးတဲ့အကြောင်း၊ လစာအကြောင်း ပေါ့”
“ဪ... နှင်းယုက ငါ့ကို အပြစ်တင်နေသေး လား၊ အဲဒီလက ရုံးကမိတ်ဆွေတွေကို လိုက်ပြီး ကျွေးရတာနဲ့ ပိုက်ဆံပြန်မအပ်နိုင်ဘူးလေ၊ အဲဒါ မင်းကို တိုင်နေတာလား”
““မဟုတ်ပါဘူး သူစိတ်ကောက်မိတယ်ဆိုတာ ပြောပြတာ”
“ဪ.... နှင်းယုက တော်ပါတယ်၊ အသုံးအစွဲ သိပ်ကျစ်လျစ်တာ၊ အဲဒါကြောင့်မို့လဲ ငါရတဲ့လခနဲ့ လောက်ငှနေတာ၊ နို့မို့ဆို မလွယ်ပါဘူးကွာ” ကျော်စိုးသည် တစ်စုံတစ်ခုကိုတွေး၍
www.classic.com
| 83.40081 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 94 |
________________
၁၉၂
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၉၃
သို့ ငေးမောနေလေတော့၏။ ထို့နောက် လခြမ်းကွေးကွေး ကလေးကို မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည် ကို တွေ့လိုက်ရ၏။
“အစ်ကို.... အစ်ကို သူမရှိတော့ဘူး၊ အစ်ကို ကျော်စိုးမရှိတော့ဘူး”
နှင်းယုအသံကြောင့် ကျော်မိုးမှာ အိပ်ပျော်နေရာ မှ ရုတ်တရက် လန့်နိုးလာခဲ့လေကော့သည်။
“ကျော်စိုး ဘယ်သွားလို့လဲ၊ ဟိုနားဒီနားသွားတာ ဖြစ်မှာပါကွာ၊ စိတ်မပူပါနဲ့ ”
ကျော်စိုးမှာ သူနှင့် ညကအေးအေး ဆေးဆေး စကားထိုင်ပြောခဲ့စဉ်က ဘယ်မှသွားမည်လာမည်ဟု မပြော ခဲ့သောကြောင့် စိတ်ထဲခပ်အေးအေးပင်။
“မဟုတ်ဘူး အစ်ကိုရဲ့၊ သူအပြီးထွက်သွားတာ ဟောဒီမှာ သူထားခဲ့တဲ့စာ”
"ဟင်... ဟုတ်လား ပြစမ်းပါဦး”
ကျော်မိုးသည် နှင်းယုလက်ထဲမှ စာရွက်ခေါက် ကလေးကို တအံ့တဩ ဆွဲယူဖတ်ကြည့်လိုက်လေသည်။
ကျောင်း
ငါထွက်သွားပြီ၊ဗင်းတို့နဲ့ပဲ ရတဲ ့ကဗ်ာကို ငါ တစ်သတ်လုံး မှတ်၊ d0 မှာ င်းတို့တလွဲရင် တားခင်တွယ်ခံရာ mရှိသလို ဘယ်သူလည်းရှိm ပါဘူး၊ dဘဝကို တတ်နိုင်ဆုံး တည်တည်ငြိနဲ့ ခွေးခြေဖ၆ကင် ကြိုးစားရဦးဗယ်
နှင်းယုကိုလည်း ပိုပြီးတာပဲးပါး သူ့ကို d ဗရင်းလေးလိုပဲ GTG ဗိတယ်၊ ငါပြောချင်တာက, င်း ချက်တာထက် ပိုပြီးစိုတ်ပေးပါ။
င်းကို
ဦးxii. ဘာလဲဆိုတော, d ၃ လုပ်တင် ၃(ပြန်လုပ်Gm ဗယ်လို့ ဆုံးဖြတ်လိုက်တယ်၊
(ပြီးတော, နှင်းတို့တွက် လက်ဆောင်တစ်ခုးခဲ ့တယ် ဒါကိုတော ငြင်းဆိုနီဟွာ၊ နှုတ် ဆက်ဘဲ ထွက်သွားတာတို လည်း ခွင့်လွှတ်ပါ၊ Aင်းတို့ မိတ်ကောင်း မိုးလို့ နှုတ်ဆတ်
တာf
www.burmeseclassic.com/
| 81.733021 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 95 |
________________
၁၉၄
www.burmeseclassic.com
ဒဿကျော်စွာ
ဟု လိုရင်းသာရေးထားခဲ့ပြီး အောက်တွင် ကျော်စိုး ဟူသော လက်မှတ်ကိုသော်မျှ ရေးထိုးမသွားခြင်းမှာ ကျော်စိုး ၏ စိမ်းကားပြတ်တောက်မှုပေလား၊ အလေးမထားခြင်းပေ လား ခွဲခြားမရခဲ့ချေ။
သေချာတာကတော့ ကျော်စိုးကို သူတို့တားဆီးခွင့် ပင် မရလိုက်ခြင်းဖြစ်သည်။ ထို့ပြင် သူသွားမည့်နေရာဒေသ ကိုလည်းပြောမသွားခဲ့ဘဲ အလုပ်တစ်ခုပြန်လုပ်တော့မယ် ဟူသော စကားတစ်ခွန်းနှင့်သာ သူတို့၏ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသက်သာသွားစေခဲ့သော ကျော်စိုးအား သူရော နှင်းယုပါ နားမလည်နိုင်ကြတော့ချေ။
ထိုနေ့ညနေတွင် သူတို့လင်မယားနှစ်ယောက်မှာ ခွင့်ရက်စေ့နေပြီဖြစ်သဖြင့် မြို့ သို့ပြန်ရန် ပြင်ဆင်နေခိုက် ခြံထဲသို့ အသက်လေးဆယ်ကျော်ခန့်သာ ရှိဦးမည့်လူကြီး တစ်ဦး လက်ဆွဲအိတ်အနက်လေးဆွဲရင်း ခြံထဲသို့ ဝင်လာ သည်ကိုတွေ့လိုက်ရ၏။
“ဒါ မောင်ကျော်မိုးတို့ မနှင်းနှင်းယုတို့အိမ် ဟုတ် ပါတယ်နော်”
“ဪ ဟုတ်ပါတယ်ခင်ဗျာ၊ ဒါပေမယ့် ကျွန် တော်တို့က မနက်ဖန်ပဲ ကျွန်တော်တို့မြို့ကို ပြန်ကြ တော့မှာ”
www.burmeseclassic.com.
| 84.513274 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 96 |
________________
၁၉၆
www.burmeseclassic.com
ဒဿကျော်စွာ
လမိုက်ညခေါ်သံ
သူ့စကားအတွက် ထိုလူကြီးက မည်သို့မျှအံ့သြ ဟန်မပြဘဲ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်ရင်း လက်ဆွဲ အိတ်ထဲမှ စာရွက်စာတမ်းအချို့ကိုထုတ်ရင်း
“သိပါတယ်ကွယ် ဒါကြောင့်မို့ ဦးလေး အမှီလာ ခဲ့ရတာ၊ ဦးလေးက မောင်ကျော်စိုးရဲ့ ပိုင်ဆိုင်သမျှ မြေယာတွေ ခြံတွေကို ထိန်းသိမ်းပေးထားရတဲ့ ရှေ့နေဦးခင်တိုးပါ၊ ဒီမှာ မောင်ကျော်စိုးက သူပိုင် ဆိုင်တဲ့ အမွေတွေအားလုံး လွှဲပေးလိုက်ပါဆိုလို့” 'ဟင်'
“ဗျာ””
နှင်းယုရောသူပါ အလွန်အံ့သြသွားခဲ့ကြသည်။ စာထဲတွင် ကျော်စိုးပြောခဲ့သော လက်ဆောင်မှာ တခြားမ ဟုတ်ဘဲ ပိုင်ဆိုင်မှုစာချုပ်များဖြစ်နေသည့်အတွက် မယုံ နိုင်အောင်ပင် ဖြစ်သွားရ၏။ နှင်းယုက ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလား ဝေခွဲမရသောမျက်နှာနှင့် သူ့အား ဖျတ်ခနဲ မော့ကြည့်လာလေသည်။ အမွေလွှဲပြောင်းစာချုပ်များ ဆက် ခံမည့်သူဘက်မှ စာချုပ်များပေါ်တွင် လက်မှတ်ထိုးလိုက်
၁၉၇
ရသော ကျော်မိုးမှာ အိပ်မက်မက်နေသလား၊ တကယ်လား ဟု ခွဲခြားမရနိုင်ဘဲ ဇဝေဇဝါဖြစ်နေမိလေသည်။
ရှေ့နေကြီးပြန်သွားသည်အထိ သူတို့လင်မယား နှစ်ယောက်မှာ အံ့သြမှင်တက်ပြီး အတန်ကြာအောင် စ မပြောနိုင်ကြချေ။
စကား
``နှင်းယု ... နှင်းယူစိတ်မကောင်းလိုက်တာ အစ် ကိုရယ်၊ အစ်ကိုကျော်စိုးက ဒါတွေဘာလို့လွှဲပေး သွားတာလဲ၊ သူသက်ရှိထင်ရှား ရှိနေသောကို နှင်းယုတို့က ဒါတွေလက်ခံထားလို့ ကောင်းပါ့မ လားဟင်”
“အစ်ကိုလည်းမပြောတတ်တော့ပါဘူး၊ သူစိတ် ချမ်းသာသလို လုပ်သွားတဲ့ကိစ္စပဲ၊ အစ်ကိုလည်း ဒီချမ်းသာကြွယ်ဝမှုတွေ မမက်ပါဘူး၊ မရှိပေမယ့် လိုလည်းမလိုချင်ပါဘူး၊ ကျော်စိုးစီစဉ်တဲ့အတိုင်း ဘာမှမကန့်ကွက်၊ မဆန့်ကျင်ဘဲ လက်ခံလိုက်တာ၊ စာရွက်ပေါ်က လက်မှတ်က အစ်ကို့အတွက် ချည်နှောင်မှုမှမပါဘူး၊ သူအလိုရှိတဲ့တစ်
www.buesaclassic.com
ပေး
| 86.680189 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 97 |
________________
၁၉၈
www.burmeseclassic.com
12 ဒဿကျော်စွာ
လမိုက်ညခေါ်သံ
၁၉၉
လိုက်မှာပါ” “အစ်ကိုကျော်စိုးက ပြန်လာတောင်းလိမ့်မယ်လို့ အစ်ကိုထင်နေသလား”
သူ ဘာမှမပြောတတ်တော့သလို ခေါင်းကိုသာ တွင်တွင်ခါရမ်းပြလိုက်မိသည်။
“အစ်ကိုတော့ သူ့ကိုနားမလည်နိုင်အောင် ဖြစ်နေ &"
ကျော်စိုးသည် သူ့ဘဝသူ အဆုံးစွန်ထိ တွေးသွား ပြီလားမပြောတတ်။ ထိုပိုင်ဆိုင်မှုများကို လွှဲပေးလိုက်သည့် မစ၍ ကျော်စိုးကို လုံးဝမတွေ့ရတော့ချေ။ သတင်းစုံ စမ်းသော်လည်း လုံးဝအစအနပျောက်သွားခဲ့လေတော့၏။ တစ်နှစ်ခန့်ကြာသောအခါ ကျော်မိုးမှာ မြေတိုင်းဦးစီး ဌာနမှ အလုပ်ထွက်လိုက်ပြီး ကျော်စိုးပေးထားခဲ့သော တောမှ လယ်ယာမြေများကို ရောင်းချကာ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်ရင်း အဆင်ပြောလေသည်။ ကျော်စိုး၏ စစ်မှန်သော စေကြောင့်၊ ခံစားထိုက်သောကြောင့်လားမသိ၊ မိုးနှင့် နှစ်ပုံမှာ တဖြည်းဖြည်း ချမ်းသာလာခဲ့တော့၏။
တစ်နေ့တွင် ကျော်မိုးမှာ ကားတစ်စီးဝယ်ရန် မြို့ ထဲသို့ ပွဲစားများနှင့်သွားစုံစမ်းပြီးပြန်အလာတွင် အိမ်၌ နှင်းယုကို မတွေ့ရဘဲ ဧည့်သည်တစ်ဦး ရောက်နေသည်ကို ခြံဝမှလှမ်းတွေ့ရလေသည်။ ထိုဧည့်သည်သည် သူဝင်လာ သည်ကိုမမြင်၊ အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်ကာ စာအုပ်တစ် အုပ်ကို သည်းကြီးမည်းကြီး ငုံ့ဖတ်နေ၏။
သူ ရုတ်တရက် အိမ်ထဲကိုဝင်သွားသောအခါ ထို လူသည် စာအုပ်ကို ပိတ်လိုက်ပြီး
ကာ
“ဟေ့ကောင် ...... ကျော်မိုး"
ဟု ဝမ်းသာအားရ အော်လိုက်လေတော့၏။ ““ဟာ ကျော်တိုး မင်းဘယ်ကမျက်စိလည်လာ သလဲဟင်၊ အခုမှပဲ ပေါ်လာတော့တယ်”
သူ ဝမ်းသာအားရပြောရင်း အိမ်ထဲသို့ ဝေ့ကြည့်
“နှင်းယုရေ နှင်းယု”
“နှင်းယုမရှိဘူး သူငယ်ချင်း၊ ခုလေးတင် လို့ဆိုပြီး ဟိုဖက်အိမ်က အဒေါ်ကြီးနဲ့
www.burm...classic.com
သွား
| 85.042735 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 98 |
________________
www.burmeseclassic.com
၂ဝအာဟာ ဒဿကျော်စွာ
ကယ်”
ကျော်တိုးစကားကြောင့် သူ အံ့အားသင့်သွားသည်။ "ဟင် ဟုတ်လား ငါနေ့လည်ကထွက်သွားတုန်း က အကောင်းပါ၊ အခုမှ ဘယ်နှယ့်အဖြစ်ရတာတုံး ဧကန္တ ငါ့မိန်းမ မင်းမျက်နှာမြင်ပြီး လန့်သွားတာ လားမသိဘဲ”
ကျော်မိုး၏ရွှတ်နောက်နောက် ပြောဟန်ကြောင့်
ကျော်တိုးက ရယ်နေသည်။
“အေး ငါရောက်ပြီး ခဏနေတော့ မူးသလိုလိုပဲ ဆိုပြီး အန်တယ်၊ အဲဒါ ဟိုဖက်အိမ်က အဒေါ် ကြီးရောက်လာပြီး ပြုစုပေးလို့ သက်သာသွားတယ်၊ ပြီး ဟိုအဒေါ်ကြီးက ဘာပြောတယ်မသိဘူး၊ ဆေးခန်းသွားဦးမယ်ဆိုပြီး ထွက်သွားတာပဲ” “ကောင်းရော၊ ဧည့်သည်ကို တစ်ယောက်တည်း ထားပစ်ခဲ့တယ်"
*“ဟာ.. ဒါ ကျန်းမာရေးကိစ္စပဲ ငါက ဘာအရေး ကြီးဘဲမှတ်လို့ ဒါနဲ့ငါ့စိတ်ထဲ တစ်ခုခုပဲလို့
လမိုက်ညခေါ်သံ
မိ၏။
ထင်တယ်”
၂၀၁
ကျော်တိုးစကားကြောင့် သူမျက်မှောင်ကျုံ့လိုက်
“ဘာတစ်ခုခုလဲကွ”
“ဟို.. မင်းကလေးအဖေ ဖြစ်တော့မလားမသိ ဘူး”
"EU"
53
ကျော်မိုးမျက်နှာက ပြုံးပြီးပြီးဖြစ်သွားပြီးမှ ရှက်ကိုး
ရှက်ကန်းနှင့်
“ဟာ... မင်းကလည်း သေသေချာချာလည်း မသိဘဲနဲ့” ““ကာယကံရှင်လောက်တော့ မသေချာဘူးပေါ့ကွာ၊ ဒါပေမယ့် နှင်းယုကြည့်ရတာတစ်မျိုးပဲ” “ဟေ့ကောင် တော်တော်.. မင်းကဘယ်မှာ ဝမ်း ဆွဲသည်လုပ်ဖူးလို့လဲ၊ ငါအိမ်ထောင်သည်တောင် မသိဘဲ မင်းလိုလူပျိုက ဒါတွေဘယ်လိုလုပ်သိ 05"
www.burmeseclassic.com.
| 81.211042 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 99 |
________________
၂၀၂
www.burmeseclassic.com
မာတာ ဒဿကျော်စွာ
““အောင်မာ ... မင်းလို ငတုံးမှတ်နေလား၊ ကိုယ့်မိန်း မကိုယ် ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး၊ ဒါမျိုးက အသိ သာကြီး၊ ဘာမှအရိပ်အကဲ မခတ်တတ်ဘဲနဲ့" ကျော်တိုးစကားအဆုံး ကျော်မိုးက တဟားဟား
အော်ရယ်ရင်း
နေပြီးမှ
“အေးပါ... ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ မင်းအသိဘဲ”
ဟု ကြိမ်းလိုက်၏။
“အောင်မာ.... မင်းမိန်းမ ကိုယ်ဝန်ရှိတာ မရှိ တာ ငါနဲ့ဘာဆိုင်တုံး”
“ဆိုင်တာပေါ့ကွ၊ မင်းက ဟုတ်သလိုလို ဘာ လိုလို ပြောထားတော့ ငါက ရင်တွေဘာတွေ ခုန်သွားတာ မဟုတ်ဘူးဆိုမှ” ကျော်တိုးသည် ဘာမှပြန်မပြောတော့ဘဲ ငြိမ်သက်
“မင်းတို့ အဆင်ပြေနေတာမြင်တော့ ဝမ်းသာ တယ်ကွာ”
လမိုက်ညခေါ်သံ
၂၀၃
ဟု ပြောလိုက်ရာ ကျော်မိုးမှာကျော်စိုးကို ဖျတ်ခနဲ သတိရသွားတော့၏။ ကျော်စိုးစီစဉ်သွားခဲ့တာတွေလို့ပြော မည်ကြံခိုက် ကျော်တိုးက
”ဒါနဲ့ မင်း ကျော်စိုးသတင်း ကြားပြီးပြီလား” ဟု ထမေးလိုက်လေသည်။
“ဟင့်အင်း လုံးဝကို စုံစမ်းလို့မရတာ ၊အလုပ်က
ထွက်ပြီး သူ့ကို ငါလိုက်ရှာသေးတယ်”
ကျော်တိုး မျက်လုံးအစုံက ရုတ်တရက် ရီဝေဆွေး
မြေ့သွားသည်။
“ကျော်စိုး သေသွားပြီကွ”
*ဘာ
ဝမ်းနည်းကြေကွဲခြင်း၊ အံ့သြထိတ်လန့်ခြင်းတို့အပြင် မယုံကြည်နိုင်ခြင်းက သူ့ရင်ကို လှုပ်ခတ်သွားသည်။ ကျော် စိုး၏နှုတ်မှ သေခြင်းအကြောင်းကို စိတ်ပျက်ညစ်ညူးစွာ အကြိမ်ကြိမ် ကြားခဲ့ရဖူးသည်။ သို့သော် သူကိုယ်တိုင် ဤ သို့ စောစီးစွာ သေးဆုံးခဲ့လိမ့်မည်ဟု သူရောကျော်တို မထင်မှတ်၊ မယုံကြည်ခဲ့ကြချေ။
www.burmesecl
| 83.386838 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
10005
| 100 |
________________
၂၀၄
www.burmeseclassic.com
ဒဿကျော်စွာ
“ဟုတ်တယ် ကျော်မိုး၊ သူဆုံးတာ ကိုးလကျော် ပြီ”
“ဘယ်လိုဖြစ်ရတာလဲကွာ”
“သူ ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှာပဲ စာရင်းကိုင် ဝင်လုပ်တယ် သူလုပ်တဲ့ကုမ္ပဏီက ဆောက်လုပ် ရေးလုပ်ငန်းလုပ်တာလေ၊ သူသေတော့ ဘယ်လို သေသွား Sas"
ကျော်မိုးမှာ မှ လုံးအပြူးသားနှင့် ခေါင်းကိုသာ
ခါနိုင်တော့သည်။
`သူ မြေပိပြီး သေတာကွ “ဘာ မြေပိပြီးသေတာ ဟုတ်လား" ”ဟုတ်တယ် ကျော်စိုးက မြေနဲ့လုံးဝ ကင်းကင်း ရှင်းရှင်း နေချင်တဲ့ကောင်၊ ဒါပေမယ့် သူသေတော့ မြေပိပြီးသေသွားရတာ သူတို့ကုမ္ပဏီက သံတွေ ဘိလပ်မြေတွေ စာရင်းကွာလို့ အလုပ်ဆိုဒ်ထဲ လိုက် သွားပြီးစစ်တာ တိုက်အပေါ်ဆုံးထပ်ကို အတက် မှာ ဆောက်လက်စတိုက်ဆိုတော့ လှေကားတွေ
လမိုက်ညခေါ်သံ
၂၀၅
ငြမ်းတွေက ရှုပ်ယှက်ခတ်နေတာ အဲဒီမှာ အစွန်းက ပြုတ်ကျတာပဲ၊ သူကျသွားတဲ့ နေရာက ဗွက်အိုင်ဆိုတော့ အသက်မသေဘူး၊ ကျိုး ရုံရုံလောက်ဖြစ်တာ၊ ဒါပေမယ့် သူအဲဒီလိုပြုတ်ကျ တဲ့အချိန် အားလုံးစိုးရိမ်တကြီး ဆင်းပြေးလာတုန်း အဲဒီမှာဝန်ချီစက်တွယ်ထားတဲ့ ဘိလပ်မြေစက် ပြုတ်ကျတော့တာပဲ၊ အပေါ်က မြေပွတွေ သဲတွေ သူ့အပေါ်ပြုတ်ကျပြီး သတိလစ်နေတဲ့သူ့ကိုယ်ပေါ် မီလိုက်သလို ဖြစ်သွားတာ” “ကျွတ်... ဖြစ်မှဖြစ်ရလေကွာ”
ကျော်မိုး၏ မချိတင်ကဲ ရေရွတ်သံအဆုံး ကျော်တိုး က ရှေ့ဆက်ပြောရန် ဟန်ပြင်ပြီးမှ ခြံထဲသို့ ဝင်လာသော နှင်းယုကိုမြင်ကာ ဘာမှမပြောဖြစ်တော့ချေ။
“အဲဒီမှာ ထူးခြားတာက”
ကျော်တိုးက နှင်းယုကို တစ်ချက်လှမ်းကြည့်လိုက်
www.buseclassic.com,
“ဒီအကြောင်းတွေ နှင်းယုကိုအခုမပြောပါ
| 84.2723 |
Calling Song of Moonless Night
|
Dat Tha Kyaw Swar
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.