title
stringclasses
31 values
question
stringlengths
3
405
answer
stringlengths
1
7.29k
type
stringclasses
6 values
option_a
stringclasses
61 values
option_b
stringclasses
58 values
option_c
stringclasses
60 values
သြဝါဒထူးပျို့
စိန္တကျော်သူဦးသြသည် သက္ကရာဇ် ၁၁၃၃ ခုနှစ်၊ အသက် ______ တွင် ကွယ်လွန်ခဲ့သည်။
၃၅ နှစ်
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ပေါင်းရှစ်ယောက်ကောက်စိုက်သူကဗျာသည် _____ ၏ ကဗျာဖြစ်သည်။
မောင်းထောင်ဦးကျော်လှ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှကို သက္ကရာဇ် ၁၂၀၃ ခုနှစ်၊ ____ ၁၅ ရက်တွင် ဖွားမြင်ခဲ့သည်။
သီတင်းကျွတ်လဆန်း
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှ၏ဇာတိမှာ ______ ဘုတလင်နယ် မောင်းထောင်ရွာဇာတိ ဖြစ်သည်။
မုံရွာခရိုင်
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် ငယ်စဉ်ကပင် ကဗျာ၊ လင်္ကာနှင့် ______ တို့ကို လိုက်စားခဲ့သည်။
ဗေဒင်နက္ခတ်
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် ပုဂံမင်းနှင့် ______ တို့လက်ထက်တွင် ရုပ်သေးပညာရှင်အဖြစ် ကျော်ကြားသည်။
မင်းတုန်းမင်း
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် သံချိုဖွဲ့ရာတွင် ______ ကို ထိခိုက်ဖွဲ့ဆိုသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်။
အင်္ဂလိပ်အစိုးရ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
သံချိုများသည် ______ တွင် လက်တန်းဖွဲ့ဆိုရသော လေးချိုးပုံစံကဗျာမျိုးဖြစ်သည်။
ရုပ်သေးပွဲ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ဦးကျော်လှသည် ကောက်စိုက်သမများ၏ အိမ်သို့လာရောက်တောင်းပန်မှုကြောင့် ___ သံချိုကို လက်တန်းစပ်ဆိုခဲ့သည်။
ပေါင်းရှစ်ယောက်ကောက်စိုက်သူ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
ကောက်စိုက်သမရှစ်ယောက်တို့သည် ချွေးနှဲစာဖြင့် ကြေးစည်လှူရန် စုဆောင်းကြသော်လည်း ငွေကြေးမလုံလောက်၍ အလှူခံရာတွင် _______ သံချိုကို သီဆိုခဲ့ခြင်းဖြစ်သည်။
ပေါင်းရှစ်ယောက်ကောက်စိုက်သူ
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
မောင်းထောင်ဦးကျော်လှသည် သက္ကရာဇ် ____ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။
၁၂၈၁
FIB
null
null
null
ပေါင်းရှစ်ယောက် ကောက်စိုက်သူ
မောင်းထောင်ဦးကျော်လှသည် ____ စံတင်ထားလောက်သော စာဆိုဖြစ်သည်။
အဲချင်း၊ သံချို၊ ရတု
FIB
null
null
null
အညာမဂ်လာဆောင်
အညာမင်္ဂလာဆောင်လေးချိုးကြီးသည် ၁၉၁၃ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းရေးသော ______ မှ ထုတ်နုတ်ထားသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
ဗိုလ်ဋီကာ
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းသည် ____နယ်၊ ဝါးလယ်ရွာဇာတိဖြစ်ပြီး အဖဦးစံထွန်း၊ အမိ ဒေါ်အုန်းတို့မှ မွေးဖွားခဲ့သည်။
ရွှေတောင်
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းကို သက္ကရာဇ် ____ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် ဖွားမြင်သည်။
၁၂၃၇
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်း၏ ငယ်နာမည်မှာ ____ဖြစ်သည်။
မောင်လွန်း
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းသည် အသက် ၂ဝ ခန့်တွင် ရန်ကုန်နှင့် ____မြို့ကြီးများတွင် ပုံနှိပ်တိုက်စာပြင်ဆရာလုပ်ခဲ့သည်။
မော်လမြိုင်
FIB
null
null
null
အညာမဂ်လာဆောင်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၂၈၃ ခုနှစ်တွင် အမျိုးသားကောလိပ်ပေါ်ပေါက်လာသောအခါ ____ ၏ မြန်မာနှင့်ရာဇဝင်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အမျိုးသားကောလိပ်
FIB
null
null
null
အညာမဂ်လာဆောင်
၁၃၂၂ (၁၉၆၀) ခုနှစ်တွင် အရှေ့ဂျာမနီ ဟမ်းဘတ်တက္ကသိုလ်က ဆရာကြီးအား ______ ပေးအပ်၍ ဂုဏ်ပြုခဲ့သည်။
ဒေါက်တာဘွဲ့
FIB
null
null
null
အညာမဂ်လာဆောင်
သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ် ______ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဇူလိုင်လ
FIB
null
null
null
ကမ္ဗောဇသို့
ကမ္ဗောဇသို့ကဗျာသည် _____ ခေတ်တွင် ဆရာဇော်ဂျီရေးဖွဲ့ခဲ့သော ကဗျာတစ်ပုဒ်ဖြစ်သည်။
ကိုလိုနီ
FIB
null
null
null
ကမ္ဗောဇသို့
ဆရာဇော်ဂျီကို အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့က ____ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။
၁၉၀၇
FIB
null
null
null
ကမ္ဗောဇသို့
ရန်ကုန်မြို့မအမျိုးသားအထက်တန်းကျောင်းမှ ______ အောင်မြင်ခဲ့သည်။
ဒသမတန်း
FIB
null
null
null
ကမ္ဗောဇသို့
ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး ___ ကောလိပ်၌ မြန်မာစာနည်းပြအဖြစ်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
ဥပစာ
FIB
null
null
null
ကမ္ဗောဇသို့
လန်ဒန်တက္ကသိုလ်နှင့် ဒပ်ဗလင်တက္ကသိုလ်မှ စာကြည့်တိုက်ဒီပလိုမာဘွဲ့ရရှိပြီး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး၊ တက္ကသိုလ်များဗဟို_______အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
စာကြည့်တိုက်မှူး
FIB
null
null
null
ကမ္ဗောဇသို့
၁၉၅၅ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းဋီကာစာအုပ်ဖြင့် _______ စာပဒေသာဆု ရရှိခဲ့သည်။
စာပေဗိမာန်
FIB
null
null
null
ကမ္ဗောဇသို့
၁၉၇၉ ခုနှစ်တွင် နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများစာအုပ်ဖြင့် ___ ရရှိခဲ့သည်။
ဘာသာပြန်စာပေဆု
FIB
null
null
null
ကမ္ဗောဇသို့
____ခုနှစ်တွင် ရှေးခေတ်ပုဂံကဗျာများနှင့် အခြားကဗျာများစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာဆု)ကို ရရှိခဲ့သည်။
၁၉၈၇
FIB
null
null
null
ကမ္ဗောဇသို့
ဆရာဇော်ဂျီသည် ၁၉၉ဝ ပြည့်နှစ်၊ ___လ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
စက်တင်ဘာ
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
လက်ဖက်ရည်ကြမ်းဝိုင်းကဗျာသည် _______ လက်ရွေးစင်ကဗျာစာအုပ်မှ ထုတ်နုတ်ထားခြင်းဖြစ်သည်။
ဗန်းမော်ညိုနွဲ့
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
ဗန်းမော်ညိုနွဲ့ကို အဘ ဦးစု၊ အမိ ဒေါ်ရင်တို့မှ _____ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။
၁၉၂၂
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
ဗန်းမော်ညိုနွဲ့သည် မန္တလေးမြို့ ပေါက်မြိုင် ___ ကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။
ဘုန်းတော်ကြီး
FIB
null
null
null
လက်ဖက်ရည်ကြမ်းဝိုင်း
၁၉၄၀ ခုနှစ် ____တွင် ဗန်းမော်ညိုနွဲ့ဟူသော ကလောင်အမည်ဖြင့် ကဗျာများရေးသားကာ စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။
ဒဂုန်မဂ္ဂဇင်း
FIB
null
null
null
ပဒေသာလက်ရာ
ပဒေသာလက်ရာကဗျာကို _______ ရေးဖွဲ့ခဲ့ပါသည်။
တက္ကသိုလ်တောသား
FIB
null
null
null
ပဒေသာလက်ရာ
တက္ကသိုလ်တောသား၏ အမည်ရင်းမှာ ___ __ ဖြစ်သည်။
ဦးအောင်သောင်း
FIB
null
null
null
ပဒေသာလက်ရာ
ဦးအောင်သောင်းကို ၁၉၄၁ ခုနှစ်၊ ______လ ၅ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။
အောက်တိုဘာ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် တက္ကသိုလ်ဝင်တန်းကို _____မြို့နယ် တလိုင်းရပ်ရွာသစ်ကျောင်းမှ အောင်မြင်ခဲ့သည်။
တောင်သာ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ______ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ မြန်မာစာဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။
ရန်ကုန်
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် မဟာဝိဇ္ဇာဘွဲ့ကို ______ တက္ကသိုလ်မှ ရရှိခဲ့သည်။
မန္တလေး
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ___ အဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
မြန်မာစာ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ၁၉၆ဝ ပြည့်နှစ်၊ တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွင် _______ ဝတ္ထုတိုကို စတင်ပုံနှိပ်ဖော်ပြခြင်း ခံရသည်။
ဘာလဲဟဲ့ လောကဓံ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် “ဝေဟင်စံမိတ်ဆွေများ” စာမူဖြင့် ______ ပထမဆု ရရှိခဲ့သည်။
စာပေဗိမာန်စာမူ
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် “နယ်ချဲ့ခုခံစနစ်နှင့် မျိုးချစ်သူရဲကောင်း ဗိုလ်ရာညွန့်”စာအုပ်ဖြင့် _____ ဆု ရရှိခဲ့သည်။
ထွန်းဖောင်ဒေးရှင်း
FIB
null
null
null
ပဒေသာလက်ရာ
ဆရာဦးအောင်သောင်းသည် ______ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမဆင့်)ရရှိခဲ့သည်။
၂၀၂၁
FIB
null
null
null
ရေသည်ပြဇာတ်
____ပြဇာတ်သည် စာဆိုဦးပုညရေးဖွဲ့ခဲ့သော ပြဇာတ်ဖြစ်သည်။
ရေသည်
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုည၏ဇာတိမှာ ______ မြို့ဖြစ်သည်။
စလေ
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် ငယ်စဉ်က တူမောင်းဆရာ ____ ထံတွင် ပညာသင်ကြားခဲ့သည်။
ဦးဒီပ
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် ဗန်းမော်ဆရာတော်ထံတွင် ရှင်သာမဏေပြု၍ ___ဘွဲ့ကို ခံယူခဲ့သည်။
ရှင်ပုည
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် ရှင်သာမဏေအဖြစ်မှ လူထွက်ပြီး ______ ထံ ခစားခဲ့သည်။
ကနောင်မင်း
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် မင်းတုန်းမင်းထံခစားရာ လက်ဖက်ရည်တော်ဘက်တွင် ___ ဘွဲ့ဖြင့် ထမ်းရွက်ရသည်။
မင်းလှသင်္ခယာ
FIB
null
null
null
ရေသည်ပြဇာတ်
ဦးပုညသည် မြင်ကွန်းမြင်းခုံတိုင် မင်းသားတို့ပုန်ကန်သည့်အရေးတွင် အခါပေးသည်ဟု သင်္ကာမကင်းသဖြင့် ချုပ်ထားရာမှ မြို့ဝန် _____ အိမ်တွင် ကွပ်မျက်ခြင်းခံရသည်။
ဦးသာအိုး
FIB
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
အသံအနိမ့်အမြင့်သည် မည်သည့်အတွက်ကြောင့် အတိမ်းအစောင်း မခံနိုင်သော သဘောတရားတစ်ရပ် ဖြစ်နေပါသနည်း။
မည်သည့်ဘာသာစကားတွင်မဆို အသံအနိမ့်အမြင့်သည် အတိမ်းအစောင်းမခံနိုင်သော သဘောတရားတစ်ရပ်ဖြစ်နေပါသည်။ အသံအနိမ့်အမြင့်နှင့် ဝါကျနိမ့်မြင့်သံများသည် ထိထိရောက်ရောက် စကားပြောဆိုရာတွင်အရေးပါလှသည့် သဘောတရားများအနက်မှ ၂ ခုဖြစ်သည်။ အခြားသော ဘာသာစကားများနည်းတူ မြန်မာဘာသာစကားတွင်လည်း အရေးပါသည်ပင် ဖြစ်သည်။ ထိုသဘောတရားများကို သိနားလည်ထားခြင်းဖြင့်လည်းကောင်း၊ စကားပြောဆိုဆက်သွယ်ရာတွင် ထိုအသုံးကို ဝမ်းတွင်းပါအသိဖြင့်လည်းကောင်းဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် အစွမ်းကုန်ပြောဆိုနိုင်ကြပါသည်။ ထိုကဲ့သို့ပြောဆိုသည်ကို ကြားနာသူများကလည်း အလွယ်တကူ နားလည်သဘောပေါက်နိုင်ကြပါသည်။ အသံအနိမ့်အမြင့်နှင့် ဝါကျနိမ့်မြင့်သံများ တိမ်းစောင်းလွဲချော်ခဲ့လျှင် သတ်မှတ်ထားသော အနက်အဓိပ္ပာယ်ကို မရရှိနိုင်တော့ပေ။ မှန်ကန်သော ဝါကျနိမ့်မြင်သံနှင့် မှန်ကန်သောနိမ့်မြင့်သံအဆင့်တို့ကို မသုံးစွဲနိုင်ခဲ့လျှင်အနက်အဓိပ္ပာယ်နှင့် စကားပြောဟန်တို့သည် အချိန်အပိုင်းအခြား တော်တော်များများတွင် တိမ်းစောင်းနေပါလိမ့်မည်။ ထိုအခါမျိုးတွင် မလိုလားအပ်သော အဓိပ္ပာယ်အမှားများ ထွက်ပေါ်လာနိုင်သကဲ့သို့ လက်ရှိအခြေအနေနှင့်မဆိုင်သကဲ့သို့ ဖြစ်နေတတ်ပါသည်။ အသံအနိမ့်အမြင့်လွဲမှားမှုသည် ပြောသူရော နာသူတွင်ပါ ရှုပ်ထွေးမှုများညီတူမျှတူဖြစ်ပေါ်စေသည်သာ ဖြစ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားသံတစ်ခုချင်း၏ ပုံမှန်နိမ့်မြင့်သံသည် မည်သည့်အပေါ်တွင် မူတည်နေပါသနည်း။
စကားသံတစ်ခုချင်းစီ၏ ပုံမှန်နိမ့်မြင့်သံသည် လှုပ်ရှားနေသောအသံကြိုးနှင့် ယင်းအသံကြိုး၏ တုန်ခါမှုကြိမ်နှုန်းအပေါ် မူတည်နေပါသည်။ အသံကြိုးတုန်ခါမှု၏ကြိမ်နှုန်းသည် အသံကြိုး၏ အလျား၊ အသံကြိုး၏ အထူအပါးနှင့် အသံကြိုး၏တင်းအားတို့အပေါ်တွင် လုံးလုံးလျားလျား တည်မှီဖြစ်ပေါ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
အပြောစကားသံ၏ နိမ့်မြင့်သံပြောင်းလဲမှုများကို မည်ကဲ့သို့ အပြောင်းအလဲပြုလုပ်နိုင်ပါသနည်း။
တစ်စုံတစ်ယောက်၏ အသံကြိုးများကို တင်းလိုက်ခြင်းအားဖြင့် အပြောစကား၏ နိမ့်မြင့်သံကို အမြင့်သံသို့ရောက်အောင် မြှင့်တင်ပေးနိုင်သည်။ အသံကြိုးများနှိမ့်ချခြင်းဖြင့် အပြောစကား၏နိမ့်မြင့်သံကို လျော့သွားအောင်ပြုလုပ်နိုင်သည်။ အသံကြိုးများ၏ တင်းအားကို တင်းလိုက်လျော့လိုက်အပြောင်းအလဲ ပြုလုပ်ပေးခြင်းအားဖြင့်အပြောစကားရှိ နိမ့်မြင့်သံများ ပြောင်းလဲမှုဖြစ်စေပါသည်။ ပြောင်းလဲမှုများကို လိုအပ်သည့်ပမာဏအတိုင်း ပြုလုပ်ပေးနိုင်ခဲ့လျှင် ထိုအပြောစကားများသည်နားထောင်သူ ပရိသတ်များအတွက် ပိုမိုအဓိပ္ပာယ်ပြည့်ဝလာပြီး မှန်ကန်တိကျလာမည် ဖြစ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
သိပ္ပံနည်းကျတိုင်းတာတွက်ချက်သိရှိထားသော စကားပြောနှုန်းများသည် မည်သည့်အချက်အလက်များပေါ်တွင်မူတည်နေပါသနည်း။
စကားပြောနှုန်းကို တိုင်းတာရာတွင် တစ်မိနစ်အတွင်းပြောသော စကားလုံးအရေအတွက်ဖြင့် တိုင်းတာရပါသည်။ သိပ္ပံနည်းကျတိုင်းတာတွက်ချက်သိရှိရသည်မှာ စကားပြောနှုန်းသည် ပြောသူတစ်ဦးချင်းစီ၏ ယဉ်ကျေးမှု၊ ပထဝီဝင်အနေအထား၊ ပြောဆိုသည့်အကြောင်းအရာ ဝေါဟာရရွေးချယ်ပုံနှင့် ထိုရွေးချယ်ထားသော ဝေါဟာရများကို အသုံးပြုပုံ၊ ဘာသာစကား တတ်မြောက်ကျွမ်းကျင်မှု၊ အရပ်အနားအသုံးပြုပုံ၊ ကျား၊ မ အသက်အပိုင်းအခြား၊ စိတ်လှုပ်ရှားမှုအခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်၊ ကြားနာသူအမျိုးအစားနှင့်ယင်းကြားနားသူတို့၏ မူလအခြေခံဘာသာစကား (ဝါ) မိခင်ဘာသာစကားသုံးမှု မသုံးမှုတို့အပေါ်တွင်မူတည်နေပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ထိထိရောက်ရောက် စကားပြောဆိုခြင်းအကြောင်းကို အကျဉ်းမျှဖြေဆိုပါ။
စကားကို ထိထိရောက်ရောက်ပြောဆိုနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အချက် ၃ ချက်ရှိသည်။ ယင်းအချက် ၃ ချက်မှာ စကားလုံးအသုံးအနှုန်း၊ အသံအနိမ့်အမြင့်နှင့် ကိုယ်ဟန်အမူအရာတို့ ဖြစ်ကြပါသည်။ မိမိရွေးချယ်အသုံးပြုလိုက်သော စကားအသုံးအနှုန်းများသည် အလွန်အရေးပါလှပါသည်။ အကြောင်းမှာ မိမိ၏ဆိုလိုချက်ကို ယင်းစကားလုံးများက ဖော်ပြပေးမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်ကိုယ်ဟန်အမူအရာနှင့် အသံအနိမ့်အမြင့်တို့က မိမိဆိုလိုရင်းကို အနည်းငယ်ပြုပြင်ပေးပါလိမ့်မည်။ ထိုအချက် ၃ ခုသည် ဆိုလိုရင်းကိုနားလည်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါသည်။ စကားလုံးများကို ကောက်ယူအသုံးပြုရာတွင် စဉ်းစားစရာရှိပါသည်။ ကလေးငယ်များကို သင်ပြောသည့်စကားနှင့် သင်၏အထက်လူကြီးကို သင်ပြောသည့်စကားတို့ တူညီပါမည်လော။ သင်သုံးသည့်ဝါကျ၏ အတိုအရှည်သည် နားထောင်သူ၏ နားလည်နိုင်မှုကို အကျိုးသက်ရောက်စေပါလိမ့်မည်။ ဝါကျတိုများသည် နားလည်ရ ပိုမိုလွယ်ကူစေပါသည်။ သင်သည် ရိုးရှင်းသောစကားလုံးများကိုသုံး၍ ဝါကျတိုများဖြင့်ပြောဆိုခဲ့လျှင် ဝါကျရှည်များဖြင့်ပြောဆိုခြင်းထက် ပရိသတ်ကို ပိုမိုနားလည်စေနိုင်ပါလိမ့်မည်။ စကားလုံးရိုးရိုးဖြင့် ပြောဆိုခြင်းသည်တင်စားသောစကားလုံးများထက် ပိုမိုနားလည်စေနိုင်ပါလိမ့်မည်။ မြန်မာဘာသာစကားပြောဆိုနေကျ မဟုတ်သူများ အတွက် ဥပမာစကားများ၊ ဥပစာစကားများ၊ ဓလေ့သုံးစကားများသည် ရှုပ်ထွေးစေမည်ဖြစ်ပါသည်။ ရိုးရှင်းသောစကားလုံးများသည်သာ အကောင်းဆုံးဖြစ်ပါသည်။ စကားပြောဆိုသည့်နှုန်း အနှေးအမြန်သည် နားလည်မှုကို အကျိုးသက်ရောက်စေပါသည်။ စကားကို အမြန်ပြောဆိုခြင်းသည် နားထောင်သူကို ရှုပ်ထွေးစေနိုင်သကဲ့သို့ စကားကို နှေးကွေးစွာပြောဆိုခြင်းသည်လည်း နားထောင်သူကို ငြီးငွေ့စေနိုင်ပါသည်။ နားထောင်သူ နားလည်နိုင်စွမ်းရှိသည့် အလယ်အလတ်နှုန်းသည်သာ သင်၏ ပရိသတ်ကို သင်ဆွဲဆောင်ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ထိထိရောက်ရောက်စကားပြောဆိုခြင်းအတွက် အဓိကလိုအပ်ချက် (၇)ချက်ကို ဖော်ပြပါ။ ထို(၇)ချက်ထဲမှ သင်နှစ်သက်ရာ အချက်တစ်ချက်ကို ရှင်းလင်းဖြေဆိုပါ။
ထိထိရောက်ရောက် စကားပြောဆိုခြင်းအတွက် အဓိကလိုအပ်ချက် (၇)ချက်မှာ - ၁။ အသံအနေအထားနှင့် အသံပီသမှု ၂။​ ဟန်တစ်မျိုးမျိုးထည့်ပေးခြင်း ၃။​ ကြားနိုင်မှု ၄။​ ရှင်းလင်းပီသမှု ၅။ စကားပြောနှုန်း ၆။ အသံအနိမ့်အမြင့် ၇။ လေသံကို ဂရုပြုပါ။ အသံအနိမ့်အမြင့် အသံအတက်အကျပြောင်းလဲမှုသည်လည်း အသုံးဝင်သော ဟန်ကွဲမှုကိုဖြစ်ပေါ်စေပါသည်။ သင်၏အသံအနိမ့်အမြင့်ကို ပြောင်းလဲပြောဆိုခဲ့လျှင် အရေးကြီးသောအချက်များကို ထင်ရှားပေါ်လွင်စေလိမ့်မည်။ ထိုကဲ့သို့ အချက်ပြမှုများသည် သင်မျှဝေပေးနေသည့် သတင်းအချက်အလက်အစီအစဉ်မှ တစ်စိတ်တစ်ပိုင်းကို ဦးစားပေးချင်ကြောင်း ပေါ်လွင်နေမည်။ အသံအနိမ့်အမြင့် အတက်အကျသည် အမြင့်ဆုံးအသံနှင့် အနိမ့်ဆုံးအသံကို ခွဲခြားပေးနိုင်ပါသည်။ အမြင့်သံ အနိမ့်သံနှင့် ယင်းတို့အကြားမှ အသံများကို ခွဲခြားပေးနိုင်ပါသည်။ သင်သည် စကားပြောနေစဉ် သင်မည်သို့ခံစားနေရကြောင်းကို နှလုံးသွင်းကြည့်ပါ။ သင်သည်စကားပြောနေစဉ်တွင် ကြောက်ရွံ့ထိတ်လန့်နေခဲ့လျှင် သင်၏အသံသည် အမြင့်သံဖြစ်နေပေမည်။ ထိုအခါ သင်ဦးစားပေးလိုသည့်အချက်များကို ဦးစားမပေးမိဘဲ ဦးစားမပေးလိုသည့်စကားလုံးများကို ဦးစားပေးသလို ဖြစ်နေသဖြင့် သင်၏ပရိသတ်သည် အမှန်တကယ် ရှုပ်ထွေးသွားစေပါမည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောကောင်းစေရန် နည်းလမ်းတိုကို သင်မည်ကဲ့သို့ နားလည်သနည်း။ သင်နားလည်သလိုပြန်ရှင်းပြပါ ။
များမကြာမီက ဗရစ်ဖဲဝိုင်းသို့ လာရောက်ကစားရန်ဖိတ်ကြားရာ ကျွန်ုပ်မှ ဗရစ်မကစားတတ်ပါ။ ကျွန်ုပ်ကဲ့သို့ပင် ဗရစ်မကစားတတ်သော မိန်းမချောတစ်ဦးလည်း ကစားဝိုင်းသို့ရောက်ရှိနေလေသည်။ လိုဝဲသောမတ်သည် အသံလွှင့်သမားဘဝသို့ မကူးပြောင်းမီ ဥရောပတိုက်တစ်တိုက်လုံးသို့ အနှံ့အပြားခရီးသွားလာရာ၌ စိတ်ဝင်စားဖွယ်အကြောင်းများကို ဟောပြောလျက်ရှိစဉ် သူ၏မန်နေဂျာအဖြစ် ကျွန်ုပ်လိုက်၍ ဟောပြောချက်များကို ကူညီပေးရကြောင်း ထိုမိန်းမချောသိသွားရာ “အို မစ္စတာ ကာနက်ဂျီ၊ ရှင်ရောက်ဖူးတဲ့ ထူးဆန်းတဲ့နေရာတွေအကြောင်း နည်းနည်းလောက်ပြောပြစမ်းပါ”ဟု ကျွန်ုပ်အား တောင်းပန်ရှာ၏။ “အာဖရိကကို ရောက်ခဲ့တယ်”ဟု ကျွန်ုပ်က စိတ်ထက်သန်စွာမေးလိုက်ရာ “သိပ်ဟုတ်တာပဲဗျာ။ အာဖရိကကို ကျွန်တော်သွားချင်တာကြာပြီ။ သို့ပေမယ့် အယ်လဂျီးယားမှာ တစ်ရက်ထဲနေပြီး ပြန်ခဲ့ရတယ်။ အာဖရိကဟာ အမဲပစ်ဖို့ သိပ်ကောင်းတဲ့နေရာပဲ။ ခင်ဗျား သိပ်ကောင်းတယ်ဗျာ။ အာဖရိကက အကြောင်းကို နည်းနည်းပြောစမ်းပါ”ဟု တောင်းပန်လိုက်၏။ ထိုစကားကိုကြားရသည်မှစ၍ ဘယ်နေရာတွေရောက်၍ ဘာတွေမြင်ခဲ့ရကြောင်း ကျွန်ုပ်အား ထပ်၍မမေးတော့ဘဲ သူရောက်ခဲ့သည့်နေရာများနှင့် မြင်တွေ့ခဲ့ ရသော အထူးအဆန်းတွေကို ၄၅ မိနစ်တိုင်တိုင် လျှောက်၍ပြောလေ၏။ အမှန်မှာ ထိုမိန်းမချောသည် ကျွန်ုပ်ပြောသည့်စကားကို နားထောင်ချင်၍မဟုတ်။ သူရောက်ဖူးသည့်နေရာများကို ဂုဏ်ယူကာပြောဆိုနေစဉ် ဂရုတစိုက်နားထောင်မည့်သူတစ်ဦးကို အလိုရှိခြင်းသာဖြစ်၏။ ထိုသို့အလိုရှိခြင်းသည် အထူးအဆန်းမဟုတ်ပါ။ များစွာသောလူတို့သည်လည်း ထိုကဲ့သို့ပင် အလိုရှိကြသည်။ နောက်သက်သေတစ်ခုမှာ နယူးယော့မြို့ရှိ စာပုံနှိပ်ရောင်းသူတစ်ဦး၏အိမ်၌ တည်ခင်းကျွေးမွေးသော ညစာစားပွဲ၌ နာမည်ကျော်ရုက္ခဗေဒပါရဂူကြီးတစ်ဦးနှင့် ကျွန်ုပ်တွေ့ရ၏။ ထိုပါရဂူကြီးသည် သစ်ပင်အကြောင်းဆိုင်ရာ ဗဟုသုတတို့ကို တစ်ခုပြီးတစ်ခုပြောပြသည်မှာ အလွန်အံ့ဩဖွယ်ကောင်းသဖြင့် သူပြောသမျှအားလုံးကို နားထောင်နေလိုက်၏။ သန်းခေါင်ယံအချိန်သို့ရောက်သောအခါ အိမ်သို့ပြန်ရန်ပြင်ကြရာ အိမ်ရှင်ဘက်သို့လှည့်၍ ကျွန်ုပ်အား “သိပ်စကားပြောကောင်းတဲ့လူ။ သိပ်တော်တာပဲ”ဟု ချီးကျူးလိုက်၏။ ကျွန်ုပ်စကားပြောကောင်းသည်ဟု ချီးကျူးခံရသော်လည်း စကားပြောသည်ဆိုရုံလောက်သာ ပြောခဲ့ရပြီး ထိုပါရဂူကြီးပြောသမျှ စိတ်ပါလက်ပါနားထောင်ပေးလိုက်ခြင်းသာ ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးပြောသော စကားကို စိတ်ပါလက်ပါ နားထောင်ပေးခြင်းသည်ထိုလူအား အကောင်းဆုံးချီးကျူးခြင်းတစ်ရပ်ပင် ဖြစ်ပေသည်။ လူတို့သည် သူတို့ပြောချင်သည့်စကားကို ကောင်းကောင်းနားထောင်ပေးမည့်သူကို အလိုရှိကြပေသည်။ “ကောင်းကောင်းနားထောင်ပေးမည့် လူတစ်ယောက်ကိုရှာ၍ မိမိပြောချင်သည့်စကားများကို ပြောလိုက်ရခြင်းဖြင့် မိမိ၏စိတ္တဇဝေဒနာများကိုပင် ပျောက်ကင်းအောင်လုပ်နိုင်ပါလျက် ဆရာဝန်ခေါ်၍ သူတို့၏ဝေဒနာကို ကုသကြလေသည်ဟူ၍ မဂ္ဂဇင်းတစ်စောင်က ဆိုထားပေသည်။ လူတို့သည် သူများအကြောင်းအရာထက် မိမိဆန္ဒအခက်အခဲများကို ပို၍စိတ်ဝင်စားကြပေသည်။ တရုတ်ပြည်ကြီးတွင် လူတစ်သန်းအစာငတ်မွတ်ခေါင်းပါး၍ သေကျေပျက်စီးသောကပ်သည် သူအဖို့တွင် သူ၏သွားကိုက်ရောဂါလောက် အရေးမကြီးပေ။ အာဖရိကတိုက်တွင် အကြိမ် ၄ဝ လှုပ်သော ငလျင်များထက် သူလည်ပင်းတွင်ပေါက်သော အနာစိမ်းအပေါ် ပို၍စိတ်ဝင်စားပေမည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သောသူနှင့် စကားပြောမည်ကြံလျှင် ထိုအကြောင်းကို သတိရပါစေ။ သင့်ကို လူကြိုက်များစေလိုလျှင် တစ်ဖက်သားစကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပေးပါ။ တစ်ဖက်သားတို့အား သူတို့၏ အကြောင်းပြောပြရန် အားပေးပါ။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များထဲမှ ပေါင်းဖွဲ့စည်းလုံးမှုနည်းပရိယာယ်အကြောင်း ရှင်းပြပါ။
စကားပြောဆိုဆက်သွယ်သူ ၂ ဦးတို့ တစ်ဦးနှင့်တစ်ဦး သဟဇာတဖြစ်မှု၊ အတူတူပူးပေါင်းလုပ်ဆောင်မှုတို့ကို ရည်ညွှန်းသော “အပေါင်းလက္ခဏာသဘော”ဆောင်သော စကားသုံးနှုန်းပုံများ တစ်ဦး၏ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ကို ထိပါးမည် စိုး၍ ငဲ့ကွက်ထောက်ထားမှုကိုပြသော “အနုတ်လက္ခဏာဆောင်သော စကားသုံးနှုန်းပုံများ”သည် စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များ ဖြစ်သည်။ ပြောသူနှင့်နာသူတို့ သဟဇာတဖြစ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတို့ကို ဖော်ညွှန်းသည့်စကားမျိုးကို “ပေါင်းဖွဲ့စည်းလုံးမှု နည်းပရိယာယ်”အဖြစ် မှတ်ယူနိုင်သည်။ လူစုလူဝေးဖြင့်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အသုံးပြုနိုင်သည်။ ထိုစကားမျိုးတွင် ပုဂ္ဂလဆိုင်ရာ အချက်အလက်များကို အသုံးပြုခြင်း၊ ငယ်နာမည်ပြောင်များကို ခေါ်ဝေါ်ပြောဆိုခြင်း၊ တစ်ခါတစ်ရံ အမျိုးသားအချင်းချင်း ဆဲသံ တိုင်းသံကလေးများထည့်ပြောခြင်း၊ အချင်းချင်းနားလည်သောဗန်းစကား၊ ဒေသိယစကားများ ထည့်ပြောခြင်းတို့ကို တွေ့ရသည်။ “ကျွန်တော်တို့” “တို့” “ကျွန်မတို့” “ကြစို့” “ကြရအောင်”စသည်ဖြင့် အတူတူစုပေါင်းလုပ်ဆောင်ရန် စည်းရုံးညှိနှိုင်းသော စကားများ အသုံးပြုလေ့ရှိပါသည်။ ပုံစံ။ “ကြွက်နီတို့၊ ဝက်မတို့ လာကြဟေ့ ၊ ဗီဒီယိုသွားကြည့်ရအောင်၊ ဒီကားက “ဖိုက်တာတွေ အများကြီးပါတယ်ကွ” သိပ် “မိုက်”တာပဲတဲ့။ ဗီဒီယိုရုံမှာပြမယ့် ကားသစ်ကိုသွားကြည့်ဖို့ “လူစု” သည့် ပေါင်းဖွဲ့စည်းလုံးမှု နည်းပရိယာယ်ကို တွေ့နိုင်သည်။ “ကြွက်နီ၊ ဝက်မ”ဆိုသော နာမည်ပြောင်များ သုံးခြင်း၊ “သွားကြည့်ရအောင်”ဟု အဖော်စပ်စည်းရုံးသည့် စကားပြောခြင်း “ဖိုက်” “မိုက်”ဆိုသော ဗန်းစကားများသုံးခြင်းတို့က ဗီဒီယိုသွားကြည့်သူများ၏ ပေါင်းဖွဲ့စည်းလုံးမှုကို ဖော်ပြနေပါသည်။ ဦးပုည၏ ဝိဇယပြဇာတ်တွင် ပြည်နှင်ခံရသော ဝိဇယမင်းသားက လက်စွဲတော်များကို ခေါ်သည့် အာလုပ်စကားတွင် “ငယ်မည် ပေတိုး၊ ဘွဲ့နေမျိုးနှင့် ငဆိုးငယ်မည်၊ ဘွဲ့ပျံချီရို့”ဟု ငယ်နာမည်များကိုညွှန်း၍ ရင်းရင်းနှီးနှီးခေါ်လိုက်ပုံမှာ “ဆိုးတူဆိုးဖက်”ဟူသော ပေါင်းဖွဲ့မှုကို ဖော်ညွှန်းနေပါသည်။ အလောင်းမင်းတရားကြီးအကြောင်း ဖော်ပြရာတွင် ဘုန်းမီးနေလတောက်ပနေသော မင်းတရားကြီး၏ ဦးကြီး၊ ဘထွေး၊ မိကြီး၊ မိထွေးများ တောမှရောက်လာပြီး နန်းတော်ပေါ်တက်လာကာ "အောင်ဇေယျ ဘယ်မှာလဲဟရို့” မေးပုံကို ဖော်ပြသည့်စကားတွင် ရင်းနှီးပေါင်းဖွဲ့မှုသဘောကို နှစ်သက်ဖွယ် ဖော်ပြနေပါသည်။ ကိုလိုနီခေတ်တွင် ဆရာကြီးသခင်ဘသောင်းက “ဘာသာပြန်ရေး”ဟူသော နိုးကြားရေးစာတမ်းတွင် “အချင်းတို့၊ အမျိုးသားတို့၊ အိုမြန်မာတို့၊ ငါတို့သည် ဤလောကစစ်ပွဲကြီးကို အဘယ်သို့တိုက်ကြမည်နည်း၊ ငါတို့သည် ငါတို့နိုင်ငံ လုံးဝလွတ်လပ်ခွင့်နှင့် နေစွမ်းအောင် ဆောင်ရွက်ကြကုန်အံ့၊ ဘာသာပြန်ရေးကို ကောင်းစွာကြိုးစား ဆောင်ရွက်ကြကုန်အံ့”ဟူ၍ “ငါတို့”ဟူသောစကားဖြင့် မိမိပါ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အဓိပ္ပာယ်ဖြင့်သုံးပုံ၊ “ဆောင်ရွက်ကြကုန်အံ့"ဟူ၍ ပူးပေါင်းလုပ်ဆောင်သည့်စကားကိုသုံး၍ စည်းရုံးပုံတို့၌ ထိုပရိယာယ်ကို ပြေပြစ်ချေငံစွာ အသုံးပြုထားကြောင်း တွေ့နိုင်သည်။ “တို့တာဝန်၊ တို့အရေး၊ တို့ခေတ်တံခါး တို့များဖွင့်မည်”စသည့် ကြွေးကြော်သံများ၊ ဆောင်ပုဒ်များတွင် အားလုံးပူးပေါင်းဆောင်ရွက်သည့် သဘောကိုပြသော “တို့”ဟူသော စကားလုံးမှာ “ပေါင်းဖွဲ့စည်းလုံးမှုနည်းပရိယာယ်”ကိုပြသော သော့ချက်စကားလုံး ဖြစ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်ထဲမှ “လေးစားလိုက်လျောမှုနည်းပရိယာယ်”အကြောင်း ရှင်းလင်းဖြေဆိုပါ။
ပြောသူက နာသူ၏အခွင့်အရေး၊ လွတ်လပ်ခွင့်တို့ကို ထိပါးမည်စိုး၍ ငဲ့ကွက်ပြောဆိုသည့် စကားမျိုးကို “လေးစားလိုက်လျောမှုနည်းပရိယာယ်”အဖြစ် မှတ်ယူနိုင်သည်။ လူစုလူဝေးဖြင့်ဖြစ်စေ၊ တစ်ဦးချင်းသီးသန့်ဖြစ်စေအသုံးပြုသည်။ ထိုစကားမျိုးတွင် ပုဂ္ဂလိကသဘောမဆောင်သော စကားမျိုး၊ ပြောသူကိုရော၊ နာသူကိုပါ သီးသန့်မရည်ညွှန်းသော စကားမျိုးတို့ အကျုံးဝင်သည်။ ပြောသူရော၊ နာသူနှင့်ပါ တိုက်ရိုက်ပတ်သက်ခြင်းမရှိသော ပုဂ္ဂလသဘောဆောင်သည့် ယေဘုယျစကားမျိုး ဖြစ်သည်။ ပုံစံ။ "ဗီဒီယိုရုံမှာ ကားသစ်ဝင်နေတယ်။ အတိုက်အခိုက်ခန်းတွေ ပါတယ်တဲ့။ ကြည့်လို့ကောင်းမှာပဲ” ပြောသူက နာသူကို ဗီဒီယိုသွားကြည့်ဖို့ တိုက်ရိုက်မတိုက်တွန်းဘဲ နာသူကြည့်မကြည့်ဟူသော လွတ်လပ်ခွင့်ကို အလေးထားသောသဘောကို ဖော်ညွှန်းသည်။ နာသူ၏ဆန္ဒကို လေးစားလိုက်လျောသည့်စကားမျိုးဖြစ်သည်။ အဝေးပြေးခရီးသွား မော်တော်ယာဉ်များ လမ်းတွင်ရပ်နားသည့်အခါ ခရီးသည်အားလုံး ဆင်းကြပါရန် ကြေညာပြီးနောက် “မိမိတို့၏ အရေးကြီးသောပစ္စည်းများကို တစ်ပါတည်းယူဆောင်သွားကြပါရန်”ဟု ပြောသောစကားသည် ခရီးသည်အားလုံး ထိုကိစ္စဆောင်ရွက်ရသည့်အတွက် အလုပ်ရှုပ်သွားရသည်ကို အားနာငဲ့ကွက်သည့်သဘောဖြင့် လိုက်လျောစွာ ပြောဆိုသောစကား ဖြစ်သည်။ ထိုနည်းပရိယာယ်အတွက် အလွန်အသုံးတွင်ကျယ်သော မြန်မာစကားတစ်ခွန်းမှာ “အားနာပါတယ်”ဆိုသော စကားဖြစ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များထဲမှ “အကြိုလမ်းခင်းစကားများ”အကြောင်းကို ရှင်းပြပါ။
ပြောသူနာသူတို့ ပြောဆိုဆက်ဆံရာတွင် မိမိကြောင့် တစ်ဖက်လူမှာ “ဝန်ပို”မသွားစေရန် တစ်ဖက်လူ၏ အခြေအနေကို မိမိအဓိကပြောမည့်ကိစ္စမပြောမီ ကြိုတင်ခန့်မှန်းသိရှိနိုင်ရန် အကြိုလမ်းခင်းစကားများဖြင့် အစပျိုးလေ့ရှိကြသည်။ တစ်ဖက်လူကို လေးစားငဲ့ကွက်သည့်သဘောကို ဖော်ညွှန်းသည့်စကားမျိုးဖြစ်သည်။ မြန်မာစကားတွင်- “အားနာပါတယ်၊ နည်းနည်းများ အချိန်ရပါသလား” “တစ်မိနစ်လောက် အချိန်ရမလား” “စကားတစ်ခွန်းလောက်ပြောပါ ရစေ” “ခဏလေးပါ” “ဆရာအလုပ်များနေလား မသိဘူး”... ဤသို့သော စကားမျိုးဖြင့် အကြိုလမ်းခင်းပြီးနောက် တစ်ဖက်လူ၏ တုံ့ပြန်ပုံအရ စကားဆက်တတ်ကြပါသည်။ သာဓက ပြပါမည်။ “မနက်ဖြန် ခင်ဗျားအားသလား” “အားပါတယ်၊ ဘာဖြစ်လို့လဲ " “မနက်ဖြန် ကျွန်တော့်ဆီ နိုင်ငံခြားသားမိတ်ဆွေတစ်ယောက်လာမယ်၊ ခင်ဗျားနဲ့ မိတ်ဆက်ပေးချင်လို့" “ကောင်းပါပြီ ကျွန်တော်လာခဲ့ပါမယ်”... ဤသာဓကတွင် “မနက်ဖြန် ခင်ဗျားအားသလား”ဟူသော အကြိုလမ်းခင်း စကားကို အကြောင်းပြုပြီး ပြောလိုသောကိစ္စ ပြီးမြောက်ပုံများကို တွေ့နိုင်ပါသည်။ ဤသို့မဟုတ်ဘဲ “မနက်ဖြန် ခင်ဗျားအားသလား" “မအားဘူးဗျာ သွားစရာရှိတယ်”... ဟူသော သာဓကတွင်မူ အကြိုလမ်းခင်းစကားမှ ပြောလိုသော အကြောင်းအရာ ဆီသို့ ဆက်ခွင့်မရတော့ဘဲ စကားလမ်းကြောင်းပြတ်သွားပုံကို တွေ့နိုင်ပါသည်။ ထို့အတူ “ဆရာ ငါးမိနစ်လောက် အချိန်ရပါသလား” “အေး ရပါတယ်၊ ဘာဖြစ်လို့လဲ” “စာကလေး နည်းနည်းမေးချင်လို့ပါ ဆရာ” "အေးအေး၊ မေးလေ" ဤသာဓကတွင် “ဆရာ ငါးမိနစ်လောက် အချိန်ရပါသလား" ဆိုသောစကားကို အကြောင်းပြု၍ တစ်နာရီလောက် စာမေးနိုင်သည့်အခြေအနေသို့ ချောချောမောမော ရောက်သွားမည့်အခြေအနေကို တွေ့နိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ "ဆရာ ငါးမိနစ်လောက် အချိန်ရပါသလား” “ဆရာ အခုပဲ အစည်းအဝေးသွားတော့မလို့” ဟူသော အခြေအနေမျိုးတွင်မူ အကြိုလမ်းခင်းစကားသည် ရှေ့သို့မဆက်နိုင်ဘဲ ရပ်တန့်သွားပုံကို တွေ့နိုင်ပါသည်။ ပြောသူနာသူတို့၏ ပြောဆိုဆက်သွယ်ရာတွင် အသုံးပြုသော နည်းပရိယာယ်များ၊ အကြိုလမ်းခင်း စကားများတွင် တစ်ဦးပါးစပ်မှထုတ်ပြောသည့် စကားထက် များစွာပိုလွန်သော အနက်အဓိပ္ပာယ်များကို တစ်ဦးက ကောက်ယူနားလည်ရပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “လိမ္မာပါးနပ်မှုလမ်းညွှန်” အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
စကားပြောဆိုရာ၌ ယဉ်ကျေးချေငံမှုရှိစေရန်အတွက် လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သင့်ပေသည်။ (က) တစ်ဖက်လူတွင် ဝန်ပိုသွားစေမည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောပါ။ (ခ) တစ်ဖက်လူကို အကျိုးရှိစေမည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန်မြင့်ပြောပါ။ ပြောသူက မိမိစကားကြောင့် နာသူဝန်ပိုမသွားအောင်၊ ဝန်လေးမသွားအောင် လိမ္မာပါးနပ်စွာပြောခြင်း၊ နာသူအကျိုးကို အလေးထားသည့်သဘော ထင်ရှားအောင် လိမ္မာပါးနပ်စွာပြောခြင်းတို့ ဖြစ်သည်။ ဤသို့ပြောရာတွင်သွ င်ပြင်လက္ခဏာတစ်ရပ်မှာ နာသူဝန်မလေးအောင် “ဖော့”သုံးသည့်စကားမျိုး ထည့်ပြောခြင်းဖြစ်သည်။ သာဓက ။ ။ “ခဏလေးစောင့်ပါ၊ ဆရာ လာပါလိမ့်မယ်” “မကြာပါဘူး။ တစ်စက္ကန့်လောက်ပါပဲ” “အကူအညီလေးတစ်ခုလောက်လိုချင်လို့ပါ” ဤသာဓကများတွင် “ခဏကလေး”၊ “တစ်စက္ကန့်လောက်”၊ “အကူအညီကလေး”... ဟူသော စကားများက နာသူဆောင်ရွက်ဖို့ ဝန်မလေးစေရန် အထောက်အကူဖြစ်ပါသည်။ အသေးအဖွဲကိစ္စကလေးများဟု အဓိပ္ပာယ်သက်ရောက်စေပါသည်။ နောက်သွင်ပြင်လက္ခဏာတစ်ရပ်မှာ နာသူကို ရွေးချယ်ခွင့်ပေးခြင်း ဖြစ်သည်။ ပြောသူက နာသူကို စားသောက်ဆိုင်မှာ ဧည့်ခံရာတွင် “ကြိုက်တာမှာပါ”ဟု ပြောပုံမျိုး၊ ပြောသူက နာသူ၏ ခရီးအတွက် စီစဉ်ရာတွင် “ကားနဲ့သွားမလား၊ ရထားနဲ့ သွားမလား၊ လေယာဉ်နဲ့သွားမလား၊ ဆရာသွားချင်တာနဲ့ သွားပါ၊ စီစဉ်ပေးပါ့မယ်” ဟု ပြောပုံမျိုးတို့ဖြစ်သည်။ ရွေးချယ်ခွင့်ရသည့်အတွက် နာသူစိတ်ပေါ့ပါးသွားအောင် ဖန်တီးပေးပါသည်။ နောက်ထပ်သွင်ပြင်လက္ခဏာတစ်ရပ်မှာ နာသူအတွက် ဝန်ပိုမှု သို့မဟုတ် အကျိုးရှိမှုအတိုင်းအတာအရ ပြောဆိုခြင်း ဖြစ်သည်။ "နာသူအကျိုးရှိသည့်ကိစ္စမျိုးပြောမည်ဆိုလျှင် တိုက်ရိုက်ပြောပါ။ နာသူဝန်ပိုမည့်ကိစ္စမျိုး ပြောမည်ဆိုလျှင် သွယ်ဝိုက်၍ ပြောပါ” ဟု ဖော်ညွှန်းထားပါသည်။ သာဓက ။ ။ “ရော့ မင်းဖို့ ဒံပေါက်ဝယ်လာတယ်၊ စား” (နာသူအကျိုးရှိမည့်ကိစ္စ တိုက်ရိုက်ပြောခြင်း) “ဈေးဘက်သွားချင်လို့ ကားကြုံလေးများ လိုက်လို့ရမလားဟင်” (နာသူဝန်ပို့မည့်ကိစ္စ သွယ်ဝိုက်ပြောခြင်း) အထက်ဖော်ပြပါတို့သည် စကားပြောရာတွင် ယဉ်ကျေးချေငံမှုဆိုင်ရာ “လိမ္မာပါးနပ်မှုလမ်းညွှန်ချက်”တို့ဖြစ်ပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “ရက်ရောမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
တစ်ဦးနှင့်တစ်ဦးစကားပြောဆိုရာ၌ ယဉ်ကျေးချေငံမှုအတွက် ရက်ရောမှုသည်လည်း အလွန်လိုအပ်ပါသည်။ (က) မိမိကို အကျိုးရှိစေမည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျော့ချပြောပါ။ (ခ) မိမိကို ဝန်ပိုစေမည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်ပြောပါ။ လိမ္မာပါးနပ်မှုလမ်းညွှန်နှင့် အပြန်အလှန်သဘောဖြစ်သည်။ လိမ္မာပါးနပ်မှုလမ်းညွှန်က တစ်ဖက်လူကို အခြေပြုသည်။ ရက်ရောမှုလမ်းညွှန်က မိမိကိုယ်ကို အခြေပြုသည်။ မိမိအကျိုးလျော့ပါးချင် လျော့ပါးပါစေ။ မိမိအတွက် ဝန်ပိုချင်ပိုပါစေ။ တစ်ဖက်လူအတွက် မိမိဆောင်ရွက်ပေးပါမည်ဟူ၍ မိမိ၏ရက်ရောမှုကို ဖော်ပြသောစကားမျိုးဖြစ်သည်။ သာဓက။ ။ “ငါ ပိုက်ဆံကုန်တာ ကိစ္စမရှိပါဘူး။ အားမနာပါနဲ့။ မင်းရောဂါသက်သာဖို့က အရေးကြီးတယ်” (အိမ်ရှင်က ဧည့်သည်နေမကောင်း၍ ဆေးခန်းသို့လိုက်ပို့ရင်း ပြောသောစကား) “နင် အေးအေးဆေးဆေးနားပါ။ ပန်းကန်တွေ ငါဆေးလိုက်ပါ့မယ်” (သူငယ်ချင်းအချင်းချင်းပြောသောစကား) စကားပြောရာတွင် ယဉ်ကျေးချေင်မှုအတွက် ရက်ရောမှုလမ်းညွှန်မှုသည်လည်း အလွန်အရေးပါလှပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှ (၆)ရပ်ထဲမှ "အသိအမှတ်ပြုမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာ၌ ယဉ်ကျေးချေငံမှု ရှိရန် အသိအမှတ်ပြုမှုအကြောင်း သိထားသင့်ပါသည်။ (က) တစ်ဖက်လူ၏ အားနည်းချက်ပျော့ကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန် လျော့ချပြောဆိုပါ။ (ခ) တစ်ဖက်လူ၏ အားသာချက်ကောင်းကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး များနိုင်သမျှများအောင်အစွမ်းကုန် မြှင့်ပြောပါ။ လူမှုဆက်ဆံရေးတွင် အလွန်အရေးပါသော လမ်းညွှန်ဖြစ်သည်။ အားနည်းချက်များ၊ ပျော့ကွက်များကို ဖော်ထုတ် ပြောဆိုလျှင် အပြောခံရသူက မည်သို့မျှသဘောကျမည်မဟုတ်။ ထို့ကြောင့် တစ်ဖက်လူတွင် အားနည်းချက် ရှိသည့်တိုင်အောင် လျော့လျော့ပေါ့ပေါ့ပြောခြင်းဖြင့် ယဉ်ကျေးချေငံသည့်စကားမျိုး သုံးနှုန်းပြောဆိုရန် ဖြစ်ပါသည်။ သာဓက။ ။ "ရွှေ ရွှေက သိပ်စိတ်ကောင်းရှိတာပဲနော်။" “ဪ + အင်း" (တစ်ယောက်က ချီးမွမ်းသည်ကို သဘောမတူသော်လည်း လိုက်ပြီးမချီးမွမ်းချင်သည့်အတွက် “ဪ အင်း" ဟု အသံပြုလိုက်ခြင်းဖြစ်သည်။ ဘာမျှလိုက်မပြောဘဲ ငြိမ်နေခြင်းဖြင့်လည်း မချီးမွမ်းလိုသည့် သဘောထားကို ဖော်ပြလေ့ရှိသည်။) “မမက သိပ်ဟင်းချက်ကောင်းတာပဲနော်၊ အရသာရှိလိုက်တာ" (တစ်ဖက်လူ၏ ကောင်းကွက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်အသိအမှတ်ပြုခြင်း ဖြစ်သည်။) စကားပြောယဉ်ကျေးချေငံမှုအတွက် အသိအမှတ်ပြုမှုလမ်းညွှန်ချက်သည်လည်း အလွန်အရေးပါလှပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “မိမိကိုယ်ကို နှိမ့်ချမှုလမ်းညွှန်”ကို ရှင်းလင်းဖြေဆိုပါ။
စကားပြောဆိုကြရာ၌ ယဉ်ကျေးချေငံမှု ရှိရန် “မိမိကိုယ်ကို နှိမ့်ချမှုရှိရန်” လည်း အရေးပါလှပါသည်။ (က) မိမိ၏အားသာချက် ကောင်းကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောပါ။ (ခ) မိမိ၏အားနည်းချက် ပျော့ကွက်ကို ဖော်ထုတ်သည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန် မြှင့်တင်ပြောဆိုပါ။ အသိအမှတ်ပြုမှုလမ်းညွှန်နှင့် အပြန်အလှန်သဘောဖြစ်သည်။ အသိအမှတ်ပြုမှုလမ်းညွှန်က တစ်ဖက်လူကို အခြေပြုသည်။ မိမိကိုယ်ကို နှိမ့်ချမှုလမ်းညွှန်က မိမိကိုယ်ကို အခြေပြုသည်။ မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မိမိကိုယ်ကို နှိမ့်ချပြောဆိုသည့် နိဝါတတရားကို ဖော်ညွှန်းသောလမ်းညွှန်ဖြစ်သည်။ မိမိကိုယ်ကို အမွှမ်းတင်ပြောဆိုခြင်း၊ ကိုယ်ရည်သွေးခြင်းမပြုဘဲ မိမိ၏အားနည်းချက်ပျော့ကွက်ကိုသာ ဖော်ထုတ်ဝန်ခံခြင်းဖြင့် ယဉ်ကျေးချေငံသည့်စကားမျိုး သုံးနှုန်းပြောဆိုရန် ဖြစ်သည်။ သာဓက။ ။ “ကျွန်တော် မှားတာပါ။ ဒါ ကျွန်တော်အပြစ်ပါ။” (မိမိအားနည်းချက်ကို အထင်အရှားဖော်ထုတ်ဝန်ခံခြင်း) “ဒီလက်ဆောင်လေးက ဘာမှမဖြစ်လောက်ပါဘူး။ တန်ဖိုးလည်း မရှိပါဘူး။ ကြုံလို့ အမှတ်တရအဖြစ်တော့ ပေးပါရစေ” (တန်ဖိုးကြီး …..လက်ဆောင်ဖြစ်စေကာမူ ဘာမှမဖြစ်လောက်သော ပစ္စည်းအဖြစ်နှိမ့်ချလျက်ပြောခြင်း) “ဒီဘာသာရပ်အကြောင်း ကျွန်တော်မသိပါဘူး။ ခုသိချင်လို့ မေးခွန်းကလေး မေးပါရစေ” (စာတမ်းဖတ်ပွဲတွင် ဘာသာရပ်ကျွမ်းကျင်သော ပညာရှင်တစ်ဦးက မိမိကိုယ်ကို နှိမ့်ချဆွေးနွေးပုံ) ယဉ်ကျေးချေငံသည့် စကားမျိုးပြောဆိုနိုင်ရန် မိမိကိုယ်ကို နှိမ့်ချပြောဆိုခြင်းသည်လည်း အလွန်အရေးပါလှပါသည်။
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “သဘောတူညီမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရာ၌ ယဉ်ကျေးချင်သည့်စကားမျိုးဖြစ်ရန် သဘောတူညီမှုလမ်းညွှန်ချက်သည်လည်း အရေးပါလှပါသည်။ (က) မိမိနှင့်တစ်ဖက်လူတို့ သဘောတူညီမှုမရှိသည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန်လျှော့ချပြောပါ။ (ခ) မိမိနှင့်တစ်ဖက်လူတို့ သဘောတူညီမှုရှိသည့်အဖြစ်မျိုး များနိုင်သမျှများအောင် အစွမ်းကုန်မြှင့်ပြောပါ။ ပြောသူနှင့်နာသူတို့ သဘောထားချင်းတူသောအဖြစ်ကို ချဲ့ချဲ့ထွင်ထွင်ပြောဆိုခြင်း၊ သဘောထားခြင်း မတူသောအဖြစ်ကို အားပျော့သွားအောင် ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ပြေရာပြေကြောင်းပြောခြင်း၊ အတန်အသင့်လိုက်လျောခြင်းတို့ဖြင့် ယဉ်ကျေးချေငံမှုကို ထိန်းသိမ်းနိုင်ပါသည်။ သာဓက။ ။ “ဒီရုပ်ရှင်က သိပ်ကောင်းတာပဲနော်” “မကောင်းပါဘူးဗျာ။ လုံးဝ လုံးဝပဲ” (ပြောသူနှင့်နာသူတို့ သဘောထားကွဲပြားမှုကို ဤသို့ပြောင်ပြောင်တင်းတင်းပြောလျှင် ရိုင်းရာကျပါသည်။) “ဒီရုပ်ရှင်က သိပ်ကောင်းတာပဲနော်” “အင်း. ကောင်းပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်မှုတွေက တမင်လုပ်ထားသလိုပဲဗျာ” (ပြောသူက သိပ်ကောင်းတယ်ဟုပြောသည်ကို နာသူက အပြည့်အဝ သဘောမတူဘဲ သူအမြင်ကို ဖော်ထုတ်ပြောဆိုခြင်းဖြစ်သည်။ “အင်း ကောင်းပါတယ်”ဟု အတန်အသင့် လိုက်လျောပုံကို တွေ့ရသည်။ “စက်ရုံမှူးအသစ်က လုပ်တာကိုင်တာ တော်တော်သွက်တယ်နော်။ တော်တော် တော်တဲ့ပုဂ္ဂိုလ်ပဲ” “အင်း တော်ပါတယ်။ ပြောရတာတော့ အားနာပါရဲ့။ သွက်ပေမဲ့ အလုပ်လုပ်ရင် ပျာယာခတ်တယ်လို့ မထင်ဘူးလား” (ပြောသူနှင့် သဘောထားကွဲပြားသော်လည်း နာသူက အပြတ်မငြင်းဘဲ မိမိသဘောထားကို တစ်ဖက်ကဖော်ပြပုံ ဖြစ်သည်။) ယဉ်ကျေးချေငံမှု ရှိရန် စကားပြောဆိုရာ၌ သဘောတူညီမှုလမ်းညွှန်သည်လည်း လိုအပ်ကြောင်း တွေ့ရပါသည်
LONG_QNA
null
null
null
အပြောသင်ခန်းဆိုင်ရာလေ့ကျင့်ခန်းများ
ယဉ်ကျေးချေငံမှု လမ်းညွှန် (၆)ရပ်ထဲမှ “စာနာမှုလမ်းညွှန်”အကြောင်းကို ရှင်းလင်းဖြေဆိုပါ။
တစ်ဦးနှင့်တစ်ဦး စကားပြောဆိုဆက်ဆံကြရာ၌ ယဉ်ကျေးချေငံမှုရှိရန် စာနာမှုလမ်းညွှန်ကိုလည်းသိနားလည်ရန် လိုအပ်ပါသည်။ (က) မိမိနှင့်တစ်ဖက်လူတို့အကြားတွင် မလိုလားမှပွားများစေနိုင်သည့်အဖြစ်မျိုး နည်းနိုင်သမျှနည်းအောင် အစွမ်းကုန် လျှော့ချပြောဆိုပါ။ (ခ) မိမိနှင့်တစ်ဖက်လူတို့အကြားတွင် စာနာနားလည်မူပွားများစေနိုင်သည့်အဖြစ်မျိုး များနိုင်သမျှများအောင်အစွမ်းကုန် မြှင့်ပြောပါ။ ပုဂ္ဂိုလ်တစ်ဦး ဘွဲ့တံဆိပ်ချီးမြှင့်ခံရသည့်အတွက် ဝမ်းမြောက်ကြောင်းဖော်ပြချက်၊ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သည့် အတွက် ဝမ်းနည်းကြောင်းဖော်ပြချက်တို့သည် စာနာမှုလမ်းညွှန်နှင့် ညီညွတ်သော ယဉ်ကျေးချေငံမှုများပင်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မလိုလားသူချင်းဖြစ်စေကာမူ တစ်ဦး၏ဆုံးရှုံးမှုသတင်းတစ်ခုအကြောင်း ကြားရသည့်အခါမျိုးတွင် “ခင်ဗျားအကြောင်းကြားရတာ စိတ်မကောင်းပါဘူးဗျာ”ဟူသော စကားမျိုးဖြင့်စာနာမှုကို ဖော်ထုတ်လေ့ရှိကြပါသည်။ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံကြရာတွင် ယဉ်ကျေးချေငံမှုရှိရန် တစ်ဦးက တစ်ဦးအကျိုးလိုလားပြီး စာနာ နားလည်မှုပွားများရန် အရေးကြီးကြောင်း ထင်ရှားလှပါသည်။
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ညောင်ရမ်းသမီးကြီး၏ စိတ်နေသဘောထားကို ဖော်ထုတ်တင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးခဲ့သော အလှူမှတ်တမ်းတင် ကျောက်စာစကားပြေဖြစ်သည်။ အလှူပြုချိန်ကား သက္ကရာဇ် ၆ဝ၄ ခု၊ ပိသျှက်နှစ် ပြာသိုလဆန်း ၃ ရက် တနင်္ဂနွေနေ့ဖြစ်သည်။ အလှူရှင်ကား နရပတိစည်သူမင်း၏ သားတော်ကင်္ကသူ၏ဇနီး၊ ညောင်ရမ်းကြီး၏သမီးဖြစ်သည်။ အလှူပြုရခြင်း၏ ရည်ရွယ်ချက်ကား မိမိ၏ခင်ပွန်း ကင်္ကသူ ပျံလွန်တော်မူခဲ့သဖြင့် အတည်မဲ့သောတရား၊ မမြဲသော အနိစ္စတရားကိုသိ၍ ထိတ်လန့်သံဝေဂရကာ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးကို ရည်ရွယ်၍ အလှူပြုရခြင်းဖြစ်ပေသည်။ ဤအလှူမှတ်တမ်းတင်စကားပြေမှ ညောင်ရမ်းကြီးသမီး၏ စိတ်နေသဘောထားကို လေ့လာနိုင်ပါသည်။ ညောင်ရမ်းကြီးသမီးသည် ခင်ပွန်းသည် ပျံလွန်တော်မူသည့်အခါ သေခြင်းတရားကို ဆင်ခြင်မိသည်။ ဘယ်အရာမှ မမြဲပါလားဟူသော အနိစ္စတရားကို သဘောပေါက်မိသည်။ သို့အတွက် မိမိပိုင်ပစ္စည်းဥစ္စာများ၊ သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာ၊ အတွင်းပစ္စည်း၊ အပပစ္စည်းတို့ကို တပ်မက်ခြင်းကင်းစွာ စွန့်ကြဲပေးကမ်းလှူဒါန်းကာ ကြီးမြတ်သောအလှူဒါနကို ခင်ပွန်းသည်အတွက် ကောင်းမှုကုသိုလ်ပြုလုပ်ပေးပါသည်။ မိမိပြုသော ကုသိုလ်ကောင်းမှ အကျိုးကို ခင်ပွန်းသည်ရရှိစေရန် အမျှပေးဝေထားပါသည်။ ကောင်းမှုကုသိုလ် အလှူပြုလုပ်ကာ အမျှပေးဝေမှ ကွယ်လွန်သွားသူအတွက် ကောင်းကျိုးချမ်းသာရရှိနိုင်မည်ဖြစ်ကြောင်း၊ ကံ၊ ကံ၏အကျိုးကို ယုံ ကြည်သူ၊ ဘာသာတရားလေးစားသူ ဗုဒ္ဓဘာသာဝင်၏ ခံယူချက် ယုံကြည်ချက်ရှိသူတစ်ဦးအဖြစ် စိတ်နေသဘောထားကို လေ့လာတွေ့ရှိရပါသည်။ ညောင်ရမ်းကြီးသမီးသည် မိမိခင်ပွန်းသည်ကို လေးစားမြတ်နိုးသူဖြစ်ကြောင်း “မိမိအသက်နှင့်တူသော၊ မျက်စေ့မျက်ဆန်နှင့်တူသော၊ မိမိချစ်စွာသောလင်”…. ဟူ၍ ကျောက်စာတွင် ရေးထိုးဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ လူဟူသည်မှာ မိမိအသက်ကို မြတ်နိုးကြသည်။ မိမိမြတ်နိုးသော မိမိ၏ အသက်နှင့် ထပ်တူညီစွာ ခင်ပွန်းသည်ကို ချစ်မြတ်နိုးသဖြင့် “မိမိ၏အသက်နှင့်တူသော”ဟူ၍ ပြောပြထားသည်။ လူ့ခန္ဓာကိုယ်တွင် မျက်စေ့မျက်ဆန်သည်လည်း အသက်နှင့်ညီစွာ တန်ဖိုးရှိလှပါသည်။ မျက်စေ့မမြင်က ဘဝဆုံးရသည်နှင့် တူလှပါသည်။ သို့ဖြစ်၍ တန်ဖိုးရှိလှသော မျက်စေ့မျက်ဆန်နှင့်တူသောဟူ၍ မိမိ၏တန်ဖိုးထားမှု.. မြတ်နိုးမှုကို ဖော်ပြထားပေသည်။ “မိမိချစ်စွာသော လင်”ဟူ၍ ခင်ပွန်းသည်အပေါ် ချစ်ကြင်နာကြောင်း မိမိ၏ မေတ္တာကိုဖော်ပြထားခြင်းဖြင့် ခင်ပွန်းသည်ကို လေးစားမြတ်နိုးတန်ဖိုးထား ချစ်ခင်သော ညောင်ရမ်းကြီးသမီး၏ စိတ်နေသဘောထားကို သိနိုင်ပေသည်။ ခင်ပွန်းသည်၏သေခြင်းတရားကို ကိုယ်တိုင်ကြုံတွေ့လိုက်ရသဖြင့် သေခြင်းတရား၏ထိတ်လန့်ဖွယ်ကို သိရှိသွားပေသည်။ သေခြင်းတရားကို ထိတ်လန့်မှ သံဝေဂဖြစ်မည်။ သံဝေဂဖြစ်မှ အနိစ္စတရားကိုမြင်မည်။ အနိစ္စတရားမြင်မှ ပစ္စည်းဥစ္စာတို့အပေါ် စွဲလန်းတပ်မက်မှုကို ဖယ်ရှားနိုင်မည်။ ဤသဘောတရားတို့ကို သိမြင်သွားသဖြင့် မိမိပိုင်ဆိုင်မှုတို့အပေါ် တပ်မက်မှုကင်းစွာ စွန့်ကြဲလှူဒါန်းမှု အလှူကြီးကိုပြုလုပ်လိုက်ခြင်း ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ခံယူချက် မှန်ကန်စွာထားနိုင်သည့် စိတ်နေသဘောထားကိုလည်း တွေ့မြင်ရပါသည်။ အလှူပြုရာတွင် ရည်ရွယ်ချက်မှန်ကန်မှုသည်လည်း အလွန်အရေးကြီးပါသည်။ ပကာသနအလှူထက် ရည်ရွယ်ချက် မှန်ကန်သည့်အလှူဖြစ်မှသာ အကျိုးပေးထက်သန်ပေသည်။ ညောင်ရမ်းကြီးသမီးအလှူသည် မိမိပိုင်ဆိုင်သည့် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ ရတနာသုံးပါးတည်းဟူသော ဘုရား၊ တရား၊ သံဃာတို့အတွက် အကျိုးများစေရန်ရည်ရွယ်၍ လှူဒါန်းထားကြောင်း တွေ့ရပြီး မိမိ၏မွန်မြတ်သောဆန္ဒကိုလည်း “သာသနာ အထောက်အပင့်ဖြစ်ချင်ရကား”ဟူ၍ ဖော်ပြထားခြင်းဖြင့် မှန်ကန်သော ရည်ရွယ်ချက်ဖြင့် သာသနာအတွက် အကျိုးများစေရန် အထောက်အပံ့ကောင်းဖြင့် လှူဒါန်းသော ညောင်ရမ်းကြီးသမီး၏ မြင့်မြတ်သောစိတ်ထားကိုလည်း လေးစားမိပါသည်။ ညောင်ရမ်းကြီးသမီး လှူဒါန်းထားသော ပစ္စည်းဥစ္စာများကိုကြည့်လျှင် အတွင်းပစ္စည်းများဖြစ်သော “ပတ္တမြားစသော ရွဲမြတ်ကိုးပါး၊ ရွှေငွေကြေးနီ၊ ကြေးဖြူ၊ သံ၊ သလွဲ၊ ခုံလောက်နှင့် အပပစ္စည်းဖြစ်သော လှေ၊ ဆင်၊ နွား၊ ကျွဲ၊ ဆိတ်၊ ဆင်စွယ်စသော သတ္တဝါ၊ ကျွန်ရွာ၊ မဟာဒါန်လယ်၊ ဥယျာဉ်”တို့ကို “တပ်ရာမဲ့စွန့်ကြဲသောမူ၍” ဟု တပ်မက်ခြင်းကင်းစွာ စွန့်လွှတ်လှူဒါန်းကြောင်း တွေ့ရသဖြင့် သဒ္ဓါတရားထက်သန်သော စိတ်ထားရှိသူအဖြစ်တွေ့နိုင်ပါသည်။ ပုဂံခေတ်က မင်းမိဖုရားတို့သည် ကျွန်တို့ကိုပိုင်ဆိုင်ကာ စိတ်ကြိုက်ခိုင်းစေကြသည်။ ကျွန်ဘဝလွတ်မြောက်ရေးအတွက် ဘုရားအား လှူဒါန်းခြင်းဖြင့် ဘုရားကျွန်အဖြစ်ရောက်ရှိကာ ကုသိုလ်ကောင်းမှုတို့ပြုနိုင်ကြပေသည်။ ဤသည်ကိုရည်ရွယ်၍ ကျွန်ဘဝလွတ်မြောက်ရန် ကျွန်ရွာများကိုလည်း သာသနာသုံးရပ်အတွက် လှူဒါန်းထားခြင်းဖြစ်ပေသည်။ ကျွန်ဘဝလွတ်မြောက်ရေးအတွက် ကယ်တင်သူအဖြစ် စိတ်ထားမြင့်မြတ်ပုံကိုလည်း လေးစားမိစေပါသည်။ ညောင်ရမ်းကြီးသမီးသည် “အမိမျိုး၊ အဖမျိုး ၇ ဆက်။ ကဲ့ရဲ့ရာမရှိ မြတ်စွာသောအမျိုးတည်း”ဟု မိမိကိုယ်ကို ဂုဏ်ယူစွာ ဖော်ပြထားပေသည်။ အမျိုးမြင့်မြတ်ခြင်းသည်လည်း လူတစ်ယောက်၏ ဂုဏ်အရည်အချင်းတစ်ရပ်ဖြစ်ပါသည်။ မြင့်မြတ်သော အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းသည်လည်းအရည်အချင်းကောင်းတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ ညောင်ရမ်းကြီး သမီးသည် မိမိ၏အမျိုးမြတ်ခြင်း၊ ကဲ့ရဲ့မရှိသော အမျိုးဂုဏ်ရှိသော အမျိုးမြတ်၊ စိတ်ထားမြတ်သူတစ်ဦးအဖြစ် လေ့လာတွေ့ရှိ ရပါသည်။ ကျောင်းအလှူပြုခြင်းသည် … အားလုံးသောအလှူပြုခြင်းဖြစ်သဖြင့် သာနာ၏ကြီးစွာသောအထောက်အပံ့ကောင်းကို ထောက်ပံ ့နိုင်သူ အမျိုးသမီးအဖြစ် လေးစားမိစေပါသည်။ “တောကျောင်း၊ အိမ်ကျောင်း၊ ငါးမျက်နှာကျောင်း” “၃ ပါးသော အရပ်ကို အဖို့အဖို့ခွဲဝေသောမူလတ်၍”ဟူ၍ မိမိပိုင်ပစ္စည်း ဥစ္စာတို့မှရရှိသော ငွေကြေးတို့ကို ကျောင်း ၃ ကျောင်းအတွက် တစ်ကျောင်းစီ ခွဲဝေလှူဒါန်းခြင်းဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သော စိတ်နေသဘာထားကိုလည်း တွေ့နိုင်ပါသည်။ အချုပ်ဆိုရသော် ညောင်ရမ်းကြီးသမီးသည် မိမိခင်ပွန်းသည်ကို ချစ်မြတ်နိုးသော စိတ်နေသဘောထား၊ အလှူပစ္စည်းအပေါ် ထားရှိသော စိတ်နေသဘောထား၊ အလှူပြုရခြင်း၏ ရည်ရွယ်ချက်နှင့် ဆန္ဒာထား၊ ဘာသာရေးခံယူချက်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို လေးစားမြတ်နိုးသူ စိတ်ထားမြင့်မြတ်သူအဖြစ် လေ့လာတွေ့ရှိရပါသည်။
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ညောင်ရမ်းကြီးသမီးစကားပြေတွင် အကြောင်းအရာကို မည်သို့စီစဉ်တင်ပြထားသနည်း။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းအလှူမှတ်တမ်းတင် ကျောက်စာစကားပြေဖြစ်ပါသည်။ ပုဂံခေတ်၌ မင်း၊ မိဖုရားတို့သည် မိမိတို့အလှူပြုကြရာတွင် နှစ်ကာလရှည်ကြာတည်တံ့အောင် ကျောက်စာဖြင့် မှတ်တမ်းတင်လေ့ရှိကြပါသည်။ အလှူမှတ်တမ်းတင်ရာတွင် “အလှူပြုချိန်၊ အလှူရှင်အမည်၊ အလှူပြုရခြင်း ရည်ရွယ်ချက်၊ အလှူခံပုဂ္ဂိုလ်၊ အလှူပစ္စည်း၊ အမျှဝေ၊ ဆုတောင်း၊ ကျိန်စာ”စသည့်အချက်တို့ကို ဖော်ပြလေ့ရှိပါသည်။ အချို့မှာ မိမိအလှူကို မဖျက်ဆီးနိုင်အောင် ကျိန်စာရေးထိုးကာ အကာအကွယ်ပြုကြသကဲ့သို့ အချို့မှာ ကျိန်စာမပါသည်လည်း ရှိကြပါသည်။ ညောင်ရမ်းကြီးသမီးကျောက်စာစကားပြေမှာ အလှူမှတ်တမ်းတင်အင်္ဂါရပ်တို့နှင့် ပြည့်စုံစွာ အကြောင်းအရာကို စီစဉ်တင်ပြထားပါသည်။ ပထမဦးစွာ အလှူပြုချိန်ကို အကြောင်းပြချက်ဖြင့် မှတ်တမ်းတင်ထားပါသည်။ အလှူမှတ်တမ်းတင်ဖြစ်သဖြင့် နိဒါန်းအစ၌ “နမောဗုဒ္ဓဿ”ဖြင့် စတင်သကဲ့သို့ ဤကျောက်စာတွင် “သိပ္ပံ” “ပြီးစီးပြီးမြောက်ပါစေသတည်း”ဟူသော မင်္ဂလာအဖွင့်စကား၊ ဆုတောင်းစကားဖြင့် နိဒါန်းဖွင့်ထားပါသည်။ ထို့နောက် “သက္ကရာဇ် ၆ဝ၄ ခု၊ ပိသျှက်နှစ် နတ္တော်လဆုတ် ၁၄ ရက်နေ့၊ ကြာသပတေးနေ့ လသေသတင်း အတို့သခင် ကင်္ကာသူပျံတော်မူပြီး ပြာသိုလဆန်း ၃ ရက် တနင်္ဂနွေနေ့” ဟူ၍ အလှူပြုချိန်ကို ဖော်ပြထားရာ ခင်ပွန်းသည် ကွယ်လွန်ပြီးအချိန်ကိုလည်း ဖော်ပြပြီး ခင်ပွန်းသည်ကွယ်လွန်သောကြောင့် အလှူပြုရသောအကြောင်းပြချက်ကိုပါ မှတ်တမ်းပြုကာ ပြာသိုလဆန်း ၃ ရက် တနင်္ဂနွေနေ့၌ အလှူပြုကြောင်း၊ အလှူပြုရခြင်း အကြောင်းပြချက်နှင့် ခင်ပွန်းသည်ကွယ်လွန်သည့် နေ့ရက် လတို့ကိုပါ တစ်ပါတည်း ထည့်သွင်းဖော်ပြထားခြင်းဖြင့် စိတ်ဝင်စားဖွယ် ကောင်းအောင် စီစဉ်တင်ပြထားပါသည်။ အလှူရှင်အမည်ကိုမဖော်ပြဘဲ “သခင် ကင်္ကသူမယား”ဟူ၍သာ ဖော်ပြထားရာ ခင်ပွန်းသည်ကို ဦးစားပေးအစီအစဉ်ဖြင့် ဖော်ပြထားကြောင်း တွေ့ရပါသည်။ မိမိ၏အမည်ကို မဖော်ပြထားသော်လည်း မိမိ၏အမျိုးဂုဏ်ကို “အမိမျိုး အဖမျိုးရဆက် ကဲ့ရဲ့ရာမရှိ မြတ်စွာသောအမျိုးတည်း”ဟူ၍ ဂုဏ်ယူစွာဖော်ပြထားခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို အလေးထားမှုအစီအစဉ်ဖြင့် ဖော်ပြထားပါသည်။ “မိမိအသက်နှင့်တူသော မျက်စေ့မျက်ဆန်နှင့် တူသော ချစ်စွာသောလင်” ဟူ၍ “အတို့သခင် ကက်သူပျံတော်မူခဲ့ရကား၊ အတည်မရှိသောတရားကိုသိ၍ ထိတ်လန့်၍”ဟူသော ခံစားချက်အကြောင်းပြချက်ဖြင့် အလှူပြုရခြင်း၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားဖွယ် စီစဉ်ဖော်ပြထားပေသည်။ အလှူပြုကြရာတွင် ရည်ရွယ်ချက်မျိုးစုံ ရှိခဲ့ကြရာ ညောင်ရမ်းကြီးသမီးမှာ မိမိအလွန်ချစ်ရသော ခင်ပွန်းသည် ပျံလွန်တော်မူ၍ မမြဲသောတရားကိုသိကာ ထိတ်လန့်သွား၍ အလှူပြုလုပ်ရခြင်းဖြစ်ကြောင်း ရိုးစင်းစွာ ဖော်ပြခြင်းဖြင့် အကြောင်းအရာကို စီစဉ်တင်ပြထားပါသည်။ မိမိ၏အလှူကို ဘုရား တရား သံဃာ ရတနာ ၃ ပါးကို ရည်ရွယ်၍ အရပ် ၃ ပါးဖြစ်သော တောကျောင်း၊ အိမ်ကျောင်း၊ ငါးမျက်နှာကျောင်းတို့ကို ပြုလုပ်ကြောင်း အလှူအစီအစဉ်ကိုလည်း စီစဉ်ဖော်ပြထားပါသည်။ ကျောင်း ၃ ကျောင်းကို ပြုလုပ်လှူဒါန်းလိုက်သဖြင့် မိမိ၏စိတ်ခံစားချက်ကိုလည်း “ဤလူ၌ အတိုင်းမသိ သဒ္ဓါစွာသော ကြည်ညိုစွာသော နှလုံးဖြစ်လတ်၍”ဟူသော သဒ္ဓါစိတ် ကြည်ညိုစိတ်တို့ ဖြစ်ပေါ်လာပုံကိုလည်း ဖော်ပြခြင်းဖြင့် ရည်ရွယ်ချက်ကို ထင်ရှားပေါ်လွင်လာအောင် စီစဉ်ဖော်ပြထားပါသည်။ မိမိ၏အလှူသည် သာသနာတော်အတွက် အထောက်အပံ့ကောင်းဖြစ်စေချင်သော အလှူရှင်၏ဆန္ဒကို “သာသနာ အထောက်အပင့်ဖြစ်ချ“ကား”ဟု ဖော်ပြကာ မြင့်မြတ်သော စိတ်နေသဘောထားကိုလည်း ပေါ်လွင်အောင် စီစဉ်တင်ပြထားပါသည်။ မိမိ၏အလှူကောင်းမှု၏အကျိုးကို “ကောင်းမှုအကျိုးကားပျံခဲ့သော ငါ့သခင် ၁ ယောက်၊ ငါ့မိခင် တစ်ယောက်၊ ငါ့ခမည်း ၁ ယောက် ဤသူ ၃ ယောက် ရစေသတည်း”ဟူ၍ ရိုးရှင်းစွာ စီစဉ်တင်ပြထားပါသည်။ မိမိလှူဒါန်းသော အလှူပစ္စည်းများကို ဖော်ပြရာ၌ အတွင်းပစ္စည်း၊ အပပစ္စည်းဟူ၍ သက်မဲ့၊ သက်ရှိခွဲခြားကာ “အတွင်းသောဥစ္စာ ပတ္တမြားစသော ရွဲမြတ် ၉ ပါး၊ ရွှေငွေကြေးနီ၊ ကြေးဖြူ၊ သံ၊ သလွဲခုံလောက်၊ အပသောဥစ္စာကား လှေ ဆင် နွား ကျွဲ ဆိတ် ဆင်စွယ်စသော သတ္တဝါ၊ ကျွန်ရွာ၊ မဟာဒါန်လယ်၊ ဥယျာဉ်”... ဟူ၍ ဖော်ပြထားကာ အလှူပစ္စည်းမျိုးစုံကို ဖော်ပြခြင်းဖြင့် အလှူရှင်၏ သဒ္ဓါတရားပေါ်လွင်အောင် စီစဉ်တင်ပြထားပါသည်။ ဤပစ္စည်းဥစ္စာတို့ကို လှူဒါန်းရာ၌ မိမိပစ္စည်းအပေါ် တပ်မက်စွဲလန်းမှု ငြိတွယ်မှုကင်းမဲ့စွာဖြင့် လှူဒါန်းကြောင်း အလှူရှင်၏ စိတ်နေစိတ်ထားကိုလည်း ပေါ်လွင်စေသည့် အကြောင်းအရာဖြင့် စီစဉ်တင်ပြထားပါသည်။ ဤပစ္စည်းတို့မှ ရလာသော ငွေကြေးတို့ကို ကျောင်း ၃ ကျောင်းအတွက် ခွဲဝေလှူဒါန်းကြောင်း “၃ ပါးသောအရပ်ကို ဖို့အဖို့ခွဲဝေသော မူလတ်၍”ဟူ၍ အလှူငွေခွဲဝေသုံးစွဲမှုကိုလည်း ပေါ်လွင်အောင် စီစဉ်တင်ပြထားပါသည်။ အလှူပြီးမြောက်လျှင် “မြေကြီးအသန္တရေလျှင် သက်သေမူလတ်၍ အလှူရေသွန်း၏”ဟု မြေကြီးပေါ်သို့ ရေသွန်းလောင်းကာ မြေစောင့်နတ်အား သက်သေထား၍ ရေသွန်းကြောင်း ဖော်ပြထားခြင်းဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အလှူပြီးမြောက်ကြောင်း အစီအစဉ်ကို ပေါ်လွင်အောင် စီစဉ်တင်ပြထားပါသည်။ ညောင်ရမ်းကြီးသမီး၏ အလှူမှတ်တမ်းတင်အကြောင်းကို စီစဉ်တင်ပြရာ၌ အလှူရှင်၏စိတ်ခံစားချက် တို့နှင့်အတူ အလှူပြုလုပ်ခြင်းအကြောင်းအရာတို့ကို ဆက်စပ်ကာ ယှဉ်တွဲဖော်ပြထားခြင်းသည် ဤကျောက်စာ၏ စီစဉ်တင်ပြပုံကောင်းခြင်း လက္ခဏာတစ်ရပ်ဟု ဆိုချင်ပါသည်။
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ယခုခေတ်စကားလုံးများနှင့်မတူသော ပုဂံခေတ်စကားလုံးများကို လေ့လာတင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းတွင် ရေးထိုးထားသော အလှူမှတ်တမ်းတင်ကျောက်စာ စကားပြေဖြစ်ပါသည်။ ပုဂံခေတ်နှောင်းပိုင်းစကားပြေ ဖြစ်သောကြောင့် ပုဂံခေတ်ဦးစကားပြေအရေးအဖွဲ့ထက် ပြေပြစ်ကြောင်း တွေ့ရပါသည်။ စကားအသုံးအနှုန်းအချို့မှာ ပုဂံခေတ်သုံး စကားလုံးများဖြစ်ကြောင်း၊ ယနေ့ခေတ်သုံး စကားလုံးတို့နှင့် မတူသောစကားလုံးအချို့ကို တွေ့ရပါသည်။ ပုဂံခေတ်သုံးစကားလုံးတို့ကို လေ့လာခြင်းဖြင့် ပုဂံခေတ်ကို လှမ်းမြော်ကြည့်ရှုခွင့် ရစေပါသည်။ ညောင်ရမ်းကြီးသမီးသည် မိမိ၏ခင်ပွန်းသည်ကို “အတို့သခင် ကင်္ကာသူ”ဟူ၍ သုံးထားသည့်အသုံးအနှုန်းမှာ မျက်မှောက်ခေတ် အသုံးအရ “မိမိ၏အရှင်သခင်၊ ပိုင်ရှင်”ဟု အဓိပ္ပာယ်ရသည်။ ပုဂံခေတ်က “စွာ”နှင့် “သော” ကိုတွဲလျက် “မြတ်စွာသော၊ သဒ္ဓါစွာသော၊ ကြည်ညိုစွာသော”ဟု ကြိယာဝိသေသန “စွာ”နှင့် နာမဝိသေသန “သော”ကိုတွဲကာ အလေးအနက်ပြုလိုသည့်သဘောဖြင့် နာမဝိသေသနအသုံးကို ထူးခြားစွာသုံးထားကြောင်း စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပါသည်။ “ကြည်ညိုစွာသော နှလုံးဖြစ်လတ်၍”ဟု ကြည်ညိုသောစိတ်ဖြစ်ပေါ်လာကြောင်းကို “စိတ်”အစား “နှလုံး”ဟု သုံးထားသည်မှာ ထူးခြားနေပါသည်။ သာသနာအထောက်အပံ့ကို “သာသနာအထောက်အပင့်” ဟု ပံ့အစား “ပင့်”ဟု သုံးထားသည်မှာလည်း ထူးခြားနေပါသည်။ လကွယ်ဥပုသ်နေ့ကို “လသေသတင်း” ဟုသုံးထားကြောင်း တွေ့ရပါသည်။ လကွယ်ဟု မျက်မှောက်အသုံးမှ “ကွယ်”အစား “သေ”ဟု သုံးထားကြောင်း၊ ကွယ်ပျောက်သည်၊ သေသည်မှာ အဓိပ္ပာယ်ချင်းတူသော်လည်း အသုံးမတူသဖြင့် “လသေ”ဟူသောအသုံးမှာ ထူးခြားနေသည်ဟု ထင်မိပါသည်။ မျက်စေ့ကို မျက်ဆန်နှင့်တွဲကာ “မျက်မျက်ဆန်”ဟု သုံးနှုန်းထားသည်မှာလည်း မျက်စေ့ကို သရုပ်ပေါ်အောင် သရုပ်ဖော်ထားသည့် သရုပ်ဖော်နာမ်စကားလုံးဟု ဆိုနိုင်ပါသည်။ “အနိစ္စတရား”ကို အတည်မရှိသောတရားဟု ပါဠိကို အဓိပ္ပာယ်ဖွင့်ဆိုကာ သုံးထားခြင်းဖြစ်ပါသည်။ သက်မဲ့ပစ္စည်း ဥစ္စာကို “အတွင်းသောဥစ္စာ”၊ သက်ရှိပစ္စည်းဥစ္စာကို “အပသောဥစ္စာ”ဟူ၍ သုံးနှုန်းထားသည်မှာ အလွန်မကွာသော အဓိပ္ပာယ်ဖြစ်ပြီး ဆန်းသစ်နေသည့် အသုံးဟုဆိုနိုင်ပါသည်။ ၃ ပါးသောအရပ်ကို “အဖို့အဖို့ခွဲဝေသော”ဟူသော ပုဂံခေတ်အသုံးတွင် ကျောင်း ၃ ကျောင်းအတွက် “အညီအမျှခွဲဝေ”ကြောင်းကို ဖော်ပြခြင်းဖြစ်ရာ စကားသုံးထူးခြားလှသည်ဟု တွေးမိပါသည်။ မျက်မှောက်ခေတ်၌ အလှူပြီးမြောက်၍ ရေစက်သွန်းချအမျှဝေကြောင်းကို “အလှူရေသွန်း၏”ဟူ၍ “ရေစက်ချသည်”ကို “ရေသွန်း””ဟု သုံးခြင်းဖြစ်သည်။ မျက်မှောက်ခေတ်မှာကား ရေခွက်ထဲရေထည့်ကာ ရေစက်ချခြင်းဖြစ်သည်။ ရှေးခေတ်၊ ဘုရားရှင်ခေတ်က မြေကြီးပေါ် ရေသွန်ခြင်းဖြစ်ရာ “ရေသွန်း”ဟု သုံးကြဟန်တူကြောင်း စဉ်းစားမိပါသည်။ ယနေ့မျက်မှောက်ခေတ်နှင့်မတူသော ပုဂံခေတ်စကားလုံးတို့ကို လေ့လာခြင်းအားဖြင့် ပုဂံခေတ်ခေတ်ကြးမုံကို လေ့လာခြင်းဟု ဆိုနိုင်ပါသည်။ စကားအသုံးအနှုန်းတို့မှာ အလွန်ကွာဟလှသည်ဟု မဆိုနိုင်သော်လည်း ပုဂံခေတ် ရေးထုံးမှာမူ မျက်မှောက်ခေတ်ရေထုံးနှင့်မတူကြောင်း မူရင်းကျောက်ထက်အက္ခရာကို လေ့လာခြင်းဖြင့် သိနိုင်ပါသည်။ စကားသုံးတို့သည် တစ်ခေတ်နှင့်တစ်ခေတ် ရွေ့လျားပြောင်းလဲတတ်သည့်သဘောကို ဆင်ခြင်စဉ်းစားမိပါသည်။
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ပုဂံခေတ်ကျောက်စာစကားပြေအရေးအသားကိုလေ့လာတင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးခဲ့သော အလှူမှတ်တမ်းတင်ကျောက်စာ စကားပြေဖြစ်သည်။ ဤကျောက်စာရေးထိုးသူ အလှူရှင်မှာ နရပတိစည်သူမင်း၏သားတော် ကင်္ကသူ၏ဇနီးဖြစ်ပြီး ညောင်ရမ်းကြီး၏သမီးဖြစ်ပါသည်။ ပုဂံခေတ်တွင် အလှူရှင်တို့သည် မိမိတို့၏အလှူ အရှည်တည်တံ့စေရန် အလှူကို ကျောက်ထက်အက္ခရာတင်၍ မှတ်တမ်းရေးထိုးကြပါသည်။ မှတ်တမ်းတင်ကြရာတွင် အလှူပြုချိန်၊ အလှူရှင်အမည်၊ အလှူပြုရခြင်း၏ရည်ရွယ်ချက်၊ အလှူခံပုဂ္ဂိုလ်၊ အလှူပစ္စည်းများနှင့် အမျှဝေ၊ ဆုတောင်း၊ ကျိန်စာ စသည်ဖြင့်မှတ်တမ်းတင် လေ့ရှိကြပါသည်။ အလှူမှတ်တမ်းကိုကြည့်ပြီး ပုဂံခေတ်ကျောက်စာစကားပြေကို လေ့လာနိုင်ပေသည်။ မိမိတို့ပြုလုပ်ကြသောအလှူကို မှတ်တမ်းတင်ရာတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများထုံးစံနှင့်အညီ ဘုရားရှိခိုးဆုတောင်း စကားဖြင့် နိဒါန်းရေးထိုးကြပေသည်။ ““သိဒ္ဓိ” “ပြီးစီးပြီးမြောက်ပါစေသတည်း”ဟူ၍ အလှူကို အောင် အောင်မြင်မြင် ပြီးမြောက်စေချင်သည့်သဘောဖြင့် ဆုတောင်းပြုကြပေသည်။ ပုဂံခေတ်သည် ပါဠိစာပေ လွှမ်းမိုးသောခေတ်ဖြစ်သဖြင့် ဆုတောင်းစကား အဖွင့်နိဒါန်းကို “သိဒ္ဓံ”ဟူသော ပါဠိစကားဖြင့် ရေးထိုးထားကြောင်း ပုဂံခေတ်ကျောက်စာစကားပြေ အရေးအသားကို လေ့လာတွေ့ရှိနိုင်ပါသည်။ အလှူပြုချိန်ကို နှစ်၊ လ၊ ရက်၊ နေ့တို့ဖြင့် အတိအကျဖော်ပြထားရာ သက္ကရာဇ် ၆ဝ၄ ခု၊ ပိသျှက်နှစ်၊ နတ္တော် လဆုတ် ၁၄ ရက်၊ ကြာသပတေးနေ့ လသေသတင်း အတို့သခင် ကက်သူ ပျံတော်မူပြီး ပြာသိုလဆန်း ၃ ရက် တနင်္ဂနွေနေ့ သခင်ကင်္ကသူမယားကား”... ဟူ၍ ဖော်ပြထားခြင်းဖြင့် မိမိ၏ခင်ပွန်း ပျံလွန်တော်မူချိန်ကို သိရှိစေနိုင်ပြီး၊ ခင်ပွန်းသည် ပျံလွန်သွားသဖြင့် သေခြင်းတရားကိုသိသဖြင့် အလှူပြုရကြောင်း အလှူပြုရခြင်း၏ ရည်ရွယ်ချက်နှင့်အတူ အလှူပြုချိန်တို့ကို အတိအကျဖော်ပြထားရာ ခိုင်လုံသောမှတ်တမ်းအဖြစ် ကျန်ရစ်စေနိုင်ပါသည်။ အလှူရှင်သည် မိမိ၏အမည်ကို ဖော်ပြထားခြင်းမပြုဘဲ ““သခင်ကင်္ကသူမယား”၊ “ညောင်ရမ်းကြီးသမီး” ဟူ၍သာ ဖော်ပြထားသည်။ မိမိ၏မျိုးရိုးဂုဏ်၊ ဇာတိဂုဏ်ကိုကား ဂုဏ်ယူစွာဖြင့် “အမိမျိုး၊ အဖမျိုး ၇ ဆက် ကဲ့ရဲ့ရာမရှိ မြတ်စွာသော အမျိုးတည်း”ဟူ၍ လေးစားမှုဖြင့် ရေးသားထားပေသည်။ မိမိသည် အမိမျိုး၊ အဖမျိုး နှစ်ဖက်စလုံးက ကဲ့ရဲ့စရာမရှိသော မြန်မာအမျိုးမှ ဆင်းသက်လာသူအဖြစ် ဂုဏ်တင်ဖော်ပြထားရာ အမျိုးမြတ်ခြင်း ဟူသော ကောင်းခြင်းတရားသည် လူ၏အရည်အချင်းတစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသော အရေးအသား ဖြစ်ပေသည်။ အလှူရှင်သည် မိမိခင်ပွန်းကို တန်ဖိုးထားချစ်မြတ်နိုးသူဖြစ်ကြောင်းကို “မိမိအသက်နှင့်တူသော မျက်စေ့ မျက်ဆန်နှင့်တူသော၊ မိမိချစ်စွာသောလင်”...ဟူ၍ မိမိ၏အသက်၊ မျက်စေ့မျက်ဆန်တို့ဖြင့် တင်စားကာ မိမိ၏ မေတ္တာကို ဖော်ပြထားသည့် “တူ”ဟူသော ဥပမာစကားရပ်ဖြင့် ရေးသားထားရာ ဥပမာအလင်္ကာမြောက်အဖွဲ့ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ်ကပင် တင်စားခိုင်းနှိုင်းသည့် ဥပမာအလင်္ကာအဖွဲ့တို့ဖြင့် တင်စားရေးဖွဲ့နေပြီဖြစ်ကြောင်း မြန်မာစကားပြေအရေးအသားအဆင့်ကို ခန့်မှန်းနိုင်ပေသည်။ “မိမိချစ်စွာသော လင်”ဟု သာမန်အရေးအဖွဲ့ကို မိမိ၏အသက်၊ မျက်စေ့မျက်ဆန်တို့နှင့် တင်စားခိုင်းနှိုင်းရေးဖွဲ့ထားသဖြင့် ဆိုလိုချက်ကို ပို၍ပေါ်လွင်စေပါသည်။ ပုဂံခေတ် မြန်မာစာပေအဆင့်အတန်းမြင့်နေပြီဟု ခန့်မှန်းနိုင်ပါသည်။ မိမိလှူဒါန်းလိုက်သော အလှူအပေါ်ခံစားလိုက်ရသော အလှူရှင်၏ခံစားမှုကို “အတိုင်းမသိ သဒ္ဓါလှစွာသော၊ ကြည်ညိုစွာသော နှလုံးဖြစ်လတ်၍”ဟူသော ဂုဏ်ရည်ပြနာမဝိသေသနအဖွဲ့တို့တွင် “သဒ္ဓါစွာသော”ဟူ၍ ကြိယာဝိသေသနစကားလုံး “စွာ”နှင့် နာမဝိသေသနစကားလုံး “သော”ကို ပူးတွဲဆက်စပ်ကာ ဂုဏ်ရည်ပြနာမဝိသေသနအဖြစ် ရေးသားထားသည်မှာ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။ သဒ္ဓါစွာသော ကြည်ညိုစွာသော စိတ်ခံစားမှုဖြစ်ပေါ်လာခြင်းကို “နှလုံးဖြစ်လတ်၍”ဟု ““စိတ်”အစား “နှလုံး””ဟု တင်ပြထားသည်မှာလည်း ထူးခြားနေသည်ဟု ဆိုနိုင်ပါသည်။ မိမိလှူသောအလှူကို သာသနာအတွက် အထောက်အပံ့ဖြစ်ချင်ကြောင်းကို “အထောက်အပံ့”စကားသုံးအစား “အထောက်အပင့်”ဟု တင်ပြထားသည်မှ ပုဂံခေတ်စကားသုံးတစ်ရပ်အဖြစ် ဗဟုသုတရစေပါသည်။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့ကို “အတွင်းသောဥစ္စာ”၊ “အပသောဥစ္စာ”ဟူ၍ ပစ္စည်းနှစ်မျိုးခွဲခြားကာ “အတွင်းသော”၊ "အပသော”ဟု နာမဝိသေသနအဖွဲ့အဖြစ် ဖော်ပြထားသည်မှာ ထူးခြားသောအရေးအသားဟု ဆိုနိုင်ပါသည်။ ဤကျောက်စာစကားပြေကို စာပိုဒ်တစ်ပိုဒ်တည်းဖြင့်ရေးသားကာ ကျောက်ထက်အက္ခရာတင်ထားခြင်းဖြစ်သဖြင့် ကျောက်ချပ်အတွင်း ဝင်ဆံ့အောင်ရေးသားသော်လည်း အကြောင်းအရာကို ပြည့်ပြည့်စုံစုံဖော်ပြထားနိုင်ပေသည်။ အလှူမှတ်တမ်းတင်အရေးအသားဖြစ်ရာ ဝါကျ ၄ ကြောင်းဖြင့် စုစည်းဖော်ပြထားသည်။ ဝါကျရှည်များကို အသုံးပြုထားသည်။ အကြောင်းအရာ အချက်အလက်များကို ရှင်းလင်းစေရန် ဝါကျဆက်သမ္ဗန္ဓ “၍”ဖြင့် ဆက်စပ်ရေးသားထားကြောင်း တွေ့ရပါသည်။ စာတစ်ပုဒ်လုံး၌ နာမဝိသေသနဖြစ်ကြောင်းပြ “သော”ဟူသော စကားလုံးကို တွင်တွင်ကျယ်ကျယ်အသုံးပြုထားပါသည်။ “တပ်ရာမဲ့စွန့်ကြဲသော”ဟူသော ကြိယာဝိသေသနအသုံး “တပ်ရာမဲ့စွာ”အစားသုံးထားရာ “သော”မှာ မလိုအပ်သောအပိုစကားရပ်ဟု ယူဆပါသည်။ ပုဂံခေတ်သည် မြန်မာစာပေအရေးအသားကို “မြေစမ်းခရမ်းပျိုး”ကာ တီထွင်ဖန်တီးစ ကာလဖြစ်၍ ရေးထုံး မတည်ငြိမ်သေးကြောင်း ဖော်ပြနေခြင်း ဖြစ်ပါသည်။ အချုပ်ဆိုရသော် ညောင်ရမ်းကြီးသမီးကျောက်စာစကားပြေသည် အလှူရှင်ညောင်ရမ်းကြီးသမီး၏ သဒ္ဓါတရားထက်သန်သော စိတ်ထား၊ ရတနာ ၃ ပါးကို ကြည်ညိုသောစိတ်ထား၊ ခင်ပွန်းသည်ကို လေးစားမြတ်နိုးသော စိတ်ထားတို့ကို ပေါ်လွင်အောင် ဖော်ပြနိုင်သော အရေးအသားဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
LONG_QNA
null
null
null
ညောင်ရမ်းကြီးသမီး
ညောင်ရမ်းကြီးသမီးစကားပြေကိုဖတ်ရှုပြီး သင့်စိတ်တွင် မည်သို့ဖြစ်ပေါ်ခံစားရသည်ကို ရှင်းလင်းတင်ပြပါ။
ညောင်ရမ်းကြီးသမီးစကားပြေသည် ပုဂံခေတ်နှောင်းပိုင်းတွင် ရေးထိုးထားသော အလှူမှတ်တမ်းတင်ကျောက်စာစကားပြေဖြစ်ပါသည်။ ခင်ပွန်းသည်ပျံလွန်တော်မူပြီး ၃ ရက်မြောက်နေ့၌ အလှူပြုလုပ်ခြင်းဖြစ်သည်။ မိမိအလွန်ချစ်မြတ်နိုးသော ခင်ပွန်းသည်ပျံလွန်သွားရာ သေခြင်းတရားကို မျက်မြင်တွေ့လိုက်ရခြင်း၊ မိမိချစ်မြတ်နိုးလှသော ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရခြင်းစသည့် ပူဆွေးဝမ်းနည်းဖွယ်ရာတို့ ခံစားနေရချိန်၊ အနိစ္စတရားကိုသိ၍ ထိတ်လန့်နေချိန်၊ ပစ္စည်းဥစ္စာတို့အပေါ် တွယ်တာမှုမထားတော့ဘဲ ရက်ရက်ရောရော အလှူပြုလိုက်ရချိန်ဖြစ်၍ ဤကျောက်စာပါအကြောင်းအရာတို့သည် အလှူရှင်၏စိတ်ခံစားချက်မျိုးစုံကို ဖော်ပြနေရာ အလှူရှင်နှင့်အတူစာဖတ်သူတို့မှာလည်း အလှူရှင်နှင့် ထပ်တူထပ်မျှ ခံစားလိုက်ရပါသည်။ အလှူရှင်ချစ်မြတ်နိုးရသော ခင်ပွန်းသည်ပျံလွန်ကာစအချိန်ဖြစ်သဖြင့် အလှူရှင်ဝမ်းနည်းသလို ဝမ်းနည်းမိစေပါသည်။ ဝမ်းနည်းမှုခံစားချက်ပါသောအလှူဟု ဆိုနိုင်ပါသည်။ ပျော်ရွှင်ပြည့်စုံနေသောအချိန်၌ လှူရသော အလှူနှင့် ချစ်မြတ်နိုးရသော ခင်ပွန်းသည် ဆုံးရှုံးလိုက်ရ၍ လှူရသောအလှူမှာ မည်သို့မျှမတူညီနိုင်ပေ။ ပူဆွေးသောကဖြစ်ကာ သံဝေဂတို့နှင့်အတူ လှူလိုက်ရသဖြင့် စာဖတ်သူတို့မှာလည်း ဆုံးရှုံးမှုကြီးတစ်ရပ်နှင့် ရင်ဆိုင်လိုက်ရသလို ခံစားရစေပါသည်။ သေခြင်းတရားဟူသည် သာမန်လူတို့အဖို့ ထိတ်လန့်တုန်လှုပ်စရာကောင်းလှပါသည်။ စည်းစိမ်ဥစ္စာအာဏာပြည့်စုံသူအဖို့ ပို၍တုန်လှုပ်မိစေပါသည်။ မတည်မြဲသော အနိစ္စတရားသည် မိမိနှင့်မဆိုင်သလိုရှိနေရာမှ ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရသဖြင့် လောက၌ အရာရာသည် အချိန်မရွေး ပျက်စီးနိုင်ကြောင်း၊ မည်သည့်အရာမှမမြဲကြောင်း စာဖတ်သူအဖို့လည်း နှလုံးသွင်းဆင်ခြင်မိစေပါသည်။ မိမိတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့မှာလည်း အချိန်မရွေးပျက်စီးနိုင်ကြောင်း သိရှိသွားကာ အလှူရှင်သည် မိမိပိုင်ပစ္စည်းဥစ္စာတို့အပေါ် တပ်မက်တွယ်တာမှု ကင်းမဲ့စွာဖြင့် အတွင်းဥစ္စာဖြစ်သော ပတ္တမြားစသော ရွဲမြတ် ၉ ပါး၊ ရွှေငွေကြေးနီ ကြေးဖြူ သံသလွဲ ခုံလောက်စသော တန်ဖိုးကြီးရတနာများ၊ အပဖြစ်သောပစ္စည်းဥစ္စာများ လှေ ဆင် နွား ကျွဲ ဆိတ် ဆင်စွယ်၊ ကျွန်ရွာများ၊ မဟာဒါန်လယ်၊ ဥယျာဉ်စသည်တို့ကို ဘုရားသခင် သာသနာအတွက် အထောက်အပံ့ကောင်းဖြစ်စေလိုသော ဆန္ဒဖြင့် လှူဒါန်းလိုက်ပါသည်။ ဤသို့လှူဒါန်းလိုက်သည့်အခါ အလှူရှင်သည် “အတိုင်းမသိ သဒ္ဓါစွာသော ကြည်ညိုစွာသော နှလုံးဖြစ်လတ်၍”ဟု ဝမ်းမြောက်မှု ပီတိများ ဖြစ်ပေါ်ခံစားလာစေပါသည်။ ခင်ပွန်းသည်ဆုံးရှုံးလိုက်ရ၍ ဝမ်းနည်းမှုတို့ကို အကြောင်းခံ၍ ကုသိုလ်တရားများ ရရှိလိုက်ခြင်း ဟုလည်း ခံယူမိပါသည်။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့မှ ရလိုက်သော ငွေကြေးတို့ကို မိမိပြုလိုက်သော တောကျောင်း၊အိမ်ကျောင်း ငါးမျက်နှာကျောင်းတို့အတွက် အညီအမျှဝေစုခွဲကာ ဝသုန္ဓရေမြေစောင့်နတ်အား သက်သေထား၍ရေစင်သွန်းလောင်းကာ လှူဒါန်းလိုက်ပါသည်။ ဤကောင်းမှုကုသိုလ်တို့ကို အလှူရှင်နှင့်အတူ စာဖတ်သူတို့လည်းကြည်နူးဝမ်းမြောက်မိစေပါသည်။ ဤကောင်းမှုအဖို့ကို မိမိချစ်ရသော ကွယ်လွန်သူခင်ပွန်းသည်နှင့် မိခင်ဖခင်ဤ ၃ ယောက် ရပါစေဟု အမျှပေးဝေထားပါသည်။ ကွယ်လွန်သူတို့အတွက် ကုသိုလ်ကောင်းမှုပြုပေးခြင်းဖြင့်ကွယ်လွန်သူတို့သည် အလှူရှင်နှင့် ထပ်တူထပ်မျှ ကုသိုလ်အမျှရကြ၍ သာဓုခေါ်နိုင်ကြပေသည်။ ကွယ်လွန်သူအတွက်ရည်စူး၍ ကုသိုလ်ကောင်းမှုပြုပေးခြင်းဖြင့် ကျေးဇူးဆပ်ရာလည်း ရောက်ပေသည်။ ကြားရသူအပေါင်းလည်းသာဓုခေါ်ကာ ကုသိုလ်အမျှ ရနိုင်ကြပေသည်။ သို့ဖြစ်ရာ ခင်ပွန်းသည်ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းပူဆွေးမှုတို့အစား ကုသိုလ်ကောင်းမှုပြု၍ ဝမ်းမြောက်ကြည်နူးမှု ကုသိုလ်တရားများ ရရှိလိုက်ခြင်းသည် အလှူရှင်နှင့်စာဖတ်သူအတွက် ပီတိဖြစ်စေပါသည်။ ဤကျောက်စာစကားပြေကို ဖတ်လိုက်ရသဖြင့် အလှူရှင်နှင့် ထပ်တူထပ်မျှ ဝမ်းနည်းဝမ်းသာခံစားမှုများခံစားလိုက်ရပြီး လောကဓမ္မတာသဘော၊ သင်္ခါရသဘောတို့ကိုလည်း ဆင်ခြင်မိပြီး အရာရာတိုင်းသည် မတည်မြဲပါတကားဟု သံဝေဂဉာဏ် ဖြစ်ပေါ်လာကာ တွယ်တာမှုကင်းကာ စွန့်လွှတ်လှူဒါန်းလိုက်သော အလှူကြီးအတွက် ဝမ်းမြောက်ဝမ်းသာ ပီတိဖြာစေပါသည်။ ကြည်နူးစွာ သာဓုခေါ်ဆိုလိုက်မိပါသည်။
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
အင်းဝခေတ်စကားအသုံးအနှုန်းများကို ထုတ်နှုတ်တင်ပြပါ။
သစ္စာနှင့်ပညာစကားပြေသည် ရှင်မဟာသီလဝံသရေးသားသော ပါရာယနဝတ္ထုမှ ကောက်နုတ်ထားသည့် ဝတ္ထုစကားပြေ ဖြစ်သည်။ အရသာဟူသမျှတို့တွင် သစ္စာအရသာလျှင်မြတ်ကြောင်း၊ ပညာဖြင့်အသက်မွှေးသူသည် မြတ်ကြောင်း သိစေလိုသောရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်းဖြစ်သည်။ ဤစကားပြေသည် အင်းဝခေတ်၌ ရေးသားထားသော စကားပြေဖြစ်သောကြောင့် အင်းဝခေတ်စကားအသုံးအနှုန်းများကို လေ့လာတွေ့ရှိနိုင်ပါသည်။ သစ္စာနှင့်ပညာစကားပြေတွင် သစ္စာဟူသည် အမှန်ကိုဆိုခြင်းသည်လည်း သစ္စာ၊ မမှန်ကိုရှောင်ကြဉ်ခြင်း သည်လည်း သစ္စာ၊ အချိုကိနိဗ္ဗာန်ချမ်းသာသည်လည်း သစ္စာဖြစ်ကြောင်း၊ ဤသုံးပါးသည် သစ္စာအရသာမည်ကြောင်း၊ အရသာတို့တွင် သစ္စာအရသာသည် မြတ်ကြောင်း၊ သစ္စာစကားကြောင့် ရရှိသော အကျိုးကျေးဇူးများကို သာဓကအကိုးအကားများပြု၍ ရေးသားထားသည်။ ပညာဖြင့် အသက်မွေးသောသူ၏ အသက်ရှင်ခြင်းသည်လျှင် မြတ်သောအသက်ရှင်ခြင်းမည်ကြောင်း၊ ပညာဖြင့် အသက်မွေးသူနှင့် ပညာဖြင့် အသက်မမွေးသူတို့၏ ခြားနားပုံကို ဖော်ပြကာ လူဖြစ်စေ၊ ရဟန်းဖြစ်စေ လူ့အကျင့် ရဟန်းအကျင့်ကိုကျင့်၍ အသက်မွေးသောသူသည် ပညာဖြင့်အသက်မွေးခြင်းဖြစ်ရာ အသက်မွေးသူဟူသမျှထက် မြတ်ကြောင်း ရေးသားထားပါသည်။ ဤစကားမှ အင်းဝခေတ်ဧကအသုံးအနှုန်းများကို တွေ့နိုင်ပါသည်။ တရားသဘောကို ထပ်တလဲလဲ ဆင်ခြင်ရွတ်ဆိုသည်ကို အင်းဝခေတ်က “စီးဖြန်း”ဟူသော စကားအသုံးအနှုန်းဖြင့် သုံးနှုန်းကြပါသည်။ ပါရမီဆယ်ပါးကို အယုတ် အလတ် အမြတ်ဟူ၍ ၃ မျိုးပွားလိုက်သည်ကို အင်းဝခေတ်က “ပါရမီအပြားသုံးဆယ်” ဟု သုံးနှုန်းကြပါသည်။ ဥပုသ်သီလ စောင့်တည်ကျင့်သုံးသည်ကို “သီတင်း” “သီတင်းလေးပါး" ဟူ၍ သုံးနှုန်းကြပါသည်။ အမျိုးအစားကို အင်းဝခေတ်က “အား”ဟူ၍ သုံးကြပါသည်။ “ပါရစီအား” ဟု သုံးကြပါသည်။ ကောင်းမှုပြုသူသည် အပါယ်လေးပါး၌ ဦးခေါင်းမပေါ်အောင် နှစ်သည်ကို “ဦးမပြုနစ်လေ၍” ဟု သုံးကြပါသည်။ "အံ့ဩဖွယ် ကောင်းသောအကျိုး”ကို အင်းဝခေတ်က “အံ့ဘွယ်သရဲသောအကျိုး”ဟုအံ့ဩမှုကို “အံ့ဘွယ်သရဲ”ဟု သုံးကြောင်း တွေ့ရပါသည်။ သစ္စာအရသာလျှင် အဟုတ်အဟတ်စင်စစ်မြိန်စွာ၏ ဟူ၍ “အမှန်စင်စစ်”ကို အင်းဝခေတ်စကားသုံးအဖြစ် “အဟုတ်အဟတ်”ဟု သုံးနှုန်းထားပါသည်။ အင်းဝခေတ်က ကြိယာလုံးတွဲစကားလုံးတို့ကို အနှစ်ချုပ်သုံးလေ့ရှိကြောင်းလည်း တွေ့ရပါသည်။ တိုးပွားသည်ကို “ဘွား”၊ သည်းထန်ဆို “ထန်”၊ သက်ရောက်သည်ကို “ရောက်”၊ ရှောင်ကြဉ်သည်ကို “ကြည်”၊ တပ်မက်ကို “တပ်”၊ ရှေ့မှောက်ကို "မှောက်” ချို့တဲ့သည်ကို “ချို့”ဟူ၍ အင်းဝခေတ်သုံး အနှစ်ချုပ်ကြိယာ အသုံးကိုလည်း ဗဟုသုတအဖြစ် လေ့လာတွေ့ရှိရပါသည်။ စကားရှေ့နောက်ဖလှယ်၍လည်း ကင်းကွာကို “မကွာမကင်း” - ဤအကျင့်ကို “မကွာမကင်း”ဟု သုံးထားကြောင်း တွေ့ရပါသည်။ “အပြစ်မရှိ ကျင့်သောသူကို "အပြစ်မရှိ ကျင့်သသူ”ဟူ၍လည်းကောင်း၊ ပညာဖြင့် မွေးသောသူကို “ပညာဖြင့် ပွေးသသူ”ဟူ၍လည်းကောင်း ပြောစကားဟန်အသုံးကိုလည်း သုံးနှုန်းကြကြောင်း တွေ့ရပါသည်။ "ဤသို့အားဖြင့်”ကို “ဤသို့နှင်နှင်”ဟူ၍လည်းကောင်း စကားဆက်အဖြစ် သုံးထားပါသည်။ “ရဟန်းဖြစ်သော်လည်း”ကို “ရဟန်းတုံသော်လည်း”ဟု ရေးသားသုံးနှုန်းကြောင်း အင်းဝခေတ် စကားလုံးတို့ကို စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ အင်းဝခေတ်သည် ပါဠိစာပေလွှမ်းမိုးသောခေတ်ဖြစ်ပြီး ပါရာယနဝတ္ထုမှာလည်း ဘုရားဟောတရားများဖြစ်ရာ ပါဠိစကားလုံးအသုံးများကြောင်း တွေ့ရသည်။ အချို့ပါဠိစကားလုံးတို့မှာ အနက်အဓိပ္ပာယ်ထက် မူရင်းစကားလုံးကိုသာ တိုက်ရိုက်ယူ၍သုံးစွဲကြသဖြင့် တွင်ကျယ်လျက်ရှိနေပါသည်။ နိဗ္ဗာန်၊ ပညာ၊ သစ္စာ၊ ပါရမီ၊ မန္တန်၊ ဝိပဿနာ၊ အပါယ်လေးပါး၊ သဗ္ဗညုတဘုရားစသည့် စကားလုံးတို့မှာ ရင်းနှီးပြီးသား စကားလုံးများ ဖြစ်ပါသည်။ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိဟူသော ပါဠိစကားလုံးတို့မှာ အကျင့်သီလ သန့်ရှင်းစင်ကြယ်ခြင်းကို သီလဝိသုဒ္ဓိဟူသော ပါဠိစကားလုံးဖြင့် ရေးသားထားခြင်း၊ စိတ်သန့်ရှင်းစင်ကြယ်ခြင်းကို စိတ္တဝိသုဒ္ဓိဟူသော ပါဠိစကားလုံးဖြင့် တိုက်ရိုက်ရေးသားထားကြောင်း တွေ့နိုင်ပါသည်။ ပါဠိစကားလုံးများကို တိုက်ရိုက်သုံးထားသော်လည်း နားလည် ရှင်းလင်းအောင် ရေးသားထားနိုင်ကြောင်း တွေ့ရပါသည်။ အင်းဝခေတ်စကားပြေဖြစ်သဖြင့် မျက်မှောက်ခေတ်အရေးအသားကဲ့သို့ ပြေပြစ်မှုမရှိသော်လည်း သူခေတ်သူအခါအလိုက် နားလည်လွယ်မည်ဟု ယူဆပါသည်။ သို့ဖြစ်ရာ ဤစကားပြေမှ အင်းဝခေတ် စကားအသုံးအနှုန်းများကို လေ့လာခွင့်ရသဖြင့် အကျိုးများစေပါသည်။
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
သစ္စာနှင့်ပညာဝတ္ထုမှရရှိသည့် ဗဟုသုတများကို လေ့လာတင်ပြပါ။
သစ္စာနှင့်ပညာ ဝတ္ထုစကားပြေသည် အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာသီလဝံသရေးသားသော ပါရာယနဝတ္ထုမှ ကောက်နုတ်ထားသည့် စကားပြေဖြစ်သည်။ အရသာတို့တွင် သစ္စာအရသာသည်သာလျှင်မြတ်ကြောင်း၊ ပညာဖြင့် အသက်မွေးသောသူသာလျှင် မြတ်ကြောင်း သိစေလိုသောရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်း ဖြစ်ပါသည်။ ဤစကားပြေကို လေ့လာခြင်းဖြင့် ဗဟုသုတများစွာ ရရှိစေပါသည်။ သစ္စာနှင့်ပညာပါ အကြောင်းအရာတို့သည် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော တရားဒေသနာများဖြစ်ရာ သစ္စာတရားအကြောင်း၊ ပညာတရားအကြောင်းတို့ကို ဗဟုသုတအဖြစ်ရရှိပြီး တရားနာခွင့်ရရှိလိုက်ပါသည်။ ပထမဦးစွာ သစ္စာနှင့်ပတ်သက်၍ အရသာဟူသမျှတို့တွင် သစ္စာအရသာသည် အမြိန်ဆုံးအရသာဖြစ်ကြောင်း၊ အမှန်ဆိုသည်မှာ သစ္စာ၊ မမှန်ကိုရှောင်ကြဉ်သည်မှာ သစ္စာ၊ အမြိုက်နိဗ္ဗာန်ချမ်းသာသည်လည်း သစ္စာ၊ ဤသုံးပါးသည် သစ္စာအရသာမည်ကြောင်း ဗဟုသုတအဖြစ် သိရှိရပါသည်။ အရသာဟူသမျှသည်ကား ရူပါရုံ၊ သဒ္ဒါရုံ အစရှိသော အာရုံတို့မှာ မြင်ရ၊ ကြားရ၊ စားရသော အရသာတို့ဖြစ်ပြီး ကိုယ်၏ သာယာခြင်းကို တိုးပွားစေသဖြင့် တပ်မက်ခြင်းဖြစ်စေကာ ညစ်ညူးခြင်းဖြစ်စေ၏။ သုံးပါးသော သစ္စာအရသာကား ညစ်ညူးခြင်းကင်းသောကြောင့် မြတ်၏ဟု ဘုရားရှင်ဟောတော်မူခြင်းဖြစ်ကြောင်း သစ္စာ၏အရသာအကြောင်း၊ သစ္စာသည်သာလျှင် မြတ်ခြင်းအကြောင်းကို ဗဟုသုတအဖြစ် ရရှိစေပါသည်။ သစ္စာနှင့်ပတ်သက်၍ မမှန်ကို ရှောင်ကြဉ်ခြင်း၊ အမှန်ကိုသုံးစွဲခြင်းစသည့် အကျင့်မြတ်ကို ကျင့်သုံးအပ်ကြောင်း ဘုရားလောင်း ဝိဓူရအမတ်ကြီးဆိုခဲ့ကြောင်း ဗဟုသုတရစေပါသည်။ ကပ္ပိနမင်းကြီးတောထွက်သောအခါ မြစ်သုံးတန်ကို သစ္စာစကား၊ သုံးဂါထာဖြင့် မြေပြင့်သို့စီးသောမြင်းကို သွားစေနိုင်၏ဟူ၍ ဗဟုသုတရစေပါသည်။ “ကဏှဒီပါယန” ရသေ့ကား သစ္စာစကားဖြင့် မြွေဆိပ်ကိုကု၍ တကာသားငယ်ကို ရှင်စေကြောင်း ဇာတ်တော်အကြောင်းကိုလည်း ဗဟုသုတရစေပါသည်။ ငါးရံ့နက်ဇာတ်တော်၌ ဘုရားလောင်းကား သစ္စာစကားဆိုသဖြင့် မိုးခေါင်သည်ကို မိုးသည်းထန်စွာရွာစေကြောင်း ဗဟုသုတ ရစေပါသည်။ ဘုရားလောင်း “သုပါရက”မည်သော သင်္ဘောမှူးသည် သမုဒ္ဒရာသို့ကျလေပြီးသော သင်္ဘောလှေကို သစ္စာစကားဖြင့် အိမ်လှေကားရင်းသို့တိုင်အောင် ရောက်စေကြောင်း ဇာတ်တော်အကြောင်းကိုလည်း ဗဟုသုတအဖြစ် ရစေပါသည်။ သုဝဏ္ဏသျှံ ဇာတ်တော်၌လည်း သစ္စာစကားဖြင့် မိဘတို့ကို မျက်စိပြန်မြင်စေကြောင်းကိုလည်း ဗဟုသုတရစေပါသည်။ သိဝရာဇ်မင်းကြီးသည်လည်း မျက်လုံးနှစ်ဖက်မရှိ မျက်ကွင်းချည်းဖြစ်ရာ သစ္စာစကားဆိုခြင်းဖြင့် မျက်စိအသစ်ပြန်ရကြောင်း ဇာတ်တော်အကြောင်းကို ဗဟုသုတရစေပါသည်။ ဤကား ပါရမီရင့်သော ဘုရားလောင်းသူမြတ်တို့၏ အံ့သြဖွယ်ကောင်းသော အကျိုးတရားတော်များကို ဗဟုသုတအဖြစ် သိရှိမှတ်သားရပါသည်။ ဓမ္မသောကမင်းကြီးလက်ထက် ပြည့်တန်ဆာတစ်ယောက်သည် မင်းကြီးနှင့်တကွ ပရိသတ်ဗိုလ်ပါရှေ့မှောက်၌ သစ္စာစကားမှန်စွာဆို၍ ဂင်္ဂါမြစ်ရေအားလုံး အညာသို့ဆန်၍စီးကြောင်း ဗဟုသုတရစေပါသည်။ ဤသို့ဖြင့် သစ္စာစကား၏ အကျိုးထူးတို့ကား အလွန်နှစ်သက်စွာဖြစ်ရသောကြောင့် သစ္စာအရသာသည် အရသာဟူသမျှတို့ထက် မြတ်၏ဟု ဘုရားရှင်တော် ဟောကြားတော်မူကြောင်း ဗဟုသုတအဖြစ် သိမှတ်ရပါသည်။ ပညာနှင့်ပတ်သက်၍လည်း ပညာဖြင့် အသက်မွေးသောသူ၏ အသက်ရှင်ခြင်းသည်လျှင် မြတ်သော အသက်ရှင်ခြင်းဖြစ်ကြောင်း၊ ပညာဟူသည် အပြစ်အကျိုးကို ခွဲခြမ်းနိုင်သောဉာဏ်ဖြစ်ကြောင်း၊ ပညာဖြင့် အသက်မွေးခြင်းဟူသည် အပြစ်ရှိသော၊ မကောင်းသော အလုပ်အကြံ၊ အပြစ်ရှိသော ဆေးဝါးမန္တန် အတတ်တို့ကိုရှောင်၍ အပြစ်မရှိကျင့်သောသူကား တရားနှင့်လျော်စွာ အသက်မွေးသည်မည်၏။ တရားနှင့်လျော်စွာ အသက်မွေးသောသူသည် ပညာဖြင့်အသက်မွေးသူဖြစ်၏။ တရားနှင့်မလျော် အသက်ရှင်သူထက် တရားကျင့်၍ သေသောသူက မြတ်ကြောင်း၊ မကောင်းမှုပြု၍သေလျှင် အပါယ်လေးပါး၌ ခေါင်းမပြုနိုင်အောင်နစ်စေပြီး ထိုမကောင်းမှုကြောင့် ဆင်းရဲတာရှည်ကြောင်း အကြောင်းအကျိုးခွဲခြားသိသော ပညာရှိသူသည် ပညာဖြင့် အသက်မွေးခြင်းဖြစ်ရာမြတ်၏ ဟု ဘုရားရှင်ဟောကြေားတော်မူကြောင်း တရားတော်တို့ကိုလည်း ဗဟုသုတ ရစေပါသည်။ ပညာဖြင့် အသက်မွေးသူနှင့် ပညာဖြင့် အသက်မမွေးသူတို့ကို သာဓကအကိုးအထောက်တို့ဖြင့် ရှင်းပြထားပါသည်။ သူ့စီးပွား မိမိအကျိုးစီးပွားကို မသိသောသူကား မျက်စိနှစ်ဖက်လုံး ချို့တဲ့သည်မည်၏။ မိမိစီးပွားကိုသာသိ၍သူတစ်ပါးအကျိုးစီးပွားကို မသိသောသူကား မျက်စိတစ်ဖက်ချို့တဲ့သည် မည်၏။ နှစ်ပါးလုံးသိသူကားမျက်စိနှစ်ဖက်ရှိသူ မည်၏။ ဤသို့ မျက်စိနှစ်ဖက်ရှိသူသည် အိမ်ထောင်အမှု၌ လုံ့လရှိသောအကျင့်၊ သရဏဂုံဆောက်တည်တက်သောအကျင့်၊ အလှူပြုသော အလေ့အကျင့်၊ ငါးပါးသီလ၊ ဥပုသ်သီလဆောက်တည်သော အကျင့်စသော ကုသိုလ်ဆယ်ပါးကိုကျင့်လျက် အသက်မွေးသူသည် ပညာဖြင့် အသက်မွေးသူမည်၏။ ရဟန်းသော်လည်း သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိနှစ်ပါးကို စင်ကြယ်အောင်ကျင့်၍ ဝိပဿနာဉာဏ်ဆယ်ပါးကို ကြိုးစားကျင့်ကြံလျှင် ရဟန်းကောင်းအကျင့်ကိုကျင့်၍ ပညာဖြင့်အသက်မွေးသည်မည်၏။ ဤသို့ဖြင့် လူ့အကျင့် ရဟန်းအကျင့်ကိုကျင့်၍ အသက်မွေးသူသည် အသက်မွေးသူဟူသမျှထက်မြတ်ကြောင်း ရှင်တော်ဘုရား ဟောကြားတော်မူခဲ့ကြောင်း တရားဒေသနာတော် အဆုံးအမများကိုလည်း နာကြားမှတ်သားရ၍ ဗဟုသုတများစွာ ရစေပါသည်။ ဤဝတ္ထုစကားပြေသည် မြစွာဘုရားဟောကြားတော်မူသော ပါရာယနသုတ္တန်ဒေသနာတော်လာ ပါရာယနဝတ္ထုမှ ကောက်နုတ်ထားသော စကားပြေဖြစ်သဖြင့် သစ္စာနှင့် ပညာတို့၏အကြောင်းကို သိမှတ် ရပါသည်။ အရသာဟူသမျှတွင် သစ္စာအရသာလျှင် အမြတ်ဆုံးဖြစ်ကြောင်း၊ အသက်မွေးမှုမှန်သမျှတွင် ပညာဖြင့်အသက်မွေးသူသည်သာ အမြတ်ဆုံးဖြစ်ကြောင်း၊ အမြတ်ဆုံးတရားကို နာကြားသိမှတ်ရသဖြင့် မိမိကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်စေခြင်းဖြင့် အကျိုးများစွာရရှိစေနိုင်ပြီး ဗဟုသုတများစွာ ရရှိပါသည်။
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
သစ္စာစကားကြောင့် ရရှိသောအကျိုးကျေးဇူးများကို မည်သို့တင်ပြထားသနည်း။
“သစ္စာနှင့် ပညာ” စကားပြေကို အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသရေးသားသော “ပါရာယနဝတ္ထု”မှ ကောက်နုတ်ထားခြင်းဖြစ်သည်။ ပါရာယနဝတ္ထုသည် မြတ်စွာဘုရားဟောကြားတော်မူသော “ပါရာယနသုတ္တန်” ကို အခြေခံ၍ ရေးထားခြင်းဖြစ်သည်။ “အရသာဟူသမျှတို့တွင် သစ္စာအရသာလျှင် မြိန်စွာ၏။ ပညာဖြင့် အသက် မွေးသောသူ၏အသက်ရှင်ခြင်းသည် မြတ်သောအသက်ရှင်ခြင်းမည်၏” ဟူသော တရားသဘောကို သိစေလိုသော ရည်ရွယ်ချက်ဖြစ်သည်။ သစ္စာစကားကြောင့်ရရှိသော အကျိုးတရားများ၊ ပညာဖြင့် အသက်မွေးခြင်း၏ အကျိုးတရားများကို ဇာတ်တော်၊ ဒေသနာတော်များမှ ကောက်နုတ်ကာ ရေးသားထားသဖြင့် အကျိုးများစွာ ရရှိစေပါသည်။ သစ္စာစကားကြောင့်ရရှိသော အကျိုးကျေးဇူးများကို ပါရမီရင့်ပြီးဖြစ်သော ဘုရားလောင်းသူမြတ်တို့၏ ဘဝဖြစ်စဉ်တို့နှင့် သာဓကပြကာ ရေးသားထားပါသည်။ သာဓကပြရာ၌ သစ္စာစကားကြောင့် အကျိုးရပုံကို အချုပ်မျှသာ ဖော်ပြထားပါသည်။ သစ္စာစကားကိုကား ဖော်ပြမထားပေ။ ဝိဓူရဇာတ်တော်ကြီးမှ ကိုးကား၍တင်ပြပါမည်။ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်ပြည်၌ ကောရဗျမင်း၌ အလွန်တရားဟောကောင်းသော ဝိဓူရအမတ်ပညာရှိတစ်ဦးရှိသည်။ နဂါးပြည်မှ နဂါးမင်းကြီးက ဝိဓူရ၏တရားကိုနာဖူးသဖြင့် အလွန်သဘောကျသောကြောင့် ပတ္တမြားဖြင့်ပူဇော်ကာ နဂါးပြည်သို့ ပြန်သွား၏။ နဂါးမိဖုရားက ပတ္တမြားကိုမတွေ့၍မေးရာ ဝိဓူရအား ပူဇော်ခဲ့ကြောင်းပြောပြရာ မိဖုရား ကလည်း ဝိဓူရ၏တရားကိုနာချင်၍ နဂါးပြည်သို့ တရားလာဟောရန် ပရိယာယ်ဖြင့် ကြံစည်လေ၏။ နဂါးမင်းစေလွှတ်သော ပုဏ္ဏကဘီလူးနှင့် ကောရဗျမင်းကြီးတို့ ကြွေအန်ကစားကြရာ မင်းကြီးရှုံးသဖြင့် လောင်ကြေးအဖြစ် ဝိဓူရကို ပေးလိုက်ရ၏။ နဂါးပြည်သို့လိုက်မသွားမီ ဤသစ္စာစကားကို ဆိုလိုက်ခြင်းဖြစ်သည်။ “ကျွန်လေးမျိုးရှိသည်တွင် ငါသည် ကောရဗျမင်းကြီးထံ အလိုလိုလာ၍ကျွန်ခံသော ကျွန်ဖြစ်လေသည်” ဟူ၍ အမှန်အတိုင်း ဖြေတော်မူလေသည်” ဟု ဇာတ်တော်တွင်ပါရှိလေသည်။ ဤဇာတ်တော်အရ “သစ္စာနှင့်တူ၍ အံ့ဘွယ်သရဲ သောအကျိုးကို ဆောင်ဖူးသည်မရှိ” - ဟူ၍ အကျဉ်းမျှသာ ဖော်ပြထားပါသည်။ အံ့ဖွယ်သရဲအကျိုးကား ... ဝိဓူရပညာရှိ၏ တရားကိုနာလိုက်ရသည့် နဂါးမင်း၏ မိဖုရားသည် လွန်စွာဝမ်းမြောက်သဖြင့် စကြာမင်းတို့သာသုံးသည့် ““မနောဟရပတ္တမြား” ကို လက်ဆောင်အဖြစ် ပေးလိုက်လေသည်။ ဝိဓူရအမတ်ကြီး ကောရဗျမင်းကြီးထံ ပြန်ရောက်လာပြီး မင်းကြီးနှင့် တိုင်းသူပြည်သားများအား တရားဟောပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသဖြင့် အားလုံးနတ်ပြည်သို့ရောက်ကြကြောင်း အကျိုးကျေးဇူးများ ခံစားကြရလေသည်။ ဤစကားပြေ၌ …“ကပ္ပိနမင်းကြီး တောထွက်သောအခါ မြစ်သုံးတန်ကို သစ္စာစကားသုံးဂါထာဖြင့်မြေပြင်ကဲ့သို့ စီးသောမြင်းကို သွားစေနိုင်၏” ဟု အကျဉ်းမျှသာ ဖော်ပြထားရာ “မဟာကပ္ပိနတ္ထေရ”ဝတ္ထု၌ မဟာကပ္ပိနမင်းကြီးသည် မြတ်စွာဘုရားထံ ရဟန်းပြုရန်သွားရာလမ်း၌ မြစ်ကြီးသုံးသွယ်ကိုတွေ့သဖြင့် မသွားနိုင် ဖြစ်ရာ သစ္စာစကားဆိုလိုက်ခြင်းဖြင့် ကျော်ဖြတ်နိုင်ခဲ့၏။ သစ္စာစကားကား“ မြတ်စွာဘုရားသည် အမှန်ပင်ဘဝသုံးသွယ် ရေပြင်ကျယ်ကို ကူးမြောက်နိုင်ခဲ့ပါပြီ။ လောက၏အဆုံးသို့လည်း ဆိုက်ရောက်မူလေပြီ။ ခပ်သိမ်းသောတရားတို့ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူပြီ” ဤမှန်သောသစ္စာစကားကြောင့် ကျွန်ုပ်၏ ဘုရားရှင်ထံ ရဟန်းပြုရန် သွားရောက် ခြင်းသည် အန္တရာယ်မနှောက် အမြန်ရောက်ရပါစေသား အရှင်ဘုရား” ဟု သစ္စာပြုရွတ်ဆိုပြီး မြစ်ကိုဖြတ်ကျော်ရာ မြစ်ရေသည် ကျောက်လွှာပြင်ကဲ့သို့ တင်းခံပြီး မြင်းများ၏ ခြေဖျားသော်မျှ ရေမစွတ်ချေ။” ဟူ၍ သစ္စာစကားကို ဖော်ပြထားပါသည်။ မြတ်စွာဘုရားထံမှောက်၌ ရဟန်းပြုခွင့်၊ တရားအားထုတ်ခွင့် အကျိုးတရားများရရှိစေပါသည်။ “ကဏှဒီပါယန” - ရသေ့ကား သစ္စာစကားဖြင့် မြွေဆိပ်ကိုကု၍ တကာသားငယ်ကို ရှင်စေ၏” - ဟု စကားပြေ၌ အချုပ်သာဖော်ပြထားသည်။ “ကဏှဒီပါယန” ဝတ္ထု၌ မိဖတို့သည် မြွေကိုက်မှန်းသိ၍ သားငယ်ကို ပွေ့ချီပြီးလျှင် ကဏှဒီပါယနရသေ့၏ခြေရင်းမှာ သိပ်ထားလျက် ချမ်းသာအောင်ဆေးကုပေးရန် တောင်းပန်ကြလေသော် ရသေ့က “မြွေဆိပ်နိုင်သောဆေးကို ငါမသိ၊ သစ္စာပြု၍ ငါကုအံ့” ဟု မိန့်ဆိုပြီးလျှင် သူငယ်၏ ဦးခေါင်း၌ မိမိလက်ကိုတင်ထားပြီး “ငါသည် လူ့ဘောင်ကိုငြီးငွေ့၍ ရသေ့ပြုခဲ့ရာ ခုနစ်ရက်သာ ကြည်လင်သောစိတ်ဖြင့် နေနိုင်၏။ ခုနစ်ရက်လွန်သည့်နောက် ယနေ့တိုင် နှစ်ပေါင်းငါးဆယ်ရောက်အောင် လုံးဝပင်စိတ်မကြည်လင် မပျော် မွေ့ခဲ့ပေ။ အောင့်အည်း၍သာ နေခဲ့ရပါ၏။ ဤသစ္စာစကားကြောင့် တက်နေသော အဆိပ်ပြေပျောက်၍ သူငယ်အသက် ရှင်စေသတည်း” ဟု သစ္စာပြုသောအခါ “ယညဒတ္ထ” သူငယ်၏ ရင်ဘတ်မှ အထက်ပိုင်းတွင်ရှိသော မြွေဆိပ်သည် လျောကျကာ မြေသို့ဝင်လေ၏” - ဤသစ္စာစကားကြောင့် သူငယ်အသက်ရှင်စေခြင်းအကျိုးကို ရရှိစေကြောင်း သိရပါသည်။ ငါးရံ့နက်ဇာတ်တော်တွင်လည်း “အခြားသတ္တဝါတို့က ငါးများကို ထိုးသုတ်ဆယ်ယူစားသောက်ကြသည်ကိမြင်ရသော အလောင်းတော်ငါးရံ့မင်းမှာ မိမိ၏အမျိုးအဆွေ ရေနေသတ္တဝါများကို ကြာမျိုးငါးပါးနှင့်ပြည့်စုံ၍ သာယာအေးမြ ရေပေါ်လှသော ကန်ကြီးတို့ကို ရှာဖွေရွှေ့ပြောင်းပေးချင်လှသော စိတ်ဆန္ဒပြင်းပြသော်လည်း လူသတ္တဝါများ ကဲ့သို့ စွမ်းနိုင်သောဘဝမဟုတ်သဖြင့် များစွာစိတ်ဒုက္ခရောက်လေတော့သည်။ ကြာလေ ရေခန်းလေဖြစ်ရာ အဖြစ်ဆိုးဒုက္ခကိုမမြင်ရက်သည့်အဆုံး၌ ““သိတတ်သည့်အရွယ်မှစ၍ ယနေ့ထိ သူတစ်ပါး၏အသက်ကို သေစေလိုသော စိတ်ဖြင့် စားမျိုခဲ့ခြင်းမရှိပါ။ ဤမှန်ကန်သောသစ္စာစကားဖြင့် မိုးများရွာသွန်းပါလော့” ... ဟု သစ္စာပြုလိုက်သည် နှင့်တစ်ပြိုင်နက် ပူပြင်းလှသည့်နေမင်းကြီး အရှိန်ကွယ်ပျောက်ကာ ကောင်းကင်တစ်ပြင်လုံးအုံ့မှိုင်းညိုမည်းလျှပ်စီး ရောင်ဝင်းကာ သည်းစွာသောမိုးကြီး ရွာချလိုက်လေတော့သည်။ ထိုအချိန်မှစ၍ ငါးရံ့မင်းပရိတ် (ခေါ်) မစ္ဆသုတ်တော် ဖြစ်ပေါ်ရွတ်ဆိုပွားများခဲ့ကြပါသတည်း” ဟူသော သစ္စာပြုပုံကို “ငါးရံ့နက်ဇာတ်ဖြစ်သောခါ ဘုရားလောင်းကား သစ္စာစကားဖြင့် မိုးခေါင်သည်ကို ထန်စွာရွာစေ၏” ... ဟူ၍ အကျဉ်းချုပ်မျှသာ တင်ပြထားလေသည်။ သုဝဏ္ဏသျှံဇာတ်တော်၌ သုဝဏ္ဏသာမသည် မျက်စိမမြင်သော မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေလေရာ တစ်နေ့၌ မိဘနှစ်ပါးအတွက် ရေကန်၌ ရေသွားခပ်ရာ ဝါဝင်းသောအသားအရောင်ကြောင့် တောလိုက်ထွက်လာသော ပီဠိယက္ခမင်းကြီးက သမင်ဟုမှတ်ထင်ကာ မြားနှင့်ပစ်လိုက်သဖြင့် မြားဆိပ်တက်ကာ မေ့မြောသွားလေ၏။ မင်းကြီးက သုဝဏ္ဏသာမ၏ မိဘနှစ်ပါးထံ သွားရောက်ပြောပြပြီး သားထံလိုက်လာကြပြီး ငိုကြွေးရာမှ မိခင်ပါရိကာက သား၏ရင်ဝကို စမ်းကြည့်သဖြင့် ကိုယ်ငွေ့ရှိသေးကြောင်း သိသွားရာ “ငါ့သားမသေသေးပါတကား၊ မြားဆိပ်တက်၍မေ့မျောနေခြင်းဖြစ်မည်ဆိုကာ အဆိပ်ပြေစေရန် ဤသို့ သစ္စာပြုလေသည်။ သစ္စာစကား (၇) ချက်ဆိုသောအခါ သုဝဏ္ဏသာမသည် ငြိမ်သက်နေရာမှ လူးလွန့်လှုပ်ရှားလာသည်။ တစ်ဘက်သော နံပါးသို့ပြောင်း၍ အိပ်သည်။ ထိုအခါ အဖ ဒုကူလသည် အားတက်လာကာ အမိဆိုသည့် သစ္စာစကား (၇) ချက်ကို ဆိုပြန်သည်။ ထိုအခါ သုဝဏ္ဏသာမသည် အခြားတစ်ဖက်သို့ပြောင်း၍ အိပ်ပြန်သည်။ ထိုအချိန်၌ မယ်တော်ဟောင်းဖြစ်ခဲ့ဖူးသော ဗဟုသုန္ဒရီနတ်သမီးသည် ကိုယ်ရောင်ဖျောက်လျက် အနီး၌ရှိနေသည်။ နတ်သမီးသည်လည်း သုဝဏ္ဏသာမကို သနားသဖြင့် သစ္စာစကား ၂ ချက်ဆိုလိုက်ရာ မြားဆိပ်များပြေပျောက်လျက် ထထိုင်လေသည်။ မြားမှန်သောဒဏ်ရာလည်း ကင်းပျောက်သွားလေသည်။ သစ္စာတန်ခိုးကြောင့် မိဘတို့လည်း မျက်စိမြင်ကြလေသည်။ သူတို့သည် သုဝဏ္ဏသာမ အသက်ရှင်လာသည်ကို “ငါတို့သည်လည်း မျက်စိမြင်ပြီ ချစ်သား သုဝဏ္ဏသာမသည်လည်း အသက်ရှင်ပြီ”ဟု ဝမ်းမြောက်ဝမ်းသာဆိုကြလေသည်။ ဤအကြောင်းအရာကို စကားပြေ၌ “သုဝဏ္ဏသျှံ ဇာတ်တော်၌လည်း သစ္စာစကားဖြင့် မိဘတို့ကို မျက်စိမြင်ပြန်စေ၏”ဟူ၍ အကျဉ်းမျှသာ တင်ပြထားပါသည်။ သစ္စာ၏အကျိုးကား မိဘတွေလည်း မျက်စိမြင်၊ သားလည်းအသက်ရှင်သည့် အကျိုးထူးရရှိစေပါသည်။ ဓမ္မသောကမင်းကြီးလက်ထက်၌လည်း ဓမ္မသောကမင်းကြီးက ဗန္ဓုဝတီပြည့်တန်ဆာမအား “ဤသို့ ယုတ်ညံ့ လှစွာသောသင်၌ အဘယ်သို့သော သစ္စာစွမ်းအား ရှိပါမည်နည်းဟုမေးရာ ဗန္ဓုဝတီပြည့်တန်ဆာမက .. အရှင်မင်းကြီး ကျွန်မသည် အသက်မွေးမှုယုတ်ညံ့သည် မှန်ပါ၏။ သို့ရာတွင် ကျွန်မမှာ သစ္စာဆိုခြင်းကား ရှိနေပါ၏ ဟု လျှောက်၏။ အရှင်မင်းကြီး မင်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ သူဆင်းရဲဖြစ်စေ ကျွန်မကို တစ်စုံတစ်ယောက်က အခကြေးငွေပေးလာပါလျှင် ထိုသူကို ညီတူညီမျှသာ ပြုစုပါ၏။ မင်းဟူ၍လည်း ထူးထူးခြားခြားအရေးပေးခြင်းမပြုပါ။ သူဆင်းရဲဟူ၍လည်း မခန့်လေးစား မဆက်ဆံပါ။ ချစ်ခြင်းမုန်းခြင်း လွတ်ကင်းလျက် အခကြေးငွေပေးလာသူအဖြစ်ဖြင့်သာ ပြုစုပါ၏။ ဤသို့ပြုစုပုံကို သစ္စာဆိုကာ အဓိဋ္ဌာန်ပြုလိုက်သဖြင့် ဂင်္ဂါမြစ်ကြီးမြစ်ညာသို့ဆန်၍ စီးဆင်းသွားရခြင်းဖြစ်ပါသည်ဟု လျှောက်တင်ခဲ့၏”…… ဤအကြောင်းအရာကို စကားပြေတွင် “ဓမ္မသောကမင်းကြီးလက်ထက် ပြည့်တန်ဆာမတစ်ယောက်သည် မင်းကြီးနှင့်တကွ ပရိသတ်ဗိုလ်ပါမှောက်၌ သစ္စာ အားဖြင့် မှန်စွာဆို၍ ဂင်္ဂါမြစ်ရေအလုံးကို အညာသို့ဆန်၍ စီးစေသောဟူ၏” ဟု အကျဉ်းမျှသာ တင်ပြထားပါသည်။ သစ္စာနှင့် ပညာစကားပြေမှ သစ္စာနှင့်ပတ်သက်၍ “အရသာဟူသမျှတို့တွင် သစ္စာအရသာလျှင် မြိန်စွာ၏” ဟူသောအချက်ကို ဇာတ်နိပါတ်တော်တို့မှ ကိုးကား၍ သစ္စာ၏အရသာပေါ်လွင်ရုံမျှ အချုပ်တင်ပြထားပါသည်။ ဇာတ်နိပါတ်တော်တို့ကို အကျယ်လေ့လာခြင်းဖြင့် သစ္စာစကားကို မည်သို့ဆိုထားပုံ၊ သစ္စာဆိုခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကို သိရှိစေပါသည်။
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
ပညာဖြင့်အသက်မွေးသူနှင့် ပညာဖြင့် အသက်မမွေးသူတို့၏ ကွဲပြားခြားနားပုံကို မည်သို့တင်ပြထားသနည်း။
အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသ ရေးသားသော သစ္စာနှင့်ပညာစကားပြေသည် ပါရာယနဝတ္ထုမှကောက်နုတ် ထားပါသည်။ ပါရာယနဝတ္ထုသည် မြတ်စွာဘုရားဟောကြားတော်မူသော ပါရယနသုတ္တန်ကို အခြေခံ၍ရေးထားခြင်းဖြစ်သည်။ သစ္စာနှင့် ပညာစကားပြေမှ ပညာဖြင့်အသက်မွေးသူနှင့် ပညာဖြင့်အသက်မမွေးသူတို့၏ကွဲပြားခြားနားပုံကို မြတ်စွာဘုရား ဟောကြားတော်မူသော တရားဒေသနာတော်တို့ဖြင့် အကိုးအထောက်ပြုကာရှင်းလင်းရေးသားထားပါသည်။ အသက်ရှင်ခြင်းတွင် ဘယ်အရာဖြင့် အသက်ရှင်ခြင်းသည်မြတ်ကြောင်းကို “ပညာဖြင့် အသက်မွေးသောသူ၏အသက်ရှင်ခြင်းသည်သာလျှင် မြတ်သောအသက်ရှင်ခြင်းမည်၏”ဟူ၍ ရှင်းလင်းတင်ပြထားပါသည်။ ပညာကားမည်သို့သောအရာဖြစ်ကြောင်း “ပညာကား အပြစ်အကျိုးကို ခွဲခြမ်းနိုင်ခြင်းဉာဏ်တည်း”ဟူ၍ ပညာနှင့်ဉာဏ်ကိုခွဲခြားတင်ပြထားပါသည်။ ပညာဖြင့် အသက်မွေးခြင်းကို “အပြစ်ရှိသော မကောင်းသော အလုပ်အကြံ၊ အပြစ်ရှိသော ဆေးဝါးမန္တန်အတတ်ဟူသမျှတို့ကိုလျှင်ကြဉ်၍ အပြစ်မရှိ ကျင့်သသူကား တရားနှင့်လျော်စွာ အသက်မွေးသည်မည်၏”ဟု ရှင်းလင်းတင်ပြထားပါသည်။ ““တရားနှင့်လျော်စွာ အသက်မွေးသောသူကိုလျှင် ပညာဖြင့်မွေးသသူဟူသတည်း”ဟု ကောင်းသောအကျင့်တရားနှင့်ပညာကို ထပ်တူပြုကာ တင်ပြထားပါသည်။ တရားနှင့်မလျော် အသက်ရှင်ခြင်းနှင့်တရားကိုကျင့်လျက်သေခြင်းကို "တရားနှင့်မလျော် အသက်ရှင်၏။ တရားကိုကျင့်လျက် သေ၏။ ထိုရှင်သောသူထက်သေသောသူကားမြတ်၏ဟု တရားကျင့်သူ၏ မြတ်ကြောင်းတရားကို နှိုင်းယှဉ်ဖော်ပြထားပါသည်။ တရားနှင့်မလျော်အသက်ရှင်ခြင်းကို “မကောင်းမှုကိုဆည်းပူးလျက်သေ၍ အပါယ်လေးပါး၌ ဦးမပြု နစ်လေ၍ ဘုရားတို့သော်လည်း ရေတွက်နိုင်ခဲသောဆင်းရဲကို ခံရလိမ့်သတည်း”ဟူ၍လည်းကောင်း၊ မကောင်းမှုကြောင့် တမူကား အတိုင်းမသိသော ဆင်းရဲတာရှည်၏” ဟု မကောင်းမှုကြောင့် ဆင်းရဲဒုက္ခရောက်ရပုံကို ရှင်းလင်းတင်ပြ ထားပါသည်။ ပညာဖြင့်အသက်မွေးသောသူလျှင် မြတ်၏”ဟု ပညာဖြင့်အသက်မွေးရန် တင်ပြထားပါသည်။ ကောင်းသောအကျင့်ကျင့်ရန်ကိုလည်း သာဓကပြကာ တင်ပြထားပါသည်။ “သူစီးပွား၊ မိမိစီးပွားကို မသိသောသူကား မျက်စိနှစ်ဖက်လုံးချို့သည်မည်၏။ မိမိစီးပွားကိုသာသိ၍ သူ့စီးပွားကိုမသိသောသူကား မျက်စိတစ်ဖက်ချို့သည်မည်၏။ နှစ်ပါးစုံကိုသိသသူကား မျက်စိနှစ်ဖက်ရှိသည်မည်၏”ဟု အကျိုးစီးပွားကို မျက်စိနှင့် တင်စားကာ ရေးသားတင်ပြထားပါသည်။ ကုသိုလ်ဆယ်ပါးတရားနှင့် ပတ်သက်၍လည်း “ကုသိုလ်ဆယ်ပါး တရားကို ကျင့်လျက် အသက်မွေးသည်လျှင် ပညာဖြင့်မွေးသည်မည်သတည်း”ဟူ၍ ကုသိုလ်ဆယ်ပါး တရားကို ကျင့်ကြစေရန် တိုက်တွန်းတင်ပြထားပါသည်။ သရဏဂုံဆောက်တည်သောအကျင့်၊ တတ်အားသမျှ လှူတမ်းပါသော အကျင့်၊ ပဉ္စသီလဆောက်တည်သော အကျင့်၊ ဥပုသ်ဆောက်တည်သော အကျင့်ကို ကျင့်သူသည် ကုသိုလ်ဆယ်ပါးတရားကို ကျင့်လျက် အသက်မွေးခြင်းဖြစ်ပြီး ပညာဖြင့် အသက်မွေးသည်ဖြစ်ကြောင်း တင်ပြထားပါသည်။ ရဟန်းဖြစ်ပါက သီတင်းလေးပါးအစရှိသော အကျင့်ကောင်း အကျင့်မြတ်တို့ ကျင့်ကြစေရန်ကိုလည်း “ရဟန်းတုံသော်လည်း သီတင်းလေးပါးအစရှိသော သီလဝိသုဒ္ဓိ (အကျင့်သီလ သန့်ရှင်းစင်ကြယ်ခြင်း)၊ စိတ္တဝိသုဒ္ဓ (စိတ်သန့်ရှင်းစင်ကြယ်ခြင်း)နှစ်ပါးကိုပြီးစေပြီး ဝိပဿနာဉာဏ်ဆယ်ပါးကို စီးဖြန်းလျှင် ရဟန်းကောင်း အကျင့်ကိုကျင့်၍ ပညာဖြင့် အသက်မွေးသည်မည်သတည်း”ဟူ၍ ရဟန်းတို့အားလည်း ပညာဖြင့် အသက်မွေးကြစေရန် တိုက်တွန်းရေးသားထားပါသည်။ လူသည် လူ့အကျင့်ကိုကျင့်ရန်၊ ရဟန်းသည်လည်း ရဟန်းအကျင့်ကို ကျင့်ရန်အတွက် လမ်းညွှန်ထားပုံမှာ “လူ့အကျင့် ရဟန်းအကျင့်ကို ကျင့်၍ အသက်မွေးသောသူလျှင် အသက်မွေးသောသူ ဟူသမျှထက် မြတ်သည်ဟု သဗ္ဗညုတဘုရား ဖြေတော်မူသတည်း”ဟူ၍ အသက်မွေးမှုဟူသမျှတွင် ပညာဖြင့် အသက်မွေးသူသာလျှင်မြတ်ကြောင်း ဗုဒ္ဓဟောကြားတော်မူကြောင်းကို တင်ပြထားပါသည်။ ပညာဖြင့် အသက်မွေးသူသည်မြတ်ကြောင်းကို ကုသိုလ်ဆယ်ပါးကိုကျင့်လျက် အသက်မွေးခြင်းသည် ပညာဖြင့် အသက်မွေးခြင်းဖြစ်ကြောင်း တရားနှင့်မလျော် အသက်မွေးသူကား အပြစ်ရှိ၍ အပါယ်လေးပါးကျနိုင်ကြောင်း ဆင်းရဲဒုက္ခကို ခံကြရကြောင်း၊ ပညာဖြင့်အသက်မွေးသူနှင့် ပညာဖြင့်အသက်မမွေးသူတို့ ကွဲပြားခြားနားပုံကို အကြောင်းအကျိုးပြကာ တင်ပြထားပါသည်။
LONG_QNA
null
null
null
သစ္စာနှင့်ပညာ
ရှင်မဟာသီလဝံသ၏ သစ္စာစကားများထဲမှ သင်ကြိုက်နှစ်သက်သော သစ္စာစကားကို ထုတ်နုတ်တင်ပြပါ။
သစ္စာနှင့်ပညာ စကားပြေသည် ရှင်မဟာသီလဝံသရေးသားသော ပါရာယနဝတ္ထုစကားပြေမှ ကောက်နုတ်ထားပါသည်။ ပါရာယနဝတ္ထုသည် မြတ်စွာဘုရားဟောကြားတော်မူသော ပါရာယနသုတ္တန်ကို အခြေခံ၍ ရေးသားထားသည်။ အရသာဟူသမျှတို့တွင် သစ္စာအရသာသည်သာလျှင် မြတ်ကြောင်း၊ အသက်မွေးမှုမှန်သမျှတို့တွင် ပညာဖြင့်အသက်မွေးခြင်းသာလျှင် မြတ်ကြောင်း သိစေလိုသော ရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်းဖြစ်ပါသည်။ သစ္စာဟူသည်ကား “အမှန်ဆိုသည်လည်း သစ္စာ၊ မမှန်ကိုရှောင်ကြဉ်သည်လည်း သစ္စာ၊ အမြိုက်နိဗ္ဗာန်ချမ်းသာလည်း သစ္စာ၊ ဤသုံးပါးလျှင် သစ္စာမည်ကြောင်း၊ အရသာဟူသမျှတို့တွင် သစ္စာအရသာသည်သာလျှင် မြတ်ကြောင်း၊ ပါရမီရင့်သော ဘုရားအလောင်းတော်တို့ ပြုခဲ့သော သစ္စာစကားတို့ကို ဇာတ်တော်တို့မှ ထုတ်နုတ်ကာဥပမာပေး ရေးသားထားပါသည်။ သစ္စာနှင့် ပညာ စကားပြေကို အင်းဝခေတ်စာဆို ရှင်မဟာသီလဝံသရေးသားသော “ပါရာယနဝတ္ထု” မှကောက်နုတ်ထားခြင်းဖြစ်ပါသည်။ “အရသာဟူသမျှတို့တွင် သစ္စာအရသာလျှင် မြိန်စွာ၏”... ဟူသောအချက်ကို ထင်ရှားပေါ်လွင်စေရန် ဇာတ်နိပါတ်တော်တို့မှ ထုတ်နုတ်ကာ သစ္စာစကား၏အကျိုးပေါ်လွင်ရုံ အချုပ်မျှတင်ပြထားသော်လည်း အကျိုးသက်ရောက်မှုကြီးမားကြောင်း သိစေနိုင်ပါသည်။ ဤစကားပြေတွင် သစ္စာစကားများ ဆိုထားသည့် ဇာတ်နိပါတ်တော် ၈ ခုနှင့် သာဓကပြရေးသားထားပါသည်။ ထိုဇာတက ၈ ခုအနက်မှ မြတ်စွာဘုရားပါရမီ ရင့်ပြီးဖြစ်သော ဘုရားလောင်း “သုဝဏ္ဏသျှံဇာတ်တော်” မှ သစ္စာပြုပုံကို နှစ်သက်မိပါသည်။ သုဝဏ္ဏသျှံဇာတ်တော်၌ သုဝဏ္ဏသာမသည် မျက်စိမမြင်သော မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေလေရာ တစ်နေ့၌ မိဘနှစ်ပါးအတွက် ရေကန်၌ ရေသွားခပ်ရာ ဝါဝင်းသော အသားအရေရှိသော သုဝဏ္ဏသာမအား တောလိုက်ထွက်လာသော ပီဠိယက္ခမင်းကြီးက သမင်ဟုထင်မှတ်ကာ မြားနှင့်ပစ်လိုက်သဖြင့် မြားဆိပ်တက်ကာ မေ့မျောသွားလေ၏။ မင်းကြီးက သုဝဏ္ဏသာမ၏ မိဘနှစ်ပါးထံ သွားရောက်ပြောပြသဖြင့် သားထံလိုက်လာကြပြီး ငိုကြွေးကြရာ မိခင် ပါရိကာက သား၏ရင်ဝကို စမ်းကြည့်ရာ ကိုယ်ငွေ့ရှိနေသေးကြောင်း သိသွားရာ “ငါ့သား မသေသေးပါတကား၊ မြားဆိပ်တက်၍ မေ့မျောနေခြင်းဖြစ်သည်ဆိုကာ အဆိပ်ပြေစေရန် ဤသို့သစ္စာပြုလေသည်။ ၁။ ငါ့သား သုဝဏ္ဏသာမသည် ကုသိုလ်တရားကို ကျင့်လေ့ရှိ၏။ ဤမှန်သောသစ္စာစကားကြောင့် အဆိပ်ပြေပါစေသား။ ၂။ ငါ့သား သုဝဏ္ဏသာမသည် မြတ်သောအကျင့်ကို ကျင့်လေ့ရှိ၏။ ဤမှန်သောသစ္စာစကားကြောင့်အဆိပ်ပြေပါစေသား။ ၃။ ငါ့သား သုဝဏ္ဏသာမသည် မှန်သောစကားကို ဆိုလေ့ရှိ၏။ ဤမှန်သောသစ္စာစကားကြောင့် အဆိပ်ပြေပါစေသား။ ၄။ ငါ့သား သုဝဏ္ဏသာမသည် မိဘကို လုပ်ကျွေးပြုစု၏။ ဤမှန်သောသစ္စာစကားကြောင့် အဆိပ်ပြေပါစေသား။ ၅။ ငါ့သား သုဝဏ္ဏသာမသည် လူကြီးမိဘတို့ကို ရိုသေ၏။ ဤမှန်သောသစ္စာစကားကြောင့် အဆိပ်ပြေပါစေသား။ ၆။ ငါသည် ချစ်သား သုဝဏ္ဏသာမကို အသက်ထက်ပင် ချစ်မြတ်နိုး၏။ ဤမှန်သောသစ္စာစကားကြောင့်အဆိပ် ပြေပါစေသား။ ၇။ ငါနှင့် ဒုကူလတို့ ပြုပြုခဲ့သမျှသော ကောင်းမှုတို့၏အစွမ်းကြောင့် အဆိပ်ပြေပါစေသား။ ဤသို့ အမိ ပါရိကာ သစ္စာဆိုသောအခါ သုဝဏ္ဏသာမသည် ငြိမ်သက်နေရာမှ လူးလွန့်လှုပ်ရှားလာ၏။ တစ်ဖက်သောနံပါးသို့ ပြောင်း၍အိပ်သည်။ ထိုအခါ အဖ ဒုကူလသည် အားတက်လာပြီး အမိပါရိကာဆိုသည့်အတိုင်း သစ္စာ (၇) ချက်ကို ဆိုပြန်သည်။ ထိုအခါ သုဝဏ္ဏသာမသည် အခြားတစ်ဖက်သို့ ပြောင်း၍အိပ်ပြန်လေသည်။ ထိုအချိန်၌ မယ်တော်ဟောင်းဖြစ်ခဲ့ဖူးသော ဗဟုသုန္ဒရီနတ်သမီးသည် ကိုယ်ရောင်ဖျောက်လျက် အနီး၌ရှိနေသည်။ နတ်သမီးသည်လည်း သုဝဏ္ဏသာမကို သနားသဖြင့် ဤသို့သစ္စာစကားနှစ်ချက် ဆိုပြန်၏။ “ကျွန်ုပ်သည် ဂန္ဓမာဒနတောင်၌ နှစ်ပေါင်းကြာရှည်နေခဲ့သူ ဖြစ်ပါသည်။ ယင်းသို့နေခဲ့စဉ်အတွင်း သုဝဏ္ဏသာမထက် ပို၍ချစ်မြတ်နိုးသူ မရှိခဲ့ပါ။ ဤမှန်သောသစ္စာစကားကြောင့် အဆိပ်ပြေပါစေသား။” “ဂန္ဓမာဒနတောင်၌ ရှိသမျှအပင်တို့သည် ရနံ့မွှေးကြိုင်နေပါသည်။ ရနံ့မမွှေးသောအပင်ဟူ၍ တစ်ပင်မျှမရှိပါ။ ဤမှန်သောသစ္စာစကားကြောင့် အဆိပ်ပြေပါစေသား” ဤသို့သစ္စာဆိုပြီးသောအခါ သုဝဏ္ဏသာမသည်မြားဆိပ်များ ပြေပျောက်လျက် ထထိုင်လေသည်။ မြားမှန်သောဒဏ်ရာသည်လည်း ကင်းပျောက်သွားလေသည်။ တစ်ပြိုင်တည်းပင် သစ္စာတန်ခိုးကြောင့် ဒုကူလနှင့် ပါရိကာတို့သည်လည်း မျက်စိမြင်ကြလေသည်။ သူတို့သည်သုဝဏ္ဏသာမအသက်ရှင်လာသည်ကို တွေ့မြင်ရလျှင် ငါတို့သည်လည်း မျက်စိမြင်ပြီ၊ ချစ်သားသုဝဏ္ဏသာမသည်လည်း အသက်ရှင်ပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဆိုကြလေသည်။ ဤဇာတ်တော်ပါ အကြောင်းအရာ တို့ကို အကျဉ်းချုပ်ကာသစ္စာ၏အကျိုးကိုသာ ဖော်ပြထားပေသည်။ “သုဝဏ္ဏသျှံဇာတ်တော်၌လည်း သစ္စာစကားဖြင့် မိဘတို့ကို မျက်စိမြင်ပြန်စေ၏”… ဟူ၍သာ အချုပ်မျှ ဖော်ပြထားပါသည်။ သစ္စာဟူသည်ကား “အမှန်ဆိုသည်လည်း သစ္စာ မမှန်ကို ရှောင်ကြဉ်သည်လည်း သစ္စာ၊ အမြိုက်နိဗ္ဗာန်ချမ်းသာလည်း သစ္စာ၊ ဤသုံးပါးလျှင် သစ္စာမည်ကြောင်း၊ အရသာဟူသမျှတို့တွင် သစ္စာအရသာသည်သာလျှင် မြတ်ကြောင်း တင်ပြထားပါသည်။ ဤသုဝဏ္ဏသျှံဇာတ်တော်တွင် ပါရမီရင့်ပြီးဖြစ်သော ဘုရားလောင်းသုဝဏ္ဏသာမ၏ ဖြည့်ဆည်းခဲ့သော ပါရမီတို့၏ဘုန်းကံကြောင့်လည်းကောင်း၊ မိဘနှစ်ဦးနှင့် ဘဝဟောင်းက မိခင်တို့၏ သစ္စာစကားကြောင့်လည်းကောင်း ဘုရားလောင်းလည်း အသက်ရှင်ပြီး မိဘနှစ်ဦးလည်း မျက်စိပြန်မြင်သွားပေသည်။ သစ္စာစကား၏အစွမ်းထက်ပုံ၊ အကျိုးထူးရရှိပုံတို့ကြောင့် အရသာဟူသမျှတို့တွင် သစ္စာအရသာသည်သာလျှင်မြတ်ကြောင်း သိနိုင်ပါသည်။
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေတွင် တင်မောင်မြင့်သည် ခေတ်အကြောင်းကို မည်သို့ဖွင့်ဆိုရှင်းပြထားသနည်း။
ခေတ်စကားပြေကို တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ကိုလိုနီခေတ်တွင် ရေးသားခဲ့ပါသည်။ “ခေတ်”ဟူသော စကားလုံးအနက်အဓိပ္ပာယ်ကို သိရှိရန်နှင့် ခေတ်ဆန်ခြင်း၌ ကောင်းသောခေတ်ဆန်ခြင်း၊ ဆိုးသောခေတ်ဆန်ခြင်းနှစ်မျိုးရှိရာ ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် ခေတ်ဆန်သူတို့၊ ခေတ်တီထွင်သူတို့အား သတိပေးလိုသောရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်း ဖြစ်ပေသည်။ ခေတ်အကြောင်းကို အကျယ်တဝင့်ဖွင့်ဆိုရှင်းပြရေးသားထားပါသည်။ “ခေတ်”ဆိုသည့်စကားသည် “ခေတ္တ”ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး မြန်မာစကားကဲ့သို့ သုံးစွဲနေပြီဖြစ်ကြောင်း “ခေတ္တ၊ ခဏ”ဟူသော စကားတို့နှင့် အတူတူဖြစ်ကြောင်း “ယခု”ဟူသော အဓိပ္ပာယ်မျိုးနှင့်လည်း သုံးလေ့ရှိကြောင်း၊ ဇာတိခေတ်၊ အာဏာခေတ်၊ ဝိသယခေတ်ဟူသော ကျမ်းဂန်လာခေတ်များလည်း ရှိကြောင်း၊ ခေတ်ကို အဓိပ္ပာယ်ဖွင့်ထားပြီး တစ်စုံတစ်ခုသော အဖြစ်အပျက်၊ အခြေအနေအရ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားနှင့်ပတ်သက်၍ ဤစကားပြေကို ဖွင့်ဆိုရှင်းပြရေးသားထားပါသည်။ “ခေတ်စားသည်”ဟူသော စကားမှာ တစ်စုံတစ်ခုသော အရာကို ယခုခဏကလေးတွင်ထင်ပေါ်၍ လူအကြိုက်များသည်ကို ဆိုလိုကြောင်း “ခေတ်ဆန်”သည်မှာ ယခုကာလနှင့်ဆိုင်သော အရာအမျိုးမျိုးကို နှစ်သက်ခြင်းကို ဆိုလိုကြောင်း၊ “ခေတ်” "ဟူသော စကား၏အဓိပ္ပာယ်မှာ အလွန်ကျယ်ပြန့်ကြောင်း၊ ၄င်းစကားတွင် ပကာသနကလေးလည်းပါကြောင်း၊ မခံချင်သောအရာ ကလေးလည်းပါကြောင်း၊ အညွန့်တက်ချင်သောအရာကလေးလည်းပါကြောင်း၊ “ခေတ်”စကားလုံးကို အသက်သွင်းရေးဖွဲ့ထားပါသည်။ ခေတ်တည်းဟူသော စက်ကွင်းအတွင်း၌ လူအပေါင်းလည်ပတ်နေကြရပြီး ယောက်ျား၊ မိန်းမဟူသမျှ ခေတ်၏ကျွန်များ ဖြစ်နေကြောင်း၊ ခေတ်၏အစွမ်းသတ္တိကို ထုတ်ပြကာ ရေးသားထားပါသည်။ ရှေးအခါက မြန်မာတို့သည် အင်္ဂလိပ်စာကို မသင်ကြ၊ အင်္ဂလိပ်စာကျောင်းတွင် မနေကြ၊ ဘုန်းကြီးကျောင်းများ၌သာ ပညာသင်ကြားကြကြောင်း၊ ခေတ်ဆန်သူအချို့ကြောင့် အင်္ဂလိပ်စာသင်သူတွေ များလာခဲ့ကြရာ ခေတ်ဆန်သူတို့အားကောင်းလာပြီး အင်္ဂလိပ်စာသင်ကြားခြင်းကား ရှေးကကဲ့သို့ အဆန်းမဟုတ်တော့ကြောင်း၊ ခေတ်ဆန်ခြင်းသည် ကြာလျှင်ရိုးသွားတတ်ကြောင်း ““ခေတ်”၏သဘောကိုလည်း ဖွင့်ဆိုရှင်းပြရေးသားထားပါသည်။ မည်သည့်အရာမဆို လက်ဦးအစ တီထွင်လိုက်လျှင် လူအများမနှစ်သက်ကြ၊ နှစ်သက်သူ အနည်းငယ်မျှသာရှိပြီး မကြာမီ နောက်လိုက်တွေတစ်စတစ်စ ပေါများလာစမြဲဖြစ်ကြောင်း၊ ထိုအခါ ခေတ်ဆန်သည်ဆိုသော စကားမှာ ပပျောက်သွားကြောင်း၊ ထို့ကြောင့် ခေတ်ဆန်သည်ဆိုသော စကားနှင့် “အသစ်ထွင်သည်” “ဆန်းသည်”ဆိုသောစကားတို့မှာ အတူတူဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ လောကသဘော၊ လူ့သဘောတို့နှင့် ဆက်စပ်ကာဖွင့်ဆိုရှင်းပြရေးသားထားပါသည်။ “ခေတ်ဆန်ခြင်း” “အသစ်ထွင်ခြင်း”တို့ကို ကြိုက်လည်း မကြိုက်ကြ၊ မကြိုက်ဘဲလည်း မနေနိုင်ကြကြောင်း၊ ယောက်ျား၊ မိန်းမမည်သူမဆို “ခေတ်ဆန်ခြင်းတည်းဟူသော အရှင်၏ကျွန်များသာဖြစ်ကြကြောင်း ခေတ်ဆန်ခြင်း၊ အသစ်ထွင်ခြင်းမရှိလျှင် လောကကြီးသည် တိုးတက်ခြင်းကင်းတော့မည်။ တိတ်လျက်ပျင်းစရာကြီးဖြစ်နေတော့မည်ဟူ၍ ခေတ်ဆန်ခြင်းနှင့် လူတို့၏သဘော၊ လောကကြီးသဘောကို ဆက်စပ်ကာဖွင့်ဆိုရှင်းပြထားပါသည်။ မီးရထား၊ မီးသင်္ဘော၊ ဓာတ်ရထား၊ မော်တော်ကား၊ လေယာဉ်ပျံတို့သည် ခေတ်ဆန်သူတို့၏ ကျေးဇူးကြောင့် မြင်ဖူး၊ စီးဖူး.ကြကြောင်း၊ ၄င်းတို့ကိုတီထွင်သူများအား အရူးများဟု အထင်ခံကြရပြီးမှ လူများကအကျိုးရှိကြောင်းသိလာ၍ ဤခေတ်ဆန်ခြင်းမှာ အကျိုးရှိသော ခေတ်ဆန်ခြင်း၊ အားပေးတိုက်တွန်းထိုက်သော ခေတ်ဆန်ခြင်းဖြစ်ကြောင်း ရှင်းပြထားပေသည်။ အကျိုးမရှိသော ခေတ်ဆန်ခြင်းတို့လည်းရှိကြောင်း မိန်းမများ ဆံထုံးရွယ်ရွယ်ထုံးရာမှ ဆံထုံးကြီးကြီးဖြစ်လာအောင် အဆန်းထွင်ကြရာမှ နောက်လိုက်တွေပေါများလာကြသဖြင့် ဆံစုအတွက် ပိုက်ဆံအပိုကုန်ပြီး ခေါင်းလည်းလေး၊ အလုပ်လည်းများ၊ ကြည့်၍လည်းမကောင်းသဖြင့် အကျိုးရှိသောအဆန်းထွင်ခြင်းမျိုးမဟုတ်ကြောင်း ရှင်းပြထားပါသည်။ မိန်းကလေးများ အင်္ကျီပါးပါးဝတ်ကြသည်မှာ အကျိုးလည်းမရှိ၊ လှလည်းမလှသော်လည်း ခေတ်ဆန်သည်ဟုထင်ကြကြောင်း၊ လုံချည်ဆန်း၊ ပဝါဆန်းများကို ပေါ်တိုင်းဝယ်ဝတ်ကြကြောင်း၊ ခြွေတာရေးတရားများဟောနေကြရမည့်ခေတ်တွင် အဖြုန်းတရားများဟောနေကြကြောင်း၊ ဤခေတ်ဆန်ခြင်းမျိုးကို မည်သူမျှမတားနိုင်သော်လည်း “မြစ်ရေအပြင်းအထန် စီးဆင်းနေသည်ကို တာတမံပိတ်ကာ တားဆီးခြင်းထက် အခြားဘက်သို့မြောင်းတူး၍ ပေးလိုက်ခြင်းက လွယ်ကူသကဲ့သို့ အင်္ကျီပါးမဝတ်ရန် တရားဟောခြင်းမပြုဘဲ အင်္ကျီထူထူဝတ်ခြင်းကို ခေတ်ဆန်အောင် ပြုလုပ်ပေးလိုက်လျှင် ချက်ချင်း နောက်လိုက်တွေ ပေါများ၍လာမည်ဖြစ်ကြောင်း အကိုးအကားပြကာဖွင့်ဆိုရှင်းပြထားပါသည်။ စာအရေးအသားဘက်တွင်လည်း ခေတ်ဆန်ကာ အသစ်ထွင်ခြင်းဖြင့် ခေတ်ဆန်လွန်းလျှင် မကောင်းကြောင်း၊ အရေးအသားပြေပြစ်မည့်အစား ထစ်ထစ်ငေါ့ငေါ့ဖြစ်နေတတ်ကြောင်း၊ အချို့စာများမှာ ကြေနန်းစာထက်ပင် တိုလွန်းနေ၍ အဓိပ္ပာယ်မပေါ်လွင်တော့ပေ။ လောကမှာ မည်သည့်အရာမဆို တန်ဆေး၊ လွန်ဘေးဖြစ်ကြောင်း၊ စာအရေးအသားဘက်တွင်လည်း ခေတ်ဆန်လွန်း၊ အဝတ်အစားဘက်တွင်လည်း ခေတ်ဆန်လွင်းသဖြင့် ခေတ်ကို တီထွင်သူတို့ ခေတ်ဆန်ခြင်းမလွန်စေရန်၊ ကောင်းသောခေတ်ဆန်ခြင်းကိုသာ တီထွင်ကြရန် ခေတ်တီထွင်သူတို့အား သတိပေးထားကာ ခေတ်အကြောင်းကို အကျယ်တဝင့် ဖွင့်ဆိုရှင်းပြ ရေးသားထားပါသည်။
LONG_QNA
null
null
null
ခေတ်
ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းနှစ်မျိုး ကွာခြားပုံကို မည်သို့တင်ပြသွားသနည်း။
“ခေတ်”ဟူသောစကားပြေကို ကိုလိုနီခေတ်တွင် တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ရေးသားထားပါသည်။ ခေတ်ဆန်ခြင်း၌ ကောင်းသောခေတ်ဆန်ခြင်း၊ ဆိုးသောခေတ်ဆန်ခြင်းဟူ၍ နှစ်မျိုးရှိရာ ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် ခေတ်ဆန်ချင်သူတို့အား၊ ခေတ်တီထွင်သူတို့အား သတိပေးရေးသားထားပါသည်။ လောကမှာ ခေတ်ဆန်ခြင်းတူသော်လည်း ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းတွင် ကောင်းသောခေတ်ဆန်ခြင်းကိုသာ တီထွင်ကြရန်နှင့် ခေတ်ဆန်ခြင်းနှစ်မျိုးကွာခြားပုံကို အကိုးအကားသာဓကများဖြင့်ဖွင့်ဆိုရှင်းပြရေးသားထားပါသည်။ ကောင်းသောခေတ်ဆန်ခြင်းသည် လူတို့အတွက် အကျိုးရှိသော ခေတ်ဆန်ခြင်းမျိုး ဖြစ်ကြောင်း၊ သာဓကအားဖြင့် မီးရထား၊ မီးသင်္ဘော၊ ဓာတ်ရထား၊ မော်တော်ကား၊ လေယာဉ်ပျံတို့သည် ခေတ်ဆန်သူတို့၏ ကျေးဇူးကြောင့်သာလျှင် စီးဖူးကြ၊ မြင်ဖူးကြရပေသည်။ ခေတ်ဆန်ခြင်း၊ အသစ်တီထွင်ခြင်းသာ မရှိခဲ့ပါလျှင် ၄င်းယာဉ်များကို မြင်ကြရမည် မဟုတ်ပေ။ လူတို့အတွက် အကျိုးများစေသော ခေတ်ဆန်ခြင်းသာ ဖြစ်ပေသည်။ ၄င်းယာဉ်များဖြစ်မြောက်အောင် ကြံစည်ကြစဉ်က လူအများ၏စိတ်တွင် ထိုကြံစည်သူတို့အား အရူးများဟူ၍ပင်အထင်ခံကြရပေမည်။ ဤခေတ်ဆန်ခြင်းမျိုးကား ကောင်းသောခေတ်ဆန်ခြင်း၊ အကျိုးရှိသောခေတ်ဆန်ခြင်းတို့ ဖြစ်ပေသည်။ အားပေးတိုက်တွန်းသင့်သော ခေတ်ဆန်ခြင်းဖြစ်ကြောင်း တင်ပြထားပါသည်။ ခေတ်ဆန်တိုင်းလည်း ကောင်းသည်ဟုမဆိုနိုင်ကြောင်း၊ အကျိုးမရှိသော ခေတ်ဆန်ခြင်းများလည်း ရှိကြောင်း၊ ၄င်းခေတ်ဆန်ခြင်းမျိုးကို အားမပေးသင့်ကြောင်း၊ မိန်းမများသည် အဝတ်အစား၊ အလှပြင်ခြင်းတို့နှင့်ပတ်သက်၍ အဆန်းအထွင်ဆုံးသူများဖြစ်ကြောင်း၊ မကြီးမသေးဆံထုံးရွယ်ရွယ်ထုံးကြရာမှ ဆံထုံးကြီးကြီးဖြစ်လာအောင် အဆန်းထွင်ကြပြန်သည်။ တစ်ယောက်က အသစ်ထွင်လိုက်လျှင် နောက်လိုက်တွေပေါများလာကြကြောင်း၊ ဤသို့ အဆန်းထွင်ခြင်းကား အကျိုးရှိသော အဆန်းထွင်ခြင်း မဟုတ်ကြောင်း၊ ဆံစု (ဆံပင်အတု)အတွက် ပိုက်ဆံအပိုကုန်ကြောင်း၊ ခေါင်းလည်းလေး၊ အလုပ်လည်းများ၊ ကြည့်၍လည်း များစွာမကောင်းလှကြောင်း၊ ယောက်ျားအပေါင်းတို့ကလည်း သတင်းစာ၊ မဂ္ဂဇင်းတို့မှ အပြစ်တင်စကားများ ရေးသားကြကြောင်းတို့ကို တင်ပြထားပြီး ယင်းခေတ်ဆန်ခြင်းမှာ ဆိုးသောခေတ်ဆန်ခြင်းဖြစ်ကြောင်း တင်ပြထားပါသည်။ မိန်းကလေးများ အင်္ကျီပါးပါးဝတ်သည်နှင့် ပတ်သက်၍လည်း အကျိုးမရှိကြောင်း၊ မလှကြောင်း၊ သို့သော် ခေတ်ဆန်သည်ထင်ပြီး နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်ကြကြောင်း၊ အင်္ကျီပါးပါးမဝတ်လျှင် ခေတ်မမီဟု အပြောခံရမည်ကို စိုးရိမ်ကြကြောင်း၊ ယင်းသို့ ခေတ်ဆန်လွန်းကြသဖြင့် မြန်မာတွေ တော်တော်မွဲကုန်ကြောင်း၊ လုံချည်ဆန်း ပဝါဆန်းများပေါ်လျှင် ဆန်းဆိုသမျှ ဝယ်နေကြတုန်း၊ ခေတ်ဆိုးကြီးဖြစ်၍ အရောင်းအဝယ်မကောင်း၊ ငွေကြေးရှားပါးကြောင်း ပြောနေကြသော်လည်း အဝတ်အစားဘက်က ခေတ်ဆန်လျက်ပင်ရှိကြောင်းစသည့် ဆိုးသောခေတ်ဆန်ခြင်းနှင့်ပတ်သက်၍ ရေးသားထားပါသည်။ ခေတ်ဆန်ခြင်းကို မည်သူမျှမတားနိုင်သော်လည်း မကောင်းသောခေတ်ကို ကောင်းသောခေတ်ဖြစ်အောင် ပြုပြင်နိုင် ကြရမည်ဖြစ်ကြောင်း၊ အဖြုန်းခေတ်မှ ချွေတာခြင်းခေတ်သို့ရောက်အောင် ခေတ်ကိုခေတ်နှင့်သာလျှင် ပြန်၍ခုခံရမည်ဖြစ်ကြောင်း၊ မိန်းမများ အင်္ကျီပါးပါးမဝတ်ကြရန် တရားဟောခြင်းမပြုဘဲ အင်္ကျီထူထူဝတ်ခြင်းကို ခေတ်ဆန်အောင်လုပ်ပေးလိုက်လျှင် ချက်ချင်းနောက်လိုက်တွေ ပေါများလာမည်ဖြစ်ကြောင်း နည်းလမ်းကောင်းကိုလည်း လမ်းညွှန်ထားပေသည်။ စာအရေးအသားဘက်တွင်လည်း ခေတ်ဆန်နေကြကြောင်း၊ ခေတ်ဆန်ကာ အသစ်ထွင်ခြင်းကားကောင်းသော်လည်း ဆန်းလျှင်ပြီးရောဆိုကာ ဆန်းလွန်းခြင်းကား မကောင်းကြောင်း၊ ယခုကာလ လူငယ်များရေးသားကြသော စာများမှာ ရှေးစာအချို့တို့ကဲ့သို့ သွယ်ဝိုက်ဖွဲ့ရွဲ့ခြင်း မရှိ။ တိုတိုတောင်းတောင်းနှင့် လိုရင်းအချက်ပေါ်အောင် ရေးသားကြသည့် အသစ်ထွင်ခြင်းကား ကောင်းပါ၏။ ခေတ်စာများဟူ၍ပင် ခေါ်ဆိုနေကြကုန်၏။ သို့သော် ခေတ်ဆန်လွန်းအားကြီးသွားသောအခါ အရေးအသား မပြေပြစ် ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားကြောင်း၊ အချို့စာများမှာ ကြေးနန်းစာထက်ပင် တိုတောင်းနေကြောင်း၊ စကားပြေပြစ်ခြင်းကို နှောင့်ယှက်နေကြောင်း၊ ဆိုးသောခေတ်ဆန်ခြင်းဖြစ်ကြောင်း တင်ပြထားပါသည်။ ခေတ်ဆန်ခြင်းကား ကောင်းပါသော်လည်း ခေတ်ဆန်လွန်းခြင်းကား မကောင်းကြောင်း၊ ယခုခေတ်တွင် စာအရေး အသားမှာလည်း ခေတ်ဆန်လွန်းအားကြီးသူတွေ ပေါများနေကြောင်း၊ အဝတ်အစားဘက်တွင်လည်းခေတ်ဆန်လွန်း အားကြီးသူတွေပေါများနေကြောင်း၊ ခေတ်ဆန်ခြင်း မလွန်သွားစေရန် ခေတ်ကို တီထွင်သူတို့ သတိထားကြပါရန်၊ ခေတ်ဆန်ခြင်းတွင် ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်း နှစ်မျိုးကွာခြားပုံကို ကျိုးကြောင်းပြကာ ရေးသားထားပါသည်။
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေမှ တင်မောင်မြင့်၏ စကားလုံးအသုံးအနှုန်းများကို လေ့လာတင်ပြပါ။
ခေတ်စကားပြေကို တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ကိုလိုနီခေတ်တွင် ရေးသားခဲ့သောစကားပြေ ဖြစ်သည်။ ခေတ်ဆန်ခြင်းတွင် ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းဟူ၍ နှစ်မျိုးရှိရာတွင် ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် ခေတ်တီထွင်သူတို့အား သတိပေးရေးသားထားပါသည်။ ဤစကားပြေမှ သိပ္ပံမောင်ဝ၏ စကားအသုံးအနှုန်းတို့ကို လေ့လာနိုင်ပါသည်။ “ခေတ်”စကားကို အဓိပ္ပာယ်ဖွင့်ဆိုပြရာ၌ “ခေတ္တ”ဆိုသော ပါဠိစကားမှ ဆင်းသက်လာဟန်တူလေသည်။ ခေတ္တဆိုသောစကားမှာ မြန်မာစကားကဲ့သို့ပင်ဖြစ်လျက်ရှိကြောင်း “ခေတ္တ”နှင့် “ခဏ” “ယခု”ဆိုသော စကားတို့မှာ “ညီအစ်ကိုဝမ်းကွဲများ” ဖြစ်ကြလေသည်ဟူ၍ စကားလုံးသုံးမျိုး၏ ဆင်တူမှုကို အသက်ရှိသကဲ့သို့ တင်စားသုံးထားခြင်း ဖြစ်သည်။ “ခေတ်” ဟူသော စကားလုံးသည် အဓိပ္ပာယ်သက်ရောက်မှု ကျယ်ပြန့်ကြောင်းကို “အလွန်တာသွား”ဟု ထိထိမိမိ တင်ပြထားပေသည်။ ခေတ်ဟူသောစကားတွင် “ပကာသနကလေး”ပါ၏။ “မခံချင်သောအရာ” ကလေးလည်းပါ၏။ “အညွန့်တက်ချင်သောအရာကလေး”လည်း ပါလေသည်ဟူ၍ ခေတ်စကားလုံးလေး၏ အဓိပ္ပာယ်ကို နှစ်သက်စဖွယ် အသက်သွင်းကာ ရေးဖွဲ့ထားပေသည်။ “ခေတ်”တည်းဟူသော စက်ကွင်းအတွင်း၌ လူအပေါင်းလည်ပတ်နေကြရသည်ဟူ၍ ခေတ်သည် လူတို့အပေါ် ဆွဲဆောင်နိုင်စွမ်းရှိကြောင်း၊ ခေတ်အလိုက် မရုန်းထွက်နိုင်ကြသော လူတို့၏လည်ပတ်မှုသဘောတရားကိုလည်း နက်နက်ရှိုင်းရှိုင်းတွေးကာ ရေးသားထားပါသည်။ ယောက်ျား၊ မိန်းမ မည်သူမဆို “ခေတ်၏ကျွန်များ” ဖြစ်နေကြသည်ဟူ၍ ခေတ်၏ခိုင်းစေရာကို လိုက်လုပ်နေကြသူများအဖြစ်မြင်ကာ အတွေးဆန်းဆန်းဖြင့် သုံးနှုန်းထားကြပေသည်။ ရှေးအခါက မြန်မာများသည် အင်္ဂလိပ်စာကို မသင်ကြဘဲ ဘုန်းတော်ကြီးကျောင်း၌သာ စာသင်ကြားကြကြောင်းကို ဘုန်းကြီးကျောင်းများနှင့် “ကိစ္စတုံး”ကြလေသည်ဟု ပညာသင်ကြားမှုပြီးပြတ်ကြောင်းကို “ကိစ္စတုံး”ဟု ရေးသားထားပေသည်။ အင်္ဂလိပ်ကျောင်းသားဟုဆိုလျှင် “မျိုးဖျက်တွေ” “ စာဖျက်တွေ” “ကုလားမက်”တွေဟု ထင်မှတ်ကြကြောင်းကို အင်္ဂလိပ်များ အနောက်တိုင်းသား အဖြူအမဲများကို အထင်ကြီးကြောင်း၊ ကုလားကို မက်မောကြောင်းအဖြစ် “ကုလားမက်”ဟု သုံးနှုန်းထားပါသည်။ အင်္ဂလိပ်စာသင်သူတွေ နည်းပါးသေးသောကာလကို “ဟင်္သာများအကြားတွင် ကျီးတစ်ကောင်ကဲ့သို့၊ ကျီးများအကြားတွင် ဟင်္သာတစ်ကောင်ကဲ့သို့” မတင့်တယ်ကြောင်းကို ဥပမာအလင်္ကာမြောက်စွာ ရေးသားထားသဖြင့် စာရေးသူ ဖော်ပြလို သောအချက်မှာ သရုပ်ပေါ်လွင်စေပါသည်။ အင်္ဂလိပ်စာသင်ခြင်းကား ရှေးကကဲ့သို့ အဆန်းမဟုတ်တော့ကြောင်း၊ နောက်လိုက်တွေ ပေါများလာကြောင်းကို “မိုးခါးရေသောက်ကြကုန်သည်” ဟူသောစကားဖြင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်စွာ ရေးသားထားပေသည်။ မိုးခါးရေပင်ဖြစ်လင့်ကစား အများသောက်၍ လိုက်သောက်ကြကြောင်း သွယ်ဝှိုက်ရေးသားထားသည့် ဝင်္ကဝုတ္တိအလင်္ကာကို သုံးနှုန်းရေးသားထားပေသည်။ မီးရထား၊ မီးသင်္ဘော၊ ဓာတ်ရထား၊ မော်တော်ကား၊ လေယာဉ်ပျံတို့သည် ခေတ်ဆန်သူတို့၏ကျေးဇူးကြောင့် မြင်ဖူး၊ စီးဖူးကြသဖြင့် “မည်မျှတာသွားသော ခေတ်ဆန်ခြင်းပေနည်း”ဟူ၍ မိမိဆိုလိုချက်ကို အမေးစကားဖြင့် အလေးအနက်ပြုကာ ရေးသားထားပါသည်။ ကိုလိုနီခေတ်က မြန်မာအမျိုးသမီးများ ဆံထုံးထုံးပုံနှင့်ပတ်သက်၍ ဆံထုံးရွယ်ရွယ်ထုံးရာမှ ဆံထုံးကြီးကြီးဖြစ်လာအောင် အဆန်းထွင်ကြပုံကို မကြီးမသေး အရွယ်လတ်ဆံထုံးကို “ဆံထုံးရွယ်ရွယ်””ဟု သုံးနှုန်းထားသည်မှာ ဆံထုံးပုံပေါ်အောင် သရုပ်ဖော်ထားပေသည်။ ဆံထုံးသေးသေးထုံးသော မိန်းကလေးတစ်ယောက်ကိုမြင်သော် ဆံထုံးကြီးကြီးကို မြင်နေ၍ ရိုးသွားသောကြောင့် ကြည့်မကောင်းဖြစ်ပုံကို “အမြင်ကပ်အလို့ဆိုနေ”ဟု စိတ်ခံစားချက်ပေါ်အောင် ရေးသားသုံးနှုန်းထားပါသည်။ မိန်းကလေးများ အင်္ကျီပါးပါးဝတ်ကြခြင်းကြောင့် အများက ပြောဆိုကြကြောင်းကို “တော်တော်ဝင်ဆူလိုက်သေး” ဟု ပွဲဆူကြကြောင်းကို လုံးချင်းစကားလုံး “ဆူ”ဟုသာ ရေးသားထားပါသည်။ ခေတ်ဆန်လွန်းကြသည့်ခေတ်ကို “ခေတ်ဆန်ခြင်း မြန်လွန်းလှ၏တကား”ဟူ၍ အံ့သြမှုလေသံနှင့် ခံစားချက်ပေါ်လွင်အောင် သုံးနှုန်းထားပါသည်။ အဝတ်အစားအသစ်အဆန်းပေါ်တိုင်း ဝယ်ဝတ်ကြသော မြန်မာမိန်းကလေးများကို “အဖြန်းတရားများဟောနေကြပြီ” ဟူ၍ ဝင်္ကဝုတ္တိအလင်္ကာမြောက်စွာ ငွေကြေးဖြုန်းတီးနေပုံကို သွယ်ဝှိုက်ရေးသားထားပေသည်။ အဖြုန်းခေတ်မှ ချွေတာခြင်းခေတ်သို့ရောက်အောင် “ခေတ်ကို ခေတ်နှင့်သာ ပြန်၍ဖုခံရာသည်”ဟု ကုစားနည်းကိုလည်း လမ်းညွှန်ထားပေသည်။ "မြစ်ရေအပြင်းအထန် စီးဆင်းနေသည်ကို တာတမံပိတ်ကာ တားဆီးခြင်းထက် အခြားဘက်သို့ မြောင်းတူး၍ပေးလိုက်ခြင်းက လွယ်ကူသကဲ့သို့တည်း”ဟု အမျိုးသမီးများ အင်္ကျီပါးမဝတ်ကြရန် တရားဟောခြင်းမပြုဘဲ အင်္ကျီထူထူဝတ်ခြင်းကို ခေတ်ဆန်အောင်လုပ်ပေးလိုက်သင့်ကြောင်း ဥပမာအလင်္ကာဖြင့် ဥပမာပေး ခိုင်းနှိုင်းရေးသားထားသည်မှာ ပေါ်လွင်လှပေသည်။ စာအရေးအသားဘက်တွင်လည်း အသစ်ထွင်သောစာရေးနည်း ဆိုလိုချက်ပေါ်အောင် ရေးသားကြသောစာများကို “ခေတ်စာများ”ဟု သုံးနှုန်းထားသည်။ ခေတ်ဆန်လွန်း၍ စကားပြေပြစ်ခြင်းမရှိသောစာများကို “ထစ်ထစ်ငေါ့ငေါ့” ဖြစ်ကြောင်း၊ စာအဓိပ္ပာယ်မပေါ်ကြောင်းကို ထိထိမိမိ သုံးထားပေသည်။ လောကမှာ မည်သည့်အရာမဆို တန်လျှင်ဆေးဖြစ်၏။ လွန်လျှင် ဘေးဖြစ်၏”ဟူသော ဆိုရိုးစကားဖြင့်လည်း ဆိုလိုချက်ပေါ်အောင် ရေးသားထားပေသည်။ ဤစကားပြေသည် “ခေတ်”နှင့်ပတ်သက်၍ လူတို့၏သဘောထားခံယူချက်များ၊ လောကသဘော၊ခေတ်သဘောတို့ကို ထိမိပေါ်လွင်သော စကားသုံးများ၊ အလင်္ကာမြောက်အဖွဲ့များ၊ ဆိုရိုးစကားတို့ဖြင့်ဆိုလိုချက်ပေါ်လွင်အောင် ရေးသားထားနိုင်ကြောင်း တွေ့ရပါသည်။
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေမှ တင်မောင်မြင့်၏ ဝါကျအသုံးများကို တင်ပြပါ။
"ခေတ် "စကားပြေသည် တင်မောင်မြင့် (သိပ္ပံမောင်ဝ)၏ ကိုလိုနီခေတ်က ရေးသားထားသော သုတစာပေတစ်ပုဒ် ဖြစ်သည်။ ကောင်းသောခေတ်ဆန်ခြင်းတို့ကိုသာ တီထွင်ကြရန် အကြံပြုရေးသားထားခြင်းဖြစ်သည်။ ဤစကားပြေမှ ထူးခြားသောပါကျအသုံးများကို လေ့လာတွေ့ရှိရပါသည်။ ခေတ်စကားပြေတွင် ဝါကျတိုများကို အများဆုံးအသုံးပြုရေးသားထားသဖြင့် စာရေးသူတင်ပြလိုသည့် အကြောင်းအရာတို့ကို သွက်သွက်လက်လက် တင်ပြထားနိုင်ကြောင်း တွေ့ရပါသည်။ အနက်အဓိပ္ပာယ်အရ ဝါကျအမျိုးအစား(၅)မျိုးရှိသည့်အနက် ဆန္ဒဝါကျအမျိုးအစားမှလွဲ၍ ကျန်(၄)မျိုးဖြင့် အသုံးပြုထားကြောင်း တွေ့ရပါသည်။ “ခေတ်”ဆိုသည့်စကား၏ အဓိပ္ပာယ်ကို ဖွင့်ပြထားရာတွင် ပါဠိစကားမှဆင်းသက်လာသည့် မူရင်းစကားလုံးအကြောင်းကို ထုတ်ဖော်ဝါကျဖြင့် ရေးသားထားပါသည်။ “ခေတ်”ဆိုသည့်စကားသည် “ခေတ္တ”ဆိုသော ပါဠိစကားမှ ဆင်းသက်လာဟန်တူလေသည်။ “ခေတ္တ”ဆိုသောစကားမှာ မြန်မာစကားကဲ့သို့ပင် ဖြစ်လျက်နေလေပြီ။ “ခေတ္တ”နှင့် “ခဏ”ဆိုသော စကားတို့မှာလည်း အတူတူပင်။ “ခေတ်”ဆိုသောစကားကို “ယခု”ဆိုသော အဓိပ္ပာယ်မျိုးနှင့်လည်း သုံးလေ့ရှိသေး၏။ “ခေတ်” “ခဏ” “ယခု”ဆိုသော စကားတို့မှာ ညီအစ်ကိုဝမ်းကွဲများဖြစ်ကြလေသည်။ အထက်ပါဝါကျတိုများကို လေ့လာကြည့်လျှင် “ခေတ်”ဝေါဟာရအကြောင်းကို “ခေတ္တ”ဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း၊ “ခဏ၊ ယခု”ဆိုသော ဝေါဟာရတို့နှင့် အတူတူမွေးဖွားလာကြကြောင်း၊ ဝေါဟာရအသုံးတူကြောင်းကို ထုတ်ဖော်ပြကာ ရှင်းလင်းရေးသားထားသည့် ထုတ်ဖော်ဝါကျအမျိုးအစားများ ဖြစ်လေသည်။ မိမိတင်ပြလိုသည့်အကြောင်းအရာတစ်ခုကို မေးခွန်းလေးများထည့်သွင်းကာ ရေးသားထားသဖြင့် စာဟန်လည်း သွက်လက်စေပြီး အကြောင်းအရာလည်း ငြီးငွေ့ဖွယ်မဖြစ်စေတော့ပေ။ စာရေးသူသည် “ခေတ်” အကြောင်းကို ရှင်းလင်းတင်ပြရာ၌ မေးခွန်းထုတ်ကာ ရေးသားထားကြောင်း “ခေတ်တည်းဟူသော စက်ကွင်းအတွင်း၌ လူအပေါင်းလည်ပတ်နေကြရသည်ကို သတိထားမိကြပါလော” “ယောကျာ်း မိန်းမ မဟူ မည်သူမဆို ခေတ်၏ကျွန်များ ဖြစ်နေကြသည်ကို ရိပ်မိကြပါ၏လော” လူတိုင်းသည် ခေတ်၏ကျေးကျွန်များဖြစ်နေကြသည်ကို သတိမထားမိကြဘဲ ခေတ်နောက်သို့လိုက်ရင်း စက်ကွင်းထဲ လည်နေကြကြောင်းကို သတိထားမိကြရန် မေးခွန်းထုတ်ကာ ရေးသားထားပေသည်။ ခေတ်ဆန်သူတို့၏ကျေးဇူးကြောင့် မီးရထား၊ မော်တော်ကား၊ လေယာဉ်ပျံတို့ကို မြင်ဖူး၊ စီးဖူးကြသဖြင့်အကျိုးများသော ခေတ်ဆန်ခြင်းကို ချီးကျူးလိုသဖြင့် အမေးဝါကျဖြင့် “မည်မျှတာသွားသော ခေတ်ဆန်ခြင်းပေနည်း”... ဟူ၍ အကျိုးရှိသော ခေတ်ဆန်ခြင်းကို အားပေးထားသည်။ အမျိုးသမီးများ ဆံထုံးကြီးကြီးထုံးကြသည်ကို သတင်းစာ၊ မဂ္ဂဇင်းတို့၌ အပြစ်တင်ရေးသားကြသော်လည်း မဖြုံကြကြောင်းကို “ခေတ်ကို မည်သူတားနိုင်ပါအံ့နည်း” ဟူသော မေးခွန်းဝါကျဖြင့် စိတ်လျှော့သောလေသံပေါ်အောင်ရေးသားထားပါသည်။ ရှေးအခါက မြန်မာများ အင်္ဂလိပ်စာမသင်ကြကြောင်း၊ အင်္ဂလိပ်ကျောင်းတွင် မနေကြဘဲ ဘုန်းတော်ကြီးကျောင်းတွင်သာ နေကြကြောင်းကို “ရှေးအခါက မြန်မာများ အင်္ဂလိပ်စာကို မသင်ကြ” “အင်္ဂလိပ်ကျောင်းတွင် မနေကြ”ဟူသော ငြင်းပယ်ဝါကျတို့ဖြင့်လည်း စိတ်ဝင်စားဖွယ်ကောင်းအောင်ရေးဖွဲ့ထားပါသည်။ အမျိုးသမီးများ ဆံထုံးကြီးကြီးထုံးကြခြင်းကို ဤသို့အဆန်းထွင်ခြင်းကား အကျိုးရှိသော အဆန်းထွင်ခြင်းမဟုတ်။ “ခေတ်ဆန်တိုင်းလည်း ကောင်းသည်ဟု မဆိုသာ”... ဟူသော ငြင်းပယ်ဝါကျတို့ဖြင့် ရေးသားထားသဖြင့်စိတ်ဝင်စားဖွယ် ဖြစ်နေပါသည်။ ခေတ်ဆန်ခြင်းတွင် ကောင်းသောခတ်ဆန်ခြင်း၊ ဆိုးသောခေတ်ဆန်ခြင်းဟူ၍ နှစ်မျိုးရှိရာ ကောင်းသောခေတ်ဆန်ခြင်းကိုသာ တီထွင်ကြရန်သင့်ကြောင်းကို... “ခေတ်ဆန်သူတို့ သတိထားကြပါကုန်”” “ခေတ်တီထွင်သူတို့ သတိထားကြပါကုန်” ဟူ၍ အသစ်အဆန်းတီထွင်သူတို့အား သတိထားကြရန် တိုက်တွန်းသော တိုက်တွန်းဝါကျကိုလည်းတွေ့နိုင်ပါသည်။ ခေတ်စကားလုံး၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပြရာ၌ ဝါကျတိုလေးများကို အသုံးပြုကာ ဆင်တူဝါကျများအဖြစ် အသက်သွင်း ရေးဖွဲ့ထားကြောင်း . “ခေတ်ဆိုသောစကားသည် အလွန်တာသွားသောစကားဖြစ်၏။ တာသွားမှန်းမသိဘဲနှင့် တာသွားသောစကားပေတည်း။ ၄င်းစကားတွင် ပကာသနကလေးပါ၏။ မခံချင်သော အရာကလေးလည်း ပါ၏။ အညွန့်တက်ချင်သော အရာကလေးလည်း ပါလေသည်” ဟူ၍ ဆင်တူဝါကျများဖြင့် စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးဖွဲ့ထားပါသည်။ ရှေးခေတ်အခါက အင်္ဂလိပ်ကျောင်းသားဆိုလျှင် ကဲ့ရဲ့ကြကြောင်းကို “ဟင်္သာများအကြားတွင် ကျီးတစ်ကောင်ကဲ့သို့” “ကျီးများအကြားတွင် ဟင်္သာတစ်ကောင်ကဲ့သို့လည်းကောင်း မတင့်တယ်”ဟူသော ဝါကျတွင်ဟင်္သာများအကြား ရောက်နေသော ကျီးကဲ့သို့၊ ကျီးများအကြားရောက်နေသော ဟင်္သာကဲ့သို့ ကွဲပြားခြားနားနေကြောင်း၊ လူ့ပတ်ဝန်းကျင် အသိုင်းအပိုင်းနှင့် မဝင်ဆံ့ဖြစ်နေကြောင်းကို ဥပမာအလင်္ကာမြောက်သော နှိုင်းယှဉ်ပြဝါကျတိုများဖြင့် သရုပ်ပေါ်လွင်အောင် သရုပ်ဖော်ရေးဖွဲ့ထားကြောင်း တွေ့ရပါသည်။ မည်သည့်အရာမဆို လက်ဦးတီထွင်လိုက်လျှင် လူအများက မနှစ်သက်ကြကြောင်းကို ဖော်ပြရာ၌ ဝါကျတိုလေးများ၏ အဆုံးသတ်ကြိယာကို လှပစွာ အဆုံးသတ်ထားကြောင်းကို “မည်သည့်အရာမဆို လက်ဦးအစ တီထွင်လိုက်လျှင် လူအများမနှစ်သက်ကြ” “နှစ်သက်သူအနည်းငယ်သာ။ မကြာမီ နောက်လိုက်တွေ တစ်စတစ်စ ပေါများလာစမြဲ” ဟူသော ဝါကျတိုလေးများဖြင့် စိတ်ဝင်စားဖွယ် ရေးသားထားပေသည်။ အချုပ်ဆိုရသော် “ခေတ်” ဟူသော စကားပြေကို ဝါကျတိုလေးများဖြင့် စာဟန်ကို သွက်လက်စွာ ရေးသားထားပါသည်။ ဝါကျအမျိုးအစား ငါးမျိုးရှိသည့်အနက် ဆန္ဒဝါကျမှလွဲ၍ ထုတ်ဖော်ဝါကျ၊ မေးခွန်းဝါကျ၊ ငြင်းပယ်ဝါကျ၊ တိုက်တွန်းပါကျတိုင် ရေးဖွဲ့ထားပါသည်။ ဥပမာအခိုင်းအနှိုင်းများဖြင့် နှိုင်းယှဉ်ပြကာ ရေးသားထားသော နှိုင်းယှဉ်ပြဝါကျ၊ ပုံစတူဝါကျတိုလေးများဖြင့်လည်း စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားတင်ပြထားသဖြင့် “ခေတ်”စကားပြေ၏ ဝါကျအသုံးများ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။
LONG_QNA
null
null
null
ခေတ်
ခေတ်စကားပြေကိုဖတ်ပြီး မည်သို့သောဗဟုသုတများ ရရှိသနည်း။
ခေတ်စကားပြေကို တင်မောင်မြင့် (သိပ္ပံမောင်ဝ)က ကိုလိုနီခေတ်က ရေးသားခဲ့သည့် သုတစာပေတစ်ပုဒ် ဖြစ်သည်။ သုတစာပေဖြစ်သည့်အတိုင်း စာဖတ်သူတို့ကို ဗဟုသုတများစွာ ရရှိစေပါသည်။ ခေတ်ဆန်သူတို့၊ ခေတ်တီထွင်သူတို့အား ကောင်းသောခေတ်ဆန်ခြင်းကိုသာ တီထွင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ "ခေတ်”ဟူသော စကားလုံးသည် “ခေတ္တ”ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး မြန်မာစကားကဲ့သို့ပင် ဖြစ်နေကြောင်း၊ “ခဏ”၊ ယခုဆိုသော အဓိပ္ပာယ်မျိုးနှင့်လည်း သုံးလေ့ရှိကြောင်း၊ ခေတ်ဟူသောစကား၏ အဓိပ္ပာယ်သက်ရောက်မှုမှာ အလွန်ကျယ်ပြန့်ကြောင်း၊ ခေတ်ဟူသောစက်ကွင်းအတွင်း၌ လူအပေါင်းတို့လည်ပတ်နေကြရကြောင်း၊ လူတို့သည် ခေတ်၏ ကျေးကျွန်များဖြစ်နေကြကြောင်း၊ စာရေးသူက တင်ပြထားရာ ခေတ်အကြောင်းမှာ လူတွေ၏အကြောင်းဖြစ်ကြောင်း သဘောပေါက်မိပါသည်။ လူတွေ၏အကြောင်းဖြစ်သဖြင့်လောက၏အကြောင်းဟူ၍လည်း ဆက်နွယ်၍ သိနိုင်ပါသည်။ ခေတ်ဆိုသောစကားကို ကြားလိုက်ရသည်နှင့် အသစ်တီထွင်ခြင်းကိုလည်း သတိရမိကြောင်း၊ အသစ်တီထွင်ခြင်းကြောင့် ခေတ်ဆန်ခြင်းလည်း ဖြစ်လာရကြောင်း၊ ခေတ်နှင့်ဆက်စပ်၍ ဗဟုသုတများရရှိလာစေပါသည်။ လူတို့၏တီထွင်ဆန်းသစ်မှုကြောင့် မီးရထား၊ မီးသင်္ဘော၊ ဓာတ်ရထား၊ မော်တော်ကား၊ လေယာဉ်ပျံတို့ ပေါ်လာကြပြီး၊ ခေတ်တီထွင်သူ၊ ခေတ်ဆန်သူတို့၏ ကျေးဇူးကြောင့် ပေါ်လာရကြောင်း ဗဟုသုတဖြစ်စေပါသည်။ ၄င်းယာဉ်များဖြစ်လာအောင် ကြံစည်ကြစဉ်က လူအများ၏စိတ်တွင် ထိုကြံစည်သူတို့အား အရူးများဟု အထင်ခံကြရကြောင်း၊ လူ့သဘော၊ လောကသဘောကိုလည်း ဗဟုသုတရစေပါသည်။ လောကသဘာဝ၊ လူ့သဘာဝအရ မအောင်မြင်သေးလျှင် အပြစ်တင်ကြစမြဲဖြစ်ကြောင်း ဆင်ခြင်မိစေပါသည်။ အောင်မြင်သွားသည့်အခါ ထိုတီထွင်သူတို့၏ ခေတ်ဆန်ခြင်းကို ကောင်းသောခေတ်ဆန်ခြင်းအဖြစ် လူ့အသိုင်းအဝိုင်းက လက်ခံကြပေသည်။ ထိုခေတ်ဆန်ခြင်းကို အကျိုးရှိသောခေတ်ဆန်ခြင်း၊ ကောင်းသောခေတ်ဆန်ခြင်းဟု သတ်မှတ်ကြကြောင်း ဗဟုသုတ ရစေပါသည်။ ခေတ်ကား ထူးဆန်းအံ့သြဖွယ်ကောင်းကြောင်း၊ ခေတ်ဆန်ခြင်းဝင်လာသည်နှင့် မည်သူမှ မတားမြစ်နိုင်ကြောင်း၊ တစ်စုံတစ်ယောက်က စတင်လိုက်လျှင် တစ်စတစ်စ လူအများက လိုက်လာကြကြောင်း၊ ခေတ်နှင့်လူတွေအကြောင်းကို သိနိုင်စေပါသည်။ ခေတ်သည် ရပ်တံ့မနေ၊ အမြဲပြောင်းလဲနေကြောင်း ဗဟုသုတရစေပါသည်။ ခေတ်နှင့်လူတွေ ဆက်စပ်နေကြောင်း၊ ခေတ်ကို လူတွေက ပြုပြင်ဖန်တီးနေကြကြောင်းကိုလည်း ဗဟုသုတရစေပြီး ဆင်ခြင်နှလုံးသွင်းမိ စေပါသည်။ လူတွေကောင်းလျှင် ခေတ်ကောင်းပြီး၊ လူတွေဆိုးလျှင် ခေတ်ဆိုးသည်ဟူ၍ သတ်မှတ်ကြသည်မှာ လူသားနှင့်ခေတ်ဆက်စပ်မှု တစ်ရပ်ကိုလည်း သိမြင်စေပါသည်။ ခေတ်ဆန်တိုင်းလည်း ကောင်းသည်ဟုမဆိုနိုင်ကြောင်း၊ အမျိုးသမီးများ ဆံထုံးကြီးကြီးထုံးကာ အဆန်းထွင်ကြကြောင်း၊ ယင်းအဆန်းထွင်ခြင်းမှာ အကျိုးရှိသော အဆန်းထွင်ခြင်းမျိုးမဟုတ်ကြောင်း၊ ဆံစုအတွက် ပိုက်ဆံပိုကုန်ကြောင်း၊ ခေါင်းလေးပြီး အလုပ်များကာ ကြည့်၍လည်း များစွာမကောင်းကြောင်း တွေ့ရသော်လည်း ကြာလာသည့်အခါ ဆံထုံးကြီးကြီးနှင့်မှ ကြည့်၍ကောင်းသည်ဟု ထင်လာကြကာ ဆုံထုံးသေးသေးထုံးသူကိုပင်ကြည့်၍ မကောင်းတော့ကြောင်း ခေတ်၏အပြောင်းအလဲမြန်ပုံကို ထောက်ပြထားခြင်းဖြင့် ဗဟုသုတရစေပါသည်။ ခေတ်ဆန်လွန်းကြသဖြင့် မြန်မာများ တော်တော်ကွဲကုန်ကြကြောင်း၊ အဝတ်အစားတွေ များနေသော်လည်း ဆန်းဆိုသမျှ ဝယ်နေကြတုန်းဖြစ်ကြောင်း၊ ခေတ်ကိုထောက်ပြကာ လူတွေ၏ခေတ်အကြိုက်လိုက်နေကြပုံကို ဗဟုသုတအဖြစ် ရစေပါသည်။ မကောင်းသောခေတ်ကို ကောင်းသောခေတ်နှင့်သာ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ခေတ်ကို ခေတ်နှင့်သာလျှင် ပြန်၍ခုခံရမည် ဖြစ်ကြောင်း၊ မိန်းမများ အင်္ကျီပါးပါးဝတ်ကြသည်ကို မကြိုက်လျှင် အင်္ကျီပါးပါးမဝတ်ရန် တရားဟောခြင်းမပြုတော့ဘဲ အင်္ကျီထူထူဝတ်ခြင်းကို ခေတ်ဆန်အောင်လုပ်ပေးလိုက်လျှင် ချက်ချင်းနောက်လိုက်တွေ ပေါများလာမည်ဖြစ်ကြောင်း၊ မြစ်ရေအပြင်းအထန်စီးဆင်းနေသည်ကို တာတမံပိတ်ကာ တားဆီးခြင်းထက် အခြားဘက်သို့ မြောင်းတူး၍ပေးလိုက်ခြင်းက လွယ်ကူသကဲ့သို့ ဖြစ်ကြောင်း၊ ခေတ်နှင့် လူ့သဘော လူ့သဘာဝကို တင်ပြထားရာ ဗဟုသုတများစွာ ရရှိစေပါသည်။ စာအရေးအသားဘက်တွင်လည်း ရှေးက သွယ်ဝိုက်ရေးဖွဲ့ခဲ့ခြင်းမျိုး မရေးသားကြတော့ဘဲ တိုတိုနှင့် လိုရင်းရောက်အောင် ရေးသားခြင်းမျိုး အသစ်ထွင်ခြင်းကို ကောင်းသည်ဟုဆိုနိုင်ပြီး ခေတ်ဆန်လွန်းအားကြီးသော စာများကား အရေးအသား မပြေပြစ်တော့ဘဲ ကြေးနန်းစာထက်ပင် တိုတောင်းနေသောကြောင့် ခေတ်ဆန်လွန်းသော စာများကို မတီထွင်သင့်ကြောင်း ဗဟုသုတရစေပါသည်။ ခေတ်ဆန်ခြင်းတွင် ကောင်းသောခေတ်ဆန်ခြင်းနှင့် ဆိုးသောခေတ်ဆန်ခြင်းနှစ်မျိုးရှိရာ ကောင်းသော ခေတ်ဆန်ခြင်းကိုသာ တီထွင်သင့်ကြောင်း၊ ခေတ်ဆန်သူတို့အား ခေတ်တီထွင်သူတို့အား သတိထားကြရန် သတိပေးထားသည်မှာ စာအရေးအသားနှင့်ပတ်သက်၍ ဗဟုသုတရစေပါသည်။ ဤစကားပြေသည် ခေတ်နှင့်ပတ်သက်၍ လူတို့၏ သဘောထား၊ လောကသဘောတို့ကိုပါ ဆက်စပ်ကာ ဆင်ခြင်သင့်သည်များကို ဆင်ခြင်ရန်၊ တီထွင်သင့်သည်များကို တီထွင်ရန် ဗဟုသုတပေး ရေးသားထားသဖြင့် ဗဟုသုတများစွာ ရရှိစေပါသည်။
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်ဖြစ်သော မောင်ရင်စရိုက်ကို မည်သို့တင်ပြရေးဖွဲ့ထားသနည်း။
မလုပ်မစားဝတ္ထုတိုကို ကိုလိုနီခေတ်က ပီမိုးနင်းရေးဖွဲ့ထားသောဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည်။ မလုပ်မစား ဝတ္ထုတိုသည် မိမိလုပ်သောအလုပ်နှင့် ထိုက်တန်သောအစာကိုမှ စားရမည့်အကြောင်းနှင့် တစ်ပဲတန်လုပ်ပြီး ငါးပြားတန်မစားရန်၊ တစ်မူးတန်လုပ်ရမှ တစ်ပဲတန်စားရမည်ဆိုသည့်အကြောင်းကို ပညာပေးလိုသောရည်ရွယ်ချက်ဖြင့် ရေးဖွဲ့ထားပေသည်။ ဤဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်မှာ ဦးရွှေသာ၊ မောင်ရင်၊ မယ်လုံတို့ဖြစ်ပြီး အရံဇာတ်ဆောင်တို့မှာ သူကြီးနှင့်သူကြီးကတော်တို့ ဖြစ်ကြပါသည်။ အဓိကဇာတ်ဆောင်မောင်ရင်၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအရာတို့မှ ဇာတ်ဆောင်၏စရိုက်သဘာဝကို လေ့လာနိုင်ပါသည်။ ဤဝတ္ထုတိုတွင် မောင်ရင်သည် ဦးရွှေသာ၏ တစ်ဦးတည်းသောသားဖြစ်ပြီး ဦးရွှေသာမှာ ကြွယ်ဝချမ်းသာသူဖြစ်ခဲ့ ပြီးနောက် မိမိတို့၏ပစ္စည်းဥစ္စာများ လူလိမ်ခံရခြင်း၊ အာမခံကြွေးတွေကို ဆပ်ရခြင်း၊ ဓားပြအတိုက်ခံရခြင်း၊ လယ်ယာခြံမြေများ ချစ်တီးထံ အကြွေးဆပ်လိုက်ရခြင်းတို့ကြောင့် ဇနီးသည်ဒေါ်ဖြူမှာ မကျန်းမမာဖြစ်ကာ ဦးစွာကွယ်လွန်ခဲ့သူဖြစ်သည်။ ဦးရွှေသာမှာ ယခုကဲ့သို့ လက်မဲ့အခြေအနေ၌ မကျန်းမမာဖြစ်၍ မိမိအတွက် မပူ၊ လူပျိုပေါက်ဖြစ်နေသော သားကလေးအတွက်သာ ပူပန်သောကရောက်နေရပေသည်။ ပစ္စည်းအမွေမရနိုင်တော့သည့် သားအတွက် အပူမီးလောင်လျက် နေရရှာလေသည်။ ယခင်က ပစ္စည်းဥစ္စာရှိခဲ့၍ နူးနူးညံ့ညံ့ နေခဲ့ရသောကြောင့် ကြမ်းတမ်းသောအလုပ်လည်း မလုပ်နိုင်။ စာရေးစာချီလုပ်ရအောင်ကလည်း ပညာကို မသင်ခဲ့ရ။ သေစာရှင်စာနှင့် အတွက်အချက်ကလေးကိုသိလျှင် တော်ပြီဟူ၍ ပေါ့လျော့ မိခဲ့ကြ၍ အင်္ဂလိပ်စာ၊ မြန်မာစာကို ရေးတတ်ဖတ်တတ်ဆိုရုံကလေးမျှ ပညာသင်ပေးခဲ့မိ၍ ယခုမှယူကျုံးမရဖြစ်နေရလေသည်။ ယင်းသို့စဉ်းစားမိရာမှာ အကြံတစ်ခုပေါ်ကာ မျက်နှာမှာ လင်း၍လာလေသည်။ မိမိစဉ်းစားမိသည့်အကြံမှ သားမောင်ရင်၏စိတ်ဓာတ်ကို ပေါ်လွင်လာစေပါသည်။ “ငါ့သားသည် မိဘစကားကို အမြဲနားထောင်သောသား ဖြစ်သည်။ ကတိတည်ခြင်း၊ စကားမှန်ခြင်း၊ သစ္စာစောင့်ခြင်းများ၌ အထူးသဖြင့် ပုံသက်သေနှင့် သင်ပြခဲ့သောကြောင့် ဤအရာ၌ စိတ်ချရ၏။ ကတိတစ်ခုကို ထားလျှင် ကတိဖျက်မည်မဟုတ်ပေ”ဟူသော ဦးရွှေသာ၏စဉ်းစားချက်မှ သားမောင်ရင်၏စရိုက်ကို ဖော်ပြနေပေသည်။ မောင်ရင်သည် ကတိတည်တတ်သောသူ၊ မှန်သောစကားကိုသာပြောဆိုတတ်သူ၊ သစ္စာစောင့်သိသူ၊ မိဘဆုံးမသွန်သင်မှုကို နာခံတတ်သူ သားအလိမ္မာတစ်ဦးဖြစ်ကြောင်း မောင်ရင်၏စရိုက်ကို တင်ပြထားပေသည်။ သားအဖနှစ်ယောက် အပြန်အလှန်စကားပြောကြရာမှ “ဖေဖေတော့ ကြာကြာမနေရတော့ဘူး၊ ဖေဖေသားမှာ ပစ္စည်းအမွေလည်း မရ၊ အားကိုးရာလည်း မရှိ၊ လောကမှာ ကြာကြာဆင်းရဲဒုက္ခဖြစ်ပြီး အောက်ကျနောက်ကျနေရမှာဖြစ်ရင် သေရတာက ပိုပြီးမြတ်လိမ့်မယ်လို့ ဖေဖေသဘောရတယ်။ သေဝံရဲ့လား” ဟုမေးရာ “ယောက်ျားပဲ ဖေဖေရယ် မဆင်းရဲပါဘူး။ တစ်ဝမ်းတစ်ခါးပဲ။ ဖေဖေသာ စိတ်ကောင်းကောင်းထားပါ။ ကျွန်တော့်အတွက် မပူပါနဲ့ ဖေဖေရယ်”ဟူ၍ ပြန်ဖြေလိုက်သော စကားအရ မောင်ရင်သည် ဖခင်၏နောက်ဆုံးခရီးကို အေးအေးဆေးဆေးသွားစေချင်သူ၊ မိဘများမရှိသည့်နောက် တစ်ဝမ်းတစ်ခါးအတွက် မဆင်းရဲနိုင်ကြောင်း ယောက်ျားစိတ်ဓာတ်အပြည့်ဖြင့် အရာရာကို ဖြတ်သန်းနိုင်စေမည့် ယုံကြည်ချက်ထားရှိသူအဖြစ် မြင်တွေ့နိုင်ပါသည်။ “ဖေဖေတော့ ကတိတစ်ခုထားစေချင်တယ်” “ဘယ်လိုကတိမျိုးလဲ ဖေဖေ၊ ကျွန်တော်ထားဝံ့ပါတယ်” “ဖေဖေယုံတယ်။ ဖေဖေသား ကတိတည်မယ်ဆိုတာ။ ဖေဖေစိတ်ချလို့ပြောတာပါ” ဟူ၍ ကတိတည်သောသားအတွက် ထပ်ဆင့်ကတိတောင်းရန် လမ်းခင်းစကားဆိုပြီး "လောကမှာ အလုပ်တစ်ခုကို မလုပ်ရသမျှ ထမင်းကို အလကားရတောင် မစားပါဘူးဆိုတဲ့ကတိကို ထားစေချင်တယ်”ဟု ပြောလိုက်ရာ “ဟုတ်တယ် ဖေဖေ ကျွန်တော်ကတိထားပါတယ်”ဟု ပြောလိုက်ပြီး ဖခင်က “ဖေဖေ သေလျှင်သေချင်း လူက ဘာမဆို တစ်ခုခုကို လုပ်ရလိမ့်မယ်၊ မလုပ်ရရင် ထမင်းမစား၊ အစားအဝတ်ထက် အလုပ်ကို ပိုစေပါမည်ဆိုတဲ့ ကတိကို တစ်သက်လုံး စောင့်ထိန်းပါမည်ဆိုတဲ့ကတိကို ထားမလား” ဟု မေးလိုက်ရာ “ထားပါတယ်ဖေဖေ၊ စိတ်ချပါ။ အလုပ်နှင့်မတန်သောအစာကို ကျွန်တော်ဒီတစ်သက်မှာ မစားပါဘူး။ အလုပ်မလုပ်ရလျှင် အငတ်ခံသေပါမယ်” ဟု ကတိပေးပြီး ဖခင်ကွယ်လွန်သွားလေသည်။ ကတိကို ရဲရဲဝံ့ဝံ့ပေးပြီး ပေးသည့်ကတိကိုလည်း နာခံတတ်သူ တစ်ဦးဖြစ်ကြောင်း မောင်ရင်၏စရိုက်ကို တွေ့နိုင်ပေသည်။ ဖခင်ကွယ်လွန်ပြီးနောက် မောင်ရင်ကို သူကြီးလင်မယားတို့က ခေါ်ယူစောင့်ရှောက်ထားပေသည်။ သူကြီးအိမ်တွင်ပေစဉ် မိမိမှာ အလုပ်မလုပ်ရသဖြင့် ထမင်းကို အလကားမစားဘဲ သုံးရက်ထိ အစာမစားဘဲနေရာမှ လေးရက်မြောက်နေ့တွင် ဆာလောင်မွတ်သိပ်ခြင်း အပြင်းအထန်ဖြစ်ရာ သူကြီးကတော်၏တူမအရင်းရောက်လာပြီး မောင်ရင်ကို အစာစားရန် လာရောက်ပြောသော်လည်း မောင်ရင်သည် စကားပြန်မပြောဘဲ ဖခင်အတွက် ပူနေတယ် ထင်ရင်လည်း သာပြီးကောင်းတာပဲ၊ သူတို့ထင်သလို ဖြစ်အောင်လုပ်မှတော်မည်ဟု စဉ်းစားကာ “မလုံ မသိဘူးနော်၊ ဒီအဖေလိုမျိုး လောကမှာရှိမယ်မထင်ပါဘူး။ ဒီအပူဟာ ဒီတစ်သက်မှာ အေးမယ်မထင်ပါဘူး။ ဖြေဖျောက်လို့ မရဘူး။ တွေးလေတွေးလေ ကောင်းသမျှကျေးဇူးတွေကို သတိရလေပဲ”ဟူ၍ ဖခင်အပေါ် ကျေးဇူးတရားတွေသိတတ်သူအဖြစ် မောင်ရင်၏စရိုက်ကို ပေါ်လွင်စေပါသည်။ “ငါလုပ်တဲ့အလုပ်အတွက် တစ်ဦးတစ်ယောက်မှာ အကျိုးရှိရင် ပြီးတာပဲ။ ဒီအိုးကြီးထဲ ရေထည့်။ အိမ်ရှေ့မှာ ခြောက်နေတဲ့စံပယ်ပင်တွေကို ရေလောင်း၊ အပွင့်ပွင့်ရင် ငွေတောင်ဖြစ်နိုင်သေးတယ်။ အလုပ်ဆိုတာ မခိုင်းဘဲလုပ်ရင် ကျွန်မဖြစ်ဘူး။ ဒီရာဝင်အိုးပြည့်ရင် ငါထမင်းတစ်နပ်တော့ စားထိုက်မှာပဲဟူသော အတွေးနှင့် ရေခပ်လေရာ”ဟူ၍ တင်ပြထားရာ မောင်ရင်၏ခံယူချက် မှန်ကန်သောစိတ်ဓာတ်နှင့် ဖခင်ကိုပေးထားသောကတိစကားကို တည်မြဲအောင် အကောင်အထည် ဖော်တတ်သူအဖြစ် ပေါ်လွင်စေပါသည်။ ဖခင်အတွက် လောင်သောစိတ်ကို အလုပ်နှင့်ဖြေဖျောက်ကာ ရေသယ်ခြင်း၊ ထင်းပေါက်ခြင်းမှစ၍ အိမ်၌ရှိသမျှ အလုပ်တွေကို သိမ်းကျုံးလုပ်ခြင်းဖြင့် သူ၏ဝီရိယနှင့် စိတ်နေသဘောထားပုံတို့ကို သဘောကျကာ သူကြီးနှင့်သူကြီးကတော်က မွေးစားကာ မယ်လုံနှင့်ပေးစားရန် စီမံကြလေသည်။ မောင်ရင်သည် ရိုးသားကြိုးစား သောစိတ်ဓာတ်ရှိသူဖြစ်ကြောင်း စရိုက်ပေါ်လွင်အောင် ရေးသားထားပေသည်။ “ထိုအခါကျမှ မောင်ရင်သည် ကွယ်လွန်သူကျေးဇူးရှင် ဖခင်ကြီးသည် ငါ့အား မဆင်းရဲနိုင်သော ကတိသစ္စာကို အထားခိုင်း၍ သွားခြင်းပေတကားဟု စဉ်းစားကာ ကျေးဇူးတင်လျက် တစ်နှစ်တစ်ကြိမ် ဖခင်ကြီးသေဆုံးသောနေ့တွင် သံဃာတော်တို့အား ဆွမ်းကျွေးလှူဒါန်းလေ၏”ဟူ၍ မိဘကျေးဇူးသိတတ်သောသားအဖြစ် စရိုက်သဘာဝပေါ်လွင်အောင် ရေးသားထားပေသည်။ အချုပ်ဆိုရသော် ဤဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်ဖြစ်သော မောင်ရင်၏စရိုက်ကို ကတိတည်သောသူ၊ မှန်သော စကားကိုသာ ပြောဆိုတတ်သူ၊ သစ္စာရှိသူ၊ ရိုးသားကြိုးစားသောသူ၊ ဖခင်၏မေတ္တာနှင့် ကျေးဇူးတရားကို သိတတ်သောသူအဖြစ် တင်ပြရေးသားထားပါသည်။
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတိုကိုဖတ်ပြီး မည်ကဲ့သို့သော အသိအမြင်များ ရရှိသနည်း။
မလုပ်မစားဝတ္ထုတိုသည် ကိုလိုနီခေတ်က ရေးသားခဲ့သော ပီမိုးနင်း၏ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ မိမိလုပ်သောအလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားရမည့်အကြောင်းနှင့် တစ်ပဲတန်လုပ်ပြီး ငါးပြားတန် မစားရန်၊ တစ်မူးတန်လုပ်ရမှ တစ်ပဲတန် စားရမည်ဆိုသည့်အချက်ကို သိစေလို၍ ပညာပေးရေးဖွဲ့ထားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ လုပ်သရွေ့ရသော့အဖိုးအခကို အကုန်မစားရန်၊ လျော့စားရန်၊ အလုပ်မလုပ်ဘဲ ချောင်မစားရန်၊ အလုပ်မလုပ်လျှင်မစားရန် သိစေလို၍ “မလုပ်မစား”ဟု ခေါင်းစဉ်ပေးကာ ပညာပေးရေးဖွဲ့ထားရာ ဗဟုသုတ အသိအမြင်များစွာ ရရှိစေသော ဝတ္ထုတိုတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်မှာ ဦးရွှေသာနှင့် သားမောင်ရင်၊ မယ်လုံတို့ဖြစ်ပြီး အရံဇာတ်ဆောင်မှာ သူကြီးနှင့်သူကြီးကတော်တို့ ဖြစ်ကြပါသည်။ ဦးရွှေသာမှာ ချမ်းသာကြွယ်ဝသူဖြစ်ခဲ့ပြီးနောက် လူလိမ်ခံရ၊ အာမခံကြွေးဆပ်ရ၊ လယ်ယာခြံမြေတို့ကို ချစ်တီးထံ အကြွေးဆပ်ရနှင့် ဆင်းရဲဒုက္ခတို့ကြောင့် ဇနီးသည်ဆုံးပါးပြီး မိမိမှာလည်း မကျန်းမမာဖြစ်ကာ မျှော်လင့်ချက်ကင်းမဲ့ချိန် တစ်ဦးတည်းသောသားလေးအတွက် ပူပင်သောကရောက်ကာ သားလေးဒုက္ခမရောက်စေချင်သည့်အတွက် မိမိလုပ်တဲ့အလုပ်နဲ့ ထိုက်တန်တဲ့အစာကိုမှ စားပါမယ်၊ မလုပ်ရလျှင် မစား၊ အဝတ်အစားထက် အလုပ်ကိုပိုစေပါမည်ဆိုတဲ့ ကတိကို တစ်သက်လုံးစောင့်ထိန်းပါမည်”ဆိုတဲ့ ကတိကိုတောင်းရာ ကတိပေးပြီး သေဆုံးသွားစေသည်။ ဤအချက်ကို ကြည့်ချင်းအားဖြင့် လူ့ဘဝရပ်တည်ရေးအတွက် အလုပ်သည်အရေးကြီးကြောင်း အလုပ်လုပ်မှ စာဝဘ်နေရေး ဘဝဖူလုံရေး ပြည့်စုံနိုင်မည်ဖြစ်ကြောင်း အသိအမြင်များ ရရှိစေပါသည်။ ဦးရွှေသာမှာ ယခင်က ပစ္စည်းဥစ္စာပြည့်စုံခဲ့သော်လည်း ကံမကောင်း အကြောင်းမလှသဖြင့် လူလိမ်ခံရ၊ အာမခံကြွေးတွေ ဆပ်ရ၊ ဓားပြအတိုက်ခံရ၊ လယ်ယာခြံမြေတွေကို ချစ်တီးထံအကြွေးဆပ်ရနှင့် ဆင်းရဲမွဲတေသွားပြီး ဇနီးသည်မှာလည်း မကျန်းမမာဖြစ်၍ သေဆုံ သွားကာ “မကောင်းသောကံကြမ္မာ၏ အကျိုးပေးပုံတို့သည် အစုံအစုံ အပြိုင်အပြိုင်လာတတ်သည်” ဟူသော စကားသည် ဟုတ်မှန်ကြောင်း ဦးရွှေသာမိသားစု၏ အဖြစ်အပျက်ကိုကြည့်၍ သိနိုင်ကြောင်း အသိအမြင်များ ရရှိစေပါသည်။ ပစ္စည်းဥစ္စာရှိစဉ်က ပစ္စည်းဥစ္စာကို အားကိုးပြုကာ တစ်ဦးတည်းသောသားလေးကို စာရေးတတ် ဖတ်တတ်ရုံမျှ သင်ပေးခဲ့မိပြီး နူးနူးညံ့ညံ့နေလာခဲ့ရသောကြောင့် အလုပ်ကြမ်းကိုလည်း လုပ်၍မစားနိုင်၊ စာရေးစာချီအစိုးရအရာရှိ ဖြစ်လောက်အောင်လည်း ပညာကမသင်ပေးခဲ့ရ၍ သားအတွက် သေခါနီးဖခင်မှာ သောကမအေးဖြစ်ရရှာလေသည်။ သို့ဖြစ်ရာ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ပစ္စည်းဥစ္စာသည် ကံမကောင်း အကြောင်းမလှလျှင် ပျက်စီးရကြောင်း၊ ငယ်စဉ်က ပညာမသင်ခဲ့ရ၍ အလုပ်ကြမ်းလုပ်ရန်အတွက်လည်း လုပ်မစားနိုင်သဖြင့် ဒုက္ခရောက်ရကြောင်း၊ ငယ်စဉ်အခါ ပညာရှာသင့်ကြောင်း ဘဝအသိအမြင်များ ရရှိစေပါသည်။ “ငါ့သားသည် မိဘစကားကို အမြဲနားထောင်သော သားဖြစ်သည်”ဟူသော ဦးရွှေသာ၏ ပြောစကားအရ မိဘစကားကို အမြဲနားထောင်သော သားသမီးသည် ဒုက္ခမရောက်တတ်ကြောင်း၊ ဒုက္ခအခက်အခဲနှင့် တွေ့ကြုံ ရသော်လည်း အောင်မြင်စွာ ဖြတ်သန်းနိုင်ကြောင်း “မောင်ရင်”၏အဖြစ်က ဖော်ပြနေပါသည်။ ထို့ကြောင့် မိဘဆိုဆုံးမသည့်စကားကို နားထောင်လိုက်နာသင့်ကြောင်း အသိအမြင်များ ရရှိစေပါသည်။ ထို့ပြင် လူသည် ရိုးသားဖြောင့် မတ်ရန်လည်း အရေးကြီးလှပေသည်။ မောင်ရင်သည် ရိုးသားဖြောင့် မတ်သူတစ်ဦးဖြစ်၍ ကတိတည်ခြင်း၊ စကားမှန်ခြင်း၊ သစ္စာစောင့်ခြင်း စသည့် ကောင်းမြတ်သောကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံသဖြင့် မိဘမရှိတော့သည့်နောက်၌ သူကြီးလင်မယားက ခေါ်ယူစောင့်ရှောက်ထားသဖြင့် ဒုက္ခမရောက်ခဲ့ရပေ။ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည်လည်း ဘဝအတွက် အောင်မြင်ခြင်းဖြစ်ကြောင်း အသိအမြင်များ ရရှိစေပါသည်။ ကိုယ်ကောင်းသည့်အတွက် ကောင်းသောပတ်ဝန်းကျင်သို့ရောက်ကာ ဒုက္ခအခက်အခဲများ မကြုံတွေ့ရတော့ကြောင်း အသိအမြင်ကို ရရှိစေပါသည်။ လူမှန်လျှင် အလုပ်လုပ်ရကြောင်း ဖခင်ဦးရွှေသာ၏ပြောစကားအရ “သည်လိုကွဲ လူကလေးရဲ့ လူမှန်သမျှမှာ အလုပ်လုပ်ရတယ်။ လူမှန်သမျှ ကိုယ်စီကိုယ်င ဆိုင်ရာဆိုင်ရာ အလုပ်တာဝန်ရှိကြရတယ်။ ရောင်းသူရှိလို့ ဝယ်သူတွေမှာ ပစ္စည်းအသုံးအဆောင်များကို ရတာ၊ ရောင်းသူမရှိရင် ရွှေတွေ ငွေတွေ ဘယ်လောက်ပင်ရှိစေကာမူ ရွှေငွေကိုဝတ်လည်း မဝတ်နိုင်၊ စားလည်း မစားနိုင်ဘူး။ လယ်သမားဟာလည်း ကုန်သည်ကို အားကိုးရတယ်။ ကုန်သည်ဟာလည်း လယ်သမားရှိလို့ဖြစ်တာပဲ။ သည့်အတွက် လူမှန်သမျှ အလုပ်ကိုယ်စီနဲ့ တစ်ဦးအကျိုးကို တစ်ဦးဆောင်ရတာပဲ”ဟူ၍ အလုပ်လုပ်ချင်လာအောင် အကျိုးအကြောင်းသင့် ပြောဆိုဆုံးမထားသဖြင့် အလုပ်၏တန်ဖိုး၊ အလုပ်လုပ်ခြင်း၏ အကျိုးတရားတို့ကိုလည်း နားလည်လာခြင်းဖြင့် ဘဝအသိအမြင်များ. တိုးတက်လာစေပါသည်။ ဖခင်ဆုံးပါးသွားပြီးနောက် သူကြီးနှင့် သူကြီးကတော်တို့က ခေါ်ယူစောင့်ရှောက်ထားသဖြင့် ဒုက္ခ မရောက်တော့ပေ။ သို့သော် ကိုယ်တိုင်အလုပ်မလုပ်ရသဖြင့် ထမင်းလည်းမစားဘဲ ဖခင်ထံပေးထားသည့်ကတိအတိုင်း ““မလုပ်မစား”နေခဲ့ရာ လေးရက်မြောက်နေ့၌ အလွန်အမင်းဆာလောင်မွတ်သိပ်လာသဖြင့် “ ငါစားရအောင် ဘာများလုပ်ရပါ့မလဲ”ဟု စိတ်ကူးပြီး အိမ်ရှေ့ရာဝင်အိုးကြီး၌ ရေများခြောက်နေသည်ကိုတွေ့သဖြင့် ရေထည့်ခြင်း၊ စံပယ်ပင်နှင့် နှင်းဆီပင်တွေကို ရေလောင်းခြင်းဖြင့် ဖခင်အတွက် ပူလောင်နေသောစိတ်ကို အလုပ်နှင့် ဖြေသည်ဟုပြောကာ ရေသယ်ခြင်း၊ ထင်းပေါက်ခြင်းအလုပ်တို့နှင့် ရှိသမျှအလုပ်တွေကို သိမ်းကျုံးလုပ်ကာ ထမင်းကိုလည်း အငြိုးနှင့်ကြေအောင် စားလေ၏”ဟူ၍ ဖော်ပြထားရာ မောင်ရင်သည် မိမိဖခင်အားပေးထားသည့် ကတိအတိုင်းပြုလုပ်သူဖြစ်ပြီး အလုပ်လုပ်၍ ထမင်းစားရဲသွားကြောင်း၊ အလုပ်မလုပ်၍ ထမင်းမစားဘဲ နေလာခဲ့ရာမှ အလုပ်လုပ်၍ ထမင်းစားကြောင်း လူတိုင်းကတိစကားကို ရိုသေလေးစား လိုက်နာသင့်ကြောင်း အသိအမြင်များ ရရှိစေပါသည်။ မောင်ရင်၏ ဝီရိယနှင့် စိတ်နေသဘောထားတို့ကို သဘောကျကာ သူကြီးကတော်၏ တူမလေးနှင့်ပေးစားရန် စီမံကြလေသည်။ သူကြီးနှင့်သူကြီးကတော်တို့ကလည်း မွေးစားသားအဖြစ် မွေးစားလိုက်ကြလေသည်။ မောင်ရင်သည် ကွယ်လွန်သူဖခင်ကြီး၏ အဆုံးအမအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကတိသစ္စာတည်ခြင်း၊ အလုပ်ကြိုးစားလုပ်ခြင်း၊ ဝီရိယရှိခြင်းစသည့် ကောင်းမြတ်သောအရည်အချင်းတို့ဖြင့် . ကောင်းမြတ်သောဘဝကို ရောက်ရှိသွားခြင်းဖြစ်ကြောင်း အသိအမြင်များ ရရှိစေပါသည်။
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတို၌ မည်သို့သောသရုပ်ဖော်အဖွဲ့များ ပါဝင်သနည်း။ သင်နှစ်သက်သော သရုပ်ဖော်အဖွဲ့တစ်ခုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ပြပါ။
မလုပ်မစားဝတ္ထုတိုသည် ကိုလိုနီခေတ်က ပီမိုးနင်းရေးသားခဲ့သည့် ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။ မိမိအလုပ်နှင့် ထိုက်တန်သော အကျိုးကိုသာ ခံစားရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ခြင်းသည် စိတ်အတွက် ခွန်အားဖြစ်စေပြီး မိမိဘဝအတွက် တိုးတက်အောင်မြင်နိုင်ကြောင်း၊ မိမိလုပ်သောအလုပ်နှင့်ထိုက်တန်သည့် အစာကိုမှ စားရမည့်အကြောင်းကို ပညာပေးရေးဖွဲ့ထားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည်။ ဝတ္ထုတို၌ ဇာတ်ဆောင်စရိုက် သရုပ်ဖော်နည်းငါးမျိုးရှိရာ ဇာတ်ဆောင်၏အပြောဖြင့် စရိုက်သရုပ်ဖော်ခြင်း၊ ဇာတ်ဆောင်၏အပြုအမူဖြင့် စရိုက်သရုပ်ဖော်ခြင်း၊ ဇာတ်ဆောင်၏အတွေးအကြံဖြင့် စရိုက်သရုပ်ဖော်ခြင်း၊ အခြားသော ဇာတ်ဆောင်တို့၏ ပြောဆိုပြုမူဆက်ဆံပုံများဖြင့် စရိုက်သရုပ်ဖော်ခြင်းနှင့် စာရေးဆရာက တိုက်ရိုက်ပြောသောနည်းဖြင့် စရိုက်သရုပ်ဖော်ခြင်းတို့ ဖြစ်သည်။ မလုပ်မစားဝတ္ထုတို၌ ဇာတ်ဆောင်စရိုက် သရုပ်ဖော်နည်းငါးမျိုးလုံးဖြင့် သရုပ်ဖော်ထားကြောင်း တွေ့ရပါသည်။ ဤဝတ္ထုတို၌ ဇာတ်ဆောင်စရိုက်သရုပ်ဖော်နည်း ငါးမျိုးအနက် ဇာတ်ဆောင်၏အတွေးအကြံဖြင့် စရိုက်ဖော်နည်းအဖွဲ့ကို နှစ်သက်မိပါသည်။ မလုပ်မစားဝတ္ထုတိုတွင် ဦးရွေသာသည် လူ့လောကတွင် ကျန်ရစ်ခဲ့မည့်သားအား ပူပန်နေပြီး အင်္ဂလိပ်စာ၊ မြန်မာစာ ရေးတတ်ဖတ်တတ်ရုံမျှ သင်ပေးခဲ့သည့်အတွက် စိတ်မကောင်းဖြစ်နေရပြီး မိမိကွယ်လွန်ခါနီး၌ သားအား မိမိအလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားပါမည်ဟူသော ကတိတစ်ခုတောင်းရာ သားဖြစ်သူကလည်း ကတိပေးပြီး ယင်းကတိကို စောင့်ထိန်းပုံနှင့်ပတ်သက်ပြီး ဇာတ်ဆောင်မောင်ရင်၏ အတွေးအကြံဖြင့် သရုပ်ဖော်ရေးဖွဲ့ထားပါသည်။ ဖခင်ကွယ်လွန်ပြီး မောင်ရင်ကို သူကြီးက သူ၏နေအိမ်သို့ခေါ်ဆောင်သွားပြီး ကိုယ့်အိမ်လိုသဘောထား၊ ဆာရင် ရှာဖွေစား၊ အလုပ်အကိုင် အဆင်မပြေသေးခင် ဘကြီးတို့ဆီမှာနေပေါ့ဟု ပြောဆိုထားသော်လည်း မောင်ရင်မှာ အလုပ်မလုပ်သဖြင့် ထမင်းမစားဘဲ နေလေသည်။ ဘာကိုလုပ်ရမလဲဟုသာ ကြံလျက်ရှိလေသည်။ ရှာကြံသော်လည်း အလုပ်မတွေ့သဖြင့် ဖခင်ထံပေးထားသော ကတိအတိုင်း မစားမသောက်ဘဲ သုံးရက်ကြာခဲ့ လေသည်။ လေးရက်မြောက်သောအခါ မွတ်သိပ်ဆာလောင်ခြင်း အတော်ပြင်းထန်၍ လာလေသည်။ သူကြီးကတော်ကလည်း စားချင်စဖွယ်တွေ ချက်ပြုတ်ကြော်လှော်ကာ မောင်ရင်သွားရည်ကျလောက်အောင် ညှော်တိုက်လေသည်။ ဝမ်းထဲ၌ တကြုတ်ကြုတ်နှင့် ဆာလောင်နေလေသည်။ မီးဖိုမှ အနံ့ရတိုင်း သွားရည်ကျလေသည်။ ထိုစဉ် မောင်ရင်စဉ်းစား တွေးကြံမိလေသည်။ မိမိ၏စိတ်ခံစားချက်ကို မိမိ၏စိတ်ကူးအတွေးဖြင့် - သရုပ်ဖော်လိုက်ပေသည်။ “ငါစားရအောင် ဘာများ လုပ်ရပါ့မလဲ”စသည်ဖြင့် စိတ်ကူးလေရာ အိမ်ရှေ့ရာဝင်အိုးကြီး၌ ရေများခြောက်နေသည်ကို တွေ့ရသဖြင့် “ဟင်... အလုပ်ဆိုတာ လုပ်ချင်ရင် အလွယ်ကလေးပါလား။ ဘယ်သူ့ကို တောင်းနေရဦးမှာလဲ။ တန်အောင်တန်အောင် လုပ်ရင် ပြီးတာပါပဲ။ အလုပ်ဆိုတာ လျှောက်တောင်းရမှ အလုပ်ဖြစ်တာမဟုတ်ပါကလား။ ငါဘာမဆိုလုပ်ရင် အလုပ်ပါပဲ။ ငါလုပ်တဲ့အတွက် တစ်ဦးတစ်ယောက်မှာအကျိုးရှိရင် ပြီးတာပါပဲ။ ဒီအိုးကြီးထဲမှာ ရေထည့်၊ အိမ်ရှေ့မှာခြောက်နေတဲ့ စံပယ်ပင်၊ နှင်းဆီပင်တွေကို ရေလောင်း၊ အပွင့်ပွင့်ရင် ငွေတောင်ဖြစ်နိုင်သေးတာပဲ။ အလုပ်ဆိုတာ မခိုင်းဘဲလုပ်ရင် ကျွန်မဖြစ်ဘူး။ သူ့အခလိုချင်လို့ သူ့ထံမှာ အစေခံအလုပ်ကိုတောင်းပြီးလုပ်မှ ကျွန်ဖြစ်တာ၊ အောက်ကျတာ။ ဒီရာဝင်အိုးပြည့်ရင် ငါထမင်းတစ်နပ်တော့ စားထိုက်မှာပဲ”ဟု အောက်မေ့ကာ ခြေရင်းအိမ်က ရေထမ်းသော သံပုံးနှင့် ထမ်းပိုးငှားပြီး အစာမရှိသဖြင့် ခါးချည့်လျက်နှင့်ပင် စိတ်ကိုဆောင်ကာ ချောင်းထဲသို့ဆင်း၍ သွားလေရာ” ဟူ၍ ဇာတ်ဆောင်၏ စိတ်ခံစားချက်၊ ခံယူချက်တို့ကို ကိုယ်တိုင်အတွေးအကြံဖြင့် သရုပ်ဖော်ထားလေသည်။ ဤသရုပ်ဖော်ချက်ကို ကြည့်ခြင်းအားဖြင့် ဇာတ်ဆောင်၏စရိုက်ကို ပေါ်လွင်စေပါသည်။ ဇာတ်ဆောင်မောင်ရင် သည် ဖခင်ထံပေးထားသော ကတိစကားကို စောင့်ထိန်းခဲ့ခြင်းဖြင့် ကတိတည်သူ၊ စကားမှန်သူ၊ သစ္စာခိုင်မြဲသူ စရိုက်လက္ခဏာတို့ကို တွေ့နိုင်ပါသည်။ စိတ်ဓာတ်ရင့်ကျက်ခိုင်မာသူ၊ အချောင်နေ အချောင်စား မဟုတ်သူ၊ ရိုးသားကြိုးစားသူအဖြစ်လည်း တွေ့နိုင်ပါသည်။ “ငါလုပ်တဲ့အတွက် တစ်ဦးတစ်ယောက်မှာ အကျိုးရှိရင် ပြီးတာပါပဲ” ဟူသော အတွေးအကြံမှာ အကျိုးကိုလိုလားသူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူအဖြစ် လေးစားဖွယ်စရိုက်ကိုလည်း တွေ့နိုင်ပါသည်။ ဇာတ်ဆောင်၏ အတွေးအကြံဖြင့် ဇာတ်ဆောင်၏စရိုက်ကို သရုပ်ဖော်ထားခြင်းသည်ပင်လျှင် ဤဝတ္ထုတို၏ ရည်ရွယ်ချက်ဖြစ်သော မိမိလုပ်သောအလုပ်နှင့် ထိုက်တန်သောအစာကိုမှ စားရမည်ဟူသောအကြောင်းကို ပညာပေးလို၍ ရေးဖွဲ့ထားသည့်အချက်နှင့် ကိုက်ညီနေကြောင်း တွေ့ရပါသည်။
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္တုတိုမှ ဇာတ်ဆောင်ဦးရွှေသာ၏ သားအပေါ်ထားရှိသော ဖခင်မေတ္တာကို စာရေးဆရာက မည်သို့ဖော်ကျူးရေးဖွဲ့ထားသနည်း။ သင့်ထင်မြင်ချက်ကို စာစီကုံးပါ။
မလုပ်မစားဝတ္ထုတိုကို စာရေးဆရာပီမိုးနင်းက ကိုလိုနီခေတ်တွင် ရေးသားခဲ့ပါသည်။ ဤဝတ္ထုတို၏ ရည်ရွယ်ချက်ကား မိမိအလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားရမည့်အကြောင်းနှင့် တစ်ပဲတန်လုပ်ပြီး ငါးပြားတန် မစားရန်၊ တစ်မူးတန်လုပ်ရမှ တစ်ပဲတန်စားရမည်ဆိုသည့်အကြောင်းကို ပညာပေးလို၍ ရေးသားထားပါသည်။ ဤဝတ္ထုတိုတွင် ဇာတ်ဆောင်ဦးရွှေသာ၏ သားအပေါ်ထားရှိသော ဖခင်မေတ္တာကို ဖော်ကျူးရေးဖွဲ့ထားပါသည်။ “ဦးရွှေသာမှာ ကြွယ်ဝချမ်းသာသူဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ လက်မဲ့အခြေအနေ၌ မကျန်းမမာဖြစ်၍နေလေရာ မိမိအတွက်မပူ၊ လူပျိုပေါက်ဖြစ်သော သားကလေးအတွက်သာ ပူလေ၏”ဟူ၍ သေခါနီးဝေဒနာဖိစီးချိန်၌ပင် မိမိဘဝကူးကောင်းရေးအတွက် မစဉ်းစား မပူဘဲ တစ်ဦးတည်းသောသားလေးအတွက်သာ မသက်မသာဖြစ်၍ ပူရှာလေသည်။ ဤသည်မှာ သားအပေါ်ထားရှိသော ဖခင်မေတ္တာကို သရုပ်ပေါ်လွင်အောင် ဖော်ကျူးရေးဖွဲ့ထား ပါသည်။ မိမိသေရမည့်အချိန်ကား တစ်နေ့တစ်ခြားနီး၍လာသော်လည်း အားကိုးရာမဲ့ဖြင့် ကျန်ခဲ့မည့်သားအတွက် ရတက်မအေး ရတက်မီးလောင်နေကြောင်းကို “မိမိ၏အလှည့်သည်ကား တစ်နေ့တစ်ခြားနီး၍လာကြောင်း သိရလျက် အားကိုးစရာ ဉာတိဆွေမျိုးကောင်းလည်း မရှိ။ ပစ္စည်းအမွေလည်း ရတော့မည်မဟုတ်သော သားအတွက် ရတက်မီးလောင်၍သာ နေရှာလေတော့သတည်း”ဟူ၍ သားအတွက် စိုးရိမ်သောက ခံစားနေရ၍ ပူလောင်နေခြင်းကို “ရတက်မီး”ဟူ၍ စိုးရိမ်သောကဟူသော ရတက်ကို မီးနှင့်အနှိုင်းထပ်တူပြုကာ ပူလောင်းခြင်းဂုဏ်ရည်ကို ရူပကအလင်္ကာဖြင့် ဖော်ကျူးကာ ဖခင်မေတ္တာကို သရုပ်ဖော်ထားပေသည်။ သားလေးတစ်ယောက် လောကအလယ်တွင် မျက်နှာငယ်စွာဖြင့် ကျန်ရစ်ခဲ့ရမည့်အရေး တွေးလေတိုင်း စိတ်မသက်မသာဖြစ်ရသော ဖခင်၏မေတ္တာကိုလည်း “မိမိမျက်စိနှစ်ဖက်ကို မှိတ်လိုက်သောအခါ ဤသားကလေး တစ်ယောက်တည်း ဤကမ္ဘာပေါ်၌ ခိုကိုးရာမဲ့မျက်နှာငယ်စွာ နေရစ်ခဲ့ရမည်ကိုသာ တရေးရေးထင်မြင်လျက် မသက်မသာ ကြံရာမရဖြစ်နေလေ၏“ ဟူ၍ ဖော်ပြထားရာ သားကိုစိတ်မချသော ဖခင်၏ချစ်မေတ္တာသရုပ်ကိုလည်း ပေါ်လွင်အောင် ဖော်ကျူးရေးဖွဲ့ထားပါသည်။ မိမိတို့၌ရှိသော ချမ်းသာကြွယ်ဝမှုကို အထင်ကြီးအားကိုးကာ သားလေးပင်ပန်းမည် စိုးသဖြင့် ပညာမသင်ကြားမိခဲ့သော မိမိ၏နောင်တကိုလည်း သတိရလျက် ဖခင်မေတ္တာကြီးမားပုံကို သရုပ်ဖော်ထားရာ “အထက်ထက်က ပစ္စည်းဥစ္စာရှိခဲ့၍ နူးနူးညံ့ညံ့နေခဲ့ရသောကြောင့် ကြမ်းကြမ်းတမ်းတမ်းလုပ်၍လည်း မစားနိုင်။ စာရေးစာချီ အစိုးရအရာရှိဖြစ်လောက်အောင်လည်း ပညာကို မသင်ခဲ့ရ။ ပစ္စည်းဥစ္စာကို အားကိုးပြုကာ အင်္ဂလိပ်စာ မြန်မာစာကို ရေးတတ်ဖတ်တတ်ရုံကလေးမျှ သင်ပေးခဲ့မိလေ၏”ဟူ၍ ဖခင်၏သားအပေါ်ထားရှိသော မေတ္တာကို မချိတင်ကဲ ခံစားချက်နှင့် အတူ သရုပ်ဖော်ရေးသားထားကြောင်း တွေ့ရပါသည်။ “မြေပြိုမှ ဆင်းရဲဖို့ရှိသည်ဟူသောစိတ်ကြောင့်တစ်ကြောင်း၊ ပညာတွေကို ထိုမျှလောက်သင်သော်လည်း ပညာ၏အကျိုးကို စဉ်းစားရှာကြံ၍ မရသောကြောင့်တစ်ကြောင်း၊ သေစာရှင်စာနှင့် အတွက်အချက်ကလေးကို သိလျှင်တော်ပြီဟူသောအနေနှင့် ပေါ့လျော့မိခဲ့လေ၏”ဟူ၍ သားဒုက္ခရောက်မည်ကို စိုးရိမ်နေသော ဖခင်၏မေတ္တာကို သရုပ်ဖော်ထားပေသည်။ သားလေးကို ပညာမသင်ကြားစေခြင်းမှာလည်း သားလေးပင်ပန်းမှာကို စိုးရိမ်မိသော ဖခင်၏ မေတ္တာကို “ပညာသင်ခြင်းသည် မသေခင် ဝဋ်ဆင်းရဲခံရခြင်းပဲ။ မတော်တဆ တစ်ခုခုဖြစ်၍ ပျက်စီးသွားလျှင် သင်ရသောဒုက္ခသည် အပိုဖြစ်ချေမည်ဟုအောက်မေ့ကာ တစ်ဦးတည်းသော သားကလေးအပေါ်၌ အကြင်နာ လွန်ကဲခြင်းကြောင့် ဖြစ်လေ၏။”... ဟူ၍ သားလေးအတွက် ဖခင်၏မေတ္တာ အကြင်နာလွန်ကဲနေခြင်းတို့ကို ခံစားနေရသည့်ဝေဒနာကိုလည်း သရုပ်ဖော်ရေးသားထားပါသည်။ “ယခုမှာကား မကြံတတ်အောင်ရှိနေသဖြင့် ငါ့သားကလေးအား ပညာသင်မပေးခဲ့သည်မှာ တက်တက်စင် မှားချေပြီဟု ဆင်ခြင်ကာ ယူကျုံးမရဖြစ်၍နေလေ၏”... ဟူ၍ သားလေးအား ပညာမသင်ပေးခဲ့မိသည့် မိမိကိုယ်ကို အပြစ်တင်မဆုံးဖြစ်ကာ ယူကျုံးမရခံစားနေရသော ဖခင်၏မေတ္တာကြီးမားပုံကိုလည်း သရုပ်ဖော်ရေးသားထားပါသည်။ “ဖေဖေ့ သားက အကြမ်းလည်းမတတ်၊ အနုလည်း နားမလည်၊ ဖေဖေ ဘယ်နှယ်စိတ်ချပြီး သွားနိုင်မှာတုန်း လူကလေးရယ်”... ဟူသော သားကို စိတ်မချသည့်ခံစားချက်နှင့် သားအပေါ်ထားရှိသော မေတ္တာတို့မှာ ပေါ်လွင်လာစေပါသည်။ “လောကမှာ အလုပ်တစ်ခုခုကို မလုပ်ရသမျှ ထမင်းကို အလကားရတောင် မစားပါဘူးဆိုတဲ့ကတိကို ထားစေချင်တယ်” ဟူ၍ သားကိုဒုက္ခမရောက်စေချင်သော ဖခင်၏စေတနာမေတ္တာနှင့် သားအတွက် ကတိကဝတ်ကို မသေခင်ရအောင်တောင်းကာ သားအတွက် ကောင်းစားစေချင်သည့် အစီအမံ အကာအကွယ်တစ်ခုဟု ဆိုနိုင်ပါသည်။ “ဖေဖေသေလျှင်သေချင်း လူကလေး ဘာမဆိုတစ်ခုခုကို လုပ်ရလိမ့်မယ်၊ မလုပ်ရလျှင် ထမင်းမစား၊ အစားအဝတ်ထက် အလုပ်ကိုပိုစေပါမည်ဆိုတဲ့ကတိကို တစ်သက်လုံးစောင့်ထိန်းပါမည်ဆိုတဲ့ ကတိကိုထားမလား” ဟု.. ကတိတောင်းရာ သားက ပေးလိုက်သဖြင့် “ကောင်းပြီ လူကလေး ဖေဖေစိတ်ချရပြီ၊ စိတ်အေးပြီ” ဟူသောစကားဖြင့် ဘဝနိဂုံးအဆုံးသတ်လိုက်လေရာ သားကိုကောင်းစားစေချင်သော၊ ဒုက္ခမရောက်စေချင်သော ဖခင်၏စေတနာ မေတ္တာတို့ကို သရုပ်ဖော်ရေးဖွဲ့ထားပါသည်။ ဤဝတ္တုတိုမှ သားအပေါ်ထားရှိသော ဖခင်၏ချစ်ခြင်းမေတ္တာကို ပေါ်လွင်အောင် သရုပ်ဖော်အဖွဲ့များဖြင့် ရေးသား ထားပါသည်။ သရုပ်ဖော်အရေးအသားတို့ကြောင့် သားအပေါ်ထားရှိသော ချစ်မေတ္တာနှင့်အတူ ဖခင်ကောင်းတစ်ဦး၏ စစ်မှန်သော မေတ္တာလည်း ပေါ်လွင်လာစေပါသည်။
LONG_QNA
null
null
null
မလုပ်မစား
မလုပ်မစားဝတ္ထုတိုကိုဖတ်ပြီး မည်သည့်ရသများ ခံစားရသနည်း။
မလုပ်မစားဝတ္ထုတိုသည် ကိုလိုနီခေတ်က ပီမိုးနင်းရေးသားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါသည်။ မိမိလုပ်သော အလုပ်နှင့် ထိုက်တန်သည့်အစာကိုမှ စားရမည့်အကြောင်းနှင့် မိဘစကားနားထောင်ခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ ကတိတည်ခြင်း၊ စကားမှန်ခြင်း၊ သစ္စာစောင့်ခြင်း စသည့် ကောင်းမြတ်သည့်အကျင့်ကောင်းများ ရှိပါက ဒုက္ခဆင်းရဲမရောက်နိုင်ကြောင်း အသိပေးလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားထားပါသည်။ ဝတ္ထုတိုဖြစ်သဖြင့် ဇာတ်ဆောင်တို့၏ ကိုယ်နှုတ်နှလုံးအမူအရာတို့မှ ရသမျိုးစုံခံစားနိုင်ပါသည်။ ဤဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်မှာ ဦးရွှေသာနှင့် သားမောင်ရင်၊ မယ်လုံတို့ဖြစ်ပြီး သူကြီးနှင့် သူကြီးကတော်တို့မှာ အရံဇာတ်ဆောင်များဖြစ်ကြပါသည်။ ဦးရွှေသာသည် မကျန်းမမာဖြစ်၍ ဝေဒနာဖိစီးနေရာ မိမိအတွက်မပူနိုင်ဘဲ သားလူပျိုပေါက်လေးကို တစ်ဦးတည်းထားခဲ့ရမှာကို စိုးရိမ်ပူပန်နေကြောင်း၊ “နေ့လားညလား သေခြင်းတည်းဟူသော သမုဒ္ဒရာ၏ရင်ခွင်သို့ ရောက်ရတော့မည်ဟူသော အသိဖြင့် ဖိစီးခြင်းအောက်မှာ မလွန့်သာ၊ မဆန့်သာ လမ်းဆုံးကိုမျှော်လျက်သာ နေရရှာလေတော့သတည်း”...ဟူ၍ ရေးဖွဲ့ထားရာ သေခါနီးခံစားရသော ဝေဒနာ၏ဖိစီးနှိပ်စက်မှုတို့ဖြင့် လမ်းဆုံးရောက်နေသောလူတစ်ယောက်၏ ခံစားမှုကို ကရုဏာရသ ခံစားရစေပါသည်။ ယခင်က ချမ်းသာကြွယ်ဝခဲ့ကြသော မိသားစုလေးမှာ လူလိမ်ခံရခြင်း အာမခံအကြွေးများဆပ်ရခြင်း၊ ဓားပြအတိုက်ခံရခြင်း၊ လယ်ယာခြံမြေများ ချစ်တီးလက်အပ်လိုက်ရခြင်းတို့ကြောင့် “ဇနီးသည် ဒေါ်ဖြူမှာ ဥစ္စာပျက်ပြုန်း၊ လူလုံးမလှ၊ သောကဗျာပါ မီးလောင်စာကြောင့် မမာမကျန်းဖြစ်ကာ မရဏလမ်းသို့ စောစွာရောက်ခဲ့ရ၏”ဟူသောအဖွဲ့မှာ လောကဓံခံရခြင်း၊ စီးပွားဥစ္စာ ပျက်စီးရခြင်း စသည်” မကောင်းသော ကံကြမ္မာအကျိုးပေးပုံတို့သည် အစုံအစုံ အပြိုင်အပြိုင်လာတတ်သည်”... ဟူသော မိသားစုလေး၏ ရင်နင့်ဖွယ် ဖြစ်ရပ်လေးမှာလည်း သနားကရုဏာဖြစ်စေသဖြင့် ကရုဏာရသကို ခံစားရစေပါသည်။ မကောင်းသော ကံကြမ္မာဆိုးတို့၏ အကျိုးပေးမှာလည်း စုပုံလာတတ်ကြောင်း ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားရစေပါသဖြင့် ဘယာနက ရသကိုလည်း ခံစားရစေပါသည်။ သေခါနီးဖခင်က တစ်ဦးတည်းသောသားလေးအတွက် စိုးရိမ်သောကဖြစ်နေရသဖြင့် သားထံ ကတိတစ်ခု တောင်းရာ “ထားပါတယ် ဖေဖေ စိတ်ချပါ။ အလုပ်နှင့်မတန်သော အစာကို ကျွန်တော်ဒီတစ်သက်မစားပါဘူး။ အလုပ်မလုပ်ရလျှင် အငတ်ခံသေပါ့မယ်”... ဟူသော ကတိတစ်ခုအတွက် ရဲရင့်စွာ အာမခံပေးရဲသော မောင်ရင်၏စိတ်ဓာတ်ကိုလည်း အံ့သြမိစေပါသဖြင့် အဗ္ဗုတရသကိုလည်း ခံစားရစေပါသည်။ “မောင်ရင်မှာ ပစ္စည်းတစ်စုံတစ်ရာမရှိသဖြင့် အလောင်းကိုပင် အရပ်က သင်္ဂြိုဟ်လိုက်ရ၏” ဟူသောအဖွဲ့မှာ တစ်ချိန်က ချမ်းသာပြည့်စုံသူ ဖြစ်ခဲ့သော်လည်း ပစ္စည်းများ ပျက်စီးဆုံးရှုံးမွဲတေသွားကာ သေသည့်အခါ အရပ်ကသင်္ဂြိုဟ်ရသည့် အဖြစ်ဆိုးပုံမှာလည်း စိတ်မချမ်းသာဖွယ်ရာ သနားကရုဏာဖြစ်မိစေသဖြင့် ကရုဏာရသကိုလည်း ခံစားရစေပါသည်။ မိဘမဲ့သားကလေး မောင်ရင်အတွက် အရပ်ထဲမှ လူများက သနားကရုဏာဖြစ်ကာ “မောင် ... ဘာစားမလဲ အလိုရှိတာပြော၊ ပိုက်ဆံကြေးငွေအတွက် ပူနေသလား၊ နေရေးစားရေးအတွက် ပူနေသလား၊ ဒီအိမ်မှာ မပျော်လို့လား၊ မပျော်ရင် အဒေါ်တို့အိမ်ကိုလာ၊ ဦးလေးတို့အိမ် အကျယ်ကြီး၊ အရီးတို့အိမ်မှာ အရီးသမီး မယ်စိန်နဲ့ အရီးနှစ်ယောက်ထဲရယ်၊ မောင့်တစ်သက်လုံး စားလို့မကုန်ပါဘူး”... စသည်ဖြင့် ရပ်ကွက်က ဝိုင်းဝန်းစောင့်ရှောက်မှ ချမ်းမြေ့ကြည်နူးဖွယ်ရာ ဖြစ်စေပါသည်။ ဒုက္ခအခက်အခဲဖြစ်နေသူ၊ မိဘမဲ့အားကိုးမဲ့နေသူအား ဝိုင်းဝန်းစောင့်ရှောက်ကူညီဖေးမတတ်ကြသည့် ရွာသူရွာသားတို့၏ မြန်မာ့ဓလေ့ထုံးတမ်း စဉ်လာလေးကိုလည်း ဝမ်းမြောက်ကြည်နူးမိစေသဖြင့် သန္တရသကိုလည်း ခံစားရစေပါသည်။ “သနားသူများအထဲတွင် ပါဝင်သူတစ်ယောက်ကား သူကြီးကတော်၏ တူမအရင်းဖြစ်သူ မြေပိုင်ရှင် သူဌေးဦးစံကျော်၏ သမီးမယ်လုံခေါ်သည့် မိန်းကလေးဖြစ်ရာ မောင်ရင်ကို အဘယ်ပုံကြံ၍ အစာစားအောင် လုပ်ရပါမည်နည်းဟူသောအကြံနှင့် သူကြီးအိမ်သို့လာရောက်ပြီး မီးဖိုချောင်တွင် ကူညီလုပ်ကိုင်၍နေလေ၏။ သို့နေရာ သနားရာမှ ချစ်မေတ္တာသက်ဝင်လျက် အတော်ပင်စိုးရိမ်စပြုလေ၏” ဟူသော အဖွဲ့မှာ မောင်ရင့်အပေါ် သနားကရုဏာသက်ရာမှ မေတ္တာသက်ဝင်သွားကြောင်း လူငယ်တို့၏အချစ်မေတ္တာကို ဖော်ပြနေသဖြင့် ချစ်ခင်မှု သိင်္ဂါရရသကိုလည်း ခံစားရစေပါသည်။ မောင်ရင်သည် ရေထမ်းနှင့်ရောက်လာပြီး ရာဝင်အိုးထဲသို့ ရေလောင်းထည့်ကာ မောဟိုက်သွားသဖြင့် မြေပေါ်သို့ ဖင်ထိုင်ချလိုက်ရာ မယ်လုံက နွားနို့ တစ်ခွက်လာတိုက်စဉ် “ကိုမောင်ရင်ရယ်... ရှင့်အတွက် ဒုက္ခများလိုက်တာ၊ ရှင်တစ်ခုခုဖြစ်ရင် ကျွန်မ..”ဟူ၍ ရှိုက်သံကလေးနှင့်ပြောလိုက်ပြီး ကြင်နာသောမျက်လုံးများနှင့် နို့ကိုပေးရာ”... ဟူသော အဖွဲ့အရ ကြင်နာမှု ကရုဏာရသနှင့်အတူ ချစ်မေတ္တာတို့ပေါင်းစပ်ကာ သိင်္ဂါရရသကိုလည်း ခံစားရစေပါသည်။ မောင်ရင်နှင့်မယ်လုံတို့ကို သူကြီးတို့ဇနီးမောင်နှံနှင့် မယ်လုံတို့မိဘများက လက်ထပ်ပေးစားရန် စီမံကြလေရာ မောင်ရင်က “ကွယ်လွန်သူ ကျေးဇူးရှင်ဖခင်ကြီးသည် ငါ့အားမဆင်းရဲနိုင်သော ကတိသစ္စာကို အထားခိုင်း၍သွားခြင်းပေတကားဟု စဉ်းစားကာ ကျေးဇူးတင်လျက် တစ်နှစ်တစ်ကြိမ် ဖခင်ကြီးသေဆုံးသောနေ့တွင် သံဃာတော်တို့အား ဆွမ်းကျွေးလှူဒါန်းလေ၏”… ဟူသောအဖွဲ့အရ သားအား ဒုက္ခမရောက်စေချင်၍ အလုပ် လုပ်စေချင်သည့် ကတိစကားတောင်းခံခဲ့ပြီး မိမိပေးသည့် ကတိအတိုင်း ဆောင်ရွက်ခဲ့သဖြင့် ဒုက္ခဆင်းရဲမရောက်ဘဲ အဆင်ပြေချမ်းမြေ့သွားသည့် မိမိဘဝအတွက် ကျေးဇူးရှင်ဖခင်ကို သိတတ်သော ကျေးဇူးတရားအတွက် ကြည်နူးချမ်းမြေ့ရစေသဖြင့် သန္တရသကို ခံစားရစေပါသည်။ မလုပ်မစားဝတ္ထုတိုသည် ဝတ္ထုပါဇာတ်ဆောင်တို့၏ ကံသုံးပါးအမူအရာတို့မှတစ်ဆင့် စာဖတ်သူတို့အား ရသအဖုံဖုံကို တွေ့ကြုံခံစားရစေပါသည်။
LONG_QNA
null
null
null
စာဘူးတောင်း
စာဘူးတောင်းဆောင်းပါးစကားပြေကိုဖတ်ပြီး မည်သို့သော ဗဟုသုတများ ရရှိသနည်း။
စာဘူးတောင်းဆောင်းပါးကို ဒဂုန်ဦးစန်းငွေက လွတ်လပ်ရေးခေတ်က ရေးသားထားပါသည်။ စာဘူးတောင်း စာအုပ်မှ ကောက်နုတ်ထားခြင်းဖြစ်သည်။ စာဝတီးငှက်ကလေးသည် သူကိုယ်တိုင် လက်ရာမြောက်စွာ တည်ဆောက် ထားသော မိုးလုံလေလုံ ထည်ဝါခံ့ညားလှသည့် အသိုက်အအုံစာဘူးတောင်းအတွင်း၌ ချမ်းသာစွာနေရသကဲ့သို့ ဗုဒ္ဓ ညွှန်ကြားချက် သမ္ပဒါလေးပါးတည်းဟူသော စာဘူးတောင်းအတွင်း၌ နေထိုင်ကြလျှင် စာဘူးတောင်းငှက်ကလေးပမာ ချမ်းသာတင့်တယ်စွာ နေနိုင်ကြစေရန် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ပေသည်။ ဤစာဘူးတောင်းစကားပြေမှ ဗဟုသုတများစွာ ရရှိပါသည်။ ဤစကားပြေမှ စာဝတီးငှက်အကြောင်း ဗဟုသုတရစေပါသည်။ ကောလိယမင်းသားသည် မြတ်စွာဘုရားရှင် အား ဖူးမြော်ရန် ကောလိယပြည်အတွင်းရှိ ကက္ကရပတ္တမည်သော နိဂုံးရွာ၌ သီတင်းသုံးစဉ် လာရောက်ဖူးမြော်လာခြင်း ဖြစ်သည်။ လမ်းခရီးအကြား၌ သစ်ပင်တစ်ပင်အောက်သို့ ဝင်ရောက်၍ အပန်းဖြေနေခိုက် စာဘူးတောင်းခြောက်တစ်ခု ကို တွေ့ရှိ၍ ကောက်ယူကြည့်ရာမှ လူသားတို့ကား ဤငှက်ကလေးလောက်မှ သပ်ရပ်စွာမနေနိုင်ကြပါတကား။ ချမ်းသာစွာနေထိုင်နည်းကို မေးလျှောက်ရလျှင် ကောင်းလေစွဟုအကြံဖြစ်လျက် မြတ်စွာဘုရားထံ မေးလျှောက်ခြင်း ဖြစ်လေသည်။ ဤအကြံဉာဏ်နှင့်ပတ်သက်၍ မြတ်စွာဘုရားထံ မမေးလျှောက်မီ စာဘူးတောင်းနှင့်ပတ်သက်၍ စာဝတီငှက်ကလေးများ၏ အကြံဉာဏ်ကောင်းမွန်မှု၊ နှလုံးရည်ပြည့်ဝမှုတို့ကို အံ့သြချီးကျူးမှုဖြစ်ကာ စာဝတီ ငှက်ကလေးများအကြောင်းကို ဗဟုသုတအဖြစ် သိရပါသည်။ အဆောက်အအုံပြု၍နေကြသော ငှက်အမျိုးမျိုးတို့အနက် စာဝတီးငှက်ကလေးများသည် နေရာထိုင်ခင်းနှင့် ပတ်သက်၍ အလွန်အသန့်အပြန့်ကြိုက်ကြကြောင်း၊ နေစရာအသိုက်ကို သပ်ရပ်စွာတည်ဆောက်ကာနေကြကြောင်း၊ မြင့်သောနေရာကိုသာ ရွေး၍နေကြကြောင်း၊ အကောင်သေးသလောက် ဉာဏ်လည်းကြီးကြောင်း၊ ဇွဲလည်းကောင်း ကြောင်း၊ အကြံအဖန် နှလုံးရည်နှင့်လည်း ပြည့်ဝကြောင်း၊ အနေလည်းခန့်၊ လက်ရာလည်းသန့်ကြောင်း၊ ငှက်အချင်းချင်း မဆို ထားဘိ၊ လူသားတို့သော်မှပင် အံ့ချီးယူရလောက်အောင် လက်ရာပြောင်မြောက်လှကြောင်း၊ ဆောက်လုပ်ရေးပါရဂူ လူအင်ဂျင်နီယာကြီးများကပင် လက်ဖျားခါကြရကြောင်း ချီးကျူးရေးသားထားရာ စာဝတီးငှက်ကလေးများအကြောင်း ဗဟုသုတရစေပါသည်။ သူ့လက်ရာ၊ သူ့အဆောက်အအုံ၊ သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကိုကြည့်လျှင် အာကာသဝေဟင်နန်းပေါ်ဝယ် ထန်းပင်ကြီး များ၏ အဖျား၌လည်းကောင်း၊ အခြားသစ်ပင်ကြီးများ၏ အဖျား၌လည်းကောင်း မြင်နိုင်ကြောင်း၊ သူ့အသိုက်တည်ရှိ ရာကို ဖော်ပြထားရာ အမြင့်နေရာကို ကြိုက်နှစ်သက်သော စာဝတီးငှက်ကလေးများ၏ ရှင်းလင်းသန့်ပြန့်မှုကို နှစ်သက် သောစိတ်ဓာတ်အကြောင်းကိုလည်း ဗဟုသုတအဖြစ် သိရပါသည်။ စာဝတီးငှက်ကလေးများ၊ အသိုက်တည်ဆောက်ပုံကိုလည်း ဗဟုသုတအဖြစ် သိရပါသည်။ စာဝတီးငှက် ကလေးများ အသိုက်တည်ဆောက်မှု အတတ်ပညာကို ဘယ်ဆရာထံ သင်ယူခဲ့လေသနည်းဆိုသော ပြဿနာ၏ အဖြေကိုကား ယနေ့အထိ ကမ္ဘာကရှာ၍ မတွေ့နိုင်သေးကြောင်း ချီးကျူးတင်ပြထားပေသည်။ စာဘူးတောင်း တည်ဆောက်ရာ၌ အသုံးချသောပစ္စည်းများကား ကောက်ရိုးနှင့် မြက်မှိုက်များသာဖြစ်ကြောင်း၊ မိမိအသိုက်ကို တည်ဆောက်ရာ၌ အလွန်စိတ်ရှည်ကြောင်း မြက်ကို မြက်ချင်း၊ ကောက်ရိုးကို ကောက်ရိုးချင်း တစ်ပင်ချင်း၊ တစ်မျှင် ခြင်း ထပ်ကာ ထပ်ကာ ဖွဲ့ထားရာ လေဝှေ့သော်လည်း ရွေ့သွားသော အမျှင်တစ်မျှင်မျှမရှိစေရကြောင်း၊ ကော်နှင့် ကပ်ထားသကဲ့သို့ ခိုင်မြဲကြောင်း၊ သေသပ်ကြောင်း၊ ဖန်မီးအိမ်ပြောင်းရှည်ကို တွဲလျားချထားသည်နှင့်တူကြောင်း၊ စာဘူးတောင်း၏ထက်ဝက် တစ်ပေလောက်တွင် ချိုင့်ဝှမ်းကလေးဖွဲ့ထားပြီး ထိုချိုင့်၏အောက်မှဆက်၍ တစ်ပေခန့် ရှည်လျားသော ပြောင်း၊ ဘူးတောင်းတပ်၍ ကာထားကြောင်း၊ အတွင်းသို့ဝင်လျှင် ထိုပြောင်းဝမှဝင်ကြောင်းစာဝတီး ငှက်လေးများ၏ အင်ဂျင်နီယာ အတတ်ပညာကိုလည်း အံသြလောက်ဖွယ် ဗဟုသုတရရှိစေပါသည်။ ဉာဏ်ကြီးရှင်စာဝတီးငှက်လေးများကား သူ့အသိုက်အတွင်းဝယ် ညအခါလင်းထိန်နေစေရန် ပိုးစုန်းကြူးကောင် လေးများကို ရွှံ့ပျော့လေးများနှင့် အသိုက်တွင်း၌ကပ်ထားကြောင်း အကြံဉာဏ်ကောင်းများကိုလည်း ဗဟုသုတအဖြစ် သိရပါသည်။ ထိုစာဝတီးငှက်လေးများအကြောင်းနှင့် ဆက်စပ်ကာ လူမှုရေးနှင့် ဆက်စပ်သည် အတွေးအခေါ်များ စိတ်ထဲတွင်ပေါ်လာကာ လူသားတို့ကား ဤငှက်လေးများလောက်မှ သပ်ရပ်စွာမနေကြခြင်း၏ အကြောင်းရင်းကို သိလို၍ ဘုရားရှင်ထံ မေးလျှောက်ရာမှ ဘုရားရှင်က သမ္ပဒါလေးပါးဟူသော ကြီးပွားကြောင်းတရားလေးပါးကို ဟောတော်မူကြောင်း ဗဟုသုတရစေပါသည်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ကြီးပွားကြောင်းတရားလေးပါး၌ “ကြိုးစားရှာ၊ ကောင်းစွာ စောင့်ရှောက်၊ ဝင်ပေါက်နှင့် ထွက်ပေါက်မျှတစေ၊ မိတ်ဆွေကောင်းကိုစောင့်ပါလေ” ဟူသော တရားလေးပါးနှင့် ကိုက်ညီအောင် ကျင့်သုံးနိုင်သူကား ဆင်းရဲခြင်းကင်း၍ ချမ်းသာသောလူ့စည်းစိမ်ဖြင့် တင့်တယ်စွာနေနိုင်ပြီဖြစ်ကြောင်း မိန့်ဆိုချက်ကို ဗဟုသုတအဖြစ် သိရပါသည်။ ဤအချက်တို့သည်ကား ကြီးပွားလိုသူ၊ ချမ်းသာလိုသူ၊ ဟန်ကျပန်ကျ နေလိုသူမှန်သမျှတို့ လက်သုံးပြုရသော “ကြီးပွားရေးလမ်းညွှန်များ” ဖြစ်ကြောင်း ယင်းတို့ကို သမ္ပဒါလေးပါးဟု ခေါ်ကြောင်း ဗဟုသုတရစေပါသည်။ အချုပ်ဆိုရသော် - စာဘူးတောင်းစကားပြေမှစာဝတီးငှက်လေးများ အသိုက်တည်ဆောက်နေထိုင်ကြပုံ အကြောင်းနှင့် လူတို့အတွက် ကြီးပွားချမ်းသာစွာနေထိုင်နည်းဖြစ်သော မြတ်စွာဘုရားဟောကြားတော်မူသည့် သမ္ပဒါ တရားလေးပါးအကြောင်းတို့ကို ဗဟုသုတအဖြစ် သိရပါသည်။
LONG_QNA
null
null
null
စာဘူးတောင်း
ဗုဒ္ဓမြတ်ဘုရားညွှန်ကြားတော်မူသော ““ကြီးပွားရေးလမ်းညွှန်” လေးချက်ကို ဖော်ပြပြီး ထိုလေးချက်ကို သင် မှတ်မိသမျှ ပြန်ရေးပြပါ။
စာဘူးတောင်းဆောင်းပါးစကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်း စာအုပ်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ စာဝတီးငှက်ကလေးများသည် ကိုယ်တိုင်ဆောက်လုပ်ထားသော မိုးလုံလေလုံ ခန့်ညားသပ်ရပ်စွာ အသိုက်အတွင်း၌ ချမ်းသာစွာနေရသကဲ့သို့ ဗုဒ္ဓဟောကြား ကြီးပွားရေးလမ်းညွှန်တရားဖြစ်သော သမ္ပဒါတရားလေးပါးနှင့်အညီ ကျင့်သုံးနိုင်ကြလျှင် ထိုသူသည် ဆင်းရဲခြင်းကင်း၍ ချမ်းသာသော လူ့စည်းစိမ်ဖြင့် တင့်တောင့်တင့်တယ် နေနိုင်မည်ဖြစ်ကြောင်း သိစေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား ညွှန်ကြားတော်မူသော “ကြီးပွားရေးလမ်းညွှန် သမ္ပဒါတရား” လေးပါးရှိပါသည်။ ယင်း တရားလေးပါးတို့ကား (၁) ကြိုးစားရှာ၊ (၂) ကောင်းစွာစောင့်ရှောက်၊ (၃) ဝင်ပေါက်နှင့် ထွက်ပေါက်မျှတစေ၊ (၄) မိတ်ဆွေကောင်းကိုစောင့်ပါ။ ဟူ၍ဖြစ်ပါသည်။ (၁) အချက်ဖြစ်သော “ကြိုးစားရှာ” ဟူရာ၌ လူတို့သည် ကြီးပွားချမ်းသာမှုကို အမှန်တကယ်လိုလားပါက ပစ္စည်းဥစ္စာကို ကြိုးစား၍ရှာဖွေရပေမည်။ ကြီးပွားချမ်းသာမှုကို တားဆီးဟန့်တားတတ်သည့် “ပျင်းရိခြင်း” ကို ရှောင်ရှားရမည်၊ လူ့ဘဝချမ်းသာ လူ့စည်းစိမ်ကို ကောင်းစွာခံစား စံစားလိုသူဖြစ်ပါလျက် ပျင်းရိနေခဲ့သော် အဘယ်မှာလျှင် သင့်တော်ပါမည်နည်း။ ပျင်းရိခြင်းသည် လူ့ဘဝကို အညွှန့် ကျိုးအောင် ချိုးနှိမ် ချေဖျက်ပစ်တတ်သည်သာမက လူ့အောက်သို့ မရောက်မချင်း တွန်းပို့တတ်ပေသည်။ ထို့ကြောင့် လူဖြစ်လာခိုက် ကြီးပွားချမ်းသာမှုကို ဖျက်ဆီးတတ်သည့် ပျင်းရိခြင်းကို ဖယ်ရှားရမည်ဖြစ်ပြီး မိမိစိတ်ကို အမြဲတစေ နိုးနိုးကြားကြား၊ ထထကြွကြွ ရှိနေစေရန် ကြီးပွားရေးလမ်းစကို တက်ကြွသော စိတ်အားမာန်တို့ဖြင့် ရှာကြံ၍ နေရပေမည်။ တက်ကြွခြင်းလုံ့လဝီရိယရှိသည်ဆိုရာ၌လည်း ဉာဏ်နှင့်ယှဉ်သော ဝီရိယမျိုးသာဖြစ်စေရမည်။ ကျောက်ဖျာ ထက်တွင် ရေတွင်းတူးသော အကျိုးမရှိဖြစ်သော ကြိုးစားအားထုတ်မှု ဝီရိယမျိုးမဖြစ်စေရ။ အထည်မျိုးစုံထုတ်လုပ် သောဒေသ၌ အထည်ဆိုင်ဖွင့်၍ ရောင်းချသောလုပ်ကိုင်နည်းမျိုးကား အဘယ်မှာလျှင် အကျိုးရှိပါအံ့နည်း။ အကြင်သူ သည် လယ်သမားဖြစ်ခဲ့လျှင် လယ်လုပ်ခြင်းအတတ်ကို ကောင်းစွာကျွမ်းကျင်သူဖြစ်လျက် ကိုယ်တိုင်လည်း လယ်လုပ် တတ်ပြီး သူတစ်ပါးကိုလည်း စနစ်တကျ ခိုင်းတတ်စေတတ်နိုင်ရပေမည်။ ထမင်းချက်သူပင်ဖြစ်စေဦး ထိုသူသည် ထမင်းချက်အတတ်ကို ကျွမ်းကျင်သူဖြစ်ပြီး ကိုယ်တိုင်လည်း ကောင်းစွာချက်ပြုတ်တတ်ပြီး သူတစ်ပါးကိုလည်း စနစ်တကျ ခိုင်းတတ်စေတတ်သူ ဖြစ်စေရမည်ဖြစ်သည်။ ကြီးပွားရေးလမ်းညွှန်ဒုတိယအခက်ကား သွေးချွေးတို့ဖြင့် ရင်းနှီးစုဆောင်းချက်အရ အကျိုးစီးပွားဖြစ်ထွန်း လေသောအခါ ငါချမ်းသာပြီဟု မမှတ်သင့်ကြောင်း ရရှိပြီး စည်းစိမ်ဥစ္စာတို့ကို မပျက်စီးရအောင် ထိန်းသိမ်း စောင့်ရှောက်ရပေဦးမည်ဖြစ်သည်။ မိုးရွာပါလျက် ကန်သင်းပေါင်မရှိသဖြင့် ရေမတင်သောလယ်ကွက်သကဲ့သို့ မဖြစ် စေရပေ။ သို့ဖြစ်ရာ မိမိပစ္စည်းဥစ္စာတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကြီးပွားချမ်းသာမည်ဖြစ်ပေသည်။ တတိယအချက်အဖြစ် ရရှိပြီးသော ပစ္စည်းဥစ္စာတို့ကို မိမိအင်အားဖြင့်ချိန်ဆ၍ အဝင်နှင့်အထွက် မျှတအောင် သုံးစွဲတတ်ရပေမည်။ အဝင်နည်းပြီး အထွက်များလျှင် လက်ဖွာခြင်းမျိုး၊ အသုံးကြမ်းခြင်းမျိုး မဖြစ်စေအောင် ထိန်းသိမ်းရပေမည်။ စတုတ္ထအချက်အဖြစ် လူ့ဘဝဟူသည်၊ အပေါင်းအသင်းပတ်ဝန်းကျင်နှင့် ကင်းကွာ၍လည်း မဖြစ်နိုင်ပေ။ အရေးအကြောင်းတစ်စုံတစ်ရာ ကြုံတွေ့လာသောအခါ အကူအညီအထောက်အပံ့ ရရှိရေးအတွက် မိတ်ကောင်းဆွေကောင်းနှင့်လည်း ပေါင်းသင်းထားကြရပေမည်။ လူ့ဘဝဟူသည်ကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတာမျှ တက်လာသောရေပွက်ပမာ တစ်ခဏလေးသာဖြစ်ပေရာ လူချင်းတူတူ သူချင်းမျှမျှ ချမ်းချမ်းသာသာ တင့်တင့်တယ်တယ် နေထိုင်နိုင်ရန် ကြီးပွားရေးလမ်းညွှန်တရားကို မြတ်စွာဘုရားရှင် ဟောမိန့်တော်မူခဲ့ပါပေသည်။ အချုပ်အားဖြင့်ဆိုရသော် ကြီးပွားရေးလမ်းညွှန်အချက်လေးချက်ဖြစ်သော “ကြိုးစားရှာ၊ ကောင်းစွာစောင့်ရှောက်၊ ဝင်ပေါက်နှင့် ထွက်ပေါက်မျှတစေ၊ မိတ်ဆွေကောင်းကိုစောင့်ပါလေ” ဟူသော အချက်လေးချက်နှင့် ကိုက်ညီအောင် ကျင့်သုံးနိုင်သူကား ဆင်းရဲခြင်းကင်း၍၊ လူ့စည်းစိမ်ချမ်းသာဖြင့် တင့်တင့်တယ်တယ် နေနိုင်ပြီဟု မှတ်ရမည်ဖြစ်ပေ သည်။ မြတ်စွာဘုရား ဟောကြားတော်မူသော ဤစကားတော်ကို “သမ္ပဒါ” ဟု ကမ္ပည်းထိုးကာ ကြီးပွားချမ်းသာ လိုသူမှန်သမျှ လက်တွေ့ကျင့်သုံးလိုက်နာပြုကျင့်ရသော “ကြီးပွားရေးလမ်းညွှန်” ဟူ၍ သတ်မှတ်ထားကြပေသည်။
LONG_QNA
null
null
null
စာဘူးတောင်း
စာရေးဆရာသည် စာဝတီးငှက်ကလေးများ၏ အသိုက်ဆောက်ပုံကို အသေးစိတ်မည်သို့ရေးဖွဲ့ထားသနည်း။
“စာဘူးတောင်း” စကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်း စာအုပ်မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ စာဝတီးငှက်ကလေးများသည် ကိုယ်တိုင်ဆောက်လုပ်ထားသော မိမိတို့၏ အသိုက်အတွင်း၌ မိုးလုံလေလုံ ခံ့ညားသပ်ရပ်စွာ ချမ်းချမ်းသာသာနေကြရပေသည်။ ထို့အတူ ကြီးပွားချမ်းသာလိုသူ တို့လည်း ဗုဒ္ဓဟောကြားထားသော ကြီးပွားရေးလမ်းညွှန်တရားကို လိုက်နာပြုကျင့်နေထိုင်ပါက ကြီးပွားချမ်းသာမည် ဖြစ်ကြောင်း အသိပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်းဖြစ်ရာ စာဝတီးငှက်ကလေးများ ၏ အသိုက်ဆောက်ပုံကို အသေးစိတ်ဖော်ပြထားကြောင်း တွေ့ရပါသည်။ စာဝတီးငှက်ကလေးတို့သည် အသန့်အပြန့်ကြိုက်ကြကြောင်း၊ မိမိတို့အသိုက်နေရာကိုလည်း ရွေးချယ်တတ်ကြ ကြောင်းကို “စာဝတီးငှက်တို့သည် အံ့တစ်ပါးငှက်ဖြစ်သည်။ နေရာထိုင်ခင်းနှင့်ပတ်သက်၍ လွန်စွာအသန့်အပြန့် ကြိုက်သည်။ ကြိုက်သည့်အတိုင်းလည်း နေစရာအဆောက်အအုံ အသိုက်အမြုံကို သပ်သပ်ရပ်ရပ် တည်ဆောက်ကာ နေလေ့ရှိသည်။ နေရာကိုလည်း မြင့်သောနေရာကိုမှရွေး၍နေသည်” ... ဟူ၍ သရုပ်ဖော်ရေးဖွဲ့ထားပါသည်။ စာဝတီးငှက်ကလေးတို့၏ ဉာဏ်ရည်ကြီးမားပုံ၊ ဇွဲကောင်းပုံတို့ကိုလည်း “စာဝတီးငှက်သည် ဖြစ်ဆန်းကာမျှ နေလေ့မရှိ။ အကောင်သေးသလောက် ဉာဏ်လည်းကြီးလှ၏။ ဇွဲလည်းကောင်းလှ၏။ အကြံအဖန် နှလုံးရည်လည်း ပြည့်ဝလှ၏၊ အနေလည်း ခန့်၏၊ လက်ရာလည်းသန့်၏၊ သူ့လက်ရာကား ငှက်အချင်းချင်းကို မဆိုထားဘိ၊ လူသားတို့ သော်မှပင် လက်ဖျစ်တီးကာ အံ့ချီးယူရလောက်အောင် ပြောင်မြောက်လှ၏။ ဆောက်လုပ်ရေးပါရဂူ လူအင်ဂျင်နီယာ ကြီးများကပင် လက်ဖျားခါယူကြရ၏” …. ဟူ၍ စာဝတီးငှက်ကလေးများအား ချီးကျူးသရုပ်ဖော်ရေးဖွဲ့ထားပါသည်။ စာဝတီးငှက်ကလေးများကို “အင်ဂျင်နီယာငှက်” ဟူ၍လည်းကောင်း၊ “ပါရဂူမြောက် တံခွန်ဆောက်” ဟူ၍ လည်းကောင်း၊ “ထည်ဝါခံ့ညားလှသော သူ့ရိပ်မြုံ” ဟူ၍လည်းကောင်း နှစ်သက်စဖွယ် ဂုဏ်တင်ရေးဖွဲ့ထားပေသည်။ စာဘူးတောင်းတည်ဆောက်ရာတွင် “မြက်မြက်ချင်း၊ ကောက်ရိုးကောက်ရိုးချင်း တစ်ပင်ချင်း တစ်မျှင်ချင်း ထပ်ကာထပ်ကာဖွဲ့ထား၏။ လေဝှေ့သော်လည်း ရွေ့သောအမျှင်တစ်မျှင်မျှ မရှိစေရ။ ကော်နှင့်ကပ်ထားသကဲ့သို့ မြဲ၍ ခိုင်လည်းခိုင်သည်။ သေလည်း သေသပ်သည်” ဟု အသေးစိတ်ဖော်ပြထားပါသည်။ စာဘူးတောင်း၏ ပုံသဏ္ဌာန်ကို “ဖန်မီးအိမ်ပြောင်းရှည်ကို ဇောက်ထိုးဆွဲချထားသည်နှင့် အလားတူ၏။ အလျား ၂ဝ လက်မပတ်ဝန်းကျင်နှင့် လုံးပတ် မှာ ထွာဆိုင်သာသာရှိ၏။ မြက်မှိုက်အချောင်းအမျှင်ကလေးများကို စီ၍ရက်ကန်းရက်သလို ရက်ထား၏” ဟူ၍ စာဘူးတောင်း တည်ဆောက်ပုံနှင့် အရွယ်အစားကို အသေးစိတ် သရုပ်ဖော်ရေးဖွဲ့ထားပါသည်။ “သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကား သစ်ပင်များ၏ အဖျားဝယ်တွဲလျားခိုကာ လှုပ်လီလှုပ်လဲ့ တနွဲ့နွဲ့နှင့် လေကစား ရာသို့ ကြွားတလူလူ ဝေလျက်ရှိနေပါ၏။ စာဘူးတောင်း၏ထက်ဝက်ခန့် တစ်ပေလောက်တွင် နေရာကျင်းချိုင့်ကလေး ဖွဲ့ထားပြီး ၄င်းအတွင်းသို့ လေ၊ နေ၊ မိုး မထိုးဖောက်နိုင်အောင် ကျင်းချိုင့်၏အောက်မှဆက်၍ တစ်ပေခန့်ရှည်လျားသော ပြောင်း၊ ဘူးတောင်းတပ်၍ ကာထား၏။ အတွင်းသို့ဝင်လျှင် ထိုပြောင်းဝမှပင် ဝင်၏” ဟူ၍ ဆန်းသစ်သောတီထွင်မှုတို့ဖြင့် စာဘူးတောင်းကို တည်ဆောက်ထားကြောင်း အသေးစိတ်ဖော်ပြထားရာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ဉာဏ်ကြီးရှင် စာဝတီးငှက်၏ ဉာဏ်ကြီးပုံကိုလည်း “သူ့အသိုက်အအုံတွင်းဝယ် ညညအခါများတွင် လင်းထိန်နေစေရန် အင်ဂျင်မီးများပင် ထွန်းကားလိုက်သေး၏။ အင်ဂျင်မီးကား ပိုးစုန်းကြူကောင်ကလေးများဖြစ်၏။ သူ့ဉာဏ်သွားလိုက်ပုံကား ရွှံ့ပျော့ပျော့ခွာခဲ့ပြီး သူ့အသိုက်ထဲထည့်ထားသည်။ နောက်ပိုးစုန်းကြူကောင်ကလေးတွေ ကို ဖမ်းယူခဲ့ပြီး ရွှံ့နှင့်ကပ်ထားသည်။ ထိုအခါ ပိုးစုန်းကြူးမှာ နေရာကမရွေ့နိုင်ရှာတော့ဘဲ သူ့အသိုက်အတွင်းဝယ် မှိတ်တုတ်မှိတ်တုတ်နှင့် လင်းနေလေသတည်း” ဟူ၍ မီးလင်းရန် ဖန်တီးထားတတ်သည့် ဖန်တီးရှင် စာဝတီးငှက်လေး ၏ ဖန်တီးမှုကိုလည်း အသေးစိတ်ရေးသားထားပါသည်။ ဤသို့ဖြင့် စာဝတီးငှက်လေးသည် အကောင်သေးသော်လည်း ဉာဏ်ကြီးပုံ၊ မိမိအသိုက်ကို နှီးမှိုက်ဆွေး၊ မြက်ဆွေးနှင့် ကောက်ရိုးမျှင်ကလေးများကို သေသေသပ်သပ် အထပ်ထပ် စနစ်တကျ ရစ်ပတ်ထားပုံ၊ လေလုံမိုးလုံ ကာရံထားပုံ၊ အလွန်စိတ်ရှည်ကာ စိမ်ပြေနပြေ အသိုက်တည်ဆောက်ပုံ၊ ဤဆောက်လုပ်ရေးအင်ဂျင်နီယာအတတ်ကို အဘယ်အရပ်၊ အဘယ်သိပ္ပံ၊ အဘယ်ဆရာထံတွင် သင်ယူခဲ့လေသနည်းဆိုသော ပြဿနာ၏အဖြေကိုကား ယနေ့အထိ ကမ္ဘာကရှာ၍ မတွေ့သေး” .. ဟူ၍ ကမ္ဘာနှင့်ချီကာ ချီးကျူးရေးဖွဲ့ထားကြောင်း တွေ့ရပါသည်။
LONG_QNA
null
null
null
စာဘူးတောင်း
စာဘူးတောင်းဆောင်းပါးစကားပြေမှ တွေ့ရှိရသော အလင်္ကာများကို ဖော်ထုတ်တင်ပြပါ။
စာဘူးတောင်းစကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်းစာအုပ် မှ ကောက်နုတ်ချက်ဖြစ်ပါသည်။ စာဝတီးငှက်ကလေးများသည် ကိုယ်တိုင်ဆောက်လုပ်ထားသော မိမိတို့၏အသိုက် အတွင်း၌ မိုးလုံလေလုံ ခံ့ညားသပ်ရပ်စွာ ချမ်းချမ်းသာသာ နေကြရပေသည်။ ကြီးပွားချမ်းသာလိုသူတို့လည်း ဗုဒ္ဓ ဟောကြားထားသော ကြီးပွားရေးလမ်းညွှန်တရားကို လိုက်နာပြုကျင့်နေထိုင်ပါက ကြီးပွားချမ်းသာမည်ဖြစ်ကြောင်း အသိပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤစကားပြေကို ရေးသားထားခြင်းဖြစ်ရာ ရည်ရွယ်ချက်ပေါ်လွင်စေသော အလင်္ကာအသုံးများကို တွေ့ရပါသည်။ စာဝတီးငှက်များ မိမိတို့၏အသိုက်ကို ကျွမ်းကျင်စွာ ဆောက်လုပ်နိုင်ကြောင်း ရေးသားဖော်ပြထားရာ စာ၀တီး ငှက်ကို “အင်ဂျင်နီယာငှက်” ဟူ၍ ရူပကအလင်္ကာမြောက်စွာ ရေးသားထားပါသည်။ ဆောက်လုပ်ရေးပညာကို ကျွမ်းကျင်သူ အင်ဂျင်နီယာနှင့် စာဘူးတောင်းသိုက်ကို ကျွမ်းကျင်စွာပြုလုပ်နိုင်သူ စာဝတီးငှက်တို့၏ ကျွမ်းကျင်စွာ တည်ဆောက်နိုင်မှုဂုဏ်ရည်ကို ထပ်တူပြုရေးဖွဲ့ထားသောကြောင့် ရူပကအလင်္ကာမြောက်ပါသည်။ စာဝတီးငှက်သည် သူဆောက်လုပ်ထားသော စာဘူးတောင်း၏နေရာ ရွေးချယ်မှုကို ဖော်ပြရာ၌ “အာကာသဝေဟင်နန်း” ဟူသော ရူပကအလင်္ကာဖြင့် အာကာသဝေဟင်နှင့် နန်းတော်တို့၏ မြင့်မားမှု၊ ခမ်းနားမှုဂုဏ်ရည်ကို ထပ်တူပြုကာ ရေးဖွဲ့ထား သောကြောင့် ရူပကအလင်္ကာမြောက်သည်။ စာဝတီးငှက်၏ သူ့လက်ရာ၊ သူ့အဆောက်အအုံ၊ သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကိုကြည့်ပါဦး။ အာကာသဝေဟင်နန်းပေါ် ဝယ် ထန်းပင်ကြီးများ၏အဖျား၌လည်းကောင်း . . .၊ အခြားသစ်ပင်ကြီးများ၏ အဖျား၌လည်းကောင်း မြင်နိုင်၏"... ဟူသောအဖွဲ့၌ သူ့အသိုက် စာဘူးတောင်းကို “အာကာသဝေဟင်နန်းပေါ်ဝယ် ထန်းပင်ကြီးများ၏အဖျား၌”... ဟူ၍ အလွန်မြင့်သော ထန်းပင်ကြီးများ၏အဖျား၌ရှိကြောင်းကို ဝင်္ကဝုတ္တိအလင်္ကာမြောက်စွာ “အာကာသဝေဟင်နန်းပေါ်” ဟု သွယ်ဝိုက်ကာ ရေးသားထားသည်ကို တွေ့ရပါသည်။ စာဘူးတောင်းကို တည်ဆောက်ရာ၌ မြက်မြက်ချင်း၊ ကောက်ရိုးကောက်ရိုးချင်း တစ်ပင်ချင်း တစ်မျှင်ချင်း ထပ်ကာထပ်ကာ ဖွဲ့ထားသဖြင့် လေဝှေ့သော်လည်း ရွေ့သောအမျှင်တစ်မျှင်မျှမရှိ၊ မြဲ၍ခိုင်နေကြောင်းကို “ကော်နှင့် ကပ်ထားသကဲ့သို့” …. ဟူ၍ ကော်နှင့်ကပ်လျှင်မြဲသလို စာဘူးတောင်း၏ မြဲခိုင်မှုကို ဥပမာပေးရေးဖွဲ့ထားသဖြင့် ဥပမာအလင်္ကာမြောက်ပါသည်။ စာဘူးတောင်း၏ပုံသဏ္ဌာန်ကိုလည်း “ဖန်မီးအိမ်ပြောင်းရှည်ကို ဇောက်ထိုးဆွဲချထား သည်နှင့် အလားတူ” ... ဟူ၍ ဥပမာအလင်္ကာဖြင့် ရေးသားထားရာ စာဘူးတောင်း၏ပုံကိုလည်း မျက်စိထဲတွင် မြင်ယောင်လာစေပါသည်။ စာဘူးတောင်းတည်ဆောက်ထားပုံကို မြက်မှိုက်ချောင်းအမျှင်ကလေးများကိုစီ၍ “ရက်ကန်းရက်သလို” ဟု ဥပမာပေးကာ မြက်ချောင်းလေးတွေကိုစီ၍ စာဘူးတောင်းတည်ဆောက်ထားပုံကို ချည်များစိ၍ ရက်ကန်းရက်ပုံနှင့် ဥပမာပေးရေးဖွဲ့ထားသည်မှာ ဥပမာအလင်္ကာမြောက်ပါသည်။ သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကား သစ်ပင်များ၏အဖျားဝယ် တွဲလျားခိုကာ လှုပ်လီလှုပ်တဲ့ တနွဲ့နွဲ့နှင့် လေကစားရာသို့ ကြွားတလူလူဝေလျက် ရှိနေပါ၏” ဟူသောအဖွဲ့တွင် အမြင့်တွင် လေတိုက်သဖြင့် တလူလူလွင့်နေကြောင်းကို ဝင်္ကဝုတ္တိအလင်္ကာဖြင့် “လေကစားရာသို့ ကြွားတလူလူဝေ” ဟု ရေးဖွဲ့ထားပါသည်။ “ဉာဏ်ကြီးရှင် ထိုစာဝတီးကား သူ့ရိပ်မြုံ၊ သူ့အသိုက်အအုံတွင်းဝယ် ညညအခါများတွင် လင်းထိန်နေစေရန် အင်ဂျင်မီးများ ထွန်းထားလိုက်သေး၏” … ဟူသောအဖွဲ့တွင် စာဝတီးငှက်ကို “ဉာဏ်ကြီးရှင်” ဟု သွယ်ရေးသား ထားခြင်း၊ ပိုးစုန်းကြူးကောင်ကလေးများကို “အင်ဂျင်မီးများ” ဟု သွယ်ဝိုက်ရေးသားထားသဖြင့် ဝင်္ကဝုတ္တိအလင်္ကာ မြောက်ပါသည်။ “ကောက်ရိုးမျှင်ကလေးများကို သေသေသပ်သပ် အထပ်ထပ်စနစ်တကျ ရစ်ပတ်ထားပုံများက လည်းကောင်း၊ လေလုံမိုးလုံကာရံထားပုံများကလည်းကောင်း ဖမ်းစားထားလေသည့်အတွက်” ... ဟူသောအဖွဲ့တွင် ဆွဲဆောင်ထားသည်ဟု တိုက်ရိုက်မရေးဘဲ “ဖမ်းစားထားသည်” ဟု စိတ်ကိုဆွဲဆောင်ထားကြောင်း သွယ်ဝိုက်ရေးသား သဖြင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်ပါသည်။ “စာဘူးတောင်းအပေါ် လူမှုရေးနှင့် ဆက်စပ်တွေးခေါ်ကြည့်မိလာသည်အထိ အာရုံကျယ်ပြန့်လွင့်စင်သွားလေ သည်” ဟူသောအဖွဲ့တွင် “စိတ်ဝင်စားသွားမိသည်” ဟု တိုက်ရိုက်မရေးဘဲ “အာရုံကျယ်ပြန့်လွင့်စင်သွား” ဟု သွယ်ဝိုက်ရေးဖွဲ့ထားသဖြင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်ပါသည်။ ဤစာဘူးတောင်းမှ ရရှိသောတွေးခေါ်မှုကား "ကောလိယမင်းသားအဖို့ ဘုရားသခင်အား ပူဇော်စရာလှူဖွယ်ပစ္စည်းသဖွယ်ဖြစ်သည်” ဟူသောအဖွဲ့တွင် စာဘူးတောင်း မှရရှိသော အတွေးအခေါ်ကို လှူဖွယ်ပစ္စည်းနှင့် ဥပမာပေးခိုင်းနှိုင်းရေးဖွဲ့ထားသဖြင့် ဥပမာအလင်္ကာမြောက်ပါသည်။ “မိမိစိတ်ကို အိပ်မောကျ၍မနေစေဘဲ အမြဲတစေ နိုးနိုးကြားကြား ထထကြွကြွ ရှိနေစေရာသည်” ဟူသောအဖွဲ့တွင် “မိမိစိတ်ကို အိပ်မောကျမနေစေဘဲ” ဟူ၍ နိုးကြားမှုရှိခြင်းကို “စိတ်ကို အိပ်မောကျ၍မနေစေ” ဟု သွယ်ဝိုက်ရေးသားထားသဖြင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်ပါသည်။ “မိုးရွာပါလျက် ကန်သင်းပေါင်မရှိသဖြင့် ရေမတင်သော လယ်ကွက်သကဲ့သို့ မဖြစ်စေရာ....” ဟူသောအဖွဲ့တွင် စည်းစိမ်ဥစ္စာတို့ကို မထိန်းသိမ်းလျှင် ရေမတင်သော လယ်ကွက်နှင့် ဥပမာပေးခိုင်းနှိုင်းရေးဖွဲ့ထားသဖြင့် ဥပမာအလင်္ကာမြောက်ပါသည်။ “စာဘူးတောင်း အတွင်း၌ ချမ်းသောင့်ချမ်းသာနေရသကဲ့သို့ “ဗုဒ္ဓညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်သူအား ဥပမာပေးခိုင်းနှိုင်း ရေးသားထားသဖြင့် ဥပမာအလင်္ကာမြောက်ပါသည်။ အချုပ်ဆိုရသော် စာဘူးတောင်းစကားပြေ၏ ရည်ရွယ်ချက်ကို မြောက်စေသည်မှာ ရူပကအလင်္ကာ၊ ဥပမာ အလင်္ကာ၊ ဝင်္ကဝုတ္တိအလင်္ကာအသုံးတို့၏ ထိရောက်နိုင်မှု၊ စွမ်းဆောင်နိုင်မှုတို့ကြောင့်ဖြစ်ကြောင်း ပေါ်လွင်စေပါသည်။
LONG_QNA
null
null
null
စာဘူးတောင်း
"ကြီးပွားမှုကို ကာဆီးဟန့်တားထားတတ်သည်မှာ ပျင်းရိခြင်းဖြစ်သည်” ဟူသော အဆိုနှင့်ပတ်သက်ပြီး သင့် ထင်မြင်ချက်ကို စာစီကုံးပါ။
စာဘူးတောင်းစကားပြေသည် လွတ်လပ်ရေးခေတ်က ဒဂုန်ဦးစန်းငွေ ရေးသားသော စာဘူးတောင်းစာအုပ်မှ ကောက်နုတ်ချက်ဖြစ်သည်။ စာဝတီးငှက်ကလေးများ တည်ဆောက်သော စာဘူးတောင်းကို နမူနာယူကာ မြတ်စွာ ဘုရား ဟောကြားတော်မူသော သမ္ပဒါလေးပါးနှင့်အညီ ကျင့်သုံးလိုက်နာသူသည် ဆင်းရဲခြင်းကင်း၍ ချမ်းသာစွာ တင့်တင့်တယ်တယ် နေနိုင်ကြောင်း အသိပေးလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားထားသော ဆောင်းပါးစကားပြေ တစ်ပုဒ်ဖြစ်ပါသည်။ ကြီးပွားချမ်းသာလိုသူသည် ကြီးပွားမှုကို ကာဆီးဟန့်တားထားတတ်သော "ပျင်းရိခြင်း" ကို ရှောင်ရှားကြရမည်ဖြစ်သည်ဟူသော အဆိုကို လက်ခံပါသည်။ ဤအဆိုနှင့်ပတ်သက်၍ မြတ်စွာဘုရားဟောကြားတော်မူသော သမ္ပဒါလေးပါးကား “ကြီးပွားရေးလမ်းညွှန်” ချက်များ ဖြစ်ပါသည်။ သမ္ပဒါလေးပါးရှိပါသည်။ “ကြိုးစားရှာ၊ ကောင်းစွာစောင့်ရှောက်၊ ဝင်ပေါက်နှင့် ထွက်ပေါက် မျှတစေ၊ မိတ်ဆွေကောင်းကိုပေါင်း” ဟူသော အချက်ပေးချက်ကို လက်တွေ့လိုက်နာ လုပ်ဆောင်သူသည် ဆင်းရဲ ကင်းကွာ ကြီးပွားချမ်းသာမည်ဖြစ်ကြောင်း မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်။ လူ့ဘဝဟူသည် “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာ” ဖြစ်သည့် ကာလ အလွန်တိုတောင်းလှပါသည်။ တိုတောင်းလှသော ကာလလေးအတွင်း၌ လူချင်းတူတူ သူချင်းမျှ ချမ်းသာတင့်တယ်စွာ နေထိုင်နိုင်ကြစေရန် အလုပ်ကိုကြိုးစားပြီး လုပ်ကြရပေမည်။ စီးပွားဥစ္စာတို့ကို ကြိုးစား၍ ရှာဖွေကြရပေမည်။ စီးပွားဥစ္စာကို ရှာဖွေကြရာ၌ ကြီးပွားမှုကို ဟန့်တားတတ်သည့်အရာမှာ ပျင်းရိခြင်းဖြစ်ပေသည်။ ပျင်းရိခြင်းစိတ်ဝင်လာသည်နှင့် ကြိုးစားရှာဖွေချင်စိတ်တို့မှာလည်း လွင့်ပျောက်သွားတတ်ပေရာ “ပျင်းရိခြင်း” သည် ကြီးပွားတိုးတက်ခြင်းကို ကာဆီးဟန့်တားတတ်သည့်အရာ ဖြစ်ပေသည်။ “ကြိုးစားမှု၏ရလဒ်ကား ကြီးပွားတိုးတက်ခြင်းဖြစ်ပြီး ပျင်းရိခြင်း၏ရလဒ်ကား ဆုံးရှုံးခြင်း” ပင် ဖြစ်ပေ သည်။ “ပျင်းလှသည့်သူ၊ ဘယ်မူအတတ်၊ ရတုံလတ်အံ့” ဟူသော ဆုံးမစာကို ထောက်ဆ၍ ပညာမဲ့ခြင်းမှာလည်း ပျင်းရိခြင်း၏ မျိုးဆက်ဟုနားလည်နိုင်ပေသည်။ ပျင်းရိခြင်းသည်၊ မကောင်းမှုအားလုံးတို့၏ ရေသောက်မြစ်ဖြစ်သည်ဟု အင်္ဂလိပ်စကားပုံတစ်ခု ရှိပါသည်။ ကြိုးစားအားထုတ်မှုကင်းမဲ့ပြီး ပျင်းရိနေသူတို့သည် လူ့ဘဝပင်လယ်ပြင်တွင် တက်မပါ၊ ရွက်မပါရေစီးနှင့်မျောကာ ရေစုန်မျှော်လိုက်နေသည်နှင့် တူပါသည်။ မပျင်းရိသူ၊ ကြိုးစားမှုနှင့် ပြည့်စုံသူ မှာ တက်စုံရွက်စုံဖွင့်ကာ မိမိသွားလိုရာခရီးပန်းတိုင်သို့ အောင်မြင်စွာသွားနေသူနှင့် တူပါသည်။ ကြိုးစားမှုရှိလျှင် အောင်မြင်မှုသည် အရိပ်ပမာကပ်၍ လိုက်နေပါသည်။ ကြိုးစားအားထုတ်ပါလျှင် ကောင်းကျိုးရသကဲ့သို့ ပျင်းရိလျှင် အရှုံးနှင့်သာရင်ဆိုင်ရပေသည်။ ကြီးပွားမှုကို ဟန့်တားတတ်သည်မှာ ပျင်းရိခြင်း ဖြစ်ကြောင်း မြတ်စွာဘုရားရှင်သည် ကောလိယမင်းသားအား ဟောကြားတော်မူခဲ့ပါသည်။ လူ့ဘဝ၊ လူ့ချမ်းသာ၊ လူ့စည်းစိမ်ကို ကောင်းစွာခံစားစံစားလိုသူဖြစ်လျက် ပျင်းရိနေခဲ့သော် အဘယ်အကျိုးရှိပါအံ့နည်း။ ပျင်းရိခြင်းသည် လူ့ဘဝအညွှန့်ကျိုးအောင် ချိုးနှိမ်ချေဖျက်ပစ်တတ်သည်သာမက လူ့အောက်သို့ မရောက်မချင်း တွန်းကပ်၍ ပို့တတ် ချေသည်ဟု ဟောကြားတော်မူခဲ့ပါပေသည်။ လူဖြစ်လာခိုက် ကြီးပွားချမ်းသာမှုကို လိုလားသူကား ရှေးဦးစွာ ပျင်းရှိခြင်းကို ဖယ်ရှားရပေမည်။ ကျေးငှက် တိရစ္ဆာန်ဖြစ်သည့် စာဝတီးငှက်ကလေးသည် မိမိ၏အသိုက်ကို ဝီရိယရှိစွာ ကြိုးစားဆောင်ရွက်သဖြင့် ခံ့ညားထည်ဝါ စွာ နေရပေသည်။ စာဝတီးငှက်ကလေးသည် သူကိုယ်တိုင် လက်ရာမြောက်စွာ တည်ဆောက်ထားသော မိုးလုံလေလုံ သပ်သပ်ရပ်ရပ်နှင့် ထည်ဝါခံ့ညားလှသည့် အသိုက်အအုံစာဘူးတောင်းအတွင်း၌ ချမ်းချမ်းသာသာနေရပေသည်။ ဤကား မပျင်းမရိကြိုးစားဆောင်ရွက်ခြင်း၏ အကျိုးတရားပင်ဖြစ်ပေသည်။
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီးဦးဖေမောင်တင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တွင် ပညာဆည်းပူးစဉ် ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည့် ကျမ်း (၂) စောင်ကိုဖော်ပြပြီး မည်သူတွေက ဆရာကြီး၏ပြန်ဆိုချက်ကိုမှီး၍ ပြန်ဆိုကြသနည်း။
ဆရာကြီးဦးဖေမောင်တင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တွင် ပညာဆည်းပူးစဉ် ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည့် ကျမ်း (၂) စောင်မှာ အဋ္ဌသာလိနိအဋ္ဌကထာကျမ်းနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကျမ်းတို့ ဖြစ်ပါသည်။ ဂျာမန်လူမျိုး ဗုဒ္ဓဘာသာဘုကုံးတော်ကြီး အရှင်ဉာဏတိလောကသည်လည်း ဆရာကြီး၏ ပြန်ဆိုချက်ကိုမှီး၍ ဝိသုဒ္ဓိမဂ်ကျမ်းကို ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့သည်။ တိုကျိုတက္ကသိုလ်မှ ဂျပန်ပါမောက္ခနှစ်ဦးသည်လည်း ဆရာကြီး ပြန်ဆိုချက်ကိုမှီး၍ ဝိသုဒ္ဓိမဂ်ကျမ်းကို ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။
LONG_QNA
null
null
null
ဦးဖေမောင်တင်
၁၉၃၂ ခုနှစ် ဝိုင်အမ်ဘီအေအသင်းဟောပြောပွဲတွင် ဆရာကြီးပြောခဲ့သော မိန့်ခွန်းအပေါ် သင့်ထင်မြင်ယူဆချက် ကို စာစီကုံးပါ။
၁၉၃၂ ခုနှစ် ဝိုင်အမ်ဘီအေအသင်းဟောပြောပွဲတွင် ဆရာကြီးပြောခဲ့သော မိန့်ခွန်းမှာ “ကျောင်းများနှင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာရပ်မှတစ်ပါး ကျန်ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့်သာ သင်ကြားသင့် သည်။ ယင်းသို့သင်ကြားမှလည်း အကျိုးထူးမည်။ ပညာရပ်ကို ကျောင်းသားများ အလွယ်တကူသဘောပေါက်ကာ ပိုမိုသိနားလည်မည်။ ထိုသို့သင်ကြားနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ စာအုပ် များကို မြန်မာဘာသာပြန်ဆိုသင့်သည်။ နာမ်နှင့်ဆိုင်သော အဘိဓမ္မာတရားတော် အခက်အခဲကိုပင် မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားနိုင်လျှင် ရုပ်နှင့်သာဆိုင်သော ပညာရပ်များကို အဘယ်ကြောင့် မြန်မာဘာသာဖြင့် ပြန်ဆိုမရေးသားနိုင် ဘဲရှိမည်နည်း” ဟု ပြောဆိုခဲ့သည်။ ဆရာကြီးပြောခဲ့သောမိန့်ခွန်းနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီး၌ ကိုယ်ပိုင်ဘာသာစကားအသီးသီး ရှိကြပြီး ကိုယ်ပိုင်စာပေလည်း ရှိကြပါသည်။ မိမိတို့၏စာပေကို မိမိတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့်သာ ရေးသားကြ ပြီး.. ကိုယ်ပိုင်ဘာသာဖြင့်သာ သင်ကြားသင်ယူပို့ချကြပေသည်။ သာဓကအားဖြင့် တရုတ်လူမျိုး၊ တရုတ်စာပေ၊ တရုတ်ဘာသာစကား၊ ဂျပန်လူမျိုး၊ ဂျပန်စာပေ၊ ဂျပန်ဘာသာစကား၊ ကိုရီးယားလူမျိုး၊ ကိုရီးယားစာပေ၊ ကိုရီးယား ဘာသာစကား စသည်တို့ဖြစ်ပြီး မိမိတို့၏စာပေကို မိမိတို့၏ဘာသာစကားဖြင့်သာ ရေးသားကြပြီး မိမိတို့ဘာသာစကား ဖြင့်သာ သင်ကြားပို့ချ၊ သင်ယူကြသည်မှာ ထုံးစံပင်ဖြစ်ပါသည်။ အင်္ဂလိပ်စာမှာ နိုင်ငံတကာသုံးဘာသာစကား ဖြစ်သဖြင့် မသင်မနေရဘာသာအဖြစ် မိမိတို့စာပေတို့နှင့်တွဲကာ သင်ယူကြရပါသည်။ မြန်မာစာ၊ မြန်မာစကားသည် လည်း မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေဖြစ်ပါသည်။ ဗြိတိသျှနယ်ချဲ့အစိုးရသည် ၁၉၂ဝ ပြည့်နှစ်၌ ယူနီဗာစီတီ (ရန်ကုန်တက္ကသိုလ်) ကို တည်ထောင်ပေးခဲ့သည်။ မြန်မာနိုင်ငံ၌ အင်္ဂလိပ်တို့အုပ်စိုးသောကာလဖြစ်၍ ပညာရေးမှာလည်း ကိုလိုနီပညာရေးဖြစ်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည့်နယ်ချဲ့ကိုလိုနီတို့ တည်ထောင်သောကျောင်းတို့၌ ဘာသာရပ်အသီးသီးကို အင်္ဂလိပ် လိုသာ သင်ကြားကြပေသည်။ မြန်မာဘုန်းတော်ကြီးကျောင်း၌သာ မြန်မာဘာသာဖြင့် သင်ကြားကြပါသည်။ မြန်မာနိုင်ငံ၌ ဗြိတိသျှနယ်ချဲ့တို့အုပ်စိုးစဉ်ကာလ၌ မြန်မာစာသည် အလေးပေးမခံရပေ။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုတို့သည် ညှိုးရော်လျက်ရှိသည်။ တက္ကသိုလ်၌ မြန်မာစာသည် မှေးမှိန်လျက်ရှိသည်။ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားကြရပေသည်။ ထို့ကြောင့် ဆရာကြီး၏ဟောပြောချက်မှ “ကျောင်းများနှင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာရပ်မှတစ်ပါး ကျန်ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့်သာ သင်ကြားသင့်သည်။ ယင်းသို့ သင်ကြားမှလည်း အကျိုးထူးမည်။ ပညာရပ်ကို ကျောင်းသားများ အလွယ်တကူ သဘောပေါက်ကာ ပိုမိုသိနားလည်မည်။ ထိုသို့သင်ကြားနိုင်ရန် တက္ကသိုလ်၌ မြန်မာစာပေထွန်းကားရေးကို ဆရာကြီး သည် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဝိဇ္ဇာ သိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်များကို မြန်မာဘာသာပြန်ဆိုခဲ့သည်။ တိမ်မြုပ်နေသော မြန်မာစာဟောင်းပေဟောင်းများကိုလည်း စုဆောင်းကာ ရှေးဟောင်းမြန်မာစာပေစာအုပ် ပေါင်း ၄၆ မျိုး ထုတ်ဝေနိုင်ခဲ့သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်၌ မြန်မာစာသင်ကြားရေး အတွက် မြန်မာဖတ်စာများကို ပြုစုခဲ့သဖြင့် မြန်မာစာပေကို မြန်မာဘာသာစကားဖြင့် သင်ကြားနိုင်ခဲ့ခြင်းမှာ ဆရာကြီး ဦးဖေမောင်တင်၏ကျေးဇူးကြောင့်ပင် ဖြစ်ပါသည်။
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်ပြုစုတည်းဖြတ်၊ မြန်မာပြန်ဆိုခဲ့သည့် စာအုပ်များကို ဖော်ပြရေးသားပါ။
ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၂၄ ခုနှစ်၊ အသက် ၃၆ နှစ်အရွယ်၌ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် ၌ ပညာသင်ကြားပြီး၍ ရန်ကုန်တက္ကသိုလ်သို့ ပြန်ရောက်လာခဲ့သည်။ ဆရာကြီး ပြန်ရောက်လာသောအချိန်တွင် တက္ကသိုလ်၌ မြန်မာစာသည် အလေးပေးမခံရပေ။ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု စသည်တို့သည်လည်း ညှိုးရော် လျက်ရှိသည်။ ထို့ကြောင့် ဆရာကြီးသည် မိမိဩဇာရှိသော တက္ကသိုလ်၌ မြန်မာစာပေထွန်းကားရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်သည်။ ဆရာကြီးသည် မြန်မာနိုင်ငံ သုတေသနအသင်း၏ အကူအညီဖြင့် ပျို့၊ လင်္ကာ၊ ရတု၊ ရာဇဝင်၊ မော်ကွန်း၊ ပြဇာတ်၊ ဝတ္ထုစသော မြန်မာရှေးဟောင်းစာပေများထဲမှ အသင့်လျော်ဆုံးကို ရွေးချယ်ကာ စာအုပ်ဖြစ်အောင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ကြိုးပမ်းဖျက်ကြောင့် ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း ရှေးဟောင်းမြန်မာစာပေစာအုပ်ပေါင်း ၄၆ မျိုး ထုတ်ဝေနိုင်ခဲ့သည်။ “အဏုမြူ”နှင့် “အဏုမြူဋီကဝ" သိပ္ပံကျမ်းနှစ်စောင်ကို ဆရာကြီးကိုယ်တိုင် မြန်မာပြန်ဆိုထုတ်ဝေခဲ့သည်။ ယခင်က "ယူနီဗာစီတီ" ဟု ဖေါ်ဝေါ်သုံးစွဲခဲ့သည်ကို ဆရာကြီးတို့က “တက္ကသိုလ်” ဟု ခေါ်ဝေါ်သုံးစွဲအောင် ပြုပြင်နိုင်ခဲ့သည်။ ဝိဇ္ဇာ၊ သိပ္ပံ စသော ဝေါဟာရတို့မှာလည်း ဆရာကြီးတို့ ကြိုးပမ်းချက်ဖြစ်သည်။ တိမ်မြုပ် နေသော မြန်မာစာဟောင်း ပေဟောင်းများကိုလည်း စုဆောင်းသည်။ ကမ္ပည်းကျောက်စာများကို စနစ်တကျ လေ့လာ နိုင်ရေးကိုလည်း ကြိုးပမ်းသည်။ ယနေ့ကျောင်းသူ ကျောင်းသားပညာရှင်တို့ ပုဂံကျောက်စာများကို စနစ်တကျ လေ့လာနိုင်သည်မှာ ဆရာကြီး ဦးဖေမောင်တင်၏ တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့၍ဖြစ်သည်။ ယနေ့မြန်မာစာပေသမိုင်းတွင် သုံးစွဲနေသည့် “ခေတ်စမ်းစာပေ"ဟူသော ဝေါဟာရသည် ဆရာကြီး တီထွင်အသုံးပြုခဲ့သော ဝေါဟာရပင်ဖြစ်သည်။ ဆရာကြီးသည် မြန်မာစာပေသမိုင်းကို ပြုစုခဲ့သည်။ အထက်တန်းစကားပြေကောက်နုတ်ချက်၊ အထက်တန်း ကဗျာကောက်နုတ်ချက်များကိုလည်း ရွေးချယ်တည်းဖြတ် ထုတ်ဝေခဲ့သည်။ ထို့ပြင် သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားရန် ခေတ်မီမြန်မာဖတ်စာသစ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ဘာသာလောကကျမ်း၊ မြန်မာဝါကျ ဖွဲ့ထုံးကျမ်း၊ မြန်မာသဒ္ဒါကျမ်းများကိုလည်း ပြုစုခဲ့သည်။ မြစေတီမွန်ကျောက်စာ၊ ရွှေစည်းခုံမွန်ကျောက်စာ၊ ကျန်စစ်သားမင်း နန်းတည်မွန်ကျောက်စာ စသည်တို့ကိုလည်း မြန်မာပြန်ဆိုခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင် ပြုစုတည်းဖြတ်မြန်မာပြန်ဆိုခဲ့သည့်စာအုပ်များ၏ ကျေးဇူးကြောင့် မြန်မာစာ သင်ကြားရေးအတွက် များစွာအထောက်အကူပြုနေကြောင်း တွေ့ရပါသည်။
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်၏ အတ္ထုပတ္တိကိုဖတ်ပြီး သင်မည်သို့ခံစားရသနည်း။ သင် လေးစားအားကျသော အချက်တစ်ချက်ကို ဖော်ပြရေးသားပါ။
“ဦးဖေမောင်တင် စကားပြေသည် ဆရာမင်းယုဝေ၏ “ပထမမြန်မာများ” စာအုပ်မှ ရွေးချယ်ကောက်နုတ် ထားသော အတ္ထုပတ္တိစကားပြေတစ်ပုဒ် ဖြစ်သည်။ လွတ်လပ်ရေးခေတ်က ရေးသားထားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ကို ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်ကာလက မြန်မာစာသည် အလေးပေးမခံရချိန်တွင် ဆရာကြီး၏ ကြိုးပမ်းမှုတို့ကြောင့် မြန်မာစာ၊ မြန်မာစကားနှင့် မြန်မာစာပေအဆင့်အတန်း မြင့်မားလာခဲ့ရကြောင်း ဆရာကြီး၏ မြန်မာစာပေ မြတ်နိုးစိတ် တို့ကို သိရှိစေရန် ရည်ရွယ်ကာ ဤအတ္ထုပ္ပတ္တိစကားပြေကို ရေးသားထားခြင်းဖြစ်ပါသည် ၊ ဆရာကြီး၏ အတ္ထုပ္ပတ္တိစကားပြေကို ဖတ်လိုက်ရသည်နှင့် ဆရာကြီး၏ စာပေထူးချွန်မှု၊ အနုပညာထူးချွန်မှု၊ အားကစားဝါသနာပါမှုနှင့် မြန်မာစာကို ချစ်မြတ်နိုးမှုတို့ကို သိလာရပြီး ဆရာကြီး၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မြန်မာစာပေအဆင့်အတန်း မြင့်မားလာရကြောင်း သိရှိစေပါသည်။ ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်ကာလ မြန်မာစာ အလေးပေးမခံရချိန်၌ မြန်မာစာရှေ့တန်းရောက်အောင် အားထုတ်ကြိုးပမ်းမှုတို့ကား အလွန်လေးစားမိပါသည်။ ဆရာကြီးဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိကိုဖတ်ပြီး လေးစားအားကျရသော အချက်တစ်ချက်မှာ “ဆရာကြီး သည် ရန်ကုန်ကောလိပ်တွင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်သည်။ ပါမောက္ခဖြစ်ချိန်တွင် ဆရာကြီးသည် အသက် ၂၄ နှစ်အရွယ်သာ ရှိသေးသည်။ ဆရာကြီးမတိုင်ခင်က ပါဠိဘာသာကို ပြင်သစ်လူမျိုး ပါမောက္ခ ဒူရွာဆယ်က သင်ကြားပို့ချသည်။ နိုင်ငံခြားဝတ်စုံကိုသာ ဝတ်ဆင်သည့် နိုင်ငံခြားသားများ၊ ပါမောက္ခများအကြားတွင် ဆရာကြီး သည် ပုဆိုးတောင်ရှည်၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကိုသာ ဝတ်ဆင်လျက် စာပေပို့ချလေသည်” ဟူ၍ ရေးသား ဖော်ပြထားသည့်အချက်ကို အလွန်လေးစားအားကျမိပါသည်။ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီတို့ သိမ်းပိုက်ထားချိန်ကာလဖြစ်သဖြင့် အုပ်ချုပ်ရေး၊ ပညာရေးစသည်တို့၌ ကိုလိုနီအုပ်ချုပ်ရေး၊ ကိုလိုနီပညာရေး၊ ကိုလိုနီယဉ်ကျေးမှုတို့ လွှမ်းမိုးကြီးစိုးနေချိန် ရန်ကုန်ကောလိပ်၌ နိုင်ငံခြားသား ပါမောက္ခများသာ၊ ဘာသာရပ်အသီးသီးကို တာဝန်ယူသင်ကြားပို့ချပေးလျက်ရှိနေပါသည်။ ထိုစဉ် မြန်မာလူမျိုး ပါမောက္ခဟူ၍ မရှိသေးပေ။ အင်္ဂလိပ်၊ ပြင်သစ်၊ အိန္ဒိယ စသည့်နိုင်ငံခြားသား ပါမောက္ခများသာရှိနေချိန် ၁၉၁၂ ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင်သည် ပါမောက္ခဖြစ်လာသောအခါတွင်မှ မြန်မာလူမျိုး ပါမောက္ခဟူ၍ စတင် ပေါ်ထွန်းလာခြင်းဖြစ်ပေသည်။ ဆရာကြီးပါမောက္ခဖြစ်ချိန်တွင် အသက်မှာ ၂၄ နှစ်သာ ရှိပါသေးသည်။ အသက် အရွယ် ငယ်ရွယ်သော မြန်မာလူမျိုး ပါမောက္ခအဖြစ် အလွန်လေးစားအားကျမိပါသည်။ ရန်ကုန်ယူနီဗာစီတီ၌ နိုင်ငံခြားဝတ်စုံကိုသာ ဝတ်ဆင်သည့်နိုင်ငံခြားသား ပါမောက္ခများအကြားတွင် ဆရာကြီးသည် “ပုဆိုးတောင်ရှည်၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကိုသာ ဝတ်ဆင်လျက်” စာပေပို့ချနေသော ဆရာကြီး၏အသွင်မှာ အလွန်ထူးခြားနေမည်ထင်ပါသည်။ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးကြောင်းကို နိုင်ငံခြားသားများ အလယ်၌ ထုတ်ပြနိုင်ခြင်းမှာ အမျိုးသားရေးစိတ်ဓာတ် အပြည့်အဝရှိသူအဖြစ် ကြည်ညိုလေးစားမိပါသည်။ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို နိုင်ငံခြားသားများ သိရှိစေရန် မြန်မာစာ၊ မြန်မာမှုဆိုင်ရာ စာတမ်း များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ ထိုစဉ်က ရေးသားခဲ့သည့် စာတမ်းပေါင်းမှာ ၅ဝ ကျော်ရှိကြောင်း သိရပါသည်။ မြန်မာစာကို အလေးပေးခြင်းမခံရသည့်ကာလ၌ ဤသို့ဆောင်ရွက်ခြင်းမှာ မြန်မာစာပေ မြန်မာမှုတို့ကို အလွန်လေးစားတန်ဖိုးထားကြောင်း ပေါ်လွင်စေသည့် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဂုဏ်ယူမိပါသည်။ ဗြိတိသျှတို့အုပ်စိုးသည့်ကာလ၌ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု စသည်တို့ ညှိုးရော်နေချိန် ဆရာကြီးသည် မိမိသြဇာရှိသောတက္ကသိုလ်၌ မြန်မာစာပေထွန်းကားရေးကို အစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ သုတေသနအသင်း၏ အကူအညီဖြင့် ပျို့၊ လင်္ကာ၊ ရတု၊ ရာဇဝင်၊ မော်ကွန်း၊ ပြဇာတ်၊ ဝတ္ထုစသော မြန်မာ့ရှေးဟောင်း ပေစာများထဲမှ အသင့်လျော်ဆုံးတို့ကို ရွေးချယ်ကာ စာအုပ်ဖြစ်အောင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ဆရာကြီး၏ ကြိုးပမ်းမှုကြောင့် ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း ရှေးဟောင်းမြန်မာစာပေစာအုပ်ပေါင်း ၄၆ မျိုးထုတ်ဝေနိုင်ခဲ့ သည်မှာ အလွန်လေးစားဂုဏ်ယူမိပါသည်။ ၁၉၃၂ ခုနှစ် ဝိုင်အမ်စီအေအသင်းဟောပြောပွဲတစ်ခု၌ ဆရာကြီးက ကျောင်းများနှင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာရပ်မှတစ်ပါး ကျန်ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့်သာ သင်ကြားသင့်ကြောင်း၊ ယင်းသို့ သင်ကြားမှလည်း အကျိုးထူးမည်၊ ပညာရပ်ကို ကျောင်းသားများ အလွယ်တကူသဘောပေါက်ကာ ပိုမိုသိနားလည် မည်ဖြစ်ကြောင်း၊ ထိုသို့သင်ကြားနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ စာအုပ် များကို မြန်မာဘာသာသို့ ပြန်ဆိုသင့်ကြောင်း အကျိုးသင့် အကြောင်းသင့်ပြကာ ဟောပြောခဲ့သည်မှာ အနာဂတ် ပညာရေးစနစ်နှင့် မြန်မာစာပေတိုးတက်ရေးကြိုးပမ်းမှုအတွက် လေးစားဂုဏ်ယူမိပါသည်။ ဆရာကြီးသည် မြန်မာ့ အနုပညာဘက်တွင်လည်း ထူးချွန်သူဖြစ်ကြောင်း “တယောထိုးအလွန်ကောင်းသည်၊ လန်ဒန်ဂီတကောလိပ်က ကျင်းပ သော ဂီတစာမေးပွဲတွင် ပထမစွဲလျက် အောင်မြင်ခဲ့သည်” ဟူသောအချက်က ဖော်ပြနေရာ မြန်မာ့အနုပညာကို မြတ်နိုးသူအဖြစ် လေးစားမိပါသည်။ အချုပ်ဆိုရသော် ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာစာ မြန်မာမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို မြတ်နိုးသူ တစ်ဦးဖြစ်ပြီး မြန်မာစာတိုးတက်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်သူအဖြစ် လေးစားဂုဏ်ယူမိပါသည်။
LONG_QNA
null
null
null
ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိတွင် မြန်မာစာချစ်မြတ်နိုးမှုများကို မည်သည့်အချက်များက ပေါ်လွင်ထင်ရှားစေခဲ့သနည်း။
ဦးဖေမောင်တင် အတ္ထုပ္ပတ္တိစကားပြေကို မင်းယုဝေ၏ “ပထမမြန်မာများ" စာအုပ်မှ ကောက်နုတ်ထားပါသည်။ လွတ်လပ်ရေးခေတ်က ရေးဖွဲ့ထားပါသည်။ ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိမှ ဦးဖေမောင်တင်၏ မြန်မာစာချစ်မြတ်နိုးမှု များကို လေ့လာတွေ့မြင်နိုင်ပါသည်။ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်၌ ပညာဆည်းပူးပြီး၍ ၁၉၂၄ ခုနှစ်၊ အသက် ၃၆ နှစ်အရွယ်၌ ဆရာကြီး သည် ရန်ကုန်တက္ကသိုလ်သို့ ပြန်ရောက်လာသည်။ အရှေ့တိုင်း ဘာသန္တရပါမောက္ခအဖြစ် ထမ်းရွက်သည်။ ထိုစဉ်က မြန်မာစာနှင့် ပါဠိဘာသာတို့သည် အရှေ့တိုင်းဘာသန္တရပညာရပ်တွင် အကျုံးဝင်သည်။ ဆရာကြီးပြန်ရောက်လာသောအချိန်တွင် တက္ကသိုလ်၌ မြန်မာစာသည် အလေးပေးမခံရပေ။ မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု စသည်တို့သည် ညှိုးရော် လျက်ရှိသည်။ ထို့ကြောင့် ဆရာကြီးသည် မိမိသြဇာရှိသော တက္ကသိုလ်၌ မြန်မာစာပေထွန်းကားရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်သည်။ ဆရာကြီးသည် မြန်မာနိုင်ငံ သုတေသနအသင်း၏ အကူအညီဖြင့် ပျို့၊ လင်္ကာ၊ ရတု၊ ရာဇဝင်၊ မော်ကွန်း၊ ပြဇာတ်၊ ဝတ္ထု စသော မြန်မာရှေးဟောင်းပေစာများထဲမှ အသင့်လျော်ဆုံးကို ရွေးချယ်ကာ စာအုပ်ဖြစ်အောင် ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ကြိုးပမ်းချက်ကြောင့် ၁၉၂၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်ထိ ရှေးဟောင်း မြန်မာစာပေ စာအုပ်ပေါင်း ၄၆ မျိုး ထုတ်ဝေနိုင်ခဲ့သည်။” ဤအချက်ကို ကြည့် ခြင်းအားဖြင့် မြန်မာစာအလေးပေး မခံရသောကာလ၊ ကိုလိုနီပညာရေးလွှမ်းမိုးသောကာလ၌ မြန်မာစာမှေးမှိန်နေရာမှ ထွန်းတောက်လာအောင် ဆောင်ရွက် မှုသည် မြန်မာစာပေကို ချစ်မြတ်နိုးသော ဆရာကြီး၏ စိတ်ဓာတ်ကို မီးမောင်းထိုးပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာစာပေကို ချစ်မြတ်နိုးရုံမျှမက မြန်မာစာပေကို ကမ္ဘာကသိအောင်လည်း “ဆရာကြီးကိုယ်တိုင် သုတေသန ဂျာနယ်၌ မြန်မာစာ၊ မြန်မာမှုဆိုင်ရာစာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ သည်။ ထိုစဉ်က ရေးသားခဲ့သည့် စာတမ်းပေါင်းမှာ ၅ဝ ကျော်ရှိသည်ဟု အမှတ်အသားရှိကြောင်း” ဖော်ပြထားရာ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာစာပေကို ကိုယ်တိုင်ချစ်မြတ်နိုးရုံမျှမက ကမ္ဘာကလည်း ချစ်မြတ်နိုးအောင် စည်းရုံးနိုင်စွမ်းရှိကြောင်း ဤအချက် က ပေါ်လွင်ထင်ရှားစေခဲ့ပါသည်။ ၁၉၃၂ ခုနှစ် ဝိုင်အမ်ဘီအေအသင်း ဟောပြောပွဲတစ်ခု၌ ဆရာကြီးက “ကျောင်းများနှင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာရပ်မှတစ်ပါး ကျန်ဘာသာရပ်အားလုံးကို မြန်မာဘာသာဖြင့်သာ သင်ကြားသင့်ကြောင်း၊ ယင်းသို့ သင်ကြားမှလည်း အကျိုးထူးမည်ဖြစ်ကြောင်း၊ ထိုသို့သင်ကြားနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဝိဇ္ဇာ သိပ္ပံ ပညာရပ်ဆိုင်ရာစာအုပ်များကို မြန်မာဘာသာပြန်ဆိုသင့်ကြောင်း” ဟောပြောထားရာ မြန်မာစာပေတိုးတက်ရေး အတွက် ကိုယ်တိုင်လည်း စာအုပ်စာတမ်းများ ပြုစုရေးသားထုတ်ဝေခြင်းဖြင့်လည်းကောင်း၊ ဟောပြောပွဲတွင်လည်း ဟောပြောစည်းရုံးခြင်းဖြင့်လည်းကောင်း မြန်မာစာကို ချစ်မြတ်နိုးကြောင်း ပေါ်လွင်စေပါသည်။ ဤသို့ပြောဆိုသည့်အတိုင်း “အဏုမြူ” နှင့် “အဏုမြူဋီကာ" သိပ္ပံကျမ်းနှစ်စောင်ကို ဆရာကြီးကိုယ်တိုင် မြန်မာပြန်ဆိုထုတ်ဝေခဲ့သည်။ ယခင်က “ယူနီဗာစီတီ” ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်ကို ဆရာကြီးတို့က “တက္ကသိုလ်” ဟု ခေါ်ဝေါ်သုံးစွဲအောင် ပြုပြင်နိုင်ခဲ့သည်။ ဝိဇ္ဇာသိပ္ပံ စသောဝေါဟာရတို့မှာလည်း ဆရာကြီးတို့ ကြိုးပမ်းချက်ပင် ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်ဝေါဟာရတို့အစား မြန်မာဝေါဟာရတို့ဖြင့် ပြောင်းလဲသုံးစွဲရန် ကြိုးပမ်းမှုသည် မြန်မာစာကို ချစ်မြတ်နိုးကြောင်း ပေါ်လွင်စေသောအချက်ဖြစ်ပါသည်။ တိမ်မြုပ်နေသော မြန်မာစာဟောင်းပေဟောင်းများကိုလည်း စုဆောင်းခြင်း၊ ကမ္ပည်းကျောက်စာများကို စနစ် တကျ လေ့လာနိုင်ရေးကိုလည်း ကြိုးပမ်းခဲ့သည်။ ယနေ့ ကျောင်းသူကျောင်းသားပညာရှင်တို့ ပုဂံကျောက်စာများကို စနစ်တကျ လေ့လာနိုင်သည်မှာ ရာကြီး၏ ကြိုးပမ်းခဲ့မှုကြောင့်ဖြစ်ကြောင်း၊ မြန်မာစာပေသမိုင်းကိုလည်း ဆရာကြီး ပြုစုခဲ့သည်။ အထက်တန်းစကားပြေကောက်နုတ်ချက်၊ အထက်တန်းကဗျာ ကောက်နုတ်ချက်များကိုလည်း ရွေးချယ်တည်းဖြတ်ထုတ်ဝေခဲ့သည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားရန် ခေတ်မီမြန်မာဖတ်စာသစ်များကို လည်း ရေးသားထုတ်ဝေခဲ့သည်။ ဘာသာလောကကျမ်း၊ မြန်မာဝါကျဖွဲ့ထုံးကျမ်း၊ မြန်မာသဒ္ဒါကျမ်းများကိုလည်း ပြုစုခဲ့သည်။ မြစေတီမွန်ကျောက်စာ။ ရွှေစည်းခုံမွန်ကျောက်စာ၊ ကျန်စစ်သားမင်းနန်းတည်မွန်ကျောက်စာတို့ကို လည်း မြန်မာပြန်ဆိုခဲ့သည်။ ဤအချက်တို့ကို ကြည့်ခြင်းအားဖြင့် မြန်မာစာပေကို စနစ်တကျ ရေးတတ်စေရန် မြန်မာသဒ္ဒါကျမ်း ဝါကျဖွဲ့ထုံးကျမ်း စသည်တို့ကို ရေးသားခဲ့သည်မှာ မြန်မာစာချစ်မြတ်နိုးကြောင်း ပေါ်လွင်စေသည့် အချက်များ ဖြစ်ပါသည်။ မြန်မာစာကို ချစ်ရုံမျှမက တိုင်းရင်းသားများဖြစ်သည့် မွန်တိုင်းရင်းသားစာပေဖြစ်သည့် မွန်ကျောက်စာများကို လည်း မြန်မာပြန်ဆိုကာ စာအုပ်ရေးသားထုတ်ဝေခဲ့သဖြင့် မြန်မာစာပေနှင့်အတူ မွန်စာပေကိုလည်း ချစ်မြတ်နိုးကြောင်း ပေါ်လွင်စေသော အချက်ဖြစ်ပါသည်။ ထို့ကြောင့် ဆရာကြီး ဦးဖေမောင်တင်၏ အတ္ထုပ္ပတ္တိစကားပြေမှ မြန်မာစာပေ တိုးတက်ဖွံ့ဖြိုးရေးအတွက် စာအုပ်စာတမ်းများ ရေးသားပြုစုခြင်း၊ ဟောပြောခြင်းတို့သည် မြန်မာစာပေကို ချစ်မြတ် နိုးသူအဖြစ် ထင်ရှားစေသောအချက်များ ဖြစ်ပါသည်။ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာကြီး၏ ကြိုးပမ်းမှုတို့သည် မြန်မာစာ ကို မည်မျှချစ်မြတ်နိုးကြောင်း ပေါ်လွင်ထင်ရှားစေသော အချက်များဖြစ်ပါသည်။
LONG_QNA
null
null
null
အဖြူနဲ့အနက်
အဖြူနှင့်အနက် ရသစာတမ်းကို ဖတ်ရှုပြီး သင့်စိတ်တွင် မည်သို့ဖြစ်ပေါ်ခံစားရသနည်း။ သင့်စကားဖြင့်ရေးပါ။
အဖြူနှင့် အနက် ရသစာတမ်းသည် မောင်ခင်မင် (ဓနုဖြူ) ၏ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီ ရသစာတမ်းများ စာအုပ်မှ ရွေးချယ်ချက်ဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းသည် အကောင်းဆုံးအခြေအနေတွင် ရှိနေစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုးမွေးမြူတတ်ရန် လိုအပ်ကြောင်း သိမှစလိုသော ရည်ရွယ် ချက်ဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းကိုဖတ်ရှုပြီး ဆန့်ကျင်ဘက်အရာနှစ်ခုတွင် မတူညီသော သက်ရောက်မှု ရှိက ထင်ရှားကြောင်း လောကသဘောနှင့်ယှဉ်ကာ တွေးမိခံစားမိပါသည်။ အဖြူနှင့် အနက် ရသစာတမ်းကို ဖတ်ရှုလိုက်ရပြီး အချက်နှစ်ချက်ကို တွေ့ရပါသည်။ အကြောင်းအရာအချုပ် ကို တင်ပြရသော် ပထမအချက်မှာ လက်ကိုင်ပဝါဖြူဖြူလေး မင်နက်စွန်းသွား၍ စိတ်မကောင်းဖြစ်ရခြင်း၊ ဆောင်းနေကျ ဖဲထီးအနက် ဘယ်လောက်ပေပေ နည်းနည်းမျှမဖြုံ။ ဤတွင် အဖြူနှင့်အနက် နှစ်မျိုးအတွက် ခံစားချက် မတူကြောင်း၊ ပစ္စည်းနှစ်ခုနှင့်ပတ်သက်၍ သက်ရောက်မှုလည်းမတူသဖြင့် ခံစားချက်လည်းမတူကြောင်း သိမြင်နိုင်ပါ သည်။ အဖြူအပေါ် အနက်ရောင်စွန်းထင်းသွားသဖြင့် ခံစားရသလို အနက်အပေါ် အဖြူစွန်းသွားလျှင်လည်း ထင်ရှား သွားမည်ဖြစ်ရာ ခံစားမှုလည်း ပြောင်းသွားနိုင်ကြောင်း တွေးကြည့်မိပါသည်။ ဤအချက်ကို သုံးသပ်မည်ဆိုလျှင် ဆန့်ကျင်ဘက်သက်ရောက်မှုတိုင်းသည် ထင်ရှားစေပြီး ခံစားမှုဖြစ်ပေါ်စေကြောင်း တွေးမြင်မိပါသည်။ ဒုတိယအချက်မှာ ရပ်ဝေးမှာနေသည့် အဒေါ်အတွက် အသည်းအသန်ဖြစ်နေကြောင်း သတင်းနှင့် နယ်မှ သူငယ်ချင်းတစ်ယောက် တက္ကသိုလ်ဝင်တန်းဖြေပြီး ဖြေနိုင်သဖြင့် အောင်မှာပဲဟု ကျိန်းသေတွက်ထားသော အဖြစ် အပျက်နှစ်ခုတွင် မမာနေသောအဒေါ်အတွက် သူသေမှာပဲဟု တထစ်ချထင်ထားပြီး အမှန်တကယ်သေသွားရာ ဝမ်းနည်းပူဆွေးမှု ကြိုတင်ခံစားထားသဖြင့် အဖြစ်ဆိုးနှင့် တကယ်ကြုံရသောအခါ ဝမ်းနည်းမှု သိပ်မဖြစ်တော့ကြောင်း၊ ဝမ်းနည်းစရာကို မျှော်လင့်ထား၍ ဝမ်းနည်းစရာဖြစ်လာသောအခါ ဝမ်းနည်းရသည်။ စာမေးပွဲအောင်မှာပဲဟု ကျိန်းသေ တွက်ထားသော သူငယ်ချင်းကား စာမေးပွဲအောင်စာရင်း၌ သူ့အမည် မပါလာတော့ပေ။ ထိုအခါ ရူးမတက်ခံစားရပြီး ပို၍ဝမ်းနည်းရကြောင်း၊ ဝမ်းသာစရာကို မျှော်လင့်၍ ဝမ်းနည်းစရာဖြစ်လာသောအခါ ပို၍ ပို၍ ဝမ်းနည်းရကြောင်း၊ မျှော်လင့်မထားသော ဆန့်ကျင်ဘက်ခံစားချက်တို့ ကြုံတွေ့လာရသည့်အခါ ခံစားချက်တို့ ပိုပြင်းထန်ကြောင်း တွေးမြင် မိပါသည်။ ဤရသစာတမ်းတွင် အဖြူနှင့် အနက် လက်ကိုင်ပဝါအဖြူနှင့် ဖဲထီးအနက်တို့၏ မတူညီသော သက်ရောက်မှု နှင့် တူညီသောသက်ရောက်မှုအပေါ် ခံစားချက်နှစ်မျိုးမှာ လက်ကိုင်ပဝါအဖြူကို အနက်ရောင်စွန်းထင်းသွား၍ ဝမ်းနည်းရခြင်း၊ ဖဲထီးအနက်မှာ ဘယ်လောက်ပေပေ ဘာမျှမဖြစ်၍ ဘာမျှမခံစားရခြင်း နှစ်မျိုးအနက် သက်ရောက်မှု မတူ၍ အဖြူအပေါ် အမည်းစွန်းက ထင်ရှားပေါ်လွင်သွားရခြင်းနှင့် သက်ရောက်မှုတူ၍ အမည်းပေါ် အမည်းစွန်းက မထင်ရှား မပေါ်လွင်ခြင်းဖြစ်ကြောင်း တွေးမိပါသည်။ ဤအရောင်နှစ်ခုတွင် အဖြူရောင်ကို ဖြူစင်သန့်ရှင်းသော လူတစ်ယောက်ဟု သတ်မှတ်လျှင် အမည်းရောင် စွန်းခြင်းသည် ကိုယ်ကျင့်တရားပျက်စီးမှုဖြစ်သွားပါက ပို၍ထင်ရှားကာ ပြင်၍မရ၊ ဖျက်၍မရတော့ပေ။ အမည်းရောင် မှာ ကိုယ်ကျင့်တရားမကောင်းသူဟု သတ်မှတ်ပါက ဘယ်လောက်ဆိုးဆိုး ထူး၍ပေါ်လွင်မလာပေ။ ဤတွင် အဖြူရောင်တည်းဟူသော ကိုယ်ကျင့်တရားကောင်းသူသည် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုအနည်းငယ်မျှလေး ပြုလုပ်သော်လည်း သိသာပေါ်လွင်လှပေသည်။ သို့ဖြစ်ရာ ကိုယ်ကျင့်တရားဖြူစင်သူ အဖြူရောင်သည် အမည်းရောင် မစွန်းထင်းရလေအောင် သတိထားကာ ကြိုတင်ကာကွယ်နိုင်ရမည်။ ကာကွယ်ရန် နည်းလမ်းကောင်းများကို ပြင်ဆင် လေ့ကျင့်ထားသင့်ကြောင်း ဆင်ခြင်မိပါသည်။ လောကတွင် လောကဓံတရားရှစ်ပါးရှိရာ အကောင်းလောကဓံလေးပါးနှင့် အဆိုးလောကဓံလေးပါးတွင် အကောင်းလောကဓံလေးပါးကိုသာ လူတိုင်းကြုံချင်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ အကောင်းလောကဓံနှင့် ကြုံနေရစဉ် အဆိုးလောကဓံကိုလည်း ကြိုတင်မျှော်လင့်ထားနိုင်ရမည်ဖြစ်ကြောင်း ဤစာတမ်းနှင့်ပတ်သက်၍ တွေးမြင်ခံစားမိပါသည်။ ဝမ်းနည်းသတင်းကို ကြိုတင်ဝမ်းနည်းထား၍ အမှန်တကယ် ဝမ်းနည်းမှုကြုံရသော် သာမန် မျှသာ ဝမ်းနည်းမိကြောင်း၊ ဝမ်းသာစရာအဖြစ်ကို မျှော်လင့်ထားရာမှ ဝမ်းနည်းစရာ ဖြစ်လာသောအခါ ပို၍ ပို၍ ဝမ်းနည်းရကြောင်း၊ သို့ဖြစ်ရာ ဝမ်းသာဝမ်းနည်းလောကဓံကို လွန်ကဲစွာ မခံစားမိစေရန် ဝမ်းသာကိုကြုံရစဉ် ဝမ်းနည်းမှုကိုလည်း ကြိုတွေးထားအပ်ကြောင်း၊ ဝမ်းနည်းမှုကြုံရစဉ် ဝမ်းသာမှုကြုံလာရပါက ဝမ်းသာမှုမလွန်ကဲစေရန် ဆင်ခြင်ရမည်ဖြစ်ကြောင်း ခံစားမိပါသည်။
LONG_QNA
null
null
null
အဖြူနဲ့အနက်
အဖြူနှင့် အနက် ရသစာတမ်းမှ မောင်ခင်မင် (ဓနုဖြူ) ၏ ဝါကျဖွဲ့ဟန်များကို လေ့လာတင်ပြပါ။
အဖြူနှင့် အနက် ရသစာတမ်းသည် မောင်ခင်မင် (ဓနုဖြူ) ၏ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီရသစာတမ်းများ စာအုပ်မှ ရွေးချယ်ချက်ဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းသည် အကောင်းဆုံးအခြေအနေတွင် ရှိနေစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုး မွေးမြူတတ်ရန် လိုအပ်ကြောင်း သိစေလိုသော ရည်ရွယ်ချက်ဖြစ်သည်။ စာဆိုဖော်ပြလိုသည့် ရည်ရွယ်ချက်ပေါ်လွင်အောင် ဝါကျဖွဲ့ဟန်များက များစွာပို့ဆောင်ပေးထား ကြောင်း တွေ့နိုင်ပါသည်။ ဤရသစာတမ်းတွင် ဝါကျဖွဲ့ဟန်ကို လေ့လာကြည့်လျှင် ဝါကျတိုများကို အများဆုံးရေးဖွဲ့ထားကြောင်း တွေ့နိုင်ပါသည်။ သာဓကပြရသော - “ကျွန်တော် ထီးကိုင်ပြီး လမ်းထွက်ခဲ့သည်။” “လမ်းလျှောက်ရင်း တစ်ခုခုကို သတိထားလိုက်မိ၏။” “အခြားမဟုတ်၊ ကျွန်တော်ဆောင်းထားသော ဖဲထီးပင်။'' “ဤထီးကြီးကို သွားလေရာရာ ကျွန်တော်ယူသွားသည်” ဟူ၍ ဝါကျတိုများကို လေ့လာကြည့်လျှင် ထီးကို ကိုင်ပြီး လမ်းထွက်လာပုံ၊ လမ်းလျှောက်ရင်း စဉ်းစားမိပုံ၊ ဖဲထီးအကြောင်း စဉ်းစားမိပုံ၊ ဤထီးကို သွားလေရာရာ ယူသွားပုံ စသည့် လှုပ်ရှားအမူအရာတို့ကို ဝါကျတိုလေးများဖြင့် ရေးဖွဲ့ထားရာ မျက်စိထဲတွင် ပေါ်လွင်လာအောင် သရုပ်ဖော်နိုင်စွမ်း ရှိပေသည်။ “ကျွန်တော့်သူငယ်ချင်းတစ်ယောက် ရှိပါသည်။ သူသည် နယ်မှတက္ကသိုလ်ဝင်တန်း ဖြေသည်။ သိပ်ဖြေနိုင် သဖြင့် “အောင်မှာပဲ” ဟု ကျိန်းသေ ....လိုက်သည်။ ရန်ကုန်လာပြီး တက္ကသိုလ်ဆက်တက်ရန် စီစဉ်သည်” - ဟူသော ဝါကျတိုများသည် သူငယ်ချင်းတစ်ယောက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းဖြေပြီးသူဖြစ်ကြောင်း၊ နယ်မှ ဖြေကြောင်း၊ သိပ်ဖြေနိုင်သဖြင့် အောင်မည်ဟုကျိန်းသေတွက်ထားသဖြင့် ရန်ကုန်သို့လာပြီး တက္ကသိုလ်တက်ရန် စီစဉ်ကြောင်းတို့ကို ဖော်ထုတ်တင်ပြထားသဖြင့် ထုတ်ဖော်ဝါကျများ ဖြစ်ပါသည်။ “ကိုယ်မြတ်နိုးသည့် ပစ္စည်းဖြူဖြူ ကလေး စွန်းထင်းပေကျံသွားသည်ကို မည်သူနှစ်သက်ပါမည်နည်း။" “မင်ကွက်ပျောက်သွားအောင် လက်ကိုင်ပဝါတစ်ထည်လုံး မင်နက်ဆိုးပစ်ပါလား” - ဟူသော မေးခွန်းဝါကျတို့ဖြင့် စိတ်ဝင်စားဖွယ် ရေးသားထားသည့် ဝါကျဖွဲ့ဟန်ကိုလည်း တွေ့ရပါသည်။ မိမိပြောလိုသည့်အကြောင်းအရာကို မေးခွန်းဝါကျတို့ဖြင့် ရေးဖွဲ့ထားရာ စိတ်ဝင်စားဖွယ်ကောင်းစေသည့် ဝါကျဖွဲ့ဟန်ဖြစ်ပါသည်။ “နည်း”၊ “လား” ဟူသော အမေးပစ္စည်းသုံး၍ ဖွဲ့စည်းထားသော မေးခွန်းဝါကျဖြစ်ပါသည်။ “ကျွန်တော်တို့သည် မျှော်လင့်ထားသော ဝမ်းသာမှု၊ ဝမ်းနည်းမှုမျိုးထက် မမျှော်လင့်သော ဝမ်းသာမှု၊ ဝမ်းနည်းမှုမျိုးကို ကြုံရသည့်အခါ ပို၍တုန်လှုပ်တတ်ကြသည်မဟုတ်လော” ဟူသောဝါကျတွင် “လော” ဟူသော အမေးပစ္စည်းကို အသုံးပြုဖွဲ့စည်းထားသော မေးခွန်းဝါကျဖြစ်ပေသည်။ “သူသည် “စာမေးပွဲအောင်မှာပဲ” ဟု မျှော်လင့်မထားဘဲ “ကျမှာပဲ” ဟု မျှော်လင့်ပြီး စိတ်လျှော့ထားခဲ့ လျှင် ယခုတကယ် စာမေးပွဲကျသောအခါ ယခုလောက်အခံရ ဆိုးမည်မဟုတ်။ အနည်းဆုံး “စာမေးပွဲဆိုတာ အောင်ချင်အောင်မယ်၊ ကျချင်ကျမယ်” ဟု သဘောပေါက်လျှင်ပင် ယခုလောက်အခံရဆိုးမည် မဟုတ်ပေ။” - ဟူသော အငြင်းပြပစ္စည်း “မ” ကို အသုံးပြုကာ ငြင်းပယ်ထားသော ““ငြင်းပယ်ဝါကျ” ဖြင့် ရေးသားထားသော ဝါကျဖွဲ့ဟန်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ “အဖြူနှင့် အနက်” သဘောသည် ကျွန်တော့်အတွေးထဲသို့ လျှပ်ပြက်သလို လင်းခနဲ ဝင်လာသည်” ဟူသော ဝါကျတွင် “လင်း” ဟူသော နာမဝိသေသနနှင့် “ခနဲ” ဟူသော ပစ္စည်းနှင့်ဆက်၍ ကြိယာဝိသေသနအဖြစ် အသုံးပြုထားသော ဝါကျဖွဲ့ဟန်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ “အဖြူနှင့် အနက်” သဘောသည် စာရေးသူ ၏ အတွေးထဲသို့ ဝင်လာပုံကို “လျှပ်ပြက်သလို” ဟူ၍ လျင်မြန်ခြင်းသဘောကို လျှပ်ပြက်သလိုဟု ခိုင်းနှိုင်း သုံးထားခြင်း၊ ရှင်းရှင်းလင်းလင်း ဝင်လာခြင်း၊ လင်းလက်ကာ ဝင်လာခြင်းသဘောကို ဥပမာအလင်္ကာ မြောက်စွာ ရေးဖွဲ့ထားသော ဝါကျဖွဲ့ဟန်ကိုလည်း တွေ့ရပါသည်။ “ကျွန်တော့်အဒေါ်တစ်ယောက်အကြောင်းကို “ဗြုန်းခနဲ” သတိရလိုက်သည်” ဟူသော ဝါကျတိုတွင်လည်း “ဗြုန်း” ဟူသောအသံပြပုဒ်ကို “ခနဲ” ဟူသော ပစ္စည်းနှင့်ဆက်၍ ကြိယာဝိသေသနအဖြစ် သုံးထားသောဝါကျ ဖွဲ့ဟန်ဖြစ်ပါသည်။ “ဗြုန်းခနဲ” သည် ကြိယာကို ထူးခြားစေသော ကြိယာဝိသေသနပုဒ်ဖြစ်ရာ ဝါကျဖွဲ့ဟန်ကိုလည်း ထူးခြားပေါ်လွင်စေပါသည်။ ဤစကားပြေသည် ဝါကျတိုများဖြင့် အများဆုံးဖွဲ့စည်းထားရာ ဝါကျတို၏သဘောမှာ စာဟန်ကို သွက်လက် စေခြင်း၊ စိတ်ဝင်စားဖွယ်ကောင်းစေခြင်း၊ ဆိုလိုချက်ပေါ်လွင်စေခြင်းဟူသော ဂုဏ်ရည်တို့နှင့် ပြည့်စုံစွာ ဖွဲ့စည်းထား သော ဝါကျဖွဲ့ဟန်အဖြစ် လေ့လာတွေ့ရှိရပါသည်။ ထုတ်ဖော်ဝါကျ၊ မေးခွန်းဝါကျ၊ ငြင်းပယ်ဝါတို့ဖြင့် ရေးသားထား သော ဝါကျတိုလေးများကိုလည်း တွေ့နိုင်ပါသည်။ ဥပမာအလင်္ကာသုံးကာ ဆိုလိုချက်ပေါ်လွင်အောင် ဖွဲ့စည်း တင်ပြထားသော ဝါကျဖွဲ့ဟန်ကိုလည်း တွေ့ရပါသည်။ ကြိယာကို အထူးပြုဖွဲ့ဆိုထားသော ကြိယာဝိသေသနပုဒ်ပါ သော ဝါကျဖွဲ့ဟန်တို့မှာလည်း ဆိုလိုချက်ကို ပေါ်လွင်စေပါသည်။ ထို့ကြောင့် စာရေးသူတင်ပြလိုသော အကြောင်း အရာကို ရည်ရွယ်ချက်မြောက်စေသော ဝါကျဖွဲ့ဟန်တို့ဖြင့် ကောင်းစွာပို့ဆောင်နိုင်ကြောင်း တွေ့ရပါသည်။
LONG_QNA
null
null
null
အဖြူနဲ့အနက်
အဖြူနှင့် အနက်ရသစာတမ်းမှ မောင်ခင်မင် (ဓနုဖြူ) ၏ အတွေးနှင့် အရေးကို လေ့လာတင်ပြပါ။
အဖြူနှင့် အနက် ရသစာတမ်းသည် မောင်ခင်မင် (ဓနုဖြူ) ၏ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီရသစာတမ်းများ စာအုပ်မှ ရွေးချယ်ကောက်နုတ်ထားခြင်းဖြစ်သည်။ အဖြူနှင့် အနက် ရသစာတမ်းသည် အကောင်းဆုံးအခြေအနေတွင် ရှိနေစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုးမွေးမြူတတ်ရန် လိုအပ်ကြောင်း သိစေလို သော ရည်ရွယ်ချက်ဖြစ်သည်။ ဤရည်ရွယ်ချက်ကို ပေါ်လွင်အောင်တွေးကာ ဤအတွေးကို ရသမြောက်အောင် ရေးဖွဲ့ထားကြောင်း တွေ့ရပါသည်။ အဖြူနှင့် အနက် အရောင်နှစ်ခုတွင် အဖြူမှာ အစွန်းအထင်းမခံနိုင်ကြောင်း မိမိလက်ကိုင်ပဝါအဖြူလေး မင်စွန်းသွားသဖြင့် စိတ်ထိခိုက်ရကြောင်းကို “စာရေးရင်း ဖောင်တိန်မင်ခါလိုက်ရာမှ ရှေ့မှာချထားသော လက်ကိုင် ပဝါပေါ်သို့ မင်စက်ကျသွားခြင်းဖြစ်သည်။ ဒင်္ဂါးဝိုင်းလောက် မင်စက်ကြီးကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်ရ သည်” ဟူ၍ မိမိမြတ်နိုးသည့် ပစ္စည်းဖြူဖြူဖွေးဖွေး စွန်းပေကျံသွားသည့်အတွက် ခံစားလိုက်ရသော ခံစားချက်ကို “အဖြူသည် အစွန်းအထင်းမခံ၊ ပေကျံ၍မဖြစ်။ စွန်းထင်းပေကျံသွားလျှင် အလှပျက်တော့သည်” ဟူသော ခံစား ချက်ကို မိမိ၏အတွေးဖြင့်ယှဉ်တွဲကာ ရေးဖွဲ့ထားပေသည်။ စာရေးသူသည် သွားလေရာရာသို့ ဖဲထီးအနက်ကြီးကိုယူသွားတတ်ကြောင်း၊ လမ်းထွက်တိုင်း အသုံးဝင်သော် လည်း ဤထီးကြီးကို ဂရုမစိုက်မိကြောင်း၊ ထားချင်ရာထား စွန်းချင်ရာစွန်း ဖြစ်ချင်ရာဖြစ်ပါစေ ခံနိုင်ရည်ရှိသော ထီးနက်ကြီးဖြစ်ကြောင်း တွေးမိကာ “ထီးကြီးကား ခံနိုင်ရည်ရှိလှသည်။ ဘယ်လောက်စွန်းစွန်း၊ ဘယ်လောက်ပေပေ၊ နည်းနည်းမျှမဖြုံ။ တတ်နိုင်လျှင် မင်တစ်စက်မက၊ တစ်ပုလင်းလုံး သူ့အပေါ်လောင်းချစေဦး အမည်းပေါ်အမည်းထပ်ပြီး ပြောင်၍ ပြောင်၍လာမည်။ အာဂထီးနက်ကြီးပါပေ။” ဟူ၍ လက်ကိုင်ပဝါလေးလို ယုယုယယကိုင်စရာမလိုကြောင်း လက်ကိုင်ပဝါဖြူဖြူလေးနှင့် နှိုင်းယှဉ်၍ ဂုဏ်ရည်နှစ်ရပ်ကိုတွေးကာ ထိုအတွေးကို ပေါ်လွင်အောင် ရေးဖွဲ့ထား ပါသည်။ “အဖြူနှင့် အနက်” အရောင်နှစ်ခုကို “အဖြူသည် အစွန်းအထင်းမခံ။ ပေကျံ၍မဖြစ်။ စွန်းထင်းပေကျံ သွားလျှင် အလှပျက်တော့သည်။ အနက်ကား ထိုသို့မဟုတ်။ အရောင်တကာ့ထိပ်သီး အမှောင်ဆုံး၊ အမည်းဆုံးဖြစ်၍ ဘာစွန်းစွန်း ဘာပေပေ ခံနိုင်ရည်ရှိသည်” ဟူ၍ အရောင်နှစ်ခု၏ မတူညီသောသဘာဝကိုတွေးကာ အနက်ရောင်၏ ခံနိုင်ရည်ရှိပုံကို ရေးဖွဲ့ထားပေသည်။ စာရေးသူ၏ အဒေါ်တစ်ယောက် အသည်းအသန် နေမကောင်းဖြစ်နေကြောင်း စာရောက်လာစဉ် “သူ သေမှာပဲ” ဟု ထင်လိုက်မိပြီး ထင်သည့်အတိုင်း ကွယ်လွန်သွားကြောင်း စာထပ်ရောက်လာသည့်အခါ “အခြေအနေ ဆိုးအတွက် ခံစားရမည့် ဝမ်းနည်းပူဆွေးမှုကို ကြိုတင်ခံစားထားမိသည်။ ထိုအဖြစ်ဆိုး တကယ်ကြုံလာသောအခါတွင် ကျွန်တော့်ဝမ်းနည်းမှုသည် တော်တော်အရှိန်သေသွားလေပြီ” ဟူ၍ မိမိတွေးထင်သည့်အတိုင်း ဖြစ်လာသည့်အခါ ဝမ်းနည်းမှု သိပ်မထူးခြားသွားကြောင်း မိမိအတွေးကို ရေးဖွဲ့ထားပါသည်။ ထိုအတွေးမျိုးကို “အဒေါ်တော့ ပြန်နေကောင်းမှာပဲ” ဟု မျှော်လင့်ထားခဲ့မိ၍ ကွယ်လွန်သွားလျှင် ယခုထက်ပို၍ ဝမ်းနည်းရမည်ဖြစ်ကြောင်း အတွေး မတူခဲ့သဖြင့် ခံစားမှုလည်း မတူတော့ကြောင်း ရေးသားထားပေသည်။ မိမိသူငယ်ချင်းတစ်ယောက် နယ်မှ ဆယ်တန်းစာမေးပွဲဖြေပြီး ဖြေနိုင်သဖြင့် အောင်မည်ဟုမျှော်လင့်ထားရာ မှ အောင်စာရင်းထွက်သည့်အခါ သူ့အမည်မပါသဖြင့် အလွန်ဝမ်းနည်း ပူဆွေးရကြောင်းကို မိမိအတွေးနှင့်ယှဉ်တွဲကာ “သူသည် စာမေးပွဲအောင်မှာပဲ” ဟု မျှော်လင့်မထားဘဲ “ကျမှာပဲ” ဟု မျှော်လင့်ပြီး စိတ်လျှော့ထားခဲ့လျှင် ယခု တကယ်စာမေးပွဲကျသောအခါ ယခုလောက်အခံရဆိုးမည်မဟုတ်” ဟူသောအရေးကို အတွေးနှင့်ယှဉ်တွဲကာ ရေးသား ထားပါသည်။ လက်ကိုင်ပုဝါအဖြူလေးနှင့် ဖဲထီးအနက်တို့၏ အဖြူရောင်နှင့် အနက်ရောင်တို့၏ သဘာဝမတူညီပုံ၊ အဒေါ် ကွယ်လွန်ခြင်းကိစ္စနှင့် သူငယ်ချင်းစာမေးပွဲကျခြင်းကိစ္စတို့မှ မျှော်လင့်ချက်မတူသဖြင့် ခံစားချက်မတူကြောင်းကို “ဝမ်းသာစရာကို မျှော်လင့်၍ ဝမ်းသာစရာဖြစ်လာသောအခါ ဝမ်းသာရသည်။ ဝမ်းနည်းစရာကို မျှော်လင့်၍ ဝမ်းသာ စရာဖြစ်လာသောအခါတွင်ကား ပို၍ ပို၍ဝမ်းသာရသည်” ဟူသော လောကနိယာမသဘောတရားကို တွေးကာ ရေးသားထားပါသည်။ ဝမ်းနည်းမှုနှင့်ပတ်သက်၍လည်း “ဝမ်းနည်းစရာကို မျှော်လင့်၍ ဝမ်းနည်းစရာဖြစ်လာသော အခါ ဝမ်းနည်းရသည်၊ ဝမ်းသာစရာကို မျှော်လင့်၍ ဝမ်းနည်းစရာဖြစ်လာသောအခါတွင်ကား ပို၍ပို၍ ဝမ်းနည်း ရသည်” ဟူ၍ ဝမ်းသာဝမ်းနည်း မျှော်လင့်မှု၏ စိတ်ခံစားချက်ကိုတွေးကာ ရေးသားထားပါသည်။ အဖြူပေါ်တွင် အနက်ကလေးတစ်စက် စွန်းထင်းသွားခြင်းကို “ဝမ်းသာစရာကို ကြိုတင်မျှော်လင့်တတ်သူ သည် လက်ကိုင်ပဝါဖြူဖြူလေးကို တယုတယကိုင်သူကဲ့သို့ဖြစ်ကြောင်း၊ ဖဲထီးအနက်ကိုကား ဝမ်းနည်းစရာကို ကြိုတင်မျှော်လင့်ထားတတ်သူသည် ဖဲထီးအနက်ကြီးကို အကြမ်းပတမ်းကိုင်သူကဲ့သို့ဖြစ်ကြောင်း မိမိ၏အတွေးကို ပေါ်လွင်အောင် ဥပမာပေးရေးဖွဲ့ထားပါသည်။ စာရေးသူ၏ ခံယူချက်ကိုလည်း “အကောင်းအခြေအနေတွင် ရှိစေကာမူ အဆိုးဆုံးကို ကြိုတင်မျှော်လင့်ထားတတ်သည့် စိတ်ဓာတ်မျိုး မွေးမြူအောင်အားထုတ်ရပေဦးမည်” ဟူ၍ ဝမ်းသာဝမ်းနည်းခံစားမှုတို့နှင့် ပတ်သက်၍ ခံစားချက်အတွေးကို ရေးဖွဲ့ထားကြောင်း တွေ့ရပေသည်။ ဤရသစာတမ်းစကားပြေသည် မတူညီသော အရောင်နှစ်ခုနှင့်ပတ်သက်၍ မတူညီသောအတွေးကိုလည်းကောင်း၊ မတူညီသော ခံစားချက်နှစ်ခုနှင့်ပတ်သက်၍ မျှော်လင့်ချက်မတူသဖြင့် ခံစားချက်မတူကြောင်းတွေးကာ ဤအတွေး တို့ကို ပေါ်လွင်အောင် နှစ်သက်ချမ်းမြေ့ဖွယ် သန္တရသမြောက်အောင် ရေးသားထားကြောင်း တွေ့ရပါသည်။
LONG_QNA
null
null
null