text
stringlengths
100
127k
timestamp
stringlengths
0
20
url
stringlengths
0
6.11k
source
stringclasses
5 values
ဒုံးကျည် ၂ စင်း မြောက်ကိုရီးယား ပစ်လွှတ်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ - BBC News မြန်မာ ဒုံးကျည် ၂ စင်း မြောက်ကိုရီးယား ပစ်လွှတ်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ https://www.bbc.com/burmese/49108007 (၁) ဒုံးကျည် ၂ စင်း မြောက်ကိုရီးယား ပစ်လွှတ် မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ထဲကို ဇူလိုင် ၂၅ ရက်နေ့ မနက်စောစောပိုင်းမှာ တာတိုပစ် ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယား အရှေ့ဘက် ကမ်ရိုးတန်း ဝန်ဆင်မြို့ကနေ ဒုံးကျည် ၂ စင်းဟာ တစင်းနဲ့ တစင်း မိနစ် ၂၀ ခြား ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး အကွာအဝေး မိုင် ၂၇၀ အထိ ရောက်သွားခဲ့တယ်လို့လည်း တောင်ကိုရီးယား စစ်တပ်အရာရှိတွေက ဆိုပါတယ်။ ဒါဟာ လာမယ့်လအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ သတင်းတွေထွက်လာအပြီး မြောက်ကိုရီးယားက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ကို ဖိအားပေးဖို့အတွက် ဒုံးကျည်တွေပစ်လွှတ် စမ်းသပ်ဖူးတဲ့ အစဉ်အလာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အခု ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ နျူးကလီးယား ဆွေးနွေးမှုကို ပိုမို နှေးကွေးသွားစေလိမ့်မယ်လို့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ အမေရိကန် အရာရှိတွေကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတထရမ့်တို့ရဲ့ ဇူလိုင် ၃၀ ရက်နေ့တွေ့ဆုံခဲ့ပြီးတဲ့နောက် လုပ်ငန်းအဆင့် ဆွေးနွေးပွဲ အမြန်ဆုံး စတင်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားခဲ့ကြပါတယ်။ (၂) ရခိုင်တိုက်ပွဲတွေကြောင့် ပလက်ဝမှာ စားနပ်ရိက္ခာပြတ်တောက်မှုနဲ့ ကြုံရနိုင် ဓာတ်ပုံ မူပိုင် ဆလိုင်းမာန်ဟုန် Image caption ပလက်ဝစစ်ဘေးရှောင်တွေကို ကူညီခဲ့တဲ့ အရပ်ဖက်အဖွဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်တွေထဲကို အစိုးရဘက်က စားနပ်ရိက္ခာသယ်ယူမှုတွေ ကန့်သတ်ထားတဲ့အတွက် လက်ရှိမှာ အဲ့ဒီဒေသတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်က တစ်လစာတောင် လုံလောက်မှုမရှိဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိ ပလက်ဝမှာ စစ်ဘေးရှောင် ၄ ထောင်ကျော်ရှိနေပြီး သူတို့တွေကို စားနပ်ရိက္ခာလိုအပ်ချက်အပြင် ပညာရေး၊ ကျန်းမာရေး ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ ပလက်ဝဒေသကို သွားရောက်ကူညီမှုပေးခဲ့တဲ့ ဆလိုင်းမာန်ဟုန်းက ပြောပါတယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ရခိုင်ပြည်မြောက်ပိုင်းနဲ့ ပလက်ဝက စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းခဲ့ပြီး လက်ရှိမှာ ပြည်ထောင်စုအစိုးရနဲ့ ဆက်လက်ညှိနှိုင်းနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှုနဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။ (၃) Facebook ဒေါ်လာ ၅ ဘီလီယံ ဒဏ်ကြေးဆောင်ရ Image caption ဒေါ်လာ ၅ ဘီလီယံဒဏ်ကြေး ပေးဆောင်ဖို့ Facebook သဘောတူ Facebook ကုမ္ပဏီဟာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကိုင်တွယ်ရာမှာ အမှားအယွင်းတွေ ရှိခဲ့တာကြောင့် အမေရိကန်အစိုးရကို ဒေါ်လာ ၅ ဘီလီယံဒဏ်ကြေး ပေးဆောင်ဖို့ သဘောတူလိုက်တယ်လို့ ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်က ပြောလိုက်ပါတယ်။ သန်းနဲ့ချီတဲ့ Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်တဲ့ Cambridge Analytica က ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီးနောက် အမေရိကန်ကုန်သွယ်ရေကော်မရှင်ကနေ Facebook ကုမ္ပဏီကို စစ်ဆေးမှုတွေ စလုပ်ခဲ့တာပါ။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အကာအကွယ်ပေးဖို့ ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် Mark Zuckerberg က နှစ်စဉ် ၄ လ တစ်ကြိမ် သက်သေပြရမှာဖြစ်ပြီး Facebook အနေနဲ့ ဝန်ဆောင်မှုအသစ်ထုတ်လုပ်တာ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတဲ့ ဝန်ဆောင်မှုအသစ်တွေအပေါ်မှာ အသုံးမပြုခင် သုံးသပ် စစ်ဆေးချက်တွေ အဆင့်ဆင့် လုပ်ပေးဖို့ Facebook ဘက်က သဘောတူခဲ့ရပါတယ်။ (၄) ကမ္ဘာကြီး ပူနွေးလာမှု ပိုမိုမြန်ဆန်လာ Image caption ကမ္ဘာကြီး ပူနွေးလာမှု ပိုမိုမြန်ဆန်လာ ကမ္ဘာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်တုန်းက ဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်ထက် ပိုမြန်ဆန်သလို ပိုပြီးတော့လည်း ကြီးမားတယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်တုန်းက ကမ္ဘာ့တိုက်ကြီးတွေနဲ့ သမုဒ္ဒရာကြီးတွေရဲ့ အခြေအနေတွေကို သိပ္ပံပညာရှင်တွေက ပြန်လည်တည်ဆောက်ကြည့်ပြီးတဲ့နောက်မှာ အခုလိုမှတ်ချက်ချလိုက်တာပါ။ ဒီသုတေသနရလဒ်ကိုကြည့်ရင် ကမ္ဘာကြီး အခုပူနွေးလာတာဟာ သဘာဝအတိုင်း ဖြစ်ရိုးဖြစ်စဉ် ကိစ္စပါလို့ ယူဆပြီး သိပ်အရေးမကြီးသလို ပြောဆိုနေတာတွေဟာ မှားယွင်းတယ်ဆိုတာကို သက်သေပြလိုက်နိုင်တာ ဖြစ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ဖြစ်ခဲ့ဖူးတဲ့ ဘယ်တုန်းက အပူချိန်မြင့်တက်မှုကမှ အခုလောက် မဆိုးဝါးဖူးသေးဘူးလို့လည်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။
2019/08/23 04:58:02
https://www.bbc.com/burmese/49108007
mC4
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အခွင့်ကောင်းယူပြီးတော့ ဖားကန့်မြို့နယ် အတွင်းက မှော်တွေမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို ဂိုဏ်းဖွဲ့ ၊ အုပ်စုဖွဲ့ပြီး ခိုးယူ လုယက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ စစ်ပွဲကြောင့် ကုမ္ပဏီတွေက လုပ်ငန်းတွေကို ရပ်နားထားခဲ့ရပြီး လုပ်ကွက်အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို အစောင့်အနည်းငယ်နဲ့ ချန်ခဲ့ရာမှာ လူစုလူဝေးနဲ့ အခွင့်အရေးယူ လာရောက် လုယက်တာတွေ လုပ်နေတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်းက ပြောပါတယ်။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာလ အစပိုင်းကစပြီး မှော်ထဲမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ လုယက်ခံခဲ့ရတာလို့ ဦးလဆိုင်းက ပြောပါတယ်။ “ကုမ္ပဏီက ၁ ဧကလောက်ကျယ်တယ် ဒါပေမယ့် လူက ၁ ယောက် ၂ ယောက်ပဲ စောင့်နေတယ်၊ ကုမ္ပဏီမှာ ကားတွေ ယန္တရားတွေ ရပ်ထားတယ်။ ကုမ္ပဏီတွေကလည်း လူအုပ်ကိုကြောက်တာနဲ့ ကျောက်တွေယူခွင့်ပြုတယ်။ တချို့က ကျောက်မယူဘဲနဲ့ တခြား ပစ္စည်းယူတာတွေလည်း အများကြီး။ ဒါပေမယ့် ကုမ္ပဏီတွေကလည်း သူတို့ အသက်အန္တရာယ် ကြောက်တာနဲ့ ဘာမှမပြောရဲဖြစ်နေတယ်။” ဒီလိုလူစုလူဝေးနဲ့ခိုးယူတာကို အာဏာပိုင်တွေက ဖမ်းဆီး အရေးယူ တာတွေရှိပေမယ့်လည်း လူတွေက အရေးမထားဘူးလို့ ဆိုပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော်ကလည်း အခုလို ခိုးယူတာတွေ အတွက် အရေးယူဆောင်ရွက်ဖို့ လုပ်နေသလို ဖမ်းဆီးထားတာလည်း လူ ၅၀ လောက်ရှိနေတယ်လို့ တခြားဒေသခံ တဦးက ရှင်းပြပါတယ်။ “ကျနော်တို့ ဖားကန့်မှာ ကေအိုင်အေနဲ့ စစ်တပ် တိုက်ပွဲဖြစ်တာကို အခွင့်ကောင်းယူပြီး ကုမ္ပဏီတွေရဲ့ အဖိုးတန်ပစ္စည်းတွေ၊ ကျောက်စိမ်းတွေထားတဲ့ သိုလှောင်ရုံမှာ ဖောက်တယ်၊ အဆောင်တွေကို မီးရှို့တယ်။ အဖိုးတန်ပစ္စည်းအကုန်မကျန်ယူသွားတယ်။ ဂိုဏ်း ၂ ဂိုဏ်း လူအင်အားက ၁၀၀၀ ၀န်းကျင်လောက်ရှိမယ်။” ဒီလိုခိုးယူလုယက်တာတွေအတွက် တချို့ကုမ္ပဏီတွေဆိုရင် သိန်းထောင်နဲ့ချီ အခိုးခံနေရတယ်လို့ ဖားကန့်ဒေသခံက ပြောပေမယ့် ဒီဗွီဘီက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဆကျစပျသတငျးမြား ဆိုငျကလုနျးမုနျတိုငျးကွောငျ့ တိုငျးနှငျ့ပွညျနယျ ၇ ခုတှငျ လပွေငျးတိုကျပွီး မိုးထဈခြုနျးရှာနိုငျ 6 hours Ago ဒျေါလာစြေး ဆကျလကျကဆြငျး 7 hours Ago ဦးပိုငျနှငျ့ MEC ကို အကွမျးဖကျအုပျစုအဖွဈ ကွညောမှု ထိရောကျရနျလို 7 hours Ago Print Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.
2022-12-08T19:41:01Z
http://burmese.dvb.no/archives/32441
OSCAR-2301
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ၏ နေ့စဉ် ကျွေးမွေးစရိတ် စက်တင်ဘာလကစ၍ တိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများ အဂတိလိုက်စားမှု ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးကို နောက်ရုံးချိန်းတွင် စစ်မည် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး နှစ်ဦး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရရာ ယင်းအမှုနှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့ ရုံးချိန်းတွင် ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးကို စစ်ဆေးမည် ဖြစ်ကြောင်း မန္တလေးတိုင်း တရားလွှတ်တော်ထံမှ သိရသည်။ မန္တလေးတိုင်းအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကပ်ရောဂါအသွင်ဖြင့် နေရာကွက်ကျား ဖြစ်ပွားနိုင်ခြေရှိရာ လက်ရှိအချိန်အထိ ကလေး ၂၀ဝ ကျော် ဖြစ်ပွားနေကြောင်း မန္တလေးတိုင်း ရောဂါပိုးမျိုး သယ်ဆောင်ကာ ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ငှက်ဖျား) ဌာနခွဲထံမှ သိရသည်။ မန္တလေးမြို့ အိုးဘိုထောင်တွင် ချုပ်နှောင်ခြင်း ခံထားရသော ဗကသ ကော်မတီဝင် ကိုနှင်းအောင်က အစာငတ်ခံ ဆန္ဒပြမည့်ရက် ရွှေ့ဆိုင်းထားကြောင်း ၎င်းက ပြောကြားသည်။ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ မင်္ဂလာမန္တလေး ဈေးဝယ်စင်တာအတွင်း ဇွန်လ ၁၀ ရက်နေ့ညက ကျင်းပသည့် တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲ၌ လူငယ်အုပ်စုနှစ်စု ရန်ဖြစ်ရာမှ တစ်ဦး သေဆုံးသွားခဲ့ရာ လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူငယ်လေးဦးကို ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ပုဂံဘုရားအဆူ ၅၀ ကို ကျပ်ငါးဘီလီယံခန့် အကုန်အကျခံကာ ယခုနှစ်အတွင်း ပြင်ဆင်ရန် လျာထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ အဝေးပြေး ကုန်တင်ယာဉ်ကြီးများ အနေနှင့် တန်အနည်းငယ်သာ တင်ဆောင်မောင်းနှင်သော်လည်း တန်အပြည့်နှုန်းများအတိုင်း တိုးဂိတ်များက ကောက်ခံခြင်းခံနေရကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်းများက ပြောကြားသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်နှင့် လူနေခြံဝင်းများအတွင်း ရှိနေသည့် ဘုရား၊ စေတီပုထိုးများနှင့် အုတ်ကျောင်းများကို ဇွန်လ ၁၁ ရက် နံနက် ၈ နာရီကစ၍ သန့်ရှင်းရေးပြုလုပ်မည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို ယင်းမြို့နယ်တရားရုံးက လေးနှစ်ကြာ စစ်ဆေးနေသည့် အမှုဟောင်းဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံစေရန် ဇွန်လ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ အောင်မြေသာစံမြို့နယ် အတွင်းရှိ ကုသိုလ်တော်ဘုရားသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို ခိုးယူခဲ့သူအား ဂျီပီစက် (GPS) စနစ်ဖြင့် ခြေရာခံကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသော ဝါးဘိုးဝါး ၊ကြသောင်းဝါး၊ တင်းဝါး စသည်တို့ဖြင့် ပြုလုပ်ထားသည့် မြန်မာမှုလက်ရာ ဝါး မီးအိမ်များကို ထိုင်းနှင့် စင်ကာပူနိုင်ငံတို့က မှာယူ အသုံးပြုလျက်ရှိကြောင်း မြန်မာ့ဝါး အနုပညာ ဖန်တီးမှုလုပ်ငန်းရှင် ဦးဝင်းမော်ငြိမ်းက ပြောကြားသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများတွင် အဂါရဝ ဖြစ်စေသည့်အပြုအမှုများ ပြုလုပ်သူများကို အရေးယူနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ မြန်မာ့ယဉ်ကျေးမှုများ တစုတဝေး တည်ရှိရာ ပုဂံညောင်ဦးဒေသကို အခြေခံ ရိုက်ကူးထားသည့် “ကျွန်” ဇာတ်ကား ဒါရိုက်တာကို တရားမကြောင်းအရ တရား စွဲမည် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ထုတ်ပြန်ထားသော မြန်မာ့ရိုးရာဆိုင်း ဖျော်ဖြေ တင်ဆက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အထက်မြန်မာပြည် သဘင်ပညာရှင်များ အစည်းအရုံးက ကန့်ကွက်လိုက်ပြီး ခေတ်ပေါ်တူရိယာများ အသုံးပြုခွင့် ပြန်ပေးရန် တောင်းဆိုသွားမည် ၂၀၁၈ ခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှ စတင်ကာ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးသည့် ဝိုင်းကြီးချုပ်စနစ်ကို ပယ်ဖျက်ပြီး တောင်သူတစ်ဦးချင်းကိုသာ စိုက်ပျိုးစရိတ်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲမှ မန်နေဂျာ ဦးသန်းဌေးအောင်က ပြောသည်။ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်က ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုလိုက် ကြွေးဆပ်မှ တစ်အုပ်စုလုံးကို ပြန်ထုတ်ချေးသည့် ဝိုင်းကြီးချုပ်စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ သို့သော် ချေးငွေမဆပ်နိုင်သည့် တောင်သူအချို့ကြောင့် ချေးငွေဆပ်သော်လည်း ချေးငွေပြန်မရသည့် တောင်သူများ အခက်အခဲဖြစ်မှုကို တင်ပြလာသဖြင့် တစ်ရွာချင်းအလိုက် တာဝန်ခံရသည့် ဝိုင်းကြီးချုပ်စနစ်သို့ ပြောင်းခဲ့ကြောင်း၊ ယင်းနောက် တစ်ရွာချင်းမှ ၁၀ ဦး၊ ၁၀ ဦး မှ ၅ ဦး၊ ၅ ဦးမှ ၃ ဦး ဝိုင်းကြီးချုပ်စနစ်တို့ကို ပြောင်းလဲကာ ချေးငွေထုတ်ချေးခဲ့ကြောင်း၊ ၎င်းက ရှင်းပြသည်။ “ဒီနှစ် (၂၀၁၈) မှာတော့ တစ်ဦးချင်းပဲ ချေးမှာဖြစ်တယ်၊ ကြွေးကျေသူရော မကျေသူရော ချေးမှာလား မချေးမှာလားတော့ မညွှန်ကြားသေးဘူး၊ တစ်ယောက်ချင်းချေးရာမှာတော့ အနီးစပ်ဆုံးကတော့ လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ ၇ မူရင်းကို အပေါင်အဖြစ်ထားပြီး ချေးရမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေလုပ်ကိုင်ခွင့် မှတ်ပုံတင်ပုံစံ ၇ မိတ္တူဖြင့်လည်းကောင်း၊ နည်းလမ်းအမျိုးမျိုးဖြင့်ရရှိထားသော ပုံစံ ၇ များ ဖြင့် ချေးငွေများချေးယူကာ ကြွေးပတ်လည် ဝိုင်းနေသော တောင်သူများလည်းရှိကြောင်း တောင်သူအရေးတက်ကြွလှုပ်ရှားသူ ဦးသန်းအေးက ပြောသည်။ “ဝိုင်းကြီးချုပ်စနစ်မှာ တစ်ဦးတစ်ယောက် ကြွေးမဆပ်တာနဲ့ ကျန်တဲ့ကြွေးဆပ်ပြီး တောင်သူတွေက စိုက်ပျိုးချိန်မှာ ချေးငွေမရသေးဖြစ်နေပြီး အခက်အခဲဖြစ်ရတယ်။ တစ်ဦးချင်းကို စိုက်ပျိုးစရိတ် ထုတ်ချေးတာဆိုတော့ ပိုအဆင်ပြေလာတာပေါ့” ဟု ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူ ဦးညွန့်လှိုင်က ဆိုသည်။ ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအုပ်စု ၁၉၅၀ ကျော်မှ တောင်သူသုံးသိန်းနှစ်သောင်းကျော်ကို မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၃၂၂ ဒသမ၃၉ ဘီလီယံနှင့် ဆောင်းသီးနှံ ချေးငွေအဖြစ် ကျေးရွာအုပ်စု ၁၅၀၀ ကျော်မှ တောင်သူ နှစ်သိန်းကျော်ကို ကျပ်သန်းပေါင်း ၁၂၅ ဒသမ ၆၀ ထုတ်ချေးပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ်ထံမှ သိရသည်။ ယင်းအပြင် ဧရာဝတီတိုင်းရှိ တောင်သူများက ၂၀၁၂ခုနှစ် မှ ၂၀၁၇ ခုနှစ် ဆောင်းစပါးချေးငွေအထိ ကြွေးကျန်စုစုပေါင်း ၃၆၅ ဘီလီယံကျော် ပေးဆပ်ရန် ကျန်ရှိနေကြောင်း ယင်းဘဏ်ထံမှ သိရသည်။
OSCAR-2019
၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ က ဖတ်ကြားသည့် စာတမ်း | Pyithu Hluttaw ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရင်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ခမ်းမ၌ ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာကြသော ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စု တရားသူကြီးချုပ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးမှ သံအမှတ်ကြီးများ အစိုးရမဟုတ်သော အဖွဲ့အစည်းလူမှုရေးအသင်းအဖွဲ့များ နှင့် အခြားဖိတ်ကြားထားသူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇော်မြင့်အေး ဖြစ်ပါတယ်။ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ ပါတီကိုယ်စား စာတမ်းကို ကျွန်တော်ဖတ်ကြားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူလူထုအုပ်ချုပ်ရေးစနစ် တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထု၏ ဆန္ဒသဘောထား အတိုင်း ပြည်သူလူထုက ရွေးချယ်ထားသည့် ကိုယ်စားလှယ်များက ပြည်သူလူထုအား ဥပဒေနှင့်အညီ ပြန်လည် အုပ်ချုပ်သော စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ မြင့်မြတ်ဖြူစင်တဲ့ ကျင့်စဉ်ဖြစ်သည့် အားလျော်စွာ ပြောဆိုနေရုံဖြင့်သော် လည်းကောင်း၊ တွေးခေါ်နေရုံဖြင့်သော်လည်းကောင်း မရပါဘူး။ အမှန်တကယ် လက်တွေ့ ကျင့်သုံးရန်နှင့် ရှင်သန်ဖွံ့ဖြိုးအောင် ကြိုးပမ်းလုပ်ဆောင်ရန်လည်း အရေးကြီးပါသည်။ ဒီမိုကရေစီကို ယုံယုံကြည်ကြည်ဖြင့် လုပ်ဆောင်မှသာလျှင် ဒီမိုကရေစီရဲ့ အကျိုးတရားတွေကို ပြည့်ဝစွာ ရရှိမှာဖြစ်ပါတယ်။ လူအချင်းချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အခွင့်ရေးတန်းတူ ကျပ်ပြည့်မရသမျှ ကာလပတ်လုံး စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရရှိမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ မဏ္ဍိုုင်သုံးရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်သူလူထုက လွတ်လပ်စွာကျင့်သုံးပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ လက်ထဲတွင် နိုင်ငံရေးအာဏာများကို ထားရှိသော စနစ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရသည် ပြည်သူလူထုအား တာဝန်ယူမှုများရှိရမည့် ပြည်သူ့ဝန်ထမ်း သာဖြစ်ပါတယ်။ ပြည်သူလူထုက မိမိတို့ပိုင်ဆိုင်ထားသော နိုင်ငံရေးအာဏာများကို ကန့်သတ်ထားသော သက်တမ်းကာလတစ်ခု အတွင်း ကျင့်သုံးခွင့် ပေးထားခြင်းခံရသော အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့ သာလျှင်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်တွင် အခြခံစံနှုန်းများလည်း ရှိရမည်ဖြစ်ပါတယ်။ ၎င်းတို့ထဲမှ အချို့ကိုတင်ပြရလျှင် (က) တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှုရှိစေရေး၊ (ခ) တိုင်းရင်းသားပြည်သူများလွတ်လပ်မှုရှိစေရေး၊ (ဂ) တန်းတူညီမျှမှု လွတ်လပ်မှုတွေကို အာမခံထားမည့် ပြည်သူတွေအပ်နှင်းထားတဲ့ အစိုးရနှင့်ပြည်သူကြားမှာအခြေခံဥပဒေရှိစေရေးတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ၏ အနှစ်သာရအရ ဝါဝင်ဆွေးနွေးရမည်ဆိုလျှင် ပြည်သူကိုယ်စား တာဝန်ခံထားသော တာဝန်ထမ်းဆောင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးမှ ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာရန်၊ ရိုးသားမှန်ကန်မှုရှိရန်၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာရှိရမည်ဖြစ်ပါသည်။ ဒါကြောင့် ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူ့စနစ်ဖြစ်သည့် အားလျှော်စွာအားလုံးပါဝင် ဆွေးနွေးရေးသည် ဒီမိုကရေစီ၏ ဗဟိုအချက် အနှစ်သာရဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ကျွန်တော်တို့နိုင်ငံသည် လူ့ဘောင်ဘဝ ဖြစ်ထွန်းလာရေးအတွက် မိမိတို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီမှ ကောင်းမြတ်သော၊ မှန်ကန်သော နိုင်ငံရေးစေတနာဆန္ဒတို့ဖြင့် ဖတ်ကြားတင်ပြရင်း နိဂုံးချုပ်ပါသည်။
2020/08/09 03:12:25
https://pyithuhluttaw.gov.mm/node/6139
mC4
နိုဝင်ဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် စစ်ဘေးသင့်ပြည်သူတွေအတွက် ကယားပြည်နယ်ကျောင်းသားသမဂ္ဂနဲ့ ကယန်းမျိုးဆက်သစ်လူငယ်တွေ အလှူငွေ ကောက်ခံနေစဉ် ရှမ်းပြည်နယ်ထဲက စစ်ဘေးသင့်ပြည်သူတွေအတွက် ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းမျိုးဆက်သစ် လူငယ်နဲ့ ကယားပြည်နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး ဒီမော်ဆိုမြို့၊ မြို့မဈေးမှာ ဒီကနေ့ အလှူခံခဲ့ကြပါတယ်။ အခုလိုက်လံကောက်ခံရရှိလာတဲ့ အလှူငွေတွေကို ရှမ်းပြည်စစ်ဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ် တယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ခွန်ရဲမင်းကျော်က RFA ကို ပြောပါတယ်။ "အခုအချိန်မှာ စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူတွေအများကြီးရှိတာပဲနော်၊ အခုလက်ရှိဖြစ်နေတာတော့ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်နေတယ်ပေါ့နော်၊ ဆိုတော့ ကျနော်တို့အလှူခံမှာ ရှမ်းပြည်နယ်တဝိုက်လုံး၊ တစ်နိုင်ငံလုံး မှာစစ်တွေဖြစ်ကြတယ် ဒါတော့ ကျနော်တို့ ရှုတ်ချတယ်၊ ရှုတ်ချတဲ့အနေနဲ့ ဒီလှုပ်ရှားမှုတွေလုပ်ခဲ့တယ်ပေါ့နော် ၊ နောက်တစ်ခုက အခုချိန်မှာရတဲ့အလှူငွေလေးတွေ ကျနော်တို့ တက်နိုင်သမျှ အလှူခံကြတယ်၊ ကျနော်တို့နဲ့ ကယားပြည်နယ်မှာ အနီးစပ်ဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်ကို ကျနော်တို့က ပေးလှူသွားမှာပေါ့နော်" မနေ့ကလည်း လွိုင်ကော်မြို့ မှာ အလှူငွေတွေ လိုက်လံကောက်ခံခဲ့ပါတယ်။ သူတို့အဖွဲ့ အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ စတဲ့မြို့တွေမှာ အလှူငွေဆက်လက် ကောက်ခံသွား မှာဖြစ်ပြီး ရှမ်းပြည်စစ်ဘေးသင့် ပြည်သူတွေဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ် မိုင်းရှုးဘက်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ တာ တစ်လကျော်ကြာခဲ့ပြီး အနီးပတ်ဝန်းကျင်က ဒေသခံတစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။
2019/10/20 14:25:56
https://www.rfa.org/burmese/news/kayah-youth-help-shan-refugees-11212015103613.html
mC4
အကွီးဆုံး Twin engine တပျဆငျထားသညျ့ Boeing 777 X စတငျပြံသနျ - Logistics Guide လကျရှိမှာပွဿနာမြားနှငျ့ ရုနျးကနျနရေတဲ့ Boeing အနနေဲ့ သူ့ရဲ့ နောကျဆုံးပျေါ လယောဉျပြံဖွဈတဲ့ 777X ကို စတငျပြံသနျးခွငျး လုပျဆောငျခဲ့ပါတယျ။ ယခုလယောဉျဟာ အငျဂငျြနှဈလုံးတပျ လယောဉျအမြိုးစားထဲတှငျ အကွီးဆုံးလယောဉျအမြိုးအစားဖွဈလာမှာဖွဈပွီး Boeing အတှကျ အကောငျးဆုံးလယောဉျတဈစီးဖွဈလာမှာပဲဖွဈပါတယျ။ 737 Max ပွဿနာမြားကွောငျ့ ဆုံးရှုံးမှုမြားပွားနတေဲ့ Boeing အတှကျ ယခုလယောဉျဟာ အသကျကယျဆေးဖွဈဖို့ မြှျောလငျ့ရပါတယျ။ နောကျဆုံးပျေါ နညျးပညာမြားနဲ့ တညျဆောကျထားတဲ့ ဒီလယောဉျပြံဟာ ဒျေါလာ သနျး ၄၂၀ကြျော တနျကွေးရှိမှာဖွဈပွီး 777-8 777-9 ဆိုပွီး အမြိုးအစားနှဈမြိုးနဲ့ထုတျလုပျမှာဖွဈပါတယျ။ ဒီလယောဉျမြားအတှကျ အမှာစာမြားကိုလဲ လကျခံရရှိထားပွီဟု သိရပါတယျ။ Boeing အနနေဲ့ သူရဲ့ Ground ဖွဈနတေဲ့ 737 Maxလယောဉျမြားပြံသနျးခွငျးကို ၂၀၂၀ နှဈလယျပိုငျးမှာ ပွနျလညျစတငျမှာဖွဈပွီး ထုတျလုပျမှုတှကေိုတော့ မကွာမီစတငျနိုငျမညျဟု သိရှိရပါတယျ။ အကြီးဆုံး Twin engine တပ်ဆင်ထားသည့် Boeing 777 X စတင်ပျံသန်း လက်ရှိမှာပြဿနာများနှင့် ရုန်းကန်နေရတဲ့ Boeing အနေနဲ့ သူ့ရဲ့ နောက်ဆုံးပေါ် လေယာဉ်ပျံဖြစ်တဲ့ 777X ကို စတင်ပျံသန်းခြင်း လုပ်ဆောင်ခဲ့ပါတယ်။ ယခုလေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ် လေယာဉ်အမျိုးစားထဲတွင် အကြီးဆုံးလေယာဉ်အမျိုးအစားဖြစ်လာမှာဖြစ်ပြီး Boeing အတွက် အကောင်းဆုံးလေယာဉ်တစ်စီးဖြစ်လာမှာပဲဖြစ်ပါတယ်။ 737 Max ပြဿနာများကြောင့် ဆုံးရှုံးမှုများပြားနေတဲ့ Boeing အတွက် ယခုလေယာဉ်ဟာ အသက်ကယ်ဆေးဖြစ်ဖို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးပေါ် နည်းပညာများနဲ့ တည်ဆောက်ထားတဲ့ ဒီလေယာဉ်ပျံဟာ ဒေါ်လာ သန်း ၄၂၀ကျော် တန်ကြေးရှိမှာဖြစ်ပြီး 777-8 777-9 ဆိုပြီး အမျိုးအစားနှစ်မျိုးနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီလေယာဉ်များအတွက် အမှာစာများကိုလဲ လက်ခံရရှိထားပြီဟု သိရပါတယ်။ Boeing အနေနဲ့ သူရဲ့ Ground ဖြစ်နေတဲ့ 737 Maxလေယာဉ်များပျံသန်းခြင်းကို ၂၀၂၀ နှစ်လယ်ပိုင်းမှာ ပြန်လည်စတင်မှာဖြစ်ပြီး ထုတ်လုပ်မှုတွေကိုတော့ မကြာမီစတင်နိုင်မည်ဟု သိရှိရပါတယ်။
2020/03/30 11:02:13
https://logisticsguide.com.mm/en/industry-news/export-import/224624-boeing-777-x-launches-largest-twin-engine.html
mC4
ဓမ္မရသ: ဘုရားရှင်တို့၏တူသောအချက်များ ရေးသားသူ အောင်ဦး ရေးသားချိန် 13.2.08 မြတ်စွာဘုရားဟာ မွေးမွေးခြင်းမှာ စကားစတင်ပြောခြင်း၊ လမ်းစလျှောက်ခြင်း အစရှိသော ဖြစ်စဉ်တွေအတွက် အနောက်နိုင်ငံမှသူများနဲ့ အခြားသော ဘာသာဝင်များကို သက်သေနဲ့ အကြောင်းအရင်း ခိုင်လုံစွာ ပြခြင်ပါတယ်...။ မည်သည့် နေရာတွင် (သို့မဟုတ်) မည်သည့်စာအုပ်တွင် လေ့လာ လို့ရနိုင်မယ်ဆိုတာကို သိချင်ပါတယ်..။ အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ်..မြန်မာလိုပဲ ဖြစ်ဖြစ်လေ့လာချင်ပါတယ်..။ သိရှိပြီးသား ရှိရင် အကြောင်းပြန်ပေးစေလိုပါတယ်...။
2018/06/22 11:03:45
http://dhammaratha.blogspot.com/2008/02/blog-post_6595.html
mC4
ရိုက်ကူးရေးတွေပြန်လုပ်နိုင်ဖို့ လာရောက်စစ်ဆေးမှုခံယူပြီး သရုပ်ပြရိုက်ကူးရေးလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော် - Cele Gabar ရိုက်ကူးရေးတွေပြန်လုပ်နိုင်ဖို့ လာရောက်စစ်ဆေးမှုခံယူပြီး သရုပ်ပြရိုက်ကူးရေးလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော် အကယ်ဒမီမင်းသမီး တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပီပြင်လွန်းတဲ့ ဝါရင့်မင်းသမီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သားဖြစ်သူ ဘုန်းမင်းနေလ ကိုလည်း အနုပညာလမ်းကြောင်းပေါ် တင်ပေးပြီး သားအမိနှစ်ယောက် အတူတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ ရိုက်ကူးရေးများ ပြန်လည်ပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လာရောက်စစ်ဆေးမှုခံယူပြီးညွှန်ကြားချက်များ ချထားနိုင်ရေးသရုပ်ပြရိုက်ကူးရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ဒီသတင်းကို ခင်ဇာခြည်ကျော်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ရိုက်ကူးရေးအမှတ်ရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကိုပြန်လည်မျှဝေပေးထားပါသေးတယ် ။ မတွေ့တာကြာ တဲ့ အနုပညာ မောင်နှမ တွေ ပြန်တွေ့တာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး အမြန်ဆုံး ပြန်လည် ရိုက်ကူး ခွင့်ရပါရစေလို့လည်း ရေးသားထားပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် သရုပ်ပြရိုက်ကူးနေရေး ရှုတင်ပုံရိပ်တွေကို အခုပဲမျှဝေပေးလိုက်ပါတယ်နော် ။ Posted in Cele NewsTagged Cele, Cele Gabar, Cele Myanmar, Celebrities, Celebrities Myanmar, Celebrity, Celebrity Myanmar, Khin Zarchi Kyaw, Myanmar Cele, Myanmar Celebrities, Myanmar Celebrity, ဆယ်လီ, ဆယ်လီကမ္ဘာ, ဆယ်လီမြန်မာ, မြန်မာဆယ်လီ
2022/07/06 22:59:19
https://celegabar.com/cele-news/1581
mC4
တစ်ပါတ်အတွက်ရန်ကုန် ၊ မန္တလေးကားဈေးကွက် | CarsDB တစ်ပါတ်အတွက်ရန်ကုန် ၊ မန္တလေးကားဈေးကွက် ဈေးကွက်အတွင်း စက်မှုဇုံဂျစ်အပ်ကားများပေါများခြင်းနှင့်အတူ စလစ်ဈေးများလည်း ကျဆင်းနေပြီး စက်မှုဇုံဂျစ် စလစ်တစ်စောင်လျှင် ကျပ် ၄၇ သိန်းဝန်းကျင်သာရှိကြောင်း ကားဟောင်းစလစ် ၀ယ်ရောင်းများထံမှသိရှိရသည်။စက်မှုဇုံ ဂျစ်ကားများသည် ရောင်းလိုအားများပြားနေခြင်းကြောင့် စလစ်ဈေးများကျဆင်းလျက်ရှိရာ '၁က' အက္ခရာကားများမှာ ၀ယ် လိုအားနည်းပါးနေသည့်အတွက် ကျပ်သိန်းရှစ်ဆယ်ဝန်းကျင်အထိ ဈေးများကျဆင်းသွားခဲ့သည်။ စက်မှုဇုံထုတ်ဂျစ်ကားများကို အပ်နှံခွင့်ပေးခဲ့သည့်အချိန်မှစ၍ CIF တန်ဖိုးငါးထောင်နှင့်အောက် ကားများဖြစ် သည့် ၂၀၀၃ မော်ဒယ်နှင့်အောက် Kluger ၊ ရွှေငါး ၊ RAV4 ၊ Crown စသည့်ကားများ အရောင်းအ၀ယ်ဖြစ်နေပြီး CIF တန် ဖိုးတစ်သောင်းအထက်ကားများမှာ အရောင်းအ၀ယ်အေးစက်နေသည်။ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ သုံးဘီးယာဉ်များအပ်နှံပြီး အငှားယာဉ်တင်သွင်းခွင့်ပေးရန် တောင်းဆိုထားသောကြောင့် သုံးဘီးယာဉ်များ၏ဈေးကွက်လည်း အနည်းငယ်လှုပ်ခတ် သွားခဲ့သည်။သို့သော် ကားဟောင်းစလစ် ၀ယ်ရောင်းများမှာ သုံးဘီးယာဉ်များကိုအရဲစွန့်ပြီး မ၀ယ်ယူရဲသောကြောင့် ထို ကားများ၏ဈေးနှုန်းသည် တန့်နေပြီး သုံးဘီးယာဉ်အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်၂၇ သိန်းဝင်းကျင် ပေါက်ဈေးရှိ ကြောင်း မြန်မာပြည်အထက်ပိုင်းရှိ ကား ၀ယ်ရောင်းများထံမှသိရသည်။ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ညအိပ်ကားများထားရှိခွင့်မပေးသောကြောင့် ယင်းစခန်းရှိ ကားဝယ်ရောင်း များအနေနှင့် ကားများတစ်ပိုင်တစ်နိုင်သာ ယူဆောင်လာသည့်အတွက် အ၀ယ်များအနေနှင့် ရွေးချယ်စရာနည်းသွားသော ကြောင့် အရောင်းအ၀ယ်အေးစက်သွားနိုင်ကြောင်း ကားဝယ်ရောင်းတစ်ဦးကဆိုသည်။ ခွေးဘီလူးနှင့် ဂျစ်တွေလှုပ်ရှားနေတဲ့ မန္တလေးကားဈေးကွက် ယခုသြဂုတ်လပထမပတ်မန္တလေးကားဈေးကွက်တွင်စက်မှုဇုံထုတ်ဂျစ်များနှင့်ခွေးဘီလူး(မီနီထရပ်)များ အရောင်း အ၀ယ်ဖြစ်လျက်ရှိကြောင်း မန္တလေးယာဉ်ရောင်းဝယ်ရေး ဈေးကွက်မှသိရသည်။ စက်မှုဇုံထုတ်ဂျစ်ကားများမှာ လက်ရှိတွင် ကျပ် ၄၃ သိန်းဝင်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး အရောင်းအ ၀ယ်ဈေးကွက်တွင်အ၀ယ်လိုက်မှုရှိနေခြင်းကြောင့်ဇုန်ဂျစ်များမျက်နှာပန်းလှလျက်ရှိကြောင်းဝယ်ရောင်းများထံမှသိရသည်။ စက်မှုဇုံဂျစ်ကားများ အအပ်ခံပြီးနောက်ပိုင်းတွင် ၁၃၀၀ စီစီ ဆလွန်းကားများနှင့် ဂျပန်နိုင်ငံထုတ် လိုက်ထရပ်များ မှာ ဈေးအနည်းငယ်ကျပြီး ယခင်ကျပ်သိန်း ၈၀ ၊ သိန်း ၁၀၀ တို့ဖြင့်အရောင်းအ၀ယ်ဖြစ်လျက်ရှိခဲ့ရာမှ ယခုအခါ ကျပ်ဆယ် သိန်းဝန်းကျင်ခန့် ဈေးကျလျက်ရှိကာ အရောင်းအ၀ယ်အေးလျက်ရှိသည်။ ဖရီးပါမစ်ဖြင့် တင်သွင်းလာသည့်ကားများအနက်မှ Suzuki,Swift ,Honda Fit , Toyota Belta များမှာ အရောင်း အ၀ယ်အေးလျက်ရှိပြီး ဈေးနှုန်းကျဆင်းလျက်ရှိသဖြင့် အရောင်းအ၀ယ်အေးလျက်ရှိကြောင်းသိရသည်။ ယာဉ်အိုဟောင်း အဖြစ်အပ်နှံခွင့်ပြုခဲ့သည့် '၁က' အက္ခရာကားများမှာမူ ကျပ် ၇၅ သိန်းနှင့် သိန်း ၈၀ ၀န်းကျင်ခန့် သာ ပေါက်ဈေးရှိပြီး အရောင်းအ၀ယ်အေးလျက်ရှိသည်။ စလစ်ကပ်သမားအချို့မှာ '၂က'အက္ခရာ အပ်နှံရမည့်အချိန်ကို စောင့်ကြည့်လျက်ရှိပြီး စလစ်ဈေးသက်သာနိုင်စေ ရန် စီစဉ်လျက်ရှိသည်ဟုလည်းသိရသည်။ Ref: Auto Mobile ဂျာနယ်မှကူးယူဖေါ်ပြသည်။။။ စြေးကှကျအတှငျး စကျမှုဇုံဂဈြအပျကားမြားပေါမြားခွငျးနှငျ့အတူ စလဈစြေးမြားလညျး ကဆြငျးနပွေီး စကျမှုဇုံဂဈြ စလဈတဈစောငျလြှငျ ကပျြ ၄၇ သိနျးဝနျးကငျြသာရှိကွောငျး ကားဟောငျးစလဈ ဝယျရောငျးမြားထံမှသိရှိရသညျ။စကျမှုဇုံ ဂဈြကားမြားသညျ ရောငျးလိုအားမြားပွားနခွေငျးကွောငျ့ စလဈစြေးမြားကဆြငျးလကျြရှိရာ '၁က' အက်ခရာကားမြားမှာ ဝယျ လိုအားနညျးပါးနသေညျ့အတှကျ ကပျြသိနျးရှဈဆယျဝနျးကငျြအထိ စြေးမြားကဆြငျးသှားခဲ့သညျ။ စကျမှုဇုံထုတျဂဈြကားမြားကို အပျနှံခှငျ့ပေးခဲ့သညျ့အခြိနျမှစ၍ CIF တနျဖိုးငါးထောငျနှငျ့အောကျ ကားမြားဖွဈ သညျ့ ၂ဝဝ၃ မျောဒယျနှငျ့အောကျ Kluger ၊ ရှငေါး ၊ RAV4 ၊ Crown စသညျ့ကားမြား အရောငျးအဝယျဖွဈနပွေီး CIF တနျ ဖိုးတဈသောငျးအထကျကားမြားမှာ အရောငျးအဝယျအေးစကျနသေညျ။ မွနျမာနိုငျငံ မျောတျောယာဉျထုတျလုပျရေးနှငျ့တငျသှငျးဖွနျ့ဖွူးရောငျးခသြူမြားအသငျးမှ သုံးဘီးယာဉျမြားအပျနှံပွီး အငှားယာဉျတငျသှငျးခှငျ့ပေးရနျ တောငျးဆိုထားသောကွောငျ့ သုံးဘီးယာဉျမြား၏စြေးကှကျလညျး အနညျးငယျလှုပျခတျ သှားခဲ့သညျ။သို့သျော ကားဟောငျးစလဈ ဝယျရောငျးမြားမှာ သုံးဘီးယာဉျမြားကိုအရဲစှနျ့ပွီး မဝယျယူရဲသောကွောငျ့ ထို ကားမြား၏စြေးနှုနျးသညျ တနျ့နပွေီး သုံးဘီးယာဉျအမညျပေါကျစလဈတဈစောငျလြှငျ ကပျြ၂၇ သိနျးဝငျးကငျြ ပေါကျစြေးရှိ ကွောငျး မွနျမာပွညျအထကျပိုငျးရှိ ကား ဝယျရောငျးမြားထံမှသိရသညျ။ လှိုငျယာဉျရောငျးဝယျရေးစခနျးတှငျ ညအိပျကားမြားထားရှိခှငျ့မပေးသောကွောငျ့ ယငျးစခနျးရှိ ကားဝယျရောငျး မြားအနနှေငျ့ ကားမြားတဈပိုငျတဈနိုငျသာ ယူဆောငျလာသညျ့အတှကျ အဝယျမြားအနနှေငျ့ ရှေးခယျြစရာနညျးသှားသော ကွောငျ့ အရောငျးအဝယျအေးစကျသှားနိုငျကွောငျး ကားဝယျရောငျးတဈဦးကဆိုသညျ။ ခှေးဘီလူးနှငျ့ ဂဈြတှလှေုပျရှားနတေဲ့ မန်တလေးကားစြေးကှကျ ယခုသွဂုတျလပထမပတျမန်တလေးကားစြေးကှကျတှငျစကျမှုဇုံထုတျဂဈြမြားနှငျ့ခှေးဘီလူး(မီနီထရပျ)မြား အရောငျး အဝယျဖွဈလကျြရှိကွောငျး မန်တလေးယာဉျရောငျးဝယျရေး စြေးကှကျမှသိရသညျ။ စကျမှုဇုံထုတျဂဈြကားမြားမှာ လကျရှိတှငျ ကပျြ ၄၃ သိနျးဝငျးကငျြဖွငျ့ အရောငျးအဝယျဖွဈလကျြရှိပွီး အရောငျးအ ဝယျစြေးကှကျတှငျအဝယျလိုကျမှုရှိနခွေငျးကွောငျ့ဇုနျဂဈြမြားမကျြနှာပနျးလှလကျြရှိကွောငျးဝယျရောငျးမြားထံမှသိရသညျ။ စကျမှုဇုံဂဈြကားမြား အအပျခံပွီးနောကျပိုငျးတှငျ ၁၃ဝဝ စီစီ ဆလှနျးကားမြားနှငျ့ ဂပြနျနိုငျငံထုတျ လိုကျထရပျမြား မှာ စြေးအနညျးငယျကပြွီး ယခငျကပျြသိနျး ၈ဝ ၊ သိနျး ၁ဝဝ တို့ဖွငျ့အရောငျးအဝယျဖွဈလကျြရှိခဲ့ရာမှ ယခုအခါ ကပျြဆယျ သိနျးဝနျးကငျြခနျ့ စြေးကလြကျြရှိကာ အရောငျးအဝယျအေးလကျြရှိသညျ။ ဖရီးပါမဈဖွငျ့ တငျသှငျးလာသညျ့ကားမြားအနကျမှ Suzuki,Swift ,Honda Fit , Toyota Belta မြားမှာ အရောငျး အဝယျအေးလကျြရှိပွီး စြေးနှုနျးကဆြငျးလကျြရှိသဖွငျ့ အရောငျးအဝယျအေးလကျြရှိကွောငျးသိရသညျ။ ယာဉျအိုဟောငျး အဖွဈအပျနှံခှငျ့ပွုခဲ့သညျ့ '၁က' အက်ခရာကားမြားမှာမူ ကပျြ ၇၅ သိနျးနှငျ့ သိနျး ၈ဝ ဝနျးကငျြခနျ့ သာ ပေါကျစြေးရှိပွီး အရောငျးအဝယျအေးလကျြရှိသညျ။ စလဈကပျသမားအခြို့မှာ '၂က'အက်ခရာ အပျနှံရမညျ့အခြိနျကို စောငျ့ကွညျ့လကျြရှိပွီး စလဈစြေးသကျသာနိုငျစေ ရနျ စီစဉျလကျြရှိသညျဟုလညျးသိရသညျ။
2018/01/17 12:38:47
https://www.carsdb.com/en/news/yangon-mandalay-car-market-1week
mC4
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာသဖြင့် အိန္ဒိယတွင် ပြည်နယ်များစွာကို Lockdowns ပြန်ချ အိန္ဒိယနိုင်ငံတွင် ယခင်ကပြုလုပ်ထားခဲ့သော ပိတ်ဆို့ထိန်းချုပ်မှု Lockdowns ကို ပြန်ဖြည်ခဲ့ပြီးနောက် ကူးစက်မှုနှုန်းမြင့်တက်နေသည့် နေရာဒေသများတွင် နောက်တစ်ကြိမ် အတိုင်းအတာတစ်ခုအထိ ပြန်လည်ပိတ်ဆို့ ထိန်း ချုပ်ရပြန်ပြီဟု Aljazeera သတင်းတစ်ရပ်က ဖော်ပြထားသည်။ သတင်းစာလွတ်လပ်ခွင့်မသေချာတော့သဖြင့် ဟောင်ကောင်မှ The New York Times သတင်းစာဝန်ထမ်းများ တောင်ကိုရီးယားသို့ ရွှေ့ရမည် တရုတ်၏ လုံခြုံရေးဥပဒေအရ ဟောင်ကောင်၏သတင်းစာလွတ်လပ်ခွင့် အာမခံချက်မရှိတော့သည်ဖြစ်ရာ The New York Times သတင်းစာသည် ၎င်း၏ဟောင်ကောင်ရုံးဝန်ထမ်းများကို တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ကြေညာ ထားသည်။ မန္တလေးတွင် အာဇာနည်နေ့အခမ်းအနား Social Distancing နှင့်အညီ ပြုလုပ်မည် ၇၃ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ Social Distancing နှင့်အညီ အချိန်အကန့်အသတ်ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစိုင်းပန်းဆိုင်က ပြောကြားသည်။
2020/07/16 13:21:31
http://thevoicemyanmar.com/latest-news?page=1
mC4
မလေးရှားဝန်ကြီးချုပ် ရက်ပိုင်းအတွင်း နှုတ်ထွက်ရဖွယ်ရှိ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin ဟာ တနင်္လာနေ့မှာ နှုတ်ထွက်ဖို့ရှိတယ်လို့ Malaysiakini သတင်းဌာနက ပြောပါတယ်။ ဝန်ကြီးချုပ် Muhyiddin ဟာ လက်ရှိညွှန်ပေါင်းအစိုးရအဖွဲ့ ထဲမှာ အများစုထောက်ခံမှုမရတော့ပဲ ဖြစ်လာနေပြီး တကယ်လို့ သူနှုတ်ထွက်ကြောင်း အတည်ပြုခဲ့ရင်တော့ သူဝန်ကြီးချုပ်တာဝန်ယူတဲ့ ၁၇ လအတွင်းက ဝရုန်းသုန်းကား အခြေနေတွေ အဆုံးသတ်သွားနိုင်တယ်လို့ တွက်ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ် ၁၉ ကူးစက်မှုတိုးလာနေတာနဲ့ နိုင်ငံ့စီးပွါရေးကျဆင်းနေတာကြောင့် မလေးရှားရဲ့ အခြေနေက မရေမရာပိုဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။ ညွန့်ပေါင်းအစိုးရ အဖွဲ့ထဲက အကြီးဆုံးပါတီဖြစ်တဲ့ United Malays National Organization – UMNO ပါတီက လွှတ်တော်အမတ်တချို့က သူ့အပေါ်ထောက်ခံမှုကို ပြန်ရုတ်သိမ်းခဲ့တဲ့နောက် အခုလိုသတင်းထွက်လာတာပါ။ တကယ်လို့ သူနှုတ်ထွက်သွားရင် နောက်အစိုးရအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်ဆိုတာရှင်းရှင်းလင်း မသိရသေးသလို ကိုဗစ်ကပ်ရောဂါကာလ ဖြစ်နေတဲ့ အတွက် ဒီကာလအတွင်း နောက်ထပ်ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ရှိမရှိလည်း မသိရသေးပါဘူး။ မလေးရှားရဲ့ နောင်ရေးအတွက် ဘုရင် Al-Sultan Abdullah ကပဲ ဆုံးဖြတ်ဖို့ ဖြစ်လာနေတာပါ။ ဝန်ကြီးချုပ် Muhyiddin ဟာ တနင်္လာနေ့မှာ ဘုရင့်ဆီကို နှုတ်ထွက်စာ တင်သွင်းဖို့ရှိတယ်လို့ ဝန်ကြီးချုပ်ရုံးဝန်ကြီး Mohd Redzuan Md Yusof က ပြောကြောင်း Malaysiakini သတင်းမှာ တနင်္ဂနွေနေ့က ဖေါ်ပြထားတာပါ။ ဝန်ကြီးချုပ်ရုံးကိုရော ဝန်ကြီး Mohd Redzuan ကိုပါ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ချက်ချင်း အကြောင်းပြန်တာတော့ မရှိသေးဘူးလို့ ရိုက်တာကပြောပါတယ်။ မလေးရှားဝနျကွီးခြုပျ ရကျပိုငျးအတှငျး နှုတျထှကျရဖှယျရှိ မလေးရှားဝနျကွီးခြုပျ Muhyiddin Yassin ဟာ တနင်ျလာနမှေ့ာ နှုတျထှကျဖို့ရှိတယျလို့Malaysiakini သတငျးဌာနက ပွောပါတယျ။ ဝနျကွီးခြုပျ Muhyiddin ဟာ လကျရှိညှနျပေါငျးအစိုးရအဖှဲ့ ထဲမှာ အမြားစုထောကျခံမှုမရတော့ပဲ ဖွဈလာနပွေီး တကယျလို့ သူနှုတျထှကျကွောငျး အတညျပွုခဲ့ရငျတော့ သူဝနျကွီးခြုပျတာဝနျယူတဲ့ ၁၇ လအတှငျးက ဝရုနျးသုနျးကား အခွနေတှေေ အဆုံးသတျသှားနိုငျတယျလို့ တှကျကွပါတယျ။ ဒါပမေယျ့လညျး ကိုဗဈ ၁၉ ကူးစကျမှုတိုးလာနတောနဲ့ နိုငျငံ့စီးပှါရေးကဆြငျးနတောကွောငျ့ မလေးရှားရဲ့ အခွနေကေ မရမေရာပိုဖွဈလာနိုငျတယျလို့ ရိုကျတာသတငျးမှာ ဖျေါပွပါတယျ။ ညှနျ့ပေါငျးအစိုးရ အဖှဲ့ထဲက အကွီးဆုံးပါတီဖွဈတဲ့ United Malays National Organization – UMNO ပါတီက လှတျတျောအမတျတခြို့ကသူ့အပျေါထောကျခံမှုကို ပွနျရုတျသိမျးခဲ့တဲ့နောကျ အခုလိုသတငျးထှကျလာတာပါ။ တကယျလို့ သူနှုတျထှကျသှားရငျ နောကျအစိုးရအဖှဲ့ကို ဘယျသူတှနေဲ့ ဖှဲ့စညျးမယျဆိုတာရှငျးရှငျးလငျး မသိရသေးသလို ကိုဗဈကပျရောဂါကာလ ဖွဈနတေဲ့ အတှကျ ဒီကာလအတှငျး နောကျထပျရှေးကောကျပှဲ အသဈကငျြးပဖို့ ရှိမရှိလညျး မသိရသေးပါဘူး။ မလေးရှားရဲ့ နောငျရေးအတှကျ ဘုရငျ Al-Sultan Abdullah ကပဲ ဆုံးဖွတျဖို့ ဖွဈလာနတောပါ။ ဝနျကွီးခြုပျ Muhyiddin ဟာ တနင်ျလာနမှေ့ာ ဘုရငျ့ဆီကို နှုတျထှကျစာ တငျသှငျးဖို့ရှိတယျလို့ ဝနျကွီးခြုပျရုံးဝနျကွီး Mohd Redzuan Md Yusof က ပွောကွောငျး Malaysiakini သတငျးမှာ တနင်ျဂနှနေကေ့ ဖျေါပွထားတာပါ။ဝနျကွီးခြုပျရုံးကိုရောဝနျကွီး Mohd Redzuan ကိုပါ ဆကျသှယျမေးမွနျးဖို့ ကွိုးစားခဲ့ပမေယျ့ ခကျြခငျြး အကွောငျးပွနျတာတော့ မရှိသေးဘူးလို့ ရိုကျတာကပွောပါတယျ။
2022/05/24 17:39:28
https://burmese.voanews.com/a/media-reports-say-malaysian-pm-to-resign-monday/6004014.html
mC4
စစ်ပွဲ၏ပြသနာများ: အကျင့်ပျက်ခြစားမှုသည်ပညာရေးအတွက်ကမ္ဘာလုံးဆိုင်ရာလှုံ့ဆော်မှုဖြစ်သည် စက်တင်ဘာလ 19, 2021 သဘော 0 ငါတို့ငြိမ်းချမ်းရေးပညာတတ်များသည်စစ်ပွဲအားလုံး၏အကျင့်ပျက်သည့်သဘောသဘာဝကိုစုံစမ်းစစ်ဆေးခြင်းနှင့်၎င်းအားတိုက်ခိုက်ရေးနယ်ပယ်ထက်ကျော်လွန်သောပျက်စီးမှုများကိုဖြစ်စေသည်။ The New York Times မှ OpEd (အကြမ်းဖက်မှုစစ်ပွဲသည်အစကတည်းကအဂတိလိုက်စားခဲ့သည်Laila Lalami မှမကြာသေးမီကတင်ခဲ့သော OpEd ကဲ့သို့အခြားအောက်တွင်ပြန်တင်သည်။၉/၁၁ တွင်ငါတို့မေ့သောအရာ - ဘယ်တော့မှမမေ့ပါဟူသောအဓိပ္ပာယ်အစစ်အမှန်) တာလီဘန်တို့တားမြစ်ထားသောရွေးချယ်မှုဖြစ်နိုင်ချေများကိုလက်ခံယုံကြည်ခဲ့သူများ၏ကံကြမ္မာကိုလွတ်မြောက်ရန်အပူတပြင်းကြိုးစားခဲ့သောဆယ်ကျော်သက်ကောင်လေးတစ် ဦး ကိုရည်ညွှန်း။ ဖွင့်ဟခဲ့သည်။ အခြားအင်္ဂလိပ်စကားပြောအခွင့်အလမ်းရှိသောလူငယ်တစ် ဦး သည်သူ၏မြင့်မားသောလစာကိုစကားပြန်တစ် ဦး အဖြစ်ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့သည်။ အာဖဂန်နစ္စတန်ကိုဆိုးရွားသောလူသားချင်းစာနာမှုအကျပ်အတည်းသို့ ဦး တည်စေခဲ့သောနှစ် ၂၀ အကြမ်းဖက်တိုက်ခိုက်မှု၏သိသာထင်ရှားသည့်အကျိုးဆက်တစ်ခုစီကိုကိုယ်စားပြုသည်။ အပေါင်ပစ္စည်းပျက်စီးခြင်းနှင့်အကျင့်ပျက်ခြစားမှု၊ စစ်ပွဲအားလုံး၏ရည်ရွယ်ချက်နှစ်ခုကိုရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားသောအင်္ဂါရပ်များ အမေရိကန်နှင့်နေတိုးအတွက်အပေါင်ပစ္စည်းပျက်စီးမှုဖြစ်ရပ်ဆိုး၏မိုးရွာသွန်းမှုအတွက်မိုးရွာသွန်းမှုကိုချော်လဲစေရုံမျှမက၊ Farah Stockman ၏အက်ဆေး၌ပြောသည့်အတိုင်းအဂတိလိုက်စားမှု၏အဓိကသော့ချက်ကိုစစ်မှမကြည့်နိုင်ပါ။ Laila Lalami ရေးသားခဲ့သောယခင်ပို့စ်၏အမှန်တရားသည်လည်း၎င်း၏လူ့ကုန်ကျစရိတ်နှင့်မဆိုင်ပါ။ " အပေါင်ပစ္စည်းပျက်စီးခြင်း" သည်" မရည်ရွယ်ဘဲ" သေဆုံးခြင်းနှင့်" ပစ်မှတ်မရှိသော" မြေများ၊ အခြေခံအဆောက်အအုံများနှင့်အခြားအသက်မွေးဝမ်းကျောင်းနည်းလမ်းများ၊ အဆက်မပြတ်ပျက်စီးခြင်း၊ လက်နက်ကိုင်ပဋိပက္ခ၏ခန့်မှန်းခြေအကျိုးဆက်များအတွက်ဖျက်ဆီးခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ဖျက်ဆီးခံရသောလယ်ယာများ၊ ဒုတိယမြောက်ဗုံးကြဲလန်ဒန်မြို့ကိုဖျက်ဆီးခြင်းသည်ဒုတိယကမ္ဘာစစ်ရုပ်ရှင်ဇာတ်ကား၌အကျွမ်းတဝင်ဖြစ်စေသည်။ ခြေတုလက်တုကလေးများနှင့်ဓာတ်ပုံများ ကြောက်လန့်တကြားပြေးလွှားနေသောမိန်းကလေးငယ်တစ် ဦး၊ napalm ဗုံး၏သားကောင်၊ ဗဟိုအမေရိကနှင့်ဗီယက်နမ်စစ်ပွဲများမှပုံရိပ်များ၊ ကဘူးလ်လေဆိပ်၌အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ၁၀ ဦး ကိုသတ်ခဲ့သော ISIS တိုက်ခိုက်မှုကိုလက်တုံ့ပြန်သည့်အနေဖြင့်ဒရုန်းယာဉ်ဖြင့်တိုက်ခိုက်မှုအားစီစဉ်သူမဟုတ်ဘဲအကူအညီပေးရေးလုပ်သားတစ် ဦး နှင့်သူ၏မိသားစုကိုသတ်ခဲ့သည်။ အာဖဂန်စစ်ပွဲ၏အဆုံးတွင်ထိုလေဆိပ်မှထွက်ခွာသောလေယာဉ်ပေါ်မှပြုတ်ကျသေဆုံးသည့်လူငယ်လေးတစ်ယောက်သည်အပေါင်ပစ္စည်းပျက်စီးမှု၏သင်္ကေတဖြစ်သည်။ ကျွန်ုပ်တို့သည်" ဝမ်းနည်းစရာကောင်းသော်လည်း ရှောင်လွှဲ၍ မရနိုင်သောအဖြစ်ဆိုးများ" (ဤနေရာတွင် ရှောင်လွှဲ၍ မရနိုင်သောအနှစ်သာရ) အဖြစ်ဆိုးများကိုလက်ခံရန်၊ စစ်ပွဲ၏လှုံ့ဆော်မှုများကို ဦး တည်နေသည့်၊ ပိုမိုမြင့်မားသောရည်ရွယ်ချက်များကိုလိုက်ရန်သာအဓိကကျသည်။ " လူ့ယဉ်ကျေးမှု၏ကာကွယ်မှု (သို့) ယင်း၏လူမျိုးစုပြည်နယ်ဟုအဓိပ္ပာယ်ရသည့်" ကျွန်ုပ်တို့၏ဘဝပုံစံ" သည်" ရှုံးနိမ့်ရမည်" ဟူသောမကောင်းသောအင်အားဖြင့်ခြိမ်းခြောက်သည်။ ကျွန်ုပ်တို့သည်ရာစုနှစ်များစွာအတွက်" ကာကွယ်ရေး" အတွက်မရှိမဖြစ်လိုအပ်သောတန်ဖိုးနှင့်စစ်ပွဲ၏မရှိမဖြစ်လိုအပ်ချက်ကိုယုံကြည်ခဲ့သောကြောင့်ဤရက်စက်ကြမ်းကြုတ်မှုများကိုထည့်သွင်းတွက်ချက်ခြင်းခံရသည်။ အရင်တုန်းကစစ်ပွဲများမှရရှိသောအမြတ်အစွန်းများမှ" ခဲယမ်းမီးကျောက်ထုတ်လုပ်သူများ" ၏ရာဇ ၀ င်များကိုသရုပ်ဖော်ပြသောပုံများနှင့်ကျွန်ုပ်တို့သိပ်မရင်းနှီးပါ။ အချို့သောနိုင်ငံသားများသည်ဒုတိယကမ္ဘာစစ်လက်နက်စက်ရုံများမှလုပ်သောဓနအချို့နှင့်" စစ်ပွဲအမြတ်အစွန်းများ" ကိုသိကြသည်။ အမေရိကန်စစ်တပ်ဘတ်ဂျက်သည်လက်ရှိအငြင်းပွားဖွယ်ရာရင်းမြစ်ဖြစ်လာသည်နှင့်အမျှငါတို့သည်သေစေနိုင်သောတူရိယာများထုတ်လုပ်ခြင်းမှအကျိုးအမြတ်အနည်းငယ်ရခြင်းသည်ဤ VE (ဥရောပ၌အောင်ပွဲ) ကြာရှည်ထွန်းကားခဲ့သောစစ်စီးပွားရေးတစ်ခု၏အမြဲတမ်းတပ်ဆင်ပုံရသည်။ VJ (ဂျပန်တွင်အောင်ပွဲခံ) နေ့များ ငါတို့ကပြောတယ် စစ်ပွဲမရှိရင်အနိုင်ရ အမေရိကန်ပြည်ထောင်စု၌…" အာဖဂန်နစ္စတန်စစ်ပွဲစတင်ချိန် မှစ၍ လက်နက်တန်ဖိုးများ ၉၀၀% မြင့်တက်လာသည့်ကွန်ဂရက်မှအဖွဲ့ဝင်လေးဒါဇင်နီးပါးသည်လက်နက်ကော်ပိုရေးရှင်းများတွင်ရှယ်ယာများပိုင်ဆိုင်ကြသည်။ စစ်ပွဲစနစ်တွင်ကျွန်ုပ်တို့သည် Naomi Klein ကဲ့သို့သောဒုက္ခများကိုစဉ်ဆက်မပြတ်ထုတ်ဖော်ပြသနေသူဖြစ်သည်။ဘေးအန္တရာယ်အရင်းရှင်စနစ်။ " အပေါင်ပစ္စည်းပျက်စီးခြင်းကိုရှောင်ရှားနိုင်သောအရာဖြစ်သောကြောင့်၎င်းအားစစ်ထုတ်လုပ်သောလုပ်ငန်းမှလုပ်ရမည့်အမြတ်အစွန်းရှိသည်။ အာဖဂန်စစ်ပွဲနှင့် ပတ်သက်၍ Stockman က" အဂတိလိုက်စားမှုသည်စစ်ပွဲတွင်ဒီဇိုင်းအမှားတစ်ခုသာမဟုတ်ပါ။ ဒါဟာထူးခြားချက်တစ်ခုဖြစ်ခဲ့တယ်။ " ဤအထူးနေ့များတွင်ကျွန်ုပ်တို့သည်အမေရိကန်နှင့်နေတိုး၏" အကြမ်းဖက်မှုကိုစစ်" အနှစ် ၂၀ တလျှောက်လုံးတွင်အများပြည်သူယုံကြည်ကိုးစားမှုကိုဆိုးရွားသောချိုးဖောက်မှုများအတွက်ကုန်ကျစရိတ်အားလုံးကိုအပြည့်အ ၀ ရယူထားသည်။ ပြီးတော့ဒီစုံစမ်းစစ်ဆေးမှုကိုလေးနက်ပြီးချဲ့ထွင်ဖို့လိုတယ်။ ငါတို့ငြိမ်းချမ်းရေးပညာတတ်များသည်လည်းစစ်ပွဲအားလုံး၏အကျင့်ပျက်ခြစားမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုပြုလုပ်ရမည်၊ ၎င်းကိုတိုက်ခိုက်ရေးနယ်ပယ်ထက်ကျော်လွန်သောပျက်စီးဆုံးရှုံးမှုများကိုဖြစ်စေသည်။ ငါတို့မကြာသေးခင်ကငါတို့အမှတ်ရနေတဲ့အရာတွေကိုပြန်ပြောင်းစဉ်းစားဖို့၊ အထိမ်းအမှတ်အချို့ကိုဖျက်သိမ်းသင့်သလားဆိုတဲ့မေးခွန်းကိုမြှင့်ရင်း၊ ငါတို့အခုငါတို့ရဲ့အပြင်းအထန်စိန်ခေါ်ပြီးထင်ရသောချို့ယွင်းနေတဲ့အင်စတီကျူးရှင်းတွေအပေါ်တက်ကြွစွာနဲ့ရည်ရွယ်ချက်ရှိရှိရောင်ပြန်ဟပ်ဖို့တောင်းဆိုပါတယ်။ ပြောင်းလဲပြီးဖျက်သိမ်းသင့်သည်။ အမြဲလိုလိုရည်ရွယ်ချက်နှင့်လုပ်ငန်းဆောင်တာကိစ္စကိုမြှင့်တင်ရမည်၊ သို့သော်ကျင့်ဝတ်ဆိုင်ရာအကဲဖြတ်မှုများသည် ပို၍ ပို၍ ပင်အရေးကြီးသည်။ အဖွဲ့အစည်းတစ်ခု၏လုပ်ဆောင်ချက်နှင့်အကျိုးဆက်နှစ်ခုလုံးသည်အများပြည်သူကောင်းကျိုးနှင့်ဆန့်ကျင်ဘက်ဖြစ်သည်ဟုအခိုင်အမာဆိုသောအခါစံနှုန်းများအရ၎င်းကိုဖျက်သိမ်းရမည်။ ကျွန်ုပ်တို့သည်စစ်ပွဲအတွက်အခြားနည်းလမ်းများကိုအလေးအနက်ထားပြီးစနစ်တကျလေ့လာရမည်။ (ဘား၊ ၉/၁၈/၂၀၂၁) အကြမ်းဖက်မှုစစ်ပွဲသည်အစကတည်းကအဂတိလိုက်စားခဲ့သည် အဂတိလိုက်စားမှုသည်စစ်ပွဲတွင်ဒီဇိုင်းအားနည်းချက်မဟုတ်ပါ။ ၎င်းသည်ဒီဇိုင်းအင်္ဂါရပ်တစ်ခုဖြစ်သည်။ Farah Stockman, New York Times မှ (ပြန်လည်တင်ပို့သည် - နယူးယောက်တိုင်းမ် စက်တင်ဘာ ၁၀၊ ၂၀၂၁) အာဖဂန်နစ္စတန်စစ်ပွဲသည်မအောင်မြင်ခဲ့ပါ။ ၎င်းသည်ကြီးမားသောအောင်မြင်မှုဖြစ်ခဲ့သည်။ ယင်းကိုစဉ်းစားပါ Hikmatullah Shadman ၏ဖြစ်ရပ်စက်တင်ဘာ ၁၁ ရက်ကအမေရိကန်အထူးတပ်ဖွဲ့များသည်ကန်ဒါဟာသို့ ၀ င်ရောက်လာသောအခါဆယ်ကျော်သက်အရွယ်သာရှိသေးသောဒေသခံရဲအရာရှိတစ် ဦး ၏လစာထက်အဆ ၂၀ ပိုပေးခဲ့သည်။ သူ့ကို New Yorker မှာ သူ၏အသက် ၂၀ နှောင်းပိုင်းတွင်သူသည်အမေရိကန်စစ်အခြေစိုက်စခန်းများသို့ထောက်ပံ့ပေးသောထရပ်ကားကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးသူ့အတွက်ဒေါ်လာသန်း ၁၆၀ ကျော်ရရှိခဲ့သည်။ Shadman ကဲ့သို့အကြော်သေးသေးလေးသည်ကြောက်လန့်ဖွယ်စစ်ပွဲတွင်ကြွယ်ဝချမ်းသာလာလျှင် CIA တာလီဘန်များကိုမြို့မှမောင်းထုတ်ရန်ကူညီခဲ့သည့်အချိန်တုန်းကသူရဲကောင်း Gul Agha Sherzai ဘယ်လောက်တောင် ၀ င်လာသလဲဆိုတာတွေးကြည့်ပါ။ သူ၏ကြီးမားသောမိသားစုကကျောက်စရစ်မှပရိဘောဂများအားလုံးကိုကန်ဒါဟာရှိစစ်စခန်းသို့ထောက်ပံ့ခဲ့သည်။ သူ့အစ်ကိုကလေဆိပ်ကိုထိန်းချုပ်ထားသည်။ သူသည်မည်မျှတန်ဖိုးရှိသည်ကိုမည်သူမျှမသိနိုင်ပေ၊ ၎င်းသည်သန်းတစ်ရာအကြောင်းပြောရန်လုံလောက်သည် ဂျာမနီတွင်ဒေါ်လာ ၄၀၀၀၀ စျေး ၀ ယ်သည် သူသည်အိတ်ဆောင်အပြောင်းအလဲကိုအကုန်အကျခံနေပုံရသည်။ " စစ်ကောင်း" ၏ခေါင်းဖုံးအောက်တွင်ကြည့်ပါ၊ ဤအရာသည်သင်မြင်သည်။ အာဖဂန်နစ္စတန်သည်အကြမ်းဖက်သမားများအားချေမှုန်းရန်နှင့်တာလီဘန်များမှမိန်းကလေးငယ်များအားကယ်တင်ရန်ဂုဏ်ပြုသောစစ်ပွဲတစ်ခုဖြစ်သင့်သည်။ ၎င်းသည်အီရတ်၏အာရုံပျံ့လွင့်မှုနှင့်အာဖဂန်အစိုးရ၏မျှော်လင့်ချက်ကင်းမဲ့သောအကျင့်ပျက်ခြစားမှုတို့ကြောင့်သာငါတို့အနိုင်ရနိုင်မည့်စစ်ပွဲဖြစ်သင့်သည်။ ဒါပေမယ့်အစစ်အမှန်ရအောင်။ အဂတိလိုက်စားမှုသည်စစ်ပွဲတွင်ဒီဇိုင်းအားနည်းချက်မဟုတ်ပါ။ ၎င်းသည်ဒီဇိုင်းအင်္ဂါရပ်တစ်ခုဖြစ်သည်။ ငါတို့ကတာလီဘန်တွေကိုမဖြုတ်ဘူး။ အဲဒါကိုလုပ်ဖို့ငါတို့စစ်ဘုရင်တွေကိုငွေအိတ်တွေပေးခဲ့တယ်။ နိုင်ငံတည်ဆောက်ရေးစီမံကိန်းကိုစတင်သည့်အခါထိုစစ်ဘုရင်များသည်အုပ်ချုပ်ရေးမှူးများ၊ စစ်ဗိုလ်ချုပ်များနှင့်လွှတ်တော်အမတ်များအဖြစ်အသွင်ပြောင်းသွားပြီးငွေပေးချေမှုများဆက်လက်စီးဆင်းလာသည်။ Kandahar ရှိအမေရိကန်စစ်ဘက်ဆိုင်ရာအထူးလက်ထောက်ဟောင်း Sarah Chayes ကအနောက်တိုင်းသားများသည်ခေါင်းကိုမကြာခဏကုတ်လေ့ရှိသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမရ။ " ဒါပေမယ့်အဲဒီအဖွဲ့အစည်းတွေကိုထိန်းချုပ်တဲ့ခေတ်မီကွန်ယက်တွေကအုပ်ချုပ်ဖို့ဘယ်တုန်းကမှမရည်ရွယ်ခဲ့ဘူး။ သူတို့ရဲ့ရည်ရွယ်ချက်ကကိုယ့်ကိုယ်ကိုမြှင့်တင်ဖို့ပဲ။ ပြီးတော့ဒီအလုပ်မှာသူတို့ကအံ့မခန်းအောင်မြင်ခဲ့တာကိုသက်သေပြခဲ့တယ်။ " လူမျိုးတစ်မျိုးအစား၊ ငါတို့တကယ်တည်ဆောက်ခဲ့တဲ့အရာဟာစစ်အခြေစိုက်စခန်း ၅၀၀ ကျော်နဲ့သူတို့ကိုထောက်ပံ့ပေးတဲ့လူတွေရဲ့ကိုယ်ပိုင်ကံကြမ္မာဘဲ။ ဒါကအမြဲသဘောတူညီချက်ဖြစ်ခဲ့တယ်။ ၂၀၀၂ ခုနှစ်ဧပြီလတွင်ကာကွယ်ရေးဝန်ကြီး Donald Rumsfeld က" ငါတို့ကဒီစစ်ဘုရင်တစ် ဦး စီကိုဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အစီအစဉ်အတွက်ထိပ်တန်းလျှို့ဝှက်မှတ်စုတိုတစ်ခု" ကိုညွှန်ကြားခဲ့တယ်။ quid pro quo ဆိုတာဘာလဲ၊ ဘာလဲ၊ စသည်ဖြင့်လဲလှယ်ပါ အဆိုပါဝါရှင်တန်ပို့စ်. စစ်ပွဲသည်များစွာသောအမေရိကန်များနှင့်ဥရောပတိုက်သားများအတွက်အလွန်အကျိုးဖြစ်ထွန်းခဲ့သည်။ တစ်ခုပေါ့ 2008 လေ့လာချက် အာဖဂန်နစ္စတန်အတွက်ခွဲဝေပေးသောငွေ၏ ၄၀ ရာခိုင်နှုန်းခန့်သည်အလှူရှင်နိုင်ငံများသို့စုပေါင်းအကျိုးအမြတ်များနှင့်အတိုင်ပင်ခံလစာများဖြင့်ပြန်လည်ရောက်ရှိခဲ့သည်။ လောက်ပဲ အမေရိကန်ပြန်လည်ထူထောင်ရေးအကူအညီ၏ ၁၂ ရာခိုင်နှုန်း ၂၀၀၂ နဲ့ ၂၀၂၁ ကြားအာဖဂန်နစ္စတန်ကိုတကယ်ပေးအပ်ခဲ့တဲ့အာဖဂန်အစိုးရကို ကျန်အများစုသည်ကျောင်းများ၊ ဆေးခန်းများနှင့်လမ်းများတည်ဆောက်ရန်ဒေါ်လာ ၁.၄ ဘီလီယံတန်ကန်ထရိုက်ရထားသော New Jersey အခြေစိုက်ဆောက်လုပ်ရေးကုမ္ပဏီ Louis Louis Berger Group ကဲ့သို့ကုမ္ပဏီများသို့သွားသည်။ ဖမ်းမိပြီးနောက်တောင်မှ အရာရှိတွေကိုလာဘ်ပေးတယ် နှင့် စနစ်တကျအခွန်ပေးဆောင်သူများ, အ စာချုပ်တွေဆက်ရှိနေတယ်. အာဖဂန်နစ္စတန်မှာအနောက်တိုင်းရှုံးနိမ့်မှုအတွက်ရှင်းပြချက် (ဆင်ခြေ) အဖြစ်မကြာခဏငါ့ဥစ္စာကိုယူခဲ့တာ" ဟုလန်ဒန် SOAS တက္ကသိုလ်ပဋိပက္ခနှင့်ဖွံ့ဖြိုးရေးလေ့လာရေးပါမောက္ခ Jonathan Goodhand ကကျွန်ုပ်အားရေးသားခဲ့သည်။ အီးမေးလ်။ အမေရိကန်များသည်" အာဖဂန်လူမျိုးများကိုလက်ညှိုးထိုးလျက်၊ လောင်စာဆီနှင့်ပြည်ခိုင်ဖြိုးထောက်ခံမှုမှအကျိုးကျေးဇူးနှစ်ခုလုံးတွင်သူတို့၏အခန်းကဏ္ကိုလျစ်လျူရှုနေစဉ်" အကြမ်းဖက်မှုစစ်ပွဲကိုဘယ်သူအနိုင်ရခဲ့လဲ။ ဂျော့ခ်ျဒဗလျူဘုရှ်၏သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအတွက်လှူဒါန်းခဲ့သောနိုင်ငံရေးကာကွယ်ရေးကုမ္ပဏီများဖြစ်သောအမေရိကန်ကာကွယ်ရေးကန်ထရိုက်များ၊ Center for Public Integrity တို့ကအစီရင်ခံစာများတွင်အသုံးစရိတ်များကိုခြေရာခံနေခဲ့သည်။ စစ်ပွဲ၏ပြသနာများ။ တစ်ခု ခိုင်မာသော အီရတ်ဝန်ကြီးဌာနများအားအကြံပေးရန်ကူညီရန်ငှားရမ်းထားသော ၀ န်ထမ်းတစ် ဦး မှာကာကွယ်ရေးလက်ထောက်လက်ထောက်တစ် ဦး ၏ခင်ပွန်းဖြစ်သည်။ မစ္စတာဘုရ်ှနှင့်သူ၏မိတ်ဆွေများအတွက်အီရတ်နှင့်အာဖဂန်နစ္စတန်စစ်ပွဲများသည်များစွာအောင်မြင်ခဲ့ပါသည်။ သူက TV မှာခက်ခဲတဲ့ကောင်လေးတစ်ယောက်နဲ့ကစားခွင့်ရခဲ့တယ်။ သူသည်စစ်အာဏာရှင်သမ္မတဖြစ်လာပြီး၎င်းအားပြန်လည်ရွေးကောက်တင်မြှောက်ရန်ကူညီပေးခဲ့သည်။ လူတို့သည်အီရတ်စစ်ပွဲသည်မှားယွင်းသောဟန်ဆောင်မှုများနှင့်ဆင်နွှဲခဲ့ကြပြီးအာဖဂန်နစ္စတန်တွင်စစ်ပွဲသည်ဂုဏ်ယူစရာထွက်ရန်အစီအစဉ်မရှိကြောင်း၊ ၎င်းသည်နောက်ကျသွားပြီ။ အာဖဂန်နစ္စတန်စစ်ပွဲနှင့် ပတ်သက်၍ ထင်ရှားသောအရာသည်၎င်းနည်းလမ်းဖြစ်သည် ဖြစ်လာခဲ့သည် အာဖဂန်စီးပွားရေး အနည်းဆုံးအီရတ်မှာရေနံရှိတယ်။ အာဖဂန်နစ္စတန်တွင်စစ်ပွဲသည်ဘိန်းကုန်သွယ်မှုမှ လွဲ၍ အခြားစီးပွားရေးလုပ်ငန်းတိုင်းကိုကျဆင်းစေခဲ့သည်။ ဆယ်စုနှစ်နှစ်ခုကျော်အတွင်းအမေရိကန်အစိုးရ ကုန် ပြန်လည်ထူထောင်ရေးနှင့်အကူအညီများအတွက်ဒေါ်လာ ၁၄၅ ဘီလျံနှင့်ဂျီဒီပီအကြားလွှမ်းခြုံနေသောနိုင်ငံတစ်နိုင်ငံတွင်စစ်ပွဲများအတွက်နောက်ထပ်ဒေါ်လာ ၈၃၇ ဘီလီယံ $ 4 ဘီလီယံနှင့် $ 20 ဘီလီယံ တစ်နှစ်လျှင်။ နိုင်ငံအတွင်းနိုင်ငံခြားတပ်များအရေအတွက်မြင့်တက်လာသည်နှင့်အမျှစီးပွားရေးတိုးတက်မှုလည်းမြင့်တက်လာသည်။ အဲဒါကို မြင့်တက် ၂၀၀၉ ခုနှစ်သမ္မတအိုဘားမား၏အရှိန်အဟုန်မြင့်တက်နေစဉ်နှစ်နှစ်အကြာတွင်မဲဆွယ်မှုများကျဆင်းသွားသည်။ သူတို့ကဒီငွေတွေကိုသူတို့အစီအစဉ်အတိုင်းရေရှည်စီမံကွပ်ကဲနိုင်ခဲ့ရင်သာမန်အာဖဂန်တွေဘာလုပ်နိုင်ခဲ့သလဲဆိုတာတွေးကြည့်ပါ။ ဒါပေမယ့်ကံမကောင်းစွာနဲ့ ၀ ါရှင်တန်မှာမူဝါဒချမှတ်သူတွေကငွေကိုတံခါးရဲ့တွန်းထုတ်မှုမှာအလျင်အမြန်တွန်းထုတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ပိုက်ဆံသုံးတာအောင်မြင်ခြင်းရဲ့အနည်းစုထဲကတစ်ခုပါ။ ငွေများသည်နှလုံးသားနှင့်စိတ်ကိုအနိုင်ရရန်လုံခြုံရေး၊ တံတားများနှင့်ဓာတ်အားပေးစက်ရုံများကို ၀ ယ်ရန်ရည်ရွယ်သည်။ ဒါပေမယ့်ငွေသားပမာဏကတိုင်းပြည်ကိုအဆိပ်သင့်စေခဲ့ပြီးအဲဒါတွေကိုသုံးခွင့်မရတဲ့သူတွေကိုဆွဲဆောင်ပြီးအဲဒါကိုလုပ်ခဲ့တဲ့သူတွေကြားမှာပြိုင်ဘက်တွေကိုဖယ်ထုတ်ပစ်လိုက်တယ်။ အာဖဂန်နစ္စတန်ပြန်လည်တည်ဆောက်ရေးအတွက်အထူးစစ်ဆေးရေးအရာရှိချုပ်က" သုံးစွဲတဲ့ငွေဟာအာဖဂန်နစ္စတန်ကစုပ်ယူနိုင်တာထက်အများကြီးပိုပါတယ် နောက်ဆုံးအစီရင်ခံစာမရ။ " အခြေခံယူဆချက်မှာအဂတိလိုက်စားမှုသည်အာဖဂန်လူမျိုးများကဖန်တီးခဲ့ခြင်းဖြစ်ပြီးအလှူရှင်များ၏ကြားဝင်ဆောင်ရွက်ပေးမှုသည်အဖြေဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည်အကျင့်ပျက်ခြစားမှုကိုအလွန်အကျွံသုံးစွဲခြင်းနှင့်ကြီးကြပ်ကွပ်ကဲမှုမရှိခြင်းတို့ကြောင့်အကျင့်ပျက်ခြစားမှုကိုတွန်းအားပေးနေကြောင်းသဘောပေါက်ရန်နှစ်ပေါင်းများစွာကြာလိမ့်မည်။ " ရလဒ်သည်ကာစီနိုတစ်ခုနှင့်တစ်ခုကဲ့သို့ပိုမိုလည်ပတ်နေသောစိတ်ကူးယဉ်စီးပွားရေးတစ်ခုဖြစ်ခဲ့သည် Ponzi အစီအစဉ် နိုင်ငံတစ်ခုထက် မင်းအမေရိကန်တွေ ၀ ယ်ချင်တဲ့အရာတွေကိုရောင်းရင်းများချမ်းသာကြွယ်ဝတဲ့စက်ရုံ (သို့) ကောက်ပဲသီးနှံတွေဘာလို့စိုက်တာလဲ။ တာလီဘန်တို့ကိုတိုက်ခိုက်ဖို့သူတို့ကိုငွေမပေးနိုင်တဲ့အခါဘာကြောင့်တိုက်ရတာလဲ။ ထိုငွေသည်စစ်ပွဲ၏လှည့်လည်နေသောတံခါးကိုလောင်စာဖြည့်စေပြီး၎င်းအားတိုက်ခိုက်ရန်ရည်ရွယ်သောစစ်သွေးကြွများကိုကြွယ်ဝစေသည်၊ ၎င်းတိုက်ခိုက်မှုများသည်အသုံးစရိတ်သစ်များကိုတရားမျှတစေသည်။ ဒေါ်လာ ၁၀၆ ဘီလျံတန်ဖိုးရှိပင်တဂွန်စာချုပ်များကိုခွဲခြမ်းစိတ်ဖြာသောစစ်မှုထမ်းစာရင်းကိုင်တစ် ဦး သည်ခန့်မှန်းခြေအားဖြင့်ငွေ၏ ၄၀ ရာခိုင်နှုန်းသည်" သောင်းကျန်းသူများ၊ ရာဇ ၀ တ်ဂိုဏ်းများသို့မဟုတ်အကျင့်ပျက်အာဖဂန်အရာရှိများ" ၏ခန့်မှန်းချက်များအရသိရသည်။ အဆိုပါဝါရှင်တန်ပို့စ်. လူမှုရေးသိပ္ပံပညာရှင်များသည်ပြင်ပမှ ၀ င်ငွေမမှီခိုနိုင်သောနိုင်ငံများအတွက်နာမည်တစ်ခုရှိသည်။ ငှားရမ်းသောပြည်နယ်များမရ။ ၎င်းကိုအများအားဖြင့်ရေနံထုတ်လုပ်သောနိုင်ငံများအတွက်သုံးလေ့ရှိသော်လည်းယခုအခါအာဖဂန်နစ္စတန်သည်အစွန်းရောက်ဥပမာတစ်ခုအဖြစ်ပေါ်လွင်နေသည်။ အစီရင်ခံစာ အာဖဂန်နစ္စတန်လေ့လာသုံးသပ်သူများကွန်ရက်မှ Kate Clark ကဒီမိုကရေစီတည်ဆောက်ရန်ကြိုးပမ်းမှုများကိုအာဖဂန်နစ္စတန်၏အငှားစီးပွားရေးကမည်သို့ယိုင်လဲစေကြောင်းဖော်ပြထားသည်။ အခွန်သည်နိုင်ငံခြားသားများထံမှငွေများစီးဆင်းလာသောကြောင့်ခေါင်းဆောင်များသည်၎င်းတို့၏နိုင်ငံသားများထက်အလှူရှင်များကိုတုံ့ပြန်ခဲ့ကြသည်။ အာဖဂန်အဂတိလိုက်စားမှုအကြောင်းအစီရင်ခံစာတွေရေးဖို့ဥရောပအတိုင်ပင်ခံတစ် ဦး နဲ့ကဘူးလ်မှာနေ့လယ်စာစားတဲ့နေ့မှာအာဖဂန်နစ္စတန်မှာစစ်ပွဲတွေကလမ်းပေါ်မှာကျဆုံးသွားပြီဆိုတာငါသိခဲ့တယ်။ သူအခုမှရောက်တာ၊ ဒါပေမယ့်သူလုပ်ရမယ့်အရာတွေအကြောင်းကိုစိတ်ကူးတွေအများကြီးရှိပြီး - လုပ်သက်ပေါ်မူတည်ပြီးအာဖဂန်အစိုးရ ၀ န်ဆောင်မှုကိုဖယ်ရှားပစ်ဖို့အပါအ ၀ င်စိတ်ကူးတွေအများကြီးရှိတယ်။ သူကသူ့တိုင်းပြည်မှာဒီလိုအကြံဥာဏ်မျိုးဘယ်တော့မှရနိုင်မယ်မထင်ဘူး။ သို့သော်ကဘူးလ်တွင်သူ၏စိတ်ကူးများကိုလက်ခံရယူရန်ပစ်မှတ်ထားခဲ့သည်။ သူ့အတွက်အာဖဂန်နစ္စတန်ဟာမအောင်မြင်ခဲ့ဘူး၊ ဒါပေမယ့်တောက်ပတဲ့နေရာတစ်ခုပါ။ အာဖဂန်လူမျိုးများသည်ယခုပင်ထောက်ခံမှုမထိုက်တန်ဟုပြောရန်ဤအရာတစ်ခုမှမရှိပါ။ သူတို့ဘာလုပ်မလဲ။ ဒါပေမယ့်ဒီထက်အများကြီးပိုအောင်မြင်နိုင်ပါတယ် အသုံးစရိတ်ပိုနည်းတယ် ပိုစဉ်းစားနည်းမှာ တာလီဘန်တွေသိမ်းပိုက်တဲ့စစ်ပွဲအကြောင်းဘာပြောလဲ။ စစ်တပ်တစ်ခု ၀ ယ်ယူလို့မရဘူးဆိုတာသက်သေပြတယ်။ သင်ခဏငှားနိုင်သည်။ ငွေ spigot ကိုပိတ်လိုက်သည်နှင့်အာဖဂန်နစ္စတန်၏ကျွန်ုပ်တို့၏မျှော်မှန်းချက်အတွက်တိုက်ပွဲဝင်ရန်မည်မျှပတ်လည်ဝိုင်းနေသနည်း။ Gul Agha Sherzai, စစ်ဘုရင်ဘက်လှည့်အုပ်ချုပ်ရေးမှူးမဟုတ်ပါ။ သူသည်တာလီဘန်များအပေါ်သစ္စာခံမည်ဟုကတိပေးခဲ့သည်ဟုသိရသည်။ # အကျင့်ပျက်ခြစားမှု # စစ်ရေးအသုံးစရိတ် #ကြောက်လန့်သောစစ်ပွဲ လက်သည်းပြmနာ: မျိုးချစ်စိတ်နှင့်ကူးစက်ရောဂါ မတ်လ 24, 2020 အင်္ဂါရပ်များ, သဘော 1 ငြိမ်းချမ်းရေးနှင့်တရားမျှတမှုလှုပ်ရှားမှုများမှလူအများကဤအရေးကြီးသောအချိန်ကိုပိုမိုကောင်းမွန်သောအနာဂတ်အတွက်ကျွန်ုပ်တို့၏လမ်းစဉ်ကိုရောင်ပြန်ဟပ်ရန်၊ စီစဉ်ရန်နှင့်လေ့လာရန်အတွက်တောင်းဆိုခဲ့ကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ကျွန်ုပ်တို့မှငြိမ်းချမ်းရေးပညာရှင်များမှထည့်ဝင်မည့်အရာတစ်ခုမှာငြိမ်းချမ်းရေးဘာသာဗေဒနှင့်အမျိုးသမီးရေးလှုပ်ရှားသူများသည်ကျွန်ုပ်တို့အာရုံကိုအာရုံစူးစိုက်ရန်ဆွဲဆောင်ရန်နှစ်ပေါင်းများစွာကြိုးစားခဲ့သောအခြားဘာသာစကားများနှင့်ဥပစာစကားများအတွက်ဖြစ်နိုင်ချေများကိုရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ [ဆက်ဖတ်ရန် ... ] မတ်လ 15, 2021 လှုပ်ရှားမှုအစီရင်ခံစာများ 0 လူငယ်အာရုံစူးစိုက် PeaceSpeak ကိုမိတ်ဆက် အောက်တိုဘာလ 27, 2015 လူငယ်အာရုံစူးစိုက် 0 PeaceSpeak သည်လူငယ်များအတွက်ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေးနှင့်စစ်ရေးအသုံးစရိတ်အပေါ်သူတို့၏ထင်မြင်ချက်များကိုမျှဝေရန်ဖိုရမ်တစ်ခုဖြစ်သည်။ မည်သည့်အလတ်စားအတွက်တင်သွင်းကြိုဆိုသည်။ PeaceSpeak သည်အပြည်ပြည်ဆိုင်ရာနှင့် တွဲဖက်၍ အလုပ်လုပ်သည် [ဆက်ဖတ်ရန် ... ] [ဆက်ဖတ်ရန် ... ]
2021/10/27 11:05:22
https://www.peace-ed-campaign.org/my/the-windfalls-of-war-corruption-is-integral-to-the-institution/
mC4
ဒီကနေ့မှာကျရောက်တဲ့ စိုပြေမြင့်ရဲ့မွေးနေ့ကို Surprise လုပ်ပေးခဲ့ကြတဲ့ ကျော်ထက်ဇော်၊ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်းနဲ့သွန်းသစ္စာဇော် - Thutastar Skip to content Thutastar Menu Menu Home About Privacy Policy Terms of Service Email ဒီကနေ့မှာကျရောက်တဲ့ စိုပြေမြင့်ရဲ့မွေးနေ့ကို Surprise လုပ်ပေးခဲ့ကြတဲ့ ကျော်ထက်ဇော်၊ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်းနဲ့သွန်းသစ္စာဇော် October 8, 2022 by Thutastar ပရိသတ်ကြီးရေ စိုပြေမြင့်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ စိုပြေမြင့်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ်ပါတယ်။ သူ့ရဲ့အပြင်က ပုံစံကတော့ ပျော်ပျော်နေတတ်ပြီး ခင်မင်တတ်တာမို့ အနုပညာအသိုင်းအဝိုင်းရဲ့ ချစ်ရသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ အထူးသဖြင့် စိုပြေမြင့်ကို MRTV 4 သရုပ်ဆောင်တွေဖြစ်တဲ့ ခေးဆက်သွင်၊ သွန်းသစ္စာဇော်တို့နဲ့ အမြဲတမ်း တွဲမြင်ရမှာဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၆) ရက်နေ့ကတော့ စိုပြေမြင့်ရဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စိုပြေမြင့်ရဲ့ မွေးနေ့အတွက် သူငယ်ချင်းတွေဖြစ်တဲ့ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်း၊ ကျော်ထက်ဇော်နဲ့ သွန်းသစ္စာဇော် တို့က မွေးနေ့ Surprise လုပ်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် စိုပြေမြင့်ရဲ့မွေးနေ့က ပျော်ရွှင်စရာ အမှတ်တရလေးကို မျှဝေပေးလိုက်ပါတယ်နော်။ စိုပြေမြင့်ကတော့ မွေးနေ့မှာချစ်ရတဲ့ သူငယ်ချင်းတွေရဲ့ မထင်မှတ်ထားတဲ့ Surprise ကြောင့် အရမ်းဝမ်းသာသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုပြေမြင့်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားကြမယ်ထင်ပါတယ်။ Source: So Pyay Myint’s fb Credit ပရိသတျကွီးရေ စိုပွမွေငျ့ကတော့ MRTV – 4 ရုပျသံဇာတျလမျးတှဲတှထေဲမှာ ပါဝငျသရုပျဆောငျခဲ့ပွီး ပရိသတျတှရေဲ့ ခဈြခငျအားပေးမှုကို အပွညျ့အဝရရှိထားခဲ့တဲ့ ပရိတျအခဈြတျောတဈယောကျပဲဖွဈပါတယျ။ စိုပွမွေငျ့ကတော့ ကရြာဇာတျရုပျတိုငျးကို ပီပွငျအောငျ သရုပျဆောငျနိုငျတဲ့ သူလညျးဖွဈပါတယျ။ သူ့ရဲ့အပွငျက ပုံစံကတော့ ပြျောပြျောနတေတျပွီး ခငျမငျတတျတာမို့ အနုပညာအသိုငျးအဝိုငျးရဲ့ ခဈြရသူလေးတဈယောကျဆိုလညျး မမှားပါဘူး။ အထူးသဖွငျ့ စိုပွမွေငျ့ကို MRTV 4 သရုပျဆောငျတှဖွေဈတဲ့ ခေးဆကျသှငျ၊ သှနျးသစ်စာဇျောတို့နဲ့ အမွဲတမျး တှဲမွငျရမှာဖွဈပါတယျ။ မနကေ့ အောကျတိုဘာလ (၆) ရကျနကေ့တော့ စိုပွမွေငျ့ရဲ့မှေးနလေ့ေးပဲ ဖွဈပါတယျ။ စိုပွမွေငျ့ရဲ့ မှေးနအေ့တှကျ သူငယျခငျြးတှဖွေဈတဲ့ ခေးဆကျသှငျ၊ နနျးစန်ဒာလှထှနျး၊ ကြျောထကျဇျောနဲ့ သှနျးသစ်စာဇျော တို့က မှေးနေ့ Surprise လုပျခဲ့ကွတာကို အခုလိုပဲ တှရေ့ပါတယျ။ ပရိသတျကွီးအတှကျ စိုပွမွေငျ့ရဲ့မှေးနကေ့ ပြျောရှငျစရာ အမှတျတရလေးကို မြှဝပေေးလိုကျပါတယျနျော။ စိုပွမွေငျ့ကတော့ မှေးနမှေ့ာခဈြရတဲ့ သူငယျခငျြးတှရေဲ့ မထငျမှတျထားတဲ့ Surprise ကွောငျ့ အရမျးဝမျးသာသှားခဲ့တာပဲ ဖွဈပါတယျ။ ပရိသတျကွီးလညျး စိုပွမွေငျ့ရဲ့ ဗီဒီယိုလေးကိုကွညျ့ပွီး အပြျောတှကေူးစကျသှားကွမယျထငျပါတယျ။ Source: So Pyay Myint’s fb Credit Categories ကြားသိရသမျှ သူမနဲ့လက်ရှိတွဲနေတဲ့ ချစ်သူချောချောလေးကိုမြင်ပြီး အားလုံးအံ့သြသွားရအောင် ထုတ်ကြွားလိုက်တဲ့ ညီညီမောင်(စမ်းချောင်း) ကျောင်းတတ်တဲ့အရွယ်လူပျိုပေါက်စလေးဖြစ်လာတော့ စတိုင်ကမိမိုက်နေပြီဖြစ်တဲ့ မြင့်မြတ်ရဲ့သားကြီးမြတ်သူရဲ့ပုံရိပ်များ Leave a Comment Cancel reply Comment Name Email Website Save my name, email, and website in this browser for the next time I comment. သူနာပွုဆရာမတဈဦးဖွဈသျောလညျး ဝတျစားထားသညျ့ပုံစံကွောငျ့ မနျနဂြောကရုံးခနျထဲသို့ချေါဆောငျပွီး … ကြောငျးသားမြားက အပွိုငျအဆိုငျဖွငျ့ စာကွိုးစားခငျြစိတျဖွဈပျေါလာစရေနျ ဆုရရှိသူမြားကို… ခွထေောကျတဈဖကျဆုံးရှုံးခဲ့ရသျောလညျး ဘဝကိုအရှုံးမပေးဘဲ ဆရာဝနျဘှဲ့ရအောငျကွိုးစားခဲ့ပွီးနောကျ ဝါသနာပါသညျ့ ခဈြသူက တခွားကောငျနှငျ့ ဟျောတယျမှထှကျလာတာကို တှလေို့ကျရတာကွောငျ့ ဒူးထောကျကာ လမျးခှဲခှငျ့တောငျးပွီး နောကျရညျးစားအား
2022-11-27T12:50:04Z
https://thutastar.net/3042/
OSCAR-2301
နေထိုင်မှု စရိတ် အကြီးဆုံး နိုင်ငံ ၅၀တွင် မြန်မာနိုင်ငံက ၃၅ နေရာ၌ ဆွတ်ခူးရရှိ ~ The ICT.com.mm Blog နေထိုင်မှု စရိတ် အကြီးဆုံး နိုင်ငံ ၅၀တွင် မြန်မာနိုင်ငံက ၃၅ နေရာ၌ ဆွတ်ခူးရရှိ အမေရိကန် အခြေစိုက် Mercer: Consulting, Outsourcing & Investment လုပ်သည့် ကုမ္ပဏီ၏ စစ်တမ်းအရ မြန်မာနိုင်ငံသည် 2011 ခုနှစ်တွင် ကမ္ဘာ့နေထိုင်စရိတ် ဈေးအကြီးဆုံးနိုင်ငံများထဲတွင် အဆင့် (၇၀)သာ ရှိခဲ့ရာမှ ၂၀၁၂တွင် အဆင့် (၃၅) နေရာသို့ တက်ရောက်ဆွတ်ခူးနိုင်ခဲ့ကြောင်း ၄င်းတို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။ Cost of Living 2012လို့ အမည်ပေးထားတဲ့ စစ်တမ်းမှာ ရှင်းပြထားသည့် အချက်အလက်များအရ ထိုစစ်တမ်းသည် ကမ္ဘာ့တိုက်ကြီး ၅ ခုမှ နိုင်ငံပေါင်း ၂၁၄ နိုင်ငံကို စာရင်းပြုစုထားကြောင်း သိရသည်။ ထိုနိုင်ငံအားလုံးမှ နေထိုင်စရိတ် နှိုင်းယှဉ်ရာတွင် အမေရိကန်နိုင်ငံ New York မြို့ကို စံထားပြီး နှိုင်းယှဉ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုင်းမှာ ၀ယ်ယူရရှိနိုင်သည့် ပစ္စည်းအမျိုးပေါင်း 200 ကျော်အပေါ်မှာ နေထိုင်စရိတ်ကို သုံးသပ်လေ့လာပြီး၊ နိုင်ငံတစ်နိုင်ငံစီ၏ သယ်ယူပို့ဆောင်ရေးစရိတ်၊ အစားအသောက်၊ အ၀တ်အထည်၊ အိမ်သုံးပစ္စည်း၊ Entertainment လုပ်ဖို့အတွက် စရိတ်စကများကိုပါ ထည့်သွင်း စဉ်းစားနှိုင်းယှဉ်သည်ဟု ဆိုသည်။ နိုင်ငံအလိုက် အဆင့်တွေကို အဓိက ဆုံးဖြတ်တဲ့နေရာမှာတော့ နိုင်ငံတိုင်းမှာရှိတဲ့ အိမ်ယာ၊ တိုက်ခန်းတွေ၏ ၀ယ်ယူ၊ ငှားရမ်းနှုန်းထားများဖြစ်ကြောင်းလည်း ထပ်မံဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ကမ္ဘာ့နေထိုင်စရိတ် အကြီးဆုံးမြို့မှာ ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုဖြစ်ပြီး အသက်သာဆုံးမြို့ကတော့ ပါကစ္စတန်ရှိ ကရာချီမြို့ ဖြစ်ကြောင်း တင်ပြထားသည်။
2021/02/25 16:16:00
https://blog.ict.com.mm/habitation-high-level-50-countrys-has-been-myanmar-country-is-level-35/
mC4
မြို့နယ်လေးမြို့နယ်မှာ မဲမသမာမှု (၇) သောင်းခွဲနီးပါး ရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန် — မြန်မာဌာန မြို့နယ်လေးမြို့နယ်မှာ မဲမသမာမှု (၇) သောင်းခွဲနီးပါး ရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန် ၂ဝ၂ဝ ဒီဇင်ဘာ ၂၃ ရက်နေ့က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား တက်ရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့။ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ (၃၄၇၁၀) မဲ ရှိခဲ့ပြီး၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း (၃၉၅၉၆) မဲ ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မန္တလေးတိုင်းအတွင်းက အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ ကချင်ပြည်နယ်က တနိုင်းမြို့နယ်၊ စုစုပေါင်း လေးမြို့နယ်မှာ မဲပေးခဲ့တဲ့ အခြေအနေတွေကို ပြန်စစ်ဆေးပြီး ကနဦးတွေ့ရှိချက်တွေအဖြစ် တပ်မတော်က ထုတ်ပြန်လိုက်တာပါ။ တပ်မတော်က တွေ့ရှိတဲ့ မဲသမာမှုဖြစ်နိုင်တဲ့ စာရင်းတွေထဲမှာ အသက် (၁၈) နှစ် မပြည့်သူတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေ မဲစာရင်းမှာ ပါဝင်နေတာကို ထောက်ပြထားပါတယ်။ ဒါ့ပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်တစ်ခုတည်းနဲ့ အမည်လွဲနေတာ၊ မိဘအမည် အသက်လွဲနေတာတွေကို အသုံးပြုပြီး တစ်ကြိမ်ထက်ပို မဲပေးခဲ့တာတွေ ရှိတယ်လို့လည်း အရေအတွက်နဲ့တကွ ထောက်ပြထားပါတယ်။ ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ သိနိုင်ဖို့ တပ်မတော်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ် (၂၁၈) မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည် စိစစ်နေတယ်ဆိုပြီး တပ်မတော်က ကြေညာထားတာပါ။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတော်သမ္မတမှာ တာဝန်အရှိဆုံးလို့ တပ်မတော်က ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲ တရားမမျှတဘူးဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲသမာမှုပေါင်း (၁၀၀၀) ကျော် တိုင်ကြားထားပါတယ်။
2021/05/08 08:36:18
https://www.rfa.org/burmese/news/army-statement-on-election-fraud-12232020110338.html
mC4
မြန်မာအသင်းပါဝင်ယှဉ်ပြိုင်ရမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ COVID-19 ကြောင့် ရွှေ့ဆိုင်း | Standard Time Daily မြန်မာအသင်းပါဝင်ယှဉ်ပြိုင်ရမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ COVID-19 ကြောင့် ရွှေ့ဆိုင်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါကြောင့် အာဆီယံဒေသတွင်း အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်သည့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှသာကျင်းပရန် ရွှေ့ဆိုင်းလိုက်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်ထံမှသိရသည်။ ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှစတင်ကာ (၂) နှစ်တစ်ကြိမ် ကျင်းပနေခြင်းဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ်အတွက် ပြိုင်ပွဲကို နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၁ ခုနှစ်မှသာကျင်းပရန် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ ပြန်လည်ကျင်းပမည့်ရက်စွဲကိုမူ ရေးဆွဲရခြင်းမရှိသေးကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်ထံမှ စုံစမ်းသိရသည်။ အဆိုပါပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းမှာ ထိုင်းအသင်းဖြစ်ပြီး ချန်ပီယံဆု (၅) ကြိမ် ရရှိထားကာ မြန်မာအသင်းမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်ပြိုင်ပွဲများတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဓာတ်ပုံ – AFF Suzuki Cup Previous articleသားဖြစ်သူကို ချစ်သူက ရက်ရက်စက်စက် သတ်ခဲ့မှုအား မျက်ကွယ်ပြုခဲ့သော မိခင်၏ ထောင်ဒဏ် ပေါ့လျော့နေ၍ ဝေဖန်စရာဖြစ်နေ Next articleကမ္ဘောဒီးယားတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံ‌တွေ့နေရသော မြန်မာနိုင်ငံသား(၇၀)ဦးအား ပြန်လည်ခေါ်ဆောင်
2020/08/14 14:28:45
http://sdtimedaily.com/2020/07/31/zm01-230/
mC4
မြန်မာနိုင်ငံတောင်ပိုင်း ဖွံ့ ဖြိုးရေးစီမံကိန်း USAID က ကန်ဒေါ်လာ ၄၈ သန်း ကူညီ မြန်မာနိုင်ငံတောင်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ငါးနှစ် စီမံကိန်းအသစ်အတွက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က အမေရိကန် ဒေါ်လာ ၄၈ သန်းကူညီမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းက ထုတ်ပြန်သည်။ ယင်းစီမံကိန်းသည် USAID က အကောင်အထည်ဖော် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်း လူမှုအသိုက်အဝန်း စွမ်းရည်မြှင့်တင်မှု တိုးတက်ရေး ဆောင်ရွက်နေမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကယားပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ကျန်းမာရေး၊ ပညာရေး၊ ရေနှင့် ရေသန့်ရှင်းရေး ကဏ္ဍတို့ကို မြှင့်တင်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးပွားခြင်းဖြင့် လူမှုအသိုက်အဝန်းများကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်မည့် စီမံကိန်းဖြစ်သည်။ "ဒီစီမံကိန်းအသစ်မှာ ၂၀၁၁ ခုနှစ်ကစတင်ပြီး ရှေ့သို့စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အောင်မြင်ခဲ့တဲ့ နည်းလမ်းတွေကို အသုံးချသွားမှာ ဖြစ်ပါတယ်"ဟု Pact မြန်မာ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr.Richard Harrison ၏ ပြောကြားချက်ကို ထုတ်ပြန်ချက်၌ ဖော်ပြသည်။ အဆိုပါ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင်း လူမှုအသိုက်အဝန်း စွမ်းရည် မြှင့်တင်မှု တိုးတက်ရေးစီမံကိန်းကို Pact မြန်မာ၊ Community Partners International, Mercy Corps နှင့် Save the Children အဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။ ပုပ်ရဟန်းမင်းကြီးလှူဒါန်းငွေ ဘူးသီးတောင်နှင့် မောင်တောမြို့များ၏ စီမံကိန်းများတွင်သုံးမည် ချောက်မြို့ ဖွံ့ဖြိုးတိုးတက်ရေး တိုင်းအစိုးရ ရန်ပုံငွေဖြင့် တစ်နှစ်လျှင် ကျပ်သိန်းတစ်ထောင်သုံး၍ လုပ်ဆောင်မည်
2018/12/13 20:51:18
http://thevoicemyanmar.com/news/17723-mtp
mC4
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာရပ်ပြည်နယ် ရှီရင်းတာဂတ်ခရိုင် ရှိ တာလီဘန်တို့၏စခန်းများကို လုံခြုံရေးတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၆ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Nasratullah Jamshidi ကပြောကြားခဲ့သည်။ Jamshidi က ထောက်လှမ်းရေးသတင်းရရှိမှုအပေါ် မူတည်၍ ဒီဇင်ဘာ ၁၉ရက် နံနက်အစောပိုင်းတွင် ရှီရင်းတာဂတ်ခရိုင် တော်ဂူလ်ရွာရှိ တာလီဘန်စစ်သွေးကြွတို့ ပုန်းခိုနေသည့် စခန်းတစ်ခုအား လေကြောင်းမှပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အခင်းဖြစ်ပွားရာ၌ပင် စစ်သွေးကြွ ၆ဦးသေဆုံးပြီး ပုန်းအောင်းရာ နေရာမှ စစ်သွေးကြွတို့၏ လက်နက်ခဲယမ်းများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရှီရင်းတာဂတ်ခရိုင်ရှိ ဧရိယာအများအပြားတွင် လွန်ခဲ့သည့် ရက်အနည်းငယ်၌ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၈ဦး နှင့် လုံခြုံရေးဝန်ထမ်း ၅ဦး အပါအဝင် လူ ၁၃ဦး ဒီဇင်ဘာ ၁၈ရက်ကသေဆုံးခဲ့ကြောင်း သိရသည်။
OSCAR-2019
ဂါဝန်ဝတ်မယ့် သတို့ သမီးလေးတွေ အတွက်ဆံထုံးပုံလှလှလေးများ - Wedding Guide ဒီတစ်ခါတော့ထိုင်မသိမ်းမ၀တ်ဘဲ ဂါဝန်ဝတ်မယ့် သူတို့ သမီးလေးတို့ အတွက် ဆံထုံးပုံစံလှလှ လေးတွေ ကို ဖော်ပြ ပေးလိုက်ပါတယ်နော်။ သတို့ သမီးလေး တွေ က ဆံထုံးပုံစံရွေးချယ်တဲ့ အခါ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မယ့် ဆံထုံးပုံစံကို ရွေးချယ်ရပါမယ်။ ဘဲဥ ပုံမျက်နှာမျိူးရှိတဲ့ သူဆိုရင်တော့ ကိုယ့် မျက်နှာလေး ပေါ်နေစေမယ့် ဆံထုံးမျိူးကိုရွေးချယ်ပါ။ လေးထောင့်ပုံ ကျတဲ့ မျက်နှာပိုင်ရှင်တွေက တော့ အရှေ့ ဆံမိတ်လေး ဘေးစောင်း ချထားတဲ့ ပုံစံ ဆံထုံးကို ရွေးချယ်သင့်ပါတယ်။ အောက်က လင့်လေးထဲမှာလဲ hair stylist & make up artist တွေရဲ့ ဖုန်းနံပါတ်နဲ့ ဆက်သွယ်လို့ရမယ့် လိပ်စာတွေ ရှိပါတယ်နော်။
2019/11/17 12:29:22
https://www.weddingguide.com.mm/wedding-plan/fashion-accessories/item/2008-2019-07-01-04-25-36.html
mC4
Anniversary လက်ဆောင်ကို ကားနောက်ဖုံးမှာ ပန်းတွေထည့်ပြီး လက်ဆောင်ပေးတဲ့ ချစ်သူကြောင့် ရင်ခုန်ကြည်းနူးသွားခဲ့ရတဲ့ စံရတီမိုးမြင့် – Cele Top Stars Skip to navigation Skip to content Cele Top Stars Menu Home Contact Us Privacy Policy News Knowledge Celebrity Anniversary လက်ဆောင်ကို ကားနောက်ဖုံးမှာ ပန်းတွေထည့်ပြီး လက်ဆောင်ပေးတဲ့ ချစ်သူကြောင့် ရင်ခုန်ကြည်းနူးသွားခဲ့ရတဲ့ စံရတီမိုးမြင့် January 4, 2021 By admin 2 Knowledge ချစ်ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ချိုသာတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသမီး စံရတီမိုးမြင့်ကတော့ အချိုးအစားကျတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ ကြွေလောက်တဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ စံရတီမိုးမြင့်ကတော့ သဘာဝကျကျလှပသူလေးဖြစ်ပြီး ပရိသတ်တွေကလည်း ခေါင်းအစ ခြေအဆုံး အပြစ်ရယ်လို့ ဆိုဖွယ်ရာမရှိတာကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးခြင်းကို အခိုင်အမာရရှိထားသူလေးတစ်ယောက်ပါပဲ။ မိန်းမလှလေးတစ်ယောက်ပီပီ ချစ်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ စံရတီမိုးမြင့်က သူမမှာ ချစ်သူရှိတဲ့အကြောင်းကို ပရိသတ်တွေကို အရိပ်အမြွတ်လေးပြောထားပြီးသူတစ်ယောက် ဖြစ်ပါတယ်။ စံရတီမိုးမြင့်က ချစ်သူရဲ့ ဓာတ်ပုံကို တရားဝင်ထုတ်ပြခြင်းမရှိပေမယ့် သူမချစ်သူနဲ့ ပက်သတ်တဲ့ အမှတ်တရတွေကိုတော့ ချပြတတ်သူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း စံရတီမိုးမြင့်က ကားနောက်ဖုံးထဲ ပန်းတွေထည့်ပြီးလက်ဆောင်ပေးတဲ့ ချစ်သူရဲ့ Anniversary လက်ဆောင်လေးကြောင့် ရင်ခုန်ကြည်နူးသွားခဲ့ရကြောင်း “1️⃣1️⃣ 🤍❤️” ဆိုတဲ့ ကပ်ပရှင်လေးနဲ့ သူမရဲ့ အပျော်တွေကို မျှဝေပေးလာပါတယ်။ သရုပ်ဆောင်မင်းသမီး စံရတီမိုးမြင့်ကတော့ မိန်းကလေးတစ်ယောက်ပီပီ သူမကို မြတ်နိုးတန်ဖိုးထားတဲ့ အမျိုးသားဆီက ဂရုစိုက်ခြင်းခံရတဲ့အခါ တော်တော်လေး ဝမ်းသာပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းသူလေး စံရတီမိုးမြင့်ကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။ Source: San Yati Moe Myint ‘s fb Credit – Cele Connections ခဈြပရိသတျကွီးရေ ခဈြစရာကောငျးတဲ့မကျြနှာလေးနဲ့ ခြိုသာတဲ့အပွုံးလေးတှကေို ပိုငျဆိုငျထားတဲ့ သရုပျဆောငျ မငျးသမီး စံရတီမိုးမွငျ့ကတော့ အခြိုးအစားကတြဲ့ ခန်တာကိုယျအခြိုးအစားနဲ့ ကွှလေောကျတဲ့ အမူအယာလေးတှကွေောငျ့ ပရိသတျတှရေဲ့ခဈြခငျခွငျးကို အပွညျ့အဝရရှိထားတာပဲ ဖွဈပါတယျ။ စံရတီမိုးမွငျ့ကတော့ သဘာဝကကြလြှပသူလေးဖွဈပွီး ပရိသတျတှကေလညျး ခေါငျးအစ ခွအေဆုံး အပွဈရယျလို့ ဆိုဖှယျရာမရှိတာကွောငျ့ ယောကျြားလေးပရိသတျတှသောမက မိနျးကလေးပရိသတျတှရေဲ့ အားပေးခွငျးကို အခိုငျအမာရရှိထားသူလေးတဈယောကျပါပဲ။ မိနျးမလှလေးတဈယောကျပီပီ ခဈြတဲ့သူတှေ ဝိုငျးဝိုငျးလညျနတေဲ့ စံရတီမိုးမွငျ့က သူမမှာ ခဈြသူရှိတဲ့အကွောငျးကို ပရိသတျတှကေို အရိပျအမွှတျလေးပွောထားပွီးသူတဈယောကျ ဖွဈပါတယျ။ စံရတီမိုးမွငျ့က ခဈြသူရဲ့ ဓာတျပုံကို တရားဝငျထုတျပွခွငျးမရှိပမေယျ့ သူမခဈြသူနဲ့ ပကျသတျတဲ့ အမှတျတရတှကေိုတော့ ခပြွတတျသူတဈယောကျပါ။ ဒီကနမှေ့ာလညျး စံရတီမိုးမွငျ့က ကားနောကျဖုံးထဲ ပနျးတှထေညျ့ပွီးလကျဆောငျပေးတဲ့ ခဈြသူရဲ့ Anniversary လကျဆောငျလေးကွောငျ့ ရငျခုနျကွညျနူးသှားခဲ့ရကွောငျး “1️⃣1️⃣ 🤍❤️” ဆိုတဲ့ ကပျပရှငျလေးနဲ့ သူမရဲ့ အပြျောတှကေို မြှဝပေေးလာပါတယျ။ သရုပျဆောငျမငျးသမီး စံရတီမိုးမွငျ့ကတော့ မိနျးကလေးတဈယောကျပီပီ သူမကို မွတျနိုးတနျဖိုးထားတဲ့ အမြိုးသားဆီက ဂရုစိုကျခွငျးခံရတဲ့အခါ တျောတျောလေး ဝမျးသာပြျောရှငျနတောပဲ ဖွဈပါတယျ။ ပရိသတျကွီးလညျး အခဈြခံရလှနျးသူလေး စံရတီမိုးမွငျ့ကို အားကနြကွေပွီ ထငျပါတယျနျော။ ဖတျရှုပေးကွတဲ့ခဈြပရိသတျကွီးအားလုံးလညျး သာယာပြျောရှငျတဲ့ နလေ့ေးတဈနကေို့ ပိုငျဆိုငျနိုငျကွပါစလေို့ဆုမှနျကောငျးတောငျးပေးလိုကျပါတယျနျော…။ Source: San Yati Moe Myint ‘s fb Credit – Cele Connections Post navigation သူငယ်ချင်း ချစ်သူလေးနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့တာ (၃) နှစ်ပြည့်ခဲ့ပြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုး အမိုက်စားဗီဒီယိုလေးတစ်ခုကြောင့် အရမ်းမိမိုက်ကာလန်းလွန်းနေတဲ့ ၀တ်မှုံရွှေရည် Search for: Recent Posts သူမသာသေသွားခဲ့ရင် နောက်ဘ၀ကျဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုရင်ဖွင့်ပြောပြလာတဲ့ နီနီခင်ဇော် ကင်ဆာရောဂါခံစားနေရပြီးဆေးကုရန်အခက်ခဲဖြစ်နေတဲ့ သားအမိနှစ်ယောက်ကို ဆေးကုသငွေလှူဒါန်းခဲ့တဲ့ခိုင်နှင်းဝေ လှပကြီးကျယ်ခမ်းနားပြီးနေချင်စရာကောင်းတဲ့ ပြည်ပမှာရှိတဲ့ သူမရဲ့ အိမ်သစ်ကြီးကို ဗီဒီယိုရိုက်ပြီး ပြသလာခဲ့တဲ့ မော်ဒယ်အောန်ဆိုင်း သိန်းပေါင်းများစွာအကုန်ကျခံပြီး ကမ္ဘာကျော်အဆိုတော်တွေဖျော်ဖြေတဲ့ ရှိုးပွဲကိုသမီးနှစ်ယောက်ကို လိုက်ပို့ပေးခဲ့တဲ့ စမိုင်းလ်
2021-12-05T21:10:03Z
https://realsamachars.com/anniversary-%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%AC%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9%E1%80%96/
OSCAR-2201
ကချင်ပြည်နယ်တွင်း ငှက်ပျောစိုက်ခင်းများ စစ်ဆေးကြပ်မတ်မည် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ငှက်ပျောစိုက်ခင်းတခု ကချင်ပြည်နယ်တွင်း တရုတ်ကုမ္ပဏီတချို့က လုပ်ဆောင်နေတဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ရှိခဲ့ပြီးတဲ့နောက် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးသွားမယ့်အကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ပြောပါတယ်။ တရုတ်နိုင်ငံသားတွေပိုင်တဲ့ တစ်ရှူးငှက်ပျောစိုက်ခင်းတချို့ဟာ မြေယာဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာနဲ့ ပိုးသတ်ဆေးတွေကြောင့် ကျန်းမာရေးထိခိုက်တာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပြည်နယ်အစိုးရဘက်က ခုလိုစုံစမ်းဖို့ ဖြစ်လာခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်ထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။ ကချင်ပြည်နယ်က တရုတ်နိုင်ငံသားတွေ ဧကသောင်းနဲ့ချီ ဝင်ရောက်စိုက်ပျိုးနေတဲ့ တစ်ရှူး ငှက်ပျော စိုက်ပျိုးခင်းတွေဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားတာ မရှိသလို မြေယာဥပဒေနဲ့လည်း မကိုက်ညီတဲ့အတွက် ဒါကိုအဖွဲ့အစည်းတစ်ခုဖွဲ့ပြီး စုံစမ်း စစ်ဆေးသွားမယ့် အကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ "သစ်တောမြေထဲမှာ ကျနော်တို့က တရားမဝင်စိုက်ပျိုးတာတွေလည်း အများကြီး ရှိနေတာကို တွေ့ရပါတယ်။ လယ်ယာမြေမှာ တစ်ရှူးငှက်ပျောစိုက်နေတာ လည်း တွေ့ရပါတယ်။ တခြားသီးနှံကျနော်တို့က စိုက်ပျိုးမယ်ဆိုရင် ဒါကို ခွင့်ပြုချက်တင်ရပါတယ်။ ငြိမ်းချမ်းရေးမရှိ၊ လုံခြုံရေးမရှိတဲ့အခါမှာ ဘယ်ဝန်ထမ်းမှလည်း ဒါကိုသွားပြီးတော့မှ ဆန်းစစ်နိုင်ခြင်း မရှိဘူးပေါ့နော်။ အဲဒီတော့ လက်ရှိအနေအထားမှာတော့ ကျနော်တို့ စိုက်ပျိုးဧရိယာ အနေနဲ့ အစိုးရမှာ တရားဝင် ပေါက်နေတာက ဧက ၆သောင်းကျော် ပဲရှိတယ်ဗျ။ သို့သော်လည်းပဲ ဧက ၆သောင်းကျော် မကရှိပါတယ်၊ ဒါကျနော်တို့ သိပါတယ် အားလုံးလည်း သိပါတယ်။ ဌာနဆိုင်ရာတွေနဲ့ ကျနော်တို့ ခေါင်းဆိုင်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။" အကျိုးအမြတ်များများနဲ့ လည်ပတ်နေတဲ့ ငှက်ပျောစိုက်ခင်းတွေကနေ အစိုးရဘဏ္ဍာငွေ ရအောင်လုပ်ဖို့၊ ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ ဓာတ်မြေသြဇာကို အသုံးပြုဖို့၊ ငှက်ပျောစိုက်ခင်းက ထွက်လာတဲ့ ပလပ်စတစ်နဲ့ ဓာတ်တုပစ္စည်းတွေကို စနစ်တကျ စွန့်ပစ်ဖို့ ထိန်းချုပ် သွားမယ်လို့ ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။ ငှက်ပျောစိုက်ခင်းတွေဟာ ဧကသိန်းနဲ့ ချီရှိနိုင်တယ်လို့ တချို့ကပြောပါတယ်။ ဒေသခံတောင်သူ တွေကလည်း တရုတ်စိုက်ပျိုးရေး လုပ်ငန်းရှင်တွေကို တရားမဝင် မြေငှားတာကနေ အကျိုးအမြတ် ရနေပါတယ်။ တရုတ်ငှက်ပျောစိုက် သူတွေက ဌာနဆိုင်ရာကို တင်ပြတာ မဟုတ်ဘဲ ဒေသခံတွေဆီကနေ လိုသလောက်မြေကို ငှားရမ်း လုပ်ကိုင်နေကြောင်း ကချင်ပြည်နယ် မိုးမောက် လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောပါတယ်။ "ဒေသခံတောင်သူတွေဆီကပဲ တစ်ဧကကို ၅သောင်းဆို ၅သောင်း ၈သောင်းဆို ၈သောင်း စသဖြင့် ဒီလိုမျိုးတွေနဲ့ နှုန်းထား အမျိုးမျိုးတွေနဲ့ ငှားပြီးစိုက်ကြတဲ့ သဘောပေါ့။ တချို့ ကုမ္ပဏီတွေ ကျတော့လည်း နာမည်ခံတာကတော့ မြန်မာပြည်က ဘယ်သူပေါ့ ။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းကို ရင်းနှီးမြှုပ်နှံတဲ့ငွေကြေး ဘာညာတွေ ကတော့ တရုတ် ကနေပဲ ၉၉ % ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင်တော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒီလိုတစ်ရှူးငှက်ပျော စိုက်မယ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာတော့ ချပေးတာ တကွက်မှ တယောက်မှ မရှိဘူးဗျ။" ၀န်ကြီး ဦးကျော်ကျော်ဝင်းရဲ့ အဆိုအရကတော့ အခု ငှက်ပျောစိုက်ခင်းနေရာတွေဟာ အစိုးရ သစ်တောပိုင် နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သခင်စစ် ကုမ္ပဏီက တစ်ရှူးငှက်ပျော စိုက်ပျိုးဖို့ပြင်နေပြီး ဒေသခံတွေကလည်း ဒါကို ကန့်ကွက် နေတဲ့ကြောင်း ဒီအကြောင်းကို မြစ်ကြီးနား သတင်းဌာနယ်က ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြမှုကြောင့်ပဲ မြစ်ကြီးဂျာနယ်က သတင်းသမားတွေကို ကုမ္ပဏီက ကိုယ်ထိ လက်ရောက် အနှောက်အယှက်ပေးတာတွေ ရှိခဲ့ပြီး အမှုဆောင်အရာရှိချုပ် ၂ယောက်နဲ့ သတင်းရေးတဲ့ သူကိုလည်း အသရေဖျက်မှုပုဒ်မ နဲ့ တရားစွဲခဲ့တယ်လို့ မြစ်ကြီးနားဂျာနယ် အယ်ဒီတာချုပ် ဆိုင်းမိုင်က ပြောပါတယ်။ "သခင်စစ်ကုမ္ပဏီက မန်ဒေါင်ကျေးရွာမှာ ငှက်ပျောစိုက်ပျိုးဖို့ စတင်ပြီးမှ ဝင်ရောက်နေ တယ်။ လမ်းတွေဖောက်နေတယ် ဆိုတဲ့ကိစ္စကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ နဲ့ ရွာသားတွေက ကန့်ကွက်စာတင်ထားတယ်ဆိုတဲ့ သတင်းကို ကျနော်တို့က ရေးတာပါ။ ဒီကုမ္ပဏီက သူတို့က မလုပ်ပါဘူး ဆိုပြီးမှ ငြင်းတယ်ပေါ့နော်။ သူတို့ကျတော်တို့ကို ပုဒ်မ (၅၀၀) နဲ့ တရားစွဲလိုက်တယ်ပေါ့ နော်။" လက်ရှိမှာ တစ်ရှူးငှက်ပျောတွေကို ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူမှာစိုက်ပျိုး နေပြီး ရှမ်းပြည်နယ် နေရာတချို့မှာလည်း စမ်းသပ် စိုက်ပျိုးဖို့ ပြင်ဆင်နေတာတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကတည်းက ကချင်ပြည်နယ် မှာ တရုတ်နိုင်ငံသားတွေ ငှက်ပျောစိုက်လာ ကြတာဖြစ်ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ အလုံးအရင်းနဲ့ စိုက်ပျိုးလာကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ငှက်ပျောလာတင်တဲ့ ကုန်တင်တွဲကားကြီးတွေ ရာနဲ့ချီ ဝင်ထွက် နေတောကြောင့် လမ်းတံတားတွေ ပျက်စီးသလို၊ ပြည်နယ်ဝင်ငွေ လည်း မရတဲ့အတွက် ဒါကို အစိုးရအနေနဲ့ အလေးထား ကိုင်တွယ် သင့်ကြောင်း ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2022/01/17 11:11:26
https://burmese.voanews.com/a/kachin-banana-/4827005.html
mC4
ကချင်တပ်တော် ကေအိုင်အေ မှ မြို့တွင်းတိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်၍ နိုးနိုးကြားကြားရှိရန် သတိပေး – Shwe Thadin ကချင်တပ်တော် ကေအိုင်အေ မှ မြို့တွင်းတိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်၍ နိုးနိုးကြားကြားရှိရန် သတိပေး ကချင် တိုင်းရင်းသား တပ်တော် ကေအိုင်အေမှ ပြန်ကြားရေး အရာရှိ ဗိုလ်မှူးကြီး နော်ဘူးမှ ယခုအခါ ပြည်သူ များက အာဏာသိမ်းတပ်များကို နေရာအနှံ့ လက်နက်စွဲကိုင် တော်လှန်ကြတော့မည် ဖြစ်၍ မြို့ပေါ်နေ ပြည်သူများ အနေဖြင့် အထူး သတိဝီရိယ ဖြင့် နေထိုင်ကြရန် သတိပေးလိုက်ပြီ ဖြစ်သည်။ လွတ်လပ်ရေး ရပြီး နောက် ပထမဆုံး အကြိမ် အဖြစ် ပြည်သူများကလည်း တိုင်းရင်းသား လက်နက်ကိုင်များကို တခဲနက် ထောက်ခံလာကြပြီ လည်း ဖြစ်သည်။ ၎င်း အဆိုအရ အာရှ-ပစိဖိတ် ဒေသရှိ အင်အားအကြီးမားဆုံး စစ်တပ်ကြီး တခုအား တော်လှန် မောင်းထုတ်ရန် မြန်မာ လူငယ်လေးများက ပြင်ဆင်နေကြပြီ ဖြစ်သည်။ထို့အတွက် လုံခြုံရေးစည်း ပေါက်မသွားရန် တင်းကျပ်စွာ ထိန်းသိမ်းထားနိုင် ခြင်းသည်သာ တိုက်ပွဲ တဝက် အောင်မြင်ပြီး ဖြစ်သည်။ ရုရှားသည် ကွန်ပျူတာ စနစ် နှင့် ဆက်သွယ်ရေးပိုင်း တွင် အမေရိကန် တို့ လက်မှိုင်ချလောက်အောင် အစွမ်းပြ နိုင်ခဲ့ကြသူများ ဖြစ်ပြီး ထိုသို့သော Hackers များကို အဖွဲ့အစည်း တခု၏ အသွင်အဖြစ် မသိမသာ မွေးမြူ လေ့ကျင့် ထားပြီးလည်း ဖြစ်သည်။ ထိုသို့သော ရုရှား ပညာရှင်များက မိမိတို့၏ လုံခြုံရေး စည်းကို ကောင်းစွာ ထိုးဖေါက်နိုင်စွမ်း ရှိသူများ ဖြစ်သည်။ ယခင် နည်းပညာ ဟောင်းများနှင့် လိုင်းပေါ်တွင် သုံးမိနစ်ကျော်ကြာ စကားပြောမိလျှင်ပင် မိမိတို့ တည်ရှိရာ နေရာကို ခြေရာခံနိုင်စွမ်း ရှိနေပေသည်။ PDF လူငယ်များ အနေဖြင့် အသက်ကို ရင်း၍ တိုက်ပွဲဝင်နေကြရသဖြင့် လုံခြုံရေး သတိ ကြီးစွာ ထားရမည်ဖြစ် သည်။ အထူးသဖြင့် ဖုန်း အသုံးပြုခြင်းကို ရှောင်ရှားသင့်သည်။ သတင်းသမားများကတော့ ၎င်းတို့ အလုပ်ဖြစ် သည့် သတင်းရရှိရေး အတွက် လက်ကုန် နှိုက်ထုတ်ကြမည်သာ ဖြစ်ရာ ထိုသို့ သတင်းများ ထုတ်ပြန်ရေး အတွက် လွတ်မြောက်နယ်မြေများတွင် ရှိသူများကိုသာ တာဝန်ပေးသင့်သည်။ ကုန်ကုန်ပြောရလျင် စားဖို့ သောက်ဖို့ ဝယ်ခြမ်းရမည် ဆိုလျှင် တလုံးတခဲတည်း မဝယ်မိစေရန် နှင့် နေရာပြောင်း၍ ဝယ်ရန်လည်း သတိထားရမည် ဖြစ်သည်။အာဏာသိမ်း အဖွဲ့သည် အာဏာသိမ်းပြီး လေးရက်အကြာကပင် ဩစတေးလျှ နိုင်ငံသား ဖြစ်သူ စီးပွားရေး ပါမောက္ခ ရှောင်တန်းနယ်လ်ကိုလည်း ရုံးတင် စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးထားသည်မှာ ယခုအထိပင် ဖြစ်သည်။ နိုင်ငံတွင်း အခြေအနေများ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေပါက ရုရှား နှင့် တရုတ်သည် မျက်နှာ ပြောင်တိုက်ကာ ဗီတို အာဏာ ဖြင့် ကာကွယ်ပေးနိုင်စွမ်း ရှိမည်မဟုတ်တော့ပေ။ ၎င်းတို့ အဖို့ကလည်း နိုင်ငံတကာ ဆက်ဆံရေးတွင် တာဝန်သိသော နိုင်ငံများ အဖြစ် ထင်မြင်လာစေရန် ကြိုးပမ်းနေကြရသူ များလည်း ဖြစ်သည်။ ဆီရီးယား ပြည်တွင်း စစ်တွင်ပင် ကုလ အဖွဲ့အစည်းများ၏ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ကို အာဆတ် အစိုးရမှ တဆင့် မဟုတ်ဘဲ ဝင်ရောက် ပေးကမ်းနိုင်ရန် လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်ကို တရုတ် နှင့် ရုရှားက ဗီတိုမသုံးဘဲ ကြားနေမဲဖြင့် ခွင့်ပြုခဲ့ရပြီး ဖြစ်သည် ဆိုသော သာဓက များက အထင်အရှား ပင်ဖြစ်သည်။ အာဏာသိမ်း အဖွဲ့သည် အိုင်စီဂျေတွင် တရားစွဲဆို ခံနေရမှုကို ဆက်လက် ရင်ဆိုင်နိုင်ရန် ဝဏ္ဏမောင်လွင် ဦးဆောင်သည့် ရှစ်ဦးပါ အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ဒုဥက္ကဌ အဖြစ် ကိုကိုလှိုင်ကို ရွေးချယ်ခဲ့သည်။ ကျန် အဖွဲ့ဝင်များ အဖြစ် ဝင်းရှိန်၊ သီတာဦး၊ ကျော်မျိုးထွဋ်၊ ခင်ဦးလှိုင် နှင့် စစ်တပ်ဖက်မှ ရာပြည့်၊ မျိုးဇော်သိန်းတို့ ပါဝင်ကြောင်း ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။အမျိုးသား ညီညွတ်ရေး အစိုးရကမူ အိုင်စီဂျေတွင် မြန်မာ အရေးကို ဆက်လက် ခုခံ ချေပသွားတော့မည် မဟုတ်၊ အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုလာခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံသည် စစ်တပ်ကို ရင်ကြားစေ့နိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် ဟိတ်ဂ်သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ပြီး ခုခံ ချေပပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျေးဇူးကန်းသည့် အပြောအဆိုများ ကြောင့် စစ်တပ်ကို စိတ်ကုန်လာစေခဲ့သည့် အရင်းခံ အကြောင်းရင်းတခု ဖြစ်သွားခဲ့ရသည်။
2022/01/21 14:55:09
https://shwethadin.xyz/archives/7422
mC4
နော်ဝေမှာ ရေခဲတူရိယာတွေနဲ့ တေးဂီတဖျော်ဖြေပွဲ ကျင်းပ | Myanmar Digital News Jan 11,2019 |01:36 | နှင်းထူထပ်နေတဲ့ နော်ဝေရွာလေးက အီဂလို ရေခဲအိမ်ကြီးထဲမှာ လေမှုတ်တူရိယာတစ်မျိုးဖြစ်တဲ့ ဦးချိုသံ ထွက်ပေါ်လို့နေပါတယ်။ အပူချိန် သုညအောက်၊ အနှုတ် ၂၄ ဒီကရီ စင်တီဂရိတ် သာရှိပြီး ရာသီဥတုက အေးခဲနေပေမယ့် နားထောင်ရတဲ့သူတွေအတွက် နွေးထွေးပျော်ရွှင်ဖွယ်ဖြစ်ပါတယ်။ ဒါပေမယ့် ဖျော်ဖြေနေတဲ့ ပညာရှင်လေးဦးကတော့ အေးနေမှာ အသေအချာပါဘဲ။ ဘာလို့လဲဆိုတော့ သူတို့အသုံးပြုဖျော်ဖြေနေတဲ့ တူရိယာပစ္စည်းတွေက ရေခဲနဲ့ ပြုလုပ်ထားလို့ပဲဖြစ်ပါတယ်။ ပတ္တလား၊ Claves(စည်းလိုက်ဖို့ လက်နဲ့တီးတဲ့ တုတ်၂ ချောင်း) နဲ့ လေမှုတ်တူရိယာတွေကို ရေခဲတုံးကြီးတွေကနေ ဝီရိယစိုက်ထုတ်ပုံသွင်းထားတာဖြစ်ပါတယ်။ ယခုအခါမှာတော့ တောင်ပေါ်ရွာလေးက ၁၃ ကြိမ်မြောက် ရေခဲတေးဂီတပွဲတော်မှာ လက်တွေထုံကျဉ်တဲ့အထိဖြစ်တဲ့ ဖျော်ဖြေရတဲ့နေရာလေး ဖြစ်လာပါပြီ။ ပြဿနာကတော့ တူရိယာတွေက ကြာကြာကိုင်လေ မြန်မြန် အရည်ပျော်လေဖြစ်တာပါပဲ။ သိုးမွှေးလက်အိပ်အထူကြီးတွေဝတ်ပြီး ဦးချိုမှုတ်နေတဲ့ပုံစံက အပြာရောင်အလင်းတန်းတွေကြားမှာ တောက်ပနေပါတယ်။ " ဒါက လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ တူရိယာတွေနဲ့ဖျော်ဖြေနေချိန်မှာ ရေခဲနဲ့လုပ်ထားတာကြောင့် အရည်ပျော်ကျနေတယ်" လို့ ပွဲတော်ဖြစ်မြောက်ရေးကြိုးပမ်းသူ Terje Isungset က ပြောပါတယ်။ ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ ရက်အထိ ရေခဲနဲဆောက်ထားတဲ့ အီဂလိုရေခဲအိမ်ထဲမှာ ကျင်းပတဲ့ပွဲမှာ လာရောက်သူတွေက ရာသီဥတုဒဏ်ခံနိုင်ဖို့၊ ရေခဲနဲ့လုပ်တဲ့ ခုံတွေမှာ ထိုင်ရမှာမို့ နွေးနွေးထွေးထွေးဝတ်ခဲ့ကြရပါတယ်။ ပွဲတော်ကျင်းပဖို့ အဖွဲ့ဝင် ၂၀ လောက်က လိုအပ်တဲ့ ရေခဲတုန်းတွေစုပြီး အီဂလို ရေခဲအိမ်ကြီးကို တစ်ပတ် အချိန်ယူဆောက်ခဲ့ရပါတယ်။ ရေခဲတုံးကြီးတွေကို အနီးအနားရေကန်ကနေ ယူလာခဲ့ပြီး လွှ၊ တူ နဲ့ စို့တွေကို ဂရုတစိုက်အသုံးပြုပြီး တူရိယာသမားတွေက ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပွဲတော်ပြီးရင်တော့ တူရိယာတစ်ချို့က အရည်ပျော်ပြီး ဘာမှကျန်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် တချို့ကတော့ ကျန်နေဦးမှာဖြစ်ပါတယ်။ နောက်နှစ်တွေမှာ ပြန်သုံးနိုင်ဖို့ ရေခဲသေတ္တာထဲကို ထည့်သိမ်းထားရမှာဖြစ်တယ်လို့ သိရပါတယ်။
2019/01/20 05:31:13
http://mdn.gov.mm/my/neaawemaa-rekhaittuuriyaattenai-ttegiittpheaaphepai-kngp
mC4
မန္တလေးခရိုင်အတွင်း ကာလတူနှိုင်းယှဉ်ချက်အရ ယာဉ်တိုက်မှုများ တိုးမြင့်လာ | Auto World မန္တလေးခရိုင်အတွင်း ယာဉ် တိုက်မှုနှင့် ပတ်သက်ပြီး မှတ်တမ်း များအရ ကာလတူနှိုင်းယှဉ်လျှင် အမှု များတိုးလာခြင်းမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်သူ များကြောင့်ဖြစ် ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ (မန္တလေး) ယာဉ်ထိန်းရဲ ဒုရဲမှူးတစ်ဦးက ပြောသည်။ ]]ယာဉ်တိုက်မှု ဖြစ်စဉ်တွေက ညပိုင်းမှာပိုများတယ်။ စည်းကမ်း ဖောက်ဖျက်သူများကြောင့် အမှုတွေ တိုးလာတာလို့ သုံးသပ်လို့ရပါတယ်။ ပညာပေးတာတွေ ဘယ်လောက်လုပ် လုပ် လိုက်နာမှုက အရေးကြီးတယ်}} ဟု ၎င်းင်းကပြောသည်။ ဇန်န၀ါရီလမှ ဇူလိုင်လအထိ ယာဉ်တိုက်မှု စာရင်းများအရ (၂၀၁၅) ခုနှစ်တွင် အမှုပေါင်း (၁၇၀)၊ သေဆုံး သူ (၈၉) ဦး၊ ဒဏ်ရာရသူ (၁၅၂) ဦး ရှိခဲ့ရာမှ (၂၀၁၆) ကာလတူအချိန်တွင် အမှုပေါင်း (၁၉၄)မှု၊ သေဆုံးသူ (၉၇) ဦး၊ ဒဏ်ရာရသူ (၂၂၀)ဦး ရှိသဖြင့် အမှုပေါင်း(၂၄) မှု၊ သေဆုံးသူ(၈) ဦး နှင့် ဒဏ်ရာရသူ (၆၈) ဦး တိုးမြင့်လာ ကြောင်း သိရသည်။ ]]ပြည်ကြီးတံခွန် မြို့နယ်မှာ ယာဉ်တိုက်မှု (၄၀) နဲ့ သေဆုံးသူ (၂၅) ဦးရှိတယ်ဆိုတော့ သူက အများ ဆုံးပဲ။ ဖမ်းဆည်းအရေးယူမှုနဲ့ ပညာပေးရေးမှာ လက်ကမ်းတွေ ဝေ နေတယ်။ ည (၁၂) နာရီကျော်ချိန်မှာ အဖြစ်များတယ်}} ဟု ဆက်လက်ပြော ပြခဲ့သည်။ တိုင်းဒေသကြီးအတွင်း ယာဉ် တိုက်မှုစာရင်းများအရ (၂၀၁၆) ဇန်န၀ါရီမှ ဇူလိုင်လအတွင်း ယာဉ် တိုက်မှု (၁၂၃၀) မှု၊ သေဆုံးသူ (၃၈၅) ဦး၊ ဒဏ်ရာရသူ (၁၈၇၄) ဦး ဖြစ်ရာ ယခင်နှစ်ကာလတူ နှိုင်းယှဉ် ပါက သေဆုံးသူ (၃၂) ဦးပိုလာပြီး ယာဉ်တိုက်မှု (၆) မှုနှင့် ဒဏ်ရာရသူ (၃၀၂) ဦး လျော့နည်းခဲ့ကြောင်း သိရ သည်။
2019/12/16 02:01:49
http://awjmyanmar.com/news/1449
mC4
ပထမဆုံးအနေနဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ရွှေအိမ်စည် – Burmese.asia Homepage / Celebrity / ပထမဆုံးအနေနဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ရွှေအိမ်စည် ပထမဆုံးအနေနဲ့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတော့မယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ရွှေအိမ်စည် သွက်လက်ပွင့်လင်းတဲ့မော်ဒယ်လ်၊မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူတစ်ယောက်ပါ။ မြန်မာ့ကိုယ်စားပြုအလှမယ်အဖြစ်နဲ့ နိုင်ငံရပ်ခြားမှာပြိုင်ပွဲတွေသွားရောက်ခဲ့ဖူးသလို အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ အမိုက်စားမော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း လူသိများပြီး အချိုးအစားကျနတဲ့ကိုယ်ခန္ဓာအလှကြောင့်လည်း ပုရိသတွေဝန်းရံခြင်းခံရသူလေးပါ။ ရုပ်ရှင်ဇာတ်ကားတွေမှာသရုပ်ဆောင်လာပြီဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ခပ်မိုက်မိုက်ကာရိုက်တာတွေနဲ့လည်း ပရိသတ်ကိုဖမ်းစားနိုင်တာတွေ့ရပါတယ်။ အနုပညာအရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်ကတော့ အခုဆိုရင်အဆိုပိုင်းမှာလည်း ခြေလှမ်းအသစ်တွေလှမ်းလာခဲ့ပြီလို့ ဆိုရမှာပါ။ ရွှအိမ်စည်ကတော့ ပထမဆုံးသီချင်းအသစ်လေးထွက်ရှိလာတော့မယ့်အကြောင်းကို ပရိသတ်တွေကိုအသိပေးလာခဲ့ပါပြီ။ ဒီသီချင်းလေးကိုတေ့ာ အဆိုတော်၊တေးရေးတစ်ယောက်ဖြစ်တဲ့ ဟဲလေးကရေးပေးထားတယ်လို့လည်း သိရပါတယ်။ ရင်ခုန်နေပြီမဟုတ်လား ပရိသတ်ကြီးရေ။ Previous post ရွေးကောက်ပွဲကို နှောင့်ယှက်တဲ့ ပြည်ပဟက်ကာတွေကို သတင်းပေးရင် ဒေါ်လာ ၁၀ သန်း အမေရိကန် ဆုချမယ် Next post လိပ်သိုမြို့တွင် ကိုဗစ်ထောက်ပံ့ငွေ အပြည့်မပေးသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တိုင်ကြားခံရ
2021/04/18 23:12:22
https://burmese.asia/%E1%80%95%E1%80%91%E1%80%99%E1%80%86%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%B1%E1%80%94%E1%80%94%E1%80%B2%E1%82%94-%E1%80%9E%E1%80%AE%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%9E/
mC4
အမွှာသမီးနှစ်ယောက်ကို သတ်ပစ်ပြီး၊ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ဖခင် | SHWEMOM Home NEWS အမွှာသမီးနှစ်ယောက်ကို သတ်ပစ်ပြီး၊ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ဖခင် အမွှာသမီးနှစ်ယောက်ကို သတ်ပစ်ပြီး၊ မိမိကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ဖခင် အမေရိကန်ပြည်ထောင်စု Illinois ပြည်နယ်၊ St. Charles မြို့မှာ အသက် 48 နှစ်အရွယ် Randall Coffland အမည်ရ အိမ်ထောင်သည်အမျိုးသားဟာ အသက် 16 နှစ်အရွယ် အမွှာသမီးနှစ်ယောက်ဖြစ်တဲ့ Brittany Coffland နဲ့ Tiffany Coffland တို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် Coffland ဟာ မိမိခေါင်းကို သေနက်နဲ့ ပစ်ကာ အဆုံးစီရင် Coffland ဟာ သမီးနှစ်ယောက်ကို သတ်ပစ်ပြီးနောက် 911 ကို ခေါ်ပြီး၊ သူဟာ သမီးတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့ ကြောင်း၊ အခု မိမိကိုယ်ကိုယ်အဆုံးစီရင်တော့မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ မိခင်ဖြစ်သူ Anjum Coffland 46 နှစ်မှာလည်း ခြေထောက်နှစ်ဘက်စလုံးမှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ Coffland က ရဲစခန်းကို ဖုန်းဆက်စဉ် " သမီးနှစ်ယောက်ကို သတ်ပြီးပါပြီ … အခု ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပစ်တော့မှာပါ … (ယင်းနောက် အိမ်နောက်ဖေးကို လှမ်းအော်သံဖြင့်) ဟေ့ မင်းကိုတော့ ငါ မသေစေချင်သေးဘူး … မင်းကို ငါ ခံစားသလို ခံစားရစေမယ် "ဆိုပြီး ဇနီးကို လှမ်းအော်ခဲ့ပါတယ်။ အသေခံဗုံးခွဲသူအပေါ် ခုန်အုပ်ပြီး လူအုပ်ကြီးကို ကယ်တင်လိုက်တဲ့ ခွေးလေး ဇနီးသည် Anjum Coffland လည်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့လဲကျ သေဆုံးနေပြီး နေီးဖြစ်သူကတော့ သွေးရူးသွေးတန်း ဖြစ်နေတာ ကို တွေ့ရပါ တယ်။ Coffland ရဲ့ အနီးအနားမှာ ပစ္စတိုသေနတ်နှစ်လက်ကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီပီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တာပါ။ Brittany နဲ့ Tiffany တို့ဟာ အင်္ဂါနေ့မှာ အသက် 18 နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲကြမှာလို့ သိရပါတယ်။ Dailymail မှာ ဖော်ပြထားချက်အရတော့ Coffland မိသားစုဟာ ပိုက်ဆံချမ်းသာကြပြီး၊ တစ်ကွဲတစ်ပြားဆီ နေထိုင်ကြ ကြောင်း အခင်းဖြစ်တဲ့နေ့မှာသာ အားလုံး စုံစုံလင်လင်တွေရတာဖြစ်ကြောင်း သိရပါတယ်။ သက်ဆိုင်ရာကတော့ လူသတ်မှု ကျူးလွန်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကို စုံစမ်းနေကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်မှာ လူသတ်သမား Coffland ရဲ့ အခြေအနေကို သတင်းတွေက ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ လဲကျနေတယ်လို့သာ ဖော်ပြထားပြီး သေဆုံးမှုကို အတည်ပြုမထားပါဘူး။ ဇနီးသည် Anjum ကတော့ ဆေးရုံမှာစိတ်ချရ တဲ့ အခြေအနေကို ရောက်နေပါပြီ။ Brittany နဲ့ Tiffany တို့ဟာ St. Charles East High School မှာ အထက်တန်း ကျောင်းသူတွေ ဖြစ်ပြီး၊ သူမတို့ရဲ့ ဈာပနကို သူငယ်ချင်းတွေအားလုံးနီး ပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
2020/07/04 12:11:12
http://quiz.shwemom.com/dad-admits-killing-his-twin-16-year-old-daughters-dead-and-wounding-his-wife/
mC4
လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ဆုရ ဇာတ်ကားများ ကြေညာ "ရိုးမြေကျ" ဇာတ်ကားကို VOA ဆု ချီးမြှင့်နေစဉ် ၄ ကြိမ်မြောက် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုချီးမြှင့်ခံရတဲ့ ဇာတ်ကားတွေ ထွက်လာပါပြီ။ ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ အခမ်းအနားအတွင်း ဆုရဇာတ်ကားတွေကို ကြေညာခဲ့တာပါ။ အဲဒီအခမ်းအနား ကို ကိုယ်တိုင်သွားတက်တဲ့ ဗွီအိုအေအယ်ဒီတာတဦးဖြစ်သူ ကိုသားညွန့်ဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထား ပါတယ်။ "ရိုးမြေကျ" မှတ်တမ်းရုပ်ရှင်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနွေးဇာခြည်စိုး ကိုကျော်ကျော်သိန်း။ ။ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ ပြီးသွားပြီဆိုတဲ့အခါကျတော့ ဘယ်ဇာတ်ကားတွေ ၊ ဘာဆုတွေ ဆွတ်ခူးသွားတယ်ဆိုတာ ပြောပြပါခင်ဗျ။ ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျ။ အဓိကတော့ ပေးတဲ့ဆု ၉ ဆုရှိပါတယ်။ ဒါပေမယ့် ကျနော်ခြုံပြီးပြောလိုက်မယ်ဆိုရင်တော့ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဆု ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ခွဲထားတာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဆု နဲ့ ဟံသာဝတီဆုကိုတော့ The Vein လို့ခေါ်တဲ့ "မှော်" ဆိုတဲ့ကား အဲဒါကတော့ ဖားကန့်ကျောက်စိမ်းမှာရှိတဲ့ ရေမဆေးကျောက်ပေါ့နော် ၊ အဲဒီကျောက်တွေကို ရှာတဲ့ လုပ်သားတွေရဲ့အကြောင်း ဖြစ်ရပ်မှန်တွေကို မှတ်တမ်းတင်ထားတဲ့ကားလေးပေါ့ အဲဒီကားက ဒေါ်အောင်ဆန်းစုကြည်ဆု ရော ဟံသာဝတီ ဦးဝင်းတင် ဆုရော ရရှိသွားပါတယ်။ ဆုတွေထဲမှာတော့ ထူးထူးခြားခြား ကျနော်တို့ VOA ကနေပြီးတော့ ပထမဆုံးပေးတဲ့ဆု ကျနော်တို့ရွေးချယ်ခဲ့ပါတယ် အဲဒါကတော့ ရိုးမြေကျဆိုတဲ့ ကားလေးပါ။ ဒါကတော့ ဒုက္ခိတ ဖြစ်နေတဲ့ လူတယောက်ရဲ့ ဘ၀အကြောင်းကို ရိုက်ထားတာပါ။ ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ ဆိုတော့ ကျန်တဲ့ဆုတွေပေါ့လေ ဒေါ်အောင်ဆန်းစုကြည်ဆုအပါအ၀င် ကျန်တဲ့ဆုတွေကို ရွေးချယ်တဲ့နေရာမှာ အခြေခံစဉ်းစားတဲ့ပုံနဲ့ VOA ဆုကို ရွေးချယ်တဲ့ နေရာမှာ အခြေခံ စဉ်းစားပုံ ဘယ်လိုကွာခြားချက်တွေများ ရှိပါသလဲ။ ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ တော်တော်များများဆုတွေရသွားတာကို ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးအခြေအနေနဲ့ ဆက်စပ်ပြီးတော့ ရသွားတာ များပါတယ်။ တချို့ကျတော့လည်း ဒီ ရုပ်ရှင်တည်းဖြတ်မှုအပေါ်မှာ အဓိကထားပြီးတော့ ရသွားတာရှိတော့ နိုင်ငံရေးအပေါ်မှာ အခြေခံထားပြီးတော့ စဉ်းစားပြီး ရိုက်ကူးထားတဲ့ကားတွေက များပါတယ်။ ဒါပေမယ့် ကျနော်တို့ VOA က ပေးတဲ့ဆုနဲ့ ပတ်သက်ပြီးတော့ စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ ဘယ်လိုစဉ်းစားသလဲဆိုတော့ ဗွီအိုအေ အနေနဲ့ သတင်းဌာနတခုဖြစ်တဲ့အတွက် VOA အနေနဲ့ သတင်းနဲ့အချက်အလက်ဦးစားပေး တင်ဆက်တဲ့ Documentary ကား(မှတ်တမ်းဇာတ်လမ်း) ကို ရွေးခြယ်မယ်လို့ ရည်ရွယ်ရင်း စဉ်းစားတာရှိပါတယ်။ ကျနော်တို့ စုစုပေါင်း ၂၁ ကားကြည့်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ၂၁ ကားကနေပြီးတော့ Jury ၃ ယောက်လုံး တွေးတဲ့ ကားက ခုဏ ကျနော်ပြောသလို သတင်းအချက်အလက်ဦးစားပေးတဲ့ ကားထက်စာလို့ရှိရင် ကျနော်တို့ ကား တကား သွားတွေ့တယ်။ အဲဒါကတော့ လက်ရှိမြန်မာနိုင်ငံ လူ့အဖွဲ့အစည်းမှာ ကြုံနေရတဲ့ ဒုက္ခိတလူတယောက်နဲ့ သူ့မိသားစုဘယ်လိုရုန်းကန်ရသလဲဆိုတဲ့ အားမန်အပြည့်နဲ့ ဘ၀သရုပ်ဖော်ထားတဲ့ဇာတ်ကားပါ။ ဒီ ဇာတ်ကားကတော့ စဉ်းစားတာ ဒီလူတယောက်ရဲ့ မိသားစုရုန်းကန်မှုဟာ အားမန်အပြည့်နဲ့ရုန်းကန်မှုဟာ လက်ရှိမြန်မာပြည်မှာကြုံနေရတဲ့ ဆင်းရဲမွဲတေမှု၊ မြန်မာပြည်ရဲ့ ဆင်းရဲမွဲကျမှု ၊ နောက်တခါ မြန်မာပြည်ရဲ့ လူမှုထောက်ပံ့ရေးအစီအစဉ် အားနည်းနေမှု ဒါတွေကို သွားပြီးတော့ ထင်ဟပ်စေတယ် ဖော်ပြနေတယ်ဆိုတာတွေကိုစဉ်းစားချက်နဲ့ အဲဒီကားကို ဗွီအိုအေ ကနေပြီးတော့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျ။ နာမည်ကတော့ ရိုးမြေကျပါ။"
2022/05/21 15:51:41
https://burmese.voanews.com/a/the-winners-announce-human-rights-human-dignity-film-festival/3382759.html
mC4
မဲလ်ဘုန်းမြို့မှာ ပြင်းအား (၆)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် အဆောက်အဦးတချို့ ပြိုကျပျက်စီးခဲ့တဲ့ ရုပ်သံ - Myanmarload မဲလ်ဘုန်းမြို့မှာ ပြင်းအား (၆)အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူထိခိုက်မှုမရှိပေမယ့် အဆောက်အဦးတချို့ ပြိုကျပျက်စီးခဲ့တဲ့ ရုပ်သံ 22-Sep-2021 2pm · a month ago သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အနီးတွင် ယနေ့ စတင်ဘာ (၂၂) ရက် မနက်ပိုင်း ဒေသစံတော်ချိန် (၉) နာရီ (၁၅) မိနစ်ခန့်မှာ ရစ်ခတာစကေး အင်အား (၆)ရှိတဲ့ ​မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မဲလ်ဘုန်းမြို့၊အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) ခန့်အကွာ ဗစ်တိုးရီးယားပြည်နယ် Mansfield ကျေးလက်မြို့အနီးက ၁၀ ကီလိုမီတာတွင်ရှိတယ်လို့ ဆိုထားပါတယ်။ အဆိုပါ ငလျင်က (၁၀) စက္ကန့်လောက်ကြာအောင်လှုပ်သွားတာဖြစ်ပြီး ဒုတိယအကြီးဆုံးငလျင်များအနက် တစ်ခုလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှု​ကြောင့် မြို့အတွင်းက အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ယင်းငလျင်ကို ကင်ဘာရာနှင့် နယူးဆောက်ဝေးလ်ပြည်နယ်တို့မှလည်း ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး နေအိမ်တွေမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးနေရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်တုန်းကလည်း နယူးကာဆယ်မှာ ၅.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ (၁၃)ဦး သေဆုံးခဲ့ပါတယ်။ ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး အရေးပေါ် ဆူနာမီရေလှိုင်းအန္တရာယ်ကို သြစတေးလျ ပြည်မကြီး၊ ကျွန်းများနှင့် နယ်မြေများသို့ နိုင်ငံမိုးလေဝသဌာနက ထုတ်ပြန်ထားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
2021/10/27 03:57:44
https://www.mmload.com/article/92947
mC4
မွဈကွီးနားရှိ ဘဏျမြားရှတှေ့ငျ လုံခွုံရေး တငျးကွပျစှာခြ – Network Media Group ၂၀၂၁ ခုနှဈ၊ ဖဖေျောဝါရီလ ၁၅ ရကျ။ ကခငျြပွညျနယျ၊ မွဈကွီးနားမွို့ ရှိ ဘဏျမြားရှတှေ့ငျ ဖဖေျောဝါရီလ ၁၅ ရကျနေ့ (ယနေ့) တှငျ စဈသားမြားနှငျ့ ရဲတပျဖှဲ့ဝငျမြားတငျးကွပျစှာ နရောခထြားသညျကို တှရေ့သညျ။ မွဈကွီးနားမွို့ရှိ ပုဂ်ဂလိက ဘဏျမြားဖွဈကွသညျ့ KBZ ဘဏျ ၂ ဘဏျ၊ AYA ဘဏျ၊ ရိုးမဘဏျ၊ အငျးဝဘဏျ၊ AGD (အာရှစိမျးလနျးစိုပွရေေး ဘဏျ)နှငျ့ မွနျမာ့စီးပှားရေးဘဏျတို့တှငျ စဈသားမြားကို တှရေ့သညျဟု ဒသေခံ မြားက ပွောသညျ။ ယခငျရကျမြားက ထိုကဲ့သို့ ဘဏျမြားထဲတှငျ စဈသားမြားကို မတှခေဲ့ရပဲ ယနနေံ့နကျမှ စတငျ၍ ဘဏျမြား အတှငျး စဈသားမြားနှငျ့ရဲတပျဖှဲ့ဝငျမြား ရောကျရှိနသေညျကို တှရေ့သညျဟု မွဈကွီးနားမွို့ ခံမြားက ပွောသညျ။ "သူတို့ အခုလို စောငျ့နတေဲ့အတှကျ ကမြတို့က ဘဏျက ATM မှာတောငျ ပိုကျဆံသှားမထုတျရဲဘူး။ စဈဝတျစုံ ဝတျထားတဲ့လူကို တှတေ့ာနဲ့ အနားတောငျ မသှားရဲတော့ဘူး။ ကွောကျတယျလနေျော။ စဈဝတျစုံတှတေ့ာနဲ့ ကွောကျနပွေီ ဒီကလူတှကေ။ ဘယျသူမှ မသှားရဲဘူး" ဟု မွဈကွီးနားမွို့ခံ တဈဦးက ပွောသညျ။ ထို့အပွငျ စဈတပျမှ အာဏာသိမျးလိုကျသညျ့ ဖဖေျောဝါရီလ ၁ ရကျနမှေ့ စတငျ၍ မွဈကွီးနားမွို့ရှိ အစိုးရ ရုံးမြား၊ ဌာနပေါငျးစုံ စုပေါငျးရုံး၊ ကခငျြပွညျနယျ လှတျတျောရုံး၊ MPT ဖုနျးရုံးနှငျ့ မနျခိနျရပျကှကျရှိ လြှပျစဈဓါတျ အားဖွနျ့ဖွူးရေးရုံးတို့တှငျ စဈသားမြား အစောငျ့ခသြညျကို တှေ့ ရသညျ။ စဈတပျမှ တငျ့ကားမြားလညျး စဈအာဏာသိမျးသညျ့နမှေ့ စတငျ၍ မွဈကွီးနားမွို့ တှငျ လှညျ့လညျနပွေီး စဈ သားမြားတငျထားသညျ့ ကားမြားလညျး မွို့အတှငျး လှညျ့နသေညျကို တှရေ့ဟု မွဈကွီးနားမွို့ ခံမြား က ပွော သညျ။ အလားတူ မွဈကွီးနားမွို့ နှငျ့ ဝိုငျးမျောမွို့သှားရာ ဗလမငျးထငျတံတားနှဈဖကျစလုံးတှငျလညျး ယခငျကထကျ စဈတပျမှ အငျအားမြား ဖွညျ့တငျးထားသညျကို တှရေ့သညျ။ မြစ်ကြီးနားရှိ ဘဏ်များရှေ့တွင် လုံခြုံရေး တင်းကြပ်စွာချ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှိ ဘဏ်များရှေ့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ (ယနေ့) တွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များတင်းကြပ်စွာ နေရာချထားသည်ကို တွေ့ရသည်။ မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိက ဘဏ်များဖြစ်ကြသည့် KBZ ဘဏ် ၂ ဘဏ်၊ AYA ဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ AGD (အာရှစိမ်းလန်းစိုပြေရေး ဘဏ်)နှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် စစ်သားများကို တွေ့ရသည်ဟု ဒေသခံ များက ပြောသည်။ ယခင်ရက်များက ထိုကဲ့သို့ ဘဏ်များထဲတွင် စစ်သားများကို မတွေ့ခဲ့ရပဲ ယနေ့နံနက်မှ စတင်၍ ဘဏ်များ အတွင်း စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ကို တွေ့ရသည်ဟု မြစ်ကြီးနားမြို့ ခံများက ပြောသည်။ "သူတို့ အခုလို စောင့်နေတဲ့အတွက် ကျမတို့က ဘဏ်က ATM မှာတောင် ပိုက်ဆံသွားမထုတ်ရဲဘူး။ စစ်ဝတ်စုံ ဝတ်ထားတဲ့လူကို တွေ့တာနဲ့ အနားတောင် မသွားရဲတော့ဘူး။ ကြောက်တယ်လေနော်။ စစ်ဝတ်စုံတွေ့တာနဲ့ ကြောက်နေပြီ ဒီကလူတွေက။ ဘယ်သူမှ မသွားရဲဘူး" ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။ ထို့အပြင် စစ်တပ်မှ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့ရှိ အစိုးရ ရုံးများ၊ ဌာနပေါင်းစုံ စုပေါင်းရုံး၊ ကချင်ပြည်နယ် လွှတ်တော်ရုံး၊ MPT ဖုန်းရုံးနှင့် မန်ခိန်ရပ်ကွက်ရှိ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေးရုံးတို့တွင် စစ်သားများ အစောင့်ချသည်ကို တွေ့ ရသည်။ စစ်တပ်မှ တင့်ကားများလည်း စစ်အာဏာသိမ်းသည့်နေ့မှ စတင်၍ မြစ်ကြီးနားမြို့ တွင် လှည့်လည်နေပြီး စစ် သားများတင်ထားသည့် ကားများလည်း မြို့အတွင်း လှည့်နေသည်ကို တွေ့ရဟု မြစ်ကြီးနားမြို့ ခံများ က ပြော သည်။ အလားတူ မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့သွားရာ ဗလမင်းထင်တံတားနှစ်ဖက်စလုံးတွင်လည်း ယခင်ကထက် စစ်တပ်မှ အင်အားများ ဖြည့်တင်းထားသည်ကို တွေ့ရသည်။
2021/10/22 07:48:48
https://www.nmg-news.com/2021/02/15/12985
mC4
ဝူဟန်ရောက် WHO အဖွဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပေါ်ပေါက်ခဲ့တဲ့ ဇစ်မြစ်ကိုစုံစမ်းနေတဲ့ အလုပ်ကို သီတင်းပတ်ကုန်ပိုင်းမှာလည်းဆက်လက် လုပ်ဆောင်သွားမယ်လို့WHO ပြောခွင့်ရက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်ကာလတုန်းကလိုပဲ WHO အဖွဲ့ အနေနဲ့ သီတင်းပတ်ကုန် ရက်တွေမှာ သူတို့အလုပ်ကို သူတို့ ဆက်လုပ်သွားဖို့ ရှိ ပါတယ်။ သူတို့ အလုပ်ချိန် တော်တော်ကြာကြာကြီး လုပ်နေကြပါတယ်။ စာရင်းထဲမှာ ပါတဲ့ စီစဉ်ထားတဲ့ နေရာ ၂ ခု ကိုလည်း သွား ရောက်ဖို့ ရှိပါတယ်လို့ WHO ပြောခွင့်ရ Margaret Harris က ပြောပါတယ်။ တရုတ်အစိုးရက စီစဉ်ထားတဲ့ နေရာတွေကို သွားရောက်မှာ ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေကြောင့် သွားရောက်ရမယ့်နေရာတွေ အကန့်အသတ်နဲ့သာ ရှိလိမ့်မယ်လို့လည်း သူက ပြောပါတယ်။ WHO အဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့က ပင်လယ်စာ ဈေးကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဈေးနဲ့ တခြားနေရာတွေကို သွားရောက်မယ့် အချိန် တိတိကျကျကိုတော့ မသိဘူးလို့ လည်း WHO ပြောခွင့်ရက ထပ်မံ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ WHO အဖွဲ့အနေနဲ့ ဘယ်နေရာ သွားသွား ဘတ်စ်ကားတွေနဲ့သာ သွားရမှာ ဖြစ်ပြီး မြို့ခံတွေနဲ့ ထိတွေ့မှု အကန့်အသတ်သာ ရှိမယ် လို့လည်း ပြောပါတယ်။ ဝူဟနျရောကျ WHO အဖှဲ့ ကိုရိုနာဗိုငျးရပျဈဇဈမွဈကို ဆကျလကျစုံစမျးသှားမညျ တရုတျနိုငျငံ၊ ဝူဟနျမွို့ကို ရောကျရှိနတေဲ့ ကမ်ဘာ့ ကနျြးမာရေးအဖှဲ့ WHO ကိုယျစားလှယျ အဖှဲ့အနနေဲ့ ကိုရိုနာဗိုငျးရပျဈပိုး စတငျပျေါပေါကျခဲ့တဲ့ ဇဈမွဈကိုစုံစမျးနတေဲ့ အလုပျကို သီတငျးပတျကုနျပိုငျးမှာလညျးဆကျလကျ လုပျဆောငျသှားမယျလို့WHO ပွောခှငျ့ရက ပွောပါတယျ။ ပွီးခဲ့တဲ့ ၁၄ ရကျကာလတုနျးကလိုပဲ WHO အဖှဲ့ အနနေဲ့ သီတငျးပတျကုနျ ရကျတှမှော သူတို့အလုပျကို သူတို့ ဆကျလုပျသှားဖို့ ရှိ ပါတယျ။ သူတို့ အလုပျခြိနျ တျောတျောကွာကွာကွီး လုပျနကွေပါတယျ။ စာရငျးထဲမှာ ပါတဲ့ စီစဉျထားတဲ့ နရော ၂ ခု ကိုလညျး သှား ရောကျဖို့ ရှိပါတယျလို့ WHO ပွောခှငျ့ရ Margaret Harris က ပွောပါတယျ။ တရုတျအစိုးရက စီစဉျထားတဲ့ နရောတှကေို သှားရောကျမှာ ဖွဈပွီး ကနျြးမာရေးဆိုငျရာ စညျးမဉျြး ကနျ့သတျခကျြတှကွေောငျ့ သှားရောကျရမယျ့နရောတှေ အကနျ့အသတျနဲ့သာ ရှိလိမျ့မယျလို့လညျး သူက ပွောပါတယျ။ WHO အဖှဲ့အနနေဲ့ ၂၀၁၉ ခုနှဈ၊ ဒီဇငျဘာလက ကိုရိုနာဗိုငျးရပျဈကို ပထမဆုံး တှရှေိ့ခဲ့တဲ့ ဝူဟနျမွို့က ပငျလယျစာ ဈေးကိုလညျး သှားရောကျမှာ ဖွဈပါတယျ။ ဒါပမေဲ့ အဲဒီ ဈေးနဲ့ တခွားနရောတှကေို သှားရောကျမယျ့ အခြိနျ တိတိကကြကြိုတော့ မသိဘူးလို့ လညျး WHO ပွောခှငျ့ရက ထပျမံ ရှငျးလငျး ပွောကွားခဲ့ပါတယျ။ WHO အဖှဲ့အနနေဲ့ ဘယျနရော သှားသှား ဘတျဈကားတှနေဲ့သာ သှားရမှာ ဖွဈပွီး မွို့ခံတှနေဲ့ ထိတှမှေု့ အကနျ့အသတျသာ ရှိမယျ လို့လညျး ပွောပါတယျ။
2021/11/28 18:30:34
https://burmese.voanews.com/a/who-wuhan-team-investigation-/5757328.html
mC4
နေအိမ်တွင်းမှာရှိတဲ့ အင်းဆက်တွေကပေးတဲ့ ဝေဒနာ - Hello Sayarwon နေအိမ်လေးကို သန့်သန့်ရှင်းရှင်းထားပါ။ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။နေအိမ်သန့်ရှင်းမှာနေအိမ်လေးထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေ ကင်းစင်တော့မပေါ့။ နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ နေအိမ်မသန့်ရှင်းတဲ့အခါနေအိမ်တွင်းနဲ့နေအိမ်ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေကဒုနဲ့ဒေးပါ။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ရောဂါဆိုတဲ့ လက်ဆောင်ကြီးကိုပေးခဲ့မှာနော်။ မလိုခင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ…… နေအိမ်တိုင်းကခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်ဆိုရင်ခြင်ပေါက်ဖွားမှုကို နည်းနည်းလေတာ့လျှော့စေနိုင်တာပေါ့။ခြင်အရမ်းများတာကြောင့်ခြင်ကိုက်ခံရမှုကနေတဆင့် ဂျပန်ဦးနှောင်ရောင်ရောဂါတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးတွေကိုခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေက အညစ်အကြေးတွေမှာ နားပြီး အစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါ အစားအစာတွေထဲမှာရောဂါပိုးတေါက အလိုလျော်ပါပြီးသားဖြစ်သွားရောပေါ့။ ဒီလိုမသန့်ရှင်းတဲ့အစားအစာတွေကို စားမိတဲ့အခါမှာ နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ် ယင်ကောင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်။ ပန်းနာရင်ကျပ်ရောဂြါဖစ်နိုင်တယ်။ အိပ်ရာတွေ၊ အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ရောဂါကို တိုက်ရိုက်ပေးတာမျိုးမဟုတ်ပေမယ့်ရောဂါဖြစ်လာစေတဲ့ အကြောင်းရင်းခံတစ်ခုပေါ့။နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင် အရေပြားဓါတ်မတည့်မှုတွေဖြစ်နိုင်တယ် ဂျပိုးကိုက်ခံရတဲ့နေရာတွေကို ယားလို့ ကုတ်ရာကနေ အပေါ်ယံအရေပြားတွေပေါက်ပြဲပြီးရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်။ နေအိမ်ကို သပ်သပ်ရပ်ရပ်ထားပါ အိပ်ယာခင်တွေ၊စောင်တွေကို ပုံမှန်လျှော်ပါ အခင်းတွေကိုနေထုတ်လှန်းပါ ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူတွေပေါ့။ စားကြွင်းစားကျန်တွေတင်စားတာမဟုတ်ဘဲရောဂါပိုးတွေကိုပါ အတင်းချန်ထားခဲ့သေးတာ။ အိမ်မှာ ကြွက်ပေါတာကြောင့် အသည်းရောင်အသားဝါရောဂါတို့ခံစားရနိုင်ပါတယ်။ နေအိမ်ကို သန့်ရှင်းသပ်ရပ်အောင်ထားပါ စားကြွင်းစားကျန်တွေသေချာစွာစွန့်ပစ်ပါ နေအိမ်ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်အောင်ထားပါ။ ကဲ….နေအိမ်လေးကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ အခုကစပြီးနေအိမ်ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါရောဂါတွေကနေ ကာကွယ်လိုက်ပါ။
2022/01/19 14:16:51
https://hellosayarwon.com/infectious-diseases/infections-from-insects/%E1%80%B1%E1%80%94%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC%E1%80%9B%E1%80%BD%E1%80%AD%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%84/
mC4
"၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးအလုပ်ရှင်အမှတ်တံဆိပ်"ဆုကို Vietjet လက်ခံရရှိ - YOYARLAY Digital Media and News Vietjet လေကြောင်းလိုင်းဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ကမ္ဘာ့လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးရေး (HRD) ကွန်ဂရက်မှာ " ၂၀၁၉ ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံးအလုပ်ရှင်အမှတ်တံဆိပ်" ကို လက်ခံရရှိခဲ့ပါတယ်။ ဒီဆုဟာ လေကြောင်းလိုင်းရဲ့ထူးခြားဆန်းသစ်တဲ့ဝန်ထမ်းရွေးချယ်ခန့်ထားမှု၊ ဝန်ထမ်းအားလုံးအတွက် နိုင်ငံတကာအဆင့်အတန်းမီ စနစ်ကျတဲ့လုပ်ငန်းပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးမှုဆိုတဲ့ ကဏ္ဍနှစ်ရပ်လုံးအတွက် အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ အရင်ကလည်း Vietjet အုပ်စုဟာ ၂၀၁၈ ခုနှစ်၊ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ HRD ကွန်ဂရက်မှာလည်း လေကြောင်းကဏ္ဍရဲ့ 'အာရှဒေသတွင် အလုပ်လုပ်ရန်စိတ်ကူးယဉ်စရာကောင်းသောကုမ္ပဏီ' တစ်ခုအဖြစ်၊ ၂၀၁၆ နဲ့ ၂၀၁၇ နှစ်နှစ်ဆက်တိုက် "အာရှ အကောင်းဆုံး အလုပ်ရှင် အမှတ်တံဆိပ်" အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသေးတယ်။ ယင်းလုပ်ငန်းအုပ်စုအနေနဲ့ "၂၀၁၆ ခုနှစ် အာရှတွင် အထင်ရှားဆုံးအမှတ်တံဆိပ် ၅၀၀ ထဲမှတစ်ခု" ၊ "ဗီယက်နမ်နိုင်ငံ၏ လူကြိုက်အများဆုံးလေကြောင်းလိုင်း"စတဲ့ဆုတွေနဲ့ TTG ခရီးသွား ဆုပေးအပ်ပွဲ ၂၀၁၅ မှာ"၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးအာရှဈေးနှုန်းအသက်သာဆုံးပို့ဆောင်ရေး"နဲ့ အခြားဂုဏ်သရေရှိဆုများစွာအပါအဝင် ပြည်တွင်းဆု ၃၂ ဆု၊ နိုင်ငံတကာဆု ၁၀ ဆုတို့ကို လက်ခံရရှိထားပြီးလည်း ဖြစ်ပါတယ်။။ Vietjet ဟာ လက်ရှိမှာ ဟနွိုင်း-ရန်ကုန် ခရီးစဉ်ကို ရက်သတ္တတစ်ပတ်လျှင် အသွားအပြန် ၅ ကြောင်း ပျံသန်းပြေးဆွဲလျက်ရှိပြီး ပြည်တွင်းပြည်ပ အသွားအပြန်ခရီးစဉ်ပေါင်း ၁၀၆ ကြောင်းနဲ့ ဝန်ဆောင်မှုပေးနေတဲ့ အာရှ-ပစိဖိတ်ဒေသရဲ့အတတ်ပညာပိုင်း ယုံကြည်စိတ်ချရမှု (Technical Reliability Rate) အမြင့်ဆုံး ၉၉.၆၄ ရာခိုင်နှုန်းရှိ လေကြောင်းလိုင်းဖြစ်တယ်လို့ သိရပါတယ်။ Previous Previous post: လူငယ်တွေအနေနဲ့ ငွေကိုမကြည့်ဘဲ အတွေ့အကြုံကိုကြည့်ပြီး အလုပ်လုပ်ပါ Next Next post: အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးပြီး မျောက်ဝံတစ်ကောင်နဲ့ ထိုးသတ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ မိုက်တိုင်ဆန်
2021/12/02 17:19:58
https://yoyarlay.com/qsxngcaw/
mC4
မူးယစ်ဆေး မျိုးစုံနဲ့ အကျွမ်းဝင်နေတဲ့ အသက်မပြည့်သေးတဲ့ လမ်းပေါ်က ကလေးငယ်များ | Lwin Pyin News Home ပြည်တွင်းသတင်း မူးယစ်ဆေး မျိုးစုံနဲ့ အကျွမ်းဝင်နေတဲ့ အသက်မပြည့်သေးတဲ့ လမ်းပေါ်က ကလေးငယ်များ မူးယစ်ဆေး မျိုးစုံနဲ့ အကျွမ်းဝင်နေတဲ့ အသက်မပြည့်သေးတဲ့ လမ်းပေါ်က ကလေးငယ်များ ဝါဖျော့ဖျော့ အရောင်ရှိတဲ့ လူကြီးဝတ်တီရှပ်ကို ဝတ်ဆင်ထားတဲ့ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအဖို့ တီရှပ်အင်္ကျီက ပခုံးဘေးအတွဲသားကျနေတယ်။ လက်တစ်ဖက်က ပလုံထည့်တဲ့ ဂုန်နီအိတ်ကိုဆွဲ၊ ကျန်တစ်ဖက်က ကွမ်းယာဆေးဘူးကို နှာခေါင်းဝတေ့ပြီး ရထားဘူတာသံလမ်းဘေးမှာ ရပ် နေပါတယ်။ မျက်တွင်းအချောင်သားဖြစ်နေတဲ့ အဲသည်ကောင်လေးဟာ ရထား လာရာ သံလမ်းဘက်ကို ငေးရင်း လက်ထဲမှာကိုင်ထားတဲ့ ကွမ်းယာဆေးဘူးကိုသာ တရစပ်ရှူရှိုက်နေတယ်။ သူ့ကျောပြင်နဲ့ ခြေလက်တွေမှာ ကော်တွေ ပေပွနေတယ်။ မျက်နှာ၊ ဒူးခေါင်းနဲ့ ပေါင်တွေမှာလည်း ကြေးကွက်တွေ အကွက်လိုက်အကွက်လိုက် ထနေတယ်။ သူကိုင်ထားတဲ့ ကွမ်းစားဆေးဘူး ထဲမှာတော့ ပရိဘောဂပစ္စည်းတွေမှာ ဖာထေးအသုံးပြုတဲ့ တီဗီကော် ဖြစ်ပါ တယ်။ သူတို့နဲ့ သက်တူရွယ်တူ ကလေးငယ် ၂၀ ကျော်လောက်ဟာ မြောက်ဥက္ကလာတံတားလေးဘူတာအနီးမှာ အုပ်စုဖွဲ့နေထိုင်ကြတယ်။ အဲသည်နား မှာနေပြီး ပလုံကောက်တဲ့အလုပ်ကို လုပ်ကြတယ်။ သူတို့တွေဟာ မူးယစ်စေတဲ့ ပစ္စည်းမျိုးစုံကို အသက်မပြည့် သေးဘဲ ကျွမ်းကျွမ်းကျင်ကျင် ထိတွေ့သုံးစွဲနေကြပါပြီ။ နာမည်က မောင်ချစ်ခိုင် 'သားအစ်ကိုကို စောင့်နေတာ၊ ခဏနေရင် သူလာတော့မှာ၊ ပြီးရင် သားတို့လိုက်ကောက်တော့မှာ˘လို့ ခုနစ်နှစ်သားအရွယ် မောင်ချစ်ခိုင်က ပြောတယ်။ မောင်ချစ်ခိုင်(အမည်လွှဲ)မှာ မွေး ချင်း ခြောက်ယောက် ရှိတယ်။ မောင်ချစ်ခိုင်က အလတ်ပါ။ ဝမ်းတစ်နပ် ပြည့်ဖို့ နေ့စဉ် ခြေလှမ်းပေါင်းများစွာ အသုံးချနေရတဲ့ ကလေးငယ်တစ်ဦး ဖြစ်ပါတယ်။ မိသားစုရှိပေမဲ့ မောင်ချစ်ခိုင်ရဲ့ အဖေနဲ့အမေက ပင်လယ်ထွက်အလုပ်လုပ်ကိုင်နေကြတာပါ။ မောင်ချစ် ခိုင်တို့ကတော့ အဒေါ်နဲ့ နေထိုင်ကြပါ တယ်။ ဒါပေမဲ့ မောင်ချစ်ခိုင်က ကော် ရှူတဲ့အကျင့်ကြောင့် အိမ်မှာနေလို့မရတော့ပါဘူး။ ကော်ရှူဖြစ်ခဲ့ပုံ 'သားအစ်ကိုက သားနှာခေါင်းကို ကော်တွေနဲ့ လာသုတ်တယ်၊ ပြီးကျတော့ ဘူးကို လက်နဲ့အုပ်ပြီး ရှူခိုင်းတယ်၊ ပထမတော့သားလဲ မရှူတတ်ဘူး၊ မူးသွားတယ်၊ နောက်ကျမှ ရှူ တတ်သွားတယ်၊ သားကော်ရှူတာ သိပ်မကြာသေးဘူး˘လို့ ကော်ကြေးတွေ ပရပွနဲ့ မည်းညစ်နေတဲ့လက်ထဲက ကော်ဘူးကို ကိုင်ထားပြီး ဒူး ထောင်လျက်သားနဲ့ ပြောတယ်။ အဲသည်ကော်ရဲ့ အရောင်က အဝါရောင်ပါ။ စူးဝါးဝါး အနံ့အသက် ရှိ တယ်။တစ်ကြိမ်ရှူလိုက်ရုံနဲ့ ခေါင်းထဲ မူးနောက်သွားစေတတ်ပါတယ်။ ဒါပေမဲ့ သည်အနံ့ကို စွဲနေတဲ့ ကလေးငယ်တွေအတွက်တော့ ဒါက အလွန်ကိုကောင်းတဲ့ ခံစားချက်ဖြစ်စေပြီး သူတို့အလွန်ကြိုက်တဲ့အနံ့ဖြစ်တယ်လို့ ဆိုပါတယ်။ မောင်ချစ်ခိုင်က"အဲဒါကိုရှူနေရင် စိတ်ထဲမှာ မှန်းချင်တာ မှန်းလို့ရတယ်၊ feel ပဲ တွေးချင်တာ တွေးလို့ရတယ်၊ အိပ်မပျော်ဘဲ မူးနေတာမိုက်တယ်" လို့ ပြောပြပါတယ်။ ဘယ်လို ဝယ်ကြလဲ ပခုံးဘေး တွဲလျားကျနေတဲ့ အင်္ကျီလည်ပင်းအစပ်မှာ ကော်ဘူးကိုဝှက်ပြီး လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ် ထားတဲ့ ကျပ် ၅၀ဝ တန် နှစ်ရွက်နဲ့ အနားမှာရှိတဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ကို ဝင်သွားပါတယ်။ မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ သူ့အလိုရှိတဲ့ ကော်ဘူးကို ချောချောမွေ့မွေ့ရလာပါတယ်။ မောင်ချစ်ခိုင်က "သားသူငယ် ချင်းတွေက သားကော်ဘူးလာလာ လုကြတယ်၊ အဲဒီကျရင် သားအစ်ကိုနဲ့ ရန်ဖြစ်ရတယ်၊ လက်နှစ်ဖက်ကိုအုပ် ပြီး ရှူရတာ၊ တစ်ဖက်တည်းဆိုရင် ကော်ကအငွေ့ပြန်သွားရော၊ ဘူးအသေးဆိုရင် သားတစ်နေကုန်ရှူလို့ရတယ်"လို့ သူဝယ်လာတဲ့ တီဗီကော် ဘူးကို မြှောက်ပြရင်း ပြောပါတယ်။ ဒါ့အပြင် လေသလပ်ပြီး ခမ်းလု လုဖြစ်နေတဲ့ ကော်အကျန်ကို ပါးစပ်ထဲ ကတံတွေးနဲ့ လက်နဲ့စွပ်ပြီး မွှေတာကလည်း ကော်အနံ့မပျောက်သွားအောင်လို့ သူကပြောပါသေးတယ်။ မောင်ချစ်ခိုင်ရဲ့ တစ်နေ့တာ ဝင်ငွေက ကျပ် ၅၀ဝ၀ နဲ့ ၈၀ဝ၀ ကြားမှာ ရှိတယ်။ အဲသည်ကော်ဟာ နှစ်လက်မသာသာ တစ်ဘူးကို ကျပ် ၈၀ဝ နဲ့ ရောင်းချ နေပြီး ငါးလက်မအရွယ်ခန့်ဘူးကို တော့ ကျပ် ၁၆၀ဝ နဲ့ ရောင်းချပါတယ်။ အဲသည်လိုကော်ဘူးတွေကို စတိုးဆိုင်၊ အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်နဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်လို့ရတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ ကွမ်းယာဆိုင်အချို့မှာလည်း အလွယ်တကူပဲ ရောင်းပေးကြတယ်။ ဒါ့အပြင် အဲသည်ကလေးအများစုဟာ ရပ်ကွက်တည်းမှာရှိတဲ့ ဆေးဆိုင်တွေက ရောင်းချတဲ့ ခေတ္တမိန်းမောမှုကို ဖြစ်စေတဲ့ အကိုက်အခဲပျောက် ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေး တွေကိုလည်း တစ်နေ့ကို ခြောက် လုံးထက် မနည်းသောက်သုံးနေကြပါတယ်။ အသက် ၁၉ နှစ်အရွယ် မောင်ရန်နိုင်စိုး (အမည်လွှဲ) က 'ကျွန်တော်တို့ သွားဝယ်ရင်တော့ ချောင်းဆိုးပျောက်ဆေးလို့ပဲ ပြောပြီး ဝယ်လိုက်တာ၊ ကလေးတွေဆိုရင် ဆေးဆိုင်က မရောင်းဘူး၊ ကျွန်တော်တို့ကိုပဲ ရောင်း တာ၊ အဲဒီဆေးကသောက်ပြီး နာရီဝက် တစ်နာရီဆိုရင် အရှိန်တက်လာတယ်၊ ရင်တွေတုန်လာတယ်၊ တွေးချင်တာ တွေးနေလို့ရတယ်၊ စိတ်ထဲမှာ ထိုးချင် တဲ့စိတ်တွေ ပေါက်လာတယ်၊ ကျွန်တော်တို့က ရန်ဖြစ်ခါနီး ကျွန်တော်တို့ ကြည့်မရတဲ့ အကောင်တွေနဲ့ တွေ့ခါနီး ဆို အဲဒီဆေးသောက်တယ်"လို့ ပြောပါတယ်။ နောက်သူတို့ သုံးစွဲနေတဲ့ ဆေးတစ်မျိုးကတော့ ဆေးပြင်းလိပ်လို့ခေါ်တဲ့ အထဲမှာ မူးယစ်ဆေးဓာတ်ပါဝင်တဲ့ ဆေးလိပ်အမျိုးအစား ဖြစ်ပါတယ်။ အဲသည်ဆေးလိပ်တွေကို ရပ်ကွက်ထဲမှာရှိတဲ့ စူပါမားကက်အချို့မှာ အလွယ်တကူ ရရှိနိုင်တယ်။ အဲသည်ဆေးလိပ်တွေကို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဝယ်ယူရင်လည်း အလွယ်တကူ ရောင်းချနေတာ တွေ့ရပါတယ်။ မူးယစ်ဆေးမျိုးစုံသုံးစွဲနေတဲ့ မောင်ချစ်ခိုင်ဟာ ပြောတဲ့ စကားတွေမှာ ပုံမှန်ကလေးငယ်တစ် ယောက်အတိုင်း ရှိနေတယ်ဆိုပေမဲ့ တစ်ခါတစ်ရံမှာ ကယောင်ချောက်ချား ဖြစ်ပြီး ပြောသမျှစကားတွေဟာ သောင်စဉ်ရမရ ဖြစ်နေပါတယ်။ ဘာဖြစ်သလဲ ကော်ရှူတဲ့ကလေးအများစုက လည်း လူငယ်ထိန်းသိမ်းရေးစခန်း တစ်နည်းအားဖြင့် ကလေးထောင်ကို အနည်းဆုံး နှစ်ခေါက်ခန့်ရောက်ဖူးကြသူတွေ ဖြစ်ပါတယ်။ 'သားက နှစ်ခါရောက်ဖူးတယ်၊ သား ဖုန်းသုံးလုံးခိုးလိုက်တုန်းက အဲဒီတုန်းက ရဲတွေအိမ်ကိုလာပြီး သားကို ခေါ်သွားတာ၊ ကားပေါ်မှာ ရဲတွေနဲ့အတူ သားလိုက်သွားတာ၊ ကားပေါ် ရောက်တော့ သူတို့က မေးတယ်၊ သူတို့လက်ထဲမှာ ကိုင်ထားတဲ့သေနတ် ကိုပြပြီး မင်းအဲဒါဘာလဲသိလား၊ သား က ပြန်ဖြေလိုက်တယ်၊ သေနတ်လို့၊ ဒါပေမဲ့ အခု သားဖုန်းမခိုးတော့ဘူး၊ ပလုံပဲ လိုက်ကောက်တော့တာ" လို့ မောင်ချစ်ခိုင်တစ်ယောက် သူတွေ့ကြုံ ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြရင်း ပဆစ်တုတ်ကလေးထိုင်ရင်း ခေါင်းငုံ့ ရယ်နေပါတယ်။ အဲသည်လိုခိုးယူပြီးတဲ့ဟန်းဆက်၊ ဖုန်းစတဲ့ ပစ္စည်းတွေကိုတော့ ကလေးတွေက ဆိုင်ကယ်ကယ်ရီမောင်းနှင်တဲ့ သူတွေဆီမှာ တစ်ဝက်ဈေးနဲ့ ပြန် လည်ရောင်းချကြတယ်လို့ သိရပါ တယ်။ 'သားမှတ်မိတာ ငယ်ငယ်တုန်းကပဲ သားကို ကိုဖြိုးကခိုးခိုင်းတာ၊ သားက မခိုးတတ်ဘူး၊ သူက သင်ပေးတယ်၊ သားတို့က ဆေးရုံတွေမှာ၊ ကားဝင်းတွေမှာ အိပ်ပျော်နေတဲ့ လူတွေဆီကနေ သူတို့ဘေးမှာချထားတဲ့ ဖုန်းတွေကိုခိုးရတာ"လို့ သူက ဆက်ပြောပြပါတယ်။ မောင်ချစ်ခိုင်လိုပဲ ကော်ရှူတဲ့ ကလေးအများစုက ခိုးမှု၊ လုယက်မှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေကို ကျူးလွန်နေကြတာတွေကြောင့် လူငယ်ထိန်းသိမ်း ရေးကျောင်းကို မကြာခဏရောက်လေ့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေက ထောက်ခံစာနဲ့ လာရောက်ထုတ်ပေးပြီး သည်ကလေးတွေက အပြင်ကိုပြန်ရောက်ပါတယ်။ သည်လိုအပြစ်တွေကို ထပ် ကာထပ်ကာ ကျူးလွန်နေကြရတာ ဖြစ်ပါတယ်။ အဲသည်ကော်ကို အသက်ငါးနှစ် ကစပြီး အသက်ကြီးပိုင်းတွေအထိပါ သုံးစွဲနေကြတာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကော်ရှူသူတွေက အမျိုးသမီး၊ ကလေးငယ်နဲ့ လူငယ်အချို့မှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ရထားသံလမ်းဘေး ဘူတာတွေရဲ့ခရီးသည်စောင့် ခုံတန်းလျားတွေမှာ ကလေးငယ်ပွေ့ချီနေရင်း ကော်အသုံးပြု နေတဲ့ကလေးမိခင်တွေ၊ အရွယ် မရောက်သေးတဲ့ကလေးငယ်တွေနဲ့ လူငယ်အများစုက အဲသည် ကော်ကို မူးယစ်ဆေးသုံးသလို တစ်သီးတစ်သန့် အသုံးပြုနေကြတာပါ။ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ အသက် ၁၉ နှစ်အရွယ် မောင်ရန်နိုင်စိုး (အမည် လွှဲ) က 'ကျွန်တော် ရဲစခန်းတော့ ရောက်ဖူးတယ်၊ ပြီး တော့ နောက်မရှူ ဖို့ သတိပေးတယ်၊ ဒါပေမဲ့ အားချင်းပဲ ပြန် လွှတ်ပေးပါတယ်၊ ကျွန်တော်တို့ က ကော်ပဲရှူတာလေ၊ သူများပစ္စည်းခိုးတာမှ မဟုတ်တာ၊ ဘူတာနားမှာ တော့ မိန်းမတွေလဲရှူတယ်၊ ကလေးတွေရောပဲ သူခိုးလေးတွေ၊ ကော်ရှူလို့ ဖမ်းတာတော့ ရှိတယ်၊ ဒါပေမဲ့ ထောင်မချဘူး၊ တကယ်လို့ ကော်ရှူ လို့ ထောင်ချမယ်၊ ဥပဒေတစ်ခုခု ရှိ မယ်ဆိုရင်တော့ မရှူတော့ဘူးပေါ့"လို့ ပြောပါတယ်။ ဘယ်ကို ခရီးနှင် ရေသန့်ဘူးကောက်တဲ့ ကလေးအများစုက နံနက်မိုးလင်းတာနဲ့ သူများထက်စောနိုင်သမျှ အစောဆုံးထွက်ကြပါတယ်။ မောင်ချစ်ခိုင်တို့ ညီ အစ်ကိုတွေကတော့ နံနက် ၅းဝ၀ နာ ရီလောက် ဆိုရင် ဂုန်နီအိတ်လွယ်ရင်း သူတို့ ခရီးကို စတင်ကြပါတော့တယ်။ 'သားတို့ထောက်ကြန့်အထိ ကားစီးတယ်၊ ထောက်ကြန့်ရောက်တော့ ပိုက်ဆံလိုက်တောင်းတယ်၊ ပြီးတော့ တိုက်ကြီး၊ မှော်ဘီဘက် ကိုသွားတယ်၊ တစ်ခါတလေလဲ ကားစီးပြီး ပြန်လာတယ်၊ ညဉ်နက် သွားရင်လဲ ပြန်မလာတော့ဘူး၊ အဲဒီဘက်မှာပဲ အိပ်လိုက်တယ်၊ ရဲတွေက လှည့်နေတာ၊ သူတို့ မတွေ့ အောင် ပုန်းနေရတယ်"လို့မောင် ချစ်ခိုင်က သူတို့ရဲ့သက်မွေးကျောင်းအတွက် သွားရတဲ့ ခရီးစဉ်ကို ရှင်းပြပါတယ်။ မောင်ချစ်ခိုင်တို့လို ပြန်စရာ အိမ်မ ရှိတဲ့ ကလေးငယ်တွေအတွက်တော့ သူတို့ရဲ့အိမ်က ရထားလမ်းဘေး၊ မှတ်တိုင်၊ ခုံတန်းလျား၊ ရပ်ကွက်ဈေးက အမှိုက်တွန်းလှည်းနဲ့ ဆာလာ အိတ်တွေကသာ သူတို့အဖို့ အနွေးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ 'ဒီအိတ်တွေက နွေးတယ်၊ ခြင်လဲသိပ်မကိုက်ဘူး၊ အခုလို မိုးရွာရင်တော့ သစ်ပင်ကြီးတွေ အောက်မှာနေတယ်၊ ဘူတာအမိုး အောက်တွေမှာနေတယ်၊ ရဲမတွေ့ အောင်တော့နေတယ်၊ ရဲတွေ့ရင် နားရင်းအုပ်ခံရတယ်၊ နံပါတ် တစ် တုတ်နဲ့ အရိုက်ခံရတယ်˘လို့ သူက ပြောပါတယ်။ ဘယ်သူတွေ သုံးကြလဲ ကော်သုံးစွဲသူအများစုက အိမ် ခြေရာမဲ့တွေ၊ မိဘမရှိတော့တဲ့ ကလေးငယ်တွေအပြင် စိတ်ခံစားမှုအပြင်း ထန်ဆုံးဖြစ်တဲ့ ဆယ်ကျော်သက်လူငယ်တွေက အများဆုံးဖြစ်ပါတယ်။ သူတို့က ကော်ဘူးကို အင်္ကျီ ဒါမှမ ဟုတ် ဘောင်းဘီအိတ်များထဲကို ဝှက်ထည့်ထားတယ်။ လူကွယ်ရာမှာဝှက်ပြီး သုံးစွဲကြပါတယ်။ သုံးစွဲတဲ့အခါ ငါးယောက် တစ်အုပ်စု၊ လေးယောက်တစ်အုပ်စုစတဲ့ အုပ်စုများဖွဲ့ပြီး သုံးစွဲကြတာလည်း ဖြစ်ပါတယ်။ သည်လိုသုံးစွဲကြသူတွေက ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှုကို အမြဲလိုလို ခံကြရပြီး သူတို့ကို ကော်ရှူလူတန်းစားလို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ 'သားတို့က ကော်ရှူတော့ တခြားလူတွေ သားတို့နဲ့မဆော့ဘူး၊ ခဏ ခဏ ရန်ဖြစ်တယ်၊ သားကလေးထိန်း ကျောင်းမှာတော့ နေချင်တယ်၊ ကလေးထောင်မှာတော့ မနေချင်ဘူး၊ အဲဒီမှာက ရိုက်လဲရိုက်တယ်၊ အပြင်လဲ မထွက်ရဘူး၊ မုန့်လဲဝယ်စားလို့ မရဘူး၊ ဒါပေမဲ့ လက်ဝှေ့တော့ သင်ပေး တယ်၊ လက်ဝှေ့သင်ပေးတဲ့ ကလေး ထိန်းကျောင်းမှာ နေချင်တယ်" လို့ မောင်ချစ်ခိုင်က သူဖြစ်ချင်တဲ့ဆန္ဒကို ပြောပြပါတယ်။ မောင်ချစ်ခိုင်လိုပဲ မိမိရဲ့ဝမ်းတစ်ထွာပြည့်မီဖို့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နေရတဲ့ လေလွင့်ကလေးငယ်တွေ အများအပြားရှိနေပါတယ်။ သူတို့က တစ်နေရာ တစ်ဒေသမှာပဲ နေထိုင်ကြတာမဟုတ်ဘဲ ဘဝ ပေးအခြေအနေအရ သင့်သလို လှည့်လည်နေထိုင်နေကြရတာ ဖြစ်တယ်။ မောင်ချစ်ခိုင်က "သားအိမ်မပြန် တာကြာပြီ၊ ညဘက်တွေ သွားတာလဲ သိတယ်၊အမေကြီး လိုက်မရှာဘူး၊ သားအိမ်မှာနေတုန်းက အဖေကြီးနဲ့ အမေကြီး ခဏခဏရန်ဖြစ်တယ်၊ ရန်ဖြစ်ရင် အဖေကြီးက အမြဲတမ်းရိုက်တယ်၊ သားတို့ကိုရောပဲ၊ သားတို့ ညီအစ်ကိုတွေ အိမ်မပြန်ကြဘူး၊ အဖေကြီးနဲ့ အမေကြီးလဲ အိမ်ပြန်မရောက် သေးဘူး"လို့ ပြောပါတယ်။
2021/12/01 05:31:38
http://www.lwinpyin.com/2017/05/weed.html
mC4
နေမာက ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာဖို့ ဆန္ဒရှိခဲ့ဖူးတယ်လို့ လာပေါ်တာဝန်ခံ – MySport Myanmar နေမာက ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့လာဖို့ ဆန္ဒရှိခဲ့ဖူးတယ်လို့ လာပေါ်တာဝန်ခံ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းဖြစ်တဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ပြန်လည်ခေါ်ယူဖို့ အသင်းဘက်က ကြိုးပမ်းခဲ့သလို နေမာကိုယ်တိုင်ကလည်း သူရဲ့အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လာဖို့ စိတ်ဆန္ဒရှိခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ဖူးပြီး အသင်းရဲ့လူငယ်ကစားသမားလေး အန်ဆူဖာတီနဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့သတင်းများစွာကလည်း အလိမ်အညာသာ ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ၂၀၁ရခုနှစ်မှာပဲ လက်ရှိအချိန်ထိ တင်ရှိနေသေးတဲ့ ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေးတစ်ရပ်အဖြစ် ယူရို(၂၂၂)သန်းနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြင်သစ်မှာ အခြေမကျသလို ဖြစ်ခဲ့တာကြောင့် နေမာနဲ့ ဘာစီလိုနာအသင်း ပြန်လည်ပေါင်းစည်းတော့မယ်ဆိုပြီး သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာက သူတို့အသင်းအနေနဲ့ နေမာကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့သလို နေမာကိုယ်တိုင်ကလည်း မက်ဆီနဲ့ ပြန်လည်ပူးပေါင်းဖို့အတွက် ဘာစီလိုနာကို ပြန်လာချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ လာပေါ်တာက "ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ နေမာကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။ သူလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ဒီကို ပြန်လာချင်တယ်လို့လည်း ပြောဆိုပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နေမာဟာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လာခြင်း မရှိတဲ့အပြင် ပီအက်စ်ဂျီအသင်းနဲ့ပါ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကိုသာ ချုပ်ဆိုသွားခဲ့သလို အခုဆိုရင်လည်း သူရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ လီယွန်နယ်မက်ဆီကပါ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာပြီဖြစ်လို့ နေမာအနေနဲ့ အသင်းဟောင်းဆီ ပြန်သွားဖို့က ဖြစ်နိုင်ခြေမရှိသလောက်ကို နည်းသွားခဲ့ရပါတယ်။ နေမာရဲ့အကြောင်းတွေအပြင် မက်ဆီရဲ့ ကျောနံပါတ်(၁၀)ကို ဆက်ခံရယူထားတဲ့ လူငယ်တိုက်စစ်ကစားသမားလေး အန်ဆူဖာတီနဲ့ပတ်သက်ပြီး ထွက်ပေါ်လျက်ရှိနေတဲ့ အပြောင်းအရွှေ့သတင်းတွေအားလုံးဟာ အလိမ်အညာတွေသာဖြစ်သလို အရည်အသွေးမြင့်မားတဲ့ ဖာတီလို ကစားသမားမျိုးကိုလည်း အသင်းကနေ လုံးဝ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
2021/09/16 15:45:43
https://mysportmyanmar.com/neymar-wanted-return-fati-sale-talk-is-lies-says-barcelona-president-laporta/
mC4
ယူကရိန်းနယ်စပ်က ရုရှားတပ်တချို့ပြန်ရုပ် ၀၁ ဧပြီ၊ ၂၀၁၄ ခရိုင်းမီးယားဒေသအတွင်း ရုရှားနိုင်ငံတော်အလံနဲ့ ရုရှားစစ်သား။ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနယ်စပ်က တပ်တချို့ကို တနင်္လာနေ့မှ စပြီးပြန်ဆုတ်နေပါတယ်။ ရုရှားအနေနဲ့ မကြာခင်က သိမ်းယူခဲ့တဲ့ ခရိုင်းမီးယားဒေသကို ဝန်ကြီးချုပ်စေလွှတ်ပြီး ကျယ်ပြန့်တဲ့စီးပွားရေးချောင်လည်မှု ကတိတွေသွားပေးချိန်မှာ ခုလိုတပ်တချို့ ရုပ်သိမ်းခဲ့တာပါ။ ဒီတပ်ဆုတ်မှု အသေးစိတ် ရှင်းရှင်းလင်းလင်း မဖြစ်သေးပေမဲ့ ရုရှားနဲ့ယူကရိန်း နှစ်ဘက်လုံးက အရာရှိတွေကတော့ တင်းမာတဲ့နယ်စပ်နေရာတွေကနေ တပ်တချို့ ပြန်ရုပ်ခဲ့တာကိုတော့ အတည်ပြုပေးခဲ့ကြပါတယ်။ ရုရှားဘက်ကတော့ ဒီတပ်ဆုတ်မှုမှာ အင်အား ၅၀၀ ကနေ ၇၀၀ အထိရှိတဲ့ တပ်ရင်းတခုကို ဆုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ ရုရှားအနေနဲ့ တပ်အင်အား စုစုပေါင်း ၄ သောာင်း ချထားတယ်လို့ အမေရိကန်အရာရှိတွေက ခန့်မှန်းထားပါတယ်။ ခုလိုအချိန်မှာ ရုရှား ဝန်ကြီးချုပ် Dmitri Medvedev အနေနဲ့ ကက်ဘိနက် ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ဦးဆောင်ပြီး မတ်လဆန်းမှာ ယူကရိန်းဆီက သိမ်းခဲ့တဲ့ ဒီခရိုင်းမီးယား ပင်နီဆူလာအတွင်းက မြို့ကြီးတွေကို သွားရောက်ကြည့်ရှုနေပါတယ်။ ယူကရိန်းမြို့တော် Kyiv မှာတော့ အစိုးရ အာဏာပိုင်တွေက ရုရှားဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို ကန့်ကွက်နေကြပါတယ်။ ဒီခရီးစဉ်ဟာ သံတမန်ထုံးစံကို ရိုင်းရိုင်းစိုင်းစိုင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဒီကန့်ကွက်သူတွေက ဆိုပါတယ်။ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီ ရုရှားဝန်ကြီးချုပ်ရဲ ခရီးစဉ်ကို တရားဝင် ကန့်ကွက်ကြောင်း စာပို့ခဲ့ရာမှာ ဒီခရီးစဉ်ဟာ အခြားနိုင်ငံတခုရဲ့ နယ်မြေကို ဝင်ရောက်တာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
2022/05/22 12:10:09
https://burmese.voanews.com/a/some-russia-force-wridraw-from-crimea-/1883431.html
mC4
နှလုံးသားရပ်ဝန်းမှ အသံများ...။: Nargis နောက်ဆက်တွဲများ...။ Nargis နောက်ဆက်တွဲများ...။ ရန်ကုန်က မိတ်ဆွေတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းဖြစ်စဉ် တစ်ပိုင်းတစ်စပါ...။ ဆက်သွယ်ရေးက ပြတ်တောက်နေတော့ ရှားရှားပါးပါး တက်လာနိုင်တဲ့ ဒီသတင်းကိုပဲ ဝေမျှပေးနိုင်ပါတယ်...။ "မနေ့က မသေခဲ့လို့ ဒီနေ့ xxxxxx ၂ ရက်နေ့က ရုံးစောစောဆင်းလို့ရတယ်ပြောပေမယ့် လုပ်စရာတွေ မပြတ်သေးတာကြောင့် ၄ နာ၇ီကျော်မှ ပြန်လာဖြစ်တယ်။ xxxxx မင်္ဂလာဆောင်တောင် ယောက်ျားပဲ သွားလိုက်တယ်။ မိုးထဲလေထဲကနေ ရွှဲရွဲစိုပြိး အိမ်ပြန်ရောက်တော့ အိမ်သော့က မနေ့က ၀တ်ခဲ့တဲ့ ကုတ်အကျီ င်္ထဲမှာ ကျန်ခဲ့ပြီဆိုတာ သတိရတယ်။ မိုးကလည်း ကြီး...။ ယောက်ျားကိုလည်း ဖုန်းခေါ်မရ ရေရွဲရွဲစိုနဲ့ အိမ်ပေါက်ဝမှာ ငုတ်တုတ် ၄၅ မိနစ်လောက် စောင့်ရတယ်။ ချမ်းတာနဲ့ လေထဲမိုးထဲ စောစောအိပ်လိုက်တယ်။ တရေးနိုးတော့ ည ၁၁ နာရီ လေတွေ မိုးတွေ ၀ုန်းတိုင်းကြဲနေပါပြီ။ ပြတင်းမှန်က ချောင်းကြည့်တော့ အုန်းပင်တွေယိမ်းထိုးနေတာတွေ့ရတယ်။ လေတိုက်သံတွေကလည်း တရွီးရွီးနဲ့။ ခနနေတော့ မီးတွေ ပျက်သွားပါရော.......။ ည ၂ နာရီလောက်ကျတော့ အိမ်ပါ သိမ့်ခနဲ သိမ့်ခနဲ ငလျင်လှုပ်သလို လှုပ်တော့ ပြန်နိုးလာပါတယ်။ ခေါင်မိုးသွပ်ချပ်တွေလည်း လန်ကုန်သွားမပြောတတ်ပါဘူး။ မိုးတွေ လည်း ဟိုနားကယို ဒီနားကယို နဲ့ လင်မယားနှစ်ယောက် ရှိသမျှ ပုံးတွေ ခွက်တွေ ခံရတယ်။ သုတ်စရာ ဂျာနယ်တွေ အပုံလိုက်ကို တစ်အိမ်လုံးလိုက်ခင်း..။ အိပ်ယာထဲလည်း မိုးတွေ ယို..။ နံရံနဲ့ ကပ်နေတဲ့ ဗီဒိုတွေလည်း မိုးယိုမှာ စိုးလို့ ပလပ်စတစ်စကြီးတွေ လိုက်အုပ် နဲ့.. ဗျာများနေရတယ်။ အိမ်ထဲရေ၀င်တာတွေလည်း ခပ်တုတ်ရသေးတယ်။ အပြင် ကလည်း ၀ုန်းဒိုင်းတွေ ကြဲနေပါတယ်။ ဘာတွေ ကျကွဲမှန်းမသိတဲ့ တခွမ်းခွမ်း အသံတွေ လည်းကြားနေရတယ်။ သွပ်မိုးတွေပေါ်ကို ဒလိမ့်တုန်းနဲ့ လာလှိမ့်သလို အသံတွေလည်း ထွက်နေပါတယ်။ တော်တော်ကြမ်းတဲ့ နာဂီပါ။ အိမ်ကို ဖုန်းဆက်ကြည့်တော့ ကံကောင်းစွာ ဖုန်းလိုင်းက ရနေပါတယ်။ အိမ်ကလူတွေလည်း ငုတ်ထုတ်ထထိုင်နေကြတယ်ဆိုပါတယ်။ ကြောက်လိုက်ရတာများ အသက်ပါ ပါပြီမှတ်တာပဲ။.. နေတာက ခြောက်ထပ်တိုက် အပေါ်ဆုံး။ တိုက်က လှုပ်နေတော့ တိုက်များ ပြိုကျရင် ပြီးပါရော မှတ်တာပဲ ။ အောက်ဆင်းပြေးရအောင်ကလည်း အပြင်မှာက ဖြစ်ချင်တိုင်း ဖြစ် အုန်းဒိုင်းကျဲနေတာ။ ဒီလောက်ကြီးကြမ်းမယ့်ဟာကို ဘာမှ သတိပေးခြင်းမရှိခဲ့ဘဲ.. မဲရုံ မဲရုံ မဲရုံဆီသို့ ပဲ တချိန်လုံးလုပ်နေခဲ့တာကို တွေးပြီး ဒေါသတွေ ထွက်နေမိပါတယ်။ မနက် ၅ နာရီလောက်ကျတော့ နည်းနည်း လင်းလာတာမို့ အပြင်ကို မြင်ရပါတယ်။ လေကတော့ ကြမ်းတုန်းပဲ မို့ မှန်ပေါက်ကချောင်းကြည့်ုလိုက်ရင် သွပ်ချပ်ကြီးတွေ တ၀ှီးဝှီးလွင့်နေတာ မြင်နေရတယ်။ သစ်ပင်တွေလည်း ကြိုးတဲ့ဟာကြိုး။ လေသံကြီးကလည်း ရွှီးရွီး နဲ့နေတာပဲ။ ဘုရားခန်းလေးကမိုးလွတ်တော့ အဲနားမှာ ဖျာလေးခင်းပြီး မောမောနဲ့ တမှေးမှေးလိုက်ရသေးတယ်။ လူသံတွေ ကြားတော့ ပြန်နိုးလာတော့ မနက် မိုးလင်းနေပြီ။ လေနည်းနည်း ငြိမ်နေတာမို့.. လူတွေ အပြင်ထွက်ပြီး ရုံးစုရုံးစုနဲ့..စကားတွေ ပြောနေကြပါတယ်။ ရုံးက ဒရိုင်ဘာဆီက ဖုန်းလာတယ်။ ဟန်းဖုန်းနဲ့ ဆက်တာ..။ (လိုင်းဖုန်းတော်တော်များများ ပျက်ကုန်ပါပြီ။ အပင်တွေလဲလို့) သူတို့အိမ်ပေါ် ကုကိုလ်ပင် လဲကျလို့.. ပြားသွားပါသတဲ့.. အိမ်ရှေ့ပိုင်းကို လူတွေ တော့ ဘာမှ မဖြစ်ဘူး ဘေးက အဒေါ်အိမ်မှာ ခဏနေရတယ် အကြောင်းကြားပါတယ်။ နောက်ဝန်ထမ်းတစ်ယောက် ဆီက ဖုန်းလာပြန်ပါတယ်။ အပေါ်ဆုံးထပ်မှာ နေတာမို့ .. အမိုးတွေ ပွင့်ထွက်သွားပြီဆိုပါတယ်။ ဘာမှ မတတ်နိုင်ဘူး...။ ဟုတ်လား။ စိတ်မကောင်းပါဘူး ပဲပြောရတယ်။ ၀မ်းရေးက ရှိသေးတာကြောင့် လေထဲမိုးထဲ ကပဲ ဂတ်စ်မီးဖိုလေးနဲ့ ချက်ပြုတ်စားရတယ်။ အားလုံး ညနေ ၃ နာရီ ခွဲလောက်မှ ငြိမ်သက်သွားပါတယ်။ xxxxxxxxxxxxxx။ ယောက်ျားက မထွက်သင့်သေးဘူး ဆိုလို့.. ပြတင်းပေါက်ကနေဘဲ အပြင်ကိုကြည့်တော့.. ဘုန်းကြီးကျောင်းခေါင်မိုးတွေ လွင့်ထွက်ကုန်တာ.. အပေါက်တွေ အပေါက်တွေ နဲ့.. အင်တာနာတွေအကုန် ကျိုးကျ.. တိုးလိုးတန်းလန်း.. စလောင်းတွေ လည်းကျိုးတဲ့ဟာကျိုး.. တ၀က်တပျက် တန်းလန်းကြီးတွေ ကျတဲ့ဟာကျ .. အလုံးလိုက်ကြီး လမ်းပေါ် ပြုတ်ကျနေတာတွေရော.. တလမ်းလုံး မွစာကြဲနေတာပါပဲ..။ ခေါက်ဆွဲလေး ပြုတ်စားပြီး အရမ်းကို အပြင်ထွက်ချင်နေတာနဲ့ ညနေ ၅ နာရီလောက် ထွက်လာခဲ့ပါတယ်။ တားမရတဲ့အဆုံး ယောက်ျားကလည်း သွားချင်ရင်လည်း သွားဆိုပြီး လွှတ်လိုက်ပါတယ်။ သူလည်း မိုးယိုတာဘာညာနဲ့ တစ်ညလုံး မအားရတာနဲ့ အိပ်ပျော်သွားတာနဲ့.. တစ်ယောက်တည်း ထွက်ချလာလိုက်တယ်။ နေတာက ဗဟန်းနားဆိုတော့ လမ်းထိပ်ထွက်လိုက်တာနဲ့ ကန်တော်ကြီးပန်းခြံထဲက သစ်ပင်ကြီးတွေ အတုံးအရုံး လမ်းပေါ်လဲကျပြီးတစ်လမ်းလုံး ရစရာမရှိပါဘူး။ .. တက်စီငှားလို့ရတာနဲ့ ရုံးရှိတဲ့ မြို့ထဲဘက်ထွက်တာ.. လမ်းတိုင်းဟာ သစ်ပင်ကြီးတွေ ပြိုလဲ ထားလို့ ပိတ်နေပါတယ်။ ပြည်လမ်းတစ်လမ်းလုံးလည်း ရစရာမရှိအောင် ပျက်စီးလို့..။ တိုက်တန်းလျားတွေရဲ့ အပေါ်ဆုံးထပ် ခေါင်မိုးတွေ လုံးဝမရှိတော့ဘူး.. ဟောင်းလောင်း.. လူတွေ ဘယ်ရောက်ကုန်သလဲ မသိရ........။ ဓာတ်တိုင်တွေရော သစ်ပင်ကြီးတွေရော အတုံးအရုံးလဲပြီး လမ်းတွေ ဟာ မှတ်မိစရာမရှိအောင် ဖြစ်နေပါတယ်။ အဲဒါတွေ ရှင်းဖို့ ဆို အနည်းဆုံး ၂ ပတ်ကနေ ၃ ပတ်လောက်ကြာနိုင်တယ်။ အဲသည် ဟာကြီးတွေ မရှင်းနိုင်သေးရင် မီးကလည်း ပြန်လာမှာ မဟုတ်ပါဘူး။ ဖုန်းလိုင်းတွေလည်း တော်တော်များများပျက်ပါတယ်။ သစ်ပင်ကြီးတွေ လည်း ချက်ချင်း မဖယ်ရှားနိုင်သေးဘူး။ ဒီမနက် ထပ်ထွက်လာတော့.. အပင်ကြီးတွေ မဖယ်ရှားနိုင်သေးပေမယ့် လမ်းပေါ်လဲကျနေတဲ့ အပိုင်းတွေ လွှဲနဲ့ တိုက်ဖြတ်ထားတော့ တစ်စီးစား သွားလို့ရအောင် လုပ်ပေးထားတာ တွေ့ရတယ်။
2020/02/23 01:20:03
http://heartstations.blogspot.com/2008/05/nargis.html
mC4
တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများမှ အခြေခံစားသောက်ကုန်များ လှူဒါန်း - Kanbawza Tai News Home တောင်ကြီး ရှမ်းတောင်သတင်းများ တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများမှ အခြေခံစားသောက်ကုန်များ လှူဒါန်း တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများမှ အခြေခံစားသောက်ကုန်များ လှူဒါန်း November 11, 2020 တောင်ကြီး, ရှမ်းတောင်သတင်းများ, တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ သက်စေ့ရန်အောင်ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/ကျောင်းသူများအဖွဲ့အစည်းမှ ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ ပြည်၊ ဆီ ၁ ဘူး၊ ကြက်ဥ ၁၀ လုံး၊ ဂျုံခေါက်ဆွဲ ၂ ထုပ်၊ အာလူး ၁ ထုပ်နှင့် ဆေးဝါးများ၊ နှာခေါင်းစည်း (Mask) များ စုစုပေါင်း ငွေကျပ် ၁ သောင်းဖိုးခန့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ရည်ရွယ်ချက် ကတော့ အခုလို COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ကာလမှာ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသား/သူတွေအနေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေ ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အားပေးဝန်းရံပြီး အလှူငွေများ ထည့်ပေးကြတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသား/သူ တွေ၊ ကုသိုလ်ရှင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း လိုအပ်တဲ့နေရာတွေကို သေချာ စစ်တမ်းကောက်ယူပြီး ကူညီ‌ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်" ဟု တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား ကိုမျိုးလင်းအောင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။ တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/သူများ အနေဖြင့် COVID-19 ကာလအတွင်း အခြေခံ လူတန်းစား ပြည်သူများအတွက် ယင်းကဲ့သို့ လှူဒါန်းပေးနေခြင်းဖြစ်ပြီး ယခင်ရက်များကလည်း တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
2022/07/05 10:19:23
https://www.kanbawzatainews.com/2020/11/blog-post_11.html
mC4
ပိုလျှံကျွဲ/နွား ၇ သိန်းကျော်ရှိပြီး ၆ လအတွင်းကောင်ရေ ၅၆၀၀၀ ကျော် ပြည်ပကို တရားဝင် တင်ပို့ခဲ့ | Popular News စာရင်းအရ မြန်မာနိုင်ငံမှာ ဈေးကွက်တင်ပို့နိုင်တဲ့ ပိုလျှံကျွဲ/နွားကောင်ရေ ၇ သိန်းကျော်ရှိနေပြီး ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း ကျွဲ/နွား ကောင်ရေ ၅၀၀၀၀ ကျော် ပြည်ပကို တရားဝင် တင်ပို့ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဆိုပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဆဝေးမှာ မင်းလှမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး မေးမြန်းခဲ့တဲ့ " ကျွဲ၊ နွား အရှင် များအား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီး ပြည်တွင်းတွင် ခိုင်းကျွဲ၊ နွား ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်တွင်း နွားမွေးမြူရေး စဉ်ဆက်မပြတ်စေရန်အတွက် မည်ကဲ့သို့ စီစဉ်ထားကြောင်း သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း" အပေါ် စိုက်မွေးဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးလှကျော် က ပြန်လည်ဖြေကြားရာမှာထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မေးခွန်းမေးမြန်းသူ ဒေါက်တာသန်းအောင်စိုးက မြန်မာနိုင်ငံမှာ စက်မှု လယ်ယာကိုအပြည့်အ၀ မကူးပြောင်းနိုင်သေးခင်မှာ ကျွဲ/နွားတွေ ပျောက်ဆုံးသွားမှာစိုးရိမ်တဲ့အတွက်အခုမေးခွန်းကိုမေးမြန်းရခြင်းဖြစ်ကြောင်း ပြောပါတယ်။ ၂၀၁၈ ခုနှစ် တိရိစ္ဆာန် ကောင်ရေ စာရင်းကောက်ယူမှုအရ မြန်မာနိုင်ငံမှာ ကျွဲ ၁၈ သိန်း ၊ နွား ၉၇ သိန်း နဲ့ စုစုပေါင်း ကျွဲ/နွားကောင်ရေ ၁၁၅ သိန်းရှိတယ်လို့ ခန့်မှန်းထားကြောင်း၊ နှစ်စဉ်သားပေါက်ပြီး အရွယ်ရောက်ကာရောင်းလို့ရတဲ့ ပိုလျှံကျွဲ/နွား ၁၁ သိန်းရှိကြောင်း ဒုဝန်ကြီးက ဆိုပါတယ်။ "ပြည်တွင်းအသုံးပြုမှုအတွက် နှစ်စဉ်လိုအပ်ကျွဲနွားကောင်ရေ ၄ သိန်းခန့်လိုအပ်မယ်လို့ တွက်ချက်ရရှိပြိး ဈေးကွက်တင်ပို့နိုင်မယ့်ကောင်ရေ နှုတ်ပယ်မယ်ဆိုရင် ကောင်ရေ ၇ သိန်းခန့်ပိုလျှံမှုရှိမယ်လို့ သိရပါတယ်။ သို့ပေမယ့် တရားမ၀င်လမ်းကြောင်းက စီးထွက်သွားနိုင်မှု ရှိနေသေးတဲ့အတွက် ဒီပိုလျှံကျွဲနွားများအရေအတွက်ကို ပြည်ပကို တင်ပို့နိုင်ရေးမှာ စနစ်တကျစီစစ်ဆောင်ရွက်နေရမှု ရှိပါတယ်။ ယခုလုပ်ငန်းစဉ်ကိုစတင်အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာကနေစပြီး ၂၀၁၈ မေလ အ ထိ ၆ လတာကာလအတွင်းမှာ ကျွဲနွားပြည်ပကိုတရားဝင်တင်ပို့ခွင့်ပြုခဲ့တဲ့အရေအတွက်ဟာ ယခုနှစ်မေလကုန်အထိ ကျွဲ ၆၇၇၁ ကောင်နဲ့ နွား ၅၀၀၂၂ ကောင် (စုစုပေါင်း ၅၆၂၉၃ ကောင်) ဖြစ်ပါတယ်" လို့ ဒုဝန်ကြီး ဦးလှကျော်က ပြောပါတယ်။ မွေးကုဦးစီးအနေနဲ့ နိုင်ငံတွင်းကျွဲနွားရင်းမြစ်တွေစဉ်ဆက်မပြတ်တည်တံ့နေစေဖို့ ထိန်းကျောင်း ဆောင်ရွက်နေကြောင်း နဲ့ ပြည်ပတင်ပို့ခွင့်ပြုရာမှာလည်း တစ်ကြိမ်မှာ အများဆုံးကောင်ရေ ၁၀၀ သာ ခွင့်ပြုပေးကြောင်း ၊ အသက် ၅ နှစ်အထက် ကျွဲနွားတွေကိုသာပြည်ပတင်ပို့ခွင့်ပြုကြောင်း ၊ ကျွဲနွားတွေ မပပျောက်စေဖို့အတွက်လည်း ၅ နှစ်အစီအမံရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။ လက်ရှိမှာ ၀န်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးရှိသားစပ်နိုင်တဲ့ နွားမ ၉၅ ရာခိုင်နှုန်းကို သားစပ်စေခြင်းနဲ့ လည်းကောင်း၊ ကျန် ၅ ရာခိုင်နှုန်းကို မေထုန်မဲ့သားစပ်နိုင်ဖို့ စီမံဆောင်ရွက်နေကြောင်းလည်း၊ ကျွဲနွားမွေးမြူရေးဇုန် ၂၈ ဇုန်ဖော်ဆောင်ထားကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကျွဲ/နွားတွေအတွက်စားကျက်မြေ ဧက ၇၄၀၀၀ လောက်ရှိတယ်လို့ ဒုဝန်ကြီး ဦးကျော်လှက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကျွဲ/နွားတွေ ပြည်ပသို့တရားဝင်တင်ပို့ခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာစတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ လွှတ်တော်သက်တမ်း ၃ နှစ်ပြည့်ခါနီးအထိ ပယ်မဲဖြစ်အောင်ထည့်တာဟာ လွှတ်တော်ကိုစော်ကားရာရောက်ဟု စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌ ဆို
2020/09/30 21:19:52
https://www.popularmyanmar.com/popularnews/2018/06/11/%E1%80%95%E1%80%AD%E1%80%AF%E1%80%9C%E1%80%BD%E1%80%BA%E1%80%B6%E1%80%80%E1%81%BD%E1%80%BC%E1%80%B2%E1%82%8F%E1%80%BC%E1%80%AC%E1%80%B8-%E1%81%87-%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8/
mC4
ပင်စင်ယူပြီးနောက် ကြောင်လေးတွေနဲ့အချိန်ကုန်ဆုံးရင်း အင်တာနက်မှာ နာမည်ကြီးလာတဲ့ ''ကြောင်ဖိုးဖိုး" | Buzzy ပင်စင်ယူပြီးနောက် ကြောင်လေးတွေနဲ့အချိန်ကုန်ဆုံးရင်း အင်တာနက်မှာ နာမည်ကြီးလာတဲ့ ''ကြောင်ဖိုးဖိုး" အသက် ၇၅နှစ် Terry Laurmen ဟာ စပိန်ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး သူပင်စည်ယူပြီးနောက်မှာ cat shelter တစ်ခုမှာ လုပ်အားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂ဝ၁၆ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီ cat shelter လေးဟာ အိမ်ယာမဲ့ကြောင်လေးတွေနဲ့ ဆေးကုသမှုခံယူဖို့လိုနေတဲ့ ကြောင်လေးတွေအတွက် နွေးထွေးတဲ့ နားခိုရာတစ်ခုဖြစ်ခဲ့ပါတယ်။ ပို င်ရှင် Elizabeth Feldhausenကလည်းသူမဆီမှာ လုပ်အားလာပေးတဲ့ Terryကို အင်မတန်ကျေးဇူးတင်ခဲ့ပါတယ်။ Terry ဟာ ကြောင်လေးတွေကို ပွတ်သပ်ပေးပြီး ပွေ့ဖက်ပေးထားကာ အတူတူ တစ်ရေးတစ်မောအိပ်စက်ပေးတယ်။ အနေကြာလာတာနဲ့အမျှ ဒီကြောင်လေးတွေ ဘာကိုကြိုက်တတ်လဲ.. ၊ ဘာကိုမကြိုက်ဘူးလဲဆိုတာ သူကောင်းကောင်း နားလည်နိုင်တယ်တဲ့။ Feldhausen က ဖေ့စ်ဘွတ်ပို့စ်မှာ ပြီးခဲ့တဲ့ ၁၉ရက်နေ့က ဒီလို ရေးတင်ခဲ့ပါတယ်။ နေ့စဉ် နေ့တိုင်းမငြီးငြူပဲ ကြောင်အကောင် နှစ်ဆယ်ကို နေ့တိုင်းပွတ်သပ်ပေးပါတယ်။ အသက်ကြီးတော့လည်း တစ်ခါတစ်လေ အိပ်ပျော်သွားတာမျိုးလည်းရှိပါတယ်။ ကွန်ပျုတာလည်းမကြည့် ၊ ဖုန်းလည်း မသုံးတဲ့Terry ဟာ အင်တာနက်မှာ သူ့ကို လူတွေချီးမွမ်းထားတာကိုတော့ သိမယ်မထင်ပါဘူး။ ဒီလိုကြည်နူးစရာ ဓာတ်ပုံလေးကြောင့် cat shelter ကို ပေါင်၃သောင်း (ဒေါ်လာ ၅၄ဝဝဝ) နဲ့ ကြောင်အတွက်လိုအပ်တဲ့ပစ္စည်းတွေ လာရောက်လှူဒါန်းသူတွေ ရှိလာတယ်လို့ Terry ကပြောပြခဲ့ပါတယ်။
2019/05/22 11:12:40
http://buzzy.com.mm/hninayehlaing/12927
mC4
"အတွေးစလေးတွေ": စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေ တကယ်တော့ ကုန်းဘောင်ခေတ်ရဲ့ အထင်ကရစာဆိုတော်ကြီး၊ နှောင်းခေတ်ပညာရှင်တွေက မြန်မာပြည်ရဲ့ရှိတ်စပီးယားလို့ အမည်တပ် ခံရတဲ့ စလေဦးပုညဟာ ရုပ်ဆင်းအင်္ဂါ ပြည့်စုံသူမဟုတ်ပါ။ ခြေတစ်ဖက်သိမ်ပြီး၊ လက်တစ်ဖက်ကလည်း သေးနေရှာတဲ့ မွေးရာပါ ဒုက္ခိတ ပါ။ ဒါပေမယ့် ပညာဉာဏ်ပါရမီ ရင့်သန်လှသူမို့လည်း သူ့ရဲ့အားနည်းချက်တွေ ပျောက်ကွယ်နေခြင်းဖြစ်ပါတယ်။ ဘယ်သူမှလည်း သူ့အားနည်းချက်ကို ဖော်ထုတ်စော်ကားရဲမယ် မထင်ပါ။ သူနဲ့တစ်ခေတ်တည်း ပေါ်ခဲ့တဲ့ ခေတ်ပြိုင်စာဆို အချုပ်တန်းဆရာဖေက လွဲရင်ပေါ့။ အချုပ်တန်းဆရာဖေဆိုတာကလည်း သူ့ခေတ်နဲ့သူတော့ ခေသူမဟုတ်ပါ။ ဦးပုညလို အနုအလှတွေ၊ ထိမိတဲ့စာသားမျိုးတွေ မသုံးနိုင်ပေ မယ့် နယ်ချဲ့အင်္ဂလိပ်ကို ကလောင်သွားနဲ့ မကြောက်မရွံ့ ကလိရဲတဲ့ အာဇာနည်စာဆိုတစ်ဦးပါ။ ဦးပုညနဲ့ ဆရာဖေတို့ဟာ ခတ်ဖော် ခတ်ဖက်တွေမို့ တစ်ယောက်အကြောင်းပြောရင် တစ်ယောက်ကို ချန်ထားလို့မရပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း မညှာတမ်း တိုက်ခိုက်ရေးသားကြသူတွေ ဖြစ်ပါတယ်။ သူမတူအောင် အသားမည်းလှတဲ့ ဆရာဖေကို ရည်ရွယ်ပြီး- ခါးတောင်းကျိုက် ပိတုန်းပိတ်နဲ့ ကျုံးထိပ်ကငဖေ ကုန်းပြိတ္တတစ္ဆေလို အသရေဟိတ်နွမ်း ။ မနှိုင်းအပ် မယှဉ်ရာ နင်ဘာပြုဟော့ရမ်း … ဆိုတဲ့တေးထပ်ကိုရေးလို့ ဆရာဖေကို နံမည်ခေါ်ပြီး ပြောင်ပြောင်ကြီး တွယ်ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ဆရာဖေကလည်း - ကဗျာစီမောင်ပုည ဆောင်ဂုဏ်ပြထုတ်လျှင် တောင်ခြုံက ပုတ်သင်လို ကုတ်ခွင်သ်ိမ်လက်သေး ॥ ဆိုတဲ့ တေးထပ်နဲ့ ဦးပုညရဲ့အားနည်းချက်တွေကို ဖော်ပြီးပြန်တွယ်ပါတယ်။ သူတို့နှစ်ယောက် အပြန်အလှန်တိုက်ခိုက်ကြတဲ့ ကဗျာတွေ၊ တေးထပ်တွေ တော်တော်များပါတယ်။ စာဆိုတော်တွေ ရန်ဖြစ်တာက စာတွေ၊ ပေတွေနဲ့ဆိုတော့ စာပေလောကအတွက်တော့ ကဗျာ ကောင်း၊ စာကောင်းတွေ တော်တော်များများအဖတ်တင်ကျန်ရစ်ပါတယ်။ တကယ်ကောင်းတဲ့ ရန်ဖြစ်နည်းပါပဲ။ တကယ်တော့ ဒီဇာတ်လမ်းကို စသူက ဆရာဖေဖြစ်ပါတယ်။ အဲဒီခေတ်က ဦးပုညနံမည် ဟုန်းဟုန်းတောက်ချိန်မို့ ကဗျာကောင်း၊ စာကောင်းတစ်ပုဒ်များတွေ့ရင် ဦးပုညရေးတာပဲလို့ တစ်ထစ်ချတွက်ကြပါတယ်။ ဒါကို ဆရာဖေကလည်း တော်တော်မျက်စိ စပါးမွေးစူး တယ်ထင်ပါတယ်။ အဲဒီအခြေအနေမှာ ပန်းတိမ်းမင်းသားကလည်း အားပေးအားမြှောက်ပြုတာကြောင့် ဦးပုညကိုခတ်တဲ့ ဒီတေးထပ်ကို ဆရာဖေရေးခဲ့ပါတယ်။ စာကောင်းရင်မအေပေးတွေက စလေရေးဆိုကြပြန်တယ် တို့များကျဉာဏ်မမီတယ် ကံမပီညစ်နွမ်း… စတဲ့စာသားတွေပါတဲ့ အဲဒီတေးထပ်ကြောင့်ပဲ စာပေတိုက်ပွဲ စခဲ့ကြပါတော့တယ်။ အဲဒီခေတ်ကတော့ ပွဲကြီးပွဲကောင်း နေမှာပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့စာပေတိုက်ပွဲကတော့ မြန်မာစာပေလောကကို အကျိုးပြုခဲ့တယ် ဆိုတာတော့ သေချာနေပါတယ်။ ။ Posted by Han Kyi at 11:53:00 pm boedaw said... စလေဦးပုညနောက်ဆုံးရေးသွားတဲ."ဘုံနန်းမြင်.အဆောင်ဆောင်ကင်းရလေအောင်မင်းဆိုသမျှကွင်းရှောင်မယ်ထမင်းတောင်စားချင်ဘူးလေး"ဆိုတဲ.တေးထပ်လေးအစအဆုံးရနိုင်ရင်ဖော်ပြပေးပါခင်ဗျာ
2018/05/24 23:05:48
http://hankyi.blogspot.com/2010/05/blog-post_8632.html
mC4
ခင်မောင်ညို၊ ဒေါက်တာ - ဝီကီပီးဒီးယား ခင်မောင်ညို၊ ဒေါက်တာ ခင်မောင်ညို (၁၉၄၄-၁၁-၁၆) နိုဝင်ဘာ ၁၆၊ ၁၉၄၄ (အသက် ၇၅) ကွမ်သဲရွာ၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း၊ ဗြိတိသျှဘားမား မော်လမြိုင် ဥပစာ ကောလိပ် အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ် တက္ကသိုလ် တက္ကသိုလ်ပါမောက္ခ၊ စာရေးဆရာ၊ ဂျာနယ် အယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒ ပါမောက္ခ ဒေါ်ရင်ရင်တင်အုံး ဦးသစ်စိန် + ဒေါ်ခင်ထွေး ဒေါက်တာ ခင်မောင်ညို (၁၉၄၃-) သည် မြန်မာနိုင်ငံသား စာရေးဆရာနှင့် အငြိမ်းစား တက္ကသိုလ် ပါမောက္ခ ဆရာတစ်ဦး ဖြစ်ပြီး အယ်ဒီတာတစ်ဦးလည်း ဖြစ်သည်။ ကလောင်အမည်ခွဲများမှာ မောင်ခင်ညို (မန်းတက္ကသိုလ်)၊ ဟစ်တလုံး၊ အောင်ဒင် (မွန်ပြည်နယ်)၊ နေညိုယဉ်၊ ကွန်ညက်၊ ယက္ခ၊ ဆြာညို ဖြစ်သည်။ ၄ ရေးသား ထုတ်ဝေခဲ့ပြီးသော စာအုပ်များ ၁၉၄၄ ခုနှစ်၊ တွင် အဖ ဦးသစ်စိန်၊ အမိ ဒေါ်ခင်ထွေးတို့က ကွမ်သဲရွာ၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း၌ မွေးဖွားသည်။ လွတ်လပ်ရေး ရပြီးကာစ ၁၉၄၉ ခုနှစ်လောက်က ကျောင်းနေသည်။ ကျောင်းနေစက စပြီး မူလတန်းမှာ အင်္ဂလိပ်စာ မသင်ရတော့ပါ။ သုံးတန်းရောက်တော့ အဘိုး ဘုန်းကြီးက သူ့ကျောင်းမှာ အင်္ဂလိပ်စာ ခေါ်သင်ပေးသည်။ အဘိုးအရင်းက ရွာသူကြီး၊ စာအင်မတန် ဖတ်သည်။ ဖခင်၊ မိခင်နှင့် အဒေါ် အစ်မတွေ စာဖတ် ဝါသနာ ပါသည်။ အိမ်တွင် အင်္ဂလိပ် မြန်မာ လစဉ်ထုတ် မဂ္ဂဇင်းများ ဖတ်နေရသည်။ ငါးတန်းရောက်မှ ကျောင်းမှာ အင်္ဂလိပ်စာ စသင်ရသည်။ ဖခင်သည် ကျန်းမာရေးမှူး ဖြစ်သည့် အတွက် ထိုနှစ်တွင် ဖခင် အလုပ်နှင့် ပြောင်းသွားသောကြောင့် သံဖြူဇရပ်မှာ ကျောင်းတက်ရသည်။ နောက် ၆ တန်းရောက်တော့ ဘီလူးကျွန်း၊ ရွာလွတ်ကျောင်း ရောက်သွားသည်။ ၇ တန်းရောက်တော့ ချောင်းဆုံမြို့ကို ပြောင်းသည်။ ချောင်းဆုံ အထက်တန်းကျောင်းနှင့် အိမ်မှာ ၁၀ မိနစ်လောက် လျှောက်လျှင် ရောက်သည့် အကွာအဝေးမှာ ရှိသည်။ သို့သော် ကျောင်းအုပ် ဆရာကြီးက သူ့ကို လက်မခံပါ။ မောင်နှမ နှစ်ယောက်ရှိသည့် အနက် အစ်မကိုသာ လက်ခံသည်။ ထို့ကြောင့် ၂ မိုင်ခန့်ဝေးသည့် ကရင်ဝင်းစိန် အလယ်တန်းကျောင်းမှာ သွားတက်ရသည်။ နှစ်မိုင် အဝေးကျောင်းကို နေ့စဉ် ဖိနပ်မပါ ခြေဗလာဖြင့် တက်ရသောကြောင့် ငယ်ရွယ်စဉ်ကပင် စိတ်ထဲ ခံစားရသည်။ ထိုနှစ် ကရင်ဝင်းစိန်က ကျောင်းသူ ကျောင်းသား ၅၀ လောက် ၇ တန်း စာမေးပွဲ ဝင်ဖြေရာ ၆ ယောက်သာ အောင်မြင်သည်။ ကံအားလျော်စွာ အောင်မြင်သူ ၆ ယောက်ထဲမှာ ပါဝင်ခဲ့သည်။ ထို့နောက် ချောင်းဆုံ အထကကို ဝင်ခွင့်ပြန်ရသည်။ ၁၉၆၀ ခုနှစ်၊ ၁၀ တန်း ဖြေတော့ အောင်မြင်ပါသည်။ ထိုနှစ်က ချောင်းဆုံ အထကမှ ၂ ယောက်သာ အောင်မြင်သည်။ ၁၀ တန်းအောင်တော့ မော်လမြိုင် ကောလိပ် တက်ရသည်။ သိပ္ပံ ဘာသာတွဲ ယူသည်။ နဂိုက ဝိဇ္ဇာတွဲ ယူခဲ့သူ ဖြစ်၍ ခက်ခဲစွာ လိုက်ယူရသည်။ ၁၉၆၁ ခုနှစ်၊ ဒုတိယနှစ် တက်နေစဉ်မှာ မိဘများ ကျန်းမာရေးမှူး သင်တန်း ဝင်ခွင့် လျှောက်ခိုင်း၍ ဝင်ခွင့် စာမေးပွဲဖြေရာ အောင်မြင်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းထွက်ပြီး ရန်ကုန် ဟယ်လပင်လမ်း ကျန်းမာရေးမှူး သင်တန်း သွားတက်ခဲ့သည်။ သို့သော် အသက် ၁၈ နှစ် မပြည့်သောကြောင့် သင်တန်းမှ ထုတ်ပယ် ခံရပါသည်။ မော်လမြိုင် ကောလိပ်ကို ပြန်ခဲ့ရာတွင် ကံအားလျော်စွာ ကျောင်းအုပ်ကြီး ဦးတိုးအောင်က ကျောင်းပြန်ဝင်ခွင့် ပြုခဲ့ပါသည်။ ထိုနှစ်က မော်လမြိုင် ကောလိပ်ကျောင်း နှစ်လည် မဂ္ဂဇင်းမှာ "နှမ နောင်တရလေစ" ဝတ္ထုတိုကို ဖော်ပြခြင်းခံရသည်။ ပထမဦးဆုံး ပုံနှိပ် ဖော်ပြခံရသော စာဖြစ်သည်။ ၁၉၆၃ ခုနှစ်မှာ မန္တလေး တက္ကသိုလ် တက်နေစဉ်တွင် ကာနယ်ဇင်း မဂ္ဂဇင်းမှာ "ဥသျှစ်သီး ေ့ကသောအခါ" ဝတ္ထုတိုကို ပုံနှိပ် ဖော်ပြခြင်း ခံရသည်။ ပြင်ပ မဂ္ဂဇင်းတွင် ပထမဦးဆုံး ပုံနှိပ် ဖော်ပြခြင်း ခံရသော ဝတ္ထု ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် နိုင်ငံခြား ပညာသင် အဖြစ် အရွေးခံရပြီး အင်္ဂလန်နိုင်ငံ ဆဲလ်ဖို့ဒ် တက္ကသိုလ် (University of Salford) ပါရဂူဘွဲ့ သင်တန်းများ တက်ရောက် ပညာ ဆည်းပူးခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဓာတုဗေဒ ဘာသာရပ်တွင် ပါရဂူဘွဲ့ (Ph.D.) ကို ရရှိခဲ့သည်။ ၁၉၆၄ ခုနှစ်မှာ မော်လမြိုင် ကောလိပ်၌ သရုပ်ပြ ဆရာ အဖြစ် တာဝန်ထမ်းစဉ် ဝတ္ထုတိုများ၊ ဆောင်းပါးများ ကျိုးတိုးကျဲတဲ ရေးသည်။ ၁၉၆၆ ခုနှစ်တွင် ရေးခဲ့သော "စာရိတ္တမောင်" ဝတ္ထုတိုကို ကျောင်းသုံး စာအုပ်တွင် ပုံနှိပ် ဖော်ပြခြင်း ခံခဲ့ရပါသည်။ နှစ်ပေါင်းများစွာ မူလတန်း မြန်မာဖတ်စာအုပ်တွင် ပြဋ္ဌာန်းခဲ့သည်။
2020/07/07 04:25:29
https://my.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%99%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%8A%E1%80%AD%E1%80%AF%E1%81%8A_%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC
mC4
Google Maps ပေါ်မှာ Location ရှိပြီးသားကို ကျနော်တို့တွေ ယူကြတာ တစ်ချို့ဆိုရင် ခက်ခက် ခဲခဲ Website ပေါ်မှာ ပေါ်အောင်လို့ထည့်နေကြပါတယ်။ တကယ်တမ်း Google Maps မရှိသေးလို့ ဒီလိုမျိုး Google Developer အကောင့်ဖွင့်ပြီး ထည့်တယ်ဆိုရင် ပြဿနာ သိပ်မရှိပေမယ့် အခုလိုမျိုး ခက်ခက်ခဲခဲ ထည့်နေရတာတွေ့လို့ အခုလိုမျိုး လွယ်လွယ်ကူကူနဲ့ထည့်နည်းလေးကို ပြောပြပေးချင်တာပါ။
2021-03-06T23:15:22Z
https://trend.com.mm/31475/socks/
OSCAR-2109
၁၃ နှစ်အရွယ် မိန်းကလေးကို မွေးစားအမေက နှိပ်စက်မှု ရပ်ရွာက အမှုဖွင့်တိုင်ကြား - ၁၃ နှစ်အရွယ် မိန်းကလေးကို မွေးစားအမေက နှိပ်စက်မှု ရပ်ရွာက အမှုဖွင့်တိုင်ကြား ၁၃ နှစ်အရွယ် မိန်းကလေးကို မွေးစားအမေက နှိပ်စက်မှု ရပ်ရွာက အမှုဖွင့်တိုင်ကြား ဧရာဝတီတိုင်း အိမ်မဲမြို့နယ် လူကောင်းကျွန်းကျေးရွာမှာ ဒဏ်ရာတွေနဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦး ခြုံအတွင်းပုံးအောင်းနေတာကို တွေ့ရှိမေးမြန်းရာကနေ မွေးစားအမေက တုတ်၊ ချွန်ထက်တဲ့အရာတွေနဲ့ နှိပ်စက်ခဲ့ကြောင်း သိရလို့ ရပ်ရွာလူထုက မခံမရပ်နိုင်ဖြစ်ပြီး နိုင်ဝင်ဘာ ၁၂ ရက်နေ့က လူကောင်းကျွန်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ လူကောင်းကျွန်းကျေးရွာက ဦးဝင်းထိုက် နဲ့ ဒေါ်စန်းစန်းမော်တို့က အဲဒီမိန်းကလေး ၄ နှစ်အရွယ်မှာ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး မိဘအရင်းတွေက ကွယ်လွန်သွားပြီလို့ သိရပါတယ်။ မိန်းကလေးငယ်ဟာ ပညာရေးပိုင်းမှာ အဆင့် တစ်နှစ် အမြဲရရှိတဲ့အထိ ထူးချွန်ခဲ့ပေမယ့် ၄ တန်းအထိသာ ကျောင်းနေခွင့်ရခဲ့ပါတယ်။ အရင်ကလည်း ညှဉ်းပန်းနှိပ်စက်တဲ့ အသံတွေကြားတာကြောင့် မွေးစားမိဘတွေကို ခံဝန်ထိုးခိုင်းထားတာလည်းရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေမှူး ဦးပြုံးချိုက ပြောပါတယ်။ "အမြဲလိုလို နှိပ်စက်ခံနေရပြီး ငိုတဲ့အခါမှာ ပိုမိုရိုက်နှက်လေ့ရှိတယ် ကျောင်းတက်ချင်ပေမယ့် မပြောရဲဘူး" လို့ အဲ့ဒီမိန်းကလေးငယ်က ပြောပါတယ်။ မိန်းကလေးငယ်အနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် ၇ ကြိမ်တိုင်ထွက်ပြေးခဲ့ကြောင်း၊ ဒီတခေါက် မိန်းကလေးငယ်ကို စစ်ဆေးကြည့်ရာမှာ လက်နဲ့ နားရွက်တွေမှာ ရေနွေးပူနဲ့လောင်းထားတဲ့ အမာရွတ်တွေ နဖူးကို တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေ၊ ခေါင်းကို ရိုက်နှက်ထားလို့ ဆံပင်ပြန်မပေါက်တော့တဲ့နေရာတွေနဲ့ တင်ပါးကို အပ်နဲ့ခြစ်ထားတာ၊ ဆီးခုံကို ဓားနဲ့ပေါက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒဏ်ရာတွေမှာ လက်သန်းလုံးလောက်အပေါ်ကို သီးထနေတဲ့ အမာရွတ်တွေကို တွေ့ရတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစားရေး ဒေါ်အေးငြိမ်းကပြောပါတယ်။ မိန်းကလေးငယ်ကို နေပူလှန်းတာ ရေထဲကန်ချတာ ရိုက်နှက်တာတွေကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့လည်း ဒေါ်စန်းစန်းမော်ရဲ့ အစ်ကိုအရင်းဖြစ်သူကပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးဝင်းထိုက် နဲ့ ဒေါ်စန်းစန်းမော်တို့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။ ကလေးငယ်ကိုတော့ မြောင်းမြပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးနေပြီး မွေးစားအမေ ဒေါ်စန်းစန်းမော်ကို လူကောင်ကျွန်းနယ်မြေရဲစခန်းက (ပ)၂၁/၂၀၁၆ ပုဒ်မ ၂၉၄ ၊ ၃၂၅ ၊ ၃၂၆ တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ယာယီစခန်းမှုး ဒုရဲအုပ်ကံမင်းက ပြောပါတယ်။
2016/12/03 19:41:42
http://www.mmbreakingnews.com/2016/11/blog-post_468.html
mC4
နိုင်ပွဲပျောက်ဆုံးနေပေမယ့် လီဗာပူးလ်ရဲ့ကစား ပုံညံ့ဖျင်းနေတာမဟုတ်ဘူးလို့ ပြိုင်ဘက်အပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် – Mmsportszone.com နိုင်ပွဲပျောက်ဆုံးနေပေမယ့် လီဗာပူးလ်ရဲ့ကစား ပုံညံ့ဖျင်းနေတာမဟုတ်ဘူးလို့ ပြိုင်ဘက်အပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ် January 24, 2021 SM Premier League 0 မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဒီညမှာ FA ဖလား စတုတ္ထပွဲစဉ်အဖြစ်ရင်ဆိုင်ရမယ့် လီဗာပူးလ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးနေပေမယ့် ကစားပုံညံ့ဖျင်းနေတာမဟုတ်ဘူးလို့ ပြိုင်ဘက်အသင်းအပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ ဘန်လေကိုရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အိမ်ကွင်း ၆၈ဆက်ရှုံးပွဲမရှိ မှတ်တမ်းရပ်တန့်ခဲ့ရပါတယ်။ လီဗာပူးလ်နဲ့ပွဲမတိုင်မီ ဘရူနိုဖာနန်ဒက်စ်က "ကျွန်တော် ပြိုင်ဘက်အသင်းတွေနဲ့ပတ်သက်ပြီး စဉ်းစားမိပါတယ်။ လီဗာပူးလ်ဟာ ကစားပုံ ညံ့ဖျင်းနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူတို့နိုင်ပွဲပျောက်ဆုံးနေတာပဲရှိပါတယ်။ အဲဒါ က အဓိကအချက်ပါပဲ" လို့ မန်ယူအသင်းဝက်ဘ်ဆိုက်ကနေ ပြိုင်ဘက်အပေါ် ကာကွယ်ပြောဆိုခဲ့တယ်။ ဖာနန်ဒက်စ်က ဆာလာ၊ ဖာမီနို၊ မာနေးတို့ဟာ ဂိုးရဖို့ရုန်းကန်နေရပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ဆီက သွင်းဂိုးတွေမျှော်လင့်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က " အသင်းတစ်သင်း နိုင်ပွဲမရင် အဲဒီအကြောင်း လူတွေပြောကြမယ်။ ကစားသမားတွေ ဂိုးမသွင်းနိုင်ဘူးဆိုရင် အဲဒီအကြောင်း လူတွေပြောကြမယ်။ ကျွန်တော်ဟာ အသင်းကိုရောက်လာခဲ့တယ်။ ဂိုးတွေသွင်းပေးတယ်။ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးတယ်။" "ဒါကြောင့် လူတွေဟာ ကျွန်တော့်ဆီက သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကို အလိုရှိနေကြတယ်။ အခုလည်း အတူတူပါပဲ၊ ဆာလာ၊ ဖေမီနို၊ မာနေးတို့ဆီက သွင်းဂိုးတွေကို အလိုရှိနေကြတယ်။ သူတို့ဟာ ဂိုမသွင်းနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ကစားပုံညံ့ဖျင်း ခဲ့တာမဟုတ်ပါဘူး" လို့ ဆိုခဲ့တယ်။ မန်ယူအသင်းဟာ အန်ဖီးလ်မှာကစားခဲ့တဲ့ ပရီး မီးယားလိင်ပွဲစဉ်မှာ လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ဒီညမှာ FAဖလားပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပါတယ်။ သူကိုင်တွယ်စဉ် ချယ်လ်ဆီးအသင်းရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၈၆ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်ဖို့ ခက်ခဲလွန်းတယ်လို့ မော်ရင်ညိုဆို
2022/06/26 14:00:00
https://mmsportszone.com/archives/1502
mC4
Home » ဗဟုသုတ » လူမှု့ဘဝ » အထွေထွေ » မပေါင်းအပ်သော သူငယ်ချင်း (၅) မျိုး မပေါင်းအပ်သော သူငယ်ချင်း (၅) မျိုး လောကမှာ ပေးတိုင်းပြန်မရတာ အချစ်အပြင် သူငယ်ချင်းတွေလည်း ပါဝင်နေတတ်ပါတယ်။ လောကကြီးမှာ ချစ်သူရည်းစားမှ လမ်းခွဲရတာ မဟုတ်ပါဘူး။ မပေါင်းအပ်တဲ့သူငယ်ချင်းမျိုး ၊ ကိုယ့်အပေါ်အမြဲအနိုင်ယူတတ်တဲ့ သူငယ်ချင်းတွေဆိုရင်လည်း မိမိဘဝထဲမှာ ထုတ်ပယ်သင့်ပါတယ်။ မိမိအား အလိုက်သင့် ရေလိုက်ငါးလိုက် ပေါင်းသင်းကာ မိမိအားနည်းချက်များကို အခွင့်ကောင်းယူကာ တိုက်ခိုက်တက်သော သူမျိုးဖြစ်ပါတယ်။ သူတစ်ပါးမျက်ရည်ကို လမ်းခင်းကာ နင်းချေပစ်လေ့ရှိသော သူများပင် ဖြစ်သောကြောင့် ထိုသူမျိုးကို စွန့်ခွာသင့်ပါတယ်။ ၂။ လိုရင် တစ်မျိုး၊ မလိုရင် တစ်မျိုး ဆက်ဆံတတ်သူ မိမိထံမှ အခွင့်အရေးလိုချင်လျင် တစ်မျိုး၊ အခွင့်အရေး မရနိုင်လျင် တစ်မျိုး၊ အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲဆက်ဆံတက်သော သူများကို ရှောင်ကျဉ်သင့်ပါတယ်။ မိမိအောင်မြင်ချိန်တွင် မိမိထံ၌ ရှိနေပြီး ကျရှူံးချိန်တွင် စွန့်ခွာတက်သော "သာကူး" လူမျိုးပင် ဖြစ်ပါတယ်။ ၃။ မိမိကောင်းစားရေးအတွက် သူတစ်ဖက်သားကို ချောက်တွန်းတတ်သူ မိမိလျောက်လှမ်းရာ ခြေလှမ်းတိုင်းတွင် သူတစ်ပါးကို နင်းချေပြီး လျှောက်တက်သော လူစားမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော မိမိကိုယ်တိုင်ဘဝကို မတည်ဆောက်ဘဲ သူတစ်ပါးကျရှုံးမှ မိမိဘဝအောင်မြင်မည်ဟု တွေးထင်တက်သော လူမျိုးဖြစ်ပါတယ်။ ၄။ သာတဲ့သူနဲ့ပေါင်းပြီး မ်ိမိအားလျှော်ပစ်တတ်တဲ့ သူငယ်ချင်း ကိုယ့်ဘက်က သူအားငယ်နေချိန်မှာ အားပေးစကားတွေ ပြောခဲ့ပေမယ့် ကိုယ်ကျရှုံးနေပြီဆိုရင် ကိုယ့်အနားမှာ မရှိတော့ပါဘူး။ လေယူရာယိမ်းမူဝါဒနဲ့ သာကူးသူငယ်ချင်းတွေကို ပေါင်းသင်းမိခဲ့ရင် နစ်နာဖို့ပဲရှိပါတယ်။ ၅။ စကားအပို့အယူ လုပ်တတ်တဲ့ သူငယ်ချင်း ကိုယ့်က တကယ်ခင်မင်မိလို့ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်မိပေမယ့် သူဘက်ကကြိတ်ပြီး လှောင်ပြောင်နေတတ်တာလည်း ကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံ သူ့ကို သူစိမ်းကမြှားနဲ့ ပစ်တဲ့အချိန် ကိုယ်ကဝင်ကာခဲ့ပေးပေမယ့် ကိုယ့်ကို သူများကမြှားနဲ့ ပစ်တဲ့အချိန် သူကပါ ကူဝင်ပစ်ပေးနေတတ်တယ်။ ဖက်တွယ်ထားရင် နာကျင်မှာ သေချာတဲ့နည်းတူ လက်လွှတ်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်သူငယ်ချင်းထဲမှာ အဲလိုအကျင့်စရိုက်မျိုးရှိတဲ့လူတွေ ပါခဲ့ရင်တော့ ဆက်ပေါင်းနေရင်လည်း ကိုယ့်ဘက်က နစ်နာဖို့ပဲရှိတာမို့ အပေါင်းအသင်းမလုပ်ပါနဲ့တော့ ။ လောကမှာ ပေးတိုငျးပွနျမရတာ အခဈြအပွငျ သူငယျခငျြးတှလေညျး ပါဝငျနတေတျပါတယျ။ လောကကွီးမှာ ခဈြသူရညျးစားမှ လမျးခှဲရတာ မဟုတျပါဘူး။ မပေါငျးအပျတဲ့သူငယျခငျြးမြိုး ၊ ကိုယျ့အပျေါအမွဲအနိုငျယူတတျတဲ့ သူငယျခငျြးတှဆေိုရငျလညျး မိမိဘဝထဲမှာ ထုတျပယျသငျ့ပါတယျ။ မိမိအား အလိုကျသငျ့ ရလေိုကျငါးလိုကျ ပေါငျးသငျးကာ မိမိအားနညျးခကျြမြားကို အခှငျ့ကောငျးယူကာ တိုကျခိုကျတကျသော သူမြိုးဖွဈပါတယျ။ သူတဈပါးမကျြရညျကို လမျးခငျးကာ နငျးခပြေဈလရှေိ့သော သူမြားပငျ ဖွဈသောကွောငျ့ ထိုသူမြိုးကို စှနျ့ခှာသငျ့ပါတယျ။ ၂။ လိုရငျ တဈမြိုး၊ မလိုရငျ တဈမြိုး ဆကျဆံတတျသူ မိမိထံမှ အခှငျ့အရေးလိုခငျြလငျြ တဈမြိုး၊ အခှငျ့အရေး မရနိုငျလငျြ တဈမြိုး၊ အခွအေနပေျေါမူတညျပွီး အမြိုးမြိုးပွောငျးလဲဆကျဆံတကျသော သူမြားကို ရှောငျကဉျြသငျ့ပါတယျ။ မိမိအောငျမွငျခြိနျတှငျ မိမိထံ၌ ရှိနပွေီး ကရြှူံးခြိနျတှငျ စှနျ့ခှာတကျသော "သာကူး" လူမြိုးပငျ ဖွဈပါတယျ။ ၃။ မိမိကောငျးစားရေးအတှကျ သူတဈဖကျသားကို ခြောကျတှနျးတတျသူ မိမိလြောကျလှမျးရာ ခွလှေမျးတိုငျးတှငျ သူတဈပါးကို နငျးခပြွေီး လြှောကျတကျသော လူစားမြိုးဖွဈသညျ။ တဈနညျးအားဖွငျ့ဆိုသော မိမိကိုယျတိုငျဘဝကို မတညျဆောကျဘဲ သူတဈပါးကရြှုံးမှ မိမိဘဝအောငျမွငျမညျဟု တှေးထငျတကျသော လူမြိုးဖွဈပါတယျ။ ၄။ သာတဲ့သူနဲ့ပေါငျးပွီး မိမိအားလြှျောပဈတတျတဲ့ သူငယျခငျြး ကိုယျ့ဘကျက သူအားငယျနခြေိနျမှာ အားပေးစကားတှေ ပွောခဲ့ပမေယျ့ ကိုယျကရြှုံးနပွေီဆိုရငျ ကိုယျ့အနားမှာ မရှိတော့ပါဘူး။ လယေူရာယိမျးမူဝါဒနဲ့ သာကူးသူငယျခငျြးတှကေို ပေါငျးသငျးမိခဲ့ရငျ နဈနာဖို့ပဲရှိပါတယျ။ ၅။ စကားအပို့အယူ လုပျတတျတဲ့ သူငယျခငျြး ကိုယျ့က တကယျခငျမငျမိလို့ ကိုယျ့ခံစားခကျြတှကေို ရငျဖှငျ့မိပမေယျ့ သူဘကျကကွိတျပွီး လှောငျပွောငျနတေတျတာလညျး ကွုံဖူးကွမှာပါ။ တဈခါတဈရံ သူ့ကို သူစိမျးကမွှားနဲ့ပဈတဲ့အခြိနျ ကိုယျကဝငျကာခဲ့ပေးပမေယျ့ ကိုယျ့ကို သူမြားကမွှားနဲ့ပဈတဲ့အခြိနျ သူကပါ ကူဝငျပဈပေးနတေတျတယျ။ ဖကျတှယျထားရငျ နာကငျြမှာ သခြောတဲ့နညျးတူ လကျလှတျလိုကျတာက အကောငျးဆုံးဖွဈမှာပါ။ ကိုယျ့သူငယျခငျြးထဲမှာ အဲလိုအကငျြ့စရိုကျမြိုးရှိတဲ့လူတှေ ပါခဲ့ရငျတော့ ဆကျပေါငျးနရေငျလညျး ကိုယျ့ဘကျက နဈနာဖို့ပဲရှိတာမို့ အပေါငျးအသငျးမလုပျပါနဲ့တော့ ။
2018/05/27 05:17:04
http://www.shwechitthu.com/2016/10/blog-post_683.html
mC4
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ (၂)မှ စာရေးဆရာဦးအောင်ဌေး (စိမ့်ညက် ညောင်ဦး) လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် အဖွဲ့တို့ သည် ငါ့သရောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင်ယမန်နေ့နံနက် ၉နာရီ ကမန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်မြေ(၂)တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင် ရောက်အရွေးချယ်ခံမည်ဖြစ်ကြောင်း တက်ရောက်လာသောပြည်သူများ ကို မိတ်ဆက်စကားပြောကြားခဲ့ပြီး ကျန်မာချမ်းသာကြပါစေဟု ဆုမွန် ကောင်းပြောကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသောပြည်သူများ ကလည်း ပြည်ခိုင်ဖြိုးပါတီ လွှတ် တော်ကိုယ်စားလှယ်မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လောင်းအား ပန်းကုန်းများစွပ်၍ အောင်သပြေပန်းများနှင့် အမွှေးနံ့ သာပက်ဖျန်းခြင်းများဖြင့်ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ ပွညျထောငျစုသမ်မတမွနျမာနိုငျငံတျော ဖှဲ့စညျးပုံအခွခေံဥပဒေ ( ၂၀၀၈ ခုနှဈ ) ကို ပွငျဆငျသညျ့ဥပဒကွေမျးအတညျပွုရေး ပွညျလုံးကြှတျဆန်ဒခံယူပှဲ ဥပဒေ KO YE added an answer လကျရှိငှေ =၁၀ ကပျြ အိမျမပွနျခငျရှိငှေ =၂၀ ကပျြ ညစာထမငျးဖိုးမရှငျးခငျရှိငှေ =၄၀ ကပျြ ညစာထမျးမစားခငျရှိငှေ… 21 Nov 2020 at 9:44 AM Ye Tay Zar Shein added an answer ကြှနျတျော အိမျအပွငျက စောငျ့နပေါတယျ။ ပါမောက်ခရဲ့ စာဖတျခနျးအပွငျက ဖွတျသှားတဲ့အခါ သူက ခွောကျလုံးပွူးသနေတျကို ထုတျပွီး နဖူးနဲ့တကေ့ာ… 17 Nov 2020 at 8:05 PM ခဈြပရိသတျကွီးရေ ရခိုငျတိုငျးရငျးသူလေး တဈယောကျဖွဈတဲ့ စဈပိုးအိမျ ကတော့ ဆကျစီ ကကြ အလှတရားတှရေယျ ဆှဲဆောငျမှုရှိတဲ့အပွုံးခြိုခြိုလေးနဲ့ လူမှုကှနျယကျပျေါမှာ ရပေနျးစား လာခဲ့ တဲ့ သူလေးပဲ ဖွဈပါတယျ။ပရိသတျတှစေစတှခေ့ငျြးမှာ မိနျးကလေးအစဈတဈယောကျလားလို့တောငျ ထငျယောငျထငျမှား ဖွဈခဲ့ရတဲ့ သူလေးပဲ ဖွဈပါတယျ။ သူမရဲ့ အမိုကျစား ပုံရိပျတှကေို လူမှုကှ နျယကျေ ဖ့ဘှတျပျေါတှငျ အမြားဆုံး တငျလေ့ ရှိတာလညျးတှရေ့ပါတယျ။ လတျတလောမှာတော့ ဆှဲဆောငျမှုရှိလှနျးတဲ့ သူမရဲ့အမိုကျစားအ လှတရားေ တှေ ပျါလှငျအောငျရိုကျထားတဲ့ အလနျးစား ပုံလေးတှကေိုသူမရဲ့ ဖဘှေ့တျအကောငျ့မှာဖျောပွထားတာ တှရေ့ပါတယျ။ပုံလေးထဲမှာ ပိုးတဈယောကျ ဆှဲဆောငျမှု ရှိရှိလှနတောလညျး ဖွဈပါတယျ။ ပိုးရဲ့ ဆကျဆီကလြှနျးတဲ့ အမိုကျစား ခန်ဓာကိုယျ အလှတရားတှကေလညျး မွငျသူတိုငျး ငေးလောကျအောငျ ကို ညို့ယူဖမျးစားနတောအမှနျပဲဖွဈပါတယျ။သူမရဲ့အမိုကျစားပုံရိပျတှကေိုလညျး ဖေ့ ဘှ တျပျေါတှငျ မကွာခဏဖျောပွတာလညျးတှရေ့ပါတယျ။ခဈြပရိသတျလညျး ပိုးကို ဆကျလကျအားပေးလိုကျပါအုံးနျော။ ချစ်ပရိသတ်ကြီးရေ ရခိုင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ စစ်ပိုးအိမ် ကတော့ ဆက်စီ ကျကျ အလှတရားတွေရယ် ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစား လာခဲ့ တဲ့ သူလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေစစတွေ့ချင်းမှာ မိန်းကလေးအစစ်တစ်ယောက်လားလို့တောင် ထင်ယောင်ထင်မှား ဖြစ်ခဲ့ရတဲ့ သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စား ပုံရိပ်တွေကို လူမှုကွ န်ယက်ေ ဖ့ဘွတ်ပေါ်တွင် အများဆုံး တင်လေ့ ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့အမိုက်စားအ လှတရားေ တွေ ပ်ါလွင်အောင်ရိုက်ထားတဲ့ အလန်းစား ပုံလေးတွေကိုသူမရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာ တွေ့ရပါတယ်။ပုံလေးထဲမှာ ပိုးတစ်ယောက် ဆွဲဆောင်မှု ရှိရှိလှနေတာလည်း ဖြစ်ပါတယ်။
2021-03-04T20:54:49Z
https://thanlwintimes.com/
OSCAR-2109
Tortola သည် ၂၄ စတုရန်းမိုင်ကျယ်သည့်ကျွန်းများတွင်အကြီးဆုံးဖြစ်သည်။ ၎င်း၏မြို့တော်သည် Road Town ဖြစ်ပြီးဘီအိုင်ကျွန်း၊ BVI ၏အပြည်ပြည်ဆိုင်ရာလေဆိပ် terminal Terrance B Lettsome လေဆိပ်၏နေရာဖြစ်သည်။
2021-02-28T13:04:16Z
http://burmese.dvb.no/archives/20876
OSCAR-2109
ထားဝယ်စကားတွေပြောရင်း ချစ်ဖို့ကောင်းနေတဲ့ ဝင့်ယမုံနိုင်ရဲ့ဗွီဒီယိုလေး | CeleTrend မြန်မာနိုင်ငံရဲ့ ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ အချစ်သင်္ကေတ ဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျသရုပ်ဆောင်ခဲ့သူ ဝင့်ယမုံနိုင်ကိုတော့ သဘောမကျဖူးတဲ့သူရှိမယ် မထင်ပါဘူးနော်။ MRTV-4 ရဲ့မင်းသမီးတစ်လက်ဖြစ်တာနဲ့အညီ ဇာတ်လမ်းတွဲတွေမှာ အများဆုံး မြင်တွေ့ရလေ့ရှိတဲ့အပြင် ဇာတ်ရုပ်တိုင်းကိုလည်း ပီပီပြင်ပြင်သရုပ်ဆောင်လေ့ရှိသူပါ။ ဝင့်ယမုံနိုင်ကတော့ ပရိသတ်တွေကို တန်ဖိုးထားဆက်ဆံလေ့ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တနေ့တာအကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ထားဝယ်သူလေးဖြစ်တဲ့ ဝင့်ယမုံနိုင်တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ အတူ ထားဝယ်စကားပြောနေတဲ့ဗွီဒီယိုဖိုင်လေးကို "နားလည်ရင်နားထောင် ထားဝယ်လိုပြောနေတာ" ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေခဲ့ပါတယ်။ ထားဝယ်စကားကတော့ မြန်မာစကားနဲ့နီးစပ်ပေမယ့် နားလည်ရခက်ခဲတဲ့စကားတစ်ခုပါ။ ဝင့်ယမုံနိုင်တစ်ယောက် ထားဝယ်စကားပြောနေတဲ့ဗွီဒီယိုဖိုင်လေးကတော့ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေလည်း များစွာသဘောကျခဲ့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဝင့်ယမုံနိုင်ရဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးထဲမှာရော ထားဝယ်စကားနားလည်တဲ့သူတွေရှိလား။
2021/09/29 01:50:32
https://celetrend.com/archives/3387
mC4
မကျဆီ ခြီးကြူးရသူမြား၊ အပွောငျးအရှေ့ လှုပျရှားမှုနဲ့ ဗုဒ်ဓဟူးနအေ့တှကျ ပရီးမီးယားလိဂျ နံနကျခငျးသတငျးမြား - Sports Home Time UNICODE – လိုငျယှနျနယျမကျဆီက မနျစီးတီးလူငယျကစားသမား ဖိုဒနျဟာ အရညျအခငျြးရှိပွီး ဘောလုံးနဲ့အတူ စှမျးစှမျးတမံ လုပျနိုငျကွောငျး ဘရာဇီးသတငျးစာ O Globo နဲ့ အငျတာဗြူးမှာ ထညျ့သှငျး ဖွဆေိုပါတယျ။ မကျဆီက ဗနျဒိုကျက ရငျဆိုငျရခကျခဲတဲ့ ပွိုငျဘကျဖွဈသလို အယျလီဆနျက တညျငွိမျလှနျးပွီး ဆာလကျ၊ မာနေးတို့ကလညျး ထူးခွားတဲ့ အရညျအခငျြးတှရှေိတဲ့ တိုကျစဈသမားတှပေါလို့ ခြီးကြူးခဲ့ပါတယျ။ ခယျြဆီးအသငျးက စိတျဝငျစားနပေမေယျ့ ဘိုငျယနျမွူနဈ ဂိုးသမား နူအာဟာ အသငျးမပွောငျးပဲ ဘိုငျယနျမှာပဲ စာခြုပျသဈ ထပျခြုပျနိုငျဖို့ မြှျောလငျ့နပေါတယျ။ ၂၀၂၁ ခုနှဈမှာ ကုနျမယျ့ အဆိုပါ စာခြုပျအတှကျ သဘောတူညီမှုတော့ မရသေးပါဘူး။ ခယျြဆီးဟာ ဘာစီလိုနာခံစဈမှူး အမျတီတီထကျ လိုငျလီအသငျး ခံစဈမှူး ဂါဘရီရယျကိုပဲ ပိုမို ချေါယူဖို့ စိတျဝငျစားနပေါတယျ။ နှဈဦးလုံးအတှကျ ပွောငျးရှကွေ့ေးတှကေ ယူရို သနျး ၅၀ ဝနျးကငျြဖွဈပါတယျ။ ပရီးမီးယားလိဂျကလပျတှဟော ကိုရိုနာအတှကျ အခငျြးခငျြး နီးနာမှုတှေ၊ ဆှေးနှေးမှုတှကေို ဆကျလကျ လုပျဆောငျမှုတှေ ရှိနပေါတယျ။ ကိုရိုနာ ကပျဘေးကွောငျ့ ဘောလုံးအသငျးတှေ စီးပှားရေး ထိခိုကျနိုငျပမေယျ့ ဆနျခြိုအတှကျ ပေါငျ သနျး ၁၁၀ ထကျနညျးတဲ့ ပမာဏဖွငျ့ ကမျးလှမျးမှုတှကေို ဒေါ့မှနျအသငျးက လကျခံ စဉျးစားပေးမှာ မဟုတျပါဘူး။ အာဆငျနယျ လူငယျကစားသမား ဆာကာရဲ့ ပွောငျးရှကွေ့ေးဟာ ၂၀၁၉ စကျတငျဘာလကနေ ၂၀၂၀ မတျလအတှငျး သုံးဆလောကျထိ ထိုးတကျသှားပါတယျ။ စပါးအသငျးဟာ ပရီးမီးယားလိဂျကလပျတှထေဲ ဒုတိယမွောကျ အသငျးအဖွဈ ဝနျထမျးတှကေို လုပျခ မပေးမှုတှေ လုပျဆောငျမှု ရှိလာမယျ့ ကလပျအသငျးဖွဈလာပါတယျ။ ယူနိုကျတကျဟာ ဂြူဗငျတပျခံစဈမှူး ဒီလဈရဲ့ အခွအေနကေို စောငျ့ကွညျ့နပွေီး အခွအေနကေောငျးရငျ ဝငျရောကျ ကမျးလှမျးမှုလုပျဖို့ ကစားသမားရဲ့ အေးဂနျြ့ ရိုငျအိုလာနဲ့ ဆကျသှယျမှာ ဖွဈပါတယျ။ ပရီးမီးယားလိဂျကလပျ ဘုနျးမောကျဟာ ၎င်းငျးတို့အသငျး လူငယျကစားသမားတှကေို လုပျခပေးမှုအား ရပျတနျ့ဖို့ ပွငျဆငျနပေါတယျ။ ပရီးမီးယားလိဂျ အသငျး ၂၀ ထဲမှာ ဘဏ်ဍာရေး အဆိုးဆုံး အနအေထား ရငျဆိုငျရမယျ့ အသငျးတှထေဲ ဘုနျးမောကျ ပါဝငျနပေါတယျ။ ZAWGYI – လိုင်ယွန်နယ်မက်ဆီက မန်စီးတီးလူငယ်ကစားသမား ဖိုဒန်ဟာ အရည်အချင်းရှိပြီး ဘောလုံးနဲ့အတူ စွမ်းစွမ်းတမံ လုပ်နိုင်ကြောင်း ဘရာဇီးသတင်းစာ O Globo နဲ့ အင်တာဗျူးမှာ ထည့်သွင်း ဖြေဆိုပါတယ်။ မက်ဆီက ဗန်ဒိုက်က ရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်သလို အယ်လီဆန်က တည်ငြိမ်လွန်းပြီး ဆာလက်၊ မာနေးတို့ကလည်း ထူးခြားတဲ့ အရည်အချင်းတွေရှိတဲ့ တိုက်စစ်သမားတွေပါလို့ ချီးကျူးခဲ့ပါတယ်။ ချယ်ဆီးအသင်းက စိတ်ဝင်စားနေပေမယ့် ဘိုင်ယန်မြူနစ် ဂိုးသမား နူအာဟာ အသင်းမပြောင်းပဲ ဘိုင်ယန်မှာပဲ စာချုပ်သစ် ထပ်ချုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ ကုန်မယ့် အဆိုပါ စာချုပ်အတွက် သဘောတူညီမှုတော့ မရသေးပါဘူး။ ချယ်ဆီးဟာ ဘာစီလိုနာခံစစ်မှူး အမ်တီတီထက် လိုင်လီအသင်း ခံစစ်မှူး ဂါဘရီရယ်ကိုပဲ ပိုမို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နှစ်ဦးလုံးအတွက် ပြောင်းရွှေ့ကြေးတွေက ယူရို သန်း ၅၀ ဝန်းကျင်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ ကိုရိုနာအတွက် အချင်းချင်း နီးနာမှုတွေ၊ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်မှုတွေ ရှိနေပါတယ်။ ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးအသင်းတွေ စီးပွားရေး ထိခိုက်နိုင်ပေမယ့် ဆန်ချိုအတွက် ပေါင် သန်း ၁၁၀ ထက်နည်းတဲ့ ပမာဏဖြင့် ကမ်းလှမ်းမှုတွေကို ဒေါ့မွန်အသင်းက လက်ခံ စဉ်းစားပေးမှာ မဟုတ်ပါဘူး။ အာဆင်နယ် လူငယ်ကစားသမား ဆာကာရဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၁၉ စက်တင်ဘာလကနေ ၂၀၂၀ မတ်လအတွင်း သုံးဆလောက်ထိ ထိုးတက်သွားပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေထဲ ဒုတိယမြောက် အသင်းအဖြစ် ဝန်ထမ်းတွေကို လုပ်ခ မပေးမှုတွေ လုပ်ဆောင်မှု ရှိလာမယ့် ကလပ်အသင်းဖြစ်လာပါတယ်။ ယူနိုက်တက်ဟာ ဂျူဗင်တပ်ခံစစ်မှူး ဒီလစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေကောင်းရင် ဝင်ရောက် ကမ်းလှမ်းမှုလုပ်ဖို့ ကစားသမားရဲ့ အေးဂျန့် ရိုင်အိုလာနဲ့ ဆက်သွယ်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ဟာ ၄င်းတို့အသင်း လူငယ်ကစားသမားတွေကို လုပ်ခပေးမှုအား ရပ်တန့်ဖို့ ပြင်ဆင်နေပါတယ်။ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ ဘဏ္ဍာရေး အဆိုးဆုံး အနေအထား ရင်ဆိုင်ရမယ့် အသင်းတွေထဲ ဘုန်းမောက် ပါဝင်နေပါတယ်။
2020/05/26 12:43:57
https://sports-ht.com/archives/31616
mC4
အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီ အကြီးအကဲကို ဖိတ်ကြားရေး မြန်မာ့နိုင်ငံရေး အခြေအနေပေါ်မူတည်၊ မြန်မာနိုင်ငံကို သွားတဲ့အခါ သက်ဆိုင်သူ အားလုံးနဲ့တွေ့ခွင့်ရရေး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖုံးဆက်ဆွေးနွေး…စတဲ့ နောက်ဆုံးရသတင်းတွေနဲ့အပတ်စဉ်ဆောင်းပါးတွေ စုစည်းတင်ပြထားပါတယ်။
2022-12-10T05:01:40Z
https://burmese.voanews.com/a/6272030.html
OSCAR-2301
သံလွင်: မြန်မာလူငယ်များကို အိုဘားမား ချီးကျူး အမေရိကန်အသားအ ရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု နှစ် (၅၀) ပြည့်လမ်းလျှောက်ချီတက်ပွဲအခမ်း အနားတွင် အမေရိကန်သမ္မတ အိုဘားမားက၎င်း၏ မိန့်ခွန်းထဲ၌မြန်မာလူငယ်များကို ချီးကျူးသည့် စကား ထည့်သွင်းပြောကြားသွားသည်။ ''မြန်မာနိုင်ငံက လူငယ်တွေ ဟာ စစ်အုပ်ချုပ်ရေးကို လက် မြှောက်အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေ ထဲ သွားခဲ့ကြ တယ်''ဟု အမေရိကန်သမ္မတ အို ဘားမားက မတ်လ ၈ ရက်တွင် ပြု လုပ်သော အယ်လ်ဘား မားပြည် နယ် ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ အခမ်းအနား၌ အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။ ''ဒီသတင်းကို ကြားတော့ ဒီ ငြိမ်းလင်းတို့၊ စည်သူမောင်တို့ကို ချက်ချင်းသွားမြင်တယ်။ ၂၀၀၇ တုန်းက၊ ၈၈ တုန်းက အကျဉ်း ထောင်ထဲဝင်ခဲ့တဲ့သူတွေကို ရည် ညွှန်းတာ။ ယုံကြည်စိတ်အတွက် ရဲရဲဝံ့ဝံ့လုပ်တယ်ဆို တာကို ပြောသွားတာ ၀မ်းသာပါတယ်''ဟု လူငယ်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း ကပြောသည်။ ''ကမ္ဘာ့ခေါင်းဆောင်တစ် ယောက်အနေနဲ့ ဒီလိုပြောတာ လုံးဝဂုဏ်ယူတယ်။ နောက်မျိုး ဆက်ကိုပါ စစ်အာဏာရှင်တွေကို ဒူးမထောက်တဲ့ စိတ်ဓာတ်မျိုးပြတ် ပြတ်သားသားဖြစ်သွားစေတယ်'' ဟု လူငယ် အရေးတက်ကြွလှုပ်ရှားသူ ကိုဒီငြိမ်းလင်းကဆိုသည်။ အမေရိကန်သမ္မတအိုဘား မားအနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်လာရောက်ခဲ့ပြီးပြီးခဲ့သည့် နှစ်အောက်တို ဘာ တွင် လာ ရောက်ခဲ့သော ခရီးစဉ်၌ ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမတွင်လူငယ်များနှင့် တွေ့ဆုံခဲ့ သည်။ အဆိုပါတွေ့ဆုံပွဲတွင် သမ္မတအိုဘားမားက''ခင်ဗျားတို့ထဲက အများစုဟာ ကျောင်းသားဘ၀က ပြုပြင်ပြောင်း လဲရေးလှုပ် ရှားမှုတွေ လုပ်ဆောင်တဲ့ (ဒေါ်) အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် တို့ရဲ့ နေရာကို ဆက်ခံဖို့၊ တည် ငြိမ်အေးချမ်းပြီး ကြွယ်ဝချမ်းသာ တဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့ အရှေ့ တောင်အာရှရဲ့ ခေါင်းဆောင်တွေ အဖြစ် ခင်ဗျားတို့အတွက် မှန်ကန် သင့်တော်တဲ့ နေရာကိုရယူကြဖို့ ကျွန်တော်မျှော်လင့်တယ်'' ဟု ပြောကြား ခဲ့သည်။ Bloody Sunday ဟုနာမည်ကျော်သော အမေရိကန်တွင် ထိုဖြစ်ရပ်မှာ အယ်လ်ဘားမားပြည် နယ်၊ ဆယ်လ် မာမြို့နေ မောင့်ဂို မာရီမြို့အထိ မဲဆန္ဒပေးပိုင်ခွင့် အတွက် လူငယ် ၆၀၀ ကျော်ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ရာ ၌ ပြည်နယ်တပ်ဖွဲ့များ အင်အားသုံးဖြိုခွင်းခဲ့သည့် နှစ် (၅၀) မြောက် ရွှေရတုအခမ်းအနားဖြစ်ကြောင်း သိရ သည်။ ဆယ်လ်မာဒေသတွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်လာသည့် သမ္မတအိုဘားမားကို ဒေသခံများနှင့်အတူ တွေ့ရစဉ် JONATHAN ERNST/REUTERS
2020/07/12 19:21:37
http://thanlwinriver.blogspot.com/2015/03/blog-post_455.html
mC4
ကိုယ့်လုပ်ငန်းအတွက်လိုအပ်တဲ့ အရင်းအနှီးရံပုံငွေ ရအောင်ဘယ်လိုထိထိရောက်ရောက် လုပ်ဆောင်မလဲ – Lifestyle – Duwun ကိုယ့်လုပ်ငန်းအတွက်လိုအပ်တဲ့ အရင်းအနှီးရံပုံငွေ ရအောင်ဘယ်လိုထိထိရောက်ရောက် လုပ်ဆောင်မလဲ ကြီးကျယ်ခမ်းနားတဲ့အိုင်ဒီယာ ၊ ကမ္ဘာကြီးကိုပိုမိုကောင်းမွန်တဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲဖို့ ပြင်းပြတဲ့ဆန္ဒ နဲ့ အသေးစိတ်လုပ်ငန်းအစီအစဉ်တွေက သင့်ကိုလူမှုစီးပွားစွန့်ဦးတီထွင်လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ဖြစ်စေမှာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ထောက်ပံ့ရင်းနှီးငွေမရှိဘဲနဲ့တော့ လုပ်ငန်းကို အခြေတည်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထောက်ပံ့ရင်းနှီးငွေရဖို့ကြိုးစားရင်း အချိန်တွေမကုန်ရလေအောင် အရင်းအနှီးရံပုံငွေတစ်ရပ် ထိထိရောက်ရောက်ရှာဖွေနိုင်မယ့် နည်းလမ်း ၄ သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။ PMT 2016-09-21 11:32:32.0, 2016-09-21 11:32:32.0 ၁။ လုပ်ငန်းအသစ်များကူညီထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုခု ကိုရှာဖွေချိတ်ဆက်ပါ။ အလားအလာရှိတဲ့လုပ်ငန်းအိုင်ဒီယာတစ်ခုအတွက် ရင်းနှီးငွေရရှိဖို့ လွယ်ကူကောင်း လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ရင်းနှီးငွေတွေရဲ့နောက်မှာ အနှောင်အဖွဲ့တွေ၊ အနာဂတ်မှာအကျိုးအမြတ်ပြန်ရဖို့ မျှော်လင့်ချက်တွေ၊ ဒါမှမဟုတ်ရင်လည်း ကနဦးတည်ထောင်သူရဲ့ ရည်ရွယ်ချက်နဲ့မကိုက်ညီတဲ့ ပိုင်ဆိုင်မှုဆိုင်ရာ အရှုပ်အရှင်းတွေပါလာတတ်ပါတယ်။ ဒါကြောင့် အဲဒီလို ရင်းနှီးငွေထည့်ဝင်သူတွေအစား အသစ်တည်ထောင်တဲ့ လုပ်ငန်းတွေကို ရုံးခန်းနေရာ ထောက်ပံ့ပေးတာ၊ နည်းပညာပိုင်းပံ့ပိုးပေးတာ စတဲ့ လုပ်ငန်းသစ်တစ်ခုမှာလိုအပ်နိုင်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုခုရဲ့ အကူအညီကို ရယူတာက ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။ ၂။ ကိုယ့်ကို ကူညီစောင်မနိုင်မယ့်သူကို ရှာပါ။ ကိုယ့်ရဲ့မူလရည်မှန်းချက်နဲ့ အိုင်ဒီယာကို သဘောကျလက်ခံမယ့် ရင်းနှီးမြှုပ်နှံသူတစ်ဦးကို ရှာဖွေတာဟာလည်း ကိုယ် လိုအပ်နေတဲ့ ရင်းနှီးငွေကိုရရှိဖို့ နည်းလမ်းတစ်ရပ်ပါပဲ။ ဒီနေ့ခေတ်မှာဆိုရင်တော့ ကိုယ်နဲ့သိကျွမ်းတဲ့ပတ်ဝန်းကျင်မှာ အဲဒီလို ရင်းနှီးမြှုပ်နှံသူမျိုးရှာဖို့မလွယ်ရင်တောင် လူမှုကွန်ရက်တွေနဲ့ အခြားကွန်ရက်တွေကို အသုံးချပြီး ရှာဖွေကြည့်နိုင်ပါတယ်။ ၃။ အများပိုင်အဖြစ်ဖွဲ့စည်းပြီး ရှယ်ယာများရောင်းချပါ။ ရင်းနှီးမြှုပ်နှံသူတစ်ဦးတည်းကို ရရှိဖို့မလွယ်ကူဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူအများကြီးကို ရှယ်ယာတွေ ရောင်းချပြီးတော့လည်း လိုအပ်နေတဲ့ရင်းနှီးငွေကို ရှာဖွေနိုင်ပါတယ်။ တစ်ဦးကိုနည်းနည်းစီနဲ့ လူအများကြီးဆီက ရင်းနှီးထည့်ဝင်ငွေတွေရဖို့ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းအိုင်ဒီယာနဲ့ ရည်မှန်းချက်ကို လူများနိုင်သမျှများများသိအောင် ကြော်ငြာဖို့တော့ လိုမှာဖြစ်ပါတယ်။ ၄။ ကျွမ်းကျင်သူရဲ့ အကူအညီရယူပါ။ အရင်းအနှီးငွေရရှိလာတဲ့အချိန်မှာ လက်ခံမရခင်မှာ နောက်ပိုင်းအရှုပ်အရှင်းတွေဖြစ်မလာစေဖို့အတွက် ကျွမ်းကျင်တဲ့ စာရင်းကိုင်အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းပြီးအကူအညီရယူထားဖို့လိုပါတယ်။ ဒါမှသာနောက်ပိုင်း ပိုင်ဆိုင်မှု၊ အခွန်စတဲ့ ကိစ္စတွေ မှာ အရှုပ်အရှင်းတွေ မပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။
2018/06/20 11:15:47
http://www.duwun.com.mm/lifestyle/-id5514644.html
mC4
ဆန္ဒတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် mask နဲ့ လက်သန့်ဆေးရည်များ လှူဒါန်း ခဲ့တဲ့ နန်းမွေစံ – Let Pan Daily ဆန္ဒတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် mask နဲ့ လက်သန့်ဆေးရည်များ လှူဒါန်း ခဲ့တဲ့ နန်းမွေစံ မော်ဒယ် နန်းမွေစံကတော့ ဖေဖော်ဝါရီလအစကတည်းက လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အရေးကြုံလာတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတာကြောင့် ပရိသတ်များက ချီးကျူးနေကြတာလည်း ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း နိုင်ငံတကာမှ သူမ ရဲ့ ပရိသတ်တွေ သိရှိနိုင်စေရန် Instagram လူမှုကွန်ယက်မှတစ်ဆင့်လည်း ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း လက်ရှိအခြေအနေတွေအား ဗီဒီယိုဖိုင်တွေတင်ကာ Speak Out လုပ်ပေး နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာပဲ ဖြစ်ပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း နန်းမွေစံရဲ့ Instagram အကောင့်တွင် ကြည်နူးဖွယ်ရာ အလှူတစ်ခုပြုလုပ်နေ တာကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လမ်းပေါ်ထွက်ကာရင်တွင်းဆန္ဒတွေကိုထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် maskနဲ့လက်သန့်ဆေးရည်များ လှူဒါန်း ခဲ့တဲ့ နန်းမွေစံရဲ့ ပုံရိပ်တွေပါ။ နန်းမွေစံတစ်ယောက် ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်တာကြောင့် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ သူမကတော့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတစ်ခုဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြည်သူတွေအား mask ကြိုးလေးတွေ ကိုယ်တိုင် ချည်ပေးနေတာကိုလည်း မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ နန်းမွေစံလည်း ဒီ့ထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးရင် သူမရဲ့ပုံရိပ်တွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ Source and Photo Crd-Nang Mwe San's IG Account ရုပ်ရှင် အစည်းအရုံးသို့လာရောက် ဖြေရှင်းပြော ဆိုသည့် "ယုန်လေး" ပြည့်ဖောင်း လာတဲ့ မျက်နှာလေး နဲ့ အသည်းယားစရာ ကောင်းလွန်းနေ တဲ့ အိချောပို တစ်ယောက်သောသူ ရဲ့ ပန်းစည်းလေး နဲ့ ချော့မော့မှုကို Romantic ဆန်စွာ ပြန်လည်တုံ့ပြန်ခဲ့တဲ့ ပိုင်တံခွန် .. ချစ်ရတဲ့ သမီးလေးက သူ့ကို အားကစားခန်းမမှာ လေ့ကျင့်ခိုင်းနေတာကြောင့် ကြည်နူးပိတီ ဖြစ်နေတဲ့ အောင်လအန်ဆန်း
2021/10/26 18:47:44
https://www.letpandailynews.com/archivse/103718
mC4
■ အားကစားသတင်းတိုများ | 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ Home » Section » Sports » ■ အားကစားသတင်းတိုများ အာဆင်နယ်နောက်တန်းလူ ကာလမ်ချမ်းဘားသည် အသင်းနှင့် ၂ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၁ အထိ ဆက်လက်ရှိနေမည်ဖြစ် သည်။ စပါးအသင်းတွင် ဒဏ်ရာရရှိ၍ တာရှည်အနားယူနေသော နောက်တန်းလူ ဒန်နီရို့စ်နှင့် အလယ်တန်းလူ လာမယ်လာတို့ ပထမဦးစားပေးအသင်းနှင့် လေ့ကျင့်ခန်းပြန်ဆင်းနေကြောင်း အသင်းက ပြောသည်။ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း၌ ပါဝင်ခွင့်ရရေး ယခုရာသီတွင် ခြေစွမ်းပြပြီး ကလပ်အတွက် ဂိုးအများအပြားသွင်းယူ ရန် လိုအပ်သည်ဟု ဘုန်းမောက်တိုက်စစ်မှူး ဂျာမိန်းဒီဖိုးက ပြော သည်။ ဒီဖိုး (၃၅)နှစ်သည် ဆန်းဒါးလန်းတွင် ခြေစွမ်းပြပြီးနောက် မတ်လအတွင်း အင်္ဂလန်အသင်းက ပြန်လည်ခေါ်ယူခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကျင်းပနေသော ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်္ဂလန်က မက္ကဆီကိုကို ၃-၂ ဂိုးဖြင့် အနိုင်ရပြီး နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အင်္ဂလန်သည် ချီလီကို ၄-၀ ဂိုးဖြင့် ပထမပွဲနိုင်ထားပြီး အုပ်စုနောက်ဆုံးပွဲ၌ အီရတ်နှင့် ကစား ရမည်ဖြစ်သည်။ အက်သလက်တီကို မက်ဒရစ်သို့သွားရောက်ကစားရမည့်ပွဲမတိုင် မီ ဘာစီလိုနာ ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာသည် အသင်းနှင့် ပြန်လည်လေ့ကျင့်နေသည်။ ထရီနီဒက်ကို ဆိုးရွားစွာရှုံးနိမ့်ခဲ့ပြီး အမေရိကန်အသင်း ကမ္ဘာ့ ဖလားနှင့် လွဲချော်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ အကြီးဆုံးဘောလုံး ပရိသတ်အဖွဲ့ The American Outlaws ကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူနီလ်ဂူလာတီ နုတ်ထွက်ရေး တောင်းဆိုချက်ထုတ်ပြန်သည်။
2018/05/26 05:50:29
http://7daydaily.com/story/110028
mC4
2021/09/18 05:25:41
https://sportsa2z2a.com/archives/21293
mC4
ဂျပန်တွေ ကြက်ဥအစိမ်းစားရတာ ကြိုက်တဲ့အကြောင်းအရင်း! - JAPO Japanese News သော 16 Oct 2020, 10:02 မနက် Tamago Kake gohan ဆိုတာက ထမင်းပေါ်မှာ ကြက်ဥတင်ထားတယ် ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဂျပန်အစားအစာများထဲမှာ ရိုးရှင်းသော်လည်း မယုံနိုင်လောက်အောင်လူကြိုက်များတဲ့အစားအစာဖြစ်ပါတယ်။ နံနက်စာအဖြစ် အများအားဖြင့်စားလေ့ရှိကြပြီး မကြာသေးမီနှစ်များအတွင်း Tamago Kake gohan ကို Gine no Saji (Silver Spoon) တွင်ဖော်ပြခံထားရသောကြောင့် ပြင်ပနိုင်ငံများတွင်ပါ ကျော်ကြားမှုအချို့ရရှိခဲ့ပါတယ်။ ကမ္ဘာအနှံ့ရှိ anime ပရိတ်သတ်များအနေဖြင့်လည်း anime ထဲမှာ အများအားဖြင့်တွေ့မြင်ရလေ့ရှိပြီး အပြုသဘောဆောင် သိလိုစိတ်ပြင်းပြကြသော်လည်း၊ ဂျပန်မဟုတ်သူများကတော့ TKG နှင့် ပတ်သက်၍ မကြာခဏတွေ့ရလေ့ရှိသည့်တစ်ခုကတော့ ကြက်ဥအစိမ်းတွေစားတာဟာ ဘေးကင်းရဲ့လားဆိုတာကို စိုးရိမ်ခြင်းဖြစ်မိကြတာပါ။ https://thesmartlocal.com/japan/wp-content/uploads/2020/05/japanese-anime-recpies-8.jpg နိုင်ငံအများစုအတွက်တော့ ကြက်ဥအစိမ်းစားခြင်းနှင့် ပတ်သက်၍ ပုံမှန်စိုးရိမ်ခြင်းရှိက ပုံမှန်ဖြစ်နိုင်ပါတယ်။ ကြက်ဥမှ Salmonella အဆိပ်သင့်ခြင်းရဲ့အန္တရာယ်သည်ပျမ်းမျှအားဖြင့်ဗိုက်နာခြင်း၊ အဖျားတက်ခြင်းနှင့် ၀ မ်းလျှောခြင်းတို့ကိုဖြစ်ပွားစေပြီး လေးရက်မှခုနစ်ရက်အထိကြာမြင့်နိုင်ပါတယ်။ Salmonella သည်သေစေနိုင်သည်အထိအန္တရာယ်ပါတယ်။ ထို့ကြောင့် စွန့်စားပြီးတော့ ကြက်ဥအစိမ်းများကို အန္တရာယ်ကင်းစွာစားသုံးနိုင်သည့် နည်းလမ်းကိုတီထွင်ခဲ့ပါတယ်။ ဂျပန်၌ကြက်ဥထုတ်လုပ်ခြင်းအတွက်တင်းကြပ်သောလုပ်ထုံးလုပ်နည်းများနှင့်စည်းမျဉ်းများကြောင့် Salmonella ဥကိုစားခြင်းမှတားဆီးနိုင်သည့်အခွင့်အလမ်းနှင့်နီးနေပြီဖြစ်ပါတယ်။ ဂျပန်ကြက်ခြံများအတွက် သန့်ရှင်းရေးစည်းမျဉ်းများသည်လည်း အခြားနိုင်ငံများထက်ပိုမိုတင်းကြပ်ထားပါတယ်။ အင်းဆက်များနှင့်အခြားတိရိစ္ဆာန်များကဲ့သို့သောကူးစက်ရောဂါများ၏ရင်းမြစ်များနှင့်ထိတွေ့မိခြင်းမှကာကွယ်ရန်အပိုကြိုတင်ကာကွယ်မှုများပြုလုပ်ထားခြင်းတွေကိုလည်း ပြုလုပ်ထားပါတယ်။ ၎င်းသည် ကြက်များကိုယ်တိုင် salmonella ကူးစက်ခံရခြင်းကိုလျော့နည်းစေသည့်အတွက်လျှော့ချနိုင်ခြင်း၊ ကြက်ဥသို့ကူးစက်ခြင်း၏အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ https://d20aeo683mqd6t.cloudfront.net/images/imgs/000/048/135/original/Japanese-Chicken-farm-p8878429_M.jpg?1591152919&d=750×750 ကြက်ဥများကိုစုဆောင်းရသည်နှင့် နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးခြင်းခံရမှာပါ။ ကြက်ဥတစ်လုံးချင်းစီကို အက်တမ်ဖြင့်ဆေးကြောခြင်း၊ ပိုးသတ်ခြင်းနှင့်အက်ကွဲခြင်း၊ ဖုန် (သို့မဟုတ်) သွေးအစက်အပြောက်များကဲ့သို့သော ဖြစ်နိုင်ချေရှိသောပြဿနာများကိုစစ်ဆေးပါတယ်။ ဘက်တီးရီးယားပိုးမွှားများနှင့်မစုံလင်မှုရှိသောဥများကိုတော့ စွန့်ပစ်ပါတယ်။ ထို့နောက် အရည်အသွေးပြည့်တဲ့ကြက်ဥများကို စတိုးဆိုင်များသို့ချက်ချင်းတင်ပို့ပြီး အလွန်အမင်းလတ်ဆတ်သောအချိန်တွင်စားသုံးနိုင်ပါတယ်။ ဂျပန်မှာ ကြက်ဥများကိုကုန်ကြမ်းများကဲ့သို့စားသုံးကြပြီး အခြားနိုင်ငံများထက်များစွာ အသုံးပြုကြပါတယ်။ဒါကြောင့် ကြက်ဥအစိမ်းတွေကို စိတ်ချလက်ချစားကြတာပေါ့နော်။ ကဲ . . . ကြက်ဥအစိမ်းကို ဘေးကင်းစွာစားသုံးနိုင်တဲ့အကြောင်းကို ပြောပြပြီးပြီဆိုတော့ ဘယ်လိုစားကြသလဲဆိုတာပြောပြမယ်နော်။ https://www.seriouseats.com/recipes/20140416-tamago-kake-gohan-recipe-02-composite-750×563.jpg Tamago Kake gohan ကတော့ အရသာရှိသကဲ့သို့ပြုလုပ်ရန်နည်းလမ်းမှာအလွန်လွယ်ကူပြီးအခြေခံအားဖြင့် သုံးမျိုးသာလိုအပ်ပါတယ်။ သို့သော်လူကြိုက်များတဲ့ပြုလုပ်နည်းတွေလည်းကွဲပြားမှုများစွာလည်းရှိပါတယ်။ ရိုးရှင်းစွာချက်ပြုတ်ထားတဲ့ ဂျပန်ဆန်ကိုပန်းကန်လုံးထဲသို့ယူပြီးလျှင် ကြက်ဥကိုနေရာချရန် ထမင်းရဲ့ အလယ်ပိုင်းတွင်အခန်းအနည်းငယ်စာချန်ပြီးတော့ ကြက်ဥအစိမ်းကို ဖောက်ထည့်ပါ။ ပြီးရင်တော့ ဂျပန်ပဲငံပြာရည်လေးစမ်းပြီး သုံးဆောင်နိုင်ပါပြီ။အချို့လူများကကြက်ဥကိုမွှေပြီး သီးခြားပန်းကန်လုံးထဲထည့်ပြီးမှ ထမင်းအပေါ်ကိုတင်ပြီးစားကြပါတယ်။ အချို့ကကြက်ဥအကာကိုမကြိုက်ကြဘူး။ အနှစ်ထည့်ပြီးတော့ပဲစားကြတာလည်းရှိပါတယ်။Tamago Kake Gohan နှင့်အတူစားတဲ့အခါ လူကြိုက်များတဲ့ Toppingsတွေကတော့ ကြက်ဥ၊ ထမင်း နှင့် Natto တို့ဖြင့်ပြုလုပ်ထားသောရိုးရှင်းသော TKG ကတော့ လူကြိုက်အများဆုံးဗားရှင်းဖြစ်ပြီး ဂျပန်သည် Tamago Kake gohan နှင့် ပတ်သက်၍ အလွန်အရူးအမူးဖြစ်သဖြင့် TKG အတွက် အထူးထုတ်လုပ်ထားသည့် Natto တောင်မှပင်ရှိပါတယ်။ သို့သော်လူကြိုက်များသောမူကွဲများစွာရှိသည် အချို့လူများသည်ပဲငံပြာရည်အစား mentsuyu ဖြင့်လည်း သုံးဆောင်ကြပါတယ်။ Natto နှင့်အတူ Tamago Kake Gohan https://encrypted-tbn0.gstatic.com/images?q=tbn%3AANd9GcTD9enMAsucW65w9W0cCNT3mfBSN1We8xZUjA&usqp=CAU Furikake နှင့်အတူ Tamago Kak Gohanhttps://static.wixstatic.com/media/4da2ee_c5c8fb97dea04315aa8053829deea485~mv2.jpg/v1/fill/w_1000,h_750,al_c,q_90,usm_0.66_1.00_0.01/4da2ee_c5c8fb97dea04315aa8053829deea485~mv2.jpg
2020/10/28 18:20:09
https://mm.japo.world/contents/doi-song/75189.html
mC4
ကလေးမြို့တောင်ပိုင်းက ပြင်းထန်တဲ့ ၃ ရက်တာ တိုက်ပွဲ – စွယ်စုံသုတ ကလေးမြို့တောင်ပိုင်းက ပြင်းထန်တဲ့ ၃ ရက်တာ တိုက်ပွဲ ကလေးမြို့တောင်ပိုင်းကျေးရွာများဖြစ်သည့် တင်သား၊ အရှေ့စည်း၊ ဒိုးနွယ်ကျေးရွာများသို့ ခြေလျင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်အား မိုင်းခြောက်လုံးဖောက်ခွဲခဲ့ခြင်းဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ မနက်ပိုင်းတိုက်ပွဲစတင်ခဲ့သည်။ "သူတို့က စစ်ကြောင်းနှစ်ခုခွဲပြီးလာတာ၊ တပ်သားဘက်ကိုက ၇၀ လောက်၊ အရှေ့စည်းဘက်ကိုက ၃၀ လောက်၊ ကျွန်တော်တို့က အရှေ့စည်းဘက်က စစ်ကြောင်းကို ထိုးစစ်ဆင်တယ် ကြိုးဆွဲမိုင်းခြောက်လုံးလောက် ထောင်ထားတာ သူတို့လာတဲ့လမ်းကြောင်းမှာ အဲ့မှာ သုံးလုံးကွဲတယ်၊ သူတို့ဘက်က ၁၀ ယောက်ကျော်လောက်ကျတာတွေ့ရတယ်၊ ကျွန်တော်တို့လူတွေက မိုင်းခွဲတဲ့နေရာ ဝန်းကျင်ကပဲစောင့်ကြည့်ပြီးတိုက်တာဆိုတော့ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်၊ အဲ့ဒီမှာတိုက်ပွဲစပြီး အပြန်အလှန်ပစ်ခတ်ကြတာ" ဟု မြေပြင်တိုက်ပွဲထဲက ရိန်းဂျားကလေးကာကွယ်ရေးတပ်သားတစ်ဦးက မဇ္ဈိမကိုပြောသည်။ ထို့နောက် တင်သားဘက်မှ စစ်ကြောင်းသည် မိုင်းကွဲရာ အရှေ့စည်းဘက်သို့ရောက်လာကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်အပျက်ပစ်ခတ်ကြသည်။ ညပိုင်း ၇ နာရီထိ တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား အသက်၂၀ ကျော်အရွယ် ကိုမိုးဒီ ကျဆုံးခဲ့သည်။ ဇူလိုင်လ ၁၇ ရက်နေ့တွင်မူ တိုက်ပွဲဖြစ်ပွားရာနှင့် ၄ ဖာလုံခန့်ဝေးသည့် ဒိုးနွယ်ကျေးရွာထဲသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲတော့သည်။ တိုက်ပွဲများ ဖြစ်ပွားချိန်ထွက်ပြေးတိန်းရှောင်ရင်း ဒိုးနွယ်ရွာတွင် ကျန်နေခဲ့သူ ရွာသား သုံးဦးနှင့် ရွာမြောက်ဘက် သစ်စက်မှ အလုပ်သမားနှစ်ဦးအား စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့ကြသည်။ ထိုနေ့တွင်လည်း အပြန်အလှန်ပစ်ခတ်မှုများ တစ်နေကုန်ဖြစ်ပွားခဲ့သည်။ သေဆုံးသူများမှာ အသက် ၄၀ အရွယ် ဦးကျော်အောင်၊ ၂၀ အရွယ်လူငယ်တစ်ဦး(အမည်မသိရ) ၊ အသက် ၁၅ နှစ်အရွယ် မောင်သာဖ၊ အသက် ၂၇ နှစ်အရွယ် မောင်မောင်အေး ၊ အသက် ၄၀ အရွယ် ဦးဌေးလွင်တို့ဖြစ်သည်။ "အချို့က ရွာမှာပဲမပြေးပဲကျန်ခဲ့တာ၊ သူတို့ကိုပြန်တိုက်တဲ့သူလဲမဟုတ်ဘူး၊ ဒါကိုသတ်သွားကြတာ၊ အိမ်တွေကိုလဲဝင်မွှေထားတာ ရစရာမရှိဘူး၊ တန်ဖိုးရှိတာအကုန်ယူကြတာ၊ နွားတွေ၊ ဝက်တွေလဲသတ်စားထားကြတာရော၊ ဒီတိုင်းသတ်ထားတွေရော" ဟု ဒိုးနွယ်ရွာသားတစ်ဦးက သူမြင်တွေ့ရသည်များကို ပုံနဲ့တကွ သတင်းပို့ပြောကြားလာသည်။ ဇူလိုင်လ ၁၈ ရက်နေ့တွင်မူ မနက်ပိုင်းတပ်စွဲရာဒိုးနွယ်ရွာထဲမှ စစ်ကောင်စီတပ်သားများသည် နီးစပ်ရာတောများထဲသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကာ ဒေသခံကာကွယ်ရေးတပ်များ နေ့လည်ပိုင်းတွင် တပ်ဆုတ်ခဲ့ရကြောင်းသိရသည်။ "သူတို့က လက်နက်ကြီးနဲ့ပဲပစ်တာ၊ သုံးရက်ကို အလုံးပေါင်း တစ်ရာလောက်ရှိမယ်၊ တိုက်ပွဲအချိန်ကြာလာတော့ ကျွန်တော်တို့ ကျည်တွေသိပ်မလောက်တော့တာရယ်၊ သူတို့က ရွာထဲကို တပ်စွဲတာဆိုတော့ ရွာထဲမှာ အထိအခိုက်များမှာဆိုးလို့ပြန်ဆုတ်လိုက်တယ်" ဟု KPDF တပ်သားကဆိုသည်။ "ကျွန်တော်တို့မှာလူအင်အားရှိတယ်၊ အဓိကကတော့ ဦးဆောင်မှုပေးနိုင်မယ့် နည်းဗျူဟာခေါင်းဆောင်နဲ့ စစ်လက်နက်ပေါ့ဗျာ၊ ဒါတွေသာရလာရင် ဒီကောင်တွေမကြာပါဘူး၊ အမြစ်ဖြုတ်နိုင်တယ်၊ ခုလဲရှိတာနဲ့ ရသလို တိုက်ထုတ်သွားမယ်" ဟု အဆိုပါတပ်သားက ထပ်မံပြောဆိုသည်။
2022/01/26 16:53:24
https://swalsonethuta.xyz/archives/21277
mC4
ဂျပန်တွင် အရွယ်ရောက်သူအဖြစ် အသက်အရွယ် သတ်မှတ်ချက်ကို ၁၈ နှစ်သို့ လျှော့ချဖွယ်ရှိနေ ဂျပန်တွင် အရွယ်ရောက်သူအဖြစ် စံသတ်မှတ်ချက်ကို ၁၈ နှစ်သို့ ပြင်ဆင် လျှော့ချရန် စီစဉ်နေကြောင်း သိရှိရသည်။ လက်ရှိ ဥပဒေများအရ ဂျပန်တွင် အသက် ၂၀ မပြည့်မချင်း ကလေး၊ လူငယ်ဟုသာ သတ်မှတ်ပြီး အသက် ၂၀ ကျော်လွန်မှသာ အရွယ်ရောက်သူဟု ပြဋ္ဌာန်းထားသည်။ ယခုအခါ အဆိုပါ သတ်မှတ်ချက်ကို ပြင်ဆင်ပြောင်းလဲပြီး အရွယ်ပြီဟု ယူဆသော အသက်အရွယ်ကို ၁၈ နှစ်အဖြစ် သတ်မှတ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲလိုက်ပါက အသက် ၁၈ နှစ်ပြည့်သော ဂျပန်နိုင်ငံသားတိုင်းသည် လက်ထပ်ထိမ်းမြားခွင့်၊ စာချုပ် လက်မှတ်ရေးထိုးခွင့်များကို မိဘ အုပ်ထိန်းမှု မလိုဘဲ ဆောင်ရွက်ပိုင်ခွင့် ရှိလာမည်ဟု ဆိုသည်။ သို့သော် ဆေးလိပ်သောက်ခွင့်၊ အရက်သောက်ခွင့်နှင့် လောင်းကစားခွင့်များကိုမူ ယခင်ကအတိုင်း အသက် ၂၀ အောက် အရွယ်တွင် ခွင့်မပြုသေးသော ကန့်သတ်ချက်ကို ဆက်လက် ထားရှိမည်ဟု သိရသည်။ ယင်းပြောင်းလဲမှုကို လွှတ်တော်တွင် အဆိုပြု မဲခွဲမည်ဖြစ်ပြီး အောင်မြင်ခဲ့ပါက ၂၀၂၂ ခုနှစ်တွင် စတင် အကျုံးဝင်လာမည် ဖြစ်သည်။ ဂျပန်တွင် အရွယ်ရောက်သည့် အသက်အရွယ် သတ်မှတ်ချက်ကို ၁၈၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြောင်းလဲရန် စီစဉ်ခြင်း ဖြစ်သည်။ လက်ရှိ ဥပဒေ၌ အသက် ၂၀ အောက် လူငယ်များ လက်ထပ် ထိမ်းမြားခွင့် ရှိသည့်တိုင် မိဘ အုပ်ထိန်းမှု လိုအပ်ပြီး အမျိုးသားက ၁၈ နှစ်၊ အမျိုးသမီးက ၁၆ နှစ် ပြည့်ရန်လည်း ကန့်သတ်ထားသည်။ ဥပဒေသစ်အရမူ အမျိုးသားရော၊ အမျိုးသမီးပါ အသက် ၁၈ နှစ် ပြည့်သည်နှင့် မိဘ ခွင့်ပြုချက် မရှိသည့်တိုင် လက်ထပ်စာချုပ်တွင် လက်မှတ် ရေးထိုးနိုင်မည့်သဘောဟု သိရှိရသည်။
2018/12/09 19:33:00
http://myanmar24h.com/news-4-16-0b856775c008bdc4146475c84fca367e
mC4
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေ ပြင်ပေးရန် လွှတ်တော်တင်မည် | ဧရာဝတီ ကြယ်ပြာ| October 11, 2012 | Hits:1,456 | | စက်တင်ဘာ ၂၁ ရက် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လမ်းလျှောက် ဆန္ဒပြပွဲတွင် ဦးဆောင်သူ တဒါဇင်ခန့်ကို ခွင့်ပြုချက်မယူဟုဆိုက တရားစွဲဆိုထားသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးနိုင်ခြင်းမရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄ အား ပြန်လည် ပြင်ဆင်ပေးရန် အဆိုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ ဥပဒေနှင့်အညီ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ရရှိရန် ပြည်သူများက လျှောက်ထားကြသော်လည်း အာဏာပိုင်များက ခွင့်ပြုသည်ထက် ငြင်းပယ်ခြင်းက ပိုများနေကြောင်း၊ ခွင့်ပြုချက် မရပါက တိုင်းအဆင့် အယူခံလွှာ တင်ခွင့်ရှိသည်ဟု နည်းဥပဒေတွင် ပြဌာန်းထားသော်လည်း အယူခံတင်ပုံ အဆင့်များ မပါဝင်ဘဲ ခွင့်ပြုမိန့်နှင့် ငြင်းပယ်မိန့်သာ ပါရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ မရရှိသည့်အတွက် ယင်းဥပဒေပုဒ်မ ၃၅၄ ကို ပြင်ဆင်ပေးရန် လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် တဦးဖြစ်သူ ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။ ခွင့်ပြုမိန့်ရသော ဆန္ဒထုတ်ဖော်ပွဲများတွင်လည်း တင်ပြထားသည့် လူဦးရေထက် လျော့နည်းသော လူဦးရေကိုသာ ခွင့်ပြုပြီး လူသူမရှိသည့် နေရာများ၌သာ ဆန္ဒထုတ်ဖော်ခွင့် ပြုခြင်း၊ ကြွေးကြော်သံများနှင့် ပတ်သက်၍ တင်းကျပ်သော စည်းကမ်းချက်များ ရှိနေခြင်းတို့ကြောင့် မပြည့်စုံသေးသော ဥပဒေအား ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း သိရသည်။ "အဂတိ လိုက်စားမှုတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဆန္ဒတွေ ပြန်လည်ထုတ်ဖော် လာမှာကို အာဏာပိုင်တွေက သိပ်ကြောက်နေတယ်။ လူထုဆန္ဒဆိုတာ သူတို့အတွက် နိုင်ငံတော်ကို စိန်ခေါ်တာ၊ တိုက်ခိုက်တာလို့ မြင်နေတုန်းပဲ" ဟု ဦးသိန်းညွန့်က ဆိုသည်။ လူ အင်အားများစွာနှင့် ဆန္ဒထုတ်ဖော်ခွင့် လျှောက်ခဲ့ကြသည့် သာကေတမြို့နယ် ယုဇန စားအုန်းဆီ စက်ရုံမှ အနံ့ဆိုး ပြဿနာ၊ စက်တင်ဘာ ၂၁ ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲ၊ ညောင်လေးပင် မြို့နယ်မှ အင်းများအား ဖျက်သိမ်းပေးရန် လယ်သမားများ၏ တောင်းဆိုမှုနှင့် ပန်းတနော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ပိုင် အင်းများကြောင့် မြို့သုံးမြို့မှ လယ်သမားများ၏ ဆန္ဒထုတ်ဖော်လိုကြောင်း စာတင်ခြင်းများသည် အယူခံလွှာ အဆင့်အထိ တက်ခဲ့သော်လည်း ငြင်းပယ် ခံခဲ့ကြရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့က အာဏာပိုင်များ၏ ခွင့်ပြုချက် မရသော်လည်း လမ်းလျှောက် ဆန္ဒဖော်ထုတ်ဖော်ခဲ့မှုကို ဦးဆောင် ပါဝင်ခဲ့သူ တချို့အား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြသဖြင့် ယခုအခါမှာ ဦးဆောင်သူ ၆ ဦးမှာ ပထမဆုံးအနေဖြင့် တရားရုံးများတွင် တရားရင်ဆိုင် နေကြရသည်။ "ပြည်သူတွေကို ကာကွယ်ဖို့ ထုတ်ထားတဲ့ ဥပဒေတွေက ပြည်သူတွေကိုပြန်ပြီး ဖိနှိပ်နေသလို ဖြစ်နေပြီ။ ဒီဥပဒေကို ကိုင်ပြီးတော့ အာဏာပိုင်တွေဘက်က စိတ်ကြိုက် ငြင်းပယ်ခွင့်ရနေတယ်။ ဒီဥပဒေက အထူးတလည် ရှိနေဖို့ မလိုအပ်ပါဘူး" ဟု ပုဒ်မ ၁၈ ဖြင့် တရား ရင်ဆိုင်နေရသော ကိုမိုဃ်းသွေးက ပြောသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နည်းဥပဒေသည် ၆ လကြာ ကွာခြားပြီး ထွက်လာခဲ့ခြင်းကြောင့် ပြည်သူများ အနေဖြင့် ဥပဒေပါ အချက်များအား အပြည့်အ၀ နားမလည်နိုင်သေးကြောင်း၊ အခြေခံဥပဒေတွင် ပါသော နိုင်ငံသား အခွင့်အရေးများကို နည်းဥပဒေတွင် ပြန်လည် ကန့်သတ်ထားခြင်း ကဲ့သို့သော ဥပဒေ၏ အားနည်းချက်များလည်း ရှိနေသေးသောကြောင့် ပုဒ်မ ၁ဂ ဖြင့် ပထမဆုံးအကြိမ် တရားစွဲဆို ခံထားရသူများအား ဥပဒေတွင် ပါသော တနှစ်ထက် မပိုသည့် ထောင်ဒဏ် မချမှတ်ဘဲ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြင့်သာ အမှုပြီးဆုံးသွားသင့်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။ လွှတ်တော်တွင် ဦးသိန်းညွန့် တင်သွင်းထားသော ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ အနှေးယာဉ်များအား လိုင်စင်ချပေးရန် အဆိုသည်လည်း တုန့်ပြန်ချက် မရသေးသည့်အတွက် ၎င်းကဦးဆောင်ပြီး အနှေးယာဉ်သမားများ၊ ရပ်ကွက်သားများဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၁) ဦးမောင်အောင်က "ဆန္ဒပြခွင့် မပေးတာက ကျနော်တို့ ဥပဒေအတိုင်း လုပ်တာပါ။ ဒီပွဲတွေကို ခွင့်ပြုချက်ပေးခြင်း၊ မပေးခြင်းကို နောက်လာမယ့် ပွဲတွေကျရင် စောင့်ကြည့်ကြပေါ့" ဟု ပြောသည်။ လတ်တလောအနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများကို ပြန်လည် ပြင်ဆင်ရန်အတွက် ရန်ကုန်မြို့ အတွင်းရှိ အချုပ်ခန်းနှင့် တရားရုံးများအား တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက လိုက်လံ စစ်ဆေး နေသည့်အတွက် တရားရုံးများရှိ တရားခွင်များ၌ တရားသူကြီးများ ရုံးထိုင်ချိန် မှန်လာကြောင်းနှင့် လာဘ်စားမှုကြောင့် နာမည်ထွက်သည့် တရားခွင် စာရေးများအား နေရာအပြောင်းအရွှေ့များ ရှိနေကြောင်း သိရသည်။ ကော်မတီအနေဖြင့် ဆန္ဒထုတ်ဖော်ခွင့် မရခဲ့သည့် လူထု၏ တိုင်ကြားစာများကို စုဆောင်းနေပြီး လွှတ်တော်တွင် ယင်းစာများနှင့်တကွ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ တရားဥပဒေ စိုးမိုးရေး စင်တာများ မန္တလေးနှင့် လားရှိုးတွင် ရှေ့ပြေး ဖွင့်လှစ်မည်အဓိကရုဏ်းတွေ ထပ်ဖြစ်လေမလားမဖြူနှင်းထွေး လွတ်မြောက်ရေး မန္တလေးနှင့် ရန်ကုန်တွင် ဆန္ဒပြ ၀တ်ပြုဆုတောင်းဥပဒေလောကသားတွေ ရှက်တတ်ရဲ့လားအဝေဖန်ခံနေရတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်
2014/10/01 08:12:22
http://burma.irrawaddy.org/%e1%81%80_constitution/2012/10/11/22620.html
mC4
သူရထိုက် - ချစ်သောမျက်စိရှိကြစေသတည်း - MoeMaKa Media Home / Essays / Literature / Thura Htike / သူရထိုက် - ချစ်သောမျက်စိရှိကြစေသတည်း သူရထိုက် - ချစ်သောမျက်စိရှိကြစေသတည်း Essays, Literature, Thura Htike ပန်းချီသန်းဌေးမောင် – အချစ်သစ်ပင်(ပန်းချီကား) ချစ်သောမျက်စိရှိကြစေသတည်း ရင်းနှီးသိကျွမ်းတဲ့သူတွေရဲ့နာရေးသတင်းတွေ ကိုကြားသိရတာများလာတဲ့အခါ တစ်ခါက ကြိုက်နှစ်သက်ခဲ့တဲ့သီချင်းတစ်ပုဒ်ကို အမှတ်ရမိပါတယ်။ အဲဒီသီချင်းကိုသီဆိုခဲ့သူကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပအို့ဝ်တိုင်းရင်းသားအဆို တော်ခွန်သန်းထွန်းဖြစ်တယ်။ သီချင်းရဲ့အမည်က" ရောက်တုန်းရောက်ခိုက်" တဲ့။ ရောက်တုန်း ရောက်ခိုက် တေးဆို - ခွန်သန်းထွန်း လူ့ပြည်မှာ လူလာဖြစ်တာ ရှေးဘဝကုသိုလ်ကြီးလို့ နော် ဧည့်သည်တွေဆိုရင် မမှားတယ် တွေ့ခိုက်မေတ္တာ ထားကြလေ cho " ငြိမ်းချမ်း တဲ့ အေးရိပ်အောက်မှာ ခိုလှုံချင်လိမ့်မယ် အားလုံးသတ္တဝါ ပွားကြပေါ့ ချစ်စိတ် ဘာဝနာတရား အဖြေဆိုတာ နှလုံးသားရဲ့အလှပါ သံသရာဆိုတာ လည်မြဲကွယ် အဖန်တစ်ရာကျော် ရှည်ချင်ရှည်ဦးမယ် ကိုယ်စီဉာဏ်ရှိတာပဲ တွေးယူကွယ် " * စိတ်ဆိုတာ အနိုင်ယူဖို့မလွယ် ရုပ်ဘဝ ပျက်ကြွေတဲ့အထိလေ ဆိုးချင်ရင် အမြဲ အလွယ်လေးကွယ် အကောင်း နေနိုင်ဖို့ ပဲခက်တယ်..........။ * ကြမ်းကျွံရင် ခဏ အနာလေးကွယ် နှုတ်ရဲ့ အပြောအဆို မမှားနဲ့နော် စကားဆိုတာ တစ်ယောက်ကို တစ်ယောက်အပေါ် ချစ်စေ မုန်းစေ အစွမ်းထက်တယ် cho သုခ ဒုက္ခ မမြဲတရားတွေ ကံဇာတာ ရှေးဘဝကုသိုလ် ပါ ဝမ်းနည်း ဝမ်းမြောက်မှု ဒါတွေ လည်း မတည်ငြိမ် အရောင် အပြောင်းအလဲ နဲ့တွေ့မယ် အနိုင်ယူ တစ်နေ့ သြော်.....ရှုံးမယ် တစ်ရက်မှာ ရယ်တစ်ခါ ငိုတစ်လှည့်ပါပဲလေ ပါရမီဟာ လူတိုင်းရှိတယ် နားလည်ကွယ်....... သီချင်းရဲ့အဓိပ္ပာယ်ကတော့ ထပ်မံရှင်းပြစရာမလိုလောက်အောင် လူတိုင်းနားလည်နိုင်ပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လူ့ဘဝကိုရောက်လာတာဟာ ရှေးဘဝကုသိုလ်ကံ အကျိုးကြောင့်လို့ ယုံကြည်ကြပါတယ်။ လူ့ဘဝကို ရောက်လာခိုက်မှာ လူလူချင်း တစ်ဦးကိုတစ်ဦး ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီးဆက်ဆံ သင့်တယ်။ တချို့တချို့သောလူတွေက ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထားပြီး နေထိုင်သွားကြတယ်။ လူ့တန်ဖိုးမပျောက်ပျက်စေဘဲ ပိုပြီးတန်ဖိုးမြင့်အောင် စွမ်းဆောင်ကြတယ်။ လူတချို့ကတော့ လူ့ဘဝရရှိနေချိန်အတွင်းမှာ မိမိကိုယ်တိုင် ရော ပတ်ဝန်းကျင်ကိုပါထိခိုက်ပျက်စီးစေတဲ့အကြောင်းတရားတွေကိုဖန်တီး သွားတတ်တယ်။ ဘယ်လိုလူစားမျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်သင့်တယ်ဆိုတာကိုတော့ ထပ်မံရှင်းပြဖို့ လိုမယ်မထင်ပါ။ စိတ်ဆိုတဲ့ အရာကလည်း ကောင်းတဲ့မွန်မြတ်တဲ့သန့်စင်တဲ့ဘက်ကို ကိုင်းညွတ်ဖို့ထက် မကောင်းတဲ့ မမွန်မြတ်တဲ့ မသန့်ရှင်းတဲ့ဘက်ကို ပိုပြီးကိုင်းညွတ်တတ်တယ်။ ပိုပြီးခုံမင်တတ်ပါတယ်။ ကောင်းအောင် လုပ် ကိုင်ဆောင်ရွက်ရတာက ရေဆန်ပါ။ မကောင်းတာကို လုပ်ကိုင်ဆောင်ရွက်ရတာကတော့ရေစုန်ပါ။ ရေစုန်ကိုမျှောပြီး လိုက်သွားရတာက ပိုပြီးတော့လွယ်တယ်လေ။ စိတ်ဆိုတာကလည်းမကောင်းမှုမှာသာပိုပြီးတော့မွေ့လျော်တတ်တယ်မဟုတ်ပါလား။ ဒါ့ကြောင့်လည်း ဗုဒ္ဓမြတ်စွာဘုရားရှင် အဆူဆူက ဟောကြားခဲ့ပါတယ်။ " မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား" ..........တဲ့။ ဆိုရိုးစကားတစ်ခုလည်းရှိပါတယ်။" မုန်းစေလို ခံတွင်းလက်လေးသစ်၊ ချစ်စေလို ခံတွင်းလက် လေးသစ် " တဲ့ ။ အပြောအဆိုကို သတိထားဂရုစိုက်ဆင်ခြင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကြမ်းကျွံရင် နှုတ်လို့ရပေမယ့် နှုတ် ကျွံ စကားကျွံရင် နှုတ်ဖို့မလွယ်ကူပါဘူး။ အဲဒါကြောင့်အဆိုတော်က " စကားဆိုတာ တစ်ယောက်ကို တစ်ယောက်အပေါ်ချစ်စေ မုန်းစေ အစွမ်းထက်တယ် " လို့သီဆိုခဲ့တာဖြစ်ပါတယ်။ အဆိုတော်ခွန်သန်းထွန်း ဆိုတာက ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘဝ က ထင်ရှားခဲ့တဲ့ အဆိုတော် သီချင်းရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေ အားလုံးလိုလိုက ဒဿနအတွေးတွေနဲ့ လွှမ်းခြုံနေတယ်။ တောင်ကြီးမှာ နေထိုင်တယ်လို့သိရတယ်။ အခုတော့ ကွယ်လွန်သွားရှာပြီလို့ကြားသိရတယ်။ လူတိုင်းလူတိုင်း လောကဓံတရားကို ခံစားရစမြဲပါ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြွေအရံနည်းခြင်း၊ အခြွေအရံများခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း အားလုံးကိုကြုံဆုံတွေ့နိုင်ပါတယ်။ ဘယ်အရာမှ မမြဲပါဘူး။ အဲဒါကြောင့် လူလူချင်းမေတ္တာထားပြီး ဆက်ဆံသင့်ပါတယ်။ " ချမ်းသာလည်း အစဉ်မဟုတ်၊ ဆင်းရဲလည်း အစဉ် မဟုတ် " ဆိုတဲ့ဆိုရိုးစကားလည်းရှိတယ်လေ။ " တစ်ဦးကိုတစ်ဦး သံသယဆိုသည်မှာ အလ ကား၊ တစ်ဦးကိုတစ်ဦး မှန်သပဆိုသည်မှာ ပတ္တမြား၊ သံသယပျောက်ပါစေ၊ အမှန်ဘဝရောက်ပါစေ" ဆိုတဲ့ အဆိုတော်ဦးမောင်မောင်ကြီးနဲ့ ဒေါ်မာမာအေးတို့သီဆိုသွားတဲ့သီချင်းကိုလည်း အမှတ်ရမိပါသေးတယ်။ ကျွန်တော်တွေးကြည့်မိတယ်။ ကျွန်တော်တို့ အနေနဲ့ မသေဆုံးမီ အချိန်ကာလအတွင်းမှာ နှစ်ဟောင်းနှစ်သစ်ဆိုတာတွေကိုကြုံတွေ့နေကြရဦးမှာဖြစ်တယ်။ ပြက္ခဒိန်ဆိုတာလူတွေက တီထွင်ဖန်တီးထားတာလေ၊ အချိန်ဆိုတာကတော့ စီးဆင်းနေတဲ့ရေအလျဉ်လို တစ်ဆက်တည်းရှိနေတယ်။ အဲဒီအချိန်ဆိုတာကလည်း အမြဲတမ်းကိုယ့်လက်ထဲမှာရပ်တည်မနေပါဘူး။ တဖြည်းဖြည်းနဲ့ကုန်ဆုံးနေတယ်၊ ကုန်ဆုံးနေတဲ့အချိန်တွေအတောအတွင်းမှာ အမုန်းတရားတွေနဲ့ ရပ်တည်နေရတာက ပူလောင်ပင်ပန်းလှပါတယ်။
2020/09/26 21:07:10
https://www.moemaka.com/2020/01/blog-post_781.html
mC4
အဆိုပါ ပြစ်ဒဏ် ကျခံရသူ ၂ ဦးဟာ လွန်ခဲ့တဲ့ သုံးနှစ်က ဘာသာရေး အကြောင်းတွေ ဝေဖန် ရေးသားနေသူ အွန်လိုင်း ဘလော့ဂ်ဂါ တစ်ဦးကို သတ်ဖြတ်မှု အတွက် အခုလို အပြစ်ပေးခံရတာ ဖြစ်ပါတယ်။ ဘလော့ခ်ဂါ အာမက် ရာဂျစ် ဟိုင်ဒါ ဟာ သူ့ရုံးခန်းထဲမှာ ရှိနေစဉ် လူတစ်စု ရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး အခြား ကျူးလွန်သူ ခြောက်ဦး ကိုလည်း တရားရုံးက အသီသီး ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။ အာမက် ရာဂျစ် ဟိုင်ဒါ ရဲ့ ဖခင် ဖြစ်သူက အခု ပြစ်ဒဏ်ဟာ မပြည့်စုံပါဘူး။ အခြား ငါးယောက်က ကျူးလွန်ကြောင်း ဝန်ခံ ထားပါတယ်။ သက်သေတွေလည်း ရှိပါတယ်။ သူတို့ဟာ လူသတ်မှု ကျူးလွန် ကြသူ တွေပါပဲလို့ ပြောကြားခဲ့ပါတယ်။ အစ္စလာမ်မစ် ခေါင်းဆောင်တွေဟာ စစ် ရာဇဝတ်မှုတွေကို ကျူးလွန် ကြသူတွေ ဖြစ်ကြောင်း ဝေဖန် ရေးသား ခဲ့သူ အာမက် ရာဂျစ် ဟိုင်ဒါ အသတ်ခံ ရမှုကြောင့် နိုင်ငံ တကာမှာ ဟိုးလေးတကြော် ဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြစ်တင် ဝေဖန် ခဲ့ကြပါတယ်။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးဒေသတွင် အစိုးရတပ်မတော် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား NCA စာချုပ်ချုပ်ဆို သည့်နောက်ပိုင်း ပထမ ဆုံးအကြိမ်တိုက်ပွဲ ဖြစ်ပွားသည်။
2021-02-25T00:28:36Z
https://burma.irrawaddy.com/news/short-news/2018/05/03/157693.html
OSCAR-2109
ဆူဗာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန် ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။ အော့ကလန်၊ ဇွန် ၁ ရက်(ဆင်ဟွာ) ဆူဗာ၊မေ ၅ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဖီဂျီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို တရုတ်နိုင်ငံက မေ ၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော Jetstar လေကြောင်းလိုင်းမှ မြေပြင်ဝန်ထမ်းများသည် နိုင်ငံအနှံ့အပြားရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြကြောင်း နှင့် ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အက်ခ်လန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် တောမီး အကြီးအကျယ်လောင်ကျွမ်းမှုမှ ထွက်ရှိလာသည့် မီးခိုးလုံးကြီးများကြောင့် ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်အဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။ ဟိုးဘတ်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) POWERCHINA ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံဆောင်ရွက်ထားသည့် ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင် ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အဆင့်မြှင့်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှုအခွင့်လမ်းသစ်များကို ဆောင်ကြဉ်းလျက်ရှိ အော့ကလန်၊နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင့်ရေးကော်မတီ(CCPIT)နှင့် နယူးဇီလန် တရုတ်ကုန်သွယ်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသော တရုတ် - နယူးဇီလန် စီးပွားရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်က အော့ကလန်တွင် ကျင်းပခဲ့သည်။
2021/04/12 19:12:49
https://xinhua.com.mm/world/australia-oceania
mC4
၁၉၈၉ တွင်ထုတ်ဝေခဲ့သောနာမည်ကျော် NASA ၏စမ်းသပ်မှုတစ်ခုတွင် အိမ်တွင်းအပင်များ သည်ကင်ဆာဖြစ်စေသော အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည့် formaldehyde နှင့် benzene ကဲ့သို့လေထုညစ်ညမ်းစေသည့် air pollutants များကိုပွတ်တိုက်ပေးနိုင်ကြောင်းဖော်ပြထားသည်။ ထို NASA မှသုတေသီများသည်အာကာသစခန်းပတ်ဝန်းကျင်၏လေထုထဲရှိအဆိပ်အတောက်များကို သန့်စင်ရန်နည်းလမ်းများကိုရှာဖွေနေသည့်အချိန်လဲဖြစ်သည်။ နောက်ပိုင်းသုတေသနများအရ မြေပြင်ရှိ လေထုထဲရှိ အဆိပ်အတောက်အငွေ့များ နှင့် အဏုဇီဝပိုးမွှားများကိုပါ indoor plant များကစုပ်ယူပေးပြီး အိမ်တွင်းလေထုကိုသန့်ရှင်းရေးတွင်အကူအညီထောက်ပံ့ပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့သည်။ . ထို့ကြောင့် ယနေ့မှာတော့ အိမ်တွင်းလေအရည်အသွေးကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်သည့်အပင် ၁၀ မျိုးကို ပြုစုရေးသားဖော်ပြပေးလိုက်ပါသည်။ အသေးစိတ်ကိုတစ်ပုံချင်းဆီထောက်ပြီးလဲဖတ်နိုင်ပါသည်။ . ၁။ ပထမဆုံးတစ်ခုကတော့ Snake Plant ဖြစ်ပါသည်။ ဆင်စွယ်ဂမုန်းဟုလူသိများပြီး နဂါးစက်ဂမုန်းလို့လဲခေါ်ပါတယ်။ Snake Plant က လေထုသန့်စင်ရန်ကူညီပေးပါသည်။ အိမ်တွင်းရှိ လေထုထဲတွင် မလိုလားအပ်သည့် အဆိပ်အတောက်ဓာတုအငွေ့များ နှင့် နှာခေါင်းယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မျက်စိယားယံခြင်း စသည်တို့ကိုဖြစ်စေသည့် benzene, formaldehyde, trichloroethylene, xylene နှင့် toluene တို့အပြင် air pollutants အချို့ကိုပါသန့်စင်ပေးနိုင်သည်။ ၂။ Dracaena သို့မဟုတ် ဇော်စိမ်းပင် က လူ့ကျန်းမာရေး ကောင်းအောင်အထောက်အကူပေးပါသည်။ အိမ်တွင်းလေထုရှိ benzene, formaldehyde, trichloroethylene နှင့် xylene စသည့်အန္တရာယ်ရှိ ဓာတုအငွေ့များကိုသန့်စင်ပေးပါသည်။ ၃။ မာရ်နတ်၏ဆင်စွယ်များ - အပင်နာမည်ကတော့ထူးဆန်းပြီးကြောက်စရာကောင်းနေသလိုလိုပင်ဖြစ်နေသည်။ တကယ်တော့ လူသိများသည့်အမည်ကတော့ ရွှေလာငွေလာဂမုန်း အပင်ဖြစ်ပါသည်။ ၎င်းအပင်က လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် ကာဗွန်မိုနောက်ဆိုက် နှင့် Pollutants, Toluene, Xylene တို့ကိုပါ သန့်စင်စစ်ထုတ်ပေးပါကာ အိမ်တွင်းလေကိုကောင်းမွန်စေပါတယ်။ ၄။ အိမ်များတွင် တွေ့ရလေ့ရှိသည့် ဝါးအုန်းပင် (Bamboo Palms) သည် ကာဗွန်မိုနောက်ဆိုက်၊ ခန္ဓာကိုယ်တွင် ယားယံခြင်း၊ လည်ချောင်းနာခြင်း ယားခြင်းတွေကိုဖြစ်စေသည့် Xylene နှင့် Cholorform တို့ကိုစုပ်ယူပေးပါသည်။ ၅။ Areca Palm (သို့မဟုတ်) ကြိမ်ထန်းပင် သည် ကာဗွန်ဒိုင်အောက်ဆိုက် ကိုစုပ်ယူကာ သန့်စင်သည့် အောက်ဆီဂျင်ကိုပြန်ထုတ်ပေးပါသည်။ ထို့အပြင် မျက်စိယားယံခြင်း နှင့် မျက်ရည်ကျခြင်း၊ မျက်စိနာခြင်း၊ နှာခေါင်းယားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုခြင်းနှင့်မူးဝေခြင်းတို့ကိုခံစားရမည့် formaldehyde၊ benzene နှင့် Xylene အဆိပ်ငွေ့တွေကိုပါစုပ်ယူသန့်စင်ပေးပါသည်။ ၆။ အိမ်တော်မင်္ဂလာဂမုန်းဟု လူသိများသည့် Chinese Evergreen က အိမ်တွင်းစိုထိုင်းမှုကိုလျှော့ချပေးပြီး ကာဗွန်မိုနောက်ဆိုက်၊ Toxins benzene formaldehyde တို့မှကာကွယ်ပေးပါသေးသည်။ ၇။ English Ivy ဆိုလျှင် မသိတဲ့သူမရှိသည့်အပင် မြန်မာလိုဆိုလျှင် တိုက်ကပ်နွယ်ပင်ဟုခေါ်မည့် အပင်သည် အိမ်တွင်းလေအရည်အသွေးအတွက် များစွာအထောက်အကူပြုပါသည်။ လေထဲမှာရှိနေသည့် မှိုတွေ (mold) တွေကိုလဲစုပ်ယူပေးပါသေးသည်။ ၈။ ဖိုင်းကပ် (Ficus) အပင်သည် အခြားအပင်များကဲ့သို့ပင် pollutants, benzene, formaldehyde တို့ကို စုပ်ယူပေးပါသည်။ ထူးခြားသည်က ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မျက်နှာထုံခြင်းနှင့် အားနည်းခြင်း တို့ကိုဖြစ်စေသည့် trichloroethylene ကိုပါစုပ်ယူပေးနိုင်ပါသည်။ ၉။ ရှားစောင်းလက်ပတ် (Aloe Vera) ၏အကျိုးကျေးဇူးများပုံကတော့ လူတိုင်းသိထားပြီးဖြစ်ပါသည်။ လေထဲရှိ Formaldehyde ကိုပါသန့်စင်ပေးသေးသည့်အတွက် အကျိုးရှိသည့်အပင်တွေထဲမှ ၁ပင်အပါအဝင်ဖြစ်ပါသည်။ ၁၀။ နောက်ဆုံးအနေဖြင့် ဂမုန်းအမျိုးအနွယ်ဝင် တစ်ခုဖြစ်သည့် ရှင်သီဝလိဂမုန်းသည်လည်း လေထုတွင်းရှိ benzene, formaldehyde, trichloroethylene တို့အပြင် မျက်လုံး၊ နှာခေါင်း၊ လည်ချောင်းနှင့်အသက်ရှူလမ်းကြောင်းများအတွက် အန္တရာယ်ပေးနိုင်သော အမိုးနီးယား (ammonia) ကိုလဲသန့်စင် (purify) ပေးပါသည်။ နိုင်ကျော်လူ၊ နှင်းသီရိ နှင့် ကောင်းပြည့် တို့မှပြုစုရေးသားသည်။ ----------------------------------------------------------------------------------------------------- လူကြီးမင်း နှင့် လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိဝန်ထမ်းများအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်းအားဖြင့် "Let's build environmental friendly Society" ရရှိလာမည့်အကျိုးကျေးဇူးတွေကို တန်ဖိုးထားစိတ်ဝင်စားမယ်ဆိုလျှင်ဖြင့် EHS Myanmar ၏ "Environmental Corporate Training and Development program" လေးကအစွမ်းကုန်မျှဝေကူညီပေးပါရစေရှင့်။
2022-12-09T06:36:27Z
https://www.ehsmyanmar.org/post/%E1%80%A1-%E1%80%99-%E1%80%90-%E1%80%84-%E1%80%9C-%E1%80%91-%E1%80%9E%E1%80%94-%E1%80%85%E1%80%84-%E1%80%9B%E1%80%94-%E1%80%A1%E1%80%80-%E1%80%84-%E1%80%86-%E1%80%A1%E1%80%95%E1%80%84-%E1%81%81%E1%81%80%E1%80%99
OSCAR-2301
အောင်မြင်လိုသူတိုင်း လိုက်နာစရာ ဥပဒေသ အဖြာဖြာ – Trend.com.mm သာမာန်ဘ၀ကနေ ဘီလျံနာဘ၀ကို ပြောင်းလဲအောင်မြင်ခဲ့သူတို့ရဲ့ လိုက်နာစရာ ဥပဒေသများကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ဥပဒေသ – အလုပ်ကြိုးစားပါ။ ဘ၀အတွက်လည်း အချိန်ပေးပါ။ ဘီလျံနာ Richard Branson ဟာ ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်ကို ကြိုးစားသလို ဘ၀မှာ ပျော်ရွှင်နေဖို့ကိုလည်း ကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။ ၂။ ဥပဒေသ – စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။ ၃။ ဥပဒေသ – ငွေကြေးသဘောတရား နားလည်ပါ။ ၄။ ဥပဒေသ – ဆက်သွယ်ပေးသူ တစ်ယောက်ဖြစ်ပါစေ။ ၅။ ဥပဒေသ – ကိုယ့်စိတ်တိုင်းကျ ဖြစ်ပါစေ။ ၆။ အရာရာကို ပိုကောင်းလာအောင် လုပ်ဆောင်ပါ။ သာမာနျဘဝကနေ ဘီလြံနာဘဝကို ပွောငျးလဲအောငျမွငျခဲ့သူတို့ရဲ့ လိုကျနာစရာ ဥပဒသေမြားကို Trend ပရိသတျကွီးအတှကျ တငျဆကျပေးလိုကျပါတယျ။ ၁။ ဥပဒသေ – အလုပျကွိုးစားပါ။ ဘဝအတှကျလညျး အခြိနျပေးပါ။ ဘီလြံနာ Richard Branson ဟာ ဘဝကို ပြျောပြျောကွီးဖွတျသနျးတတျသူတဈယောကျဖွဈပါတယျ။ သူက အလုပျကို ကွိုးစားသလို ဘဝမှာ ပြျောရှငျနဖေို့ကိုလညျး ကွိုးစားသူတဈယောကျဖွဈပါတယျ။
2021/08/04 05:23:14
https://trend.com.mm/51482/laws_of_success/
mC4
ဒီရာသီ ပရီးမီးယားလိဂ် title race မှာ ပါ၀င်နိုင်မယ့် အသင်း ၈ သင်းကို ပြောပြလိုက်တဲ့ ယာဂန်ကလော့ - SPORTS MYANMAR ဒီရာသီ ပရီးမီးယားလိဂ် title race မှာ ပါ၀င်နိုင်မယ့် အသင်း ၈ သင်းကို ပြောပြလိုက်တဲ့ ယာဂန်ကလော့ လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား တိုက်ပွဲမှာ မန်စီးတီး ၊ မန်ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ လီဗာပူး တို့ပဲ ပါ၀င်နေမှာ မဟုတ်ဘူးလို့ အခြား အသင်း ၄ သင်း ကလည်း အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ မန်စီးတီး မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ဟာ ဒီနွေရာသီမှာ ထိပ်တန်းကစားသမားတွေကို ငွေကြေးများစွာ သုံးစွဲပြီး ခေါ်ယူထားခဲ့ပြီး လီဗာပူး ကလည်း ပြီးခဲ့တဲ့နှစ်က တစ်ရာသီလုံးနီးပါး လက်လွှတ်ထားခဲ့ရတဲ့ အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်ဇ် နဲ့ မာတစ် တို့ကို ပြန်လည် ရရှိထားခဲ့တာကြောင့် လူတော်တော်များများက ဒီ ၄သင်းပဲ ပရီးမီးယားလိဂ် ဖလား အတွက် တို််က်ပွဲဝင်သွားရလိမ့်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယာဂန်ကလော့ကတော့ ဒီလို ယူဆခြင်း မရှိဘဲ ဒီရာသီ ပရီးမီးယားလိဂ် title race ဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။ ကလော့က "ဒီလိုမျိုး ဖြစ်လာနိုင်မလား? ပြီးခဲ့တဲ့ ရာသီက သိကြတဲ့အတိုင်းပဲ စီးတီးနဲ့ ခြားနားချက်ဟာ အတော်ကြီးမားခဲ့ပါတယ်။ တစ်နှစ်ကတော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေနဲ့ ကွာဟချက် ကြီးမားအောင် လုပ်နိုင်ခဲ့ပါတယ်။ title race ဟာ အရင်နှစ်တွေကထက် ပိုပြီး ပြင်းထန်မလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါ့ကြောင့် စောင့်ကြည့့်သွားကြတာပေါ့။ အမှန်ပါပဲ။ ချဲလ်ဆီးဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဖုံးကွယ်ထားခြင်း မရှိပါဘူး။ မန်ယူနိုက်တက် နဲ့ မန်စီးတီး တို့ကလည်း ဒီလိုမျိုး ပါပဲ။ ကျွန်တော်တို့ ကလည်း ကိုယ့်ရဲ့ ရည်မှန်းချက် နဲ့ မျှော်လင့်ချက်တွေကို ဖုံးကွယ် မထားလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရာအားလုံး အတွက် တိုက်ပွဲဝင်သွားချင်လို့ပါ။ ဒါပေမယ့် ဒီရာသီ ဘာတွေ ဖြစ်လာမလဲဆိုတာ ကတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ဒါပေမယ့် လက်ရှိ အနေအထား အရ ကတော့ အမှတ်ပေးဖလား အတွက် ပြိုင်ဆိုင်မှုက အတော် ပြင်းထန်မှာပါ။ ကျွန်တော်ဟာ ဒီအသင်း ၄ သင်းကိုပဲ ခုနက ပြောခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလား အတွက် ဒီအသင်း ၄ သင်းပဲ တိုက်ပွဲဝင်သွားဖို့ မရှိပါဘူး။ လက်စတာစီးတီးဟာ နောက်ထပ် အရမ်းကောင်းတဲ့ business ကို လုပ်ထားနိုင်တဲ့ ပုံပါပဲ။ အာဆင်နယ် ကလည်း ကြိုးစားနေပြီး တော့တင်ဟမ် ကလည်း တအားကို ကြိုးစားနေတာ သိသာပါတယ်။ ၀က်ဟမ်းဟာ ပြီးခဲ့တဲ့နှစ်က တစ်ရာသီလုံးနီးပါး အကောင်းဆုံး ကစားခဲ့ပါတယ်။ သူတို့ဟာ ဒီနွေရာသီကျမှ ဆိုးဆိုးရွားရွား မဖြစ်သွားနိုင်ပါဘူး။ ဒါ့ကြောင့် ပရီးမီးယားလိဂ် title race ဟာ အရမ်း အရမ်းကို စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ ဒီရာသီကို ဘယ်လို စတင်သွားမလဲ ဆိုတာ စောင့်ကြည့်ရတာပေါ့။ အဲဒီနောက် ကျွန်တော်တို့ နောက်ထပ် ခြေလှမ်းတစ်ခု အကြောင်းကို ထပ်ပြောရတာပေါ့။" လို့ ဆိုသွားပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရိတ်သတ်ကင်းမဲ့နေတဲ့ အန်ဖီးကွင်းမှာ ရုန်းကန် ခဲ့ရပြီး ကလပ် သမိုင်းတစ်လျှှောက် အဆိုးဝါးဆုံး မှတ်တမ်း အဖြစ် အိမ်ကွင်းမှာ ၆ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ လီဗာပူးဟာ သူတို့ရဲ့ အဓိက လက်နက် တစ်ခု ဖြစ်တဲ့ အန်ဖီးပရိတ်သတ်တွေရဲ့အားကို ပြန်လည် ရရှိမှာ ဖြစ်ပြီး ဒါနဲ့ ပက်သက်ပြီး နော့ဝှစ်နဲ့ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ယခုလိုပဲ ပြောသွားခဲ့ပါတယ်။ လီဗာပူး နည်းပြက "ပြီးခဲ့တဲ့ တနင်္ဂနွေ တနင်္လာက ပရိတ်သတ်တွေရဲ့ ရှေ့မှာ ကစားရတာ ဘယ်လိုလဲ ဆိုတာ ကျွန်တော်တို့ နည်းနည်းခံစားလို့ ရခဲ့ပါတယ်။ ဒါဟာ အရမ်းကို ကောင်းပြီး ပွဲကို အပြောင်းအလဲ ဖြစ်စေပါတယ်။ အခု နည်းနည်းခြားနားသွားတာကတော့ ကျွန်တော်တို့ဟာ နော့ဝှစ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး အန်ဖီးမှာ မဟုတ်လို့ပါ။ သူတို့ ပရိတ်သတ်တွေ ကလည်း ကျွန်တေ်ာတို့လိုပဲ အားပေးမှု ပြင်းထန်မှာပါ။ ကျွန်တော်တို့ တကယ့် တိုက်ပွဲအတွက် အသင့် ဖြစ်နေပါပြီ။ ရာသီကြို ကာလမှာ တစ်ချို့အရာတွေ စမ်းသပ်ခွင့် ရတာ ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ရမှတ်တွေ အတွက် ၊ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေ အိ်မ်မက်တွေ အတွက် ကစားရတော့မှာပါ။ ဒါဟာ ခြားနားချက်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အတော်ကြီး ကြာပြီးမှ တောင့်တင်းတဲ့ လူစာရင်းနဲ့ ရာသီကြို ပြင်ဆင်ခွင့် ရခဲ့ပါတယ်။ ကစားသမားတော်တော်များများ ရာသီကြို ပြင်ဆင်မှုမှာ ပါ၀င်ခဲ့ပါတယ်။ တစ်ချို့က စောစောပြန်လာပြီး တစ်ချို့ကတော့ အနည်းငယ် နောက်ကျမှ ရောက်လာပါတယ်။ ဒါပေမယ့် အခုဆိုရင် သူတို့အားလုံး တစ်စုတစ်စည်းတည်း ရှိနေကြပါပြီ။ ဒါဟာ ကောင်းတဲ့ အခြေအနေပါ။ ရာသီကြိုကာလ အဆုံးမှာ လိုချင်တာ ဒါမျိုးပါ။ အဲဒီနောက် ပထမဦးဆုံး ပွဲစဉ် အတွက် ရွေးချယ်စရာတွေ ရသွားပါတယ်။ အခုဆိုရင် intensity ဟာ လုံးဝကို ခြားနားသွားတော့မယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ အသင့် ဖြစ်နေပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို နော့ဝှစ်နဲ့ ပွဲမှာ သက်သေပြသွားရမှာပါ။" လို့ ပြောသွားပါတယ်။
2022/01/20 11:47:42
https://sm-tv.net/archives/27195
mC4
ရှားလော့စ်ဗေးလ်မှာ ရုတ်ရုတ်သဲသဲ ဆက်ရှိနေ - BBC News မြန်မာ ရှားလော့စ်ဗေးလ်မှာ ရုတ်ရုတ်သဲသဲ ဆက်ရှိနေ http://www.bbc.com/burmese/world-40919617 Image caption "ရှက်ဖွယ် ရှက်ဖွယ်" ဆိုပြီး အအော်ခံရ အမေရိကန် ပြည်ထောင်စု ၊ ရှားလော့စ်ဗေးလ်မြို့မှာ သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တဲ့ စနေနေ့တုန်းက ဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲ ဂယက်တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။ လူဖြူကြီးစိုးရေး လက်ကျာစွန်းဝါဒီ တို့နဲ့ အသားရောင် ခွဲခြားမှုကို ဆန့်ကျင် သူတွေကြား ကိုယ်ထိ လက်ရောက် ရိုက်ကြနှက်ကြနဲ့ ထိပ်တိုက် တွေ့ခဲ့ကြရုံတင်မက လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့လို့ လူ့အသက်တစ်ချောင်း ဆုံးရှုံး ခဲ့ရပြီးတဲ့ နောက်တစ်ရက်မှာလည်း မြို့ထဲ မငြိမ်မသက် ဖြစ်နေပါတယ်။ လက်ျာစွန်း ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဂျေဆင်ကက်စ်လာ ဆိုသူက ရှားလော့စ်ဗေးလ် မြို့တော် ခန်းမရဲ့ လှေကားထစ်တွေပေါ် သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ကြိုးစား နေတုန်း ဘေးကလူ အများက ဝိုင်းဝန်း အော်ဟစ် ရှုတ်ချကြ၊ တားဆီးကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပွဲပျက် သွားပါတယ်။ "ရှက်ဖွယ် ရှက်ဖွယ်" ဆိုပြီး ဘေးက လူအုပ်က ကက်စလာကို ဝိုင်းအော်ပြီး ရှုတ်ချ နေကြသလို ဟွန်းသံတွေ အဆက်မပြတ် မှုတ်နေတာကြောင့် ကက်စ်လာတစ်ယောက် ကောင်းကောင်း စကားပြောလို့ မရတော့တဲ့ အခြေအနေထိ ဆိုက်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်သေ၊ ၁၉ ယောက် ဒဏ်ရာရခဲ့တဲ့ ရှားလော့စ်ဗေးလ်မြို့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်လည်း အတိုက်အခံတွေရဲ့ ဝေဖန်မှုကိုသာမက ပါတီတွင်းမှာပါ အဝေဖန် ခံနေရပါတယ်။ အကြမ်းဖက် လုပ်ရပ်တွေကို ဘက်ပေါင်းစုံက ကျူးလွန်နေတယ်လို့ ထရမ့်က ပြောခဲ့တဲ့ အတွက်၊ လက်ျာစွန်း လှုပ်ရှားမှု အပေါ် အတိတကျ ရည်ညွှန်း ပြောဆိုဖို့ ထရမ့် ပျက်ကွက်ခဲ့တယ် ဆိုပြီး ဝေဖန် နေကြတာပါ။ သမ္မတ မဲဆွယ်ပွဲကာလ ကတည်းက ထရမ့်ဟာ ကေသုံးလုံး ဂိုဏ်းလို အမုန်းတရား လှုံ့ဆော်တဲ့ လူဖြူကြီးစိုးရေးဂိုဏ်းကို ပြတ်ပြတ်သားသား ရှုတ်ချဖို့ တုန့်နှေးခဲ့တဲ့ သာဓကလည်း ရှိခဲ့ပြီး၊ အခု ရှားလော့စ်ဗေးလ် ဖြစ်ရပ်မှာလည်း ထရမ့်ရဲ့ ပြောဆိုမှုဟာ လက်ျာစွန်းသမားတွေကို ဦးတည် ပြောတာ မဟုတ်ဘူး ဆိုတဲ့ အချက်အပေါ် ရီပတ်ဘလစ်ကင်တွေရော၊ ဒီမိုကရက်တွေပါ စိတ်မသက်မသာ ဖြစ်နေကြပါတယ်။
2018/03/22 18:38:32
http://www.bbc.com/burmese/world-40919617
mC4
ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်များတွင်ဗြိတိန်နိုင်ငံလန်ဒန်မြို့သည်အကောင်းဆုံးနေရာများ | တစ်ဦးကရထား Save နေအိမ် > ဥရောပခရီးသွား > ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်များတွင်ဗြိတိန်နိုင်ငံလန်ဒန်မြို့သည်အကောင်းဆုံးနေရာများ ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်များတွင်ဗြိတိန်နိုင်ငံလန်ဒန်မြို့သည်အကောင်းဆုံးနေရာများ ရထားခရီးသွားယူကေ, ဥရောပခရီးသွား စာဖတ်ချိန်: 5 မိနစ်များ(နောက်ဆုံးတွင်နောက်ဆုံးရေးသားချိန်: 01/01/2021) ဟယ်ရီပေါ်တာဇာတ်ကားအားလုံးအချိန်အအောင်မြင်ဆုံးရုပ်ရှင်စီးရီးခဲ့ကြသည်. အဆိုပါဟယ်ရီပေါ်တာဇာတ်ကားကနေမြင်ကွင်းများအတော်များများဟာလန်ဒန်သူ့ဟာသူအတွင်းသေနတ်ဖြင့်ပစ်ခတ်ခဲ့ကြ. Whether you are a die-hard fan of the Harry Potter movie or book series, လန်ဒန်ခြောအနေနဲ့စစ်မှန်ဟယ်ရီပေါ်တာအတွေ့အကြုံအတွက်သွားရောက်ကြည့်ရှုဖို့အကောင်းဆုံးနေရာဖြစ်ပါသည်. အဘယ်အရာကိုသိခငျြ 5 ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိသင့်ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်များအတွက်အလည်အပတ်ခရီးနေရာ? ကြော်ငြာကို Save လုပ်ရန်တစ်ဦးကရထားသင့်ရဲ့ Wizard စွန့်စားမှုတစ်ရပ်ပိုမိုလွယ်ကူနှင့်ပိုပြီးစိတ်လှုပ်ရှားစရာတစျခုပါစေရန်ဤစာရင်းပြုစုထားပါတယ်! 1. ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်: Warner Bros Studios ကလှည့်လည်လန်ဒန် ဒါဟာကျွန်တော်တို့ရဲ့စာအုပ်တွေထဲမှာအန္တိမအတွေ့အကြုံ! အဆိုပါအစုံပထမဦးဆုံးလက်ကိုကြည့်ပါ, ဝတ်စုံ, နှင့်ကျားကန်အပေါငျးတို့သဟယ်ရီပေါ်တာဇာတ်ကားများတွင်အသုံးပြု! ရုပ်ရှင်အပါအဝင်များ၏တည်နေရာများကိုအချို့အတွင်းမှအဆင့်; မဟာခန်းမ, Dumbledore office, and Hagrid hut. အဘယ်မှာရှိဒီကိုရှာဖွေ? အဆိုပါ Warner Bros ကူးအပေါ်ခေါင်းကို. စတူဒီယိုခရီးစဉ်လန်ဒန်. ဟယ်ရီပေါ်တာ၏လုပ်ခြင်းအရှေ့တောင်အင်္ဂလန်မှာ Leavesden အတွက်အများပြည်သူဆွဲဆောင်မှုဖြစ်ပါသည်. Not to be confused with the Wizarding World of Harry Potter of Universal Studios theme parks. ဒါဟာဟယ်ရီပေါ်တာရုပ်ရှင်ကားတစ်ဦးစစ်မှန်သည့်နောက်ကွယ်မှတစေ့တစောင်းရာပူဇော်သက္ကာကိုတစ်ဦးအမြဲတမ်းပြပွဲဖြစ်ပါသည်. Warner Bros မှာဟယ်ရီပေါ်တာဇာတ်ကားတစ်နောက်ကွယ်မှခရီးစဉ်နဲ့မှော်နေ့ကထုတ်ဖူး. စတူဒီယိုခရီးစဉ်လန်ဒန်. 2. ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်: တချို့ကကုန်သည်မှာပလက်ဖောင်းဖမ်းပြီး 9 3/4 ဓမ္မရာဇဝင်လက်ဝါးကပ်တိုင်ဘူတာသည်, ဒါပေါ့, Hogwarts စုန်းအတတ်၏ကျောင်းနှင့် wizardry ၏ကျောင်းသားများအတွက်များအတွက်ထွက်ခွာအမှတ်, ၎င်း၏အကျော်ကြားဆုံးကျောင်းသားရာ, ဟယ်ရီပေါ်တာ, တက်ရောက်သူ. ပလက်ဖောင်းကနေ Hogwarts Express ကိုထွက်ခွာ 9 ¾. ဓမ္မရာဇဝင်လက်ဝါးကပ်တိုင်ဘူတာအတွင်း, အဓိက ဘူတာရုံ Edinburgh နှင့်စကော့တလန်မှရထားများအတွက်လန်ဒန်မြို့ရှိ, တစ်ဦး ခရီးသွားဧည့်ဆွဲဆောင်မှု စတင်တည်ထောင်ခဲ့ပြီး, နှင့် အိတ်ပုံဖမ်းတွန်းလှည်း မြို့ရိုးကို embedded ထက်ဝက်, ဘယ်မှာသင် re-ပြဋ္ဌာန်းသင့်ကိုယ်ပိုင်ဟယ်ရီပေါ်တာယခုအချိန်တွင်နိုင်. လူမျိုး၏စီတန်းနှင့်အတူပိတ်ဆို့မှုကိုကယ်ဖို့, ဒီဓမ္မရာဇဝင်လက်ဝါးကပ်တိုင်ဘူတာရုံ၏အဓိကခန်းမဧရိယာမှာတွေ့ရှိခံရဖို့ယခု, မရပလက်ဖောင်းများအကြား 9 နှင့် 10 သင်ထင်လိမ့်မယ်အဖြစ်. Between the hours of 9 am and 9 သင်တစ်ဦးပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာနဲ့သငျသညျအကောငျးဆုံးဓါတ်ပုံကိုရထားတဲ့လက်ထောက်အကူအညီနဲ့ရှိသည်ဖို့ပေးဆောင်နိုင်ပါတယ်ညနေ, complete with a Harry Potter scarf and/ or wand. သင်ဆဲအခမဲ့အဘို့ဤအရပ်၌သင့်ကိုယ်ပိုင်ဓါတ်ပုံကိုယူနိုင်ပါသည်. သင်သာအထွတ်အထိပ်ကာလအတွင်းမှာသွားရောက်ကြည့်ရှုခြင်းနှင့်အပိုငွေရှိနိုင်လျှင်, you may wish to consider purchasing a VIP Photo Pass lanyard. ဒါကပလက်ဖောင်းများပါဝင်သည် 9 ¾ lanyard, your photograph, and queue jump, အားလုံး£ 20. အဆိုပါဘူတာရုံယခုနေအိမ်ပလက်ဖောင်းအမည်ရှိဟယ်ရီပေါ်တာဆိုင်ဖို့ဖြစ်ပါတယ် 9 3/4 သင်သည်သင်၏ Wizard ဥစ္စာရှိသမျှတို့ကိုတွေ့ပါလိမ့်မယ်ဘယ်မှာ. သင်ပင် 15 ပင် 65 £များအတွက်ကိုယ်ပိုင် Hogwarts စည်£များအတွက်ဒီမှာကိုယ်ပိုင် Hogwarts စာတစ်စောင်ဝယ်နိုင်! Calais လန်ဒန်ရထား Bruges လန်ဒန်ရထား 3. Stay: အဆိုပါ Wizard ကိုကုန်သည်ကြီးများအသင်းမှာအဆိုပါဂျြောဂြီယနျအိမ်ဟိုတယ် တစ်ခုချင်းစီကိုအခန်းတစ်ခန်းစွန်းဖန်ပြတင်းပေါက်တပ်ဆင်ထား, ကြောကျခဲနံရံများ, လေးယောက်ပိုစတာကုတင်, သစ်သားမီးဖိုကိုမီးရှို့နေစဉ်, အိုးကင်း, နှင့်ရောင်စုံဒီလန်ဒန်ဟိုတယ်မှာဝိဇ္ဇာအတတ်အားရုပ်ပုံဖြည့်စွက်. ဒါဟာသင်မှော်ခံစားရစေရန်အာမခံချက်ဖြစ်ပါတယ်. ဗြိတိန်နိုင်ငံလန်ဒန်မြို့ရထားမှဂျန့်မြို့မှာ Middelburg လန်ဒန်ရထား ဗြိတိန်နိုင်ငံလန်ဒန်မြို့ရထားမှ Leiden 4. ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်: အဆိုပါအိုးကင်းမှာတစ်ဦးကသောက်ဖူး တစ်အိုးကင်းကြိုးစားနေခြင်းမရှိဘဲလန်ဒန်မြို့ရှိတစ်ဦးဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်ဆိုတာဘာလဲ? ဤသည်မှော်ကော့တေး, အတွေ့အကြုံများတစ်ဦးဖြစ်ပါတယ် 1 နာရီ 45 အတွက် MIN စွဲငြိဖွယ်ရာလူတန်းစား လန်ဒန်. သင့်ရဲ့သင်္ကန်း Don, grab your wands, and get ready for your most spirited Potions class yet, အဆိုပါအိုးကင်းမှာနှစ်ဦးအဘို့ဤဗတ္တိဇံမှော်ကော့တေး, အတွေ့အကြုံများနှင့်အတူ, လန်ဒန်. သင့်ရဲ့တုံ့ပြန်မှုအလုပ်ဘူတာရုံမှာ, သင့်ရဲ့ပဉ္စလက်တစ်ကြိုဆိုသောက်လောင်းခြင်းဖြင့် Wand ထဲကသင်တို့အားစမ်းသပ်ရဦးမည်. သို့ဖြစ်လျှင်သင်သည်သင်၏အအရသာ Elixir စိုက်ခင်းလုပ်ကိုင်မည်ကိုအထူးမော်လီကျူး mixology ကျွမ်းကျင်မှုကိုသုံးပါလိမ့်မယ်, ကွဲပြားခြားနားသောစရိုက်များနှင့်အကျိုးသက်ရောက်မှုများရှိပါလိမ့်မယ်တစ်ဦးချင်းစီ၏. လန်ဒန်ရဲ့အများဆုံး enchanting ကော့တေးအတှေ့အကွုံမှာအချို့မှော်ထရောမွှေဖို့အဆင်သင့် Get! အဘယ်အရာကိုပါဝင်သည်? 1 နာရီ 45 အဆိုပါအိုးကင်းမှာနှစ်ယောက်မိနစ်စွဲငြိဖွယ်ရာမှော်ကော့တေးအတှေ့အကွုံ, လန်ဒန် ထောက်ပံ့ Magic Wand နဲ့သင်္ကန်းအလုပ်လုပ်ကိုင် မော်လီကျူး mixology သုံးပြီးသုံးအချိုရည် Create အရက်-အခမဲ့, gluten, and vegan options all available ကိုယ်ပိုင်ဘောက်ချာများနှင့်မက်ဆေ့ခ်ျကိုကဒ်အပါအဝင်အတွေ့အကြုံကိုဆုကြေးဇူးကို pack ကို ဖျက်သိမ်းခြင်းလျော်ကြေး den Helder လန်ဒန်ရထားမှ Maastricht လန်ဒန်ရထား Cologne လန်ဒန်ရထား Bonn လန်ဒန်ရထား 5. အဆိုပါစာအုပ်များနှင့်တစ်ဦးက Muggle တွင်, Movies မှစ. မျက်မှောက်လှည့်လည်လမ်းလျှောက်ကြည့်ရှုပါ အဆိုပါ 2.5 တစ်နာရီ Muggle လမ်းလျှောက်လှည့်လည်သည့်စာအုပ်တွေထဲမှာဖော်ပြခဲ့တဲ့လန်ဒန်အထင်ကရအဆောက်အအများအပြားဖုံးလွှမ်း, နံပါတ်အပါအဝင် 12 Grimmauld ရာဌာနနှင့်မှော်ဝန်ကြီးဌာန. သင်တို့သည်လည်းဤကဲ့သို့သောအဖြစ်စီးရီးနေရာများအများအပြားများအတွက်လှုံ့ဆော်မှုခဲ့လမ်းများနှင့်လမ်းကြားသို့သွားရောက်ပါလိမ့်မယ်; ထောင့်ဖြတ် Alley နှင့် Knockturn Alley. သို့သျောလညျး, ကြှနျုပျတို့သညျဤခရီးစဉ်ပဲတတ်ကျွမ်းနားလည်တဲ့မဟုတ်ဘယ်လောက်ချစ်ကြ. ဒါဟာအစအချို့သို့ထိုးထွင်းသိမြင်ထောက်ပံ့ သမိုင်းဆိုင်ရာက်ဘ်ဆိုက်များ သငျသညျလမ်းတစ်လျှောက်ဖြတ်သန်းပါလိမ့်မယ်. Dusseldorf လန်ဒန်ရထား ဗြိတိန်နိုင်ငံလန်ဒန်မြို့ရထားမှအက်ဆင်း ဗြိတိန်နိုင်ငံလန်ဒန်မြို့ရထားမှရောဂါ ဗြိတိန်နိုင်ငံလန်ဒန်မြို့ရထားမှ Leuven ခံစားချက်သင်သည်လန်ဒန်တဝိုက်သင့်ကိုယ်ပိုင်မှော်ကိုဖန်တီးရန်မှုတ်သွင်း? ကျွန်တော်တို့ရဲ့စာရင်းကိုသုံးပါ 5 ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိသင့်ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်များအတွက်အလည်အပတ်ခရီးနေရာ, ယခု. စာအုပ်၏လက်မှတ်အတွက်မိနစ်အကူအညီဖြင့်များ တစ်ဦးကရထား Save! လုပ်ချင်တိုင်ကျွန်ုပ်တို့၏ဘလော့ဂ်ပို့စ် "5 သင့်ရဲ့ဟယ်ရီပေါ်တာနင်္ဂနွေပိတ်ရက်များတွင်ဗြိတိန်နိုင်ငံလန်ဒန်မြို့သည်လည်ပတ်စေရန်အရပ်တို့ကို" သင့်ရဲ့ site ကိုပေါ်ကို? သင်ဟာတစ်ခုခုကိုလုပ်နိုင်အယူကျွန်ုပ်တို့၏ဓါတ်ပုံများနှင့်စာပေးပြီးခရက်ဒစ်နှင့်အတူချိတ်ဆက်ဖို့ဒီဘလော့ပို့စ်. သို့မဟုတ်ဤနေရာကိုကလစ်နှိပ်ပါ: https://iframely.com/embed/https%3A%2F%2Fwww.saveatrain.com%2Fblog%2Fharry-potter-weekend-london%2F– (အဆိုပါ Embed Code ကိုကြည့်ဖို့အနည်းငယ်အောက်ကိုဆင်း) သင်သည်သင်၏အသုံးပြုသူများမျိုးဖြစ်လိုလျှင်, သင်တို့သည်ငါတို့၏ရှာဖွေရေးစာမျက်နှာများသို့တိုက်ရိုက်သူတို့ကိုပဲ့ပြင်နိုင်ပါတယ်. ဒီလင့်ခ်, သင်တို့သည်ငါတို့၏လူကြိုက်အများဆုံးမီးရထားလမ်းကြောင်းများရှာတွေ့ပါလိမ့်မယ် – https://www.saveatrain.com/routes_sitemap.xml. သငျသညျအင်္ဂလိပ်ဆင်းသက်စာမျက်နှာများတွင်ဘို့ငါတို့လင့်များရှိအတွင်းပိုင်း, ဒါပေမယ့်ကျနော်တို့လည်းရှိ https://www.saveatrain.com/zh-CN_routes_sitemap.xml, သငျတို့သက de နှင့်ပိုပြီးဘာသာစကားများမှ / fr အဆိုပါ / zh-CN ကိုပြောင်းလဲရန်သို့မဟုတ် / လို့ရပါတယ်. #ဟယ်ရီပေါ်တာ စွန့်စားခန်း europetravel HarryPotterfilms လန်ဒန် ခရီးသွား wizard ရထားခရီးသွားAustriaစတြီးယား, ရထားခရီးသွားဘယ်လ်ဂျီယံ, ရထားခရီးသွားဒိန်းမတ်, ရထားခရီးသွားဂျာမနီ, ရထားခရီးသွားဟော်လန်, ရထားခရီးသွားလာဆွစ်ဇာလန်, ရထားခရီးသွားအဆိုပါနယ်သာလန်, ခရီးသွားလာရေးသိကောင်းစရာများရထား, ဥရောပခရီးသွား
2021/01/19 22:28:23
https://www.saveatrain.com/blog/harry-potter-weekend-london/?lang=my
mC4
ရခိုင်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ထပ်မံစိစစ်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော် ဖွဲ့စည်း | Mizzima Myanmar News and Insight /* TA: Added on nov-22-2019 */ ရခိုင်အရေးနှင့်ပတ်သက်သည့် အစီရင်ခံစာများကို ထပ်မံစိစစ်ရန် စုံစမ်းစစ်ဆေးရေးခုံရုံးကို တပ်မတော် ဖွဲ့စည်း ရန်ကုန် ၊ မတ် ၁၈ ။ ။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များ နောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် တပ်မတော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အစီရင်ခံစာ အသီးသီးက ရေးသားဖော်ပြချက်များကို ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ်လ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်မှ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများ ၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့မှ ထုတ်ပြန်ထားသည့် အစီရင်ခံစာများအပေါ် ထပ်မံစိစစ်အတည်ပြုရန် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။ "အစီရင်ခံစာအသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံစိစစ် အတည်ပြုရန် လိုအပ်ပါသည်" ဟု တပ်မတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တပ်မတော်မှ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့တွင် ဗိုလ်ချုပ်မြတ်ကျော်က ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဗိုလ်မှူးကြီး ကျော်ကျော်နိုင် နှင့် ဗိုလ်မှူးကြီး သန်းနိုင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်မည်လည်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တပ်မတော်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီးနောက် နယ်မြေလုံခြုံရေးအတွက် စီမံအုပ်ချုပ်ဆောင်ရွက်မှုများနှင့် လုံခြုံရေးသတင်းများအား ကြိုတင်လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကို တွေ့ရှိရသောကြောင့် တာဝန်ရှိသူများကို လိုအပ်သလို အရေးယူဆောင်ရွက်ခဲ့သည်ဟုလည်း တပ်မတော်ဘက်က ထုတ်ပြန် ထားသည်။ ၂၀၁၇ တိုက်ခိုက်မှုများအပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘင်္ဂါလီများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲမှုများလည်း ရှိနေခဲ့သည်။ ယင်းစွပ်စွဲချက် များနှင့် ပတ်သက်ပြီး ခိုင်လုံသည့် သက်သေအထောက်အထားများနှင့် တိုင်ကြားနိုင်သည်ဟု အစိုးရနှင့် တပ်မတော် ဘက်မှ အစဉ်တစိုက်ပြောဆိုထားသည်။ ယင်းသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများကြောင့် ဘင်္ဂါလီအမြောက်အများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်အထိ နေထိုင်နေဆဲ ဖြစ်သည်။ အဆိုပါဒုက္ခသည်များ နေရပ်ပြန်လာရေးနှင့်ပတ်သက်ပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘော တူညီမှု ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးပေ။ အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော် မရှင်ကို နိုင်ငံတကာမှပညာရှင်နှစ်ဦး ပြည်တွင်း ပညာရှင် နှစ်ဦးဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း၌ ဖွဲ့စည်း ပေးခဲ့သည်။ ယင်း ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာကို မြန်မာအစိုးရထံ ယခုလပိုင်းအတွင်း တင်သွင်း သွားရန်ရှိနေပြီး အပြီးသတ်အစီရင်ခံစာကိုမှု ယခုနှစ်ကုန်ပိုင်းတွင် တင်သွင်းသွားရမည်လည်းဖြစ်သည်။
2019/12/12 19:23:46
http://www.mizzimaburmese.com/article/55476
mC4
ပြည်သူများ ညီညွတ်မှုကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ အာဏာမတည်ဆောက်နိုင်သေးဟု ကုလကိုယ်စားလှယ်ပြော - News @ M-Media ပြည်သူများ ညီညွတ်မှုကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ အာဏာမတည်ဆောက်နိုင်သေးဟု ကုလကိုယ်စားလှယ်ပြော in ျမန္မာသတင္း — May 1, 2021 မေ ၁၊ ၂၀၂၁ -မြန်မာနိုင်ငံမှာ ဘာသာလူမျိုးပေါင်းစုံ မကြုံစဖူး စည်းလုံးညီညွတ်လာတာကြောင့် စစ်ခေါင်းဆောင်တွေဟာ အာဏာစုစည်းဖို့ ခက်ခဲနေတယ်လို့ ကုလအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာက ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ စစ်ကောင်စီဥက္ကဌအပါအ၀င် အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်း အစီရင်ခံစာကို မနေ့က ကုလသမဂ္ဂ လုံခြုံရးကောင်စီ အထူးအစည်းအ၀ေးမှာ ဘာဂီနာက တင်သွင်းခဲ့ပါတယ်။ ဘာဂီနာဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဂျကာတာမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ၀င်ခွင့်ရရေး တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းမှာ အနည်းဆုံး လူ ၂ သောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရသူ အရေအတွက်ကတော့ တစ်သောင်းနီးပါး ရှိတယ်လို့ ဘာဂီနာက ပြောပါတယ်။ ပြည်သူအားလုံးရဲ့ ညီညွတ်မှုကြောင့် စစ်ခေါင်းဆောင်တွေဟာ အခုအချိန်အထိ အာဏာကို တည်ဆောက်လို့မရသေးဘူးလို့လဲ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ "ဒီမိုကရေစီကို မျှော်လင့်တောင့်တတဲ့ ဘုံရပ်တည်ချက်ကြောင့် ဘာသာမတူသူတွေ၊ လူမျိုးမတူသူတွေ၊ လူ့အဖွဲ့အစည်းပေါင်းစုံက မြန်မာပြည်သူတွေအားလုံးဟာ အရင်က မရှိခဲ့ဘူးတဲ့ပုံစံမျိုးနဲ့ စည်းလုံးညီညွတ်လာခဲ့ကြပါတယ်။ ဒီလို စည်းလုံးညီညွတ်မှု အားကောင်းလာတာကြောင့် စစ်တပ်ဟာ အာဏာကို စုစည်းဖို့၊ အာဏာသိမ်းမှုကို တည်ငြိမ်အောင်လုပ်ဖို့မှာ မမျှော်လင့်တဲ့ အခက်အခဲတွေကို ကြုံနေရပါတယ်" ဘာဂီနာဟာ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့လကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။
2021/05/07 16:02:09
https://www.m-mediagroup.com/news/87058
mC4
၆.၁.၂၀၀၉ ဗိုလ်ချုပ်မြင့်ဆွေ၏ ညွှန်ကြားချက်ဖြင့် ဆိပ်ကမ်းရဲစခန်းမှူးမှ အသင်းသို့လာရောက်ပြီး ရဲမှုခင်းများအား ကူညီမှုပေးနိုင်ခြင်း ရှိမရှိ လာရောက်မေးမြန်း အကူအညီတောင်းခံ ၈.၁.၂၀၀၉ စည်ပင်သာယာမှ မြောက်ဒဂုံမြေကွက်ဆက်လက် ဆောက်လုပ်ခွင့်ချပေး ၉.၁.၂၀၀၉ မြောက်ဒဂုံမြေကွက် အဆောက်အဦး ပြန်လည် စတင်ဆောက်လုပ် ၁၀.၂.၂၀၀၉ ပထမဦးဆုံး ရဲမှုခင်းလမ်းကြောင်း စတင်အကူအညီပေး ၁၇.၂.၂၀၀၉ (၂၈.၂.၂၀၀၉) ရက်နေ့ နောက်ဆုံးထား၍ ဈာပနမော်တော်ယာဉ်များ ရေးဝေးသို့ ပြောင်းရွှေ့ပေးရန် စည်ပင်မှ အကြောင်းကြားစာရောက်ရှိ ၂၇.၂.၂၀၀၉ ရေဝေးတွင် ကားဂိုထောင်ဆောက်ရန် နေရာပေး ၂၁.၃.၂၀၀၉ ဆရာမကြီး ဒေါ်ကြည်ဥ ဈာပန ၁၇.၄.၂၀၀၉ ကလေးဈာပနများတွင် ပို့ဆောင်ပေးရန်အတွက် ကလေးဈာပန မော်တော်ယာဉ် စတင်အသုံးပြု ၁၈.၄.၂၀၀၉ အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုးများ စုပေါင်းပေးအပ်သော "ပြည်သူ့ဘက်သား အနုပညာသမား" ဆုကို ဦးကျော်သူ ရရှိ ၂၆.၄.၂၀၀၉ လူငယ်များ ဗဟုသုတ တိုးပွားစေရန်အတွက် လူငယ်စကားဝိုင်းများ ပြုလုပ်လျှင် ကောင်းမည်ထင်ကြောင်း အသင်းတွင်စတင် ဆွေးနွေး ၃.၅.၂၀၀၉ လူငယ်စကားဝိုင်း စတင်ပြုလုပ် ၁၆.၅.၂၀၀၉ အဆောက်အဦးအတွက် ၁၂၄ သိန်း မတည်အလှူရှင်ကို ဖိတ်၍ ကျောက်ထုပ်လောင်း အခမ်းအနားကျင်းပ ၁၇.၅.၂၀၀၉ နိဗ္ဗာန်ယာဉ်အားလုံးအား သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ကျောင်းဝင်းတွင်းမှ ရေဝေးရှိအသင်းရုံးခွဲသို့ တန်းစီ မောင်းနှင် ရွှေ့ပြောင်း ၁၃.၆.၂၀၀၉ ပလပ်စတစ်အမှုိုက်ပုံ မြောက်ဒဂုံမြေကွက်အား သဲဖို့ခြင်း လုပ်ငန်းစတင် ၂၇.၆.၂၀၀၉ အသင်းအစည်းအဝေးတွင် ဈာပနအားလုံးအား မှန်ခေါင်း အသုံးပြုခွင့်ပေးရန် ဆုံးဖြတ် ၁.၇.၂၀၀၉ နာရေးကူညီမှု အသင်းအား သင်္ဃန်းကျွန်းရုံးမှ မြောက်ဒဂုံရုံးသို့ ပြောင်းရွှေ့ ၈.၇.၂၀၀၉ တိုင်းကျန်းမာရေးတွင် သုခဆေးခန်းလိုင်စင် သွားတင်ရာ စဖွင့်နိုင်ပြီဟု နှုတ်မိန့်နှင့်ခွင့်ပြု ၉.၇.၂၀၀၉ စည်ပင်သို့ နေထိုင်ခွင့်လျှောက်ရာ ရာဖြတ်ဋ္ဌာန အခွန်ကင်းလွတ်ခွင့်ပေး ၁၉.၇.၂၀၀၉ "သုခ" ဆေးခန်းကို မြောက်ဒဂုံမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပွဲ ကျင်းပ၊ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ် ၂၁.၇.၂၀၀၉ ၃၈-လမ်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး ဋ္ဌာနမှ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများကို ခေါ်ကြား၍ ဈာပနလုပ်ငန်းနှင့် နာရေးကားများကို ရေဝေး သချုင်္ံင်းသို့ ပြောင်းရွှေ့ထားရှိရန် ပြောကြား ၂၂.၇.၂၀၀၉ ၃၈-လမ်း ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေး ဋ္ဌာနမှ အသင်း၏ လုပ်ငန်းစဉ်များကို လာရောက်လေ့လာပြီး ကျေနပ်မှုရှိသဖြင့် ဈာပနလုပ်ငန်းနှင့် နာရေးကားများကို မူလအတိုင်းထားရှိရန် ပြန်လည်ပြောကြား ၂၃.၇.၂၀၀၉ USA မှ ဒေါက်တာအေးမင်းနှင့် ဒေါက်တာမူမူမင်း တို့မှ လှူဒါန်းသော Dental Section နှင့် Dental X-ray တို့ လာရောက်တပ်ဆင် ၂၈.၇.၂၀၀၉ ဓာတ်မှန်စက် ၀ယ်ယူရန်အတွက် ဦးကြင်စိန်၊ ဦးသန့်စင်၊ ဒေါ်ခင်ဝင်းမော်၊ မိသားစုတို့မှ မတည် အလှူငွေသိန်း ၁၀၀ လာရောက်လှူဒါန်း ၇.၈.၂၀၀၉ မြောက်ဒဂုံ မယကမှ"သုခ" ဆေးခန်း ပိတ်ရန် အမိန့်စာပို့ ၉.၈.၂၀၀၉ မြောက်ဒဂုံ မယကမှ ပေးပိုသော စာကိစ္စနှင့်ပတ်သက်၍ သုခ ဆေးခန်းမှ ဆရာဝန်များအား အသိပေး၍ ဆွေးနွေးတိုင်ပင်၊ ဒုက္ခရောက်နေသူများအား ငဲ့ညှာ၍ အားလုံးမှ ဆက်လက်ဖွင့်လှစ် ကုသရန် ဆုံးဖြတ် ၉.၈.၂၀၀၉ အလှူရှင်များအား မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပြီးချက်ချင်း ထုတ်၍ လက်ဆောင် ပေးရန်စနစ်အား စတင်ကျင့်သုံး ၁၃.၈.၂၀၀၉ ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ဇော်ဝမ်း၏ ဈာပန အခမ်းအနား အားပြုလုပ်ပေးခဲ့ ၁၅.၈.၂၀၀၉ ဓာတ်မှန်စက် ၀ယ်ယူရန်အတွက် ဦးခင်အောင်-ဒေါ်ကြည်ကြည်သက်၊ သမီး မသီတာအောင်တို့မှ မတည် အလှူငွေသိန်း ၁၀၀ လာရောက်လှူဒါန်း ၃၀.၈.၂၀၀၉ သုခဆေးခန်းတွင် အသေးစားခွဲစိတ်ခန်း စတင်အသုံးပြု Dr. ဇော်ဝင်းနိုင်မှ လူနာ တစ်ဦးအား ခြေထောက်အနာ ခွဲစိတ်ပေး ၁.၉.၂၀၀၉ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ဦးဝင်းတင် အလှူငွေ (၇)သိန်းအား လာရောက် လှူဒါန်း ၈.၉.၂၀၀၉ နာတာရှည် ရောဂါသည်များကို ရေရှည်ဆေးပေးရန် စတင် ၉.၉.၂၀၀၉ စည်ပင်မှ အသင်းမျက်နှာစာတွင် ၅ x ၅ ပေ ပတ်လည်ရေမြောင်းတူးရန်ပြော ၁၈.၉.၂၀၀၉ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အသင်းသား ဦးချစ်တင်သေဆုံး ၁၉.၉.၂၀၀၉ မယ်ဗမာ ဒေါ်မြင့်မြင့် သေဆုံး ၂၆.၉.၂၀၀၉ နာရေးကူညီမှုအသင်း၏ ရှေ့လုပ်ငန်းစဉ်များ တိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် ၂၇.၉.၂၀၀၉ အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ် နာရေးကူညီမှုအသင်းမှ အသင်းဝင်များ၊ အလုပ်အမှုဆောင်များ၊ အသိပညာရှင်များ၊ ဖိတ်ကြားထားသော အကြံပြု ဆွေးနွေး ညှိနှိုင်းနိုင်သည့် ဧည့်သည်တော်များ အပါအ၀င် အဖွဲ့(၅)ဖွဲ့ခွဲ၍ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် ၂၈.၉.၂၀၀၉ ၂၀၀၉ ခုနှစ်အတွက် နာရေးလမ်းကြောင်း အရေအတွက် တစ်သောင်းပြည့် ၂၉.၉.၂၀၀၉ စံပြဆေးရုံတွင် ဓါတ်မှန်ဆရာဝန်ကြီး Dr.တိုးဝင်းထံ ဒေါ်မြင့်မြင့်ခင်ဖေ နှင့် ဦးစိုင်းရဲကျော်စွာမြင့် တို့မှ ဓါတ်မှန်ခန်းဖွင့်ရန် အကြံပေးချက်များ သွားတောင်း ၃၀.၉.၂၀၀၉ စည်ပင်အင်ဂျင်နီယာမှ BQ မရှိပဲ အလုပ်လုပ်နေလျှင် တရားစွဲမည်ဟုပြော ၁၆.၁၀.၂၀၀၉ သုခကုသိုလ်ဖြစ်ဆေးခန်းအတွက် ဓါတ်မှန်ရိုက်စက်အားဝယ်ယူ ၁၆.၁၀.၂၀၀၉ စာရေးဆရာ ဒါရိုက်တာ တင်သန်းဦးမှ ဥက္ကဋ္ဌဦးကျော်သူထံ တယ်လီဖုန်းဆက်၍ မြို့တော်ဝန် ဦးအောင်သိန်းလင်းထံ နာရေးကူညီမှုအသင်း(ရန်ကုန်) အား တရားစွဲဆိုခြင်း မပြုလုပ်ရန် ပြောဆိုထားသည်ဟု အကြောင်းကြား ၁၅.၁၀.၂၀၀၉ ဆရာတော်ကြီးများ၏ အန္တိမဈာပနတွင် ရုပ်ကလပ်အား ပူဇော်ထားရန်အတွက် ရွှေရောင်စတီး ကရ၀ိတ်ဖောင်တော်စတင် ငှားရမ်း ၂၇.၁၀.၂၀၀၉ ရန်ကုန်မြို့တော်စည်ပင်မှ အသင်း ဥက္ကဋ္ဌကို တရားစွဲမည့် ဆင့်ခေါ်စာရ ၂၈.၁၀.၂၀၀၉ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မန်နေဂျာ ဦးအောင်မော်ငြိမ်း နှင့် တစ်ဦး တောင်ဒဂုံတရားရုံးသို့ သွားရောက်တွေ့ဆုံရာ ဥက္ကဋ္ဌ ဦးကျော်သူ လိုက်ပါလာခြင်း မရှိသဖြင့် အမှုဖွင့် ၍ မရခဲ့ ၄.၁၁.၂၀၀၉ သုခအလင်း စာကြည့်တိုက်ဖွင့်လှစ်ရန် အတွက် စာအုပ်များ စာရင်းသွင်းခြင်း၊ စာအုပ်အဖုံးများချုပ်ခြင်း စသော လုပ်ငန်းများအား စတင်၍ပြုလုပ် ၂၆.၁၁.၂၀၀၉ ဦးမျိုးဇေယျာဦး နှင့် ဦး Danny အောင်မျိုးကျော် တို့မှ ဥက္ကဋ္ဌ ဦးကျော်သူ၏ Facebook အား ပြုလုပ်၍ အသင်း၏ လုပ်ဆောင်ချက် သတင်းအချက် အလက်များအား အင်တာနက် စာမျက်နှာပေါ်တွင် စတင်ထုတ်ပြန် ၃၀.၁၁.၂၀၀၉ ဖြူးဆရာတော်ဈာပန ၆.၁၂.၂၀၀၉ ဒေါ်မြင့်မြင့်ခင်ဖေ၊ ဦးစိုင်းရဲကျော်စွာမြင့် နှင့် ဦးဗညား တို့မှ အသင်းတွင် ကလေးများအား အင်္ဂလိပ်စာသင်ကြားရေး ကဏ္ဍတစ်ခု တိုးချဲ့ဖွင့်လှစ်ရန် စတင်ဆွေးနွေး ၁၅.၁၂.၂၀၀၉ သုခဆေးခန်းတွင် သွားဓါတ်မှန်ရိုက် ကရိယာတပ်ဆင် ၁၇.၁၂.၂၀၀၉ ဆရာအီကြာကွေးဈာပန ၂၇.၁၂.၂၀၀၉ ဓာတ်မှန်ခန်း ဆောက်လုပ်ရန်အတွက် ဦးဋ္ဌေးအောင်+ ဒေါ်ချိုချိုမြင့်၊ မိသားစုမှ ကွယ်လွန်သူ သမီး ခိုင်ရွှန်းလဲ့ရည်အား ရည်စူး၍ သိန်း ၁၅၀ ကျပ်မတည်လှူဒါန်း
2019/07/21 11:16:27
http://ffssyangon.org/timeline.html?start=2
mC4
နယူးယောက်ရဲ့ မြေအောက်ဘူတာအားလုံးမှာ WiFi ဝန်ဆောင်မှုရရှိတော့မည် | သစ်ထူးလွင် (နည်းပညာ) Home / featured / နယူးယောက်ရဲ့ မြေအောက်ဘူတာအားလုံးမှာ WiFi ဝန်ဆောင်မှုရရှိတော့မည် နယူးယောက်ရဲ့ မြေအောက်ဘူတာအားလုံးမှာ WiFi ဝန်ဆောင်မှုရရှိတော့မည် နယူးယောက်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးနေရာတွေမှာတော့ မြို့သူမြို့သားတွေအတွက် ကျေနပ်စရာကောင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ပေးနေတဲ့ MTA ဌာနကတော့ နယူးယောက်ရဲ့ ဘတ်စ်ကားတွေ ၊ ရထားတွေနဲ့ မြေအောက်ဘူတာရုံတွေမှာ ပြောင်းလဲမှုအချို့ကို တွေ့မြင်ရလိမ့်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အရေးအကြီးဆုံး ပြောင်းလဲမှုတွေကတော့ ၂၀၁၆ ခုနှစ်အကုန်မှာ နယူးယောက်မှာရှိတဲ့ မြေအောက်ရထားဘူတာ ၂၇၇ ခုလုံးမှာ WiFi ဝန်ဆောင်မှုကို ထည့်သွင်းပေးသွားတော့မှာပါ။ အခုလောလောဆယ်မှာတော့ ဘူတာပေါင်း ၁၄၀ က WiFi ဝန်ဆောင်မှု ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော်ရဲ့ မြေအောက်ရထားနဲ့ ဘတ်စ်ကားတွေအတွက် ငွေပေးချေမှုတွေကို ပြုလုပ်ရာမှာတော့ ဘဏ်ကတ်တွေနဲ့အပြင် အခြားသော ငွေပေးချေမှုဝန်ဆောင်မှုတွေကိုပါ အသုံးပြုနိုင်တော့မှာပါ။ ဥပမာအားဖြင့်တော့ Apple pay နဲ့ Android pay တို့လို ငွေပေးချေမှုတွေကိုပါ သုံးစွဲသွားနိုင်တော့မှာဖြစ်ပါတယ်။ ဒါအပြင် SubwayTime ဆိုတဲ့ app နဲ့ မြေအောက်ရထားတွေ ပြေးဆွဲချိန်ကိုပါ သိရှိနိုင်ပြီး ရထားဘူတာအားလုံးရဲ့ ရထားဆိုက်ရောက် ထွက်ခွာချိန်တွေကိုပါ သိရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုဝန်ဆောင်မှုတွေနဲ့ ရထားပေါ်မှာ Wifi ကို အေးအေးဆေးဆေးသုံးနိုင်တဲ့အပြင် ဖုန်းအားသွင်းနိုင်ဖို့ USB အားသွင်းပေါက်တွေပါ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စီးနင်းသူပြည်သူတွေကို လုံခြုံမှုရှိနိုင်စေဖို့အတွက် လုံခြုံရေးကင်မရာတွေနဲ့ ရဲတွေကိုလည်း အင်အား တိုးချဲ့သွားတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
2021/12/03 12:27:11
http://technology.thithtoolwin.com/2016/01/wifi.html
mC4
စစ်ကောင်စီက အောင်ဘာလေထီရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားကောင်းမလာဘဲ ထီကုန်သည်တွေ အရှုံးပေါ်နေပါတယ်။ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ အောင်ဘာလေထီစာအုပ်ပေါင်း ၁၂၄,၀၀၀ ကျော်ပဲ ရောင်းချခဲ့ရပြီး အရင်လတွေထက် ရောင်းအားပိုကျလာပါတယ်။ စစ်ကောင်စီက ထီလက်မှတ်ရောင်းရငွေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတွေပေးမယ်လို့ ကြေညာခဲ့ပေမယ့် ရောင်းအားဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။ အရင်လတွေတုန်းက ထီစာအုပ်ပေါင်း ၁၄၀,၀၀၀ ဝန်းကျင်ရောင်းကုန်ခဲ့ပြီး ရှေ့ဆက်အလားအလာမကောင်းဘူးလို့ ထီကုန်သည်တချို့က ပြောပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ အောင်ဘာလေထီဖွင့်ပွဲမှာ အမြင့်ဆုံးဆုအဖြစ် ငွေကျပ်သိန်း ၅ ထောင်ဆုကိုပဲ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အရှုံးပေါ်နေတဲ့အတွက် ဇူလိုင်လကတည်းက အရောင်းအဝယ်တွေ နားထားတယ်လို့ ထီကုန်သည်တစ်ဦးက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးထီပေါ်ပေါက်လာတာ၊ အောင်ဘာလေထီကို ပြည်သူတွေက သပိတ်မှောက်ထားတာ၊ ကိုဗစ်ကြောင့် ရုံးတွေ အလုပ်တွေ ရပ်နားထားရတာကြောင့် အောင်ဘာလေထီရောင်းအား ဆက်လက်ကျဆင်းနေတာလို့ ထီကုန်သည်တစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီက ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးပေးမယ်လို့ ပြောထားပေမယ့် ရောင်းအားအတက်အကျအခြေအနေကို စက်တင်ဘာလကုန်မှ သိနိုင်မယ်လို့ ထီကုန်သည်တစ်ဦး က ပြောပါတယ်။ နယ်မြို့တွေမှာ ခေါက်ပြန်ကြေးနဲ့ အောင်ဘာလေထီအရောင်းအဝယ်လုပ်သူတချို့ကတော့ ရောင်းမကောင်းတဲ့အတွက် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။ စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနက အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ်သိန်း တစ်သောင်းခွဲအထိ ပေးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လစဉ်ပုံမှန်ထီမဖွင့်နိုင်တော့ဘဲ ဖွင့်ခဲ့တဲ့ အကြိမ်တွေမှာလည်း သိန်း ၅ ထောင်ဆုပဲ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။ Tags အရှုံးပေါ်အောင်ဘာလေထီ ဆက်စပ်သတင်းများ အောင်ဘာလေထီ ကျပ်သိန်း ၅၀၀၀ ဆုကို ဗိုလ်တထောင်မြို့နယ်နေသူ ရရှိ 2 months Ago အောင်ဘာလေထီကို အွန်လိုင်းမှရောင်းချရန် စစ်ကောင်စီ စီစဉ် 3 months Ago အောင်ဘာလေထီ လက်ကားရောင်းဝယ်သည့် ထီလုပ်ငန်းရှင်များကို NUG သတိပေး 4 months Ago Print Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.
2021-12-08T18:46:05Z
http://burmese.dvb.no/archives/484958
OSCAR-2201
သံလွင်: အင်အားပြင်း Rammasun မုန်တိုင်းဒဏ် ဖိလစ်ပိုင်အသင့်ပြင် မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ ဗုဒ္ဓဟူးနေ့အတွင်း မနီလာမြို့တော်ထဲက အစိုးရရုံးတွေ၊ ကျောင်းတွေကို ပိတ်ထားဖို့ သမ္မတ Benigno Aquino က အမိန့်ထုတ်ထားပါတယ်။ အနောက်မြောက်ဘက်ကို ဦးတည် သွားနေတဲ့ မုန်တိုင်းအရှိန်ဟာ အားလျော့မသွားဘဲ ပိုအရှိန်ပြင်းလာခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသ ဌာနချုပ်က ပြောပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင် ၉၀ ကျော်၊ လေပြင်းတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်လောက် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အင်္ဂါနေ့ မုန်တိုင်းဝင်မလာခင်ကတည်းက ပြည်တွင်းလေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ပြီး သင်္ဘောလမ်းကြောင်းတွေကိုလည်း ပိတ်ခဲ့တဲ့အတွက် ကတို့သင်္ဘောစီးမယ့် ခရီးသည်ရာနဲ့ချီ ဆိပ်ကမ်းတွေ မှာ သောင်တင်နေပါတယ်။ ရေကြီး မြေပြိုနိုင်တဲ့နေရာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေကိုလည်း အာဏာပိုင်တွေက အရေးပေါ် ကယ်ဆယ်ရေးစင်တာတွေဆီ ပြောင်းရွှေ့ပေးခဲ့ရ ပါတယ်။ ပြည်သူ ၄၃ သန်းလောက် Rammasun တိုင်ဖွန်းမုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ခန့်မှန်းထားကြောင်း ကုလသမဂ္ဂကပြောပြီး ကူညီကယ်ဆယ်ရေးအတွက် အခြေအနေကို စောင့်ကြည့်နေ ပါတယ်။ ဟိုင်ယန်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ နိုဝင်ဘာလကတည်းက ဆိုရင် ဖိလစ်ပိုင်မှာ အင်အားပြင်း Rammasun တိုင်ဖုန်းမုန်တိုင်း ပထမဆုံးအကြိမ် ဝင်ရောက် တိုက်ခတ်နေတာ ဖြစ်ပါတယ်။
2020/06/02 05:10:04
http://thanlwinriver.blogspot.com/2014/07/rammasun.html
mC4
မကျဆီရောကျလာနိုငျမှုကွောငျ့ ကီဗငျဒီဘရိုငျးကို နညျးပါးတဲ့လုပျခဖွငျ့ မနျစီးတီး စာခြုပျသဈကမျးလှမျးထား – Play Maker Sports Journal မကျဆီရောကျလာနိုငျမှုကွောငျ့ ကီဗငျဒီဘရိုငျးကို နညျးပါးတဲ့လုပျခဖွငျ့ မနျစီးတီး စာခြုပျသဈကမျးလှမျးထား မနျစီးတီးဟာလာမယျ့နှရောသီမှာမကျဆီကိုချေါယူနိုငျမယျ့အခွအေနတှေငျရှိနမှေုနဲ့အတူကီဗငျဒီဘရိုငျးကို စာခြုပျသဈခြုပျဆိုရေးအတှကျကမျးလှမျးမှုပွုလုပျရာတှငျလကျရှိရရှိနတေဲ့လုပျခထကျကမျးလှမျးမှု ပွုလုပျ ထားကွောငျးသိရပါတယျ။ မနျစီးတီးဟာယခုရာသီအစကတညျးကကီဗငျဒီဘရိုငျးအားစာခြုပျသဈခြုပျဆိုရေးအတှကျဆှေးနှေးမှု ပွုလုပျ လာခဲ့တာဖွဈပွီး စာခြုပျကိစ်စဆှေးနှေးမှုမှာယခုတိုငျ အပွီးသတျနိုငျခွငျးမရှိပါဘူး။ ကီဗငျဒီဘရိုငျးဟာမနျစီးတီးတှငျကာလရှညျကွာကစားလိုနသေျောလညျးမနျစီးတီးဘကျကလကျရှိလုပျခ ထကျ နညျးပါးတဲ့လုပျခဖွငျ့စာခြုပျသဈကမျးလှမျးမှုကွောငျ့လကျခံရနျငွငျးဆိုနခွေငျးဖွဈကွောငျးသိရပါတယျ။ အသကျ၂၉နှဈရှိဘယျလျဂြီယံလကျရှေးစငျကစားသမားဟာ၂၀၁၅ခုနှဈတှငျမနျစီးတီးသို့ရောကျလာပွီးနောကျ အဓိကကစားသမားအဖွဈခွစှေမျးပွလာသူဖွဈပါတယျ။လကျရှိအခြိနျမှာသူဟာမနျစီးတီးမှာတဈပတျလုပျခ ပေါငျ၃၀၀၀၀၀နီးပါးရရှိနသေူဖွဈပွီးစာခြုပျသကျတမျးမှာလညျး၂နှဈခှဲကနျြပါသေးတယျ။ ဒါပမေယျ့မနျစီးတီးဟာနောကျထပျ၂နှဈသကျတမျးတိုးကာစာခြုပျသဈခြုပျဆိုလိုနတောလညျးဖွဈပါတယျ။ယငျး စာခြုပျသဈကွောငျ့ကီဗငျဒီဘရိုငျးမှာမနျစီးတီးတှငျအသကျ၃၄နှဈအထိရှိနပေါမယျ။ မနျစီးတီးနညျးပွပကျဂှါဒီယိုလာကတော့ကီဗငျဒီဘရိုငျးမှာမနျစီးတီးနှငျ့စာခြုပျသဈခြုပျဆိုရနျသခြောသလောကျအနအေထားတှငျရှိနကွေောငျးပွောကွားလာပါတယျ။ ဂှါဒီယိုလာက "ကြှနျတျောကတော့သူဆကျရှိမယျလို့အပွညျ့အဝယုံတယျ။ဒါပမေယျ့တဈခြိနျတညျးမှာဘဲကြှနျတျော တို့အနဖွေငျ့တိုးတကျမှုအပျေါလေးစားရပါမယျ။ဘောလုံးဒါရိုကျတာတိုငျစီဘီဂီရီစတိနျနဲ့စကားမပွောဖွဈတော့စာ ခြုပျသဈဆှေးနှေးမှုအခွအေနဘေယျလိုရှိလဲမသိပါဘူး။ဒါပမေယျ့သူ့(ဒီဘရိုငျး)ကိုဘောလုံးသမားတဈဦးဆိုတာထကျအပွငျလူတဈဦးအနနေဲ့အရမျးအလေးထားတာသူကိုယျတိုငျလညျးသိပါတယျ။စာခြုပျနဲ့ပတျသကျပွီးကြှနျတျောကတော့မစိုးရိမျပါဘူး။ဒါပမေယျ့နောကျဆုံးမှာတော့သူ့ဆုံးဖွတျခကျြကသာအဓိကပါ"လို့ပွောကွားသှားပါတယျ။ မက်ဆီရောက်လာနိုင်မှုကြောင့် ကီဗင်ဒီဘရိုင်းကို နည်းပါးတဲ့လုပ်ခဖြင့် မန်စီးတီး စာချုပ်သစ်ကမ်းလှမ်းထား မန်စီးတီးဟာလာမယ့်နွေရာသီမှာမက်ဆီကိုခေါ်ယူနိုင်မယ့်အခြေအနေတွင်ရှိနေမှုနဲ့အတူကီဗင်ဒီဘရိုင်းကို စာချုပ်သစ်ချုပ်ဆိုရေးအတွက်ကမ်းလှမ်းမှုပြုလုပ်ရာတွင်လက်ရှိရရှိနေတဲ့လုပ်ခထက်ကမ်းလှမ်းမှု ပြုလုပ် ထားကြောင်းသိရပါတယ်။ မန်စီးတီးဟာယခုရာသီအစကတည်းကကီဗင်ဒီဘရိုင်းအားစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှု ပြုလုပ် လာခဲ့တာဖြစ်ပြီး စာချုပ်ကိစ္စဆွေးနွေးမှုမှာယခုတိုင် အပြီးသတ်နိုင်ခြင်းမရှိပါဘူး။ ကီဗင်ဒီဘရိုင်းဟာမန်စီးတီးတွင်ကာလရှည်ကြာကစားလိုနေသော်လည်းမန်စီးတီးဘက်ကလက်ရှိလုပ်ခ ထက် နည်းပါးတဲ့လုပ်ခဖြင့်စာချုပ်သစ်ကမ်းလှမ်းမှုကြောင့်လက်ခံရန်ငြင်းဆိုနေခြင်းဖြစ်ကြောင်းသိရပါတယ်။ အသက်၂၉နှစ်ရှိဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ၂၀၁၅ခုနှစ်တွင်မန်စီးတီးသို့ရောက်လာပြီးနောက် အဓိကကစားသမားအဖြစ်ခြေစွမ်းပြလာသူဖြစ်ပါတယ်။လက်ရှိအချိန်မှာသူဟာမန်စီးတီးမှာတစ်ပတ်လုပ်ခ ပေါင်၃၀၀၀၀၀နီးပါးရရှိနေသူဖြစ်ပြီးစာချုပ်သက်တမ်းမှာလည်း၂နှစ်ခွဲကျန်ပါသေးတယ်။ ဒါပေမယ့်မန်စီးတီးဟာနောက်ထပ်၂နှစ်သက်တမ်းတိုးကာစာချုပ်သစ်ချုပ်ဆိုလိုနေတာလည်းဖြစ်ပါတယ်။ယင်း စာချုပ်သစ်ကြောင့်ကီဗင်ဒီဘရိုင်းမှာမန်စီးတီးတွင်အသက်၃၄နှစ်အထိရှိနေပါမယ်။ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကတော့ကီဗင်ဒီဘရိုင်းမှာမန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရန်သေချာသလောက်အနေအထားတွင်ရှိနေကြောင်းပြောကြားလာပါတယ်။ ဂွါဒီယိုလာက "ကျွန်တော်ကတော့သူဆက်ရှိမယ်လို့အပြည့်အဝယုံတယ်။ဒါပေမယ့်တစ်ချိန်တည်းမှာဘဲကျွန်တော် တို့အနေဖြင့်တိုးတက်မှုအပေါ်လေးစားရပါမယ်။ဘောလုံးဒါရိုက်တာတိုင်စီဘီဂီရီစတိန်နဲ့စကားမပြောဖြစ်တော့စာ ချုပ်သစ်ဆွေးနွေးမှုအခြေအနေဘယ်လိုရှိလဲမသိပါဘူး။ဒါပေမယ့်သူ့(ဒီဘရိုင်း)ကိုဘောလုံးသမားတစ်ဦးဆိုတာထက်အပြင်လူတစ်ဦးအနေနဲ့အရမ်းအလေးထားတာသူကိုယ်တိုင်လည်းသိပါတယ်။စာချုပ်နဲ့ပတ်သက်ပြီးကျွန်တော်ကတော့မစိုးရိမ်ပါဘူး။ဒါပေမယ့်နောက်ဆုံးမှာတော့သူ့ဆုံးဖြတ်ချက်ကသာအဓိကပါ"လို့ပြောကြားသွားပါတယ်။
2021/05/09 12:48:00
https://playmakersports.co/%E1%80%99%E1%80%80%E1%80%BA%E1%80%86%E1%80%AE%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9C%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%80%E1%80%BC/
mC4
မြန်မာနိုင်ငံမှာ နိုင်ငံရေးအာဏာနန့် ဓနအင်အားကို ဗမာဗိုလ်ချူပ်တိကရာ ထိန်းချူပ်ထားပြီးကေ အောင်ဆန်းစုကြည်ဂေါင်းဆောင်ရေ အန်အယ်လ်ဒီက ဗမာစစ်တပ်နန့် အပီးအယူလုပ်ပနာ ရုပ်သီးအစိုးရ (၀ါ) အလံရှူးနိုင်ငံရေးလုပ်လားဖို့ အကြောင်းကို အမေရိကန်အခြီစိုက် နာမေကြီးသတင်းစာတစ်စောင်ဖြစ်တေ The New York Times က အဂုပိုင် ထောက်ပြဝေဖန်ကာတွန်းရွီးဆွဲထားပါရေ။ ၂၀၁၆ ၊ဖေဖော်ဝါရီလ (၅) ရက်၊ သောကြာနိန့် ၊ နိန့် ခင်း(၂)နာရီလောက် အချိန် ရက္ခိုင့်တပ်မတော်လှုပ်ရှားစစ်ကြောင်း တစ်ခုနန့် မြန်မာ (၀ါ) ဗမာစစ်တပ်၏တပ်ရင်း ၃၇၅ ရို့ လေးမြို့ မြစ်ကြောင်းအနီးတစ်နိန်ရာမှာ ထိတွိ တိုက်ခိုက်မှုဖြစ်ပွား ခရေလို့ သတင်းရပါရေ။ တစ်နာရီလောက်ကြာမြင့်ခရေ ဒေထိတွိတိုက်ခိုက်မှုမှာ မြန်မာစစ်တပ်ဖက်က ဗိုလ်အဆင့် အရာရှိတစ်ယောက်အပါအ၀င် ဆယ်ယောက်လောက်ကျလားပြီးကေ ရက္ခိုင့်တပ်မတော်ဖက်က တခုလေ့ ထိခိုက်မှုမဟိကြောင်းကို ရခိုင်ပြည်ထဲက ရက္ခရာစုသတင်းထောက်၏သတင်းပီးပို့ ချက်အရ သိဟိရပါရေ။ နှစ်ပေါင်းရာနန့် ချီပနာ အောက်ကျနောက်ကျလူလုံးမလှ လူရုပ်မပေါက် လူညွန့် တုံးနိန်ရရေဘ၀က လွတ်ကျွတ်လွတ်မြောက်ဖို့ အောက်ခြီပြည်သူလူထုဘ၀ကို အခြီခံကျကျ ပြုပြင်ပြောင်းလဲမှုလုပ်ပီးလားဖို့ အတွက် ဆင်နွဲဖို့ လိုအပ်နိန်ရေ လူထုတိုက်ပွဲ။ လာဖို့ မတ်လ (၁) ရက်နိန့် မှာ ကိုချစ်ဖွယ်ဦးရို့ ဆိုထားကတ်တေ “နှစ်သစ်ချစ်ဦး” လို့ နာမေပီးထားရေ ရခိုင်ကိုယ်ပိုင်သံဇိုင်သင်္ကြန်တေးခြင်းခွေထွက်လာဖို့ လို့ သိရပါရေ။ အဂုပိုင် ရခိုင်ကိုယ်ပိုင်သံဇိုင်တေးခြင်းချေတိ ဆိုဖြစ်ကတ်တေအကြောင်းကို ရက္ခရာစု စာဖတ်ပရိတ်သတ်နန့် ရခိုင်တေးခြင်းကိုချစ်မြတ်နိုးတန်ဖိုးထားနားထောင်အားပီး ကတ်တေ ပရိတ်သတ်ရို့ ကို တင်ပြပီးလားနိုင်ဖို့ ကိုချစ်ဖွယ်ဦးကို အိန်တာဗျူးချင်ပါရေ။ “နှစ်သစ်ချစ်ဦး” လို့ နာမေပီးထားရေ ရခိုင်ကိုယ်ပိုင်သံဇိုင်သင်္ကြန်တေးခြင်းခွေ မတ်လတစ်ရက်နိန့် မှာ ထွက်လာဖို့ ဟိပါရေ။ ချစ်ဖွယ်ဦး၊ မောင်မောင် (အာရကန်) ရို့ ကပင်တိုင်ဆိုထားပြီးကေ စောအောင်မွန်၊ စောနှင်းနွယ်နန့် ပန်းအိနွယ်ရို့ ပါဝင်ကူညီဆိုပီးထားပနာ ရလာရေ အမြတ်ငွေအားလုံးကို “ဗုဒ္ဓကျေးဇူး” ဘုန်းကြီးကျောင်းကို ပြည်ပနိုင်ငံတိရောက် ရခိုင်ပြည်သူလူထုရို့ အသံတိကို နားထောင်ပီးရေ…. သူရို့ ၏သာရေးနာရေးနိုင်ငံရေးတော်လှန်ရေးလှုပ်ယှားမှုတိကို တလေးတစားမှတ်တမ်းတင်ဖော်ပြပီးရေ သတင်းမီဒီယာတိက မဟိသလောက်ရှားရေ။ မြန်မာနိုင်ငံ၏မီဒီယာကဏ္ဍကြီးတခုလုံးကို ဗမာတိကရာ လက်ဝါးကြီးအုပ်ပြီးကေ ဗမာလူမျိုးအကျိုးစီးပွါးအတွက် ဗမာဗဟိုပြုမူဝါဒတိနန့် ရာ ချူပ်ကိုင်ထားရေခါ ကျန်ရေလူမျိုးတိ၏အကြောင်းအရာကိစ္စရပ်တိစွာ ဘေးဖယ်ခံနိန်ရရေ။ နီကောင်းရေမဟုတ်လား?ကိုအဆိုးသျှေတစ်ယောက်နီကောင်းပါစီ လို့လေ့ကြာညိုနိတိုင်း ဆုတောင်းမိတ္တာပို့သနီစွာရာ။ ကိုအဆိုးသျှေတစ်ယောက် ဘေးမသီရန်မခဆူးငြောင့်ခလုတ် မထိဘဲ နီထိုင်ကောင်းပါစီလို့ ကြာညို ဆုတောင်းပီးလိုက်ယင့်။ ကြာညိုလေ့ နီကောင်းရေဝါ။
OSCAR-2019
အောငျမွသောစံမွို့နယျတရားရုံးက ကိုရဲရငျ့ကြျောကို ထောငျ(၃)လခြ – Voice of Myanmar အောငျမွသောစံမွို့နယျတရားရုံးက ကိုရဲရငျ့ကြျောကို ထောငျ(၃)လခြ မန်တလေး ၊ ဇနျနဝါရီ ၉-၂၀၂၀ ဗကသအဖှဲ့ဝငျဟောငျး ကိုရဲရငျ့ကြျောကို ဒီကနမေ့နကျပိုငျးမှာ အောငျမွသောစံမွို့နယျတရားရုံးကနေ ထောငျဒဏျ(၃)လခမြှတျခဲ့တယျလို့ သိရပါတယျ။ ပွီးခဲ့တဲ့၂၀၁၈ ခုနှဈ မလေက မန်တလေးမွို့ကြုံးတောငျဘကျခွမျးမှာ တိုငျးရငျးသားဒသေမြားမှာ ထိုးစဈမြားရပျဆိုငျးရေးနဲ့ စဈနယျမွအေတှငျး ပိတျမိနတေဲ့ ပွညျသူတှေ လှတျပေးရေးအတှကျ ဖယောငျးတိုငျမီးထှနျးပွီး ဆုတောငျးဆန်ဒပွမှုနဲ့ ပတျသကျလို့ ဗကသကျောမတီဝငျဟောငျးတှေ ဖွဈတဲ့ ကိုသနျးထိုကျ ကိုရဲရငျ့ကြျောနဲ့ ကိုနှငျးအောင်တို့ကို ငွိမျးစုစီ ၁၉ နဲ့ အမှတျ ၅ မွို့မရဲစခနျးမှာ အမှုဖှငျ့ခဲ့တာဖွဈပါတယျ။ အဲဒီနောကျ ကိုသနျးထိုကျနဲ့ ကိုနှငျးမောငျတို့ကို ဖမျးဆီးခဲ့ပွီး ငွိမျးခမျြးစှာစုဝေးလှညျ့လညျခှငျ့ ဥပဒပေုဒျမ ၁၉ နဲ့ ၂၀၁၈ ခုနှဈ ဇူလိုငျလအတှငျးမှာပဲ အောငျမွသောစံမွို့နယျတရားရုံးကနေ ထောငျဒဏျ ၃ လဆီကခြံဖို့ အမိနျ့ခခြဲ့ပါတယျ။ ဒီအမှုကနလှေတျမွောကျနတေဲ့ ကိုရဲရငျ့ကြျောကိုတော့ ပွီးခဲ့တဲ့ ၂၀၁၉ခုနှဈ နိုဝငျဘာ ၁၉ ရကျက မဟာအောငျမွမွေို့နယျအတှငျးက လကျဖကျရညျဆိုငျတဈခုမှာ ဖမျးဆီးခဲ့တာဖွဈပွီး ဒီကနရေုံ့ခြိနျးမှာ ထောငျဒဏျ(၃)လ ခမြှတျခဲ့တာဖွဈပါတယျ။ #VOM #voiceofmyanmar #မန်တလေး #ကိုရဲရငျ့ကြျော #ထောငျ၃လကြ အောင်မြေသာစံမြို့နယ်တရားရုံးက ကိုရဲရင့်ကျော်ကို ထောင်(၃)လချ မန္တလေး ၊ ဇန်နဝါရီ ၉-၂၀၂၀ ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကို ဒီကနေ့မနက်ပိုင်းမှာ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ်(၃)လချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် မေလက မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်းမှာ တိုင်းရင်းသားဒေသများမှာ ထိုးစစ်များရပ်ဆိုင်းရေးနဲ့ စစ်နယ်မြေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ လွှတ်ပေးရေးအတွက် ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းဆန္ဒပြမှုနဲ့ ပတ်သက်လို့ ဗကသကော်မတီဝင်ဟောင်းတွေ ဖြစ်တဲ့ ကိုသန်းထိုက် ကိုရဲရင့်ကျော်နဲ့ ကိုနှင်းအောင်တို့ကို ငြိမ်းစုစီ ၁၉ နဲ့ အမှတ် ၅ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုသန်းထိုက်နဲ့ ကိုနှင်းမောင်တို့ကို ဖမ်းဆီးခဲ့ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ အောင်မြေသာစံမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ လဆီကျခံဖို့ အမိန့်ချခဲ့ပါတယ်။ ဒီအမှုကနေလွတ်မြောက်နေတဲ့ ကိုရဲရင့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၉ ရက်က မဟာအောင်မြေမြို့နယ်အတွင်းက လက်ဖက်ရည်ဆိုင်တစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ရုံချိန်းမှာ ထောင်ဒဏ်(၃)လ ချမှတ်ခဲ့တာဖြစ်ပါတယ်။
2022/05/17 01:54:45
https://voiceofmyanmarnews.com/news/2020/01/09/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%9E%E1%80%AC%E1%80%85%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%90%E1%80%9B/
mC4
2021/12/04 10:19:23
https://reallink365.com/%E1%80%A1%E1%80%99%E1%80%BE%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%AF%E1%80%B6%E1%80%99%E1%80%BE%E1%80%AC-%E1%80%85%E1%80%BD%E1%80%94%E1%80%B7%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%91/
mC4
အိုကီးယားဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင်တစ်ဦးလက်တုံ့ပြန်သတ်ဖြတ်ခံရ | Narinjara News နိရဉ္စရာ၊ ဇွန် ၂၃/ ၂၀၂၂ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိုကီးယားမြိုကနယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင် တစ်ဦး ဇွန် ၂၂ ရက်နေ့က လက်တုံ့ပြန်သတ်ဖြတ်ခံခဲ့ရသည်ဟု The Daily Star သတင်းအရ သိရသည်။ သေဆုံးသူမှာ Mohammad Shah (၄၂)နှစ်ဖြစ်ပြီး Modhurchora ဒုက္ခသည်စခန်းတွင် နေထိုင်သူဖြစ်သည်။ ကွယ်လွန်သူ၏ဇနီးဖြစ်သူ ဆာဂျီဒါဘေဂွန်က ၎င်း၏ခင်ပွန်းသည် ပျက်နေသာမိုဘိုင်းဖုန်း ဆက်သွယ်ရေးကို ပြုလုပ်ရန် နံနက် ၆ နာရီ ၃၀ ခန့်တွင် နေအိမ်မှ ထွက်ခွာသွားပြီး ဆိုင်တစ်ဆိုင်အနီးတွင် မတ်တပ်ရပ်နေစဉ် အမည်မသိလူတချို့ ရုတ်တရက်ရောက်လာပြီး ပစ်သတ်ကာ ထွက်ပြေးသွားကြသည်ဟု ပြောဆိုသည်။ ၎င်းအား ကျည်ဆန်ဒဏ်ရာများဖြင့် ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ည ၈း၃၀ နာရီခန့်တွင် သေဆုံးသွားကြောင်း ဆရာဝန်များက ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။ ခင်ပွန်းဖြစ်သူကို မည်သူက ပစ်သတ်သွားခဲ့သည်ကို မသိရသေးဟု ဇနီးဖြစ်သူ ဆာဂျီဒါက ပြောသည်။. သေဆုံးသူ သည် အာဆာအဖွဲ့ဝင်ဖြစ်ပြီး Whykong ဒုက္ခသည်စခန်းတွင် နေထိုင်သူ မူဟာမတ် ဟာဆိမ်း (Mohammad Hashim) သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်သဖြင့် လက်တုံ့ ပြန်သတ်ဖြတ်ခြင်းအဖြစ် ထောက်လှမ်းရေးအေဂျင်စီမှ သံသယရှိနေကြောင်း ၎င်းသတင်း ရင်းမြစ်များကို ကိုးကားပြီး ဘင်္ဂလာရဲတပ်ဖွဲ့ ပြောသည်။ အိုကီးယား ရဲစခန်းမှ တာဝန်ခံ Sheikh Mohammad Ali က ရုပ်အလောင်းအား ခွဲစိပ်စစ်ဆေးပြီးနောက် မိသားစုဝင်များထံ လွှဲပြောင်းပေးမည်ဖြစ်သော်လည်း အမှုမဖွင့်ရသေးဟု ပြောဆိုသည်။
2022/06/25 17:37:28
https://burmese.narinjara.com/international/detail/62b443fd9ed2434b81342ffa
mC4
ရုပ်ရှင်ရိုက်ဖို့အောက်ကျို့ပြောတာတောင် မခေါ်ကြတော့ဘူးဆိုတဲ့ ဧရာ - Nanmalgyi ဟာသသရုပ်ဆောင် လူရွှင်တော် ဧရာကို ပရိသတ်တွေတော်တော်များများက ငယ်စဉ်ကတည်းက Video တွေ ရုပ်ရှင်တွေမှာ ဇာတ်ရုပ်ပေါင်းစုံနဲ့မြင်ဖူးပြီး ရင်းနှီးနေခဲ့သလို မြန်မာကားတွေမှာ ဧရာမပါရင်တစ်ခုခုလိုနေသလိုမျိုးခံစားရလောက်အောင် ဧရာက ရုပ်ရှင်ကားတိုင်းနီးပါးမှာ ပါဝင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်ပါတယ်။ အခုတော့ ဦးဧရာဟာ ဇရာထောက်လာပြီဖြစ်တဲ့အလျောက် ရုပ်ရှင်ဗီဒီယိုတွေရိုက်ရတာကျဲပါးလာပြီဖြစ်ပြီး ကျန်းမာရေးကလည်း သိပ်မကောင်းတော့တာကြောင့် ပရိသတ်တွေနဲ့အနည်းငယ်အလှမ်းဝေးသလိုဖြစ်နေခဲ့တာပါ။ ဦးဧရာက မကြာသေးမီက အကုန်သိ မီဒီယာနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကိုပြောပြထားပြီး ရုပ်ရှင်ရိုက်ဖို့မခေါ်ကြတော့တဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်ထားပါတယ်။ ဇာတ်ကားတွေရိုက်ဖို့ကို အောက်ကျို့ပြီးပြောနေပေမယ့်လည်းမခေါ်ကြတဲ့အကြောင်း "ဦးက လက်ခံဖို့ပြောတယ်ပေါ့နော်။ တစ်ခါမှအောက်မကျို့ဖူးဘူး။အခု အောက်ကျို့ခံပြီးပြောတယ်။ ခေါ်ပါကွာ။ ပြေးတာလွှားတာတော့မရဘူးပေါ့။ စကားပြောတဲ့အခန်း လမ်းလျှောက်ပြီးသွားတဲ့အခန်းဘာညာတော့ ရိုက်လို့ရနေပါပြီ။ ပြေးတဲ့လွှားတဲ့အခန်းရိုက်ချင်ရင်တော့ ဓားအစစ်နဲ့လိုက်အဲဒါဆိုကြောက်ပြီးပြေးရင်ပြေးမယ်ပေါ့။ ဒါပေမယ့်ခေါ်တာရှားပါတယ်။မခေါ်ကြပါဘူး။ ရိုက်တာလည်းနည်းပါးတယ်။ ရိုက်တဲ့အားလည်းမရှိကြလို့ပါ။ အခုတော့ ဦးကိုယ်တိုင်ရေးထားတဲ့ တစ္ဆေရွေးကောက်ပွဲဆိုတာလေးကို ဆရာသီကိုအပ်ထားတယ်။ ဇာတ်လမ်းတွဲပေါ့။ episode 20 အထိရေးထားပြီးသား။ ဒါလေးကိုရိုက်ချင်တယ်။ ပရိသတ်တွေလည်းအဲဒါလေး ရိုက်ခွင့်ရအောင်ဆုတောင်းပေးကြပါ"လို့ ရင်ဖွင့်ပြောပြထားပါတယ်။
2019/12/10 07:14:30
https://nanmalgyi.com/archives/87243
mC4
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့်ပိတ်ထားခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက် ဒီနေ့ မနက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက် ပျံ့နှံ့မှုကို နှစ်ဘက်ထိန်းချုပ်လာနိုင်တဲ့ အခြေအနေကြောင့် ရခိုင်ပြည်နယ် စစ်ကောင်စီက အခုလိုခွင့်ပြုချက်ချပေးခဲ့တာဖြစ်တယ်လို့ စစ်တွေအခြေစိုက် ကုန်သည် လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ “အဓိကကတော့ ဒီဘက်က ကိုဗစ်ရောဂါ ထိန်းချုပ်လာနိုင်တယ်။ပြီးတော့ တစ်ဘက်နိုင်ငံမှာလည်း ကိုဗစ်ဖြစ်ပွားနှုန်း ကျဆင်းလာတယ်။ အထိုက်အလျောက်သူတို့လည်း ထိန်းချုပ်လာ နိုင်တယ်ဆိုတဲ့ အခြေအနေကြောင့် ဖွင့်ခွင့်ပြုလိုက်တာပါ။” ဒီလို နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး စည်း ကမ်းချက်တွေနဲ့အညီ ကုန်သွယ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေချိန် ပြီးခဲ့တဲ့ ဇူလိုင်လလယ်က စတင်ပြီး မြန်မာဘက်က ပြန်လည်ပိတ်ထားခဲ့တာပါ။ ဒီလိုပိတ်ထားခဲ့တာကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ သန်းကျော်သာရှိခဲ့ပြီး အရင်ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၁၆ သန်းကျော် ကုန်သွယ်မှုလျော့ကျခဲ့တယ်လို့ စစ်ကောင်စီစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်ရေး စာရင်းတွေအရ သိရပါတယ်။ “ပိတ်ထားတဲ့ကာလမှာတော့ ကုန်သွယ်မှုလုံးဝရပ်သွားတာပေါ့၊ ဧပြီလ သင်္ကြန်မတိုင်ခင်က နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်တယ်။ သင်္ကြန်မတိုင်ခင်ကနေ စဖွင့်ပြီး ဇူလိုင်လလယ်လောက်မှာ တစ်ကြိမ် ပြန်ပိတ်ခဲ့တာပေါ့။ အဲဒီတော့ ကုန်သွယ်မှုပမာဏက ထိခိုက်သွားတဲ့ အနေအထား ရှိတာပေါ့” လို့ စစ်တွေအခြေစိုက် ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က စိုက်ပျိုးရေး ထွက်ကုန်၊ ရေထွက်ကုန်၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ တင်ပို့နေတာပါ။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၁ သန်း ကျော်ထိရှိခဲ့ပြီး၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၃၅ သန်းကျော်သာ ရှိခဲ့ပါတယ်။ ရာသီ အခြေအနေအပေါ်မူတည်ပြီး စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုကနေ တစ်လကို ပျဉ်းမျှအမေရိကန်ဒေါ်လာ ၇ သန်းဝန်းကျင် ကုန်သွယ်မှုပြုနေတယ်လို့ကုန်သည်တွေက ဆိုပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့နိုင်ငံခြားကုန်သွယ်မှုမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်တန့်နေသလို၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးက လည်း ရပ်တန့်ထားရပါတယ်။ Tags နယ်စပ်ကုန်သွယ်ရေးမြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်စပ်သတင်းများ မောင်တောနှင့် မြောက်ဦးခရိုင်တွင် လမ်းများပိတ်ထားသဖြင့် ကုန်သွယ်မှုကျဆင်းပြီး ဒေသခံများ အခက်ကြုံ 2 months Ago နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၃၅ သန်းကျော်လျော့ကျ 2 months Ago ရွှေလီမြို့တွင် လော့ဒေါင်းချထားသဖြင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်ပြီး မြန်မာကုန်စည်များ ပိတ်မိ ပျက်စီး 2 months Ago Print Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.
2022-11-28T22:42:12Z
http://burmese.dvb.no/archives/493808
OSCAR-2301
နယ်စပ်တစ်လျှောက် ရခိုင်ကျေးရွာများတွင် ညကင်းချပြီး စောင့်ကြပ်ရ နိရဉ္စရာ၊ သြဂုတ် ၂၂ သြဂုတ် ၂၅ ရက် အကြမ်းဖက်ခံရသည့် နှစ်ပတ်လည်နေ့ နီးကပ်လာသဖြင့် မြန်မာ နိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်ရှိ ရခိုင်ကျေးရွာများတွင် ညကင်းချပြီး စောင့်ကြပ်နေကြရသည်ဟု သတင်းရရှိသည်။ မောင်တောမြို့နယ် မြောက်ဘက်အစွန်ဆုံး ဗန္ဓုလ ကျေးရွာမှ အုပ်ချုပ်ရေးမှူးအား ဆက်သွယ် မေးမြန်းရာ သူတို့ရွာတွင် ပြည်သူ့စစ်များရှိပြီး ကျေးရွာသားများမှာ ပြည်သူ့စစ်၊ နယ်ခြား စောင့်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကင်းစောင့်ခြင်း၊ ကင်းလှည့်ခြင်းများကို ညတိုင်း ပြုလုပ်နေရသည်ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။ " အဓိကတော့ ကိုယ့်ရွာလုံခြုံရေးအတွက် ရွာမှာကင်းစောင့်ရတာ ဖြစ်ပါတယ်။ တစ်ညဆိုရင် တစ်ဖွဲ့ နှစ်ဖွဲ့၊ အဲသလို အဖွဲ့ခွဲပြီး စောင့်ရပါတယ်။ ကျွန်တော်တို့ရွာမှာက ပြည်သူ့စစ်လည်းရှိတဲ့ အတွက် လက်နက်တွေနဲ့ အတူ ရွာလုံခြုံရေးကို ယူထားပါတယ်" ဟု ပြောကြားသည်။ အလားတူ ကင်းစောင့်နေကြရသည့် ကျေးရွာများမှာ ဗန္ဓုလ ကျေးရွာအနီးရှိ အောင်ချမ်းသာ၊ တပ်ချောင်း၊ ဒုံးညို၊ အောင်သပြေ၊ သုပန်နဂ စသည့် ကျေးရွာများ ဖြစ်ကြသည်ဟု သိရသည်။ မောင်တောမြို့နယ် မြောက်ပိုင်း ကပ္ပကောင်းကျေးရွာတွင်လည်း ရွာသားများအနေဖြင့် လွန်ခဲ့သည့် ၅ ရက်ခန့်ကစပြီး ညစဉ်ညတိုင်း ကင်းယူနေကြရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ " ကောလာဟလတွေက အမျိုးမျိုးထွက်နေပါတယ်။ အကြမ်းဖက်အဖွဲ့တွေ နှစ်ပတ်လည်နေ့မှာ ၀င်တိုက်မယ်။ ဘာညာဆိုပြီး ပြောနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသမှာ ဘာမှ ထူးခြားမှု မရှိသေးပါဘူး။ ရွာမှာ နယ်ခြားစောင့်ရဲလည်း ရှိပါတယ်။ အနီးအနားမှာ တပ်မတော်သားတွေလည်း အများကြီးချထားပါတယ်။ ကင်းကတော့ ရွာက လူငယ်တွေက နယ်ခြားစောင့်တပ်နဲ့ ပေါင်းပြီး ညတိုင်း ကင်းယူထားရပါတယ်။ အတင်းခိုင်းတာတော့ မဟုတ်ပါဘူး။ ရွာသားတွေက တာဝန်အရ လုပ်ကြတာပါ" ဟု သူက ပြောကြားသည်။ မောင်တောမြို့နယ် တောင်ပိုင်းရှိ ရခိုင်နှင့် တိုင်းရင်းသားကျေးရွာများတွင် ကင်းယူနေကြရသည်ဟု ဒေသခံများက ပြောကြားသည်။ " ကျွန်တော်တို့ မောင်တောမြို့နယ် တောက်လျှောက် ရခိုင်အပါအ၀င် တိုင်းရင်းသား ကျေးရွာ တွေမှာ ညတိုင်း ကင်းယူနေကြရပါတယ်။ အဓိကတော့ နှစ်ပတ်လည်နေ့မှာ အာဆာ အကြမ်းဖက်အဖွဲ့ တိုက်နိုင်တယ်။ ဒီလိုဘဲ သတင်းတွေထွက်နေပါတယ်။ ဒီအတွက် ကင်းယူနေကြရတာ လေးငါးရက်ခန့်ရှိပါနေပါပြီ" ဟု ကင်းချောင်းရွာမှ ကိုမောင်ဟန်စိုးက ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် သြဂုတ် ၂၅ ရက် နှစ်ပတ်လည်နေ့နှင့် နီးကပ်လာသဖြင့် စစ်တွေ အပါအ၀င် မြို့တိုင်းတွင် လုံခြုံရေး တိုးမြှင့်ထားပြီး သတိ အနေအထားဖြင့် ရှိနေကြောင်း၊ အထူးသဖြင့် နယ်စပ် မြို့နယ်များ ဖြစ်ကြသည့် မောင်တော မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးကို နှစ်ဆ သုံးဆခန့် တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကလည်း ထုတ်ဖော်ပြောကြားထားသည်။ ဒေသခံ ပြည်သူများ အနေဖြင့်လည်း ညစဉ်ညတိုင်း ရွာကင်းများကို ယူပြီးစောင့်ကြပ်နေရသည် သာမက ယခုရက်ပိုင်း အတွင်း သတိထားပြီး သွားလာနေကြရသည်ဟုလည်း ဒေသခံများက ပြောကြားသည်။
2019/05/21 03:31:08
http://www.thithtoolwin.com/2018/08/blog-post_143.html
mC4
ရွေးကောက်ပွဲ တရားဝင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မလိုအပ်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြောကြား - Yangon Media Group ရွေးကောက်ပွဲ တရားဝင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု မလိုအပ်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြောကြား Sunday 12 Nov 2017 - 15:12 ''နိုင်ငံတော်ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ်ရလဒ် တွေကြေညာမယ်။ ဘယ်သူက အသိအမှတ်ပြုပေးတာ မပြုတာမလို ဘူး။ ကျုပ်တို့ အဲဒါမလိုဘူး''ဟု ဟွန်ဆန်က ပြောသည်။ မဲစာရင်း ပိတ်သွားပြီဖြစ်သော်လည်း ပြည်ပ ရောက် မဲပေးနိုင်သူ သုံးပုံနှစ်ပုံခန့် စာရင်းမသွင်းရသေးပြီးနောက် ဟွန်ဆန်က ထိုသို့ကြေညာလိုက်ခြင်း ဖြစ်သည်။ လူဦးရေ ၁ ဒသမ ၆ သန်း မဲစာရင်းသွင်းရန် မျှော်လင့် ခဲ့သော်လည်း ငါးသိန်းကျော်သာ လာရောက် စာရင်းသွင်းခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင် အတွင်း ရေးမှူးချုပ်ကဆိုသည်။ ဟွန်ဆန်၏အစိုးရသည် အတိုက်အခံ CNRP ပါတီကို ဖျက်သိမ်းပေးရန်လည်း တရားရုံးအား တောင်းဆိုထားသည်။ အဆိုပါ အမှုကို နိုဝင်ဘာ ၁၆ ရက်တွင် စီ ရင်ချက်ချမည်။ CNRP ပါတီသည် လူထုထောက်ခံမှု တဖြည်း ဖြည်းပိုများလာပြီး ဟွန်ဆန်၏ CPP ပါတီကို ယှဉ်ပြိုင်နိုင်မည့် အလားအလာရှိနေသည်။ More in this category: « ဦးကိုနီ အသတ်ခံရမှု ဂိုရှယ်လေး ဖေ့စ်ဘွတ်ခ်မှ ဓာတ်ပုံများကို သက်သေခံအဖြစ် တရားရုံးခွင့်ပြု မြောက်ကိုရီးယားကို ခြိမ်းခြောက်ရန် အမေရိကန် လေယာဉ်တင် သင်္ဘောများ စစ်ရေးလေ့ကျင့် »
2018/05/20 21:31:12
https://yangonmedia.com/political/item/1157-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD-%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD%EF%BF%BD
mC4
အင်ဒိုနီးရှားနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မျှမျှတတဆောင်ရွက်ကြဖို့ဝန်ကြီး တိုက်တွန်း | Commerce Journal Skip to main content Top Menu Home Editor Letter Cover Story Main menu သတင်းများ စီးပွားရေးသတင်း ပြည်တွင်းစီးပွားရေး နိုင်ငံတကာစီးပွားရေး နယ်စပ်စီးပွားရေး ဆီထွက်သီးနှံ ပြည်တွင်းဆီထွက်သီးနှံသတင်း နိုင်ငံတကာဆီထွက်သီးနှံသတင်း သစ်သီးဝလံ ဟင်းသီးဟင်းရွက် ပြည်တွင်းသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်သတင်း ရန်ကုန်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ဈေးနှုန်း မွေးမြူရေးနှင့်ရေလုပ်ငန်းသတင်းများ ကုန်သွယ်ရေးသတင်းများ ဆန်စပါးထုတ်လုပ်ရေးသတင်း ဈေးကွက်သတင်း ဈေးကွက်စီးပွားရေးသတင်း လယ်ယာထွက်ကုန်ပစ္စည်းသတင်း ပြည်တွင်းလယ်ယာထွက်ကုန်များသတင်း နိုင်ငံတကာလယ်ယာထွက်ကုန်သတင်း ကုန်စည်ဒိုင်များ၏စျေးကွက်နှင့်စျေးနှုန်းသတင်း အပြည်ပြည်ဆိုင်ရာဈေးကွက်သတင်း ပြည်တွင်းဈေးကွက်သတင်း နိုင်ငံတကာဈေးကွက်သတင်း ဓာတ်ဆီ၊ဒီဇယ်ဈေးနှုန်း ရွှေဈေးနှုန်း ငွေကြေးဈေးကွက် အထွေထွေ ကုန်စည်သစ်မိတ်ဆက် စီးပွားရေးသတင်းဆောင်းပါး စကားဝိုင်း ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး ပြည်ပမြန်မာသံရုံးမှပေးပို့သောသတင်းများ ရိတ်သိမ်းချိန်လွန်နည်းပညာ အထွေထွေသတင်းများ Cover Story ဆက်သွယ်ရန် Download PDF Background You are here Home » -ပြည်ပရှိမြန်မာသံရုံးများမှပေးပို့သောသတင်းများ » အင်ဒိုနီးရှားနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မျှမျှတတဆောင်ရွက်ကြဖို့ဝန်ကြီး တိုက်တွန်း » အထွေထွေ အင်ဒိုနီးရှားနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မျှမျှတတဆောင်ရွက်ကြဖို့ဝန်ကြီး တိုက်တွန်း Wed, 11/18/2015 - 21:08 -- journal_editor အတွဲ(၁၅)၊အမှတ်(၄၄) သဘာဝသယံဇာတတွေကို ရှာ ဖွေထုတ်လုပ်ရာမှာFreeport Mc- Moran Inc.သတ္တုတူးဖော်ရေး ကုမ္ပဏီ အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များက အင်ဒိုနီးရှားနိုင်ငံအပေါ် မျှမျှ တတ ဆောင်ရွက်ကြစေ လိုကြောင်း ရေေ ကြာင်းရေးရာ ပေါင်းစပ်ညှိနှိုင်း ရေးဝန်ကြီး ရီဇာရမ်မလီက အောက်တို ဘာ ၁၃ ရက်က ပြောကြားချက်ကို ကိုးကားပြီး အင်တာရာနယူးစ်သတင်း မှာ ဖော်ပြပါတယ်။ အမေရိကန်-အာဆီယံ စီးပွား ရေးကောင်စီမှာFreeport McMoran ကုမ္ပဏီအပါအဝင် အမေရိကန်စီးပွား ရေးလုပ်ငန်းအမှုဆောင်များနဲ့ တွေ့ဆုံ တဲ့ အစည်းအဝေးမှာ စွမ်းအင်နဲ့ သတ္တု သယံဇာတ ဝန်ကြီးဌာနကိုလည်း တာဝန်ယူထားရသူ ရီဇာက ယခုကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ''ကျွန်တော်တို့က မျှမျှတတ ဖြစ်ချင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို မျှမျှတတဆက်ဆံပြီး ပွင့်လင်းမြင်သာ မှုရှိစေလိုတဲ့ဆန္ဒရှိပါတယ်။ ဒီလိုမျှမျှတ တဆောင်ရွက်သွားရင် အင်ဒိုနီးရှား နိုင်ငံမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအတွက်လည်း ကောင်း လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါ တယ်''လို့ သူက ပြောပါတယ်။ အထူးသဖြင့်Freeport နဲ့ပတ် သက်ပြီး ပြောကြားရာမှာ အင်ဒိုနီးရှား နိုင်ငံမှာ ဆောင်ရွက်လျက်ရှိတဲ့ စီးပွား ရေးအလေ့အကျင့်များကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ဖို့ ရီဇာ က တိုက်တွန်းပါတယ်။ ကုမ္ပဏီက အင်ဒိုနီးရှားအစိုးရ ကို ပေးသွင်းတဲ့ ခိုင်ကြေးကိုတိုးမြှင့်ဖို့၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ စွန့် ပစ်ရေ ထိန်းချုပ်မှုစနစ်ကို ဆောင်ရွက် ဖို့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သတ္တုအရည် ကျိုစက်များ တည်ဆောက်ခြင်းဖြင့် ကုန်ကြမ်း ထုတ်လုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ သူက တိုက်တွန်းပါတယ်။ ''အခုကတည်းက Freeport အနေနဲ့ အင်ဒိုနီးရှားအစိုးရရဲ့ ပန် ကြားချက်ကို ဖြည့်ဆည်းပေးရင် သဘောတူစာချုပ်ကို အပြီးသတ်ချုပ် ဆိုဖို့ မဖြစ်နိုင်စရာ မရှိပါဘူး။ ဟိုအရင် ကတော့ ကန်ထရိုက်စာချုပ် သက်တမ်း တိုးဖို့ လုပ်တိုင်း အဆင်မပြေ မှုတွေဖြစ် တတ်ပါတယ် ''လို့ သူက ပြောပါတယ်။
2022-12-07T10:39:56Z
https://www.commercejournal.com.mm/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%9B%E1%80%BE%E1%80%AD%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9E%E1%80%B6%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%B7%E1%80%9E%E1%80%B1%E1%80%AC%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8/16920
OSCAR-2301
2021/11/30 14:26:30
https://www.seniorgeneralminaunghlaing.com.mm/13185/%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A6%E1%80%B8%E1%80%85%E1%80%AE-459/
mC4
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း၂၀၁၆ ဖွင့်ပွဲကျင်းပ Tuesday, December 20, 2016 - 00:00 ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၁၆ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း ၂၀၁၆ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့က တက်ရောက်အမှာစကားပြောကြားသည်။ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ မူ၀ါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၁၉ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ မူ၀ါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ ကျင်းပရာ အမျိုးသားပညာရေးမူ၀ါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်နှင့် UNICEF မှ မြန်မာကိုယ်စားလှယ် Mr. Bertrand Bainvel တို့က အဖွင့်အမှာစကားပြောကြားကြသည်။ မုံရွာစီးပွားရေးတက္ကသိုလ် တည်ထောင်သောနေ့ (၁၈)နှစ်မြောက် အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ မုံရွာ ၂၀၁၆ ဒီဇင်ဘာ ၁၇ မုံရွာစီးပွားရေးတက္ကသိုလ် တည်ထောင်သောနေ့ (၁၈)နှစ်မြောက် အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲအခမ်းအနားကို ၁၇-၁၂-၂၀၁၆ (စနေနေ့)တွင် မုံရွာစီးပွားရေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံ အဆင့်မြင့်ပညာရေးလေ့လာရေးခရီးစဉ် မှ ပြန်လည်ရောက်ရှိ ရန်ကုန် ၂၀၁၆ ဒီဇင်ဘာ ၇ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သော အဖွဲ့ဝင်(၇)ဦး ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံ အဆင့်မြင့်ပညာရေး လေ့လာရေးခရီးစဉ်အဖြစ် နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ဗြိတိန်နိုင်ငံ သို့သွားရောက်လေ့လာကာ ယနေ့ နံနက်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဦးစီးအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ Monday, November 28, 2016 - 00:00 ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၇ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဦးစီးအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ်များ အားကစားကွင်း၌ ကျင်းပသည်။ အမှတ်စဉ်(၅/ ၂၀၁၆)ကျောင်းစီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၆ ပညာရေး၀န်ကြီးဌာန အခြေခံပညာဦးစီးဌာန အမှတ်စဉ်(၅/ ၂၀၁၆)ကျောင်း စီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ ကယားပြည်နယ်တွင် ပညာရေးလုပ်ငန်းများဆောင်ရွက် Friday, November 25, 2016 - 00:00 လွိုင်ကော် ၂၀၁၆ နိုင်ဝင်ဘာ ၂၁ ဒေသလိုအပ်ချက်၊လုပ်သားဈေးကွက် လိုအပ်ချက် နှင့်ကိုက်ညီသော အရည်အသွေးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဘွဲ့ရ လူငယ်မောင်မယ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးရန် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၊ လွိုင်ကော်နည်းပညာတက္ကသိုလ်၊ လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်၊ လွိုင်ကော်ပညာရေးကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခ ဌာနမှူးများနှင့် ကယားပြည်နယ်အတွင်းရှိ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ပညာရေးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများနှင့် (၁၉.၁၁.၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းက လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် တိုက်တွန်း မှာကြားခဲ့သည်။ ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်းဖွင့်ပွဲကျင်းပ ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂၃ ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် တိုတယ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(ရတနာ)စီမံကိန်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်းနှင့် တိုတယ်မြန်မာရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း(ရတနာစီမံကိန်း)မှ General Manager Mr.Xavier Preel တို့က အဖွင့်အမှာစကားပြောကြားကြသည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ရန်ကုန် ၂၀၁၆ နို၀င်ဘာ ၂ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ ကြီးမှူးကျင်းပပြုလုပ်သော တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီက ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ်များ အားကစားကွင်း၌ ကျင်းပသည်။
2020/10/25 08:53:59
http://www.moe.gov.mm/?q=news&page=85
mC4
♪ "ခရီးလမ်းသုံးမိုဘိုင်းဖုန်း" ♫ ~ ဝင်းကမ္ဘာကျော် ♪ "ခရီးလမ်းသုံးမိုဘိုင်းဖုန်း" ♫ Sunday, September 04, 2016 Pyae Phyo (MMiTD) No comments တစ်နိုင်ငံလုံး၊တစ်ကမ္ဘာလုံးမိုဘိုင်းကွန်ရက်တွေ ဖြန့်ကြက်ကြပြီဆိုသည့်အခါ ခရီးသွား၊ခရီးလာအတွက်မိုဘိုင်းဖုန်းကမပါမဖြစ်။မိုဘိုင်းဖုန်းပါသဖြင့်မိမိ ဆက်သွယ်လိုသည့်နေရာကိုအလွယ်တကူဖုန်းဆက်နိုင်မည်။မိမိ၏ဆွေမျိုး သင်္ဂဟများချစ်သူခင်သူများနှင့်ရောက်လေရာတွင်ဖုန်းဆက်နိုင်မည်။ဤမျှဖြင့်စာမဖွဲ့လောက်။ခလုတ်ဖုန်းမ ကိုင်ဘဲစမတ်ဖုန်းကိုင်လျှင်ထိုထက်မက ပြုလုပ် နိုင်သောအရာများရှိသည်။စမတ်ဖုန်းကကိုင်ရတွယ်ရခက် သည် ဆိုပြီး ကြောက်သူတွေရှိသည်။အမှန်တကယ်မှာသုံးတတ်သွားလျှင်စမတ်ဖုန်းက ခလုတ်ဖုန်းထက်သုံးရများစွာလွယ်ကူသည်။မျက်စိယဉ်အောင်အချိန်ယူရလျှင် ကြာလှတစ်ပတ်။စမတ်ဖုန်းဈေးကြီးသည်ဟုဆိုသူတွေလည်းရှိမည်။ ကျပ်သုံးသောင်းဝန်းကျင်ဖြင့်ရနိုင်သောလေးလက်မအရွယ်စမတ်ဖုန်းများ ဈေးကွက်ထဲမှာရှိနေပါပြီ။မျက်စိ ကိုဖွင့်နားကိုစွင့်ကြည့်ပါ။စမတ်ဖုန်းတစ်လုံး လက်ထဲမှာရှိပြီဆိုလျှင် ပြည်တွင်းခရီးသွားသွား၊ ပြည်ပခရီးသွားသွား အထောက်အကူပေးမည့်appများသုံးပြီးအဆင်ပြေလွယ်ကူအောင်ကြိုးစားကြ ပါမည်။ <Waze> iOSတွင်သာမကAndroid စနစ်ပေါ်မှာပါသုံးနိုင်သောဤapp ကို www.waze.com မှနေ၍download ချပြီးသုံးနိုင်ပါသည်။ ခရီးအစနှင့် အဆုံး ကိုသာသတ်မှတ်ပေးလိုက်ပါ။Wazeကမိမိ၏ခရီးစဉ်အဆုံးဆိုက်ရောက်မည့် နေရာနှင့်ပတ်သက်ပြီး သတင်းပေးပါမည်။မိမိသွားရာခရီးလမ်းပေါ်တွင်ယာဉ် မတော်တဆမှုကြောင့်လမ်းကြောင်းပိတ်နေမည်လား၊လမ်းပိတ်နေလျှင် မည်သည့်လမ်းကြောင်းမှလွှဲပြီးသွားနိုင်မည်နည်း၊အခြားသောအနှောင့်အယှက်များရှိဦးမည်လားစသည်တို့ကို အဆိုပါလမ်းကြောင်းပေါ်တွင်သွားနေသူတို့ထံမှရသောCrowds-sourced data ဖြင့်အသိပေးပါမည်။Wazeတွင်ရှိသော တိုက်ရိုက်ပြမြေပုံ (Live maps) ကလည်းသတင်းအချက်အလက်မျာuးpdate လုပ်သည်နှင့်အမျှမှန်မှန်ပြောင်းလဲနေသည်။ယာဉ်မောင်းရာတွင်ကြုံတွေ့ရ မည့်အခြေအနေများအပြောင်းအလဲရှိလျှင်သွားရမည့်ခရီးလမ်းကြောင်းကို အလိုအလျောက် ပြန်လည်ရေးဆွဲပြီး ပြသပေးပါမည်။ <Here WeGo> iOSတွင်သာမကAndroid စနစ်တွင်သုံးနိုင်သောဤapp ကို www.here.com/ app မှနေပြီးdownload ဆွဲချပြီးအသုံးပြုနိုင်သည်။ဤapp ၏ထူးခြားချက်မှာ download ချပြီးအသုံးပြုနိုင်သောမြေပုံအရေအတွက်ပိုမိုများပြားခြင်းဖြစ် သည်။ထို့ကြောင့်နိုင်ငံပေါင်းတစ်ရာကျော်နှင့်ပတ်သက်သည့်အွန်လိုင်းမြေပုံ များကိုdownload ဆွဲချပြီးအသုံးပြုနိုင်ပါသည်။လက်တွေ့ခရီးသွားမည်ဆိုလျှင် မူခရီးစဉ်စမှတ်နှင့်ဆုံးမှတ်ကိုဖော်ပြပြီးသက်ဆိုင်ရာမြေပုံကိုdownload ဆွဲချ ခြင်းကပိုမိုသင့်တော်ပါသည်။ယင်းမြေပုံကိုအမှီပြုပြီးGPS သုံးကာခရီး လမ်းကြောင်းကိုoffline ကြည့်ရှုသွားနိုင်ပါသည်။ခရီးလမ်းတစ်ဆစ် ချိုးကွေ့ သွားတိုင်းယင်းapp ကအသံဖြင့်လမ်းညွှန်ချက်များပေးသွားပါမည်။နိုင်ငံ ရပ်ခြား တွင်ကားမောင်းပြီးခရီးသွားရလျှင်ယင်းစွမ်းဆောင်ချက်ကအထူး အသုံးတည့်သည်။သွားရင်းလာရင်းလမ်းတစ်လျှောက် ဈေးဝယ်ချင်ပါက shopping center များကိုလမ်းညွှန်ပြသပေးရန်လည်းအကူအညီတောင်း နိုင်ပါသည်။ <Maps-me> ဤapp ကလည်းiOSတွင်သာမကAndroid တွင်ပါအသုံးပြုနိုင်သည်။ www.maps.me.com မှdownload ဆွဲချနိုင်ပါသည်။ဤapp ၏အားသာချက် မှာကမ္ဘာပေါ်တွင်ရှိသမျှနိုင်ငံအားလုံး၏opensourceမြေပုံကိုအသုံးပြုနိုင်ခြင်း ဖြစ်သည်။မြေပုံအားလုံးကို တစ်ပြိုင်တည်းအသုံးမပြုနိုင်သည့်အားနည်းချက်ရှိပါမည်။ယင်းမြေပုံတို့ကိုသုံးပြီးinteractive journey planning လုပ်နိုင်သည်။ ထိုသို့သောဆောင်ရွက်ခြင်းကိုအင်တာနက်ချိတ်မထားသောoffline တွင် ပြုလုပ်နိုင်ခြင်းကလည်းအားသာချက်ဖြစ်သည်။ဤapp ကပေးသောauto-follow mode ကိုလူအတော်များများသဘောကျပါသည်။မိမိသွားမည့် လမ်းကြောင်းနှင့်ဆီလျော်မည့်မြေပုံကိုဆွဲထုတ်ပြသပေးသောကြောင့်ဖြစ် သည်။ခြေလျင်တောင်တက်ခရီးကြမ်းထွက်မည့်တိုးရစ်များအတွက်ဤapp မှာအကောင်းတကာ့အကောင်းဆုံးထဲမှတစ်ခုဖြစ်ပါသည်။ <Citymapper> www.citymapper.com မှdownload ဆွဲချပြီးအသုံးပြုနိုင်သောဤapp ကိုiOS အတွက်ရောAndroid အတွက်ပါရနိုင်ပါသည်။ဤapp ၏အားနည်းချက်မှာ မြို့ကြီး (၃၂) မြို့နှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုသာ ရနိုင်ခြင်း ဖြစ်သည်။Citymapper၏လွှမ်းခြုံနိုင်သောဧရိယာမှာHere နှင့် Maps.me.appတို့ကိုမမှီပါ။သို့သော်ဤapp သည်ကျန်သည့်မြေပုံapp များအား အရေအတွက်ဖြင့်မပြိုင်ဆိုင်ဘဲအရည်အသွေးဖြင့်ပြိုင်ဆိုင်ရန် ပြင်ဆင်ထား ပါသည်။ဤapp ကိုစသုံးသည့်အခါမိမိလက်ရှိတည်နေရာကိုသာ ပြသပေးပါ မည်။သို့သော်လက်ရှိနေရာမှအခြားမြို့တစ်မြို့သို့အလည်သွားရန်ရွေးချယ် လိုက်ပြီဆိုသည့်အခါယင်း၏အရည်အသွေးကိုစ၍ပြပါတော့သည်။ကနေဒါနိုင်ငံဗင်ကူဘာမြို့မှဂျပန်နိုင်ငံ တိုကျိုမြို့သို့သွားမည်လား။App ကမည်သည့်mode ကိုပင်ပေးထားသည်ဖြစ်စေအများပြည်သူသုံးသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကိုbookmark လုပ်နိုင်သည်။နိုင်ငံအပေါ်မူတည်ပြီးစက်ဘီး ငှားစီးနိုင်မည့်နေရာ၊Uber Taxi ငှားစီးနိုင်မည့်နေရာတိုင်းကိုလည်း သိနိုင် သည်။Appကိုစသုံးပြီဆိုသည်နှင့်ခရီးလမ်းကြောင်းဆိုင်ရာupdate များကို အချိန်နှင့်တစ်ပြေးညီရနိုင်သည်။မိမိစီးမည့်ရထားကိုအချိန်ရွှေ့ဆိုင်းလိုက်သည်လား။မိမိစီးမည့်ကားသည် သက်ဆိုင်ရာမှတ်တိုင်သို့ရောက်လုနီးပြီလားစသည်တို့ကိုအချိန်နှင့်အမျှသိနေရပါမည်။ယင်းအတွက် အင်တာနက်မလိုပါ။မိမိသွားလိုသည့်မြို့သည်Citymapတွင်မပါဝင်ဘဲ ဖြစ်နေမည်လား။စိတ်မပျက်ပါနှင့်။ Vote for Next city နေရာတွင်Tap တစ်ချက်ခေါက်ပြီးနောင်ထုတ်မည့် မြေပုံ တွင်ယင်းမြို့ကိုထည့်သွင်းပေးရန်တောင်းဆိုနိုင်ပါသည်။ <Duolingo> ပြည်ပခရီးသွားမည်ဆိုသည့်အခါအင်္ဂလိပ်စကားပြောနိုင်ငံများသို့ရောက်လျှင်အရေးမကြီး။အခြားသော ဘာသာစကားပြောနိုင်ငံများသို့ရောက်မည်ဆိုလျှင်ယင်းနေရာ၌တွင်တွင်ကျယ်ကျယ်ပြောမည့်ဘာသာ စကားကိုထမင်းစား ရေသောက်မျှသိရန်လိုလာသည့်ထိုကိစ္စအတွက်www.duolingo.com မှနေ၍ Duolingo app ကိုdownload ဆွဲချပြီးအသုံးပြုနိုင်သည်။iOSနှင့်Android device များတွင်အသုံးပြုနိုင်သည်သာမကWindows စနစ်သုံးဖုန်းနှင့် ကွန်ပျူတာများတွင်လည်းအသုံးပြုနိုင်ပါသည်။ခရီးသွားရင်း ဘာသာစကား သိရန်အတွက်အသုံးပြုနိုင်သည်သာမကနိုင်ငံခြားဘာသာစကားသင်ရန် အတွက်ပါအသုံးပြုသင့်သောapp ဖြစ်ပါသည်။ ပြင်သစ်ဘာသာ၊ဂျပန်ဘာသာ တို့ကို ခဏတဖြုတ်သင်ဖူးကောင်းသင်ဖူးပါလိမ့်မည်။သို့သော်တီထွင်မှု အားကောင်းသောဤapp ကမထိတထိသင်ခဲ့ရသောဘာသာစကားတို့ကို ဂိမ်းအဖြစ်အသွင်ပြောင်းပြီးလက်တွေ့လောက၌အသုံးဝင်လာအောင် ပြုလုပ် ပေးပါသည်။မိမိတစ်နိုင် အသုံးပြုရမည့်အချိန်ကိုသတ်မှတ်ပေးပြီးစပိန်ဘာသာ၊ဟီဘရူးဘာသာများအပါအ၀င်ကမ္ဘာပေါ်၌လူသုံးများ သည့်ဘာသာစကား တစ်ဒါဇင်ကျော်ကိုသင်ယူလေ့လာနိုင်ပါသည်။
2017/10/18 09:14:29
http://www.winkabarkyaw.net/2016/09/blog-post_4.html
mC4
ဧဒင်အချစ်ပုံပြင်: အဖြစ်များနေသော မုဒိမ်းမှု လျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိင်စိတ်ကြွဆေးများကို အထူး စီမံချက်ဖြင့် စစ်ဆေး အရေးယူနေ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။ အဖြစ်များလာသော မုဒိမ်းမှု များကို လျော့ကျလာစေရန် ရည် ရွယ်ပြီး အမျိုးသားဆေးဝါးဥပဒေ ဖြင့် အရေးယူမှုပြုလုပ်မည်ဟု တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ သူက ပြောသည်။အထူးစီမံချက်အရ စတင်ပြု လုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင် ရဲအုပ်တစ်ဦးခေါင်းဆောင် သည့် အဖွဲ့တစ်ဖွဲ့က လမ်းမတော် ၁၅ လမ်းရှိ ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့်Roselyn Virginity Top တံဆိပ်လိင်စိတ်ကြွဆေးများ ကို သိမ်းဆည်းရမိခဲ့သည့်အတွက် အမျိုး သားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ မုဒိမ်းမှုဖြစ်စဉ်အချို့တွင် လိင်စိတ် ကြွဆေးများအသုံးပြုမှုများရှိနေ သည် ကိုတွေ့ရှိရသည့်အတွက် ရဲတပ်ဖွဲ့မှ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။ တစ်နိုင်ငံလုံးတွင် ၂ဝ၁၂ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအနက် လူသတ်မှုပြီးလျှင်မုဒိမ်းမှုမှာ အများဆုံးဖြစ်ခဲ့ပြီး အမျိုး သမီး ၆၂ ဦး အဓမ္မကျင့် ခံခဲ့ရသည်။ထို့အတူ ၂ဝ၁၃ ဇန်နဝါရီလတွင် လည်း အမျိုးသမီး ၅၂ ဦး အဓမ္မ ကျင့်ခံခဲ့ရ သည့်အထဲတွင် ရန်ကုန် တိုင်းဒေသကြီး၌ အများဆုံးဖြစ်နေ ကြောင်း သိရသည်။UNFPA မှ ဒေါက်တာနေဝင်းက "ဒီဆေးတစ်မျိုးတည်းကိုပဲ ဖမ်းဆီး နေမယ်ဆိုရင် ခဏတဖြုတ်ပဲ အဆင် ပြေမယ်။ ပညာပေးမှရမယ်"ဟု သုံးသပ်သည်။ လိင်စိတ်ကြွဆေးများ ဖမ်းဆီးမှုအပေါ် ၄င်းက ထောက်ခံခဲ့ သော်လည်း လူငယ်များ ရေရှည် သုံးစွဲမှု
2018/05/27 15:38:55
http://wlovestory.blogspot.com/2013/02/blog-post_4180.html
mC4
Missionary and Ministry ဟူသော သာသနာပြုနည်းကို မူထားလျက် သီတဂူဆရာတော်ကြီး ဦးဆောင် လျက် သီတဂူ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာ ဆရာမများ ၁၄ ယောက်အဖွဲ့တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ ကဒုံကနိတိုက်နယ်ဆေးရုံတွင် သီတဂူစက္ခုဒါန အလှူတော်များ ပြုလုပ်ခဲ့သည်။ ကဒုံကနိကျေးရွာသို့ ဘိုကလေးမြို့မှ သင်္ဘောဖြင့် ၄ နာရီကျော် စီးရသည်။ လမ်းခရီးက ကြမ်းသည်။ ထော်လာဂျီ၊ ဆိုက်ကား၊ လှေ၊ မော်တော်ဘုတ်များဖြင့်သာ သွားနိုင်သည်။ သက်တော် ၇၄ နှစ်ရှိသော ဆရာတော်ကြီးသည် ထိုခရီးကြမ်းကို မမှုဘဲ ထိုဒေသရှိ မျက်စိဝေဒနာရှင်များအား အစဉ်သနား သော ကရုဏာ၏ အစွမ်းကြောင့်သာ ဆိုက်ကားတတန် ထော်လာဂျီတမျိုး လေသင်္ဘောတဖုံတို့ဖြင့် အဆင်ပြေချောမွေ့စွာ သွားနိုင်ခဲ့သည်။ ၁၈-၁-၂၀၁၁ နေ့ကစပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအေးနိုင်နှင့်အဖွဲ့၊ သီတဂူအာယုဒါနဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဇော်နှင့် သီတဂူဒေါက်တာ ဒေါ်မိမိခင် တို့ဦးဆောင်သော သီတဂူဆရာ ဆရာမများက မျက်စိဝေဒနာရှင်များကို ကြိုတင် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ၁၉-၂၀-၂၁-၂၂-၂၃-၂၄ ရက်များတွင် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာမြအောင်၊ ဒေါက်တာ စဂျေလွင်၊ ဒေါက်တာတင်ဇော်ဦးတို့က ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ အလှူဒါနပြုခဲ့ကြပါသည်။ ဤသို့အားဖြင့် ၁၀၀၀ ကျော်သော မျက်စိဝေဒနာရှင်များကို ကုသမှုများပြုလုပ်ကာ ၂၈၃ ယောက်သော မျက်စိဝေဒနာရှင်များအား အလင်းရောင်ပေးလှူနိုင်ခဲ့သည်။
OSCAR-2019
ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင် တဖက်ခြမ်းရှိ ထိုင်းနိုင်ငံအပိုင် ချင်းရိုင်းခရိုင် မယ်ဖာ့လုန်နဲ့ ချင်းရိုင်း မြို့နယ်ထဲမှာ သိန်းနဲ့ချီတဲ့ စိတ်ကြွဆေးတွေ ဆက်တိုက်ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဇွန်လ ၁၁ ရက်မနက်က မယ်ဖလုန်မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ်တွေပါတဲ့ ပူးပေါင်း အဖွဲ့ဟာ သတင်းအရ ထိုတ်ထိုင်းကျေးရွာအုပ်စု ဟိုမိုက်ခမ့်ကျေးရွာအနီးတောလမ်းမှာ ရှောင်တခင် စစ်ဆေးရေးဂိတ်ဖွင့်ပြီး ဖမ်းဆီးခဲ့တာလို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ် ၈ စီးဟာ စစ်ဆေးရေးဂိတ်ကို မြင်တဲ့အခါ တချို့က ပြန်လှည့်မောင်းပြေးသလို တချို့က ဆိုင်ကယ်နဲ့ အထုပ်ကိုထားပြီး တောတွင်းကို ၀င်ပြေးခဲ့ကြ တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိသူ ၂ ဦးဟာ ထိုင်းတောင်ပေါ်သား လားဟူလူမျိုး နီုင်းကျနု လိကျဆိ ၄၀ နှစ်နဲ့ နိုင်းကျဘော လားဟူန ၃၉ နှစ်တို့ဖြစ်ကြပြီး မြန်မာနယ်စပ်ကနေ စိတ်ကြွဆေးတွေ အငှားသယ်ဆောင်လာတာလို့ ထွက်ဆိုတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ဆိုင်ကယ် ၆ စီးပေါ်ပါ အထုတ် ၆ ထုတ်ဟာ ငါးသုံးလုံးတံဆိပ်နဲ့ ယခင်က မတွေ့ဖူးတဲ့ ၀ိုင်ဝမ်း (Y1) အမှတ်တံဆိပ် စိတ်ကြွဆေး အလုံးရေ ၆ သိန်းကို တွေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဆေးတွေဟာ တဘက်အိမ်နီးချင်းနိုင်ငံ (မြန်မာနိုင်ငံလို့ အမည်တပ်ပြောဆိုခြင်း မရှိ) က ကျငွယ်ဦးဆောင်တဲ့ လားဟူအဖွဲ့ လှုပ်ရှားနယ်မြေ မယ့်ကျုတ် ကျေးရွာကနေ ထိုင်းဘက် မုန့်ကောက်လန် ရွာဘက်ကို ၀င်လာတာလို့ မယ်ဖလုန်ရဲစခန်း ဒုရဲမှူး ဖိဆစ် အိန်ထိပ်က သတင်းထောက်ကို ပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ တစ်နေ့တည်းမှာဘဲ ဘန်ကောက် ဒွန်းမောင်းလေဆိပ်မှာ မယ်ဖာ့လုန် လေဆိပ်ကနေလာတဲ့ လေယာဉ်တစီးပေါ်ပါ စုံတွဲ ၂ ဦးရဲ့ ခန္ဓာကိုယ်ကနေ စိတ်ကြွဆေး အလုံးပေါင်း ၄ ထောင်ကျော် ဖမ်းမိတယ်လို့ ဘန်ကောက် လ၀ကရဲ တပ်ဖွဲ့က ချနယ် ၇ သတင်းထောက်ကို ပြောပါတယ်။ အဲဒီဆေးတွေကို အမျိုးသမီးရဲ့ သားအိမ်ထဲကနေရော အမျိုးသားရဲ့ စအိုတွင်းမှာပါ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီစုံတွဲဟာလည်း စိတ်ကြွဆေးတွေကို မယ်ဖာ့လုန်မြို့နယ်က အမည်မသိတောင်ပေါ်သား တဦးဆီကနေ သယ်လာခဲ့တာဖြစ်ပြီး သယ်ဆောင်ခ ဘတ် ၆ သောင်းရရှိတယ်လို့ ၀န်ခံ သွားပါတယ်။ အလားတူ ချင်းရိုင်းမြို့ ထာ့ခေါက်ပိုတ် ရပ်ကွက်ထဲမှာလည်း ပိုင်ရှင်မဲ့ကားတစ်စီး လာရပ်ထားတာ ၂ ရက်ရှိပြီဖြစ်ကြောင်း ဒေသခံတွေသတင်းပို့ချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ အထုတ်ပေါင်း ၄ ထုတ်ထဲကနေ စိတ်ကြွဆေးအလုံးပေါင်း ၇ သိန်း ဖမ်းဆီးရမိတယ်လို့ ချင်းရိုင်းမြို့နယ် ရဲစခန်းတာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။
2021-12-06T04:49:51Z
http://burmese.dvb.no/archives/97203?print
OSCAR-2201
မြန်မာနိုင်ငံ သွေးတိုးရောဂါအသင်းကို စတင်ဖွဲ့စည်း - Yangon Media Group သွေးတိုးနှင့် ဆက်စပ်ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည် ဟုဆို မြန်မာနိုင်ငံ သွေးတိုးရောဂါအသင်းကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ရာ သွေးတိုးနှင့် ဆက်စပ်ရောဂါတိုက်ဖျက်ရေးလှုပ် ရှားမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ပြည်သူလူထုများကြားထဲတွင် သွေးတိုးရောဂါ ဖြစ်ပွားမှုများပြားနေသကဲ့သို့ ထိန်းချုပ်မှုအပိုင်းတွင်လည်း အားနည်း မှုများရှိနေသေးကြောင်း သိရသည်။ အဆိုပါ သွေးတိုးရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲရောဂါဖြစ်သည့် ကျောက်ကပ်ရောဂါ၊ နှလုံး ရောဂါ၊ ဦးနှောက်နှင့်အာရုံကြော ရောဂါများဖြစ်ပွားမှုများလည်း မြင့်မားနေကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံ သွေးတိုးရောဂါအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရော ဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်က Melia Hotel တွင် ပြုလုပ်ခဲ့သည့် မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။ "ဒီအဖွဲ့ဘာလို့ဖြစ်လာသလဲဆိုတော့ ဆရာတို့နိုင်ငံလိုအပ်ချက်ရှိလို့ အားလုံးဝိုင်းဝန်းဆောင်ရွက်တဲ့သဘောဖြစ်ပါတယ်။ သွေးတိုး ရောဂါရဲ့ထူးခြားချက်ကကာကွယ်လို့ရတယ်။ ကုသလို့ရတယ်။ ပြည် သူတွေကလည်း နိုးကြားဖို့လိုတယ်။ ဆရာတို့ကတော့ လိုအပ်တဲ့ အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ကတော့အဓိကပေါ့"ဟု မြန်မာ နိုင်ငံသွေးတိုးရောဂါအသင်း ဥက္ကဋ္ဌက ပြောသည်။ လူတစ်ဦးတွင် ရှိရမည့်သွေး ပေါင်ချိန်ပမာဏကို ထိန်းချုပ်နိုင် ခြင်းကို ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် ၆ဝ ရာခိုင်နှုန်းခန့်သာ ထိန်းချုပ်နိုင် သေးကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံများထက်ပင် မြန်မာနိုင်ငံသည် သွေးတိုးရောဂါထိန်း ချုပ်မှုမှာ အားနည်းနေသေးကြောင်း သိရသည်။ "သွေးတိုးရောဂါရှိတယ်၊ ဆေး တွေလည်းကောင်းတယ်၊ ဆရာတို့ လေ့လာထားချက်အရလိုချင်တဲ့ထိန်းချုပ်မှုပေါ့။ သွေးပေါင်ချိန် ကို လိုချင်တဲ့အတိုင်းအတာအထိ ချတဲ့နေရာမှာတော့ ဆရာတို့နိုင်ငံက အတော်အားနည်းနေသေးတယ်"ဟု ယင်းကဆက်လက်ပြော ကြားသည်။ မြန်မာနိုင်ငံ သွေးတိုးရောဂါ အသင်းတွင် သွေးတိုးရောဂါ၏ နောက်ဆက်တွဲရောဂါများကို ကုသပေးနေသည့် အထူးကုဆရာဝန် ကြီးများနှင့် အဓိကဖွဲ့စည်းထား ကြောင်း သိရသည်။
2020/07/12 21:48:03
https://yangonmedia.com/life/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6-%E1%80%B1%E1%80%9E%E1%80%BC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1/
mC4
နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်ရှိ ရုံးခန်းတခန်းရှေ့တွင် ရှိသော ကုလသမဂ္ဂတံဆိပ် / Reuters By ဧရာဝတီ 6 February 2020 ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် သတ်ဖြတ်မှုများနှင့် အခြားသော ရက်စက်မှုများကို တားဆီးရေး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ အမိန့်ကို လိုက်နာရန် တောင်းဆိုသော ကြေညာချက်တခု ထုတ်ပြန်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သဘောတူညီချက် မရခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတခုတွင် မြန်မာနိုင်ငံ၏ မဟာမိတ်ဖြစ်သော တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကဲ့သို့ အာဆီယံ အဖွဲ့ဝင် ဖြစ်သော ဗီယက်နမ် နိုင်ငံတို့က ကြေညာချက်ကို ကန့်ကွက်ခဲ့ကြောင်း အမည်မဖော်လိုသူ သံတမန်များကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။ ဇန်နဝါရီလနှောင်းပိုင်းတွင် ICJ က လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် လိုက်နာခြင်းနှင့် အဆိုပါ ဆောင်ရွက်မှုများကို အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ အရေးတကြီးဆောင်ရွက်ရမည့် အချက် ၄ ချက်ကို ထုတ်ပြန်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲကာ အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့သည်။ အဆိုပါ အမှုက နှစ်နှင့် ချီ၍ ကြာမြင့်နိုင်သည့်အတွက် တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ် အစီအမံများ ချမှတ်ပေးရန် ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) က ရဲတပ်ဖွဲ့ စခန်းများကို ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အတွက် အစိုးရလုံခြုံရေးတပ်ဖွဲ့များက တုန့်ပြန်သည့် အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ထိုစစ်ဆင်ရေးများသည် "လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်" ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရနှင့် တပ်မတော်တို့ က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် လုံခြုံရေး ကောင်စီ၌ သဘောတူညီချက် မရရှိခဲ့သော်လည်း လုံခြုံရေး ကောင်စီမှ ဥရောပ သမဂ္ဂအဖွဲ့ဝင်များက နိုင်ငံတကာ ဥပဒေအရ လိုအပ်သော ICJ ၏ ကြားဖြတ် အစီအမံများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံကို တိုက်တွန်းသည့် ပူးတွဲကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ကြသည်။ "လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှု ကျူးလွန်သူများကို တာဝန်ခံစေရေးက ဤလုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းဖြစ်သည်" ဟု ကြေငြာချက်က ဆိုသည်။ ရခိုင် ပြည်နယ်တွင် သာမက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ပဋိပက္ခများ၏ အရင်းအမြစ် အကြောင်းရင်းများကို ကိုင်တွယ် ဖြေရှင်းရန် မြန်မာနိုင်ငံကို တောင်းဆိုခဲ့သလို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ မိမိဆန္ဒအလျှောက် ဘေးကင်း လုံခြုံစွာ ပြန်နိုင်ရေး အခြေအနေများ ဖန်တီးပေးရန်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ပူးတွဲကြေညာချက်တွင် တောင်းဆိုထားသည်။
2022/05/25 17:07:01
https://burma.irrawaddy.com/news/2020/02/06/214937.html
mC4
ဒေါသထွက်ပြီးလူသတ်ချင်နေတဲ့အချိန်တွေမှာအကောင်းဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Kick the Buddy! | Playon Home » Article » Reviews » ဒေါသထွက်ပြီးလူသတ်ချင်နေတဲ့အချိန်တွေမှာအကောင်းဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Kick the Buddy! မိတ်ဆွေဆီမှာ ရှိသမျှ Stress တွေအကုန်မဟုတ်ရင်တောင် တစ်ဝက်ကျော်ကျော်လောက်ပျောက်အောင်လုပ်ဆောင်ပေးနိုင်တဲ့ ဂိမ်းလေးတစ်ခုဖြစ်ကြောင်း ဉီးစွာပြောပါရစေ။ ဒီဂိမ်းမှာ Level တွေအဆင့်ဆင့်ခွဲထားတာတော့မရှိပါဘူး။ မိတ်ဆွေလုပ်ရမှာက တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ Buddy ဆိုတဲ့ Character လေးကိုနှိပ်စက်ရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ မကျေနပ်ချက်တွေကို Buddy ဆီမှာပုံချရ မှာဖြစ်ပါတယ်။ နှိပ်စက်တဲ့နေရာမှာလည်း လက်ဗလာတော့မဟုတ်ပါဘူး။ နှိပ်စက်တဲ့ ကိရိယာမျိုးစုံနဲ့ နှိပ်စက်ရမှာဖြစ်ပါတယ်။ လက်ပစ်ဗုံး၊ လွှ၊ သေနတ်၊ ဒုံးကျည် စတာတွေအပြင် နိုင်ငံတစ်ခုလုံးကို ဖြိုခွဲနိုင်တဲ့ Nuclear ပါ ပါဝင်တာကြောင့် မတွေးရဲစရာပါပဲ။ ကျွန်တော်ပြောခဲ့တဲ့ လက်နက်တွေအပြင် အခြားသော အကြမ်းစားလက်နက်တွေလည်းများစွာရှိနေသေးတာကိုတွေ့ရမှာပါ။ လက်နက်တွေအပြင် နတ်ဘုရားတွေ၊ ရာသီဥတုတွေ၊ စက်ရုပ်တွေ စတဲ့ပစ္စည်းတွေနဲ့ လည်း အသေအကြေနှိပ်စက်နိုင်ပါသေးတယ်။ မိတ်ဆွေနှိပ်စက်ရမဲ့ Buddy က မသေမျိုးမဟုတ်တဲ့အတွက် လက်နက်ပေါင်းစုံ၊ နှိပ်စက်နည်းပေါင်းစုံတွေနဲ့ နှိပ်စက်တာတွေကြားထဲမှာတော့ သေမှာပါပဲ။ ဒါပေမဲ့ သေဆုံးပြီး အချိန်ခဏတာအကြာမှာပဲ ပြန်ရှင်လာမှာဖြစ်ပါတယ်။ မိတ်ဆွေက Buddy ကို လွှ နဲ့ပဲဖြတ်ဖြတ်၊ သေနတ်နဲ့ပဲပစ်ပစ် သွေးတော့ထွက်လာမှာမဟုတ်ပါဘူး။ သွေးမထွက်လာလို့ အားမလိုအားမရ ဖြစ်နေတယ်ဆိုရင်တော့ Buddy ထဲကိုသွေးထည့်လို့ရပါတယ်။ Profile Tab လေးရဲ့ဘေးနားက Add Blood ကိုနှိပ်ရင်ရပါပြီ။ USD $4.99 နဲ့ Buddy ထဲကိုသွေးထည့်ရမှာဖြစ်ပါတယ်။ သွေးထည့်လိုက်ပြီဆိုရင်တော့ မိတ်ဆွေ ဘာနဲ့နှိပ်စက် နှိပ်စက်သွေးတွေ ထွက်လာမှာဖြစ်ပါတယ်။ နှိပ်စက်ရမဲ့ ကိရိယာလက်နက်တွေက အများကြီးရှိပေမဲ့ အားလုံးကတော့ Unlock ဖြစ်နေမှာမဟုတ်ပါဘူး။ အချို့သာ Unlock ဖြစ်နေမှာဖြစ်ပြီး ကျန်တာတွေအားလုံးကိုတော့ မိတ်ဆွေကိုယ်တိုင်ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Buddy အတွက် Costume များစွာဖန်တီးပေး ထားတာကိုလည်းတွေ့ရမှာပါ။ Free To Play ဖြစ်ပါတယ်။ IOS Platform တစ်မျိုးတည်းမှာသာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ အနိုင်ကျင့်ရာရောက်တဲ့ ဂိမ်းဖြစ်ပေမဲ့ Stress တွေ၊ မကျေနပ်ချက်တွေကို လျော့ပါးသွားအောင်လုပ်ဆောင်ပေးနိုင်တာကြောင့် မိတ်ဆွေအား သတင်းပေးလိုက်ပါတယ်။
2019/09/16 06:52:49
https://playon.com/article-kick-the-buddy-171108/
mC4
Home » ဗဟုသုတ » မှု့ခင်း » လူမှု့ဘဝ » သတင်း » အထွေထွေ » ရက်သားကလေးငယ်ကို ကိုယ်တိုင်အစဖျောက်ပြီး ကိုယ်တိုင်အမှုဖွင့်ခဲ့တဲ့ မိခင် စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှာ ကလေးပျောက်တယ်ဆိုပြီး တိုင်ကြားတဲ့ မိခင်ကိုယ်တိုင်က သူကိုယ်တိုင်ကလေးကို ဖျောက်ဖျက်ခဲ့တဲ့ အမှု ဖြစ်ပွားခဲ့ပါတယ်။ မြင်းမူမြို့နယ် မြစ်ပေါက်ကျေးရွာမှာနေတဲ့ အသက်(၁၈)နှစ်အရွယ် မိခင်တစ်ဦးဟာ အောက်တိုဘာလ(၃၁)ရက်က သူ့ရဲ့ရက်သားအရွယ်ကလေးပျောက်တယ်ဆိုပြီး ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။ ရဲစခန်းက မိခင်ဖြစ်သူကို စစ်ဆေးမေးမြန်းရာမှာတော့ ကိုယ်တိုင်ဖျောက်ဖျက် ခဲ့တယ်ဆိုတဲ့ သဲလွန်စကို တွေ့ခဲ့ဖြစ် ထက်မံ စစ်ဆေးရာမှာ ကလေးငယ်ရဲ့အလောင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ အောက်တိုဘာလ(၃၁)ရက် ည(၇)နာရီခန့်က နေအိမ်ဘေး ဝါးကြမ်းခင်းကွပ်ပျစ်ပေါ်မှာ သိပ်ထားတဲ့ (၂၈)ရက်အရွယ် သားကိုပွေ့ခေါ်ကာ နေအိမ်အနောက်ဘက်က ရေကန်ထဲကို ပစ်ချခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။ ကလေးငယ်ရဲ့ အလောင်းကိုတော့ နိုဝင်ဘာလ(၃)ရက်က ဆယ်ယူတွေ့ရှိခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူပျောက်တိုင်ထားတဲ့ တရားလို ကို တရားခံအဖြစ် ပြန်ဖမ်းပြီး လူသတ်မှုပုဒ်မ (၃၀၂)နဲ့ မြင်းမူမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
2018/10/16 20:47:16
http://www.phothutaw.com/2017/11/blog-post_305.html
mC4
ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၁) | မဇ္ဈိမ မာလ်တီမီဒီယာ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း ၁) 8 months 4 weeks ago Wed, 12/20/2017 - 15:12 Hits: 13334 times မေး။ ။ ကရင်ပြည်နယ်ဟာဆိုရင် အခြားပြည်နယ်တွေနဲ့ မတူပဲနဲ့ ထူးခြားတဲ့ ဒေသတစ်ခု ဖြစ်တယ်ပေါ့။ ဒီပြည်နယ်မှာ လက်နက်ကိုင်တွေဆိုရင်လည်း ရှိတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး အသီးအပွင့်တွေဆိုရင်လည်း တစ်ဖက်မှာ ခံစားနေရတာတွေလည်း ရှိတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဒီလိုဒေသမှာ မူဝါဒတွေ ချမှတ်ပြီးတော့ ဆောင်ရွက်ရတဲ့အပိုင်းမှာ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဝန်ကြီးချုပ်အနေနဲ့ အခက်အခဲရှိတဲ့အပိုင်းလေးတွေ စိန်ခေါ်မှုလေးတွေ အဲဒါလေးတွေလည်း ပြောပြပေးပါဦးရှင့်။ ဖြေး။ ။ အခက်အခဲကတော့ တော်တော်လေးရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ဘာအခက်အခဲမျိုးလဲဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း သူတို့ရဲ့ မူဝါဒတွေရှိတယ်။ အန်တီတို့အစိုးရကလည်း ကိုယ့်ရဲ့ မူဝါဒတွေရှိတယ်။ အဲဒီတော့ မူဝါဒ နှစ်ခု ဖြစ်နေတာပေါ့နော်။ အရင်တုန်းကတော့ သူတို့ကြီးစိုးတဲ့ ဒေသတွေမှာ သူတို့မူဝါဒနဲ့ သူတို့ ရပ်တည်ကြတာပေ့ါ။ အခုကျတော့ အန်တီတို့နဲ့ ငြိမ်းချမ်းရေးရလာတဲ့အခါကျတော့ နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေ ရပ်ကွက် အုပ်ချုပ်ရေးတွေက သူ့ဟာနဲ့သူ ဝင်လာတဲ့အခါကျတော့ အဲဒီ အုပ်ချုပ်ရေးမှူးတွေ ဝင်လာတဲ့ နေရာတိုင်းက အန်တီတို့ရဲ့ တရားဥပဒေစိုးမိုးမှုက ဒီနယ်မြေတွေမှာ ရှိရမယ်ပေါ့။ အဲဒီတော့ အပေါ်ကတော့ ဒီဟာကို လက်ခံပေမယ့် အောက်ကလည်း သူတို့ကလည်း သူတို့နယ်မြေပေါ့ကွယ်။ ဥပမာ မြေဆိုရင်လည်း သူတို့ရဲ့ မြေရဲ့ မူဝါဒပေါ့။ အဲဒီတော့ အန်တီတို့ ဒါတွေကို လိုက်ညှိပြီးတော့ ပြောရတာတွေ ။ နောက် တရားစီရင်ရေးဆိုရင်လည်း သူတို့ ပါတာပေါ့နော်။ အဲဒီတော့ တကယ်တမ်း တော့ NCA မှာ ထိုးထားတဲ့ဟာတွေ ဒါတွေက မပါတော့ဘူး။ သူတို့လည်း ခေါက်ရိုးကျိုးနေသလိုပေါ့ နော်။ အဲဒီတော့ သူတို့လည်း ဒီလိုမျိုး လုပ်ငန်းတွေမှာ ပြောရဆိုရတာတွေရှိတယ်။ နောက် အန်တီတို့နဲ့ကျတော့ တစ်ခု မတူဘူးပေါ့နော်။ အန်တီတို့က တရားဥပဒေဆိုရင် တရားရုံးမှာ သေသေချာချာ ရင်ဆိုင် အချေအတင်ပေါ့ ၊ သူတို့ကျတော့ လာခေါ်သွားလိုက်တယ် အန်တီတို့ဆီမှာ က ၂၄ နာရီထက်ကျော်ရင် ဘာဖြစ်တယ်ဆိုတဲ့ ဥပဒေတွေရှိတယ်။ သူတို့မှာတော့ မဟုတ်ဘူးပေါ့ ။ နည်းတွေပေါ့ အန်တီတို့ အဲဒါမျိုးတွေကို လိုက်ပြီးတော့ ဖြောင်းဖျပေးရတာတို့ စေ့စပ်ပေးရတာတို့ပေါ့ အဲဒါက အသေးလေးပဲ ရှိသေးတယ်။ မေး။ ။ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်အပိုင်းက အဓိက ဖြစ်နေသလဲရှင့်။ ဖြေ။ ။ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကကတော့ ငြိမ်းချမ်းရေးပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးမရှိရင် အန်တီတို့ ဘာမှမှ လုပ်လို့မရဘူးလေ။ အခု အန်တီက ဟိုက်ဒရိုပါဝါ လုပ်ချင် တယ်။ ရေတံခွန်တွေရှိတယ်ပေါ့။ ငြိမ်းချမ်းရေးမရှိရင် အန်တီတို့ဆီ လေ့လာရေးသွားးတဲ့လူတွေကို အန်တီတို့က လုံခြုံရေးတာဝန်ယူလို့မရဘူး။ အခုဆိုရင် သူတို့ သွားပြီးတော့ စမ်းသပ်နိုင်တယ်။ တိုင်းတာလို့ရပြီ လေ့လာလို့ရပြီဆိုရင် အခုသူတို့ စပြီးတော့ သွားကြပြီပေါ့။ အန်တီပြောတာက ငြိမ်းချမ်းရေးကတော့ အန်တီတို့ ဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် ကရင်ပြည်နယ်ကတော့ ငြိမ်းချမ်းရေး က အဓိက ကျပါတယ်။ မေး။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ရော ဝန်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ ဘာတွေများ လုပ်ဆောင်ပြီးနေပြီလဲ ။ ဖြေ။ ။ ငြိမ်းချမ်းရေးအဖွဲ့ကလည်း အပေါ်က လူကြီးတွေနဲ့ စကားပြောရတာ အဆင်ပြေတယ်ပေါ့ နော်။ အန်တီတို့ ပြည်နယ်အဆင့်နဲ့ကလည်း တစ်ခါတစ်လေကျလို့ရှိရင် အန်တီကပြောတယ် နင်တို့လည်း အရင်က ငှက်ပျောပင်စားပြီးတော့ ဒို့အမျိုးအတွက်ဆိုပြီး တိုက်ပွဲဝင်ခဲ့တာပဲ။ ဒို့လည်း လုံးတီးစားပြီးတော့ ဒီမိုကရေစီအတွက် ဝင်လာရတာပဲလို့ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမယ်လို့ အခု ဒို့အချင်းချင်းက လက်တွဲမှု နားလည်မှု မရှိလို့ရှိရင် ပူးပေါင်း မဆောင်ရွက်ဘူးဆိုရင် ဒို့လိုချင်တဲ့ ရည်ရွယ်ချက်တွေလည်း ပျောက်သွားမယ်။ ဒို့ကြိုးစားခဲ့တာတွေလည်း အလကားဖြစ်ကုန်မယ်ဆိုပြီးတော့ သူတို့ကို ပြောပေးရတာပေါ့နော်။ အန်တီတို့ ပြည်နယ်အစိုးရက တော်တော်လေးကို လူထုနဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တစ်ယောက်နဲ့ တစ်ယောက် သဟဇာတဖြစ်ပြီး နေတတ်ဖို့ကုိလည်း လုပ်ပေးရတယ်။ သူတို့လည်း အန်တီတို့ အဖွဲ့ထဲမှာ ပြန်ပြီးနေတတ်သွားရအောင်၊ ဒီမှာ တစ်ချိန်လုံး ဖြစ်နေတာတွေရှိတယ်။ အန်တီတို့အတွက်ကတော့ ဒါတွေဟာ ပြောတော့သာလွယ်ပါတယ် ၊တော်တော်လေးကို လုပ်ရကိုင်ရတာ ခက်ပါတယ်။ မေး။ ။ ကျောက်မီးသွေးသုံး စက်ရုံနဲ့ ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံး ကမ်းပိန်းတွေ လုပ်နေကြတာတွေရှိတယ်ပေါ့နော်။ အဲဒီကြားထဲမှာမှ ဝန်ကြီးချုပ်တို့က ဒါကို ဆက်လုပ်မယ်ဆိုပြီး တော့မှ ပြောထားတာတွေ ရှိတယ်ပေါ့နော်။ အဲဒီမှာ ရှေ့ဆက်ပြီးတော့မှ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ ။ ဖြေး။ ။ အန်တီတို့ ကရင်ပြည်နယ်ရဲ့ မူဝါဒကိုက ပထမဦးစားပေးက လျှပ်စစ်၊ ဒုတိယက လမ်းပန်း၊ တတိယက စိုက်ပျိုးရေး မွေးမြူရေးပေါ့ ၊ အဲဒါက အန်တီတို့ သဘာဝ ရိုးရာဓလေ့ ဒါက အန်တီတို့က အမြဲရှိနေရမယ့်ဟာ ဒါပေမယ့် အခုချိန်မှာ လူထုကို အမြန်ဆုံး တိုးတက်ဖို့လမ်းပေးနိုင်တဲ့ဟာကတော့ စက်ရုံကြီးတွေ မြန်မြန်ဆောက်ပြီးလို့ရှိရင် လုပ်ငန်းတွေပေးရမယ်။ ဒါမှပဲ အန်တီတို့ဒေသမှာရှိတဲ့ လူတွေက တစ်ဖက်နိုင်ငံကနေ ဒီဖက်နိုင်ငံကို ပြန်လာမှာ။ သူတို့အလုပ်အကိုင်မရှိပဲနဲ့ ဘယ်လိုလုပ် ပြန်လာမလဲ ၊ အလုပ်အကိုင်ရှိမှ သူတို့ပြန်လာမယ်။ သူတို့အလုပ်အကိုင်တွေ လူထောင်နဲ့ရာနဲ့ချီပြီး ပေး နိုင်တာ ဒီစက်ရုံကြီးတွေဖြစ်ဖို့၊ ဒီစက်ရုံဖြစ်ဖုိ့အခွင့်အလမ်းတွေ အများကြီးရှိတယ်။ အန်တီတို့ စက်ရုံတွေဖြစ်ဖို့ မြေယာတွေလည်း ပေးနိုင်တယ်။ စင်္ကြန်လမ်းကြီးကလည်း အန်တီတို့ဘက်က သွားတယ်။ ကုန်ဈေးနှုန်းသက်သက်သာသာလည်း သွားနိုင်တယ်။ သံလွင်မြစ်ကြီးကလည်း အန်တီတို့ ဆီမှာရှိတယ်။ သံလွင်မြစ်ဆိုရင်လည်း သင်္ဘောနဲ့သယ်ရင် သိတဲ့အတိုင်းပဲနော်။ ကုန်ကျစရိတ် အနည်းဆုံး ကိစ္စတွေ ၊ သဘာဝတွေလည်း အန်တီတို့က အများကြီးရှိတယ်။ အန်တီတို့က လုပ်အားတွေ အများကြီးရှိတယ်။ အန်တီတို့လုပ်အား အများစုက တစ်ဘက်နိုင်ငံမှာရောက်နေတယ်။ ထိုင်းမှာ ရောက်နေတယ်။ အဲဒီတော့ ဒါတွေ အကုန်လုံးကို ခြုံငုံပြီးကြည့်မယ်ဆိုရင် ဒီမှာသာ အန်တီတို့ စက်ရုံတွေ ပြန်ပြီး ထူထောင်ပေးနိုင်မယ်ဆိုရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကလည်း အရမ်းပဲ စိတ်ဝင်စားကြတယ်။ လာကြတယ်။ လာမေးမြန်းကြတယ်။ ပြီးရင်ပြန်သွားကြတယ်။ မီးမရှိလို့နော်။ အန်တီတို့ပြည်နယ်မှာ အန်တီခဏခဏပြောပါတယ်။ (၇) မြို့နယ်ထဲ ရှိတာတောင်မှ မီးအပြည့်မရနိုင်သေးဘူး။ ဒါတောင်အိမ်မီးအဆင့်ပြောတာ။ စက်ရုံကြီးမဟုတ်သေးဘူး။ အဲဒီတော့ ဒီလိုမျိုးဖြစ်နိုင်ဖို့အတွက်ဆိုတာ အန်တီက နည်းလမ်းတွေ အကုန်လုံးစဉ်းစားတယ်။ စဉ်းစားပြီးမှ အမြန်ဆုံးနဲ့ အသက်သာဆုံးနဲ့ ကရင်ပြည်နယ်အတွက် ဖြစ်နိုင်တာကို အန်တီက ရွေးလိုက်တာပါ။ မေး။ ၀န်ကြီးချုပ်အနေနဲ့ ဘာကြောင့် နိုင်ငံရေးလောကထဲဝင်လာပြီး နိုင်ငံရေးလုပ်ဖြစ်တယ်ဆိုတာ လေးကို ပြောပြပေးပါအုံးရှင့် ။ ဖြေ။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးပေ့ါနော်။ အဖေက နိုင်ငံရေးမှာ အများကြီး၊ ကရင်ပြည်နယ် မှာ အနှစ် နှစ်ဆယ်တောင် ပြည်နယ်ဥက္ကဋ္ဌနဲ့ တာဝန်ထမ်းဆောင်ခဲ့တော့ သူက အမြဲတမ်း ကရင်အမျိုးသား ရေးအတွက် ဦးစားပေးတယ်။ တိုးတက်ဖို့ အမြဲပဲ ကြိုးစားနေတယ်။ နားထဲမှာကြားနေတာ တွေပေါ့နော်။ အဲဒီလိုမျိုး ကိုယ့်အသိစိတ်မှာလည်း အဲဒီလိုရှိတယ်။ တခုခုကို ကိုယ့်ပြည်နယ်အတွက် စွမ်းဆောင်ပေးရမယ်လို့ စိတ်ထဲမှာ အသိကရှိတယ်။ ဒီလိုမျိုးတွေ ဒီမိုကရေစီ အတွက်ဝင်လာတဲ့အခါကြတော့ ခုနက ပြောသလိုပေါ့။ တိုးတက်ချင်လို့ရှိရင် အန်တီတို့အတွက် အခြေခံ အကျဆုံးကတော့ လျှပ်စစ်ပဲ။ ဒီမှာလည်း တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့ဟာ အဓိက အကျဆုံးက ဒီမိုကရေစီပဲ။ ဒီမိုကရေစီမရှိပဲနဲ့ လူမျိုးရေးတွေ၊ ဖွံ့ဖြိုးရေးတွေ ဘာမှ သွားမပြော နဲ့ ဘာမှ မလာဘူး။ ဒီ ဒီမိုကရေစီဖြစ်မှ ဒီဟာတွေက တစ်တွဲတည်းဖြစ်နေတာပါ။ ခုနတုန်းကလိုပဲ လျှပ်စစ်တိုးတက်တာနဲ့ ကျွန်မတို့ စီးပွားရေးနဲ့က တိုးတက်လာမှုက ယှဉ်တွဲနေသလိုပဲ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးတွေက တစ်ခါတည်း အမြဲကျွန်မတို့တွေက ဖက်ဒရယ် ပြည်ထောင်စု လိုချင်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လိုချင်တယ်။ ကိုယ့်ကြမ္မာကိုယ့်ဖန်တီးနိုင်တယ်။ ကိုယ့်ကြမ္မာကိုယ့်ဖန်တီးနိုင်တယ်ပြောပြီး ပြည်ထောင်စုကပဲပေးပါ။ ပေးပါ ပြောနေတာ သဘာဝတော့ သိပ်မကျဘူး။ မညီမျှဘူး။ အဲဒီတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်အောင် ကိုယ်က ကြိုးစားရမယ်လေ။ ။
2018/09/20 08:10:03
http://www.mizzimaburmese.com/node/35470
mC4
သခွားသီးကို သုံးဖို့ နည်းလမ်း ၆သွယ် | MyFood Myanmar သခွားသီးဟာ လတ်ဆတ်ပြီး အေးမြတဲ့ အသီးပါ။ တို့စားတဲ့အခါ ကောင်းသလို အသားအရေအတွက်လည်း ကောင်းမွန်စေတဲ့ အသီးလည်း ဖြစ်ပါတယ်။ သခွားသီးကို အသုံးပြုဖို့ နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အတွက် အသားအရေအတွက်ရော စားစရာအနေနဲ့ပါ အသုံးပြုလို့ ရပါတယ်။
2018/04/20 20:03:39
http://myfoodmyanmar.com/cucumber/
mC4
ဟစ်ပီ ( Hippie ) တွေကို ခင်ဗျား ဘယ်လို နားလည် ထားလဲ။ နားသန်ကွင်း၊ ဂေါ်ကွင်း တန်းလန်း ထားမယ့် ကောင်တွေ – ဒါမှ မဟုတ် ပတ်ဝန်းကျင် နဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်တဲ့ အဝတ်အဆင် မျိုး ဝတ်ဆင် တတ်တဲ့ ကောင်တွေ လို့ မြင်ပါသလား။ အနေအထိုင်၊ အပြောအဆို ကိုယ့်ကိုယ်ကိုယ် ဆောင့်ကြွား ဆောင့်ကြွား ရှိတဲ့ ကောင်တွေ ၊ လူ့ လဒ တွေ လို့ မြင်ပါသလား။ လူကြီးသော ဘာသော နားမလည်ဘူး – ပြောချင် ပြောမယ် – မပြောချင် မပြောဘူး – အဲ့လို နေတတ်တဲ့ မိမဆုံးမ ဖမဆုံးမလေး တွေ လို့ မြင်ပါသလား။ အဲ့လိုမြင်ကြမယ့် လူကြီးမင်း စာရှုသူ များ ရှိမယ် ဆိုရင် – အဲ့ဒီ ဟစ်ပီ ( Hippie ) ဆိုတဲ့ အပေါ်ကို ကျနော် ကာကွယ်ပြီး ပြောချင်တာ ရှိပါတယ်။ ဟစ်ပီ တွေကို လူကြီးမင်းတို့ အများစုက ဆိုးသွမ်းလူငယ် တွေလို့ တွေးကြ ထင်ကြတယ်။ ဟုတ်တယ်ဟုတ်။ အဲ့ဒါ မှားယွင်းနေပါတယ်။ ဘာလို့ဆို ခင်ဗျား တို့ သတ်မှတ်တဲ့ မြင်ကြတဲ့ – ဟစ်ပီ ဆိုတာ – ဟစ်ပီ အကုန်လုံး မဟုတ်သေး လို့ပဲ။ ခင်ဗျားတို့ သဘောမတွေ့တဲ့ ဟစ်ပီ လူငယ် တစ်ချို့ကို ကြည့်ပြီး “ဟစ်ပီ” တွေက “စရိုက်” တွေပါကွာလို့ ဝါးလုံးရမ်း ပြောရင် – လူကြီးမင်းတို့ – လူကြီးမင်း မပီသရာ ကျပါလိမ့်မယ်။ နောက်ပြီး – ဟစ်ပီ ဆိုတာကို ခင်ဗျားတို့ သေသေချာချာ နားမလည် သေးလို့လည်း ဖြစ်မယ်။ ကျနော် ဒီနေရာမှာ “ဟစ်ပီ” ဆိုတာတွေ ရဲ့ ဘက်က ကာကွယ်ပြီး ပြောရတာဟာ .. ( အဟက် – စိတ်တော့ မရှိပါနဲ့ ) ကျနော်လည်း ဟစ်ပီ မို့လို့ပါပဲ။ အဲ့တော့ ဟစ်ပီ ရဲ့ သဘောတရားကို နားလည်အောင် နည်းနည်း ပြောကြည့်မယ်။ ဟစ်ပီ တွေရဲ့ အဓိက အလုပ်က – “ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား – လူသား” တွေရဲ့ လမ်းစဉ်ကို ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ ဟစ်ပီတွေဟာ သူတို့ မှန်ကန်တယ် လို့ သူတို့ကိုယ်တိုင် မြင်၊ သိ၊ ခံစား ရတာကိုပဲ သူတို့ လုပ်တယ်။ အဲ့ဒါကြောင့်မို့လဲ သူတို့မှာ – အခက်အခဲ အမျိုးမျိုး ကြုံရပါတယ်။ သူတို့တွေဟာ သင့်တာ မသင့်တာ ထက် သူတို့ မှန်မယ် မြင်ရာ ကိုသာ လုပ်တတ် ကြလို့ပါ။ ဒါကို အခြေခံပြီး ကျနော် ဟစ်ပီ အမျိုးအစား နှစ်မျိုး ခွဲကြည့်တယ်။ လူကြီးမင်းတို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ပြောဆိုတတ်တဲ့ ဟစ်ပီ တွေက တစ်မျိုး တစ်စားပဲ ရှိပါသေးတယ်။ ခင်ဗျားတို့ လူကြီးမင်း အများ က သူတို့ရဲ့ နားသန်ကွင်း၊ ဂေါ်ကွင်း၊ အဝတ်အဆင် အကြောင် အကြားနဲ့၊ ထစ်ခနဲ တုတ်ဆွဲ ဓားဆွဲ၊ လမ်းဘေးထိုင် ဘုပြော၊ ဂစ်တာတီးရင်း အာပြဲ နေတာတွေပဲ ကြည့်ပြီး ပြောနေတာ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းက သူတို့တွေဟာ အကြမ်းထည်ပါ။ သူတို့ တွေရဲ့ နောက်ခံ အကြောင်းရင်းကို သေသေချာချာ မြင်အောင် ကြည့်ပါ။ ဟစ်ပီ နောက်တစ်မျိုး ရှိတယ်။ အဲ့ဒါကတော့ – လမ်းဘေးထိုင် ဘုပြောတယ် ဆိုတာထက် – ကိုယ် မှန်တယ် လို့ မြင်ရင် — ပတ်ဝန်းကျင်၊ ကိုယ့် ဓလေ့ထုံးစံ တွေတင် မကဘူး၊ ကိုယ့် အတွေးအခေါ် အယူအဆ ကိုပါ ပြောင်းလဲပစ်ရဲ သူတွေ ဖြစ်ပါတယ်။ သူတို့ တွေကလည်း အများအားဖြင့် ပတ်ဝန်းကျင်ရဲ့ လက်ညှိုး ထိုးတာ၊ ဖဲကျဉ်တာကို ခံရတတ်တယ်။ အရှင်းလင်းဆုံးက စပြောတာ ကောင်းမယ်။ ဇင် ဟာ ဘုရားသခင်ဝါဒ မဟုတ်ဘူး။ သူက ဘာသာရေး တစ်ခုပဲ ။ ဘုရားသခင် ဝါဒ မဟုတ်တဲ့ ဘာသာရေးပါ။ ရှာမှရှားပဲ ဆိုပါတော့။ အခြား အခြား ဘာသာရေး တွေ ကမ္ဘာမှာ ရှိတယ်။ အားလုံးနီးပါး ဘုရားသခင် ဆိုတဲ့ အယူ အပေါ်မှာ အခြေခံကြတယ်။ ဘုရားသခင် ဝါဒတွေလို့ ခြုံပြီး ခေါ်နိုင်ပါတယ်။ ဘုရားသခင်ကို သာ အဓိက ဗဟိုပြုထားပြီး လူသားကို အဓိက မထားဘူး။ လူသားမှာ အဆုံးမသတ်ဘူး။ သူတို့ရဲ့ အဆုံးသတ်က ဘုရားသခင် ဆိုတာမှာသာ ရှိပါတယ်။ သို့ပေမယ့် ဇင်ကတော့ ဒီလို မဟုတ်ဘူး။ ဇင်ဟာ လူသားကို ပန်းတိုင် ထားတယ်။ လူသားဟာ သူကိုယ်တိုင်မှာသာ အဆုံးသတ်ရှိတယ်။ လူသားရဲ့ အထက်မှာ ဘုရားသခင် မရှိဘူး။ ဘုရားသခင် ဆိုတာ ရှိခဲ့ရင် လူသားအတွင်း ပုန်းကွယ်နေတဲ့ တစ်စုံတစ်ခုပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဇင်မှာ ဘုရားသခင် အယူအဆ မရှိဘူး။ ရှိစေချင်ရင်လည်း ခင်ဗျားရဲ့ ဇင်ဟာ ဘာသာရေး မဟုတ်တော့ဘူး။ ဒါဆို ခင်ဗျားက ပြန်မေးမယ်။ ဘုရားသခင် မရှိဘဲ ဒီ ဇင်ကို ဘာသာရေးလို့ ဘာလို့ ခေါ်ရတာလဲ လို့။ စင်စစ် ခရစ်ယာန်၊ မိုဟာမက်၊ ဟိန္ဒူ၊ ဂျူး တို့လို ဘာသာတွေဟာ ဇင်နဲ့ ဘယ်လိုမှ မတူဘူး။ ဒါဆို ဘုရားသခင် ဆိုတာ မရှိဘူး ဆိုရင် ဘုရားမဲ့ဝါဒ ပေါ့လို့ ခင်ဗျား ထပ်မေးမယ်။ ဘုရားသခင်မပါတဲ့ ဘုရားဝါဒပါလို့ ကျနော် ပြန်ဖြေရပါလိမ့်မယ်။ အရင်းခံ အကျဆုံး တစ်ခုက ဒီလိုပါ။ ခင်ဗျား ကိုယ်တွင်းကို ခင်ဗျား နက်နက်ရှိုင်းရှိုင်း မြင်ကြည့်ဖို့သာ လိုတယ်။ အဲ့အခါ ရှင်းရှင်းလင်းလင်း နားလည်သွားမှာပဲ။ ပညာရေး ရဲ့ အဓိပ္ပာယ်က ဘာလဲ လို့ မေးခဲ့ကြဖူးသလား။ ကျနော်တို့ ကျောင်းကို ဘာကြောင့်သွားရသလဲ။ ဘာသာရပ်ခွဲ အမျိုးမျိုးကို ဘာလို့ သင်ရသလဲ။ တစ်တန်း ပြီး တစ်တန်း ၊ တစ်ဆင့် ပြီး တစ်ဆင့် တက်ဖို့ ဘာလို့ ကြိုးစားကြသလဲ။ ဒါဟာ ပညာရေး ရဲ့ ပုံစံ အစစ် ဖြစ်သလား။ ပညာရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းတွေဟာ ကျောင်းသား အတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ မိဘတွေ ဆရာတွေ အတွက်၊ လူသား အားလုံးအတွက် အရေးကြီးပါတယ်။ ပညာသင်ဖို့ ပညာတတ်တွေ ဖြစ်ဖို့ ဘယ် အကြောင်းကြောင့် ကျနော်တို့ ကြိုးပမ်း ရသလဲ။ စာမေးပွဲ အချို့ကို ကျော်ဖြတ်ပြီး လက်မှတ် စာရွက်ယူ၊ အလုပ် တစ်ခု ရှာဖို့ အတွက်ပဲလား။ ဘဝ ဆိုတာရဲ့ ဖြစ်စဉ်ကို နားလည် နိုင်ဖို့ ငယ်ရွယ် လွန်းနေ တဲ့ ကလေး အရွယ် အတွက် ပညာရေး ဆိုတာနဲ့ မွမ်းမံပေးဖို့ ။ အဲ့သလို ရည်ရွယ်တာ မဟုတ်လား။ အတတ်ပညာ သင်ကြားပြီး အသက်မွေး ဝမ်းကျောင်း မှု ပြုကြဖို့ ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် ပညာရေးဟာ ဒါပဲလား။ ဘဝရဲ့ အချိန် သုံးချိုး တစ်ချိုး ၊ လေးချိုး တစ်ချိုးကို အကုန်ခံပြီး ပညာဆိုတာ ကို ဒီအတွက်ပဲ တွန်းပို့ လိုက်ကြတာလား။ စင်စစ် ဘဝဟာ အလုပ် တစ်ခုသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှု အတွက် သက်သက် မဟုတ်ဘူး။ ဘဝဟာ လေးနက်ပြီး ထူးခြားတဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ နက်နဲတယ်။ လူသား တစ်မျိုးတည်း အတွက်မှာတင် ဘဝ အဓိပ္ပာယ်က ကျယ်ပြန့်တယ်။ အသက်မွေးမှု အတွက် ပြင်ဆင် ရုံမျှ သက်သက်ပဲ ဆိုရင် ကျနော်တို့ ရည်ရွယ်ရာဟာ လွဲမှားနေပြီ လို့ ပြောရမယ် ။ ဘဝရဲ့ အဓိပ္ပာယ် အပြည့်အဝ နားမလည်တော့ ဘဲ လွဲနေပြီ လို့ ဆိုရပါမယ်။ ဘဝ ကို နားလည် သဘောပေါက်ဖို့ က စာမေးပွဲ ဖြေဖို့ ပြင်ဆင်တာ ထက် တော့ ပို အရေးကြီး မယ် မဟုတ်လား။ သင်္ချာ၊ ရူပဗေဒ စသဖြင့် ဘာသာရပ် တွေ သင်ကြားနေရုံ ထက်တော့ ပို အရေးကြီး လာမယ် မဟုတ်လား။ ဆရာပဲ ဖြစ်ဖြစ် ၊ ကျောင်းသားပဲ ဖြစ်ဖြစ် သင်ကြားခြင်း ဆိုတာ ဘာလဲ၊ ပညာရေးကို ဘာကြောင့် ပြုကြရသလဲ ဆိုတာ ခြေခြေမြစ်မြစ် မေးခွန်း ရှိသင့်ပါတယ်။ ပညာရေးဟာ ဘဝနဲ့ ဆက်နွယ်မယ့် အတွက် ဘဝကိုလည်း မေးခွန်း ထုတ်ပါမယ်။ ဘဝရဲ့ ဒင်ပြည့် ကျပ်ပြည့် အဓိပ္ပာယ်က ဘာလဲ။ ငှက်ကျေးသာရကာ၊ သစ်ပင် ပန်းမန်၊ ကောင်းကင်၊ မြေပြင်၊ ကြယ်စင် စတာတွေကလည်း ဘဝထဲ အကျုံးဝင် နေမယ်။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်း ဟာလည်း ဘဝမှာ ရှိမယ်။ လူတန်စားချင်း၊ အုပ်စုချင်း၊ နိုင်ငံချင်း တိုက်ပွဲ တွေလည်း ပါမယ်။ ဘာဝနာလည်း ရှိမယ်။ ဘာသာရေး လို့ ကျနော်တို့ ခေါ်ဆိုကြ တာလည်း ဘဝမှာ ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ်၊ နက်နဲမယ့် စရိုက်တွေလည်း ဘဝမှာ ပါဝင် ပါတယ်။ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ အာသာ ရမ္မက်နဲ့ စိတ်လှုပ်ရှားမှုတွေ စတာ တွေလည်း ဘဝမှာ ရှိနေတယ်။ ဒါတွေ အားလုံးဟာ ဘဝ ဖြစ်တယ်။ ဒါ့ထက်လည်း ပိုမယ်။ ဒါကို ကျနော်တို့ အများစုက အသက်မွေး ဝမ်းကျောင်း – ဆိုတဲ့ ရှုထောင့် တစ်ခုတည်းကနေ ၊ ကလေးတွေကို ( ဒါမှမဟုတ် ) ကျနော်တို့ ကလေးဘဝကို – ဆယ့်ငါးနှစ် ၊ နှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံခဲ့ပြီး ပြင်ဆင်သွားခဲ့ကြတယ်။ စာမေးပွဲတွေ ဝင်ဖြေ၊ အလုပ်အကိုင် တစ်ခုလုပ်၊ အိမ်ထောင်၊ သားမွေး၊ စက်ရဟတ်ကြီး လည်သလို လည်ပတ်နေကြ တယ်။ အဲ့ဒီ အချိန်တွေထိ Read more of this post
OSCAR-2019
ဆော်ဒီနိုင်ငံမှာ တန်ဖိုးကြီး ပရိဘောဂတွေကို နေပူထဲ ထားမိလို့ သစ်ပင်မှာ ကြိုးတုပ်နေလှန်း အပြစ်ပေးခံခဲ့ရတဲ့ ဖိလစ်ပိုင် အိမ်အကူအမျိုးသမီးကို တာဝန်ရှိသူတွေက မိခင်နိုင်ငံ ပြန်လည်ခေါ်ဆောင်လိုက်ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့က နေအိမ်တလုံးမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင်အမျိုးသမီးတဦးက အိမ်ရှင်တွေရဲ့ တန်ဖိုးကြီး ပရိဘောက ပစ္စည်းတွေကို နေပူထဲ ထားမိတဲ့အတွက် အိမ်ရှင်မိသားစုရဲ့ နေလှန်းအပြစ်ပေးမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မေ ၁၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ အပြစ်ပေးခံခဲ့ရသူဟာ အသက် ၂၆ နှစ်အရွယ် လက်ဗလီးအက်ကော့စတာ ဘာယူလိုဆိုသူဖြစ်ပါတယ်။ သူမဟာ နေရောင်ကြောင့် ပစ္စည်းတွေ ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာ ဒီပစ္စည်းတွေကို နေရောင်အောက်မှာ ထားမိခဲ့တာကြောင့် အိမ်ရှင်မိသားစုရဲ့ မညှာမတာ အပြစ်ပေးတာကို ခံခဲ့ရတာပါ။ ဆော်ဒီအိမ်ရှင်မိသားစုက ဘာယူလိုကို အိမ်အပြင်ဘက် သစ်ပင်တပင်မှာ ကြိုးနဲ့ချည်ပြီး နေလှမ်းခဲ့တာပါ။ ဒီဖြစ်ရပ်ကို သူမလို အိမ်ဝန်းတဦးက ဗွီဒီယိုရိုက်မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး ဒီဗွီဒီယိုအရ တင်းကြပ်စွာ ချည်နှောင်ခြင်းခံထားရတဲ့ သူမဘေးနားကို တခြားဝန်ထမ်းတွေ ရောက်ရှိလာခဲ့ပေမယ့် သူမကို မကူညီနိုင်တဲ့ အခြေအနေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဗွီဒီယိုရိုက်ကူးခဲ့တဲ့ ဖိလစ်ပိုင်ဝန်ထမ်းက နောက်ပိုင်းမှာ လူမူကွန်ရက်ပေါ်တင်ခဲ့ပြီး ဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်ခံနေရတာကို အာဏာပိုင်တွေဆီ ပေးပိုခဲ့ပါတယ်။ ဒီလိုလူမဆန်စွာ အပြစ်ပေးတဲ့ ပုံရိပ်တွေ အင်တာနက်ပေါ်ရောက်ရှိသွားတဲ့အချိန်မှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက ဒီဖြစ်ရပ်ကို သတိပြုမိကြောင်းနဲ့ မတရားနှိပ်စက်ခံရသူကို နေရပ်ကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီအသက် ၂၆ နှစ်အရွယ် အိမ်အကူအမျိုးသမီးဟာ မေ ၉ ရက်နေ့ မှာ မနီလာလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သူမကို ကူညီပေးတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ကျမအပေါ် ကူညီခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျမကို ကူညီပေးခဲ့တဲ့လူတွေရဲ့ လုံခြုံရေးအခြေအနေအတွက်လည်း စိုးရိမ်မိပါတယ်” လို့ သူမက ပြောဆိုခဲ့ပါတယ်။ ဘာယူလိုရဲ့ဖြစ်ရပ် လူမူကွန်ရက်ပေါ် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ဆော်ဒီနိုင်ငံကို ရောက်ရှိနေတဲ့ တခြားသော ဖိလစ်ပိုင်အိမ်အကူ အမျိုးသမီးတဦးကလည်း သူမရဲ့ အဖော်ဖြစ်သူတို့ဟာ ဆော်ဒီအိမ်ရှင်နဲ့ ညှဉ်းပန်း အနိုင်ကျင့်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ Tags ဆော်ဒီနေလှန်းကြိုးတုပ်အပြစ်ပေးခံရ ဆကျစပျသတငျးမြား ဆော်ဒီ အရပ်ဘက်လေဆိပ်ကို ဟူသီသူပုန် တိုက်ခိုက်၊ ၁ ဦးသေဆုံး 3 years Ago ဆော်ဒီမှ ထွက်ပြေးရန် ကြိုးစားသည့် လူ ၄ ဦးက စစ်ဆေးရေးစခန်းကို တိုက်ခိုက်၊ ၂ ဦးသေဆုံး 4 years Ago အိုစမာဘင်လာဒင်၏သားကို ဆော်ဒီ နိုင်ငံသားအဖြစ်မှ ပယ်ဖျက် 4 years Ago Print Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.
2022-11-30T10:50:28Z
http://burmese.dvb.no/archives/327962
OSCAR-2301
ဆက်လက်မစစ်ဆေးနိုင်ဘဲ အချုပ်ထဲမှာ (၁၀) လနီးပါကြာမြင့်နေပြီဖြစ်တဲ့ အဆိုတော်အစ္စဏီရဲ့ အမှု – XB Media Myanmar မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ တရားရုံးချိန်းတွေကတော့ ယခုလအတွင်းမှာ ၁၀ လ ပြည့်မြောက်တော့မှာပဲ ဖြစ်ပြီး လက်ရှိမှာတော့ အမှုစစ်ဆေးမှုများ မပြုလုပ်နိုင်သေးဘဲ ရုံးချိန်းများဖြင့်သာ ဖြတ်သန်းနေလျက် ရှိပါတယ်။ "ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့။ တိုင်းကလည်း ပြန်မကျသေးဘူ။ ကြာနေတာပါ။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာကို ဘုရား တရားနဲ့ပြန်ပြီးတော့ စိတ်ဓာတ်မကျအောင် လုပ်နေရပါတယ်။ ကျနော့်ပရိသတ်တွေကိုလည်း သတိရပါတယ်။ သီချင်းတွေလည်း ဆိုချင်ပါသေးတယ်" လို့ အဆိုတော် အစ္စဏီက ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။ အဆိုတော် အစ္စဏီရဲ့ ၂၃ကြိမ်မြောက် တရားရုံးချိန်းကိုတော့ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းအတွက် ရက်ချိန်းကိုသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်ပြီး အဆိုတော် အစ္စဏီရဲ့ရှေ့နေဖြစ်သူက "ကျနော်တို့ကတော့ တိုင်းက တစုံတရာ အမိန့်ချတဲ့အပေါ် မူတည်ပြီးတော့ စောင့်ဆိုင်းနေရတယ်။ တရားရုံးတော်အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးရင်တော့ မြန်ဆန်သွားမှာပေါ့။ သက်ဆိုင်ရာ ရုံးတခုကို ပြန်ရောက်သွားရင် ဒါမှမဟုတ် မူလရုံးကို ပြန်ရောက်သွားရင် ဥပဒေနဲ့အညီ ထုချေ ရှင်းလင်းဖို့အတွက် ရှိပါတယ်။ တရားရုံးတော်တွေရဲ့ အာမခံပေးလို့ မရတဲ့အပေါ် မူတည်ပြီးတော့ ချုပ်နှောင်ထားတာဆိုတော့ တစုံတရာ မှတ်ချက်ပေးဖို့ မရှိပါဘူး"လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။ အဆိုတော် အစ္စဏီရဲ့ အမှုတွဲကတော့ တိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်ရှိနေပြီး လက်ရှိမြို့နယ်တရားရုံးကို ပြန်လည် မရောက်ရှိလာသေးတဲ့အတွက် စစ်ဆေးမှုများ မပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်မှ တာမွေမြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပြီး နောက်တကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။ မုဒိမျးမှုအပါအဝငျ ပုဒျမ ၃ ခုနဲ့ တရားစှဲဆို ခံထားရတဲ့ အဆိုတျော အစ်စဏီရဲ့ တရားရုံးခြိနျးတှကေတော့ ယခုလအတှငျးမှာ ၁၀ လ ပွညျ့မွောကျတော့မှာပဲ ဖွဈပွီး လကျရှိမှာတော့ အမှုစဈဆေးမှုမြား မပွုလုပျနိုငျသေးဘဲ ရုံးခြိနျးမြားဖွငျ့သာ ဖွတျသနျးနလေကျြ ရှိပါတယျ။ "ကနြျော ၁၀ လ ထောငျထဲမှာ နရေတာပေါ့။ တိုငျးကလညျး ပွနျမကသြေးဘူ။ ကွာနတောပါ။ အဓိကကတော့ စိတျပိုငျးဆိုငျရာကို ဘုရား တရားနဲ့ပွနျပွီးတော့ စိတျဓာတျမကအြောငျ လုပျနရေပါတယျ။ ကနြေျာ့ပရိသတျတှကေိုလညျး သတိရပါတယျ။ သီခငျြးတှလေညျး ဆိုခငျြပါသေးတယျ" လို့ အဆိုတျော အစ်စဏီက ဒီကနေ့ ဖဖေျောဝါရီ ၇ ရကျနေ့ ရုံးခြိနျးမှာ ပွောသှားခဲ့ပါတယျ။ အဆိုတျော အစ်စဏီရဲ့ ၂၃ကွိမျမွောကျ တရားရုံးခြိနျးကိုတော့ ယနေ့ ဖဖေျောဝါရီလ ၇ ရကျနေ့၊ ရနျကုနျတိုငျးဒသေကွီး တာမှမွေို့နယျ တရားရုံးမှာ ပွုလုပျခဲ့ပွီး နောကျတကွိမျ ရုံးခြိနျးအတှကျ ရကျခြိနျးကိုသာ ပွနျလညျခြိနျးဆိုခဲ့ပါတယျ။ အဆိုပါအမှုနဲ့ ပတျသကျပွီး အဆိုတျော အစ်စဏီရဲ့ရှနေ့ဖွေဈသူက "ကနြျောတို့ကတော့ တိုငျးက တစုံတရာ အမိနျ့ခတြဲ့အပျေါ မူတညျပွီးတော့ စောငျ့ဆိုငျးနရေတယျ။ တရားရုံးတျောအနနေဲ့ အမွနျဆုံး ဆောငျရှကျပေးရငျတော့ မွနျဆနျသှားမှာပေါ့။ သကျဆိုငျရာ ရုံးတခုကို ပွနျရောကျသှားရငျ ဒါမှမဟုတျ မူလရုံးကို ပွနျရောကျသှားရငျ ဥပဒနေဲ့အညီ ထုခြေ ရှငျးလငျးဖို့အတှကျ ရှိပါတယျ။ တရားရုံးတျောတှရေဲ့ အာမခံပေးလို့ မရတဲ့အပျေါ မူတညျပွီးတော့ ခြုပျနှောငျထားတာဆိုတော့ တစုံတရာ မှတျခကျြပေးဖို့ မရှိပါဘူး"လို့ တရားလှတျတျောရှနေ့ေ ဦးကြျောဇငျဦးက ပွောပါတယျ။ အဆိုတျော အစ်စဏီရဲ့ အမှုတှဲကတော့ တိုငျးဒသေကွီး တရားလှတျတျောကို ရောကျရှိနပွေီး လကျရှိမွို့နယျတရားရုံးကို ပွနျလညျ မရောကျရှိလာသေးတဲ့အတှကျ စဈဆေးမှုမြား မပွုလုပျနိုငျတာဖွဈတယျလို့ သိရပါတယျ။အဆိုတျော အစ်စဏီကိုတော့ ရညျးစားဟောငျးဖွဈသူ မျောဒယျ စူးရှထကျမှ တာမှမွေို့နယျတရားရုံးမှာ ဥပဒပေုဒျမ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖွငျ့ တရားစှဲဆိုထားတာ ဖွဈပွီး နောကျတကွိမျရုံးခြိနျးကိုတော့ ဖဖေျောဝါရီလ ၂၁ ရကျနကေို့ ပွနျလညျ ခြိနျးဆိုခဲ့ပါတယျ။
2021/10/19 19:23:58
https://xbnewsmedia.com/archives/7355
mC4
ပရိသတ်တွေရှေ့မှာ အတူတူတွဲပြီး ပြန်တွေ့ရတဲ့ မမစုနဲ့ ညီလင်း | Celenow Home Celebs ပရိသတ်တွေရှေ့မှာ အတူတူတွဲပြီး ပြန်တွေ့ရတဲ့ မမစုနဲ့ ညီလင်း နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ "အရိပ်" ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ "အရိပ်" ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အဓိက ဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မမစုနေရာကနေ သရုပ်ဆောင်ခဲ့သူ မေမြင့်မိုရ်နဲ့ ညီလင်း နေရာကနေ သရုပ်ဆောင်သူ ဟိန်းထက်တို့ကလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိခဲ့ပါတယ်။ အရိပ်ဇာတ်လမ်းတွဲပြီးသွားတဲ့နောက်မှာ မတွေ့ဖြစ်ကြတော့တဲ့ မမစုနဲ့ ညီလင်းကတော့ ဇူလိုင်လ (၁၃) ရက်နေ့ နှစ်ယောက်အတူ ပရိသတ်တွေရှေ့ကို ပြန်ပြီးတော့ ရောက်ရှိလာခဲ့ပါတယ်။ မေမြင့်မိုရ်နဲ့ ဟိန်းထက်တို့ကတော့ Stun Magazine အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ မေမြင့်မိုရ်နဲ့ ဟိန်းထက်တို့ကတော့ အတွဲညီညီနဲ့ ဓါတ်ပုံရိုက်ကူးထားကြတာ အရမ်းကို ချစ်စရာကောင်းပါတယ်။ မေမြင့်မိုရ်ကတော့ Stun Magazine အတွက် ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ "မဆုံတာကြာတဲ့ မမစု နဲ့ ညီလင်း Shooting 📸📸 'စု' တို့ကိုလွမ်းနေရဲ့လားကွယ်…"လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ဟိန်းထက်နဲ့ မေမြင့်မိုရ်တို့ရဲ့ ဓါတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
2019/06/19 15:27:36
https://celenow.com/celebs/may-myint-mo-and-hein-htet-new-photo-shoot-ap/
mC4
မိုးကုတ်မြို့တွင်ဒေသခံများအား ဖမ်းဆီးဆက်ကြေးကောက်နေသည့် လက်နက်ကိုင်အဖွဲ့များကို ဆန္ဒပြရန် တင်ပြသော်လည်း တိုင်းအစိုးရခွင့်မပြု - People Media Myanmar Home မိုးကုတ်မြို့တွင်ဒေသခံများအား ဖမ်းဆီးဆက်ကြေးကောက်နေသည့် လက်နက်ကိုင်အဖွဲ့များကို ဆန္ဒပြရန် တင်ပြသော်လည်း တိုင်းအစိုးရခွင့်မပြု မိုးကုတ်မြို့တွင်ဒေသခံများအား ဖမ်းဆီးဆက်ကြေးကောက်နေသည့် လက်နက်ကိုင်အဖွဲ့များကို ဆန္ဒပြရန် တင်ပြသော်လည်း တိုင်းအစိုးရခွင့်မပြု မိုးကုတ်၊ ဒီဇင်ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ရပ်တန့်ရေးအတွက် အရပ်ဖက်လူမှုရေးအဖွဲ့ အစည်းများက ဆန္ဒဖော်ထုတ်ရန် တင်ပြခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရမှ ခွင့်မပြုကြောင်း မိုးကုတ်မြို့ အရပ်ဖက်လူမူအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မိုးကုတ်မြို့ဒေသခံများအား လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ ရပ်တန့်ရန်အတွက် အရပ်ဖက် လူမူအဖွဲ့အစည်း (၁၀)ဖွဲ့က ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီတွင် မိုးကုတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ COVID-19 စည်းကမ်းများနှင့်အညီ လူဦးရေ(၃၀)ဖြင့် ဆန္ဒထုတ် ဖော်ထုတ်ရန် စီစဉ်ထားခြင်းကို တိုင်းဒေသကြီးအစိုးရမှ ခွင့်မပြုခြင်းဖြစ်သည်။ "တိုင်းရင်းသားလက်နက်ကိုင်တွေက မြို့သူမြို့သားတွေအပေါ် ဖုန်ဆက်ပြီး ခြိမ်းခြောက်တယ် နောက်ဆုံး အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်လာတယ်၊ အဲ့တော့ မြို့က သူဌေးတွေလည် ကြောက်လန့်ထွက်ပြေးကုန်ပြီ၊ အဲ့ဒါကြောင့် ဒါကို ရပ်ဆိုင်းဖို့ တုန့်ပြန်မယ်၊ အဲ့ဒါကို တိုင်းအစိုးရက ခွင့်မပြုဘူး၊ ဒီအပေါ်မှာတော့ နားမလည်ဘူး"ဟု မိုးကုတ်မြို့ အရပ်ဖက်လူမူအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်မပြုသည့်အတွက် ဆန္ဒထုတ်ဖေါ်ပွဲကို ဖျက်သိမ်းခဲ့ကြောင်း၊ သို့သော် အစိုးရအနေဖြင့် မိုးကုတ်မြို့ ဒေသခံများ၏ အသက်၊ အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးစေလိုကြောင်း အရပ်ဖက် လူမူအဖွဲ့အစည်းများမှ ပြောဆိုသည်။ မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ(၄)ရက်တွင် TNLAလက်နက်ကိုင်အဖွဲ့မှ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ဖမ်းဆီးထိန်းသိမ်းခဲ့သလို ဒီဇင်ဘာ(၅)ရက်တွင်လည်း SSPPလက်နက်ကိုင်အဖွဲ့မှ ဒေါ်ကြည်သန်းနှင့် သူမ၏ သားမက်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။ မိုးကုတ်မြို့နယ်ရှိ ပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေးအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ ပူးပေါင်း အဖွဲ့များမှ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ၊ နယ်မြေအလိုက် လှည့်ကင်း ဆောင်ရွက်ခြင်းစသည်တို့ကို နေ့ရော ညပါ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ PeopleMedia #မိုးကုတ်မြို့ #TNLA မိုးကုတျမွို့တှငျဒသေခံမြားအား ဖမျးဆီးဆကျကွေးကောကျနသေညျ့ လကျနကျကိုငျအဖှဲ့မြားကို ဆန်ဒပွရနျ တငျပွသျောလညျး တိုငျးအစိုးရခှငျ့မပွု မိုးကုတျ၊ ဒီဇငျဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) မန်တလေးတိုငျးဒသေကွီး မိုးကုတျမွို့တှငျ ဒသေခံပွညျသူမြားအား ဖမျးဆီးခွငျး၊ ဆကျကွေးကောကျခွငျးမြား ပွုလုပျနသေညျ့ တိုငျးရငျးသားလကျနကျကိုငျအဖှဲ့မြားကို ရပျတနျ့ရေးအတှကျ အရပျဖကျလူမှုရေးအဖှဲ့ အစညျးမြားက ဆန်ဒဖျောထုတျရနျ တငျပွခဲ့သျောလညျး မန်တလေးတိုငျးဒသေကွီး အစိုးရမှ ခှငျ့မပွုကွောငျး မိုးကုတျမွို့ အရပျဖကျလူမူအဖှဲ့အစညျးတဈခုမှ တာဝနျရှိသူတဈဦးက ပွောသညျ။ မိုးကုတျမွို့ဒသေခံမြားအား လကျနကျကိုငျအဖှဲ့မြားက ဖမျးဆီးခွငျး၊ ဆကျကွေးကောကျခွငျးမြား ရပျတနျ့ရနျအတှကျ အရပျဖကျ လူမူအဖှဲ့အစညျး (၁၀)ဖှဲ့က ပူးပေါငျးကာ ယနေ့ နံနကျ(၁၀)နာရီတှငျ မိုးကုတျမွို့ ဗိုလျခြုပျကွေးရုပျရှေ့၌ COVID-19 စညျးကမျးမြားနှငျ့အညီ လူဦးရေ(၃၀)ဖွငျ့ ဆန်ဒထုတျ ဖျောထုတျရနျ စီစဉျထားခွငျးကို တိုငျးဒသေကွီးအစိုးရမှ ခှငျ့မပွုခွငျးဖွဈသညျ။ "တိုငျးရငျးသားလကျနကျကိုငျတှကေ မွို့သူမွို့သားတှအေပျေါ ဖုနျဆကျပွီး ခွိမျးခွောကျတယျ နောကျဆုံး အသကျအန်တရာယျထိပါ ခွိမျးခွောကျလာတယျ၊ အဲ့တော့ မွို့က သူဌေးတှလေညျ ကွောကျလနျ့ထှကျပွေးကုနျပွီ၊ အဲ့ဒါကွောငျ့ ဒါကို ရပျဆိုငျးဖို့ တုနျ့ပွနျမယျ၊ အဲ့ဒါကို တိုငျးအစိုးရက ခှငျ့မပွုဘူး၊ ဒီအပျေါမှာတော့ နားမလညျဘူး"ဟု မိုးကုတျမွို့ အရပျဖကျလူမူအဖှဲ့အစညျးတဈခုမှ တာဝနျရှိသူတဈဦးက ပွောသညျ။ မန်တလေးတိုငျးဒသေကွီး အစိုးရအဖှဲ့မှ ခှငျ့မပွုသညျ့အတှကျ ဆန်ဒထုတျဖျေါပှဲကို ဖကျြသိမျးခဲ့ကွောငျး၊ သို့သျော အစိုးရအနဖွေငျ့ မိုးကုတျမွို့ ဒသေခံမြား၏ အသကျ၊ အိုးအိမျ စညျးစိမျကို ကာကှယျပေးစလေိုကွောငျး အရပျဖကျ လူမူအဖှဲ့အစညျးမြားမှ ပွောဆိုသညျ။ မိုးကုတျမွို့တှငျ ပွီးခဲ့သညျ့ ဒီဇငျဘာ(၄)ရကျတှငျ TNLAလကျနကျကိုငျအဖှဲ့မှ SP မုနျ့တိုကျပိုငျရှငျ ဦးကြျောဝငျး ဖမျးဆီးထိနျးသိမျးခဲ့သလို ဒီဇငျဘာ(၅)ရကျတှငျလညျး SSPPလကျနကျကိုငျအဖှဲ့မှ ဒျေါကွညျသနျးနှငျ့ သူမ၏ သားမကျတို့ကို ဖမျးဆီးထိနျးသိမျးခဲ့သျောလညျး ယနအေ့ခြိနျထိ ပွနျလညျ လှတျမွောကျလာခွငျး မရှိသေးပေ။ မိုးကုတျမွို့နယျရှိ ပွညျသူလူထုမြား စိုးရိမျထိတျလနျ့မှုမရှိစရေေးအတှကျ ဒီဇငျဘာလ ၁၁ ရကျနမှေ့စ၍ ပူးပေါငျး အဖှဲ့မြားမှ ပိတျဆို့ရှာဖှစေဈဆေးခွငျးမြား၊ နယျမွအေလိုကျ လှညျ့ကငျး ဆောငျရှကျခွငျးစသညျတို့ကို နရေ့ော ညပါ ဆောငျရှကျလကျြရှိကွောငျး မန်တလေးတိုငျးဒသေကွီး ရဲတပျဖှဲ့မှ ထုတျပွနျထားသညျ။ PeopleMedia #မိုးကုတျမွို့ #TNLA « တီယန်မင်ရင်ပြင်ဖြိုခွဲခံရမှုအထိမ်းအမှတ်အွန်လိုင်းအခမ်းအနားများကို အနှောင့်အယှက်ပေးသည်ဟုဆိုကာ Zoom ကုမ္ပဏီ၏ တရုတ်အခြေစိုက်အရာရှိကို အမေရိကန်က တရားစွဲ တပ်မတော်ခေါင်းဆောင်များအား နိုင်ငံတကာတရားရုံး ICC/ICJ မှ စစ်ရာဇ၀တ်မှုဖြင့် တရားစွဲဆိုမှုအပေါ် ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲကို သက်ဆိုင်ရာသို့ ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်မည် »
2021/07/29 22:45:51
https://www.peoplemediamyanmar.com/%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%AF%E1%80%90%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B1%E1%80%92%E1%80%9E%E1%80%81%E1%80%B6/
mC4