url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/12/194492/
အိန္ဒိယအစိုးရက မြန်မာ့အရေး ကူညီဖြေရှင်းရာတွင် တော်လှန်ရေးအင်အားစုများအပေါ် မျှတသော ဆက်ဆံခြင်းနည်းလမ်း ကျင့်သုံးရန် အရပ်ဘက်အဖွဲ့ ၄ ခုက တောင်းဆို
["အိန္ဒိယအစိုးရက မြန်မာ့အရေး ကူညီဖြေရှင်းရာတွင် တော်လှန်ရေးအင်အားစုများအပေါ် မျှတသော ဆက်ဆံခြင်းနည်းလမ်း ကျင့်သုံးရန် အရပ်ဘက်အဖွဲ့ ၄ ခုက တောင်းဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "အိန္ဒိယအစိုးရသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများအပေါ် မျှတသော ဆက်ဆံခြင်း နည်းလမ်းကို ခိုင်မာသည့် မူတစ်ရပ်အဖြစ် ထည့်သွင်းကျင့်သုံးရန် မြန်မာ့အရေးလှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့ ၄ ခုက ယနေ့ပူးပေါင်း၍ သဘောထားကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။", "မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် ကူညီပံ့ပိုးရန်ဆွေးနွေးရာတွင် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်ဖိတ်ကြား၍ ပြည်သူ့ တော်လှန်ရေးအင်အားစုအချို့ကို တရားမဝင်မဟုတ်သည့် နည်းလမ်းနှင့် တွေ့ဆုံမှုသည် လုံးဝမှားယွင်းသည့် ချဉ်းကပ်မှုဖြစ်ကြောင်း ထောက်ပြထားသည်။", "အဆိုပါ သဘောထားကြေညာချက်ကို India For Myanmar၊ Blood Money Campaign, Defend Myanmar Democracy ၊ Generation’ Solidarity Coalition of Nationalities တို့ က ပူးပေါင်း၍ ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။", "အိန္ဒိယအစိုးရအနေနှင့် မြန်မာ့ပဋိပက္ခကူညီဖြေရှင်းမှု အောင်မြင်နိုင်ရေးအတွက် မျှတသော ဆက်ဆံခြင်းကို ခိုင်မာသည့် မူတစ်ရပ်အဖြစ် ထည့်သွင်းကာ မြန်မာနိုင်ငံအရေးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပက်သက်နေသော ပြည် တွင်း၊ ပြည်ပ အင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း၊ မြန်မာပြည်သူများလိုလားသော နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ရလဒ်များ ပေါ်ထွက်လာသည်အထိ ဦးဆောင် ကူညီပေးရန် အလေးအနက် တိုက်တွန်းတောင်းဆိုသည်။", "ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအစိုးရများအနေနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ကူညီပံ့ပိုးလိုပါက ပြည်သူ့တော် လှန်ရေးအင်အားစုများ၊ အကြမ်းဖက်စစ်ကောင်စီ၊ ၎င်းနှင့် နီးစပ်သည့် အဖွဲ့အစည်းများအကြား မျှတသော ဆက်ဆံခြင်းကို အခြေခံမူအဖြစ် မဖြစ်မနေလိုက်နာကျင့်သုံးရန်လည်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။"]
https://yktnews.com/2023/12/135234/
အိန္ဒိယ၏ နာမည်ကျော်ဆေးရုံ Apollo က မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများထံမှ ကျောက်ကပ်များ ခွဲယူ တရားမဝင် ရောင်းဝယ် ကုသမှုများ လုပ်ဆောင်
["အိန္ဒိယ၏ နာမည်ကျော်ဆေးရုံ Apollo က မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများထံမှ ကျောက်ကပ်များ ခွဲယူ တရားမဝင် ရောင်းဝယ် ကုသမှုများ လုပ်ဆောင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "အိန္ဒိယ နိုင်ငံ ၊နယူးဒေလီမြို့က နာမည်ကျော် Apollo ဆေးရုံမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် အစားထိုးကုသမှုများ ပြုလုပ်နေကြောင်း ဗြိတိန်အခြေစိုက် Telegraph သတင်းဌာန က စုံစမ်းရေး သားထုတ်ဖော်ခဲပါတယ်။", "အိန္ဒိယရဲ့ အကြီးဆုံးပုဂ္ဂလိက ဆေးရုံ လုပ်ငန်းစုတွေထဲက တစ်ခုဖြစ်တဲ့ Apollo ဆေးရုံ ဟာ ကျောက်ကပ် အစားထိုးလဲလှယ်ဖို့ အတွက် မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါး သူတွေကိုချဉ်းကပ်ပြီး တရားမဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ဝယ်ယူ၊ရောင်းချပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Telegraph က စုံစမ်းထုတ်ဖော်ရေးသားခဲ့ပါတယ်။", "အဓိက အားဖြင့်တော့ Apollo ဆေးရုံ ဟာ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ မြန်မာ နိုင်ငံက ငွေကြေးတတ်နိုင်သူတွေ နဲ့ပူးပေါင်းပြီး ဆင်းရဲနွမ်းပါးသူတွေ ထံချဉ်းကပ်ကာ ကျောက်ကပ် ရောင်းချပေးဖို့ သွေးဆောင်စည်းရုံးခဲ့တာဖြစ်တယ်လို့ Telegraph က ဖော်ပြခဲ့တာဖြစ်ပါတယ်။", "မြန်မာနိုင်ငံက ငယ်ရွယ်ပြီး ကျန်းမာရေး ကောင်းမွန်တဲ့ လူငယ်ဆင်းရဲနွမ်းပါး သူတွေကို ပစ်မှတ်ထားကာ ဒေလီဆေးရုံ ကိုပို့ဆောင်ပြီးလူကုံထံ မြန်မာ နဲ့ နိုင်ငံတကာက လူနာများထံ သူတို့ရဲ့ ကျောက်ကပ်တွေ အစားထိုးပေး ခဲ့တယ်လို့ ဆိုပါတယ်။", "Telegraph ရဲ့ စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူ အများအပြားကို ဒေလီမှာ အခြေစိုက်တဲ့ Apollo ဆေးရုံကိုလွဲပြောင်း ပေးပြီး Indraprastha Medical Company ပိုင် ဆေးရုံနှစ်ရုံ မှာ ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။", "Apollo ဆေးရုံ ဟာ ကျောက်ကပ်ရယူဖို့ အတွက် မြန်မာ နိုင်ငံက ဆင်းရဲနွမ်းပါး သူတွေ အခကြေးငွေပေးပြီး ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေတဲ့သူတွေ နဲ့ ချိတ်ဆက်ပေးကာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။", "တရားဝင်စာရွက်စာတမ်း တွေ အရတော့ဒီလုပ်ငန်းစဉ်ကို “ကျောက်ကပ် လှူဒါန်းမှု” ခေါင်းစဉ်တပ်ထား ပါတယ်။ Apollo ဆေးရုံ မှာကျောက်ကပ်အစားထိုး ကုသမှုခံယူဖို့ အတွက် လူနာ တစ်ဦးအနေနဲ့ ကုန်ကျစရိတ် စတာလင်ပေါင် ၁၇၁၀၀ (သို့) အမေရိကန် ဒေါ်လာ ၂၁၄၀၀ ကျော် ကျသင့်မှာ ဖြစ်ပြီး ဒါဟာ ကျောက်ကပ်လှူဒါန်းသူတွေကို ပေးရတဲ့ ငွေကြေးမပါဝင်ဘဲ ဆေးရုံစရိတ် စက သက်သက်ဖြစ်တယ်လို့ သိရပါတယ်။", "ကျောက်ကပ်လှူဒါန်းသူ (ဝါ) ငွေကြေးကြောင့် ကျောက်ကပ်ရောင်းချရသူ တွေကတော့ မြန်မာကျပ်ငွေ သိန်း ၇၀ ဝန်းကျင်က နေ သိန်း ၉၀ အထိ သာရရှိကြတယ်လို့ Telegraph ရဲ့ စုံစမ်းဖော်ထုတ်မှုတွေ အရသိရပါတယ်။", "Apollo ဆေးရုံ ဟာ ကျောက်ကပ်လှူဒါန်းမယ့်သူတွေ ကို မြန်မာ နိုင်ငံမှာ လူသုံးများတဲ့ လူမှုကွန်ရက် Facebook ကနေအများဆုံးချဉ်းကပ်ခဲ့ဖြစ်တယ်လို့လည်း သိရှိရပါတယ်။", "Apollo ဆေးရုံ ရုံးခွဲ တွေကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် နဲ့ မန္တလေးမြို့တွေ ဖွင့်လှစ်ထားပြီး ကျောက်ကပ်ခွဲစိတ်ကုသမယ့် သူတွေကို လက်ခံပေးတာ ၊ ကျောက်ကပ်လှူဒါန်းမယ့် သူတွေ ရှာဖွေ ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လည်း သိရှိရပါတယ်။", "ကျောက်ကပ်တရားမဝင်ရောင်းဝယ်မှု ၊တရားမဝင်ရောင်းချမှုတွေ ဟာ အန္ဒိယ နိုင်ငံမှာဖြစ်ပွားနေတာ နှစ်ရှည် ကြာဖြစ်ပေါ်နေတဲ့ ပြဿနာ ဖြစ်ပြီး အိန္ဒယ မှာ အလှူရှင်များရှားပါးနေတာကြောင့် မြန်မာ နိုင်ငံက ဆင်းရဲ နွမ်းပါးသူတွေကို ပစ်မှတ်ထား လာတာဖြစ်တယ်လို့ Asia News သတင်းဌာနက ဖော်ပြထားပါတယ်။", "နှစ်စဉ် အိန္ဒိယလူမျိုး တစ်သန်းနီးပါး နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရပြီး လူပေါင်း နှစ်သိန်းခန့်ဟာ နောက်ဆုံးအဆင့် ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုကို ခံစားနေရတယ်လို့ Asia News သတင်းဌာနက ဆိုပါတယ်။", "ကျောက်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အိန္ဒိယ လူမျိုး ၂၀ ခန့် ဟာ ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုကို စောင့်ဆိုင်းရင်း နေ့စဉ် သေဆုံးနေကြပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကျောက်ကပ် အစားထိုးကုသမှု ၇၅၀၀ ခန့်ရှိခဲ့တယ်လို့လည်း Asia News ကဆိုပါတယ်။", "Telegraph သတင်းဌာန ကရေးသားထုတ်ဖော်အပြီးမှာ တော့ Apollo ဆေးရုံ က ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် အစားထိုးကုသမှုပြုလုပ်နေတဲ့ ကိစ္စဟာ နယူးဒေလီမြို့ရှိ အစိုးရ ရုံးထိ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။", "အိန္ဒိယနိုင်ငံရဲ့ ကျောက်ကပ် အစားထိုး လဲလှယ်မှု နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် ရောင်းချနေမှု ကွင်းဆက်တစ်ခုလုံးကို ပြန်လည်စုံးစမ်းဖို့ အိန္ဒိယဗဟို အစိုးရ ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားအင်္ဂါနှင့် တစ်ရှူးအစားထိုးအဖွဲ့ (NOTTO) က တိုက်တွန်းခဲ့ရအထိ ဖြစ်ပွားခဲပါတယ်။", "Apollo ဆေးရုံ ကိုပိုင်ဆိုင်တဲ့ Indraprastha Medical Company ကတော့ နိုင်ငံတကာ မီဒီယာတွေမှာဖော်ပြနေကြတဲ့ အချက်အလက်တွေဟာ လုံးဝမှားယွင်းနေပြီး ၊လှည့်ဖျားထားတဲ့ သတင်းတွေ အချက်တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။", "ဒါ့ပေမယ့်လည်း အိန္ဒိယဗဟို အစိုးရ ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားအင်္ဂါနှင့် တစ်ရှူးအစားထိုးအဖွဲ့ (NOTTO) ကတော့ ဒီကိစ္စ ကိုစုံစမ်းစစ်ဆေးမှုတွေ ပြုတွေပြုလုပ်ရမယ်လို့ ရိုက်တာ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။", "NOTTO ရဲ့ ဒါရိုက်တာ အနေလ်း ကူးမား က “ဒီကိစ္စရပ်ဟာ နက်နဲတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်မယ်ဆိုတာ မဆုံးဖြတ်ခင် ခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။", "ဒေလီကျန်းမာရေးအတွင်းဝန် S B Deepak Kumar ကတော့ ဒီကိစ္စကို ဖက်ဒရယ်အစိုးရ၏အမိန့်အတိုင်း စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။", "မြန်မာ နိုင်ငံသားဆင်းရဲ နွမ်းပါးသူတွေ တရားမဝင် ကျောက်ကပ်ထုတ်ယူခံနေရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာ စစ်ကောင်စီထံ ရိုက်တာကမေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ဘူးလို့ သိရပါတယ်။", "Indraprastha Medical Company အောက်မှာ Apollo ဆေးရုံ ပေါင်း ၇၀ ကျော် အိန္ဒိယနိုင်ငံတစ်ဝှမ်း မှာလည်ပတ်နေပြီး ၂၀၂၀ ခုနှစ်မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ခွဲစိတ်ကုသမှုပေါင်း ၁၆၄၁ ခု လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာ ကဖော်ပြထားပါတယ်။", "ကိုးကား – Telegraph ၊ ရိုက်တာ ၊ Asia News"]
https://yktnews.com/2023/04/100067/
အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်က ဖော်ထုတ်လိုက်သော အကြမ်းဖက်စစ်တပ်အတွင်းမှ လိင်စိတ်ပြင်းထန် လွန်ကဲနေသော စစ်အရာရှိ၊ တပ်သားများ၏ စရိုက်များ
["အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ်က ဖော်ထုတ်လိုက်သော အကြမ်းဖက်စစ်တပ်အတွင်းမှ လိင်စိတ်ပြင်းထန် လွန်ကဲနေသော စစ်အရာရှိ၊ တပ်သားများ၏ စရိုက်များ", "By ရန်ကုန်ခေတ်သစ်", "လူမှုကွန်ရက်တစ်ခွင်မှာ “အိပ်ယာဝင်ပုံပြင်” ဆိုတဲ့ စကားလုံးက ဒီရက်ပိုင်း အတွင်း အလွန်ကို ရေပန်းစားတဲ့ စကားစု တစ်ခုဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ အမျိုးသမီးတစ်ဦးက အကောင့်တုနဲ့ အကြမ်းဖက်စစ်တပ်အတွင်းမှ အရာရှိ၊ စစ်သည်တွေနဲ့ ငွေကြေးရယူ Sex Chat (လိင်အင်္ဂါများ ပြသ အာသာဖြေခြင်း) ထားတဲ့ Video ဖိုင်တွေကို အိပ်ယာဝင် ပုံပြင် ဆိုတဲ့တယ်လီဂရမ် ချန်နယ် ကနေ တစ်ခုပြီး တစ်ခု တင်ပြခဲ့ရာက အဲဒီ အိပ်ယာဝင်ပုံပြင် ဆိုတဲ့ ချန်နယ်က အလွန်ပေါက် သွားပါတယ်။", "အကောင့်အတုနဲ့ အမျိုးသမီးတချို့က နာမည်အတု မေမီ၊ ရတနာ စတဲ့ နာမည်တွေနဲ့ ငွေကြေးရယူပြီး Sex Chat လုပ်ကြပါတယ်။ အဲဒီအကောင့်ကိုပဲ စစ်ကောင်စီတပ်က အရာရှိကြီးတွေ၊ အရာရှိလေးတွေနဲ့ စစ်သည်တွေက ဆက် သွယ် ငွေကြေးပေးပြီး Sex Chat ခဲ့ကြတာလည်းဖြစ်ပါတယ်။", "အဲဒီလို Sex Chat ခဲ့ကြသူတွေမှာ ဒုတိယဗိုလ်မှူးကြီး အဆင့်တွေ ပါဝင်သလို ရေတပ် ဗိုလ်ကြီးတွေ၊ ကြည်းတပ်ဗိုလ်ကြီးတွေ လည်းပါဝင်ပါတယ်။ ရှေ့တန်း ရောက် အိမ်ထောင်သည် စစ်အရာရှိတွေက သူတို့ နောက်တန်း မပြန်ရလို့ လိင်ကိစ္စ အလွန်လိုအပ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ ဒီ Sex Chat တွေ လုပ်ခဲ့ကြတာရှိသလို သူတို့ရဲ့ လိင်အင်္ဂါတွေကိုလည်း တစ်ဖက်က လက်ခံ စကားပြောပေးတဲ့ အမျိုးသမီးကို ဗီဒီယိုနဲ့ ပြသခဲ့ကြပါတယ်။", "အဲဒီလို Sex Chat ကြတဲ့အထဲမှာ လူပျို စစ်အရာရှိတွေလည်း ပါဝင်နေပါတယ်။ အိပ်ယာဝင်ပုံပြင်ဆိုတဲ့ တယ်လီဂရမ် ချန်နယ်က ရက်ပိုင်းလောက်သာ ဖွင့်လှစ်ခဲ့ပြီး Follower ၁ သောင်းနီးပါးရှိခဲ့ပြီး စစ်အရာရှိတွေ ကိုယ်တိုင် သူတို့ရဲ့ လိင်စိတ် လွန်ကဲမှု အခြေအနေတွေကို ပြသနေတဲ့ ဗီဒီယိုတချို့ကိုလည်း တင်ခဲ့ ပါတယ်။", "အိပ်ယာဝင်ပုံပြင် တယ်လီဂရမ် ချန်နယ် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း စစ်တပ် ထဲမှာ အရမ်းကို ရိုက်ခတ်မှု ပြင်းထန်ခဲ့ပြီး နောက်ဆုံး ဧပြီလ ၂၉ ရက်နေ့မှာ အဲဒီ တယ်လီဂရမ်ချန်နယ်နဲ့ စစ်အရာရှိတွေနဲ့ Sex Chat လုပ်ခဲ့တဲ့ အမျိုးသမီးတွေကို ဖမ်းဆီးဖို့ အရေးပေါ် ကြေးနန်းကို စစ်ရုံးချုပ်က ထုတ်ပြန် ပါတယ်။", "အဲဒီလို စစ်ရုံးချုပ်က ကြေးနန်းထွက်လာပြီးတဲ့နောက်မှာတော့ အိပ်ယာဝင် ပုံပြင် တယ်လီဂရမ်ချန်နယ် ပျက်သွားခဲ့သလို အကောင့်အတုနဲ့ Sex Chat သူရဲ့ အကောင့်လည်းပျက်သွားပါတယ်။", "စစ်တပ်က အကောင့်အတုနဲ့ အမျိုးသမီးကို ဖမ်းဆီးဖို့ အမိန့်ထုတ် ပေမယ့် လည်း အဲဒီအမျိုးသမီးနဲ့ လိင်စိတ်လွန်ကဲစွာ လိင်အင်္ဂါတွေ ပြသ Sex Chat ခဲ့ကြတဲ့ စစ်အရာရှိတွေကိုတော့ အရေးယူတာမျိုးမရှိပါဘူး။", "စစ်တပ်အသိုင်းအ၀ိုင်းမှာတော့ ဒါဟာ စစ်တပ်ကို လူမှုရေးနဲ့ တိုက်ခိုက်တဲ့ တစ်ဖက်က လုပ်ရပ်လို့ ဆိုကြပေမယ့် အိပ်ယာဝင်ပုံပြင် ဗီဒီယိုတွေမှာ မြင်ရ တာ ကတော့ အကြမ်းဖက်စစ်တပ်မှာ တာဝန်ထမ်းဆောင်တဲ့ စစ်အရာရှိတွေရဲ့ အလွန်ဆိုးရွားနေတဲ့ လိင်စိတ် လွန်ကဲမှုတွေ မြင်ရပါတယ်။", "ရှေ့တန်းရောက်ရှိနေတဲ့ မြန်မာစစ်တပ်က ကျေးရွာတွေမှာ အမျိုးသမီးတွေ ကလေးတွေကို မုဒိမ်းကျင့်နေတဲ့ ဖြစ်စဉ် တောက်လျှောက်သလို ဖြစ်ပေါ်နေပြီး ဒီမုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေက တကယ်ဖြစ်ပွားခဲ့ဖြစ်ရပ်တွေဆိုတာ အိပ်ယာဝင် ပုံပြင် တယ်လီဂရမ် ချန်နယ်မှာ Sex Chat ခဲ့ကြတဲ့ စစ်အရာရှိတွေရဲ့ လွန်ကဲတဲ့ လိင်စိတ်တောင့်တမှုတွေက သက်သေခံနေပါတယ်။", "လူမှုကွန်ရက် နည်းပညာကျွမ်းကျင်သူတစ်ဦးကတော့ ရှေ့တန်းရောက် စစ်ကောင်စီအရာရှိတွေနဲ့ စစ်သားတွေက လူမှုကွန်ရက်မှာ အဲဒီလို Sex Chat နဲ့ လိင်အာသာဖြေဖို့အဓိက ဦးစားပေးသုံးကြလို့ အခုလို ဖြစ်စဉ်မျိုး ဖြစ်လာတာ လို့ ဆိုပါတယ်။", "အိပ်ယာဝင်ပုံပြင် တယ်လီဂရမ်ချန်နယ်နဲ့ အကောင့်အတု နဲ့ Sex Chat သူ အမျိုးသမီးဆိုသူကို ဖမ်းဖို့ အမိန့်ထုတ်ရတဲ့ အထိ စစ်တပ်ထဲမှာ ထိန်းမနိုင် သိမ်းမရ လိင်စိတ်လွန်ကဲမှုတွေနဲ့ စည်းကမ်း ကျင့်ဝတ်ဖောက်ပြားမှုတွေ ရှိနေ တယ်ဆိုတာတော့ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။", "အိပ်ယာဝင်ပုံပြင် ဆိုတဲ့ စကားစုက အကြမ်းဖက်စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အခြေ အနေ တစ်နည်းအားဖြင့် တပ်ပျက်နေတဲ့ အနေအထားတစ်ခုကို ပေါ်လွင်စေခဲ့ တဲ့ စကားရပ်ဆိုရင်လည်း မမှားနိုင်ပါဘူး။"]
https://yktnews.com/2025/03/206232/
အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်ခြင်းမှာ သေ တွင်း ပို့သည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထား ကူညီစောင့်ရှောက်ပေးရန် NUG က မေတ္တာရပ်ခံ
["အိမ်နီးချင်းနိုင်ငံများအနေဖြင့် ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်ခြင်းမှာ သေ တွင်း ပို့သည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထားကူညီစောင့်ရှောက်ပေးရန် NUG က မေတ္တာရပ်ခံ", "ရန်ကုန်၊ မတ် ၄", "အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံတွင်း တရားမဝင် နေထိုင်အလုပ်လုပ်မှုဖြင့် ဖမ်းဆီးရရှိထားသော မြန်မာနိုင်ငံသားများကို စစ်ကောင်စီထံသို့ ပို့ဆောင်နေခြင်းမှာ သေ တွင်းသို့ ပို့ဆောင်နေသည့်သဘောဖြစ်နေ၍ လူသားချင်းစာနာထောက်ထားစွာဖြင့် ကူညီစောင့်ရှောက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ မေတ္တာရပ်ခံ လိုက်သည်။", "ယနေ့ ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။", "“အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်း ဖက်စစ်အုပ်စုလက်ကို ပြန်လည်အပ်နှံခြင်းဟာ သေတွင်းထဲ ပြန်ပို့တဲ့သဘောဆောင်နေတာမို့ မိမိတို့နိုင်ငံအလိုက်ထုတ်ပြန်ထားကြတဲ့ “မိခင်နိုင်ငံသို့ပြန်ပို့ခံရချိန်တွင် အသက်အန္တရာယ် ကျရောက်နိုင်လျှင် ပြန်ပို့ခြင်းကိုတားမြစ်သည့် ဥပဒေ၊ ညွှန်ကြားချက်များ” နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကူညီစောင့်ရှောက် ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံရပ်ခြားကိုရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာကြဖို့၊ သက်ဆိုင်ရာနိုင်ငံအလိုက် လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုတွေ စံနှုန်းတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် နေထိုင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။", "မြန်မာနိုင်ငံတွင် စစ်တပ်က အဓမ္မစစ်သားစုဆောင်းခြင်းများကို တရားလက်လွတ် လုပ်ဆောင်လာနေကြောင်း၊ တစ်နှစ်အတွင်း အပတ်စဉ် ၁၀ ခု နီးပါး အဓမ္မစုဆောင်းခဲ့သည့်အပြင် ပေါ်တာဆွဲခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ပြန်ပို့သူများကို အဓမ္မစစ်သားစုဆောင်းခြင်း၊ အမျိုးသမီးများကိုပါ အဓမ္မစစ်သားစုဆောင်းဖို့ စတင်လာခြင်း၊ အကျဉ်းထောင်များမှ လူငယ်များကို အဓမ္မစစ်သားစုဆောင်းခြင်း၊ လူငယ်များ၏ နိုင်ငံတကာထွက်ခွာမှုကို ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရောက်ရှိနေသူများကို လက်ပါးစေ သံရုံးများမှတဆင့် အကျပ်ကိုင်ပြီး တိုင်းပြည်အတွင်း ပြန်လည် ဝင်ရောက် အဓမ္မစစ်မှုထမ်းစေရန် ကြိုးစားခြင်းများကို လုပ်ဆောင်လာကြောင်း NUG က ပြောဆိုသည်။", "အကြမ်းဖက်စစ်အုပ်စုက အဓမ္မစစ်သားစုဆောင်းထားများသူကို လအနည်းငယ်ခန့် စစ်သင်တန်းတက်စေပြီး ချက်ချင်းဆိုသလို ရှေ့တန်းစစ်မျက်နှာများသို့ စေလွှတ်ကာ လူသားဒိုင်းသဖွယ် အသုံးပြုနေကြောင်း၊ ယင်းကိစ္စမှာ နိုင်ငံနှင့်ချီပြီး ကျူးလွန်နေသည့် အဓမ္မအလုပ်စေခိုင်းမှု(Forced Labor)၊ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်တွေမှုဖြစ်သဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများက လက်ပိုက်ကြည့်မနေဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်မှုဆောင်ရွက်ကြရန် NUG က မေတ္တာရပ်ခံသည်။", "အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုဒဏ်ကို ခံနေရသည့် လူငယ်ထုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် တတ်စွမ်းသမျှ ကူညီဆောင်ရွက်လျက်ရှ်ကြောင်း၊ အဓမ္မစစ်သားစုဆောင်းခံရပြီးနောက် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းလာသူများ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို ကြိုဆိုလက်ခံလျက်ရှိကြောင်း NUG က ထုတ်ပြန်ပြောဆိုသည်။", "ဓာတ်ပုံ-၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ထိုင်းအစိုးရ၏ ပြန်လည် လွှဲပြောင်းမှုခံလိုက်ရသည့် မြန်မာလူငယ်များ"]
https://yktnews.com/2023/01/83904/
အိမ်ပြန်ခွင့်ရရေး ထိုင်းနိုင်ငံ ရ​နောင်းလဝက အချုပ်စခန်းတွင် ၃ ရက်မြောက် အစာ ငတ်ခံ ဆန္ဒပြနေရသည့် မြန်မာများ
["အိမ်ပြန်ခွင့်ရရေး ထိုင်းနိုင်ငံ ရ​နောင်းလဝက အချုပ်စခန်းတွင် ၃ ရက်မြောက် အစာ ငတ်ခံ ဆန္ဒပြနေရသည့် မြန်မာများ", "ရန်ကုန် | ဇန်နဝါရီ ၃၀", "မြန်မာ ၇၀၀ ကျော် နေရပ်ပြန်ခွင့်ရရန်အတွက် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လဝက အချုပ် စခန်းထဲတွင် အစာအငတ်ခံ ဆန္ဒပြတောင်းဆိုမှု ၃ ရက်မြောက် လာပြီ ဖြစ်သည်။", "ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီးနောက် လွတ် ရက် စေ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ရနောင်းမြို့ လူဝင်မှု ကြီး ကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဆက်လက်ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။", "ယင်းသို့ထိန်းသိမ်းခံရရာတွင် လူ ၅၀ ဝန်းကျင်ဆံ့သည့်အခန်းထဲ လူရာချီ ပြွတ် သိပ်ထိုးနေနေရပြီး အနေဆင်းရဲသလို အစားဆင်းရဲဒဏ်လည်း ခံနေကြရသည်။ ကျန်းမာရေးဒုက္ခများနှင့်လည်း ကြုံနေရသေးသည်။", "ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် အချိန်ရှစ်လခန့်အထိနေကြရပြီး ငွေပေး နိုင်မှ ပြန်ပို့ခံရမည့် အမည်စာရင်းတွင် ပါမည်ဖြစ်ရာ အိမ်ပြန်ခရီး အလှမ်း ဝေးနေသည်။", "ထို့ကြောင့် မြန်မာများ ဆန္ဒပြတောင်းဆိုမှုပေါ်လာခြင်းဖြစ်သည်။ အထူးသဖြင့် မြန်မာဘက်က တာဝန်ရှိသူများကို ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။ယင်း သို့ အခက်အခဲများကို မြန်မာနိုင်ငံသားများ မည်သည့်အကြောင်းအရင်းကြောင့် ခါး စည်း ခံနေကြရသနည်း။", "လဝက စခန်းထဲကဒုက္ခ", "လဝကရုံး အပေါ်ဆုံးထပ်တွင်ရှိသည့် ထိန်းသိမ်းရေးစခန်းထဲတွင် မြန်မာ နိုင်ငံသား ၇၀၀ ကျော်ကနေ ၈၀၀ ဝန်းကျင် အထိရှိနိုင်သည်ဟု ယင်းစခန်းတွင် ထိန်းသိမ်းခံထားရသူတို့က ပြောဆိုကြသည်။", "လွတ်ရက်စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်မပို့ခင် ယာယီထားသည့် ယင်းစခန်းတွင် အချိန် ၇ လ၊ ၈ လအထိ ဒုက္ခကြီးစွာဖြင့် နေထိုင်နေရသူများစွာလည်း ရှိနေ သည်။", "ယင်းထဲတွင် အသက် ၅၀ ကျော် ၆၀ နီးပါးအရွယ် သက်ကြီးရွယ်အိုများ၊ ကိုယ် ဝန် ဆောင်များနှင့် နောက်ထပ် အမျိုးသမီး များစွာရှိနေသလို ကျန်းမာရေးမ ကောင်းသူများလည်း ရှိနေကြောင်း ထိန်းသိမ်းခံထားရသူများက ဆိုသည်။", "လူဦးရေ ၅၀ ခန့်သာ ဆံ့နိုင်သော အခန်းတစ်ခန်းတွင် မြန်မာနိုင်ငံသား ၁၄၀ ခန့် နေထိုင်ခဲ့ရကြောင်း ယင်းစခန်းတွင် ထိန်းသိမ်းခံထားရသည့် ထားဝယ် ဒေသခံ တစ်ဦးက ပြောသည်။", "လူများ၍ ပြွတ်သိပ်ထိုးနေသဖြင့် အိပ်လျှင်ပင် တစ်ဖွဲ့ထထိုင်မှ တစ်ဖွဲ့ အိပ်ခွင့် ရပြီး အပုံပုံအထပ်ထပ် အိပ်ရသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။", "“အခန်းတွေမှာ လူများလို့ အိပ်လို့မရဘူး။ လှဲချလို့မရဘူး။ သူနိုးရင် ကိုယ်အိပ်။ ဒီလိုပဲသွားနေကြရတယ်” ဟု ၎င်းက အနေဆင်းရဲ ကြုံရမှုကို ရှင်းပြသည်။", "နောက်ထပ် ထိန်းသိမ်းခံ မြန်မာအမျိုးသမီးတစ်ဦးကလည်း “အခန်းထဲမှာဆိုရင် ကျပ်နေတာပေါ့။ လူတွေ ပြွတ်သိပ် နေတာ။ ငါတို့အိပ်ဖို့ နေဖို့စားဖို့က လုံးဝ အဆင်မပြေဘူး။ ဒါလူ့အခွင့်အရေးချိုးဖောက်တာ” ဟု ပြောသည်။", "အနေဆင်းရဲသည့်အပြင် အစားကလည်း ဆင်းရဲပြန်သေးသည်။", "“ကြက်သားဖက်က လက်တစ်ဆစ်လောက်ပဲရှိတယ်။ ထမင်းကလည်း အထုပ် သေးသေးလေးပဲ။ သူတို့အိမ်မှာ မွေးထားတဲ့ ခွေးသာသာပဲရှိတယ်”ဟု ထိန်း သိမ်းရေးစခန်းထဲက နောက်ထပ် မြန်မာအမျိုးသားတစ်ဦးက ပြောသည်။", "ကျွေးမွေးသည့် အစားအသောက်မှာ ကျန်းမာသန်စွမ်းသူများအတွက်ပင် အဆင်မ ပြေရာ အသက်ကြီးပိုင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကျန်းမာရေးမကောင်းသူများအတွက်ဆိုလျှင် ပို၍ အစားဆင်းရဲကြီးလှသည်။", "“သူတို့ ထားထားတဲ့ပုံနဲ့ ကျွေးထားတဲ့ပုံနဲ့ ကျွန်မတို့ မခံစားနိုင်ဘူးလေ။ မြန်မာ တွေကလည်း သူတို့ကျွေးတဲ့ဟာတွေ စားတာ စားလို့လည်းမရဘူးလေ။ ဒီမှာ အသက်ကြီးပိုင်းတွေရှိတယ်။ ဗိုက်ကြီးသည်တွေရှိတယ်” ဟု အထက်တွင် ဖော်ပြ ခဲ့သည့် အမျိုးသမီးက ပြောဆိုသည်။", "ယင်းအပြင် ကျန်းမာရေးမကောင်းသူများမှာလည်း ဆေးကုခွင့် မရကြပေ။", "လေဖြတ်ထားသည့် လူနာများပင်လျှင် ဆေးကုသခွင့်မရဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြသလို လူအများ စုပြုံနေသဖြင့် အရေပြားရောဂါ ဝဲစွဲနာ များကြောင့် အပုပ်နံ့ထွက်နေသူများစွာလည်း ရှိနေသည်ဟုဆိုသည်။", "အမျိုးသမီးများဆိုလျှင် လစဉ်သုံးပစ္စည်းများ မရရှိကြသည့်အပြင် တစ်ကိုယ် ရေသန့်ရှင်းရေးအတွက် ချိုးရေကိုပင် ပုံမှန်မရကြကြောင်း ပြောဆိုကြသည်။", "ယင်းသို့ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေကြရသော်လည်း မြန်မာနိုင်ငံသို့ ပြန်ခွင့်မရကြပေ။", "“ကျွန်တော်တို့က ထောင်ကျပြီးသား။ အပြစ်ဒဏ်ခံယူပြီးသားတွေလေ။ တရား ရုံးလည်းတက်ပြီးလို့ ပြန်လည်း လွှတ်ပေးလိုက်ပြီ။ နေရပ်ပြန်ဖို့ ရနောင်း အချုပ်ကို ရောက်တယ်။ ရက်ပြည့်တာနဲ့ လွှတ်ရဖို့။ အခုက ရက်ပြည့်လည်း မလွှတ်ဘူး” ဟု ထိန်းသိမ်းခံ ထားဝယ်ဒေသခံက ဆိုသည်။", "ထိုင်းကြောင့်လော၊ မြန်မာကြောင့်လော", "ထိန်းသိမ်းရေးစခန်းထဲက မြန်မာများကို ထိုင်းနိုင်ငံဘက်က ပြန်ပို့ပေး နိုင်သော် လည်း မြန်မာနိုင်ငံဘက်က လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံနေသဖြင့် စခန်းထဲတွင် မြန်မာများ စုပြုံနေခြင်းဖြစ်သည်ဟု ထောက်ပြမှုများရှိသည်။", "ထိုင်းနိုင်ငံဘက်က လွှဲပြောင်းသူများကို မြန်မာဘက်က တစ်လလျှင် နှစ်ကြိမ် နှုန်း တစ်ကြိမ်လျှင် တစ်ရာကျော်ဖြင့် လက်ခံနေသည်။", "သို့သော် ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာများ ဖမ်းဆီးခံရမှု နေ့ တိုင်း ဆယ်ချီ၊ ရာချီရှိနေသလို တရားမဝင် နေထိုင်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံရမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူလည်းများနေသည်။ ၎င်းတို့မှာ ပြစ်ဒဏ်ကျခံပြီးလျှင် လဝက ထိန်းသိမ်းရေးစခန်းထဲ ရောက် လာသည်။", "ထို့အချိန်တွင် မြန်မာဘက်က လက်ခံသည့်ပမာဏမှာ နည်းနေခြင်းဖြစ်သည်။", "မြန်မာဘက်က အကန့်အသတ်ဖြင့် လက်ခံနေသဖြင့် ယခုကဲ့သို့ပြဿနာများ ကြုံနေရခြင်းဖြစ်ကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) မှ တာဝန်ရှိသူ ကိုသားကျော်က ထောက်ပြသည်။", "SAFWA သည် ရနောင်းမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး မြန်မာအလုပ်သမား များ အရေးဆောင်ရွက်နေကာ ပြစ်ဒဏ်ကျခံ ပြီးနောက် မြန်မာနိုင်ငံသားကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရေးတွင် ပါဝင်ကူညီပေးသည့်အဖွဲ့လည်း ဖြစ်သည်။", "၂၀၁၆ ခုနှစ်ဝန်းကျင်ကဆိုလျှင် လဝက စခန်းတွင် ထားရန်နေရာ မရှိတော့ သဖြင့် ရဲစခန်းမှာပင်ထားခဲ့ရရာ ယင်းအချိန်က တစ်ရက်ကို လူတစ်ထောင်အထိ မြန်မာဘက်က လက်ခံခဲ့သော်လည်း လက်ရှိတွင် လက်မခံခြင်းကို ၎င်းက မေးခွန်းထုတ် သည်။", "“ကော့သောင်းဘက်က လက်မခံလို့ အခုလို ဖြစ်နေတာ။ မြန်မာဘက်က လက် ခံ ပေးရုံပဲ။ Q (ကွာရင်တင်း) ဝင်ဖို့လည်း ကိုယ့်စရိတ်နဲ့ပဲ၊ စားတာလည်း ကိုယ့် စရိတ်နဲ့ပဲ စားမယ်လို့တောင်းဆိုတာပဲ။ ကိုယ့်နိုင်ငံသားတွေကို တမင် သက် သက် ဒုက္ခဖြစ်အောင်ထားထားသလို ဖြစ်နေတာ” ဟု ကိုသားကျော်က ပြောဆိုသည်။", "ထိုင်းအာဏာပိုင်များကို မေးမြန်းရာတွင်လည်း မြန်မာဘက်က လက်မခံသဖြင့် ပြန်မပို့ ပေးနိုင်သည်ဟု ပြောဆိုရာ မြန်မာဘက်တွင်သာ အဓိက တာဝန်ရှိ ကြောင်း ထိန်းသိမ်းခံမြန်မာများက ဝေဖန်ကြသည်။", "“ဘာလို့မြန်မာနိုင်ငံဘက်က မခေါ်နိုင်တာလဲ။ ကျွန်တော်တို့က မြန်မာ နိုင်ငံ သား မဟုတ်ဘူးလား။ နိုင်ငံခြားသားလည်း မဟုတ်ဘူး။ မြန်မာ မှတ်ပုံ တင်ကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေ။ ခေါ်ဖို့အဆင်မပြေလို့လား။ ကျွန်တော် တို့က မြန်မာပြည် ပြန်မယ်လေ။ ထိုင်းဘက်က လာထုတ်ပေးရင်ရပြီ။ ကျွန်တော် တို့ပိုက်ဆံနဲ့ ကျွန်တော်တို့ ပြန်မယ်လေ” ဟု ထိန်းသိမ်းခံ ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။", "ယင်းအခြေအနေတွင် ပြန်ခွင့်ရလိုသူများမှာ ငွေကြေးပေးဆောင်နေရသည်။", "ငွေပေးနိုင်မှ အိမ်ပြန်ရမည်", "မြန်မာနိုင်ငံသို့ ပြန်ပို့မည့် အမည်စာရင်းတွင်ပါနိုင်ရန်အတွက် ဘတ် တစ် သောင်း ဝန်းကျင်အထိ ပေးနေရသည်ဟု ဆိုသည်။", "မြန်မာပွဲစားထံမှ ထိုင်းရဲတပ်ဖွဲ့၊ လဝကတို့သို့ ပေးဆောင်ခဲ့ရခြင်းဖြစ်ပြီး ယင်းသို့ ငွေကြေးပေးမှသာလျှင် ဦးစားပေး ပို့ပေးခံရကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။", "“ကျွန်မတို့မှာက ပိုက်ဆံမတတ်နိုင်တဲ့အတွက် ငုတ်တုတ်မေ့နေရတယ်” ဟု ထိန်းသိမ်းခံမြန်မာတစ်ဦးက ပြောဆိုသည်။", "ကော့သောင်းမြို့နယ် လဝက ရုံးက တာဝန်ရှိသူတစ်ဦးကလည်း “(ထိုင်း) သူတို့ ဆီက ပုလိပ်ကို ထွက်ချင်တဲ့သူတွေက ပွဲစားနဲ့ ချိတ်ကြတယ်။ ပွဲစားကို သူတောင်း တဲ့ ဈေးပေးရတယ်။ ပွဲစားကနေမှ ဒီလူက ထွက်ချင်တယ်။ ဘယ်လောက် ပေးမယ်ဆိုပြီး ပုလိပ်ကို ပြောတော့ သူတို့ကထုတ်ပေးလိုက်ရော “ဟုပြောသည်", "သို့သော် ပြန်လည်လွတ်မြောက်ရန်အတွက် မြန်မာလဝကကိုမူ ငွေကြေးရခြင်း မျိုးမရှိသည်ဟု ၎င်းက ဆိုသည်။", "ယင်းသို့အခြေအနေတွင် ထိန်းသိမ်းခံမြန်မာများမှာ ဆန္ဒပြတောင်းဆိုသည့် လမ်းကြောင်းကို ရွေးလိုက်ကြသည်။ ဇန်နဝါရီလ ၂၈ ရက်တွင် စတင်ဆန္ဒပြ ကြပြီး ယနေ့တွင်လည်း ဆက်လက်ပြနေကြသလို တောင်းဆိုချက် ဆက်လက် လည်း ပြကြဦးမည်ဟု ဆိုသည်။", "အစာငတ်ခံပြကြပြီ", "ထိန်းသိမ်းရေးစခန်း ဝင်ပေါက် တံခါးမကြီးကို မြန်မာများက အတွင်းကနေ ပိတ်ထားကြသည်။ တံခါးမပိတ်လျှင် ဆန္ဒပြမှုကို ဖြိုခွဲခံရမည်စိုးရိမ် သော ကြောင့် ဖြစ်သည်။ ယင်းသို့ ပိတ်ထားသဖြင့် အစားအသောက်များ ပို့၍ မရ တော့ရာ အစာငတ်နေကြခြင်းဖြစ်သည်။", "“သူတို့ပေးတဲ့ထမင်းကို ယူမယ်ဆိုရင် တံခါးဖွင့်ပေးရမယ်။ သူတို့အကွက်ထဲ ဝင်သွားလိမ့်မယ်။ အောက်မှာ စစ်သားတွေ ၅၀ လောက်ရှိနေတယ်။ ဖွင့်လိုက်တာနဲ့ စစ်သားတွေက မီးခိုးဗုံးပစ်ပြီး ဝင်ဖို့ အဆင်သင့်အောက်မှာ စောင့်နေကြတယ်။ ယုံကြည်ရတဲ့အဖွဲ့အစည်းတွေလာမှ ထမင်းယူမယ်။ ဆွေးနွေးမယ်။ ၇ ရက်အထက်ဆို ဘယ်သူမှ (အစာငတ်) ခံနိုင်မှာမဟုတ်ဘူး။ သေကုန်လိမ့်မယ် ဟု ထိန်းသိမ်းခံ ထားဝယ်ဒေသခံက အခြေအနေကို ရှင်းပြသည်။", "ထို့ကြောင့် မြန်မာသံရုံး၊ သံအရာရှိများ၊ မြန်မာ အလုပ်သမား အရေးဆောင် ရွက်နေသော အဖွဲ့အစည်းများနှင့် သတင်းဌာနများအနေဖြင့် အတတ်နိုင်ဆုံး အမြန်ဆုံး လာရောက်ကူညီပေးကြရန် ၎င်းက တောင်းဆိုသည်။", "“အမြန်ဆုံးလာရောက်ပေးကြပါ။ အစာရေစာ ပြတ်နေလို့ပါ” ဟု ၎င်းက ဆက် လက် ပြောဆိုသည်။", "ရနောင်းအခြေစိုက် မြန်မာအလုပ်သမား သံအရာရှိကို ယခုကိစ္စနှင့်ပတ်သက် ဇန်နဝါရီလ ၂၈ရက်တွင် ဆက်သွယ်မေးမြန်းရာ အောက်ပါတိုင်း ဖြေကြားသည်။", "“အဲဒီကိစ္စတွေက ကျွန်တော်က မီဒီယာကို မချပြချင်သေးဘူး။ လိုအပ်လို့ရှိရင် တော့ ကျွန်တော်တို့သံရုံး Page ကနေပဲ ဒီသတင်းတွေကို ပြောမယ်လေနော်။ အခုလောလောဆယ် ဘာတွေဆောင်ရွက်နေတယ်တော့ ပြောဖို့တော့ ဆန္ဒမရှိ သေးဘူးဗျ” ဟု ဖြေကြားသည်။", "သို့သော် ယနေ့ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းအထိ သံရုံးဘက်က တစ်စုံ တစ်ရာ မထုတ်ပြန်သေးပေ။ သံရုံးဘက်က ဆက်သွယ်ခြင်းမျိုး မရှိသေးဟုလည်း ထိန်းသိမ်းခံမြန်မာများက ဆိုသည်။", "ယခုဆန္ဒပြတောင်းဆိုမှုမှာ မြန်မာနိုင်ငံက တာဝန်ရှိသူများကို အဓိက ဦးတည်ပြနေခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံ မြန်မာများက ပြောသည်။", "“မြန်မာဘက်က လာကယ်ဖို့လိုတယ်။ ဆန္ဒပြရတဲ့အကြောင်းအရင်းကလည်း ထိုင်းကိုပြတယ်ဆိုတာထက် မြန်မာသံရုံးကိုပြတာ။ အဓိက Main ပဲ” ဟု ထိန်းသိမ်းခံမြန်မာတစ်ဦးက ပြောသည်။", "ရနောင်းထိန်းသိမ်းရေးစခန်းတွင် နေရပ်ပြန်ခွင့်ရရန် မြန်မာဆန္ဒပြမှုမှာ ယခင် ကိုဗစ်ကပ်ဘေးကာလတွင်လည်း ရှိခဲ့သလို ယခုဖြစ်ရပ်မှာလည်း နောက်ဆုံးဖြစ်ရန် မသေချာလှသေးပေ။", "အာဏာသိမ်းပြီးနောက်တွင် အထွေထွေအကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံများသို့ မြန်မာများစွာ သွားရောက် လုပ်ကိုင်နေကြသည်။ ယင်းသို့ သွားကြရာတွင် ထိုင်းသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရမှု နေ့စဉ်ရှိနေခြင်းကြောင့် ဖြစ်သည်။", "လက်ရှိ ရနောင်းထိန်းသိမ်းရေးစခန်းထဲက မြန်မာများကမူ အစာအငတ်ခံ နိုင် သည်အထိ မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရေး တောင်းဆိုချက် မရမချင်း ဆန္ဒပြမည်ဟု ဆိုသည်။", "“ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်။ ရေရှိနေရင် ၇ ရက်လုံးပြမယ်။ သေချင်သေပါစေ။ အသေခံ လိုက်မယ်။ သူတို့နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်ဘူး။ နည်းနည်းလေးကျွေး မသေအောင်ထားတာကို မခံစားနိုင်ဘူး။ ကျွန်တော်တို့က လူ။ လူ့အခွင့်အရေးဆိုတာရှိတယ်”", "(Dawei Watch သည် ရန်ကုန်​ခေတ်သစ်၏ မဟာ မိတ်ဖြစ်သည်။)"]
https://yktnews.com/2023/02/86661/
အိုမန်တွင် အိမ်အကူ အဖြစ် ပို့ဆောင်ခံရသည့် မနွဲ့နွဲ့ရီ စအိုအကြိတ်အနာကြောင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သော်လည်း ဆေးကုသခွင့် မရ၍ အသက်အန္တရာယ်စိုးရိမ်နေရ
["အိုမန်တွင် အိမ်အကူ အဖြစ် ပို့ဆောင်ခံရသည့် မနွဲ့နွဲ့ရီ စအိုအကြိတ်အနာကြောင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သော်လည်း ဆေးကုသခွင့် မရ၍ အသက်အန္တရာယ်စိုးရိမ်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မြန်မာနိုင်ငံတွင် ကျန်းမာရေးမကောင်းမွန်သော မနွဲ့နွဲ့ရီကို အရှေ့အလယ်ပိုင်း၊ အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်ပါက အလုပ် ရရှိမည့်အပြင် ဆေး ကုသမှုပါ လုပ်ဆောင်နိုင်မည်ဟု ပြောဆိုပြီး တရားမဝင် အေးဂျင့်တစ်ခုက လိမ်လည် စေလွှတ်ခဲ့ကာ အိုမန်နိုင်ငံရောက်ရှိသောအခါ ဆေးကုသခွင့် မရသည့် အတွက်အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင်စအိုအကြိတ်ရောဂါ ခံစားနေရသည့် မနွဲ့နွဲ့ရီသည် ဝေဒနာ ကုသပျောက်ကင်းပြီးမှ ပြည်ပနိုင်ငံများသို့ သွားရောက် ရည်ရွယ်ခဲ့သော်လည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာမှ တရားမဝင် အေးဂျင့် ဟန်နီထွေးက အိုမန်နိုင်ငံတွင် အိမ်အကူ အလုပ်ရရှိမည့်အပြင် လက်ရှိ ခံစားနေရသည့် ရောဂါကိုပါ ကုသခွင့်ရရှိမည်ဟု ပြောဆိုပြီး ယမန်နှစ် ဩဂုတ်လတွင် အိုမန်နိုင်ငံသို့ လိမ်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ် ဩဂုလတ်လ ၁၆ ရက်နေ့ တရားမဝင်အေးဂျင့် ဟန်နီထွေး၏ အဆက်အသွယ်ဖြင့် အိုမန်သို့ ရောက်ရှိခဲ့ပြီး အိုမန်ရောက်ပြီး ၃ လအကြာတွင် စအိုဘေးတွင် အကြိတ်တည်မှု အခြေအနေမှာ ပြင်းထန်လာကြောင်း၊ ဆေးခန်းသို့ပြသ၍ ဆရာဝန်များက စစ်ဆေးကြည့်သောအခါ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် ခွဲစိတ်ကုသခွင့်မရဘဲ ဝေဒနာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေကြောင်း ၊ ယခုအခါ အသက်အန္တရာယ်စိုးရိမ်လာရကြောင်း သိရှိရသည်။", "မနွဲ့နွဲ့ရီက တရားမဝင်အေးဂျင့်ကို ပို့ဆောင်ပေးခ ဝန်ဆောင်ခအဖြစ် အိုမန်တွင် အိမ်ဖော်လုပ်၍ ရရှိသော လစာ ၂ လစာကို ပေးအပ်ခဲ့ကြောင်း၊ ဆေးကုသခွင့် အတွက် အေးဂျင့်ကို ပြောဆိုရာတွင် ခွဲစိတ်ကုသရန်မလိုဟု ဆိုကာ အိုမန်ရှိ တိုင်းရင်းဆေးခန်းတစ်ခုသို့ သာ ပို့ပေးဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ တိုင်းရင်းဆေးခန်းတွင် နောက်ကျောဘက်သို့ အပ်များဖြင့် စိုက်ကာ သွေးများ စုပ်ထုတ်ယူခဲ့ကြောင်း၊ သို့ရာတွင် စအိုအကြိတ်အနာမှာ မသက်သာဘဲ ပို၍သာ ဆိုးရွာလာကြောင်း မနွဲ့နွဲ့ရီက ပြောကြားသည်။", "၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မနွဲ့နွဲ့ရီသည် ကျန်းမာရေးမကောင်းမွန်ဘဲ အနာပိုနာသည့် ကြားမှ အိုမန်အေးဂျင့်က အိမ်အကူလုပ်ရန် အိမ်တစ်ခုဆီသို့ ထပ်မံ စေလွှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တရားမဝင် အေးဂျင့် ဟန်နီထွေးထံသို့ မြန်မာပြည်ခွင့်ရရေးနှင့် ဆေးကုခွင့် ရရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခဲ့သော်လည်း တာဝန်ယူခြင်းမရှိဘဲ ရှောင်တိမ်းလျက်ရှိကြောင်း သိရှိရသည်။", "၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် မနွဲ့နွဲ့ရီသည် အနာအရှိန်ကြောင့် အလုပ်မလုပ်နိုင်တော့ကြောင်း၊ ထို့ကြောင့် အိမ်ရှင်က မနွဲ့နွဲ့ရီကို အိုမန်ရှိ အိမ်ဖော်အေးဂျင်ကုမ္ပဏီထံသို့ ပြန်ပို့ခံခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အိုမန်အိမ်ဖော်အေးဂျင့်က တိုင်းရင်းဆေးခန်းသို့ ထပ်မံပို့ပေးခဲ့ပြီး တိုင်းရင်းဆေးခန်းတွင် စအိုအကြိတ် အနာကို မီးဖြင့် ရှို့၍ ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ မနွဲ့နွဲ့ရီက ကြောက်လန့်ပြီး လူနာကုတင်ပေါ်မှာ ဆင်းပြေးခဲ့သည့်အတွက် ဆက်လက် မကုသတော့ဘဲ ပြန်လာရကြောင်း သိရှိရသည်။", "မနွဲ့နွဲ့ရီက အိုမန်သို့ ပို့ဆောင်ပေးခဲ့သည့် တရားမဝင် အေးဂျင့် ဟန်နီထွေးကို ထပ်မံဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မထူးခြားလာကြောင်း၊ မနွဲ့နွဲ့ရီသည် စအိုအကြိတ်အနာကြောင့် ခါးရိုးနှင့် ကျောရိုးများ ယောင်လာပြီး ပိုမိုကိုက်ခဲသဖြင့် အချိန်မီ ဆေးကုသခွင့် ရယူရန် လိုအပ်နေကြောင်း၊ အရေးပေါ် ကုသမှု မလုပ်ဆောင်လျှင် အသက်အန္တရယ် စိုးရိမ်ရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အိုမန်နိုင်ငံသို့ အိမ်ကူအဖြစ်ပို့ဆောင်ခံခဲ့ရသူ မနွဲ့နွဲ့ရီ။"]
https://yktnews.com/2023/02/86783/
အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူများ မတရားရိုက်နှက်ခံရပြီး အကျဉ်းသူ ၇၀ ကျော် ဒဏ်ရာပြင်းထန်ကာ တိုက်ပိတ်ခံထားရ
["အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူများ မတရားရိုက်နှက်ခံရပြီး အကျဉ်းသူ ၇၀ ကျော် ဒဏ်ရာပြင်းထန်ကာ တိုက်ပိတ်ခံထားရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မန္တလေးတိုင်း အိုးဘိုထောင်တွင် စစ်ကောင်စီ၏ လက်ပါးစေ အကျဉ်းထောင် ဝန်ထမ်းများက ဖေဖော်ဝါရီလအတွင်း အကျဉ်းသူများကို လောက်လေးဂွများနှင့် ပစ်ခတ်ခြင်း၊ အဓမ္မ အနိုင့်အထက်ပြုကျင့်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။", "အကျဉ်းထောင်ဝန်ထမ်းများ၏ မတရား ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ၂၁ ဦးအထိရှိခဲ့ပြီး လောက်လေးခွစာမှန်သူ အကျဉ်းသူ ၇၀ ဦးအထိ ရှိခဲ့ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။", "ရိုက်နှက်ပြီးနောက် နိုင်ငံရေး အကျဉ်းသူ ၄၂ ဦးကို ၃ ထပ်ဆောင်သို့ ပို့ခဲ့ပြီး အကျဉ်းသူ ၂ ဦးကိုမူ တစ်ခန်းစီ သီးသန့်တိုက်ပိတ်ထားကာ ကျန် အကျဉ်းသူ ၄၀ ကိုမူ ၃ ခန်းစီခွဲ၍ ထားသည်ဟု ကြားသိရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။", "မတရားဖိနှပ်ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသူများမှာ မချယ်ရီစု၊ မအေးငြိမ်းသူဇာ၊ ခိုင်သဇင်၊ မနှင်းပွင့်ဝေ၊ မယမင်းကျော်၊ မခင်စန္ဒာငြိမ်း၊ မစက်တင်ဘာ၊ မဇင်မေကျော်၊ မဆုမြတ်ကျော်၊ မမိုးမိုးမြင့်၊ မပိုးပြည်သူ၊ မအိမြတ်နိုးဦး၊ မချောစုစုဝေ၊ မမိုးမိုးထွေး၊ ဒေါ်မာလာမြင့်၊ မခင်စန္ဒာငြိမ်း၊ မချစ်ဖူးငုံ၊ မကေနွယ်ဝေခိုင်၊ ဒေါ်ကြည်ကြည်ဝင်း၊ မရှမ်းမ တို့ ဖြစ်ကြသည်။", "ထို့ပြင် မစောနွယ်နီဟန်၊ မစောဥမ္မာချစ်၊ မရွှေရည်စိုး၊ မခင်အေးမော၊ မရွှေရည်ဝင်းကျော်၊ မဇင်မြတ်နိုးဦး၊ ဝိုင်းငယ်ငယ်၊ မခိုင်သဇင်၊ မနိုင်ဇာထွေး၊ မဝင်းသိမ့်သိမ့်ဇင်၊ မသက်ဖူးနိုင်၊ မအေးသန္တာစိုး၊ မနှင်းပွင့်ဝေ၊ မချယ်ရီစု၊ မအေးမြတ်ပိုင်၊ မအေးငြိမ်းသူဇာ၊ မပိုးသဥ္ဇာကျော်၊ မအိဖြူဝင်း၊ မအိမြတ်နိုးဦး၊ မချစ်ဖူးငုံ၊ မချောစုစုဝေ၊ မကေခိုင်မောင်မောင်၊ မမာလာမြင့်၊ မမြမြမော်၊ မခင်စန္ဒာငြိမ်း၊ မစန်းမြင့်နိုင်၊ မပိုပြည့်သူ၊ မနန်းရွှေစင်ဦး၊ မအေးသက်နိုင်၊ မဝင်းစုလှိုင်ဦး၊ မမေဇွန်ကို၊ မဇင်မာချိုတို့မှာလည်း အကျဉ်းထောင်ဝန်ထမ်းများ၏ မတရားဖိနှပ်မှု ခံခဲ့ရသည့် အကျဉ်းသူများ ဖြစ်ကြောင်း သိရှိရသည်။", "အကျဉ်းထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ပြင်းထန်သည့် အကျဉ်းသူများမှာ မစန်းလင်းမေ (နားရွက် ၅ ချက်ချုပ်) ၊ မအေးယုစံ (ခ) မအေးသန္တာထွန်းအောင် (ခေါင်းကွဲ ၅ ချက်ချုပ်) ၊ မအိဖြူဝင်း (မျက်လုံးမှန်) စသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။", "နိုင်ငံရေးအကျဉ်းသားများကို မတရား ရိုက်နှက်ဖိနှိပ်ခဲ့သူ အကျဉ်းထောင်ဝန်ထမ်းများမှာ စုပိုပိုလင်း (အဆောင် ၁ ဝန်ထမ်း) ၊ ဝေဖြူနှင်းအောင် (အဆောင် ၁ – ၂ ပွင့်)၊ သွယ်သွယ်ဦး (ဦးစီး – ၃ ပွင့်) ၊ အိမာလွင် (အဆောင် ၂ – ၂ ပွင့်) တို့ဖြစ်ကြပြီး ဝန်ထမ်းအဖွဲ့ကို ဦးစီးသူမှာ ဦးသိန်းလွင် ( ဒုထောင်ပိုင်) တို့ ဖြစ်ကြသည်။", "အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၄ ဦးကို စစ်ကြောရေးတွင် စစ် ကြောရေး လုပ်သူများက မုဒိမ်းကျင့်ခဲ့သည်ဆိုသော သတင်းကြောင့် အကျဉ်းသူများက အကျဉ်းထောင်ဝန်ထမ်းများနှင့် ပြဿနာတက်ကာ နောက်ဆက်တွဲ ပဋိပက္ခများဖြစ်ပေါ်၍ မတရားရိုက်နှက် ဖိနှိပ်ခံရခြင်းဖြစ်သည်ဟု အခြား အကျဉ်းထောင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။", "“မန္တလေး စစ်ကြောရေးမှာ နိုင်ကျဥ်း အမျိုးသမီး ၄ ဦးကို ရဲတွေက မုဒိမ်းပြုကျင့်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့သိရတယ်။ အဲဖြစ်စဥ်ကို အကျဥ်းသူ အချင်းချင်း ပြောပြလို့ မ​ကျေနပ်လို့ အကျဥ်းချခံထားရတဲ့ သူတွေက ထောင်ဝင်စာ လာပို့တဲ့ ငရုတ်သီးမှုန့်တွေကို ဖျော်ပြီး တာဝန်ကျတဲ့ ရဲတွေရဲ့ မျက်နှာကို ငရုတ်ရည်နဲ့ ပက်လို့ အကျဥ်းချခံထားရတာ မိန်းကလေး ၃၅ ဦးကို သေလုမြောပါးဖြစ်တဲ့ထိ ရိုက်နှက်ပြီး အခုချိန်ထိ တိုက်ပိတ်ထားတယ်လို့ သိရတယ်။ တစ်ချို့မိန်းကလေးတွေဆို နားရွတ်ပြတ်လို့ နီးပါးထိ ဒဏ်ရာတွေ ရရှိထားတယ်လို့ ကြားရတယ်” ဟု အကျဥ်းဦးစီး သတင်းရင်းမြစ်များက ပြောဆိုသည်။", "ထို့ပြင် ရိုက်နှက်ခံထားရသော အကျဥ်းကျ အမျိုးသမီး ၃၅ ဦးကို ထောင်ဝင်စာ အစားအစာများကိုလည်း ရက် အကန့်အသတ်မရှိ ပိတ်ထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။", "ဓာတ်ပုံ- အကျဉ်းဦးစီးဌာနမှ အကြမ်းဖက်ဝန်ထမ်းများ။"]
https://yktnews.com/2025/02/205346/
အိုးဘိုထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ဆေးကုသခွင့်မရဘဲ သေဆုံး
["အိုးဘိုထောင်တွင် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း ဆေးကုသခွင့်မရဘဲ သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းမှာ အနာများပေါက်၍ ပိုးဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့ဘဲ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အိုဘိုးထောင်တွင် ကိုအောင်ထွန်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုအောင်ထွန်း သည် စတင်ဖမ်းဆီခံရစဉ်က ကျန်းမာရေးကောင်းမွန်သူ ဖြစ်ပြီး မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း၊ အိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိချိန်မှ ခန္ဓာကိုယ်တွင် အနာများပေါက်လာပြီး အနာပိုးဝင်ကာ ထောင်ဆေးရုံတွင်လည်း တက်‌ရောက်ဆေးကုသမှုခံနေစဉ်တွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်း၏ ရုပ်အလောင်း(Dead Body )ကို မိသားစုထံသို့ ပြန်မပေးကြောင်း သိရှိရသည်။", "“အိုးဘို အကျဉ်းထောင်ဟာ ဖေဖော်ဝါရီလ ၁ လတည်းမှာတင် အနည်းဆုံး အကျဉ်းသား အကျဉ်းသူ ၂ ဦး သေဆုံးခဲ့တယ်။ ရှေ့ဖြစ်စဉ်မှာ ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသူရဲ့ သေဆုံးမှုကို အကျဉ်းဦးစီးဌာနကရော စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းဌာနတွေကရော မသေဆုံးဘူးဆိုပြီး လိမ်လည်တဲ့ ဖြစ်စဉ်တွေလည်း ဖြစ် ပေါ်နေပါတယ်။ လက်ရှိအခြေအနေက ဘယ်လောက်အထိဆိုးဝါးလာနေလဲဆိုရင် ထောင်တွင်းသေဆုံးမှုတွေကို သတင်းအမှောင်ချဖို့ ကြိုးစားလာသလို ထောင်တွင်း ဖိနှိပ်မှုတွေကို ထောင်ပြင်ပကို မထွက်ဖို့ ထောင်အာဏာပိုင်တွေက သတင်းပိတ် ဆို့မှုတွေ ပိုပြီးမှ များလာတယ်။ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကိုလည်း ခြိမ်းခြောက်ပြောဆိုမှုတွေ ပိုပြီး လုပ်ဆောင်လာတာကို ထောင်အာဏာပိုင်ရဲ့ နီးစပ်ရာအရင်းအမြစ်တွေကနေ အတည်ပြုထားနိုင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကိုအောင်ထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅- က ဖြင့် အမရပူရတရားရုံးက ၂၀၂၂ ခုနှစ် စက်တင်လ ၆ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရကာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/06/166456/
အိုးဘိုထောင်တွင် အကျဉ်းသား ၅၀ ခန့်ထားသည့် အဆောင်များကို ၁၀၀ ဦးမှ ၂၀၀ ဦး အထိ စုပြုံထားရှိပြီး ထောင်ဝတ်စုံများကိုလည်း လုံလောက်စွာ မပေး၍ အကျဉ်းသားများ အရေပြား ရောဂါများ ဖြစ်ပွားနေ
["အိုးဘိုထောင်တွင် အကျဉ်းသား ၅၀ ခန့်ထားသည့် အဆောင်များကို ၁၀၀ ဦးမှ ၂၀၀ ဦး အထိ စုပြုံထားရှိပြီး ထောင်ဝတ်စုံများကိုလည်း လုံလောက်စွာ မပေး၍ အကျဉ်းသားများ အရေပြား ရောဂါများ ဖြစ်ပွားနေ", "ရန်ကုန်၊ ဇွန် ၇", "မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် အိုးဘိုထောင်တွင် အကျဉ်းသား ၅၀ ခန့်ထားသည့် အဆောင်များကို ၁၀၀ ဦးမှ ၂၀၀ ဦး အထိ စုပြုံထားရှိပြီး ထောင်ဝတ်စုံများကိုလည်း လုံလောက်စွာ မပေး၍ အကျဉ်းသားများ အရေပြား ရောဂါများ ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အိုးဘိုအကျဉ်းထောင်တွင် လက်ရှိချိန်၌ အကျဉ်းသူ/ အကျဉ်းသားများသည် တစ်ဦးနှင့် တစ်ဦး ထပ်လုနီးပါး အိပ်စက်နေရခြင်း၊ နွေရာသီတွင် အကျဉ်းသူ/ အကျဉ်းသားများ နေ၍ မရအောင် အပူဒဏ်ခံစားကြရသကဲ့သို့ မိုးရာသီတွင်လည်း အဝတ်အစားများ ခြောက်ဖို့ ခဲယဉ်းခြင်း၊ အဝတ်အထည် လုံလောက်စွာ မရရှိခြင်းတို့ကြောင့် ယားနာများ ပေါက်ပွားလျက်ရှိကြောင်း သိရသည်။", "“ပြင်ပကပို့သည့် အဝတ်အစားကိုဝတ်ဆင်ခွင့် ကန့်သတ်ခံထားရပြီးနောက်ပိုင်း ထောင်ကျအဝတ်အစားကိုပဲ အဓိကဝတ်ဆင်နေကြရတဲ့ ထောင်တွေမှာ ထောင်ကျအဝတ်အစားတစ်ဦးကို ၂ ထည်လောက်ပဲ ထောင်က ထုတ်ပေးပြီး အများဆုံး ၃ ထည်ပဲထုတ်ပေးပါတယ်။ အခုမိုးရာသီမှာ အဝတ်အစားတွေ မခြောက်တာကြောင့် စိုဖန့်ဖန့်အဝတ်တွေကိုသာ ဝတ်ဆက်နေကြရပါတယ်။ ဒါကြောင့်နောက်ဆက်တွဲ ပွေးဝဲယားနာတွေဖြစ်လာတာပါ။လက်ရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေဟာ ရှင်လျှက်နဲ့ သေလူတွေလို နေနေကြရပါတယ်။လူတစ်ယောက်ကို တစ်ပေနဲ့သုံး လက်မဝန်းကျင်နေရာလေးမှာ တစ်ညတာဘဝကို အိပ်ပျော်အောင်အိပ်ပြီး အဆင်ပြေအောင်နေ‌ထိုင်နေကြရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "ထို့ပြင် နေရာကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသူတစ်ဦးနှင့် အခြားအမှုအကျဉ်းသူတစ်ဦး စကားများကြရာတွင်လည်း နိုင်ငံအရေးအကျဉ်းသူကို ထောင်အာဏာပိုင်များက တိုက်ပိတ်ခဲ့ခြင်း လုပ်ဆောင်ခဲ့ကြောင်း၊ အမျိုးသမီးဆောင်များတွင်လည်း နေရာမလုံလောက်မှုကြောင့် ကိုယ်ဝန်သည် အကျဉ်းသူများနှင့် ကလေးများတွင် အပူနာများ ၊ မိတ်ဖုများ စွဲကပ်ခံစားနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ကိုသိုက်က်ထွန်းဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/02/88079/
အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီးဌာန အရာရှိနဲ့ ဝန် ထမ်း တွေက ဘယ်လို ရက်ရက် စက်စက် ညှဉ်းပန်း ရိုက်နှက် အကြမ်းဖက် နှိပ်စက်နေလဲ
["အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီးဌာန အရာရှိနဲ့ ဝန် ထမ်း တွေက ဘယ်လို ရက်ရက် စက်စက် ညှဉ်းပန်း ရိုက်နှက် အကြမ်းဖက် နှိပ်စက်နေလဲ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "မန္တလေး အိုးဘိုထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ကို စစ်ကောင် စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန အရာရှိတွေနဲ့ ဝန်ထမ်းတွေက ဇန်နဝါရီ လဆန်ပိုင်းမှာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်တာတွေ လုပ် ဆောင်ခဲ့ကြပါတယ်။ အခုအချိန်အထိလည်း နိုင်ငံရေးအကျဉ်းသူတွေကို အကျဉ်းဦးစီး ဌာနက ဆက်လက် နှိပ်ကွပ်နေတာပါတယ်။", "နိုင်ငံရေး အကျဉ်းသူတွေနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ အချေတင်ဖြစ်", "========================================", "ဇန်နဝါရီလ ၃ ရက်နေ့ ရေချိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူတွေနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ စကား စများကြပါတယ်။ အကျဉ်းဦးစီးဌာနက မပြောမဆိုဘဲ ရေချိုးချိန်ကို ပြောင်းလဲလိုက်ပါတယ်။", "ရေနွေးဝေတဲ့အချိန်နဲ့ ရေချိုးအချိန်က သွားတူနေတော့ ကမောက်ကမတွေ ဖြစ်ပြီး ရေချိုးရမှာလိုလို ရေနွေးယူရမှာလိုလိုတွေ အဆင်မပြေတော့ နိုင်/ကျဉ်းတွေက အကျဉ်းဦးစီး ဝန်ထမ်း သက်သက်ခိုင်ကို သွားပြောကြတဲ့အခါ သူက ဆဲဆိုပြီး အောက်တန်းစားနိုင်ငံရေးသမားတွေလို့ ပြန်ပြောကြလို့ စကားများကြပါတယ်။", "အဲဒီနောက် ထောင်ပိုင်လေးတို့ရောက်လာပြီး ဖြေရှင်းကြတယ် ။ အဲဒီနေ့ နံနက်က ၁၁နာရီ တန်းပိတ်ချိန်ရောက်တော့ နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကို အကျဉ်းဦးစီးအရာရှိ ၃ ပွင့် သွယ်သွယ်ဦး ကနေ သူ့ရုံးခန်းထဲမှာ တစ်ယောက်ထဲခေါ်တွေ့ပြီး ပြဿနာရှင်းကြရာက နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကို အကျဉ်းဦးစီးအရာရှိ သွယ်သွယ်ဦးက ပါးရိုက်ပါတယ်။", "နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကလည်း သွယ်သွယ်ဦးကို ပါးပြန်ရိုက်တော့ ဘေးမှာရှိတဲ့ ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်းသူ မစုနိုင်ကို ၀ိုင်းရိုက်ကြပြီး တိုက်ပိတ်လိုက်ပါတယ်။", "မတရားလုပ်ခံရလို့ နိုင်ငံရေးအကျဉ်းသူတွေ အုံကြွလာ", "=============================", "နိုင်ငံရေးအကျဉ်းသူ မစုနိုင်ကို ပါးရိုက်၊ ၀ိုင်းရိုက်ပြီး တိုက်ပိတ်လိုက်တဲ့ ကိစ္စ နိုင်ကျဉ်းတွေက အဆောင်မှူး အကျဉ်းဦးစီးဝန်ထမ်း ၂ပွင့် ဝေဖြူနှင်းအောင် ကို ၀ိုင်းဝန်း ကန့်ကွက်ပြောဆိုကြပါတယ်။ အပြစ်ပေးရင် ဒီကိစ္စထဲပါတဲ့သူအကုန်လုံးကို ပေးပါ၊ ဘာယာတွေက အကျဉ်းဦးစီးဌာနက ခန့်ထားတဲ့ အကျဉ်းသူတွေပဲမို့ သူတို့ကိုရော အကုန်အပြစ်ပေးသင့်တယ်လို့ ပြောကြတယ်။", "အဲဒီလို တင်ပြတာကို ဘာမှမလုပ်ပေးကြဘဲ ဇန်နဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီ လောက်မှာ အချုပ်ဆောင်၊ အကျဆောင်၊ ဆေးရုံဆောင်တွေကိုရော အမျိုး သား အကျဉ်းစီးစီးဌာန ဝန်ထမ်းတွေရော၊ မိန်းမဝန်ထမ်းတွေရော အင်အားအလုံးအရင်းနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဝင်ရိုက်ကြတယ် ။", "ကျင်စက်၊ နံပတ်တုတ်၊ လေးခွတွေနဲ့ ပစ်ကြတယ် ။ အခန်းထဲကသူတွေက စောင်နဲ့ကာကြတဲ့အခါ ကာရကောင်းလားဆိုပြီး ဝင်ရိုက်တယ် ။ နိုင်ကျဉ်းတွေက ခရမ်းချဉ်သီး ကြက်သွန်တွေနဲ့ ပြန်ပစ်ကြတာမို့ အခုအဲဒီပစ္စည်းတွေကို ပါဆယ်ပို့မရတော့ဘူး ။ ကလေးချီပြီးပြေးကြရတဲ့သူတွေရယ်၊ နဖူးကွဲ၊ခေါင်းကွဲသူတွေ အများကြီးပဲ ။ ဒီကိစ္စကို ဖြေရှင်းပေးပါ၊ ထောင်ပိုင်ကိုတွေ့ခွင့်ပေးပါလို့ တောင်းတယ် ။", "နိုင်ငံရေးအကျဉ်းသူများကို တိုက်ပိတ်အဆောင်ပြောင်းခြင်း", "=================================", "အဲဒီနောက် နိုင်ငံရေးအကျဉ်းသူ မဝင့်ဆုလှိုင်နဲ့ မေဇွန်ကို ယာယီအဆောင်ကို ပို့တယ်။ လူချည်းသက် သက်ပါပဲ ။ ဘာပစ္စည်းမှ ယူခွင့်မပေးပါဘူး။", "ကျန်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကလည်း အဲဒီလိုမျိုး ပြောင်းရွှေ့တာက ဘယ်ပို့လိုက်တာလဲမေးတော့ အကျဉ်းဦးစီး ဝန်ထမ်း ဝေဖြူနှင်းအောင်က ထောင်ပြောင်းတယ်လို့ ဖြေတယ် ။ ဘယ်ထောင်ပြောင်းလိုက်တာလဲဆိုတော့ ချက်ချင်းမဖြေဘဲ နောက်မှ ယာယီဆောင်ကိုပို့တယ်လို့ ပြန်ပြောပါတယ် ။", "ဇန်နဝါရီလ ၆ ရက်နေ့မှာ မေးခွန်းမေးတဲ့ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို ယာယီအဆောင်ကို ထပ်ပို့တယ် ။ အဲဒီလိုနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တဖြည်းဖြည်း ယာယီ အဆောင်ကိုပို့နေတာ အားလုံးပေါင်း ပို့တာ ၄၂ယောက်ရှိလာပါတယ်။", "ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းဦးစီး ယာယီ ဦးစီးမှူးက လေးခွတွေနဲ့ဝင်လာပြီး အော်ရင် အကုန်ရိုက်ပစ်မယ်လို့ ခြိမ်းခြောက်တယ် ။ ဇန်နဝါရီ လ ၇ ရက်နေ့မှာ ချိုချိုသာသာနဲ့ ပြန်ရောက်လာပြီး ဘာတင်ပြစရာရှိလဲမေး၊ ဗီဒီယိုတွေ ရိုက်တယ် ။ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးလည်း ပြောသွားတယ် ။", "နိုင်ငံရေးအကျဉ်းသူများကို အစာရေစာ ဖြတ်တောက်ပြီး ရေချိုးခွင့်ပိတ်ပင်", "========================================", "ဇန်နဝါရီလ ၇ ရက်နေ့မှာပဲ နောက်ထပ် ထောင်ပိုင်အောင်မျိုးချွန်ကိုယ်တိုင် ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး ဝင်လာတယ် ။ အင်အားအလုံးအရင်းနဲ့ လာပြီး အဲ့ဒီအယောက်၃၀ကို လူမရှိတဲ့အဆောင်တွေဆီ ခွဲပစ်တယ် ။ မီးတွေလည်း အမှောင်ချထားတယ် ။", "အဆက်အသွယ်လည်းမရ၊ လော်စပီကာနဲ့ တရားခွေတွေ အကျယ်ကြီး ဖွင့်ထားတယ် ။ ပစ္စည်းလည်းမပေးဘူး ။ ထောင်ထမင်းဟင်းပဲ ကျွေးတယ်။ ဒါတောင် ထောင်က တရားဝင်ကျွေးတဲ့ ငါးနဲ့ကြက်သားလုံးဝမပေးဘူး ။ ရေချိုးဖို့ခွင့်မပြုဘဲ အဝတ်၃စုံနဲ့ စောင်ပဲပေးတယ် ။ ရေချိုးချင်ရင် အိမ်သာရေနဲ့ ချိုးကြရတယ် ။ ရိုက်နှက်နှိပ်စက်တာ အားမရလို့ အစာရေစာပါဖြတ်ထားကြသေးတယ် ။", "အကျဉ်းဦးစီးဌာန၏ အကြမ်းဖက် တိုက်ခိုက် ခံရသည့် နိုင်ငံရေးအကျဉ်းသူများ", "===========================================", "အကျဉ်းဦးစီးဌာနရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကတော့-", "၁-မခိုင်သဇင်", "၂-မရွှေရည်ဝင့်ကျော်", "၃-မစောဥမ္မာချစ်", "၄-မဝိုင်းမဒီ", "၅-မမာလာ", "၆-မပိုပြည့်သူ", "၇-မဇင်မြတ်နိုးဦး", "၈-မငုဝါရွှေရည်ဦး", "၉-မဝင်းသိမ့်သိမ့်ဇင်", "၁၀-မအိမြတ်နိုးဦး", "၁၁-မရွှေရည်ဦး", "၁၂-မချောစုစုဝေ", "၁၃-မကေခိုင်မောင်မောင်", "၁၄-မချစ်ဖူးငုံ", "၁၅-မပိုးသဉ္ဇာကျော်", "၁၆-မအေးငြိမ်းသူဇာ", "၁၇-မချယ်ရီစု", "၁၈-မစောနွယ်နီ", "၁၉-မအေးမြတ်ပိုင်", "၂၀-မအေးသန္တာစိုး", "၂၁-မသက်ဖူးနိုင်", "၂၂-မခင်အေးမော်", "၂၃-မနှင်းပွင့်ဝေ", "၂၄-မခင်စန္ဒာငြိမ်း", "၂၅-ဒလက်", "၂၆- ပြူးပြူး တို့ဖြစ်ကြပြီး ကျန်တဲ့သူတွေကတော့ နာမည် မသိရသေးပါဘူး။", "လက်ရှိမှာ နိုင်ငံရေးအကျဉ်းသူတွေ အကုန်လုံးကို အားလုံးနဲ့အဆက်အသွယ်ဖြတ်ပြီး သတင်းအမှောင်ချထားတယ်။ ထောင်တွင်းအကြမ်းဖက်မှုတွေ ပိုပိုဆိုးလာနေပါတယ် ။", "ဒါတွေကို ပြင်ပက ပြည်သူတွေအနေနဲ့ အာရုံစိုက် ကူညီပေးကြဖို့ အသံကျယ်ကျယ်ထွက်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသူတွေက တောင်းဆိုပါတယ်။", "နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ထောင်ထဲမှာ သီချင်းအကျယ်ကြီးဖွင့်ရင် တရားခွေတွေ အကျယ်ကြီး ဖြစ်ရင် တစ်နေရာရာမှာ အကြမ်းဖက်ရိုက်နှက်နေလို့ဆိုတာ ပြည်သူတွေ သိထားပေးကြပါလို့ နိုင်ငံရေး အကျဉ်းသူတွေက ဆိုပါတယ်။", "စစ်တပ်လက်အောက်ခံ အကျဉ်းဦးစီးကို ချေမှုန်းရေး တောင်းဆို", "===================================", "နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်တွင်းအကြမ်းဖက်မှုကို ဆန့် ကျင်ကြဖို့ အကျဉ်းဦးစီး(အကစ)ကို ချေမှုန်းကြဖို့ ပြည်သူများ၊ ဓမ္မဘက် တော်သားများ၊ PDFတွေအနေနဲ့ ထိထိရောက်ရောက် ကူညီပေးကြဖို့ နိုင်ငံရေး အကျဉ်း သူ တွေက တောင်းဆိုနေကြပါတယ်။"]
https://yktnews.com/2024/03/151359/
အိုးဘိုအကျဉ်းထောင် စက်မှုလက်မှု အလုပ်ရုံရှိ ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျ အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေး တောင်းယူနေ
["အိုးဘိုအကျဉ်းထောင် စက်မှုလက်မှု အလုပ်ရုံရှိ ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျ အကျဉ်းသားများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေး တောင်းယူနေ", "ရန်ကုန်၊ မတ် ၁၈", "မန္တလေး အိုးဘို အကျဉ်းထောင် စက်မှုလက်မှုအလုပ်ရုံရှိ အဆောင်မှူး ဦးစီးအရာရှိ စိုင်းခမ်းမောင်သည် အခန်းသူကြီးနှင့် ပေါင်းကာ နိုင်ငံရေး အကျဉ်းသား လူငယ်များကို အလုပ်ရုံမှ ဆိုဒ်ထဲသို့ ပြောင်းရွှေ့မည် အကြောင်းပြကာ တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း တောင်းယူနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အလုပ်ရုံသို့ ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျ လူငယ်များကို အလုပ်မလုပ်ချင်ပါက အလုပ်ကာရန်ဟုဆိုကာ အလုပ်ရုံ စည်းကမ်းထိန်း ရဲဝင့်မောင်က တစ်ဦးလျှင် ကျပ် ၅ သောင်းမှ ကျပ် ၈ သောင်းအထိ အမျိုးမျိုးအကြောင်းပြတောင်းခံနေကြောင်း သိရသည်။", "ထိုသို့ တောင်းခံပြီး ရရှိငွေမှာ ကျပ်သိန်း ၆၀ ကျော်ခန့် ရှိခဲ့ပြီး အဆိုပါ ငွေများထဲမှ ၁၄ သိန်းကို အိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားများကို ဈေးရောင်းချပြီး ကျန်ငွေများကို သက်သာတွင် အပ်နှံ့ထားခဲ့ကြောင်း၊ အဆိုပါ ငွေများထဲမှ ကျပ် ၁၀ သိန်းကျော်ကိုမူ အဆောင်မှူး စိုင်းခမ်းမောင်က သက်သာနှင့် ညှိကာ ထုတ်ယူ သုံးစွဲခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။", "ထို့ပြင် အဆောင်မှူး စိုင်းခမ်းမောင်သည် အလုပ်ရုံစည်းကမ်းထိန်း အကျဉ်းသားများထံမှ ၎င်းအိမ်အတွက် ဆက်တီခုံဝယ်ရန်၊ ၎င်းကိုင်ဆောင်သည့် ဖုန်းလဲလှယ်ရန် စသည့်ဖြင့် အကြောင်းအမျိုးမျိုးပြ၍ တစ်ဦးလျှင် ၅ သောင်းနှုန်းခန့် တောင်းခံလျက်ရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။"]
https://yktnews.com/2025/01/200829/
အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်း၊ သထုံတွင်လည်း လေတပ် တပ်သားဟောင်း ကိုလွင်ကို စစ်တပ်က ဖမ်းဆီးသွား
["အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်း၊ သထုံတွင်လည်း လေတပ် တပ်သားဟောင်း ကိုလွင်ကို စစ်တပ်ကဖမ်းဆီးသွား", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့မှ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က မိခင်ဖြစ်သူရှေ့တွင် ရိုက်နှက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းရွာမှ ပျူစောထီး ခေါင်းဆောင် သိန်းအောင်မြင့် ဦးဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အိုးသည်ကုန်းမြို့ကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် အိုးသည်ကုန်းမြို့မှ လူငယ် အများအပြား ထွက်ပြေး လွတ် မြောက်ခဲ့သော်လည်း မြို့မ ရပ်ကွက်ကို ဒေါ်ငခူမ၏ သားဖြစ်သူနှင့် တူဖြစ်သူကို ပျူစောထီးများနှင့် စစ်သားများက မိခင်ဖြစ်သူရှေ့တွင် ဝိုင်းဝန်းရိုက်နှက်ပြီး စစ်ကားပေါ် ဆွဲတင်သွားကြောင်း သိရှိရသည်။", "အဆိုပါ ဖမ်းဆီးသွားသော လူငယ်များကို အုတ်ဖို ထွေ/အုပ်ရုံးတွင် ဖမ်းဆီးထားစဉ် မိသားစုဝင်များက သွားရောက်တွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝိုင်ဝန်းရိုက်နှက်မှုကြောင့် ရရှိထားသော ဒဏ်ရာများ များပြား၍ လူငယ် ၂ ဦးသည် လမ်းလျှောက်နိုင်ခြင်းမရှိကြောင်း၊ မိခင်ဖြစ်သူများ ငွေကြေးဖြင့် ပြန်ထုတ်ယူရန် စစ်ကောင်စီ တပ်သားများကို ငိုယိုတောင်းပန်ခဲ့သော်လည်း ငွေကျပ် သိန်း ၃၀၀ တောင်းခံသောကြောင့် ပြန်လည်ရွေးထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။", "“အိုးသည်ကုန်းမြို့၊ မြို့မရပ်ကွက်ကို စစ်ခွေးတွေ ဝင်ရောက်စီးနင်း ပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်တွေ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဒေါ်ငခူမ ရဲ့ သားနဲ့ တူတို့ကတော့ ရိုက်နှက်ဖမ်းဆီးခံလိုက်ရတယ်။ သိန်းအောင်မြင့်တို့ ပျူအဖွဲ့နဲ့ စစ်ခွေးတွေ မြို့မရပ်ကွက်ထဲကို ပေါ်တာဝင်ဆွဲတာ အဲ့မှာ ဒေါ်ငခူမရဲ့ သားနဲ့ တူကို ဖမ်းမိတော့ ခွေးရိုက် နွားရိုက်ရိုက်ပြီး ကားပေါ်တင်ခေါ်သွားတာ စစ်ခွေးတွေနဲ့ပျူခွေးတွေ ရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် လူငယ် ၂ ဦးလုံးက လမ်းလည်း မလျှောက်နိုင် မတ်တပ်လည်း မရပ်နိုင်ဖြစ်ကုန်တယ်။ ပိုက်ဆံနဲ့လိုက်ရွေးတော့ သိန်း ၃၀၀ တောင် တောင်းတယ်။ မိသားစုဝင်တွေက ပြန်မရွေးနိုင်လို့ စစ်ခွေး တပ်ထဲရောက်ကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် လေတပ်မှ ကျန်းမာရေး မကောင်း၍ ထွက်ပြီး ဆေးကုသမှု ခံယူနေသော ကိုလွင် ကို စစ်ကောင်စီ တပ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ တတိယ အပတ်အတွင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်တွင် လေတပ်မှ ထွက်ထားသည်မှာ နှစ် ၂၀ ခန့်ရှိပြီဖြစ်သော ကိုလွင် ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားကြောင်း၊ ကိုလွင်ကိုသည် ကျန်းမာရေး မကောင်း၍ ဆေးရုံမှ ဆင်းလာသည်မှာ ၂ ရက်ခန့်သာ ရှိသေးပြီး စစ်ကောင်စီ တပ်သားများက ထမ်း၍ ခေါ်ဆောင်သွားကြောင်း သိရသည်။", "အလားတူ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှ ကိုအောင်နက် ဆိုသူကိုလည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး နိုင်ဦးက စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ နေအိမ်၌ စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်လာ၍ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း၊ ကိုအောင်နက်သည် မိခင်ကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူကို အုပ်ချုပ်ရေးမှူး နိုင်ဦးက ငွေကျပ် ၁၀ သိန်း လာပေးသွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် လူငယ်များ။"]
https://yktnews.com/2023/12/136171/
အီတလီ မီလန်မြို့ရှိ Maria Bambina သီလရှင်ကျောင်းတွင် မြန်မာပြည်သူများကို ဆုတောင်းမေတ္တာပို့ကာ THE WAY ဂီတရုပ်ရှင်ကြည့်ရှု
["အီတလီ မီလန်မြို့ရှိ Maria Bambina သီလရှင်ကျောင်းတွင် မြန်မာပြည်သူများကို ဆုတောင်းမေတ္တာပို့ကာ THE WAY ဂီတရုပ်ရှင်ကြည့်ရှု", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "အီတလီနိုင်ငံ မီလန်မြို့ရှိ Maria Bambina သီလရှင်ကျောင်းတွင် နိုင်ငံအသီးသီးက လာရောက် သာသနာ့ဝန်ထမ်းနေကြသော သီလရှင်များသည် မြန်မာပြည်အကြမ်းဖက် စစ်တပ်၏ ရက်စက်မှုကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်ပျက်စီး ဒုက္ခအတိရောက်နေသည်ရသည်ကို စာနာခံစားပြီး မြန်မာပြည်အတွက် ငြိမ်းချမ်းသောနေ့ရက်တွေဆီ မျှော်မှန်းဆုတောင်း မေတ္တာပို့ကာ ဒါရိုက်တာလင်းလင်းနှင့် အဖွဲ့သားများ ရိုက်ကူးထားသော The Way ဂီတရုပ်ရှင်ကို ကြည့်ရှုခဲ့ကြသည်။"]
https://yktnews.com/2023/06/108764/
အီတလီနိုင်ငံ၊ ပါးမားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲ နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်
["အီတလီနိုင်ငံ၊ ပါးမားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲ နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၉", "အီတလီနိုင်ငံ၊ ပါးမားမြို့ရှိ San Francesco del Prato ဘုရားကျောင်းကြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဘာသာပေါင်းစုံဆုတောင်းပွဲ နှင့် ဂီတ ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အခမ်းအနားကို “Giuseppe Malpeli” Italy Burma Friendship Association မှ ဦးဆောင် ပြုလုပ်ခဲ့ပြီး ဘုရားကျောင်း အတွင်း လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် နှင်းဆီနီ ၇၈ ပွင့်ကို ပြင်ဆင်ထားရှိခဲ့ပြီး အစီအစဥ်အပြီးတွင် မွေးနေ့ကိတ်မုန့်ခွဲခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ အီတလီရောက် မြန်မာများမှလည်း ဆုတောင်းခြင်း အစီအစဥ်တွင် ပူးပေါင်းပါဝင်ကာ ကိတ်မုန့် မခွဲမီ မိငယ်သီချင်းကို အတူ သီဆိုခဲ့ကြောင်း၊ အီတလီနိုင်ငံအနှံ့ရှိ မြန်မာနိုင်ငံသားများကလည်း လူထုခေါင်းဆောင်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်၊ သီချင်းသပိတ်များတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/12/196634/
အုတ်တွင်းတွင် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
["အုတ်တွင်းတွင် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် ကန်ကလေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ် ဒေသခွဲက ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကန်ကလေးကျေးရွာအနီး၌ အခြေချ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF အမှတ် ၃၅၀၂ တပ်ရင်း – Delta one Drone Force ၊ စစ်တောင်းစစ်ကြောင်းနှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အုတ်တွင်းမြို့မရဲစခန်း နှင့် ထွေ/အုပ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို အမှတ် ၃၅၀၂ တပ်ရင်း – Delta one Drone Force နှင့် အုတ်တွင်း (ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက်‌ သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207575/
အုတ်တွင်းတွင် လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ရာအိမ်မှူး မင်းအောင် ပစ်ခတ် ခံပြီးနောက် အလောင်းလာကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွား
["အုတ်တွင်းတွင် လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ရာအိမ်မှူး မင်းအောင် ပစ်ခတ် ခံပြီးနောက် အလောင်းလာကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွား", "ရန်ကုန်၊ မတ် ၁၄", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ရာအိမ်မှူး မင်းအောင်ကို ပစ်ခတ် တိုက်ခိုက်ပြီးနောက် အလောင်းလာကောက်သည့် စစ်ကောင်စီ တပ်သားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တောင်ငူ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာတွင်နေထိုင်သော ရာအိမ်မှူး မင်းအောင်သည် ဘီယာဆိုင်ထိုင်နေစဉ်တွင် တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဘီယာဆိုင်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ရာအိမ်မှူး မင်းအောင် သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရပ်သား ပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခြင်း ၊ ဖမ်းဆီးခံရသော ပြည်သူများထံမှ ငွေညှစ် အဆမတန် တောင်းခံခြင်း ၊ ဆင်းရဲနွမ်းပါးသော ပြည်သူများ အပေါ် ခြိမ်းခြောက်အနိုင်ကျင့်ဗိုလ်ကျခြင်း၊ သာမန်လက်လုပ်လက်စား အရပ်သား ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးကာ အကြမ်းဖက် စစ်ကောင်စီထံ အပ်နှံခြင်းများ ပြုလုပ်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့ ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာလာစဉ် အလောင်းလာကောက်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး ရဲဘော်များကို ဝိုင်းဝန်း ပိတ်ဆို့ ပစ်ခတ်ရာမှ မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပိတ်ဆို့ တိုက်ခိုက်နေသည့်ကြားမှ တော်လှန်ရေး ရဲဘော်အားလုံး ဖောက်ထွက်နိုင်ခဲ့သော်လည်း သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် တော်လှန်ရေး ရဲဘော်များ အားလုံး လွတ်မြောက်နယ်မြေ အတွင်း ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အရပ်သားပြည်သူ ၁ ဦး ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။", "“ကျနော်တို့ ကတော့ အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင်မှန်သမျှကို ပုဂ္ဂိုလ်ရေးမပါ။ ရန် ငါ စည်း ပြတ်သားစွာနဲ့ အဂတိ ကင်းရှင်းစွာ ဆက်လက်တိုက်ခိုက်သွားမှာပါ” ဟု တောင်ငူ အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/120537/
အုတ်တွင်းနှင့် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာတွင် စစ်တပ် ပစ်ခတ်သည့် ဗုံးကျ၍ ပြည်သူ ၂ ဦး ထိမှန် သေဆုံး၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်သား ၆ ဦးသေဆုံး
["အုတ်တွင်းနှင့် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာတွင် စစ်တပ် ပစ်ခတ်သည့် ဗုံးကျ၍ ပြည်သူ ၂ ဦး ထိမှန် သေဆုံး၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၃၁", "ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာကို အကြမ်း ဖက် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဗုံးထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ဩဂုတ် ၃၁ ရက်နေ့ နံနက် ၄ နာရီ ခန့်မှ စတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်အကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားရာ တော် လှန်ရေးအဖွဲ့များ မရှိသည့် မြို့ဆိုးရွာထဲသို့ ရမ်းသမ်း ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်သည့် ဗုံးထိမှန်၍ သေဆုံးသွားသူများမှာ ကိုဝင်းအောင်နှင် မမီးမီးတို့ဖြစ်ကြပြီး ဇနီးမောင်နှံများ ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ အုတ်တွင်းနှင့် ထန်းတပင် မြို့နယ်အစပ် မြို့ဆိုးရွာတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၆ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။", "“အခုတော့ စစ်ခွေးတွေက ရွာထဲပစ်နေတော့ PDF ဘက်က ပြန်မပစ်ဘူး။ ရွာထဲကို ရမ်းပစ်တာ။ စစ်တပ်က တံတားကိုပိတ်ဆို့ထားတယ် ။ ရွာသားတွေ ထွက်လို့မရဘူး။ အခုမနက် ၄နာရီကဖြစ်တာ။ စစ်သား ၆ ယောက်သေတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူ ၂ ဦး။"]
https://yktnews.com/2025/01/198464/
အုတ်တွင်းနှင့်ဖြူး အစပ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများက မူးယစ်ဆေးသုံးစွဲပြီး ကျားထိုး တက်၍ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး
["အုတ်တွင်းနှင့်ဖြူး အစပ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများက မူးယစ်ဆေးသုံးစွဲပြီး ကျားထိုး တက်၍ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့်ဖြူးမြို့နယ် အစပ် တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မူးယစ်ဆေးသုံးစွဲပြီး ကျားထိုး တက်၍ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်အား ၅၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုတ်တွင်းမြို့နယ်အပိုင် ကံကလေးရွာနှင့် ပေါက်ကုန်းကျေးရွာဘက်မှ မြတ်နီကွင်းကျေးရွာ​၊ နှောခင်ရွာ၊သရက်ကုန်းရွာ၊ ကြူအင်းရွာ၊ ထန်းကုန်း၊ဖြူးမြို့နယ် အပိုင်ရှိ ဂရမ္မတီးကျေးရွာအထိ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မြတ်နီကွင်းကျေးရွာအရောက်တွင် စတင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲသည် သရက်ကုန်းရွာ ၊နှောခင်ရွာ နှင့် တခြားကျေးရွာများအထိ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မူးယစ်ဆေးများ သုံးစွဲထားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ ရှိရာဘက်ကို တရကြမ်း မရပ်မနား ဝင်လုံး၍ တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ၆၀ ဦးထက်မနည်း သေဆုံးခဲ့ခြင်းကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး၊ Drone နှင့် စက်လက်များဖြင့် အသုံးပြု၍ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၃ ဦးလည်း လက်နက်ကြီးကျည်ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။", "တော်လှန်ရေး တပ်ဖွဲ့များသည် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရဲဘော် ၃ ဦးကိုလည်း ၂၄ နာရီ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပတ်လည်ဝိုင်းနေသည့်ကြားမှ ရဲဘော်များက သက်စွန့်စံဖျား ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်းပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် သမိုင်းဝင်ဖြစ်ရပ်အဖြင့် မှတ်တမ်းတင်ဂုဏ်ပြုထိုက်သော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း သိရှိရသည်။", "“စစ်ခွေး စစ်ကြောင်းက ခု ပြန်ဆုတ်သွားပါပြီး မြတ်နီကွင်းရွာမှာ အခုထိတပ်စွဲထားတုန်းပါပဲ။ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အတွက် အတွေ့အကြုံသစ်နဲ့ သင်ခန်းစာ ကောင်းကောင်းရခဲ့ပါတယ်။ ထပ်ပြီးတော့ ကြုံလာရင်လည်း ကျနော်တို့ဘက်က အဆင်သင့်ပါပဲ” ဟု တောင်ငူခရိုင် – တပ်ရင်းအမှတ် ၃၅၀၂ စစ်ကြောင်း တပ်ခွဲ တာဝန်ခံ ရဲဘော် ဗိုလ်အောက်ထောင် က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်းအမှတ်-၃၅၀၂ စစ်တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ် (၃) တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဖြူး ပကဖ – PDO၊ ၃၄၀၂ သရက်ခရိုင်တပ်ရင်း၊ အုတ်တွင်း ပကဖ၊ ပူးပေါင်း Drone Team နှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200003/
အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား
["အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံး၊ လက်နက်ခဲယမ်းများ ပါသွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် အလှူပွဲမှ သောက်စားမူးယစ် ပြန်လာသည့် ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေးနှင့်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တချို့က ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လက်နက်ခဲယမ်းများ ပါသွားကြောင်း ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ အုတ်တွင်းမြို့နယ်၊ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး (ခ) ကိုမောင်နှင့် စစ်သား ၅ ဦးက သံဒိုင်ခင်ကျေးရွာသို့ အလှူသွားရောက်ခဲ့ကြပြီး ယင်းအလှူပွဲမှ ပြန်လာကြကြောင်း၊ ယင်းသို့ ပြန်လာစဉ် ရှမ်းရွာနှင့် သံဒိုင်ခင်ကျေးရွာအကြားတွင် တော်လှန်ရေးတပ်တချို့က စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှမ်းရွာအုပ်ချုပ်ရေးမှူး သိန်းထွေး(ခ) ကိုမောင်နှင့် စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်သားများ ကိုင်ဆောင်သော လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်တချို့က သိမ်းဆည်းသွားကြောင်း သိရှိရသည်။", "“ရှမ်းရွာအုပ်ကြီးနဲ့ ရဲ/စစ်သား အပါအဝင် ၆ ဦးကတော့ သံဒိုင်ခင်ကျေးရွာ အလှူပွဲကအပြန် တစ်ခါတည်းပွဲချင်းပြီး ကတ်လိုက်ဆွဲအပစ်ခံလိုက်ရတယ်။ သေကုန်တာပေါ့။ ဦးနှောက်တွေတောင် ထွက်နေတယ်။ အနီးကပ် လမ်းမှာ ဝင်ပစ်တာ။ အုပ်ကြီးကတော့ အူအခွေလိုက်ထွက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ရှမ်းရွာရေ သံဒိုင်ခင်ရောက စစ်တပ်ထောက်ခံတဲ့ရွာတွေပါ။ အရင် ကတည်းက ရှမ်းရွာအုပ်ချုပ်ရေးမှူးကို ရာထူးကနေ နုတ်ထွက်ဖို့ နဲ့ ဆက်မလုပ်ဖို့ သတိပေးထားပြီးသားပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အုတ်တွင်းမြို့နယ်မှ တပ်သတင်းရင်းမြစ်ကလည်း ရှမ်းရွာအုပ်ချုပ်ရေးမှူးနှင့် စစ်သား ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် သတင်းကို အတည်ပြုပြီး အနည်းဆုံး သေနတ် ၄ လက်နှင့် ခဲယမ်းများ ပါသွားကြောင်း ပြောဆိုသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် အုတ်တွင်းမြို့မှ စစ်တပ်စစ်ကြောင်း တစ်ခုရောက်ရှိလာပြီး အလောင်းကောက်ခြင်း၊ နယ်မြေအခြေအနေများ စစ်ဆေးခြင်း အပါအဝင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန် ယင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကိုဗစ်ကာလ အုတ်တွင်းမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/03/207059/
အုတ်တွင်းမြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး
["အုတ်တွင်းမြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၀", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နှင့် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး ကျောက်တိုင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ တပ်ဖွဲ့များဖြစ်သော တပ်ရင်း ၃၅၀၂ နှင့် အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၆ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ထို တိုက်ပွဲအတွင်း အုတ်တွင်းမြို့နယ် ပကဖ မှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဲဘော်ဝမ်ချိုင်းသည် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖယ်ဖရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ၊ မြို့စိုးတံတားအနီးရှိ ရေအိုးစဉ် ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရာက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အုတ်တွင်းမြို့နယ် ပကဖ ၊ တပ်ရင်း ၃၅၀၂ ၊ Delta One Drone force ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Eagle’s Power Arms Drone အဖွဲ့နှင့် Federal Peacock Drone တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့ မွန်းလွဲ ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး ရေအိုးစဉ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ သပြေညွှန့် အကြမ်းဖက် စစ်တပ် အထိုင်စခန်းကိုလည်း PDF အထူးကွန်မန်ဒိုတပ်ရင်း P29914၊ KNLA တပ်မဟာ ၂ ၊ KNLA တပ်မဟာ ၃ ၊ ယောနသံ Drone Force တို့က ပူးပေါင်း သိမ်းပိုက်မှု အတွင်း အုတ်တွင်းမြို့နယ် ပကဖ က အကြမ်းဖက် စစ်တပ်၏ စစ်ကူ စစ်ကြောင်းများကို ဖြတ်တောက်တိုက်ရေး၍ ပူးပေါင်း ပါဝင်ခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2025/01/200006/
အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ
["အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သံတိုင်ခင်ရွာအနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း People’s Defense Organization – Oktwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ သံတိုင်ခင် ကျေးရွာအနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ပါဝင်သော စစ်ကောင်စီ တပ်သား ၇ ဦးကို အုတ်တွင်းမြို့နယ် ပကဖမှ တိုက်ခိုက်ရေး ရဲဘော်များက ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦး ၊ ရဲ ၂ ဦး နှင့် အုပ်ချုပ်ရေးမှူးတို့ ပွဲချင်းပြီးသေဆုံးပြီး စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။", "သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ G-3 သေနတ် ၂ လက်၊ အူစီ သေနတ် ၁ လက်နှင့်အတူ MA ကျည်ဘောက် ၅ ဘောက်၊ G-3 ကျည်ဘောက် ၄ ဘောက်၊ အူစီကျည်ဘောက် ၁ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး နှင့် ဓါးမြှောင် ၂ ချောင်းတို့ကို အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ကျနော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်ခွေးနဲ့ ရဲတွေက ပြည်သူတွေကို စစ်မှုထမ်းခိုင်းဖို့ အတင်း အဓမ္မ လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု People’s Defense Organization – Oktwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့သော သံတိုင်ခင်ကျေးရွာသည် အုတ်တွင်းမြို့နှင့် ကပ်လျှက်ရှိသော ရွာဖြစ်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် တည်ရှိကြောင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များလည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/12/194880/
အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး
["အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ အထိ အုတ်တွင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နှင့် မြို့‌တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း ရဲတပ်ကြပ် ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား ၄ ဦးပြင်းထန်ဒဏ်ရာရကာ လက်ရှိချိန်တွင် နေပြည်တော်ကို ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "တိုက်ခိုက်မှု အတွင်း ပြည်သူများနှင့် စစ်ရေးပစ်မှတ် မဟုတ်သော ဝန်ထမ်း မိသားစုဝင်များ ထိခိုက်မှုမရှိစေရန် သတိကြီးစွာ ဆောင်ရွက်ခဲ့ပြီး ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အနီးကပ်၍ အထူးသတိပြု နေထိုင်ကြရန် အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၊ Delta One Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ အောက်တိုဘာ ၇ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ မြို့စိုးတံတားပေါ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို တိုက်ခိုက်မှုကို အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့နှင့် တပ်ရင်း(၃၅၀၂) Deltaone drone forceတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118630/
အုတ်ဖို ခမရ ၆ တပ်တွင် သေနတ်ကျည် ရှင်းခိုင်းစဥ် ကျည်ထိ သေဆုံး ခဲ့သည့် စစ်ဗိုလ် အောင်မျိုးသူ၏ နာရေးဖိတ်စာတွင် ရာထူး မထည့်ဘဲ သဂြိုလ် ခိုင်း
["အုတ်ဖို ခမရ ၆ တပ်တွင် သေနတ်ကျည် ရှင်းခိုင်းစဥ် ကျည်ထိ သေဆုံး ခဲ့သည့် စစ်ဗိုလ် အောင်မျိုးသူ၏ နာရေးဖိတ်စာတွင် ရာထူး မထည့်ဘဲ သဂြိုလ် ခိုင်း", "ရန်ကုန်၊ ဩဂုတ် ၁၇", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တပ်တွင် သေနတ်ကျည် ရှင်းခိုင်းစဥ် ကျည်ထွက်သေဆုံးခဲ့သည့် စစ်ဗိုလ် အောင်မျိုးသူ၏ နာရေးဖိတ်စာ၌ စစ်တပ်က ရာထူးမထည့်ခိုင်းကြောင်း တပ်တွင်းသတင်းရင်း မြစ် များထံမှ သိရှိရသည်။", "ဩဂုတ်လ ၁၁ ရက်နေ့ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ ၌ တပ်ခွဲမှူး တာဝန်ယူထားသည့် စစ်ဗိုလ် အောင်မျိုးသူက တပည့်ဖြစ်သူ တပ် သားကို သေနတ် ကျည်ရှင်းခိုင်းကြောင်း၊ အဆိုပါ စစ်သားက သေနတ်ကို စမ်းသပ် ပစ်ခတ်စဥ် ကျည်ထွက်ပြီး စစ်ဗိုလ်အောင်မျိုးသူ ထိမှန် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "သေဆုံးသွားသော စစ်ဗိုလ် အောင်မျိုးသူ၏ ရက်လည် နာရေးဖိတ်စာတွင် စစ်တပ်က ရာထူးတာဝန်များ မထည့်ခိုင်းဘဲ ရုပ်အလောင်းကိုလည်း တပ်အတွင်းတွင်ပင် သဂြိုလ်လိုက်ကြောင်း၊ စစ်ဗိုလ် အောင်မျိုးသူတွင် ၁ နှစ် အရွယ် ကလေးငယ် တစ်ဦးကျန်ရှိခဲ့ပြီး ဇနီးဖြစ်သူက တောင်ငူတွင် နေထိုင် ကြောင်း သိရှိရသည်။", "” မိသားစုကတော့ တပ်သားက ကျည်ရှင်းရင်း မှန်တယ်ဆိုတာကို မယုံကြဘူး။ အပြင်က ပစ်တယ်လို့ယူဆကြပါတယ်။ ရက်လည်ဆွမ်းသွတ် ဖိတ်စာမှာ စစ်တပ် က ဘာရာထူးမှ မထည့်ခိုင်းလို့ အရပ်သားလိုပဲ ထည့်လိုက်ရတယ်လို့ သိရ တယ်။ ပစ်လိုက်တဲ့ တပ်သားကိုလည်း အချုပ်ထဲထည့်ထားတယ်​လို့ မိသားစု ကို ပြောလိုက်တယ်။ ရုပ်အလောင်းကိုတော့ တပ်မှာပဲ သဂြိုလ်လိုက် တယ်။ စစ်ဗိုလ် အောင်မျိုးသူက ဆေးပင်စင်တင်တာ မရလို့ ဆက်တာဝန် ထမ်း ဆောင်နေရတာ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/12/194797/
အုတ်ဖို ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ၊ နတ်မောက်တွင်လည်း ကျောက်ချောရွာကို စစ်တပ်က စီးနင်းနေ
["အုတ်ဖို ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရ၊ နတ်မောက်တွင်လည်းကျောက်ချောရွာကို စစ်တပ်က စီးနင်းနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့်တင်ဆောင်လာ၍ ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့် တင်ဆောင်လာ၍ ကျေးရွာ ၄ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် တံငါကုန်းရွာ ၊ ကျွဲဖြူမရွာ ၊ တောင်ကုန်းရွာနှင့် ကြို့ကိုးပင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူတချို့ကို ဖမ်းဆီးလာပြီး စစ်ဝတ်စုံများပေး၍ စစ်ကြောင်းရှေ့မှ သွားလာခိုင်းကြောင်း သိရှိရသည်။", "ထို့ပြင် မြေပြင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် အင်အား ၃၀၀ ခန့်ဖြင့် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအစပ်က ရွာတွေကို စစ်ခွေးတွေ ဝင်မွှေနေပြီး နေအိမ်တွေကို မီးတင်ရှို့ဖို့ ဓာတ်ဆီပုံးတွေ ကားနဲ့တင်လာကြလို့ ပြည်သူတွေ တိမ်းရှောင်နေကြရပါတယ်။ စစ်ခွေးတွေက ရိုးမပေါ်မတက်ဘဲ တောင်ခြေရွာတွေကို ပတ်မွှေနေတာ", "အခုရက်ထဲ သာယာဝတီခရိုင်ထဲမှာ တိုက်ပွဲတွေလည်းဖြစ်ထားပါတယ်။ တံငါကုန်းရွာက ရွာလုံးကျွတ်ပြေးနေရပါတယ်။ ရွာမှာလူမရှိတော့ပါဘူး။ ကြို့ပင်ကောက်မြို့နယ် ကုန်းရွာဘက်က လူတချို့လည်း တိုက်ပွဲဖြစ်လာမှာစိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ချောရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၃ လုံးကိုဖျက်ဆီးကာ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ပြီး နတ်မောက်မြို့နယ်၊ ကျောက်ချောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။", "လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ကျေးရွာအတွင်းရှိ နေအိမ် အားလုံးကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသော်လည်း ပြည်သူများ ရွာထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ နတ်မောက်မြို့နယ် ကျောက်ချောကျေးရွာမှာ သောင်ကျန်းနေပါတယ်။ ပြည်သူနေအိမ်တွေကို ဖျက်စီးနေပါတယ်။ မနေ့က ၁၀ နာရီလောက်မှာ ဝင်လာတာ အမျိုးသမီး ၁ ဦးကို ဖမ်းသွားတယ်။ နေအိမ် ၃ လုံးကိုတော့ ဖျက်စီးသွားတယ်။ စစ်ခွေး အင်အား ၁၀၀ လောက်ရှိပါတယ်။ အခုတော့ ပြန်ထွက်သွားပြီ ပြည်သူတွေကတော့ မပြန်ရဲသေးဘူး” ဟုဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/08/117151/
အုတ်ဖိုတွင် CDM သူနာပြု နှင့် PDF ၂ ဦးကို သတ်ဖြတ်ရာ၌ ဦးဆောင် ပါဝင်ခဲ့သည့် ရာအိမ်မှူးဂျော့(စ်) ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းလာကောက်သည့် ရဲကားကိုပါ မိုင်းဆွဲ တိုက်ခိုက်
["အုတ်ဖိုတွင် CDM သူနာပြု နှင့် PDF ၂ ဦးကို သတ်ဖြတ်ရာ၌ ဦးဆောင် ပါဝင်ခဲ့သည့် ရာအိမ်မှူးဂျော့(စ်) ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းလာကောက်သည့် ရဲကားကိုပါ မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးနှင့် PDF နှစ်ဦး ကို သတ်ဖြတ်ရာ၌ စစ်တပ်နှင့်အတူ ဦးဆောင်ပါဝင်ခဲ့သည့် ရာအိမ်မှူးဂျော့(စ်)ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး အလောင်းလာကောက်သည့် ရဲကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်းမြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး မျိုးဝင်းသည် အုပ်ချုပ်ရေးမှူးဆက်မလုပ်ရဲတော့သဖြင့် ထွက်ပြေးပုန်းရှောင်နေရာ ၎င်း နေရာကို ရာအိမ်မှူး ဂျော့(စ်)က တာဝန်ယူထားပြီး ပြည်သူအပေါ်အနိုင်ကျင့်ကာ တရားမဝင် လောင်းက စား ဝိုင်းများ၊ ချဲနှစ်လုံးဒိုင်များ၊ အရက်ဘီယာဆိုင်များကို လိုက်လံငွေကြေးကောက်သည့် အပြင် PDF စခန်း နေရာများကို သတင်းပေးခြင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးနှင့် PDF ရဲဘော် နှစ် ဦးကို သတ် ဖြတ်ရာတွင် စစ်သားများနှင့်အတူ အဓိကဦးဆောင်ပါဝင်းခြင်း၊ ပြည်သူလူထုအပေါ် ဖမ်းဆီးရိုက်နှက် ခြင်းတို့ ကျူးလွန်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး‌ သေဆုံးသွားကြောင်း သိရသည်။", "“အုပ်ကြီးမျိုးဝင်းကတော့ ပြေးပြီ၊ မျိုးဝင်းက အရင်က စစ်တပ်ထဲမှာသွားပုန်းနေတာ၊ စစ်တပ်ထဲမှာနေ တာ တောင် မလုံခြုံတော့ဘူးဆိုပြီး တခြားနေရာကို ပြောင်းသွားတယ်လို့ ကြားတယ်၊ အခုပစ်ခတ် ရှင်း လင်းလိုက်တဲ့သူက မျိုးဝင်းရဲ့နေရာကို ယူပြီး ငွေရမယ့်အရာမှန်သမျှ ပြည်သူအပေါ်အနိုင်ကျင့်ပြီး စား ဝတ်နေရေး ရပ်တည်နေတာ၊ စကစ အလိုကျ စခန်းတွေလိုက်ပြတာတို့ ဆက်ကြေးကောက်တာတို့ စစ်တပ် ခိုင်းတာမှန်သမျှ အကုန်လုပ်တယ်၊ အခုက သစ်၊ မီးသွေး ဂိတ်လုပ်ထားပြီးတော့ တပည့်တွေမွေး ပြီး အကောက်ဂိတ်မှာ ရာအိမ်မှူးဂျော့(စ်)က ငွေကိုင်လုပ်နေတာ၊ သူ့ကို ပစ်ခတ်ရှင်းလင်းပြီးတော့ သူ့အ လောင်းလာကောက်တဲ့ ကားတွေကိုလည်း မိုင်းခွဲတိုက်ခဲ့တယ်၊ ရဲနှစ်ယောက်တော့ စစ်ဆေးရုံတင်ထားရ တယ်၊ မနေ့က အလောင်းတောင် မသယ်ရဲပဲ ကားတွေ ပြန်ပြေးကုန်တာ၊ ဘယ်အချိန်ထပ်လာသယ်သွား လဲတော့ မသိတော့ဘူး” ဟု မြေ အောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့(အုတ်ဖို)၏ ရဲဘော်များမှ ဂျော့(စ်)ကို ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ဖြစ်ကြောင်း၊ ညနေ ၅ နာရီ ၅၈ မိနစ်တွင် ရာအိမ်မှူးဂျော့(စ်)၏ အလောင်းအား ကောက်ယူ ရန်လာရောက်သည့် စစ်ကားနှင့် ရဲကားများကို ထန်းပင်ကုန်းကျေးရွာနှင့် တိမ်မြှုပ်ကျေးရွာ ကြားရှိ ကြယ်နီကုန်းရွာအနီး၌ စောင့်ကြိမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲကားကို တည့်တည့်ထိမှန်ပြီး ကားမှာ လမ်း ဘေးထိုးကျသွားကာ ရဲနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/103436/
အုတ်ဖိုတွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးကို ပဲခူးရိုးမထဲ၌ စစ်သားများက အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်
["အုတ်ဖိုတွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးကို ပဲခူးရိုးမထဲ၌ စစ်သားများက အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်", "ရန်ကုန်၊ မေ ၁၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF ဟု စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးထားသည့် လင်မယား ၂ ဦးကို ပဲခူးရိုးမထဲ၌ စစ်သားများက အမျိုးသမီး ဖြစ်သူကို မုဒိမ်းကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မှဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ခမရ ၆ ၌ ဖမ်းဆီးထားသည့် အုတ်ဖိုမြို့နယ် တံငါကုန်းရွာနေ ကိုမြမင်းထက်နှင့် မသက်သက်ဦး တို့ လင်မယား ၂ ဦးကို ဝိုင်းရဲစခန်းကို ခေါ်ဆောင်လာပြီးနောက် အကြမ်းဖက် စစ်သား ၁၅ ဦးက ပဲခူး ရိုးမအတွင်းကို ခေါ်ဆောင်သွားကြောင်း သိရသည်။", "စစ်သားများက ပဲခူးရိုးမ အတွင်းရှိ PDF စခန်းကို လိုက်လံ ပြသခိုင်းပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ကိုင်းချိုကြီးရွာနှင့် လက်ပံပင်ခုန်ရွာ အကြားတွင် အကြမ်းဖက် စစ်သားများက မသက်သက်ဦးကို မုဒိန်းကျင့်ပြီးနောက် ၂ ဦးလုံးကို ပစ်သတ် မြေမြုပ်သွားကြောင်း သိရှိရသည်။", "“အုတ်ဖိုက ဖမ်းထားတဲ့ လင်မယားကို စစ်ခွေးတွေက ပဲခူးရိုးမထဲခေါ်ပြီး အမျိုးသမီးကို မုဒိမ်ကျင့်ပြီး ၂ ဦးလုံးကို ပစ်သတ်လိုက်တယ်။ အလောင်းက မြုပ်ထားတာ ခွေးကယက်ရင်း ပေါ်လာတယ်လို့ သိရတယ်။ အလောင်းက မိုင်းထောင် ထားတယ်ပြောနေလို့ မိုင်းရှင်းဖို့လုပ်နေပါတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ကိုမြမင်းထက်နှင့် မသက်သက်ဦး တို့ လင်မယား ၂ ဦးကို မေလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ကြို့ပင်ကောက်မြို့နယ် သာစည်ကျေးရွာ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကြို့ပင်ကောက်မြို့နယ် မြကန်သာလမ်းနေ ကိုကတုံး ဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပြန်လည်ခုခံသည်ဟုဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111522/
အုတ်ဖိုတွင် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေးကြော်ထားသည့် ရာအိမ်မှူး မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သဲကုန်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ
["အုတ်ဖိုတွင် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေးကြော်ထားသည့် ရာအိမ်မှူး မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သဲကုန်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ", "ရန်ကုန်၊ ဇူလိုင် ၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီကို အသက်ပေး၍ ကာကွယ်သွားမည်ဟု ကြွေးကြော်ထားသည့် ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး မြင့်ဦး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၆ ရက်နေ့ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ကိုင်းကလေးရွာမှ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်ဦးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို မှ ရဲဘော်များက မြင့်ဦး၏ ဦးခေါင်းတည့်တည့်ကို ကျည် ၄ ချက်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် မြင့်ဦးသည် နယ်ထိန်း ဇော်ထွန်းဦးနှင့် ပေါင်းကာ တရားမဝင် လောင်းကစားဝိုင်းများ၊ နှစ်လုံးဒိုင်များ၊ အရက်ဆိုင်များ၊ သစ်သူခိုးများထံမှ လိုက်လံ ဆက်ကြေးကောက်ခံခြင်း၊ စိုက်ဘဏ်ချေးငွေ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေများကို ၎င်းဦးဆောင်၍ ပြည်သူများအား ခြိမ်းခြောက်တောင်းခံခြင်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီအတွတ် လိုအပ်လျှင် အသက်ပေး၍ ကာကွယ်သွားမည်ဟုကြွေးကြော်၍ ၎င်း၏ မိသားစုနှင့် ဆွေမျိုး အသိုင်းအဝိုင်းများကိုလည်း စစ်ကောင်စီထံ အင်အား စုဆောင်းပေးနေခြင်း၊ နယ်ထိန်း ဇော်ထွန်းဦး အားကိုးဖြင့် ပြည်သူလူထုကို ဖိနှိပ်အနိုင်ကျင့် ဒုက္ခပေးနေသူ ဖြစ်ကြောင်း သိရသည်။", "” စစ်ခွေး၊ ရဲခွေးတွေကို မြင့်ဦးက အရမ်းဖားလွန်းလို့ ဖားမြင့်ဦးလို့ အမည်ပြောင်ရထားတာ သူ့ဆီမှာ နယ်ထိန်းကောင် ပေးထားတဲ့ သေနတ်ရှိတယ် ကြားပေမယ့် ပြန်တော့ ပစ်တာမတွေ့ဘူး။ သူအပစ်ခံရတယ်သတင်းကြားလို့ ခွေးတွေ ချက်ချင်းရောက်လာတာ ရဲဘော်တွေ နောက်လိုက်လာပေမယ့် ဒီဘက်က ရိုင်ဖယ်တွေ ပါလာလို့ လိုက်မလာရဲဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရုံးပင်တက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပကဖ နွေဦးမောင် မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ရုံးပင်တက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဇော်ဝင်းသည် သဲကုန်းမြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ပေါင်းတည်မြို့နယ် (ပကဖ) နွေဦးမောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ ဖားစမ်းရွာထိပ် အရောက်တွင်သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများကို ရှောင်တိမ်းပစ်ခတ်ရသည့်အတွက် ဇော်ဝင်းသည် နောက်ကြောထိမှန် ဒဏ်ရာရရှိကာ ဖားစမ်းရွာ ပြည်သူတစ်ဦး၏ နေအိမ်အတွင်းသို့ဝင်ရောက် ထွက်ပြေးသွားကြောင်း သိရသည်။", "ပေါင်းတည်မြို့နယ် ပကဖ နွေဦးမောင် မြို့ပြ ပြောက်ကျား အဖွဲ့မှ ရဲဘော်များက ပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဆက်လက် ပစ်ခတ်ခြင်းမပြုတော့ဘဲ ပြန်လည် ဆုပ်ခွာခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဇော်ဝင်းသည် အပြင်းအထန် ဒဏ်ရာရရှိပြီး သဲကုန်းမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး ဇော်ဝင်းသည် ၎င်း၏ နေအိမ်သို့ စခရခစစ်သား၊ ရဲများအား အမြဲခေါ်ဆောင်ပြီး ကျေးရွာနေ ပြည်သူများကို စိတ်ဒုက္ခအမျိုးမျိုး ပေးပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီး နှိပ်စက် ငွေညှစ်နေသူ ဖြစ်ကြောင်းသိရသည်။"]
https://yktnews.com/2023/03/94126/
အုတ်ဖိုတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်တပ်ကို ဗုံးဖြင့် တိုက်ခိုက်မှု သေဆုံးမှု များနိုင်
["အုတ်ဖိုတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ မြင်းမူ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်တပ်ကို ဗုံးဖြင့် တိုက်ခိုက်မှု သေဆုံးမှု များနိုင်", "ရန်ကုန်၊ မတ် ၂၅", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက် HERO ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၄ ရက်နေ့တွင် အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စုမှ ပဲခူးရိုးမ ပေါ်သို့ ထိုးစစ်ဆင်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။", "” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၁၀ ကောင်သေတယ်။ ထိတွေ့တိုက် ပွဲတွေ ကတော့ အခုထိဆက်ဖြစ်နေတယ်။ စစ်ခွေးတွေလည်း အင်အားတွေ ထပ်ဖြည့် နေတယ်လို့ကြားတယ်။ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တယ်” ဟု ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာ ဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင် ကောက် HERO ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ခွဲ ၅ တပ်စု ၂ မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "စစ်တပ်က အထိနာသွားပြီးနောက် ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနှင့် ချောင်း စောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအား မီးရှိဖျက်ဆီးလျက်ရှိပြီး နေအိမ် များရှိ ပြည်သူပိုင်ပစ္စည်းများကို ကားဖြင့် ခိုးယူသယ်ထုတ်လျက်ရှိသည်။", "ထိုကျေးရွာများမှ အပြစ်မဲ့ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှီု့ ဖျက်ဆီးခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများကြောင့် ဘေးလွတ်ရာသို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရလျက် ရှိကြောင်း သိရှိရသည်။", "စစ်တပ်က စစ်ကူအဖြစ် ဝိုင်းကျေးရွာသို စစ်ကား ၂ စီးစေလွှတ်ကာ တပ်စွဲ ထား ပြီး ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားရာ နေရာများသို လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။", "အလားတူ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်တွင် ဘန်ကာနှင့် အသေအချာ ကင်းပုန်းယူထားသည့် စစ်ကောင်စီဝင်များကို မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန်တွင် လက်ပစ်မိုင်းနှင့်တိုက်ခိုက်ခဲ့ပြီး အထိ အခိုက် များ နိုင်ကြောင်း True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။", "စစ်ဆင်ရေး တိုက်ခိုက်မှုကို True Fighterမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် PENTAGRAM မဟာမိတ်အဖွဲ့တို့မှ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူတို့က ဘန်ကာနားမှာနေနေတဲ့အချိန် ကျွန်တော်တို့က လျက်ဆားပုလင်း (လက် ပစ်မိုင်း)နဲ့ ရုံးရှေ့ကနေ ပစ်လိုက်တာဗျ။ ပစ်တဲ့အချိန် စစ်ခွေးတွေစုနေ တဲ့နား အနည်းဆုံး၆ကောင်လောက် ရှိနေတဲ့နေရာ ကို ကျသွားတယ်ဗျ။ သူတို့ ဘက်က အချက် ၃၀ လောက် ပြန်လည်ပစ်ခတ်ပုံအရ အထိခိုက်များမယ်ဗျ” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။", "တိုက်ခိုက်မှုအတွင်း ပြည်သူ့တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိ ဆုတ် ခွာ နိုင်ခဲ့ကြောင်း၊ True Fighterမြို့ပြ ပြောက်ကျား တပ်ဖွဲ့အနေဖြင့် အရှိန် အဟုန် တဆင့် မြှင့်၍ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများ ဝယ်ယူရန် အတွက် ကံစမ်းမဲအစီစဉ်ပြုလုပ်နေပြီး ပြည်သူများအနေဖြင့်လည်း ပါဝင်ကူညီ ပေးကြ ပါရန် မေတ္တာရပ်ခံကြောင်း ‌True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူက ဆက်လက်ပြောကြားသည်။", "ဓာတ်ပုံ- စစ်ကားများကို အဝါရောင်ဆေးသုတ်၍ ရွှေ့ပြောင်းနေသော အကြမ်း ဖက် စစ်သားများ။"]
https://yktnews.com/2023/09/122683/
အုတ်ဖိုတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["အုတ်ဖိုတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၂၆ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးရန် တက်လာသည့် အင်အား ၄၃ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကန့်နီရွာနှင့် တာဝါတိုင်ရွာ အကြား၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ပဒေသာ မိုင်း ၄ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေ သေဆုံးပြီး မျက်မြင် အတည်ပြုနိုင်ခဲ့ကြောင်း၊ ကျန် စစ်သားများလည်း ကြောက်လန့်ပြီး အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ကာ တော်လှန်ရေး ရဲဘော်များက ထပ်မံ ပိတ်ဆို့ ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားသော စစ်သား အလောင်းမျာကို သယ်ယူ၍ တပ်ဆုတ်သွားကြောင်း သိရှိရသည်။", "” စစ်ခွေးအုပ်က မိုင်းကွင်းတည့်တည့်မှာ ရှိတုန်းခွဲတာ စစ်ခွေး ၂ ကောင် လေပေါ်တက်သွားပြီး ပြန်ကျတာ ပြန်မထနိုင်ဘူး ခြေထောက်တွေ ပြတ်ကုန်တယ် အဲ ၂ ကောင်သေတယ်။ ရဲဘော်တွေ မျက်မြင်တွေ့ခဲ့တာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/02/203054/
အုတ်ဖိုတွင် စစ်တပ်က စစ်မှုထမ်းစစ်သား စုဆောင်းရန် လူငယ်များကို လိုက်ဖမ်းစဉ် ထွက်ပြေးသော ကိုထွန်းထွန်းနိုင်ကို စစ်သားများက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာအပြင်းအထန်ရပြီး အသက်အန္တရာယ် စိုးရိမ်ရ
["အုတ်ဖိုတွင် စစ်တပ်က စစ်မှုထမ်းစစ်သား စုဆောင်းရန် လူငယ်များကို လိုက်ဖမ်းစဉ် ထွက်ပြေးသော ကိုထွန်းထွန်းနိုင်ကို စစ်သားများက ၀ိုင်းရိုက်သဖြင့် ဒဏ်ရာအပြင်းအထန်ရပြီးအသက်အန္တရာယ် စိုးရိမ်ရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့တွင် အကြမ်းဖက် စစ်တပ်က ကိုထွန်းထွန်းနိုင်ကို နေအိမ်အထိ တက်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးပြီး သေနတ်ဒင်ဖြင့် ဦးခေါင်းကို စစ်သားများက ဝိုင်းဝန်းရိုက်နှက်သောကြောင့် ကိုထွန်းထွန်းနိုင်မှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ရင်နှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် အုတ်ဖိုမြို့ ဓမ္မသီရိလမ်းတွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်မှုထမ်းတပ်သားအဖြစ် ခေါ်ဆောင်ရန် နေအိမ်ထဲထိသို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် ဖမ်းဆီးစဉ် ကိုထွန်းထွန်းနိုင်က မလိုက်နိုင်ကြောင်း အော်ဟစ်ကာ ထွက်ပြေးသောကြောင့် စစ်ကောင်စီ တပ်သားများက လိုက်လံဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဒင်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းသို့ ဝိုင်းဝန်းရိုက်နှက်ခြင်းကြောင့် ဦးခေါင်ကွဲသည့် ဒဏ်ရာရရှိနေသည့် ကိုထွန်းထွန်းနိုင်ကို စစ်တပ်က ချုပ်နှောင် ဖမ်းဆီးသွားကြောင်း၊ ထိုနောက် ကိုထွန်းထွန်းနိုင်၏ ဦးခေါင်းကွဲဒဏ်ရာမှာ သွေးမတိတ်ဘဲ သတိလစ်သွားကြောင့် စစ်တပ်က အုတ်ဖိုမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။", "စစ်တပ်၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာရရှိထားသော ကိုထွန်းထွန်းနိုင်သည် အုတ်ဖိုမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာမှာ ပြင်းထန်ကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ လူနာမှာလည်း သတိလစ်လျက်ရှိကြောင်း သိရသည်။", "“အုတ်ဖိုမြို့ ဓမ္မသီရိလမ်းမှာနေတဲ့ ကိုထွန်းထွန်းနိုင်ကို အိမ်ပေါ်ထိတက်ပြီး စစ်ခွေးတွေက ပေါ်တာဆွဲတာ မလိုက်ဖူး မလိုက်ဖူးနဲ့ အော်ပြီး ခုခံထွက်ပြေးလို့ဆိုပြီး စစ်ခွေးတွေက သေနတ်ဒင်နဲ့ ဝိုင်းရိုက်ကျတာ ခေါင်းဟက်တက်နဲ့ ဆေးရုံရောက်လာတာ ခေါင်းက သွေးတွေရွဲပြီး ဟက်တက်ကွဲသွားတာကြီးကို အတင်းဆွဲချုပ်ပြီး စစ်ခွေးတွေ ဖမ်းသွားသေးတယ်။ ခဏကြာတော့ သွေးမတိတ်ဘဲ လူက သေမလိုဖြစ်မှ ပြန်ခေါ်လာပြီး ဆေးရုံတင်ထားတာ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် သာယာဝတီခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် လူမပြည့်သေး၍ နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မိုးညိုမြို့နယ်၊ ရှေ့ပြေးကျေးရွာ ဘုန်းကြီးကျောင်းနောက်ဘက်ရှိ လယ်ထဲတွင် ပဲနှုတ်နေသူများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကား ၂ စီးဖြင့် လာရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးစဉ် ပဲနှုတ်နေသူများ ထွက်ပြေးသောကြောင့် စစ်ကောင်စီ တပ်သားများက ဆဲဆိုပြီး သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် ချောလဲ၍ မပြေးနိုင်ဘဲ ကျန်ခဲ့သည့် ကိုဝေယံကို ဖမ်းဆီးပြီး မိုးညိုထွေ/အုပ်ရုံးကို အတင်းအကျပ် ဖမ်းခေါ်သွားကြောင်း သိရသည်။", "ပေါ်တာဆွဲ ဖမ်းခံရသော ကိုဝေယံ သည် ဆင်းရဲနွမ်းပါးပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေသော အမျိုးသမီးကို ဆေးကုနိုင်ရန် နေ့စား ပဲလိုက်နှုတ်နေသူဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း စစ်မှုထမ်းကြေ လစဉ် ၂ သောင်း ပေးဆောင်နေသာ်လည်း အတင်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သာယာဝတီမြို့နယ်၊ ဖားရွှေကျော်ရွာတွင် ပဲနှုတ်နေသည့် ရေတိုက်ရွာမှ လူငယ် ၃ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။", "ထို့အတူ မင်းလှမြို့အထွက်ရှိ မဟာဇေယျုံဘုရားအနီးရှိ စက်သုံးဆီဆိုင်အနားတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရပ်ဝတ် ဝတ်ထားသော စစ်ကောင်စီ တပ်သားများက မင်းလှမြို့ပေါ်ရှိ အထက ကျောင်းတွင် တက်ရောက်နေသော သရော(အမ်)အုပ်စု တဲကုန်းကျေးရွာမှ ကျောင်းသား ၂ ဦး နှင့် လှည်းကူးအုပ်စု ရေကြည်ကျေးရွာမှ လူငယ် ၁ ဦး လိုက်ထရပ် ကားဖြင့် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့အုပ်စု၊ ညောင်ပင်သာရွာကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွေးကုန်းအုပ်စု၊ ဆားချောင်းရွာမှ လူငယ် ၂ ဦး နှင့် ဦးတိုကညင်ပင်ကျေးရွာမှ လူငယ် ၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူများကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/03/206235/
အုတ်ဖိုတွင် စစ်တပ်က အရပ်သားပြည်သူ ကိုတင်စမ်း၏ မျက်လုံးကို ဓားဖြင့် ဖောက်ထုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်
["အုတ်ဖိုတွင် စစ်တပ်က အရပ်သားပြည်သူ ကိုတင်စမ်း၏ မျက်လုံးကို ဓားဖြင့် ဖောက်ထုတ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်", "ရန်ကုန်၊ မတ် ၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် ဖမ်းဆီးခံရသူများအနက်မှ အရပ်သားပြည်သူ ကိုတင်စမ်းကို သတ်ဖြတ်ကာ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာတွင် နေထိုင်သော ကိုစောစီဖော၊ မီးချောင်းတင်ရွာတွင် နေထိုင်သော ကိုသန်းဇော်၊ စင်မြင့်ရွာတွင်နေထိုင်သော ကိုအနက် (ခ) ကိုတင်စမ်း နှင့် ၄င်း၏ သားဖြစ်သူ ကိုချစ်တိုး (ခ) ဆောင်းဦးလွင်တို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုတ်ဖိုမြို့နယ် စရဖ ရုံးသို့ ပြစ်မှု တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးသွားသူများထဲမှ စင်မြင့်ရွာတွင် နေထိုင်သော ကိုအနက် (ခ) ကိုတင်စမ်းကို အေးမြသာယာမြို့ ပျူစောထီး ခေါင်းဆောင် ဝဏ္ဏ နှင့်စစ်သားများက မျက်လုံးကို ဓားဖြင့် ထိုးဖောက်ပြီး နှိပ်စက်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ သတ်ဖြတ်ပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ရန်ကုန်-ပြည် လမ်းဘေးရှိ အုတ်ရှစ်ကုန်းရွာထိပ်တွင် ကိုတင်စမ်းကို၏ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း သိရသည်။", "“သူ့ကို အုတ်ဖို စရဖရုံးမှာ ဖမ်းသွားတဲ့နေ့ကစပြီး နှိပ်စက်နေတာ ပြည်သူ ၄ ဦးလုံးကို PDF နဲ့ ပတ်သတ်တယ်ဆိုပြီး အစာမကျွေး ရေမတိုက်ဘူး။ အိပ်လည်းမအိပ်ခိုင်းဘူး။ အိပ်တာနဲ့ ခြေထောက်တွေကိုရိုက်တယ်။ မီးပူနဲ့ ကပ်တယ်။ ကိုအနက်က PDF နဲ့ မပတ်သတ်တဲ့သူဆိုတော့ ဘာမှမေးမရတဲ့အဆုံး သတ်ပစ်လိုက်ပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အုတ်ဖိုမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ဝဏ္ဏ က လူငယ်များကို ပျူစောထီးအဖွဲ့ထဲသို့ အတင်းကျပ် ဝင်ခိုင်းနေပြီး မူးယစ်ဆေးများ သုံးခိုင်း၍ မသုံးသူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ပြီး ပျူစောထီး အဖွဲ့ဝင်အင်အားများ တိုးချဲ့နေခြင်းဖြစ် ကြောင်း သိရသည်"]
https://yktnews.com/2024/11/193750/
အုတ်ဖိုတွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် PDF တပ်ဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဟု သတိပေး၊ WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေ
["အုတ်ဖိုတွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် PDF တပ်ဖွဲ့က စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဟု သတိပေး၊ WYဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ အရေးယူမည့်သူ မရှိသောကြောင့် စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "အုတ်ဖိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ နှင့် ပျူစောထီးများကို ဆက်ကြေးပေး၍ မူးယစ် ဆေးဝါး ရောင်းချသူများ ပိုမိုများပြားလာကာ ကျောင်းသား၊ ကျောင်းသူများ လူငယ်များကို တွင်တွင်ကျယ်ကျယ် ပစ်မှတ်ထား ရောင်းချနေပြီး WY ဆေးပြား ၁ ပြားကို ငွေကျပ် ၅၀၀ ဖြင့် ရောင်းချနေကြောင်း သိရသည်။", "အဆိုပါ မူးယစ်ဆေးဝါး ရောင်းချသူများကို ပြည်သူများက ဖမ်းဆီးအရေးယူပေးရန် တိုင်ကြားသော်လည်း စစ်ကောင်စီ တပ်သားများ အရေးယူခြင်းမရှိကြောင်း၊ လက်ရှိချိန်တွင် ပြည်သူများက တော်လှန်ရေး အဖွဲ့အစည်းများကို တိုင်ကြားမှု ပိုမို များပြားလာပြီး PDF တပ်ဖွဲ့ဝင်များကိုပါ မူးယစ်ဆေးဝါးသုံးစွဲရန် မြူဆွယ် လာသောကြောင့် စစ်ရေး ပစ်မှတ်အဖြစ် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "“အုတ်ဖိုမှာလည်း ဆေးတွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေတယ်။ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေးတွေကို ရှေ့တန်းလွှတ်ရင် အဲ့ဆေးတွေသုံးခိုင်းပြီး ရှေ့တက်ခိုင်းတော့ ကြောက်စိတ်မရှိဖြစ်တာတွေ့ရတယ်။ ကျောင်းသားလူငယ်တွေကို ပစ်မှတ်ထားပြီး အလကားပေး မြူဆွယ် သုံးစွဲခိုင်းတာတွေ ထိပါလုပ်လာတယ်။ မူးယစ်ဆေး ရောင်းချတဲ့ သူတွေက စစ်ခွေးတွေကို ဆက်ကြေးပေးပြီး လုပ်နေတော့ ဆေးရောင်းသူတွေကို တိုင်ဖို့ ခက်ခဲနေကြတာပေါ့။ ပြည်သူလူထုက ကျွန်တော်တို့ဆီ ခဏခဏလာတိုင်နေတာ အခုနောက်ပိုင်း ဆေးရောင်းတဲ့သူတွေက ကျွန်တော်တို့ PDF ရဲဘော်တွေပါ ဆေးသုံးဖို့ မြူဆွယ်လာတဲ့အထိ ဆိုးရွားလာလို့ အရေးယူဖို့စာထုတ်ရတာပါ။ ကျွန်တော်တို့ရဲဘော်တွေကို အရက်သောက်ခွင့်တောင် တားမြစ်ထားတာ မူးယစ်ဆေးသုံးတာမျိုးဆို ကြီးလေးတဲ့ပြစ်ဒဏ်ပေးမယ်ပြောထားကြလို့ ဘယ်သူမှတော့ ဆေးသုံးတာမရှိကြဘူး။ မူးယစ်ဆေးသုံးသူတွေကို အရင်ကအရေးယူဖို့လက်ရှောင်ခဲ့ပေမယ့် ခုကတော့ စစ်ကောင်စီဘက်တော်သားအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသွားပါမယ်။ သူတို့က ကျောင်းသား လူငယ်တွေကို ပစ်မှတ်ထားပြီး အလကားပေး မြူဆွယ်ကြတယ်။ အဲ့လိုအလကားပေးပြီးရင် WY ၁ လုံးကို ၅၀၀ ကနေစပြီး ရောင်းတော့တာ ကျောင်းသားလူငယ်တွေအချင်းချင်းလည်း ပြန်ပြီး ဖြန့်ခိုင်းတော့ မူးယစ်ဆေးဝါးတွေက ထိန်းမနိုင်အောင်ဖြစ်လာပြီ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။", "အုတ်ဖိုမြို့နယ် အတွင်းရှိ ပြည်သူများသည် မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချသူများကို အရေးယူပေးရန် သတင်းပေးတိုင်ကြားမှုများကို အလေးထား၍ လည်းကောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ၏ အနာဂတ် မပျက်စီးစေရန် လည်းကောင်း၊ မူးယစ်ဆေးဝါး ဖြန့် ဖြူး ရောင်းချသူများကို စစ်ကောင်စီ ဒေါက်တိုင်များနှင့် တန်းတူ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။", "ထို့ကြောင့် ပြည်သူများအနေဖြင့်မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချသူများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အထူး အသိပေးလိုကြောင်း ရဲဘော်ဒူးယား က ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/04/154582/
အုတ်ဖိုတွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်၍ စစ်တပ်ကို မျှားခေါ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို
["အုတ်ဖိုတွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်၍ စစ်တပ်ကို မျှားခေါ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို", "ရန်ကုန်၊ ဧပြီ ၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုးကို ဖြတ်တောက် မျှားခေါ်ပြီး အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ဖြတ်တောက် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် ဧပြီလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အဆိုပါ ပြတ်တောက်သွားသော ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ပြင်ဆင်ရန် တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ မှ စစ်သား ၂၀ ကျော်ခန့်က ခြေလျင်ထွက်လာစဉ် ထန်းပင်ကုန်းကျေးရွာနှင့် ဝင်းသရက်ကျေးရွာအကြားတွင် တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၁ဝ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်းမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိကာ လူနာတင်ယာဉ် ၃ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။", "“ဝင်းသရက် ရွာဘေးက ချောင်းထဲမှာ ပေါ်နေတဲ့ စစ်တပ်သုံး မြေအောက် ဆက်သွယ်ရေးကြိုးကို မနေ့က ည ၁၁ နာရီလောက်မှာ ဖြတ်လိုက်တာ အဲ့ကြိုး ဖြတ်ခံရရင် စစ်ခွေးတွေလာမယ်ဆိုတာသိလို့ သူတို့လာမယ့် လမ်းမှာ မိုင်းထောင်ပြီး စောင့်နေတာ နံနက်က၉ နာရီလောက်မှာ ထန်းပင်ကုန်း ဘက်ကနေ ဝင်းသရက်ကို စစ်ခွေး ၂၁ ကောင် လာတာမြင်ပြီး မိုင်းကွင်းထဲ အရောက်မှာ ပဒေသာ မိုင်း ၅ လုံးတွဲ ၂ ခိုင် ၁၀ လုံးနဲ့ ခွဲလိုက်တာ ရှေ့ဆုံးက စစ်ခွေး ၆ ကောင် နေရာမှာတင် မြှောက်တက်ပြီး သေကုန်တာ။ စစ်ခွေး ၇ ကောင်ကတော့ မိုင်းစတွေမှန်ပြီး ဒဏ်ရာတွေအပြင်းအထန် ရသွားတယ်။ မိုင်းဆွဲပြီး သိပ်မကြာဘူး လူနာတင်ယာဥ် ၃ စီးနဲ့ မသာတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားတယ်။ အခု ထပ်ကြားရတာကတော့ ဒဏ်ရာရတဲ့ ၇ ကောင်ထဲက ၄ ကောင်ထပ်သေတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2023/12/134435/
အုတ်ဖိုတွင် မသန်စွမ်း အမျိုးသမီး ၁ ဦးကို မုဒိမ်းပြုကျင့်ခဲ့သည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဥ် ၁ ဦး ဖမ်းဆီးရမိပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး
["အုတ်ဖိုတွင် မသန်စွမ်း အမျိုးသမီး ၁ ဦးကို မုဒိမ်းပြုကျင့်ခဲ့သည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဥ် ၁ ဦး ဖမ်းဆီးရမိပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး", "ပေါင်းတည်မြို့နယ်တွင် ပျူစောထီး သင်တန်းဆင်းလာသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် မသန်စွမ်း အမျိုးသမီး ၁ ဦးကို ဖမ်းဆီး၍ မုဒိမ်းပြုကျင့်ခဲ့သည့် စစ်သား ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဥ် ၁ ဦး ဖမ်းဆီးရမိပြီး ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ကို စစ်သား ၃၀ ခန့်သည် စစ်ကြောင်းထိုးလာပြီး ပြည်သူများ၏ စက်လှေ ၃ စီးကို မီးရှို့ ဖျက်ဆီးကာ ဆယ်ရွာမှ ပြည်သူ ၁ ဦး၏ နေအိမ်အတွင်း ဝင်ရောက်တပ်ဆွဲ၍ အိမ်ရှင် အမျိုးသားဖြစ်သူအား အရက်ဝယ်ခိုင်းကာ အိမ်ရှင် အမျိုးသမီး ဖြစ်သူကို မုဒိန်းမှုကျူးလွန်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၃ ဦးသည် ဆယ်ရွာမှတဆင့် လယ်ကြမ်းတောမှ ပြည်သူများကို ပေါ်တာဆွဲစဉ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် မသန်စွမ်း အမျိုးသမီး ၁ ဦးကို လမ်းပြရန် ဖမ်းဆီး ခေါ်ဆောင်ပြီး မုဒိန်းကျင့်၍ လင်းနေစန်း ကျေးရွာ ဘုန်းကြီးကျောင်း၌ တည်းခိုနေစဥ် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးစဥ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "တော်လှန်ရေး ရဲဘော်များ ဝင်ရောက် ဖမ်းဆီးစဥ် ရောသက် ဆိုသည့် စစ်သား ၁ ဦးကို သေနတ် ၁ လက် ၊ ကျည် ၁၂ တောင့်နှင့်အတူ လက်ရ ဖမ်းဆီးရမိပြီး ကျန် စစ်သား ၂ ဦးနှင့် ကျောင်းထိုင်ဘုန်းကြီးတို့သည် ကားဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။", "အဆိုပါ ဖမ်းဆီးရမိသည့် စစ်သား ရောသက်ကို စစ်သုံ့ပန်းအခွင်အရေးအရ ကောင်းမွန်စွာ ထိန်းသိမ်း ထားရှိသော်လည်း ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် တော်လှန်ရေး ရဲဘော်များ အိပ်ပျော်နေစဉ် ထွက်ပြေးသွားသည့်အတွတ် ကင်းတာဝန်ကျ ရဲဘော် ၂ ဦးက လိုက်လံပစ်ခတ် ဖမ်းဆီးစဥ် သေဆုံးခဲ့ကြောင်း သိရသည်။", "“စစ်ခွေး ၃၀ ထဲက စစ်ခွေး တချို့က ဆယ်ရွာ သူတို့တပ်စွဲတဲ့ နေအိမ်က အမျိုးသမီးကို အရင်မုဒိန်းမှု ကျူးလွန်ဖို့လုပ်တာ မအောင်မြင်ဘူး။ အဲစစ်ခွေး ၃၀ ထဲက ၃ ကောင်က လင်းနေစန်းကျေးရွာဖက်ကို ထွက်လာရင်းနဲ့ လမ်းမှာ မသန်စွမ်း အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့တယ်။ အဲစစ်ခွေး ၃ ကောင်က အေးမြသာယာက ပြည့်တန်ဆာရုံကို သွားဖို့ ဘုန်းကြီးကျောင်းမှာ တည်းခိုနေရင်း မိတာ ကျန်တဲ့ ၂ ကောင်က ဘုန်းကြီးနဲ့ အတူတူ ထွက်ပြေးသွားတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပျူစောထီး သင်တန်းဆင်းလာသူ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာတွင် နေထိုင်သည့် အပတ်စဉ် ၁ ပျူသင်တန်းဆင်း စစ်တပ် သတင်းပေး လှနိုင်ကို ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ နှင့်တပ်ခွဲ ၅ တို့မှ သစ်ပုတ်ရွာတောင်ဘက် ၁ ဖာလုံခန်အကွာတွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော လှနိုင်ထံမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်သွယ်နေသော ဖုန်းတစ်လုံးကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ပျူစောထီး သင်တန်းဆင်း လှနိုင်​သည် စစ်သားများ ခေါ်ဆောင်၍ ပြည်သူများကို ဖမ်းဆီး ရိုက်နှက်စစ်ဆေးခြင်း၊ မိန်းကလေးငယ်များကို PDF ဟုစွပ်စွဲပြီး လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစည်ခြင်း၊ ရွာထဲတွင် ၎င်းသတင်းပေးပို့ မှုကြောင့် ရှောင်တိမ်း နေရသူ အများအပြားလည်းရှိကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်နေပြီဖြစ်သောကြောင့် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ သတင်းပေး ဒလန်များ အားလုံး အမြန်ဆုံး အလင်းဝင်ကြပါရန် သတိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/207343/
အုတ်ဖိုတွင် လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသော စစ်တပ် ဒေါက်တိုင် အေးလွင် ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုတွင် လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသော စစ်တပ် ဒေါက်တိုင် အေးလွင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၁၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို အကြမ်းဖက် စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေသော စစ်တပ် ဒေါက်တိုင် အေးလွင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွ (ကေ) ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အေးလွင် သည် ခမရ ၆ တပ်ရင်းကို သတင်းပေးပို့ပြီး ပြန်လာစဉ် ချောင်းခွ (ကေ) ရွာထိပ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၁ ချက် ဦးခေါင်ကို ထိမှန်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော စစ်တပ်ဒေါက်တိုင် အေးလွင် ထံမှ လွယ်အိတ် ၁ လုံး ၊ အကြမ်းဖက် စစ်တပ်မှ စစ်ဗိုလ် ၁ ဦး၏ လက်မှတ်ပါသော ထောက်ခံစာ ၃ ရွက် နှင့် ငွေသား ၃၆၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အေးလွင်သည် တော်​လှန်​ရေး ရဲဘော်များ၏ အချက်အလက်များ​ကို စုံစမ်းထောက်​လှမ်း​၍ စစ်တပ်ထံ သတင်းပို့ခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ်သားနှင့် ရဲများကို တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကွင်းများကို စစ်တပ်ထံ သတင်းပေး ပြသခြင်း၊ လူငယ်များကို စစ်တပ်ခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အေးလွင်ရဲ့ သားနဲ့ သားမက်ကလည်း စစ်ခွေးတွေပဲ ရွာတွေထဲဝင်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ခွေး၊ ရဲခွေးတွေကို တိုက်ခိုက်ဖို့ထောင်ထားတဲ့ မိုင်းတွေကိုလည်း သူက စစ်ခွေးတွေဆီ သတင်းပေးတာကြောင့် ခွေးတွေက မိုင်းကွင်းတွေကို ရှောင်ရှားသွားလာနေလို့ မသင်္ကာလို့ စောင့်ကြည့်မှ သူ သတင်းပေးနေတာ အတည်ပြုနိုင်တာ နောက်ပြီး ရွာတွေဘက်မှာ လူငယ်တွေကို ပေါ်တာဆွဲရင်လည်း ဘယ်အိမ်မှာ ဘယ်သူရှိတယ်ဆိုပြီး လက်ညိုးထိုးပြပြီး ဖမ်းခိုင်းတာ ကျွန်တော်တို့အနေနဲ့ ရွာတွေထဲဝင်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ခွေး၊ ရဲခွေးတွေကို မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် တခြားနည်းလမ်းတွေနဲ့ တိုက်ခိုက်ဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ ဝေးဝေးနေကြဖို့လည်း အသိပေးလိုပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသော အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2023/01/80770/
အုတ်ဖိုနှင့် လောင်းလုံးတွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုနှင့် လောင်းလုံးတွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝင်းသရက်ကျေးရွာအုပ်စုမှ ပျူစောထီး ကျော်ကျော်ကို ဇန်နဝါရီ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်အချိန် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ပျူစောထီး ကျော်ကျော်သည် ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲဝင်များ ၏ လှုပ်ရှားသွားလာမှုများ၊ စခန်းတည်နေရာများကို အကြမ်းဖက်စစ်ကောင်စီထံသတင်းပေးနေပြီး လမ်းပြ အဖြစ်လုပ်ဆောင်ခဲ့ကြောင်း၊ မတရားနည်းလမ်းဖြင့် ဝင်ငွေရ‌လမ်းများဖန်တီးကာ စစ်ကောင်စီထံ ဆက်ကြေးသွင်းနေခြင်း၊ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြည်သူအား ဖမ်းဆီးနှိပ်စက်ခြင်း များ ကို ကျူးလွန်လျက်ရှိကြောင်း သိရသည်။", "“သူ့မိသားစုဝင်တစ်ဦးက စိန်ကန့်လန့်မှာရှိတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ ထဲမှာနေတယ်၊ သူ့ရဲ့ နေအိမ်ထဲမှာပဲ ဝင်ရှင်းလင်းခဲ့လိုက်တာ” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ပျူစောထီး ကျော်ကျော်ကို ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ – ၅ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာပြင်စုရှိ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးပျူစောထီးအဖွဲ့ဝင် မာမာဇင်ကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "၎င်းသည် အကြမ်းဖက်စစ်ကောင်စီပူးပေါင်းကာ ကျေးရွာအတွင်း သတင်းထောက်လှမ်းကာ စစ်တပ်ကို သတင်းပေးခြင်း၊ ပျူစောထီးအဖွဲ့ဝင်ထားခြင်း၊ ကျေးရွာနေပြည်သူလူထုအပေါ်တွင်လည်း မောက်မာ ရိုင်းစိုင်း တို့ကြောင့် အကြိမ်ကြိမ်သတိပေးကာ စောင့်ကြည့်ခံနေရသူဖြစ်ပြီး အကြမ်းဖက်စစ်တပ် ခလရ ၁၀၄ တပ်ရင်းအတွင်းသို့ ဝင်/ထွက်သွားလာခြင်းများ ဆက်တိုက်လုပ်ဆောင်လာသဖြင့် ရှင်းလင်းခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။", "“စစ်တပ်သတင်းပေးမလုပ်ဖို့၊ မပူးပေါင်းဖို့ အကြိမ်ကြိမ်သတိပေးပြီးပြီ၊ မရလို့ မဖြစ်မနေရှင်းလိုက်ရတာ၊ အပြစ်ရှိသူမှအပ တစ်ခြားဘယ်တစ်ယောက်မှ ထိခိုက်မှုမရှိအောင် အထူးအလေးထားလုပ်ဆောင်ခဲ့ တာ ပါ၊ နေအိမ်ထဲမှာပဲ ရှင်းလင်းခဲ့လိုက်ပါတယ်”ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "ယခုလုပ်ဆောင်ချက်သည် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး အများပြည်သူနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်ပြီး အကြမ်းဖက် စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးများ၊ သူလျှိုများနှင့် အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းပါများကို ဆက် လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားဝင် သတိပေးထားသည်။"]
https://yktnews.com/2022/12/77842/
အုတ်ဖိုနှင့် သနပ်ပင်တွင် ပျူစောထီး ခေါင်းဆောင်နှင့် စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူတို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
["အုတ်ဖိုနှင့် သနပ်ပင်တွင် ပျူစောထီး ခေါင်းဆောင်နှင့် စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူတို့ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာနေ ပျူစောထီးခေါင်းဆောင် ချစ်မင်း သူကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ထန်းပင်ကုန်းရွာနေ ပျူ စော ထီး ခေါင်းဆောင် ချစ်မင်းသူသည် တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားသွားလာမှုများကို လာရောက်ထောက်လှမ်းစဥ် အုန်းတောလမ်းတွင် သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့ အဖွဲ့ ၂ က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ချစ်မင်းသူထံမှ စစ်ကောင်စီနှင့် ချိတ်ဆက် သတင်းပေးဆောင်ရွက်နေသော အချက်အလက်များ၊ ဖုန်း၊ Power bank၊ ငွေ ၆၇၀၀ ကျပ်၊ နာရီ ၁ လုံးနှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် နန်းထိုက်အောင် စစ်ဆေးရေး အဖြစ် တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်တွင် စစ်တပ် သတင်းပေးဟု စွပ်စွဲခံရသူ တင်မောင် ထွန်း ကို ဒီဇင်ဘာ လ ၂၇ ရက် ည ၁၁ နာရီခန့်က ပစ်ခတ် တိုက် ခိုက် ခဲ့ပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။", "သေဆုံးသွားသော တင်မောင်ထွန်းသည် ဝေါမြို့နယ်အတွင်းရှိ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ ဝင်/ထွက်သွားလာရာ လမ်းကြောင်း များကို စုံစမ်းကာ ကိုယ်တိုင်ကျ အကြမ်းဖက်စ စ်တပ်ကို လမ်းပြပေးပြီး လောင်းကစားဝိုင်းများ၊ စစ်‌ တောင်းမြစ်တကြောရှိ တံငါသည်များနှင့် ပြည်သူလူထုထံမှ နည်းမျိုးစုံဖြင့် ဆတ်ကြေးကောက်ကာ စစ်ကောင်စီထံ ပေးသွင်းနေသူဖြစ်ကြောင်း သိရသည်။", "ထို့ကြောင့် ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နန်းထိုက် အောင်စစ်ဆင် ရေးအဖြစ် သတ်မှတ်ကာ ၎င်းပုန်းရှောင်နေသော သနပ်ပင်မြို့နယ်၊ ကျုံပါ ချောင်း နှင့် ကုလားတဲစုကြားတွင် ဝင်ရောက်ပစ်ခတ်ရှင်း ခဲ့ရာ သေဆုံးသွား ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ ကြောင်း Bago Region PDF ကပြောသည်။"]
https://yktnews.com/2024/01/139432/
အုတ်ဖိုနှင့် အောင်လံမြို့နယ်တို့တွင် ပျူစောထီး ၁ ဦး နှင့် စစ်ကောင် စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုနှင့် အောင်လံမြို့နယ်တို့တွင် ပျူစောထီး ၁ ဦး နှင့် စစ်ကောင် စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ စစ်တပ် လက်နက်ကိုင် ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာ ဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ အရှေ့ဘက် ဝိုင်း ကျေးရွာတွင်နေထိုင်သော စစ်တပ်ထွက်၊ ပျူစောထီး မင်းမင်း ကို ၄င်းနေထိုင်ရာ အိမ်အနီး ဂမုန်း တံတားထိပ်၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – ၁ Dragon Brothers (GBK-PDF) က ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။", "သေဆုံးသူမင်းမင်းသည် စစ်တပ်မှ နုတ်ထွက်ထားသူဖြစ်ပြီး စစ်ကောင်စီ တပ်က လက်နက်တပ် ဆင်ပေးကာ ပျူစောထီးအဖြစ် အသုံးပြုနေကြောင်း၊ စစ်ကောင်စီတပ်နှင့် ပေါင်းပြီး ပြည်သူလူထုကို ခြိမ်းခြောက်ဆဲဆိုခြင်း၊ ရိုက် နှက်စစ်ဆေးခြင်း၊ ပြည်သူ့ထောက် ပို့ များကိုစုံစမ်းဖော်ထုတ်ခြင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲများ၏ နေရာများကို ထောက်လှမ်းကာ စစ်ကောင် စီ စစ်ကြောင်းနှင့်အတူ အမြဲလိုက်ပါ ခြင်းတို့ ပြုလုပ်သည့် နယ်မြေ ကျွမ်းကျင် သော ပျူစောထီးဖြစ်ကြောင်း သိရသည်။", "အုတ်ဖိုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများအနေဖြင့် ပြည်သူ လူထုကို အနိုင် ကျင့်စော်ကားခြင်း၊ စစ်ကောင်စီကို သတင်းပေးခြင်း၊ လမ်းပြခြင်းများ လုံးဝ မပြုလုပ်ကြရန် သတိ ပေးထားသည်။", "အလားတူ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကမွန်းခြုံကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းနိုင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း တော်လှန် ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၃ နာရီခန့်က အောင်လံမြို့နယ်၊ ကမွန်း ခြုံ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဝင်းနိုင်ကို တော်လှန်ရေးတပ်ဖွဲ့က ညောင် ပင် သာလမ်းပေါက်၌ စောင့်ကြို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာတွင် ပင်သေဆုံးသွားကြောင်း သိရသည်။", "အုပ်ချုပ်ရေးမှုးဝင်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ကမွန်းခြုံရွာတောင် ဘက် တောအုပ်အတွင်း ၌ အောင်လံ PDF ဝင်များရှိနေသည်ကို အကြမ်းဖက် စစ်တပ် ထံသတင်းပေး လမ်းပြလုပ်ခြင်းကြောင့် PDF တပ်ဖွဲ့ဝင် ဒုတိယ နှစ် ကျောင်းသား မင်းခန့်သစ္စာ ကျဆုံးခဲ့ပြီး နှစ်ဦးအဖမ်းခံခဲ့ရကြောင်း သိရှိရသည်"]
https://yktnews.com/2023/01/78964/
အုတ်ဖိုမြို့ လဝကရုံးကို ဖောက်ခွဲ တိုက်ခိုက်၊ ကနီတွင် စစ်တပ် ရိက္ခာပို့ လှည်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်
["အုတ်ဖိုမြို့ လဝကရုံးကို ဖောက်ခွဲ တိုက်ခိုက်၊ ကနီတွင် စစ်တပ် ရိက္ခာပို့ လှည်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့ လဝက ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့၊ ချမ်းမြသာမြေရပ်ကွက်၊ ပင်းယလမ်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ လဝကရုံးကို အုတ်ဖိုမြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရုံးအတွင်းပိုင်း ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါ လဝက ရုံးမှ ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှသိရသည်။", "အဆိုပါ လဝကရုံးသည် အကြမ်းဖက် စစ်ကောင်စီ၏ အကြီးစား ဒေါက်တိုင်ဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းများတွင် ပြည်သူလူထုထံမှ မသမာသော‌နည်းဖြင့် ငွေကြေးအမြောက်အများ လာဘ်စားလျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီက ဖွဲ့စည်းထားသော မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီတွင် လဝက ဦးစီးမှူးသည် အရေးပါသောကဏ္ဍမှ ပါဝင်ကာ ပြည်သူလူထုအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခြိမ်းခြောက် ဒုက္ခပေးလျက်ရှိသော ဦးစီးဌာနဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။", "အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူများ ထိခိုက်မှု မရှိစေရန် အဓိကထား လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပြ‌ပျောက်ကြားတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ လှည်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော် ထံမှ သိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကနီမြို့မှ အလယ်ကျွန်းရွာသို့ လှည်းယာဥ် ၃ စီးဖြင့် ရိက္ခာပို့ထွက်သည့် အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲသည် နံနက် ၈ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး ကနီဆေးရုံသို့ တင်ဆောင်ထားပြီး အရေအတွက် အတည်မပြုနိုင်သေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင် လှည်း ၁ စီး လက်နက်ကြီးများတိုက်ရိုက် ထိမှန်ကာ မီးလောင် ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သောကြောင့ PDF ရဲဘော်များဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "“ကျွန်တော်တို့ ဒီ ၇၀ လောက်ပါတဲ့စစ်ကြောင်းကို ချေမှုန်းပြီး လက်နက်တွေရော၊ ရိက္ခာတွေရော သိမ်းမယ် ဆိုပြီး မနက် ၈ နာရီခွဲလောက်ကနေ နေ့လည် ၁၁ နာရီလောက်အထိ ဆက်တိုက်နေတာ၊ သူတို့ဘက် အထိနာတော့ ကနီမြို့အထိုင်ချထားတဲ့ စစ်ခွေးတွေက သူတို့လက်နက်တွေမပါဖို့အရေး ဘယ်သူထိထိ ဆိုပြီး လှမ်းပစ်တာ၊ သူတို့စစ်ကြောင်း ရှိနေတဲ့နေရာနားလဲ ဆော်တာပဲ။ အဲဒါကြောင့် ရဲဘော်အထိအ ခိုက်မခံနိုင်တာနဲ့ တပ်ဆုတ်လာခဲ့လိုက်တာ” ဟု DRPA ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်မင်းညိုက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မ‌တော်၊ ချင်းတွင်းမြစ်ဝှမ်း ဒေသ ညီနောင် မဟာမိတ်များဖြစ်သော DRPA၊ KLG တပ်မဟာ(ကျောက်လုံးကြီး) နှင့် နယ််မြေခံပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/02/147497/
အုတ်ဖိုမြို့တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရေးလုပ်သည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျ
["အုတ်ဖိုမြို့တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက် စစ်ကြောရေးလုပ်သည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ရုံး ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံ ရေးတပ်ဖွဲ့ (စရဖ)ရုံးအတွင်း၌ ဗုံးပေါက်ကွဲပြီး မီးလောင်ပြာကျသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချန်ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ ၂ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံး အတွင်းမှ ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ရုံးတစ်ခုလုံးမီးလောင်ကာ ပြာကျ သွားကြောင်း သိရသည်။", "“အုတ်ဖိုစရဖရုံးထဲမှာ ဗုံးပေါက်ကွဲသံအကျယ်ကြီး ကြားရပြီးတော့ မီးလောင်သွားတာ၊ တစ်ရုံးလုံး ပြာကျသွားတယ်၊ လူထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး၊ သေတာတော့ မရှိဘူးလို့ သိရတယ်၊ ပြည် သူကတော့ ထိခိုက်မှုမရှိပါဘူး၊ စစ်ခွေးတွေရဲ့ လက်နက်တိုက်လည်း မီးလွတ်သွားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ မီးလောင်ရာနေရာသို့ အုတ်ဖိုမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သာယာဝတီခရိုင်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ လာရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါ စရဖရုံးသည် စစ်ကြောရေးစခန်းအဖြစ် စစ်တပ်က အသုံးပြုနေသည့် နေရာဖြစ်ကြောင်း သိရသည်။", "“အဲဒီစရဖရုံးမှာ သာယာဝတီခရိုင်ထဲက ဖမ်းလာတဲ့ပြည်သူတွေကို စစ်ကြောရေး လုပ်တာ၊ မိန်းက လေးတွေဆိုရင် မုဒိမ်းကျင့်တာမျိုးလည်းရှိတယ်၊ ယောက်ျားလေးတွေဆိုရင် အမျိုးသားအင်္ဂါကို ခြေထောက်နဲ့ကန်တာ၊ အသတ်ခံရသူတွေလည်းရှိတယ်၊ အဲဒီစစ်ကြောရေးက ပြန်လာတဲ့သူတွေဆို ရင်မကြာဘူးသေတယ်၊ အဲဒီရုံးထဲမှာ နှိပ်စက်ခံရလို့ မင်းလှက ကိုပတ်တီးလည်းသေတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/04/99849/
အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အုတ်ဖိုမြို့နယ် ထမ်းပင်ကုန်းရွာ အရှေ့ ဦးနီကုန်းတွင် ဆက်ကြေးကောက်ခံနေသည့် ထမ်းပင်ကုန်းရွာမှ ပျူစောထီးခေါင်ဆောင် မျိုးဝင်းနှင့် အဖွဲ့ဝင် ၇ ဦးကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်ခြင်းသည် CDM သူနာပြု မမေဇွန်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ပျူစောထီးခေါင်ဆောင် မျိုးဝင်းနှင့် အဖွဲ့ဝင်များကို သွေးကြွေး ဆပ်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ပျူစောထီး ၂ ဦး သေဆုံးပြီး ပျူစောထီး ခေါင်းဆောင် မျိုးဝင်း အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” ပျူစောထီး ခေါင်းတောင် မျိုးဝင်းဆိုတဲ့ကောင်က CDM ဆရာမလေး မမေဇင်မိုးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာပါ။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ မျိုးဝင်းကတော့ ဒဏ်ရာ ပြင်းထန်တယ်။ မသေရင်တောင် ပေါင်ကျိုး နိုင်တယ်။ CDM ဆရာမလေး အတွက် သွေးကြွေး ဆပ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/01/138290/
အုတ်ဖိုမြို့နယ်တွင် KTV ဆိုင် ည ၁၀ နာရီ ဆိုင်ပိတ်မှုကို မကျေနပ်၍ ခမရ ၆ စစ်တပ်မှ တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ရမ်းကား၊ KTV ဆိုင်ပိုင်ရှင်၏အိမ်သို့ ဝင်ရောက်သေနတ်ဖောက် ခေါင်းရိုက်ခွဲ
["အုတ်ဖိုမြို့နယ်တွင် KTV ဆိုင် ည ၁၀ နာရီ ဆိုင်ပိတ်မှုကို မကျေနပ်၍ ခမရ ၆ စစ်တပ်မှ တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ရမ်းကား၊ KTV ဆိုင်ပိုင်ရှင်၏အိမ်သို့ ဝင်ရောက်သေနတ်ဖောက် ခေါင်းရိုက်ခွဲ", "ရန်ကုန်၊ ဇန်နဝါရီ ၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုတာဆုံတွင် ဖွင့်လှစ်ထားသော KTV ဆိုင် ည ၁၀ နာရီ ပိတ်သိမ်းမှုအပေါ် မကျေနပ်၍ စစ်ကောင်စီ၏ ခမရ ၆ စစ်တပ်မှ တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ရမ်းကားဆိုင်ပိုင်ရှင်၏အိမ်သို့ ဝင်ရောက်သေနတ်ဖောက် ခေါင်းရိုက်ခွဲခဲ့မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင် စစ်ကောင်စီ၏ ခမရတပ်မှ ၆ တပ်ရေးဗိုလ်ကြီးနှင့်အဖွဲ့က KTV ဆိုင်သို့ ရောက်ရှိ ပျော်ပါးစဉ် ည ၁၀ နာရီ ဆိုင်ပိတ်သွားကြောင်း၊ ယင်းသို့ ဆိုင်ပိတ်သည်ကို မကျေနပ်၍ ဆိုင်ပိုင်ရှင်နှင့် မိသားစုကို သေနတ်နှင့် ပစ်ခတ်ကြောင်း၊ ဆိုင်ပိုင်ရှင်၏ ဦးခေါင်းကို သေနတ်ဒင်နှင့် ထုကာ ရိုက်ခွဲခဲ့ကြောင်း သိရှိရသည်။", "အုတ်ဖိုမြို့နယ်တွင် KTV ဆိုင်များကို ည ၁၀ နာရီတွင် ပိတ်ရန် အကြမ်းဖက် စစ်တပ်က အမိန့်ထုတ်ထား၍ ပုံမှန်အတိုင်း ဆိုင်ပိတ်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၆ မှ တပ်ရေးဗိုလ်ကြီးနှင့် ဇနီး၊ ရုံးအုပ်၊ စာရေး၊ တပ်ကြပ်ကြီး ဝင်းသူရ တို့က နှစ်သစ်ကူးည ည ၁၀ နာရီ ဆိုင်ပိတ်ရမလားဟုဆိုကာ ပြဿနာရှာ ရမ်းကား အနိုင်ကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စစ်ဗိုလ်က အရမ်းအနိုင်ကျင့်နေတာ။ KTV တွေ ည ၁၀ နာရီပိတ်ဆို အမိန့်ထုတ်ထားတော့ ပိတ်တာကို တပ်ရေးဗိုလ်ကြီးက ပြဿနာရှာတာ။ KTV နဲ့ တပ်ပြန်တဲ့ လမ်းမှာ ပိုင်ရှင်အိမ်ရှိပါတယ်။ ဘာဂျာတံခါးလည်း ပိတ်ထားပါတယ်။ အဲဒါ အတင်းဖွင့်ခိုင်းပြီး သေနတ်နဲ့ချိန် တစ်ချက်ပစ်ပါသေးတယ်။ ကလေးတွေ ဒူးထောက်ခိုင်းပြီး ကန်တယ်။ KTV ဆိုင်ပိုင်ရှင်ကိုတော့ သေနတ်ဒင်နဲ့ ဝိုင်းထုပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပြသည်။", "စစ်တပ်မှ တပ်ရေးဗိုလ်ကြီးက KTV ပိုင်ရှင်၏နေအိမ်သို့ ဝင်ရောက်ရမ်းကားစဉ် ဆိုင်ပိုင်ရှင်၏ သားသမီးများမှာ နယူးရီးယားအော်ရန်အတွက် ညမအိပ်ဘဲ ဟော့ပေါ့လုပ်စားနေကြကြောင်း၊ အိမ် တံခါးပိတ်ထားကြောင်း၊ စစ်ဗိုလ်နှင့်အဖွဲ့က တံခါးအတင်းဖွင့်ခိုင်းကာ KTV ပိုင်ရှင်နှင့်မိသားစုကို ရိုက်နှက်ကန်ကျောက်ရိုက်နှက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/213640/
အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင် ပစ်ခတ်ခံရပြီ သေဆုံး
["အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင် ပစ်ခတ်ခံရပြီ သေဆုံး", "ရန်ကုန်၊ မေ ၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူး လှအောင်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ် အနောက်ခြမ်းရှိ ထူးကုန်းရွာတွင် နေထိုင်သော ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး လှအောင်သည် ထူးချောင်းရွာနှင့် အုတ်ဖိုမြို့ကို ဆက်သွယ်ထားသော လမ်းပိုင်း၌ ဆိုင်ကယ်စီးနေစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး လှအောင်သည် ဦးခေါင်းတည့်တည့်ကို သေနတ်ကျည် ၁ ချက် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ လှအောင်ထံမှလည်း ဖုန်း ၁ လုံး နှင့် ငွေသား ၁၀၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လှအောင် သည် ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသည့် လူငယ်များကို စစ်တပ်ခေါ်၍ အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များကို “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ်” ဟု ဆဲဆိုစိန်ခေါ်ခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ငွေတောင်းခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်မှုထမ်းကြေးမပေးတဲ့ လူငယ်တွေကို စစ်ခွေးတွေခေါ်ပြီး အုပ်ကြီးလှအောင်က ရွာတွေထဲဝင်ပေါ်တာဆွဲပါတယ်။ သူ့ကြောင့်လူငယ်တွေဆိုတာ အိမ်မနေရဲလို့ ထွက်ပြေးနေရပါတယ်။ ထူးကုန်းအုပ်စုထဲမှာ ငွေပေးလည်း ပေါ်တာဆွဲ မပေးလည်းပေါ်တာဆွဲတယ်။ အဲ့လို ပေါ်တာဆွဲတာ ဆက်မလုပ်ဖို့နဲ့ ဆက်လုပ်ရင် PDF က သတ်တာခံရလိမ့်မယ်လို့ ရပ်မိရပ်ဖတွေက ဝိုင်းပြောတော့ သတ္တိရှိရင်လာခဲ့ကြ အသက်ချင်းလဲပစ်မယ် ဘယ် PDF မှ ဂရုမစိုက်ဘူးလို့ စိန်ခေါ်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်ကောင်စီ နှင့် စစ်ကောင်စီ ထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားသည်။"]
https://yktnews.com/2023/08/119849/
အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်က ဒေါင်းစပါးကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာနေ ကြံဖွတ်ပါတီ အမာခံစည်းရုံးရေးမှူး မျိုးဇော်အောင်သည် ဒေါင်းစပါးအုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင် ခွင့်ရရှိရန် စစ်တပ် ထောက်တိုင်၊ ပျူစောထီး အဖြစ်ခံယူကာ တော်လှန်ရေး၊ တပ်ဖွဲ့ဝင်များ၊ CDM ဝန်ထမ်းများကို သတင်းပေးဖမ်းဆီးခိုင်းခြင်းတို့ ပြုလုပ်နေပြီး ၎င်းကိုယ်တိုင် ဖွင့်လှစ်ရောင်းချနေသည့် အရက်ဆိုင်နှင့် ကပ်လျက် ကွမ်းယာဆိုင်ထဲ၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။", "သေဆုံးသူ မျိုးဇော်အောင်သည် ကြံ့ဖွတ်ပါတီ၏ အမာခံစည်းရုံးရေးမှူး တစ်ဦးဖြစ်ကာ CDM ပြုလုပ် သည့်ဝန်ထမ်းများအား စစ်တပ် ခေါ်၍ဖမ်းခိုင်းခြင်း၊ NON- CDM ပြုလုပ်စေရန် အဓမ္မ ဖိအားပေးခြင်း၊ ကျေးရွာထဲ၌ နေထိုင်သူ ရွာသားပြည်သူများကို မင်းအောင်လှိုင်အား ဆဲဆိုသူဟု စွပ်စွဲပြီး စစ်တပ် ခေါ် ဖမ်းခိုင်းခြင်း၊ ထို့သို့ ဖမ်းဆီးရာတွင် ၄င်းကိုယ်တိုင်ပါဝင်ခြင်း၊ တော်လှန်ရေးသမားများ၏ သတင်း အချက်အလက်များကို လျှို့ဝှက်စုံစမ်း၍ စစ်တပ်ထံသို့ သတင်းပေးပို့နေခြင်း၊ ပျူသင်တန်း တက်ထား ပြီး အဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေခြင်း၊ စကစကို ထောက်ခံအားပေး၍ ယုံကြည်ကြောင်းပြသရန် နှင့် ကျေးရွာနေပြည်သူများအား ယခင်ထက်ပို၍အနိုင်အထက် ပြုကျင့်နိုင်ရန်ရည်ရွယ်ပြီး ဒေါင်းစပါးအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင် ခွင့်ရရှိရန် ကြိုးစားပြင်ဆင်နေခြင်း တို့ကြောင့် ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အုတ်ဖိုမြို့နယ်၊ ဖလံပင်အုပ်စု၊ ဖလံပင်ကျေးရွာနေ ကြံ့ဖွတ်ပါတီ အမာခံ စည်းရုံးရေးမှူး မင်း ဇော် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်ထိမှန်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်း သိရ သည်။", "ဇူလိုင် ၂၇ ရက်နေ့ ည ၈ နာရီခန့်က အဆိုပါ စစ်တပ်ထောက်တိုင် မင်းဇော်ကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်မောင်းထိမှန်ပြီး အုတ်ဖိုဆေးရု့တွင် တက်ရောက် ကုသခဲ့ရကြောင်း၊ ထိုသို့ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ဖလံပင်အုပ်ချုပ်ရေးမှူး ဝင်းဇော်သည် အုပ်ချုပ် ရေးမှူးတာဝန်မှ နှုတ်ထွက်စာတင်၍ အခြားမြို့နယ်သို့ တိမ်းရှောင်သွားသည်ဟု ဆိုသည်။", "ပစ်ခတ်ရှင်းလင်းခံရသူ ဖလံပင်ကျေးရွာနေ ရာအိမ်မှူး၊ ကြံခိုင်ရေးပါတီ အမာခံစည်းရုံးရေးမှူး ဖြစ်သူ မင်းဇော်သည် အကြမ်းဖက်စစ်တပ်အားကိုးဖြင့် ကျေးရွာနေပြည်သူများအားဖိနှိပ်ခြင်း၊ တော်လှန်ရေး သမားများ၏ သတင်းအားစုံစမ်းထောက်လှမ်း၍ အကြမ်းဖက်စစ်တပ်အား သတင်းပေးပို့ နေခြင်း၊ ယောက်ဖ ဖြစ်သူ ဖလံပင်အုပ်စုအုပ်ချုပ်ရေးမှူး လုပ်ငန်းပေါ်တွင် ဝင်ရောက်စွက်ဖက်လုပ်ကိုင်၍ ကိုယ် ကျိုးရှာခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့ကလည်း လောင်းကစား လိုင်းကြေးများ လိုက်လံတောင်းခံနေသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကိုးပင် ကျေးရွာနှင့် မအူတန်းကျေးရွာကြား၌ ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိ ခဲ့ကြောင်း အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2025/02/203423/
အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပဲခူးရိုးမအခြေပြု ရွှေဂဠုန် – စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဇီးကုန်းမြို့နယ် အရှေ့ရှိ ဘော်ဘင်ဗျူဟာလမ်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်တပ် စခန်းချပြီး ဘော်ဘင်ရွာကို စစ်ကြောင်းထိုးနေသည့် အင်အား ၂ဝ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း အပြန်အလှန် ထိတွေ့တိုက်ပွဲတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန် တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ရွှေဂဠုန်စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ထိတွေ့ တိုက်ပွဲမှာ မြေပြင် သတင်းတွေ အရတော့ စစ်ခွေး ၅ ကောင် သေတယ်လို့တော့ သတင်းရပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ များတယ်။ ကျနော်တို့ ရဲဘော်တွေ ပစ်တဲ့ လက်နက်ကြီးက စစ်ခွေးတွေရှိတဲ့ နေရာ တည့်တည့်ကို ကျတယ်လို့ သိရတယ်” ဟု ပဲခူးရိုးမအခြေပြု ရွှေဂဠုန် – စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ စစ်ဆင်ရေးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးရိုးမ တော်လှန်ရေးတပ်ဦး ဗဟိုဦးစီးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ “ကဖူဂနောင် စစ်ဆင်ရေး” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးရိုးမအခြေပြု ရွှေဂဠုန် – စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/10/187737/
အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံး၊ စစ်တပ်က ဝိုင်းရွာအနီးရှိ ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား
["အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံး၊ စစ်တပ်က ဝိုင်းရွာအနီးရှိ ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံးပြီး စစ်တပ်က ဝိုင်းရွာအနီးရှိ ပြည်သူ ၂၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း 3801 တပ်ခွဲ 5 ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု ရဲကင်းစခန်းမှ ရေတာရွာဘက်ကို ထွက်လာသော အင်အား ၃၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဝိုင်းရွာထိပ် ဂုံးပေါက်ကြီး အကျော် ဝိုင်းအုပ်စု ဆေးရုံအရှေ့တွင် သာယာဝတီခရိုင် တပ်ရင်း 3801 တပ်ခွဲ 5 ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း မိုင်းပေါက်ကွဲသည့် ဝိုင်းကျေးရွာအုပ်စု ဆေးရုံအရှေ့မှ ပြည်သူ ၂၀ ဦးခန့်ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "“ဝိုင်းကျေးရွာအုပ်စု ဆေးရုံအရှေ့က ပြည်သူ ၂၀ ခန့်ကို ဖမ်းပြီးတော့ စခန်းထဲကို ခေါ်သွားတယ်လို့ သတင်းရရှိတယ်။ စစ်ခွေး အလောင်းတွေကိုတော့ ဝိုင်းရွာ သချိုင်းထဲကို ခေါ်သွားတယ်လို့ သိရတယ်။ သူတို့စခန်းကိုတော့ သူတို့ စခန်းထဲကိုတော့ ဒဏ်ရာရတဲ့ သူတွေထည့်တယ်လို့ ကြားတယ်။ သူတို့က ခြေလျင်စစ်ကြောင်း လာတာဆိုတော့ သူတို့ တစ်ယောက်ကို ၆ တောင်လောက်ဆီခွာလာတာတာ မိုင်းကတော့ ၁ လုံးကို ၈ တောင်လောက်ဆီ ခွာထောင်ထားတာ ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ” ဟု သာယာဝတီခရိုင် တပ်ရင်း 3801 တပ်ခွဲ 5 ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/107221/
အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
["အုတ်ဖိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မြိုင်တွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၁၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ တစ်နေရာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်၁၁ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တပ်ရင်း ၃၈၀၁ ခွဲ ၅ မှ ရဲဘော် ၂ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်းစခန်း ဂမုန်းဆယ် ကန့်နီ ကျေးရွာဘက်မှ ပဲခူးရိုးမ လမ်းဟောင်းအတိုင်း တက်လာစဥ် တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ဓားစာခံ ရဲဘော် ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။", "” နှစ်ဖက် ပစ်ခတ်မှု မှာတော့ စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာရှိပေမယ့် ကြို့ပင်ကောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ ပဲခူးရိုးမထဲမှ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြား တကျော့တိုက်ပွဲတွေ ပြန်လည်ဖြစ်လာပြီး စစ်ကောင်စီဘက်က အထိနာနေတယ်” ဟု တပ်ရင်း ၃၈၀၁ ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ နှင့် ကိုင်းတောမ အကြား စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့​ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စက်မှု ၂ နှင့် ကိုင်းတောမ အကြားတစ်နေရာတွင် စက်မှု၂ မှ ဆင်းလာသော စစ်ကားများကို ကာကွယ်ရေးတပ်ဖွဲများက မိုင်းပွိင့် ၂ ပွိင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး သေဆုံးနိုင်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ – တပ်ရင်း၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ (၄- စက်ကြာ) ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ ၊ MUGDFတပ်ဖွဲ၊ မုန်တိုင်းတပ်ဖွဲ ၊ YTKတပ်ဖွဲ ၊ GOBတပ်ဖွဲ ၊ အစရှိသော ကာကွယ်ရေးတပ်ဖွဲများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/04/154957/
အုတ်ဖိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော တင်းဝါးချောင်းရွာမှ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော တင်းဝါးချောင်းရွာမှ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော တင်းဝါးချောင်းရွာမှ ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသည့် ပျူစောထီး ထွန်းနိုင်ဝင်း (ခ) နိုင်ကြီး ဆိုသူကို မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“ဧပြီလ ၁ရက်နေ့ကရှင်းတာလို့သိရတယ်။ တော်လှန်ရေး ရဲဘော်တွေ ဝင်ပစ်တဲ့ရွာက ဗျူဟာလမ်းဘေးမှာရှိတာပါ။ အဲရွာကလည်း စစ်ခွေးတွေ တပ်စွဲထားတဲ့ ရွာပါ။ နိုင်ကြီးဆိုတဲ့ ပျူက စစ်ခွေးတွေနဲ့ အတူသွားလာတာရှိတယ် သတင်းပေး လုပ်နေတာပေါ့” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/03/93632/
အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦး ဒဏ်ရာရ
["အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ မတ်လ ၂၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင်စာသင်ကျောင်း၌တပ်စွဲပြီးကင်း ပုန်းဝပ်နေသော နေရာများကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်ဖိုမြို့နယ် မြေအောက် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၀ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့ နယ်၊ ကြို့ကိုးပင်ရွာ စာသင်ကျောင်း၌ တပ်စွဲ၍ ကင်းပုန်းဝပ်နေသော စစ်သားများနှင့် ချဲဒိုင် ၁ ဦး၏ နေအိမ်ကို ၃၈၀၂ တပ်ရင်း တပ်ခွဲ ၄ (အုတ်ဖိုမြို့နယ် မြေအောက် ပြောက်ကျား တပ်ဖွဲ့) က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေ တပ်စွဲထားတဲ့ ကြို့ကိုးပင်ရွာ စာသင်ကျောင်းကို ၄၀ မမ ၂ လုံးနဲ့ ပစ်တယ် စစ်ခွေး ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ ချဲဒိုင် အိမ်ကိုလည်း ၄၀ မမ ၁ လုံးနဲ့ပစ်တယ် ထိခိုက်မှုမသိရသေးဘူး။ နောက်ပြီး ကိုင်းကလေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်” ဟု အုတ်ဖိုမြို့ နယ် မြေအောက် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/05/164133/
အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး၊ သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်း
["အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး၊ သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်း", "ရန်ကုန်၊ မေ ၂၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားပြီး ၎င်းစီးနင်းလာသည့် သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မီးချောင်းတင်ကျေးရွာမှ ပျူစောထီး သန်းဇော် သည် ထန်းပင်ကုန်းရွာ အရှေ့ အုန်းတောကျွန်းစိုက်ခင်းအနီးကို ခိုးထုတ်ထားသည့် သစ်များ တင်ဆောင်လာသော ဖောကားဖြင့် ရောက်ရှိလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၏ ဗျူဟာစစ်ကြောင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "ပျူစောထီး သန်းဇော်ထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ပြီး ၄င်းမောင်းနှင်လာသည့် ခိုးထုတ်လာသော သစ်များ တင်ဆောင်လာသည့် ဖောကားကို တော်လှန်ရေး ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော ပျူစောထီး သန်းဇော် သည် ပြည်သူများကို အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံ ထောက်လှမ်းပေးပို့ခြင်း၊ စစ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးကာ အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းပြီး ရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများ လုပ်ဆောင်နေသောကြောင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“သန်းဇော်က စစ်ခွေးနဲ့ ပေါင်းပြီး ရိုးမထဲက ကျွန်းနုပင်လေးတွေပါ မကျန် ခိုးထုတ်နေတဲ့အပြင် စစ်ခွေးတွေကို ကားနဲ့အကြိုအပို့လုပ်နေတာ​ကြောင့် သူ့ကိုစောင့်ဖမ်းပြီး ရှင်းလိုက်တာပါ။ သူရှင်းခံရပြီးတော့ အခုမနက် ခမရ ၆ က စစ်ခွေးတွေ ရိုးမထဲ တက်လာကြတယ်။ ခလရ ၁ က စစ်ခွေးတွေလည်း စစ်ကြောင်းထိုးဖို့ ပြင်နေကြတယ်။ သန်းဇော်က စစ်ခွေးတွေရဲ့ အမာခံ ထောက်တိုင်ဆိုတော့ စစ်ခွေးတွေ မကျေမနပ်ဖြစ်နေကြတယ် သူ့ကြောင့် ဖမ်းခံရပြီး သေတဲ့သူတွေရှိတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/09/123538/
အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ Non CDM သစ်တော ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ Non CDM သစ်တော ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ Non CDM သစ်တော ဝန်ထမ်း ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာ ဗျူဟာလမ်းဘေးတွင် Non CDM တောခေါင်း အုန်းလှိုင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုန်းလှိုင်ထံမှ တရုတ်ဆိုင်ကယ် ၁ စီး ၊ စစ်တပ်နှင့် ဆက်သွယ်ထားသည့် ဖုန်း ၁ လုံး၊ ငွေကျပ် ၂၅၀၀၀၀ နှင့် ၄င်း အမည်ပါ စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "” အခုရှင်းလိုက်တဲ့ တောခေါင်း အုန်းလှိုင် က ရွာစဥ်လှည့်ဆဲတယ်။ တောထဲမှာ သစ်တောဂိတ်ကြေးကောက်တယ်။ ဂိတ်​ကြေးမပေးရင် သတ်ပစ်မယ်ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်တယ်။ PDF ကိုလည်း သတ္တိရှိလို့ တောထဲလာနေတာ သတ္တိရှိရင် သူ့ကိုလာသတ်ဆိုပြီး စိန်ခေါ်ထားတာ သူ့ကို မြို့နယ် သစ်တောဦးစီး က ပြန်ခေါ်နေပေမယ့် မပြန်ပဲ ပိုပြီးငွေရှာပြနေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တောခေါင်း အုန်းလှိုင်သည် ပြည်သူ့ဘက်သို့ ရပ်တည်ခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်ထောက်အတိုင်အဖြစ် ရပ်တည်ကာ သစ်တောဌာနမှ CDM ဝန်ထမ်းများကို သတင်းပေးဖမ်းခိုင်း ခြင်း၊ ရိုးမပေါ်ရှိ သက်နုကျွန်းပင်ျမားအား အကြမ်းဖက်စစ်တပ်နှင့်ပေါင်းကာ ခုတ်လှဲရောင်းချကာ အကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေရှာပေးခြင်း၊ ရိုးမပေါ်ရှိ PDF တပ်စခန်းတည်နေရာများကို လိုက်လံ ပြသပေးခြင်း၊ ရိုးမကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသော ပြည်သူများကို စစ်တပ်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ခြင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125146/
အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ ပြန်ရောက်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ဒေးဒရဲတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ ပြန်ရောက်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ဒေးဒရဲတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်သင်တန်းတက်ပြီး နေအိမ်သို့ ပြန်ရောက်နေသည့် ကြို့ကိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ဇော်ဝမ်းသည် အင်းမတပ်၌ စစ်သင်တန်းတက်ပြီး နေအိမ်ကို ပြန်လည် ရောက်ရှိနေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များမှ အဖွဲ့ ၃ ဖွဲ့ခွဲကာ ကြို့ကိုးပင်ရွာရှိ ၄င်းနေအိမ်မှ ထွက်လာချိန် ရွာလမ်းမပေါ်တွင် တော်လှန်ရေး ရဲဘော်များက သေနတ်ဖြင့် ကျည် ၈ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဇော်ဝမ်းထံမှ အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ငွေသား ၄၂၀၀၀၀ ကျပ်၊ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရရှိခဲ့ပြီး ၄င်းကိုင်ဆောင်နေသည်ဟု ကြားသိထားသည့် လက်လုပ်သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၂ လုံးကို မတွေ့ရှိသောကြောင့် သိမ်းယူနိုင်းခြင်း မရှိကြောင်း သိရှိရသည်။", "အဆိုပါ အုပ်ချုပ်ရေးမှူးသည် ဒေသတွင်းရှိ လူငယ်များကို ပျူစောထီး အဖွဲ့ထဲ ဝင်ရန် မက်လုံးပေး စည်းရုံးနေပြီး စစ်တပ်အတွတ် အင်အားစုဆောင်းပေးခြင်း ၊ တော်​လှန်​ရေး ရဲ​ဘော်​များ၏ သတင်းများ​ ထောက်​လှမ်း​ပေးပို့ခြင်း၊ PDF စခန်း တည်နေရာများကို သတင်းပေးခြင်းနှင့် စစ်ကြောင်းထိုးရာတွင် လိုက်လံပြသခြင်း၊ စစ်တပ်မှ အရာရှိများနှင့် ပူးပေါင်း၍ ဒေသ ပြည်သူများကို ဖမ်းဆီး အနိုင်ကျင့်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "” သူ့တပည့်ပျူတွေ ရောက်ချလာလို့ အိမ်ထဲမှာ ကျန်နေတဲ့ စခတွေပေးထားတဲ့ လက်လုပ်သေနတ်နဲ့ လက်ပစ်ဗုံး ၂လုံး ဝင်မယူနိုင်ခဲ့ဘူး။ သူအရှင်းခံရတယ်ကြားပြီး မြို့ထဲက စစ်ခွေးတွေနဲ့ တိမ်မြုပ်တပ်က စစ်ခွေးတွေ ကားတွေနဲ့ တက်ချလာတာ အများကြီး သူကအုတ်ဖိုမြို့က နာမည်ကြီး ပျူခေါင်းဆောင်ကြီး သာလှအောင်ရဲ့ လက်ရင်းတပည့်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီ ခန့်တွင် ပျူစောထီးခေါင်းဆောင် ကျော်စိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ပျူစောထီး ခေါင်းဆောင် ကျော်စိုးသည် ၄င်း၏ မယားငယ်ကို လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ လိုက်ပို့စဥ် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရကာ ဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ ပျူစောထီး ခေါင်းဆောင်သည် ဒေးဒရဲမြို့တွင် ဗိုလ်မှူးများနှင့် ပူးပေါင်းပြီး ဖမ်းဆီငွေညစ်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြုလုပ် လိုသူများကို ငွေကြေး သိန်း ၃၀ တောင်းရမ်းပြီး လုပ်ခွင့်ပေးခြင်း၊ ၎င်းကိုယ်တိုင် အလောင်းကစား ၂ လုံး ၃ လုံးလုပ်ကိုင်ခြင်း၊ စစ်တပ် ၊ ရဲ နှင့် ပူးပေါင်းပြီး ၎င်းနှင့် မတည့်သူများကို ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်သူဖြစ်ကြောင်း သိရှိရသည်။", "Photo – ကြို့ကိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ"]
https://yktnews.com/2023/10/128837/
အုတ်ဖိုမြို့နယ်တွင် တိမ်းရှောင်နေသော ချောင်းခွကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်ကျော် ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် တိမ်းရှောင်နေသော ချောင်းခွကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်ကျော် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သရက်နျစ်ဖျားလိန်ကျေးရွာအုပ်စု၊ ချောင်းခွ(ကေ) ကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးမြင့်ကျော်ကို ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွား ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာ အုပ်စု၊ ချောင်းခွ(ကေ)ကျေးရွာနေ အုပ်ချုပ်ရေးမှူး မြင့်ကျော် သည် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ထားခံရသဖြင့် ပုန်းရှောင်နေရာမှ နေအိမ်သို့ ပြန်လာပြီး ဇနီး ဖြစ်သူနှင့်အတူ ကျေးရွာထိပ်သို့ ဆိုင်ကယ်စီးထွက်လာစဉ် ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် မြင့်ကျော်မှာ ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရာမှ သေဆုံးသွားကြောင်း သိရသည်။", "“မြင့်ကျော်နဲ့ သူ့မိန်းမ ဆိုင်ကယ်စီးပြီး ထွက်လာတာကို ရွာထိပ်ကနေ စောင့်နေခဲ့တာ၊ ကျနော်တို့ကို လည်းတွေ့ရော မြင့်ကျော်က သူ့မိန်းမနဲ့ ဆိုင်ကယ်ကိုထားပြီး ထွက်ပြေးတာ၊ အဲဒါကြောင့် ပစ်ခတ်လိုက် ရတာ၊ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်၊ သူ့မိန်းမကို အိမ်ပြန်ဖို့ အတင်းပြောလွှတ်လိုက်တယ်၊ ကျနော် တို့မှာက မဆိုင်တဲ့သူကို မလုပ်ပါဘူး၊ ကျင့်ဝတ်ကို အကုန်လုံးက လိုက်နာကြပါတယ်၊ မြင့်ကျော်ကို ပစ် ခတ်ရှင်းလင်းပြီးတော့ စစ်ခွေးတွေရောက်လာပြီး အလောင်းကို အုတ်ဖိုဆေးရုံသယ်သွားပါတယ်” ဟု သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "သေဆုံးသူ အုပ်ချုပ်ရေးမှူးမြင့်ကျော်သည် သေနတ်နှင့်လက်ပစ်ဗုံး ကိုင်ဆောင်ခွင့်ရထားပြီး ပစ်ခတ် ရှင်းလင်းချိန် လက်နက်များ ပါရှိလာခြင်းမရှိသဖြင့် ဆိုင်ကယ်ကိုသာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျား တပ် ဖွဲ့- အုတ်ဖို ၏ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး မြင့်ကျော်သည် ဒေသနေ လူငယ်များအား ရဲနှင့် စစ်တပ်ထဲ ဝင်ရန် စည်းရုံး၍ စကစအတွက် အင်အားစုဆောင်းပေးခြင်း၊ စကစ များထံ တော်လှန်ရေး ရဲဘော် များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ ဒေသနေ ပြည်သူ များကို စကစ အရာရှိများ ရဲအရာရှိများနှင့် ပေါင်း၍ ၄င်းတို ထုတ်ပေးထားသည့် သေနတ် နှင့် လက်ပစ် ဗုံး ပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေခြင်းတို့ ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သာယာ ဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ရင်းက ဆိုသည်။"]
https://yktnews.com/2024/12/194817/
အုတ်ဖိုမြို့နယ်တွင် ဓာတ်ဆီပုံးများ ယူဆောင်လာပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ ညပိုင်းတွင် ဝါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးတင်ရှို့နေ
["အုတ်ဖိုမြို့နယ်တွင် ဓာတ်ဆီပုံးများ ယူဆောင်လာပြီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ ညပိုင်းတွင် ဝါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးတင်ရှို့နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဓာတ်ဆီပုံးများ ယူဆောင်လာပြီး စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် ၀ါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်မှ စ၍ အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ၀ါးဖြူချောင်းရွာနှင့် ချောင်းစောက်ရွာကို တပြိုင်တည်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းမှ သေနတ်ပစ်ဖောက်သံများလည်း ဆူညံနေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၇ ရက်နေ့က စတင်ပြီး အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးရန် ဓာတ်ဆီပုံးများ ကားဖြင့် တင်ဆောင်လာ၍ ကျေးရွာများကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် တံငါကုန်းရွာ ၊ ကျွဲဖြူမရွာ ၊ တောင်ကုန်းရွာ၊ ကြို့ကိုးပင်ရွာ၊ ၀ါးဖြူချောင်းရွာ၊ ချောင်းစောက်ရွာနှင့် ရွာရှောင်ရွာ တို့မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားမှု ရှိကြောင်း သိရသည်။", "“ဝါးဖြူချောင်းရွာနဲ့ ချောင်းစောက်ရွာကို စစ်ခွေး တွေ အခုမီးရှို့နေပါတယ်။ မီးခိုးလုံးတွေ တက်နေတာ တော်တော်များတယ်တဲ့ မနက်ကတည်းက ဓာတ်ဆီတွေ ယူလာကတည်းက ထင်နေတဲ့အတိုင်းပဲ ကျွဲဖြူမနဲ့ ရွာရှောင် ကိုလည်း စစ်ခွေးတွေ ရောက်နေတယ်။ အိမ်တွေထဲကိုတော့ ၀င်မွှေနေတယ်။ အိမ်တွေချိုးဖျက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရိုးမပေါ်တက်မည့် ကားလမ်းဘေးရှိ စမ်းကြီးကုန်း၊ ဝင်းသရက်၊ ဝါးဖြူချောင်းဘက်တွင်လည်း ကင်းပုန်းများ ဝပ်နေကြောင်း သိရသည်။", "Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/01/139933/
အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ် သင်တန်းတက်ရန် လူစုနေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က သင်တန်း မတက်လို၍ ထွက်ပြေးသော ပြည်သူ ၂ ဦး ပစ်သတ်ပြီး ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်
["အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ် သင်တန်းတက်ရန် လူစုနေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က သင်တန်း မတက်လို၍ ထွက်ပြေးသော ပြည်သူ ၂ ဦး ပစ်သတ်ပြီး ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူ့စစ် သင်တန်းတက်ရန် လူစုနေသည့် အကြမ်းဖက် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာနှင့် ဆင်တဲကုန်းကျေးရွာတို့မှ ပြည်သူများကို ပြည်သူ့စစ် သင်တန်းတက်ရန် လူစုနေသည့် အကြမ်းဖက် စစ်တပ်သားများကို ကမ်းနီရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA (GBK-PDF) ရဲဘော်များက ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝရုန်းသုန်းကား ဖြစ်နေစဥ် တော်လှန်ရေး ရဲဘော်များက ပြည်သူ ၃၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများနှင့် အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁ နာရီခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရကာ စစ်သားများ ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က လူစုနေစဥ် ပြည်သူ့စစ် သင်တန်း မတက်လို၍ ထွက်ပြေးသည့် ပြည်သူ ၂ ဦးကိုလည်း စစ်သားများက ပစ်သတ်ခဲ့​ပြီး ရွာကို PDF ရွာဟု သတ်မှတ်ပြီး မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရသည်။", "“ပြည်သူ ၂ ဦးက ပြည်သူ့စစ် သင်တန်းမတက်ချင်လို့ ထွက်ပြေးတာကို နောက်ကသေနတ်နဲ့ လိုက်ပစ်ပြီး ပစ်သတ်သွားတယ်။ ပြည်သူ့စစ် သင်တန်းမတက်ရင် PDF ရွာဆိုပြီး မီးရှို့မယ်ပြောတယ်။ အခုရွာလုံးကျွတ် ပြေးသူကပြေးနဲ့ အခြေအနေ တော်တော်ဆိုးနေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #BlackDragon #GBKPDF #YOMA"]
https://yktnews.com/2023/08/120518/
အုတ်ဖိုမြို့နယ်တွင် ဗိုလ်ကြီး တင်မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["အုတ်ဖိုမြို့နယ်တွင် ဗိုလ်ကြီး တင်မျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၃၁", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၌ တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ ဗိုလ်ကြီးတင်မျိုးအောင်ကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး သေနတ် ၁ လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ဩဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသော ဗိုလ် ကြီးတင်မျိုးအောင်ကို ပစ်ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းထံမှ MA3 သေနတ် ၁ လက်၊ ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် ပြန်တမ်းဝင်ကတ်တို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ (မြေအောက်ပျောက်ကြားတပ်ဖွဲ-အုတ်ဖို) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များမှာ အထိအခိုက်အန္တရာယ်မရှိဘဲ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/124847/
အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရာအိမ်မှူး ၁ ဦး စစ်သင်တန်းတက်ရန် သွားရောက်စဥ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းရွာ ရာအိမ်မှူး အောင်ဝင်းလေးသည် ခမရ ၆ တပ်ရင်းကို စစ်သင်တန်း တက်ရန်သွားရောက်စဥ် ကျေးရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ရာအိမ်မှုး အောင်ဝင်းလေးထံမှ စစ်တပ် နှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ တော်လှန်ရေး ရဲဘော်များ၏ သွားလာ လှုပ်ရှားမှုများကို မှတ်တမ်း တင်ထားသည့် မှတ်စု စာအုပ် ၁ အုပ်၊ ငွေသား ၃၁၁၅၀ ကျပ်၊ မှတ်ပုံတင်နှင့် ကိုဗစ်၁၉ ကင်းရှင်းကြောင်း ထောက်ခံချက် ကပ်ပြား ၁ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ရာအိမ်မှူးသည် ပျူစောထီး ခေါင်းဆောင် ဖြစ်ကာ စစ်တပ် အတွတ် လူအင်အား စုဆောင်းပေး၍ ခမရ ၆ တိမ်မြုပ်တပ်၌ စစ်သင်တန်းပေးခြင်း၊ စစ်တပ်ထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ သတင်းများ​ ထောက်​လှမ်း​ပေးပို့ကာ PDF စခန်း တည်နေရာများကို သတင်းပေးခြင်းနှင့် လိုက်လံပြသခြင်း၊ ဒေသခံများကို အနိုင်ကျင့်နေခြင်းတို့ကြောင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း မလိုက်နာသည့်အတွတ်​ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အဲ့ရာအိမ်မှူးက ကြံ့ဖွတ်ပါတီ ရပ်ကျေးစည်းရုံးရေးမှူး တာဝန်လည်းယူထားတယ်။ သူ့ဆီမှာ စစ်တပ်က ပေးထားတဲ့ သေနတ်နဲ့ လက်ပစ်ဗုံးတော့ ရှိတယ်လို့ သိထားရတာ ရှင်းတဲ့နေရာမှာတော့ ရှာမတွေ့ဘူး။ အိမ်မှာပဲထားခဲ့လား တပ်ထဲမှာပဲထားလားမသိ ပါမလာလို့မရခဲ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/06/165914/
အုတ်ဖိုမြို့နယ်တွင် ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်တွင် ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာ ရဲစခန်းမှ အရက်သောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၅ ဦးသည် ရဲစခန်းအဝင် လမ်းကြပ်ရှိ ပဒေသာ TNT အပြင်းစားမိုင်း ၃ လုံးတွဲ ထောင်ထားသည့် နေရာကို ရောက်ရှိလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး စခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စက်လက်၊ လက်နက်ကြီးများဖြင့် စခန်းအပြင်ကို မိနစ် ၂၀ ခန့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "“ဝိုင်းရဲစခန်းက စစ်ခွေးတွေ အခုတလော အပြင်ထွက် အရက်သောက်နေတာ သတင်းရလို့ ညတုန်းက ရဲစခန်း အထွက် လမ်းကြပ်နားမှာ TNT အပြင်းစား မိုင်း ၃ လုံးကို ပဒေသာထောင်ထားတာ နံန က် ၁၀ နာရီ လောက်မှာ စစ်ခွေး ၅ ကောင် အရက်သောက်ဖို့ထွက်လာတာ မိုင်းကွင်းထဲရောက်တော့ တန်းခွဲလိုက်တာ ၃ ကောင်က နေရာတင်ပွဲချင်းပြီးတယ် ၂ ကောင်ကလည်း အခြေအနေသိပ်မကောင်းဘူး။ အဲ့ဒီ စစ်ခွေးတွေ မိုင်းဆွဲခံရတာမြင်တော့ စခန်းထဲက စစ်ခွေးတွေက ပြန်ဆွဲယူပြီး စခန်းအပြင်ကို ၇၉ မမ ၃ချက် စက်ကြီး၊ စက်လက်နဲ့ တရစပ် ပစ်တာ မိနစ် ၂၀ လောက်ကြာပါတယ်။ စစ်ခွေးတွေ ပြန်ဆွဲယူသွားလို့ လက်နက်တွေ မရခဲ့ဘူး။ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက် အဲ့ ၃ မြို့မှာ မြို့ပြ မစ်ရှင်တွေ ဆက်တိုက် လုပ်တော့မှာမို့ ပြည်သူတွေအနေနဲ့ သတိပေးချက်တွေ လိုက်နာပေးကြပါလို့ ပြောချင်ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဆက်လက်၍လည်း မြို့ပြ စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲဝင်များ၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းများ၊ ရုံးများအနီး နေထိုင် သွားလာခြင်းများ မပြုလုပ်ကြခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/11/192456/
အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အမာခံ ဒေါက်တိုင် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းသည် အုတ်ဖိုတာဆုံ ရန်ကုန်-ပြည် ကားလမ်းဘေး ရဲကင်းအနီးရှိ လမ်းမပေါ်၌ သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက သေနတ်ကျည် ၁ ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်း ထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၇၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်း သည် အကြမ်းဖက် စစ်တပ်၏ ထောက်တိုင် အမာခံ တစ်ဦးဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို စစ်တပ်ထံ ထောက်​လှမ်း ​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ စစ်တပ်၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင် ပါဝင်ခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အုပ်ကြီးက စစ်မှုထမ်းဖို့ လူစုတာလည်း တော်တော်ဆိုးတယ်။ သူနေတာက ရန်ကုန်-ပြည်လမ်း အနောက်ဘက်မို့ PDFတွေမလာနိုင်ဘူးဆိုပြီး ထင်တိုင်းကြဲနေတာ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ အရမ်းဆိုး လာတာကြောင့် သူ့အခြေအနေကို စိစစ်ပြီး အရေးယူခဲ့တာပါ။ သူ့ကို ရှင်းလိုက်တဲ့နားက ရဲစခန်းက ရဲတွေကိုလည်း တာဝန်ပေါ့လျှော့လို့ဆိုပြီး နယ်ပြောင်းမယ်ကြားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် အကြမ်းဖက် စစ်တပ် အတွက် စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၏ အချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်၍ အရေးယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲဘော်ဒူးယားက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/08/180306/
အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံ စုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံ စုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၂၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံ စုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုအပိုင် ပဲခူးရိုးမထဲရှိ တောင်ယာတဲအတွင်း၌ အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်း လိုက်လံစုံစမ်းနေသည့် ခလရ ၁ တပ်ရင်းမှ စစ်သား ၁ ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၏ ဗျူဟာစစ်ကြောင်းမှ သွားရောက်ဖမ်းဆီးစဥ် ပြန်လည်ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "သေဆုံးသွားသော စစ်ကောင်စီ တပ်သားထံမှ ၉ မမ သေနတ် အတို ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄ တောင့်၊ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် စစ်လွယ်အိတ် ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ကောင်စီ တပ်သားသည် မင်းလှမြို့နယ် အခြေစိုက် ခလရ ၁ တပ်ရင်းမှ တပ်သား “လက်ကပ်” ဖြစ်ပြီး ၄င်းသည် ကြို့ပင်ကောက်မြို့နယ်မှ ဗိုလ်ကြီးရန်နိုင်စိုးနှင့် အတူ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို လိုက်လံစုံစမ်းနေသူဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။"]
https://yktnews.com/2024/07/172111/
အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အဖြစ်မှ နှုတ်ထွက်သည်ဟု လိမ်လည်ပြီး စစ်နှင့် ပူးပေါင်းနေသည့် ချောင်းဂွအုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး ချစ်ကိုသည် လယ်ထဲကို လာရောက်စဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ချစ်ကိုသည် အုပ်ချုပ်ရေးမှူး တာဝန်မှ နှုတ်ထွက်ထားသည်ဟု လိမ်လည်ပြီး အကြမ်းဖက် စစ်တပ်ထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​ကို ထောက်​လှမ်း​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေး ကောက်ခံနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဆက်လက်၍ ပြည်သူများကို စစ်မှုထမ်းရန် အတင်းအကြပ်လူစုခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီ ထောက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ အဆိုပါ စစ်ကောင်စီ ထောက်တိုင်များအနီး ပြည်သူများအနေဖြင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/12/137703/
အုတ်ဖိုမြို့နယ်တွင် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
["အုတ်ဖိုမြို့နယ်တွင် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်ရသည့် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ကို ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်ရသည့် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်တို့ကို ကျေးပင်အင်ရွာရှိ ၎င်းတို့၏ နေအိမ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်တို့ နေအိမ်အတွင်းမှ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်၊ စကားပြောစက် ၁ လုံးကို သိမ်းဆည်းရရှိပြီး သန်းနိုင် ကိုင်ဆောင်သည့် ပစ္စတိုသေနတ်ကို မတွေ့ရှိခဲ့​ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်သည် အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များနှင့် PDF စခန်း တည်နေရာများကို ထောက်လှမ်းသတင်းပို့ခြင်း၊ လောင်းကစားဝိုင်းများနှင့် ချဲနှစ်လုံးဒိုင်များထံ လိုက်လံ ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများကို စကစများအားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "“လက်နက်ကိုင် ပျူစောထီး လင်မယားက မနက် ၅ နာရီ ၂၀ လောက်မှာ ရေတာရွာ နဲ့ ကျေးပင်အင်ရွာကို လာတော့ ကျွန်တော်တို့က အဲရွာ ၂ ရွာ အကြားမှာ ပစ်ခတ် တိုက်ခိုက်ဖို့ စောင့်နေတာ ကျွန်တော်တို့ကို မြင်ပြီး ကျေးပင်အင်ရွာက သူတို့အိမ်ကို ထွက်ပြေးတာ အဲ့ဒါနဲ့ နောက်ကလိုက်ပစ်ရင်း အိမ်ထဲမှာပဲ လင်မယား ၂ ဦးလုံးသေဆုံးသွားတာ သူတို့လင်မယားက အရမ်းဆိုးတယ် ရေတာရွာမှာ မနေရဲလို့ ရှောင်နေရတဲ့ ပျူခေါင်းဆောင် ကျော်ကြီးရဲ့တပည့်တွေ ရွာမှာ သေနတ်တပြပြ ဗုံးတပြပြနဲ့ ပြည်သူတွေကို အရမ်းဒုက္ခပေးတယ်။ သူကိုင်တဲ့ သေနတ်တော့ ရှာတာမတွေ့ခဲ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ ပြောဆိုသည်။"]
https://yktnews.com/2024/04/160029/
အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာစွဲနေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာစွဲနေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာစွဲနေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၇ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ် ဂွေးချိုကွင်းရွာနှင့် ကျွန်းလှကုန်းကို ဆက်သွယ်ထားသော တံတားအနီး၌ ရွာစဉ် လှည့်လည်၍ ပေါ်တာစွဲနေသော အင်အား၂၀ခန့် စစ်ကြောင်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ပဒေသာမိုင်း ၇ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိကာ စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူ ၂ ဦးကို အုတ်ဖို ဆေးရုံကို သယ်ဆောင်သွားကြောင်း သိရှိရသည်။", "ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအပြီး တော်လှန်ရေး ရဲဘော်များက နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် ဦးထုပ် ၃လုံး ၊ MA-3 ကျည်ဘောက်ရှည် ၁ ခု ၊ 5.56 ကျည် ၃၂တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ဒဏ်ရာရရှိတဲ့ စစ်ခွေး ၂ ကောင်လည်း သေဆုံးဖို့များပါတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/118443/
အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်တွင် စစ်ဗိုလ်တစ်ဦးကို တပ်သားက ပစ်ခတ်ရာမှ သေဆုံး
["အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်တွင် စစ်ဗိုလ်တစ်ဦးကို တပ်သားက ပစ်ခတ်ရာမှ သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၅", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တွင် စစ်ဗိုလ်တစ်ဦးကို တပ်သားက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဩဂုတ်လ ၁၁ ရက်နေ့ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ တွင် တပ်ခွဲမှူး တာဝန်ယူထားသော စစ်ဗိုလ်အရာရှိက တပည့်ဖြစ်သူကို သေနတ် ကျည်ရှင်းခိုင်းကြောင်း၊ ယင်းနောက် တပည့်ဖြစ်သူ စစ်သားက သေနတ် ထဲတွင် ကျည်များထုတ်ပြီးချိန်တွင် ချိန်ရွယ် စမ်းသပ် ပစ်ခတ်လိုက်ရာ ကျည်ထိထွက်လာပြီး စစ်ဗိုလ်၏ လည်ပင်းသို့ ထိမှန်သွားကာ ပွဲချင်းပြီး သေ ဆုံး သွားကြောင်း သိရှိရသည်။", "“ညပိုင်း စစ်ဗိုလ်က သူ့တပည့်ကို သေနတ် ကျည်ရှင်းခိုင်းတယ်။ တပည့် စစ်သားက ကျည်မရှိဘူးထင်ပြီး စစ်ဗိုလ်ဘက်ကို လှည့်ပြီးပစ်လိုက်တာ ကျည်၁ တောင့်က သေနတ်မှာ ကျန်ပြီး ကျည်ထွက်သွားလို့ စစ်ဗိုလ်ရဲ့ လည်ပင်းကို ကျည်မှန်တယ်။ ပြည်ဆေးရုံကိုပို့ရင်း သေသွားပါတယ်။ ဖြစ်စဉ် က ဩဂုတ်လ ၁၁ ရက်နေ့မှာဖြစ်တာ။ ပစ်ခတ်တဲ့ စစ်သားလည်း အဖမ်းခံ ထားရတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။", "ပစ်ခတ်မှုကြောင့် စစ်ဗိုလ်သေဆုံးသည့်သတင်းကို ပြင်ပသို့ ပေါက်ကြားမှု မရှိစေရန် စစ်တပ်က တပ်တွင်း မိသားစုများကို အပြင်နှင့်ထိတွေ့ဆက်ဆံခွင့် ပိတ်ပင်ထားကြောင်း၊ သို့ရာတွင် ဖြစ်စဉ်နှင့် ပတ်သက် ၍ ဖုံးဖိထားမရဘဲ သတင်း ပေါက်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်ရင်းတစ်ခု၏ အဝင်အ၀တွင် ရေးသားထားသော ဝါဒဖြန့် ဆိုင်းဘုတ်တစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/12/194385/
အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင်တို့ ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင်တို့ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင်တို့ ပွဲချင်းပြီး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော စစ်သား ၈ ဦးကို တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ရဲဘော်များက တပ်ရင်းနှင့် ကိုက် ၂၀၀ အကွာမှ စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၈ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး သိန်းဝင်း နှင့် တပ်ကြပ် တင်အောင် တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကျန်ရှိနေသော စစ်သားများသည် ဆိုင်ကယ်များဖြင့် ခမရ ၆ တပ် အတွင်းကို တပ်ပျက်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။", "သေဆုံးသွားသော အကြမ်းဖက် စစ်သား ၂ ဦးထံမှ MA-3 သေနတ် ၁လက်၊ ကျည်ဘောက် ၂ ခု ၊ ၅.၅၆ ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ ငွေသား ၄၀၀၀၀ ကျပ် နှင့် ခမရ ၆ တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ဖရဲသီးရဲ့ သတင်းပေးမှု​အရ တပ်ထဲက ထွက်လာတဲ့ ဆိုင်ကယ်တွေကို ခမရ ၆ တိမ်မြုပ်တပ်ရှေ့ ကိုက် ၂၀၀ အကွာကနေ စောင့်ပြီး ပစ်ခတ်ခဲ့တာပါ။ စစ်ခွေးတွေက ဆိုင်ကယ် ၄ စီး အင်အား ၈ ကောင်နဲ့ ကင်းလှည့်ဖို့ ထွက်လာတယ်လို့ သတင်းပေးလို့ သေချာပြင်ဆင်ပြီး လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ပစ်ခတ် တိုက်ခိုက်တဲ့ အချိန် နောက်ကဆိုင်ကယ်နဲ့ စစ်ခွေးတွေ တပ်ထဲအကုန်ထွက်ပြေးတာ ဗိုလ်ကြီး သိန်းဝင်းနဲ့ တပ်ကြပ် တင်အောင်တို့ နှစ်ယောက်ပဲ ပစ်ခတ်မှုအတွင်း သေသွားတယ်။ အခုမစ်ရှင် အောင်မြင်အောင် သတင်းပေးခဲ့တဲ့ ဖရဲသီးကိုလည်း လေးစားကြောင်း ပြောချင်ပါတယ်။ အရင်ကလည်း သူ့ရဲ့သတင်းပေးမှုကြောင့် စစ်ခွေး ဗိုလ် ၁ ကောင်ကို ရှင်းလင်းပြီး သေနတ် ၁ လက်လည်း ရခဲ့ဖူးပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အဆိုပါ စစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်းဖရဲသီးကို လေးစားစွာ မှတ်တမ်းတင်အပ်ပြီး ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသော စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင်များကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့ ရှိနေသော အနီးအနားကို သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် ကြိုတင် အသိပေးလိုကြောင်း ရဲဘော်ဒူးယားက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/12/194734/
အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ညတွင်းချင်း သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်ခဲ့
["အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် ညတွင်းချင်း သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်ခဲ့", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီးနောက် ညတွင်းချင်း သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကျေးရွာအနီး စွန့်ပစ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာ၌ နေထိုင်သော ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နှင့် ဦးစိုးကြီး တို့၄ ဦးကို အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးခန့်က ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီး အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားဖြင့် ပြန်လည် ခေါ်ဆောင်လာပြီး ချောင်းဂွ(ဂျီ)ကျေးရွာ အုပ်စု သဲကုန်းလေး ထန်းရည်ဆိုင် အနောက်ဘက်ကုန်းတွင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းများကို ကားလမ်းမတွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ် လော်ဘီများက ၎င်းတို့ တယ်လီဂရမ်များတွင် PDF များက သတ်ဖြတ်ခြင်းဖြစ်ကြောင်း လိမ်လည် သတင်းထုတ်ပြန်နေကြောင်း သိရသည်။", "“ကျန်တော်တို့ PDF တွေက ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုရှိပါတယ်။ အပြစ်မဲ့ ပြည်သူတွေကို ဘယ်တော့သတ်ဖြတ်တာမလုပ်ဘူး။ ကျန်တော်တို့ စစ်ကောင်စီနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဒုက္ခပေးတဲ့သူတွေ ဆိုရင်တော့ ကျန်တော်တို့ စစ်ကောင်စီ ယန္တရားမှာပါတယ်။ ပျူစောထီး လုပ်ပြီး သတင်းပေးတယ်။ ဒါမျိုးလူကို ကျန်တော်တို့ ရှင်းရင်တောင် တာဝန်ယူမှု တာဝန်ခံမှုနဲ့ သတင်းထုတ်ပြန်ပါတယ်။ အခုလို စစ်ကောင်စီက ကိုယ်လုပ်တာကို တာဝန်မခံတဲ့ PDF လွှဲချတယ်ဆိုတာ သူတို့က ယုတ်မာရိုင်းဆိုင်းတဲ့ ကောင်တွေလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "ဒီဇင်ဘာလ ၄ ရက်နေ့တွင် ခမရ ၆ တပ်ရင်းမှ ကင်းလှည့်ရန် ထွက်လာသော ဗိုလ်ကြီးဝင်းသိန်းနှင့် တပ်ကြပ်တင်အောင်တို့ကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာသည့် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ပြည်သူ ၄ ဦးက လယ်ထဲ၌ အလုပ်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/186248/
အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ
["အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၃", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို ကြား ဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး စိန်ပြောင်း ၁ လက်အပါ အဝင် လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ စိုးမိုးထားသည့် အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ စစ်ကြောင်းကို PDF တပ်ရင်း – ၃၈၀၂ ၊ တပ်ခွဲ – (၄) မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကာ ၁၄ ဦး ပြင်းထန် ဒဏ်ရာများရရှိပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။", "ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 အမျိုးအစား သေနတ် ၂ လက်၊ MA-1 အမျိုး အစား သေနတ် ၁ လက်၊ ၆၀ မမ BA 100 စိန်ပြောင်း ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ G-3 ကျည် ၁၈၁ တောင့်၊ MA-1 ကျည် ၁၃ တောင့်၊ ကျည်ဘောက် ၄ ခု၊ အီကွေးမန့် ၁ ခု၊ ကျောပိုးအိတ် ၅ လုံး၊ စကစ ဦးထုပ် ၂ လုံး၊ မိုးကာ ၁ ထည်၊ ငွေသား ၇၄၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၅ လုံး၊ မှတ်ပုံတင်နှင့် သက်သေ ခံ ကဒ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ယခုလက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား အသုံးပြုကာ အုတ်ဖိုမြို့နယ် နှင့် ကြို့ပင်ကောက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များကလည်း ပူးပေါင်းကာ ခုခံတိုက်ခိုက်နေကြောင်း၊ သို့သော်လည်း ခဲယမ်းများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "“အခုမနက် တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲကြာချိန်က ၁နာရီခွဲလောက်ရှိတယ်။ အရင်ရက်က ဂမုန်းဆည်ကျိုးမှာစိုးလို့ ကျွန်တော်တို့ရဲဘော်တွေ ထိန်းသိမ်းထားတာ သတင်းထုတ်ပြန်တာကြောင့် သူတို့တက်လာတာပါ။ လက်နက် ၄ လက်ရတယ်။ စိန်ပြောင်းတစ်လက်နဲ့ သေနတ် ၃ လက် သိမ်းဆည်းရရှိတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။"]
https://yktnews.com/2024/03/152399/
အုတ်ဖိုမြို့နယ်၊ တင်ဝါးချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["အုတ်ဖိုမြို့နယ်၊ တင်ဝါးချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တင်ဝါးချောင်းရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၁၀နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အုတ်ဖိုမြို့နယ် အရှေ့ဘက် ဗျူဟာလမ်းဘေးရှိ တင်ဝါးချောင်းရွာထိပ် ဘုန်းကြီးကျောင်းတွင် စခန်းချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့၊ ၃၈၀၁ တပ်ခွဲ ၁ ရိုးမ GBK PDF နှင့် MNO PDF မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျုဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ မတ်လ ၂၃ ရက် နေ့တွင် ၈ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ ပခုက္ကူမြို့၊ ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာသို့ ရောက်ရှိနေသော တပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကြောင်းနှင့် ရိက္ခာ တင် ကား အစီးရေ ၁၀၀ ခန့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် အီနာဂါဗုံးသီး ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့နောက် ရိက္ခာတင်ကားများထဲမှ မိုင်းကျင်းအတွင်းကျရောက်ပြီး နစ်နေသော ၁၂ ဘီး ကားတစ်စီး ကို ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ကရိန်းကားဖြင့် လာရောက်ဆွဲယူစဉ် ဒရုန်း ဖြင့် အီနာဂါဗုံးသီး အလုံဂ ၂၀ ဆက်တိုက်ကျဲချကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရရှိကာ ညနေ ၄ နာရီ ခန့်တွင် ပခုက္ကူမြို့သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ နှင့်အတူ တော်လှန်ရေးတပ်ပေါင်းစုများ၊ မဟာ မိတ် အဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94061/
အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
["အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂၄", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် နှင့် PDF တပ်ဖွဲ့များ ကျေးရွာအနီးအနား၌ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားများ ထိခိုက်သေဆုံးမှုရှိသောကြောင့် တိုက်ပွဲ အနီးအနားရှိ တာဝါတိုင်ရွာနှင့် ချောင်းစောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "စစ်တပ် စစ်ကြောင်းသည် တာဝါတိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ ပြီးနောက်၊ ချောင်းစောက်ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို ခိုးယူသွားပြီး လက်ရှိချိန်ထိ ကျေးရွာအနီးအနားများ၌ တပ်စွဲထားကြောင်း သိရသည်။", "” စစ်ခွေးတွေနဲ့ PDF ရဲဘော်ကို တိုက်ပွဲဖြစ်ပြီး စစ်ခွေး အသေများလို့ ရွာကို မီးတင်ရှို့တာ ပြည်သူတွေ ကတော့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကျတယ်။ နေအိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စစ်ခွေးတွေက သယ်ယူနေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ စောင့်ကြည့်နေတုန်းပါပဲ။ အခုထိ စစ်ခွေးတွေရှိသေးတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်"]
https://yktnews.com/2023/05/100663/
အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာရှိ စခန်းကုန်းပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ရွာရှိ စခန်းကုန်းပေါ် တက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာရှိ စခန်းကုန်းပေါ် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်အချိန် အုတ်ဖိုမြို့နယ်၊ တာဝါတိုင်ကျေးရွာရှိ စခန်းကုန်းပေါ်ကို အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းစောက်ရွာဟောင်းနှင့် ကိုင်းချိုကြီးရွာဘက်မှ စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်ကြောင်းထိုး တက်လာခဲ့ကြောင်း ၊ယင်းသို့ တက်လာသည့် စစ်ကြောင်း ၂ ကြောင်းထဲမှ ကိုင်းချိုကြီးရွာဘက်သို့ တက်လာသည့် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက် ပြောက်ကျား တပ်ဖွဲ့ အုတ်ဖို မှ ကြိုတင်ထောင်ထားသည့် ပဒေသာမိုင်း ၇ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖရိုဖရဲဖြစ်နေသည့် စစ်ကြောင်းကို ၄၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ချောင်းစောက်ရွာဟောင်းမှ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး ယင်းစစ်ကြောင်းမှာလည်း ရှေ့ဆက်တိုးမရသောကြောင့် တပ်ပြန်ဆုတ်ရန်အတွက် ဝိုင်းရွာရဲစခန်းမှ လက်နက်ကြီးပစ်ကူနှင့် စစ်ကူ (၁၅)ဦးခန့်၏ အကူအညီရယူပြီး တပ်ပြန်ဆုတ်သွားကြောင်း သိရှိရသည်။", "” အဲဒီ တာဝါတိုင်ရွာက ခွေးတွေ မီးရှို့သွားလို့ ပြည်သူတွေမရှိတော့ပါဘူး။ အိမ်ခြေ ၆၀ ကျော်ရှိတဲ့ရွာလေးပါ။ တာဝါတိုင်ကုန်းကို စစ်ခွေးတွေ ထပ်မံ သိမ်းပိုက်နိုင်ဖို့ ကြိုးစားလာနိုင်ပြီး ထိတွေ့တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားလာနိုင်တယ်။ ဒီနေ့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပါဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/12/196374/
အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာရှိ ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင် ထွက်ပြေးလွတ် မြောက်
["အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာရှိ ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင် ထွက်ပြေးလွတ် မြောက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင် ထွက်ပြေးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းတွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၇ ဦး လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ထွက်ပြေးသွားသော တပ်သားသစ် ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တောနင်းရှာဖွေနေပြီး လက်ရှိအချိန်အထိ ပြန်လည်တွေ့ရှိ ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း၊ ထို့ပြင် သာယာဝတီခရိုင် အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များထံလည်း အဆိုပါ ထွက်ပြေးလာသော တပ်သားသစ်များ ရောက်ရှိလာခြင်းမရှိသေးကြောင်း သိရှိရသည်။", "“PDF ဆီ မလာဘူး။ စစ်ခွေးတွေလည်း အခုထိ ပြန်မတွေ့သေးဘူး။ ပြန်မတွေ့သေးလို့ တောနင်းရှာနေတယ်။ လက်နက်နဲ့ထွက်ပြေးကြတာ သေချာပါတယ်။ ၁၇ရက်နေ့ ညက ထွက်ပြေးတာ မနက်ကျတော့ လက်နက်တွေရော တပ်သားသစ် ၇ ဦးပါ ပျောက်သွားလို့ တပ်ထဲမှာဝရုန်းသုန်းကားဖြစ်နေတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/08/179550/
အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိ
["အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၁၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး လက်ပစ်ဗုံးနှင့် ကျည်လွဲအဆောင်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၂၇ မိနစ်ခန့်တွင် နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ကို ၄င်းနေထိုင်သည့် အုန်းပင်စုကျေးရွာ လမ်းမဘေး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ဝင်း ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ကျည်လွဲအဆောင် ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းထောက်ပံငွေ ကောက်ခံသည့် စာရင်းစာအုပ်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး အောင်ဝင်းသည် စစ်ကောင်စီ ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ သွားလာနေသည့် လမ်းများ ဟုဆိုကာ ပြည်သူများ အသုံးပြုနေသည့် ကျေးရွာချင်းဆက်လမ်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့အား ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခြင်း၊ တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို အကြမ်းဖက် စစ်တပ်ထံ ထောက်​လှမ်း​သတင်းပို့ခြင်း၊ စစ်တပ် အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ ဒေသပြည်သူ များကို အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသည့် လက်ပစ်ဗုံးပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2024/01/140836/
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို စစ်တပ်က ရွာထဲမှ မောင်းထုတ်ပြီး ထွက်ခွာခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်
["အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို စစ်တပ်က ရွာထဲမှ မောင်းထုတ်ပြီး ထွက်ခွာခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ရွာထဲမှ မောင်းထုတ်နေပြီး ထွက်ခွာခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က ပုဒ်မ ၁၄၄ ထုတ်ထားသည်ဆိုကာ ကျေးရွာအတွင်းရှိ ပြည်သူများကို မောင်းထုတ်ပြီး စစ်ကြောင်း ကျေးရွာအတွင်း ရောက်ရှိလာချိန်ထိ ထွက်ခွာခြင်းမရှိသူများကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆင်တဲကုန်း၊ ၀ါးဖြူချောင်း၊ သိုက်၀ါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ စသည့် ကျေးရွာများကို မလာရဲသောကြောင့် စာဖြင့် အကြောင်းကြားစာ ပေးပို့ကာ ရွေ့ပြောင်းခိုင်းပြီး ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါကုန်း၊ ရွာရှောင်၊ ကျွဲဖြူမ၊ ရွေကြာအင်း စသည့် ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကိုယ်တိုင် သွားရောက် ပြောဆိုကြောင်း သိရှိရသည်။", "“ပဲခူးရိုးမထဲက ရွာတွေကို ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရွာတွေထဲက အကုန်ထွက်သွားကြရမယ်တဲ့ မနေ့က ညတွင်းချင်း အကုန်ထွက်​ပေးရတာ သူတို့တွေ လာတဲ့အခါ တွေ့တဲ့နေရာမှာ ပစ်သတ်မှာလို့ စစ်ခွေးတွေက ပြောတယ်​။ လက်ရှိဆယ်ရွာမှာ စစ်ခွေး ၃၀ ကျော်နဲ့တပ်ဆွဲထားတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ စစ်ခွေးတွေက ရွာတွေကို လေယာဥ်နဲ့ ဗုံးကျဲမလား။ လက်နက်ကြီးနဲ့ ထုမလားမသိဘူး။ ဝိုင်းရဲစခန်းကိုလည်း စစ်ခွေး ၁၅၀ကျော် ဖောကားတွေနဲ့ လာပို့ပြီး အင်အားထပ်ဖြည့်ထားတယ်။ စစ်ကြောင်းထိုးပြီး ရွာတွေထဲဝင်မလားမသိဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #အုတ်ဖိုမြို့နယ် #စစ်တပ် #ပြည်သူ"]
https://yktnews.com/2025/04/210093/
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးရန် တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို ပေါင်းတည်စုရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တော်လှန်ရေး ရဲဘော်များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖရိုဖရဲဖြစ်သွားချိန်တွင် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ၄ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခမရ ၆ တပ်ရင်းသို့ ပြန်လည် ဆုတ်ခွာ ထွက်​ပြေးသွားကြောင်း သိရသည်။", "” ခမရ ၆ က စစ်ခွေး ၂၀ လောက်ပါတဲ့ ကား ၁ စီးက ရိုးပေါ်ကို စစ်ကြောင်းထိုးဖို့ တက်လာကို စောင့်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ သူတို့ မိုင်းဆွဲခံရတော့ ဖရိုဖရဲ ဖြစ်နေတာကို ရဲဘော်တွေက နှစ်ဖက်ညှက်ပစ်တာမှာ ၄ ကောင် သေပြီး ၂ ကောင် ဒဏ်ရာရသွားတယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ကြာတော့ သူတို့တွေ ဖရိုဖရဲ နဲ့ ခမရ၆ကို ပြန်ပြေးသွားပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဆက်လက်၍လည်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးခြင်းများ ထပ်မံ လုပ်ဆောင်လာနိုင်ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF က အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2024/09/181479/
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး
["အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ စက်တင်ဘာ ၁", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို ဖမ်းဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စစ်ဆင်ရေး နယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် သစ်ခိုးထုတ်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ သစ်ခိုးထုတ်နေသူများသည် ဂမုန်းကြိုးဝိုင်းအတွင်း ကျွန်းနုပင်များကို ခုတ်ယူ သယ်ဆောင်နေခြင်းဖြစ်ပြီး ကျွန်းနုပင် ၆.၈ တန်ကို သိမ်းဆည်း၍ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိ​ပေး​ကာ ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "PDF တပ်ဖွဲ့က ပြန်လည် လွတ်ပေးလိုက်သူများသည် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် ၅၆ နှင့် ၅၇ မှ ကျွန်းနုပင် ၁၅ ကုဗကို ခုတ်ယူခဲ့ကြ၍ သတိပေးကာ ပြန်လည် လွတ်ပေးခဲ့ကြသူများဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာခြင်း မရှိကြသူများဖြစ်ကြောင်း သိရသည်။", "“အခုကာလက ရွာတွေ မြို့တွေမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရိုးမပေါ်တက်လုပ်စားကြတာကို ကျွန်တော်တို့က ပြည်သူကိုငဲ့ကွင်ပြီး ရိုးမထဲသွားလာခွင့်မပိတ်ဘဲနဲ့ ကျွန်းနုပင်မခုတ်ဖို့ဘဲ သတိပေးနေတာ အခုကကျွန်းနုပင်မခုတ်ဖို့ သတိပေးတာကို မလိုက်နာဘဲ ခိုးထုတ်တာဆက်လက်လုပ်ဆောင်လာနေတယ်။ အခု သတင်းထုတ်ပြန်မှုလုပ်ဆောင်ပြီးရင် ဆက်လက် စောင်ကြည့်ပြီး ပိုဆိုးရွားလာရင် သစ်ခုတ်တာလုံးဝခွင့်ပြုမှာမဟုတ်တော့ပါဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။", "မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုသည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကိုလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များကို ခိုးထုတ်မှု လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များကို ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/08/179116/
အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး
["အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ ဩဂုတ် ၁၅", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်နေသူများကို ဖမ်းဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေ အောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ စစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ် ၅၆ နှင့် ၅၇ အတွင်းရှိကျွန်းနုပင်များအား ခုတ်ယူ သယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိ၍ ၎င်းကျွန်းနုပင်များအား ထပ်မံခုတ် ယူခြင်း မပြုလုပ်ကြရန် သတိပေးပြောဆိုကာ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တော သယံဇာတ များအားလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်မှုများကို မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များအား ခိုး ထုတ်သူများကို လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/01/138975/
အုတ်ဖိုမြို့နယ်၊ မြောာင်ကျေးရွာရှိ ပျူလောင်းကစားဝိုင်းကို ဝင်ရောက်တိုက် ခိုက်မှု ၅ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်၊ မြောာင်ကျေးရွာရှိ ပျူလောင်းကစားဝိုင်းကို ဝင်ရောက်တိုက် ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ မြောင်ကျေးရွာတွင် ပျူစောထီး ခေါင်းဆောင်ပြီး အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ လောင်းကစား ဝိုင်း ပြု လုပ်နေစဉ် ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာ ပျူခေါင်းဆောင်အပါအဝင် ပျူစော ထီး ၄ ဦး၊ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် တပ် ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၇ ရက် မွန်းလွဲ ၂ နာရီခန့်က အုတ်ဖိုမြို့နယ်၊ မြောင် ကျေး ရွာ၌ အကြမ်းဖက်စစ် ကောင်စီတပ်သားများ လုံခြုံရေးယူပေးပြီး အုပ် ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်ကိုကိုဦးဆောင် ကာ ပျူစောထီးများ လောင်း ကစားဝိုင်း ပြုလုပ်နေစဉ်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်ကိုကို၊ ပျူစောထီး ၃ဦး၊ စစ်ကောင်စီတပ်သား ၁ ဦး စုစုပေါင်း ၅ ဦး သေဆုံးပြီး အထိနာသွား၍ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက် ပြေး သွားကြောင်း သိရသည်။", "“စခ ၅ ကောင် ကင်းစောင့်ပေးတာ၊ အဲဒီထဲက ၁ ကောင်သေတယ်၊ သေနတ် တော့ ကျန်တဲ့ ၄ ကောင် က ယူပြီးထွက်ပြေးကြတယ်၊ အခုသေတဲ့အထဲ စခ ၁ ကောင်ပဲ အတည်ပြုနိုင်တယ်၊ ၂ ကောင်ဖြစ် မလားတော့မသိဘူး၊ သေတဲ့ အထဲမှာက မြောင်ရွာက ပျူခေါင်းဆောင် အုပ်ကြီးကျော်ကိုကို၊ ပျူ မင်းမင်း၊ ပျူ မင်းသူ အောင် သူတို့ ၃ ဦးက ရွာခံတွေ၊ အခုဝင်တိုက်ခဲ့တဲ့နေရာက ခမရ ၆ တိမ် မြှုပ် တပ်နဲ့နီးတယ်၊ ဆိုင်ကယ်နဲ့လာရင် ၁၅ မိနစ်ပဲကြာတာ၊ ဒါပေမယ့် သူတို့မ လာရဲကြဘူး” ဟု သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် လောင်းကစား ဝိုင်းအတွင်းမှ လက် လုပ် သေနတ်၂ လက်၊ လက်ပစ် ဗုံး၂ လုံး၊ လက်ကောက် နှင့် ဆွဲကြိုးထည့်ထားသည့် ကော်ဗူးတခု၊ မိုလ် ဘိုင်းဖုန်း ၃ လုံး၊ ငွေသား ၇၈၀၀၀ ကျပ်၊ စစ်ယူနီဖောင်း၈စုံ၊ မှတ်ပုံတင် ၁ ခုနှင့် စာရွက်စာတမ်း အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ရဲဘော်များမှ ရှောင်တခင် စီးနင်းတိုက် ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137104/
အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်း အနီး နေထိုင်သော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်း အနီး နေထိုင်သော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်း အနီး နေထိုင်သော ပျူစောထီး ၁ ဦး ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းအနီး၌ နေထိုင်သည့် ပျူစောထီး သန်းဇော်ဦးကို တံငါကုန်းရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "“အဲ့ကောင်က အမည်ကြီး အရင်နှစ်က ရှောင်နေသေးတယ်။ ခုနောက်ပိုင်း ဇောင်းပြန်ကြွလာတာ အရင်က PDF ကို ငါနဲ့ကိုင်တုတ်ဆဲဆိုပြီး စိန်ခေါ်ဖူးတယ်။ သူ့ကြောင့် ပြည်သူ တချို့တိမ်းရှောင်နေရတယ် အိမ်တွေချိတ်ပိတ်ခံရတယ်။ သူကပြည်သူနဲ့ တော်လှန်ရေးကို ဒုက္ခပေးမယ့်သူမို့ မဖြစ်မနေရှင်းရတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "သေဆုံးသွားသော ပျူစောထီး သန်းဇော်ဦးသည် စစ်တပ်၏ အမာခံ ထောက်တိုင် တစ်ဦးဖြစ်ကာ တော်လှန်ရေး ရဲဘော်များ၏ သွားလာလှုပ်ရှားမှုများနှင့် PDF စခန်း တည်နေရာများကို စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်း၊ ဒေသ ပြည်သူများကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ ပြည်သူများကို ရဲနှင့် စစ်တပ် အားကိုးကာ ဖိနှိပ်ဒုက္ခပေးနေ၍ အမည်ဆိုးဖြင့် လူသိများသူဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98020/
အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၇", "ပဲခူးတိုင်း၊ အုတ်ဖိုမြိုနယ်၊ ဝိုင်းကျေးရွာရဲကင်းစခန်းကို PDF တပ်ဖွဲ့များ ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး တစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။", "ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ ည ၉ နာရီ မိနစ် ၂၀ ခန့်က အဆိုပါရဲကင်း စခန်း ကို နွေဦးပိတောက် စစ်ဆင်ရေးအဖြစ် ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံး ၇ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၃ လုံးမှာ ခြံစည်းရိုး အပြင်ဘက်တွင် ကျ ရောက်ပေါက်ကွဲပြီး ၉ လုံးမှာ စခန်းအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ ကြောင်း၊ ထို့ နောက် လက်နက်ငယ်များဖြင့် စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိကာ ရဲကင်း စခန်း ဘန်ကာ၊ အချုပ်ခန်းဟောင်းနှင့် စခန်း အတွင်းရှိ ဓမ္မာရုံ တခြမ်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ခြေ ဖနောင့် ၊ လက်ဖျားတို့တွင် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ရဲကင်းစခန်းကို သိမ်းနိုင်သည်အထိ အသာစီးတိုက်ခိုက်နိုင်ခဲ့သော် လည်း စစ်ကူများရောက်ရှိလာခြင်း၊ လက်နက်ခဲယမ်း လိုအပ်ခြင်းများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ၎င်းစီးနင်း တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုမှာ ယခုထက် ပိုများနိုင်ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ က ဦး ဆောင်၍ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ နှင့် YOMA(GBK) ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/207420/
အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး၊ ရဲစခန်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပြာကျ
["အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး၊ ရဲစခန်း လက်နက်ကြီး ထိမှန်ပြီး မီးလောင်ပြာကျ", "ရန်ကုန်၊ မတ် ၁၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး လက်နက်ကြီးကျည် ထိမှန်၍ ရဲစခန်း တစ်ခုလုံး မီးလောင်ပြာကျခဲ့ကြောင်း သာယာဝတီခရိုင် စစ်ရေး တာဝန်ခံ ရဲဘော် သစ္စာ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အုတ်ဖိုမြိုနယ်၊ ဝိုင်းရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ရဲစခန်းကိုလည်း လက်နက်ကြီးကျည်များ ထိမှန်ခဲ့ခြင်းကြောင့် ရဲစခန်း တစ်ခုလုံး မီးလောင်ပြာကျခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာရ အကြမ်းဖက် စစ်သားများက ပြန်လည် ပစ်ခတ်ခြင်း၊ စစ်ကူအင်အားများ အလုံးအရင်း ရောက်ရှိလာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“စခန်းကို အလစ်အငိုက် ဝင်တိုက်လိုက်တော့ ဒီကောင်တွေ ပြင်ဆင်ချိန် မရလိုက်ဘူးပေါ့။ စခန်းမီးလောင်သွားပြီးတော့ ဖရိုဖရဲ ဖြစ်သွားပြီး စစ်ခွေး ၁၅ ကောင်သေတယ်။ စစ်ကူအင်အား အလုံးအရင်းနဲ့ တက်လာပြီး စစ်ခွေးအလောင်းတွေကို ဖောကားနဲ့ သယ်ထုတ်သွားတယ်။ စခန်းတစ်ခုလုံးပြာကျသွားတာ တိုက်ပွဲက ၂ နာရီလောက်ဖြစ်သွားတယ်။ အဲဒီ ရဲစခန်းက တပ်ကူတွေရောက်နိုင်တဲ့ လမ်းနဲ့ နီးတဲ့ အခါကျတော့ အင်အားက အလုံးအရင်းနဲ့ ဝင်လာတာ ကျနော်တို့ လက်နက်တွေ မကောက်နိုင်ခဲ့ပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် စစ်ရေး တာဝန်ခံ ရဲဘော် သစ္စာ ကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ရွှေတန်းမြေ နှင့် တပ်ခွဲ (၃) မိုးညို တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/180561/
အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ၊ ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ
["အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရ၊ ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ", "ရန်ကုန်၊ ဩဂုတ် ၂၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ကြံဖွတ်ပါတီဝင်များပါ မကျန် စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေ၍ ပြည်သူများ ရရာလက်နက်များဖြင့် ခုခံ ထွက်ပြေးနေရပြီး ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၂ ရက်နေ့မှ၍ အကြမ်းဖက် စစ်တပ်က အုတ်ဖိုမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်မှုထမ်းရန် ပြည်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ကျေးရွာများတွင် နေထိုင်သော ပြည်သူများက ဂျင်ဂလိ၊ လေးခွများဖြင့် ပြန်လည် ခုခံပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် အုတ်ဖို ဘူတာတွင် ရထားပေါ်မှ ဆင်းလာသူ ၅ ဦး၊ လယ်ဦးစုရွာမှ ၁ ဦး ၊ အုတ်ဖိုမြို့ထဲက ကုန်ထမ်းနေသူ ၂ ဦး၊ အာရုံစျေး လာဝယ်သူ ၁ ဦးနှင့် သြဂုတ် ၂၃ ရက်နေ့တွင် ဥတိုရွာလမ်းဘေးမြတ်ရိတ်နေသူ ၁ ဦး၊ သစ်ဆိမ့်ကုန်းမှ ချဲရောင်းသူ ၁ ဦး၊ လျှပ်စစ်ရပ်ကွက်မှ ၃ ဦး၊ စပါးတင်သည့် ကားသမား ၂ ဦး၊ ဥတိုရွာမှ ၁ ဦး၊ ကျွန်းကုန်းရွာမှ ငါးမျှားနေသူ ၁ ဦး၊ သစ်ဆိမ့်ကုန်း ထော်လာဂျီ မောင်းသမား ၁ ဦး၊ အေးမြသာယာ အထည်ချုပ် လူကြိုပို့လုပ်နေသည့် သုံးဘီးသမား ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "“ဇီးကုန်းနဲ့ အုတ်ဖိုမှာက သာမန်ပြည်သူတွေအပြင် စစ်တပ် ထောက်ခံသူတွေနဲ့ ကြံဖွတ်ပါတီဝင်တွေကိုပါ စစ်တပ်က ပေါ်တာဆွဲနေလို့ အကုန်တိမ်းရှောင်နေကြရတယ်။ အုတ်ဖိုက စစ်တပ်ထောက်ခံတဲ့ စစ်မှုထမ်းဟောင်းရဲ့သား ပေါ်တာဆွဲရတာ သူ့သားကိုပြန်လွှတ်ပေးစေချင်ရင် ထွေအုပ်မှာ ကင်းစောင့်ရမယ်ဆိုလို့သွားစောင့်ပေးတာတောင် ပြန်မလွှတ်ပေးလို့ သူ့အဖေ ပေါက်ကွဲနေတယ်။ နေ့တိုင်းကို ဝင်ဖမ်းလို့ပြေးနေရတယ်။ အခုက ငွေပေးရင်လည်း ပြန်ထုတ်မရတော့ဘူး။ အသက်ကြီးတဲ့သူသာ ငွေပေးရင်ပြန်ထုတ်ရတယ်။ မြို့ပျက်လိုဖြစ်နေပြီ အပြင်ထွက်အလုပ်လုပ်လို့လည်းမရ ပြည်သူတွေအရမ်းဒုက္ခရောက်နေကြတယ်။ ကြာရင်လူတွေငတ်ပြီးသေမယ်ထင်တယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ အရမ်းခက်ခဲနေပြီ ရွာတွေမှာတော့ လူငယ်တွေက လေးခွ၊ ဂျင်ဂလိတွေနဲ့ လာဖမ်းတဲ့ စစ်ခွေးတွေကို ပြန်ခုခံပြီး ထွက်ပြေးနေရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။"]
https://yktnews.com/2024/11/190639/
အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ
["အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ", "ရန်ကုန်၊ နိုဝင်ဘာ ၃", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့အနီးတွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ပြီး လောင်းကစားဝိုင်း၌ ဒိုင်ကိုင်နေသည့် အုပ်ချုပ်ရေးမှူး အောင်မင်းထက် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်ဖိုမြို့အနီး၌ အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်သားများ လုံခြုံရေးယူ၍ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် အောင်မင်းထက် ဦးဆောင်ပြီး ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးများ ဒိုင်ကိုင်နေသည့် လောင်းကစားဝိုင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များက ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကျန်ရှိသူများ ထွက်ပြေးလွတ်မြောက်သွားသော်လည်း အုပ်ချုပ်ရေးမှူး အောင်မင်းထက်၏ ဦးခေါင်းကို သေနတ်ကျည် ၁ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အုပ်ချုပ်ရေးမှူး အောင်မင်းထက်ထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဓားမြောင် ၂ လက်၊ ငွေသား ၅၀၀၀၀ ကျပ်နှင့် ခါးပတ်အိတ် ၁ ခု တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်မင်းထက်သည် အမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးဟောင်း သက်တင်၏ တူအရင်းဖြစ်ပြီး PDF များအနေဖြင့် သတ္တိရှိပါက ၄င်းအား လာသတ်ကြဟု မိုက်ကြေးခွဲစိန်ခေါ်ခြင်း၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စကစ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခြင်း၊ စကစများထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​အား ထောက်​လှမ်း​သတင်းပို့ခြင်း၊ ဒေသခံလူငယ်များအား စည်းရုံး၍ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့အား ဖွဲ့စည်းပြီး ပြည်သူများအား အမျိုးမျိုးဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရှင်းပြသည်။", "“အဲ့လူက PDFတွေကို စိန်ခေါ်နေတာကြာပြီ ကျွန်တော်တို့အနေနဲ့ အုတ်ဖိုမှာဆို ရန်ကုန်-ပြည်ကားလမ်း အနောက်ဘက်မှာ စစ်ဆင်ရေးလုပ်တာမရှိဘူး။ ပြည်သူတွေကိုသူက ကျွန်တော်တို့ အဲ့ဘက်မဆင်းနိုင်တာကို အခွင့်ကောင်းယူပြီး ဒုက္ခပေးနေတာကြာပြီ သူက ဒိုင်ကိုင်နေတာ လောင်းကစားဝိုင်းမှာ သူ့ကို PDF က လာသတ်ရဲရင်သတ် ရင်ကော့ပြီး ခံမယ်ဆိုပြီး စစ်ခွေး၊ ရဲခွေး အားကိုးနဲ့စိန်ခေါ်နေတာ သူကနယ်ထိန်းတွေကိုတောင် အိမ်ခေါ်ပြီး ပါးရိုက်တာ စစ်ခွေး ဗိုလ်ကြီးနဲ့သူကပိုင်တော့ ထင်တိုင်းကြဲနေတာ သူ့ကြောင့် အိမ်ချိတ်ပိတ်ခံရသူ ထွက်ပြေးနေရသူတွေမနည်းဘူး။ ရှေ့လျှောက် ပြည်သူကိုဒုက္ခပေးရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရအောင်အရေးယူသွားမှာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။"]
https://yktnews.com/2025/03/207828/
အုတ်ဖိုအပိုင် ပဲခူးရိုမအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး သစ်ခိုးထုတ်နေသူများကိုလည်း အရေးယူနိုင်ရန် PDF တပ်ဖွဲ့က သွားလာခွင့်များ ပိတ်ပင်လိုက်
["အုတ်ဖိုအပိုင် ပဲခူးရိုမအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး သစ်ခိုးထုတ်နေသူများကိုလည်း အရေးယူနိုင်ရန် PDF တပ်ဖွဲ့က သွားလာခွင့်များပိတ်ပင်လိုက်", "ရန်ကုန်၊ မတ် ၁၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုမအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး သစ်ခိုးထုတ်နေသူများကိုလည်း အရေးယူနိုင်ရန် သွားလာခွင့်များ ပိတ်ပင်လိုက် ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၆ ရက်နေ့မှ စတင်၍ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လာသောကြော်င့ စစ်ဆင်ရေးအရှိန် မြင့်တက်လာမည်ဖြစ်၍ မော်တော်ယာဥ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲနှင့် နွားများ သွားလာခွင့်ကို တားမြစ်လိုက်ကြောင်း သိရသည်။", "ထိုသို့ တားမြစ်ခြင်းသည် စစ်ဆင်ရေးများ အ​ကြား ပြည်သူများ မထိခိုက်စေရန်နှင့် သစ်တော သယံဇာတများကို တရားမဝင် ခိုးထုတ်မှုများ ထိထိရောက်ရောက် အရေးယူနိုင်ရန် အတွက်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာပေးကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တော်လှန်ရေး တပ်ဖွဲ့များသည် သစ်တော သယံဇာတများကို ကာကွယ် ထိန်းသိမ်းနေပြီး အကြမ်းဖက် စစ်ကောင်စီအတွတ် ဝင်ငွေ ရှာဖွေပေးနေသည့် တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီး အရေးယူနေကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် ဂိတ်ကြေး (ဆက်ကြေး) ကောက်ခံခြင်း၊ သစ်ခိုးထုတ်ခြင်းများ လုံးဝ (လုံးဝ) လုပ်ဆောင်ခြင်း မရှိကြောင်း နှင့် အခြား တော်လှန်ရေး အဖွဲ့အစည်းများ လုပ်ဆောင်ခြင်းကိုလည်း လက်မခံကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။"]
https://yktnews.com/2024/05/164422/
အုတ်ဖို၊ ကျွန်းလှကုန်းရွာမှ အရပ်သားပြည်သူ ကိုအော့ထော့ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး သုသာန်တွင် ပစ်သတ် မြေမြုပ်
["အုတ်ဖို၊ ကျွန်းလှကုန်းရွာမှ အရပ်သားပြည်သူ ကိုအော့ထော့ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး သုသာန်တွင် ပစ်သတ် မြေမြုပ်", "ရန်ကုန်၊ မေ ၂၅", "ပဲခူးတိုင်း အုတ်ဖိုမြို့နယ် သရက်နှစ်ဖျားလိန်အုပ်စု၊ ကျွန်းလှကုန်းရွာရှိ ကရင်လူမျိုး ကိုအော့ထော့ကို အကြမ်း ဖက်စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး ထန်းပင်ကုန်းရွာသုသာန်တွင် သေနတ်ဖြင့် ပစ်သတ် မြေမြုပ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မေလ၁၉ ရက်နေ့တွင် ကိုအော့ထော့ကို PDF များကို ထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီး၍ ခြေထောက်ကို သေနတ်များနှင့် ပစ်ခတ်နှိပ်စက်၍ စစ်မေးကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "” ထန်းပင်ကုန်းမှာ ခွေးတွေက အခုအထိ တပ်စွဲထားတုန်း။ ကိုအော့ထော့ကို အိတ်အမည်းထဲ ထည့်ပြီး ဖမ်းခေါ်သွားတာ။ သေနတ်နဲ့ ခြေထောက်တွေကို ပစ်ပြီး မေးတော့ အော်ဟစ်နေတာပဲ။ ခြေထောက်တစ်ဖက်က သူတို့ နှိပ်စက်လို့ ပြတ်လုလုဖြစ်သွားတယ်။ သေနတ်နဲ့ ၈ချက်ပစ်သတ်ပြီး မြေမြုပ်တာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ့သတင်းဌာနသို့ ပြောဆိုသည်။", "အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ မီးချောင်းတင်ကျေးရွာနေ အကြမ်းဖက်စစ်တပ် သတင်းပေး ပျူစောထီး သန်းဇော်သည် ကျွန်းလှကုန်းရွာမှ ကိုအော့ထော့နှင့် ချောင်းခွရွာမှ ကိုဝင်းနိုင် ကို PDF များ ထောက်ပံ့နေသည်ဟုဆိုကာ ခမရ ၆ တိမ်မြုပ်တပ်မှ အကြမ်းဖက်စစ်သားများကို သတင်းပေးကာ ဖမ်းခိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုဝင်းနိုင်သည် ကြိုတင်သတင်းရ၍ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကိုအော့ထော့မှာမူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ကိုဝင်းနိုင် အိမ်ထဲကို ဝင်မွှေပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေရယ်၊ နွား ၃ ကောင်နဲ့ လှည်း ၁ စီးကိုလည်း စခတွေ ယူသွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်ကို သတင်းပေး၍ ပြည်သူများကို PDF ထောက်ပံ့ဟုဆိုကာ ဖမ်းဆီးခိုင်းသည့် ပျူစောထီး သန်းဇော်ကို မေလ ၂၂ ရက်နေ့တွင် သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ၅ ၏ ဗျူဟာစစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/01/198413/
အုတ်ဖို၊ ဇီးကုန်း၊ မင်းလှနှင့် လက်ပံတန်းမြို့နယ်ရှိ ပြည်သူလူထု၏ အထပ်မြင့်တိုက်၊ အိမ်များတွင် စစ်တပ်က အတင်းအကျပ် ဝင်ရောက် နေရာယူ တပ်စွဲနေထိုင်
["အုတ်ဖို၊ ဇီးကုန်း၊ မင်းလှနှင့် လက်ပံတန်းမြို့နယ်ရှိ ပြည်သူလူထု၏ အထပ်မြင့်တိုက်၊ အိမ်များတွင် စစ်တပ်က အတင်းအကျပ် ဝင်ရောက် နေရာယူ တပ်စွဲနေထိုင်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် အထပ်မြင့် နေအိမ်များကို စစ်မက်ရေးရာ အသုံးပြုရန် သဘောတူညီချက် လက်မှတ် အတင်း အဓမ္မ ရေးထိုးခိုင်းပြီး တပ်စွဲနေထိုင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလပိုင်းမှ စတင်၍ အုတ်ဖိုမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ် တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် အထပ်မြင့် အဆောက်အဦးများကို စစ်မက်ရေးရာ အသုံးပြုရန် သဘောတူညီချက် လက်မှတ် အတင်း အဓမ္မ ရေးထိုးခိုင်းပြီး တပ်စွဲနေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။", "အုတ်ဖိုမြို့တွင် အကြမ်းဖက် စစ်တပ်က မြို့မ ၁ လမ်းရှိ ကိုသန်းထွန်း စိုက်ပျိုးရေးဆေးဆိုင်၊ ထွန်းသိန်း မုန့်တိုက်၊ ဗိုလ်ရုံးတန်းလမ်းရှိ သိဒ္ထိ၀င် စာကြည့်တိုက်၊ ငွေမိုး ဆေးအရောင်းဆိုင်နှင့် မိုးညိုတန်းလမ်းရှိ စည်သူကျော်နေအိမ် တို့တွင် ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဇီးကုန်းမြို့တွင် ပြည်သူ့ဆေးရုံ မြောက်ဘက် ပန်းခြံ နှင့် မျက်နှာချင်းဆိုင်ရှိ ရန်ကုန်-ပြည် လမ်းဘေးမှ ကိုဝင်းမင်းနှင့် ကိုသန်ဇင်တို့ ပိုင်ဆိုင်သော ၃ ထပ် တိုက်နေအိမ် အပါအဝင် ရန်ကုန်-ပြည် လမ်းပိုင်း တစ်လျှောက်ရှိ အထပ်မြင့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရသည်။", "ထို့ပြင် မင်းလှမြို့နယ်၊ သရက်တပင်ရွာ ရန်ကုန်-ပြည် လမ်းပိုင်းရှိ ဒေါ်စိုးစိုး ကုန်စုံဆိုင်တိုက်နှင့် လက်ပံတန်းမြို့နယ် မြို့မ ရပ်ကွက် ရုပ်ရှင်ရုံ အနီးမှ အထပ်တိုက်များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်နေကြောင်း သိရှိရသည်။", "“သာယာဝတီခရိုင်ထဲက မြို့နယ် တော်တော်များများမှာ စစ်ခွေးတွေက အထပ်မြင့် အဆောက်အဦးတွေကို တပ်စွဲဖို့ဆိုပြီး ပြည်သူတွေကို စစ်မက်ရေးရာ အသုံးပြုဖို့ သဘောတူညီချက် လက်မှတ် အတင်း အဓမ္မ ရေးထိုးခိုင်းနေတယ်။ တချို့ အဆောက်အဦးတွေမှာတော့ တပ်စွဲထားပြီ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။"]
https://yktnews.com/2024/03/153387/
အုတ်ဖို၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာအကြား ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ
["အုတ်ဖို၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာအကြား ဗိုလ်ရုံစု စစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၂၈", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြယ်နီကုန်းကျေးရွာတို့အကြားရှိ ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့်စစ်တပ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၇ မိနစ်အချိန်ခန့်တွင် အဆိုပါ စစ်တပ် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၇၉ ဗုံးသီး၂ လုံးနှင့် လက်လုပ် ၄၀မမ ဗုံးသီး ၄ လုံး စစ်တပ်၏ ဂိတ်စခန်း ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကင်းတာဝန်ကျ အကြမ်းဖက်စစ်သား ၂ဦးကို အနီးကပ် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲသည် ၃၂မိနစ် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများဘက်က အထိနာသဖြင့် ခမရ ၆ တိမ်မြုပ်တပ်က လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကူများ ရောက်ရှိလာသောကြောင့် ဆုတ်ခွာခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“စခဘက်က သေတာ တော်တော်များတယ်။စခ ၂ ကောင်ကို အရင်ဆုံး အနီးကပ် AK နဲ့ ပစ်တာသေတယ်။ အဲဒါပြီးမှ လက်နက်ကြီးတွေနဲ့ ဆက်ထုတော့ ၇၉ နှစ်လုံးရယ်၊ ၄၀မမလက်လုပ် လေးလုံးက စခဘန်ကာထဲကျပြီးကွဲတာမှာ စခတွေသေပြီး ဒဏ်ရာရတာ “ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး စခန်းသိမ်းခါနီးတွင် ခမရ ၆ ထဲမှ ၁၂၀မမ များနှင့် ပစ်ခတ်ကာ စစ်ကူများ ရောက်ရှိလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထန်းပင်ကုန်းကျေးရွာ အနောက်ကုန်း ဘုန်းကြီး ကျောင်းဝန်းထဲရှိ သိမ်​နှင့် ဆွမ်းစားဆောင်တို့ ပျက်စီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ထံမှ သိရှိရသည်။"]
https://yktnews.com/2025/01/199900/
အုတ်ဖို၊ မင်းလှနှင့် မိတ္ထီလာတို့တွင် ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
["အုတ်ဖို၊ မင်းလှနှင့် မိတ္ထီလာတို့တွင် ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၂၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ၊မင်းလှမြို့နယ်နှင့် မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တို့တွင် ၉ တန်းကျောင်းသား ၁ ဦး အပါအဝင် လူငယ် ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းရွာ အထက်တန်းကျောင်းတွင် တက်ရောက်နေသော မင်းလှမြို့နယ်၊ လယ်ဦးစုရွာမှ ၉ တန်းကျောင်းသား ၁ ဦးသည် နေအိမ်မှ ကျောင်းသို့ သွားရောက်စဉ် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား၍ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ငွေကျပ် သိန်း ၄၀ ဖြင့် ပြန်လည် ရွေးထုတ်ခဲ့ရကြောင်း သိရှိရသည်။", "“အုတ်ဖို ဂုံညင်းတန်းရွာ အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ မင်းလှမြို့နယ်က လယ်ဦးစုရွာမှ နေထိုင်တဲ့ ၉ တန်းကျောင်းသားကို အရပ်ဝတ် ဝတ်ထားတဲ့ စစ်ခွေးတွေနဲ့ ပျူခွေးတွေက ကျောင်းသွားချိန်ကို လမ်းမှာစောင့်ပြီး ပေါ်တာဆွဲဖမ်းသွားတာလို့ သိရတယ်။ ကလေးပျောက်နေတယ်ဆိုတာ သိသိချင်း အုပ်ချုပ်ရေးမှူးနဲ့ လိုက်စုံစမ်းတော့မှ ပေါ်တာဆွဲ သွားမှန်းသိပြီး သိန်း ၄၀ နဲ့ ပြန်ရွေးထုတ်လာရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် အစောပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ဆယ်ရွာ၊ ဆင်မြင့်ရွာနှင့် မီးချောင်းတင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ဆယ်ရွာမှ ကိုစောစီဖော၊ မီးချောင်းတင်ရွာမှ ကိုသန်းဇော် နှင့် ဆင်မြင့်ရွာမှ ကိုအနက် (ခ) တင်စမ်းနှင့် ၄င်း၏ သားဖြစ်သူ ကိုချစ်တိုး (ခ) ဆောင်းဦးလွင်တို့ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။", "မင်းလှမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၂ ရက်နေ့က ကပ်ကျော်ရွာသစ် (ခ) သံတောက်ကွင်းရွာနှင့် ညောင်သုံးပင်ကျေးရွာကိုပျူစောထီး မိုက်ကယ်နှင့် နယ်ထိန်း နိုင်ထွန်း ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းပြီး ကပ်ကျော်ရွာသစ် (ခ) သံတောက်ကွင်းရွာမှ ကိုသလားဖန်း ၊ ကိုကုလားလေးနှင့် ညောင်သုံးပင်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် ကိုမြင့်မိုးတို့ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မြို့နယ် ထွေ/အုပ်ရုံး၌ ဖမ်းဆီးထားကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၂ နာရီခန့်ကလည်း မင်းလှမြို့နယ်၊ ရွှေဝါမြိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ကိုမျိုးဇော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇန်နဝါရီလပိုင်းမှ စတင်၍ ညစဉ် ကင်းလှည့်ပြီး လူငယ်ငယ်များကို ပေါ်တာဆွဲ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ကင်းလှည့် ဖမ်းဆီးခြင်းကြောင့် လူငယ် အများအပြား ဖမ်းဆီးခံရပြီး တချို့လူငယ်များကို ငွေကျပ် သိန်းချီတောင်းခံ၍ ပြန်လွှတ်ပေးသော်လည်း လူငယ် ၆ ဦးထက်မနည်းကို စစ်တပ်ထဲ ထည့်သွင်းမှုများရှိကြောင်း သိရှိရသည်။", "“သာစည်နဲ့ မိတ္ထီလာမှာ လူငယ်တွေ တော်တော်များများ ပေါ်တာဆွဲ ဖမ်းဆီးခံနေရတယ်။ စစ်ခွေး အဓိက ပစ်မှတ်ထားဆွဲနေတာက ညအချိန်ထွက်တဲ့ လူငယ်တွေကို ဆွဲနေတာ မိတ္ထီလာက ပိုဆိုးတယ် ခုရက်ပိုင်းတင် လူငယ်တွေ ၆ ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲထည့်သွင်းခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသော စစ်မှုထမ်းရမည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/12/194755/
အုတ်ဖို၊ ရိုးမအစပ်တွင် ကင်းထောက် PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်ကာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုနှက် သတ်ဖြတ်
["အုတ်ဖို၊ ရိုးမအစပ်တွင် ကင်းထောက် PDF ရဲဘော် ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်ကာ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုနှက် သတ်ဖြတ်", "ရန်ကုန်၊ ဒီဇင်ဘာလ ၇", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်တွင် စစ်ကြောင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် PDF ရဲဘော် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး မျက်စိ ၂ လုံးကို ဖောက်ထုတ်၍ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုကာ ရိုက်နှက် သတ်ဖြတ်ခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်း လှုပ်ရှားမှုများကို စောင့်ကြည့်ထောက်လှမ်းနေသည့် သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မွန်ကြီးသည် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF ရဲဘော် မွန်ကြီး၏ မျက်စိ ၂ လုံးကို ဖောက်ထုတ်ပြီး ဦးခေါင်းကို သေနတ်ဒင်များဖြင့် ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကျန်တော်တို့ ရဲဘော်က မြေပြင်မှာက စစ်ထောက်လှမ်းရေး တာဝန်ခံပေါ့။ ကျန်တော်တို့ ရဲဘော်က ဆိုင်ကယ်နဲ့ လှမ်းပြီး ကင်းထောက်နေချိန် စစ်ခွေးတွေနဲ့ ထိပ်တိုက်တွေ့ပြီး ရဲဘော်ရဲ့ ပေါင်ကို သေနတ်နဲ့ အရင်ပစ်တာပေါ့။ ရဲဘော်က ကျည်ထိတာတောင် ပြေးဖို့ ဟန်ပြင်သေးတယ်။ စစ်ခွေးတွေက ဝိုင်းမိသွားတော့ သူပြန်ခုခံရင်းနဲ့ ဖမ်းမိသွားတာ စစ်ခွေးတွေ မသေမချင်း ဦးခေါင်းကို သေနတ် ဒင်နဲ့ ထုသတ်သွားတာ ဦးခေါင်းတစ်ခုလုံးဆို ကြေမွနေတာပဲ ဘယ်ဘက်လိုက် သူ့မိန်းမ အမည် ရေးထားတဲ့ တက်တူးကိုလည်း ဓားနဲ့ လှီးထုတ်လိုက်တယ်။ မျက်လုံးတွေပါ ဖောက်ထုတ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတာ” ဟု သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်Heroပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။", "အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်း အုတ်ဖိုမြို့နယ် ချောင်းဂွ(ဂျီ)ရွာ၌ နေထိုင်သော ဦးကုလား၊ ဦးခင်စိုး၊ ဦးမင်းလွင်နှင့် ဦးစိုးကြီး တို့၄ ဦးကို အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးခန့်က ကျေးရွာအတွင်းဝင်ရောက်စီးနင်းပြီး အုတ်ဖိုမြို့ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဖမ်းဆီးခေါ်ခဲ့ကြောင်း၊ ယင်းနောက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းများကို လမ်းမပေါ်တွင် စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118961/
အုတ်ဖို၊ ဝိုင်းကျေးရွာရှိ မယားငယ် အိမ်သို့ လာသည့် ပျူစောထီး ငသောင်းလေး ပစ်ခတ်ခံရပြီး သေဆုံး
["အုတ်ဖို၊ ဝိုင်းကျေးရွာရှိ မယားငယ် အိမ်သို့ လာသည့် ပျူစောထီး ငသောင်းလေး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၉", "ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရှိ မယားငယ် အိမ်သို့ လာသည့် ပျူစောထီး ငသောင်းလေး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ ရဲကင်းအနီးရှိ မယားငယ် နေအိမ်သို့လာသည့် ပျူစောထီး ငသောင်းလေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပျူစောထီး ငသောင်းလေးသည် ဦးခေါင်းကို သေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးခဲ့ပြီး ၎င်းထံမှ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းအချက်အလက်များကို စစ်တပ်ထံ ပေးပို့ထားသည်များကို လည်းတွေ့ရှိခဲ့ကာ ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ငသောင်းလေးသည် စစ်တပ်၊ ရဲ၊ သစ်တော စသည့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များနှင့် ပေါင်းကာ ဆက်ကြေး ကောက်ခံခြင်း၊ စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ သတင်းများ ထောက်လှမ်းပေးပို့ခြင်း၊ ဒေသခံ ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေသူဖြစ်ကြောင်း သိရသည်။", "” သူ့မှာ စစ်ခွေးတွေ ပေးထားတဲ့ ၆ လုံးပြူး သေနတ်ရှိတယ်။ သူမူးလာရင် PDF တွေ ပြည်သူတွေကို အော်ဆဲခြောက်လှန့် ပစ်ခတ်တာတွေ လုပ်တယ် သူ့ကို စောင့်ကြည့်နေတာကြာပြီ ခုမှ မယားငယ်အိမ်ကို လာတက်တာ သိရလို့ စောင့်ပစ်တာ သူ့ကိုဝင်ပစ်တော့ မယားငယ်ကထွက်ပြေးတယ် ၆ လုံးပြူး သေနတ်ရှာတာတော့ မတွေ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/07/173536/
နေပြည်တော် အေလာ လေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု Drone ထားရှိရာ ဂိုဒေါင်ပြိုကျမှုကြောင့် အရာရှိနှင့်စစ်သား စုစုပေါင်း သေဆုံးသူ ၃၄ ဦးအထိရှိလာဟုဆို
["အေလာ လေဆိပ် တာဝန်ခံကိုလည်း စစ်တပ်က ဖမ်းဆီး စစ်ဆေးနေ", "ရန်ကုန်၊ ဇူလိုင် ၁၇", "နေပြည်တော် အေလာ လေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာတွင် Drone ထားရှိရာ ဂိုဒေါင်ပြိုကျ၍ အရာရှိ ၃ ဦးနှင့် တပ်သား ၁၅ ဦး ထပ်မံသေဆုံးသွားခဲ့သည့်အတွက် စုစုပေါင်း သေဆုံးသူ ၃၄ ဦးထိရှိလာကြောင်း Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ရန် အရှိန်မြင့် အသုံးပြုနေသည့် အကြမ်းဖက် စစ်ကောင်စီက ထပ်မံဝယ်ယူထားတဲ့ Drone များကို ပြောင်းရွှေ့နေရင်း ဂိုဒေါင်ပြိုကျသည့် အတွက် အရာရှိ ၃ ဦးနှင့် ရဲဘော် ၁၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁ မိနစ်ခန့်တွင် နေပြည်တော် အေလာလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း ထိခိုက်မှုများနှင့်ပတ်သက်၍ ကနဦး စုံစမ်းသိရှိမှုအရ လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြား အဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အရာရှိ ၃ ဦးနှင့် ရဲဘော် ၁၅ ဦးသည် ယမန်နေ့ ကြေညာချက်တွင် ပျောက်ဆုံးနေသည်ဟု ဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် ထပ်မံကြားသိရသော သတင်းများအရ ဒရုန်းထားရှိသော ဂိုဒေါင်ပြိုကျမှုကြောင့် ၎င်း ၁၅ ဦးနှင့် ပျောက်ဆုံး နေသည်ဟုဆိုသော အရာရှိ ၃ ဦးမှာ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း အတွင်းသတင်းရင်းမြစ်များအရ သိရှိရပြီး ထို့ကြောင့် အေလာလေတပ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ စုစုပေါင်း ၃၄ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ရှော့တိုက်ဒုံးထိမှန်ပြီး အေလာလေတပ်ရှိ အဆိပ်ငွေ့ ဗုံး ပြင်ဆင်သည့် ဂိုဒေါင်ရုံလည်း ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ ယခုနှစ် အစပိုင်းမှ စ၍ ရှမ်းတောင်၊ ကရင်နီ ၊ တောင်ပိုင်းတို့တွင် အဆိပ်ငွေ့ ဓာတုဗုံးများကို ရက်စက်စွာ အသုံးပြုလာပြီး မကြာမီက ရှမ်းမြောက် တိုက်ပွဲများတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း အထောက် အထားများနှင့်တွေ့ရပြီး ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအပေါ် အဆိပ်ငွေ့ဗုံးပစ်လွှတ်ပြီး အစုလိုက်အပြုံလိုက် မူးမေ့သွားမှ စကစမှ လေကြောင်း (သို့မဟုတ်) Drone များဖြင့် ထိရောက်စွာ ဗုံးကျဲ သတ်ဖြတ်ကြောင်း သိရသည်။", "ဧပြီ ၁၁ ရက်နေ့က BWM က စီမံသည့် အေလာ မစ်ရှင်တွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၆ ရက်နေ့က မစ်ရှင်တွင်တစ်ကြိမ် ၊ BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ အဆိပ်ငွေ့ဗုံးဂိုဒေါင်ရုံကို ထိခိုက်စေခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း အတွင်း သတင်းရင်းမြစ်၏ ပေးပို့ ချက်များအရ သိရပြီး စစ်ကောင်စီ ၏ လူသတ်လက်နက် ဓာတုဗုံး (အဆိပ်ဗုံး) များကို အေလာလေဆိပ် အတွင်းမှာ သိုလှောင်ရုံ ပဲလား (သို့မဟုတ်) အေလာလေဆိပ်အတွင်း ထုတ်လုပ်နေလား ဆိုသည်ကို ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။", "“ပုံတွေဘာတွေတော့ ရဖို့ခက်ပါတယ်။ လောလောဆယ် အေလာ လေဆိပ်တာဝန်ခံကို စကစက ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်” ဟု Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များမှ ရဲဘော်များသည် အေလာ လေတပ်စခန်းကို တိုက်ခိုက်ပြီးနောက် ဌာနေစခန်း အသီးသီးကို ဘေးကင်း လုံခြုံစွာ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည့် အတွက် အကြမ်းဖက် စစ်ကောင်စီဘက်က ဖမ်းဆီးရမိသည်ဟူသော သတင်းများမှာ ဝါဒဖြန့်သတင်းအမှားများသာ ဖြစ်ကြောင်း သိရသည်။", "“အခုသူတို့ဖမ်းသွားတာက ရှော့ဒုံးပစ်တဲ့နေရာလို့ သူတို့ယူဆရတဲ့နေရာဝန်းကျင်က ရွာတွေက ရွာသားတွေဖြစ်ပါတယ်၊ အချို့ကနွားကျောင်းနေရင်း၊ အချို့က မြက်ရိတ်နေရင်း တောသူတောင်သားရိုးရိုးပြည်သူတွေကို ဝင်ဖမ်းသွားတာပါ၊ ကျနော်တို့ရဲဘော်တွေအားလုံးက သူတို့ဌာနေစခန်းအသီးသီးကို ဘေးကင်းလုံခြုံစွာပြ့န်ရောက်နေကြပါပြီ” ဟု Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီသည် နိုင်ငံတကာ ဥပဒေနောက်တစ်မျိုးကို ထပ်မံချိုးဖောက်နေကြောင်း သက်သေ နှင့်တကွ တင်ပြရန် တာဝန်သိ ပြည်သူများကလည်း ကူညီစုံစမ်းပေးရန် တောင်းဆိုကြောင်း၊ BWM အဖွဲ့ ကလည်း တော်လှ န်ရေးအတွက် အရေး ကြီးသည့် အချိန်တွင် တာဝန်သိစိတ်ဖြင့် အရေးပါသော လေတပ်ဖြိုမည့် မစ်ရှင်များကို ပိုမိုကြိုးစား လုပ်ဆောင်ရန် အစွမ်းကုန် ဆက်လက်ကြိုးပမ်းမည် ဖြစ်ပြီး ပြည်သူများလည်း ဆက်လက်ဝန်းရံကြရန် တောင်းဆိုကြောင်း၊ တဆက်တည်းမှာလည်း မြောက်ပိုင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို အထူးကြိုဆိုကြောင်း Brave Warriors for Myanmar-BWM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/05/214178/
အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်
["အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLAဖိတ်ခေါ်", "ရန်ကုန်၊ မေ ၁၁", "ကရင်ပြည်နယ်၊ အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်လိုက်သည်။", "မေလ ၁၀ ရက်နေ့တွင် ကရင့်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် (KNLA) က အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္ မခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ အကျိုးစီးပွားကို ဆက်လက် ကာကွယ်ခြင်းမပြုလုပ်ဘဲ အလင်းဝင်ကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "“ကျည်ဖြုတ်ထားသော သေနတ်အား ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင် လွယ်ကာ လက်ဗလာဖြင့် ရောက်ရှိသည့် နေရာမှ နေရပ်စွန့်ခွာပြီး ရှေ့တန်းရှိ (KNLA) တပ်ဖွဲ့ထံသို့ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့နှင့်သော် လည်းကောင်း အရောက်လာကြပါရန် တိုက်တွန်းအပ်ပါတယ်” ဟု KNLA ၏ ဖိတ်ခေါ်မှုတွင် ဖော်ပြထားသည်။", "ထို့ပြင် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်ရန် အောင်ဇေယျစစ်ဆင်ရေးတွင် အလဟသ အသက်စတေးကြရန် ပို့ဆောင်ခံရသော စစ်ကောင်စီ လက်အောက်မှ ရဲဘော် တပ်သားများနှင့် နယ်မြေခံ တပ်သားများသည် နိုင်ငံတကာဥပဒေစံနှုန်းနှင့် အညီ အသက်ရှင်သန်ခွင့်ရလိုလျှင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံသို့ လာရောက်အလင်းဝင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။", "အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္မ ခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် KNLA ထံသို့ လာရောက်လက်နက်ချ အလင်းဝင်ကြန်ရန် ဖုန်း နံပါတ်- ၀၉၄၄၉၁၃၂၆၇၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။"]
https://yktnews.com/2025/02/202498/
အောင်ပန်းမြို့ ၊အမြောက်တပ် ၅၀၇ နှင့် အောင်ပန်း ရဲစခန်းတို့ ပူးပေါင်း၍ လူငယ်များကို ဖမ်းဆီးငွေညှစ်၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၈၅ သိန်းဖြင့် ပြန်ရွေးခိုင်းပြီး တိုင်ကြားလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်
["အောင်ပန်းမြို့ ၊အမြောက်တပ် ၅၀၇ နှင့် အောင်ပန်း ရဲစခန်းတို့ ပူးပေါင်း၍ လူငယ်များကို ဖမ်းဆီးငွေညှစ်၊ လူငယ် ၁ ဦးလျှင် ငွေကျပ် ၈၅ သိန်းဖြင့် ပြန်ရွေးခိုင်းပြီးတိုင်ကြားလျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ အမတ ၅၀၇ တပ်မှ ဆေးမှူး သိန်းစိုးနှင့် အောင်ပန်း ရဲစခန်းမှူးတို့ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ ငွေကျပ် ၈၅ သိန်းဖြင့် ပြန်ရွေး ထုတ်ခိုင်းပြီး တိုင်ကြားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလပိုင်းမှ စတင်၍ အောင်ပန်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၀၇ အမြောက်တပ်ရင်းမှ ဆေးမှူး သိန်းစိုးနှင့် အောင်ပန်းမြို့ ရဲစခန်းမှူးတို့ ပူးပေါင်းပေါင်းကာ မြို့ပေါ်ရှိ လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် မိသားစုဝင်များကို အကြောင်းကြား၍ လူငယ် ၁ ဦးလျှင် ငွေကျပ် ၈၅ သိန်းဖြင့် ပြန်လည် ရွေးထုတ်ခိုင်းကြောင်း၊ ထိုသို့ သွားရောက်ရွေးထုတ်ရာတွင် မိသားစုဝင်များကို ဆေးမှူး သိန်းစိုးက အမှတ် ၅၀၇ အမြောက်တပ်ရင်းထဲကို လာရောက် ရွေးထုတ်ခိုင်းခြင်းဖြစ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်းကို အထက်အရာရှိများအား ပြန်လည် တိုင်ကြားပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရှိရသည်။", "“လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁ ဦးကို ၈၅ သိန်းနဲ့ ပြန်ရွေးခိုင်းတာပါ။ တချို့မိဘတွေကမရှိကြားက ပေါင်နှံပြီး ရွေးယူနေရပါတယ်။ ဘယ်သူမှလည်း ထုတ်မပြောရဲကျတော့ အရေးမယူကျဘူး။ အောင်ပန်းမှာ လုပ်စားလို့ကောင်းနေတာပါ။ သူတို့က ခြိမ်းခြောက်ထားတာပါ။ ဒီနေ့ လာတိုင်ရင် မနက်ဖြန် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ ဘယ်သူမှလည်း မတိုင်ရဲကြဘူး။ နောက်နေ့ အလောင်းဖြစ်သွားမယ်ဆိုပြီးလည်း ပြောပါတယ်။ သူတို့နဲ့လည်း ပြဿနာ မဖြစ်ရဲကျတော့ ငုံ့ခံနေကြရပါတယ် ပြည်သူ အားလုံးလည်း ကြောက်ကြလို့ မပြောရဲပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဆေးမှူး သိန်းစိုးနှင့် ရဲစခန်းမှူးတို့သည် လိုင်စင်မဲ့ ကားများကိုလည်း လိုက်လံဖမ်းဆီးပြီး လိုက်စင်ကြေးဖြင့် ပြန်လည် ရွေးယူခိုင်းကြောင့် ပြည်သူများ မရွေးနိုင်ကြကြောင်း၊ ထိုသို့ လာရောက် ရွေးယူခြင်းမရှိသော ကားများကို ၎င်းတို့က ပွဲစားများဖြင့် ပြည်သူများထံ သိန်းရာချီဖြင့် ပြန်လည် ရောင်းစားခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။", "“လိုင်စင်မဲ့ ကားတွေကိုလည်း သူတို့အဖွဲ့ပဲ ဖမ်းပြီး သူတို့ ပြန်ရောင်းစားကြတာ ကားပိုင်ရှင်တွေလည်း စိတ်နာနေကြပါတယ်။ ကားတွေပါ သိမ်းပြီးသူတို့က ရောင်းစားပစ်တာပါ။ လူကော ကားကော ဖမ်းတာဆိုတော့ လူရွေးဖို့ အတွက်က ပိုက်ဆံ သပ်သပ်ပေးရတယ်။ ကားအတွက်က ပိုက်ဆံသပ်သပ်နဲ့ ထပ်ရွေးခိုင်းတာပါ။ ကားကို ပြန်ရွေးရင်လည်း လိုင်စင်စျေး တောင်းတာဆိုတော့ လိုင်စင်မတတ်နိုင်လို့ လိုင်စင်မဲ့စီးကြတာကို လိုင်စင်စျေးနဲ့ ပြန်ရွေးခိုင်းတော့ ဘယ်သူမှ မရွေးနိုင်ဘူး။ ကျနော်တို့ ပြည်သူတွေမှာ ရှိစုမဲ့စု လေးဆိုတော့ ဒုက္ခတွေကြားထဲမှာ ခံနေရတာပေါ့” ဟု ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "အဆိုပါ အောင်ပန်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၀၇ အမြောက်တပ်ရင်းမှ တပ်မှူးသည် ရှေ့တန်းသို့ ရောက်ရှိပြီး ဆေးမှူး သိန်းစိုးသည် တပ်ရင်းအတွင်း စိတ်ကြိုက် လုပ်ဆောင်ကာ အောင်ပန်း ရဲစခန်းမှူးတို့ နှင့်ပူးပေါင်း၍ ပြည်သူများကို ပေါ်တာဆွဲ ခြိမ်းခြောက်ပြီး ငွေညှစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/04/155456/
အောင်မင်္ဂလာအဝေးပြေးမျက်နှာချင်းဆိုင် စစ်တပ်ဝင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ မြောက်ဒဂုံတွင်လည်း ပေါက်ကွဲမှုဖြစ်
["အောင်မင်္ဂလာအဝေးပြေးမျက်နှာချင်းဆိုင် စစ်တပ်ဝင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ မြောက်ဒဂုံတွင်လည်း ပေါက်ကွဲမှုဖြစ်", "ရန်ကုန်၊ ဧပြီ ၇", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်းအနီးတွင် ယမန်နေ့ညပိုင်း ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။", "ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် အောင်မင်္ဂလာအဝေးပြေးကွင်းနှင့် မျက်နှာချင်းဆိုင် စစ်တပ် ဝင်းအနီးတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှု ၂ ကြိမ်သည် ၃ မိနစ်သာခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က အောင်မင်္ဂလာအဝေးပြေးဝင်း ပတ်ပတ်လည်နှင့် ရေဝေးသုဿာန်အဝင်လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“မနေ့ ည ၉ နာရီ ၁၅ မိနစ်မှာ အောင်မင်္ဂလာ အဝေးပြေးကွင်း မျက်နှာချင်းဆိုင် စစ်တပ်ဝင်းနားမှာ ဗုံးပေါက်တယ်။ ဗုံးပေါက်တဲ့အသံက အတော်ကို ကျယ်လောင်စွာကြားရတယ်။ ဗုံး ၂ လုံးက ၃ မိနစ်လောက်ခြားပေါက်တယ်။ ဗုံးပေါက်ပြီးတော့ ရေဝေးသုသာန် အဝင်လမ်း ရပ်ကွက်ထိပ်မှာ Double Cab ၂ စီး အရပ်ဝတ်၊", "စစ်တပ်၊ ရဲ၊ အကုန် ဌာနပေါင်းစုံ အစုံပဲ ။ လမ်းလျှောက် / စက်ဘီး အကုန်စစ် ဖုန်းစစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ယမန်နေ့ ညပိုင်းဗုံးပေါက်ပြီးနောက် မြောက်ဥက္ကလာ လမ်းမပေါ် အဝေးပြေးကားဝင်း မရောက်မီနေရာမှ", "ကန်သာယာ ပန်းခြံနားအထိ စစ်ကောင်စီက လူများ၊ ကားများကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်း ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံကားသံများ ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "” ဦးတို့ မြောက်ဒဂုံဘက်ကတော့ ဗုံးပေါက်ကွဲသံ ၂ ချက် ပီပီသသကြားရတယ်။ နောက်တော့ ဆေးရုံကားသံတွေလည်းကြားရတယ်။ မနေ့ည ၉ နာရီကျော်ပဲ ကြားရတာ” ဟု ဒေသပြည်သူတစ်ဦး ရှင်းပြသည်။", "ဓာတ်ပုံ- အောင်မင်္ဂလာအဝေးပြေးဝင်းအနီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/03/151947/
အောင်မြေသာစံမြို့နယ်ရှိ စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံ ကင်းနားနေဆောင်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်
["အောင်မြေသာစံမြို့နယ်ရှိ စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံ ကင်းနားနေဆောင်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၁", "မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံ ကင်းနားနေဆောင်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံတွင် စစ်ကောင်စီ တပ်သား ကင်းနားနေဆောင် အတွင်းရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကားများဖြင့် တပ်ဖြန့်၍ လုံခြုံရေး တိုးမြှင့်ကာ ဝေဟင်မှ ကင်းထောက်များဖြင့် လိုက်လံ ရှာဖွေခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး သေဆုံးမှုကတော့ မသိရသေးပါဘူး စုံစမ်းနေတုန်းပါပဲ။ ကျွန်တော်တို့ အခက်အခဲကြားကနေ ရုံးကန်နေရပါတယ်။ ရွှေပြည်စိုး ကမ်းပိန်းကလည်း ကျွန်တော်တို့ အတွက် မရပါဘူး။ မဟာမိတ်တွေဆီက အကူညီတောင်းပြီး တိုက်ပွဲ ဝင်နေရပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့မှာ အကြွေးတွေနဲ့ ပိနေတဲ့ကြားက ရုန်းကန်နေရပါတယ်။ ကမ်ပိန်းကလည်း ကျွန်တော်တို့ အားလုံး ပါဝင်ခဲ့ရပြီး ကျည်တစ်တောင့် တောင် မရခဲ့ပါဘူး” ဟု မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း၊ MMDF တပ်ဖွဲ့နှင့် CDSOM (မြောင်ပျောက်ကျားတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် MOD က ထောက်ပံ့ စရိတ် ရပ်တန့် ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းကျည်များ လိုအပ်ချက်များ ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ စစ်ကိုင်း – မုံရွာလမ်းပိုင်းတွင် စစ်ကိုင်းမြို့မှ မုံရွာ ဘက်ကို ထွက်ခွာလာသော ကား ၅ စီးပါ အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။", "မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ အချိန်တွင် စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ထွက်ခွာလာ သော Jammer ကား ၂ စီးနှင့် သံပြားကာ ကား ၃ စီးပါ ယာဉ်တန်းထဲမှ Jammer တပ်ဆင်ထား သည့် ကား ၂ စီးကို ရေပိုးစားကျေးရွာနှင့် နတ်ရေကန်ကျေးရွာ အကြားတွင် ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားကို တည့်တည့် ထိမှန်ပြီး ရေတိုင်ဂီများ ပေါက်ကွဲသွားကြောင်း သိရသည်။", "ထို့ပြင် ညနေ ၆ နာရီခန့်တွင် အဆိုပါ ကား ၅ စီးအနက် Jammer တပ်ဆင်ထားသည့် ၂ စီးကို မုံရွာချောင်းဦးလမ်းပိုင်း တစ်နေရာ၌ ထန်းလုံးမိုင်း အကြီးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa တပ်ခွဲ ၂ ၊ Black Hunter People’s Task Force၊ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ နွေဦးလူငယ်People’s Defence Force၊ ငါးထောင့်ကြယ်၊မြန်မာအစ္စလာမ်အထူးကွန်မန်ဒို နှင့် Myinmu Local Defence Force ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86443/
အောင်လံတွင် စစ်ကြောင်းကို ခြုံခို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်
["အောင်လံတွင် စစ်ကြောင်းကို ခြုံခို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ညောင်လေးပင်တွင် စစ်တပ် ထောက်ပို့ တံတားတစ်စင်းကို မိုင်းခွဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျွဲခေါင်းကျေးရွာအနောက်ဘက်တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရွှေပန်းတောကျေးရွာတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅ ဦးသည် ကားတစ်စီး ဆိုင်ကယ် ၃ စီးဖြင့် တလုတ်ရွာ အုပ်ချုပ်ရေးမှူး ၏ ယောက်ဖတော်စပ်သူ နားရေးဆွမ်းပွဲပွဲမှ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များမှ ခြုံခိုတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦးအပါဝင် ၃ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "“တလုတ်ပင်ရွာက အုပ်ကြီးယောက်ဖရဲ့ဆွမ်းသွပ်ကို လာတာဗျ၊ လက်နက်အပြည့်အစုံပါတယ်၊ အဲဒီက နေအပြန်စောင့်တိုက်တာ၊ ဒဏ်ရာရတဲ့သုံးဦးတော့ အနီးအနားက ကားနဲ့သယ်သွားတယ်လို့ ကြားတယ်၊ သေတဲ့ကောင်တွေကို တော့ ဘယ်လိုသယ်လဲ မသိဘူး၊ ကျနော်တို့က အမြန်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ” ဟု အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ထိန်တပင်ကျေးရွာနှင့် ထော နွတ် ကျေးရွာကြားရှိ အကြမ်းဖက်စစ်ကောင်စီထောက်ပို့တံတား တစ်စင်းကို ဖောက်ခွဲဖျက်ဆီး ခဲ့ ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၇ မိနစ်က အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောက်ပို့ ဆက် သွယ်ရေးတံတားအဖြစ် အသုံးပြုနေသော ပေ ၆၀ အရှည်တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား တစ်ခြမ်းပျက်စီခဲ့ကြောင်း သိရသည်။", "အဆိုပါဖောက်ခွဲမှုကို ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/08/117444/
အောင်လံတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား၄ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၈ ခု အနီး ဖောက်ခွဲ တိုက်ခိုက်
["အောင်လံတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား၄ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၈ ခု အနီး ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ သြဂုတ် ၉", "မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာသို့ စစ်တပ် သတင်းပေး ရုပ်အလောင်းလာကောက်သည့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။", "ဇူလိုင်လ ၃၀ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က အောင်လံမြို့နယ်၊ မဲခေါင်းကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီသတင်းပေး၏ ရုပ်အလောင်းကို ကောက်ယူရန် အင်အား ၂၀ ခန့်ဖြင့် လာရောက်ခဲ့ရာ ပြည် သူ့ ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က မိုင်းဆွဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သရက်ခရိုင် PDF တပ်ရင်း ၁ ၊ တပ်ရင်း ၅ နှင့် အောင်လံ ဆင်ပေါင်ဝဲ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖောက်ခွဲပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်အပြည့်အထိမ်းအမှတ် အဖြစ် နေရာ ၈ ခု အနီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Buffalo Soldiers Freedom Force – BSDF တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျွဲကြီးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြည်သူလူထု‌ဘေးကင်းပြီး အကြမ်းဖက်စစ်သားများနှင့် နီးကပ်မှုရှိသည့်နေရာ ၈ ခုကို ပစ်မှတ် ထားဖောက်ခွဲကာ စိတ်ဓာတ်စစ်ဆင်ရေး၊ အထိမ်းအမှတ်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှု၊ ရှိမရှိစုံစမ်းနေဆဲဖြစ်ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“မနေ့က ၈ လေးလုံး အရေးတော်ပုံနေ့မို့လို့ မြို့ပေါ်ပြည်သူတွေနဲ့ လွတ်ကင်းမယ့်နေရာ၊ ရန်သူနဲ့ အနီး ဆုံးနေရာတွေမှာ ဖောက်ခွဲခဲ့တာပေါ့၊ ဒီကောင်တွေအတွက် စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုအနေနဲ့ ဖောက် ခွဲခဲ့တာပါ။ ဖောက်ခွဲတဲ့နေရာတွေမှာတော့ ကင်းလာပတ်တာရှိတယ်၊ ပြည်သူ တွေဖမ်းဆီးတာမျိုး၊ ဘာ မျိုးတော့ ထူးထူးခြားခြားမရှိဘူးဗျ၊ “ဟု Buffalo Soldiers Freedom Force – BSDF တပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျွဲကြီးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/12/197256/
အောင်လံတွင် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်တို့၏ အမိန့်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည့် လူစာရင်း ကောက်ယူ၊ စစ်မှုထမ်းရန် အလှည့်မကျသေးသူများ ခရီးသွား ပြောင်းရွှေ့ခွင့် ပိတ်ပင်
["အောင်လံတွင် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်တို့၏ အမိန့်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည့် လူစာရင်း ကောက်ယူ၊ စစ်မှုထမ်းရန်အလှည့်မကျသေးသူများ ခရီးသွား ပြောင်းရွှေ့ခွင့် ပိတ်ပင်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "မကွေးတိုင်း၊ အောင်လံတွင် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်တို့၏ အမိန့်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားမှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားများ စာရင်းများကိုလည်း တရားဝင်ကောက်ယူ ပြုစုထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ယခု ဒီဇင်ဘာလနှောင်းပိုင်းအထိ အောင်လံမြို့နယ်အတွင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မဖြစ်မနေ စစ်မှုထမ်းရမည့် လူငယ် အမျိုးသားများ စာရင်းကို ပြုစုထားရန် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်ဇော်တို့က ညွှန်ကြားခဲ့ကြောင်း၊ လက်ရှိ တစ်မြို့လုံးရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားသားများစာရင်းကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက လိုက်လံစိစစ်ကောက်ယူပြီး မြို့နယ်ထံသို့ တင်ပြခဲ့ကြောင်း၊ စစ်မှုထမ်းရမည့်သူများကို မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဆင့်ခေါ်မည်ဖြစ်ပြီး ဆင့်ခေါ်ချိန် မလာရောက်ပါက စစ်တပ်ဖြင့် ဝင်ရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။", "“စစ်မှုထမ်းရမယ့် လူစာရင်းဆိုပြီး ဒီဇင်ဘာနှောင်းပိုင်းမှာ နောက်ဆုံးအတည်ပြု ကောက်ယူသွားပါတယ်။ မဲမနှိုက်တော့ဘူး။ ရှိတဲ့လူစာရင်းနဲ့ ခေါ်မယ်လို့ ပြောတယ်။ ဆင့်ခေါ်လို့ မလာရင် လာဖမ်းမယ်။ ထွက်ပြေးရင် နေအိမ်ရော ရှိတဲ့မိသားစုရော ဖမ်းမယ်ပြောတယ်။ မိသားစုတွေရော လူငယ်တွေရော အကုန်စိတ်ဆင်းရဲနေရတယ်” ဟု အောင်လံမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။", "လတ်တလော စစ်မှုထမ်းရန် စာရင်းပြုစုချိန်တွင် နေအိမ်များတွင် ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များသည် မည်သည့်နေရာမှ သွားရောက်ခွင့်မရှိဘဲ ခရီးသွားခွင့်လည်း မရှိကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သူများသည် သက်ဆိုင်ရာ မိခင်ဒေသမှ လွဲ၍ အခြားနေရာများသို့ ခွင့်ပြုချက်ဖြင့်သာ သွားရောက်ရမည်ဖြစ်ပြီး အကြောင်းကြားမှုမရှိဘဲ သွားရောက်၍ စစ်မှုထမ်း အလှည့်ကျလာချိန် လူမရှိပါက သက်ဆိုင်ရာ မိသားစုက တာဝန်ယူ ဖြေရှင်းပေးရမည်ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားလာကြောင်း သိရှိရသည်။", "” ခရစ္စမတ်နေ့က အောင်လံမြို့ပေါ်မှာ စစ်မှုထမ်းစာရင်းပြုစုတဲ့အချိန်မှာ သန်းခေါင်စာရင်းပါတဲ့ လူငယ်တွေ နေအိမ်မှာ မရှိလျှင် ဘယ်နေရာမှာရှိလဲဆိုတာမျိူးမေးတယ်။ ပြည်ပမှာဆိုရင်လည် သေချာအောင်စိစစ်တယ်။ သူတို့အဲ့လိုဝင်စစ်တဲ့အချိန်မှာပေါ်တာဆွဲတယ်ထင်ပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။ သူတို့တွေရပ်ကွက်ထဲဝင်လာပြီ ဆိုကတည်းက လုပ်ငန်းဂွင် ဝင်နေတဲ့အလူငယ်တွေလဲ ပြေးကုန်ကြတော့တာ။ မိဘတွေလည်း ငိုယိုနေကြရတာအိမ်တောင်ပြန်မလာခိုင်းရဲတဲ့အခြေအနေဖြစ်သွားတာ။ နယ်ဘက်က တိုက်နယ်၊အုပ်စု၊ကျေးရွာမှာလည်း အသက် ၁၈နှစ်ကနေ အသက် ၃၅ နှစ် အတွင်းအမျိူးသားတွေကျေးရွာအတွင်းနေထိုင်ခြင်းရှိ၊ မရှိ စိစစ်နေတယ်။ ရွာတွေမှာတော့ လူငယ်တွေကတော့ စခ၊ရခလာတဲ့သတင်းကြိုရထားရင် ရှောင်တိမ်းချိန်ရကြပါတယ်။ မြို့ပေါ်မှာ လူငယ်တွေကတော့ မရှိကြတော့ဘူး။ အိမ်ထောင်သည်နဲ့စားဝတ်နေရေးမပြေလည်တဲ့သူတွေပဲရှိတော့တာ” ဟု အောင်လံမြို့အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက မြို့ပေါ် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသည်။", "ထို့ပြင် အောင်လံမြို့နယ်အတွင်း စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့် ဗိုလ်မှူး ကောင်းထက်ဇော်တို့က ပြလို့ တိုက်နယ် ပျူစောထီး ခေါင်းဆောင် အေးထွန်းကို တာဝန်ပေးထားကြောင်း သိရှိရသည်။", "အောင်လံမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းရာတွင် ပျူစောထီးများကို အဓိကထား၍ အသုံးပြုကြောင်း၊ ပျူစောထီးအဖွဲ့က လူငယ်များကို ပေါ်တာဆွဲမှုများ အပြင် ဖမ်းဆီးငွေညှစ်မှုများလည်း လုပ်ဆောင်ကြောင်း၊ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ထိ တောင်းခံလွှတ်ပေးကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်း၍ ဒီဇင်ဘာလ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် အောင်လံမြို့ပေါ်ရှိ လမ်းဆုံ လမ်းဂွများ လမ်းပေါက်ဝများတွင် စောင့်ဆိုင်းပြီး လမ်းပေါ်၌ ဖြတ်သွားသည့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး လူငယ်များ ဖမ်းဆီးခံရမှု ရှိကြောင်း သိရသည်။", "“ပြလို့ တိုက်နယ် ပျူခေါင်းဆောင် အေးထွန်းက အဆိုးဆုံးပဲ ပေါ်တာဆွဲတာ သူ့သဘောနဲ့သူ ငွေနဲ့ ပြန်ထုတ်ပေးတာတွေလည်း လုပ်တယ်။ စစ်ကြောင်းထိုးတာတွေ ပေါ်တာဆွဲတာတွေကို ပျူစောထီးတွေပဲ သုံးနေတယ်။ ပြလို့တိုက်နယ်မှာ ပေါ်တာဆွဲတာပိုဆိုးလာတာပဲ ပိုက်ဆံရှိတဲ့ လူဆိုရင် ငွေကျပ် ၁၀၀ နီးပါးတောင်းပြီး ပြန်ရွေးခိုင်းတာတွေပါအထိ ဖြစ်လာတာ” ဟု မြေလတ် ဗမာကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ရဲဘော်သျှားမောင်က ပြောဆိုသည်။", "ဓာတ်ပုံ- အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်။"]
https://yktnews.com/2023/11/132748/
အောင်လံနှင့် စစ်ကိုင်း မြို့နယ်တို့တွင် စစ်ကြောင်းနှင့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး
["အောင်လံနှင့် စစ်ကိုင်း မြို့နယ်တို့တွင် စစ်ကြောင်းနှင့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၃ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သံကုတင်ကျေးရွာနှင့် ဘင်ဟုန်ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "နိုဝင်ဘာ ၁၇ ရက်နေ့က အေင်လံမြို့နယ်၊ တလုတ်ပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ အင်သံကုတင် ကျေး ရွာဘက်သို့ ဝင်ရောက်လာသောအကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်း ဖက်စစ်ကောင်စီတပ်သားများက သံကုတင်ကျေးရွာရှိ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သံကုတင်ကျေးရွာမှ တဆင့် ဘင်ဟုန်ကျေးရွာသို့ ဝင်ရောက်ရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တိုက်မိုင်းများမိပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး ကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ အများအပြားသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု ကြောင့် ချက်ချင်းပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။", "“တလုပ်ပင်ကျေးရွာ စစ်ဆေးရေးဂိတ်ကနေ အရှေ့ဘက် အရပ်ကို စစ်ကြောင်းထိုးလာတာပါ၊ အင်အား မမျှလို့ မိုင်းပဲ သုံးပြီးတိုက်ခိုက်ခဲ့တာ၊ ရွာပြာကျတဲ့ပုံနဲ့ စစ်ခွေးသေလို့ မြှုပ်ထားခဲ့တဲ့အလောင်းတွေတော့ မတွေ့ရသေးဘူး၊ ပြီးခဲ့တဲ့ ၃ လလောက်ကတော့ အဲလိုပဲ တောထဲမှာ မြှုပ်ထားခဲ့ပြီး ပြန်လာဖော်ကြတာ၊ အခုလည်း သံကုတင်ကနေ ဘင်ဟုန်ဆင်းကြားတော့ ထမ်းပိုးလာတာ မပါဘူးလို့ သိရတော့ မြှုပ်ထားခဲ့ တာဖြစ်နိုင်တယ်၊” ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါ တိုက်ခိုက်မှုများကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် PDF တပ်ရင်း ၂ နှင့် သရက်ခရိုင် PDF တပ်ရင်း ၁ တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ရှိ စစ်ကောင်စီတပ်သားများကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့ လမ်းပေါ်တွင် ပြည်သူများကို လက်နက်ပြ အတင်းအဓမ္မငွေကြေးတောင်းခံနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရှေ့ ထွက် မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးမိုင်းစထိမှန်လွင့်စင်သွားပြီး အပြင်းအထန် ထိ ခိုက်ဒဏ်ရာရရှိကာ သေဆုံးနိုင်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း၊ Ground Fighter PDF နှင့် တိုက်နယ်စွန် PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/133206/
အောင်လံမြို့ လျှပ်စစ်ရုံးကို မိုင်းပစ်တိုက်ခိုက်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ
["အောင်လံမြို့ လျှပ်စစ်ရုံးကို မိုင်းပစ်တိုက်ခိုက်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၆", "မကွေးတိုင်း၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်ရှိ အောင်လံ မြို့နယ် လျှပ်စစ်ရုံးကို မိုင်းပစ်တိုက်ခိုက်ခဲ့ ရာ ပေါက်ကွဲမှုရှိခဲ့ကြောင်း Mandalay People Rescue တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့နိုဝင်ဘာလ ၂၆ ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က အောင်လံမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် ထောက်တိုင် အမာခံရုံးကို တိုက်ခိုက်ရန် စီစဉ်ပြီးသွားရောက်ခဲ့ရာ မြို့တွင်းကြပ်မှု အခြေအနေကြောင့် အောင်လံမြို့၊တရော်ကုန်းရပ်ကွက်ရှိ အောင်လံမြို့နယ် လျှပ်စစ်ရုံး – EPC ကို မိုင်းပစ် တိုက်ခိုက်ခဲ့ခြင်း ကြောင်း၊ထိုသို့ တိုက်ခိုက်မှုကြောင့် မိုင်းပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ထိခိုက်သေဆုံးပျက်စီးမှုကတော့ စုံစမ်းနေတုန်းပါပဲ၊ မန္တလေးမှာရော အောင်လံမြို့မှာရော တပြိုင် တည်းတိုက်ခိုက်ခဲ့တာပါ၊ မန္တလေးနေရာက ပစ္စည်းချို့ယွင်းချက်ကြောင့် မိုင်းက မကွဲခဲ့ဘူး၊ ကျနော်တို့ လက်နက်ခဲယမ်းလိုအပ်နေပါတယ်ဗျ၊ မိဘပြည်သူတွေအနေနဲ့ ပါဝင်ကူညီပေးကြပါအုံးလို့ မေတ္တာရပ် ခံချင်ပါတယ်” ဟု Mandalay People Rescue တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ မန္တလေးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နေရာတစ်ခုကို မိုင်းခွဲ တိုက်ရန်စီစဉ်ခဲ့သော် လည်း မိုင်းပစ္စည်း ချို့ယွင်းမှုဖြစ်ခဲ့သဖြင့် အောင်မြင်မှုမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "အဆိုပါတိုက်မိုင်းပစ်တိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – အောင်လံ ၊ Mandalay People Rescue – MPR ၊ Mandalay Urban Revolution(MUR) နှင့် Revolution Group တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။", "မြို့ပြစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုံး အဆောက်အအုံများ ၊ စစ်တပ်စခန်းများ၊ စစ်သား၊ ရဲများနှင့်အတူ အနီးအနားသွားလာနေထိုင်ခြင်း မပြုကြရန် တော်လှန်ရေးအဖွဲ့များက အသိပေးထားသည်။", "အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ပုစွန်ဆိတ်ဆင်ဝိုင်းဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမီးရှို့ဖျက်ဆီးထားသည့် ပုစွန်ဆိတ်ဆင်ဝိုင်းဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များမှ ကင်းပုန်းဝပ်ပြီး စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ပြန်ဆုတ်သွားကြောင်း သိရသည်။", "“သူတို့က အင်အားလည်း နည်းတော့ ပြန်ဆုတ်သွားတာ၊ အခု အင်အား ထပ်ဖြည့်ပြီး တက်လာနေပြီ လို့ သတင်းရတယ်၊ တိုက်ပွဲထပ်ဖြစ်မယ့်အနေအထားတော့ရှိတယ်၊ မြို့ထဲကို PDF တွေ ဝင်လာမှာ ကြောက် လို့ဆိုပြီး ရိုးမတောင်ခြေက ရွာတွေကိုလည်း ညမထွက်ရအမိန့်တွေ ထုတ်ထားတယ်၊ ရိုးမအစပ်က မြို့ထဲ ဝင်လို့ရမယ့်လမ်းတွေ အကုန်လုံးမှာ ကင်းပုန်းတွေလည်း ချထားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သားများ အသုံးပြု သည့် ပစ္စည်းအချို့ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- Spring Warriors Columnဖာပွန်ခရိုင်၊ PDF အမှတ် (၁)တပ်ရင်း (P27001)မှ တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/05/162566/
အောင်လံမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူရှာမရသဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၂၀၀ နီးပါးကို ဖမ်းဆီးထား
["အောင်လံမြို့တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူရှာမရသဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၂၀၀ နီးပါးကို ဖမ်းဆီးထား", "စလွယ်အိတ်လွယ်သူများ၊ မှတ်ပုံတင် မပြနိုင်သူများနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများ အပါအဝင် အကြောင်းပြချက်မျိုးစုံဖြင့် လူငယ်များကို ဖမ်းဆီးပြီး စစ်သားအဖြစ်စုဆောင်း", "ရန်ကုန်၊ မေ ၁၅", "မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူရှာမရသဖြင့် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူငယ် ၂၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဧပြီလကုန်ပိုင်းမှစတင်ပြီး ယခုမေလပိုင်းအထိ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်တပ်က ၎င်းတို့ ရည်မှန်းထားသော လူငယ် စစ်သား အရေအတွက် စုဆောင်းမရသဖြင့် ယခုရက်ပိုင်းအတွင်း လူငယ် ၂၀၀ နီးပါး ကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် ညပိုင်း ဧည့်စာရင်းစစ်၍ ဖမ်းဆီးခြင်း၊ ယာဉ်စည်းကမ်းဥပဒေဖြင့် စစ်ဆေး ဖမ်းဆီးခြင်း၊ စလွယ်အိတ်လွယ်သူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်း စသည့် အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထားသော လူငယ်များကို အောင်လံမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်တပ် လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။", "“လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးတာကတော့ အတော်ကို ကြမ်းတယ်။ စလွယ်အိတ် လွယ်သူတွေကို မသင်္ကာလို့ ဆိုပြီး ဖမ်းတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးလို့ဆိုပြီးတော့လည်း ဖမ်းတယ်။ ဧည့်စာရင်းမတိုင်လို့ ၊ မှတ်ပုံတင် မပြနိုင်လို့၊ မှောင်ရိပ်ခိုလို့ အရက်သောက်ပြီး မူးနေလို့ အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းပြီး စစ်သားစုဆောင်းတာ။ ဖမ်းထားတဲ့ လူငယ်တွေကိုလည်း အထက ၁ ကျောင်းထဲမှာ ဖမ်းဆီးထားတယ်” ဟု အောင်လံမြို့မှ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။", "လက်ရှိ အောင်လံမြို့ပေါ်တွင် စစ်မှုထမ်းရန် အတင်းအကျပ် ဖိအားပေးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းများကြောင့် လူငယ်များမှာထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစုလိုက် ထွက်ပြေးနေရမှုများလည်းရှိကြောင်း သိရှိရသည်။", "ထို့ပြင် အောင်လံမြို့တွင် စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် နာမည်ကြီးကျော်သော တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်၏ နေအိမ်ကို ဗုံးထောင်ရန် ကြိုးစားသည်ဆိုသော စွပ်စွဲချက်ဖြင့် လူငယ် ၃ ဦးကိုလည်း စစ်တပ်က မေလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး လူငယ်၃ ဦးကို အောင်လံမြို့ရဲစခန်းတွင် ဖမ်းဆီး ရိုက်နှက် စစ်ဆေးလျက်ရှိကြောင်း၊ လူငယ် ၃ ဦး၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။", "အောင်လံမြို့၊ စစ်ကောင်စီခန့် တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင့်တွင် စစ်မှုထမ်းရန် အကျုံးဝင်သော သား ၂ ဦးနှင့် သမီး ၁ ဦးရှိသော်လည်း သားသမီး ၃ ဦးစလုံးမှာ စစ်မှုထမ်းရမည့် စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။"]