Datasets:
url
stringlengths 33
37
| title
stringlengths 2
255
| content
stringlengths 17
96.5k
| category
stringclasses 16
values | image
stringlengths 52
582
⌀ | date
stringlengths 20
23
| admin
stringclasses 6
values |
---|---|---|---|---|---|---|
https://www.myawady.net.mm/node/1 | သူရဲကောင်းလေးယောက်နှင့် ခရီးသည် | လူသားတစ်ဦးအဖြစ်မွေးဖွားလာသောအခါဘဝရှင်သန်ရပ်တည်ရေးအတွက်လူမှုဆိုင်ရာကိစ္စရပ်များလုပ်ဆောင်ကြရသည်။ထိုသို့လုပ်ဆောင်ကြရာတွင်အချို့ကကျောင်းဆရာဖြစ်လာသည်။အချို့ကတပ်မတော်သားဖြစ်လာသည်။အချို့ကဌာနဆိုင်ရာပြည်သူ့ဝန်ထမ်းဖြစ်လာသည်။အချို့ကချမ်းသာကြ၍အချို့ကဆင်းရဲသည်။မွေးဖွားလာစဉ်မှကြီးပြင်းလာသည်အထိမိမိတို့အရည်အချင်း၊မိမိတို့ဝါသနာနှင့်ဘဝပေးအခြေအနေအရလုပ်ငန်းတာဝန်များကွဲပြားသွားကြလေသည်။တောင်သူလယ်သမား၊အလုပ်သမားစသည်ဖြင့်လည်းကွဲပြားသွားကြသည်။လောကတွင်ဘဝရပ်တည်ရေးအတွက်လူတိုင်းနေ့စဉ်အလုပ်လုပ်နေကြရသည်။ထိုသောအခါမိမိတွင်သူရဲကောင်းလေးယောက်လိုအပ်လာပြီဖြစ်သည်။စာရေးဆရာမငွေတာရီ၏လူကြိုက်များသောကဗျာတစ်ပုဒ်၏ခေါင်းစဉ်မှာ''သူရဲကောင်းသုံးယောက်နှင့်ခရီးသည်''ဖြစ်သည်။''စုံရိပ်မြိုင်ဆွယ်ကန္တာလယ်မှာအဖော်မပါဘဲခရီးသွားနေတဲ့အသင်လူသား-ကြောက်စရာမကောင်းပါလား''အမေးဖြင့်ကဗျာကိုစတင်ဖွင့်လှစ်သည်။ထို့နောက်ကြောက်စရာမလိုကြောင်းပြန်ပြောပုံကို''ဤသို့မေးသော်၊ရွှင်အေးကြည်သာ၊ပြုံးမျက်နှာဖြင့်၊အိုဘာကိုထောက်၊ကြောက်ရမလဲ၊သဟဲဖော်ညှိ၊သတ္တိရှိပြီ၊ချစ်သည့်သဟာ၊ဇွဲလည်းပါ၍၊မကွာထပ်လောင်း၊ငယ်ကပေါင်းသည့်၊ဆွေကောင်းလုံ့လ၊တူတကွတည့်၊ဘေးကတူယှဉ်၊ပါခဲ့လျှင်သော်၊ငါ့တွင်သေချာ၊အောင်ဖို့ရာတည့်''ဟူ၍အဖြေပေးခဲ့သည်။ကဗျာဆရာကတော်လိုက်တာ၊သင့်မှာသုံးဖော်ဆွေပါနေပြီမို့ဘာပဲလုပ်လုပ်အောင်မြင်မှာသေချာသွားပြီပြောရင်းကဗျာကိုအဆုံးသတ်ထားသည်။လူတစ်ဦးတစ်ယောက်ဘဝတွင်သတ္တိ၊ဇွဲ၊လုံ့လဟူသောသူရဲကောင်းသုံးယောက်နှင့်ခရီးသွားနေလျှင်မည်သည့်ကိစ္စမဆိုအောင်မြင်မှာသေချာပါသည်။ဤသည်ကားလွန်ခဲ့သောနှစ်ပေါင်းများစွာကရေးဖွဲ့ခဲ့သောကဗျာ၏ဆိုလိုရင်းနှင့်လူသားများလက်တွေ့ကျင့်ကြံရန်လမ်းညွှန်ခြင်းဖြစ်သည်။ယနေ့ခေတ်တွင်သူရဲကောင်းသုံးယောက်နှင့်ခရီးသွားရန်မလုံလောက်တော့ပါ။(ဤသို့ဆိုလိုက်သဖြင့်ဆရာမငွေတာရီကိုပြက်ရယ်ပြုခြင်းမဟုတ်ပါ။)လွန်ခဲ့သောနှစ်ပေါင်းများစွာကလူသားတို့အတွက်ရောဂါဘယအနေအထားမှာယနေ့ချိန်ခါလောက်ဆိုးရွားခဲ့သည်မဟုတ်ပါ။သဘာဝအရင်းအမြစ်နှင့်ထုတ်လုပ်သည့်အသီးအနှံများကိုသာစားသုံးသည့်အတွက်ရောဂါမျိုးစုံလင်စွာမကျရောက်ခဲ့ပါ။ယနေ့ချိန်ခါတွင်ကမ္ဘာတစ်ဝန်းလုံးကိုဒုက္ခပေးနေသည့်ကမ္ဘာ့ကပ်ရောဂါCOVID-19ကြောင့်တစ်ကမ္ဘာလုံးစိတ်သောကရောက်နေကြရသည်။ဇူလိုင်၂၄ရက်နေ့အထိကမ္ဘာတစ်ဝန်းCOVID-19ရောဂါဆိုင်ရာဗိုင်းရပ်ပိုးကူးစက်ခံရသူ၁၅၆၈၃၄၆၄ဦး၊သေဆုံးသူ၆၃၇၂၁၄ဦး၊ပြန်လည်သက်သာလာသူ၉၅၆၇၉၅၆ဦးရှိကြောင်းသိရှိရသည်။မြန်မာနိုင်ငံတွင်ကျောင်းများပြန်လည်ဖွင့်လှစ်သည်ဆိုသော်လည်းကျောင်းအားလုံးမဖွင့်နိုင်သေးပါ။ကျန်းမာရေးကောင်းမွန်ရေးအတွက်လူသားတို့ကြိုးစားနေကြရပြီဖြစ်သည်။လူ့ဘဝခရီးတွင်သူရဲကောင်းသုံးယောက်နှင့်သွားလာခြင်းအပြင်ကျန်းမာရေးကောင်းမွန်ခြင်းဆိုသောသူရဲကောင်းတစ်ဦးလိုအပ်လာပြီဖြစ်သည်။ထို့ကြောင့်သူရဲကောင်းလေးယောက်ဟုဆိုလိုက်ခြင်းဖြစ်သည်။ပြည်သူလူထုအတွက်သူရဲကောင်းတစ်ဦးကိုတပ်မတော်ကလိုက်လံဖြည့်ဆည်းပေးလျက်ရှိသည်။ပြည်သူလူထုကျန်းမာရေးအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုနယ်လှည့်ဆေးကုသရေးအဖွဲ့များကနေရာဒေသမရွေးလှည့်လည်ဆောင်ရွက်ပေးလျက်ရှိသည်။ကမ္ဘာ့ကပ်ရောဂါကျရောက်လာသောအခါတွင်လည်းCOVID-19ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုတိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ဆက်လက်ဆောင်ရွက်ပေးခြင်း၊ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်ကျောင်းများအတွက်ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲအမယ်လေးမျိုးဆက်ကပ်လှူဒါန်းခြင်း၊ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအထောက်အကူဖြစ်စေရန်ဆေးရုံသုံးပစ္စည်းများလှူဒါန်းခြင်း၊အာဟာရဖြည့်စွက်စားသောက်ဖွယ်ရာများပေးအပ်ခြင်း၊ပြည်သူ့ဆေးရုံများတွင်တက်ရောက်နေသည့်လူနာများ၊လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများအားတန်ဖိုးသင့်ထမင်း၊ဟင်းများနှင့်စားသောက်ကုန်ပစ္စည်းများကိုသက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခြင်းများဆောင်ရွက်လျက်ရှိသည်။ထို့ပြင်COVID-19ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန်သီးသန့်စောင့်ကြည့်ရမည့်သူများအားစစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ဆက်လက်လက်ခံပြီးQuarantineစောင့်ကြည့်၂၁ရက်ပြည့်မြောက်သူများကိုသက်ဆိုင်ရာနယ်မြေများအရောက်တပ်မတော်နှင့်တာဝန်ရှိသူများကစီစဉ်ပေးသည့်မော်တော်ယာဉ်များဖြင့်ပို့ဆောင်ပေးလျက်ရှိသည်။ယခုရက်ပိုင်းအတွင်းရေကြီးရေလျှံမှုကြောင့်ရေဘေးသင့်ပြည်သူများအတွက်သောက်သုံးရေများ၊ထမင်းဘူးများနှင့်စားသောက်ဖွယ်ရာများပေးအပ်လှူဒါန်းသည့်အပြင်ကျန်းမာရေးေစာင့်ရှောက်မှုများကိုလည်းဆောင်ရွက်လျက်ရှိသည်။ဤသည်မှာလူသားတို့၏ဘဝခရီးတစ်လျှောက်တွင်ကျန်းမာရေးကောင်းမွန်ခြင်းသူရဲကောင်းတစ်ယောက်လိုအပ်မှုကိုတပ်မတော်ကဖြည့်ဆည်းနေခြင်းဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပေသည်။ | အယ်ဒီတာ့အာဘော် | Sat, 07/25/2020 - 09:58 | mwd_webportal |
|
https://www.myawady.net.mm/node/2 | တစ်လုတ်ကျွေးဖူး သူ့ကျေးဇူး အထူးမမေ့ရာ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြကုန်သောပြည်သူလူထုအပေါင်းသည်နိုင်ငံတော်နယ်နိမိတ်အတွင်းနေထိုင်ကြသူများဖြစ်၍နိုင်ငံတော်၏ကျေးဇူးကိုမမေ့ကြရန်လိုအပ်ပေသည်။မြတ်ဗုဒ္ဓ၏သာသနာတွင်ရှင်သာရိပုတ္တရာ၏ကျေးဇူးသိတတ်ပုံများစွာကိုဟောထားသောစာပေများရှိသည်။ထိုအထဲမှတစ်ခုကိုကောက်နုတ်တင်ပြချင်ပါသည်။သာဝတ္ထိပြည်၌ရာဓအမည်ရှိသောပုဏ္ဏားကြီးတစ်ဦးရှိသည်။ပုဏ္ဏားကြီး၏ဇနီးကွယ်လွန်သောအခါမှီခိုအားထားစရာသားသမီးမရှိသောကြောင့်ဇေတဝန်ကျောင်းတော်သို့သွားကာမှီခိုနေထိုင်ရရှာသည်။ကျောင်းမှာနေစဉ်ရာဓသည်ကျောင်းပရိဝုဏ်အတွင်းတံမြက်လှည်းခြင်း၊မြက်သစ်ပင်တို့ကိုရှင်းလင်းခြင်းအလုပ်များကိုနေ့စဉ်လုပ်ကိုင်သည်။ရာဓပုဏ္ဏားကြီးမှာရဟန်းများနှင့်အတူနေပါများလာသောအခါသူကိုယ်တိုင်ရဟန်းဝတ်ချင်စိတ်ဖြစ်ပေါ်လာသည်။နီးစပ်ရာရဟန်းတော်များကိုသူ့အားရဟန်းဝတ်ပေးပါရန်လျှောက်ထားသည်။မည်သည့်ရဟန်းကမျှသူ့အားရဟန်းဝတ်ပေးရန်လိုလိုလားလားမရှိသည့်အခါပုဏ္ဏားကြီးစိတ်မှာမရွှင်မပျဖြစ်နေသည်။အရင်ကဝဝဖြိုးဖြိုးဖြစ်နေသောခန္ဓာကိုယ်မှာတစ်နေ့တခြားပိန်ချုံး၍လာသည်။တစ်နေ့သ၌ဘုရားရှင်သည်ဇေတဝန်ကျောင်းတိုက်အတွင်းလှည့်လည်ကြည့်ရှုတော်မူစဉ်ရာဓပုဏ္ဏားကြီးကိုတွေ့မြင်သဖြင့်နှုတ်ဆက်စကားမြွက်ကြားတော်မူသည်။ပုဏ္ဏားကြီးကသူ့စိတ်တွင်ဖြစ်ချင်နေသောဆန္ဒကိုဘုရားရှင်အားလျှောက်ထားလိုက်သည်။ဘုရားရှင်ကဇေတဝန်ကျောင်းတိုက်အတွင်းရှိရဟန်းများအားစုဝေးစေသည်။အားလုံးစုံညီသောအခါရာဓပုဏ္ဏားကြီး၏အကြောင်းကိုမိန့်ကြားတော်မူသည်။''ရဟန်းတို့..ဤရဟန်းပရိသတ်အတွင်း၌ရာဓပုဏ္ဏားကြီး၏ကျေးဇူးကိုသတိရသူတစ်စုံတစ်ယောက်ရှိပါသလော''ဟုမေးတော်မူသည်။ထိုအခါရှင်သာရိပုတ္တရာက''အရှင်ဘုရားဤရာဓပုဏ္ဏားကြီးသည်တစ်ခါကတပည့်တော်အားဆွမ်းတစ်ဇွန်းမျှလောင်းလှူခဲ့ဖူးပါသည်''ဟူ၍လျှောက်ထားသည်။ဘုရားရှင်က''သာရိပုတ္တရာသို့ဖြစ်လျှင်သင်သည်ဤကဲ့သို့သောကျေးဇူးရှင်ကိုဆင်းရဲဒုက္ခမှလွတ်ကင်းအောင်ကယ်တင်သင့်သည်မဟုတ်ပါလော''ဟုမိန့်ကြားတော်မူသည်။ရှင်သာရိပုတ္တရာကရာဓပုဏ္ဏားကိုရဟန်းပြုပေးရန်တာဝန်ယူလိုက်သည်။ထို့နောက်ချက်ချင်းပင်ရဟန်းပြုပေးလိုက်ရာရာဓပုဏ္ဏားကြီးလိုအင်ဆန္ဒပြည့်ဝသွားလေသည်။မြန်မာစကားပုံတွင်တစ်လုတ်ကျွေးဖူးသူ့ကျေးဇူးနှင့်တစ်လုတ်စားဖူးသူ့ကျေးဇူးဟူ၍ရှိသည်။တစ်လုတ်စာမျှကျွေးမွေးခဲ့ဖူးလျှင်ပင်ထိုသူ၏ကျေးဇူးမကင်းတော့သကဲ့သို့အနည်းငယ်မျှပင်ဖြစ်စေကူညီစောင့်ရှောက်ဖူးလျှင်ပင်ထိုသူ၏ကျေးဇူးမကင်းသည်သာဖြစ်သည်။ရှင်သာရိပုတ္တရာသည်ဆွမ်းတစ်ဇွန်းလောင်းလှူဖူးသောကျေးဇူးတရားကိုမမေ့ဘဲရာဓပုဏ္ဏားကြီးအားရဟန်းပြုပေးခဲ့သည်။ရဟန်းအဖြစ်သို့ရောက်ရှိလာသောပုဏ္ဏားကြီးသည်အသက်အရွယ်ပင်ကြီးလင့်ကစားဝါစဉ်အားဖြင့်ငယ်သောကြောင့်ဆွမ်းခံသွားသည့်အခါသံဃာအားလုံး၏နောက်ဆုံးမှလိုက်ပါရသည်။ဆွမ်းလောင်းသူများမှာရှေ့ပိုင်းမှမထေရ်ကြီးများကိုသာဂရုစိုက်၍လောင်းလှူကြသဖြင့်နောက်ပိုင်းမှရဟန်းများမှာဆွမ်းအရနည်းကြသည်။သို့ဖြစ်၍ရဟန်းအိုကြီးရှင်ရာဓမှာမျှတလောက်အောင်ဆွမ်းမရဘဲပင်ပန်းဆင်းရဲလျက်ရှိလေသည်။ဤအခြေအနေကြောင့်ရှင်သာရိပုတ္တရာကဆွမ်းခံသွားသည့်အခါရှင်ရာဓကိုမိမိနှင့်အတူခေါ်သွားသည်။ယင်းသို့ခေါ်သွားခြင်းကြောင့်ဆွမ်းအခက်အခဲပြေလည်သည့်အပြင်သွန်သင်စရာရှိသည်များကိုလည်းအနီးကပ်သွန်သင်နိုင်သည်။ရှင်ရာဓကလည်းရှင်သာရိပုတ္တရာ၏ဆုံးမသြဝါဒကိုမြေဝယ်မကျလိုက်နာကျင့်ကြံသည်။နောက်မကြာမီအတွင်း၌ရှင်ရာဓရဟန္တာဖြစ်သွားသည်။ဤသည်မှာဆွမ်းတစ်ဇွန်းလောင်းလှူဖူးသောကျေးဇူးကိုမမေ့သောရှင်သာရိပုတ္တရာ၏ကျေးဇူးတုံ့ပြန်ချက်ဖြစ်သည်။ယနေ့တပ်မတော်သားတို့သည်နိုင်ငံတော်မှကျွေးသောထမင်းနှင့်ဟင်းများကိုစား၍နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေပါမည်ဟူ၍နိုင်ငံတော်၏ကျေးဇူးကိုအမြဲမမေ့ကြသူများဖြစ်သည်။မိုးသည်းထန်စွာရွာသွန်းပြီးရေကျော်၊ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်နေရာများ၌နယ်မြေခံတပ်မတော်သားများကကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊COVID-19ရောဂါကြိုတင်ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင်အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိခြင်းစသည်ဖြင့်များပြားစွာသောပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသည်မှာနိုင်ငံတော်နှင့်ပြည်သူတို့၏ကျေးဇူးကိုမမေ့သူများအဖြစ်ပြသလျက်ရှိပါကြောင်းရေးသားလိုက်ရပေသည်။ | အယ်ဒီတာ့အာဘော် | Sun, 07/26/2020 - 09:58 | mwd_webportal |
|
https://www.myawady.net.mm/node/3 | တင့်တောင့်တင့်တယ် ချမ်းချမ်းသာသာ နေချင်သူများအတွက် | အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၇ ရက်)။အဆောက်အအုံပြု၍နေကြသော ငှက်အမျိုးမျိုးတို့အနက် စာဝတီးခေါ်သောငှက်တို့သည် အံ့ဖွယ် ဖြစ်သည်။ နေရာထိုင်ခင်းနှင့် ပတ်သက်၍ လွန်စွာအသန့် အပြန့်ကြိုက်သည်။ ကြိုက်သည့်အတိုင်းလည်း နေစရာ အဆောက် အအုံ၊ အသိုက်အမြုံကို သပ်သပ်ရပ်ရပ် တည်ဆောက်ကာ နေလေ့ရှိသည်။ နေသောအခါ၌လည်း မြင့်သောနေရာ ကိုမှရွေး၍ နေတတ်သည်။ ကရဝိက်၊ ကြိုးကြာ၊ ဟင်္သာစသော အခြားငှက်တို့သည် သူ့ထက်အကောင်ကြီးမားပြီး အဆင်းအားဖြင့်လည်း သူ့ထက်လှလျှင်သာ လှကြမည်။ အနေအထိုင်နှင့် ပတ်သက်လျှင်ကား သူ့ကိုမမီကြ။ သူ့လို ထည်ထည်ဝါဝါ သန့်သန့်ပြန့်ပြန့်မနေတတ်ကြရှာကုန်။ စာဝတီးငှက်သည် ဖြစ်ကတတ်ဆန်းမျ ှနေလေ့မရှိ။ အကောင်သေးသလောက် ဉာဏ်လည်းကြီးလှသည်။ ဇွဲလည်းကောင်းလှသည်။ အကြံအဖန်နှလုံးရည်လည်း ပြည့်ဝလှသည်။ အနေလည်းခံ့၏။ လက်ရာလည်း သန့်၏။ သူ့လက်ရာကား ငှက်အချင်းချင်းကို မဆိုထားဘိ၊ လူသားတို့သော်မှပင် လက်ဖျောက်ရိုက် တီးကာ အံ့ချီး ယူရ လောက်အောင် ပြောင်မြောက်လှသည်။ ဆောက်လုပ်ရေးပါရဂူ အင်ဂျင်နီယာကြီးများကပင် လက်ဖျား ခါယူကြရ သည်။ ထို့ကြောင့် သူ့ကိုဆောက်လုပ်ရေးဘက်တွင် ပါရဂူမြောက် တံခွန်ဆောက် ကျွမ်းကျင်လှသော အင်ဂျင်နီယာ ငှက်ဟူ၍ပင် ဆိုသင့်နေတော့သည်။ သူ့လက်ရာ၊ သူ့အဆောက်အအုံ၊ သူ့ရိပ်မြုံ၊ သူ့ဗိမာန်ကို ကြည့်ပါလေဦး။ အာကာသ ဝေဟင်နန်းပေါ်ဝယ် ထန်းပင်ကြီးများ၏ အဖျား၌ လည်းကောင်း၊ အခြားသစ်ပင်ကြီး များ၏ အဖျား၌ လည်းကောင်း မြင်နိုင်သည်။ စာပေါင်းသိုက် ခေါ် စာဘူးတောင်းကား သူ့လက်ရာ၊ သူ့အသိုက် အအုံသူ့ရိပ်မြုံပေ တကား။ ဤသည်မှာ ဒဂုန်ဦးစန်းငွေ၏ စာဘူးတောင်းနှင့် ပတ်သက်၍ ရေးသားချက် ဖြစ်သည်။ ယနေ့ခေတ်စာပေဝါသနာပါသူအချို့သည် စာဘူးတောင်းဟူသောအမည်နာမကို ငှက်တစ်ကောင် အမည်ထင်၍ စာဖွဲ့၊ ကဗျာဖွဲ့ကြသည်။ စာဘူးတောင်းဆိုသည်မှာ ငှက်မဟုတ်ဘဲ စာဝတီးငှက်တို့၏ ငှက်ဘုံ ငှက်နန်းကို ဆိုလိုခြင်း ဖြစ်သည်။ စာဘူးတောင်း၏ပုံသဏ္ဌာန်မှာ အနီးကပ်ဆုံးအားဖြင့် ဖန်မီးအိမ်ပြောင်း ရှည်ကို ဇောက်ထိုး ဆွဲချထားသည်နှင့် အလွန်တူသည်။ အလျား ၂ဝ လက်မပတ်ဝန်းကျင်နှင့်လုံးပတ်မှာ ထွာဆိုင် သာသာရှိသည်။ မြက်မှိုက် အချောင်းအမျှင် ကလေးများကို စီ၍ ရက်ကန်းရက်သလို ရက်ထားသည်။ သစ်ပင်များ ၏ထိပ်ဖျားတွင် တွဲလျားခိုကာ လှုပ်လီလှုပ်လဲ့ တနွဲ့နွဲ့နှင့်လေကစားရာသို့ ကြွားတလူလူဝေလျက်ရှိနေသည်။ စာဘူးတောင်း၏ ထက်ဝက်ခန့် တစ်ပေလောက်တွင် နေစရာကျင်းချိုင့် ကလေးဖွဲ့ထားပြီး ¤င်း၏အတွင်းသို့ လေ၊ နေ၊ မိုး မထိုး ဖောက်နိုင်အောင် ကျင်းချိုင့်၏ အောက်မှ ဆက်၍ တစ်ပေခန့် ရှည်လျားသော ပြောင်း၊ ဘူးတောင်း တပ်၍ ကာထား သည်။ အတွင်းသို့ ဝင်လျှင် ထိုပြောင်းဝမှပင် ဝင်သည်။ စာဝတီးငှက်တို့၏ စွမ်းဆောင်ရည်ကား ယနေ့ခေတ်မှပေါ်ပေါက်လာသည် မဟုတ်ပေ။ မြတ်စွာဘုရားရှင် လက်ထက်က ကောလိယမင်းသားသည် စာဝတီးငှက်၏ စာဘူးတောင်း အဆောက်အအုံကိုကြည့်ကာ တအံ့ တသြဖြစ်ခဲ့သည်။ ထို့ကြောင့် သူသိချင်သောအကြောင်းအရာ အချက်များကို မြတ်စွာဘုရားထံ မေးလျှောက်လေ သည်။ ဘုရားရှင်၏ ဖြေကြားချက်သည် ယနေ့တိုင်လူသားတို့ ကျင့်သုံးလိုက်နာစရာဖြစ်သည်။ ဘုရားရှင်က ချမ်းသာစွာ နေထိုင်နည်းနိဿရည်းနှင့်ကြီးပွားရေးလမ်းစကို ဟောတော်မူသည်။ ကောလိယမင်းသား...ကြီးပွားမှုကို တားဆီးဟန့်တားထားတတ်သည်ကား ပျင်းရိခြင်းတည်း။ လူ့ဘဝ စည်းစိမ်ကို ကောင်းစွာ ခံစားစံစားလိုသူဖြစ်လျက် ပျင်းရိနေခဲ့သော် အဘယ်မှာလျှင် ကြီးပွားမည်နည်း။ ထို့ကြောင့် လူဖြစ်လာခိုက် ကြီးပွားချမ်းသာစစ်စစ်ကိုလိုလားဘိမူ ပျင်းရိခြင်းကိုဖယ်ရှားရာသည်။ မိမိစိတ်ကို အိပ်မော ကျ၍ မနေစေဘဲ အမြဲတစေနိုးနိုးကြားကြား ထထကြွကြွရှိနေစေရာသည်။ အလုပ်တစ်ခုကိုလုပ်ရာ တွင် မဆုတ်မနစ်သော လုံ့လ၊ ကြံ့ခိုင်သောဇွဲဖြင့် အားသွန်ခွန်စိုက် လုပ်ကိုင်ရာသည်။ ဉာဏ်နှင့် ယှဉ်သောဝီရိယမျိုး ထားရှိရာသည်။ ကျောက်ဖျာထက်တွင် ရေတွင်းတူးသောကြိုးစားမှုမျိုး၊ အထည်မျိုးစုံ ထုတ်လုပ်သောဒေသ၌ အထည်ဆိုင် ဖွင့်ခြင်းမျိုးသည် အဘယ်မှာလျှင် အကျိုးရှိမည်နည်း။ အကြင်သူသည် လယ်လုပ်ခြင်းအတတ်ကို ကောင်းစွာကျွမ်းကျင်သူဖြစ်လျက် ကိုယ်တိုင်လည်း လယ်လုပ် တတ်ရာ သည်။ သူတစ်ပါးကိုလည်း စနစ်တကျခိုင်းတတ်စေတတ်ရှိရာသည်။ မိမိ၏သွေးချွေးတို့ဖြင့် ရင်းနှီး စုဆောင်းမှုအရ စီးပွားဖြစ်လာသောအခါ ရရှိပြီးသား စည်းစိမ် ဥစ္စာတို့ကို မပျက်မစီးရအောင် ထိန်းထိန်းသိမ်းသိမ်း စောင့်ရှောက် တတ်ရာသည်။ မိုးရွာပါလျက် ကန်သင်းပေါင်မရှိသဖြင့် ရေမတင်သော လယ်ကွက်ကဲ့သို့ မဖြစ်စေရာ။ ရပြီးသောဥစ္စာတို့ကိုချိန်ဆ၍ အဝင်နှင့်အထွက်မျှတစွာ သုံးစွဲတတ်ရာသည်။ ထို့ပြင် အရေး တစ်စုံ တစ်ရာ ကိုယ်၌ကြုံလာသောအခါ အထောက်အကူရရှိရေး အတွက် မိတ်ကောင်း ဆွေကောင်းနှင့်လည်း ပေါင်းထား ရာသည်။ ဤသည်မှာ ကောလိယ မင်းသားအား ဘုရားရှင်မိန့်ကြားချက်ဖြစ်သည်။ အနှစ်ချုပ်ပါက ကြိုးစားရှာပါ။ ကောင်းစွာ စောင့်ရှောက်ပါ။ ဝင်ပေါက်နှင့်ထွက်ပေါက်မျှတပါစေ။ မိတ်ဆွေကောင်းကို ပေါင်းပါလေဟူ၍ ဖြစ်သည်။ ကောလိယမင်းသားသည် စာဝတီးငှက်၏အဆောက်အအုံသပ်ရပ်စွာတည်ဆောက်လျက် ထည်ဝါ ခံ့ညားစွာ နေတတ်သည်ကိုကြည့်၍ အံ့သြနေသည်။ လူသားတို့ကား ဤငှက်ငယ်လောက်မှ သပ်ရပ်စွာမနေ နိုင်ကြပါ တကား။ သူတို့ခမျာ လုပ်ရကိုင်ရသည်မှာလည်း ဖတ်ဖတ်မော၊ နေပူမိုးရွာမရှောင် လုပ်ကိုင်ကြပါကုန် လျက်လည်း စားကောင်းခြင်းမစားရ၊ နေကောင်းခြင်းမနေကြရသည်မှာ အဘယ်ကြောင့်နည်းဟူ၍တွေးမိရာမှ မြတ်စွာဘုရားရှင်ထံ မိမိသိလိုသမျှမေးမြန်းလျှောက်ထားခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်၏မိန့်ကြားချက်များသည် လူသားတို့လူဖြစ်ရကျိုးနပ်စွာ တင့်တောင့်တင့်တယ်၊ ချမ်းချမ်းသာသာနေထိုင်နည်းကို ဟောတော်မူခြင်း ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပေသည်။ ။ | အယ်ဒီတာ့အာဘော် | , 07/27/2020 - 09:58 | mwd_webportal |
|
https://www.myawady.net.mm/node/4 | COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း | နေပြည်တော်၊ ဇွန် - ၂၉။တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေး ဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်း များကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။ ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်၊ ပျံချီကျေးရွာ၊ ကြို့တန်းကျေးရွာနှင့် လမ်းပျဉ်းမနားကျေးရွာတို့ရှိ ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲတို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ပြည်သူ့ဆေးရုံ၊ နမ့်စလပ်နှင့် မန်ပန်တိုက်နယ် ဆေးရုံ၊ နမ့်ကျွမ်းနှင့် ပုံဝိုးကျေးလက်ကျန်းမာရေး ဌာနများ၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ်တိုက်နယ် ဆေးရုံ၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းပြည်သူ့ဆေးရုံ၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ စပါးကြွယ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ အုတ်တွင်းမြို့၊ ကျွဲပွဲတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေး ဌာနတို့၌ လည်းကောင်း တပ်မတော်ကလှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves)များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Sodium Hyopchrite များ၊ Suction Machine များ၊ Examination Glove များ၊ Patient Monitor များ၊ Infusion Pump များ၊ Syring Pump များ၊ Stethoscope များ နှင့် နားကြပ်များနှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံ များနှင့် ကျန်းမာရေး ဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများ အတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။ | ခေါင်းကြီးပိုင်းသတင်း | Tue, 06/30/2020 - 14:53 | mwd_webportal |
|
https://www.myawady.net.mm/node/5 | COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း | COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း။နေပြည်တော်၊ ဇူလိုင် - ၁။တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်း လျက်ရှိသည်။ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ဂုံးတောင် ကျေးရွာ၊ ကျေးတန်ကူးကျေးရွာနှင့် အင်ပင်ကျေးရွာများရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နှင့် ကျောက်မဲမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မိုင်းကောင်တိုက်နယ်ဆေးရုံ၊ သော့စန်နှင့် ပန်ကွမ်ကျေးလက်ကျန်းမာရေး ဌာနတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လာသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်း တိုက်နယ်ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့ ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံနှင့် လုံဘမ်းတို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရပ်ကွက်-၂၀(မြို့ကြီး) ကျေးလက်ကျန်းမာရေး ဌာနခွဲ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊Digital B. P Cuff များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊Infusion Pump များ၊ Syring Pump များ၊Stethoscope များ၊ နားကြပ်များနှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေး ဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးရုံတက်ရောက် ကုသမှု ခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။ | ခေါင်းကြီးပိုင်းသတင်း | Wed, 07/01/2020 - 22:36 | mwd_webportal |
|
https://www.myawady.net.mm/node/6 | COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက် | နေပြည်တော်၊ ဇူလိုင် - ၁COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့၊ ရပ်စောက်မြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ ပင်လောင်းမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဖားဆောင်းမြို့၊ ဘောလခဲမြို့တို့၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့နှင့် လဲချားမြို့တို့၌ လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့နယ် တို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရေးမြို့၊ သထုံးမြို့နှင့် ကျိုက်ထိုမြို့ တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၊ ဘုတ်ပြင်းမြို့၊ မြိတ်မြို့နှင့် ကျွန်းစုမြို့တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဒလမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြမြို့နှင့် ဖျာပုံမြို့တို့၌လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရခိုင်ပြည်နယ်၊ ဂွမြို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရာတော်မြို့နယ်၊ ရွှေဘိုမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့တို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပြည်မြို့၊ ပေါက်ခေါင်းမြို့၊ ပေါင်းတည်မြို့၊ အုတ်တွင်းမြို့၊ ထန်းတပင်မြို့၊ ဖြူးမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ စနစ်တကျလက် ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Surgical Gloves များ၊ Face Shield များနှင့်Face Mask များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများနှင့် အခြေခံပညာကျောင်းများ၌ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ | ခေါင်းကြီးပိုင်းသတင်း | Thu, 07/02/2020 - 11:03 | mwd_webportal |
|
https://www.myawady.net.mm/node/26 | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ။နေပြည်တော်၊ ဇူလိုင် - ၁၆တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သြဂုတ်လ ၁ ရက်နေ့တွင် ကျရောက်မည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၃) နှစ်မြောက် တပ်မတော်ထူထောင်သည့်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ၊ တပ်မတော်အကြီးအကဲများက တရုတ်နိုင်ငံသို့ ပေးပို့ခဲ့ပြီး မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစောဆုံးပေးပို့ခဲ့ သည့်အတွက် တရုတ်တပ်မတော်မှ ဝမ်းမြောက်ဂုဏ်ယူပြီး တပ်မတော်နှစ်ရပ်အကြား ထူးခြားသည့် နက်ရှိုင်းသော ဆက်ဆံရေးသမိုင်းကြောင်းရှိသည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးဝါးများ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေ များနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များစေလွှတ်၍ မြန်မာ့တပ်မတော်သို့ COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းကာ ရောဂါထိန်းချုပ်ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် တရုတ်နိုင်ငံအနေဖြင့် တပ်မတော်၏ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများအပေါ် နားလည်ထောက်ခံပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လက်တွေ့ကျကျနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြား သတင်းအချက် အလက်နှင့် နည်းပညာများဖလှယ်ကာ အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်သွားရန် လိုသည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား မီဒီယာပိုင်းဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ တပ်မတော်များနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်အတိုင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒများအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာရှဒေသ၊ အာဆီယံ ဒေသအတွင်း စစ်ပွဲနှင့် ပဋိပက္ခကို ဦးတည်သည့် မည်သည့် ဖြစ်စဉ်ဖြစ်ရပ်များကိုမဆို မလိုလားဘဲ ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ပြီး ဒေသတွင်းတည်ငြိမ် အေးချမ်းရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သွားရန်လိုသည့် အခြေအနေများ၊ မြဝတီဘက်တွင် ဆောင်ရွက်လျက်ရှိသည့် ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံက ဆောင်ရွက်နေ သည့် OBOR စီမံကိန်းများနှင့် လုံး၀ သက်ဆိုင်ခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုမှ လုပ်ဆောင်ခြင်း ဖြစ်ပြီး တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ | ခေါင်းကြီးပိုင်းသတင်း | Thu, 07/16/2020 - 20:35 | mwd_webportal |
|
https://www.myawady.net.mm/node/35 | အရေးတကြီးထိန်းသိမ်းဖို့ လိုလာတဲ့ ကမ္ဘာကြီးရဲ့အဆုတ်များ | အရေးတကြီးထိန်းသိမ်းဖို့ လိုလာတဲ့ ကမ္ဘာကြီးရဲ့အဆုတ်များ။ယမန်နေ့မှအဆက် အထက်မှာပြောခဲ့သလို ပြုန်းတီးသွားတဲ့မိုးသစ်တောတွေကို ပြန်စိုက်နိုင်တယ်ဆိုပေမယ့်လည်း ပြန်မရနိုင်တာက နဂိုရှိခဲ့တဲ့အပင်မျိုးစိတ်တွေ ဖြစ်ပါတယ်။ တချို့အပင်မျိုးစိတ်တွေရဲ့အစေ့ကတော့ မြေကြီးပေါ်မှာကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်ပေမယ့် ပျက်စီးသွားတဲ့ပတ်ဝန်းကျင်မှာ တစ်ဖန်ပြန်လည်ရှင်သန်လာတဲ့ အပင်ကတော့ အရင်ကလို မျိုးရိုးဗီဇတွေနဲ့ရှင်သန်မှာ မဟုတ်တာတော့အမှန်ပါပဲ။ မိုးသစ်တောတွေက လူသားတွေကိုအကျိုးပြုနေတဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ ဒီသစ်တောတွေဟာ ရေသံသရာလည်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ရေသံသရာလည်တယ် ဆိုတာကတော့ ယေဘုယျအားဖြင့်ပြောရရင် အပင်တွေဟာ သူတို့ရဲ့အရွက်တွေကနေတစ်ဆင့် ရေကိုထုတ်ပေးပါတယ်။ ထွက်လာတဲ့ရေဟာ နေရောင်ခြည်ကြောင့် ရေခိုးရေငွေ့အဖြစ် အပေါ်ကိုတက်သွားပါတယ်။ ပြီးတဲ့အခါမှာ မိုးအဖြစ် ပြန်လည်ရွာသွန်းပါတယ်။ ဒီလိုရေသံသရာ လည်မှုမရှိရင် အဆိုးဆုံးဖြစ်လာနိုင်တာကတော့ မိုးခေါင်ရေရှားမှုပဲ ဖြစ်ပါတယ်။ တကယ်လို့သာ မိုးသစ်တောတွေ ပျက်စီးပြုန်းတီးမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ စိုက်ပျိုးရေးဧရိယာတွေဟာ ရေခန်းခြောက်မှုနဲ့ သေချာပေါက် ကြုံတွေ့ရမှာပါ။ ဒီလိုဆိုရင် သီးနှံတွေလည်း ဖြစ်ထွန်းအောင်မြင်မှု မရှိတော့ဘဲ အစာရေစာရှားပါး ပြတ်လပ်လာနိုင်ပါတယ်။။အဲဒီလိုရှားပါးမှုကို တလွဲဆံပင်ကောင်းပြီး ဖြေရှင်းပုံက သီးပင်စားပင်တွေကို ဓာတုဆေးရည်တွေသုံးပြီး ကြီးထွားရှင်သန်အောင် လုပ်လာကြပါတယ်။ အဲဒါရဲ့အကျိုးဆက်ကတော့ လူသားတွေဟာ ရောဂါဘယထူပြောပြီး အသက်တို လာပါတော့တယ်။ ဒါ့အပြင် သစ်ပင်သစ်တောတွေဆိုတာ ရေလွှမ်းမိုးမှု၊ ရေကြီးရေလျှံမှု၊ မြေပြိုကျမှု စတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးပေးနိုင်တဲ့ သဘာဝအတားအဆီးတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အလွန်တရာများပြားလှတဲ့မိုးရေတွေကို သစ်ပင်တွေက စုပ်ယူထိန်းသိမ်းပေးပါတယ်။ မြေကြီးတွေ ကိုလည်း သူတို့ရဲ့အမြစ်တွေနဲ့စပ်ယှက်ပြီး ထိန်းထားတဲ့အတွက် မြေပြိုကျမှုကို အလွယ်တကူ မဖြစ်စေပါဘူး။ လူသားတွေအပေါ် မိုးသစ်တောတွေအကျိုးပြုတဲ့ နောက်ဆုံးအချက်တစ်ချက်ကတော့ ကမ္ဘာပေါ်မှာအကြီးဆုံးသော မြေပြင်အထက်ရှိ ကာဗွန်ဒိုင်အောက်ဆိုက်သိုမှီးရာ နေရာအဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာ လူသားတွေရှူလို့မရတဲ့ လေဖြစ်ပါတယ်။ ဒီလေကို သစ်ပင်တွေကစုပ်ယူပြီး လူသားတွေအတွက် အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတာပါ။ တစ်ဖက်ကကြည့်မယ်ဆိုရင် သစ်ပင်တွေဟာ လူသားတွေရဲ့အသက်ကို ကယ်ဆယ်ထားတဲ့ ကျေးဇူးရှင်လို့ တောင်မှ ပြောနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ကာကွယ်ပေးတဲ့ အခန်းကဏ္ဍမှာ အဓိက ပါဝင်နေတာကလည်း မိုးသစ်တောတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်းမှာဆိုရင် အပူပိုင်းမိုးသစ်တောတွေ ဆုံးရှုံးမှုနှုန်းဟာ ရုတ်တရက်ဆိုသလို မြင့်တက်လာပါတယ်။ ဘရာဇီးလိုမျိုးနိုင်ငံတွေမှာဆိုရင် လူတွေက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့အတွက် မိုးသစ်တောဧရိယာတွေကို ထိပါးပြီး မြေရှင်းခြင်းတွေ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့မသိတာက မိုးသစ်တောဧရိယာမှာရှိတဲ့ မြေကြီးတွေဟာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးလို့ မဖြစ်ထွန်းနိုင်တဲ့မြေ ဖြစ်တယ်ဆိုတာပါပဲ။ ဒါ့အပြင် အဲဒီမြေတွေဟာ သြဇာဓာတ်တွေ အလွန်နည်းပါးတယ်ဆိုတာ ကိုလည်း လူတွေကမသိကြပါဘူး။။အဲဒီတော့ မိုးသစ်တောမြေပေါ်မှာရှိတဲ့ ကောက်ပဲသီးနှံတွေဟာ တစ်ရာသီလည်းမဖြစ်ထွန်း၊ နှစ်ရာသီလည်း မဖြစ်ထွန်းတဲ့ အခါမှာ လူတွေဟာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးဖို့အတွက် နောက်ထပ်နေရာအသစ်တစ်ခုကို ခုတ်ထွင်ရှင်းလင်း ပြန်ပါတယ်။ နေရာအသစ်ကို ခုတ်ထွင်ရှင်းလင်းရာမှာလည်း လူအပင်ပန်းသိပ်မခံဘဲ တောမီးရှို့လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်တဲ့ ငြှိမ်းလို့မနိုင်တဲ့ တောမီးလောင်မှုဟာ ဆီအုန်းပင်တွေ စိုက်ပျိုးဖို့အတွက် တောမီးရှို့ရာကနေ စတင်တာပါ။ ဒီလိုနည်းနဲ့ မိုးသစ်တောတွေဟာ တစ်စထက်တစ်စ ပြုန်းတီးလာရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ မိုးသစ်တောတွေ ပြုန်းတီးမှုပမာဏဟာ စတုရန်းကီလိုမီတာ ၃၈၀၀၀ ရှိပါတယ်။ ဒီပမာဏဟာ ၆ စက္ကန့်တိုင်းမှာ သက်တမ်းရင့်သစ်ပင်တွေ ဘောလုံးကွင်းတစ်ကွင်းစာ ဆုံးရှုံးနေတာနဲ့ ညီမျှပါတယ်။ မိုးသစ်တောတွေ ပြုန်းတီးလာတာနဲ့အမျှ သဘာဝဂေဟစနစ်လည်း ပျက်စီးလာပြီး ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာပါတယ်။ လူသားတွေမှာလည်း အနာရောဂါတွေ ထူပြောလာပါတယ်။ လူသားတွေမှာရောဂါဖြစ်ရတာဟာ ဗိုင်းရပ်ကြောင့် ဖြစ်ရတာလို့ဆို နိုင်ပေမယ့် အရင်းစစ်လိုက်ရင်တော့ လူသားတွေ နေရာချဲ့ထွင်မှုနဲ့ သစ်တောတွေ ပြုန်းတီးမှုကြောင့်ဖြစ်တာကို အထင်းသားတွေ့ရမှာပါ။ ယနေ့ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့ ကပ်ရောဂါဟာဆိုရင်လည်း ဒီလိုနည်းကြောင့်ပါပဲ။ အဲဒီကမ္ဘာ့ကပ်ရောဂါဟာ လူတွေရဲ့အဆုတ်ကို ဒုက္ခပေးတဲ့ တစ်နည်းအားဖြင့် အဆုတ်ပျက်စီးစေပြီး အဲဒီကနေမှ သေဆုံးမှုဆီဦးတည်စေတဲ့ရောဂါ ဖြစ်ပါတယ်။ ဒါဆိုရင် လူသားတွေရဲ့အဆုတ်ဟာ ဘယ်လောက်အထိအရေးပါလဲဆိုတာ သိနိုင်မှာပါ။ အလားတူပါပဲ။ မိုးသစ်တောတွေဆိုတာကလည်း ကမ္ဘာကြီးအတွက်တော့ ကြီးမားတဲ့အဆုတ်ကြီးတွေပါပဲ။ ဒီလိုအဆုတ်ကြီးတွေ ရှင်သန်နေမှ လူသားတွေလည်း အသက်ရှူချောင်မှာ ဖြစ်သလို အသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်မှာပါ။ အဆုတ်ကြီးတွေ ပျက်စီးသွားပြီဆိုရင် လူသားတွေလည်း နေရထိုင်ရခက်လာမယ်။ အနာရောဂါတွေ ထူပြောလာမယ်။ သစ်တောတွေနဲ့အတူ ဂေဟစနစ်တွေ ပျက်စီးသွားရင် လူသားတွေရဲ့ဘဝဟာလည်း အလွန်တိုတောင်းလာမှာ အမှန်ပါပဲ။ ဒါကြောင့် လူသားတွေ အသက်ရှည် ကျန်းမာစေဖို့အတွက် ကမ္ဘာ့အဆုတ်ကြီးတွေဖြစ်တဲ့ မိုးသစ်တောတွေကို ထိန်းသိမ်းဖို့ဆိုတာ အလွန်ကို အရေးကြီးတဲ့ အခြေအနေ ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။ဃနဏဖတ်ခဲ့သည်။ | null | null | Fri, 07/17/2020 - 14:13 | mwd_webportal |
https://www.myawady.net.mm/node/36 | အရေးတကြီး ထိန်းသိမ်းဖို့ လိုလာတဲ့ ကမ္ဘာကြီးရဲ့အဆုတ်များ | လူသားတွေ အသက်ရှင်သန်ဖို့အတွက် လိုအပ်တဲ့အရာတွေထဲမှာ အောက်ဆီဂျင်လို့ခေါ်တဲ့ လေကောင်းလေသန့်လည်း ပါဝင်ပါတယ်။အောက်ဆီဂျင်တွေကိုထုတ်ပေးနေတာကတော့ ကမ္ဘာ့သမုဒ္ဒရာကြီးတွေနဲ့ အပင်တွေပဲဖြစ်ပါတယ်။ အပင်တွေဟာ လူသားတွေစွန့်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုရှူပြီး အောက်ဆီဂျင်ကိုပြန်ထုတ်ပေးတာပါ။ဒီအပင်တွေထဲမှာမှ အပူပိုင်းမိုးသစ်တောတွေဟာ ကမ္ဘာကြီးရဲ့ အဆုတ်များလို့တောင် တင်စားခေါ်ဝေါ်ရတဲ့အထိ အလွန်ကိုအရေးပါပါတယ်။။မိုးသစ်တောတွေပေါက်ရောက်တဲ့နေရာကတော့ အီကွေတာအနီးဝန်းကျင်မှာ ဖြစ်ပြီး အပူချိန်နဲ့ စိုထိုင်းဆမြင့်မားတဲ့ ဒေသတွေမှာ ဖြစ်ပါတယ်။အဲဒီတောအုပ်တွေရဲ့တချို့နေရာတွေမှာဆိုရင် နေပြောက်မထိုးနိုင်အောင်ကို သစ်ပင်တွေထူထပ်လှပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ပျော်စံရာနေရာလည်း ဖြစ်ပါတယ်။။လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းမိုးသစ်တောစုစုပေါင်းဧရိယာက စတုရန်းမိုင် ၂ ဒသမ ၄ သန်းရှိပါတယ်။ အရင်တစ်ချိန်တုန်းက ဆိုရင်တော့ လက်ရှိပမာဏထက် သုံးဆပိုများတယ်လို့ သိရပါတယ်။လူသားတွေအပေါ်အပူပိုင်းမိုးသစ်တောတွေရဲ့ အကျိုးပြုမှုက မြောက်မြားလှပါတယ်။ အထူးသဖြင့်တော့ အထက်မှာ ဆိုခဲ့သလို လူသားတွေ အသက်ရှင်သန်ဖို့အတွက် အောက်ဆီဂျင်တွေ ထုတ်ပေးခြင်းပါပဲ။ကမ္ဘာ့အကြီးဆုံး မိုးသစ်တောဖြစ်တဲ့ အမေဇုန်မိုးသစ်တောဟာဆိုရင် ကမ္ဘာကြီးအတွက်လိုအပ်တဲ့ အောက်ဆီဂျင် ပမာဏစုစုပေါင်းရဲ့၂၀ ရာခိုင်နှုန်းကို ထုတ်ပေးနေပါတယ်။။တကယ်လို့များ အမေဇုန်မိုးသစ်တောကြီးသာ ပြုန်းသွားမယ်ဆိုရင် လူသားတွေအတွက် အောက်ဆီဂျင်ရရှိနိုင်မှုဟာ အလွန်ကိုပဲ ဒုက္ခရောက်သွားပါလိမ့်မယ်။မိုးသစ်တောတွေဟာ မိမိတို့လူသားတွေအတွက် အလွန်သန့်ရှင်းစင်ကြယ်တဲ့ အောက်ဆီဂျင်ကိုထုတ်လုပ်ပေးရာ နေရာကြီး ဖြစ်တာကြောင့် အဲဒီသစ်တောတွေကို လူသားတွေက ကာကွယ်ပေးဖို့အလွန် လိုအပ်ပါတယ်။။မြန်မာရာဇဝင်ထဲမှာ ဆေးဆရာကြီးဇီဝကဆိုတာ ရှိပါတယ်။ သူ့ဆရာက သူ့ကိုဆေးပညာတွေသင်ပေးပြီး တစ်နေ့မှာ တောထဲမှာရှိတဲ့ ဆေးဖက်မဝင်တဲ့ အပင်တွေကို ရှာလာဖို့ ခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ဇီဝကဟာ လက်ဗလာနဲ့ပဲပြန်လာပါတယ်။ သူ့ရဲ့အဖြေကတော့ ဆေးဖက်မဝင်တဲ့ အပင်တစ်ပင်မှ မရှိဘူးဆိုပြီး ဖြစ်ပါတယ်။။ဒီသာဓကကို ကြည့်ခြင်းအားဖြင့် အပင်မှန်သမျှဟာ ဆေးဖက်ဝင်တယ် ဆိုတာ သိနိုင်ပါတယ်။ ဒီလိုဆေးဖက်ဝင်တဲ့အပင် အများအပြားဟာ မိုးသစ်တောထဲမှာ ပေါက်ရောက်ပါတယ်။အထူးသဖြင့် အဲဒီသစ်တောတွေထဲမှာနေတဲ့ ဒေသခံတိုင်းရင်းသားတွေဆိုရင် သူတို့အတွက်လိုအပ်တဲ့ ဆေးဝါးကို အပင်တွေဆီကသာ ရယူတာပါ။ ဘယ်အပင်တွေကတော့ ဘာရောဂါအတွက် သုံးနိုင်တယ်ဆိုတာကို သူတို့တွေက ကောင်းကောင်းသိပါတယ်။။ယနေ့ခေတ် အနောက်တိုင်းဆေးပညာရှင်တွေ အနေနဲ့ သုတေသနမပြု နိုင်သေးတဲ့ ဆေးဖက်ဝင်အပင်တွေဟာ မိုးသစ်တောထဲမှာ အများအပြား ရှိနေပါသေးတယ်။ဒါကြောင့် မိုးသစ်တောတွေသာ ပျက်စီးသွားပြီဆိုရင် လူသားတွေမှာ ဖြစ်လာတဲ့ရောဂါတွေကို ကုသဖို့အတွက် ဆေးဝါးအရင်းအမြစ်တွေလည်း ပျောက်ဆုံးသွားနိုင်သလို ဆေးဝါးအသိပညာတွေလည်း ပျောက်ဆုံးသွားနိုင်ပါတယ်။မိုးသစ်တောတွေမှာ ဆေးဖက်ဝင်အပင်တွေသာ ပေါများတာမဟုတ်ပါဘူး။ ဇီဝမျိုးစုံမျိုးကွဲတွေ အလွန်ပေါများရာ နေရာလည်း ဖြစ်ပါတယ်။။အမေဇုန်မိုးသစ်တောဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လူသိပြီးသားမျိုးစိတ် ၁၀ ရာခိုင်နှုန်း ရှင်သန်ကျက်စားရာနေရာ ဖြစ်ပါတယ်။ သဘာဝထိန်းသိမ်းရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အမေဇုန်မိုးသစ်တောရဲ့စတုရန်းမိုင်၄ မိုင်(ဧက ၂၅၆၀) အတွင်းမှာ ငှက်မျိုးစိတ်ပေါင်း ၄၀၀ နဲ့ လိပ်ပြာမျိုးစိတ်ပေါင်း ၁၅၀ အထိရှိတယ်လို့ သိရပါတယ်။။ဒါ့အပြင် လူသားတွေမသိရှိသေးတဲ့ မျိုးစိတ်တွေလည်း အများအပြားရှိနေပါသေးတယ်။ သိပ္ပံပညာရှင်တွေဟာ အပူပိုင်းမိုးသစ်တော တွေထဲမှာ နေထိုင်ကျက်စားတဲ့ တိရစ္ဆာန်မျိုးစိတ်တွေကို လေ့လာသုတေသနပြုပါတယ်။ သုတေသနပြုတဲ့ နေရာကတော့ တောင်အမေရိက ကိုးနိုင်ငံမှာပါ။။သုတေသနလုပ်တဲ့ တစ်နှစ်အတွင်းမှာပဲ အဲဒီနိုင်ငံတွေရဲ့ အမေဇုန်မိုးသစ်တောထဲမှာ တိရစ္ဆာန်မျိုးစိတ်အသစ် ၃၈၁ မျိုးကိုတွေ့ရှိတယ်လို့ ဆိုပါတယ်။အဲဒီအထဲမှာ ငါးမျိုးစိတ်အသစ် ၉၃ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၃၂ မျိုး၊ နို့တိုက်သတ္တဝါအမျိုး ၂၀ နဲ့ တွားသွားသတ္တဝါ ၁၉ မျိုးတို့လည်း ပါဝင်ပါတယ်။။လူသားတွေဟာ ကိုယ့်သတ်မှတ်နေရာမှာ ကိုယ်နေပြီး တိရစ္ဆာန်တွေကိုလည်း သူတို့ရှင်သန်ဖို့အတွက် နေရာပေးသင့်ပါတယ်။ ဒါမှသာ အမျိုးမျိုးသော သက်ရှိတွေဟာ ကမ္ဘာပေါ်မှာ အတူယှဉ်တွဲ နေထိုင်နိုင်မှာပါ။အဲဒီလိုမှမဟုတ်ဘဲ လူသားတွေက ကိုယ့်အတ္တအတွက် တိရစ္ဆာန်တွေရဲ့ နေရာတွေကို လုယူမယ်ဆိုရင်တော့ တိရစ္ဆာန်တွေဆီကနေ လူသားတွေဆီကို ရောဂါပိုးတွေကူးစက်မှုကြောင့် ယနေ့ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မကြားဘူးတဲ့ရောဂါတွေ ထပ်ဖြစ်လာဦးမှာ မလွဲဧကန်ပါပဲ။။နောက်တစ်ခုက မိုးသစ်တောတွေထဲမှာ အပင်မျိုးစိတ်တွေ အများအပြားရှင်သန်ကြပါတယ်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အမေဇုန်မိုးသစ်တောကြီးရဲ့ မြေတစ်ဟက်တာမှာ အပင်မျိုးစိတ်ပေါင်း ၄၀ ကနေ ၁၀၀ အထိရှိတယ်လို့ သိရပါတယ်။။အပင်မျိုးစိတ်စုစုပေါင်း ၈၀၀၀၀ ကျော်ဟာ အမေဇုန်မိုးသစ်တောထဲမှာ ရှင်သန်ပေါက်ရောက်နေကြတာပါ။ ဒီအပင်တွေဟာ မျိုးရင်းတိရစ္ဆာန်တွေနဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် အသက်ရှင်သန်ဖို့ မရှိမဖြစ်အရေးပါတဲ့ အပင်တွေဖြစ်ပါတယ်။တစ်ဆက်တစ်စပ်တည်းပြောရရင် မိုးသစ်တောတွေထဲမှာ အမည်မတပ်နိုင်သေးတဲ့ အပင်မျိုးစိတ်အများအပြား ရှိနေပါသေးတယ်။ ဒီအပင်မျိုးစိတ်တွေဟာ အလွန်အသုံးဝင်တဲ့ ဆေးဖက်ဝင်အပင်တွေသာ ဖြစ်ခဲ့ရင် မိုးသစ်တောတွေကို ပြုန်းတီးအောင်လုပ်ခြင်းဟာ လူသားတွေကို သတ်လိုက်သလိုဖြစ်သွားမှာ အမှန်ပါပဲ။။သစ်တောတွေပြုန်းတီးသွားပြီဆိုရင်သစ်ပင်တွေပြန်စိုက်လို့ရတာ မှန်ပါတယ်။ ပြုန်းတီးသွားတဲ့ မိုးသစ်တောတွေ ဟာလည်း ပြန်လည်ရှင်သန်နိုင်ပါတယ်။ ပူနွေးတဲ့ရာသီဥတုမှာဆိုရင် သစ်ပင်တွေဟာ အလွန်ကိုပဲ ကြီးထွားမြန်ပါတယ်။ဒါပေမဲ့လည်း အရင်လိုမိုးသစ်တောကြီး တစ်ခုအဖြစ်ကို ပြန်ရဖို့အတွက် အချိန်များစွာပေးဆပ်ရဦးမှာပါ။ အသစ်ဖြစ်ပေါ်လာတဲ့ မိုးသစ်တောဟာ ပထမမိုးသစ်တောနဲ့ အတူတူဖြစ်နိုင်မှာ မဟုတ်သလို ဘယ်လိုမှလည်း နှိုင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး။။အပူပိုင်းသုတေသန အဖွဲ့တစ်ဖွဲ့က ပနားမားတူးမြောင်း တစ်လျှောက်လုပ်တဲ့ သုတေသနအရဆိုရင် မိုးသစ်တောအသစ် ပြန်ပေါက်တာဟာ ၃၂ နှစ်ကြာသည့်တိုင်အောင် အရင်တုန်းကရှိခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲတွေတော့ အရင်အတိုင်း မရှိတော့ဘူးလို့ သိရပါတယ်။။ထက်မြက် | null | null | Fri, 07/17/2020 - 15:24 | mwd_webportal |
https://www.myawady.net.mm/node/37 | အသက်ငယ်ရွယ်သော်လည်း သက်တော်စောင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အာဇာနည်ရဲဘော် ကိုထွေး | အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်နေ့ရက်သို့ ရောက်ရှိရန်ရက်ပိုင်းမျှသာလိုတော့သည်။ (၇၃)နှစ်ပြည့် အာဇာနည်နေ့ကျင်းပရန် ပြင်ဆင်မှုများ ကို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ဆောင်ရွက်နေကြပြီး အသက်ငယ်ရွယ်သော်လည်း သက်တော်စောင့်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အာဇာနည် ရဲဘော်ကိုထွေး အကြောင်းကိုရေးသား ဂုဏ်ပြုရန်ရဲဘော်ကိုထွေး၏ တူဖြစ်သူ ဦးအောင်ကိုကိုနှင့် သွားရောက် တွေ့ဆုံဖြစ်ခဲ့သည်။။အဘကဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း) အောင်ကိုကိုဖြစ်ပါတယ်။တပ်မတော် (ရေ)မှာတာဝန်ထမ်း ဆောင်ခဲ့ တာပါ။ ရဲဘော်ကိုထွေးမှာ အစ်ကိုသုံးယောက်နဲ့ အစ်မနှစ်ယောက်ရှိပါတယ်။ သူကတော့ အထွေးဆုံးပါ။ရဲဘော်ကို ထွေးက ငယ်ငယ် ကတည်းက စကားပြောရင် သူ့ကိုယ်သူ ကိုကိုဆိုပြီးပြောတဲ့အတွက် တစ်သက်လုံး အိမ်မှာခေါ်ခဲ့ကြတာ ကိုကိုပါ။ ရဲဘော် ကိုထွေးက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာကျဆုံးခဲ့တယ်။ ကျွန်တော် ကတော့ သူမကျ ဆုံးခင် ခြောက်ရက်အလို ဇူလိုင် ၁၃ ရက်မှာ မွေးပါတယ်။ ရဲဘော်ကိုထွေးဆုံးသွားတော့ကျွန်တော့်အဘိုးက သူ့သားဆုံးသွားတဲ့အတွက် ကျွန်တော်က သူ့ကိုယ်စားရောက် လာတာဆိုပြီးတော့အောင်ကိုကိုလို့ ခေါ်တယ်။ အောင်ဆိုတာကတော့ တနင်္ဂနွေ သားဖြစ်တဲ့အတွက် ပေးတာပါ။ ကိုကိုဆို တာက တော့ရဲဘော် ကိုထွေးရဲ့ အိမ်မှာ ခေါ်တဲ့နာမည်နဲ့ ပေါင်းပြီးအောင်ကိုကို ဆိုပြီးပေးခဲ့တာပါ။ရဲဘော်ကိုထွေးက အာဇာနည်ကိုးဦးထဲမှာထူးခြားတယ်လို့ ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ သူက အသက်အားဖြင့် လည်းငယ်တယ်။ ပညာအားဖြင့်လည်း နည်းပါးပါတယ်။ ကိုး တန်းမှာ ပညာသင်ရင်း သက်တော် စောင့် ဖြစ်သွားတာ။သူတို့ခေတ်က တိုက်ပွဲတွေ ဖြစ်နေတော့ ပညာဆိုတာလည်း သေသေ ချာချာမသင်ရဘူး။အတွေ့အကြုံအားဖြင့်လည်းနည်းပါးပါတယ်။ပြောမယ် ဆိုရင် အတွေ့အကြုံဘာမှ မရှိသေးပါဘူး။ မန္တလေးဗဟို အမျိုးသားအထက်တန်း ကျောင်းမှာတက်ပြီး ပြည်သူ့ ရဲဘော်အဖွဲ့မှာ ဝင်ရောက်လှုပ်ရှားတဲ့ အတွေ့အကြုံပဲ ရှိတာ။ ဗိုလ်ချုပ်က ဆရာကြီး ဦးရာဇတ်ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ ၂၆ရက်မှာ ပညာရေးနှင့်အမျိုးသား စီမံကိန်း ဝန်ကြီးခန့်လိုက်တော့မတ်လလောက်က စပြီး ရန်ကုန်မှာ ကိုထွေးတို့က အလုပ်စလုပ်တာ ဖြစ်တဲ့အ တွက်သက်တော်စောင့်လုပ်တဲ့ သက်တမ်းကလေးလလောက်ပဲရှိတယ်။ အာဇာနည်ရှစ်ဦးကအစည်းအဝေး ခန်းထဲမှာ သေနတ်နဲ့ ဝင်ပစ်လို့ ကျဆုံးသွားတာ။ ကိုထွေးက အစည်းအဝေးခန်းရဲ့ မလှမ်းမကမ်း မျက်စောင်းထိုးမှာရှိတဲ့ဆရာကြီး ဦးရာဇတ်အခန်းထဲမှာ ရှိနေတာ။သူသာ အခန်းထဲမှာ နေနေရင်လွတ်တယ်။ ဒါပေမဲ့ သူကဗိုလ်ချုပ်နဲ့ဆရာကြီး အပေါ်မှာ ရိုသေလေးစားတယ်။ အဲဒီစိတ်တွေနဲ့ သူက လုပ်ကြံတဲ့သူတွေကိုသူ့လက်ထဲမှာ ရှိတဲ့ ခြောက်လုံးပြူးနဲ့ပစ်ခတ်ဖို့ ကြိုးစားတဲ့ အတွက် ကျဆုံးခဲ့ရတာ။ ဘာလို့လဲဆိုတော့ လူသတ်သမားတွေ ထွက်သွားတဲ့ အချိန်မှာ သတင်းထောက် မောင်သန်းကို တွေ့တယ်။မလှုပ်နဲ့ ဝပ်နေလို့ အော်တဲ့အချိန်မှာ မောင်သန်းကဝပ်နေတယ်။မောင်သန်းကို မသတ်သွားဘူး။ ဒါတွေကို ကြည့်ခြင်းအား ဖြင့် ကိုထွေးက တိုင်းပြည်အပေါ်မှာ ထားရှိ တဲ့စိတ်နဲ့ဗိုလ်ချုပ်နဲ့ ဆရာကြီး ဦးရာဇတ်အပေါ်မှာသစ္စာရှိပြီးရိုသေတဲ့ စိတ်တွေ ကြောင့် အသက်ငယ်ပေမယ့် အာဇာနည် တစ်ယောက်ဖြစ်ခဲ့တာပါ။။ရဲဘော်ကိုထွေးကို လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့က မွေးဖွားခဲ့ပြီး မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ်မှာ နေတာပါ။ငယ်ငယ်လေးက တည်းက သတ္တိရှိတယ်၊ သနားတတ်တယ်၊ ဆက်ဆံရေး ကောင်းတယ်၊မွေးမြူရေး ဝါသနာပါတယ်၊ မဟုတ်မခံစိတ်ဓာတ်ရှိတယ်။အဖေကလည်းသန်မာတယ်။မန္တလေးနဲ့ ရန်ကုန်ကို စက်ဘီးနဲ့ ခရီးသွား တယ်။အမေကကျောင်းဆရာမဖြစ်ပြီး ယဉ်ကျေးတယ်။ စကားပြော ကောင်းတယ်။ မိဘနှစ်ပါးစလုံးရဲ့စိတ်နေ စိတ်ထားနဲ့ သွေးကရဲဘော်ကိုထွေးမှာ အပြည့်ရှိတယ်။အစ်ကို သုံးယောက်က လက်ဝှေ့အပျော်တမ်း ထိုးတယ်။ သူကတော့ ရေကူးတာဝါသနာပါတယ်။ ၁၉၄၅ ခုနှစ်မှာ မင်းကွန်း ဘက်ကို ရှောင်ပြေးခဲ့ရတယ်။ မင်းကွန်းမှာ ဧရာဝတီမြစ်နဲ့နီးတဲ့အတွက် ရေပိုပြီး ကူးဖြစ်တယ်။ ဘယ်လောက်ထိ ကူးနိုင်လဲဆိုရင် ဧရာဝတီ မြစ်ကိုတောင် ဖြတ်ကူးနိုင်ခဲ့တယ်။ အဲဒီမှာ သူက ဘဲလေးတွေမွေးတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲရင်လည်း သူများတွေလို ဝင်မပုန်းဘူး။ သူမွေးထားတဲ့ ဘဲလေးတွေကို သေချာ သိမ်းတယ်။ ပြီးရင် ဗုံးလာကြဲတဲ့ လေယာဉ်တွေကိုမန်ကျည်းပင်ပေါ်တက်ပြီး လိုက် ကြည့်တယ်။ နောက် အင်္ဂလိပ်က ပြန်ဝင် လာတော့ သူတို့မိသားစုတွေ မန္တလေးမှာ ပြန်နေကြတယ်။ရဲဘော်ကိုထွေးက ဘယ်လောက်ထိမျိုးချစ်စိတ်ရှိ လဲဆိုရင် အင်္ဂလိပ်ကိုမြင်တိုင်းကျွန်ပြုခဲ့တယ်ဆိုပြီးခဲနဲ့ထုဖို့ လုပ်ခဲ့တဲ့အတွက်ဆရာကြီး ဦးရာဇတ်ဆီကိုသူ့မိဘ တွေက အပ်ခဲ့ရ တယ်။ ကလေးရဲ့ မျိုးချစ်စိတ်က မျက်ကန်း မျိုးချစ်တဲ့စိတ်ဝင်သွားမှာစိုးတဲ့အတွက် ဆရာကြီး သွန်သင်ပေးပါဆိုပြီး အပ်ခဲ့တာပါ။ ရဲဘော်ကိုထွေးက ဆရာကြီး ဦးရာဇတ် ကျောင်းမှာဖွင့်တဲ့မန္တလေးမြို့ အပျော်တမ်း ရဲတပ်ဖွဲ့သင်တန်းတက်တယ်။ပြည်သူ့ ရဲဘော်တပ်ဖွဲ့ထဲကို ဝင်ခဲ့တယ်။၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလမှာ ဆရာကြီးဦးရာဇတ်ကို ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး ခန့်လိုက်တော့ ရဲဘော် ကိုထွေးကို သက်တော်စောင့်လုပ်ဖို့ဆရာကြီးက ပြောခဲ့ တယ်။ သူ့ရဲ့ မိဘတွေကိုလည်း ဆရာကြီး က ခွင့်တောင်းခဲ့ တယ်။ ကိုထွေးရဲ့ အဖေက ဘာပြောလိုက်လဲဆိုရင် ဆရာကြီး သေသေရှင်ရှင် ဆရာကြီးနဲ့အတူ ထည့်ပေး လိုက်ပါ မယ်လို့ပြောခဲ့တယ်။ ကိုထွေးက သက်တော်စောင့်တာဝန်ထမ်းဆောင်တဲ့အချိန်မှာ လည်း ပြည်သူ့ရဲဘော် ဝတ်စုံကိုပဲ ဝတ်တယ်။ တကယ်တော့ သူက ရဲအုပ်အဆင့်နဲ့ သက်တော်စောင့် တာဝန် ထမ်းဆောင် ရတာ။ ရဲဝတ်စုံ မထုတ်ရသေးဘူး။ကွယ်လွန်တဲ့ အချိန်ထိ ပြည်သူ့ရဲဘော် ဝတ်စုံကိုပဲဝတ် ထားတဲ့အတွက် ပြည်သူတွေက ရဲဘော် ကိုထွေးလို့ပဲ သိကြတယ်။။ကိုထွေးကျဆုံးသွားတော့ နိုင်ငံတော်က ကိုထွေးအတွက် ထောက်ပံ့ကြေးငါးထောင် ပေးတယ်။လစဉ်တစ်လကိုသုံးရာထောက်ပံ့တယ်။ ဘိုကလေးဈေးမှာ ဆိုင်ခန်းတစ်ခန်းပေးတယ်။သူ့ရဲ့မိဘတွေက မန္တလေးမှာနေရာက သူ့သား ဆုံးသွားတဲ့ ရန်ကုန်မှာ နေမယ်ဆိုပြီးတော့ ထောက်ပံ့ ကြေးငါးထောင်ကိုသာ ယူခဲ့တယ်။ ကျန်တဲ့ ထောက်ပံ့မှု တွေကို နိုင်ငံတော်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အသုံးပြုဖို့ ပြန်လည်လှူဒါန်းခဲ့ ပါတယ်။ ထောက်ပံ့ ကြေးငါးထောင်နဲ့ သူ့ရဲ့ မိဘတွေက အလုံ စက်တွင်းလမ်း အမှတ်(၇ဝ)အကွက်မှာ ပေ(၂ဝ x ၄ဝ)ခြံကွက်လေး ဝယ်တယ်။ ပျဉ်ထောင်သွပ်မိုးနှစ်ထပ်အိမ်လေးနဲ့ ဘဝနေဝင်ချိန်အထိနေထိုင်ခဲ့ကြတယ်။။ဒီနှစ်တော့ အာဇာနည်နေ့ အခမ်းအနား မတက်ရတော့ဘူးလို့ထင်ထားပြီးစိတ်မကောင်းဖြစ်နေတာ။ အခုတော့ မိသားစု တစ်စုကို လေးယောက်တက်ခွင့် ရှိတယ်ဆိုပြီး သိရတယ်။ ဘာပဲဖြစ်ဖြစ် အခမ်းအနား တက်ရတယ် ဆိုတာနဲ့တင်ပျော်နေမိပါ တယ်။ နောက်ပိုင်းကျတော့ မိသားစုတစ်စု ကိုလေးယောက်တက်ခွင့်ပြုလိုက်တယ်။ အရင်နှစ်တွေ ကလို ဧည့်ခန်းမမှာ နားနေခွင့် မရှိဘူး။ ကားပေါ်မှာပဲနေရမယ်၊ အလှည့်ကျ ဂါရဝပြုရမယ်ဆိုပြီး သိခဲ့ရပါတယ်။ ဒါက လည်း COVID-19 ရောဂါ အခြေအနေကြောင့်ဆောင်ရွက်တာဖြစ်တဲ့အတွက်ဆီလျော် မှု ရှိပါတယ်။ အဘတို့ငယ်စဉ်က ဇူလိုင် ၁၉ ရက်ရောက်ပြီဆိုရင် ညီအစ်ကို တွေ နှစ်ယောက်တစ်တွဲ ပန်းခွေကို ထမ်းပြီးအာဇာနည်ဗိမာန်ကိုချီတက်ခဲ့ကြတယ်။အရင်က အစမ်းလေ့ကျင့်တာတွေရှိတယ်။အဘစစ်တက္က သိုလ် က ဆင်းပြီးတော့ဒုဗိုလ်ဘဝနဲ့ အခမ်းအနား တက်ခဲ့ရတယ်။ ဗိုလ်ဘဝနဲ့အခမ်းအနား တက်ခဲ့ တယ်။ အခမ်းအနား သွားခါနီးမှ စီးမယ့်ကားက ပျက်နေတဲ့အတွက် စိတ်မောလူမောနဲ့ အာဇာနည်နေ့ အခမ်း အနားတက်ခဲ့ရတာ တွေကတော့ အမှတ်ရစရာ လေးတွေလည်း ရှိပါတယ်။။အသက်အားဖြင့်ငယ်ရွယ်သေးသော်လည်း အာဇာနည် ခေါင်းဆောင်ကြီးများအားလုပ်ကြံမည့် သူများကိုတိုင်းပြည် နှင့် လူမျိုးအတွက်အသက်ပေးကာတားဆီး ကာကွယ်ခဲ့သည့်ရဲဘော်ကိုထွေး ကျဆုံးခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၇၃) နှစ် တိုင်ခဲ့ပြီဖြစ်သည်။ | null | null | Sun, 07/19/2020 - 12:19 | mwd_webportal |
https://www.myawady.net.mm/node/43 | ပြည့် အင်အားသည် ပြည်တွင်းမှာသာ ရှိသည် | အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၈ ရက်)။လူတစ်ယောက်တွင် လိုအပ်သော အရည်အချင်းမှာ ဗလငါးတန်ဖြစ်သည်။ ထိုဗလငါးတန်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလတို့ဖြစ်သည်။ ခွန်အားကြီးမားခြင်း၊ ဉာဏ်ပညာကြီးမား ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ မိတ်ကောင်းဆွေကောင်းရှိခြင်း၊ စည်းစိမ်ဥစ္စာချမ်းသာခြင်းတို့ရှိမှသာ လူ့ဘဝတွင် လူရိုသေ ရှင်ရိုသေ မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာကွယ်ရေး အင်အားတောင့်တင်းခြင်း၊ ပညာ အရည် အချင်းနှင့်ပြည့်စုံသူများပြားခြင်း၊ ကိုယ်ကျင့်သီလ ကောင်းမွန်သူပေါများခြင်း၊ မြန်မာ့အရေးကိုမှန်ကန်စွာ ရပ်တည် မည့် မိတ်ဆွေကောင်း နိုင်ငံများရှိခြင်းနှင့် နိုင်ငံတော်၏ စီးပွားရေးခိုင်မာတောင့်တင်းခြင်းတို့ဖြင့် ပြည့်စုံနေမည် ဆိုလျှင် ကမ္ဘာမှာမြန်မာဟေ့လို့ ကြွေးကြော်နိုင်သည့်အပြင် မြန်မာကိုကမ္ဘာက လေးစားလာပါမည်။ ယနေ့ကမ္ဘာတွင် စစ်အင်အားကြီးထွားမှု၊ နည်းပညာတိုးတက်ကောင်းမွန်မှု၊ စီးပွားရေး အင်အားတောင့်တင်း မှုတို့က အရေးပါ အရာရောက်ဆဲဖြစ်သည်။ ယင်းအချက်များကို ပိုင်ဆိုင်သော နိုင်ငံများက ဒီမိုကရေစီအရေး၊ လူသားတို့၏ အခွင့်အရေး၊ လွတ်လပ်ခွင့်အရေး စသည်ဖြင့်ခေါင်းစဉ် အမျိုးမျိုးတပ်ကာ နိုင်ငံငယ်များ၏ ပြည်တွင်း ရေးကို စွက်ဖက်ခြယ်လှယ်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အတွက် ဗလငါးတန်သည် အမှန်ပင် လိုအပ် လှပေသည်။ ဗလငါးတန်ပြည့်စုံရန်မှာ နိုင်ငံအတွင်းရှိပြည်သူများက တစည်းတလုံးတည်းသော စိတ်ဓာတ်ဖြင့် ကြိုးစားမှုရှိရပေမည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော ဆောင်ပုဒ်သည် နိုင်ငံတော် အတွက် အမှန်ပင်လိုအပ်ပြီး ထိုအတိုင်းလည်း ကျင့်သုံးဆောင်ရွက်ရန် လိုပေသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ တပ်မတော်သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်နှင့် ပတ်သက်၍ ''အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုဆိုတာ ကမ္ဘာပေါ် မှာ မလွဲမသွေဖြစ်နေသည့် ကိစ္စဖြစ်ကြောင်း၊ အရင်တုန်းက ရုရှားဆိုဗီယက်နှင့် အမေရိကန် အားပြိုင်မှုတွေရှိခဲ့ ကြောင်း၊ တရုတ်အားကောင်းလာတော့ တရုတ်နှင့် အားပြိုင်မှုရှိခဲ့ကြောင်း၊ ဒါတွေက အင်အားကြီးသည့်နိုင်ငံ တွ ေပေါ်ပေါက်လာသည့်အချိန်မှာ တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီ အနေအထားအရ အင်အားကြီး နိုင်ငံများ၏ ဘေးတွင် နေထိုင်ရတာဖြစ်ပါကြောင်း၊ အိမ်နီးချင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့် မရှိပါကြောင်း၊ မြန်မာ နိုင်ငံအနေနှင့် နိုင်ငံခြားရေးမူဝါဒမှာလည်း လွတ်လပ်ပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကျင့်သုံးလျက် ရှိကြောင်း၊ အစဉ်အဆက် သုံးစွဲလာသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ရပ်အတိုင်း ဆောင်ရွက် လျက်ရှိကြောင်း၊ အဓိကဘယ်လိုပဲဆက်ဆံသည်ဖြစ်စေ၊ ဘယ်လိုပဲနေသည်ဖြစ်စေ မိမိတို့ မမှိတ်မသုန်ယုံကြည် ထားရမှာက ''ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်''ဆိုတာယုံကြည်ထားရမှာဖြစ်ကြောင်း''ထည့်သွင်း ဖြေကြားခဲ့ပါသည်။ မြန်မာစကားပုံတွင် မြေနိမ့်ရာလှံစိုက်ဟူသော စကားပုံတစ်ခုရှိသည်။ အဓိပ္ပာယ်မှာ မြေနိမ့်ရာတွင် လှံကိုစိုက်သ ကဲ့သို့ နိမ့်ပါးသူကိုမှ ဖိစီးနှိပ်စက်တတ်သည့်သဘောကိုဆိုလိုရင်းဖြစ်သည်။ ပြည်တွင်းအင်အား တောင့်တင်း ခိုင်မာမှု မရှိလျှင် မြေနိမ့်ရာလှံစိုက်ခံရသည့် ပမာဖြစ်သွားပေလိမ့်မည်။ မြေနိမ့်သည်ဟုဆိုရာတွင် လူတစ်ယောက် အနေဖြင့် စဉ်းစားကြည့်မည်ဆိုပါက မိမိဘဝနိမ့်ကျခြင်း၊ မြင့်မားသွားခြင်းသည် မိမိ၏ အရည်အချင်း၊ ဆောင်ရွက်မှု ပေါ်တွင် သာမူတည်လေသည်။ လှံအစိုက်ခံရခြင်းသည် မိမိ၏ အရည်အချင်းညံ့ဖျင်း ခြင်းကြောင့် ဖြစ်သည်။ တောထဲတွင် လှံဖြင့်တောလိုက်နေသည့် မုဆိုးတစ်ဦးသည် တောထဲ၌အနားယူသည့်အခါ လှံကိုမြေပြင်မှာ စိုက်၍ နားလေ့ရှိသည်။ ထိုအချိန်တွင် သူ့ထက်မြင့်သောနေရာတွင် လှံစိုက်မည်လား၊ နိမ့်သည့်နေရာတွင် လှံစိုက်မည်လား စဉ်းစားကြည့်ပါက မြင့်သည့်နေရာတွင် လှံစိုက်ထားပါက အရေးအကြောင်းတစ်ခုခုကြုံလျှင် လှံကိုထ၍ ယူနေရ ပေမည်။ မြေနိမ့်ရာတွင်လှံစိုက်လိုက်ပါက အလွယ်တကူယူနိုင်သည်။ မြေနိမ့်ရာလှံစိုက်ဆို သည့်စကားရပ်ကို လေးလေး နက်နက်စဉ်းစားကြည့်ပါက မြေနိမ့်သည့်သူ အပြစ်လား၊ လှံစိုက်သည့်သူအပြစ်လား ကွဲကွဲပြားပြား မြင်တွေ့ နိုင်သည်။ မိမိတို့နိုင်ငံသည် အထက်တွင် ဖော်ပြခဲ့သောဗလ ငါးတန်နှင့်ပြည့်စုံနေမည် ဆိုပါက မည်သူကမျှ ထိပါး စော်ကား ရဲမည် မဟုတ်ပေ။ မြေနိမ့်ရာတွင် လှံစိုက်ခြင်းကြောင့် မြေနိမ့်ခြင်းမျိုး မရှိအောင် အားလုံးကကြိုးစား ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသောစကားရပ်ကို လက်ခံကျင့်သုံးပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး တိုးတက်သည်ထက်တိုးတက်အောင်၊ ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးအောင် တပ်မတော်က ကြိုးစား လုပ်ဆောင်လျက်ရှိပေရာ ပြည်သူတစ်ရပ်လုံးက တပ်မတော် နှင့်အတူ လက်တွဲ ညီညီ ပူးပေါင်းပါဝင်ခြင်းဖြင့် ပြည့်အင်အားသည်ပြည်တွင်းမှာရှိကြောင်း ပြသကြပါစို့။ ။ | အယ်ဒီတာ့အာဘော် | Tue, 07/28/2020 - 09:58 | mwd_webportal |
|
https://www.myawady.net.mm/node/44 | ပညာပြည့်ဝ ကျန်းမာကြဖို့ စည်းကမ်းနှင့် အညီ နေကြစို့ | အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၉ ရက်) ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှစတင်၍၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် အခြေခံ ပညာ အထက်တန်း ကျောင်းများကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ COVID-19ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြား ချက်များ နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူ ချိန်တိုင်း တာခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ လက်ဆေး ဘေစင်များဖြင့် စနစ်တကျ လက်ဆေးခြင်းများ ပြုလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်ထားရှိကာ သင်ကြားရေး ဆောင်ရွက်ရခြင်း ဖြစ်ပေသည်။ စာသင်ချိန်ပြီးဆုံး၍ ကျောင်းမှပြန်လည် ထွက်ခွာလျှင်လည်း သတ်မှတ်ထားသည့် အတိုင်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေခြား တန်းစီ၍ သွားလာကြရသည်။ COVID-19ကမ္ဘာ့ကပ်ရောဂါ ကျရောက်မှုသည် ကမ္ဘာကြီး၏လက်ရှိ အခြေအနေများကို အကောင်းမှ အဆိုး ဘက်ဆီသို့ တွန်းပို့ပေးသကဲ့သို့ဖြစ်သွားသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ ကပ်ရောဂါကျရောက်မှု ဒဏ်ကို အထိုက် အလျောက်ကြုံတွေ့လျက်ရှိသည်။ တပ်မတော်သည် COVID-19 ရောဂါကြိုတင် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အတွက် မြန်မာနိုင်ငံ၏ အခြေအနေသည် ဆိုးလွန်းသော အခြေအနေ မရောက်ခြင်းဖြစ်သည်။ COVID-19 ကြောင့် အလုပ် သမား၊ လယ်သမား၊ ကုန်သည်ပွဲစား၊ ရဟန်းရှင်လူနှင့်ကျောင်းသားများ အခက်အခဲကြုံတွေ့ နေရသည်။ ကျောင်းသားများ ဆိုလျှင်လည်း ကျောင်းဖွင့်ချိန်သည် နှစ်စဉ် ဇွန် ၁ရက်ဖြစ်သည်။ COVID-19 ကြောင့် နှစ်စဉ် ဖွင့်သည့် ရက်တွင် ကျောင်းများ မဖွင့်နိုင်ခဲ့ပေ။ ယခုဖွင့်လှစ်သည့် အထက်တန်းကျောင်းများ အနေဖြင့်လည်း သတ်မှတ် စည်းကမ်းနှင့် စနစ်တကျ ဖွင့်လှစ်ရခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးဖွံ့ဖြိုး တိုးတက်မြင့်မားမှုသည်လည်း တစ်ခု ပါဝင်လေရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး အတွက် မိဘ၊ ဆရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ရမည် ဖြစ်သည်။ ကျောင်းသားများ ကျောင်းတက်မှန်၍ စာသင်ချိန် ဇယားအတိုင်း ပုံမှန်အတန်းဝင်သင်ကြားသင်ယူ ပေး ရန်မှာ ဆရာများ၏တာဝန်ဖြစ်သလို လိုက်နာမှတ်သားသင်ယူရန်မှာ ကျောင်းသား၊ ကျောင်းသူတို့တာဝန် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံဆောင်ရွက် တတ်သော တီထွင်ကြံဆ နိုင်စွမ်းရှိသည့် လူကောင်းများ ဖြစ်လာစေရန် ကျောင်းတက် မှန်ကန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေးအတွက် မိဘများနှင့် ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်သည်။ ကျောင်းမှန်မှန် တက်စာမခက် ဆိုသကဲ့သို့ ကျောင်းမှန်မှန်တက်ရန် လိုအပ်သလို စာကိုလည်းကြိုးစား သင်ယူရန် လိုအပ်ပေသည်။ ယခုအခါ လိုအပ်ချက်တစ်ခု တိုးလာသည်မှာ ကျန်းမာရေး ကောင်း မွန် နေရန်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်း ကျန်းမာရေးကောင်းမွန်နေရန်မှာ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး၏ အခြေခံဖြစ်သော လက်ကိုရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂ဝ ကြာအောင် စနစ်တကျမကြာ ခဏဆေး ကြော ရန်ဖြစ်သည်။ လက်မသန့်ရှင်းလျှင် ရောဂါပိုးကူးစက်လွယ်သည်။ လက်သည် အမှတ်တမဲ့ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများကို ကိုင်မိတတ်သည်။ လက်ကိုဆေးကြော ထားသောအခါ ကိုင်မိလျှင်လည်း စိတ်ပူစရာ မလိုပေ။ သို့သော် လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများမကိုင်ရန် သတိပြုခြင်းသည် ရောဂါ မဖြစ်အောင် ကာကွယ်ခြင်းဖြစ် သည်။ လက်ကိုဂရုစိုက်သလို ပါးစပ်နှင့် နှာခေါင်းကိုလည်း ဂရုစိုက်ရပေမည်။ ရောဂါပိုးသည် လေထဲမှ တစ်ဆင့် ကူးစက်ခြင်းဖြစ်ပေရာ ပါးစပ်နှင့် နှာခေါင်းကို Mask တပ်ဆင်သွားလာကြရ မည်။ လိုအပ်ပါက မျက်နှာအကာ (Face Shield) တပ်ဆင်ကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိကိုယ်ကို အထူးဂရုစိုက် နေရမည့်အပြင် မိဘ၊ ဆရာများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို မျက်ခြည်မပြတ် ကြည့်နေကြရမည်ဖြစ်သည်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မ သွားဘဲ မိမိတို့၏ မိဘအုပ်ထိန်းသူများကို ပြောပြကာ နီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊ ဆေးရုံသို့ သတင်းပို့၍ ဆေးကုသမှု ခံယူရပေမည်။ ဃဥဠှီု-၁၉ ကြောင့် ပညာသင်ကြား ရေးတွင် အခက်အခဲ ရှိသော်လည်း ကျောင်းသားနှင့် ပညာရေး အလှမ်းမဝေးရအောင် ကျောင်းများ ဖွင့်လှစ်ခြင်းဖြစ်သည်။ အခြေအနေကောင်းမွန်လာသည်နှင့်အမျှ အလယ်တန်းနှင့် မူလတန်းများကို ဆက်လက် ဖွင့်မည်ဖြစ်သည်။ ယခုနှစ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုမြင်ကွင်းသည် ယခင်နှစ်များနှင့်မတူဘဲ ကျောင်းချိန် အတွင်း ပညာသင်ကြားမှု ပုံစံ၊ မုန့်စား၊ ထမင်းစားနားချိန်၊ ကျောင်းဆင်းချိန်တို့တွင် လူစုလူဝေး မဖြစ်အောင် အားလုံးက လိုက်နာ လုပ်ဆောင်ကြရသည်။ မိဘနှင့် ဆရာများ ပူးပေါင်းဆောင်ရွက်မှု ရှိမှသာ ကျောင်းသားများ၏ ပညာရေး ရည်မှန်းချက် အောင်မြင်မည်ဖြစ်သည်။ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏ ဆိုထားသည့်အတိုင်း ပညာပြည့်ဝ ကျန်းမာကြဖို့ စည်းကမ်းနှင့် အညီနေကြစို့ ဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။ ။ | အယ်ဒီတာ့အာဘော် | Wed, 07/29/2020 - 09:58 | mwd_webportal |
|
https://www.myawady.net.mm/node/45 | ထူးမခြားနားအကြောင်း သိကောင်းစရာ | အယ်ဒီတာ့အာဘော်(၂ဝ၂ဝပြည့်နှစ်၊ဇူလိုင်၃၁ရက်)။ဗုဒ္ဓဘာသာမြန်မာတို့၏သာသနာရေးဆိုင်ရာအခမ်းအနား၊အလှူမင်္ဂလာအခမ်းအနားမှန်သမျှတွင်မပါလျှင်မပြီးသောသီချင်းတစ်ပုဒ်မှာထူးမခြားနားဖြစ်သည်။နိုင်ငံတော်မူမဟာဂီတစာအုပ်တွင်ဘုရားရောင်ခြည်တော်ဘွဲ့ပတ်သီချင်းခံဟူ၍ဖော်ပြထားသည်။ထိုသီချင်းဖြစ်ပေါ်လာပုံမှာဘကြီးတော်မင်းတရားလက်ထက်အင်းဝမြို့တွင်စံတော်မူစဉ်တစ်နေ့သောညဉ့်ညီလာခံအချိန်စွယ်တော်စင်ဘုရားမှရောင်ခြည်တော်လွှတ်ရာထိုအဖြစ်အပျက်အကြောင်းအရာကိုဘုရားဂုဏ်တော်ဖွဲ့ဂီတသီချင်းရေးသားဆက်သွင်းရန်မြဝတီမင်းကြီးအားတာဝန်ပေးလိုက်သည်မှဖြစ်ပေါ်လာသောဓမ္မပူဇာသီချင်းတစ်ပုဒ်ဖြစ်သည်။အချို့ကထူးမခြားနားစာလေးလုံးကိုအဓိပ္ပာယ်ကောက်လွဲသွားတတ်ကြသည်။တစ်ခါကအလှူပွဲတစ်ခုတွင်လူရွှင်တော်(ဆိုင်းနောက်ထ)တစ်ဦးက''အခုရွာစားလက်စွမ်းပြတီးမှာကထူးမခြားနားသီချင်းခံကြီးခင်ဗျ။ပရိသတ်ထဲမှာကြားဖူးသူအချို့ပါချင်ပါမပေါ့။ထူးမခြားနားသီချင်းခံကြီးလို့ခေါ်နေကြတာလေး။နာမည်ရောစကားရောမှားတယ်ခင်ဗျ။ဘယ့်နှယ်မခြားနားတာကထူးမှာလဲ။ခြားနားမှထူးတယ်။ထူးမှခြားနားသွားတယ်။ဒါကြောင့်ဒီနေ့ကစပြီးထူးမှခြားနား။ကိုင်း..ရွာစားရေ..ထူးမှခြားနားအမှန်သဘာဝကိုအသံအလှနဲ့စံပြလေး...''ပြောဆိုကာဆိုင်းဆင့်သွားခဲ့သည်။ဆရာတက္ကသိုလ်ဘုန်းနိုင်သည်သူကိုယ်တိုင်ကြားလိုက်ရသောထိုအဖြစ်အပျက်ကိုသူ၏''လီရနာ၊ဂင်္ဂါ၊ရာဝတီ''စာအုပ်တွင်ရေးသားပြီး''အမယ်မင်း..ဖျက်မှဖျက်ရက်လေ''ဟူ၍သြဘာပေးခဲ့သည်။မြဝတီမင်းကြီးကဲ့သို့သောစာဆိုကြီးများသည်ဂီတပညာကိုသာမကကဗျာပညာ၊မြန်မာစကားအသုံးအနှုန်းတို့အပြင်ပိဋကတ်စာပေကိုပါတတ်မြောက်ကြသည်။ထူးမခြားနားဟူသောစကားလေးလုံးသည်သာမန်ကာလျှံကာပေါင်းစုထားသောစကားစုမဟုတ်ပါ။အတုမရှိသောမြတ်စွာဘုရားသခင်၏ပြာဋိဟာနှင့်ပတ်သက်သည်။ပြာဋိဟာကို''ထူးကဲထင်ရှားစွာပြသောတန်ခိုး''ဟုမြန်မာအဘိဓာန်ကအဓိပ္ပာယ်ပေးသည်။မြဝတီမင်းကြီးသည်စစ်တိုက်တော်၍စာပေဂီတနယ်ပယ်မှာလည်းကျော်ကြားလှသည်။ကြိုး၊ဘွဲ့၊သီချင်းခံ၊ပတ်ပျိုး၊ယိုးဒယား၊ပြဇာတ်စုံလင်စွာရေးသားခဲ့သည်။ကဏ္ဍစုံရေးဖွဲ့နိုင်သော်လည်းဘုရားဂုဏ်တော်ကိုဖွဲ့ဆိုရန်မှာမြန်မာသံစဉ်နဲ့လိုက်အောင်ရေးသားသီကုံးရမည်။ပါဠိချည်းဆိုလျှင်လည်းမြန်မာသံစဉ်နှင့်လိုက်ဖက်ချင်မှလိုက်ဖက်ပေမည်။အသံကစားလို့ရမှာမဟုတ်ဘူးဆိုသည်ကိုမြဝတီမင်းကြီးသိသည်။ထို့ကြောင့်မောင်းထောင်သာသနာပိုင်ဆရာတော်ကြီးအားတင်ပြအသနားခံလျှောက်ထားပါသည်။ယခုသီချင်းစာသားသည်မောင်းထောင်ဆရာတော်ကမြဝတီမင်းကြီးသို့ပေးလိုက်သောစာသားများဖြစ်ကြောင်းစာရေးဆရာဒါရိုက်တာဦးသုခကပြောကြားခဲ့သည်။ထူးမခြားနားတဲ့။ထူးမခြားနားလေးလုံးတည်းသာ။ထိုထူးမခြားနားဆိုသည်မှာမြတ်စွာဘုရား၏ပြာဋိဟာဉာဏ်တော်ကိုဖွဲ့ခြင်းဖြစ်သည်။ဤလောကတွင်ပဋိပက္ခဓာတ်တွေရှိသည်။ရေနှင့်မီးသည်ဆန့်ကျင်ဘက်ဖြစ်သည်။ရေကြောင့်လည်းမီးသေသွားနိုင်သည်။မီးကြောင့်လည်းရေခန်းသွားနိုင်သည်။မိမိခန္ဓာကိုယ်မှာရှိသောဓာတ်တွေကိုဝီထိတော်မှာဘယ်လောက်နိုင်တယ်၊ဘယ်လောက်ပိုင်တယ်၊ဘယ်လောက်ခွဲခြားနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကပြာဋိဟာပြတော်မူပါသည်။ရှင်းလင်းစွာရေးရလျှင်ညာဘက်မျက်ဝန်းကမီး၊ဘယ်ဘက်မျက်ဝန်းကရေ၊ညာဘက်နားတော်ကရေ၊ဘယ်ဘက်နားတော်ကမီး၊ဤသည်မှာလည်းမီးနှင့်ရေတွေဖြစ်လို့သည့်ထက်သည့်ထက်အနုစိတ်လာတာကမွေးညင်းပေါက်ကလေးများကအစရေတွေမီးတွေထွက်လာသည်။ဒီဘက်မွေးညင်းပေါက်ကမီးလေးထွက်လာသည်။ရေအညွန့်လား၊မီးအကွန့်လားဆိုသည်ကိုကွဲကွဲပြားပြားပင်မသိနိုင်ပါဘူးတဲ့။ရေကြောင့်လည်းမီးမသေ၊မီးကြောင့်လည်းရေမခန်း၊ဝီထိ(စိတ်အစဉ်အတန်း)ဆန်းပြားတော်မူပုံကိုပြတော်မူခြင်းကြောင့်ဘယ်ဟာရေလဲ၊ဘယ်ဟာမီးလဲဆိုသည်ကိုပင်ထူးထူးခြားခြားကွဲကွဲပြားပြားမသိနိုင်လို့ထူးမခြားနား၊မီးရေစုံသားဟူ၍ဖွဲ့ဆိုခြင်းဖြစ်သည်။မြတ်စွာဘုရား၏စိတ်တော်သည်အလွန်ထက်သန်အားကောင်းပြီးအလွန်လျင်မြန်လေရကားအဓိဋ္ဌာန်အဘိညာဉ်ဖြင့်ဖန်ဆင်းပြသောရေအလျဉ်၊မီးအလျှံတို့သည်အဆက်မပြတ်တစ်ပြိုင်နက်မခြားမနားစုံတွဲလျက်ထွက်ပေါ်နေလေရာထူးကဲခြင်းမကထူးကဲလှပေသည်။ဤသဘောသဘာဝကို''ထူးမခြားနား၊မီးရေစုံသား၊ရောင်တော်ထွေပြား...''စသည်ဖြင့်ကြည်ညိုဖွယ်ရာအတ္ထာလင်္ကာရ၊သဒ္ဒါလင်္ကာရပြည့်ပြည့်ဝဝဖြင့်ရသပေါ်လွင်ဂုဏ်ဝင်စံမြောက်စပ်ဆိုထားခြင်းဖြစ်သည်။ထူးမခြားနားဟူသည့်စကားရပ်သည်တာဝန်မဲ့လေပစ်သူတစ်ဦး၏လက်ချက်ကြောင့်ပျက်ရလေမလော။မဟာဂီတချစ်သူ၊ကဗျာချစ်သူ၊ရိုးရာယဉ်ကျေးမှုစောင့်ထိန်းသူတို့လေးလေးနက်နက်စဉ်းစားနိုင်ပါရန်ရေးသားလိုက်ရပေသည်။ | အယ်ဒီတာ့အာဘော် | Fri, 07/31/2020 - 09:58 | mwd_webportal |
|
https://www.myawady.net.mm/node/46 | ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပ | ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပ။နေပြည်တော် ဇူလိုင် ၁၇။ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရ အဖွဲ့က ပေးပို့လာသော ၂ဝ၂ဝ ပြည့်နှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် Dဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဦးဆက်အောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဦးကျော်လင်း၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်၊ Myanmar Developer Associations ၊ မြန်မာ့ဆေးလိပ်နှင့် ဆေးရွက်ကြီး လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ယမကာထုတ်လုပ် ဖြန့်ဖြူးသူများအသင်းတို့မှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။ | ခေါင်းကြီးပိုင်းသတင်း | , 07/20/2020 - 17:16 | mwd_webportal |
|
https://www.myawady.net.mm/node/47 | ရခိုင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများ ပေးအပ် | ရခိုင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများ ပေးအပ်။စစ်တွေ ဇူလိုင် ၁၉။ရခိုင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၌ ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။။ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ တိုင်းရင်းဆေးဆေးရုံ၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားရှိသောနေရာသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင် ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများကို ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ပေးအပ်ပြီး ရင်ထိုးတံဆိပ်များ၊ Mask များနှင့် လက်သန့်ဆေးရည် များကို စေတနာ့ ဝန်ထမ်းကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတ အဖွဲ့ကိုယ်စားလှယ် တစ်ဦးထံ ပေးအပ်ကာ Quarantine Center များရှိ ကိုယ်ဝန်ဆောင် မိခင် ၁၄ ဦး၊ အသက် ငါးနှစ်အောက် ကလေး ၆၇ ဦး၊ အသက် ၆၀ နှင့်အထက်ဘိုးဘွား ၆၀ တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၂၃၀၀၀၀ ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံသို့ ပေးအပ်သည်။။အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ယနေ့ စစ်တွေမြို့၌ ပေးအပ်သော စေတနာ့ဝန်ထမ်း ၃၆၄ ဦး၊ ပရဟိတအဖွဲ့ ၃၇ ဖွဲ့တို့အတွက် ဂုဏ်ပြုလွှာများကို ပြည်နယ် အစိုးရ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန် ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။ ယနေ့ ရခိုင်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။ | ပြည်တွင်းသတင်း | , 07/20/2020 - 17:19 | mwd_webportal |
|
https://www.myawady.net.mm/node/50 | COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ | COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ။နေပြည်တော်၊ ဇူလိုင် - ၁၈Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၁ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံပြန်လည်ရောက်ရှိလာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ တရုတ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား ၂ ဦး၊ နယ်စပ်မြို့များဖြစ်သည့် မူဆယ်မြို့နှင့် ရပ်စောက်မြို့တို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၃ ဦး၊ ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရသည်။စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၃၀ ဦးနှင့် လှိုင်မြို့နယ်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၁၉ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။ ၎င်းအပြင် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အမျိုးသား ၁ ဦးသည် စိတ်ရောဂါဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်။ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၄၀၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၁၀ ဦးနှင့် မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်း၌ ၉၉ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်လူနာ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ | တပ်မတော်သတင်း | , 07/20/2020 - 17:25 | mwd_webportal |
|
https://www.myawady.net.mm/node/51 | COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း | COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း။နေပြည်တော်၊ ဇူလိုင် - ၁၉COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရွှေနံသာဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်အရာရှိကြီးများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့အပြင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့၊ ခိုလမ်မြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့၊ လွိုင်လင်လေးမြို့နယ်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင် များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့်Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ Mask များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။ | တပ်မတော်သတင်း | , 07/20/2020 - 17:40 | mwd_webportal |
|
https://www.myawady.net.mm/node/52 | အသံထက် ၁၇ ဆမြန်တဲ့ ထိပ်တန်းလှည့်ဖြားသူ | အသံထက် ၁၇ ဆမြန်တဲ့ ထိပ်တန်းလှည့်ဖြားသူ။အမေရိကန်တပ်မတော်က မကြာသေးမီက အသံထက် ၁၇ ဆမြန်တဲ့ ထိပ်တန်း လှည့်ဖြားသူလို့ အမည်ရတဲ့ အသံထက် အလွန်မြန်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ခဲ့ပါတယ်။ သူတို့ စမ်းသပ်လိုက်တာက အသံထက် အလွန်မြန် လေဟုန်စီးကိုယ်ထည်တစ်ခုဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ခဲ့တယ်လို့ ကာကွယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် သူတို့စမ်းသပ်ခဲ့တာက မတ်လမှာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ စမ်းသပ်တယ်လို့ဆိုပါတယ်။ ဒီဒုံးကျည်ရဲ့ သွားရာလမ်းကြောင်းကို ကြိုတင်မခန့်မှန်းနိုင်တဲ့အတွက် ဘယ်လိုသမားရိုးကျ လေကြောင်းရန် ကာကွယ်ရေးစနစ်ကမျှ ဒီဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ လည်း အဆိုပါ တာဝန်ရှိသူကပြောပါတယ်။အသံထက်အလွန်မြန်ဒုံးစနစ်ဆိုတာ မြန်လွန်းတဲ့နှုန်းနဲ့ သွားတာဖြစ်တာကြောင့် အဲဒီလိုဒုံးစနစ် မျိုးကို ဟန့်တားနိုင်ဖို့ဆိုတာ လုံးဝနီးပါးမဖြစ်နိုင်တဲ့ အနေအထားဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေး ထိပ်တန်းတာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် အခုစမ်းသပ်ပြီးတဲ့ ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်မယ့်ဒုံးကျည် မဟုတ်တဲ့အပြင် ဒီနှစ်ကုန်မှာလည်း အသံထက်အလွန်မြန်ခရု(စ်) ဒုံးကျည်တစ်မျိုးကို စမ်းသပ် သွားဖို့ရှိတယ်လို့ ထိုတာဝန်ရှိသူက ဆက်ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူတို့အနေနဲ့ ထိပ်တန်းလှည့်ဖြားသူလို့ အမည်ရတဲ့ အသံထက် ၁၇ ဆမြန် ဒုံးကျည်နဲ့ ပတ်သက်ပြီး မေလကတည်းကပြောဆိုမှု တွေရှိခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီး ဌာနဘက်ကတော့ လာမယ့်လေးနှစ်အတွင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ အသံထက်အလွန်မြန်ဒုံးကျည် စမ်းသပ်မှုပေါင်း အနည်းဆုံး ၄၀ ခန့်လုပ်ဖို့ စီစဉ်ထားပါတယ်။ | နိုင်ငံတကာသတင်း | , 07/20/2020 - 19:44 | mwd_webportal |
|
https://www.myawady.net.mm/node/53 | လက်နက်အချင်းချင်း ချိတ်ဆက်ပစ်မှတ် သတ်မှတ်မယ့် အမေရိကန်၏နည်းပညာ | လက်နက်အချင်းချင်း ချိတ်ဆက်ပစ်မှတ် သတ်မှတ်မယ့် အမေရိကန်၏နည်းပညာ။အမေရိကန်လေတပ် သုတေသနဌာနက နည်းပညာအသစ်တစ်မျိုးကို စမ်းသပ်ဖို့ အသင့်ပြင် ဆင်နေပါတယ်။ ဒီလိုစမ်းသပ်မှုဟာ ပထမဆုံးလည်းဖြစ်ပါလိမ့်မယ်။ အဲဒီနည်းပညာကတော့ လက်နက်တွေအနေနဲ့ တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး သတ်မှတ်ပစ်မှတ်ကို ဘယ်လိုမျိုးတိုက်ခိုက်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်စေမယ့် ကွန်ရက်နည်းပညာပဲဖြစ်ပါတယ်။ အမေရိကန်တပ်က SkyBorg လိုမျိုး လူတူအသိဉာဏ် အသုံးပြုကွန်ရက်တွေကို အသုံးပြုပြီး ဒရုန်းတွေနဲ့လေယာဉ်တွေကို ချိတ်ဆက်ဖို့ သုတေသနလုပ်နေတာကြာပါပြီ။ အခုတော့ သူတို့ သုတေသနလုပ်နေတဲ့ နည်းပညာနဲ့အလားသဏ္ဌာန်တူတဲ့ နည်းပညာကို စမ်းသပ်တော့မှာပါ။ ဒီနည်းပညာရဲ့ အမည်ကိုတော့ ရွှေရောင်လူအုပ်ကြီးလို့ အဓိပ္ပာယ်ရတဲ့ Golden Horde ဆိုတဲ့ အမည်ပေးထားပါတယ်။ ဒီအမည်ဟာ မြင်းစီးမွန်ဂိုတပ်မတော်ကို အစွဲပြုပြီးခေါ်ထားတာပါ။။တစ်ချိန်တုန်းက Golden Horde တပ်မတော်ကြီးဟာ အာရှအနောက်ပိုင်းနဲ့ ဥရောပ အရှေ့ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံကတော့ ကိုယ်ပိုင်အမိန့်ပေး အဖွဲ့တွေကို ပေါင်းစည်း ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ရန်သူဟာသူတို့ရဲ့ လှုပ်ရှားမှုကို အလွယ်တကူ မခန့်မှန်းနိုင်တဲ့အပြင် သူတို့ကို ချေမှုန်းဖို့လည်း မလွယ်ကူပါဘူး။ ဒါ့အပြင်ဘယ်လို တပ်မတော်နဲ့ယှဉ်ယှဉ်တိုက်ပွဲအခြေအနေကို လျင်မြန်စွာပြောင်းလဲ လိုက်နိုင်စွမ်းလည်းရှိတယ်လို့ ဆိုပါတယ်။ အခု အမေရိကန်လေတပ် သုတေသနဌာနက စမ်းသပ်ဖို့စီစဉ်ထားတာက Small Diameter Bomb I နဲ့ အသေးစား ဝေဟင်ပစ်တည်ကြက်တို့ကို ပေါင်းစပ်စမ်းသပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗုံးတွေက သူတို့ရဲ့ပစ်မှတ်ကို အလိုအလျောက်ရွေးချယ်မှာမဟုတ်ဘဲ ကြိုတင်သတ်မှတ် ထားတဲ့ ရွေးချယ်စရာတွေထဲကမှ အကန့်အသတ်ရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မယ်လို့ သုတေသနဌာနမှ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဂယ်ရီဟက်ကပြောပါတယ်။ | နိုင်ငံတကာသတင်း | , 07/20/2020 - 19:45 | mwd_webportal |
|
https://www.myawady.net.mm/node/54 | ကိုရီးယားလေကြောင်း အာကာသစက်မှုလုပ်ငန်း(KAI)က လာမယ့်နှစ်မှာထွက်ပေါ်လာမယ့် KF-X တိုက်လေယာဉ်ရှေ့ပြေးပုံစံ | လာမယ့်နှစ်မှာထွက်ပေါ်လာမယ့် KF-X တိုက်လေယာဉ်ရှေ့ပြေးပုံစံ။ကိုရီးယားလေကြောင်း အာကာသစက်မှုလုပ်ငန်း(KAI)က လာမယ့်နှစ်ဧပြီလမှာ KF-X တိုက်လေ ယာဉ်ရဲ့ ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသတော့မှာပါ။ KAI ကုမ္ပဏီကဖြန့်ချိတဲ့ Fly Together မဂ္ဂဇင်းနောက်ဆုံးထုတ်မှာ KF-X တိုက်လေယာဉ်ရဲ့ လေယာဉ်ကိုယ်ထည်ဓာတ်ပုံ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီလေယာဉ်နဲ့ပတ်သက်ပြီး အဲဒီမဂ္ဂဇင်းထဲမှာ အသေးစိတ် ဖော်ပြထားတာမရှိပေမယ့် Janes သတင်းဌာနကတော့ ဒီလေယာဉ်ဟာ ၂၀၂၂ ခုနှစ်မှာ လက်တွေ့ပျံသန်းမှုတွေ လုပ်တော့မယ်လို့ ဖော်ပြထားပါတယ်။။တောင်ကိုရီးယားနိုင်ငံရဲ့ တစ်ခုတည်းသောလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ KAI ဟာ အခုဆိုရင် ပဉ္စမမျိုးဆက် KF-X တိုက်လေယာဉ်ကိုယ်ထည်အတွက် အပေါ်ပိုင်း၊ အောက်ပိုင်းနဲ့ အလယ်ပိုင်းတွေကို ထုတ်လုပ်တပ်ဆင်နေပါပြီ။ KF-X တိုက်လေယာဉ်တွေရဲ့ အဆင့်ဆင့်တိုးတက်မှုကို Block 0၊ Block 1၊ Block 2 ဆိုပြီး သတ်မှတ်ထားပါတယ်။ Block 0 ဆိုတာကတော့ တိုက်လေယာဉ်ရဲ့ ရှေ့ပြေးပုံစံကိုဆိုလိုတာပါ။ ရှေ့ပြေးပုံစံထုတ်ဖော်ပြသပြီး လေးနှစ်အတွင်း စမ်းသပ်မှုတွေနဲ့ နောက်ဆုံးထုတ်လုပ်မှုကို လုပ် မှာဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ်နှစ်လယ်မှာ မောင်းနှင်နိုင်တဲ့ လေယာဉ်အဖြစ် ထွက်ပေါ်လာပါ မယ်။ Block 1 အဆင့်ကတော့ ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၈ ခုနှစ်ကြားမှာ ထွက်ပေါ်လာမှာဖြစ်ပြီး အဲဒီ အဆင့်မှာဆိုရင် ဝေဟင်မှမြေပြင်ပစ်နဲ့ ဝေဟင်မှဝေဟင်ပစ် လက်နက်စနစ် တစ်စိတ်တစ်ပိုင်း တပ်ဆင်လာနိုင်ပါတယ်။။Block 2 အဆင့်ကတော့ နောက်ဆုံးအဆင့်ဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာ ထွက်ပေါ်လာနိုင်ပါတယ်။ ဒီအဆင့်မှာတော့ လေယာဉ်က လက်နက်အပြည့်အစုံနဲ့ တိုက်ပွဲဝင်အသင့်ဖြစ်နေပါပြီ။ KAI မှတာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရဆိုရင် လက်ရှိမှာသူတို့က ဂျင်နရယ် အီလက်ထရစ် ကုမ္ပဏီကနေ လေယာဉ်အင်ဂျင် ၁၅ လုံးရရှိထားပြီလို့ သိရပါတယ်။ ရှေ့ပြေး ပုံစံအတွက်ထုတ်မှာက လေယာဉ်ခြောက်စင်းဖြစ်ပြီး လေယာဉ်တစ်စင်းကို အင်ဂျင်နှစ်လုံးစီ ပါဝင်ပါမယ်။ ကျန်အင်ဂျင်သုံးလုံးကတော့ အရန်အနေနဲ့ဖြစ်မယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ F-4D/E Phantom 2 နဲ့ F-5E/F Tiger 2 လေယာဉ်အုပ်တွေနေရာမှာ KF-X တိုက်လေယာဉ်တွေကို အစားထိုးသွားမှာ ဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့ KF-X လေယာဉ်အစင်းပေါင်းက ၁၂၀ ဖြစ်ပြီး ဂျင်နရယ် အီလက်ထရစ်ကုမ္ပဏီကလည်း လေယာဉ်အင်ဂျင်အလုံးပေါင်း ၂၄၀ နဲ့ အရန်အင်ဂျင်တွေကို ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ | နိုင်ငံတကာသတင်း | , 07/20/2020 - 19:46 | mwd_webportal |
|
https://www.myawady.net.mm/node/55 | သြစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်ထုတ် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ်မှုစတင် | သြစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်ထုတ် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ်မှုစတင်။သြစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်က ဖော်စပ်ထားသည့် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ်မှုစတင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင်ပြောသည်။ ထိုစမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ ပရဟိတသမားအယောက် ၁၂၀ ခန့်ပါဝင်ပြီး ပထမဆေးတစ်လုံးထိုးမှုကို ခံယူရသည်။ သို့သော် ၎င်းင်းတို့အနေဖြင့် လူစုလူဝေးနေရာများကို ရှောင်ရှားရမည်ဖြစ်သည်။ ယခုစမ်းသပ်မှုတွင် ပါဝင်သူများအနေဖြင့် တစ်လလျှင်ဆေးတစ်လုံးနှုန်းဖြင့် ဆေးနှစ်လုံး အထိုးခံရမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနက ဖော်ပြထားသည်။ထို့ပြင် ဆေး၏စိတ်ချရမှုနှင့် ကိုယ်ခံအားတုံ့ပြန်မှုတို့ကို ၁၂ လအတွင်း လေ့လာသွားမည် ဖြစ်သည့်အတွက် စမ်းသပ်မှုတွင် ပါဝင်သူများအားလုံး စောင့်ကြည့်ခံရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးသည် ဗိုင်းရပ်ကို ချေမှုန်းနိုင်သည့် ပဋိပစ္စည်းများကို ထွက်ပေါ်စေကြောင်းနှင့် လူသားများတွင် စမ်းသပ်ရန် စိတ်ချရကြောင်း ကနဦးစမ်းသပ်မှုများတွင် တွေ့ရှိထားသည်ဟု ကွင်းစလန်းတက္ကသိုလ်မှ ကာကွယ်ဆေးထုတ်လုပ်ရေး စီမံကိန်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ပေါယန်းကပြောသည်။ ထိုကာကွယ်ဆေး စမ်းသပ်မှုတွင် အသက်အရွယ် အမျိုးမျိုးရှိသည့် သူများကိုလည်း စမ်းသပ်သွားမည်ဖြစ်ပြီး သို့မှသာ အဆိုပါ ကာကွယ်ဆေးက ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိ၊ မရှိကို သိရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ | နိုင်ငံတကာသတင်း | , 07/20/2020 - 19:52 | mwd_webportal |
|
https://www.myawady.net.mm/node/56 | VAR စနစ်ဆုံးဖြတ်ချက်များ မန်ယူအသင်းဂိုးမပေးရမှု ခုနစ်ကြိမ်ရှိနေ | VAR စနစ်ဆုံးဖြတ်ချက်များ မန်ယူအသင်းဂိုးမပေးရမှု ခုနစ်ကြိမ်ရှိနေ။မန်ချက်စတာ၊ ဘောလုံး ဇူလိုင် ၁၆ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော ပဲလေ့စ်နှင့် ပွဲ၌ မန်ယူအသင်းသည် VAR စနစ်ဆုံးဖြတ်ချက်အရ ဂိုးနှစ်ဂိုးပေးရမည့်အရေးက ရှောင်လွှဲနိုင်ခဲ့ရာ ယခုရာသီတွင် VAR စနစ်ကြောင့် ဂိုးမပေးရသည့်အကြိမ်ပေါင်း ခုနစ်ကြိမ်ရှိခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများအနက် VAR စနစ်တွင် မျက်နှာသာပေးမှု အခံရဆုံး အသင်းဖြစ်လာခဲ့သည်။ ပဲလေ့စ်နှင့်ပွဲတွင် ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို လင်ဒီလော့ဖ် ဂိုးဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်မှုကို VAR စနစ် ဆုံးဖြတ်ချက်အရ ပယ်နယ်တီမပေးသကဲ့သို့ ဂျော်ဒန်အယူး၏ ဒုတိယပိုင်း ချေပဂိုးသွင်းမှုကိုလည်း မသိသာသောအနေအထား၌ လူကျွံဘော သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ရာ ပဲလေ့စ် အသင်းသားများအပြင် ပြိုင်ဘက်အသင်းပရိသတ်များလည်း ဒေါသ ထွက်ခဲ့ရသည်။ မန်ယူသည် ယခုရာသီတွင် VAR စနစ်ဆုံးဖြတ်ချက်ကြောင့်ပယ်နယ်တီအများဆုံးရသော အသင်း လည်းဖြစ်နေ၍ ပြိုင်ဘက် အသင်းပရိသတ်များ ဒေါသထွက်ခဲ့ရခြင်းဖြစ်သည်။ | အားကစား | , 07/20/2020 - 19:56 | mwd_webportal |
Myawady Raw News Corpus 🇲🇲
This dataset contains over 59,000 full-text Burmese news articles scraped from the Myawady News Portal, the official media outlet of the Myanmar military government.
Unlike the title-only version, this dataset includes complete article content, with metadata fields such as category, publication date, and image URLs. It is intended for use in Myanmar NLP and AI research, including:
- 🧠 Language modeling
- 📰 Text summarization
- 🏷️ Named entity recognition (NER)
- ❓ Question answering
- 📚 Lexicon and dictionary construction
- 📊 Text classification
- 🤖 Content generation
- 🔍 Information extraction
🗂️ Dataset Overview
- Name:
myawady-raw-dataset
- Language: Burmese (Myanmar)
- Format: CSV
- Rows: 59,708
- Columns:
url
,title
,content
,category
,image
,date
,admin
- Source: Myawady News Portal (state-run)
All rows with missing content have been removed to ensure minimum quality. No further editing has been applied to the article text.
⸻
🕒 Dataset Time Range (Nearly Five Years)
The articles in this dataset span from: • Start: Saturday, July 25, 2020 – 09:58 AM • End: May 19, 2025 (last collected date)
This period includes significant events in Myanmar’s modern political history and should be considered when analyzing or building models.
⸻
🧠 Use Cases
This dataset supports a wide range of NLP and NLU applications for the Myanmar language:
- Text generation (headlines, summaries, completions)
- Lexical resources for Burmese dictionary building
- NER training (organizations, places, military units, etc.)
- Content classification (by category, tone, or propaganda intent)
- Question answering from local news content
- Language modeling and fine-tuning for Burmese LLMs
🔍 Dataset Fields
Column | Description |
---|---|
url |
Original article link on Myawady |
title |
Article headline |
content |
Full article text |
category |
News category (e.g., politics, defense, sports) |
image |
Associated image URL |
date |
Publication date |
admin |
Usually admin_webportal (uploaded source) |
Example:
url,title,content,category,image,date,admin
https://www.myawady.net.mm/node/69173,"ကျိုက်လတ်မြို့၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ...", "ကျိုက်လတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ...", "ပြည်တွင်းသတင်း", "https://www.myawady.net.mm/sites/default/files/16512.jpg", "Fri, 05/16/2025 - 08:36", "admin_webportal"
⚠️ Ethical and Political Disclaimer
Important Context This dataset is sourced from the Myawady News Portal, a publication under the control of the Myanmar military junta, and created using taxpayer funds.
As such: • ⚠️ The dataset may include pro-military, nationalist, anti-democracy, or extremist narratives • ⚠️ Content may reflect biases, state propaganda, or political messaging • 🧠 Users should apply critical analysis and ethical consideration • 📚 Shared for transparency, research, and language technology, not for endorsing any ideology
⸻
📜 License and Intent
This dataset is shared under an “as-is” public interest license. While the original content belongs to the Myanmar state, it was created using public tax funds and should be accessible to the people of Myanmar and the world.
I assert: • 📣 This work was not funded or commissioned • 🧱 I do not claim copyright • 🤝 I compiled and structured it to preserve the Myanmar language and support open AI research
✅ You may: • Use, share, and modify this dataset • Use it for academic, commercial, or research purposes • Train or evaluate NLP models with it
❌ You may NOT: • Misrepresent the origin or authorship • Claim ownership over the original news content
Use at your own discretion.
⸻
💬 Author’s Note
This dataset was created by a Myanmar citizen and open-source language researcher. I receive no compensation for this work.
I simply want to: • 🕊️ Preserve and support the Myanmar language in the AI era • ⚖️ Encourage digital equality and data transparency • 🧠 Build open resources for future Burmese NLP tools
⸻
📫 Contact
Have questions, suggestions, or want to collaborate?
Feel free to reach me at: • 📧 Email: [email protected] • 🤗 Hugging Face: https://huggingface.co/freococo
⚠️ Please note: Serious inquiries only. Any spam, scams, or malicious activity will be reported to relevant authorities, including law enforcement if necessary.
⸻
📚 Citation
@misc{myawady2025raw,
title = {Myawady Raw Burmese News Dataset},
author = {freococo},
year = {2025},
howpublished = {\url{https://huggingface.co/datasets/freococo/myawady-raw-dataset}},
note = {Full-text Burmese news dataset scraped from Myawady News Portal}
}
- Downloads last month
- 60