url
stringlengths
33
37
title
stringlengths
2
255
content
stringlengths
17
96.5k
category
stringclasses
16 values
image
stringlengths
52
582
⌀
date
stringlengths
20
23
admin
stringclasses
6 values
https://www.myawady.net.mm/node/69334
ယခုဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် သုံးသောင်းနီးပါး တင်ပို့နိုင်
ယခုဘဏ္ဍာနှစ် ဧပြီလအတွင်း ပြည်ပသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် သုံးသောင်းနီးပါး တင်ပို့နိုင်။ရန်ကုန် မေ ၁၈။ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလ အတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် သုံးသောင်းနီးပါး တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောပြချက်အရ သိရသည်။။"ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပကို ငါးတင်ပို့မှုအနေနဲ့ မက်ထရစ် တန် ၂၉၈၇၂ ဒသမ ၁၈၃ တန် တင်ပို့နိုင်ခဲ့ ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၆၇ သန်းရရှိခဲ့ပါတယ်" ဟု ၎င်းကပြောသည်။။အဆိုပါကာလအတွင်း ပြည်ပသို့ ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၀၂၃၁ ဒသမ ၄၁၆ တန်တင်ပို့ပြီး အမေ ရိကန်ဒေါ်လာ ၁၃ ဒသမ ၆၇၃ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၉၆၄၀ ဒသမ ၇၆၇ တန်တင်ပို့ပြီး အမေ ရိကန်ဒေါ်လာ ၁၅ ဒသမ ၇၉၄ သန်း စုစုပေါင်း ငါးမက်ထရစ်တန် ၂၉၈၇၂ ဒသမ ၁၈၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၆၇ သန်းရရှိခဲ့သည်။။ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ငါးတင်ပို့မှု အနေဖြင့် မက်ထရစ် တန် ၂၇၂၅၁ ဒသမ ၈၈၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅၅၃ သန်း ရရှိခဲ့သည်။။ထို့ကြောင့် ယခုဘဏ္ဍာနှစ် ဧပြီလ အတွင်း ပြည်ပသို့ ငါးတင်ပို့မှုသည် ယခင် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက မက်ထရစ်တန် ၂၆၂၀ ဒသမ ၂၉၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။။မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့ လျက် ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/195241.jpg
, 05/19/2025 - 10:33
admin_webportal
https://www.myawady.net.mm/node/69335
ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေနှင့် ရေဝင်ရောက်မှု အခြေအနေ ကြည့်ရှုစစ်ဆေး
ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှု အခြေအနေနှင့် ရေဝင်ရောက်မှု အခြေအနေ ကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၈။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။။ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပေါင်းလောင်းရေလှောင်တမံ အပေါ်ယံအက်ကြောင်းများ ဖြစ်ပေါ်ခဲ့မှုအပေါ် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ရာဂိမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပထမအဆင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြင်ဆင်ဆောင်ရွက်ရန် စတင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ ရာဂိမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲ ပြင်ဆင်ဆောင်ရွက်ရာတွင် လက်ရှိပျက်စီး နေမှုနှင့် ပျက်စီးနိုင်ခြေရှိသော အခြေအနေများအပေါ် အခြေခံကာ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲမှ ရရှိလာသော ဒီဇိုင်းများအပေါ် ရေရှည်ခိုင်ခံ့မှု ကောင်းမွန်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။။ပေါင်းလောင်းတမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေး အန္တရာယ်တစ်ခုခု ကြုံတွေ့လာရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အသေးစိတ်ကြည့်ရှုနိုင်ရန် Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး လက်ရှိစစ်ဆေးတွေ့ရှိမှု အခြေအနေများအရ ရေလှောင်တမံကြံ့ခိုင် လုံခြုံမှုအခြေအနေမှာကောင်းမွန်ပြီး စိုးရိမ်ရန်မရှိကြောင်း၊ ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံရေလှောင်တမံ တစ်ခုဖြစ်ပြီး လျှပ်စစ်ထုတ်လွှတ်ရေမှ ပိုလျှံရေများကို ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခု နွေစပါး ရေပေးရာသီတွင် နွေစပါးနှင့် နွေသီးနှံဧက ၉၁၇၀ ကို စိုက်ပျိုးရေပေးဝေလျက် ရှိကြောင်း သိရသည်။။ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုဆည် ရေသောက် ဧရိယာအတွင်းရှိ ကျောက်အိုးလျှိုပိတ်တမံ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တမံကိုယ်ထည်နှင့် ရေထုတ်ပြွန် ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နည်းပညာပိုင်း ဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနနှင့် စက်မှုလယ်ယာ သင်တန်းကျောင်း (ရေဆင်း)၌ ဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် နေရာချထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/195271.jpg
, 05/19/2025 - 10:45
admin_webportal
https://www.myawady.net.mm/node/69336
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးဆုံးပြီး ချန်ပီယံဆုကို ဘိုင်ယန်မြူးနစ်အသင်း ဆွတ်ခူးရရှိကာ ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိ
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးဆုံးပြီး ချန်ပီယံဆုကို ဘိုင်ယန်မြူးနစ်အသင်း ဆွတ်ခူးရရှိကာ ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိ။ဘာလင် မေ ၁၈။‌ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးဆုံးခဲ့ပြီး ချန်ပီယံဆုကို ဘိုင်ယန်မြူးနစ် အသင်းက ပြိုင်ပွဲမပြီးဆုံးမီ ဆွတ်ခူးရရှိကာ တခြားအသင်းများ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်ခံယူခဲ့ရပြီး ဒေါ့မွန်အသင်းက အဆင့်(၄)နေရာဖြင့် ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။။ဘိုင်ယန်မြူးနစ်အသင်းသည် ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြီးဆုံးရန်နှစ်ပွဲအလိုကတည်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခြင်းဖြစ်ပြီး နောက်ဆုံးပွဲစဉ်တွင်လည်း အနိုင်ရရှိသည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် ၂၅ ပွဲအနိုင်ရရှိကာ ခုနစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၈၂ မှတ်ဖြင့် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။။ဒေါ့မွန်အသင်းသည် အစောပိုင်းက အဆင့်(၁၀) နေရာအထိ ကျဆင်းခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့်လွဲချော်ရန် နီးစပ်ခဲ့သော်လည်း ယခုဘောလုံးရာသီ ပြီးဆုံးခါနီးတွင် ရလဒ်များဆက်တိုက် ကောင်းမွန်လာပြီး ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတွင် မတ်လ ၁၆ ရက်က လိုက်ပဇစ်အသင်းကို ရှုံးနိမ့်ပြီး နောက်ပိုင်း ပွဲစဉ်များတွင် ရှုံးပွဲမရှိဘဲ ဘိုင်ယန်မြူးနစ် အသင်းနှင့်သာ သရေရလဒ် ထွက်ပေါ်ခဲ့ကာ ခုနစ်ပွဲအနိုင် ရရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် ဟူစတိန်ကယ် အသင်းကို အနိုင်ရရှိပြီးနောက် ရမှတ် ၅၇ မှတ်ဖြင့် အဆင့်(၄)နေရာဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။။ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြီးဆုံးရန်တစ်ပွဲအလိုတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် အဆင့်(၁)နေရာမှ ဘိုင်ယန်မြူးနစ်အသင်းနှင့် အဆင့်(၂)နေရာမှ လေဗာကူဆင်အသင်းတို့က သေချာနေခဲ့သော်လည်း လက်ကျန်နှစ်နေရာ အတွက် ဖရန့်ဖက်အသင်း၊ ဖရိုင်း ဘတ်အသင်းနှင့် လေဗာကူဆင် အသင်းတို့က အဆုံး အဖြတ်ခံယူခဲ့ရပြီး နောက်ဆုံးပွဲစဉ်တွင် ဖရိုင်းဘတ် အသင်းနှင့်‌ဖရန့်ဖက်အသင်းတို့ တွေ့ဆုံခဲ့ရာ ဖရန့်ဖက် အသင်းက အနိုင်ရရှိသည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့သည်။ ဖရိုင်းဘတ်အသင်း အနေဖြင့် ရမှတ် ၅၅ မှတ်ဖြင့် အဆင့်(၅)နေရာကျဆင်းခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့် လွဲချော်ကာ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။။၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးဆုံးချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရ အသင်းများအဖြစ် ချန်ပီယံဘိုင်ယန်မြူးနစ်အသင်း၊ အဆင့်(၂)နေရာမှ လေဗာကူဆင်အသင်း၊ အဆင့်(၃)နေရာမှ ဖရန့်ဖက်အသင်းနှင့် အဆင့်(၄)နေရာမှ ဒေါ့မွန်အသင်းတို့က ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ကြပြီး အဆင့်(၅)နေရာမှ ဖရိုင်းဘတ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိကာ အဆင့်(၆)နေရာမှ မိန့်ဇ်အသင်းက ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရရှိပြီး သွင်းဂိုးအများဆုံး ကစားသမားဆုကို သွင်းဂိုး ၂၆ ဂိုးဖြင့် ဘိုင်ယန်မြူးနစ ်အသင်းမှ ဟယ်ရီကိန်းက ဆွတ်ခူးနိုင်ခဲ့သည်။။၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲပြီးဆုံးချိန်တွင် အမှတ်ပေးဇယားအဆင့်(၁၇) နေရာမှ ဟူစတိန်ကယ်အသင်းက တစ်ရာသီအတွင်း ပြန်လည်တန်းဆင်းခဲ့ရပြီး အဆင့်(၁၈)နေရာမှ ဘိုချမ် အသင်းကလည်း တစ်ရာသီအတွင်းပင် တန်းဆင်းခဲ့ရကာ အဆင့်(၁၆)နေရာ၌ ရပ်တည်ခဲ့သည့် ဟီဒန်ဟိန်းအသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါ-၂ ပြိုင်ပွဲတွင် အမှတ်ပေးဇယား အဆင့်(၃)နေရာ၌ ရပ်တည်ခဲ့သည့် အယ်ဗာဗက်အသင်းနှင့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ဝင်ခွင့်ရရှိရေးအတွက် Play-off ကစားရမည်ဖြစ်သည်။။အလားတူ ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲသို့ လိဂ်-၂ ပြိုင်ပွဲမှ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ဟမ်းဘတ်အသင်းနှင့် အဆင့်(၂)နေရာမှ ကိုလုံးအသင်းတို့က တိုက်ရိုက်တန်း တက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/195281.jpg
, 05/19/2025 - 10:50
admin_webportal
https://www.myawady.net.mm/node/69337
မန်စီးတီးအသင်းကို အနိုင်ရရှိပြီး အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်သည့် ခရစ္စတယ်ပဲလေ့စ် အသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိမည်
မန်စီးတီးအသင်းကို အနိုင်ရရှိပြီး အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်သည့် ခရစ္စတယ်ပဲလေ့စ် အသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိမည်။လန်ဒန် မေ ၁၈။‌ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်း နှင့်ခရစ္စတယ်ပဲလေ့စ် အသင်းတို့ကစားရာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဗိုလ်စွဲရန်ရေပန်းစားနေသည့် မန်စီးတီးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။။အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်းက ပွဲချိန်တစ် လျှောက် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် အက်ဇီးက ခရစ္စတယ် ပဲလေ့စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ကာ ပွဲချိန် ၃၆ မိနစ်တွင် မန်စီးတီးအသင်းက ချေပဂိုး အတွက် ပယ်နယ်တီကန်သွင်းခွင့် ရရှိခဲ့သော်လည်း ဟာလန်းအစား အိုမာမာမွတ်က ကန်သွင်းခဲ့ရာ ခရစ္စတယ်ပဲလေ့စ်အသင်း ဂိုးသမား ဒိန်းဟတ်ဒါဆန်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည့်အတွက် မန်စီးတီးအသင်း နစ်နာခဲ့ရပြီး လက်ကျန်ပွဲချိန်များတွင် မန်စီးတီးအသင်းက ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးခဲ့သော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းက အနိုင်ရလဒ်ကို ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး လာမည့်ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။။ခရစ္စတယ်ပဲလေ့စ် အသင်းသည် အက်ဖ်အေဖလား ဗိုလ်လုပွဲကို ၁၉၈၉-၁၉၉၀၊ ၂၀၁၅-၂၀၁၆ ဘောလုံး ရာသီနှင့် ယခုဘောလုံး ရာသီတို့တွင် ဗိုလ်လုပွဲတက် ရောက်ခဲ့ရာ၌ ယခုအခါမှသာ ချန်ပီယံဆုဆွတ်ခူးနိုင် ပြီး ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအသင်း အနေဖြင့် ၂၀၁၆- ၂၀၁၇ ဘောလုံးရာသီနောက်ပိုင်း ဖလားလက်မဲ့ရာသီ တွေ့ကြုံခဲ့ရကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/195282.jpg
, 05/19/2025 - 10:54
admin_webportal
https://www.myawady.net.mm/node/69339
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ကာယဗလ အားကစားသမားများ ပဏာမရွေးချယ်
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ကာယဗလ အားကစားသမားများ ပဏာမရွေးချယ်။ရန်ကုန် မေ ၁၈။မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က ကြီးမှူး၍ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ကာယဗလ အားကစားသမားများ ပဏာမရွေးချယ်ပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်စက်ရုံလမ်းရှိ မြို့တော်စည်ပင် ဝန်ထမ်းအိမ်ရာ(မအူကုန်း) အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။။ရှေးဦးစွာ အမျိုးသားကာယဗလ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀ ကီလိုတန်းနှင့် ၈၀ ကီလိုတန်းအထက် ပြိုင်ပွဲ၊ Men's Athletic up to 160 cm နှင့် up to 157၊ Men's Athletic over 167 cm၊ Men's Sport Physique up to 170 cm up to 175 cm၊ Men's Sport Physique Over 175 cm၊ Men's Athletic up to 182 cm ပြိုင်ပွဲများ ကျင်းပသည်။။ထို့နောက် အမျိုးသမီး Athletic up to 165 cm ၊အမျိုးသမီး Model Physique up to 160 cm ၊ အမျိုးသမီး Model Physique up to 155 cm ၊ အမျိုးသမီး Model Phsique over 165 cm ၊ အမျိုးသမီး Model Physique up to 170 cm ပြိုင်ပွဲများကျင်းပရာ အားကစားသမားများက ကိုယ်ခန္ဓာအချိုးအစား ကျစ်လစ်ခိုင်မာမှုကို သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိုးဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။။ပြိုင်ပွဲများအပြီးတွင် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားက စားပြိုင်ပွဲအတွက် အားကစားသမား ၁၂ ဦး၊ (၅၇)ကြိမ်မြောက်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အတွက် အားကစား သမား ၁၀ ဦး စုစုပေါင်း ၂၂ ဦးတို့အား မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော် ဝန်) ဦးညီညီနှင့် တာဝန်ရှိသူတို့က အကဲဖြတ်စိစစ်ကာပဏာမ ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/195321.jpg
, 05/19/2025 - 11:32
admin_webportal
https://www.myawady.net.mm/node/69340
Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပ
Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပ။ရန်ကုန် မေ ၁၈။အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ ပူးပေါင်းစီစဉ်သည့် Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ များကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။။ယင်းပြိုင်ပွဲတွင် သုံးချီပြိုင်ပွဲ တွဲဆိုင်း ၁၂ ဆိုင်းပါဝင်ထိုးသတ်ကြပြီး သီဟ(တော်ဝင်ဧရာ)နှင့် ရာဇာထွန်း(RAY)တို့ပွဲတွင် ရာဇာထွန်း၏ လက်သီးထိချက်များကြောင့် ဒုတိယအချီတွင် သီဟအနားတောင်းခဲ့ရသည်။။တတိယအချီ ဆက်လက်ယှဉ်ပြိုင်သော်လည်း ရာဇာထွန်းကခြေကန်ချက်ပြင်းပြင်းဖြင့် သီဟကို အလဲထိုး အနိုင်ယူသွားသည်။ ထို့အတူ ပြည့်ဖြိုးမောင်(ကျားဘုရင်)နှင့် အောင်ကိုဦး(MFC)တို့ပွဲတွင် ပြည့်ဖြိုးမောင်၏ ခြေကန်ချက် လက်သီးထိုးချက်များကြောင့် အောင်ကိုဦး ဆက်မထိန်းနိုင်ဘဲ တတိယ အချီတွင် အမှတ်စဉ်သုံးကြိမ် ရေတွက်ခံရကာ ပြည့်ဖြိုးမောင်ကို အရှုံးပေးလိုက်ရသည်။။ဝေယံမင်းသူ(ပဲခူးကလပ်)နှင့် ပိုင်ကြီး(ရိုးရာသွေး)တို့ပွဲတွင် ဝေယံမင်းသူကပိုင်ကြီးကို ပထမအချီ တွင်အလဲထိုးဖြင့် လည်းကောင်း၊ မင်းထက်မိုက်(MK 1)နှင့် ရန်နိုင်ထွန်း(ရိုးရာသွေး)တို့ပွဲတွင် မင်းထက် မိုက်ကရန်နိုင်ထွန်းကို ဒုတိယအချီတွင်အလဲထိုးဖြင့် လည်းကောင်း၊ အောင်ကောင်းခန့်(STL)နှင့်ဖိုးခွား (ရိုးရာသွေး)တို့ပွဲတွင် အောင်ကောင်းခန့်က ဖိုးခွားကို ပထမအချီတွင်အလဲထိုးဖြင့် လည်းကောင်း၊ မင်းခန့် (ရိုးရာသွေး)နှင့် ကောင်းထက်ဇော်(STL)တို့ပွဲတွင် ကောင်းထက်ဇော်က မင်းခန့်ကို ဒုတိယအချီတွင် အလဲထိုးဖြင့် လည်းကောင်း၊ လျှမ်းထက်အောင်(9-ကလပ်)နှင့် သူရအောင်(Holy Power)တို့ပွဲတွင် သူရအောင်က အစီးထိုးဖြင့် တတိယ အချီတွင် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။။အခြားပွဲစဉ်များဖြစ်သည့် မြင့်မြတ်မောင်(ပဲခူးကလပ်)နှင့် ရှိုင်းထက်အောင်(ကျားဘုရင်)၊ နိဇန်ဗော့(Dojo9)နှင့် ကျုံးဝါး(ကျားမနိုင်)၊ ရှိန်းထက်အောင်(ရန်ကြီးအောင်)နှင့် သန့်သူရစိုး(YMA)၊ ဓနု (PLP)နှင့် ညီဝဏ္ဏ(ကျားဘုရင်)၊ ကောင်းထက်(ကျားဘုရင်)နှင့် လင်းဘုန်းဦး(Dojo 9)တို့ပွဲစဉ်များတွင် အနိုင်အရှုံးမပေါ်ဘဲ ပူးတွေသရေဖြင့်သာ အဆုံးသတ်ခဲ့ကြသည်။။အဆိုပါမျိုးဆက်သစ်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ၂၂ ကြိမ်တိုင်ရှိခဲ့ပြီး ယနေ့ပွဲသည်ယခုနှစ် ၂၀၂၅ ခုနှစ် အတွင်း၌ သုံးကြိမ်မြောက် ကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး ကလပ်ပေါင်း ၁၄ ခုမှအားကစားသမားများ ဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။။ယင်းပြိုင်ပွဲများကို လစဉ်ကျင်းပလျက်ရှိပြီး မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုး ကူညီပေးထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပံ့ပိုး ကူညီပေးထားကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/195322.jpg
, 05/19/2025 - 11:34
admin_webportal
https://www.myawady.net.mm/node/69341
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်။၁။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များ၏ အောက်ပါ ဖုန်းနံပါတ် များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-။(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး (နေပြည်တော်)။(၁) ဝ၆၇- ၃၄ဝ၄၉၁၁၊ ဝ၆၇- ၃၄ဝ၄၉၂၂၊ ဝ၆၇- ၃၄ဝ၄၉၃၃၊ ဝ၆၇-၃၄ဝ၄၉၄၄၊ ဝ၆၇-၃၄ဝ၄၉၅၅။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၁။(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ။(၁) ဝ၆၇-၄၅၅ဝ၄၈၈၊ ဝ၆၇-၄၅၅ဝ၄၉၉။(၂) မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၂။(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)။(၁)ဝ၇၁- ၂ဝ၃၂ဝ၉၁၊ ဝ၇၁- ၂ဝ၃၂ဝ၉၂။(၂)မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS)ဝ၉- ၂၅၅ဝဝ၂၅ဝ၇။(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)။(၁) ဝ၅၉- ၂ဝ၂၄ဝ၃၇၊ ဝ၅၉- ၂ဝ၂၄ဝ၃၈။(၂) မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၈။(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)။(၁) ဝ၅၂- ၂၂ဝ၁၉၃၉၊ ဝ၅၂- ၂၂ဝ၁၉၄၉။(၂) မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၉။(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)။(၁)ဝ၆၃-၂ဝ၂၈၈၇၈၊ ဝ၆၃- ၂ဝ၂၈၈၇၉။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁ဝ။(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)။(၁)ဝ၂- ၄ဝ၂၁၂၄၅၊ ဝ၂- ၄ဝ၂၁၂၄၆။(၂)မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု(SMS) ဝ၉- ၂၅၅ဝဝ၂၅၁၁။(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)။(၁)ဝ၅၇ - ၂ဝ၂၇၉၃၅၊ ဝ၅၇- ၂ဝ၂၇၉၃၆။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၂။(စျ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)။(၁)ဝ၉- ၂၅၅ဝဝ၂၅၁၇၊ ဝ၉- ၂၅၅ဝဝ၂၅၁၈။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၃။(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)။(၁)ဝ၁- ၈၃ဝဝဝ၁၆၊ ဝ၁- ၈၃ဝဝဝ၁၇။(၂)မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၄။(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)။(၁)ဝ၈၁- ၂၁၂၄၅၄ဝ၊ ဝ၈၁- ၂၁၂၄၉၉၅။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန်(SMS)ဝ၉- ၂၅၅ဝဝ၂၅၁၅။(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)။(၁) ဝ၄၂- ၂ဝ၂၅၉၉၃၊ ဝ၄၂- ၂ဝ၂၅၉၉၄။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၆။၂။ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်း မဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်း ဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့
ပြည်တွင်းသတင်း
https://www.myawady.net.…files/195261.jpg
, 05/19/2025 - 11:38
admin_webportal
https://www.myawady.net.mm/node/69342
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ။နေပြည်တော် မေ ၁၆။အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေ ရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းမိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။။ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Zaw Yu Tun” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်နေ ဇော်ယုထွန်းအား မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ “Kyawt Kyawt(Melmady)” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာနေ ကျော့အိထွန်းအား ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်း သိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…files/195301.jpg
, 05/19/2025 - 11:40
admin_webportal