url
stringlengths
33
37
title
stringlengths
2
255
content
stringlengths
17
96.5k
category
stringclasses
16 values
image
stringlengths
52
582
⌀
date
stringlengths
20
23
admin
stringclasses
6 values
https://www.myawady.net.mm/node/69227
ပြန်လည်တည်ဆောက်ရေး ဝိုင်းဝန်းကူညီပေး
ပြန်လည်တည်ဆောက်ရေး ဝိုင်းဝန်းကူညီပေး။အယ်ဒီတာ့အာဘော်။(၂ဝ၂၅ ခုနှစ်၊ မေ ၁၇ ရက်)။မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။ ယခုအခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေး ပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်လျက် ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချပေးခြင်းကို မေလ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပလျက်ရှိသည်။ အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် ဒေသခံပြည်သူများ နေ့စဉ်လာရောက် ဝယ်ယူလျက်ရှိသည်။။ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိမိတို့ပြန်လည်ဆောက်လုပ်မည့် လုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိရာတွင် ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့်ပြသရောင်းချ ပေးနေခြင်းဖြစ်သည်။ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနေသည့်အပြင် လွတ်လပ်စွာ ဝယ်ယူနိုင်ကြသည်။ အဆိုပါဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းတွင် ပြည်သူများဈေးနှုန်းမှန်ကန်စွာ၊ အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း၊ ဘိလပ်မြေ ထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေခြင်းဖြစ်သည်။။အဆိုပါဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းနှင့် ပတ်သက်၍ သံနှင့်ပတ်သက်ပြီး သံချောင်းများ၊ Hollow များ၊ H Beam များ၊ အဆောက်အအုံနှင့် ပတ်သက်သည့်ပစ္စည်းများ၊ ငလျင်ဒဏ်ခံနိုင်သည့် မြေထိန်းတုံး Sheet pile ပစ္စည်းများနှင့် သံများကိုအဆင့်မြင့် ထုတ်လုပ်ရေး စက်များနှင့်တကွ ပြသရောင်းချလျက်ရှိသည်။ လာရောက်ဝယ်ယူသူများ အဆင်ပြေစေရေးအတွက် KBZ Bank နှင့်ချိတ်ဆက်ပြီး ငွေပေးချေ၍ရအောင် စီစဉ်ထားသည်။ ထို့အတူ ဘိလပ်မြေနှင့်ပတ်သက်၍ MAX ဘိလပ်မြေကို ဈေးနှုန်းသက်သာစွာနှင့် ရောင်းချပေးနေသည်။ ဈေးပွဲတော်ကာလအတွင်း တစ်ရက်လျှင် အိတ်တစ်သောင်း ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသူများ အဆင်ပြေစေရန် ငွေသွင်းပြီးသည်နှင့် ပစ္စည်းများကို တစ်ခါတည်း ထုတ်ပေးလျက်ရှိသည်။။အဆောက်အအုံဆောက်လုပ်ရာတွင် ဘိလပ်မြေမှာ မပါမဖြစ်ပစ္စည်း ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကြောင့် ဝယ်ယူသူများ အဆင်ပြေပြေရှိလှသည်။ နေပြည်တော် Max Showroom တွင် ဆက်တိုက်ရောင်းချ ပေးလျက်ရှိသကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ရန် MAX CEMENT စက်ရုံကြီးတွင်လည်း နေ့စဉ်ရောင်းချပေးလျက်ရှိသည်။။သံ၊ သံမဏိနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ သံနှင့်သံမဏိ အသင်းအနေဖြင့် ကုမ္ပဏီ ၁၅ ခုမှ ပြခန်းပေါင်း ၂၆ ခန်း ပါဝင်ပြသထားသည်။ ဈေးနှုန်းအနေဖြင့် ဈေးကွက်ဝင် ဈေးနှုန်းထက် လျှော့ချပြီး ရောင်းချပေးလျက် ရှိသည်။ သံနှင့်သံမဏိပြခန်း များတွင်လည်း အဆောက်အအုံတစ်ခုလုံးအတွက် လိုအပ်သည့် တည်ဆောက်ရေးပစ္စည်း အရွယ်အစားအစုံ ပစ္စည်းမျိုးစုံကို ရောင်းချပေးလျက်ရှိသည်။။အရည်အသွေးကိုလည်း Latest Certificate များနှင့် ဆိုဒ်မှန်အောင် ရောင်းချပေးလျက်ရှိသည်။။ဤဈေးရောင်းပွဲတော်မှာ ငလျင်ဘေးသင့် ဒေသခံပြည်သူများအတွက် အလွယ်တကူ ဆောက်လုပ်ရေးပစ္စည်းများ ရရှိအောင် ရောင်းချပေးနေခြင်းဖြစ်ပေရာ တည်ဆောက်ရေး လုပ်ငန်းများပြန်လည်လုပ်ဆောင်ရာတွင် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား တစ်နေရာတည်းတွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်သည်။။ငလျင်ဘေးသင့်ပြည်သူများ အတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချလျက်ရှိရာတွင် အမှန်တကယ် လိုအပ်သူများက အမှန်တကယ် ဝယ်ယူနိုင်ရေးအတွက် ဘိလပ်မြေ ဝယ်ယူသူများ အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်၊ အပျက်အစီး မှတ်တမ်းဓာတ်ပုံ၊ အိမ်ထောင်စုဇယား မိတ္တူ၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်တို့လိုအပ်သည်။ ဝယ်ယူသုံးစွဲကြသူများ အနေဖြင့် ပစ္စည်းမှန်၊ ဈေးမှန်ဖြင့် တစ်နေရာတည်းတွင်ဝယ်ယူရခြင်းအတွက် လွယ်ကူ အဆင်ပြေလှသည်။ အခက်အခဲ တွေ့ကြုံနေရသူများအတွက် ယခုကဲ့သို့ ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချပေးခြင်းမှာ လွန်စွာ သင့်လျော်မှန်ကန်သည့် ဆောင်ရွက် ချက်ဖြစ်သည်။ ရောင်းချသူနှင့် ဝယ်ယူကြသူများ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်ဈေးရောင်းပွဲတော် တစ်ခုလည်းဖြစ်သည်။။ငလျင်ဒဏ်သင့်ဒေသများတွင် အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာ၌ ငလျင်ဒဏ်ခံနိုင်အောင် ပြန်လည်တည်ဆောက်ကြရမည်ဖြစ်သည်။ ထိုသို့တည်ဆောက်ရာတွင် မိမိတို့ဆောက်လုပ်မည့် အဆောက်အအုံတွင် ပါရှိရမည့် ဆောက်လုပ်ရေးပစ္စည်းများ အချိုးအစားမှန်ကန်စွာ ပါဝင်ရေးကို အဓိကထား ဆောက်လုပ်ကြရမည်ဖြစ်သည်။ ထိုသို့ဆောက်လုပ်နိုင်ရေးအတွက် အရည်အသွေးမီ ပစ္စည်းများအားရောင်းချ ပေးနေခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…iles/17521_0.jpg
Sat, 05/17/2025 - 09:29
admin_webportal
https://www.myawady.net.mm/node/69228
ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တို့အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လိုအပ်သည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေး
ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တို့အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လိုအပ်သည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေး။ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။။ထို့နောက် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေး အတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကို လည်းကောင်းလှည့်လည်ကြည့်ရှု အားပေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။။ယင်းနောက် မြို့နယ်ရုံး၊ ရုံးခန်းများအတွင်း ရုံးစာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှု၊ ငလျင်ဒဏ်ကြောင့် ရုံးခန်းအတွင်း ထိခိုက်ပျက်စီးမှုအား ပြန်လည်ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ခံရသည့် မြို့နယ်ရုံးဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်၍ စုပေါင်းရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ ပျောက်ဆုံးသွားသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မေးမြန်းညှိနှိုင်း ဆောင်ရွက်ပေးသည်။။ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ဆောင်ရွက်ထုတ်ပေးနေမှု၊ မြို့နယ်ရုံး၊ ရုံးခန်းအတွင်း ရုံးစာရွက်စာတမ်းများနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်း များ ထိန်းသိမ်းထားရှိမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးခန်းများ ပြန်လည်ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားကာ ငလျင်ဒဏ်ခံရသည့် မြို့နယ်ရုံးဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17551.jpg
Sat, 05/17/2025 - 09:35
admin_webportal
https://www.myawady.net.mm/node/69230
စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ စားသုံးဆီနှင့် ထောက်ပံ့ငွေများပေးအပ်
စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ စားသုံးဆီနှင့် ထောက်ပံ့ငွေများပေးအပ်။စစ်တွေ မေ ၁၆။ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စခန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး ထောက်ပံ့ငွေပေးအပ်နေမှု၊ ဆန်နှင့် စားသုံးဆီများ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။။ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဥဿလင်းဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။။ယင်းနောက် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး စခန်းအတွင်းရှိ ကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။။ထို့နောက် မင်းဂံရပ်ကွက်ရှိ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊မစိုးရိမ်ကိန်းသာကျောင်းတိုက်၊ဓညဝတီရပ်ကွက်ရှိ အသျှင်ဥတ္တရကျောင်းတိုက်၊ဗုဒ္ဓကျေးဇူးကျောင်းတိုက်၊ သာသနာရာမကျောင်းတိုက်၊ လမ္မတော်မြောက်ရပ်ရှိ သဒ္ဒမ္မဇောတိကာရုံ ကျောင်းတိုက်များသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။။ထိုသို့သွားရောက်စဉ်ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးနေမှု၊ ဆန်ရိက္ခာနှင့်စားသုံးဆီများ ထောက်ပံ့ပေးနေမှုတို့ကို ရှင်းလင်းပြောကြားပြီး စခန်းအတွင်း ကလေးငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။။ဆက်လက်၍ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် ကုန်တန်းရပ်ကွက်ရှိ ယတြာဘုန်းတော်ကြီး ကျောင်းတိုက် များသို့သွားရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးနေမှု၊ နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများအား ထုတ်ပေးနေမှု၊ ဆန်ရိက္ခာများ ထောက်ပံ့ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17552.jpg
Sat, 05/17/2025 - 09:39
admin_webportal
https://www.myawady.net.mm/node/69231
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ နေရာချထားမှု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး လှည့်လည်ကြည့်ရှု စစ်ဆေး
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့်Container House များ နေရာချထားမှု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး လှည့်လည်ကြည့်ရှု စစ်ဆေး။နေပြည်တော် မေ ၁၆။အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၅၆) ၌ တည်ဆောက်ထားသည့် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများနေရာချထားမှု၊ ထပ်မံဆောက်လုပ်လျက်ရှိသည့် ဘာရှာအဆောက်အအုံများ တည်ဆောက်ပြီးစီးမှုနှင့် တရုတ်နိုင်ငံမှကူညီထောက်ပံ့သည့် Container House များ နေရာချထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။။မွန်းလွဲပိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌသည် မြတ်ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး ဦးစီးသည့်အဖွဲ့က ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် လူသုံးကုန် ပစ္စည်းများနှင့် ငွေကျပ်သိန်းခုနစ်ဆယ် ပေးအပ် လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17553.jpg
Sat, 05/17/2025 - 09:43
admin_webportal
https://www.myawady.net.mm/node/69232
ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်
ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်။နေပြည်တော် မေ ၁၆။ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စိတ္တသုခဓမ္မာလင်္ကာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။။ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃ ပါးနှင့် ဒေသခံပြည်သူ ၁၀၃ ဦးတို့အား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။။ယင်းသို့ဆောင်ရွက်နေမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/15D_15.jpg
Sat, 05/17/2025 - 09:49
admin_webportal
https://www.myawady.net.mm/node/69233
ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေး ကြေညာချက်
ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေး ကြေညာချက်။၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုအဖွဲ့သည် ပြည်တွင်းရှိ ဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါသည်။။၂။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်ပါသည် -။(က) လက်ရှိလုပ်ငန်းလည်ပတ် လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊။(ခ) လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမည်၊။(ဂ) ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) များကို ပေးအပ်နိုင်ရမည်၊။(ဃ) နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေ ရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက် ထားနိုင်ပါသည်၊။(င) FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းဝင် လုပ်ငန်းရှင်များအား ဦးစားပေး စဉ်းစားမည်။။၃။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -။(က) ချေးငွေပမာဏ။(၁) လုပ်ငန်းသုံးလှည့်ပတ် - အနည်းဆုံး ကျပ် သိန်း ရင်းနှီးငွေ (Working ၁၀၀ မှ အများဆုံးCapital) အတွက်ကျပ်သိန်း ၅၀၀၀ အထိချေးငွေ။( ၂) မတည်ရင်းနှီးငွေ - အနည်းဆုံး ကျပ် သိန်း (Fixed Capital) ၂၀၀ မှ အများဆုံး အတွက် ချေးငွေ ကျပ် သိန်း ၅၀၀၀ အထိ။( ၃) ကျပ်သိန်း ၅၀၀၀ အထက် ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရန်ဖြစ်ပါသည်။။(ခ) ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလ။( ၁ )လုပ်ငန်းသုံး - ချေးငွေသက်တမ်း လှည့်ပတ်ရင်းနှီးငွေ(၁)နှစ်။( ၂ )မတည်ရင်းနှီး‌ငွေ - ချေးငွေသက်တမ်း(၃)နှစ် ၃ ရစ်ဆပ်။(ဂ) ချေးငွေအတိုးနှုန်း - ၁ နှစ်လျှင် (၅ %)။၄။ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများ ရယူ၍ လျှောက်ထားနိုင်ပါသည် -။(က) ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ဆီစက်ပိုင်ရှင်များအသင်းရုံးများအားလုံး၊။(ခ) ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊။(ဂ) ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများအားလုံး၊။(ဃ) ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်နှင့် မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲများအားလုံး၊။(င) ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံး။။၅။ ဆီစက်ချေးငွေအဆိုပြုလွှာပုံစံများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန websitehttps://msmewebportal. gov.mm/ ၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း websitehttp://www.meoma.org၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်း websitehttp://meoda.myanmarwebtraining.com၊ MEB websitewww.meb.gov.mm၊ MADB websitewww.madb.gov.mmတို့တွင် download ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။။ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ။စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့
ပြည်တွင်းသတင်း
https://www.myawady.net.…iles/17561_3.jpg
Sat, 05/17/2025 - 09:52
admin_webportal
https://www.myawady.net.mm/node/69234
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း။နေပြည်တော် မေ ၁၆။မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စစ်တက္ကသိုလ် အမှတ်စဉ်(၃၇) ဗိုလ်လောင်းသင်တန်းဆင်း အရာရှိမိသားစုများက ငွေကျပ်၁၃၆၆၀၀၀၀ ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရုံးသို့ လာရောက် ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17562.jpg
Sat, 05/17/2025 - 09:59
admin_webportal
https://www.myawady.net.mm/node/69235
ကယားပြည်နယ်အစိုးရအဖွဲ့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်ဝန်ထမ်းများ၊ လွိုင်ကော်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်သည့် ပြည်သူများအတွက် ချီးမြှင့်ငွေနှင့် ဆန်၊ ဆီများပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်ဝန်ထမ်းများ၊ လွိုင်ကော်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်သည့် ပြည်သူများအတွက် ချီးမြှင့်ငွေနှင့် ဆန်၊ ဆီများပေးအပ်။လွိုင်ကော် မေ ၁၆။ကယားပြည်နယ်အစိုးရအဖွဲ့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ၊ ဝန်ထမ်းများနှင့် လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအတွက် ချီးမြှင့်ငွေနှင့် ဆန်၊ ဆီများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ဝန်ထမ်းများ တက်ရောက် ကြသည်။။ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ပေးအပ်သည့် နှစ်လစာချီးမြှင့်ငွေနှင့် ပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအတွက် ဆန်၊ ဆီများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။။ထို့နောက်ယာယီနေရပ်စွန့်ခွာ ပြည်သူများ၊ ဝန်ထမ်းများနှင့် ပြန်လည် ဝင်ရောက်နေထိုင်သည့် ပြည်သူများအား ချီးမြှင့်ငွေနှင့် စားသောက်ကုန်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လည်းကောင်း၊ ပြည်နယ် ပညာရေးမှူးရုံးနှင့် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးရှိ ဝန်ထမ်းများ အတွက် နှစ်လစာချီးမြှင့်ငွေများနှင့် နမ့်ဘော်ဝမ်(ခ)နှင့် မိုင်းလုံးရပ်ကွက်နေ ပြည်သူများအတွက် ဆန်၊ ဆီများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များသို့ လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ကိုယ်စားလှယ်များသို့ လည်းကောင်း ပေးအပ်ကြသည်။။ယင်းနောက် တက်ရောက်လာသည့် ပြည်သူများက မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။။ယနေ့အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လွိုင်ကော်နှင့် ဘော်လခဲမြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူ ၆၃၁၀ ဦးနှင့် ဌာနဆိုင်ရာ ၇၄ ခုမှ ဝန်ထမ်းနှင့်မိသားစုဝင် ၄၀၀၀ ဦးတို့အတွက် နှစ်လစာချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက် နေထိုင်သည့်ရပ်ကွက် ခုနစ်ရပ်ကွက်၊ ကျေးရွာတစ်ရွာတို့မှ ပြည်သူ ၂၀၂၁ ဦးအတွက် ဆန် ၅၀၅ အိတ်နှင့် ဆီ ၁၀၁၀ပိဿာတို့ကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/175141_0.jpg
Sat, 05/17/2025 - 10:05
admin_webportal
https://www.myawady.net.mm/node/69236
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဆက်လက်ရောင်းချ ပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် ပစ္စည်းများ ဝယ်ယူရရှိနိုင်ရေး စနစ်တကျစီစဉ် ဆောင်ရွက်ထား
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဆက်လက်ရောင်းချ ပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် ပစ္စည်းများ ဝယ်ယူရရှိနိုင်ရေး စနစ်တကျစီစဉ် ဆောင်ရွက်ထား။နေပြည်တော် မေ ၁၆။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့်အရည် အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ မေလ ၁၂ ရက်မှ ၁၈ ရက်‌အထိကျင်းပလျက်ရှိသည့် သံ၊သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။။ဦးစွာ ဒုတိယဝန်ကြီးသည် ပြခန်းများတွင်ခင်းကျင်းရောင်းချလျက်ရှိသော ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးကို ပြည်သူများအား လက်တွေ့စစ်ဆေး စမ်းသပ် ဝယ်ယူနိုင်ရေးအတွက်အရည်အသွေး စမ်းသပ်စစ်ဆေးသည့် ကိရိယာများဖြင့် သရုပ်ပြစစ်ဆေးမှု အခြေအနေ၊ ဘိလပ်မြေ ရောင်းဝယ်မှု အခြေအနေ၊ လုပ်ငန်းသုံး မီးစက်သေးနှင့်မီးစက်ကြီးများ ‌ရောင်းချနေမှုအခြေအနေ၊ အိမ်ဆောက်ပစ္စည်း ရောင်းချမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ရောင်းချပွဲသို့ လာရောက်ကြသည့် ပြည်သူများအနေဖြင့်အဆင်ပြေလွယ်ကူစွာဖြင့် ပစ္စည်းများ ဝယ်ယူရရှိနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။။အဆိုပါ‌ရောင်းချပွဲ၏ ပဉ္စမမြောက်နေ့အဖြစ် ယနေ့တွင် လုပ်ငန်းသုံးပစ္စည်းများအား ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် သက်သာသော ဈေးနှုန်းဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/175142_0.jpg
Sat, 05/17/2025 - 10:09
admin_webportal
https://www.myawady.net.mm/node/69237
အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့
အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့။ဆောင်းပါးရှင် -ဒေါက်တာရင်းမြစ်(မွေး/ကု)။တစ်ခေတ်ဆန်းလာသော အသားတိုးနွားမွေးမြူရေးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ခိုင်းကျွဲကောင်ရေ ၈၇၀၅၅၇ ကောင်၊ နို့စားကျွဲကောင်ရေ ၄၁၁၇ ကောင်၊ ခိုင်းနွားကောင်ရေ၈၈၄၉၁၁၈ ကောင်၊ နို့စားနွားကောင်ရေ ၇၂၂၄၄ ကောင်၊ အသားတိုးနွားကောင်ရေ ၇၄၆၄ ကောင်၊ သိုး၊ ဆိတ်ကောင်ရေ ၂၅၆၄၁၄၆ ကောင်၊ ဝက်ကောင်ရေ ၄၄၇၁၉၆၂ ကောင်၊ ဒေသကြက်ကောင်ရေ ၄၁၃၉၉၆၄၁ ကောင်၊ ဥစားကြက်ကောင်ရေ ၁၈၉၃၁၅၇၃ ကောင်၊ အသားတိုးကြက်ကောင်ရေ ၂၀၅၃၀၅၉၅ ကောင်၊ ဒေသဘဲကောင်ရေ ၃၉၃၆၀၉၁ ကောင်၊ ဥစားဘဲကောင်ရေ ၁၅၄၀၀၀၇ ကောင်၊ အသားစားဘဲကောင်ရေ ၁၀၅၃၆၄ ကောင် မွေးမြူထားရှိသည်။။စာရင်းကောက်ယူရရှိသော အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန် မွေးမြူထားသောအိမ်ထောင်စုဦးရေ၏ ၄၅ ရာခိုင်နှုန်း ခန့်သည် ကျွဲ၊ နွားမွေးမြူသူများဖြစ်သည်ကိုတွေ့ရှိရသည်။ ယခင်က ဒေသနွားများကို ခိုင်းနွားအဖြစ် အဓိကထားမွေးမြူကြသော်လည်း ယခုအခါ ဒေသနွားများကို အသားစားနွားအဖြစ် ထိန်းကျောင်းကျွေးမွေး၍ နိုင်ငံခြားသို့ရောင်းချခြင်းဖြင့် ဝင်ငွေပိုမိုရရှိလာကြ သည့်အပြင် နိုင်ငံခြားအသားစားနွားမျိုးများကိုလည်းဒေသနွားမဖြင့်မျိုးပွား၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော မေထုန်မဲ့ မျိုးရည်ခဲချောင်းများဖြန့်ဝေပေးခြင်းနှင့် မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။။သို့ဖြစ်ပါ၍ အမဲသားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက် အသားစားနွားမျိုးများအကြောင်း၊ အသားစားနွားမျိုးရွေးချယ်မွေးမြူနည်း၊ အစာရွေးချယ်ခြင်းနှင့် အခြေခံအာဟာရဗေဒပညာ၊ အသားစား နွားများတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်း၊ မေထုန်မဲ့မျိုးမြှင့်တင်ခြင်း၊ စားကျက်စိုက်ခင်းထူထောင်ခြင်း၊ ကျွေးမွေးခြင်းနည်းပညာနှင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ် အကြောင်းကို သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်းဖော်ပြအပ်သည်။။အသားစားနွားမျိုးများ။ကမ္ဘာပေါ်တွင် အသားစားနွားမျိုးပေါင်း ၂၅၀ကျော်ရှိပြီး မွေးမြူသူအကြိုက်မျိုး ၁၂ မျိုးရှိသည့် အနက် မြန်မာနိုင်ငံတွင်ဖြစ်ထွန်းပြီး မွေးမြူသူနှစ်သက်သည့်မျိုးလေးမျိုးမှာ-။(က) ဘရာမင် (BRAHMAN)။အိန္ဒိယနွားမျိုးဖြစ်သော Guzeart, Nellore နှင့် Gir အစရှိသည့် ဇီဘူး (ZEBU)နွားမျိုးမှာ မျိုးမြှင့်ထုတ်လုပ်ထားသောနွားမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သည်။ ဦးချိုပါသည်။ ကြီးမားထင်ရှားသောဘို့ပါရှိသည်။ နားရွက်ရှည်ပြီး လည်ပတ်ကြီးသည်။ အမွေးအရောင်မှာ မီးခိုးဖျော့၊ အနီ၊ အနက်တို့ရှိပြီး အဓိကအရောင်မှာ မီးခိုးရောင်ဖြစ်သည်။ နွားထီးသည် ကိုယ်အလေးချိန် ၈၀၀ မှ ၁၁၀၀ ကီလိုဂရမ်ထိရှိပြီး နွားမသည် ၅၀၀ မှ ၇၀၀ ကီလိုဂရမ်ထိရှိသည်။ကာလတိုအတွင်း အသားထုတ်လုပ်မှုကောင်းသောမျိုးများအနက်ထင်ရှားသောမျိုးဖြစ်သည်။။(ခ) အန်းဂတ် (ANGUS)။မူရင်းမှာစကော့တလန်နွားမျိုးဖြစ်ပြီးထင်ရှားသော အသားစားနွားမျိုးတစ်မျိုးဖြစ်သည်။အန်းဂတ်အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၈၅၀ကီလိုဂရမ်ရှိပြီး အမသည် ၇၅၀ ကီလိုဂရမ်ရှိသည်။ ဘရာမင်နှင့်နှိုင်းယှဉ်ပါက ခန္ဓာကိုယ်အရွယ်အစားသေးငယ်သောအသားစားနွားမျိုးဖြစ်သည်။ ဆလင်ဒါပုံပြည့်ဖြိုးသောခန္ဓာကိုယ်အနေအထားရှိပြီး အနီနှင့် အနက်ရောင်ရှိသည်။ ဦးချိုမဲ့မျိုးဖြစ်သည်။ အသားအရည်အသွေးကောင်းမွန်မှုအတွက် လူကြိုက်များသည့်နွားမျိုးဖြစ်သည်။။(ဂ) ဘရမ်းဂတ် (BRANGUS)။အန်းဂတ်နှင့်ဘရာမင်မျိုးဖြစ်သည်။ အသားနှင့်နို့အတွက်ပါမွေးမြူနိုင်သော ထုတ်လုပ်မှုကောင်းသည့်နွားမျိုးဖြစ်သည်။ ထိန်းကျောင်းရလွယ်ကူပြီး အမများသည် မျိုးအောင်နှုန်းနှင့် နို့ထွက်နှုန်းမြင့်သည်။။အခြားမျိုးများနှင့်နှိုင်းယှဉ်ပါကအရွယ်ရောက်ချိန် အနည်းငယ်နောက်ကျသည်။ ရာသီဥတုဒဏ်ကို ခံနိုင်စွမ်းရှိသည်။ အနီရင့် သို့မဟုတ် အနက်ရောင်အမွေးရှိသည်။ အထီးသည် ပျမ်းမျှကိုယ်အလေးချိန်၉၀၀ ကီလိုဂရမ်ရှိပြီး အမသည် ၆၅၀ ကီလိုဂရမ်ရှိသည်။။(ဃ) ရင်လင်း(Yunling)။ဘရာမင် ၅၀ ရာခိုင်နှုန်း၊ တရုတ်ယူနန်ဒေသနွားမျိုး၂၅ ရာခိုင်နှုန်းနှင့် ထုတ်လုပ်မှုကောင်းသော အခြား အပူပိုင်းဒေသနွားမျိုး ၂၅ ရာခိုင်နှုန်းဖြင့် မျိုးကွဲသုံးမျိုးပေါင်းစပ်ထားသည့် Yunling နွားမျိုးသည် ကြီးထွားနှုန်းမြန်ခြင်း၊ အသားအရည်အသွေးကောင်းမွန်ခြင်း၊ ပူပြင်းစိုစွတ်သောရာသီဥတုတွင် ခံနိုင်ရည်ရှိခြင်း၊မှက်၊ခြင်ဒဏ်ခံနိုင်ခြင်းအပါအဝင် အားသာချက်များစွာရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီး၌ မွေးမြူလျက်ရှိသည်။။အသားစားနွားမျိုးရွေးချယ်ရာတွင် အဓိကကျသည့် အချက်များရွေးချယ်သောမျိုးသည် ကြီးထွားနှုန်းကောင်းခြင်း၊ထုတ်လုပ်မှုစွမ်းရည်မြင့်ခြင်းနှင့် စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်းတို့သည် ဟန်ချက်ညီနေရမည်ဖြစ်သည်။။ဥပမာ- ကြီးထွားနှုန်းကောင်းသော်လည်း စားသုံးသူကြိုက်နှစ်သက်သောအသားအရည်အသွေးမပြည့်စုံပါက ဈေးကွက်မအောင်မြင်၍ စီးပွားရေးအရ ဆုံးရှုံးနိုင်သည်။ထုတ်လုပ်မှုမြင့်သော်လည်း အစာအာဟာရပိုင်းတွင်ကုန်ကျစရိတ်မြင့်မားနေပါက စီးပွားရေးအရ တွက်ခြေမကိုက်ပါ။။မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိသောမျိုးဖြစ်ခြင်း၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိခြင်း၊ မျိုးသားပေါက်ဝယ်ယူရန် လွယ်ကူမှုရှိခြင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော ကျွဲ၊ နွားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်း စသည့်အချက်များဖြင့် မိမိတို့နိုင်ငံမှမွေးမြူသူအများစုသည် ဘရာမင်အသားစားနွားမျိုးကို ရွေးချယ်ခဲ့ကြသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်းဘရာမင်၊ အင်ဒိုဘရာဇီးနှင့် အန်းဂတ်နွားမျိုးတို့ကိုစမ်းသပ်မွေးမြူခဲ့ရာ ဘရာမင်နွားမျိုးကိုမြန်မာ့မွေးမြူသူများက ပိုမိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့ရ၍ ဒေသနွားမများကိုဘရာမင်မျိုးရည်ခဲချောင်းဖြင့် မေထုန်မဲ့မျိုးပွားနိုင်ရန် ဌာနမှ ဘရာမင် ၁၀၀ ရာခိုင်နှုန်း မျိုးသန့်နွားသိုးဝယ်ယူ၍ မျိုးရည်ခဲချောင်း ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းနှင့် ထိုင်းနိုင်ငံမှ မျိုးရည်ခဲချောင်းများမှာယူ၍ ဖြန့်ဖြူးမျိုးပွားပေးခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိအချိန်တွင်ဘရာမင်မျိုးအသားစားနွားများကိုဈေးကွက်တွင်ထုတ်လုပ်ရောင်းချနိုင်သည့် မွေးမြူသူများပေါ်ထွက်လာပြီဖြစ်သည်။ ဌာနမှလည်း ဘရာမင်မျိုးနွားမတမ်းများကို မွေးမြူသူများထံမှ ရွေးချယ်ဝယ်ယူ၍ အသုံးချသုတေသနလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။။နွားခြံတည်ထောင်ခြင်း။နွားခြံတစ်ခုတည်ထောင်မည်ဆိုလျှင်အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရမည်။ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံ ဉာဏ်ရယူနိုင်သည်။။၁။ မြေနေရာရွေးချယ်ခြင်း။(က) လူနေရပ်ကွက်၊ကျေးရွာနှင့်သတ်မှတ်ထားသော အကွာအဝေးရှိရမည်။။(ခ) သန့်ရှင်းသောသောက်သုံးရေရရှိရမည်။။(ဂ) လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာစွမ်းအင်ရရှိရမည်။။(ဃ) လိုအပ်သော အဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်နှင့် အကျိုး အမြတ်ပိုမိုရရှိစေရေးအတွက်စားကျက်စိုက်ခင်းထူထောင်ရန် လုံလောက် သောအကျယ်အဝန်း ရှိသည့် စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။။၂။ အဆောက်အအုံတည်ဆောက်ခြင်း။(က) မိမိဒေသ ရာသီဥတုနှင့်ကိုက်ညီသောဒီဇိုင်းဖြင့်ဆောက်လုပ်နိုင်ရမည်။သစ်၊ဝါးစသည့် သစ်တော ထွက်ပစ္စည်းများအစား သံနှင့် သံထည် ပစ္စည်းများဖြင့် ဆောက်လုပ်ပါက အမိုးအမြင့် အနည်း ဆုံး ၁၀ ပေထား၍တိရစ္ဆာန်များ အပူဒဏ်မခံရ စေရန်နှင့် လေဝင်လေထွက် ကောင်းစေရန် စီမံပေးရ မည်။။(ခ) တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သော နေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီ ဆောက်လုပ်နိုင်ရမည်။။(ဂ) လေဝင်လေထွက် ကောင်းမွန်ပြီးလုံလောက်သော အလင်းရောင်ရရှိစေရမည်။ ရေစီး ရေလာ ကောင်းမွန်ရန် ပြင်ဆင်ရာတွင်ချောမွတ်သောကြမ်းခင်းမဖြစ်ရ။။(ဃ) မွေးမြူမည့် နည်းလမ်း/ရည်ရွယ်ချက်နှင့်အညီ လိုအပ်သော အဆောက်အအုံများတည် ဆောက် ပေးရမည်။။ဥပမာ-အသားထုတ်ရန်အတွက်သာ သီးသန့်မွေးမြူပါကသားမွေးနှင့် သားထိန်းဆိုင်ရာ အခန်း/ အဆောက်အအုံငယ်များထည့်သွင်းရန်မလိုအပ်ပါ။။(င) နာမကျန်းတိရစ္ဆာန် သီးသန့်ဆောင်နှင့် ဆေးဝါးကုသဆောင်ထည့်သွင်းရမည်။။(စ) ဇီဝလုံခြုံမှုနည်းလမ်းများနှင့်အညီလိုအပ်သော စာရင်းနှင့်မှတ်တမ်းများ စနစ်တကျထိန်းသိမ်း ဆောင်ရွက်နိုင် ရန် အလုပ်ရုံးခန်းနှင့် အလုပ်သမား နေအိမ်များတည်ဆောက်ရမည်။။(ဆ) အစာကြမ်း၊ အစာနုများ သိုလှောင်ရန်သီးခြားအဆောက်အအုံ တည်ဆောက်ရမည်။ အဆောက် အအုံဆောက်လုပ်ခြင်းဆိုင်ရာသိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် ဆက်သွယ်၍ အကြံဉာဏ် ရယူနိုင်သည်။။၃။ သွင်းအားစုများထည့်သွင်းခြင်း။(က) မိမိမွေးမြူမည့် ရည်ရွယ်ချက်နှင့်ကိုက်ညီသော နွားမျိုးထည့်သွင်းရန်။။(ခ) အစာကြမ်း၊ အစာနုနှင့် အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်။။(ဂ) နွားခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးပစ္စည်းများထားရှိရန်။။ဥပမာ-အစာကြမ်း ရိတ်ဖြတ်စက်၊ အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန် လက်တွန်းလှည်းငယ်များ၊ အညစ်အကြေးသန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊ တိရစ္ဆာန် ထိန်းချုပ်ပစ္စည်းများ။။(ဃ) တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသော ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်။။(င) မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီးဇီဝလုံခြုံမှုနှင့်ကိုက်ညီသောခြံစည်းရိုးကာရံရန်နှင့် ခြံအဝင် အထွက်ပေါက်တွင်ပိုးသတ်ဆေးကန်ထားရှိရန်။။နွားခြံအဆောက်အအုံသည် မွေးမြူမည့်ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် မိမိသုံးစွဲမည့်ငွေကြေးအရင်းအနှီးအင်အားအပေါ်မူတည်၍ ဆောက်လုပ်နည်းနှင့် အဆောက်အအုံဒီဇိုင်းကွဲပြားသည်။မည်သည့်နည်းစနစ်ဖြင့်မွေးမြူသည်ဖြစ်စေ လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိစေရန်နှင့် သန့်ရှင်းသောသောက်သုံးရေ အလုံအလောက်ရရှိစေရန်၊ ရေစီးရေလာကောင်းမွန်ရန်နှင့် ကုန်ထုတ်လမ်းရရှိရန်လိုအပ်သည်။။ဆက်လက်ဖော်ပြပါမည်။
null
null
Sat, 05/17/2025 - 10:25
mwd_webportal
https://www.myawady.net.mm/node/69238
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ လက်ရှိရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ကိုးခုကို ခွင့်ပြု
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ လက်ရှိရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ကိုးခုကို ခွင့်ပြု။နေပြည်တော် မေ ၁၆။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။။အစည်းအဝေးတွင် ဆောင်ရွက်ဆဲလက်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်သုံးခုနှင့် စက်မှုကဏ္ဍမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်ခြောက်ခုတို့ကို ခွင့်ပြုပေးခဲ့ရာ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၇၇၈ သန်းနှင့် ငွေကျပ် ၃၀၂၀၆ ဒသမ ၉၂၀ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၇၁ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။။ယနေ့ခွင့်ပြုပေးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ အရန်သင့်အစားအစာများ ပြင်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိ အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အခြားလုပ်ငန်းများလည်း ပါဝင်သည်။။၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီး မြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း အသီးသီး ရင်းနှီးမြှုပ်နှံထားသည်။။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/175161_0.jpg
Sat, 05/17/2025 - 10:29
admin_webportal
https://www.myawady.net.mm/node/69239
သောတအာရုံကောင်းစေချင်
သောတအာရုံကောင်းစေချင်။ဆောင်းပါးရှင် -ပေါက်ပေါက်။မြန်မာစာပေစကားတွင် မျက်စိအဆုံး၊ နားအရှုံးဟူသောဝေါဟာရ ကို သုံးလေ့ရှိကြသည်။ အကြားအာရုံချို့ယွင်းခြင်းကြောင့် လူဖြစ်မရှုံး သော်လည်း မိမိကိုယ်ကို ယုံကြည်မှုကင်း၍ လူ၀င်မဆံ့ဖြစ်လာတတ် သည်။ အာရုံခံ (၆) ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သောတအာရုံ ကောင်းမွန်ကြစေရန်ရည်ရွယ်၍ ဤဆောင်းပါးဖြင့် အကြံပြုရေးသား လိုပါသည်။။နား သို့မဟုတ် သောတအာရုံ။နားတစ်စုံတွင် အပြင်နား၊ အလယ်နားနှင့် အတွင်းနားဟူ၍ အပိုင်းသုံးပိုင်းရှိသည်။ အပြင်နားဟူသည်မှာ နားရွက်နှင့်နားလမ်းကြောင်းဖြစ်ပြီး အသံလှိုင်းများကိုလက်ခံ၍ နားစည်ကိုရိုက်ခတ်တုန်ခါပေးသည်။ ထို့နောက် အလယ်နားထဲရှိ အရိုးငယ်လေးများက အသံလှိုင်းများကိုထိရိုက်သည်။ယင်းမှတစ်ဆင့်အတွင်းနားထဲရှိ အရည်ကိုတုန်ခါ စေပြီး အသံလှိုင်းကို လက်ဆင့်ကမ်းသယ်ဆောင်ပေးသောနည်းဖြင့် အကြားအာရုံကို ဦးနှောက်ထံပို့ဆောင်ပေးသည်။။အတိတ်ကံအကျိုးဆက်ကြောင့် တချို့သူများတွင် မွေးရာပါအကြားအာရုံချို့ယွင်းလာကြသကဲ့သို့ ကိုယ်ဝန်ဆောင်ကာလနှင့်မွေးကင်းစတွင်ဖြစ်ပွားလေ့ရှိသောရောဂါများနှင့်ဆက်စပ်နေခြင်းကြောင့် အကြားအာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည်။ လူအများစုကလည်း မကြာ ခဏအိပ်ရေးပျက်ခြင်း၊ ဖုန်းအမြဲနားထောင်၍ အလုပ်လုပ်ရခြင်း၊ပတ်၀န်းကျင်ဆူညံသံများဖုံးလွှမ်းသောနေရာ၌ အလုပ်လုပ်ရခြင်း၊ နားကြပ်တပ်၍ သီချင်းများနားထောင်လေ့ရှိခြင်း စသည်တို့ကြောင့် နားအူခြင်း၊ နားလေထွက်ခြင်း၊ နားယားခြင်းတို့ဖြစ်ပွားတတ်ပြီး အခန့် မသင့်ပါက နားကန်းသွားတတ်သည်။။ထို့ပြင် အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်ခြင်း၊ ဦးနှောက်အ မြှေးရောင် ရောဂါနှင့် တခြားရောဂါပိုးများဝင်ရောက်ခြင်း၊ နားအနောက်ဘက်နှင့် လည်ချောင်းအတွင်း ဂလင်း(အကျိတ်)ရောင်ခြင်း၊ နားပြည်ယိုခြင်း၊နားစည်နှင့်လည်ချောင်းပြွန်ပိတ်ဆို့ခြင်း၊နားကိုထိခိုက်မိခြင်းနှင့် ကျယ်လောင်သောအသံ စသည်တို့ကလည်းအကြားအာရုံချို့ယွင်းစေ နိုင်သည်။ နား၊ နှာခေါင်း၊ လည်ချောင်းတို့သည် အာရုံကြောများနှင့် ဆက်စပ်နေသဖြင့် နားထဲပိုး၀င်ပါက ဦးနှောက်ကိုပါ ထိခိုက်စေနိုင် သည်။ ထို့ကြောင့် နားကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ သိရှိထားကြရန်လိုအပ်သည်။။- နားကျန်းမာရေးအတွက် နားဝန်းကျင်ပြင်ပသန့်ရှင်းမှုကလည်း အရေးကြီးသည်။ ထို့ကြောင့် ရေချိုးပြီးစတွင် မျက်နှာသုတ်ပဝါ စိုထိုင်းထိုင်း သို့မဟုတ် တစ်သျှူးတို့ဖြင့် နားပြင်ပတစ်ဝိုက်ကို သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။။- နားကျပ်ဆီတစ်မျိုးဖြင့် နားသန့်စင်ပေးနိုင်သည်။ သို့သော် ယင်း အဆီများကိုပိုမိုသုံးစွဲမိပါက ကြေးညှော်တက်ကာ အကြားအာရုံ ပိတ်ဆို့တတ်သောကြောင့် လိုအပ်သည်ထက်ပိုမသုံးသင့်ပေ။။- နားပိုး၀င်ခြင်းအစ နားကျပ်ဂွမ်း၊ မီးခြစ်ဆံ၊ နားဖာကလော်တို့ကဟု မှတ်သားထားပါ။။- နားအတွင်းယားယံ၍ နာကျင်လာပါက ကုသမှုခံယူပါ။။- အကယ်၍နားဖောက်မည်ဆိုပါက မေးခိုင်ပိုးမ၀င်စေရန်နှင့် အနာမရင်းစေရန် နားပတ်လည်နှင့် နားသီးတို့ကို အရက်ပြန်ဖြင့် သုတ်လိမ်းပေးပါ။။- ချွန်ထက်သောကလစ်၊ နားကျပ်တံများက နားအတွင်းနံရံများ နှင့် နားစည်ကိုထိခိုက်ဒဏ်ရာရစေတတ်၍ထိုပစ္စည်းများဖြင့် နားသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။။- လူတချို့ကနားကိုသန့်ရှင်းစင်ကြယ်အောင် နားပေါက်ထဲရေလောင်းထည့်တတ်ကြသည်။ ထိုနည်းလမ်းကလွန်စွာမှားယွင်း နေပြီး နားဖာချေးများက အနောက်ဘက်သို့ပြန်ရောက်ကာ ပိတ်ဆို့ သွားတတ်သည်။။- သံလွင်ဆီ သို့မဟုတ် အုန်းဆီတို့က နားဖာချေးများကို ပျော့ပျောင်း စေပြီး အပြင်သို့ အလွယ်တကူထွက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။။- နှာခေါင်းပေါက် တစ်ဖက်ချင်းစီကို လက်ဖြင့်ပိတ်ပြီးမှသာလျှင် နှပ်ချေးညှစ်ထုတ်သင့်ပါသည်။ သို့မဟုတ်ပါက နားထဲသို့ ကူးစက် ပိုး၀င်ကာ နားအူစေတတ်သည်။။- နားထဲမှ အရည်များယိုစီးကျခြင်းသည် ကူးစက်ပိုး၀င်ခြင်းဖြစ်၍အမြန်ဆုံးကုသမှုခံယူသင့်သည်။။ဖျားနာပျောက်ဆေးများနှင့် နားအန္တရာယ်။ဖျားနာပျောက်ဆေးများ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် ပိုးသတ် ဆေးပြင်းပြင်း သောက်သုံးရသည့်အခါ ယင်းဆေးဝါးများ၏ ဘေးထွက် ဆိုးကျိုးအဖြစ် နားထဲမှလေထွက်ခြင်း၊ နားအူခြင်း၊ နားထဲတွင် ဆူညံ သံများဆက်တိုက်ကြားရခြင်း စသည်ဖြင့် အကြားအာရုံထိခိုက်စေသည်။ ထိုအခြေအနေမျိုးတွင် တတ်ကျွမ်းနားလည်သောဆရာ၀န်နှင့် အမြန်ဆုံး ပြသ၍ ကုသမှုခံယူသင့်သည်။။- တချို့အလုပ်ရုံ၊ စက်ရုံများနှင့် လုပ်ငန်းခွင်များသည် နား၏ခံနိုင်ရည်အသံလှိုင်းထက်ကျယ်လောင်ကာ နားစည်တုန်ခါမှုကို အနှောင့်အယှက်ဖြစ်စေ၍နားအကာအကွယ်ကိရိယာများ တပ်ဆင်သင့်သည်။။- iPod နှင့် MP3 player များဖြင့် အချိန်ကြာမြင့်စွာ သီချင်းနားထောင်ခြင်းကလည်းနားကိုအန္တရာယ်ဖြစ်စေတတ်သဖြင့် သတိပြုဆင်ခြင်သင့်သည်။။- လေ့လာဆန်းစစ်ချက်များအရကမ္ဘာပေါ်တွင်အကြားအာရုံချို့ယွင်းသူအများစုသည် ဆယ်ကျော်သက်များဖြစ်ကြပြီး ယင်း တို့သည် အသက် ၁၀ နှစ်အရွယ်မတိုင်မီကစ၍ အသံနှုန်းမြှင့်ကာ နားကြပ်ဖြင့် အသံကျယ်ကျယ်သီချင်းနားထောင်လေ့ရှိကြောင်း၊ ထိုသို့ ကာလတာရှည်နားထောင်ခြင်းက လုံး၀နားကန်းသွားနိုင်ကြောင်း တွေ့ရသည်။။- အသံပါဝါယူနစ်ဟူသည်မှာ အသံအတိုးအကျယ် တိုင်းတာနှုန်း ထားဖြစ်ပြီး နားကြပ်မှ အသံပါဝါယူနစ်ကို ၈၅ အထိထား၍ တစ်ရက်လျှင် ရှစ်နာရီကြာ သီချင်းနားထောင်သည့်အခါ ယာယီ နားကန်းသွားစေနိုင်ကြောင်း၊ ထိုနည်းတူ အသံပါဝါယူနစ်ကို ၈၈ အထိထား၍ လေးနာရီကြာမျှ သီချင်းနားထောင်သောအခါတွင်လည်း ယာယီနားကန်းသွားစေကြောင်း၊ အကယ်၍ အသံပါဝါ ယူနစ်ကို ၁၀၀ မှ ၁၀၅ အထိထား၍ သီချင်းနားထောင်ပါက ၁၅ မိနစ်အချိန်တွင်းမှာပင် နား(လုံးဝ) ကန်းသွားနိုင်ကြောင်း ဘော့စတွန်ရှိ ကလေးဆေးရုံမှ တာဝန်ရှိသူ Dr. Brian Fligor က ဆိုသည်။။- အိမ်တွင်းစတူဒီယိုနှင့် အသံသွင်းခန်းမများသည် နားစည်တုန်ခါမှုဖြစ်စေတတ်သဖြင့် အသံပမာဏနှုန်းကို နှိမ့်ထားသင့်သည်။။- အင်တာနက်ဂိမ်းဆိုင်တချို့တွင်နားကြပ်ကိုလူတကာသုံးစွဲထားသောကြောင့်ဗက်တီးရီးယားပိုးမွှားများကိုလက်ဆင့် ကမ်းသယ်ဆောင်သွားကြပြီး နားထဲပိုး၀င်နိုင်သည်။ ထို့ကြောင့် မိမိကိုယ်ပိုင်နားကြပ်သီးသန့်သုံးစွဲသင့်သည်။။- မဖြစ်မနေ နားကြပ်တပ်သုံးရသည့်အခါ နားစည်တုန်ခါမှုမပြင်းထန်စေရန် နားကြပ်ကို နားကလိုင်ပေါက်ထဲအထိ ထိုး၍မတပ်ပါ နှင့်။ မိမိကြားလောက်ရုံမျှသာ အသံပမာဏကို ချိန်ဆ၍လျှော့ သုံးပါ။ နားကြပ်သုံးစွဲချိန်ကို တစ်နာရီပြည့်တိုင်း ငါးမိနစ်နားပါ။။- တယ်လီဖုန်းများနှင့် ဟန်းဖုန်း volume များ လျှော့ထားခြင်း ဖြင့် နားထိခိုက်မှုမှ ကြိုတင်ကာကွယ်ရာရောက်သည်။။- မော်တော်ဆိုင်ကယ်၊ စကိတ်၊ မြင်းစီးခြင်း စသည်တို့သည် ဦးခေါင်းနှင့် နားကိုထိခိုက်စေသောကြောင့် နားကာဦးထုပ်များ ဝတ်ဆင် ထားသင့်သည်။။- ရေထဲသို့ ဒိုင်ဗင်ထိုးချခြင်း၊ ရေကူးခြင်းနှင့် ရေထဲတွင် အလုပ်လုပ် ရခြင်းကြောင့် ရေထုဖိအားက နားကိုအနှောင့်အယှက်ဖြစ်စေ သဖြင့် နားအကာအကွယ်ပစ္စည်းတပ်ဆင်ထားသင့်ပါသည်။။- လေယာဉ်စီးနေစဉ် လေထုဖိအားမှကာကွယ်ရန် အထူးဆန်ခါပါသော နားကြပ်တပ်ဆင်ထားခြင်း၊ နားထဲရှိလေဖိအားကို မျှခြေ ဖြစ်စေရန် မကြာခဏတံတွေးမျိုချခြင်း သို့မဟုတ် ပါးစပ်ဟ၍သမ်းခြင်း၊ အအေးမိနှာစေးနေပါက လေယာဉ်ပေါ်မတက်မီ တစ်နာရီခန့်ကြိုတင်၍ နှာချေပျောက်ဆေးသောက်ထားခြင်း စသည်ဖြင့် မိမိကိုယ်ကိုကာကွယ်ထားသင့်သည်။။- အကြားအာရုံကောင်းမွန်သော်လည်း နားလည်တတ်ကျွမ်းသော ဆရာ၀န်ဖြင့် နားကိုပုံမှန်စစ်ဆေးကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှကာကွယ်ရန် နားတစ်ဝိုက် sunscreen လိမ်းခြင်း၊ မတော်တဆထိခိုက်မှုကြောင့် နားရောင်ရမ်း နာကျင်နေပါက ဆရာ၀န်နှင့်ပြသစစ်ဆေးခြင်း စသည်ဖြင့်အထွေထွေစောင့်ရှောက်မှုများ ပြုလုပ်သင့်သည်။။အကြားအာရုံဆုံးရှုံးခြင်းကိုအောက်ပါလက္ခဏာများကဖော်ပြလျက်ရှိသည်။။- တစ်ဖက်လူဖြေဆိုသောစကားကိုမကြား၍ ထပ်ခါထပ်ခါတူညီသောမေးခွန်းမေးနေခြင်း၊။- အမေးနှင့်အဖြေတလွဲဖြစ်နေခြင်း၊။- တယ်လီဖုန်းပြောသောအခါ သေသေချာချာမကြားရခြင်း၊။- တီဗွီ၊ ရေဒီယို၊ ကက်ဆက်အသံများကို တခြားသူများထက် အသံ နှုန်းပမာဏတိုးမြှင့်မှသာ ပီသစွာကြားနိုင်ခြင်း၊။- မိမိကို စကားပြောလာသည့် တစ်ဖက်လူများအပေါ် စကား မပီမသပြောနေကြသည်ဟု မကြာခဏသံသယ၀င်မိခြင်း၊။- ပတ်ဝန်းကျင်ရှိ ငှက်လေးများ၏အော်မြည်သံကို သဲသဲကွဲကွဲမကြား ရခြင်း၊။- တစ်ဖက်လူပြောဆိုသောစကားကို သဲသဲကွဲကွဲမကြားရသဖြင့် ဟန်ဆောင်၍ ခေါင်းညိတ်၊ ခေါင်းခါ၊ ပြုံးပြနေရခြင်း၊။- ကြည်ကြည်လင်လင်မကြားရ၍ပြောနေသောစကားဝိုင်းမှ ရှောင်ထွက်လာရခြင်း၊။- တစ်ဖက်လူ၏နှုတ်ခမ်းကိုကြည့်ပြီးမှသာမိမိက ခက်ခဲပင်ပန်းစွာ စကားဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်ခြင်း၊။- ပြင်ပ ပယောဂအသံကြောင့်မဟုတ်ဘဲ နားထဲတွင် အလိုအလျောက် တဝီဝီအသံများ အဆက်မပြတ်ကြားနေခြင်း စသည်တို့ဖြစ်သည်။။ထို့ကြောင့် လူသားအားလုံး အကြားအာရုံချို့ယွင်းမှုမဖြစ်စေရန် ဆောင်ရန်၊ ရှောင်ရန်များကို အကြံပြုရေးသားလိုက်ပါသည်။
null
null
Sat, 05/17/2025 - 10:31
mwd_webportal
https://www.myawady.net.mm/node/69240
ပထမအကြိမ် အာဆီယံ ပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ
ပထမအကြိမ် အာဆီယံ ပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ။နေပြည်တော် မေ ၁၆။ပထမအကြိမ် အာဆီယံပထဝီ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းအဝေး (Inaugural Meeting of ASEAN Geoeconomics Task Force)ကို ယနေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံ ပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။။အစည်းအဝေးတွင် ဒေသတွင်းစီးပွားရေး အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမှု အခြေအနေများနှင့် ကမ္ဘာ့ကုန်သွယ်ရေးမူဝါဒ ပြောင်းလဲမှုများအပေါ်တွင် အာဆီယံဒေသတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။။ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်‌နေသည့် ကမ္ဘာ့ပထဝီ စီးပွားရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအပြောင်းအလဲများကြောင့် အာဆီယံနိုင်ငံများ အကြားတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ အကျိုးကျေးဇူးများနှင့် ထိခိုက်နိုင်မှုများ၊ ဒေသတွင်းနိုင်ငံများ အကြားပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်မည့် နယ်ပယ်နှင့်လုပ်ငန်းများ၊ အာဆီယံနိုင်ငံများ၌ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသည်။။အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ (ASEAN Geoeconomics Task Force) ကို ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အပြောင်းအလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ထိခိုက်နိုင်မှုများကို သုံးသပ်နိုင်ရန်နှင့် အာဆီယံစီးပွားရေး ဝန်ကြီးများထံသို့ မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည်တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် တစ်ဦးစီနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းမှ အကြီးတန်းစီးပွားရေး ပညာရှင်တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/175162.jpg
Sat, 05/17/2025 - 10:35
admin_webportal
https://www.myawady.net.mm/node/69241
မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း (စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ် ဖွင့်လှစ်
မြောင်းမြမြို့နယ် မြကန်သာရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ် ဖွင့်လှစ်။ပုသိမ် မေ ၁၆။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောင်းမြမြို့နယ် သိလ္လာဂါတ်စုကျေးရွာရှိ တောင်သူဦးသန့်ဇင်၏ ရော်ဘာခြံနှင့်ကော်ဖီ သီးညှပ်စိုက်ပျိုး ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။။ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်စေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မှာကြားပြီး ‌ရော်ဘာစေးများအား ခဲကန်အတွင်းထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ ရော်ဘာအပြားများအား ကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှန်းခြင်း၊ မှိုင်းခံခြင်းစသည့်ကုန်ကြမ်း ထုတ်လုပ်မှုများကို လည်းကောင်း၊ ရော်ဘာစိုက်ဧက ၄၈ ဧကနှင့် ရိုဘတ်စတာ(TR-4)ကော်ဖီသီးညှပ်စိုက်ဧက ၅ ဧက စိုက်ပျိုး ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။။ထို့နောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။။ယင်းနောက် ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမျိုးသမီးဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့်ကျုံပျော်ခရိုင်အသင်း ယှဉ်ပြိုင်မှုကို လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်း ယှဉ်ပြိုင်မှုကို လည်းကောင်း ကြည့်ရှုအားပေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြား၊ ငွေသား ဆုနှင့် ဆုဖလားကို ချီးမြှင့်ပြီး ဆုရရှိသော အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြောင်းမြမြို့နယ် မြကန်သာ ရပ်ကွက် အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရိလမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကာဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။။ထို့နောက် ‌မြောင်းမြမြို့နယ် ကျုံဝါးစိုက်ပျိုးရေးပညာပေး စခန်းတွင် ပြုလုပ်သည့် တောင်သူများအား စပါးမျိုးများ၊ ပိုက်ဆန် လျှော်မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ(Drum Seeder)များပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆန်လျှော် မျိုးစေ့နှင့်စပါးမျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်သည်။။အလားတူ ဝါးခယ်မမြို့နယ် ကံကွင်းကျေးရွာအုပ်စုသို့ သွားရောက်၍ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး တောင်သူများအား ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး စပါးမျိုးများပေးအပ်သည်။။ဆက်လက်၍ ဖျာပုံမြို့နယ်ဖျာပုံတမံကျေးရွာရှိ စိန်ရတနာဖြိုး ဥစားဘဲမွေးမြူရေးခြံသို့ သွားရောက်၍ ဥစားဘဲမွေးမြူရေးခြံတွင် ဘဲကောင်ရေ ၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးပြီး မွေးမြူရေးခြံဖျန်း ပိုးသတ်ဆေး များ ပေးအပ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/175171.jpg
Sat, 05/17/2025 - 10:41
admin_webportal
https://www.myawady.net.mm/node/69242
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ဆွေးနွေး
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန်Town Plan ရေးဆွဲနိုင်ရေး ဆွေးနွေး။နေပြည်တော် မေ ၁၆။နေပြည်တော်ကောင်စီနယ်မြေ အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။။အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊နေပြည်တော်ကောင်စီနှင့် စည်ပင် သာယာရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံ ၊ လမ်း၊ တံတားများအတွက် အမျိုးအစားနှင့် ပျက်စီးမှု ပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)” များကို ဖြန့်ဝေပေးထားပြီးဖြစ်၍ ပြန်လည်ပြုပြင်ရန်နှင့် အသစ်တည်ဆောက်ရာတွင်လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအစား အသစ် တည်ဆောက်နိုင်ရန် Town Plan ရေးဆွဲရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြားသည်။။ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးက မြို့ပြမြေအသုံးချမှု ရာခိုင်နှုန်း စံသတ်မှတ်ချက်များ၊ Town Plan ရေးဆွဲရာတွင် လိုက်နာရမည့်အခြေခံ အချက်အလက် များကို လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်က အိမ်ရာစီမံကိန်းအသစ် တည်ဆောက်ရန် မြေနေရာ ရွေးချယ်ထားရှိမှုကို လည်းကောင်း၊ အစည်းအဝေး တက်ရောက် လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးမှ ရရှိလာသည့်ဆွေးနွေးချက်များကို အခြေခံပြီး Town Plan အတွက် မြေနေရာရွေးချယ်ခြင်းနှင့် Soil Test ဆောင်ရွက်ခြင်းတို့ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။။အစည်းအဝေးအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့် အညီ ဆောင်ရွက်ရန်၊ မြေစမ်းသပ်မှုများ စနစ်တကျ သေချာတိုင်းတာ တွက်ချက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်၌ Modular House များ နေရာချထားတပ်ဆင်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရှင်းလင်းထားရှိမှု၊ Modular House များ သတ်မှတ်လျာထားချက်နှင့်အညီ နေရာချထား တပ်ဆင်နေမှုတို့ကို ရှင်းလင်း တင်ပြကြသည်။။ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် အလျား ပေ ၂၀၊ အနံ ၁၀ ပေရှိ Modular House များကို Phase 1 တွင် လျာထား ၆၄ လုံးနှင့် Phase 2 တွင် လျာထား ၁၂၄ လုံး စုစုပေါင်း ၁၈၈ လုံး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/175172.jpg
Sat, 05/17/2025 - 10:45
admin_webportal
https://www.myawady.net.mm/node/69244
စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ
စမတ်ဖုန်းသုံးစွဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ။ဆောင်းပါးရှင် -ကိုကျော်စွာ(ကျိုက်ပိ)။ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ စိုက်ပျိုးရေးဖြစ်စေ၊ မွေးမြူရေးဖြစ်စေ နည်းပညာကိုအခြေခံ၍သာလျှင်စိုက်ပျိုးမွေးမြူနေကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။နည်းပညာနှင့်သက်ဆိုင်သောပစ္စည်းကိရိယာများကလည်း တစ်နေ့တစ်မျိုးမရိုးနိုင်အောင် တီထွင်ဆန်းသစ်နေကြသည်။ ထိုပစ္စည်းများအနက်လက်ကိုင်ဖုန်း(Smart Phone)လည်း တစ်ခုအပါအဝင်ဖြစ်သည်။။ယနေ့ခေတ်တွင် စမတ်ဖုန်းသည် သယ်ယူရလွယ်ကူသလို ဘက်စုံအသုံးပြုနိုင်သောပစ္စည်းတစ်မျိုးဖြစ်သည်။ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်ဖတ်ချင်သလား၊ နည်းပညာဆိုင်ရာများကို လေ့လာချင်သလား၊ စီးပွားရေးလုပ်ချင်သလား အကုန်လုံး စမတ်ဖုန်းဖြင့်ပြုလုပ်နိုင်သည်။ စမတ်ဖုန်းသည် ဘက်စုံအသုံးပြုနိုင်သည်မှန်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများလည်းရှိသည်။ ၂၀၀၅ ခုနှစ်လောက်က တစ်ကမ္ဘာလုံးအတိုင်းအတာအရ မိုဘိုင်းဖုန်းသုံးစွဲသူ ၂ ဒသမ၂ဘီလီယံရှိပြီး ကြိုးမဲ့ဖုန်းအသုံးပြုသူ ၁ ဒသမ၂၆ ဘီလီယံအထိရှိကြောင်းသိရသည်။ ယခုကမ္ဘာ့လူဦးရေ ၅၄ ရာခိုင်နှုန်း (၄ ဒသမ ၃ ဘီလီယံ)ခန့်သည် တယ်လီဖုန်းသုံးစွဲနေကြသည်။။မြန်မာနိုင်ငံနှင့်စမတ်ဖုန်း။စာရေးသူတို့နိုင်ငံတွင်ဖုန်းကို၂၀၁၀-၂၀၁၁ ခုနှစ်လောက်က စတင်အသုံးပြုလာခဲ့ကြသည်။သို့သော် တွင်တွင်ကျယ်ကျယ်တော့မဟုတ်သေးပေ။ ထိုအချိန်က ကြိုးဖုန်းများကိုသာ တိုင်ထောင်၍အသုံးပြုကြရသည်။ ရွာတစ်ရွာတွင်ကြိုးဖုန်းတစ်လုံးလောက်သာရှိကြသည်။ ဖုန်းပြောလိုလျှင် ကြိုးဖုန်းဆိုင်သို့သွားရောက်ပြောကြရသည်။ ထို့နောက် တဖြည်းဖြည်းနှင့်ယခုလက်ကိုင်ဖုန်း ခေါ် စမတ်ဖုန်းများကိုတွင်ကျယ်စွာအသုံးပြုလာကြသည်။ ယခုလူတိုင်းလိုလို စမတ်ဖုန်းတစ်လုံးစီရှိကြသည်အထိ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြသည်။ မိသားစုတစ်စုမှာပင် စမတ်ဖုန်းတစ်လုံးနှုန်းလောက်ရှိကြသည်။ တချို့ကထိုဖုန်းဖြင့်စီးပွားရေးလုပ်ကြသည်။။တချို့က စာပေဗဟုသုတရှာကြသည်။တချို့က စျေးရောင်းကြသည်။ တချို့က နည်းပညာများဖြန့်ဝေကြသည်။ သတင်းအချက်အလက်များကိုလည်း အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်သည်။။ထို့ကြောင့်စမတ်ဖုန်းသည်ကမ္ဘာကြီးတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။မိမိသိချင်သည့်အချက်အလက်များကိုအလွယ်တကူရှာဖွေ၍ ထိုအချက်များအရ စမတ်ဖုန်းအသုံးပြုခြင်းသည်အကျိုးများစေသည်။ သို့သော် အလွန်အကျွံသုံးစွဲပါက ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေသည်။။ကလေးသူငယ်နှင့်ဖုန်းစွဲခြင်း။အများအားဖြင့်တော့ စမတ်ဖုန်းများသည် စွဲလမ်းမှုကိုဖြစ်စေသည်။ အထူးသဖြင့်ဂိမ်းဖြစ်သည်။။စမတ်ဖုန်းများမပေါ်မီကမည်သည့်ဂိမ်းမျှ မကစားကြပေ။ စမတ်ဖုန်းများပေါ်လာပြီးနောက် ဂိမ်းကစားရင်းဂိမ်းစွဲသွားကြသည်။ အထူးသဖြင့် ကလေးနှင့်လူငယ်များဖြစ်သည်။ စာရေးသူ၏တူတစ်ယောက်ဆိုလျှင် ဖုန်းသုံးလုံးကို အလဲအလှယ်လုပ်ပြီး ဂိမ်းကစားသည်။မွေးခါစငါးလကလေးပင် ဖုန်းအလင်းတွေ့လျှင်အာရုံစူးစိုက်ကြည့်နေတတ်သည်။ထိုကလေးကိုဖုန်းမပြရန် အမြဲပြောရသည်။ကလေးငယ်များအား ဖုန်းသုံးတတ်သည့်အကျင့်မဖြစ်အောင် ထိန်းကျောင်းပေးသင့်သည်။ဧပြီလ ၁၀ ရက်က စာရေးသူမျက်စိဆေးခန်း၌မျက်စိပြနေစဉ် ကလေးတစ်ယောက် မျက်စိလာပြသည်ကိုတွေ့ရသည်။ ဘာဖြစ်သလဲဟုမေးမြန်းကြည့်ရာ ဖုန်းအသုံးများသဖြင့် မျက်စိမကောင်းကြောင်းသိရသည်။။ထို့ပြင် စာရေးသူအသိမိတ်ဆွေ၏ကလေးတစ်ယောက်ဆိုလျှင်လည်း ဖုန်းအသုံးများသဖြင့် မျက်စိသူငယ်အိမ်စောင်းသွားရသည်။ ကြည့်လျှင်မျက်စိကိုတည့်တည့်မကြည့်ဘဲ စွေကြည့်သည်။မိဘတချို့က ကလေးငြိမ်နေလျှင်ပြီးရောဆိုပြီးဖုန်းပေးထားလေ့ရှိကြသည်။ ကလေးများ၏မျက်စိသည် အလွန်နုနယ်သေးသည်။ ဖုန်းစွဲပြီးဖုန်းကြည့်ချိန်များပါက မျက်စိကို ဒုက္ခပေးတော့သည်။ တချို့ကလေးများဆိုလျှင် မျက်စိမှာရဲရဲတောက်နေသည်။ အာရုံကြောစနစ်ချို့ယွင်းလာသည်။ဂိမ်းကစားများလျှင်ဂိမ်းစွဲ၍မည်သည့်အလုပ်မျှမလုပ်ချင်တော့ဘဲ ဂိမ်းပဲကစားချင်နေသည်။စာရေးသူတူတစ်ယောက်ဆိုလျှင် ညဘက်ဂိမ်းဆော့ပြီး နေ့ဘက်မှအိပ်သည်။ ရေရှည်တွင် ကျန်းမာရေးအတွက်မကောင်းပေ။ အထူးသဖြင့် ကလေးငယ်များကို ဖုန်းပေးမသုံးသင့်ပေ။ လူကြီးများအနေဖြင့် ကြပ်မတ်ပေးရန်လိုအပ်သည်။ ဖုန်းအသုံးပြုခွင့်ပေးလျှင်လည်း အချိန်ဖြင့်သာပေးသုံးသင့်သည်။ ပညာရှင်များ၏လေ့လာချက်အရ စမတ်ဖုန်းကြောင့်ရောဂါဖြစ်စေနိုင်မှုသည် ၉၆ ရာခိုင်နှုန်းခန့်ရှိကြောင်းသိရသည်။ လက်တော့၊ ကွန်ပျူတာကြောင့် ရောဂါဖြစ်မှု ၅၄ ရာခိုင်နှုန်း၊ ဘလူးတုကြောင့် ၃၂ ရာခိုင်နှုန်း၊ တက်ဘလက်ကြောင့် ၁၄ ရာခိုင်နှုန်းရောဂါဖြစ်စေနိုင်ကြောင်းသိရသည်။။စမတ်ဖုန်းနှင့်အိပ်ရေးပျက်ခြင်း။စမတ်ဖုန်းတွေမပေါ်ခင်က ည ၇ နာရီ၊ ၈ နာရီဆိုလျှင်အိပ်ရာဝင်ကြသည်။ အိပ်ရာသည် တစ်နေ့တာပင်ပန်းသမျှအပန်းဖြေရာနေရာဖြစ်သည်။ ယခုမူ အိပ်ရာသည် စမတ်ဖုန်းကိုလွတ်လွတ်လပ်လပ်အသုံးပြုရာနေရာဖြစ်သည်။ အိပ်ရာဝင်ပြီဆိုလျှင် ဖုန်းအသုံးပြုကြသည်။ ယခုအခါ စမတ်ဖုန်း၊ တက်ဘလက်နှင့်လက်တော့များပါ အိပ်ရာထဲရောက်လာသည်။ ယင်းတို့ကိုကျူးကျော်သူများဟုပင်ဆိုရတော့မည်။ အိပ်ချိန်ရောက်၍ မအိပ်သေးဘဲ ဖုန်းသုံးနေပါက မျက်စိကြောင်ပြီးအိပ်မရတော့ပေ။ ထိုအခါ မျက်စိကြောင်ပြီး အိပ်ရေးပျက်လာသည်။ တချို့က စက်ပိတ်အိပ်ကြသော်လည်း တချို့က စက်မပိတ်ကြပေ။ ဖုန်းကို စက်ပိတ်ထားသော်လည်း မျက်နှာပြင်မှ အလင်းထုတ်လွှတ်နိုင်သေးသဖြင့် ထိုအလင်းကြောင့် ကလေးများအိပ်မောကျခြင်းကို ဟန့်တားနိုင်ကြောင်းသိရသည်။ ထို့ပြင် ဖုန်းနှင့်အတူ အိပ်စက်ခြင်းသည် အိပ်ရေးပျက်သည့်အပြင် အဝလွန်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်းနှင့် အယ်ဇိုင်းမားရောဂါတို့ဖြစ်တတ်သည်။။ထို့ပြင် ဖုန်းကထုတ်လွှတ်ပေးသော အပြာရောင်အလင်းတန်းသည် အိပ်စက်မှုကိုဟန့်တားနိုင်သည်။။ထိုသို့ဖြစ်ရခြင်းမှာ အဆိုပါအပြာရောင်အလင်းတန်းသည် ဦးနှောက်အတွင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေနိုင်သည့်ဓာတုပစ္စည်းကို အလွန်အမင်းနှိုးဆွပေးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ညအိပ်ချိန်၌ လူနှင့်ဖုန်းကို ဝေးဝေးထားအိပ်သင့်သည်။ မိမိနှင့်အတူထား၍ မအိပ်စက်သင့်ပေ။ ဖုန်းကို အချိန်ကြာမြင့်စွာသုံးပါကဦးနှောက်နှင့် အာရုံကြောစနစ်ကိုထိခိုက်စေသည်။ မှတ်ဉာဏ်များလျော့နည်းလာနိုင်သည်။။အထူးသဖြင့် လူငယ်များ၏ဦးနှောက်နှင့်အာရုံကြောကိုအန္တရာယ်ပေးနိုင်သောကြောင့် စမတ်ဖုန်းကိုသတိပြုသုံးစွဲသင့်သည်။။ဖုန်းအားသွင်းစဉ် သတိယှဉ်။တချို့က ဖုန်းအားသွင်းထားရင်း ဂိမ်းကစားကြသည်။ ဖုန်းပြောကြသည်။ ဖုန်းအားသွင်းနေစဉ်ဖုန်းပြောပါက လျှပ်စစ်ဓာတ်အားကြောင့်ဓာတ်လိုက်ခြင်းမျိုး၊ ဖုန်းပေါက်ကွဲခြင်းမျိုးဖြစ်နိုင်ကြောင်းသိရသည်။ Facebook ပေါ်၌ ဖုန်းအားသွင်းနေစဉ်ဖုန်းပြောသဖြင့်ဖုန်းပေါက်ကွဲပြီး အန္တရာယ်ဖြစ်နေသည်များကိုလည်း မကြာခဏတွေ့ရသည်။ ဂိမ်းဆော့နေစဉ် ဖုန်းအပူလွန်ပြီးမီးလောင်သည်ကိုလည်းတွေ့ဖူးသည်။ ဖုန်းသည် အပူရှိသောပစ္စည်းမျိုး၊ လျှပ်စစ်စီးနေသောပစ္စည်းမျိုးဖြစ်သဖြင့် သတိပြုကိုင်တွယ်ဖို့လိုသည်။ ဧပြီလ ၁၂ ရက်က စာရေးသူတို့ဘက်မှာမိုးရွာသည်။ မိုးရွာပြီးခဏအကြာ မိုးကြိုးပစ်သံကြားလိုက်ရသည်။ညဘက် လက်ဖက်ရည်ဆိုင်ထိုင်တော့မိုးကြိုးပစ်သည့်အချိန် ဖုန်းထဲလျှပ်စစ်ဝင်ပြီးလက်ကျဉ်သွားကြောင်းဘေးစားပွဲကလူငယ်တစ်ယောက်ပြောသံကိုစာရေးသူကြားလိုက်ရသည်။ထို့ကြောင့်မိုးရာသီလိုအခါမျိုးတွင်လည်း ဖုန်းအသုံးပြုလျှင်သတိထားသင့်သည်။။အထူးသဖြင့်လျှပ်စီးလက်နေသောအချိန်မျိုး၊ မိုးကြိုးခဏခဏပစ်နေချိန်မျိုးဆိုလျှင်ဖုန်းကိုအသုံးမပြုသင့်ပေ။ နောက်တစ်ခုမှာ ဖုန်းကိုဆိုင်ကယ်နောက်ဖုံးအတွင်းထည့်၍ ခရီးမသွားသင့်ပါ။ဆိုင်ကယ်နောက်ဖုံးအောက်တွင် ဘက်ထရီပါသည်။ ဘက်ထရီချွတ်ယွင်း၍အပူလွန်ကဲခြင်းမျိုး စာရေးသူကြုံခဲ့ရဖူးသည်။ ဘက်ထရီကပူပြီးကိုင်လို့တောင်မရပါ။ ထိုအချိန်မျိုး ဆိုင်ကယ်နောက်ဖုံးထဲဖုန်းရှိပါက ထိုအပူကြောင့်ပေါက်ကွဲပြီးအန္တရာယ်ဖြစ်စေနိုင်သည်။။စမတ်ဖုန်းအန္တရာယ်။စမတ်ဖုန်းများသည် သုံးတတ်လျှင်အလွန်ကောင်းသော်လည်း မသုံးတတ်လျှင် ဘေးအန္တရာယ်ဖြစ်စေသည်။ဖုန်းမှဓာတ်ရောင်ခြည်များထုတ်လွှတ်သည်။ မိုက်ခရိုဝေ့ဓာတ်ရောင်ခြည်နှင့်လျှပ်စစ်သံလိုက်ပြင်းအားများဖြစ်သည်။ လျှပ်စစ်သံလိုက်စက်ကွင်းပြင်းအားက ဦးနှောက်ကိုအန္တရာယ်ဖြစ်စေသည်။ဦးနှောက်ကင်ဆာအပါအဝင် လည်ချောင်းကင်ဆာ၊ အရေပြားကင်ဆာ၊ ခြေလက်တုန်သောရောဂါ၊ ကျောက်ကပ်ရောဂါတို့ကိုဖြစ်စေသည်။ ဖုန်းမှထွက်ပေါ်လာသော ဓာတ်ရောင်ခြည်သည်ကိုယ်ဝန်ဆောင်မိခင်တို့၏ဝမ်းအတွင်းမှသန္ဓေသားကိုထိခိုက်စေသည်။ထိုဖြစ်စဉ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ဖုန်းမသုံးသင့်ပေ။စမတ်ဖုန်းသုံးမှုစွဲလမ်းလာပါက အခြားသောလုပ်ငန်းများ၌လစ်ဟင်းလာသည်။။ဖုန်းကိုသာ အချိန်ပြည့်သုံးနေချင်သည်။ မည်သည့်အလုပ်မှ မလုပ်ချင်တော့ပေ။ နောက်ပိုင်းစိတ်ကျရောဂါပင်ဖြစ်စေနိုင်သည်။ထိုအခါ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးစသည်တို့ထိခိုက်လာမည်ဖြစ်သည်။အထူးသဖြင့် မျက်စိကိုအန္တရာယ်ပိုဖြစ်စေနိုင်သည်။ ဖုန်းကြောင့် ဦးနှောက်အကျိတ်တည်ခြင်းမှာ ဖုန်းအတွင်းကထွက်ရှိလာသော ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများက ဆဲလ်များကိုသေစေပြီးအကျိတ်တည်လာခြင်းဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းများသည်ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်းရှိသည်။။နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ယနေ့နည်းပညာခေတ်တွင် စမတ်ဖုန်းသည်နေရာယူလာသည်။ အသုံးပြုသူပိုများလာသည်။ ကွန်ပျူတာထက် စမတ်ဖုန်းသုံးသူပိုများလာသည်။အကျိုးရှိရှိအသုံးချပါကအကျိုးများသောပစ္စည်းဖြစ်သည်။ သို့သော်အလွန်အကျွံအသုံးပြုပါက အထက်ဖော်ပြပါနောက် ဆက်တွဲ အန္တရာယ်များကိုဖြစ်စေသည်။ ထို့ကြောင့် စမတ်ဖုန်းကိုအချိန်အတိုင်းအတာဖြင့် စနစ်တကျ အကျိုးရှိ အောင်သုံး စွဲကြရန်တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။
null
null
Sat, 05/17/2025 - 10:55
mwd_webportal
https://www.myawady.net.mm/node/69245
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေပြဋ္ဌာန်း
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဥပဒေပြဋ္ဌာန်း
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17531.jpg
Sat, 05/17/2025 - 11:04
admin_webportal
https://www.myawady.net.mm/node/69246
​​​​​​​တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ။ယမန်နေ့မှအဆက်။ထမင်းစားချိန်တိုင်ရောက်သောအခါ ပီမိုးနင်း၏ သားကလေးနှစ်ယောက်သည် ဗယာကြော် နှစ်ပြားဖိုး စီနှင့် ထမင်းစား ကြ၍ သူတို့လင်မယားနှစ်ယောက်ကား တစ်ယောက်တစ်လှည့်စီ ရှူလျက်ရှိကြ ၏။ နောက်ဆုံး၌ ကျွန်ုပ်က မနေနိုင်သဖြင့် ပီမိုးနင်းအားမေးကြည့်ရာ "ပိုက်ဆံမရှိ တော့"ဟု ရွှင်ပြုံးစွာပြောပြလေသည်။ ရွှင်ပြုံးနိုင်ခြင်းကို မအံ့သြကြပါလေနှင့်။ ရှူတတ်သောလူများမည်သည် စားစရာ မရှိသော်လည်း ရှူစရာရှိသမျှ ကာလ ပတ်လုံး ရွှင်ပြုံးနိုင်ကြသည်သာဖြစ်၏။ ရှူစရာမရှိလျှင်မူကား လူကိုသတ်ဖို့ စိတ် အကြံမျိုးပေါ်လာသည်အထိ ဖြစ်သွားနိုင် လေသည်။ ဤတွင် ငွေ ၂၅ ကျပ်သာ ရရှိ ထားသော ကျွန်ုပ်တို့က ငွေ ၁ဝဝ ကျပ် ရရှိထားသော သူတို့လင်မယားအား ငွေ ၁ဝ ကျပ် ဖဲ့၍ချေးလိုက်ရပါသေးသည်။ ဤသို့သောအဖြစ်မျိုးမှာ သူတို့လင်မယား အဖို့ အထူးအဆန်းမဟုတ်ပေရာ ပီမိုးနင်း နှင့် စကားပြောရသောအချိန်များ၌ အရသာ တစ်မျိုးရှိခြင်းကို ကျွန်ုပ်နှစ်သက်သော် လည်း "အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာ" ဟူသော စကားပုံအတိုင်း ကိုယ့်ထက် သည်းသော လင်မယားနှင့် အတူနေရန် ရွံ့ကြောက်လာခဲ့ပါလေပြီ။ သို့ဖြစ်၍ စမ်း ချောင်းရပ် မြင်းမိုရ်လမ်းတွင် ဆောက်လုပ် ပြီးခါစအိမ်တန်းလျားသစ်တစ်လုံး၌ အခန်းတစ်ခန်းရသည်နှင့်စက်တင် ဘာလတွင် ပြောင်းရွှေ့လာခဲ့ကြပါတော့ သည်။။မဆူဖြိုးသောနှစ်။ကျွန်ုပ်တို့သည် စာတော်ပြန်အလုပ်မှ ထွက်ပြီး ဝက်လက်သို့ ပြောင်းသွားစဉ်က အိမ်ထောင်မှုပစ္စည်းများကို တူကလေး တစ်ယောက်သဖွယ် ခင်မင်ရင်းနှီးသော စာရေးတစ်ယောက်ထံ၌ အပ်နှံထားခဲ့ရာ မြင်းမိုရ်လမ်းသို့ ရောက်သောအခါ၌ အထိုက်အလျောက် သပ်သပ်ရပ်ရပ် နေထိုင်နိုင်သော အခြေအနေရှိပါ၏။ ငွေရေးကြေးရေးမူကား ကျွန်ုပ်၏တစ်သက် တာတွင် အကျပ်တည်းဆုံးသော ကာလ အပိုင်းအခြားတစ်ခုဖြစ်၏။ ကျွန်ုပ်တို့မှာ လင်ကိုယ်မယားမျှသာ ရှိကြသော်လည်း ဒုတိယအိမ်ထောင်နှင့်ရရှိခဲ့သော သား တစ်ယောက်နှင့် သမီးတစ်ယောက်အတွက် တာဝန်က ရှိသေး၏။ စာရေးခြင်းအလုပ်၌ ဝင်ငွေကလည်း မဆူဖြိုးလှချေ။ မဆူဖြိုး ခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ကျွန်ုပ်၏ ဖောက်သည်ဖြစ်သော သူရိယတိုက်၌ ဦးဘကလေးသည် တိုက်အုပ်ဖြစ်လျက် ရှိရာ ယခင်က သူရိယတိုက်၌ ကျွန်ုပ် အလုပ်လုပ်ခဲ့စဉ် သူကလည်း နေ့စဉ် သတင်းစာအယ်ဒီတာ၊ ကျွန်ုပ်ကလည်း မဂ္ဂဇင်းအယ်ဒီတာ ဖြစ်ခဲ့ဖူးသည့်အပြင် သက်တူရွယ်တူချင်းလည်း ဖြစ်သော ကြောင့် ဝတ္ထုရေးပါရစေဟု ကျို့ရန် အလိုမရှိချေ။သူရိယတိုက်သို့ တစ်ခါတစ်ရံ အလည်အပတ် ရောက်လာသော်လည်း သူကတိုက်တွန်းခြင်းလည်းမပြုချေ။။တစ်ကြောင်းမှာလည်း ထိုစဉ်က မဟာဆွေနှင့် ဇဝနတို့၏ဝတ္ထုများ ခေတ်စားလာ၍ ၎င်းတို့စုံတွဲမှာ နာမည်ကြီးစပြုလာလေရာ ထိုနှစ်ယောက်ကို လက်ကိုင်ပြုထားသော သူရိယဦးဘကလေးက ဝတ္ထုရေးသမား လက်ဟောင်းတစ်ယောက်ဖြစ်သော ကျွန်ုပ်ထံမှတောင်းခံရန် အလိုရှိဟန် မတူချေ။ ကျွန်ုပ်က ရေးပေးလျှင်မူကား လက်ခံမည့်သဘော ရှိပုံရ၏။ ကျွန်ုပ်ကလည်းမတောင်းဘဲမရေးဟူသောမာန ရှိသဖြင့်အဆက်ပြတ်လျက်ရှိကြလေ သည်။။စားသုံးလောက်ရုံရှိသည်။စုံထောက်ဝတ္ထုတစ်ပုဒ်အတွက်ငွေ ၅၀ ကျပ်နှုန်းပေးသောဗြိတိသျှဘားမား မဂ္ဂဇင်းသည် ထိုအချိန်၌ ရပ်စဲလျက်ရှိ လေပြီ။ တစ်နေ့သ၌ သူရိယတိုက်တွင် ဗြိတိသျှဘားမား သူဌေးဦးညွန့်နှင့်တွေ့၍ သူ၏စတူဒီယိုသို့ အလည်လာရန် ဖိတ် ခေါ်သည်နှင့် ရောက်သွား၏။ ဦးညွန့်က ကျွန်ုပ်အား ဘိုင်စကုတ်ဇာတ်ညွှန်းရေးဖို့ တိုက်တွန်းသည်နှင့်ဇာတ်ညွှန်းနှစ်ခု ရေးပို့ဖူး၏။ သို့ရာတွင် ဒါရိုက်တာများက ကျွန်ုပ်၏ဇာတ်ညွှန်းများမှာ ရိုက်၍ မဖြစ် ဟု ပြောကြသည်ဆို၏။ သို့ဖြစ်၍ ဦးညွန့် သည် ဇာတ်ညွှန်းများအတွက် ကျွန်ုပ် တောင်းဝံ့သလောက် ပေးသော်လည်း ဇာတ်ကားအဖြစ်သို့ မရောက်ခဲ့ချေ။ တစ်နေ့သ၌ ကျွန်ုပ်သည် ဦးဘဖေနှင့်တွေ့၍ သူရိယတိုက်အတွက် ဝတ္ထုရေးရန်ပြောသဖြင့် Moon Stone ကိုမှီး၍ရေးသည့်"သိန်းထိုက်"ဝတ္ထုတစ်ပုဒ်ပို့လိုက်၏။ ၎င်းအတွက် သူရိယတိုက်က ငွေ ၁၅ဝ ကျပ်သာပေးသည်။ ကျွန်ုပ်မှာ သူရိယတိုက်မှ ဝတ္ထုတစ်ပုဒ်အတွက် ငွေ ၂ဝ၀ ကျပ်မှ ၆ဝဝ ကျပ်အထိ ရခဲ့ဖူးသူဖြစ်သောကြောင့် (မဟာဆွေနှင့် ဇဝနတို့ကား မည်မျှရရှိ ကြသည် မဆိုနိုင်) ကျွန်ုပ်အား နှိမ်သည်ဟု ယူဆသည်နှင့် ဆက်လက်၍ မရေးတော့ ဘဲဖြတ်ထားလိုက်၏။ ထိုအချိန်တွင် မြန်မာ့အလင်းအတွက် "လမ်းနှစ်သွယ်" ဟူသောဝတ္ထုတစ်ပုဒ်လည်း ရေးပေးဖူး သည်။ မိတ်ဆွေတစ်ယောက်ကလည်း ပဉ္စမမြောက်ဂျော့ဘုရင်၏ အတ္ထုပ္ပတ္တိကို ဘာသာပြန်ခိုင်း၍ ငွေ ၂ဝဝ ကျပ် ရခဲ့ဖူး သည်။ထိုသူသည်၎င်းအတ္ထုပ္ပတ္တိကို မည်ကဲ့သို့အသုံးချသည်မပြောတတ်။သူကိုယ်တိုင်ကမူဘာသာပြန်ပုံကို အလွန် ကျေနပ်ကြောင်း ပြောပြပါပေသည်။ အထက်ပါအလုပ်များမှာ ၁၉၃၅ ခုနှစ် အတွင်း ရေးသားပြီးစီးခဲ့သောအလုပ်များ ဖြစ်လေသည်။ ဝင်ငွေမှာ ဖောဖောသီသီ မဟုတ်သော်လည်း (၁၉၂၇ ခုနှစ်ကကဲ့သို့ ရွှင်လှသည်မဟုတ်ဘဲ)သုံးလောက်၊ စားလောက်ရုံတော့ ရှိပါသည်။။မိတ်ဆွေများနှင့်မိတ်ဆက်ပေးခြင်း။၁၉၃၆ ခုနှစ်၌ ကိုသိန်းဖေမှာ လူလျှော့ သည့်(Retrenchment) အထဲတွင် ပါသွား၍အရွယ်မကုန်သေးဘဲပင်စင်ယူလိုက်ရပြီးလျှင်ရန်ကုန်သို့ အလည်အပတ်ဆင်းလာ၏။ သူသည် ကျွန်ုပ်၏နေအိမ်၌မတည်းခိုဘဲညီဝမ်းကွဲ တစ်ယောက်၏အိမ်၌ တည်းခို၏။ သို့ရာ တွင် သူ၏မယားကိုကား ထိုအိမ်၌ထား၍ ကျွန်ုပ်၏နေအိမ်၌သာ အချိန်ကုန်သည် က များလေသည်။ ကိုသိန်းဖေက ရန်ကုန် မြို့၌ ပျော်ပါးကြပုံကိုသိလို၍ ဆင်းလာ ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်တွင် ကျွန်ုပ် မှာ သူ့အား ဖျော်ဖြေရန်ဝတ္တရားရှိသည်ဟု ယူဆ၏။ ပျော်ပါးမှုနှင့်ပတ်သက်၍ ကျွန်ုပ် နားလည်သည်မှာအဖော်ကောင်းရဖို့ အရေးကြီး၏။ ဤတွင် ကျွန်ုပ်၏ပျော်ဖက် ပါးဖက်များဖြစ်သော ပီမိုးနင်း၊ ကိုခင်မောင် တင့်တို့နှင့် မိတ်ဆက်ပေးရန်လိုလေပြီ။ ထိုလူနှစ်ယောက်စလုံးသည် ကျွန်ုပ်နှင့် အလွန်ရင်းနှီးကြ၍တစ်ယောက်နှင့် တစ်ယောက် ကောင်းကောင်းကြီးနား လည်ကြသော်လည်း ကိုသိန်းဖေနှင့် ဘယ်ကဲ့သို့ရှိကြမည်မပြောတတ်သေး ချေ။ ကျွန်ုပ်သည် ရှေးဦးစွာ ကိုသိန်းဖေနှင့် ကိုခင်မောင်တင့်တို့ကိုမိတ်ဆက်ပေးရာ အတော်နေရာကျပါ၏။ ထို့နောက် ကိုသိန်း ဖေနှင့် ပီမိုးနင်းတို့ကို မိတ်ဆက်ပေးပြန် ရာ "ငါးထန်းရွက်" နှစ်ကောင်ကို ဖက်စပ် ပေးလိုက်သည့်နှယ် အဆင်ပြေပြီး ပူးလုံး သွားကြ၏။ ထို့နောက် ကျွန်ုပ်ပါ လေး ယောက်စလုံး တစ်ပြိုင်တည်းပေါင်းစပ် ပေးကြည့်ရာ ပီမိုးနင်းနှင့် ကိုခင်မောင် တင့်တို့ အဆင်မပြေလှကြောင်း တွေ့ရ၍ မဆွကတည်းက ကျွန်ုပ်ထင်ခဲ့မိသည့်အတိုင်း ဖြစ်ခဲ့လေပြီ။ "မဆွကတည်းက" ဟူသောစကားလုံးကို သုံးရခြင်းမှာ ဤသို့တည်း။ ကျွန်ုပ်သည် အလွန်ခင်မင်သောမိတ်ဆွေများဖြစ်ကြသည့် ကိုခင်မောင်တင့်နှင့်ပီမိုးနင်းတို့အားမိတ်ဆက်ပေးရန်ယခင်ကတည်းကအကြံဖြစ်ခဲ့ဖူးသော်လည်း ဟန်မည်မထင်သောကြောင့်မလုပ်ဘဲထားခဲ့၏။ကိုသိန်းဖေရောက်လာသောအခါမှစမ်းကြည့်ခြင်းဖြစ်ရာ ထင်သည့်အတိုင်းပင်မဟန်ခြင်းကို တွေ့ရလေသည်။ ဘိလပ်ပြန်တစ်ယောက်ဖြစ်၍ ဝတ်ကောင်းစားလှနှင့် သပ်သပ်ရပ်ရပ်နေတတ်သော ကိုခင်မောင်တင့်ကပီမိုးနင်းကိုမြင်ရသောအခါ "ခင်ဗျားနှယ်ဗျာ၊ ဒီလိုလူမျိုးနဲ့မှခင်မင်တတ်ပလေတယ်" ဟူသောအမူအရာမျိုးတွေ့ရ၏။ ဖွင့်ဟ၍ကားမပြော။ သို့သော် ကျွန်ုပ်ကား ကောင်းကောင်းကြီးရိပ်မိသည်။ ပီမိုးနင်းလည်း ကိုခင်မောင်တင့်အား အနှစ်မရှိသောလူ့ပေါ်ကြော့တစ်ယောက်ဟူ၍ မြင်ပုံရသည်။မည်သူကမှ ဖွင့်၍မပြော။သို့သော်ကိုသိန်းဖေနှင့် ကျွန်ုပ်တို့နှစ်ယောက်စလုံး ရိပ်မိကြသည်။ သို့ဖြစ်၍ ကျွန်ုပ်သည် ပီမိုးနင်းနှင့်ကိုခင်မောင်တင့်တို့ကိုမဆုံမိစေဘဲလူလေးယောက်တွဲမည့်အစား သုံးယောက်မျှသာ တစ်လှည့်စီတွဲကြရလေသည်။။ပျော်နည်းတစ်ခု ဝကွက်ထားခြင်း။ကျွန်ုပ်တို့လေးယောက်သည်ပျော်ချင် တတ်သောလူများချည်းဖြစ်၍ (သူတစ်ပါး အား ထိခိုက်နစ်နာစေသောအလုပ်မျိုး မဟုတ်လျှင်)ဘာမဆိုပျော်မည်ဆိုသောလူလေးယောက်ဖြစ်သော်လည်းကျွန်ုပ်မှာဤလေးယောက်အနက်တွင်အခြေ အနေအရမဏ္ဍိုင်သဖွယ်ရှိနေသည်ဖြစ်ရာ လိင်နှင့်ပတ်သက်သော ပျော်နည်းမျိုးကို ကျွန်ုပ်ကြောက်တတ်သောကြောင့် ကျွန်ုပ်တို့၏ပျော်ပါးနည်းပရိုဂရမ်တွင် မပါရှိချေ။ ဤကိစ္စကိုမူ ကျောင်းနေဖက်သူငယ်ချင်း ကိုထွန်းလှ၏ဖြစ်အင်ကို မြင်ရကတည်း က သင်ခန်းစာကြီးတစ်ခုရ၍ ကြိုးစားပြီး ရှောင်ခဲ့ပါသည်။အလျှင်းကင်းသည်ဟု မဆိုနိုင်စေကာမူ ကျွန်ုပ်ကဲ့သို့သော လူ ပျော်အတန်းအစားအဖို့ရာ၌မယုံကြည်နိုင်လောက်အောင်ကြိုးစား၍ရှောင်ခဲ့ပါ သည်။။ဆက်လက်ဖော်ပြပါမည်။
null
null
Sat, 05/17/2025 - 11:11
mwd_webportal
https://www.myawady.net.mm/node/69247
အနောက်အုပ်စု၏စစ်ကစားမှုကို ပြင်သစ်ကဦးဆောင်လာနေဟုဆို
အနောက်အုပ်စု၏စစ်ကစားမှုကို ပြင်သစ်ကဦးဆောင်လာနေဟုဆို။မော်စကို၊ ဆက်ဆံရေး။ပြင်သစ်နိုင်ငံသည် ရုရှားအပေါ်ဆန့်ကျင် သည့် အနောက်အုပ်စု၏ စစ်ကစားမှုကို ဦးဆောင်လာနေသည့် နိုင်ငံတစ်နိုင်ငံဖြစ် လာကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါ ရိုဗာကပြောသည်။။လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့ ကပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် ရင်ကြားစေ့ရေးကိုဦးစားပေးလုပ်ဆောင် လာနေသော်လည်း ပြီးခဲ့သည့်လ အနည်း ငယ်အတွင်း ပြင်သစ်နိုင်ငံသည် ယူကရိန်း အပေါ်စစ်လက်နက်ပစ္စည်းများပိုမိုထောက်ပံ့ခြင်း၊ ရုရှားအပေါ်ပိတ်ဆို့မှုများပိုမိုချမှတ်ခြင်းတို့ဖြင့် အနောက်အုပ်စု၏စစ်ကစား မှုကို ဦးဆောင်လာနေခြင်း ဖြစ်ကြောင်း မာရီယာဇာခါရိုဗာကပြောသည်။။ယခုနှစ်အစောပိုင်းတွင်ယူကရိန်းနိုင်ငံသို့ Mirage 2000 တိုက်လေယာဉ်များ ပေးပို့ထားသည့် ပြင်သစ်အစိုးရက ယူကရိန်းက တောင်းဆိုထားသော အကြောင်းပြချက်မရှိ ရက် ၃၀ အပစ်အခတ် ရပ်စဲရေးကို ရုရှားကလက်မခံလျှင် ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများထပ်မံချမှတ် မည်ဟု ပြောထားသည်။။Ref: RT
နိုင်ငံတကာသတင်း
https://www.myawady.net.…files/23B_74.jpg
Sat, 05/17/2025 - 11:20
mwd_webportal
https://www.myawady.net.mm/node/69248
ငွေကြေးပမာဏများပြားလှသော ရင်းနှီးမြှုပ်နှံမှုကတိပြုချက်များနှင့်အတူ ထရမ့်၏ ပင်လယ်ကွေ့ နိုင်ငံများခရီးစဉ် အဆုံးသတ်
ငွေကြေးပမာဏများပြားလှသော ရင်းနှီးမြှုပ်နှံမှုကတိပြုချက်များနှင့်အတူ ထရမ့်၏ ပင်လယ်ကွေ့ နိုင်ငံများခရီးစဉ် အဆုံးသတ်။ဝါရှင်တန်၊ စီးပွားရေး။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ဒုတိယအကြိမ်သမ္မတသက်တမ်း အတွင်း ပထမဆုံးသော ပြည်ပခရီးစဉ် အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့သွား ရောက်ခဲ့ရာ ယခုအခါ ထိုနိုင်ငံများမှနေ၍ ငွေကြေးပမာဏအလွန်များပြားလှသော ရင်းနှီးမြှုပ်နှံမှု ကတိပြုချက်များနှင့်အတူထရမ့်၏ခရီးစဉ်က အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။။ထရမ့်သည် မေလ ၁၆ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး‌)သို့ရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ၁ ဒသမ ၄ ထရီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်သည်။။ထို့ပြင် ကာတာလေကြောင်းလိုင်းက အမေရိကန်မှ ဒေါ်လာဘီလီယံ ၂၀၀ တန်ဖိုးရှိ ဘိုးအင်း လေယာဉ်များဝယ်ယူမည့် သဘောတူညီချက်၊ ဆော်ဒီအာရေဗျမှ ဒေါ်လာဘီလီယံ ၆၀၀ တန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်တို့နှင့် ပတ်သက်၍သဘောတူညီချက်များရရှိထားပြီးဖြစ်သည်။။ယခုယူအေအီးနိုင်ငံနှင့်သဘောတူညီ ချက်များတွင် အမေရိကန်ပြည်ထောင်စုရှိ အချက်အလက် ဗဟို ဌာနများ၌ ယူအေအီး ကဝင်ရောက်ရင်းနှီးမြှုပ်နှံမည့်အစီအစဉ် များလည်းပါဝင်သောကြောင့် ယင်းနိုင်ငံ အနေဖြင့်AIနည်းပညာအပါအဝင်အဆင့်မြင့်နည်းပညာကဏ္ဍ၌ဦးဆောင်နိုင်ငံတစ်ခုဖြစ်အောင် ကြိုးပမ်း လာနေကြောင်းမြင်တွေ့ရသည်။။အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများကြားယခုကဲ့သို့သဘောတူညီချက်များ ရရှိခြင်းနှင့်အတူ အမေရိ ကန်ကဆီးရီးယား အပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများရုပ်သိမ်းပေးခြင်းနှင့် အီရန်နှင့်နျူကလီးယား အရေးဆွေးနွေးပွဲတွင် အပြုသဘောဆောင် သောရလဒ်များ ထွက်ပေါ်လာမည့်မျှော်လင့်ချက်များမြင့် မားလာစေကြောင်းသိရသည်။။Ref: AGC
နိုင်ငံတကာသတင်း
https://www.myawady.net.…files/23A_85.jpg
Sat, 05/17/2025 - 11:24
mwd_webportal
https://www.myawady.net.mm/node/69249
ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးစောင့် ရှောက်မှုကိစ္စရပ်များဆွေးနွေး
ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးစောင့် ရှောက်မှုကိစ္စရပ်များဆွေးနွေး။နေပြည်တော် မေ ၁၆။ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။။တွေ့ဆုံစဉ်ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးတွင် ICRC မှ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေးကာလတွင် ရန်ကုန်မြို့ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်မည့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။။တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှကိုယ်စားလှယ်များ တက်ရောက်ကြသည်။။ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ဘေးခံစားခဲ့ရသောပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများအတွက် အထွေထွေအသုံးပြုရန် ဦးကျော်ခင်နှင့်မိတ်ဆွေများက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းသောငွေကျပ်သိန်း ၉၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှလှူဒါန်းသော ငွေကျပ် ၇၅၈၈၃၅၅၀ တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/4E_0.jpg
Sat, 05/17/2025 - 11:28
mwd_webportal
https://www.myawady.net.mm/node/69250
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိရေး ပြင်ဆင်ဆောင်ရွက်နေမှုကိစ္စရပ်များဆွေးနွေး
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများ ရရှိရေး ပြင်ဆင်ဆောင်ရွက်နေမှုကိစ္စရပ်များဆွေးနွေး။ရန်ကုန် မေ ၁၆။(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိအားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍တိုးတက်လာအောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။။ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက်အိမ်ရှင်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးရေး၊ နည်းစနစ်ပိုင်းနှင့် နည်းပြဆိုင်ရာများ၊ အားကစားသမားအင်အားစာရင်းနှင့် ရွေးချယ်ရေးကိစ္စရပ်များ၊ By Name, By Number ပေးပို့ရေး၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲဝင်သုံးအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးနှင့် ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးကြသည်။။ယင်းနောက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ မိမိတို့အဖွဲ့ချုပ်အလိုက် အားကစားသမားများစိစစ်ရွေးချယ်ဆက်လက်စခန်းသွင်းနိုင်ရေး၊ အဖွဲ့ချုပ်သစ်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်ရေး၊ အထောက်အကူပြုပစ္စည်းများသယ်ယူနိုင်ရေး၊စခန်းသွင်းအားကစားသမားများအတွက် အင်အားဖြည့်စားသောက်ရေး၊ Joint Training ပူးတွဲသွား‌ရောက်လေ့ကျင့်နိုင်ရေးနှင့်နည်းပြခေါ်ယူရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဆွေးနွေးမှုများအပေါ် အသေးစိတ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။။အစည်းအဝေးသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂျူဂျစ်ဆု၊ Teqball ၊ Squash ၊ ဟော်ကီ ၊ ဘိုးလင်း၊ Kick Boxing ၊နပန်း၊ ကျွမ်းဘား၊ Tug of War ၊ Skate Boarding၊ Kabaddi အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/4D_0.jpg
Sat, 05/17/2025 - 11:34
mwd_webportal
https://www.myawady.net.mm/node/69251
တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်
မိုးကြီးမည့်သတိပေးချက်။တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်။နေပြည်တော် မေ ၁၆။ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာ ချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ ဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း ယနေ့ညမှ မေလ ၂၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြားမိုးထစ်ချုန်းရွာပြီး ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။။သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီး တွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး တွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာ ရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့် လည်း ကြိုတင်သတိပြုနိုင် ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။။(မိုး/ဇလ)
ပြည်တွင်းသတင်း
https://www.myawady.net.…files/14C_23.jpg
Sat, 05/17/2025 - 11:36
mwd_webportal
https://www.myawady.net.mm/node/69252
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း။၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တို့တွင် လျှောက်ထားနိုင်ပါသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…t/files/1112.JPG
Sat, 05/17/2025 - 11:38
mwd_webportal
https://www.myawady.net.mm/node/69253
​​​​​​​အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ။နေပြည်တော် မေ ၁၆။အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကိုပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအားဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းမိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။။ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Zaw Yu Tun” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်နေ ဇော်ယုထွန်းအား မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ “Kyawt Kyawt(Melmady)” TikTok အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာနေ ကျော့အိထွန်းအား ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်း သိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…t/files/1113.JPG
Sat, 05/17/2025 - 12:04
mwd_webportal
https://www.myawady.net.mm/node/69254
​​​​​​​တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ။နေပြည်တော် မေ ၁၆။တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။။မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်နှင့်စကုမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးနှင့် လိုင်စင်မဲ့ မော်‌တော်ဆိုင်ကယ် (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ် မန်းရေနံမြေအတွင်း၌ တရားမဝင်ရေနံစိမ်း(၈)ဂါလန်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈၀၀၀)ကို ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ တရားမဝင် အခြားသစ် (၁ ဒသမ ၄၁၆)တန်နှင့် ဆက်စပ်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၉၇၈၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၃၇၇၈၈)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့နောက် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၄)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၈၅၉၂၂၆၃)ကို လည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၇)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၉၁၄၉၂၀)ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၄၄၅၂၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် တစ်ဦး၏ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈၁၅၂၃၈၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။မေလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။။ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ တလိုင်းစု (၃)လမ်းရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၈၅၆၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၈၀၄၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၈၀၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၅)မျိုး၊ လူသုံးကုန်ပစ္စည်း(၃)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၉၀၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck (၂)စီး၊ Sunlong Bus (၁)စီး၊ Golden Dragon Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၂ ဒသမ ၀၆၈)တန်၊ အခြားသစ် (၄၅ ဒသမ ၈၁၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၃၀၅၂၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၃၃၆၅၂၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။မေလ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၃၄၈၆၆၉၁)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/30A_47.jpg
Sat, 05/17/2025 - 12:10
mwd_webportal
https://www.myawady.net.mm/node/69255
မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တ မင်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ
မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၉၈ သိန်းခန့်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တ မင်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ။နေပြည်တော် မေ ၁၆။လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ ရှမ်းတဲကျေးရွာအနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် မင်းလှဘက်မှ မင်းတုန်းဘက်သို့ ပြည့်ဖြိုးကျော် မောင်းနှင်ပြီး မဇင်ဇင်ဝေ(ခ)ဇင်ဇင်မာ လိုက်ပါလာသည့် X-TRAIL မော်တော်ယာဉ်နှင့်ရန်နိုင်ထွဋ်မောင်းနှင်ပြီး တင်လတ် လိုက်ပါလာသည့် SURF မော်တော်ယာဉ်တို့ကိုရှာဖွေခဲ့ရာ အဆိုပါယာဉ် ၂ စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ဖော်ထုတ်ချက်အရ ပျဉ်းမနားမြို့မှ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်သို့စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မျိုးသီရိကျော်နှင့်မျိုးဇော်အောင်တို့ ၂ ဦး၏မူးယစ်ဆေးဝါးသယ်ဆောင်ရာ၌ အသုံးပြုခဲ့သည့် TOYOTA HILUX SURF မော်တော်ယာဉ် တစ်စီးအား ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့ကြောင်း၊ မျိုးဇော်အောင်နှင့် မနန်း(ခ)မျိုးသီရိကျော်တို့သည် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏ နွားခြံစတိုအတွင်း ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်းသိရှိရသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပျဉ်းမနားမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏နွားမွေးမြူရေးခြံသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်နိုင်နှင့်ဇော်ဝင်းတို့ ၂ ဦးအားစိတ်ကြွရူးသွပ်ဆေးပြား ၇၆ ဒသမ ၁၇၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလိုတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသတန်ဖိုးငွေ ၁၆ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၉ သိန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့် Happy Water ၂ ဒသမ ၉၁၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ ထွန်းလင်း(ခ) ရှမ်းကုလားအားပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မျိုးဇော်အောင်နှင့်မနန်း(ခ) မျိုးသီရိကျော်တို့သည်ရှမ်းပြည်နယ်မှသယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ပျဉ်းမနားမြို့နယ်မှတစ်ဆင့်မင်းတုန်းမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ရာတွင် တင်လတ်(ခ) စောတင်လတ်မှတာဝန်ခံ၍ ပြည့်ဖြိုး(ခ)ရန်နိုင်ထွဋ်၊ မဇင်ဇင်ဝေ(ခ) ဇင်ဇင်မာတို့နှင့်အတူ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကရင်ပြည်နယ်သို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများအား ပျဉ်းမနားမြို့နယ်၊မြောက်လွတ်ကုန်းကျေးရွာရှိ အောင်နိုင်၏နွားခြံတွင်သိုဝှက်ထားရှိကြောင်းသိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့်၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/17A_28.jpg
Sat, 05/17/2025 - 12:17
mwd_webportal
https://www.myawady.net.mm/node/69256
တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး
တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး။နေပြည်တော် မေ ၁၆။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။။ထို့နောက် ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…files/17C_15.jpg
Sat, 05/17/2025 - 12:24
mwd_webportal
https://www.myawady.net.mm/node/69257
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၈၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယား နိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၈၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယား နိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း။နေပြည်တော် မေ ၁၆။နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသားစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးနှင့် လိုက်ဘေးရီးယားနိုင်ငံသား ၇ ဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံသား ၁ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ သည်။။အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။။ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူ များ၊ တရုတ်နိုင်ငံဆိုင်ရာ လိုက်ဘေးရီးယားသမ္မတနိုင်ငံသံရုံး First Secretary Mr. Moses Barclay နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr.Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။။အလားတူ မြဝတီမြို့-ကျောက်ခတ်နယ်မြေသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်ခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၁ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၁ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၄၁၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၆၅၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။။နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီး ကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17E_1.jpg
Sat, 05/17/2025 - 12:34
mwd_webportal
https://www.myawady.net.mm/node/69258
အာကာသမှာ အသုံးပြုနိုင်ဖို့ထွက်ပေါ်လာမယ့် အကြမ်းခံ နျူကလီးယားဘက်ထရီ
အာကာသမှာ အသုံးပြုနိုင်ဖို့ထွက်ပေါ်လာမယ့် အကြမ်းခံ နျူကလီးယားဘက်ထရီ။Zeno Power ဆိုတာ အကြမ်းခံနိုင်တဲ့ နျူကလီးယား ဘက်ထရီများကို ထုတ်လုပ် တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုဆိုရင် သူတို့ကုမ္ပဏီက ပိုမိုအဆင့်မြင့်မားတဲ့ နျူကလီးယားဘက်ထရီများကိုထုတ်လုပ် နိုင်ဖို့အတွက် နောက်ထပ်အမေရိကန် ဒေါ်လာသန်း ၅၀ ကို ထပ်မံရင်းနှီးမြှုပ်နှံလိုက်ပါပြီ။ အခုလိုရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လိုက်တဲ့ အတွက် သူတို့က နျူကလီးယား ဘက်ထရီထုတ် လုပ်မှုကို အရှိန် မြှင့်တင်နိုင် မယ်ဆိုပြီး ယုံကြည်ထားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဘက် ထရီတွေကို ၂၀၂၇ ခုနှစ်မှာ ထုတ်လုပ်နိုင် မယ်လို့ပြောထားပါတယ်။။Zen Power ရဲ့နျူကလီးယားဘက်ထ ရီဆိုတာ ရေဒီယိုအိုင်ဆိုတုပ်ဓာတ်အား ပေးစနစ်တစ်မျိုးပါပဲ။ သူကအိုင်းယွန်း ဓာတ်ပြုပြီးထွက်လာတဲ့အပူကို အပူလျှပ် စစ်ဂျင်နရေတာတွေအသုံးပြုပြီး အသုံးပြု နိုင်တဲ့ လျှပ်စစ်ဓာတ်အားကိုထုတ်လုပ် ပေးတာမျိုးဖြစ်ပါတယ်။ ယေဘုယျအား ဖြင့် ဒီစနစ်က Strontium-90 ဒါမှမဟုတ် Plutonium-238 ကိုအသုံးပြုပါတယ်။။ဒီနည်းပညာက အခုမှပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက NASA ရဲ့ အာကာသအတွင်းစွမ်းအင်ပေးပင်မစနစ်ဖြစ် ပါတယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ Voya-ger အာကာသ ယဉ်တွေမှာ အခု စနစ်ကိုတပ်ဆင် အသုံးပြုခဲ့တာပါ။။ဒါကြောင့် ဒီအာကာသယာဉ် တွေက လူတွေ ဖန်တီးဖူးတဲ့စက်တွေထဲမှာ အဝေးဆုံးကိုရောက်ရှိဖူးတဲ့ စက်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုး ဘက်ထရီစနစ်တွေမှာ ဘယ်လိုမျိုးကွင်း ဆက်တုံ့ပြန်မှုမှ မရှိတဲ့အပြင် လှုပ်ရှားရတဲ့ အစိတ်အပိုင်းတွေလည်း မပါတဲ့အတွက် တော်ရုံမပျက်စီးပါဘူး။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/175221.jpg
Sat, 05/17/2025 - 19:34
admin_webportal
https://www.myawady.net.mm/node/69259
မြောက်အမေရိကအတွက် 2026 C-HR EV ကို မိတ်ဆက်လိုက်တဲ့ တိုယိုတာ
မြောက်အမေရိကအတွက်2026 C-HR EV ကို မိတ်ဆက်လိုက်တဲ့ တိုယိုတာ။တိုယိုတာကုမ္ပဏီက မြောက်အမေရိ ကဈေးကွက်အတွက် လျှပ်စစ်စွမ်းအင်သုံး EV ကားအသစ်တစ်မျိုးကို မိတ်ဆက်ပြ သလိုက်ပါပြီ။ အဲဒီကားကတော့ 2026 C-HR EV ပါပဲ။ ဒီကားက တိုယိုတာရဲ့ EV ကားတွေထဲမှာ အထင်ရှားဆုံးသော ကားတစ်စီးဖြစ်လိမ့်မယ်လို့ သူတို့ကဆို ပါတယ်။။ဘီးလေးလုံးယက်စနစ်နဲ့အတူ မြင်း ကောင်ရေ ၃၃၈ ကောင်အားရှိတဲ့မော်တာ ကိုတပ်ဆင်ပေးထားတာကြောင့် သုည ကနေ တစ်နာရီ ၉၇ ကီလိုမီတာအရှိန်ကို ၅ စက္ကန့်တည်းနဲ့တင်ရောက်နိုင်မှာပါ။ သူ့မှာ ၇၄ ဒသမ ၇ ကီလိုဝပ်နာရီရှိတဲ့ ဘက်ထရီသုံးထားတာကြောင့် တစ်ကြိမ် အားသွင်းရုံနဲ့ ပျမ်းမျှအားဖြင့် အကွာအဝေး ၄၆၇ ကီလိုမီတာအထိ သွားနိုင်မှာပါ။ ဈေးနှုန်းကိုတော့ မဖော်ပြထား ပေမယ့် ၂၀၂၆ ခုနှစ်ရောက်မှသာ တင်ပို့ သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/175222.jpg
Sat, 05/17/2025 - 19:37
admin_webportal
https://www.myawady.net.mm/node/69260
Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်
Aston Martin နဲ့ Apple တို့ပေါင်းပြီးထုတ်လိုက်တဲ့ မျိုးဆက်သစ် ဖျော်ဖြေအသိပေးစနစ်။Aston Martin ဆိုတာ တကယ့်ကို ဇိမ်ခံကားတွေထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ တစ်ခုပါ။ အလားတူပဲ Apple ဆို တာကလည်း နည်းပညာပိုင်းမှာ နာမည် ကျော်ကြားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခု သူတို့နှစ်ဦးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ အရာကတော့ CarPlay Ultra ပါပဲ။ အဲဒါ ကဘာလဲဆိုရင် မျိုးဆက်သစ်ဖျော်ဖြေ အသိပေးစနစ်ပဲဖြစ်ပါတယ်။။ဒီစနစ်က Apple ကအရင်ကြေညာ ထားတဲ့အတိုင်းပဲ တပ်ဆင်မယ့်ယာဉ်ရဲ့ စနစ်တွေနဲ့ အတွင်းကျကျကို ချိတ်ဆက်ထားပါတယ်။သူ့မှာ စနစ်ရဲ့မျက်နှာပြင် ကိုကိုယ့်စိတ်ကြိုက်ထားနိုင်ရုံသာမကဘဲ ဖျော်ဖြေရေး ဖန်သားပြင်ကိုလည်း စိတ် ကြိုက်ပြုပြင်နိုင်မှာပါ။။သူ့မှာ ကားရဲ့အသံပိုင်းစနစ်၊ အပူအအေးစနစ်တို့ကို အပြည့်အဝချိန်ညှိနိုင်တဲ့ အပြင် ကားရဲ့လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ တခြားလုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။။လက်ရှိမှာတော့ ကီယာ၊ ဟွန်ဒေး၊ ပေါ်ရှေးနဲ့ ဂျန်နီဆစ်တို့က ဒီစနစ်ကို တပ်ဆင်လိုတယ်လို့ Apple က ဆိုပါတယ်။ လတ်တလောဆိုရင် Aston Martin ကား တချို့မှာပဲရဦးမှာပါ။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/175223.jpg
Sat, 05/17/2025 - 19:39
admin_webportal
https://www.myawady.net.mm/node/69261
စွမ်းအင်သိုလှောင်မှုအားပြိုင်ပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့ သွပ်-လေ ဘက်ထရီ
စွမ်းအင်သိုလှောင်မှုအားပြိုင်ပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့ သွပ်-လေ ဘက်ထရီ။ဒီကနေ့ခေတ်ဟာ စွမ်းအင်သိုလှောင် မှုပစ္စည်းတွေဖြစ်တဲ့ ဘက်ထရီတွေကို သူ့ထက်ငါအပြိုင်အဆိုင် နည်းပညာတွေ မြှင့်တင်ပြီး တိုးတက်ထုတ်လုပ်လာနေ တာတွေ့ရပါတယ်။ လက်ရှိခေတ်အစား ဆုံးဘက်ထရီအမျိုးအစားက လီသီယံ အိုင်းယွန်းဘက်ထရီပါ။ ဒါပေမဲ့ အဲဒီဘက် ထရီကိုစိန်ခေါ်မယ့် ဘက်ထရီတစ်မျိုး ထွက်ပေါ် လာတာကို တွေ့ရှိရပါတယ်။ သူက တော့သွပ်နဲ့ လေကိုပေါင်း စပ်အသုံးပြုတဲ့ သွပ်-လေဘက် ထရီပဲ ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံက လေထဲကနေ အောက်ဆီဂျင်ကိုစုပ်ယူတယ်။ ပြီးတဲ့အခါ သွပ်နဲ့ဓာတ်ပြုတယ်။ အဲဒီကနေမှ လျှပ်စစ်စွမ်းအင် ထွက်လာတာပါ။။ဒီအတွက်ကြောင့် သူ့ရဲ့အလေးချိန်က ပေါ့ပါးတယ်။ ဘေးကင်းစိတ်ချရမှုလည်းရှိ တယ်။ ဒါ့အပြင် ထုတ်လုပ်ရာမှာဆိုရင်လည်း ရှားပါးပြီး တည်ငြိမ်မှုမရှိတဲ့ ကုန်ကြမ်း ပစ္စည်းတွေကိုသာ အသုံးပြုထားရတဲ့ လီသီယံအိုင်းယွန်း ဘက်ထရီများကို ထုတ်လုပ်တာထက် ဈေးနှုန်းပိုမိုချိုသာပါလိမ့်မယ်။။ဒါတင်မကသေးပါဘူး။စွမ်းအင်သိုလှောင်နိုင်မှုအပိုင်းမှာဆိုရင်လည်း လီသီယံအိုင်းယွန်း ဘက်ထရီများထက် စွမ်းအင်သိပ်သည်းဆ ပိုမိုများပြားတာကြောင့် အချိန်ပိုကြာစွာ အသုံးခံရုံသာမကဘဲ ဘက်ထရီက အပူလွန်ခြင်း ဒါမှမဟုတ် ပေါက်ကွဲနိုင်မှု ဖြစ်နိုင်ခြေသိပ် နည်းပါးတယ်လို့ ဆိုရမှာပါ။။သူနဲ့ပတ်သက်လို့ နောက်ထပ်စိတ် ဝင်စားဖို့ကောင်းတဲ့ တစ်ချက်က ဘက်ထရီသက်တမ်းပါပဲ။ ဘက်ထရီသက်တမ်းက နာရီပေါင်း ၃၆၀၀ ကျော်ရှိတာကြောင့် လက်ရှိဘက်ထရီတွေက ပေးစွမ်းနိုင်တဲ့ ဘက်ထရီသက်တမ်းထက် များစွာကျော် လွန်နေပါတယ်။ အခုဆိုရင် နည်းပညာ ပိုင်းဆိုင်ရာအခက်အခဲကိုလည်း ကျော် လွှားထားနိုင်ပြီလို့ သိရပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/175224.jpg
Sat, 05/17/2025 - 19:42
admin_webportal
https://www.myawady.net.mm/node/69262
ဂျပန်တို့ရဲ့ Kei ကား‌ဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းလာတဲ့ BYD
ဂျပန်တို့ရဲ့Kei ကား‌ဈေးကွက်ထဲဝင်ဖို့ ခြေလှမ်းလာတဲ့ BYD။BYD ကုမ္ပဏီက ဂျပန်နိုင်ငံရဲ့ အထင်ကရ ကားဈေးကွက်တစ်ခုဖြစ်တဲ့ Kei ဆို တဲ့ကားဈေးကွက်ထဲလှမ်းဝင်နိုင်ဖို့ကို ခြေ လှမ်းပြင်ထားပါပြီ။ Kei ကားဆိုတာက အသေးစားကားလေးတွေပါ။ ဒီကားတွေ နဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ကလည်း တင်းကျပ်မှုရှိပါတယ်။ Kei ကား တစ်စီးလို့သတ်မှတ်ခံရဖို့အတွက် အလျား ၃၄၀ စင်တီမီတာ၊ အနံ ၁၄၈ စင်တီမီတာ နဲ့အမြင့် ၂၀၀ စင်တီမီတာကိုမကျော်ရပါ ဘူး။ မြင်းကောင်ရေ အားကလည်း ၆၄ ကောင်အားကိုမကျော်ရပါဘူး။။မကြာသေးမီကထွက်ရှိလာတဲ့ ဓာတ် ပုံတွေအရဆိုရင် BYD ကုမ္ပဏီက သတ် မှတ်ချက်တွေတင်းကျပ်လွန်းလှတဲ့ Kei ကားဈေးကွက်ထဲကိုဝင်ဖို့ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူ့အတွက်အသုံးပြုမယ့် စွမ်းအင်ကတော့ လျှပ်စစ်စွမ်းအင်ပဲဖြစ် ပါတယ်။ ဘက်ထရီစွမ်းအင်က ၂၀ ကီလို ဝပ်နာရီသာရှိတဲ့အတွက် ၁၈၀ ကီလိုမီတာ အထိမောင်းနှင်နိုင်မှာပါ။ တန်ဖိုးအားဖြင့် ယန်း ၂ သန်းခွဲအထိ ရှိနိုင်တယ်လို့ သိရပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/175225.jpg
Sat, 05/17/2025 - 19:44
admin_webportal
https://www.myawady.net.mm/node/69263
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၊ အခြေခံပညာနှင့် စက်မှု စိုက်ပျိုး မွေးမြူရေး အထက်တန်းကျောင်းနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များ ခေါ်ယူခြင်း
ပညာရေးကဏ္ဍ
https://www.myawady.net.…iles/1752241.jpg
Sat, 05/17/2025 - 20:04
admin_webportal
https://www.myawady.net.mm/node/69264
မိုးကြီးမည့် သတိပေးချက်
မိုးကြီးမည့် သတိပေးချက်။တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်။နေပြည်တော် မေ ၁၆။ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ ဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ အပူပြန်တက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း ယနေ့ညမှ မေလ ၂၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြားမိုးထစ်ချုန်းရွာပြီး ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။။သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီး တွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး ရေလျှံမှုများကို ကြိုတင် သတိပြု ရှောင်ရှား နိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာ ရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။။(မိုး/ဇလ)
မိုးလေဝသသတင်း
https://www.myawady.net.…files/175281.jpg
Sat, 05/17/2025 - 20:14
admin_webportal
https://www.myawady.net.mm/node/69265
ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ ဆက်လက် ရောင်းချပေးလျက်ရှိ
ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ ဆက်လက် ရောင်းချပေးလျက်ရှိ။နေပြည်တော် မေ ၁၆။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဝယ်ယူသူ ၃၆ ဦးရှိပြီး ဘိလပ်မြေ (၂၀၀၀) အိတ်ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/175163.jpg
Sat, 05/17/2025 - 20:29
admin_webportal
https://www.myawady.net.mm/node/69268
Chairman of State Administration Council Prime Minister Senior General Min Aung Hlaing answers questions of RT TV Channel of Russian Federation
Chairman of State Administration Council Prime Minister Senior General Min Aung Hlaing answers questions of RT TV Channel of Russian Federation။Chairman of State Administration Council Prime Minister Senior General Min Aung Hlaing received RT TV Channel at Ararat Park Hotel in Moscow on 8 this month and answered questions of the TV channel. The full text of the interview is as follows:။Q: Your Excellency, the Prime Minister, first I would like to express honour for having the opportunity to conduct this interview. I would also like to thank Your Excellency for attending the 80th Anniver-sary Victory Day of the Great Patriotic War. In fact, the Victory is priceless for our country as well as for Myanmar that had driven out the Fascists. We all know that the earthquake had triggered a lot of losses and destruction in Myanmar, so, let me express my sincere condolences for this tragedy. As regards the quake, my first question is your comments about the incoming aid and efforts. How supportive are the relief undertakings? Is everything proceeding in a satisfactory way? Tell me please.။A: Thank you for your empathy towards the earthquake jolted on 28 March. Actually, it was quite intense. The earthquake measuring 7.7 magnitude on Richter scale is the second most powerful one among the quakes that trembled after 1900. Of the 18 quakes in Myanmar, the one measuring 8 on the Richter scale in 1912 is so in-tensive. The recent one also propelled a huge jolt, causing a high number of casualties. Over 3,700 persons were killed, over 5,000 wounded and another 80 were missing. Approximately, the quake also destroyed 67,000 homes, 6,400 schools and 350 hospitals. Many roads and brid-ges were damaged. As regards the international aid, I declared a state of emergency within an hour as I had witnessed that the extent of damage caused by the quake was very high. And then I asked for help from the international community, and the relief aid from abroad arrived in the country within 24 hours. It was very empowering. Roundabout 26 countries in-cluding Russia alongside China and India, helped us. A common belief is that there will be a chance for survival if the help arrives within 72 hours. But international relief teams arrived within 24 hours and could rescue eight alive. Many dead bodies were recovered. Anyhow, we were encouraged by their help. In addition, relief aid arrived by air, sea and road and they were helpful for the country. But we need further aid for the follow-up rubble clearing and reconstruction undertakings.။Q: Currently, the bilateral relations between Myanmar and Russia are developing fast. What’s more, I had visited Myanmar to gather news about Russia-Myanmar joint naval drills in person. In addition to military technology cooperation between the two countries, which areas and sectors are also included in the bilateral cooperation agenda.။A: The area of Russian-Myan-mar cooperation is very wide. Apart from the defence sector, the two have many more areas, including legal, educational, and health sectors, of cooperation. Some of the issues are still under discussion. During the March visit, talks were held on erection of a nuclear power station and Dawei deep sea port and on investments in offshore oil and gas drilling. Some of the issues have already got the green light and some are in progress. There are many remaining areas.။Q: Instead of providing earth-quake aid to Myanmar, the US has hiked its tariff on Myanmar to 44 percent. Your view on this matter, please.။A: In fact, the US is not refusing to help Myanmar. The country announced a 9-million-dollar aid package. But we have no knowledge about the details of their aid distribution method. We do not know whether the aid will come through the UN or AHA Centre. We only know that it had made the announcement. Our trade volume with the US is not large. We had trade just about US$-900 million during the period between 2011 and 2025. Normally, annual trade only exceeded US$-800 million. In some years, we exported more and in some other years the US exported more. The US is not imposing tariff only on Myanmar, it is imposing tariff even on some of its friendly countries. The US tariffs on China are rather high. In my opinion, the US should not hike tariffs on a developing country like Myanmar. The country is extending tariffs on other countries as it is facing a trade deficit. In fact, it should not do so. We need to think seriously about the reason behind the matter.။Q: I’d like to raise one more question. Regarding trade sanctions and interest rates, what kind of response plan does Myanmar have in place? May I know how you have made preparations?။A: Primarily, we will emphasize trading without emphasizing a single country and we will operate trade with many countries. Instead of going to just one country and selling our goods there, it’s better to trade with many countries equally. I think that as being better for cooperation too. What I want to add is—why are they increasing tariffs like this? That’s something we have to consider as well. They say they’re increasing tariffs because they’re losing money from trade. Then the question is, why are they losing money? Is it because they can’t sell their products? Why can’t they sell them? Products of the United States are being sold. These products are good and high quality. But their prices are high. As prices are high, it becomes a bit difficult for all to buy their products. However, I’ve found that in many countries, including developing nations like ours, the demand of the market of the United States is very strong. That’s why we’re able to sell a lot to them. But we should also think about why their goods are expensive. Is it because of the cost of production? If that’s the case, we need to take those factors into account. Based on that, we might need to make adjustments. Rather than relying on just one country, we should sell our goods to other countries as well. What I’ve seen is that many of us heavily depend on their market. That’s something I believe is worth thinking about.။Q: I have known Your Excell-ency arrived in the Russian Federation to join the anniver-sary of the Victory in the Great Patriotic War. As it is the 80th Anniversary celebration, our Russian Federation notably marks it. Regarding this com-memorative event, the question I’d like to ask is: the victory was achieved 80 years ago. How has that victory influenced or transformed the current geo-political landscape we see today? I’d also like to hear your perspective on this.။A: This is a commemoration of the victory achieved by the people of the Soviet Union over the fascist Nazis. It’s a deeply significant event. Simi-larly, in Myanmar, we too suffered under the oppression of fascist Japan, which was allied with the Nazi Germans—both part of the same fascist bloc. We also have a history of fighting back against them. These events happened around the same period. This was a struggle aimed at securing independence and firmly establishing our nation’s sovereignty. That’s why I would like to say that this was an extremely significant battle, an offensive. Because of this successful resistance, we witnessed the liberation of some European countries that had previously been subjected to colonial-style domination and occupation. They regained their independence because the Soviet Union led and launched a counteroffensive that helped liberate them. The Soviet troops even advanced and took control up to East Berlin in Germany. I saw it in the history. And then, it is geopolitics. If we look at the events of the past, those historical developments were also driven by geopolitical factors—firstly, geography itself, and secondly, the natural resources, both above ground and underground. It was all rooted in these factors. Geopolitics plays a crucial role. Even now, we can see that because of geopolitics, powerful nations are still targeting smaller or other countries. What can they။do over those smaller nations? As a result, we observe pressure being applied through military, political, economic, and various other means over these coun-tries. Now, the celebration of the 80th Anniversary of this heroic patriotic war is truly a remarkable occasion. During that war, 26 million Soviet and Russian people gave their lives in fighting. In the history of world wars, I would like to say this was one of the most massive offensives with the largest casualties.။Q: Regarding our history, during the Second World War, the Soviet Union led the fight to victory with great success. This is a factual and true part of his-tory. However, Western countries want to revise this history by portraying themselves, through videos and historical documentaries, as the main victors and key contributors in that war. Especially in relation to the current Russia-Ukraine conflict, the Western media is depicting Russia as the aggressor. So, what I want to know why do Western countries want to rewrite the history that you personally witnessed? And how do you see this situation from your perspective?။A: History cannot be lied about, and it cannot be concealed. History must remain as it truly was. Just as the actions of the fascist Nazis cannot be hidden, neither can the history of the Soviet Union fighting against fascism be erased or concealed. It cannot be rewri-tten either. History must exist in its entirety, as it actually happened. This is undeniable. That’s why some countries may want to revise history to prevent future generations from knowing about the wrongs they committed. They might want to push towards a ‘New World Order’. They might also want to steer the younger generations in that direction. When it comes to national sovereignty, many won’t act unless it threatens them. But once their sovereignty is at risk, a response becomes natural. Another factor is their desires and egos. When these emerge, they seek out problems and talk about them trying to solve them. We’ve seen such things in real, historical events around the world. Even looking at the recent conflict between Ukraine and Russia, it’s the same. To speak frankly, I see efforts to rewrite or reverse history. Russia is trying to draw from the Soviet Union’s past experiences to act in ways that protect its sovereignty and avoid any threats to its authority.။Q: In the same vein, we would like to ask about Ukraine. It has been reported that Western countries, particularly the EU and the UK, are conti-nuously providing financial and military support from behind the scenes. What are your thoughts on this? The world is well aware that Washington is push-ing for a diplomatic resolution regarding the Ukraine-Russia conflict. However, instead of offering a proper diplomatic solution, EU member states and the UK continue to provide military and financial aid. We would like to hear your perspective on this matter as well.။A: War is something best avoi-ded altogether. Conflicts are best resolved through proper dialogue and negotiation. Esca-lation often occurs due to exces-sive support and encouragement. Without such backing, conflicts would not grow. In some cases, when disputes arise between two nations, others rally behind them—offering support, assist-ance, weapons, funds, and supplies. This is what has been happening. Such actions only amplify the conflict. To prevent this, the best approach is to refrain from fueling the situation. Instead, political solutions should be pursued—this is the way forward. Earlier, you asked about the EU’s actions regarding the conflict and their intentions. What is their goal? One might consider whether their aim is to prolong the conflict to exhaust the other side. That is something worth reflecting on. In truth, the best approach is to prevent conflict alto-gether. Personally, I believe support should not be given. Instead, negotiations should take place. Why did this happen? What caused the problem? We must revisit the root of the issue. History holds the ans-wers. If we look back at the situation over the past decade or two, it becomes clear why the Ukraine-Russia conflict arose. If we address the issue based on the true cause, I believe this problem can be resolved.။Q: Following up on the previous question, some are con-cerned that after the Ukraine conflict is resolved, the U.S. may increase direct confrontations with China. Given this, do you anticipate that military tensions could escalate in some form in the near future?။A: There is certainly a possi-bility. The reason is that since the post-1950s era, the U.S. has historically pursued a China containment policy. Now that China has become a competitor, the U.S. will likely seek ways to counterbalance it. Therefore, I believe all nations should engage in dialogue and cooperation to prevent such tensions from arising. This issue isn’t just between these two countries—it involves others as well. A conflict limited to just these two nations might not be catastrophic, but if other countries get involved, the situation could become far more complicated. That’s how I see it.။Q: From what you’ve said, I understand that this issue isn’t just between China and the U.S., but if other disputed territories get involved, the problem could grow even larger. In this context, how can Myanmar—positioned between major global powers—help mediate these rising tensions? What plans does Myanmar have to play a stabiliz-ing role? I’d like to hear your perspective.။A: Myanmar’s foreign policy is independent and active, maintaining friendly relations with all nations. The U.S. is a friendly country to us, while China is not only a neighbouring country but also a strategic partner and a close relative-like ally. Our relationship with China is uniquely strong compared to others. Therefore, Myanmar will continue to engage with both nations in the best possible manner to foster stability.။Q: Regarding the increasing involvement of NATO in the Asia-Pacific region, how do you assess this development? Do you foresee any potential threats to Myanmar and the surro-unding region due to the pre-sence of major powers? We’d like to hear your thoughts on this.။A: Well, there is certainly cause for concern. The truth is, NATO has no real connection to East Asia and the Pacific. We are worried, but frankly, it has nothing to do with them. The Asia-Pacific region encompasses both continental and mari-time territories, making it a strategically vital area. If han-dled peacefully, it could greatly benefit the world. However,။we’ve observed that not just NATO but also countries like India, Australia, Japan, and the U.S. are collaborating to assert their influence here. In my view, this could further escalate tensions. That’s why I believe a peaceful approach would be best. Yes, I am concerned—deeply concerned.။Q: Following up, I’d like to ask about the future of international relations amid efforts by many Western powers to maintain dominance and control. What is your perspective on the multi-polar world order as a guiding principle for shaping global relations? Currently, Western nations are exerting pressure on other countries to serve their own interests. How do you see the multipolar concept in this context?။A: In the past, the world was unipolar, dominated by the U.S. and the Western bloc. Then it became bipolar, and later reverted to unipolarity as the West gained strength. But today, countries like Russia, China, and India have advanced signifi-cantly—militarily, economically, and technologically—leading to the emergence of a multipolar dynamic. This is how it should be. No single power should control the world alone. Developing nations, in particular, have suffered under such dominance. That’s why I firmly believe a multipolar system is the best path forward. Sharing and jointly managing global affairs is undoubtedly the best approach. Balanced and equitable coope-ration is also optimal. Shared responsibility remains ideal. The conflicts we see today stem precisely from imbalance and inequity. Therefore, if we wish to prevent conflicts, I firmly believe a multipolar system represents the most effective solution.။Q: I have a question concer-ning the Multipolar World you just talked about. It was learnt that many countries including Myanmar support the Multipolar World. Here, western countries want to return to their previous Unipolar World. To achieve success in implementation of the Multipolar World, what kind of tactics do you think should be adopted? I would like to know your belief about the issue.။A: There are three countries I just talked about. I think the three countries are taking fair measures in the world. So, we ourselves must try to cooperate with them. It would be impossible if we did not try ourselves. We ourselves must exert efforts for the development of our economy, technology, etc. On the other hand, we need to further cooperate among countries. The countries I just talk about are the world’s leading countries and Russia, China and India are in a position to take the leading role. If they cooperate and take necessary measures in a fair manner, our Multipolar World will be a global order.။No one of us accept the Unipolar world. All countries that have borne the brunt of it know all possible scenarios. We know its bitterness. So, no one will allow this. All countries are trying hard. If any country and people stood still, they would be left behind. Any country that stands still will be left behind. Countries that are moving forward will overtake them. So, every country is moving forward. As they are moving forward for progress, they all, based on past incidents in history, bear in mind that they will not allow this to happen. At the same time, if we cooperate with the leading countries I just talked about, the Unipolar World will never be possible, I think.။Q: Myanmar is a member of the ASEAN, which is one of the regional bodies of influential members. What role is Myanmar playing in ASEAN?။A: As a member country, we fully cooperate with the organization in accordance with the ASEAN Charter. The vision of ASEAN is excellent. So, Myanmar has a will to take its correct path and is also doing so. There are different perspectives over some issues among members. However, it already had its fundamental principles. I would like to say that it is important for the organization to carry out tasks based on its fundamental principles.။Q: Another question I would like to ask is what the perspective of ASEAN members on future relations between Russia and the ASEAN is.။A: I would say that Russia is one of the important countries for ASEAN. Ours is the country that is responsible for coordination between ASEAN and Russia from 2024 to 2027. In the past, we played the same role between ASEAN and China. We performed our duties successfully. Now, we have taken the responsibility for coordination between ASEAN and Russia. We have a desire to improve the relations between Russia and ASEAN as it is one of our friendly countries. Russia is one of the important countries for ASEAN and it also is a dialogue partner. So, we view that Russia will continue to play an important role in cooperation with ASEAN in the future. I would like to urge Russia to take expansion of cooperation in multiple sectors with ASEAN into consideration.။Q: This question is concerned not with politics but with our news agency, which has been operating for about 20 years. What is your view on operations and reporting of our news agency?။A: As a leading news agency, its news presentation is quite impressive. I watch RT’s programs frequently. Its news reports are valid and reliable. It can provide detailed facts comprehensively . When it comes to reporting and presenting historical backgro-unds, we find that it is a news agency that should be imitated. We have learnt a lot from it. Therefore, I think that RT is a news agency of high standards. I hope RT will achieve greater success than its 20 years’ achievements. I believe that RT will further improve Russia-Myanmar relations and relations between Russia and the rest of the world. I wish further success for the news agency.
English News
https://www.myawady.net.…les/185181_0.jpg
Sun, 05/18/2025 - 09:01
admin_webportal
https://www.myawady.net.mm/node/69269
တားဆီးကာကွယ် မူးယစ်အန္တရာယ်
တားဆီးကာကွယ် မူးယစ်အန္တရာယ်။အယ်ဒီတာ့အာဘော်။(၂ဝ၂၅ ခုနှစ်၊ မေ ၁၈ ရက်)။နိုင်ငံတိုင်းသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက် ရှိကြသည်။ ထို့အတူ လူတစ်ဦးချင်းစီမှာလည်း မိမိတို့၏လူမှုဘဝ တိုးတက်မြင့်မားအောင် ကြိုးပမ်းလျက်ရှိသည်။ တိုင်းပြည်၊ နိုင်ငံဖြစ်စေ၊ လူသားဖြစ်စေ ယင်းတို့၏ တိုးတက်မှု၊ ကြီးပွားမှုကို ပိတ်ပင်တားဆီးနေသည့် အရာများရှိသည်။ထိုအရာများကို ဖယ်ရှားရှင်းလင်းနိုင်မှသာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် အောင်မြင်စွာ လျှောက်လှမ်း နိုင်ကြမည်ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ဗီဇနှင့် ပတ်ဝန်းကျင်ကောင်းလျှင် ကောင်းသောရလဒ်များ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။ ထို့အတူ လူတစ်ဦးချင်းစီ၏ တန်ဖိုးများကို ပျက်စီးစေနိုင်သည့် အကြောင်းအရာ များစွာ ရှိသည်။ ထိုအရာများထဲတွင် မူးယစ်ဆေးဝါး အန္တရာယ်သည် ထိပ်ဆုံးတွင်ရှိနေသည်။ မည်သို့ပင် ထူးချွန်ထက်မြက်စေသောဗီဇဖြင့် မွေးဖွားလာသူဖြစ်ပါစေ မူးယစ်ဆေးဝါးဟူသောပတ်ဝန်းကျင်ဆိုးက ရိုက်ခတ်လျှင် လူမှု တန်ဖိုး ပျက်စီးဆုံးရှုံးသွားမည်သာဖြစ်သည်။။လူတစ်ဦးချင်းစီကဲ့သို့ပင် နိုင်ငံတစ်နိုင်ငံသည်လည်း မူးယစ်ဆေးဝါး ရိုက်ခတ်နေမည်ဆိုပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေမည်ဖြစ်သည်။ ထို့ပြင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ ရှိနေခြင်းကြောင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် နယ်စပ်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှုတို့မှာ နိမ့်ကျနေခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ကို ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိသည်။။အဆိုပါတည်ဆောက်မှုသည် နိုင်ငံသားအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ထွန်းကားရေးဖြစ်သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများသည် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်ဘဲ ၎င်းတို့၏ အကျိုးစီးပွားအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းကို အကြီးအကျယ်ဆောင်ရွက်နေကြသည်။ ပြည်သူလူထုကောင်းကျိုး စီးပွားအတွက်လုံးဝမဟုတ်ပေ။။နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများအား ထိရောက်စွာ တားဆီးကာကွယ် တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှု များကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူ အဖွဲ့များနှင့် မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏ အားသာချက်ကို အသုံးချကာ ရေလမ်းကြောင်းများမှတစ်ဆင့် သယ်ယူ ပို့ဆောင်လာသည်ကို တွေ့ရှိရသည်။။AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့် ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖမ်းဆီးရမိမှုတွင် မူးယစ်ဆေးဝါး တရားခံ ၂၆ ဦးတို့အား ICE ၄၀၉၃ ကီလိုဂရမ်၊ ကက်တမင်း ၃၀၀၀ ကီလိုဂရမ် ကာလတန်ဖိုးငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံခန့် တို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။။ဖမ်းဆီးရမိ တရားခံ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေး အတွက် လိုအပ်သော ငွေကြေးများရရှိနိုင်ရန် အနာဂတ် မျိုးဆက်သစ်လူငယ်များ အပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာမှ ဝယ်ယူပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်း ဖြစ်ကြောင်း သိရှိရသည်။။မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်ဆေးဝါး သယ်ဆောင်သည့်ဂိုဏ်းအဖွဲ့အား ငွေကျပ် ၁၆ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇ ဒသမ ၉ သိန်းကျော်အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် စိတ်ပြောင်းဆေးဝါးများ ရောစပ်သည့် Happy Water ၂ ဒသမ ၉၁၅ ကီလိုဖမ်းဆီးရမိသည့် သတင်းကိုလည်း မေလ ၁၇ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ မူးယစ်ဆေးဝါးများ အမြောက်အမြား ဖမ်းဆီးရမိသည့် သတင်းများသည် နိုင်ငံနှင့်ပြည်သူများအတွက် သတင်းကောင်းများဖြစ်သည်။ လူသားတို့အသက်ကို ကယ်တင်လိုက်ခြင်း ဖြစ်သည့်အပြင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထောက်ပံ့ရေးလမ်းကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိရေးတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သူများကို ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…iles/18521_0.jpg
Sun, 05/18/2025 - 09:27
admin_webportal
https://www.myawady.net.mm/node/69270
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုနှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက် ထားရှိမှု ကြည့်ရှုစစ်ဆေး
အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုနှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက် ထားရှိမှု ကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၇။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ရာဂိမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားအမြန် ထုတ်လုပ်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့် စက်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှု အခြေ အနေနှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သော လုပ်ငန်းများကို စနစ်တကျ မှတ်တမ်းထားရှိပြီး ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် တမံအတွင်းပေါင်းလောင်းငယ် ချောင်းမှနုန်းများ ဝင်ရောက်မှုကိုလေ့လာပြီး ဖယ်ရှားနိုင်ရေးအတွက် သုံးသပ်တင်ပြရန်နှင့် မိုးမကျမီပြင်ဆင်ရမည့် လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ ပြည်ပမှ မှာယူသောစက်ပစ္စည်းများ မကြာမီရောက်ရှိလာ တော့မည်ဖြစ်၍ ရောက်ရှိသည်နှင့် တစ်ပြိုင်တည်း ဦးစားပေး အမြန်တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် မှာကြားပြီးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေလှောင်တမံရှုရပ်သို့ ရောက်ရှိပြီး တမံ၏ကြံ့ခိုင်မှု အခြေအနေ၊ ရေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စက်ယန္တရားကြီးများဖြင့် တမံယာဘက်ကမ်း မြေကြီးကျောက်သားတူးဖော်ခြင်းနှင့် တမံဝဲဘက်ကမ်း Gabion Wall တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။။ထို့နောက် စက်ရုံအဆောက်အအုံအတွင်း ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု၊ ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်ပြီးစီးနေမှု စက်မှု/ လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ ပြန်လည်တပ်ဆင် ဆောင်ရွက်ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်းလောင်းမြစ်ပေါ်တွင် ရေအား လျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ အကောင် အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှုရပ်မှ နေ၍ စီမံကိန်းဆောင်ရွက် ထားရှိမှုနှင့် စီမံကိန်းဧရိယာ အတွင်းရှိ အလယ်ပေါင်းလောင်း မြစ်ကူးတံတား တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…iles/18531_1.jpg
Sun, 05/18/2025 - 09:41
admin_webportal
https://www.myawady.net.mm/node/69271
မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အစည်းအဝေး(၁/၂၀၂၅)ကျင်းပ
မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အစည်းအဝေး(၁/၂၀၂၅)ကျင်းပ။ရန်ကုန် မေ ၁၇။မြန်မာနိုင်ငံအိုလံပစ် ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅)ကို မေလ ၁၅ ရက် မွန်းလွဲပိုင်းက အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။။ဦးစွာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌက မြန်မာ့အားကစား အောင်နိုင်ရေးနှင့် စနစ်တကျရှိစေရေး အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များက ပါဝင်ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။။ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ တွဲဖက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့ အားကစားအဖွဲ့ချုပ်များအလိုက် အားကစား အောင်မြင်မှုရရှိရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။။ယင်းနောက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) ဦးခွန်ဂျာအောင်က အာရှအိုလံပစ် ကောင်စီနှင့် စပ်လျဉ်း၍ လည်းကောင်း၊မြန်မာနိုင်ငံအိုလံပစ် ကော်မတီတွဲဖက် အတွင်းရေးမှူး(၂) ဦးထွန်းမြင့်ဦးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာအသင်းဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်ပြင်ဆင်မှု အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းက မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)နှင့် တာဝန်ရှိသူများက ထပ်မံဖြည့်စွက် ဆွေးနွေးသည်။။ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့အောင်နိုင်ရေး အတွက် Excellent Fortune Foundation ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း(ကိုယ်စား) မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးက ပဏာမလက်ရွေးစင်အလေးမ အားကစားသမားများအတွက် ငွေကျပ်သိန်း(၁၀၀)နှင့် ငွေကျပ်သိန်း(၅၀) တန်ဖိုးရှိဆေး Amino Acids နှင့် Creatine Monohydrate အားဆေးများကို လည်းကောင်း၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးသူရက မြန်မာ့အားကစား အောင်နိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံရေကူးနှင့် လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ မြန်မာ့အားကစား အောင်နိုင်ရေး အတွက် ငွေကျပ်သိန်း ၁၀၀ ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အားကစား
https://www.myawady.net.…/files/18532.jpg
Sun, 05/18/2025 - 09:46
admin_webportal
https://www.myawady.net.mm/node/69272
အဆောက်အအုံများပြုပြင်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOP နှင့်အညီ ဆောင်ရွက်ရေး မှာကြား
အဆောက်အအုံများပြုပြင်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောSOP နှင့်အညီ ဆောင်ရွက်ရေး မှာကြား။နေပြည်တော် မေ ၁၇။ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီ ဝင်များ၊ နေပြည်တော် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။။ဦးစွာ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီနှင့် အဆင့်ဆင့်သော ကော်မတီများမှ လုပ်ငန်းတာဝန်များကို ရွေးကောက်ပွဲ မကျင်းပမီအချိန်ထိ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက အမြဲမပြတ် ဆွေးနွေး ညှိနှိုင်း အလေးအနက်ထား ဆောင်ရွက်သွားရန် မှာကြားသည်။။ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။။ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ နှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီရုံး ပြန်လည်ပြုပြင်နေမှု အခြေအနေများကို သွားရောက် စစ်ဆေးပြီး အဆောက်အအုံများပြုပြင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOPနှင့်အညီ ဆောင်ရွက်ရေး၊ စံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရေး၊ အပိုင်းလိုက် အမြန်ပြီးစီးအောင်ပြုပြင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်းသိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/18533.jpg
Sun, 05/18/2025 - 09:50
admin_webportal
https://www.myawady.net.mm/node/69273
ဖျာပုံမြို့ အောက်ကွင်းကြီးမျိုးသန့်ခြံတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချ ကိရိယာ(Drum Seeder)များ ပေးအပ်ပွဲကျင်းပ
ဖျာပုံမြို့ အောက်ကွင်းကြီးမျိုးသန့်ခြံတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချ ကိရိယာ(Drum Seeder)များ ပေးအပ်ပွဲကျင်းပ။ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က အမှာစကားပြောကြားကြပြီး ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မိုးစပါးစိုက်တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်) မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ကာ အောက်ကွင်းကြီး မျိုးသန့်ခြံတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆန်လျှော်) မျိုးစေ့ကြဲပက်ခြင်းအား ကြည့်ရှုအားပေးကြသည်။။ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် မြို့နယ်လေးမြို့နယ် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များနှင့် တောင်သူများ တက်ရောက်ကြသည်။။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော အရည်အသွေးမြင့် ပေါ်ဆန်းဆန်၊ ပေါ်ဆန်းစပါးများနှင့် ပေါ်ဆန်းထမင်းများ၏ အနံ့၊ အရသာ၊ အရည်အသွေး ကောင်းမွန်မှုများကို ကြည့်ရှုအားပေးကြသည်။။အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ပေါ်ဆန်းဖိုရမ် ၂၀၂၅ ရလဒ်များကို လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ သုတေသန အရာရှိက ဌာနမှဆောင်ရွက်လျက်ရှိသော သုတေသန လုပ်ငန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက ဆန်စပါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင် ရွက်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။။ထို့နောက် ငလျင်ဘေးသင့်ဒေသများ အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ ဒေသကော်မတီ(၅)ဥက္ကဋ္ဌမှ အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် က နိဂုံးချုပ်အမှာစကား ပြောကြားသည်။။ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် မအူပင်ခရိုင် မအူပင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံပြီး မအူပင်ခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ‌ဆောင်ရွက်ပေးသည်။။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည် ပန်းတနော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd. သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည့် တင်ပြမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…iles/18551_0.jpg
Sun, 05/18/2025 - 09:56
admin_webportal
https://www.myawady.net.mm/node/69274
ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး
ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၇။အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း နှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းက ဝန်ထမ်းများနေထိုင်ရန် အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြာမီ မိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာ လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် လုံခြုံမှုရှိစေရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင်(၁၊ ၂၊ ၃ နှင့် ၄) တို့တွင် နှစ်ခန်းတွဲဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှု အခြေအနေများနှင့် ဆက်လက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအတွက် ပစ္စည်းများစုပုံထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်စေရန် တာဝန်ရှိသူများအား သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီဖြစ်စေရေး၊ အရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများရှိပါက လိုအပ်သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/18552.jpg
Sun, 05/18/2025 - 09:59
admin_webportal
https://www.myawady.net.mm/node/69275
ပြည်သူ့အကျိုးပြုဒစ်ဂျစ်တယ် အသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်
ပြည်သူ့အကျိုးပြုဒစ်ဂျစ်တယ် အသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်။နေပြည်တော် မေ ၁၇။ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်း ကော်မတီ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက Naypyitaw State Polytechnic University တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။။ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာ မဟာဗျူဟာမဏ္ဍိုင်များ အလိုက် မဟာဗျူဟာပန်းတိုင်များ ပြည့်မီစေရေးအတွက် လုပ်ငန်းစဉ်များကို အောင်မြင်ပြီးမြောက်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ AI အပါအဝင်ထွန်းသစ်စ ဒစ်ဂျစ်တယ်နည်းပညာ အရွေ့တို့နှင့်အမီ လိုက်ပါကာ ဆန်းသစ်တီထွင်မှုများမှ စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ဒစ်ဂျစ်တယ် မျက်နှာစာသို့ ထိုးဖောက်နိုင်စေရန်၊ ပြည်သူ့အကျိုးပြု ဒစ်ဂျစ်တယ်အသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ပေးနိုင်ရန်၊ နိုင်ငံ့ရေရှည်အကျိုးစီးပွားကို လွှမ်းခြုံဖော်ဆောင်ပေးမည့် ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးအတွက် ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။။ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာအရာရှိကြီးများ၊ ပြင်ပအဖွဲ့အစည်းများဖြစ်ကြသော UMFCCI၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ Myanmar Digital Economy Association တို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရန် အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။။ထို့နောက် ဒုတိယဝန်ကြီးသည် Naypyitaw State Polytechnic University ရှိ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်ကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သည့် စွမ်းရည်မြင့်အင်ဂျင်နီယာများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားပြီး လာမည့်ဇွန်လဆန်း ကျောင်းဖွင့်ချိန်အမီစာသင်ခန်းများ၊ကွန်ပျူတာခန်းများ၊ သိပ္ပံဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများတွင် စနစ်တကျ ပြင်ဆင်ထားရှိမှု အခြေ အနေများ၊ တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/18553.jpg
Sun, 05/18/2025 - 10:03
admin_webportal
https://www.myawady.net.mm/node/69276
စာကြည့်တိုက်သုံး ပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ
စာကြည့်တိုက်သုံး ပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ။ရန်ကုန် မေ ၁၇။ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းသည့် စာကြည့်တိုက်သုံး ပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို မေလ ၁၆ ရက်က လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။။ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညွန့်က မုဒိတာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ပရိဘောဂပစ္စည်းနှင့် စာအုပ် စာစောင်များ ထပ်ဆင့်လှူဒါန်း ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီမှ လှူဒါန်းသည့် စာကြည့်တိုက်တစ်ခုလျှင်သံစာအုပ်စင်တစ်ခု၊ ပလတ်စတစ်ကုလားထိုင်ရှစ်လုံးနှင့် သုတ၊ ရသစာအုပ်များကို မြို့နယ်အတွင်း ရှိ စာကြည့်တိုက်လေးခုမှ ကော်မတီဝင်များထံ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်သည်။။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်မှူးများ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…iles/18561_0.jpg
Sun, 05/18/2025 - 10:20
admin_webportal
https://www.myawady.net.mm/node/69277
ကင်းထောက်လူငယ်မောင်မယ်များ လေ့လာရေး ခရီးစဉ်များ သွားရောက်လေ့လာ
ကင်းထောက်လူငယ်မောင်မယ်များ လေ့လာရေး ခရီးစဉ်များ သွားရောက်လေ့လာ။ပဲခူး မေ ၁၇။ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကင်းထောက်လူငယ်မောင်မယ်များ၏ လေ့လာရေးခရီးစဉ်အား မေလ ၁၅ ရက်မှ ၁၇ ရက်ထိ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။။အဆိုပါခရီးစဉ်သည် ကင်းထောက်လူငယ် မောင်မယ်များအနေဖြင့် ဒေသန္တရဗဟုသုတများ တိုးပွားလာစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီး၍ ရိုင်းပင်းကူညီတတ်စေခြင်း၊ အဖွဲ့အစည်းဖြင့် သွားလာတတ်စေခြင်း၊ ဒေသတစ်ခုနှင့်တစ်ခု မတူကွဲပြားသော ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များ၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား လေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။။ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မှ ကင်းထောက်လူငယ် ၆၀ ဦးတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၌ ရွှေတောင်မြို့ရှိ ရွှေနတ်တောင်စေတီတော်၊ ရွှေမျက်မှန်ဘုရား၊ ပြည်မြို့ရှိ ရွှေဆံတော်ဘုရား၊ ပြည်တက္ကသိုလ်၊ ရွှေဘုံသာစေတီတော်၊ သရေခေတ္တရာပျူမြို့ဟောင်းတို့အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)မှ ကင်းထောက်လူငယ် ၆၀ ဦးတို့သည် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၌ ပဲခူးမြို့ရှိ ရွှေသာလျောင်းဘုရား၊ မဟာစေတီဘုရား၊ မိုးယွန်းကြီးအင်း၊ ရွှေမော်ဓောစေတီ၊ ဟင်္သာကုန်း ဘုရား၊ စိန်သာလျောင်းဘုရား၊ ရွှေအောင်ရွေးဘုရား၊ ကမ္ဘောဇသာဒီနန်းတော်၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ ရွှေဂူကြီးဗုဒ္ဓဂယာဘုရား၊ ကျိုက်ဒေးအပ်ဘုရား၊ ကျိုက်ပညာယျဘုရား၊ ဘုရင့်နောင်ရုပ်တုနှင့် ပဲခူးတက္ကသိုလ်တို့အား လည်းကောင်း သွားရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…iles/18571_0.jpg
Sun, 05/18/2025 - 10:37
admin_webportal
https://www.myawady.net.mm/node/69278
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) လည်ပတ်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တွေ့ဆုံ
အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) လည်ပတ်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံTPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တွေ့ဆုံ။နေပြည်တော် မေ ၁၇။စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်တို့ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးရန်နှင့် အပြီးသတ်စက်တပ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များကို တွေ့ဆုံသည်။။တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှစ၍ ပြန်လည် စတင်ဆောင်ရွက်ခဲ့ပြီး TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များသည် စက်ရုံ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများကို လာရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေး တွေ့ရှိချက်များအပေါ် ပြန်လည် ပြင်ဆင်ရမည့် စက်ပစ္စည်းကိရိယာများ အနက် ပြည်တွင်းရှိ ကျွမ်းကျင်အင်ဂျင်နီယာ များဖြင့် စစ်ဆေးပြုပြင်၍ရသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှား ပညာရှင်များအနေဖြင့် အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)၌ လုပ်ငန်းများဆောင်ရွက် နေစဉ်ကာလအတွင်း လိုအပ်ချက်များ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးရန်နှင့် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။။ဆက်လက်၍ TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင် အဖွဲ့ခေါင်းဆောင်က အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းသည် ရုရှား-မြန်မာချစ်ကြည်ရေး၏ ပြယုဂ်ဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင် ပြီးမြောက်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ်ချက်၊ အခက်အခဲများ ကိုလည်း ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် ရှမ်းရိုးမဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ဘိလပ်မြေများ ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။။ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ ဝမ်စိမ်းဆီစက်၊ စိန်ငွေမြစက်မှုလက်မှု ကုမ္ပဏီလီမိတက်၏ ပြောင်းအခြောက်ခံစက်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့သို့ရောက်ရှိပြီး ငလျင်ကြောင့် ပျက်စီးခဲ့သည့် စက်မှုလုပ်ငန်များရှိ စက် ပစ္စည်းများအား စနစ်တကျပြန်လည်ပြင်ဆင် နိုင်ရေးအတွက် မြန်မာနိုင်ငံစက်ပစ္စည်း ဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ရေးဆွဲထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါလမ်းညွှန်ချက်များ ထွက်ရှိလာပါက လမ်းညွှန်ချက်များနှင့် အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/185101.jpg
Sun, 05/18/2025 - 10:45
admin_webportal
https://www.myawady.net.mm/node/69279
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံမေ့ဆေး ညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပ
(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံမေ့ဆေး ညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပ။နေပြည်တော် မေ ၁၇။(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ မေ့ဆေးညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပသည်။။အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပြည်တွင်း/ပြည်ပမှ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန် အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အငြိမ်းစား ဆေးပညာရှင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမေ့ဆေး ညီလာခံကို နှစ်နှစ်လျှင် တစ်ကြိမ်ပုံမှန်ကျင်းပလာခဲ့ရာ ယခုကျင်းပသည့် ညီလာခံမှာ (၁၄)ကြိမ် မြောက်ဖြစ်ကြောင်း၊ မေ့ဆေးအထူးကု ဆရာဝန်များအနေဖြင့် အထူးကြပ်မတ် ကုသမှုများကိုပါ ပူးတွဲဆောင်ရွက်ပေးနေကြပြီး ရှောင်တခင်ဖြစ်ပေါ်တတ်သော အရေးပေါ်ကျန်းမာရေး အခြေအနေများ အတွက် မကြာခဏ တွေ့ကြုံရလေ့ရှိရာ မှန်ကန်စွာနှင့်မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်း၍ စိတ်ချရသော ကုသမှုများ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ယခု ညီလာခံ၏ ခေါင်းစီးအနေဖြင့် “Dealing with Anaesthesia Crisis : Empowering Knowledge and Sustainable Practice” အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။။ယနေ့ညီလာခံမှ ပြည်တွင်း ပြည်ပပညာရှင်များနှင့် အတွေ့အကြုံများဖလှယ် ဆွေးနွေးကာ ရရှိလာသော အသိပညာရပ်များကို လက်တွေ့ကုသမှု နယ်ပယ်တွင် မှန်ကန်စွာအသုံးချပြီး လူနာများအတွက် စိတ်ချလုံခြုံမှုရှိသော ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်နိုင်စေရေး တိုက်တွန်းကြောင်း ပြောကြားသည်။။ဆက်လက်၍ World Federation of Societies of Anaesthesiologists (WFSA) President Dr. Carolina Haylock Loor မှ ပေးပို့သော Welcome Message Video ကို ပြသပြီး အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်မှ ပုဂံအကဖြင့် ကပြဖျော်ဖြေကာ မြန်မာနိုင်ငံမေ့ဆေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခ/ဌာနမှူး(မေ့ဆေး)ပါမောက္ခဒေါက်တာမူမူနိုင်က ညီလာခံကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပါမောက္ခ ဒေါက်တာမူမူနိုင်၊ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးခင်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးအောင်တို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခင်းကျင်းပြသထားသည့် ပညာရပ်ဆိုင်ရာ ပိုစတာများနှင့် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။။အဆိုပါညီလာခံကို မေလ ၁၇ ရက်မှ၁၈ ရက်အထိ မြန်မာနိုင်ငံမှ ဆေးပညာရှင်များအပြင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၀ ဦးတို့က ဆေးပညာရပ်ဆိုင်ရာ ဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ပိုစတာ ၁၄ ခုကို ပြသထားကာ ညီလာခံအကြို လှုပ်ရှားမှုအဖြစ် အလုပ်ရုံဆွေးနွေးပွဲ သုံးခုကိုလည်း မေလ ၁၆ရက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ‌ဆေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ ဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (၂/၂၀၂၅)သို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်း၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ အတည်ပြုခြင်း၊ ဆုံးဖြတ်ရမည့်အချက်များ ဆွေးနွေးဆုံးဖြတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေး
https://www.myawady.net.…files/185102.jpg
Sun, 05/18/2025 - 10:51
admin_webportal
https://www.myawady.net.mm/node/69281
ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုး မွေးမြူနည်းသည် နည်းပညာတစ်ခုသာမက လူထုလှုပ်ရှားမှုပါ ပါဝင်ဆောင်ရွက်ရသော စနစ်ဖြစ်
ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုး မွေးမြူနည်းသည် နည်းပညာတစ်ခုသာမက လူထုလှုပ်ရှားမှုပါ ပါဝင်ဆောင်ရွက်ရသော စနစ်ဖြစ်။နေပြည်တော် မေ ၁၇။စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေးတက္ကသိုလ် စုဝေးဆောင်ခန်းမ၌ “ကျေးလက်တောင်သူများ ပူးပေါင်း ပါဝင်သော အပင်မျိုးမွေးမြူနည်း” Farmer Participatory Plant Breeding (PPB) ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးသူတောင်သူများ၊ ဌာနတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများ၊ ရောင်းဝယ်ဖောက်ကား သူများနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သည့် အားကောင်းသော စနစ်တစ်ခု အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊။ထိုစနစ်ကို နိုင်ငံတကာတွင် စတင်ကျင့်သုံးခဲ့သည်မှာ ၁၉၈၀ ခုနှစ်-၁၉၉၀ ခုနှစ်များဆီ မှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန ဌာနကြီးများက စတင်အသုံးပြုခဲ့ ကြောင်း၊ “ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုးမွေးမြူနည်း” Participatory Plant Breeding (PPB) ၏ အဓိပ္ပာယ်နှင့် အရေးပါမှု၊ (PPB)၏ သမိုင်းကြောင်း၊ ရည်မှန်းချက်များဖြစ်သော ဒေသနှင့်ကိုက်ညီသောမျိုးများ ဒေသဆိုင်ရာ အခြေအနေများနှင့်အညီ သီးနှံများဖွံ့ဖြိုးရန်၊ သီးနှံအထွက်နှုန်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှု တိုးတက်စေရန်၊ ရေရှည် တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ အားကောင်းစေရန်၊ သီးနှံမျိုးကွဲနှင့် ဗီဇရင်းမြစ်စုံလင်စေခြင်းကြောင့် ရောဂါပိုးမွှား ပြင်းထန်စွာ ကျရောက်မှုမှ ကာကွယ်ပေး နိုင်ခြင်း၊ ဒေသဆိုင်ရာမျိုးစေ့စနစ် ထွန်းကားလာစေခြင်း၊ တောင်သူများ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်လာစေရေးတို့ကိုလည်း ကောင်း၊ PPB ၏ အကျိုးကျေးဇူးများအဖြစ် ဒေသအလိုက် သင့်တော်သော မျိုးကွဲများ တိုးပွားစေခြင်း၊ တောင်သူများ စွမ်းဆောင်ရည်မြင့်မားစေခြင်း၊ ဈေးကွက်နှင့် ကိုက်ညီသော သီးနှံများထုတ်လုပ်နိုင်ခြင်းတို့ အပြင် PPB သည် နည်းပညာတစ်ခုသာမက လူထုလှုပ်ရှားမှုပါ ပါဝင်ဆောင်ရွက်ရသော စနစ်ဖြစ်ကြောင်း ဆွေးနွေးပို့ချသည်။။ဆွေးနွေးချက်များကို တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။။ယနေ့ကျင်းပသည့် (၆၈)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့် ဌာနတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများ၊ ဆရာ၊ ဆရာမများ၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျေးရွာများမှ တောင်သူ ၆၀ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၃၅ ဦးတို့က zoom point (၁၀၀) မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/185141_0.jpg
Sun, 05/18/2025 - 11:04
admin_webportal
https://www.myawady.net.mm/node/69282
ဓာတ်ခွဲခန်းသုံး ဓာတုပစ္စည်း၊ ဒေတာအချက်အလက် လုံခြုံရေးနှင့် အီးမေးလ်ပေးပို့ခြင်း စနစ်တို့အတွက် စံသတ်မှတ်ချက်များ အချောသပ်ဆွေးနွေး အတည်ပြု
ဓာတ်ခွဲခန်းသုံး ဓာတုပစ္စည်း၊ ဒေတာအချက်အလက် လုံခြုံရေးနှင့် အီးမေးလ်ပေးပို့ခြင်း စနစ်တို့အတွက် စံသတ်မှတ်ချက်များ အချောသပ်ဆွေးနွေး အတည်ပြု။ရန်ကုန် ‌ မေ ၁၇။ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ သိပ္ပံဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ‌သည်။။တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနနှင့် ဦးစီးဌာနက ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက်များ၊ တည်မြဲအမိန့်၊ ညွှန်ကြားချက်များကို တက္ကသိုလ်များအားလုံးက အလေးထား လိုက်နာအကောင် အထည်ဖော်ဆောင်ရွက် ကြရကြောင်း၊ တက္ကသိုလ်များအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်သော စံသတ်မှတ် ချက် သုံးခုကို ယနေ့အစည်းအဝေးတွင် ပညာရှင်ကြီးများက ဝိုင်းဝန်း ဆွေးနွေး၍ အချောသပ် တည်းဖြတ်ပေးကြစေလိုကြောင်း ပြောကြားသည်။။ထို့နောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သုတေသနနှင့် ဓာတ်ခွဲခန်းသုံး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းခြင်းဆိုင်ရာ လိုက်နာရန် စံသတ်မှတ်ချက်များ၊ ဒေတာအချက်အလက် လုံခြုံရေး စနစ်ဆိုင်ရာ လိုက်နာရန် စံသတ်မှတ်ချက်များနှင့် အီးမေးလ်ပေးပို့ ခြင်းဆိုင်ရာ လိုက်နာရန် စံသတ်မှတ်ချက်များကို အချောသပ်ဆွေးနွေး အတည်ပြုခဲ့ကြကြောင်း သိရသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…files/185142.jpg
Sun, 05/18/2025 - 11:07
admin_webportal
https://www.myawady.net.mm/node/69283
PaperMatte display နဲ့အတူ ထွက်ပေါ်လာတဲ့ Huawei ရဲ့ MatePad Pro 12.2"
PaperMatte display နဲ့အတူ ထွက်ပေါ်လာတဲ့ Huawei ရဲ့ MatePad Pro 12.2"။Huawei ကုမ္ပဏီက ပြီးခဲ့တဲ့သီတင်း ပတ်ထဲမှာ ပွဲလေးတစ်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာအဓိက ထုတ်ဖော်ကြေညာသွားတာက နောက်ဆုံးပေါ် လက်ပတ်နာရီတွေ ဖြစ်ပေမယ့် တက်ဘလက်အမျိုးအစား အသစ်တစ်မျိုးနဲ့အတူ ကြိုးမဲ့နားကြပ်များ ကိုလည်း မိတ်ဆက်သွားတာ တွေ့ရှိရပါ တယ်။။သူတို့မိတ်ဆက်သွားတဲ့ တက်ဘလက် အမျိုးအစားက MatePad ပါ။ နာမည် အပြည့်အစုံကတော့ MatePad Pro 12.2" ဖြစ်ပါတယ်။ ဒီတက်ဘလက်ကို ပြီးခဲ့တဲ့ နှစ်နွေရာသီမှာထွက်ပေါ်လာတဲ့ တက်ဘ လက်ရဲ့ နောက်ထပ်မျိုးဆက်သစ်လို့ ခေါ်ရမှာပါ။။သူ့မှာအသုံးပြုထားတဲ့ Display က PaperMatte display အမျိုးအစားဖြစ် ပါတယ်။ သူ့ရဲ့အောက်မှာတော့ Tandem OLED panel ကိုထည့်ပေးထားတာပါ။ ဒါပေမဲ့ အလေးချိန်ကိုတော့ ယမန်နှစ်က လိုပဲ ၅၀၈ ဂရမ်နဲ့ထုတ်ပေးထားတာဖြစ်ပါတယ်။။ဘက်ထရီစွမ်းအင်အပိုင်းမှာဆိုရင် အား ၁၀၁၀၀ ရှိတဲ့ ဘက်ထရီကို အသုံး ပြုပေးထားတာဖြစ်ပြီး သူ့ကိုအားသွင်းဖို့ အတွက်ကိုတော့ ဝပ် ၁၀၀ ရှိတဲ့အားသွင်း ခေါင်းထည့်ပေးထားပါတယ်။ ဒီတော့ အချိန်တိုအတွင်း အားအမြန်ဝင်စေမှာပါ။။MatePad ရဲ့ဖန်သားပြင်အကျယ်က သူ့ရဲ့နာမည်မှာပါတဲ့အတိုင်းပဲ ၁၂ ဒသမ ၂ လက်မရှိပါတယ်။ ရုပ်ထွက်ကတော့ ၂၈၀၀ x ၁၈၄၀ ပစ်ဇဲကိုအသုံးပြုထားတဲ့ အပြင် အလင်းရောင် တောက်ပမှုအတွက် ၃၀၀၀ နစ်အထိ မြှင့်တင်ထားတာကြောင့် တော်တော်လေးကြည်လင်တဲ့ ရုပ်ထွက် အရည်အသွေးကို ရရှိစေမှာပါ။။ဒီ MatePad အတွက်အထူးပြုလုပ် ထားတဲ့ PaperMatte display နည်းပညာကြောင့် အလင်းရောင်စူးရှမှုနဲ့ ရောင်ပြန်ဟပ်မှုတို့ကို တော်တော်လေးလျှော့ချပေး နိုင်တာတွေ့ရပါတယ်။။အရင်တုန်းကဆိုရင် တက်ဘလက်မှာ ပါဝင်တဲ့ကင်မရာတွေက တော်ရုံတန်ရုံ မှတ်တမ်းတင်ဖို့လောက်ပဲ အဆင်ပြေတာပါ။ ဒါပေမဲ့ အခု MatePad Pro 12.2" မှာ ကျတော့ နောက်ကျောဘက်မှာကင်မရာ နှစ်လုံးတပ်ဆင်ပေးထားပါတယ်။ တစ် လုံးက 50MP ရှိပြီး ပင်မကင်မရာအဖြစ် အလုပ်လုပ်မှာပါ။ နောက်ထပ်ကင်မရာ တစ်လုံးကတော့ မြင်ကွင်းကျယ် 8MP ရှိ ကင်မရာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် MatePad Pro 12.2" နဲ့ဆိုရင် အုပ်စုလိုက် ဓာတ်ပုံတွေကို ကောင်းစွာ မှတ်တမ်းတင် နိုင်မှာပါ။။MatePad Pro 12.2" မှာ ဘယ်လိုမျိုး Chipset ကို အသုံးပြုထားတယ်ဆိုတာ တရားဝင်ထုတ်ဖော်ပြောထားခြင်း မရှိပေမယ့် Kirin 9000S ပလက်ဖောင်းပေါ်မှာ အခြေခံထားဖွယ် ရှိတယ်လို့ ယူဆရပါတယ်။။ဒီတက်ဘလက်ကို နိုင်ငံတကာဈေးကွက်မှာ ရောင်းချသွားမှာဖြစ်ပြီး အန်းဒ ရွိုက်ကိုအခြေခံထားတဲ့ EMUI ကိုအသုံး ပြုထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အတွင်းမှာတော့ ရောင်းချနိုင်ဖွယ်မရှိပါဘူး။ ဒါကြောင့် သူ့ရဲ့ OS အတွက် Huawei ကကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ Harmony-OS Next ကို ထည့်သွင်းထားခြင်း မရှိဘူး လို့ယူဆနိုင်ပါတယ်။။ထုံးစံအတိုင်းပဲ MatePad ကိုသူ့ချည်း သီးသန့်ရောင်းချသွားမှာမဟုတ်ဘဲ သံ လိုက်ကီးဘုတ်ကိုပါ တစ်ပါတည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်း အားဖြင့် RAM 12GB၊ ROM 256GB ဆိုရင် ၉၄၈ ဒေါ်လာနဲ့ရောင်းချသွားမှာဖြစ်ပြီး PaperMatte display ကိုအသုံးပြုကာ RAM 12GB၊ ROM 512GB ရှိတဲ့ MatePad ကိုတော့ ဒေါ်လာ ၁၂၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/185221.jpg
Sun, 05/18/2025 - 11:14
admin_webportal
https://www.myawady.net.mm/node/69284
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်
မိုးကြီးမည့်သတိပေးချက်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်။နေပြည်တော် မေ ၁၇။ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ ဆက်လက်ဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့်လည်းကောင်း ယနေ့ညမှ မေလ ၂၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည် နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီးချင်းပြည်နယ်၊မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးမည်။။သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်သည်။
ပြည်တွင်းသတင်း
https://www.myawady.net.…ult/files/H1.jpg
Sun, 05/18/2025 - 12:03
mwd_webportal
https://www.myawady.net.mm/node/69285
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ ရုရှားနိုင်ငံ RT သတင်းဌာန၏ မေးမြန်းမှုများကိုဖြေကြား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၂၀၂၅ခုနှစ်၊မေလ၈ရက်နေ့တွင်မော်စကိုမြို့၊Ararat Parkဟိုတယ်ခန်းမ၌ရုရှားနိုင်ငံRTသတင်းဌာန၏ မေးမြန်းမှုများကိုဖြေကြား။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံ RT သတင်းဌာနအား မော်စကိုမြို့၊ Ararat Park ဟိုတယ်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့ပါသည်။ တွေ့ဆုံ မေးမြန်းမှု အပြည့်အစုံမှာ။မေး။ လေးစားအပ်ပါသော အဆွေတော်နိုင်ငံတော်ဝန်ကြီးချုပ်ခင်ဗျာ။ ကျွန်တော့်အနေနဲ့ အဆွေ တော်နဲ့ အခုလိုမျိုးအင်တာဗျူးခွင့်ရတဲ့အတွက် ဂုဏ်ယူကြောင်း ဦးစွာပထမပြောကြားလိုပါတယ်။ အခု လိုမျိုး ကျွန်တော်တို့ရုရှားနိုင်ငံရဲ့ နှစ် ၈၀ ပြည့် မဟာမျိုးချစ်အောင်ပွဲ အခမ်းအနားကို တက်ရောက် လာတဲ့အတွက်လည်း ပြောကြားလိုပါတယ်။ ဒီအောင်ပွဲဟာ ကျွန်တော်တို့ ရုရှားနိုင်ငံအတွက်လည်း များစွာတန်ဖိုးရှိသလို ဒီအောင်ပွဲနဲ့ပတ်သက်ပြီးတော့ ဖက်ဆစ်ဝါဒကိုတွန်းလှန်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံ အတွက်လည်း များစွာတန်ဖိုးရှိတယ်လို့ ကျွန်တော်သိရှိရပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံထိခိုက်ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာလည်း သိရှိရပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့လည်း ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ကျွန်တော်ပထမဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဒီငလျင်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကြီးအနေနဲ့အကူအညီပေးမှု၊ အားထုတ်မှု တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမှတ်ချက်တွေပေးချင်ပါသလဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကရော ဘယ်လောက်ထိ အထောက်အကူပြုပါသလဲ။ အများကြီးလျင်မြန်မှုရောရှိပါသလား။ အစစအရာ ရာရောအဆင်ပြေပါသလား။ အဲ့ဒါလေးသိချင်ပါတယ်ခင်ဗျာ။။ဖြေ။ ။ ပထမဆုံးတော့ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး အကြောင်းခင်ဗျား ဝမ်းနည်းကြောင်းပြောတဲ့အတွက်လည်း ကျေးဇူးတင် ကြောင်း ကျွန်တော်တို့ ပြောလိုပါတယ်။ ငလျင်က တကယ်တော့ တော်တော်လေး ပြင်းထန်ပါတယ်။ ၇.၇ ရစ်(ခ်)တာစကေး ရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ထဲမှာ ဒုတိယအပြင်းထန်ဆုံး ငလျင်ဖြစ် ပါတယ်။ ကျွန်တော်တို့ ၁၈ ကြိမ် လှုပ်ခဲ့တဲ့ အထဲမှာ ၁၉၁၂ ခုနှစ် လှုပ်ခဲ့တာတော့ ၈ ရစ်ချက်စတာ စကေးရှိပါတယ်။ အခုငလျင်ဟာ တော်တော်လေးပြင်းထန်တဲ့ ငလျင်တစ်ခုပါ။ ထိခိုက်သေဆုံးမှုလည်း တော်တော်လေးများပါတယ်။ လူအားလုံး ၃၇၀၀ ကျော်သေပါတယ်။ ၅၀၀၀ ကျော် ဒဏ်ရာရပါတယ်။ နောက် ၈၀ လောက် ပျောက်နေတာရှိပါသေးတယ်။ အိမ်ခြေပေါင်းလည်း ၆၇၀၀၀ လောက်ပျက်စီးမှု ရှိပါတယ်။ ကျောင်းပေါင်း ၆၄၀၀ လောက် ပျက်စီးမှုရှိပါတယ်။ ဆေးရုံဆေးခန်း ၃၅၀ လောက် ပျက်စီးမှုတွေရှိပါတယ်။ လမ်းတံတားတွေလည်း အများကြီးပျက်ပါတယ်။ နိုင်ငံတကာအကူ အညီလည်း ကျွန်တော်ကဖြစ်ပြီးတော့ဖြစ်တဲ့နေရာတွေ လိုက်ကြည့်တဲ့ အချိန်မှာတော်တော်လေးကို ဆိုးဆိုးဝါးဝါးပျက်စီးမှုတွေတွေ့ရတဲ့အတွက် ကြောင့် နာရီပိုင်းအတွင်းမှာပဲ နိုင်ငံကိုလည်း အရေးပေါ် အခြေအနေကို ကြေညာတာပေါ့။ ပြီးတော့ နိုင်ငံတကာအကူအညီကိုလည်း ကျွန်တော် တောင်းခံ ခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီကလည်း ၂၄ နာရီအတွင်းမှာကိုပဲ ကျွန်တော်တို့ဆီရောက်လာတယ်။ တော်တော်အားရဖို့လည်းကောင်းပါတယ်။ ခင်ဗျားတို့ရုရှားနိုင်ငံ အပါအဝင် တရုတ်၊ အိန္ဒိယ ကမ္ဘာ့နိုင်ငံ ၂၆ နိုင်ငံလောက်လာပြီး ကူညီကြပါတယ်။ ၇၂ နာရီ အတွင်းမှာပေါ့။ ထုံးစံကတော့ သူတို့သတ်မှတ် ထားတာ ၇၂ နာရီအတွင်းမှာ ကယ်နိုင်ရင်တော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ၂၄ နာရီအတွင်းမှာကို သူတို့ရောက်လာကြတယ်။ အသက်ရှင်လျက် ကျွန်တော်တို့ ၈ ယောက်ကယ် လို့ရခဲ့တယ်။ နောက်တစ်ခါ Dead Body ကတော့ အများကြီးပေါ့လေ။ ရတာတော့ အများကြီးရှိပါတယ်။ ဘာပဲပြောပြောကူညီမှုကတော့ အားရဖို့လည်း ကောင်းပါတယ်။ နောက်တစ်ခု ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေပေါ့ အဲ့တာတွေက လည်း လေယာဉ်ပျံတွေ နောက်ပြီး သင်္ဘောတွေ မော်တော်ကားတွေနဲ့ အကုန်လုံးရောက်လာတာဖြစ်တဲ့အတွက်ကြောင့် ဘာပဲပြောပြော နိုင်ငံအတွက် တော့ အထောက်အကူရတယ်လို့ပြောရပါလိမ့်မယ်။ သို့သော်လည်း ပြန်လည်ရှင်းလင်းရေးလုပ်ငန်းနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လုပ်ဖို့ကတော့ ကျွန်တော်တို့အများကြီး လုပ်ရဦးမှာ။ ဒီထက်လည်းအကူအညီထပ်မံ လိုအပ်သေးမယ်လို့ ကျွန်တော်မြင်ပါတယ်။။မေး။ ။ လက်ရှိအခြေအနေမှာ မြန်မာနဲ့ရုရှားနှစ်နိုင်ငံဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ တိုးတက် နေတယ်လို့ ကျွန်တော်တို့သိရှိရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာ ရုရှား-မြန်မာနှစ်နိုင်ငံ ရေတပ်ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတွေလုပ်တဲ့ အချိန်မှာလည်း သတင်းယူဖို့ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့တာလည်းရှိပါတယ်။ ကျွန်တော့် အနေနဲ့ ထပ်မံသိရှိလိုတာကတော့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြား စစ်ဘက်ရေးရာ နည်းပညာ ပူးပေါင်းရေးအခန်းကဏ္ဍတွေသာမဟုတ်ဘဲနဲ့ အခြား သောဘယ် နယ်ပယ်တွေ ဘယ်ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ရပါသလဲ။ ဘယ်နယ်ပယ် တွေမှာလည်း ပူးပေါင်းဆောင်ရွက်တယ်ဆိုတာလေးကို ကျွန်တော်အနေနဲ့သိရှိလိုပါတယ်။။ဖြေ။ ။ ရုရှားနဲ့ မြန်မာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်တယ်ခင်ဗျာ။ ခင်ဗျား ခုနကပြောသလို ကာကွယ်ရေးကဏ္ဍတင်မကဘူး။ ကျွန်တော်တို့သိပ္ပံနဲ့ နည်းပညာ နောက်တစ်ခါ စီးပွားရေး၊ နောက်တစ်ခု ဥပဒေဘက်ဆိုင်ရာ၊ နောက်ပညာရေးကျန်းမာ ရေး ဒီနယ်ပယ်တွေ အများကြီး ရှိပါတယ်။ ဆွေးနွေးတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်း ကနျူးကလီးယားနဲ့ပက်သက်တဲ့ ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရေးကိစ္စ၊ ထားဝယ် ရေနက်ဆိပ်ကမ်းတည်ဆောက် ရေးကိစ္စတွေ၊ နောက်ကမ်းလွန်ရေနံနှင့်ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေဆွေးနွေးနိုင်ခဲ့တာတွေရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်းရှိပါတယ်။ ဆက်လက်ပြီးလုပ်ရမယ့်နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။။မေး။ ။ကျွန်တော်သိသလောက်တော့ အမေရိကန်နိုင်ငံအနေနဲ့ ဒီမြန်မာနိုင်ငံမှာ ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ကူညီပေးရမယ့်အစား မြန်မာနိုင်ငံရဲ့ကုန်သွယ်ခွန်နဲ့ပတ်သက်ပြီး ၄၄ ရာခိုင်နှုန်းအထိ ပိုမို တင်းကြပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီဟာနဲ့ ပက်သက်ပြီးတော့ အဆွေတော်ရဲ့အမြင်လေးကိုလည်း သိရှိလိုပါတယ်။။ဖြေ။ ။အမေရိကန်တွေကလည်း မြင်နေရတာကတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အကူညီမပေး တာတော့မဟုတ်ဘူး။ သူကတော့ ကူညီပေးမယ်ဆိုပြီးတော့ ဒေါ်လာ ၉ သန်းပေးမယ်လို့ ကြေညာခဲ့ တာရှိတယ်။ အဲ့တော့ဘယ်လိုပေးမလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့လေ။ ကုလသမဂ္ဂက တစ်ဆင့်ပေးမလား။ ဒါမှမဟုတ် အာဟစင်တာ (AHA Centre) ကနေတစ်ဆင့် ပေးမလားမသိဘူး။ ပေးဖို့အတွက် ကြေညာထားတာတော့ရှိပါတယ်။ ကျွန်တော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သိပ်တော့ကြီးကြီးမားမားမရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိ ကျွန်တော် တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကိုဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့နှစ်တွေမှာလည်း ကျွန်တော်တို့ ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံ တွေကိုလည်း တချို့လည်းကောက်တာတွေ ရှိတယ်။ တရုတ်နိုင်ငံအပေါ်လည်း တော်တော်လေး ကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အခွန်တိုး ကောက် တာတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ယူဆပါတယ်။ ဒီလိုမျိုးသူတို့ဘက်ကတော့ ကုန်သွယ်ရေး လိုငွေတွေပြလို့ တခြားနိုင်ငံတွေ အပါအဝင်ပေါ့လေ အခွန်တွေတိုး ကောက်တယ် လို့သိရပါတယ်။ အမှန်ကတော့ မကောက်သင့်ဘူးလို့ ကျွန်တော်တော့ယူဆပါတယ်။ ဘာကြောင့်ကောက်လဲတော့ ကျွန်တော်တို့လည်း အသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့။။မေး။ ။ကျွန်တော့အနေနဲ့ ထပ်မံမေးမြန်းလိုတာကတော့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့ ပိတ်ဆို့ မှုတွေ၊ အတိုးနှုန်းတွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ရော ဘယ်လိုမျိုး တုံ့ပြန်မှုတွေလုပ် သွားဖို့အစီအစဉ်ရှိသလဲ။ ပြင်ဆင်ထားလဲဆိုတာလေး သိပါရစေခင်ဗျ။။ဖြေ။ ။အဓိကတော့ ကျွန်တော်တို့က တစ်နိုင်ငံတည်းကိုမှ မှီခိုနေရတဲ့ ကုန်သွယ်နေတဲ့ ကိစ္စတွေ ကိုတော့ တော်တော်ရှောင်ရှားပြီးတော့ ကျွန်တော်တို့နိုင်ငံတွေနဲ့ပေါင်းပြီးတော့ ဝိုင်းလုပ်ကြမှာပေါ့။ သူ့တစ်နိုင်ငံတည်း ကျွန်တော်တို့ကသွားပြီးတော့ ရောင်းပြုနေမယ့် အစားနိုင်ငံအားလုံးနဲ့မျှပြီးတော့ ကုန်သွယ်မှုလုပ်တာမျိုးတော့ ပိုကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ပိုကောင်းတယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ တစ်ဆက်တည်း ပြောချင်တာ အဲ့ဒါတော့ဘာလဲဆိုတော့ ဘာဖြစ်လို့ သူတို့ ဒီလိုအခွန်တိုးကောက်သလဲပေါ့။ ဒါလည်းကျွန်တော်တို့တွက်ရတယ်ပေါ့နော်။ သူတို့က ကုန်သွယ်မှု လိုငွေတွေပြလို့ တိုးကောက်တယ်လို့ပြောတာပေါ့။ အဲတော့ ဘာကြောင့်လိုငွေ တွေပြရသလဲ။ သူတို့ ပစ္စည်းတွေမရောင်းရလို့လား။ ဘာလို့မရောင်းရလဲပေါ့။ အမေရိကန် ပစ္စည်းတွေရောင်းနေရတာပဲ။ အမေရိကန်ပစ္စည်းတွေကောင်းပါတယ်။ အဆင့်အတန်းလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က ဈေးကြီးတာပေါ့။ ဈေးကြီးတဲ့အခါကျတော့ သူတို့ပစ္စည်းတွေဝယ်ဖို့က နည်းနည်းလေးအခက် အခဲရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများမှာ အမေရိ ကန်ဈေးကွက်ရဲ့ဝယ်လိုအားကို ကြီးမားတာ ကျွန်တော်သွားတွေ့တယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ အများကြီးပဲရောင်းနိုင်တယ်။ သူတို့ ဘာကြောင့် ကုန်ပစ္စည်းတွေဈေးကြီးလဲ။ ဒါလည်းစဉ်းစား ရမှာပေါ့။ Cost of Production ကြောင့် ကုန်ပစ္စည်းကုန်ဈေးနှုန်းကကြီး တာလား။ ဒါဆိုလည်း ဒါတွေတွက် ဆရမှာပေါ့။ ဒီပေါ်မူတည်ပြီးတော့ ဒါပြုပြင်ဖို့အတွက် လုပ်ရလိမ့်မယ်။ ကျွန်တော်တို့လည်း သူ့တစ်နိုင်ငံ တည်းမှီမယ့်အစား တခြားနိုင်ငံတွေမျှပြီးတော့ ရောင်းတာမျိုးပေါ့။ ကျွန်တော်တို့တော် တော်များ များတော့ သူ့ဈေးကွက်ကို အများကြီးမှီခိုနေတာ တော်တော်များတာတွေ့ရပါတယ်။ အဲဒါတော့ စဉ်းစားဖို့ကောင်း တယ်လို့ ကျွန်တော်မြင်တယ်။။မေး။ ။ကျွန်တော့်အနေနဲ့ အဆွေတော်ဟာ မဟာစစ်အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်းအနားမှာ ပါဝင် ဆင်နွဲဖို့ ရုရှားနိုင်ငံကိုရောက်ရှိလာတယ်လို့ သိရှိရပါတယ်။ ဒီနေ့ အခမ်းအနားဟာ နှစ် ၈၀ ပြည့်အခမ်း အနားဖြစ်တဲ့အတွက် ကျွန်တော်တို့ရုရှားနိုင်ငံ အတွက်လည်း အထိမ်းအမှတ်အထွတ်အမြတ် ထားတဲ့အထိမ်းအမှတ်ပွဲတော်ဖြစ်ပါတယ်။ဒီအထိမ်းအမှတ်ပွဲတော်နဲ့ပတ်သက်ပြီးမေးချင်တဲ့မေးခွန်းလေးက တော့ လွန်ခဲ့တဲ့ နှစ် ၈၀ ကနေပြီးတော့ ဒီအောင်ပွဲရရှိခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ယနေ့ခုမြင် တွေ့နေရတဲ့ ပထဝီနိုင်ငံရေးမြင်ကွင်းတွေကို ဘယ်လိုမျိုးပြောင်းလဲမှုရှိမှာလဲ။ ဒါနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့အမြင်ကိုလည်း သိရှိလိုပါတယ်။။ဖြေ။ ။ဒါကကျွန်တော်တို့ ဖက်ဆစ်နာဇီတွေပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ပြည်သူပြည်သား တွေကနေပြီးတော့ တိုက်ထုတ်အောင်မြင်ခဲ့တဲ့အောင်ပွဲကို အသိအမှတ် အထိမ်းအမှတ် လုပ်တဲ့ပွဲ တစ်ပွဲပေါ့။ ဒါတော် တော်လေးကို လေးနက်တဲ့ပွဲတစ်ပွဲလို့ ကျွန်တော်တို့ပြောလို့ရတာပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဖက်ဆစ်ဂျပန်တွေသူတို့နဲ့ ဝင်ရိုးတန်းဖက်ဆစ်နာဇီတွေဂျာမနီနဲ့ တစ်အုပ်စုတည်းဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေရဲ့ ဒဏ်ကိုလည်း ကျွန်တော်တို့ခံခဲ့ရတော့ ကျွန်တော်တို့ ပြန်တိုက်ခဲ့ရတဲ့ သမိုင်းဖြစ်ရပ်ရှိတယ်။ အတူတူ ကာလအတူတူပဲဖြစ်ခဲ့တာပေါ့။ ဒါကတော့ လွတ်လပ်ရေး ကိုယ့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့အတွက်လုပ်တဲ့ တိုက်ခိုက်မှုတစ်ခုပါပဲ။ ဒါ့ကြောင့် ဒါအင်မတန်တန်ဖိုးရှိတဲ့ တိုက်ပွဲတစ်ခုလို့၊ တိုက်ခိုက်မှုလို့ ကျွန်တော်ပြောလိုပါတယ်။ ဒီလို တိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လည်း တစ်ချို့ကိုလိုနီအပြုခံခဲ့ရတဲ့ အနိုင်ကျင့်ပြီးတော့ သိမ်းပိုက်ခံခဲ့ရတဲ့ တချို့ဥရောပနိုင်ငံတွေပေါ့ လွတ်လပ်ရေးပြန်ရသွားတာ ကျွန်တော်တို့သွားတွေ့တယ်။ လွတ်လပ် ရေးပြန်ရသွားတာ ဆိုဗီယက်ပြည်ထောင်စုကနေဦးဆောင်ပြီး တိုက်ခိုက်ပေးခဲ့တာကြောင့် လွတ်လပ် ရေးပြန်ရခဲ့တာပါ။ ဂျာမနီနိုင်ငံ အရှေ့ဘာလင်ထိကို ကျွန်တော်တို့ ဆိုဗီယက်တပ်တွေ တက်သိမ်းခဲ့တာရှိတယ်။ ဒါသမိုင်းမှာ ဒီလိုပဲတွေ့ပါတယ်။ နောက်ပထဝီနိုင်ငံရေးပေါ့။ ခုနကဖြစ်ခဲ့တဲ့ သမိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြည့်ရင်လည်း ပထဝီနိုင်ငံရေးကြောင့်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်အချက် ကတော့နေရာပေါ့။ နောက်တစ်ခုကတော့ ဒီသယံဇာတမြေပေါ် မြေအောက်သယံဇာတ ပစ္စည်းတွေပေါ့။ ဒီအပေါ်မှာမူတည်ပြီးတော့ဖြစ်လာတာပေါ့။ ပထဝီနိုင်ငံရေးကတော့ အရေးပါပါတယ်။ အခုချိန်ထိလည်း ပထဝီနိုင်ငံရေးကြောင့်ပဲ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေ သို့မဟုတ် တခြားနိုင်ငံတွေကိုပဲ မျက်စောင်းထိုးနေကြတာပေါ့။ သူတို့ ဘာလုပ်လို့ရမလည်းပေါ့။ ဒါ့ကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစပြီးတော့ နယ်ပယ်တွေပေါင်းစုံ ပြီးတော့မှ ဖိအားတွေမျိုးစုံပေးနေတာလည်း ကျွန်တော်တို့တွေ့တယ်။ အခုပြောမယ်ဆိုရင်တော့ ခုနက ပြောတဲ့ ဒီအဆွေတော်နိုင်ငံရဲ့ နှစ်(၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲ အခမ်းအနားဆိုတာ တော်တော်ကြီးကို ထူးခြားတဲ့ပွဲတစ်ပွဲပေါ့။ နောက်ဒီ တိုက်ခိုက်တဲ့ အခါမှာလည်း ဆိုဗီယက် ရုရှားပြည်သူ ၂၆ သန်း အသက်ပေးပြီး တိုက်ခိုက်တာရှိတယ်။ ကမ္ဘာစစ်မှာတော့ ဒါအသေအပျောက်အများဆုံး စွန့်လွှတ်စွန့်စားစွာတိုက်ခိုက်တဲ့ တိုက်ပွဲတစ်ပွဲ မော်ကွန်းထိုးတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျွန်တော်ပြောချင်တယ်။။မေး။ ။ဒီကျွန်တော်တို့ သမိုင်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်မှာ ဆိုရင်လည်း ဆိုဗီယက်ပြည်ထောင်စုကနေပြီးတော့ ကျွန်တော်တို့အောင်ပွဲကို အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ် ခဲ့တာရှိပါတယ်။ ဒါဖြစ်ရပ်မှန်သမိုင်းအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက ဒီသမိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီအနောက်နိုင်ငံတွေကပဲ ဒီသမိုင်းထဲမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ အနိုင်ရခဲ့တဲ့ပုံစံမျိုး Video မှတ်တမ်း တွေနဲ့ သမိုင်းကို ပြန်လည်ပြင်ဆင်ချင်တာတွေရှိပါတယ်။ အထူးသဖြင့်တော့ ရုရှား-ယူကရိန်း ဖြစ်တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီးတော့ ရုရှားဘက်ကနေပြီးတော့မှ ခုနကလိုမျိုး ကျူးကျော်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့ဘက်ကနေပြီးတော့ သတင်းမီဒီယာ တွေကနေတစ်ဆင့် ပုံဖော်နေတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဆွေတော်အနေနဲ့ ကျွန်တော် သိချင်တာက အဆွေတော်နဲ့အတူ ရှိခဲ့ဘူးတဲ့သမိုင်းတွေကို ဘာလို့အနောက် နိုင်ငံတွေက ဘာလို့ပြင် ချင်တာလည်း ဒီအပေါ်မှာကော အဆွေတော်အနေနဲ့ဘယ်လို မျိုး မြင်လည်းဆိုတာကို သိချင်ပါတယ်။။ဖြေ။ ။သမိုင်းဆိုတာ လိမ်လို့မရဘူး ဖုံးလို့လည်းမရဘူး။ သမိုင်းက အရှိအတိုင်းပဲဖြစ်ရမယ်။ ဖက်ဆစ်နာဇီတွေရဲ့လုပ်ဆောင်ချက်ကိုလည်း ဖုံးလို့မရသလိုပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ဖက် ဆစ်တွေကို ပြန်တိုက်ခဲ့တဲ့သမိုင်းကိုလည်း ဖုံးလို့မရဘူး။ ပြင်လို့လည်းမရဘူး။ သမိုင်းကသမိုင်း အတိုင်းအကုန်လုံးရှိရမယ်။ ဒါဘယ်လိုမှငြင်းလို့လည်းမရဘူး။ ဒါကြောင့် သူတို့ကတော့ သူတို့ရဲ့မှား ယွင်းခဲ့တဲ့လုပ်ဆောင်ချက်တွေကို နောင်လာမယ့်လူတွေအတွက် မှတ်တမ်းတွေမသိနိုင်အောင်လို့ ဒါတွေကို ပြင်ချင်လို့လည်းဖြစ်မယ်။ New world Order သွားချင်တာ။ နောင်လူငယ်တွေအတွက် New World Order သွားဖို့လည်း ဖြစ်ချင်တာလည်းပါပါလိမ့်မယ်။ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာ အာဏာဆိုတာ သူတို့ကိုမထိခိုက်ဘူးဆိုရင် တော်တော်များများကမလုပ်ကြဘူး။ သူတို့ရဲ့အချုပ်အခြာ အာဏာထိခိုက်လာပြီဆိုရင်တော့ ပြန်လည်တုံ့ပြန်ကြရမှာတော့ သဘာဝပဲ။ နောက်တစ်ခုကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေ အတ္တတွေပေါ့။ ဒါတွေရှိလာလို့ရှိရင်လည်း ပြဿနာရှာပြီးတော့ ဒီပြဿနာ ကိုပြောကြတာပဲ။ ဖြေရှင်းကြတာပဲ။ ဒါမျိုးတွေကတော့ ကမ္ဘာမှာလည်း တကယ့်သမိုင်း ဖြစ်ရပ်မှန်တွေမှာ ကျွန်တော်တို့ တွေ့ပါတယ်။ ခုနကပြောတဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံဖြစ်စဉ်ကို ကြည့်လည်း ဒီတိုင်းပါပဲ။ တကယ်တမ်းပြောလို့ရှိရင်တော့ သမိုင်းကိုပြောင်းပြန်လှန်ဖို့အတွက် ကြိုးစားနေတယ်လို့ပဲ ကျွန်တော်တွေ့ပါတယ်။ ရုရှားနိုင်ငံကလည်း ရုရှားနိုင်ငံရဲ့ အရင်ကဆိုဗီယက်နိုင်ငံ ဆိုဗီယက်ပြည်ထောင်စုရဲ့ အတိတ်အတွေ့အကြုံကိုယူပြီးတော့မှ ရုရှားနိုင်အချုပ်အခြာအာဏာ မထိခိုက်အောင် လုပ်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့တွေ့တယ်။။မေး။ ။- RT တစ်ဆက်တည်းမှာပဲကျွန်တော်တို့မေးချင်တာကတော့ ယူကရိန်းနိုင်ငံနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက အထူးသဖြင့် EU နဲ့UK ကနေပြီးတော့ ဘဏ္ဍာရေးနဲ့ စစ်ရေးဆိုင်ရာ စဉ်ဆက်မပြတ်ထောက်ပံ့မှုတွေကို နောက်ကွယ်ကနေပြီး ထောက်ပံ့ နေတယ်လို့သိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အဆွေတော် ဘယ်လိုမြင်ပါသလဲ။ ဝါရှင်တန် ကတော့ ယူကရိန်းနဲ့ရုရှားအရေးအခင်းနဲ့ ပတ်သက်လို့ သံတမန်ရေးအရရှင်းလင်းဖို့ တွန်းအားပေးနေတာကိုလည်း တစ်ကမ္ဘာလုံးက သိပါတယ်။ ဒါပေမယ့်ဒါကို EU နိုင်ငံ တွေနဲ့ UK အဖွဲ့ဝင်နိုင်ငံတွေက သံတမန်ရေးအရ ဖြေရှင်းဖို့နည်းလမ်းကို ကောင်းကောင်း မပေးဘဲနဲ့ စစ်ရေးနဲ့ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးကို ထောက်ပံ့နေတာတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့လည်း အဆွေတော်အနေနဲ့ ဘယ်လိုမြင်လဲဆိုတာ သိရှိလိုပါတယ်။။ဖြေ။ ။စစ်ဆိုတာတော့ မဖြစ်တာအကောင်းဆုံးပဲ။ ပဋိပက္ခဆိုတာလည်း ကောင်းကောင်း မွန်မွန် ပြန်လည်ဖြေရှင်းနေတဲ့ နည်းလမ်းနဲ့သွားတာ၊ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းနဲ့ သွားတာအကောင်းဆုံးပဲ။ ပဋိပက္ခတွေကြီးလာတယ်ဆိုတာလည်း အားပေးထောက်ခံမှု တွေ အားပေးထောက်ပံ့မှုတွေများလို့ ဖြစ်လာတာ။ အားပေးထောက်ပံ့မှုမရှိလို့ရှိရင် ပဋိပက္ခဆိုတာကြီးလာစရာတော့ မရှိပါဘူး။ တစ်ချို့က နှစ်နိုင်ငံဖြစ်တဲ့ ပြဿနာရှိမယ်။ ပဋိပက္ခက အဲ့မှာသူ့ကိုဝိုင်းအားပေးကြတယ်။ ထောက်ခံပေးကြတယ်။ ကူညီပံ့ပိုးပေးတယ်။ စစ်လက်နက်ပစ္စည်းတွေ၊ ငွေကြေးတွေ၊ စားနပ်ရိက္ခာတွေ စသဖြင့် ကူညီပေးတာ ပေါ့။ ဒီလိုပဲလုပ်လာကြတာ။ အဲ့တော့ ဒါတွေက ပဋိပက္ခပိုပြီးကြီးမားလာတဲ့ဟာတွေ ဖြစ်လာတယ်။ ဒါမျိုးမဖြစ်ဖို့ဆိုရင် အားပေးကူညီတာမျိုးမလုပ်တာက အကောင်းဆုံးပဲ။ ဒါတွေဆိုရင် နိုင်ငံရေးအရ ဖြေရှင်းပေါ့။ ဒီလိုတော့သွားရမှာပေါ့။ စောစောက ခင်ဗျားမေးတယ်။ EU ကနေပြီးတော့ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးဆိုတော့ သူတို့ရည်ရွယ်ချက်က ဘာလဲပေါ့။ သူတို့ ရည်ရွယ်ချက်က ဘာလဲ။ ပဋိပက္ခကြာရှည်အောင်ဖြစ်ပြီးတော့မှ စစ်ပန်းအောင်လို့လုပ်တာ၊ ဒါလည်း စဉ်းစားရမယ့်တစ်ချက်ပဲ။ တကယ်တမ်းတော့ ပဋိပက္ခမဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်တာတော့ အကောင်းဆုံးနည်းလမ်းပါဘဲ။ ကျွန်တော်ကတော့ အားပေးထောက်ပံ့မှု မလုပ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ညှိနှိုင်းပေါ့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ပြဿနာ ဘာ့ကြောင့် ဖြစ်တာလဲ။ ပြဿနာဖြစ်လာတဲ့အကြောင်းအရင်းကို ကျွန်တော်တို့ပြန်ရှာရမှာပေါ့။ သမိုင်းမှာရှိခဲ့တယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ၁ ခု ၂ ခုအတွင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေကို ကြည့်လိုက်လို့ရှိရင် ဘာ့ကြောင့် ယူကရိန်းနဲ့ ရုရှားပြဿနာဖြစ်တာလည်း ဆိုတာ အဖြေရှိနေပါတယ်။ ဒါကို အဖြေမှန်အတိုင်းကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။။မေး- ခုနကမေးခွန်းနဲ့ဆက်စပ်ပြီး တစ်ဆက်တည်းမေးချင်တာကတော့ ယူကရိန်း ပဋိပက္ခဖြေရှင်း ပြီးတဲ့နောက်မှာ အမေရိကန်က တရုတ်နဲ့ထိပ်တိုက် တွေ့ဆုံမှုတွေကို တိုးမြှင့်လုပ်ဆောင်လိမ့်မယ်လို့ တစ်ချို့က စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့မကြာခင်မှာ စစ်ရေးတင်းမာမှုတွေ တစ်နည်းနည်းနဲ့ဖြစ်လာ နိုင်မယ်လို့ ကြိုတင်မျှော်လင့်ထားပါသလားခင်ဗျာ။။ဖြေ- ဖြစ်နိုင်စရာအကြောင်းလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ(၁၉၅၀) ပြည့်လွန် ကာလနောက်ပိုင်း မှာ ဒီအမေရိကန်ကနေပြီးတော့ တရုတ် china containment policy နဲ့ပတ်သက်ပြီး စတင် ဆောင်ရွက်ခဲ့တာ သမိုင်းမှာရှိခဲ့တော့ အခုကပြိုင်ဘက်ဖြစ်လာပြီ။ တရုတ်နိုင်ငံနဲ့ အမေရိကန်က ပြိုင်ဘက်ဖြစ်လာတဲ့ အခါကျတော့ ဘာပဲပြောပြော သူ့ကိုတော့ ပြိုင်ဘက်တစ်ခုနဲ့ ပြန်ပြီးတော့ ထိန်းဖို့၊ လုပ်ဖို့ လုပ်နိုင်မယ်လို့ ကျွန်တော် တော့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒါကတော့ မဖြစ်အောင် ကျွန်တော်တို့က ညှိနှိုင်းဆွေးနွေးဆောင်ရွက်တာမျိုး နိုင်ငံတွေအနေနဲ့ အားလုံး ညှိနှိုင်း ဆောင်ရွက်တာမျိုး လုပ်သင့်တယ်လို့ ကျွန်တော်တော့ယူဆပါတယ်။ ဒါသူတို့ နှစ်နိုင်ငံ ချင်းနဲ့တော့ မဆိုင်ဘူး။ ကျန်တဲ့ဟာတွေပါ ပါလာတယ်။ နှစ်နိုင်ငံတည်းနဲ့တော့ ပြဿနာ တော့အကြီးအကျယ် ဖြစ်မှာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ ပါလာမှ ပိုပြီးပြဿနာ ပိုရှုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တော့ အဲ့လိုမြင်တာပေါ့လေ။။မေး- ခုနကအဆွေတော် ပြောသွားတဲ့ထဲမှာပတ်သက်လို့ ဒီပြဿနာက တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲနဲ့ အကြမ်းဖက်နယ်မြေတွေပါလာမှ ပြဿနာ ပိုကြီးလာမယ်လို့ ကျွန်တော်သိရှိ ရပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အနေနဲ့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားထဲမှာ တင်းမာမှုတွေ မြင့်တက်နေတာကို မြန်မာနိုင်ငံ အနေနဲ့ ဒီဘယ်လိုမျိုးထိန်းညှိပေးလို့ရမလဲ။ ဘယ်လိုမျိုးထိန်းညှိပေးဖို့အတွက်ရော စီစဉ် ထားလဲဆိုတာလေးလည်း အဆွေတော်ရဲ့ အမြင်လေးကို သိရှိလိုပါတယ်။။ဖြေ- မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကတော့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေတာပေါ့ နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေးကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မိတ်ဆွေနိုင်ငံတစ်ခုပါပဲ။ သို့သော်လည်းပဲ တရုတ်နိုင်ငံကတော့ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံအထဲမှာလည်း ဖြစ်သလို အိမ်နီးနားချင်းနိုင်ငံထဲမှာလည်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်နိုင်ငံဖြစ်တယ်။ သူများနိုင်ငံတွေထက်ပိုထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထိတွေ့ဆက်ဆံသွားဖို့ ရှိပါလိမ့်မယ်။။မေး- အာရှပစိဖိတ်ဒေသမှာ ကျွန်တော်တို့ NATO နဲ့ပတ်သက်ပြီးတော့ တိုးမြင့်လာတဲ့ ပတ်သက်ပြီး အဆွေတော်အနေနဲ့ရောဘယ်လိုမျိုးသုံးသပ်ပါသလဲ။ ဒီလိုမျိုးဒေသအတွင်း မှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ဒေသအတွင်းမှာ အင်အားကြီးတာနဲ့ပတ်သက်ပြီးတော့ အန္တရာယ်ရှိလာနိုင်တယ်လို့ ရောခန့်မှန်းပါသလား။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့အတွေးကိုလည်းသိရှိလိုပါတယ်။။ဖြေ- အော် စိုးရိမ်တာတော့ အမှန်ပဲ။ ဘာမှလည်းမဆိုင်ဘူးလေ။ ဒီအရှေ့အာရှပစိဖိတ် ဒေသနဲ့ NATO က ဘာမှတော့မဆိုင်ပါဘူး။ ကျွန်တော်တို့တော့စိုးရိမ်ပါတယ်။ ဘာမှလည်း မဆိုင်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်။ ဒီဒေသက အာရှပစိဖိတ်ဒေသဆိုတာ အာရှဆိုတာကုန်းမြေဒေသပေါ့။ ပစိဖိတ်ဒေသ ဆိုတော့ ကုန်းမြေဒေသနဲ့ ပင်လယ်ကမ်း၊ ပင်လယ်သမုဒ္ဒရာဒေသတွေ ပေါင်းစည်းထားတဲ့ နယ်မြေ တစ်ခုပဲ။ ဘာပြောပြော မဟာ ဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကို ငြိမ်းချမ်းစွာ လုပ်နိုင်မယ်ဆိုရင်တော့ ကမ္ဘာ့အတွက် အများကြီးအကျိုးရှိမယ့် လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း အင်အားကြီး နိုင်ငံကနေပြီးတော့ ဥပမာအားဖြင့်ခုနကပြောတဲ့ထဲမှာ NATO တင် မဟုတ်ဘူးဗျ။ အိန္ဒိယတို့၊ ဩစတြေးလျတို့၊ ဂျပန်တို့၊ အမေရိကန်တို့ ပေါင်းစည်း ပြီးတော့လည်း သူတို့ ဒီမှာအင် အားထိန်းညှိဖို့အတွက် လုပ်နေတာလည်း ကျွန်တော်တို့ တွေ့တယ်။ ဒါတွေက ပဋိပက္ခကို ပိုကြီးမားလာစေမယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ ဒါကြောင့်ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲသွား တာတော့အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်။ စိတ်ပူတာတော့ အမှန်ပဲ၊ စိတ်ပူတယ်။။မေး- ဒါနဲ့တစ်ဆက်တည်း ကျွန်တော်မေးချင်တဲ့မေးခွန်းလေးကတော့ အနောက်နိုင်ငံကြီး တော်တော်များများက လွှမ်းမိုးမှု၊ ထိန်းသိမ်းမှုကြိုးစားနေတဲ့အချိန်မှာ နိုင်ငံတကာ ဆက်ဆံရေးရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် ဗဟုဝင်ရိုးသဘောတရား Multipolar သဘောတရားနဲ့ပတ်သက်ပြီးတော့ အဆွေတော် ဘယ်လိုမြင်ပါသလဲ။ နောက်လက်ရှိ အခြေအနေမှာ အနောက်နိုင်ငံတွေက သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ သူတို့ရဲ့လိုလားချက် အတွက် သူတို့ကတော့ သူတို့တတ်နိုင်သမျှ Dominate လုပ်ပြီးတော့မှ နိုင်ငံတွေကို ဖိအားတွေပေးနေတာပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ ဗဟုဝင်ရိုး သဘော တရားနဲ့ ပတ်သက် ပြီးတော့ အဆွေတော်အနေနဲ့ ဘယ်လိုမျိုးမြင်ပါသလဲဆိုတာ သိရှိလိုပါတယ်။။ဖြေ- အရင်တုန်းကတော့ Unipolar နဲ့ အမေရိကန်အနောက်အုပ်စုကနေပြီးတော့ Unipolar နဲ့ ကမ္ဘာကြီးကိုထိန်းချုပ်လာခဲ့တာပေါ့။ နောက်ကျတော့ Bipolar ဖြစ်လာတယ်။ Bipolar ကနေ တစ်ခါထပ်ပြီးတော့ Unipolar ပြန်ဖြစ်သွားတယ်။ ဒါအနောက်နိုင်ငံက အားသာသွားတာပေါ့။ ဒါပေမယ့် ဒီဘက်ခေတ်ကကျတော့ ခင်ဗျားတို့ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့က စစ်ရေးအရ သော်လည်းကောင်း၊ စီးပွားရေး အရသော်လည်းကောင်း၊ သိပ္ပံနဲ့နည်းပညာအရသော်လည်းကောင်း တော်တော်ကြီးကို တိုးတက်လာတယ်။ တိုးတက်လာတော့ ဒါ Multipolar သဘောတွေ ကျွန်တော်တို့ ဖြစ်လာတယ်။ ဒါကတော့ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲ။ ကမ္ဘာကြီးကို တစ်ယောက်ကနေ ကိုင်ပြီးတော့မှ လုပ်တဲ့ဟာမျိုးကတော့ ဘယ်လိုမှမဖြစ်သင့်ဘူး။ ကျွန်တော်တို့ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဒဏ်ကို တော်တော်လေးခံကြရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ Multipolar စနစ်ကို သွားတာကတော့ အကောင်းဆုံးဘဲ။ ကမ္ဘာကြီးမှာရှိနေတဲ့ အကြောင်းခြင်းရာတွေကို မျှဝေခံစားတာကတော့ အကောင်း ဆုံးဘဲ။ မျှမျှတတ ဆောင်ရွက်တာလည်း အကောင်းဆုံးဘဲ။ မျှဝေခံစားတာလည်း အကောင်းဆုံးဘဲ။ မမျှမတဖြစ်လို့သာ အခုပဋိပက္ခတွေ ဖြစ်လာတာပေါ့။ ဒါ့ကြောင့် ပဋိပက္ခ မဖြစ်အောင်ဆိုလို့ရှိရင် Multipolar စနစ်ကတော့ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။။မေး- ကျွန်တော့အနေနဲ့ဒီခုနက Multipolar World နဲ့ပတ်သက်ပြီးတော့ မေးချင်တဲ့ မေးခွန်း ကတော့ လက်ရှိမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံတော်တော်များများက Multipolar World ကို ထောက်ခံနေတယ် လို့သိရှိရပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေကနေပြီးတော့ သူတို့ ရဲ့အရင်တုန်းက Unipolar World ကိုသူတို့က ပြန်သွားချင်နေတယ်။ ဒီလိုပြန်သွားချင်တဲ့ဟာကို မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေ က Multipolar World သွားဖို့ အကောင်အထည် ဖော်နိုင်အောင် အောင်မြင်ဖို့နဲ့ဒီ Multipolar World ကို ဖယ်ထုတ်ဖို့တွက် ဘယ်လိုမျိုးနည်းဗျူဟာတွေ ကျင့်သုံးရ မယ်လို့ အဆွေတော်ထင်ပါသလဲ။ ဒီဟာနဲ့ပတ်သက်ပြီးအဆွေတော်ရဲ့ ယုံကြည်မှုလေးတွေ သိရှိလိုပါတယ်။။ဖြေ- ခုနက ကျွန်တော်ပြောတာ သုံးနိုင်ငံရှိတယ်။ သုံးနိုင်ငံပေါ့ ဒီသုံးနိုင်ငံကတော့ ကမ္ဘာပေါ်မှာလည်း မျှမျှတတဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေလို့ ကျွန်တော်တို့ မြင်တယ် ဗျ။ အဲ့တော့ဒါတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားရမှာပေါ့၊ ကိုယ်ကိုယ်တိုင်ကလည်း မကြိုးစား လို့တော့မဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ စီးပွားရေး အတတ်ပညာ စသဖြင့် ဒါတွေလည်း ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်အောင်လို့ လုပ်ကြရမှာပေါ့။ တစ်ဖက်ကလည်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်ဖို့လိုတယ်။ စောစောကနိုင်ငံတွေကတော့ ကမ္ဘာမှာ ထိပ်ဆုံးမှာ၊ ထိပ်မှာရှိတဲ့ နိုင်ငံတွေဖြစ်တော့ ခင်ဗျားတို့ရုရှားနိုင်ငံ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ ဒီလိုနိုင်ငံမျိုးတွေက ဦးဆောင်နိုင်တဲ့ အခြေအနေရှိတဲ့ နိုင်ငံတွေ သူတို့နိုင်ငံတွေအနေနဲ့ ပူးပေါင်းပြီးတော့ မျှမျှတတ ဆောင်ရွက်သွားမယ်ဆိုရင် Multipolar ကတော့ ကျွန်တော်တို့ကတော့ Global ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ဒီ Unipolar ကတော့ ဘယ်သူမှလက်ခံနိုင်မှာ မဟုတ် ဘူး။ ဒီဒဏ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံတွေအားလုံး ကြုံတွေ့လာနိုင်တာ တွေအားလုံးက အကုန်လုံးသိတယ်။ ခါးသီးတဲ့အရသာကို ကျွန်တော်တို့ သိတယ်။ ဒါကြောင့် ဘယ်သူမှတော့ အဖြစ်ခံမှာ မဟုတ်တော့ဘူး။ နိုင်ငံတွေကလည်း အကုန်လုံး ကြိုးစားနေကြတာပဲ နိုင်ငံတွေအားလုံးကလည်း လူတွေက မတ်တပ်ရပ်ရင်ကျန်ခဲ့မှာပေါ့။ မတ်တပ်ရပ်ပြီးနေလိုက်ရင် ကျန်ခဲ့မယ်။ လမ်းလျှောက်သူတွေကတော့ ကျော်သွားမှာပဲ။ အဲ့တော့ အကုန်လုံးက လမ်းလျှောက်နေကြတာ၊ လမ်းလျှောက်နေကြတာ။ ဒါကြောင့် သူတို့တိုးတက်အောင်လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့်တော့ ခုနက ပြောခဲ့တဲ့သမိုင်းမှာ ဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေအရ နိုင်ငံတွေက သူတို့နိုင်ငံတွေ ဒီလိုမဖြစ်အောင်ဆိုတဲ့ စိတ်တွေ အကုန်လုံးရှိကြတယ်။ အဲ့အချိန်မှာ စောစောကပြောခဲ့တဲ့ ဦးဆောင်တဲ့ နိုင်ငံတွေ နဲ့ ပေါင်းပြီးတော့ လုပ်မယ်ဆိုရင် Unipolar ကိုတော့ဘယ်လိုမှ ဖြစ်လာစေမှာမဟုတ်ဘူး လို့တော့ ကျွန်တော်တော့တွေ့ရပါတယ်။။မေး- မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလို့သိရှိရပါတယ်၊ အာဆီယံ အဖွဲ့ဝင်ဆိုတာလည်း ကျွန်တော်တို့ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းတွေမှာဆိုလည်း ဩဇာတိက္ကမ ကြီးမားတဲ့ အဖွဲ့ဝင်နိုင်ငံ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့အဖွဲ့မှာရောဘယ်လိုမျိုး အခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်နေပါသလဲ။။ဖြေ- ကျွန်တော်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အာဆီယံရဲ့ပဋိညာဉ် အတိုင်းပေါ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ကျွန်တော်တို့အကုန်လုံး အပြည့်အဝလုပ်ပါတယ်။ အာဆီယံရဲ့ ရည်ရွယ်ချက်ကတော့ တကယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပါပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒီမြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့ပေါ့ သူ့ရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလုပ်ဖို့ အတွက်ကို ကျွန်တော်တို့က စိတ်ဆန္ဒလည်းရှိပါတယ်။ လုပ်လည်းလုပ်နေပါတယ်။ အာဆီယံဘက်ကလည်းအာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံချင်းရဲ့ သဘောထား တွေတော့ တစ်ချို့ဟာတွေ ကွဲပြားခြားနားမှုတွေရှိပါတယ်၊ သို့သော်လည်းပဲ သူရဲ့အခြေခံ အချက်အလက်တွေရှိပြီးသားပဲ။ ဒီအခြေခံအချက်တွေပေါ် မူတည်ပြီးတော့ လုပ်နိုင်ဖို့ပဲ အရေးကြီးတယ်လို့ ကျွန်တော်ပြောချင်တယ်။။မေး- တစ်ဆက်ထဲမှာ ကျွန်တော်တို့ထပ်ပြီးမေးလိုတာကတော့ ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံ တွေအနေနဲ့ ဒီအာဆီယံအဖွဲ့အစည်းနဲ့ရုရှားနဲ့ ဒီအနာဂတ်ဆက်ဆံရေးကိုရော ဒီဘယ်လို မြင်လဲဆိုတာလေးလဲ သိလိုပါတယ်ခင်ဗျာ။။ဖြေ- ရုရှားနဲ့ ရုရှားနိုင်ငံကအာဆီယံအတွက်တော့ အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင်တာပေါ့လေ ကျွန်တော်တို့ရဲ့အခု ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ကျွန်တော်တို့ရဲ့နိုင်ငံက အာဆီယံနဲ့ ရုရှားနိုင်ငံရဲ့ဆက်ဆံရေးကိုလည်း ညှိနှိုင်းရေး တာဝန်ယူထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အရင်တုန်းက ကျွန်တော်တို့က တရုတ်နဲ့ အရင်ကာလက ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ တရုတ်လည်း အောင်အောင်မြင်မြင် ကျွန်တော်လုပ်ခဲ့ပေးတယ်။ ကျွန်တော်တို့အခုဆိုလဲ ရုရှားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့ နိုင်ငံတစ်ခုအနေနဲ့ တာဝန်ယူထားတာပေါ့။ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံ တစ်ခုဖြစ်တဲ့အတွက်ကြောင့်လဲ ရုရှားနဲ့အာဆီယံနိုင်ငံ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပိုကောင်းအောင်လုပ် ပေးဖို့ ကျွန်တော်တို့လဲဆန္ဒရှိပါတယ်။ ရုရှားက အာဆီယံအတွက်တော့ အရေးပါတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ ဆွေးနွေးဖက်နိုင်ငံထဲမှာလည်း ပါနေပြီဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ကာလတွေမှာတော့ အာဆီယံနဲ့ပူပေါင်း ဆောင်ရွက်မှုတွေမှာ ရုရှားနိုင်ငံဟာ အရေးပါတဲ့အနေအထားမှာ ရှိလာနိုင်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ တစ်ဖက်ကလဲ ရုရှားနိုင်ငံကလည်း ဒီအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင် ရွက်မှု နယ်ပယ်တွေကို ကဏ္ဍပေါင်းစုံတိုးချဲ့နိုင်ဖို့အတွက်လည်း စဉ်းစား ဆောင်ရွက် ပေးနိုင်ဖို့လည်း လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။။မေး- ကျွန်တော့်အနေနဲ့ ဒါကတော့နိုင်ငံရေးနဲ့မဆိုင်တော့ပါဘူး။ ကျွန်တော်တို့သတင်း ဌာနနဲ့ သက်ဆိုင်တဲ့မေးခွန်းလေး မေးချင်ပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနကတော့ နှစ်ပေါင်း ၂၀ ခန့် ရပ်တည်နေတာရှိပါတယ်။ ကျွန်တော်တို့ RT သတင်းဌာနနဲ့ပတ်သက် ပြီးတော့ RT သတင်းဌာနရဲ့ လုပ်ဆောင်နေမှုတွေ၊ သတင်းထုတ်ပြန်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ အဆွေတော်ရဲ့ အမြင်လေး ကိုလည်း သိရှိလိုပါတယ်။။ဖြေ- RT သတင်းဌာနကတော့ တကယ့်ထိပ်တန်းသတင်းဌာနတစ်ခုလိုပဲ၊ သတင်းတင် ဆက်မှုအပိုင်း လည်း တော်တော်လေးကောင်းပါတယ်။ ကျွန်တော်လည်း မကြာခဏ ကျွန်တော် RT ကို ကြည့် ပါတယ်။ RT က သတင်းတင်ဆက်မှုတွေက ခိုင်လုံ၊ ခိုင်မာမှုတွေ တော်တော်များများရှိတာပေါ့။ အကြောင်း အရာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေးပြောနိုင် တာရှိတယ်။ နောက်သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး တော့ ဖော်ထုတ်ပြီးတော့ တင်ပြတဲ့အခါမှာလည်း တော်တော့်ကို အတုယူစရာတွေ ကျွန်တော်တို့ တွေ့တယ်။ ကျွန်တော်တော့ အဲ့ဒီကနေရတဲ့ ပညာတွေလည်း အများကြီး၊ အများကြီး ရှိပါတယ်။ အဲ့ဒါကြောင့် RT ကတော့ တကယ်ကောင်းတဲ့ သတင်း၊ အဆင့်မြင့်မားတဲ့သတင်းဌာန တစ်ခုလို့ ကျွန်တော်တော့မြင်ပါတယ်။ အနှစ် (၂၀) ကြာအောင် ကာလအတွင်းမှာ RT ရဲ့ အောင်မြင်မှုတွေကိုလည်း ဆက်လက်ပြီးတော့မှ ဒီထက် ပိုပြီးတော့ အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။ ရုရှား-မြန်မာ ချစ်ကြည်ရေးအပြင်ကို ရုရှားနိုင်ငံနဲ့ ကမ္ဘာပေါ်မှာ ဆက်ဆံနေရတဲ့အခြေအနေမျိုးကိုလည်း RT ကနေပြီးတော့မှ ပိုပြီး ကောင်းအောင်ဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပိုပြီးလည်း အောင်မြင်ပါစေလို့ လည်းဆုမွန်ကောင်းတောင်းပါတယ်။
အင်တာဗျူး
https://www.myawady.net.…s/185181_0_0.jpg
Sun, 05/18/2025 - 12:04
mwd_webportal
https://www.myawady.net.mm/node/69286
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချပေး နေမှု ကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လိုက်လံကြည့်ရှုအားပေး
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာရောင်းချပေး နေမှု ကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လိုက်လံကြည့်ရှုအားပေး။နေပြည်တော် မေ ၁၇။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည်ယနေ့ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင် ရေးရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း၌ ကျင်းပလျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချပေးလျက်ရှိသည့် အရောင်းပြခန်းများ အား လှည့်လည်ကြည့်ရှုအားပေးသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အရောင်းပြခန်းများ၌ ပြသရောင်းချလျက်ရှိသော ဘိလပ်မြေရောင်းဝယ်မှုအခြေအနေများ၊ သံ၊ သံမဏိပစ္စည်းရောင်းချမှုအခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့်သုတ်ဆေးများရောင်းချနေမှု အခြေအနေများ၊ အိမ်တွင်းအလှဆင်ပစ္စည်း ရောင်းချရမှုအခြေအနေများ၊ လုပ်ငန်းသုံးမီးစက်ရောင်းချနေမှု အခြေအနေများ၊ အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးပြုသည့် သံလုံးအရစ်ဖော်စက်နှင့်သံလုံးဖြတ်စက်၊ သံချည်သံကွေးစက်၊ စတားကွင်းရိုက်စက်ဖြင့် ပုံဖော်ခြင်းလုပ်ငန်း လက်တွေ့သရုပ်ပြလုပ်ဆောင်နေမှုအခြေအနေများအားကြည့်ရှုပြီး ရောင်းချပွဲသို့ လာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများကို ဈေးနှုန်းသက်သာစွာရောင်းချပေးရေးတာဝန်ရှိသူများအားမှာကြားသည်။။အဆိုပါ‌ရောင်းချပွဲ၏ ဆဋ္ဌမမြောက်နေ့အဖြစ် ယနေ့တွင်လုပ်ငန်းသုံးပစ္စည်းများအား ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကို ခင်ကျင်းပြသရောင်းချပေးလျက်ရှိပြီး အဆိုပါရောင်းချပွဲအား မေလ ၁၈ ရက်‌အထိပြသရောင်းချပေးမည်ဖြစ်ကြောင်းနှင့်ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/15A_19.jpg
Sun, 05/18/2025 - 12:07
mwd_webportal
https://www.myawady.net.mm/node/69287
ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အထောက်အကူပြုမည့် ကျင့်ဝတ်နှင့် ပြည့်စုံသော ကွန်ပျူတာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်
ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အထောက်အကူပြုမည့် ကျင့်ဝတ်နှင့် ပြည့်စုံသော ကွန်ပျူတာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်။နေပြည်တော် မေ ၁၇။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ နည်းပညာတက္ကသိုလ်(မှော်ဘီ)နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်နှင့်ပုသိမ်ခရိုင်တို့ရှိ POLYTECHNIC UNIVERSITY (MAUBIN)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ် (ပုသိမ်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။။မေလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မှော်ဘီ)သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တက္ကသိုလ်အနေဖြင့် အရည်အချင်း ပြည့်မီသော၊ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာတတ်သော၊ သုတေသနပြုမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် နိုင်ငံအကျိုးပြု အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များအား မွေးထုတ်ပေးရန် မှာကြားကာ မန္တလေးမြေငလျင် လှုပ်ခတ်မှုကြောင့် သက်ရောက်မှုများ ရှိသည့် ပင်မဆောင်ရှိ စာသင်ခန်းများနှင့် အဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။။မေလ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ခရိုင်တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့ POLYTECHNIC UNIVERSITY(MAUBIN)ရှိ Faculty of Computing Faculty of Engineering နှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)သို့ သွားရောက်ရာ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုတင်ပြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက စာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် Lab ခန်းများ၊ ICT နည်းပညာများကို အသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှု ဆောင်ရွက်နိုင်မည့် အခြေအနေ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများစီစဉ်ထားရှိမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးသည်။။ညနေပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့ရောက်ရှိရာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသတွင်းနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အထောက်အကူပြုမည့် ကျင့်ဝတ်နှင့်ပြည့်စုံသောကွန်ပျူတာပညာရှင်များကို စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။။မေလ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်း ဒေသကြီး၊ လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ နည်းပညာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်း(ပုသိမ်)တို့သို့သွားရောက်၍ ပင်မဆောင်၊ စာသင်ဆောင်များ၊ ကွန်ပျူတာခန်း၊ Lab ခန်းများ၊ အလုပ်ရုံများ၊ ဘောလုံးကွင်း၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ ကိုစစ်ဆေးပြီး ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။။ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ပုသိမ်) စီမံကိန်းကိုကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/15B_20.jpg
Sun, 05/18/2025 - 12:09
mwd_webportal
https://www.myawady.net.mm/node/69288
အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား များ လေ့လာရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်
အခြေခံလေကြောင်းလူငယ်သင်တန်းနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှသင်တန်းသား များလေ့လာရေးခရီးစဉ်များဆက်လက်ဆောင်ရွက်။နေပြည်တော် မေ ၁၇။နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် နေပြည်တော်ကောင်စီနယ်မြေတွင် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် သံဝေဇနိယ လေးဌာနသို့ သွားရောက်လေ့လာ ဖူးမြော်ကြည် ညိုကြသည်။။မွန်းလွဲပိုင်းတွင် သူရဲကောင်းဗိမာန်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူ များမှ လိုက်လံရှင်း လင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…11-23-56-628.jpg
Sun, 05/18/2025 - 12:12
mwd_webportal
https://www.myawady.net.mm/node/69289
မှော်ဘီမြို့နယ်၊ ကျောက်ကာကွင်းကျေးရွာရှိ သံဃာတော်နှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
မှော်ဘီမြို့နယ်၊ကျောက်ကာကွင်းကျေးရွာရှိသံဃာတော်နှင့်ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်။နေပြည်တော် မေ ၁၇။ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာအုပ်စု၊ ကျောက်ကာကွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်နှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။။ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁ ပါးနှင့် ဒေသခံပြည်သူ ၁၆၃ ဦးတို့အား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။။ယင်းသို့ဆောင်ရွက်နေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…t%2012.17.02.png
Sun, 05/18/2025 - 12:17
mwd_webportal
https://www.myawady.net.mm/node/69290
မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
မြို့နယ်အသီးသီးရှိအခြေခံပညာကျောင်းများ၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်။နေပြည်တော် မေ ၁၇။၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။။ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အပါအဝင် မြို့နယ် ၁၂ မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌လည်းကောင်း အခြေခံပညာ ကျောင်းများ၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန် စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းများ စုပေါင်း ဆောင်ရွက်ပေးကြသည်။။ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…files/15E_10.jpg
Sun, 05/18/2025 - 12:21
mwd_webportal
https://www.myawady.net.mm/node/69291
​​​​​​​အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့
အမဲသားတိုးမြှင့်ထုတ်လုပ်ဖို့ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့။ဆောင်းပါးရှင် -ဒေါက်တာရင်းမြစ်(မွေး/ကု)။ယမန်နေ့မှအဆက်။အသားစားနွားမွေးမြူရေးနှင့် အစာကျွေးမွေးနည်းစနစ်အသားစားနွားမွေးမြူရာတွင် အစာကျွေးမွေးနည်းသည် လွန်စွာအရေးကြီးသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှုကို အဓိကရည်ရွယ်သောကြောင့် စားကျက်တွင် သာမန်လွှတ်ကျောင်းခြင်း၊ ကောက်ရိုး၊မြက်ခြောက်များကိုသာ အားပြုကျွေးမွေးခြင်းနှင့် အာဟာရဓာတ်မစုံလင်ဘဲကျွေးမွေးခြင်းသည် ထုတ်လုပ်မှုနှုန်းကိုကျဆင်းစေသဖြင့် ဈေးကွက်ပို့ချိန် ရောက်သည့်တိုင် ဈေးကွက်ဝင်ထုတ်ကုန်အဆင့်သို့ မရောက်ရှိ၍ စီးပွားရေးအရ ဆုံးရှုံးမှုကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။။အာဟာရဓာတ်ဆိုသည်မှာ အသက်ရှင်ရပ်တည်မှုအတွက် ဇီဝကမ္မဖြစ်စဉ် လည်ပတ်နိုင်ရေးနှင့် အသား၊ နို့စသည့်မျှော်မှန်းထုတ်ကုန်ရရှိရေးတို့အတွက် စားသုံးသည့် အစာတစ်မျိုး(ဝါ) အစာအမျိုးမျိုးတွင် ပါဝင်သော အကျိုးပြုအရာများဖြစ်သည်။။ဒေသထွက်အစာအမျိုးအစားနှင့် အာဟာရတန်ဖိုးများယေဘုယျအားဖြင့် အာဟာရတန်ဖိုးအကြောင်းနားလည်သိရှိနိုင်ရန်အတွက် အစာကြေချက်ရခက်သောအရာများနှင့် အမျှင်များစွာပါဝင်သောအစာများ ဖြစ်သည့် အစာကြမ်းနှင့် အမျှင်ပါဝင်မှုနည်းပြီး အစာကြေချက်ရန်လွယ်ကူသော အစာမျိုးဖြစ်သည့် အစာနုတို့တွင် ပါဝင်သော အာဟာရတန်ဖိုးများကို ဒေသထွက်အစာကုန်ကြမ်းတချို့ဖြင့် ဖော်ပြလိုပါသည်။။အစာကြမ်းကျွေးမွေးရာတွင် ရိတ်သိမ်းချိန်၌ အာဟာရပြည့်ဝနေမှသာ ကြီးထွားနှုန်းကောင်း ပါမည်။ အာဟာရအပြည့်ဝဆုံးအချိန်မှာ နွားစာပင်၏ အောက်ဆုံးရှိအရွက် အဝါရောင်သို့ စတင်ပြောင်းချိန်ဟု အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ အာဟာရနည်းပါးသည့် ရင့်မှည့်ခြောက်သွေ့ချိန်တွင် ကျွေးပါက အစာစားနှုန်း ထိခိုက်စေမည့်အပြင် ကြီးထွားနှုန်းကိုပါ လျော့နည်းစေပါသည်။ အစာကြမ်းတွင် ပါရှိသည့်အသားဓာတ်ပါဝင်နှုန်း ၈ ရာခိုင်နှုန်းအောက်ကျပါက စပ်စာဖြည့်စွက်ကျွေးမွေးရမည်။။စပ်စာပြုလုပ်ကျွေးမွေးခြင်း။အသားစားနွားမွေးမြူထုတ်လုပ်ရာတွင် ကျွေးသောအစာသည် နွားတစ်ကောင်အတွက် တစ်နေ့တာလိုအပ်သော စွမ်းအင်ပမာဏနှင့် အသားဓာတ်ပရိုတင်းရာခိုင်နှုန်းတို့ မှန်ကန်ရန် လိုအပ်ပါသည်။ တိရစ္ဆာန်စားသုံးရန်အတွက် လိုအပ်သောအာဟာရနှင့် အညီ အချိုးကျပေါင်းစပ်ထားသောအစာကို စပ်စာဟုခေါ်ပါသည်။ အစာကြမ်းတွင် အာဟာရဓာတ်မပြည့်ဝသည့်အခါ လိုအပ်သောအသားဓာတ်နှင့် စွမ်းအင်ဓာတ်ကိုရရှိရန် အစာနုတစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပို၍ ရောစပ်ပြီး အစာကြမ်းနှင့် ရောနှောကျွေးမွေးနိုင်ပါသည်။ စပ်စာ၏ အရည်အချင်းကောင်းများမှာ-။(၁) အစာများကိုဒေသအတွင်းအလွယ်တကူရှာဖွေစုဆောင်းနိုင်ခြင်း။(၂) ဈေးနှုန်းချိုသာခြင်း။(၃) အရသာရှိခြင်း။(၄) အရည်အသွေးကောင်းခြင်းနှင့်။(၅) စီးပွားရေးတွက်ခြေကိုက်ခြင်း စသော အရည်အချင်းများပါဝင်ရပါမည်။။ပြုပြင်ပြောင်းလဲထားသောအစာများ ပြုလုပ်နည်းနှင့် ကျွေးမွေးနည်းပြုပြင်ပြောင်းလဲထားသော အစာများဆိုသည်မှာ အစာကြမ်းအုပ်စုနှင့် အစာနုအုပ်စုနှစ်မျိုးကို ပိုလျှံနေသဖြင့် အချိန်ကာလတစ်ခုအထိ အာဟာရရှိစွာ သိုလှောင်ထိန်းသိမ်း၍ လိုအပ်ချိန်မှ ထုတ်ယူ ကျွေးမွေးရန်၊ အာဟာရမပြည့်သော အစာခြောက်ကို အာဟာရပြည့် အစာဖြစ်စေရန်နှင့် အာဟာရ လိုအပ်ချက်အရ ဖြည့်စွက်စာအနေဖြင့် အသုံးပြုရန် စသည့် လိုအပ်သောအာဟာရကို လိုအပ်ချိန်တွင် ရရှိသုံးစွဲရန် ရည်ရွယ်၍ လိုအပ်သောအထောက်အကူပစ္စည်းနှင့် နည်းပညာများဖြင့် ပြုပြင်ထားသည့် အစာအမျိုးအစားသစ်ဖြစ်ပါသည်။ ယင်းတို့အနက် မြက်နှင့် ပြောင်းကို ချဉ်ဖတ်ပြုလုပ်ခြင်းမှာ ပိုလျှံနေသဖြင့် အချိန်ကာလတစ်ခုအထိ အာဟာရရှိစွာ သိုလှောင်ထိန်းသိမ်း၍ လိုအပ်ချိန်မှ ထုတ်ယူ ကျွေးမွေးရန်ဖြစ်ပါသည်။ ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းမှာ အာဟာရမပြည့်သော အစာခြောက်ကို အာဟာရပြည့်အစာဖြစ်စေရန်ဖြစ်ပြီး ယူရီးယားသကာတုံးမှာ အာဟာရလိုအပ်ချက် အရ ဖြည့်စွက်စာအနေဖြင့် အသုံးပြုရန်ဖြစ်သည်။။(ယခုဆောင်းပါးတွင် ပြုလုပ်နည်းစနစ်များကို မဖော်ပြတော့ဘဲ ကျွေးမွေးနည်းနှင့် အကျိုးကျေးဇူးတချို့ကိုသာ ဖော်ပြလိုပါသည်။ ပြုလုပ်နည်းအသေးစိတ်ကို နီးစပ်ရာမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ဆက်သွယ်အကြံဉာဏ်ရယူနိုင်ပါသည်)။(က) နွားစာချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်းနွားစာချဉ်ဖတ်ပြုလုပ်နိုင်သောသီးနှံများမှာ ဖူးစားပြောင်း၊ နှံစားပြောင်းနှင့် မြက်တို့ဖြစ်ပြီး ပြုလုပ်မည့်အချိန်တွင် အစိုဓာတ် ၇၅ ရာခိုင်နှုန်းရှိရန်လိုအပ်ပါသည်။ ပိဿာ ၁၀၀ အခြောက်လှန်းလျှင် အခြောက်၂၅ ပိဿာရသော အခြေအနေဖြစ်ပါမည်။ ဖူးစားပြောင်း၊ နှံစားပြောင်းပင်နှင့် မြက်နွယ်မျိုးအပင်များတွင် အစေ့အဆန်နို့ရည်သမ်းချိန် ရိတ်ဖြတ်ပြုလုပ်ပါက အာဟာရပြည့်စုံသော ကြာရှည်အထားခံ နွားစာချဉ်ဖတ်ကောင်းရရှိမည်။။သကာရည်/ဖွဲ/ဆန်မှုန့်/ သကြားစသည့် အချဉ်ပေါက်မှုကိုအားပေးသောပစ္စည်း တစ်မျိုးမျိုးကို ရောထည့်သုံးပါက ချဉ်ဖတ်အရည်အသွေးကောင်းပြီး အစာစားနှုန်းကောင်းသော ချဉ်ဖတ်ရရှိနိုင်သည်။ ပြုပြင်ပြောင်းလဲထားသော အစာတစ်မျိုးဖြစ်သည့် နွားစာချဉ်ဖတ်ကို အသုံးချသင့်သည့် အကောင်းဆုံးအချိန်မှာ စိုက်ပျိုးရေးဘေးထွက်ပစ္စည်း သို့မဟုတ် စားကျက်ခြောက်ခန်းသည့် အစာစိုရှားပါးသောအချိန်ဖြစ်သည်။ ယင်းအချိန်ကာလတွင် အစာနုကို အားပြုကျွေးမွေးပါက အစာနုသည် အာဟာရတန်ဖိုးမြင့်သော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်းဆိုးကျိုးအပြင် မိမိတို့မျှော်မှန်းသည့်ဈေးကွက်ပို့ချိန် ကိုယ်အလေးချိန်ရရှိရန် ခက်ခဲသည်ကို ကြုံတွေ့ရမည်ဖြစ်သည်။။(ခ) ကောက်ရိုးပြုပြင်ကျွေးမွေးခြင်းသာမန်ကောက်ရိုးတွင် အာဟာရဓာတ်လွန်စွာနည်းပါးသဖြင့် မူလအတိုင်းကျွေးမွေးလျှင် ထုတ်လုပ်မှု စွမ်းရည်မတိုးတက်ပါ။ ထို့ကြောင့် ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးသင့်ပါသည်။ ကောက်ရိုးကို ယူရီးယားပုလဲဓာတ်မြေသြဇာဖြင့် ပြုပြင်ကျွေးမွေးပါက ရရှိမည့်အကျိုးကျေးဇူးများ-။(၁) ပိုမိုနှစ်ခြိုက်စွာ စားသုံးလာခြင်း၊ အစာခြေနိုင်စွမ်းရည်တိုးတက်လာခြင်း။(၂) အသားဓာတ်ပိုမိုများပြားလာပြီး အာဟာရတန်ဖိုးမြင့်လာခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာခြင်း။(၃) ကျန်းမာသန်စွမ်းလာသဖြင့်မျိုးပွားမှုဆိုင်ရာကောင်းမွန်ခြင်း။(၄) နို့ထုတ်လုပ်မှုတိုးလာပြီး နို့တွင် အဆီပါဝင်မှုများလာခြင်း။(၅) ဖြည့်စွက်စာကို လျှော့ချကျွေးမွေးနိုင်သဖြင့် ကုန်ကျစရိတ်သက်သာခြင်း။(ဂ) ယူရီးယားသကာတုံးပြုလုပ်ကျွေးမွေးခြင်းယူရီးယားသကာတုံးကို ကျွဲ၊ နွား၊ သိုး၊ ဆိတ်ကဲ့သို့ စားမြုံ့ပြန် သတ္တဝါများအား ဖြည့်စွက်ကျွေးမွေးခြင်းဖြင့် ကြီးထွားမှု၊ ထုတ်လုပ်မှုကိုပိုမိုကောင်းမွန်စေပါသည်။ ယူရီးယားသကာတုံးသည် အရည်အသွေး နိမ့်သော အစာကြမ်းများကိုသာစားရသော တိရစ္ဆာန်များ သို့မဟုတ် အထွက်နှုန်းညံ့ဖျင်းသောစားကျက်တွင် လွှတ်ကျောင်းမွေးထားသော တိရစ္ဆာန်များအတွက် အထူးလိုအပ်ပြီး ယင်းမှအသားဓာတ်၊ စွမ်းအင်နှင့် သတ္တုဓာတ်များကို ဖြည့်စွက်ရရှိစေပါသည်။။ယူရီးယားသကာတုံးကို ကျွေးမွေးခြင်းဖြင့် သုံးစွဲသူတိရစ္ဆာန်သာမက အစာအိမ်အတွင်းရှိ အကျိုးပြု အဏုဇီဝပိုးများအတွက် လိုအပ်သော အာဟာရနှင့်စွမ်းအင်ကိုပါ ရရှိစေသည်။ တစ်ရက်လျှင် ကိုယ်အလေးချိန် သုည ဒသမ ၂ မှ သုည ဒသမ ၄၅ ကီလိုဂရမ်အထိ တိုးစေနိုင်ပါသည်။။သတိပြုရမည့်အချက်မှာ အာဟာရပြည့်အစာစိုပေါများစွာကျွေးမွေးနိုင်ချိန်တွင် ယူရီးယားသကာတုံးပြုလုပ်ဖြည့်စွက်ကျွေးမွေးရန်မလိုပါ။ နွားအားလုံး အလွယ်တကူလျက်နိုင်အောင် စီမံပေးထားရမည်ဖြစ်ပါသည်။။ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ။ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်မှာ အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ပါသည်။ ပြည့်စုံစွာ ရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သော မွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျ ကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်။ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြပါသည်။ လေ့လာသူများ သိရှိ နိုင်ရန် အသားစားနွားမွေးမြူ ထုတ်လုပ်ရေးခြံများတွင် မဖြစ်မနေထိုးနှံပေးရမည့် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုပါသည်။ ယင်းတို့မှာ-။(၁) ခွာနာလျှာနာရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်။(၂) ထောင့်သန်းရောဂါကာကွယ်ဆေး -တစ်နှစ် တစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်။(၃) ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်။(၄) လည်ချောင်းကွဲရောဂါကာကွယ်ဆေး-တစ်နှစ် နှစ်ကြိမ်ပုံမှန်ထိုးနှံပေးရန်။ခြံစီမံခန့်ခွဲမှုနည်းစနစ်ဖြင့် မဖြစ်မနေကာကွယ်ဆေးထိုးနှံပေးရန်မလိုအပ်ဘဲ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မွေးမြူရေးခြံနှင့် ဦးစီးဌာနတို့ ချိတ်ဆက်ဆောင်ရွက်ပေးရမည့် ရောဂါတချို့ရှိပါသည်။ အဆိုပါရောဂါများမှာလည်း ကာကွယ်ဆေးပုံမှန်ထိုးနှံပေးရသည့် ကူးစက်ရောဂါများကဲ့သို့ ပြည်တွင်းစားသုံးသူသာမက ပြည်ပစားသုံးသူအတွက်ပါ လွှမ်းခြုံကာကွယ်ပေးထားသော ရောဂါများဖြစ်၍ ပြည်ပပို့ကုန်အတွက် အရေးကြီး၍ လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပေးရပါမည်။ ယင်းရောဂါများမှာ -။(၁) အရေပြားအကျိတ်နာ-မှက်၊ ခြင်၊ ယင် ကင်းရှင်းရေးဆောင်ရန်။(၂) ကပ်ပါးရောဂါ-လိုအပ်ဆေးဝါးစနစ်တကျသုံးရန်။(၃) ကျွဲ၊ နွားတီဘီရောဂါ -တစ်နှစ် နှစ်ကြိမ် ဆေးစစ်ရန်။(၄) ကျွဲ၊ နွား သားလျှောရောဂါ-တစ်နှစ် နှစ်ကြိမ် ဆေးစစ်ရန်။တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်းသတ်မှတ် GAHP များအတိုင်း လိုက်နာဆောင်ရွက်သူတိုင်းအတွက် ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိပါသည်။။အမဲသား၊ အေးခဲအမဲသားနှင့် ကလီစာအတွက်စံချိန်စံညွှန်း။ဤစံချိန်စံညွှန်းသည် ကျွဲ၊ နွားနှင့် နွားနောက်စသည့် Bovine species များမှ ထုတ်လုပ်ထားသော အမဲသား၊ အေးခဲအမဲသားနှင့် ကလီစာစသည်တို့အားလုံးအတွက်အကျုံးဝင်သည်။ ထုတ်ပြန်ပြီးစံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့် စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုပါသည်။။ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်းသိရှိပြီးဖြစ်မည်။။နိုင်ငံတော် စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။ ထုတ်ပြန်ပြီး အမဲသားဆိုင်ရာ စံချိန်စံညွှန်းတွင် ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်း ဖြစ်ပါသည်-။(၁) အမဲသား၊ အေးခဲအမဲသားနှင့် စားသုံးနိုင်သော ကလီစာအတွက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း။(၂) သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း။(၃) သားသတ်ပြီးနောက် တိရစ္ဆာန်ထွက်ပစ္စည်းများကိုစစ်ဆေးခြင်း။(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကိုအရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း။(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း။(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ။(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ။(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ။(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့်သိုလှောင်သိမ်းဆည်းခြင်း။(၁၀) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်ဖော်ပြသည့်တံဆိပ်တပ်ခြင်း။(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း။ဆက်လက်၍ ဝက်သား၊ ဆိတ်သားနှင့် ကြက်ဥ၊ကြက်သားထုတ်လုပ်မှုဆိုင်ရာများကို ဖော်ပြရှင်းလင်း ပေးသွားပါမည်။ ။
null
null
Sun, 05/18/2025 - 12:22
mwd_webportal
https://www.myawady.net.mm/node/69292
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများဆက်လက်ရောင်းချပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းရှိငလျင်ဒဏ်သင့်၍ပြိုကျပျက်စီးခဲ့သောအဆောက်အအုံများပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက်ဘိလပ်မြေ၊သံချောင်းနှင့်အထပ်သားပြားများဆက်လက်ရောင်းချပေးလျက်ရှိ။နေပြည်တော် မေ ၁၇။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ အတွက် ပျက်စီးသွားသော အဆောက်အအုံများပြန်လည်ပြုပြင်တည် ဆောက်ရေးအတွက် လိုအပ်လျက် ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြား များကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာတွင် လာ ရောက်ဝယ်ယူသူ (၅၂)ဦးရှိပြီး ဘိလပ်မြေ (၂၁၇၇)အိတ်အား ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/15C_19.jpg
Sun, 05/18/2025 - 12:28
mwd_webportal
https://www.myawady.net.mm/node/69293
ငလျင်ဘေးကြုံ သတိခြုံ သက်လုံကောင်းစွာ ကျော်နိုင်ကြပါစေ
ငလျင်ဘေးကြုံ သတိခြုံ သက်လုံကောင်းစွာ ကျော်နိုင်ကြပါစေ။ဆောင်းပါးရှင် -တက္ကသိုလ်မြတ်သူ။ကျွန်တော်၏အသက် ၉၄ နှစ်ပြည့်ခါနီးအရွယ်အတွက် ငလျင်ဘေး၊ ရေဘေး၊ လေဘေး စသည့်သဘာဝဘေးအန္တရာယ်မျိုးစုံကြုံရဖူးသည်။ ၂၈-၃-၂ဝ၂၅ ရက် မွန်းတည့်အချိန်တွင် လှုပ်သောငလျင်ကား အသိသာဆုံး၊ အပြင်းထန်ဆုံးလှုပ်သောငလျင်ဖြစ်သည်။ လေးလွှာတိုက်၏ အပေါ်ဆုံးထပ် ခုံရှည်ပေါ်လှဲအိပ်ကာ စာဖတ်နေရင်း ဘယ်မှညာသို့လေးကြိမ်ခန့်၊ အရှေ့မှအနောက်သို့ သုံးကြိမ်ခန့်လှုပ်ခါမှုမှာသိသာပြင်းထန်လွန်း၍ တိုက်အောက်ဆင်းပြေးခဲ့ရသေးသည်။။ထိုသို့ပြင်းထန်သောငလျင်ဒဏ်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်း၊ တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရသိရသည်။။လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများစွာ ထိခိုက်ပျက်စီး၍ လျှပ်စစ်ဝန်ထမ်းများ ငလျင်ဒဏ်ခံဒေသများတွင် လုပ်အားရှင်တစ်ရာကျော် နှစ်ရာခန့်သုံး၍ ပြင်ဆင်နေကြောင်းသိရသည်။ ထိုသို့ ပြုပြင်ဆဲကာလ လျှပ်စစ်ဓာတ်အားမှန်မှန်မရသည့် ကျွန်တော်တို့ ဒေါပုံမြို့နယ်ရန်ကုန်တွင် ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်းများနားမထောင်နိုင်ကြ၍ သတင်းသိမှုအားနည်းခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည်ပင်လျှင် ယနေ့ ၆-၄- ၂ဝ၂၅ ရက်တွင်မှ ဤဆောင်းပါးကိုပီပီပြင်ပြင်ရေးနိုင်ပါတော့သည်။ အစောပိုင်းကရေးသောဆောင်းပါးများသည်လည်း မစုံမလင်၊ မတိမကျနှင့်ဖြစ်ခဲ့ရသည်။ ငလျင်ဘေးဒဏ်ခံ မြန်မာပြည်သူပြည်သားများအတွက်ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ (ဘုရင်၊သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစသည်) တို့ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းနည်းစာနာကြောင်း၊ ၎င်းတို့အနေဖြင့်လိုအပ်သည်များကူညီမည်ဖြစ်ကြောင်းဖြင့်သဝဏ်လွှာများပေးပို့သည်ကို ထရန်စစ္စတာရေဒီယိုငယ်မှကြားသိနေခဲ့ရသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ကလည်း နိုင်ငံတော်အကြီးအကဲထံငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။။တရုတ်ပြည်သူ့သမ္မတကြီး၊ ရုရှားသမ္မတကြီး၊ဘီလာရုစ်သမ္မတကြီးတို့က သဝဏ်လွှာများပို့သကဲ့သို့(မှတ်မိသရွေ့) အာဆီယံ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊သီရိလင်္ကာ၊ နီပေါ၊ ကိုရီးယား စသည့်နိုင်ငံ့အကြီးအကဲများ၏ သဝဏ်လွှာများပို့ကြသည်။ (များပြားလွန်း၍အပြည့်အစုံမဖော်ပြနိုင်သည်ကို ခွင့်လွှတ်ကြပါရန်။)ကုလသမဂ္ဂအဖွဲ့ကြီး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများကသဝဏ်လွှာများပါး၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးရန် သဝဏ်လွှာပို့ကြသည်။။ထိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှကူညီကယ်ဆယ်ရေးလုပ်အားပေးအဖွဲ့များ၊ ဆရာဝန်များအဖွဲ့(ဆေးကုသရေး)များလည်း ဖြိုင်ဖြိုင်ရောက်လာကြသည်။ ထိုနိုင်ငံ၊ ဤနိုင်ငံစသည်တို့မှ ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများ၊အလှူငွေများပေးပို့လာကြသည်။။နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးသင့်ဒေသများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ချက်ချင်းဆိုသလိုသွားရောက်ကြည့်ရှုခဲ့ပေသည်။ နောက်နေ့များတွင်လည်း ငလျင်ဒဏ်သင့်ဒေသများသို့ဆက်တိုက်ဆိုသလို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်သင့်လုပ်ထိုက်သည်များကိုညွှန်ကြားခဲ့ကြောင်းသိရှိရသည်။။မတ်လ ၂၈ ရက်မှာပင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့်ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့်နေရာများကို အရေးပေါ်အခြေအနေအဖြစ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှကြေညာသည်။။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းမတ်လ ၃၁ ရက်တွင် “၂ဝ၂၅ ခုနှစ် မတ်လ ၂၈ ရက်မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ဝ၂ စက္ကန့်တွင်ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁-၃-၂ဝ၂၅ရက်မှ ၆-၄-၂ဝ၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။ ထိုရက်များအတွင်း နိုင်ငံတော်အလံတိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ဖြစ်ပါသည်”ဟူ၍ ကြေညာသည်။ ဆုတောင်းမေတ္တာပို့ခြင်းများ၊ကုသိုလ်ဒါနပြု၍ အမျှအတမ်းပေးဝေခြင်းများကိုလည်း ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကပြုလုပ်ကြသည်။။ပျက်စီးဆုံးရှုံးရသမျှ အိုးအိမ်အဆောက်အအုံ၊လမ်း၊ တံတားများ၊ စေတီပုထိုးဘုရားကျောင်းကန်များကို အန္တရာယ်ကင်းအောင်ရှင်းလင်းပြီး စနစ်တကျအင်တိုက်အားတိုက် နောင်ငလျင်ဒဏ်ခံနိုင်သည်အထိဂရုပြုတည်ဆောက်ထားကြရန်လိုအပ်သည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူအားလုံးတို့သည် ငလျင်ဒဏ်ခံဒေသများသို့ ပိုက်စိပ်တိုက်သွားရောက်ကာ ငလျင်ဒဏ်ခံဝန်ထမ်းများ၊ ပြည်သူများ၊ ရဟန်းသံဃာ၊ သာသနာ့ဝန်ထမ်းများအားတွေ့ဆုံအားပေးကြ၊ ပြန်လည်တည်ဆောက်ရေးစီမံကြ၊ ကူညီကယ်ဆယ်ရေးလုပ်ကြဖြင့် မနားကြရပေ။။အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာ၊ ပြည်သူများနှင့်ပရဟိတအဖွဲ့များသည် မိုခါမုန်တိုင်းကို ကြိုတင်ကာကွယ်ရန်ပြင်ဆင်ခဲ့ကြသဖြင့် မုန်တိုင်းကာလမုန်တိုင်းခိုအဆောက်အအုံများတည်ဆောက်ခဲ့ကြပြီးမုန်တိုင်းလွန်ကာလတွင် အားသွန်ခွန်စိုက်ပြန်လည်ထူထောင်ပေးကြသော အတွေ့အကြုံများ၊ ၂ဝ၂၃ ခုနှစ်မိုးသည်းထန်လွန်းရာမှရေကြီးရေလျှံဖြစ်ကာရေဘေးသင့်ခဲ့ရာ၌ ဝန်ထမ်းများ၊ ပြည်သူများကိုကူညီကယ်ဆယ်ရေး၊ပြန်လည်ထူထောင်ရေးအားသွန်ခွန်စိုက်လုပ်နိုင်ခဲ့သည့် အတွေ့အကြုံများရှိခဲ့ကြသည်။ ယခုငလျင်ဘေးတွင်လည်း အလားတူနေ့မဆိုင်းညမဆိုင်း၊ နာရီမလပ်၊ မိနစ်မလပ်ငလျင်ဘေးဒဏ်ခံ လူသူ၊ အဆောက်အအုံ၊ လမ်း၊တံတားပျက်စီးမှုများကို ကျွမ်းကျင်စွာစီမံဆောင်ရွက်နိုင်ကြသည်ကိုတွေ့ရသည်။။ပြည်ပမှလာရောက်ကူညီကြသော ပရဟိတသမားများ၊ ပြည်တွင်းမှစေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်(ပရဟိတ) ပုဂ္ဂိုလ်များ၏ ငွေလှူ၊ ပစ္စည်းလှူမှုများကလည်း အံ့မခန်းပါပဲ။ ပြည်ပမှအလှူများ၊ငွေကြေးပစ္စည်းအကူများကလည်း ယနေ့ထိအောင်ရောက်ရှိနေဆဲပင်ဖြစ်၍ များပြားလှပေသည်။အားလုံးကိုကျေးဇူးတင်ရပါသည်။ ကျွန်တော့်အနေဖြင့်မူ ဤကလောင်တစ်ချောင်းဖြင့်ရေးသားသောစာမူကိုသာအလှူအဖြစ် သဘောထားရပါသည်။။ယခုအချိန် ၁၇-၅-၂ဝ၂၅ ရက်အထိ သေဆုံးသူ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦး၊ ပျောက်ဆုံးနေသူ ၈၁ ဦး စုစုပေါင်း ၈၉၁၁ ဦး၊ အဆောက်အအုံပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်းထိခိုက်၍ စေတီပေါင်း ၄၈၁၇ ခုထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခုပျက်စီးခြင်း၊ ရန်ကုန် -နေပြည်တော်- မန္တလေးသွားရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်း၊ ဘူတာများတွင်ပျက်စီးခြင်း၊ တံတား ၁၆၉ စင်းပျက်စီးခြင်း၊ ဆည်မြောင်းများ ၁၉၈ ခုထိခိုက်ပျက်စီးခဲ့သည်။ အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း ၁၈၄ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုအစိုးရတို့က ယခုငလျင်ဘေးဖြင့် သေဆုံးရသူများအတွက်တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းစီထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံထိခိုက်ပျက်စီးမှုများကိုလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်ပြီး နိုင်ငံတော်မှထောက်ပံ့သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီလ၅ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင်ပြောကြားသည်ကို ကြားသိရသဖြင့်လည်း ဝမ်းမြောက်လှပါသည်။။ငလျင်လှုပ်ခတ်ရသည့် အကြောင်းရင်းကိုသိရှိနားလည်သူများက သတင်းစာများတွင် ဆောင်းပါးများရေးသားတင်ပြခြင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက်များဖြင့် အသိပေးထားကြရာ ဖတ်ထားသင့်ပေသည်။ ပြည်ပမှလာရောက်ကူညီကယ်ဆယ်လုပ်အားပေးကြသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ပြိုကျအဆောက်အအုံများတွင် ပိတ်မိနေသော လူကြီး၊ ကလေးများကို ကယ်ထုတ်ပေးသည့် သတင်းများကလည်း ပြည်သူတို့၏ ပူပင်သောကကို လျှော့ချပေးနိုင်ခဲ့သည်။ ထိုသို့ကယ်ထုတ်ပေးမှုများ၊ ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများသည် စေတနာရှင်တို့ နှလုံးသားနှင့်ငလျင်ဒဏ်ခံရသူတို့၏ နှလုံးသားများအကြား စေတနာ၊ မေတ္တာ၊ ကရုဏာတရားများ ပေါင်းကူးမိသောကြောင့်ဟုဆိုရပါသည်။ Heart to Heart ပါပဲ။။၃ဝ-၃-၂ဝ၂၅ ရက်ထုတ်သတင်းစာပါ ကိုကျော်စွာ(ကျိုက်ပိ)၏ ငလျင်ဆောင်းပါး၊ အမျိုးသမီးကလောင်ရှင်တစ်ဦး၏ဆောင်းပါးတို့ကို ဖတ်ကြည့်လျှင် မြေအောက်မှကျောက်လွှာချပ်ကြီးများတစ်ခုနှင့်တစ်ခု ထိတွေ့ပွတ်တိုက်ခြင်းကြောင့် အပေါ်မှမြေလွှာအရှိန်အဟုန်ပြင်းစွာ ရွေ့လျားတုန်ခါခြင်းကိုငလျင်လှုပ်သည်ဟု သိနိုင်ကြပါသည်။ ဖတ်တော်မူကြပါ။ သိထားနှင့်တော်မူကြပါ။။ကျွန်တော်တို့ငယ်ငယ်က လူကြီးသူမများက ငလျင်အကြောင်းမေးလာသော ကလေးသူငယ်များအပေါ်စိတ်မရှည်တာလား၊ နောက်ပြောင်တာလားမသိ။ ငလျင်လှုပ်ရခြင်းမှာ ဤကမ္ဘာလုံးကြီးကိုထမ်းထားရသော ပုဂံငကျွဲကြီး ဘယ်ဘက်ပခုံးညောင်း၍ ကမ္ဘာလုံးကြီးက ညာဘက်ပခုံးပေါ်ပြောင်းတင်သောကြောင့် ကမ္ဘာကြီးလှုပ်ရသည်ဟုသာ သိခဲ့ကြသည်။ စာဖတ်မှလည်း စာကပေးသောအသိရပါမည်။။ဤကမ္ဘာတွင်ငလျင်ဆိုသည်မှာ မြန်မာနိုင်ငံထဲမှာသာ လှုပ်ခတ်ဒုက္ခပေးသည်မဟုတ်။ ကမ္ဘာ့နိုင်ငံများစွာ အမေရိက၊ ဥရောပ၊ အာရှ၊ နယူးဇီလန်၊ ဩစတြေးလျ၊ အာဖရိကတိုက်များ၊ ပင်လယ်သမုဒ္ဒရာတွင်းကျွန်းနိုင်ငံများတွင်လည်း အခါအားလျော်စွာလှုပ်ခတ်ကြသည်။။၅၂၆ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ငလျင်ဒဏ်ခံနိုင်ငံပေါင်းတစ်ထောင်ကျော်ရှိခဲ့သည်။ သေဆုံးသူသိန်းဂဏန်း၊ သောင်းဂဏန်းအထိရှိသော ငလျင်နှင့်နိုင်ငံများကိုဖော်ပြပါမည်။ သေဆုံးသူတစ်ထောင်ကိုရာဂဏန်း၊ ရာဂဏန်း၊ ဆယ်ဂဏန်းမျှသာသေသောစာရင်းကိုမတင်ပြတော့ပါ။ အသေးစိတ်သိလိုပါမူ နယူးယောက်တိုင်း(မ်)သတင်းစာတိုက်မှနှစ်စဉ်ထုတ်ဝေသော ကမ္ဘာ့သတင်းနှစ်ချုပ်စာအုပ် The World ALMANACမှ Disaster သဘာဝဘေးအန္တရာယ်အခန်းစဉ်တွင်ကြည့်ပါကုန်။။၅၂၆ ခုနှစ် မေလ ၂ဝ ရက် ဆီးရီးယားနိုင်ငံ အန်တီအုချ်မြို့ ငလျင်သေဆုံးသူ ၂၅ဝဝဝဝ၊ ၈၂၆ ခုနှစ် ဂရိနိုင်ငံ ကိုရင့်သ်မြို့ ၄၅ဝဝဝ၊ ၈၅၆ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက် အီရန်နိုင်ငံ ဒမ်ဂန်မြို့၂ဝဝဝဝဝ၊ ၈၉၃ ခုနှစ် မတ်လ၂၃ ရက် အာဒါဘီရ်မြို့ အီရန် ၁၅ဝဝဝဝ၊ ၁ဝ၅၇ ခုနှစ် တရုတ်နိုင်ငံချီလှီမြို့ ၂၅ဝဝဝ၊ ၁၁၃၈ ခုနှစ် ဩဂုတ်လ ၉ ရက် အလက်ပိုမြို့ ဆီးရီးယား၂၃ဝဝဝဝ၊ ၁၁၆၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် စစ္စလီနိုင်ငံ အက်တနာတောင်အနီး ၁၅ဝဝဝ၊ ၁၂၆၈ ခုနှစ် အာရှမိုင်းနားဒေသ ဆီလီကာကျွန်း၆ဝဝဝဝ၊ ၁၂၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက် တရုတ်နိုင်ငံချီလှီဒေသ၁ဝဝဝဝဝ၊ ၁၂၉၃ ခုနှစ် မေလ ၂၁ ရက် ဂျပန်နိုင်ငံ ကာမကုရဒေသ၃ဝဝဝဝ၊ ၁၉၃၁ ခုနှစ်ဇန်နဝါရီလ ၂၆ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်း ၃ဝဝဝဝ၊၁၅၅၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် တရုတ်နိုင်ငံ ရှန်စီမြို့ ၈၃ဝဝဝဝ၊၁၆၈၇ ခုနှစ် ရှိန်းမခကော့ကေရှား(ယခု အဇာဘိုင်ဂျန်) ၈ဝဝဝဝ၊ ၁၆၉၃ခုနှစ် ဇန်နဝါရီလ ၁၁ ရက် အီတလီနိုင်ငံ ကာတာနီးယား ၆ဝဝဝဝ၊ ၁၉၃၇ခုနှစ် အောက်တိုဘာလ ၁၁ ရက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ၃ဝဝဝဝဝ၊၁၇၅၅ ခုနှစ် ဇွန်လ ၇ ရက် ပါရှားမြောက်ပိုင်း(ယခု အီရန်) ၄ဝဝဝဝ၊ ၁၇၅၅ ခုနှစ်နိုဝင်ဘာလ ၁ ရက် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ ၆ဝဝဝဝ၊ ၁၇၈၃ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီတလီနိုင်ငံ ကာတာနီးယား ၃ဝဝဝဝ၊ ၁၇၉၇ ခုနှစ်ဖေဖော်ဝါရီလ ၄ ရက် အီကွေဒေါနိုင်ငံ ကီတိုမြို့ ၄၁ဝဝဝ၊ ၁၈၂၂ ခုနှစ်စက်တင်ဘာလ ၅ ရက် အာရှမိုင်းနားဒေသ အလက်ပို ၂၂ဝဝဝ၊ ၁၈၂၈ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ဂျပန်နိုင်ငံ အိချိဂို ၃ဝဝဝဝ၊ ၁၈၆၆ ခုနှစ်ဩဂုတ်လ ၁၃-၁၆ ရက် ပီရူးနိုင်ငံ အီကွေဒေါနိုင်ငံ ၄ဝဝဝဝ၊ ၁၈၇၅ ခုနှစ်မေလ ၁၆ ရက် ဗင်နီဇွဲလား ကိုလံဘီယာနိုင်ငံများ ၁၆ဝဝဝ၊ ၁၈၉၆ ခုနှစ်ဇွန်လ ၁၅ ရက် ဂျပန်နိုင်ငံ ဆန်ရီကုမြို့ ဆူနာမီရေလှိုင်းဒဏ် ၂၇၁၂ဝ၊၁၉၁၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် အီတလီနိုင်ငံ အဗက်ဇန်နို ၃၂၆ဝဝ၊၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ်၂ဝဝဝဝဝ၊ ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက် ဂျပန်နိုင်ငံ ယိုကိုဟားမား၁၄၂၈ဝဝ၊ ၁၉၂၇ ခုနှစ် မေလ ၂၇ ရက် တရုတ်နိုင်ငံ ကန်းစုပြည်နယ်၄ဝ၉ဝဝ၊ ၁၉၃၁ ခုနှစ် ဩဂုတ်လ ၁ဝ ရက် တရုတ်နိုင်ငံ စင်ကျန်(ရှင်ကျန်) ၁ဝဝဝဝ၊ ၁၉၃၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် နီပေါနှင့်အိန္ဒိယကြား ဘီဟာ ၁ဝ၇ဝဝ၊ ၁၉၃၅ ခုနှစ် မေလ ၃ဝ ရက် ပါကစ္စတန်နိုင်ငံကွက်တားမြို့ ၃ဝဝဝဝ၊ ၁၉၃၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် ချီလီနိုင်ငံချီလီယံမြို့ ၂၈ဝဝဝ၊ ၁၉၃၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် တူကီယဲနိုင်ငံအာဇင်ကန် ၃၂၇ဝဝ၊ ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၅ ရက် တာ့ခ်မင်နစ္စတန် အက်ရှ်ဂဘလ ၁၁ဝဝဝဝ၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်မော်ရိုကိုနိုင်ငံ အဂါဒီရ် ၁၂ဝဝဝ၊ ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၁ ရက်အီရန်အနောက်မြောက်ပိုင်း ၁၂၂၅၅၊ ၁၉၇ဝ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၁ဝဝဝဝ၊ ၁၉၇ဝ ပြည့်နှစ် မေလ ၃၁ ရက်ပီရူးနိုင်ငံ အန်ကတ်ရှ် ၇ဝဝဝဝ၊ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ဂွါတီမာလာနိုင်ငံ ၂၃ဝဝဝ၊ ၁၉၇၆ ခုနှစ် တရုတ်နိုင်ငံ အန်ရှန်းပြည်နယ်၂၄၂၇၆၉၊ ၁၉၉ဝ ပြည့်နှစ် ဇွန်လ ၂ဝ ရက် အီရန်အနောက်ပိုင်း ၄ဝဝဝဝ၊၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၂၂၇၉၈၃၊ ၂ဝဝ၅ ခုနှစ် အောက်တိုဘာလ ၈ ရက် အိန္ဒိယနှင့်ပါကစ္စတန်ကက်ရှ်မီးယားဒေသ ၈၆ဝဝဝ၊ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်ဟေတီနိုင်ငံ ၃၁၆ဝဝဝ၊ ၂ဝ၁၁ ခုနှစ် မတ်လ ၁၁ ရက် ဂျပန်မြောက်ပိုင်း၂ဝ၈၉၆၊ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် တူကီယဲမြောက်ပိုင်း ၅၃၂၂၇တို့ဖြစ်သည်။ သေဆုံးမှုများသောဒေသများတွင် ငလျင်သည် ရစ်ချ်တာစကေး ၇ ကျော်မှ ၈ ကျော်အထိ လှုပ်ခတ်ပါသည်။။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ငလျင်ဘေးသတိပြုဖွယ်ရာ အသိပေးချက်များဖတ်သင့်ပါသည်။ သတင်းနားမထောင်ဘူးဆိုပြီး ဘာသိဘာသာမနေသင့်ပါ။ မြန်မာနိုင်ငံတွင် ငလျင်နှင့်ပတ်သက်သော ပညာပေးစာစောင်များဖတ်ပေးပါ။ နေအိမ်နံရံတွင် အသိပေးစာစောင်များကို ကပ်ထားပါ။ နာဂစ်မုန်တိုင်းကြီးတိုက်မည့်အန္တရာယ်ကို မိုးလေဝသနှင့်ဇလဗေဒဌာနတို့က ထုတ်ပြန်ခဲ့ပါသည်။ မုန်တိုင်းဝင်ခါနီးမှာပင် ဧရာဝတီတိုင်းဒေသကြီးမှ မြို့များစွာ၌ အစိုးရအုပ်ချုပ်ရေးဘက်မှ အသံချဲ့စက်များဖြင့်လှည့်လည်သတိပေးခဲ့ပါသည်။။“တို့ဒေသက မုန်တိုင်းနဲ့တစ်သက်လုံးနေလာတာ မဆန်းဘူး”ဟုဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ကမ်းရိုးတန်းနေလူအချို့က ဂရုမစိုက်ခဲ့၍ နာဂစ်မုန်တိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးက အသေအပျောက်အပျက်အစီးအလွန်များခဲ့သည်။။မိုခါမုန်တိုင်းတွင်လည်း သတင်းကိုတမင်မျက်ကွယ်ပြုသူများ ဒုက္ခရောက်ခဲ့ရဖူးပါပြီ။။သတင်းဆိုသည်မှာ အများပြည်သူတို့အနေဖြင့် ကိုယ့်ရွာ၊ ကိုယ့်မြို့၊ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ(မြန်မာနိုင်ငံ) ဘာတွေဖြစ်နေသည်၊ ဘာတွေသတိပြုသင့်သည်ကိုဆင်ခြင်ရန် တင်ပြနေကြခြင်းဖြစ်သည်။ သူတစ်ပါးနိုင်ငံမှ ဖျက်လိုဖျက်ဆီးသောနည်းနှင့် ငွေအသပြာပေးခိုင်း၍ သတင်းမှားများတမင်လွှင့်နေသော ပြည်တွင်းပြည်ပ ပြည်ဖျက်မီဒီယာများကိုကမ္ဘာက မီဒီညာများဟု ကင်ပွန်းတပ်ထားသည်။ ကိုယ့်ကိုယ်ကိုယ်ချစ်လျှင်၊ မိသားစုဆွေမျိုး၊ တစ်မြို့တည်းသားချင်း၊ တစ်နိုင်ငံတည်းသားချင်း၊သွေးချင်းသားချင်းစိတ်ဖြင့် ချစ်တတ်ခင်တတ်ပါလျှင်၊ သူတို့ကို ဒုက္ခမရောက်စေချင်လျှင် မည်သူ့ကိုမုန်းမုန်း၊ မည်သူ့ကိုချစ်ချစ် သတင်းမှန်များသိအောင် သတင်းစာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကလည်း အခါအားလျော်စွာ သတင်းမှန်သိရန် ထုတ်ပြန်တင်ပြလျက်ရှိသည်။ သတင်းဟူသည် လူတို့၏ သက်တော်စောင့်ဟုပင်ဆိုနိုင်ပါသည်။ ရေဒီယို၊ ရုပ်သံသတင်းနားစွင့်ပါ။ လွှင့်ချင်ရာလွှင့်၊ သတင်းမှားများ တင်ချင်သလိုတင်နေသည်များကို နားယောင်မိသူများ အရာရာတွင် ဒုက္ခကြုံတွေ့နေရသည်။။ထို့ကြောင့် ကိုယ့်အသက်ကိုတန်ဖိုးမထားဘဲ သတင်းမမှန်၊ သတင်းရှောင်၊ သတင်းမှားဆောင်နေမှုများဆင်ခြင်သင့်ပါပြီ။ မည်သူ့အတွက်မှ မဟုတ်လျှင်ပင် မိမိကိုယ်တိုင်အတွက် မိမိကိုယ်မိမိသနားသောအားဖြင့်သတင်းများသိကြပါစေ။ မိမိတို့ကို သတင်းမဖတ်၊ သတင်းမကြည့်၊ သတင်းနားမထောင်ပါနဲ့ဟု ပြောနေသူများကိုယ်တိုင် သင်တို့မသိအောင် တီဗွီဖွင့် သတင်းတိုးတိုးကြည့်ကြသည်။ သတင်းစာကိုတိတ်တိတ်ခိုးဖတ်နေသည်။ ထို့ကြောင့် သတင်းဖတ်ပါ၊ နားစွင့်ပါ။ ဖြစ်နိုင်လျှင် စာကောင်းပေမွန်များဖတ်ကြပါဟု ၉၄ နှစ်ဘဝအတွေ့အကြုံများနှင့်ယှဉ်ပြီး ကျွန်တော်ပြောပါရစေခင်ဗျာ။။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ငလျင်များ၏ အပြင်းအပျော့နှင့် အန္တရာယ်အနည်းအများကိုသိနိုင်ရန် ကျွန်တော့်ဆောင်းပါး၏နောက်ဆက်တွဲအဖြစ် လက်ဆောင်ဆင့်ကမ်းလိုက်ပါရစေခင်ဗျာ။ ။
null
null
Sun, 05/18/2025 - 12:31
mwd_webportal
https://www.myawady.net.mm/node/69294
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၅ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့
မြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာသည့်ပြည်ပနိုင်ငံသား၁၅ဦးထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့။နေပြည်တော် မေ ၁၇။နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ် ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင် ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်း လိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်း ပေးအပ်လျက်ရှိသည်။။ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့ တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့နယ်စပ် လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး(KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများကျူးလွန်ခဲ့ကြသည့် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား ၂ ဦး၊ ကင်ညာနိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၄ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး၊ ကာဇက်စတန် နိုင်ငံသား ၂ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၅ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏လိုအပ်သည့်ကိုယ်ရေးအချက်အလက် များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပ နိုင်ငံသား စုစုပေါင်း ၉၀၈၆ ဦး စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၈၄၁၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၇၄ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။။နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့်ငွေကြေး လိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသားတားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/29A_43.jpg
Sun, 05/18/2025 - 12:33
mwd_webportal
https://www.myawady.net.mm/node/69295
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ။ယမန်နေ့မှအဆက်။ဤအသက်အရွယ်သို့တိုင်အောင်အနာရောဂါကင်းရှင်းလျက်ရှိခြင်း မှာလည်း ဤအချက်သည် အကြောင်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါ သည်။ အချို့လူများသည် ဤပျော်နည်းကား ငါးပါးသီလထဲတွင် မပါ ဟုဆိုကာ အလေးဂရုမပြုဘဲရှိကြ၏။ ကျွန်ုပ်၏ အပေါင်းအသင်းများ အနက်မှ ကိုယ်တွေ့ကိုဖော်ပြရသော် အထိုက်အလျောက်အတော်အတန် ပျော်ပါးခြင်းတူခဲ့လျှင် လိင်နှင့်ဆိုင်သောပျော်ပါးနည်းသည် မူးယစ် သောက်စားပျော်ပါးနည်းထက် အသက်တိုခြင်းကို တွေ့ရပါသည်။။အနာရောဂါထူပြောခြင်းအကြောင်းကိုမူကား ဆရာဝန်တိုင်းသိကြပြီး ဖြစ်ပေလိမ့်မည်။ ပျော်ချင်တတ်သူတစ်ယောက်ဖြစ်ပါလျက် ဤပျော် နည်းကို ကြောက်တတ်ခြင်းသည် ကျွန်ုပ်အဖို့ရာ၌ အနာရောဂါကင်း၍ အသက်ရှည်စေဖို့ကံပါသောကြောင့် ဖြစ်လေမည်လောဟု တွေးတောမိ ပါသည်။။တစ်ညအတွင်း နည်းမျိုးစုံပျော်ခြင်း။ကျွန်ုပ်၏အဘိုးက "ယောက်ျားဆိုလျှင် စုံရမည်" ဟု ပြောဖူးခြင်း သည် ကျွန်ုပ်၏နားထဲ၌စွဲလျက်ရှိပုံကို ဖော်ပြခဲ့ဖူးရာ လူအဖြစ်နှင့် ဇိမ်ခံမှု သို့မဟုတ် ကျေနပ်မှုအမျိုးမျိုးကို လက်လှမ်းမီသမျှ အတော် စုံလင်အောင် ခံစားဖို့ကြိုးစားခဲ့ဖူး၏။ ကျန်းမာရေးအတွက် လှေလှော်ခြင်း၊ ကြက်တောင်ရိုက်ကစားခြင်း၊ ခြင်းလုံးခတ်ခြင်း စသောပျော်နည်းမျိုး၊ မြင်းစီးခြင်း၊ ဆင်စီးခြင်း၊ ကျားစောင့်ခြင်း စသော ပျော်နည်းမျိုး၊ဖဲကစားခြင်း၊ လေးကောင်ဂျင်ထိုးခြင်း၊ အနီထောင်ထိုးခြင်း စသည့် ရင်ခုန်ရသော ပျော်နည်းမျိုးတို့လည်း အတော်စုံခဲ့ပါပြီ။ တရားအား ထုတ်ခြင်းအားဖြင့် အတော်အတန်လူများမခံစားခဲ့ရသည့် ပီတိ အကြီးစားနှင့် စိတ်၏ ငြိမ်းချမ်းကြည်လင်ခြင်းကိုလည်း ခံစားခဲ့ရဖူးပါပြီ။ အထက်ပါ ကျေနပ်စွာ ခံစားမှုများအပြင် ဖော်ပြခဲ့သည့် မိတ်ဆွေများနှင့် မူးယစ်သောက်စားမှုဘက်တွင် တစ်ထိုင်တည်းနှင့် အမျိုးစုံအောင်ခံစား ဖူးခြင်းမှာလည်း အတော်အတန်လူများခံစားဖို့ စိတ်ကူးမရနိုင်လောက် အောင် စုံလင်လှပါ၏။ ကိုသိန်းဖေအား ဟိုတယ်သို့ခေါ်သွား၍ ပုလင်း ထောင်ပေးထားပြီး ကိုခင်မောင်တင့်နှင့် ဘိလိယက်ထိုးကြပြီးနောက် တရုတ်ဟိုတယ်၌ ကျွေးမွေးပြုစုခြင်းမှာ အတော်ပျော်စရာကောင်းပါ၏။ သို့သော် ကိုသိန်းဖေကား ဤမျှလောက်နှင့် ရန်ကုန်သို့ လာရကျိုးမနပ် သေးဟုဆို၏။ ဤတွင် ကျွန်ုပ်သည် ပီမိုးနင်းနှင့်အစီအစဉ်လုပ်ရပြန်သည်။ တစ်ည၌ ကျွန်ုပ်သည် ကိုသိန်းဖေအား ပီမိုးနင်း၏နေအိမ်သို့ ခေါ်သွား၍ သူ၏သားကလေးအား ဘီယာလေးပုလင်းဝယ်ခိုင်း၏။ ပီမိုး နင်းနှင့်ကျွန်ုပ်မှာ တစ်ပုလင်းစီသာသောက်ကြသော်လည်း လောဘကြီး သော ကိုသိန်းဖေအတွက် နှစ်ပုလင်းဝယ်ရခြင်းဖြစ်လေသည်။ ဘီယာ ပုလင်းများပြောင်၍ ပြောကောင်းဆိုကောင်းအခြေအနေသို့ရောက်ကြသည်တွင် ကျွန်ုပ်တို့သည် တရုတ်တန်းဘက်သို့ ဓာတ်ရထားနှင့် ထွက် လာကြ၏။ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် ပီမိုးနင်းအား သဘာပတိ တင်မြှောက်ပြီး ကျွန်ုပ်က ဘဏ္ဍာထိန်း (အသုံးတော်ခံ) တာဝန်ကိုယူပါ သည်။ ကိုသိန်းဖေက တွဲဖက်ဘဏ္ဍာထိန်းလုပ်ပါရစေဟုပြောသော် လည်း ကျွန်ုပ်က ဤညအဖို့မှာ လုံးဝတာဝန်ယူရမှ ကျေနပ်နိုင်မည်ဟု အတိုက်အခံပြောယူရပါသည်။။ပီမိုးနင်းသည် ယင်းရပ်ကွက်၌ အသိအကျွမ်းပေါများသူဖြစ်၍ ဘိန်းခန်းတစ်ခန်းသို့ဝင်ပြီးလျှင်သီးသန့်ထားသောအထက်သို့ ခေါ်သွား၍ ဝါးကိုအပြားလိုက်ထုထားသည့် တရုတ်ဖျာပေါ်၌ နေရာယူ ကြ၏။ ခေါင်းအုံးများမှာ စဉ့်ကိုကြွေရည်သုတ်ထားသည့် လေးထောင့် ပုံသဏ္ဌာန်ဖြစ်ကြ၏။ လက်ဖက်ရည်ကြမ်းအိုးနှင့်ပန်းကန်များလည်း အသင့်ရှိကြသည်။ ပေါက်ဖော်တစ်ယောက်က ထိုးပေးသည့် 'ပြောင်း' ကို စကားတပြောပြောနှင့် တစ်ယောက်တစ်လှည့် 'ရှူ' ကြရာ အတော် ကလေး 'ဖိန်း' လာသောအခါ၌ ကိုသိန်းဖေက 'အဖိန်း' ပြေအောင် ဘီယာ သောက်ချင်သည်ဆို၍ ဘီယာသုံးပုလင်းဝယ်ခိုင်း၏။ စားစရာအဖို့မူ ကဏန်းပေါင်းများမှာလိုက်၏။ အလှည့်ကျသူကရှူလျက်ရှိစဉ် ကျန် နှစ်ယောက်တို့က ဘီယာသောက်ရင်း ကဏန်းလက်မများကို ဖဲ့ယူစုပ် ရသည်မှာ ဇိမ်တစ်ခုဖြစ်၏။ ဘီယာက 'ယစ်' ၍ ဘိန်းက 'ဖိန်း' စေသဖြင့် ဇိမ်နှစ်မျိုးခံစားလျက်ရှိကြစဉ် သဘာပတိပီမိုးနင်းက 'ကုတ်ကင်း' ပွတ်ကြဖို့ အကြံပေးသည်နှင့် ဘဏ္ဍာထိန်းဖြစ်သော ကျွန်ုပ်က ကုတ် ကင်း (မတ်ထုပ်) သုံးထုပ်ဝယ်ယူလိုက်၏။ (ကုတ်ကင်းမှာ ဘိန်းခန်း၌ပင် ရောင်းသည်။) ကိုသိန်းဖေအဖို့မှာ 'ကုတ်ကင်း' သည် အထူးအဆန်းဖြစ် ၍ အလွန်ရွှင်ပျလာခြင်းအားဖြင့် သူ၏ကျေနပ်ခြင်းကို ဖော်ပြသည်။ ကုတ်ကင်းပွတ်ကြစဉ် ပီမိုးနင်းနှင့် ကျွန်ုပ်သည် ကိုသိန်းဖေ၏အမူအရာ ကို စောင့်ကြည့်ကာ အကဲခတ်လျက်ရှိကြရာ ဘိန်း၏ဖိန်းခြင်း၊ ဘီယာ ၏ယစ်ခြင်းတို့ကြောင့် အတော်အတန်မျှလောက်သာ စကားပြောသေး သော ကိုသိန်းဖေသည် ကုတ်ကင်းထုပ်တစ်ဝက်ခန့် ဝင်သွားသောအခါ ၌ကား ကျွန်ုပ်တို့အထဲတွင် စကားအများဆုံးလူတစ်ယောက်ဖြစ်လာ ခဲ့လေပြီ။ ကျွန်ုပ်တို့လည်း စကားများချင်ကြပါ၏။ သို့သော် ကိုသိန်းဖေ ၏အမူအရာပြောင်းလဲခြင်းကို သိလိုကြသည်နှင့် သတိထား၍ထိန်းထား ကြခြင်းဖြစ်လေသည်။။ကျွန်ုပ်၏ သတိကောင်းခြင်းတစ်ချက်။"ဘယ်မှာလဲဗျာ၊ခင်ဗျားတို့ကုတ်ကင်းကဘာမှလည်းမဖြစ်ပါဘဲ လားဗျ"ဟု ကိုသိန်းဖေကပြောလိုက်ရာ ကျွန်ုပ်တို့က ရယ်လိုက်ကြ၏။ "ဘာရယ်ကြတာလဲဗျ"ဟု သူက ပြန်မေးရာ ပီမိုးနင်းက "ခင်ဗျားကို ကျွန်တော် တွေ့ရကတည်းက ဒီလောက်စကားပြောတာ တစ်ခါမှမတွေ့ ရဖူးဘူး"ဟု ပြောလိုက်သည်တွင်မှ သူ့ဟာသူ ရပ်တန့်စဉ်းစားပြီး "ဟုတ် တယ်ဗျို့"ဟုဆိုရာ ရယ်မောလေသည်။ ကိုသိန်းဖေကား လူဆန်းတစ်ယောက်ဖြစ်၏။ စကားနည်းသူတစ်ယောက်ကားမဟုတ်။ လူသွက် တစ်ယောက်ဖြစ်၏။ သို့ရာတွင် အရက်သောက်ကြသောအခါများ၌ အခြားလူများသည် အူရွှင်သည့်အလျောက် စကားများလာတတ်ကြ ပေရာ ကိုသိန်းဖေမူကား ဘယ်မျှလောက်သောက်သည်ဖြစ်စေ နဂို အတိုင်း မှန်မှန်သာ ပြောတတ်သူတစ်ယောက် ဖြစ်လေသည်။ သို့ဖြစ်၍ ပီမိုးနင်းက စကားများလာသည်ဟု ပြောလိုက်သောအခါ ချက်ချင်း နားလည်၍ ရယ်မောကာ ဝန်ခံလေသည်။။ကိုသိန်းဖေ၌ ကျွန်ုပ်သဘောကျသော အချက်အလက်များအနက် ဤဝန်ခံလွယ်သောအချက်သည်တစ်ခုအပါအဝင်ဖြစ်လေသည်။ (တစ်ခါတစ်ရံတွင် တောင်းပန်၍မရဘဲ အများကြီးသောက်ချင်တတ် သောဝါသနာကိုမူ ကျွန်ုပ်သဘောမကျချေ။ သို့ရာတွင် ထိုအဖြစ်မျိုး ကား နည်းပါးလှပါသည်။) မလင်းတလင်းရှိအောင် တမင်တကာ စီမံထား သော အခန်းလေးထဲ၌ (အရှူသမားများသည် ထိန်ထိန်လင်းသော အလင်းရောင်မျိုးကို မကြိုက်) ) ဘီယာ၏ယစ်ခြင်း၊ ဘိန်း၏ဖိန်းခြင်း၊ ကုတ်ကင်း၏တက်ကြွခြင်း၊ ကဏန်း၏စုပ်ဝါး၍ကောင်းခြင်းတည်းဟူ သော ဇိမ်အမျိုးမျိုးတို့ကိုခံစားရင်း စိတ်ဝင်စားဖွယ် ကိုယ်တွေ့အဖြစ် အပျက်များအကြောင်းကို တစ်ယောက်တစ်လှည့်ပြောပြရခြင်းမှာ လူ့ ဘဝ၌တွေ့ကြုံရခဲလှသော ကာမဂုဏ်ဇိမ်ကြီးတစ်မျိုးပေတည်းဟု ကျွန်ုပ်ခဏခဏသတိရမိပါသည်။ ထိုကဲ့သို့ သတိရသည့်အခါတိုင်း လည်း 'ငါသည် ယခုအချိန်၌ အလွန်ပျော်လျက်ရှိသည်။ တစ်နေ့သော် ဤအပျော်မျိုးကိုစွန့်လွှတ်၍ လွတ်မြောက်ရေးအတွက် ကြိုးစားအား ထုတ်ရဦးမည့်တာဝန်ကြီးရှိချေသေးသည်တကား' ဟူသော စိတ် အကြံသည် ဖြစ်ပေါ်လာတတ်သည်ချည်းဖြစ်ပါသည်။ တခြားသော အချိန်များ၌ မေ့ချင်မေ့မည်။ အပျော်ကြူးသောအချိန်များ၌မူကား သတိရမြဲဖြစ်သောကြောင့် မိမိ၏သတိကောင်းခြင်းမှ ဟုတ်ပါလေစ၊ တစ်စုံတစ်ယောက်က သတိပေးနှိုးဆော်ခြင်းဖြစ်လေသလောဟူ၍ပင် စဉ်းစားမိပါသည်။။ပျော်တော်ဆက်ကြပြန်ခြင်း။ကျွန်ုပ်တို့၏ ပျော်ပါးမှုကား ဤမျှနှင့် ပြီးဆုံးသေးသည်မဟုတ်ချေ။ အခန်းမှ ထွက်လာကြသောအခါ ၁၂ နာရီကျော်ပြီဖြစ်ရာ "ကျေနပ်ပြီ လား"ဟု ပီမိုးနင်းကမေးရာတွင် "ဒီပြင်ဘာများရှိသေးသလဲ"ဟု ကိုသိန်းဖေက ပြန်၍မေး၏။ ဤတွင် ပီမိုးနင်းသည် ကွမ်းယာဆိုင် တစ်ဆိုင်သို့ ချဉ်းကပ်၍ ဆိုင်ရှင်ကုလားအား တီးတိုးမေးရာ ကုလားက အထုပ်ကလေးတစ်ထုပ်ပေး၍ကျွန်ုပ်ကပိုက်ဆံတစ်မတ်ပေးလိုက် ရ၏။ ထို့နောက် ဘဲကင်တစ်ကောင်ဝယ်ဖို့ပြောသဖြင့် ကျွန်ုပ်က ဝယ်ခဲ့ ရ၏။ ဤမှတစ်ဖန် မဂိုလမ်းသို့ ခြေကျင်လျှောက်သွား၍ ဖာလူဒါဆိုင် သို့ ဝင်ကြပြီးလျှင် နို့သုံးခွက်မှာယူ၏။ ဤအတောအတွင်း ပီမိုးနင်း သည် အထုပ်ကလေးကိုဖြေ၍ အတွင်း၌ရှိသော သစ်ရွက်ခြောက် ကလေးများကိုလက်ဖဝါးပေါ်တွင်တင်ကာ ရေအနည်းငယ်ထည့်၍ နယ်ခြေတော့သည်။ ထို့နောက် ကျွန်ုပ်တို့အား သုံးပုံတစ်ပုံမျှစီ ခွဲဝေ ပေး၍ ပါးစပ်ထဲသို့သွင်းကာ ညက်ညက်ပါအောင် ဝါးစေပြီးမှ နို့တစ်ခွက်စီ သောက်ချေ၏။။ဆက်လက်ဖော်ပြပါမည်။
null
null
Sun, 05/18/2025 - 13:03
mwd_webportal
https://www.myawady.net.mm/node/69296
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသောCRPH၊NUGနှင့်၎င်းတို့၏လက်ဝေခံများ၏လှုံ့ဆော်၊ဝါဒဖြန့်ခြင်းများအားလိုက်ပါလုပ်ဆောင်ခြင်း၊အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအားဖော်ထုတ် အရေးယူ။နေပြည်တော် မေ ၁၇။အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။။ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ် ကာ လူမှု ကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Pan Dar” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ကေသီခိုင် အား ည ၈ နာရီခွဲတွင် ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…10225013_16.jpeg
Sun, 05/18/2025 - 13:23
mwd_webportal
https://www.myawady.net.mm/node/69297
ဖန်သားပြင်အောက်ထည့်ကင်မရာပါ ပါဝင်လာနိုင်တဲ့ iPhone ခေါက်ဖုန်း
ဖန်သားပြင်အောက်ထည့်ကင်မရာပါ ပါဝင်လာနိုင်တဲ့iPhone ခေါက်ဖုန်း။Apple ကုမ္ပဏီက သူတို့အနေနဲ့ခေါက်ဖုန်းတွေ ကိုထုတ်လုပ်ဖို့ပြင်ဆင်နေတယ်ဆိုတာ အားလုံးသိ ပြီးဖြစ်မှာပါ။ အဲဒီခေါက်ဖုန်းတွေကလည်း ၂၀၂၆ ခုနှစ် နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၇ ခုနှစ်နှောင်းပိုင်း ကာလမှာ ထွက်ပေါ်လာဖို့ရှိနေတယ်လို့လည်း သိ ထားပါတယ်။ ဒီသတင်းက သာမန်ပါပဲ။ ဒါပေမဲ့ သာ မန်မဟုတ်တဲ့ သတင်းတစ်ခုကတော့ ဒီနေ့ထွက်ပေါ် လာပါတယ်။။အခုထွက်ပေါ်လာတဲ့ သတင်းကတော့ iPhone ခေါက်ဖုန်းမှာ ဖန်သားပြင်အောက် ထည့်ထားတဲ့ ရှေ့ဘက်ကင်မရာ ပါဝင်လာမယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့ဖန်သားပြင်က ခေါက်နိုင်တဲ့ ဖန်သားပြင်လည်း ဖြစ်လာမယ်။ အရင်လိုမျိုး ကင်မရာကိုအပေါ်မှာ တင်ထားတာမျိုး မဟုတ်တဲ့ အတွင်းပိုင်းကင်မရာလည်း ပါဝင်လာမယ်လို့ မျှော်မှန်းရပါတယ်။။အခုလိုမျိုး ခေါက်ဖုန်းဖြစ်လာတဲ့အတွက် ဖုန်းကို အသုံးပြုနိုင်ဖို့ လက်ဗွေစနစ်ကိုတော့ ဘေးဘက်မှာ ထည့်သွင်းပေးလာဖွယ် ရှိနေပါတယ်။ ဒါပေမဲ့လည်း Face ID ကတော့ ပျောက်သွားဖွယ် ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။။အခုထွက်ပေါ်လာတဲ့ ဖန်သားပြင်အရွယ်အစား ကိုကြည့်လိုက်ရင် အရင်ထွက်ပေါ်လာတဲ့ ရှေ့ပြေးဖန်သားပြင် အရွယ်အစားနဲ့ နှိုင်းယှဉ်ရင်တော့ အနည်း ငယ်သေးသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရုပ်ထွက်နဲ့အရွယ်အစား အချိုးကတော့ အရင်အတိုင်းပါပဲ။ လက်ရှိအချိန်မှာ iPhone ခေါက်ဖုန်းထွက်ရှိဖို့ ဆိုတာ အချိန်အားဖြင့်များစွာ လိုနေသေးတဲ့အတွက် ပြောင်းလဲမှုများလည်း ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/185222.jpg
Sun, 05/18/2025 - 19:31
admin_webportal
https://www.myawady.net.mm/node/69298
ပိုမိုလုံခြုံမှုရှိပြီး လိမ်ညာခံရမယ့်ဘေးကနေပါကင်းဝေးစေမယ့် Google ရဲ့ Android 16
ပိုမိုလုံခြုံမှုရှိပြီး လိမ်ညာခံရမယ့်ဘေးကနေပါကင်းဝေးစေမယ့်Google ရဲ့ Android 16။Google ကုမ္ပဏီက Android 16 ကို လာမယ့်လ မှာထုတ်ပေးသွားဖို့ရှိနေပါတယ်။ ဒီတစ်ခေါက်ထုတ် ပေးမယ့် Android 16 မှာတော့ Advanced Prote-ction Program လည်းပါဝင်မှာပါ။ ဒါကြောင့် And-roid 16 မှာပိုမိုမြင့်မားတဲ့ လုံခြုံရေး လုပ်ဆောင်ချက် တွေပါဝင်လာမယ်လို့ ဆိုပါတယ်။။Google အနေနဲ့ အခုလိုမျိုး Advanced Protec-tion Program ကိုဖော်ဆောင်ရတဲ့ရည်ရွယ်ချက်က Android စနစ်ရဲ့လုံခြုံရေးစနစ်ကို ပိုမိုမြှင့်တင်နိုင်စေ ဖို့နဲ့ Android ဖုန်းအသုံးပြုသူတွေ အနေနဲ့ လူလိမ် လူညာတွေဘေးကနေ ကင်းဝေးစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သတင်းထောက်တွေလို၊ အဆင့်မြင့်အရာရှိတွေလိုမျိုး ဖုန်းမှတစ်ဆင့်တိုက် ခိုက်ခြင်းခံရနိုင်ခြေများတဲ့ သူတွေရဲ့လုံခြုံရေးကို မြှင့်တင်ပေးဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ Google ကထုတ်ပြန်ထားပါတယ်။။ဒီစနစ်မှာပါဝင်တဲ့ အကောင်းဆုံးသော အပိုင်းက အဲဒီစနစ်ကြီးတစ်ခုလုံးပါပဲ။ ဘာကြောင့်လဲဆိုရင် Advanced Protection ကို စတင်အသုံးပြုလိုက်ပြီ ဆိုတာနဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေက စတင်အသက်ဝင် သွားတာကြောင့်ပါပဲ။ ဒီလိုမျိုးလုံခြုံရေး လုပ်ဆောင်ချက်စတင် အသက်ဝင်နိုင်စေဖို့အတွက် ခလုတ်လေးတစ်ခုကို နှိပ်လိုက်ရုံပဲလို့ဆိုပါတယ်။။ဒါပေမဲ့ ဒီစနစ်ကိုပိတ်ဖို့ ဆိုရင်တော့ တော်ရုံတန်ရုံပိတ်လို့ မရပါဘူး။ အသုံးပြုသူရဲ့ လျှို့ဝှက်နံပါတ်တွေလိုမျိုး လုံခြုံမှုအဆင့်အတန်းရှိတဲ့ အရာတွေကို လုပ်ဆောင်မှသာ ရမှာဖြစ်ပါတယ်။ ဒီအတွက် Google က အဆင့်မြှင့်တင် ထားတဲ့ AI နည်းပညာကိုတွဲဖက် အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/185223.jpg
Sun, 05/18/2025 - 19:33
admin_webportal
https://www.myawady.net.mm/node/69299
အစ္စရေးက ဂါဇာကို ဝေဟင်၊ မြေပြင်စစ်ဆင်ရေး ပြန်လည်စတင် ၊ ၂၄ နာရီအတွင်း သေဆုံးသူ ၁၄၆ ဦးရှိ
အစ္စရေးက ဂါဇာကို ဝေဟင်၊ မြေပြင်စစ်ဆင်ရေး ပြန်လည်စတင်၊ ၂၄ နာရီအတွင်း သေဆုံးသူ ၁၄၆ ဦးရှိ။အစ္စရေးက ဂါဇာကို ဝေဟင်၊ မြေပြင် စစ်ဆင်ရေးများဖြင့် တိုက်ခိုက်မှုများ ပြန်လည်စတင်နေပြီဖြစ်ရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ပြည်သူ ၁၄၆ ဦးသေဆုံးကြောင်းနှင့် ၄၅၉ ဦးဒဏ်ရာရရှိကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူများက မေလ ၁၇ ရက်တွင်ပြောသည်။။အစ္စရေးနှင့်ဟားမတ်တို့ကြား အပစ်အခတ်ရပ်စဲရေးသည် မတ်လတွင် ပျက်ပြားသွားပြီးနောက် မေလ ၁၅ ရက်မှစ၍ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်လာရာ လက်ရှိတိုက်ခိုက်မှုက လူသေဆုံးမှု အများဆုံးဖြစ်လာသည်။ ယခုနောက်ဆုံး ဝေဟင်၊ မြေပြင်ထိုးစစ်ကိုမူ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပင်လယ်ကွေ့နိုင်ငံများ ခရီးစဉ်အပြီးတွင် လုပ်ဆောင်လာခြင်းဖြစ်သည်။။“ညသန်းခေါင်လောက်ကစပြီး သေဆုံးသူ ၅၈ ဦးရဲ့ ရုပ်အလောင်းတွေကို လက်ခံ ရရှိပါတယ်။ ကျန်တဲ့သူ တော်တော်များများကတော့ အပျက်အစီးပုံအောက်မှာ ရှိနေဆဲပါ။ အခုလက်ရှိဆေးရုံထဲမှာဖြစ် နေတဲ့အခြေအနေက တကယ့်ကို ထိန်းမနိုင်သိမ်းမရပါဘဲ”ဟု ဂါဇာမြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံမှ ညွှန်ကြားရေးမှူး မာဝမ်အယ်ဆူတန်က ပြောသည်။။အစ္စရေးက ၎င်းတို့အနေဖြင့် ဂါဇာဒေသအတွင်း စစ်ဆင်ရေးနယ်မြေ ကိုချဲ့ထွင်သည့် အနေဖြင့် တိုက်ခိုက်မှုများ ကိုပိုမိုပြုလုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် စစ်ဆင်ရေးအရ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း မေလ ၁၇ ရက်တွင်ပြောထား သည်။။ဂါဇာဒေသအတွင်း အစ္စရေး၏ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဆေးရုံများတွင် ပျက်စီးမှုများစွာ ဖြစ်ပေါ်နေသည့်အပြင် အစ္စရေး၏ ပိတ်ဆို့ထားမှုကြောင့်လည်း ဆေးဝါးများပြတ်လပ်နေကြောင်း သိရသည်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/185231.jpg
Sun, 05/18/2025 - 19:37
admin_webportal
https://www.myawady.net.mm/node/69300
ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းဖြင့် အဆုံးမသတ်စေနိုင်ဟု တူကီယဲ သမ္မတပြော
ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းဖြင့် အဆုံးမသတ်စေနိုင်ဟု တူကီယဲ သမ္မတပြော။ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် အဆုံးမသတ်စေနိုင်ကြောင်းနှင့် ဆွေး နွေးမှုများ လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်ကြောင်း တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ပြောသည်။။“ပထမဆုံးအနေနဲ့ပြောချင်တာက စစ်ပွဲတစ်ပွဲကို အဆုံးသတ်စေချင်တယ်ဆိုရင် စစ်ဖြစ်နေတဲ့အဖွဲ့တွေအားလုံး လက်နက်ချပြီး သံတမန်ရေးနည်းအရ ဖြေရှင်းဖို့ကို ဦးတည်သွားရမှာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စတင်ရမှာပါ။ကျွန်တော်တို့ အနေနဲ့အလိုချင်ဆုံး ရည်မှန်းချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ နောက်ဆုံးရလဒ် ထွက်ပေါ်လာဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ စစ်ပွဲကြီးအဆုံးသတ် သည်အထိ ကြားဝင် ဖျန်ဖြေပေးသွားမှာပါ” ဟု အာဒိုဂန်ကပြောကြောင်း နိုင်ငံ ပိုင်သတင်းဌာနက မေလ ၁၇ ရက်တွင် ဖော်ပြထားသည်။။ရုရှားနှင့်ယူကရိန်းတို့ကြား သုံးနှစ်အတွင်း ပထမဆုံးတိုက်ရိုက်ဆွေးနွေးမှုကို မေလ ၁၆ ရက်တွင် အစ္စတန်ဘူမြို့၌ လုပ်ဆောင်ရာ နှစ်ဖက်သုံ့ပန်းများ လဲလှယ် ရန်နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူထားကြောင်းသိရသည်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/185232.jpg
Sun, 05/18/2025 - 19:39
admin_webportal
https://www.myawady.net.mm/node/69301
ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်ပွဲကျင်းပ
ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်ပွဲကျင်းပ။ရန်ကုန် မေ ၁၇။မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ပရိယတ္တိသာသနာပြု-မဟာဗုဒ္ဓဝင်ပြန့်ပွားရေး ဓမ္မဒါနအဖြစ် ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ကျင်းပရာ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဂုဏ်ထူးဆောင်ဆရာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ပူဇော်ခဲ့ကြသည်။။ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးတက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် အလှူရှင်များက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ သုတစုံလင်ဗုဒ္ဓဝင် အဖွဲ့ဗဟို၏ ဩဝါဒါစရိယ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂသာမိ မဟာထေရ်အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။။ယင်းနောက်မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာပဏ္ဍိတဘိက္ခုက ယနေ့ကျင်းပသည့်ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲအခမ်းအနား ဆိုင်ရာများကို လျှောက်ထားခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)၏ ဩဝါဒါစရိယ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အဖွင့်ဩဝါဒကထာ နာယူခဲ့ကြသည်။။ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဒွါဒသမအကြိမ် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲနှင့် စပ်လျဉ်း၍ ဝမ်းမြောက်ကြောင်းလျှောက်ထားပြီး သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ ကြီးတွင် ဝတ်ရုံဆင်မြန်းနိုင်ရန်အတွက် ဗဟိုအဖွဲ့ဝင်ဆရာတော်ကြီးများ၊ သံဃာတော်များအား သက်ဆိုင်ရာအလှူရှင်များက သင်္ကန်းများ ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။။ဆက်လက်ပြီး အလှူရှင်များက အလှူငွေများပေးအပ်ရာ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)နာယကဦးစိန်မော်၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။။ယင်းနောက် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို )ဂုဏ်ထူးဆောင်နာယက မနာပဒါယီကိုရီးယားဆရာတော် အရှင်ဝိစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/185241.jpg
Sun, 05/18/2025 - 19:43
admin_webportal
https://www.myawady.net.mm/node/69302
Professional Boxing Matches-5 ပြိုင်ပွဲ ရန်ကုန်မြို့၌ကျင်းပ
Professional Boxing Matches-5 ပြိုင်ပွဲ ရန်ကုန်မြို့၌ကျင်းပ။ရန်ကုန် မေ ၁၇။Myanmar Boxing Commission(MBC)မှ ကြီးမှူးကျင်းပသည့် Professional Boxing Matches-5 ပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။။ယင်းပြိုင်ပွဲတွင် လေးချီတွဲဆိုင်းခြောက်ဆိုင်းနှင့် ခြောက်ချီတွဲဆိုင်း တစ်ဆိုင်းပါဝင်ထိုးသတ်ကြရာ လေးချီပြိုင်ပွဲတွင် ဇိုင်းဒန့်အောင်နှင့် ရှင်းသန့်နိုင်တို့ပွဲတွင် ဒုတိယအချီ၌ ဇိုင်းဒန့်အောင်က အလဲထိုးဖြင့် အနိုင်ရရှိသည်။ ရဲဝဏ္ဏအောင်နှင့် ရဲရင့်တို့ပွဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ထိုးသတ် ကြသော်လည်း ဒိုင်ဆုံးဖြတ်ချက်ဖြင့် ရဲရင့်က အမှတ်ဖြင့်အနိုင်ရရှိသည်။။ထို့အတူ ကောင်းထက်ဇော်နှင့် ဟိန်းထွဋ်အောင်တို့ပွဲတွင်လည်း လက်ရည်တူ ထိုးသတ်ခဲ့ကြပြီး ပွဲအပြီးတွင် ဒိုင်ဆုံးဖြတ်ချက်ဖြင့် ဟိန်းထွဋ်အောင်က အနိုင်ရရှိသည်။ ရှိုင်းမင်းထွန်းနှင့် အားရောတို့ပွဲတွင် သူတစ်ခါကိုယ်တစ်လှည့်ဖြင့် နှစ်ဦးလုံးအကြိတ်အနယ်ထိုးသတ်ခဲ့ကြပြီး အနိုင်အရှုံး မပေါ်သည့်အတွက် ပူးတွဲသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။။လေးချီပြိုင်ပွဲ၏ အခြားပွဲစဉ်များဖြစ်သည့် မျိုးဝင်းနိုင်နှင့် ကျော်သူရတို့ပွဲစဉ်၌ မျိုးဝင်းနိုင်ကို လည်းကောင်း၊ သီဟအောင်နှင့် မျိုးခန့်ကျော်တို့ပွဲစဉ်၌ သီဟအောင်ကို လည်းကောင်း ဒိုင်သုံးဦးအနက်နှစ်ဦးက အနိုင်ပေးခဲ့ကြသည်။။ခြောက်ချီပြိုင်ပွဲတွင် ဇော်ဇော်နိုင်နှင့် အောင်လင်းသန့်တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပထမအချီနှင့် ဒုတိယအချီအထိ ဘတစ်ပြန်ကျားတစ်ပြန် အပြန်အလှန် ထိုးသတ်ခဲ့ကြသော်လည်း တတိယအချီတွင် ဇော်ဇော်နိုင်က တိုက်စစ်မြှင့်ကစားခဲ့ပြီး သူ၏လက်သီးတွဲလုံးများကြောင့် အောင်လင်းသန့်အမှတ်စဉ်နှစ်ကြိမ်ရေတွက်ခံရသည်။ ထို့နောက်ဆက်လက်ယှဉ်ပြိုင် ထိုးသတ်သော်လည်း အောင်လင်းသန့်မှာ ဇော်ဇော်နိုင်၏လက်သီးများကို ရှောင်တိမ်းကာကွယ်နိုင်စွမ်း မရှိသည့်အတွက် ဇော်ဇော်နိုင်အလဲထိုးဖြင့် အနိုင်ရရှိသွားသည်။။(MBC)၏ဆောင်ရွက်မှုဖြင့် WBC(ကမ္ဘာ့ဘောက်ဆင်ကောင်စီ)နှင့် OPBF(အာရှပစိဖိတ်ဘောက်ဆင်အဖွဲ့ချုပ်)တို့မ ှပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော် အလံပါဝင်လာပြီဖြစ်သည်။။အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မြန်မာဘောက်ဆင် ကော်မရှင်ကို ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းတွင် ပရော်ဖက်ရှင်နယ် ဘောက်ဆင်ပြိုင်ပွဲများ ကျင်းပခဲ့သည့်နည်းတူ ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျပန်ဘောက်ဆင်ကော်မရှင်၏ WBC ပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင်ကျင်းပသည့် OPBF ပြိုင်ပွဲများတွင်လည်း မြန်မာပရော်ဖက်ရှင်နယ် ဘောက်ဆင်သမားများ သွားရောက်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/185242.jpg
Sun, 05/18/2025 - 19:46
admin_webportal
https://www.myawady.net.mm/node/69303
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်။၁။ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့များ၏ အောက်ပါ ဖုန်းနံပါတ် များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-။(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး (နေပြည်တော်)။(၁) ဝ၆၇- ၃၄ဝ၄၉၁၁၊ ဝ၆၇- ၃၄ဝ၄၉၂၂၊ ဝ၆၇- ၃၄ဝ၄၉၃၃၊ ဝ၆၇-၃၄ဝ၄၉၄၄၊ ဝ၆၇-၃၄ဝ၄၉၅၅။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၁။(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ။(၁) ဝ၆၇-၄၅၅ဝ၄၈၈၊ ဝ၆၇-၄၅၅ဝ၄၉၉။(၂) မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၂။(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)။(၁)ဝ၇၁- ၂ဝ၃၂ဝ၉၁၊ ဝ၇၁- ၂ဝ၃၂ဝ၉၂။(၂)မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS)ဝ၉- ၂၅၅ဝဝ၂၅ဝ၇။(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)။(၁) ဝ၅၉- ၂ဝ၂၄ဝ၃၇၊ ဝ၅၉- ၂ဝ၂၄ဝ၃၈။(၂) မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၈။(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)။(၁) ဝ၅၂- ၂၂ဝ၁၉၃၉၊ ဝ၅၂- ၂၂ဝ၁၉၄၉။(၂) မိုဘိုင်းဖုန်းမှ စာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅ဝ၉။(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)။(၁)ဝ၆၃-၂ဝ၂၈၈၇၈၊ ဝ၆၃- ၂ဝ၂၈၈၇၉။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁ဝ။(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)။(၁)ဝ၂- ၄ဝ၂၁၂၄၅၊ ဝ၂- ၄ဝ၂၁၂၄၆။(၂)မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု(SMS) ဝ၉- ၂၅၅ဝဝ၂၅၁၁။(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)။(၁)ဝ၅၇ - ၂ဝ၂၇၉၃၅၊ ဝ၅၇- ၂ဝ၂၇၉၃၆။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၂။(စျ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)။(၁)ဝ၉- ၂၅၅ဝဝ၂၅၁၇၊ ဝ၉- ၂၅၅ဝဝ၂၅၁၈။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၃။(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)။(၁)ဝ၁- ၈၃ဝဝဝ၁၆၊ ဝ၁- ၈၃ဝဝဝ၁၇။(၂)မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၄။(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)။(၁)ဝ၈၁- ၂၁၂၄၅၄ဝ၊ ဝ၈၁- ၂၁၂၄၉၉၅။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန်(SMS)ဝ၉- ၂၅၅ဝဝ၂၅၁၅။(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)။(၁) ဝ၄၂- ၂ဝ၂၅၉၉၃၊ ဝ၄၂- ၂ဝ၂၅၉၉၄။(၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ဝ၉- ၂၅၅ဝဝ၂၅၁၆။၂။ စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်း မဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်း ဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။။ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့
ပြည်တွင်းသတင်း
https://www.myawady.net.…E1%80%B8--_6.jpg
Sun, 05/18/2025 - 19:57
admin_webportal
https://www.myawady.net.mm/node/69304
တရားမဝင် ကုန်သွယ်မှုသည် လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်
တရားမဝင် ကုန်သွယ်မှုသည် လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်။နေပြည်တော် မေ ၁၇။တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။။မေလ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ဆိပ်ကမ်း၌ကုန်သေတ္တာ (၁၈)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၂၁၅၉၅၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။မေလ ၁၆ ရက်တွင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်ပူးပေါင်း စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်နှင့် ကလေးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၉၀၀၀၀၀)ကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၈၅၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၈၈၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၀၁၉)တန်၊ သစ်မာ (သုည ဒသမ ၃၉၁)တန်၊ အခြားသစ် (၂ ဒသမ ၈၁၉)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၅၅၅၉)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကမာရွတ်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပလိပ်မြို့အထွက် UPG စက်ရုံအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်လူသုံးကုန်ပစ္စည်း (၁၃)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၈၆၁၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကျောက်ဆည်မြို့ရှောင်လမ်းအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၄၅၈၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး၊ Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၆၃၁၉၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၀၉၆၀၀၃၉)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်ခြင်းများကြောင့် တရားမဝင် ကုန်သွယ်မှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
မှူခင်းသတင်း
https://www.myawady.net.…files/185301.jpg
Sun, 05/18/2025 - 20:10
admin_webportal
https://www.myawady.net.mm/node/69307
ရေကြောင်းလူငယ်မောင်မယ်များ နေပြည်တော်ကောင်စီနယ်မြေရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ
ရေကြောင်းလူငယ်မောင်မယ်များ နေပြည်တော်ကောင်စီနယ်မြေရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ။နေပြည်တော် မေ ၁၈။နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်း စခန်း ၁၁ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦးတို့ သည် ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့သည်။။မွန်းလွဲပိုင်းတွင် ရေကြောင်းလူငယ်မောင်မယ်များသည် သူရဲကောင်းဗိမာန်သို့သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်းသတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…21-07-56-216.jpg
, 05/19/2025 - 08:02
mwd_webportal
https://www.myawady.net.mm/node/69308
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ။နေပြည်တော် မေ ၁၈။အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။။ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “U Soe Win” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာနေ နေစိုးဝင်းအား ည ၆ နာရီခွဲတွင် လယ်ဝေးမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…10225013_17.jpeg
, 05/19/2025 - 08:08
mwd_webportal
https://www.myawady.net.mm/node/69309
မိုးကြီးမည့်သတိပေးချက်
မိုးကြီးမည့်သတိပေးချက်။နေပြည်တော် မေ ၁၈။ယနေ့ညနေ ၄ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေဆက်လက် ဝင်ရောက်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း ယနေ့ညနေမှ မေလ ၂၀ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးမည်။။သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။။(မိုး/ဇလ)
မိုးလေဝသသတင်း
https://www.myawady.net.…/files/19511.jpg
, 05/19/2025 - 08:13
admin_webportal
https://www.myawady.net.mm/node/69310
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်
မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်။အယ်ဒီတာ့အာဘော်။(၂ဝ၂၅ ခုနှစ်၊ မေ ၁၉ ရက်)။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် နှစ်(၈၀)ပြည့်မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် မေလ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက် ခဲ့သည်။ ထိုသို့သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မေလ ၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Ararat Park ဟိုတယ်ခန်းမ၌ RT သတင်းဌာနအား လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့သည်။။အဆိုပါမေးမြန်းမှုများတွင် မြန်မာနှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေးမှာ အရှိန်အဟုန်နှင့် တိုးတက်နေပြီး စစ်ဘက်ရေးရာ နည်းပညာ အခန်းကဏ္ဍသာမက အခြားသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မေးမြန်းမှုများပါဝင်သည်။ နိုင်ငံတော်အကြီးအကဲက ပြန်လည်ဖြေကြားရာတွင် “ရုရှားနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်ကြောင်း၊ ကာကွယ်ရေး ကဏ္ဍတွင်သာမက သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ဥပဒေဆိုင်ရာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍစုံဆွေးနွေးခဲ့ကြောင်း၊ ပြီးခဲ့သော မတ်လခရီးစဉ်တွင် နျူကလီးယားနှင့် ပတ်သက်သော ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကိစ္စ၊ ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်ရေး အတွက် ရင်းနှီးမြှုပ်နှံမည့့််ကိစ္စများ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ သဘောတူညီချက်များ၊ ဆောင်ရွက်နေဆဲ၊ ဆောင်ရွက်မည့် နယ်ပယ်များလည်း ရှိကြောင်း”ပြန်လည်ဖြေကြားခဲ့သည်။။မြန်မာ-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သလို တစ်ဦးအကျိုးတစ်ဦးက လိုလားသည့်စိတ်ဖြင့် ဆက်ဆံကြသည့်အတွက် ဆက်ဆံရေး အထူးကောင်းမွန်လျက်ရှိသည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်လာသည်ကို ပြည်သူလူထု မျှော်လင့်ကြိုဆိုလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပါက လူငယ်လူရွယ်များ ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်ရခြင်းမျိုး ရှိတော့မည်မဟုတ်ပေ။ မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးသည့် နိုင်ငံသားတိုင်းက မြန်မာနိုင်ငံကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရောက်စေချင်သည်။ ထိုသို့တိုးတက် ကောင်းမွန်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဦးဆောင်ကြိုးပမ်းလျက်ရှိသည်။။ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နှစ် (၈၀)ပြည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲမှာ ဆိုဗီယက်ပြည်ထောင်စုရှိ ပြည်သူပြည်သားများက နာဇီနှင့်ဖက်ဆစ်တို့ကို တိုက်ထုတ်အောင်မြင်ခဲ့သည့် အောင်ပွဲကို အသိအမှတ် အထိမ်းအမှတ်ပြုလုပ်သည့် ပွဲကြီးတစ်ပွဲဖြစ်သည်။ အလွန်ထူးခြား လေးနက်သည့် ပွဲတစ်ပွဲဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံမှာလည်း ဖက်ဆစ်ဂျပန်များ၊ ၎င်းတို့နှင့် ဝင်ရိုးတန်း ဖက်ဆစ်နာဇီများ၊ ဂျာမနီနှင့် တစ်အုပ်စုတည်းဖြစ်သည့် ဖက်ဆစ်ဂျပန်များ၏ ဖိနှိပ်မှုဒဏ်ကိုလည်း မြန်မာပြည်သူတို့ ခံခဲ့ကြရသည်။ မြန်မာ့သမိုင်းတွင် မိမိတို့တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန် သက်စွန့် ကြိုးစား တိုက်ခိုက်ရသော တိုက်ခိုက်မှုတစ်ခုဖြစ်သည့်၊ တပ်မတော်နှင့်ပြည်သူ လက်တွဲတိုက်ခိုက်ခဲ့သည့် ဖက်ဆစ်တော်လှန်ရေး စတင်သောနေ့ကို တပ်မတော်နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ထားသည်။ မိမိနိုင်ငံနှင့် လူမျိုးအတွက် အလွန်တန်ဖိုးရှိသည့် တိုက်ပွဲတစ်ခုဖြစ်သည်။။ထိုသို့ တန်ဖိုးရှိလှသည့်တိုက်ပွဲမျိုးကို ဆိုဗီယက်ပြည်ထောင်စုက ဦးဆောင်ပြီး တိုက်ခိုက်ပေးခဲ့ခြင်းကြောင့် ကိုလိုနီအပြုခံ ဥရောပနိုင်ငံအချို့လည်း လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။ ဆိုဗီယက်တပ်များ အနေဖြင့် ဂျာမနီနိုင်ငံ အရှေ့ဘာလင်အထိ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် နှစ်(၈၀)ပြည့် မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ အခမ်းအနားမှာ မဟာဟူသောနာမဝိသေသ သတ်မှတ်ထိုက်သည့် အလွန် ထူးခြားသည့် ပွဲတစ်ပွဲဖြစ်သည်။ ကမ္ဘာပေါ်တွင် စစ်ပွဲများပေါ်လာခြင်းကို ကြည့်မည်ဆိုပါက ပထဝီနိုင်ငံရေးက အဓိကဖြစ်သည်။ ယခုချိန်ထိလည်း ပထဝီနိုင်ငံရေးကြောင့် နိုင်ငံကြီးများသည် နိုင်ငံငယ်များ သို့မဟုတ် တခြားနိုင်ငံများကို မျက်စောင်းထိုးနေကြသည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအစရှိသဖြင့် နယ်ပယ်ပေါင်းစုံတွင် ဖိအားများမျိုးစုံပေးလျက်ရှိသည်။။မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေး ကျင့်သုံးသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အာဆီယံပဋိညာဉ် အတိုင်း ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အဝ လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ ရုရှားနိုင်ငံသည် အာဆီယံအတွက်လည်း အရေးပါသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးကို ညှိနှိုင်းရေး တာဝန်ယူထားသည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံဖြစ်သည့် အတွက် ရုရှားနှင့်အာဆီယံ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနှင့်ရုရှား ဖက်ဒရေးရှင်း နှစ်နိုင်ငံ၏ နယ်ပယ်စုံပူးပေါင်း ဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း ရေးသား လိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…/files/19521.jpg
, 05/19/2025 - 08:24
admin_webportal
https://www.myawady.net.mm/node/69311
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ လျှော့ပေါ့ခွင့်ရသူများ
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ လျှော့ပေါ့ခွင့်ရသူများ။လျှော့ပေါ့ခွင့်။၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ လျှော့ပေါ့ခွင့်ပြုသူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-။(က) လျှောက်ထားသူ၏မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂ဝ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန် ကာလ၏ တစ်ဝက်အထိလျှော့ပေါ့ပေးနိုင်သည်။။(ခ) လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂ဝ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပါက လည်းကောင်း၊ အဆိုပါလျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏သုံးပုံတစ်ပုံအထိ လျှော့ပေါ့ပေးနိုင်သည်။။(ဂ) ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် ဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့ နောက်ပိုင်း ဆက်လက် တာဝန်ထမ်းဆောင်ရန် ကျန်ရှိသည့် ကာလအား လျှော့ပေါ့ပေးနိုင်သည်။
ပြည်တွင်းသတင်း
https://www.myawady.net.…%80%BA---_13.jpg
, 05/19/2025 - 08:26
admin_webportal
https://www.myawady.net.mm/node/69312
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပမည်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပမည်။ရန်ကုန် မေ ၁၈။ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်၍ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၂၄ ရက်တွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက် ရာဟုထောင့် အောင်မြေရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။။ရွှေသင်္ကန်းကပ်လှူပူဇော်မှု အနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်က ငှက်ပျောဖူး တော်ကိုရွှေပြားသင်္ကန်းဖြင့် စတင်ကပ် လှူပူဇော်ခဲ့ပြီး ၁၉၃၆ ခုနှစ်က ဒုတိယ ဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော် ခဲ့ကြောင်းနှင့် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ သုံးနှစ်လျှင်တစ်ကြိမ်၊ လေးနှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။။ထို့နောက် ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ လေးနှစ်လျှင်တစ်ကြိမ်၊ ငါးနှစ် လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ပြီး ယင်းကာလများအတွင်း သဘာဝဘေးအန္တရာယ် အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီး ခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူ ပူဇော်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကိုး။ကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းဖြစ်ကြောင်းနှင့် အလှူရှင်များအနေဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားနှင့် ပတ်သက်၍ သိရှိလိုပါက ဖုန်း- ၀၁၈-၃၇၅၇၆၇ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…iles/19531_0.jpg
, 05/19/2025 - 08:31
admin_webportal
https://www.myawady.net.mm/node/69313
ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း ပြည်ပသို့ ပျားရည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော်ရရှိ
ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း ပြည်ပသို့ ပျားရည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော်ရရှိ။ရန်ကုန် မေ ၁၈။ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော်ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရသည်။။ယခုဘဏ္ဍာနှစ်စဧပြီလအတွင်း ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၂၃၆ ဒသမ ၉၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော် ရရှိကြောင်း သိရသည်။။ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၉၆ ဒသမ၂၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၄၃၁၅ ဒေါ်လာရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၁၄၀ ဒသမ ၇ တန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၁၁၀၅၀ ဒေါ်လာရရှိခဲ့သည့်အတွက် စုစုပေါင်း မက်ထရစ်တန် ၂၃၆ ဒသမ ၉၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းရရှိခဲ့ကြောင်း သိရသည်။။ပျားရည်ကို ပြည်ပနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ အဓိက တင်ပို့လျက်ရှိကြောင်း ၊ ပျားရည်ထုတ်လုပ်မှု အနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက်ချီးပျားရည်ဟူ၍ ထုတ်လုပ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/19532.jpg
, 05/19/2025 - 08:34
admin_webportal
https://www.myawady.net.mm/node/69314
အမြို့မြို့အနယ်နယ်၌ သင်ကြားသင်ယူမှု လုပ်ငန်းများ ထိရောက်အောင်မြင်စေရေး ဘာသာရပ် စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်
အမြို့မြို့အနယ်နယ်၌ သင်ကြားသင်ယူမှု လုပ်ငန်းများ ထိရောက်အောင်မြင်စေရေး ဘာသာရပ် စွမ်းရည်မြှင့် သင်တန်းများ ဖွင့်လှစ်။မြိတ်မြို့။တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade-11 ) ဘာသာရပ်မွမ်းမ ံဆွေးနွေးပွဲကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ မေလ ၁၈ ရက်နံနက်ပိုင်းက ကျင်းပသည်။။ဆွေးနွေးပွဲကို မြိတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သင်ကြားသင်ယူမှု လုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာအထက်တန်း အဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်၍ ဘာသာရပ် မွမ်းမံဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်သည်။။ဆွေးနွေးပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးသန်းထိုက်က ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆွေးနွေးပွဲကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ဘာသာရပ်အလိုက် အတန်းအလိုက် ဆွေးနွေးကြမည် ဖြစ်သည်။။အဆိုပါဆွေးနွေးပွဲသို့ မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်မှ ၂၃၈ ဦး၊ ကျွန်းစုမြို့နယ်မှ ၁၄၇ ဦး၊ ပုလော မြို့နယ်မှ ၁၀၅ ဦး၊ တနင်္သာရီမြို့နယ်မှ ၃၅ ဦး စုစုပေါင်း ၅၂၅ ဦး တက်ရောက်ခဲ့ကြပြီး နည်းပြ ၃၅ ဦးက ဘာသာရပ်အလိုက် နံနက် ၉ နာရီမှညနေ၄ နာရီအထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။။ကြံခင်းမြို့။ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် လုပ်သက် ၁၀ နှစ်အောက် ဆရာ၊ ဆရာမများအား ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို မေလ ၁၈ ရက်နံနက် ၉ နာရီတွင် စတင်၍ သင်ကြားပို့ချပေးလျက်ရှိသည်။။အဆိုပါ စွမ်းရည်မြှင့်သင်တန်းတွင် ကြံခင်းမြို့နယ်အတွင်းရှိ လုပ်သက်၁၀ နှစ်အောက် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ တက်ရောက် သင်ကြားလျက်ရှိပြီး ထိုသို့သင်ကြားနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ပညာရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်ပညာရေးမှူး‌ ဒေါ်ဌေးဌေးတို့က လှည့်လည်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဘာသာရပ် ဆွေးနွေးနေမှုများကို ကြည့်ရှု အားပေးကြသည်။။ယင်းစွမ်းရည်မြှင့်သင်တန်းကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ပို့ချပေးသွားမည်ဖြစ်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းအဆင့် ဆရာ၊ ဆရာမ ၂၇၅ ဦး၊ နည်းပြ ၂၀ ဦးဖြင့် လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အလယ်တန်းဆင့် ဆရာ၊ ဆရာမ ၅၆ ဦး၊ နည်းပြ ၆ ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၃၃၁ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။။ဝါးခယ်မမြို့။ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စာရေးကုန်းရပ်ကွက် အထက(၁) ကျောင်း ဒေါ်ပိုက်မိခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲကို မေလ ၁၈ ရက်နံနက် ၁၁ နာရီခွဲတွင်ကျင်းပသည်။။ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်က ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံပြီး တက်ရောက်နိုင်ရေး၊ ဝါးခယ်မမြို့နယ်သို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ သူများထဲမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများရှိပါက အထက်ဌာနအဆင့်ဆင့်သို့ သတင်းပေးပို့တင်ပြပြီး ကျောင်းတက်ရောက်နိုင်ရေးအတွက် မိမိတို့တာဝန်ကျ ရပ်ကွက်၊ ကျေးရွာအလိုက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် အတူ ပူးပေါင်းစည်းရုံး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။။ထို့နောက် မြို့နယ်ပညာရေးမှူး နန်းစန်စွမ်းက စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအားရှင်းလင်းခဲ့ပြီး အထက (၂) ဝါးခယ်မတွင် အခြေခံပညာအလယ်တန်းအဆင့် ဆွေးနွေးပွဲကို လည်းကောင်း၊ မူလတန်းအဆင့် ဆွေးနွေးပွဲကို သင်တန်းသား၊ သင်တန်းသူ ၁၇၂၅ ဦးအား နည်းပြ ၁၀၈ ဦးဖြင့် အထက(၁) (ဝါးခယ်မ)၊ အထက (ရွှေလောင်း)၊ အထက (ကျုံမငေး) တို့တွင် မေလ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။။ကျိုက်ထိုမြို့။မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို မေလ ၁၈ ရက်နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။။ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပြီး ဒုတိယ ပညာရေးမှူး ဦးစိုးမိုးအေးက သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။။ဆက်လက်၍ သင်တန်းနည်းပြများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပြီး သင်ကြားရမည့် ဘာသာရပ်အား ရှင်းလင်းပြောကြားခဲ့သည်။။အဆိုပါသင်တန်းတွင်အလယ်တန်းအဆင့်အား နည်းပြ ၁၇ ဦးကသင်တန်းသား၊ သင်တန်းသူ ၆၉ ဦးအား မြန်မာစာ၊အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များကိုလည်း‌ကောင်းမူလတန်းအဆင့်အားနည်းပြ ၁၀ ဦးက Kgမှ(Grade1,2,3,4 )သင်ရိုးညွှန်းတမ်း ဘာသာရပ်များကိုလည်း‌ကောင်း မေလ ၁၈ ရက်မှ ၂၀ ရက်အထိ သင်ကြားဆွေးနွေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။။လှိုင်းဘွဲ့မြို့။ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နံနက် ၉ နာရီတွင် လှိုင်းဘွဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက အခြေခံပညာအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ကြောင်း သိရသည်။။အဆိုပါအခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်း၌ ဦးဆောင်ဆွေးနွေးသူ နည်းပြ ဆရာ၊ဆရာမ ၂၈ ဦး၊ ဆွေးနွေးကြမည့် ဆရာ၊ဆရာမ ၄၂၃ ဦးတို့က မူလတန်းအဆင့် KG တန်းမှ Grade-4 အထိ အတန်းလိုက် သင်ကြားပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ အလားတူအခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို လှိုင်းဘွဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဦးဆောင်ဆွေးနွေးသူ နည်းပြ ဆရာ၊ ဆရာမ ၁၂ ဦး၊ ဆွေးနွေးကြမည့် ဆရာ၊ ဆရာမ ၁၄၅ ဦးတို့က Grade-6 မှ Grade-9 အထိ သင်ကြားပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲကို မေလ ၁၈ ရက်မှ ၂၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထံမှ သိရသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…iles/19551_0.jpg
, 05/19/2025 - 08:52
admin_webportal
https://www.myawady.net.mm/node/69315
ငဖဲမြို့နယ်၌ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
ငဖဲမြို့နယ်၌ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ။ငဖဲ မေ ၁၈။မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေး ဝန်ထမ်းများအား သင်ကြားသင်ယူမှု စွမ်းရည်တိုးတက် မြင့်မားစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်း အဆင့် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည် မြှင့်ဆွေးနွေးပွဲကို မေလ ၁၈ ရက် တွင် ကျင်းပသည်။။ရှေးဦးစွာ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ မည့်စာသင်ခန်းအလိုက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာ၊ ဆရာမများက သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို ပြောကြားသည်။။အဆိုပါဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် အခြေခံပညာမူလတန်းအဆင့် နည်းပြဆရာ၊ ဆရာမ ၂၀ ဦးက KG မှ Grade-4 အထိ သင်တန်းသား ဆရာ၊ ဆရာမ ၂၆၂ ဦးနှင့် အခြေခံပညာအလယ် တန်းအဆင့် နည်းပြဆရာ၊ဆရာမခြောက်ဦးက Grade-6 မှ Grade-8 အထိ သင်တန်းသားဆရာ၊ ဆရာမ ၇၄ ဦး စုစုပေါင်း ၃၃၆ ဦးတို့အား သင်ရိုးညွှန်းတမ်းများအရ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချလျက်ရှိပြီး အဆိုပါ သင်တန်းကာလမှာ မေလ ၁၈ ရက်မှ ၂၀ ရက်အထိဖြစ်သည်။။ယခုကဲ့သို့သင်ကြားမည့် ဘာသာရပ်အလိုက် သင်ခန်းစာများ ဆွေးနွေးပေးခြင်းဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည် တိုးတက်မြင့်မားလာပြီးကျောင်းသား၊ ကျောင်းသူများ၏ သင်ယူမှု၊ လိုက်နာ မှတ်သားမှုနှင့် နားလည်မှုစွမ်းရည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…/files/19561.jpg
, 05/19/2025 - 09:01
admin_webportal
https://www.myawady.net.mm/node/69316
ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေနှင့်အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေး ကြေညာခြင်း
ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေနှင့်အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေး ကြေညာခြင်း။၁။ ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများ အနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများ ပါဝင်လှူဒါန်းနိုင်ပါသည်။။၂။ အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay, CB pay, AYA Pay, OK$, Wave Money တို့၏ QR များကို Scan ဖတ်၍ လည်းကောင်း၊ KBZ Pay QR code နံပါတ် 70157401001 သို့ လည်းကောင်း၊ Wave Money ဖြင့် လှူဒါန်းလိုပါက ဖုန်းနံပါတ်(၀၉-၂၅၅၀၀၁၅၄၂ နှင့် ၀၉-၂၅၅၀၀၁၅၄၃)တို့သို့ တိုက်ရိုက်ပေးသွင်း၍ လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ဗဟိုဘဏ်မှ ခွင့်ပြုထားသော မိမိနှစ်သက်ရာ မည်သည့် Digital Wallet သို့မဟုတ် ဘဏ် Mobile Application မှမဆို KBZ Pay MMQR နှင့် CB Pay MMQR၊ OK$ MMQR များကို Scan ဖတ်၍ လှူဒါန်းနိုင်ပါသည်။။၃။ ဘဏ်များမှ လှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်းအမှတ် OA-011834 ကိုဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-။(က) မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှ တစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်၊။(ခ) ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှ စာရင်းပြောင်း (Account transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။။၄။ ၎င်းအပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်း အမှတ် (EDN-600018)သို့လည်း အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-။(က) မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်း လှူဒါန်းနိုင်ပါသည်၊။( ခ) မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်း ရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်၊။( ဂ) ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများ အနေဖြင့် -။- SWIFT CODE- MYEBMMMY။- Beneficiary Name - Natural Disaster Management Fund။- Beneficiary A/C No - EDN-600018 သို့ လှူဒါန်းနိုင်ပါသည်။။၅။ အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ဆက်သွယ် မေးမြန်း လှူဒါန်းနိုင်ပါသည် -။၆။ အလှူပစ္စည်းများကို အောက်ပါအတိုင်း ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်ပါသည် -။(က) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။။( ခ) ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော်။။( ဂ) ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့။။(ဃ) ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅)လမ်း၊ ၃၄x ၃၅ ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။။အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ
ပြည်တွင်းသတင်း
https://www.myawady.net.…/files/19571.jpg
, 05/19/2025 - 09:16
admin_webportal
https://www.myawady.net.mm/node/69317
တစ်ပတ်တာ ကာလအတွင်း ငွေကျပ် ၁၀၈ သန်းကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင် သုံးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့
တစ်ပတ်တာ ကာလအတွင်း ငွေကျပ် ၁၀၈ သန်းကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင် သုံးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့။ရန်ကုန် မေ ၁၈။ရန်ကုန်စတော့အိတ်ချိန်း၌ မေလဒုတိယပတ် တစ်ပတ်တာ ကာလအတွင်း ငွေကျပ် ၁၀၈ သန်း ကျော်တန်ဖိုးရှိ စတော့ရှယ်ယာ အစောင် သုံးသောင်း ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။။ထိုသို့အရောင်းအဝယ်ပြုလုပ်ရာတွင် မေလ ၁၂ ရက်မှ ၁၆ ရက်အထိ တစ်ပတ်တာကာလအတွင်း ငွေကျပ် ၁၀၈၁၉၈၃၀၀ တန်ဖိုးရှိ စတော့ ရှယ်ယာ ၃၁‌၅၇၇ စောင် အရောင်းအဝယ် ပြုလုပ်နိုင်ခဲ့သည်။။တစ်ပတ်တာကာလအတွင်း FMI ကုမ္ပဏီမှ ငွေ ကျပ် ၂၉၀၄၇၅၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၄၂၇၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်တစ်ပတ်က ထက် အရောင်းအဝယ်မြင့်တက်ခဲ့သည်။။MTSH ကုမ္ပဏီမှ ငွေကျပ် ၅၂၇၉၉၀၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁၇၄၅၆ စောင် အရောင်းအဝယ်ဖြစ် ခဲ့ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ်မြင့် တက်ခဲ့သည်။။MCB ကုမ္ပဏီမှ ငွေကျပ် ၆၄၂၆၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၈၂ စောင်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ် မြင့်တက်ခဲ့ သည်။။FPB ကုမ္ပဏီမှ ငွေကျပ် ၃၁၈၉၆၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁၇၇၂ စောင် အရောင်းအဝယ်ဖြစ်ခဲ့ ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ်မြင့်တက်ခဲ့သည်။။TMH ကုမ္ပဏီမှ ငွေကျပ် ၁၁၁၉၄၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၃၈၆ စောင် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ် ကျဆင်းခဲ့သည်။။EFR ကုမ္ပဏီမှ ငွေကျပ် ၃၄၈၂၂၅၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၂၃၄၁ စောင် အရောင်းအဝယ်ဖြစ် ခဲ့ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ်မြင့် တက်ခဲ့သည်။။AMATA ကုမ္ပဏီမှ ငွေကျပ် ၉၅၀၉၀၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင် ၂၅၁၀ အရောင်းအဝယ် ဖြစ်ခဲ့ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ် မြင့်တက်ခဲ့သည်။။MAEX ကုမ္ပဏီမှ ငွေကျပ် ၈၄၀၈၉၅၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၂၇၅၄ စောင် အရောင်းအဝယ်ဖြစ် ခဲ့ရာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ်ကျဆင်းခဲ့သည်။။ယခုတစ်ပတ်အတွင်း ကုမ္ပဏီနှစ်ခုမှအပ ကျန်ကုမ္ပဏီခြောက်ခုမှာ ယခင်တစ်ပတ်ကထက် အရောင်း အဝယ်မြင့်တက်ခဲ့သဖြင့် စုစုပေါင်းစတော့ရှယ်ယာ ရောင်းချနိုင်မှုမှာ ယခင်တစ်ပတ်ကထက် အရောင်းအဝယ် မြင့်တက်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/195101_0.jpg
, 05/19/2025 - 09:30
admin_webportal
https://www.myawady.net.mm/node/69318
ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါလျှင်
ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါလျှင်။ဆောင်းပါးရှင်- ကိုကျော်စွာ(ကျိုက်ပိ)။မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံလျက် နိုင်ငံ့စီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်းသိရသည်။ စိုက်ပျိုးရေး၊မွေးမြူရေးဌာနအနေဖြင့်လည်းဆန်စပါးကဏ္ဍ၊ပဲမျိုးစုံနှင့်စက်မှုကုန်ကြမ်းကဏ္ဍဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံဖူလုံရေး စသည်ဖြင့် ကဏ္ဍအလိုက်ထုတ်လုပ်တင်ပို့နိုင်ရန်ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဂျုံ၊ ပြောင်း၊ ဆန်စပါးသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်းကောင်းစေရေးကိုလည်း အားပေးလျက်ရှိသည်။ ဆီထွက်သီးနှံမြေပဲကို တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း တင်း ၇၀ ထွက်ရှိရေး၊စနစ်တကျစိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မြင့်မားရေး၊ မြေပဲသီးနှံထုတ်လုပ်မှုမှ ဝင်ငွေပိုမိုရရှိရေးအတွက် ရည်ရွယ်စိုက်ပျိုးရန်ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့ကြောင့်စာရေးသူအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲကို ပန်းတိုင်အထွက်နှုန်းရရှိအောင်စိုက်ပျိုးမည်ဆိုပါက စနစ်တကျစိုက်ပျိုးရန်လိုအပ်သဖြင့် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည်ဆိုပါက သိသင့်၊ သိထိုက်သည်များကို လေ့လာတင်ပြပေးမည်ဖြစ်သည်။။မြေပဲအမျိုးအစားနှင့်မျိုးရွေးချယ်ခြင်း။မြေပဲမှာ အမျိုးအစားအားဖြင့် ပင်ထောင်မြေပဲနှင့်ပင်ပြန့်မြေပဲဟူ၍ နှစ်မျိုးရှိသည်။ ပင်ထောင်မြေပဲကိုမိုးဦးကျကျခြင်းစိုက်ပျိုးနိုင်အောင် သဲဆန်သောမြေများကို မတ်လလောက်ကတည်းကထယ်ရေးကြိုခံထားရသည်။ အနည်းငယ်စေးသောမြေမျိုးဖြစ်ပါက မတ်လနှင့်ဧပြီလလောက်တွင် ထယ်ရေးကြိုခံထားရသည်။ ထယ်ထိုးပြီးပြီဆိုလျှင် ထွန်ဖြင့်နှစ်စပ် (ခါ)၊ သုံးစပ် (ခါ) အထိ မွှေပေးရသည်။။ထို့နောက် စိုက်ကွင်းအတွင်းရှိ အမှိုက်များကို ရှင်းလင်းထားရသည်။ ပင်ထောင်မြေပဲကို မိုးဦးကျစိုက်ရာတွင် မိုးနည်းသောဒေသများမှာသာစိုက်ပျိုးကြသည်။ မြေပဲသည် ဥကိုအသုံးပြုရသဖြင့် မိုးများသောဒေသများ၌စိုက်ပျိုးပါက မြေကျပ်၍ ဥနှုန်းကောင်းမည်မဟုတ်ပါ။ စာရေးသူတို့ဒေသတွင် မိုးရာသီမှလွဲ၍ ကျန်ရာသီများတွင်စိုက်ပျိုးကြသည်။ မိုးဦးကျတွင် မိုးရေချိန် လက်မဝက်ခန့်တစ်ကြိမ်ရွာပါက စတင်စိုက်ပျိုးနိုင်သည်။ သို့သော် သတ်မှတ်မိုးရေချိန်ပြည့်မီခြင်းမရှိသေးပါက ပေါင်းမြက်ကလေးများရှင်းလင်းနေစေရန်၊ ထွန်ရေးပိုမိုကောင်းမွန်စေရန် ထွန်ရေး နှစ်စပ်(ခါ)၊ သုံးစပ်(ခါ)ခန့်ထပ်မွှေပေးရသည်။ မြေပဲကို ပင်ထောင်မြေပဲစိုက်ပျိုးခြင်း၊ ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ်စိုက်ပျိုးခြင်း စသည်ဖြင့်စိုက်ပျိုးလေ့ရှိကြသည်။ မြေပဲမျိုးကိုရွေးချယ်ရာတွင် ပန်းတိုင်အထွက်နှုန်းကို လျာထားရွေးချယ်သင့်သည်။ မြေပဲမျိုးရွေးချယ်ရာတွင် လုံးပိန်လုံးညှက်များကိုဖယ်ပစ်ရမည်။ လက်ရှိ စာရေးသူတို့မြန်မာနိုင်ငံတွင်စိုက်ပျိုးလျက်ရှိသော မြေပဲမျိုးများမှာ ဆင်းပဒေသာ ၇၊ ဆင်းပဒေသာ ၁၁၊ SP 121၊ တွန်တာနီ၊ မကွေး ၁၀၊ ၁၁၊ ၁၂ နှင့်ကျောင်းကုန်းပင်ပြန့်မျိုးတို့ဖြစ်သည်။။ရေမြေနှင့်ရာသီဥတု။မြေပဲစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေ၏မြေချဉ်ငန်ကိန်းသည် ၅ ဒသမ ၅ မှ ၇ အတွင်းရှိရမည်ဖြစ်သည်။ မြေပဲအကောင်းဆုံးဖြစ်ထွန်းသောမြေမှာ နုန်းမြေ၊ သဲမြေတို့ဖြစ်သည်။ အကောင်းဆုံးမြေမှာ မြေဆီလွှာသစ်ဆွေးဓာတ်အသင့်အတင့်ရှိသည့် သဲသမမြေပွအမျိုးအစားဖြစ်သည်။ ရွှံ့စေးမြေ၊ မြေနီမြေစေးနှင့် မြေနီကျောက်စရစ်တို့တွင် ဖြစ်ထွန်းမှုမရှိပေ။မြေပဲစိုက်ပျိုးရာတွင် စိုက်ပျိုးမြေသည် မှုန့်ညက်နေသည်။ အကောင်းဆုံးမြေမှုန့်ပေါင်းစပ်မှုနှုန်းမှာ သဲ၊ နုန်း၊ မြေစေး ၇၅: ၁၅:၁၀ နှုန်းဖြစ်သည်။ အပူချိန်အားဖြင်၂၅ မှ ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် မိုးရေချိန် ၂၅ မှ ၃၅ လက်မအတွင်းရွာသွန်းပါက ဖြစ်ထွန်း၍ အထွက်နှုန်းကောင်းသည်။ သို့သော်လည်း မိုးရေချိန် လက်မ ၄၀ကျော်လွန်ပြီး လက်မ၂၀ အောက်ကျပါက ဖြစ်ထွန်းမှုမရှိဘဲ အထွက်နှုန်းကျဆင်းစေသည်။ နွားထိုးကြီးမြို့နယ်တွင်မူ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ မြေပဲသီးနှံကို ရေသွင်း၊ ရေထုတ်လွယ်ကူသော မြေနီသဲဝန်းမြေမျိုးများမှာစိုက်ပျိုးကြသည်။မြေပဲစိုက်ပျိုးရာမှာလည်း သတ်မှတ်အရေအတွက်ရရှိရေး အတွက် တစ်ဧကကို အပင်အရေအတွက် ၁၀၄၅၄၄ ဝင်ဆံ့အောင် တန်းကြား ၁၅ လက်မနှင့် ပင်ကြား ၄ လက်မစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရသည်။ ထိုကဲ့သို့စိုက်ပျိုးခြင်းက ပန်းတိုင်အထွက်နှုန်းရရှိအောင် စနစ်တကျစိုက်ပျိုးခြင်းဖြစ်သည်။။မြေပဲစိုက်ပျိုးနည်း။မြေပဲစိုက်ပျိုးရာတွင် ပင်ထောင်စိုက်ပျိုးခြင်း၊ ပင်ပြန့်စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းစသည်ဖြင့်ရှိသည်။ မြေပဲသည် ပဲမျိုးရင်းဝင်ဖြစ်သဖြင့် ပဲမြစ်ဖုများထွက်ရှိပြီး လေထုအတွင်းမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်စေရန်အတွက် မြေပဲမျိုးကောင်းများကိုပဲမြစ်ဖုဇီဝမြေဩဇာနှင့်လူးနယ်ပြီးမှစိုက်ပျိုးသင့်သည်။။(၁) ပင်ထောင်စိုက်ပျိုးခြင်း- အများအားဖြင့် ပင်ထောင်မြေပဲကို မြစ်၊ ချောင်း၊ အင်း၊ အိုင်များဘေးရှိနေရာများမှာ ရေကျချိန်၌ စိုက်ပျိုးလေ့ရှိကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်မူ ဧရာဝတီမြစ်ဘေးတွင်စိုက်ပျိုးကြသည်ကိုတွေ့ဖူးသည်။ မြစ်ရေခန်းချိန်တွင် ထယ်ထိုးပေးရသည်။ ထယ်ထိုးခြင်း၊ ထယ်စာခဲခြေခြင်းကို သုံးကြိမ်ခန့်ပြုလုပ်ပေးရသည်။ ထယ်စာခဲများကိုခြေပြီး ကျမ်းတုံးဖြင့်အုပ်ထား(မြေပြန်ညှိ)ပေးရသည်။ မြေမှုန်ရရှိအောင် အနည်းဆုံး ထယ် ၁၀ စပ်(ခါ)မှ ၁၂ စပ်(ခါ)အထိထွန်ပေးရသည်။။မြေမှုန်ရသောအခါ ကျမ်းတုံးရိုက်(မြေပြန်ညှိ)ပေးပြီး ၁၅ လက်မအကွာ လေးသွားထွန်ဖြင့်အကြောင်းဆွဲပြီးမျိုးစေ့ချရသည်။ ပင်ထောင်မြေပဲကို စိုက်ပျိုးပြီး ၁၁၅ ရက်မှ ၁၂၀ ရက်အတွင်းနုတ်သိမ်းနိုင်သည်။။ထိုရက်များထက်နောက်ကျပါက မြေပဲများ အပင်ပြန်ပေါက်လာတတ်သည်။ မြေပဲများကို နုတ်ယူပြီးနှစ်ရက်ခန့်နေလှန်းကာ ဆွတ်ယူရသည်။ မြေပဲတောင့်များကိုမူ ငါးရက်ခန့်နေလှန်းပေးရသည်။။(၂) သီးထပ်စိုက်ပျိုးခြင်း- မြေပဲသီးထပ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသည်။ မိုးစပါးအပြီးတွင် စိုက်ပျိုးကြသည်။ အထူးသတိပြုရမည့်အချက်မှာ မြေပဲစိုက်ပျိုးမည့် လယ်မြေသည် ကောက်ကြီးစပါးစိုက်ပျိုးသောလယ်မြေမျိုးမဖြစ်စေရန် သတိပြုရမည်။ ကောက်လတ်နှင့်ကောက်လျင်စိုက်ပျိုးသောမြေမျိုးမှာစိုက်ပျိုးရမည်။ မြေပဲသီးထပ်စိုက်ပျိုးရန် လယ်မြေရှိစပါးကိုရိတ်သိမ်းရာတွင် အပင်ရင်းမှကပ်ရိတ်ပေးရမည်။ တချို့က ရိုးပြတ်များကိုမီးရှို့ပစ်ရမည်။ မီးရှို့ခြင်းကြောင့် မြေဆီလွှာပေါ်ရှိ အပင်အကျိုးပြုဗက်တီးရီးယားများသေကျေပျက်စီးသွားကြသည်။ ထို့ကြောင့် ရိုးပြတ်များကို အောက်ခံမြေဆွေးအဖြစ် မြေကြီးအတွင်းထည့်၍အသုံးပြုသင့်သည်။ ထို့နောက် မြေအစိုအခြောက်ပေါ်မူတည်၍ ထွန်လေးစပ်(ခါ)မှရှစ်စပ်(ခါ)အထိ မွှေပေးရသည်။။သီးထပ်စိုက်မြေသည် အထူးသဖြင့် မြေစေးဆန်သဖြင့်မြေမှုန့်ရရှိအောင်အထူးပြုလုပ်ပြီး ထယ်ကြောင်းနက်နက်ဆွဲပေးရမည်။ မြေမှုန့်ရရှိပါက သီးထပ်မြေပဲကို ခရုပတ်ပုံစံစိုက်ရသည်။ ထို့နောက် မြေဖုံးပေးရသည်။။(၃) ပင်ပြန့်မြေပဲစိုက်ပျိုးခြင်း - ပင်ပြန့်မြေပဲကိုအများအားဖြင့်ယာမြေနှင့်သဲအနည်းငယ်ဆန်သည့်ကုန်းမြေများတွင်စိုက်ပျိုးကြသည်။ သဲဆန်သောမြေမျိုးတွင် ၁၈ လက်မခြားစိုက်ရသည်။ ပင်ပြန့်မြေပဲကိုပေါင်တင်မစိုက်ရပေ။ မိုးဦးကျ မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးရပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလတို့တွင် ရိတ်သိမ်းရသည်။ ပင်ပြန့်မြေပဲကိုရိတ်သိမ်းရာတွင် အရင့်လွန်မှ နုတ်သိမ်းရသည်ကများသည်။။သတိပြုရမည့်အချက်မှာ နုတ်သိမ်းချိန်နောက်ကျပါက အပင်မပေါက်နိုင်ပါ။။အပင်ပြုစုထိန်းသိမ်းခြင်း။မြေပဲသီးနှံအပွင့်ဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပေါင်းမြက်ရှင်းလင်းပါက မြေပဲပွင့်များကိုထိခိုက်စေနိုင်သည်။။ထို့ကြောင့် ပေါင်းရှင်းပြီဆိုပါက စိုက်ပျိုးပြီး ရက်ပေါင်း၃၀ မှ ၃၅ ရက်အတွင်း ပေါင်းမြက်များကိုရှင်းလင်းပေးရမည်။ ထို့ပြင် အပင်သက်တမ်း ၄၅ ရက်နှင့် ၇၅ရက်သားတွင် အစိုဓာတ်လုံလောက်စွာရရှိရန်လိုသည်။ ထိုအချိန်သည် မြေပဲပင်ပန်းပွင့်ချိန်၊ အဆန်ဖြည့်တင်းချိန်များဖြစ်သောကြောင့်ဖြစ်သည်။။မြေဩဇာကျွေးခြင်း။မြေပဲစိုက်ပျိုးမည်ဆိုလျှင် မြေပြင်ချိန်မှာပင် အောက်ခံအဖြစ် သဘာဝမြေဩဇာဖြစ်သောနွားချေးမြေဆွေးကို တစ်ဧကလျှင် လှည်းခုနစ်စီး၊ ကွန်ပေါင်းတစ်အိတ်၊ ကျောက်မှုန့် ၂၅ ကီလိုနှစ်အိတ်ကိုထယ်ရေးပြင်ချိန်တွင် ထည့်ပေးရသည်။ ပင်ထောင်မြေပဲအတွက်မြေဩဇာချရန်မလိုပေ။ သီးထပ်မြေပဲမှာလည်းမြေဩဇာအသုံးမပြုကြဟုသိရသည်။ ပင်ထောင်မြေပဲကိုမူ မိုးကျခါနီးတစ်ဧကလျှင် နွားချေးလှည်းရှစ်စီးနှုန်းအထိချပေးပြီး ထွန်ဖြင့်မွှေပေးရသည်။။ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း။မြေပဲစိုက်ခင်းများတွင် အပင်ငယ်စဉ်အချိန်မှာ စုပ်စားပိုး၊ ရွက်လိပ်ပိုး၊ ကပ်ပိုးများကျရောက်တတ်သည်။ ထိုအခါ ပင်လုံးပြန့်ထိသေပိုးသတ်ဆေးကိုအသုံးပြုပေးရမည်။ ဖိုးလမင်းကျိုင်းနှင့်ခြများကျရောက်တတ်သောမြေမျိုးဖြစ်ပါက စိုက်ချိန်တွင် စိုက်ကြောင်းအတွင်း ပင်လုံးပြန့်ထိသေပိုးသတ်ဆေး။တစ်မျိုးမျိုးထည့်ပေးရမည်။ ထို့ပြင်ရာသီဥတုကြောင့်လည်း ပိုးကျတတ်သည်ကိုသတိပြုသင့်သည်။။မိုးခေါင်ပါက ပျပိုးကျရောက်တတ်သည်။ အရွက်ပေါ်တွင်လည်းကောင်း၊ ခေါင်ညွန့်တွင်လည်းကောင်း၊အရွက်ကိုင်းခွနေရာများတွင်လည်းကောင်း တွေ့ရတတ်သည်။ ထို့ပြင် မြေပဲပင်ခြေနှင့်မြေပဲတောင့်များကို ကိုက်ဖြတ်စားသောက်တတ်သော ပိုးတီကောင်မျိုးလည်းကျရောက်တတ်သည်။ ထိုသို့မဖြစ်အောင်အော်ဒရင်ဆေးရည်ကိုမြေပဲမစိုက်မီ ကြိုတင်ချထားရမည်။ရွက်ပြောက်ရောဂါလည်းကျရောက်တတ်သည်။ ရွက်ပြောက်ရောဂါကျရောက်ပါက အရွက်များမှာ အမဲစက်၊ အမဲကွက်များဖြစ်နေတတ်သည်။ ယင်းကိုကာကွယ်ရန်အတွက်ရောဂါမကျရောက်မီ တစ်ဧကလျှင် ကျောက်မှုန့်ငါးပြည်ကို ၁၅ ရက်ခြား လေးကြိမ်ထည့်ပေးရမည်။ထို့ပြင်မြေပဲစိုက်ပျိုးပြီး တစ်လအကြာ၌ဖြစ်တတ်သော ပင်ရင်းပုပ်ရောဂါကိုလည်း မြေပဲစိုက်တောင်သူများအနေဖြင့် အထူးသတိပြုသင့်သည်။ အထူးသတိပြုရမည့်အချက်မှာမြေပဲရောဂါကျရောက်တတ်သဖြင့်မှိုနှင့်ပိုးမွှားရောဂါကင်းစင်စေရန်အတွက် မြေပဲမျိုးဆန်အား မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်စိုက်ပျိုးရန်လိုသည်။။မြေပဲပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည့်အချက်များ။ယခုအခါ နိုင်ငံတော်အနေဖြင့် မြေပဲကို တစ်ဧက တင်း ၇၀ ရရှိအောင် ပန်းတိုင်ထားစိုက်ပျိုးရန်ရည်ရွယ်ပြီး စိုက်ပျိုးသူများကို အားပေးဆောင်ရွက်လျက်ရှိသည်။ တစ်ဧကကို တင်း ၇၀ ရရှိအောင်လုပ်ဆောင်သင့်သည့်လုပ်ငန်းများမှာ မိုးခေါင်သည့်ဒဏ်ကိုခံနိုင်သည့် မြေပဲစိုက်ခင်းမှမြေပဲကိုမျိုးအဖြစ်အသုံးမပြုရန်၊ မြေပဲမျိုးစေ့အဆန်သည် မနုလွန်း၊ မရင့်လွန်းသောအဆန်မဖြစ်စေရန်၊ အစေ့အခွံထိခိုက်သောအစေ့များအားဖယ်ရှားပြီးမျိုးစေ့ကိုအပင်ပေါက်နှုန်းစမ်းသပ်ပြီးမှစိုက်ပျိုးရန်၊ မြေပဲစိုက်ပျိုးမည့်အချိန်ကိုမှန်ကန်စွာရွေးချယ်ရန်၊ စိုက်ပျိုးမြေအမျိုးအစားရွေးချယ်ခြင်းနှင့်စနစ်တကျ မြေပြင်ရန်၊ ကယ်စီယမ်ဓာတ်အပြည့်အဝပါစေရန် အပင်သက်တမ်း ၄၅ ရက်သား၌ကျောက်မှုန့်သုံးထားသောစိုက်ကွက်မှမြေပဲကိုသာ မျိုးအဖြစ်အသုံးပြုရန်၊ မျိုးအဖြစ်ထားရှိမည့် စိုက်ခင်းအား ရိတ်သိမ်းချိန်နီးပါက ရေမသွင်းရန်၊ ရိတ်သိမ်းချိန်သည် စောလွန်း၊ နောက်ကျလွန်းခြင်းမဖြစ်စေရန် စသည့်သတ်မှတ်ချက်များအတိုင်း တိကျစွာလိုက်နာစိုက်ပျိုးမည်ဆိုပါက လျာထားသည့်အတိုင်း တစ်ဧက တင်း ၇၀ ပန်းတိုင်အထွက်နှုန်းကိုရရှိနိုင်မည်ဖြစ်သည်။။ရိတ်သိမ်းခြင်း သို့မဟုတ် မြေပဲဆွတ်ခြင်း။မြေပဲသည် ဥဥပြီး ရိတ်သိမ်းချိန် သို့မဟုတ် ဆွတ်ယူချိန်သက်တမ်းရောက်ပါက အရွက်များရင့်ဝါလာသည်။ ထိုအခါ စနစ်တကျရိတ်သိမ်းဖို့လိုသည်။ အထူးသဖြင့်မြေကျပ်သောအနေအထားမျိုးဖြစ်နေပါက အလေအလွင့်နည်းအောင်ဂရုစိုက်ရိတ်သိမ်းရမည်။မြေပဲကိုရိတ်သိမ်းခြွေယူပြီးနောက် စနစ်တကျနေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်သာကျန်သည်အထိ နေလှန်းပေးရသည်။သတ်မှတ်အစိုဓာတ်ထက်များနေပါက မြေပဲဆန်တွင်အယ်ဖာတောက်စင်မှိုတစ်မျိုးဖြစ်တတ်သည်။ထိုမှိုသည်ကင်ဆာဖြစ်စေနိုင်သည်။ ထိုမှိုဆိပ်မဖြစ်စေရန်နှင့်ကာကွယ်ရန် မြေပဲရိတ်သိမ်း၍ဆွတ်ယူရာတွင် အောက်ပါအချက်များကိုလိုက်နာရန်လိုသည်။ မြေပဲတောင့်များကိုမထိခိုက်အောင်ဆွတ်ယူရမည်။ ခြွေယူပြီးသီးတောင့်များကို တာပေါ်လင်စ သို့မဟုတ် ပလတ်စတစ်ခံ၍နေလှန်းရမည်။ နေလှန်းနေစဉ် မှိုတတ်နေသောသီးတောင့်များမပါအောင်ပြုလုပ်ရမည်။ပါလျှင်ဖယ်ပစ်ရမည်။မြေပဲဆန်များကိုသိုလှောင်ရာတွင် အရည်အသွေးမမီသောအဆန်များ၊ အမှိုက်သရိုက်များနှင့်ဖုန်သဲကင်းစင်ရမည်။ သတ်မှတ်အစိုဓာတ်ဖြစ်သော ခုနစ်ရာခိုင်နှုန်းအောက်မှာသာထားရှိပြီးသိုလှောင်ရမည်။ ဤအချက်များသည် မှိုဆိပ်မရှိအောင်စနစ်တကျရိတ်သိမ်းသိုလှောင်ရမည့်အချက်များပင်ဖြစ်သည်။။နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် မြေပဲသည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအပြင် ပြည်ပတင်ပို့နိုင်သည်အထိ မျှော်မှန်းစိုက်ပျိုးသင့်သော ဆီထွက်သီးနှံဖြစ်သည်။ မြေပဲမှမြေပဲဆီ၊ မြေပဲယို၊မြေပဲလှော်၊ ပဲဖတ်တို့ထုတ်လုပ်ရရှိသည်။ မြေပဲဆီသည် စျေးကွက်ဝင်ပြီး စျေးကောင်းလှသည်။မြေပဲဆီ ၁၀ ပိဿာတစ်ပုံးကို ယနေ့ကာလပေါက်စျေး ၁၉၀၀၀၀-၂၀၀၀၀၀ ခန့်ရှိသည်။ထို့ကြောင့်နိုင်ငံတော်ကမျှော်မှန်းထားသလို ပန်းတိုင်အထွက်နှုန်းရရှိပြီး မြေပဲစိုက်တောင်သူများအနေဖြင့်အကျိုးအမြတ်ရရှိစေရန်ရည်ရွယ်လျက် မြေပဲစိုက်ပျိုးရာတွင် သိထားသင့်သည်များကို လေ့လာတင်ပြလိုက်ပါသည်။ မြေပဲစိုက်ပျိုးဝင်ငွေတိုးကြပါစေ။ ။
null
null
, 05/19/2025 - 09:34
mwd_webportal
https://www.myawady.net.mm/node/69319
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအုပ် ၊ ဆရာ ၊ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအုပ် ၊ ဆရာ ၊ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ
ပညာရေးကဏ္ဍ
https://www.myawady.net.…les/195121_0.jpg
, 05/19/2025 - 09:36
admin_webportal
https://www.myawady.net.mm/node/69320
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိဘ အုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိဘ အုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်
ပညာရေးကဏ္ဍ
https://www.myawady.net.…les/195122_0.jpg
, 05/19/2025 - 09:36
admin_webportal
https://www.myawady.net.mm/node/69321
မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်ကျားမျိုးစိတ်များ ဝင်ရောက်ကျက်စား
မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်ကျားမျိုးစိတ်များ ဝင်ရောက်ကျက်စား။ရန်ကုန် မေ ၁၈။ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိသည့် မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ကမ္ဘာပေါ်၌ မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်ကျားမျိုးစိတ်ကောင်ရေ ၅၀၀ ခန့် ဝင်ရောက်ကျက်စားနေကြောင်း မိုးယွန်းကြီးအင်း ဘေးမဲ့တော အုပ်ချုပ်‌ရေးမှူးရုံးမှ သိရသည်။။“ ဒီနှစ်မှာ မုတ်သုံစောပြီး နွေအကုန်မိုးအကူးမှာ မိုးယွန်းကြီးအင်းကို မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ ငှက်ကျားကောင်ရေ ၅၀၀ နီးပါး ဝင်လာတာတွေ့ရပါတယ်။ အခုလိုတွေ့မြင်ရတာဟာ အင်းအတွက် ဝမ်းသာဂုဏ်ယူစရာပါ။ အခြားသောရေဝပ်ဒေသတွေမှာမရှိဘဲ မိုးယွန်းကြီးအင်းမှာပဲတွေ့ရတာပါ။ တစ်နှစ်ပတ်လုံး ဟိုနားဒီနား သုံးလေးကောင်တွေ့ရပေမယ့် ဒီလတွေမှာ အုပ်စုလိုက်ဝင်ရောက်တာကိုတွေ့ရပါတယ်။။အရှေ့တောင်အာရှဒေသရဲ့ ဌာနေငှက်မျိုးစိတ်ဖြစ်တဲ့အတွက် ကမ္ဘောဒီးယား၊ ထိုင်းနဲ့စင်ကာပူနိုင်ငံမှာတွေ့ရပြီး က‌မ္ဘောဒီးယားနိုင်ငံမှာ သားပေါက်တယ်လို့ ယူဆရပါတယ်။ အစာရေစာပေါများတဲ့ မိုးယွန်းကြီးအင်းကို အများဆုံးဝင်ရောက်တာဟာ ရေပျော်ငှက်တွေရဲ့သဘာဝအရ အစာရေစာပေါများတဲ့ ရေဝပ်ဒေသတွေကို သိရှိထားတာကြောင့် စားကျက်မြေပေါများတဲ့ မိုးယွန်းကြီးအင်းကို ဝင်ရောက်ကျက်စားတာဟာ ဂုဏ်ယူစရာပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ မျိုးသုဉ်းဖို့အန္တရာယ် ရှိနေတဲ့ ငှက်မျိုးစိတ်တွေ ဝင်ရောက်ကျက်စားတဲ့ မိုးယွန်းကြီးအင်း ဘေးမဲ့တော ရေရှည်တည်တံ့ဖို့အတွက် အားလုံးဝိုင်းဝန်း ထိန်းသိမ်းသွားဖို့လည်း လိုပါတယ်” ဟု မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ပြောသည်။။မြန်မာနိုင်ငံတွင်သဘာဝပတ်ဝန်းကျင် ကောင်းမွန်သော ရေဝပ်ဒေသတစ်ခုဖြစ်ပြီး ဌာနေငှက်များနှင့် ရေပျော်ငှက်များ ကျက်စားရာ မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၂ မျိုးသည် ရာသီအလိုက် ဝင်ရောက်ကျက်စားလျက်ရှိရာ အဆိုပါငှက်မျိုးစိတ်များတွင် ပါဝင်သည့် ငှက်ကျားမျိုးစိတ်များ ယခုလတွင် အုပ်စုလိုက် ဝင်ရောက် ကျက်စားနေခြင်းဖြစ်သည်။။မြန်မာနိုင်ငံတွင်ရှင်သန်ကျက်စားသည့် ခရုတုတ်ငှက်များသည် အင်းလေးကန်တွင် သားပေါက်၍ မိုးယွန်းကြီးအင်း အပါအဝင် ရေဝပ်ဒေသများသို့ လှည့်လည်ကျက်စားလေ့ရှိပြီး ငှက်ကြီးဝန်ပိုမျိုးစိတ်သည် သြဂုတ်လမှ စက်တင်ဘာလအထိ မိုးယွန်းကြီးအင်းအတွင်း ကျက်စားလေ့ရှိ၍ ငှက်ကျားမျိုးစိတ်သည် အင်းလေးကန်နှင့် အင်းတော်ကြီးကန်တွင် ကျက်စားလေ့မရှိဘဲ မိုးယွန်းကြီးအင်းသို့ ဝင်ရောက်ကျက်စားလေ့ရှိသည်။။ငှက်ကျားမျိုးစိတ်သည် ဥရောပတိုက်တွင် စပိန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂရိ၊ ဟော်လန်နိုင်ငံတို့တွင် ကျက်စားလေ့ရှိပြီး အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက်တွင်လည်း ကျက်စားလေ့ရှိ၍ အာရှတိုက်တွင် မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ တစ်ခုဖြစ်သော မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ အုပ်စုလိုက် ဝင်ရောက်ကျက်စားလေ့ရှိသည်။။မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ ငှက်ကျားမျိုးစိတ်များ ဧပြီလတွင် စတင်ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လဆန်းပိုင်းတွင် ပြန်လည်ထွက်ခွာလေ့ရှိကြောင်း၊ နွေနှင့်မိုးရာသီစပ်ကြား ကာလ၌ စပါးပင်များတွင်ကပ်နေသည့် ခရုများကို ခရုတုတ်ငှက်များကစားသုံးလေ့ရှိပြီး ရေစပ်စပ်ရှိသည့် လယ်ကွက်များ၌ ခုံးခရုများကို ငှက်ကျားမျိုးစိတ်များက စားသုံးလေ့ရှိရာ ယခုလပိုင်း တွင် ငှက်ကျားများအုပ်လိုက် ကျရောက် ကျက်စားခြင်းသည် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ အလှကို ပိုမိုပေါ်လွင်စေလျက် တောင်သူတို့၏ စပါးခင်းများကို ဖျက်ဆီးလေ့ရှိသည့် မိုးရာသီခရုများ၏ အန္တရာယ်ကိုလည်း လျော့ပါးစေလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/195151.jpg
, 05/19/2025 - 09:43
admin_webportal
https://www.myawady.net.mm/node/69322
လူမှုဆက်ဆံရေးဉာဏ်ရည် (Social Intelligence)
လူမှုဆက်ဆံရေးဉာဏ်ရည် (Social Intelligence)။ဆောင်းပါးရှင်-ဒေါက်တာဇေယျာဝင်း။လောကတွင် လူမှန်သမျှအတတ်ပညာတစ်ခုခုတတ်မြောက်ထားရန်လိုအပ်သည်။ အတတ်ပညာတတ်မြောက်မှသာ လောကအလယ် တင့်တောင့်တင့်တယ်ရပ်တည်နိုင်မည်။ သက်ဆိုင်ရာ အတတ်ပညာ၌ ကျွမ်းကျင်ပါက ပို၍တင့်တယ်အောင်မြင်နိုင်သည်။ တစ်ချိန်တည်းမှာပင် တစ်နေ့တခြား လူဦးရေတိုးပွားသည်နှင့်အမျှ လူနှင့်လူချင်း ပေါင်းသင်းဆက်ဆံရေးက အရေးပါလာသည်။ ပညာတတ်ရုံမျှနှင့်မပြီးသေး မအောင်မြင်နိုင်သေးပေ။ ယနေ့ခေတ်တွင် လူမှုဆက်ဆံရေးကိုနားလည်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်မှုသည် အရေးကြီးသော ပညာရပ်တစ်ခုဖြစ်သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူအချင်းချင်း ဆက်ဆံကြရာတွင် ထိရောက်စွာ ခံစားသိရှိအဓိပ္ပာယ်သိသိဖြင့် တုံ့ပြန်နိုင်မှုဖြစ်သည်။။အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများတည်ဆောက်ရန်၊ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် မတူကွဲပြားသော ပတ်ဝန်းကျင်များတွင်အောင်မြင်ရန် လူမှုဆက်ဆံရေးဉာဏ်ရည်က ကူညီပေးသည်။ ပညာရပ်ဆိုင်ရာ ဉာဏ်ရည် (IQ) သည် သိမှုဆိုင်ရာပြဿနာဖြေရှင်းမှုကို အာရုံစိုက်ပြီး လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) သည် စိတ်ခံစားမှုနှင့် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုကို အလေးပေးသည်။ အရိုးရှင်းဆုံးဆိုရပါမူ လူမှုဆက်ဆံရေးဉာဏ်ရည်သည် မိမိ၏ အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစု ဆွေမျိုးသားချင်းများအကြားတွင် တည်ရှိသော ရင်းနှီးဆက်သွယ်မှုကို ပြဿနာတစ်စုံတစ်ရာ မဖြစ်စေဘဲ ထိန်းသိမ်းထားရှိနိုင်ကာ ပေါင်းသင်းဆက်ဆံရေးကွန်ရက်ကို ကျယ်ပြန့်လာစေနိုင်သည့် အရည်အသွေးပင်ဖြစ်သည်။။လူမှုဆက်ဆံရေးဉာဏ်ရည်ဆိုသည်မှာ။လူမှုဆက်ဆံရေးဉာဏ်ရည်(Social Intelligence) ဆိုသည့်ဝေါဟာရကို ၁၉၂၀ ပြည့်နှစ်တွင် စိတ်ပညာရှင် Edward Thorndike ကစတင်အသုံးပြုခဲ့သည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ဟုဆိုရာတွင် ခန္ဓာကိုယ်အမူအရာ၊ မျက်နှာအမူအရာနှင့်အသံအနိမ့်အမြင့်ကဲ့သို့သော စကားလုံးမဟုတ်သည့်အချက်ပြမှုများကို အကဲခတ်နိုင်မှုနှင့် အခြားသူများ၏ ခံစားချက်နှင့် ရှုထောင့်များကို စာနာနိုင်မှု၊ မတူညီသော လူမှုအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူပြောင်းလဲနိုင်မှု၊ ရှင်းလင်းစွာဆက်သွယ်နိုင်မှုနှင့် အခြားသူများကို အပြုသဘောဆောင်စွာ လွှမ်းမိုးနိုင်မှု၊ လူမှုဆက်ဆံရေးတွင် သင့်လျော်စွာတုံ့ပြန်နိုင်ရန် စိတ်ခံစားမှုများကို စီမံခန့်ခွဲမှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပဋိပက္ခဖြေရှင်းနိုင်မှုမှတစ်ဆင့် ခိုင်မာသောဆက်ဆံရေးများတည်ဆောက်ထိန်းသိမ်းမှု စသည့်ဝိသေသများကို ရည်ညွှန်းလေ့ရှိကြသည်။။လူမှုဆက်ဆံရေးဉာဏ်ရည်၏ အစိတ်အပိုင်းများလူမှုဆက်ဆံရေးဉာဏ်ရည်၏ အဓိကအစိတ်အပိုင်းများအနေဖြင့် စာနာမှုရှိကာ အခြားသူများ၏ ခံစားချက်များကိုနားလည်ပြီး မျှဝေနိုင်မှုရှိခြင်း၊ တက်ကြွစွာနားထောင်တတ်ခြင်း၊ အခြားသူများ၏ ပြောဆိုချက်များကို အနှောင့်အယှက်မပေးဘဲ အမှန်တကယ် နားထောင်ခြင်း၊ ကွဲပြားခြားနားသော ပုဂ္ဂိုလ်များ/အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် အပြုအမူနှင့် ဆက်သွယ်ရေးပုံစံကို ပြောင်းလဲခြင်း၊ ခန္ဓာကိုယ်အမူအရာနှင့် မျက်လုံးချင်းဆက်သွယ်မှုများကို ထိရောက်စွာအဓိပ္ပာယ်ဖွင့်ဆိုပြီး လိုက်လျောညီထွေစွာတုံ့ပြန်တတ်ခြင်း၊လွှမ်းမိုးမှုနှင့် ဆွဲဆောင်မှုရှိခြင်း၊ ရှင်းလင်းသောဆက်သွယ်ရေးနှင့် စိတ်ခံစားမှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် အခြားသူများကို လှုံ့ဆော်နိုင်ခြင်း၊ ကိုယ်ပိုင်အသိဉာဏ်ကို အသုံးချ၍ ကိုယ့်စိတ်ခံစားမှု၊ ဘက်လိုက်မှုများမပါစေဘဲ အကြောင်းပြချက်များကို နားလည်ပြီး လူမှုဆက်ဆံရေးတွင်ပိုမိုထိန်းချုပ်နိုင်ခြင်း စသည့်အချက်များပါဝင်ကာ ၎င်းတို့ကိုသိရှိနားလည်အသုံးချနိုင်ရန်လိုသည်။။လူမှုဆက်ဆံရေးဉာဏ်ရည်၏ အရေးပါမှု။လူမှုဆက်ဆံရေးဉာဏ်ရည်သည် ပုဂ္ဂိုလ်ရေးနှင့် ပရော်ဖက်ရှင်နယ်အောင်မြင်မှု၏ အဓိကအုတ်မြစ်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကို အခြေခံသည့်ကမ္ဘာတွင်အဖွဲ့အစည်းများကိုဦးဆောင်ရန်၊ ပဋိပက္ခများကိုညှိနှိုင်းရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်လူမှုဆက်ဆံရေးဉာဏ်ရည်ထူးချွန်သူများသည် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားကြလေ့ရှိသည်။ လူမှုဆက်ဆံရေးဉာဏ်ရည်ရှိသူများသည် အခြားသူများ၏ လိုအပ်ချက်နှင့် စိတ်ခံစားမှုများကို နားလည်ခြင်းဖြင့် ပိုမိုနက်ရှိုင်းပြီး စစ်မှန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်း၊ ပရော်ဖက်ရှင်နယ်နယ်ပယ်တွင်လူမှုဆက်ဆံရေးဉာဏ်ရည်သည် ခေါင်းဆောင်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ပုံမှန်ဆက်ဆံရေးအတွက်အရေးကြီးသည်။လေ့လာမှုများအရလူမှုဆက်ဆံရေးဉာဏ်ရည်မြင့်သောခေါင်းဆောင်များသည် ဝန်ထမ်းများ၏ပါဝင်ပတ်သက်မှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ကာစာနာမှုနှင့်သတိရှိမှုဖြင့် သဘောထားကွဲလွဲမှုများကိုကျော်လွှားဖြေရှင်းနိုင်ကြောင်းတွေ့ရှိရသည်။မတူကွဲပြားသော လူ့အဖွဲ့အစည်းများတွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည် ကွဲပြားသောရှုထောင့်များနှင့် ဓလေ့ထုံးတမ်းများကိုလေးစားမှု၊နားလည်မှုများဖြင့် ပေါင်းကူးတည်ဆောက်ပေးသည်။ ထို့ပြင် စိတ်ကျန်းမာရေး အကျိုးကျေးဇူးအနေဖြင့်လူမှုဆက်ဆံရေးဉာဏ်ရည်ဖြင့် တည်ဆောက်ထားသည့် ခိုင်မာသော လူမှုဆက်ဆံရေးများသည် စိတ်ဖိစီးမှုနည်းပါးပြီး စိတ်ကျန်းမာရေးကို တိုးတက်စေသည်။။လူမှုဆက်ဆံရေးဉာဏ်ရည်ကို ပျိုးထောင်ခြင်းလူမှုဆက်ဆံရေးဉာဏ်ရည်သည်သဘာဝအလျောက် ထူးချွန်သူများအတွက်သာမက သာမန်လူများအနေဖြင့်လည်း လေ့ကျင့်မှုဖြင့် တိုးတက်မှုရနိုင်သောကျွမ်းကျင်မှုတစ်ခုဖြစ်သည်။လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်ရန် လက်တွေ့ကျသော နည်းလမ်းများအနေဖြင့် တက်ကြွစွာနားထောင်မှုကိုလေ့ကျင့်ပါ၊ အာရုံပျံ့လွင့်မှုမရှိဘဲ အခြားသူများ၏ ပြောဆိုချက်များကို အာရုံစိုက်ပါ၊ ၎င်းတို့၏ ပြောဆိုချက်များကို နားလည်မှုပြရန် ပြန်လည်တုံ့ပြန်ပါ၊ စကားပြောနေစဉ် ခန္ဓာကိုယ်အမူအရာ၊ အသံပြောင်းလဲမှုနှင့် မျက်နှာအမူအရာများကို အာရုံစိုက်ပါ၊ အခြားသူများ၏ ရှုထောင့်နှင့် စိတ်ခံစားမှုများကို စိတ်ကူးဖြင့် ခံစားကြည့်ပါ၊ ၎င်းတို့၏ အတွေ့အကြုံများကို ပိုမိုသိရှိရန် မေးခွန်းများမေးပါ၊ ယုံကြည်ရသောသူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များထံမှ သင်၏ လူမှုဆက်ဆံရေးကျွမ်းကျင်မှုနှင့်ပတ်သက်၍ ရိုးသားသော အကြံပြုချက်များကို တောင်းခံပါ၊ စိတ်ခံစားမှုများကို စီမံပါ၊ စိန်ခေါ်မှုရှိသော အခြေအနေများတွင် စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း သို့မဟုတ် တုံ့ပြန်မှုမပြုမီ ခဏရပ်တန့်ခြင်းကဲ့သို့သော နည်းစနစ်များသည်စိတ်ခံစားမှုပေါက်ကွဲမှုကို ကာကွယ်ပေးနိုင်သည်။မတူကွဲပြားသော လူမှုအခြေအနေများတွင် ပါဝင်ပါ၊ ယဉ်ကျေးမှုနှင့် လူမှုဓလေ့ထုံးတမ်းများကို ပိုမိုနားလည်ရန် မတူညီသော နောက်ခံရှိသူများနှင့် ဆက်ဆံပါ၊ စံနမူနာထားသောပုဂ္ဂိုလ်များထံမှ သင်ယူပါ၊ လူမှုပတ်ဝန်းကျင်တွင်ထူးချွန်သူများကို စောင့်ကြည့်ပြီး ၎င်းတို့၏ လုပ်နည်းလုပ်ဟန်များကို အတုယူပါ၊ လူမှုဆက်ဆံရေးဆိုင်ရာ စာအုပ်များကိုဖတ်ရှုပြီး ပြန်လည်သုံးသပ်အသုံးချပါ။။အိုင်တီခေတ်နှင့် လူမှုဆက်ဆံရေးဉာဏ်ရည်အိုင်တီအသုံးပြုမှုများမြင့်တက်လာမှုသည် လူမှုဆက်ဆံရေးဉာဏ်ရည်ကို အသုံးချမှုပြောင်းလဲ စေခဲ့သည်။ နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများကို ဖြစ်ပေါ်စေသော်လည်း နားလည်မှုလွဲခြင်းနှင့် ရှုပ်ထွေးမှုအချို့ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လူမှုဆက်ဆံရေးဉာဏ်ရည်သည် အိုင်တီခေတ်တွင် ပိုမိုအရေးပါလာသည်။ ရှင်းလင်းပြီး လိုက်လျောညီထွေဖြစ်စေမည့် အွန်လိုင်းဆက်ဆံရေးကို သတိပြုဆောင်ရွက်ရန်လိုသည်။ ထို့ကြောင့် အီးမေးနှင့် မက်ဆေ့များတွင် ဘာသာစကားကို ရှင်းလင်းတိုတောင်းစွာအသုံးပြုခြင်း၊ စစ်မှန်သော ဆက်ဆံရေးများကို ထိန်းသိမ်းရန် အော့ဖ်လိုင်းနှင့် အွန်လိုင်း ဆက်ဆံရေးများကို ဟန်ချက်ညီအောင် ဆောင်ရွက်ခြင်း စသည်တို့လိုအပ်သည်။ တစ်ချိန်တည်းမှာပင် Facebook ကဲ့သို့သော လူမှုမီဒီယာပလက်ဖောင်းများသည် လူထုခံစားချက်နှင့်ခေတ်ရေစီးကြောင်းများကို အချိန်နှင့်တစ်ပြေးညီထိုးထွင်းသိမြင်နိုင်ပြီးလူမှုဆက်ဆံရေးအသိဉာဏ်ကို လေ့ကျင့်ရန် အခွင့်အလမ်းများပေးသည်။ အကြံပြုချက်များနှင့်မှတ်ချက်စကားများကို တုံ့ပြန်ခြင်း သို့မဟုတ် အကြံဉာဏ်များကို မျှဝေခြင်းဖြင့် မတူကွဲပြားသော ရှုထောင့်များအား ရင်ဆိုင်ဖြတ်သန်းနိုင်မှုကို မြှင့်တင်ပေးသည်။။လူမှုဆက်ဆံရေးဆိုင်ရာအမြင်လွဲမှားမှုများ။လူမှုဆက်ဆံရေးဉာဏ်ရည်ကိုမကြာခဏနားလည်မှုလွဲမှားတတ်သည်။အချို့ကလူမှုဆက်ဆံရေးဉာဏ်ရည်ကို စကားပြောဆိုဆက်ဆံရေးတွင် အလွန်အဆင်ပြေမှုနှင့် ညီမျှသည်ဟု ထင်မြင်တတ်ကြသော်လည်း အလွန်အကျွံစကားမပြောသူများအနေဖြင့်လည်းနားထောင်မှုကျွမ်းကျင်မှုနှင့် သတိရှိရှိတုံ့ပြန်နိုင်ခြင်းဖြင့်လူမှုဆက်ဆံရေး ဉာဏ်ရည်တွင် ထူးချွန်နိုင်သည်။ လူမှုဆက်ဆံရေးတွင်လူအများအမြင်ကို ထိခိုက်စေနိုင်သော ဘက်လိုက်မှုများကို ကျော်လွှားရန်အရေးကြီးသည်။ ဥပမာ-ပုံသေသမားရိုးကျပုံစံများအပေါ် အခြေခံ၍ တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်များကို ယူဆခြင်းသည် စာနာမှုနှင့် ချိတ်ဆက်မှုကို ဟန့်တားနိုင်သည်။ ထို့ပြင် ယဉ်ကျေးမှုကွဲပြားမှုများသည် လူမှုဆက်ဆံရေးကို ရှုပ်ထွေးစေနိုင်သည်။ ယဉ်ကျေးမှုတစ်ခုတွင် ယဉ်ကျေးသည်ဟု ယူဆသည်မှာ အခြားတစ်ခုတွင် ရိုင်းစိုင်းမှုဖြစ်နိုင်သည်။ ဤအတားအဆီးများကို ကျော်လွှားရန် စဉ်ဆက်မပြတ်သင်ယူမှုနှင့် အကြံပြုချက်များကို နားလည်လက်ခံမှုသည် မရှိမဖြစ်လိုအပ်သည်။။လူမှုဆက်ဆံရေးဉာဏ်ရည်သည် အလွန်ကျယ်ပြန့်သည်။ စာနာမှု၊ တက်ကြွစွာနားထောင်မှုနှင့် လိုက်လျောညီထွေမှုကိုမြှင့်တင်ခြင်းဖြင့် မည်သူမဆို ၎င်းတို့၏ လူမှုဆက်ဆံရေးဉာဏ်ရည်ကို မြှင့်တင်နိုင်ပြီး အခွင့်အလမ်းများကို တိုးတက်စေနိုင်သည်။ လျင်မြန်စွာ ပြောင်းလဲနေသော အိုင်တီခေတ်တွင် လူမှုဆက်ဆံရေးဉာဏ်ရည်သည် လူပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုနှင့် လူမှုအသိုင်းအဝိုင်းများကို ချိတ်ဆက်ပေးသည့် တံတားတစ်ခုအဖြစ် ယခင်ကာလများထက် ပိုမိုတန်ဖိုးရှိလာကြောင်း ရေးသားလိုက်ရပါသည်။ ။
null
null
, 05/19/2025 - 09:49
mwd_webportal
https://www.myawady.net.mm/node/69323
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနပိုင်မြေနေရာများ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများ နေထိုင်မည့် Modular House များ တည်ဆောက်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနပိုင်မြေနေရာများ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများ နေထိုင်မည့် Modular House များ တည်ဆောက်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၈။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စီစဉ်ခွဲဝေပေးထားသည့် Modular House များအား ဝန်ကြီးဌာနအောက်ရှိ မြန်မာ့မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနပိုင် မြေနေရာများ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက် တည်ဆောက်နေမှု လုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးနယ်မြေ မြောက်ဘက်၊ စက်မှုနှင့်လျှပ်စစ် ဝန်ထမ်းအိမ်ရာများအနီး၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများ နေထိုင်နိုင်ရန်အတွက် တည်ဆောက်ပေးနေသည့် Modular House စခန်းအမှတ်(၁)သို့ ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက မြေနေရာအကျယ်အဝန်း၊ တည်ဆောက် နေရာချထား မှု အကွက်ချပုံစံ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ခွဲဝေပေးထားသည့် Modular House အရေအတွက်၊ ယနေ့အထိ လွှဲပြောင်းထုတ်ယူရရှိပြီးသည့် ပမာဏ၊ Modular House များ တည်ဆောက်နိုင်ရေး အင်ဂျင်နီယာအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ထားမှုအခြေအနေ၊ တည်ဆောက်ပြီးစီးမှု၊ တည်ဆောက်နေဆဲ အခြေအနေများကို ရှင်းလင်းတင်ပြသည်။။ယင်းနောက်ပြည်ထောင်စုဝန်ကြီးက တည်ဆောက်လျက်ရှိသည့် Modular House များနှင့် အဝီစိတွင်းတူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပစ္စည်းများနေရာချထားမှု စနစ်တကျဖြစ်စေရေး၊ ရေ၊ မီး၊ မိလ္လာ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ လူနှင့်ယာဉ်များ ဝင်လမ်း၊ ထွက်လမ်းအဆင်ပြေစေရေး၊ တည်ဆောက်ရေး ဝန်ထမ်းအဖွဲ့များ ဘေးအန္တရာယ်ထိခိုက်မှု မဖြစ်စေရေးတို့ကိုမှာကြားသည်။။ထို့နောက်နေပြည်တော်ဘူတာကြီးနယ်မြေ တောင်ဘက်မြေနေရာ၌ သတ်မှတ်ထားသည့် Modular House စခန်းအမှတ်(၂)သို့ ရောက်ရှိလာရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက အဆိုပါနေရာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းမိသားစုများ သာမကဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် အခြားဌာနဝန်ထမ်း မိသားစုများကိုပါ နေရာချထားပေးနိုင်ရန် စီစဉ်အကွက်ချထားမှု အခြေအနေ၊ မီး၊ ရေ ရရှိရေးဆောင်ရွက်ထားမှု အခြေအနေနှင့် လွှဲပြောင်းထုတ်ယူရရှိသည့် Modular House များအား တပ်ဆင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ဤစခန်းနေရာ၌ မြေအနေအထားအရ ရေစီးရေလာ ကောင်းမွန်စေရေးကြိုတင်ဆောင်ရွက်ရန် ကိစ္စ၊ ဝင်လမ်း၊ ထွက်လမ်းများ ကောင်းမွန်ရေးကိစ္စ၊ ခြံစည်းရိုးကာရံရေးစသည့် လိုအပ်ချက်များကို မှာကြားသည်။။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရွာတော်) ရုံးနယ်မြေအတွင်းရှိ Modular House စခန်းနေရာသို့ရောက်ရှိ ရာ ဌာနတည်ဆောက်ရေး တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက Modular House များ တပ်ဆင်တည်ဆောက်နေမှု၊ အသုံးပြုမည့် ကျောက်ရေစည်များ စီစဉ်ထားမှု၊ သန့်စင်ခန်းများ နေရာချထားမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ရေ၊ မီးရရှိရေးနှင့် ဝန်ထမ်းမိသားစုများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။။လက်ရှိတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက နေပြည်တော်ကောင်စီနယ်မြေအတွက် စီစဉ်ခွဲဝေပေးသည့် Modular Office ခြောက်လုံးနှင့် Modular House ၁၅၆ လုံးတို့ကို လက်ခံရရှိထားပြီးဖြစ်ရာ Modular Office လေးလုံးနှင့် Modular House ၃၄ လုံးတို့ကို တပ်ဆင်တည်ဆောက်ပြီးစီး၍ ကျန်ရှိသည်များကိုလည်း အမြန်ဆုံးပြီးစီးအောင် တပ်ဆင်တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/195161.jpg
, 05/19/2025 - 09:49
admin_webportal
https://www.myawady.net.mm/node/69324
ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက် သွားရန်မှာကြား
ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက် သွားရန်မှာကြား။နေပြည်တော် မေ ၁၈။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲ ရုံအမှတ်(၄)နှင့် ဓာတ်အားခွဲရုံအမှတ်(၇) လယ်ဝေးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးဝင်းအတွင်းရှိ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများမှ ပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် နေပြည်တော် အင်ဂျင်နီယာချုပ်ရုံး၏ ပစ္စည်းစီမံရေးဌာန၊ စတိုအဆောက် အအုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။။ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံ အမှတ်(၄)နှင့် ဓာတ်အားခွဲရုံအမှတ်(၇)များသို့ ရောက်ရှိစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်၊ ဓာတ်အားဖြန့်ဖြူးမှုပြ Single Line Diagram နှင့် Location Map များကို တိုးချဲ့တည်ဆောက် ထားသော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများပါဝင်ရေး Update ပြုလုပ်သွားရန် မှာကြားကာ ဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းမိသားစုများ စနစ်တကျနေရာချထားပေးမှု အခြေအနေများနှင့် သီးပင်စားပင် စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။။ယင်းနောက် လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ရုံးဝင်းအတွင်းရှိ ၃၃/၁၁ ကေဗွီ မြို့တွင်းဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံအနီးတစ်ဝိုက် လုံခြုံရေးနှင့် သန့်ရှင်းရေး အမြဲမပြတ် လိုက်လ ံစစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားဖြန့်ဖြူးမှုဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ ဓာတ်အားပြတ်တောက်မှု လျော့နည်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု ကျဆင်းရေးတို့ကို အထူးအလေးအနက်ထား ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများကို တာဝန်ခွဲဝေပေးမှုများ စနစ်တကျ သတ်သတ်မှတ်မှတ် တာဝန်ပေးဆောင်ရွက်သွားရန် မှာကြားသည်။။ထို့နောက် နေပြည်တော်အင်ဂျင်နီယာချုပ်ရုံး၏ ပစ္စည်းစီမံရေးဌာန၊ စတိုအဆောက်အအုံသို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီးက ပစ္စည်းများ လက်ခံ/ ထုတ်ပေးဆောင်ရွက်ရာတွင် First In First Out စနစ်ဖြင့် ထုတ်ပေး ဆောင်ရွက်သွားရန်၊ ရရှိ/ထုတ်ပေး/သုံးစွဲ/ လက်ကျန်စာရင်းများ စနစ်တကျစာရင်း ပြုစုသွားကြရန်၊ ဓာတ်အား လိုင်းများအဟောင်းအသစ် လဲလှယ်ရာမှ ထွက်ရှိလာသော ဆယ်တင်ပစ္စည်းအား သုံးစွဲ၍ရသည့် ပစ္စည်းများ စာရင်းသေချာစွာ ပြုစု၍ လိုအပ်သည့်နေရာများတွင် ထုတ်ယူသွားစေရန်နှင့် ကျန်သုံးစွဲ၍ မရသောဆယ်တင် ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားစေရေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/195162.jpg
, 05/19/2025 - 09:53
admin_webportal
https://www.myawady.net.mm/node/69325
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း။နေပြည်‌တော် မေ ၁၈။မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အတွက် အဘိဓမ္မဓရ အကယ်ဒမီခန့်စည်သူက စားသောက်ဖွယ်ရာများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။။လှူဒါန်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် အလှူရှင် အကယ်ဒမီ ခန့်စည်သူနှင့်အဖွဲ့များ တက်ရောက်ကြသည်။။အခမ်းအနားတွင် အကယ်ဒမီ ခန့်စည်သူ က ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ ဆန် ၂၄ ပြည်အိတ် ၅၀ ၊ ဆီ ၁၀ ပိဿာပုံး ၃၀ ၊ ရေသန့် ၂၀ လီတာဘူး ၁၀၀ ၊ ကုလားပဲ ပိဿာ ၆၀ ၊ ဆားအထုပ် ၂၀၀ ၊ ခေါက်ဆွဲခြောက် အထုပ် ၁၈၀ ပါ ၄၈ ဖာ၊ ငါးခြောက် ၂၅ ပိဿာ တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။။ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/195171_0.jpg
, 05/19/2025 - 09:57
admin_webportal
https://www.myawady.net.mm/node/69326
လျှို့ဝှက်သကြားများပါဝင်သော နေ့စဉ်အစားအစာများ
လျှို့ဝှက်သကြားများပါဝင်သော နေ့စဉ်အစားအစာများ။ဆောင်းပါးရှင် -ဒေါက်တာသိင်္ဂီကျော်။လတ်ဆတ်သောသစ်သီးများနှင့် ရိုးရိုးနို့ထွက်ပစ္စည်းများကဲ့သို့သောအစားအစာများတွင်သဘာဝသကြားဓာတ်တချို့ပါဝင်သော်လည်းအာဟာရပြည့်ဝသည့်အစားအစာများဖြစ်၍ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများတွင်ပါဝင်သင့်ပါသည်။ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သကြားစားသုံးမှုကို တစ်ရက်လျှင် လက်ဖက်ရည်ဇွန်းခြောက် ဇွန်း သို့မဟုတ် ၂၄ ဂရမ်အထိကန့်သတ်ရန် အကြံပြုထားသည်။ လူ အများစုသည် သကြားအကြောင်းစဉ်းစားရာတွင် သကြားလုံး၊ အချို ရည်၊ ရေခဲမုန့်နှင့် မုန့်ဖုတ်ပစ္စည်းများကဲ့သို့ ချိုမြိန်သောအရသာရှိသည့် အစားအစာများကို တွေးကြလေ့ရှိသည်။ သို့သော် နေ့စဉ်စားသုံးသည့် အစားအစာများစွာထဲတွင် မသိလိုက်ဘဲပါဝင်နေသော လျှို့ဝှက်သကြား များရှိနေတတ်ကြောင်း သိထားရန်လိုအပ်ပါသည်။။ပေါင်းထည့်သကြား။အစားအစာများတွင် အရသာပိုကောင်းစေရန် သကြားကိုမကြာခဏ ထည့်လေ့ရှိသည်။ ထုပ်ပိုးထားသောအစားအစာများကို စီမံဆောင်ရွက် သည့်အချိန်တွင် သကြားအပိုများထည့်ထားတတ်သည်။ ထို့ပြင် ထုပ်ပိုး ထားသောအစားအစာများ၏ သက်တမ်းကိုတိုးမြင့်ရန်လည်း ထည့်လေ့ရှိသည်။ ခေါက်ဆွဲဆော့စ်ကဲ့သို့ အရသာရှိသောအစားအစာတချို့တွင်ပင် စားသုံးသူများ မထင်မှတ်ထားသောသကြားများကို ထည့်ထားကြ သည်။။လျှို့ဝှက်သကြား။လျှို့ဝှက်သကြားသည် အစားအစာနှင့်အချိုရည်များတွင် လူသိ နည်းသောအမည်များကိုအသုံးပြု၍ အသွင်ယူထည့်ထားသောသကြားများဖြစ်သည်။ မုန့်ဖုတ်ပစ္စည်းများ၊ ခေါက်ဆွဲများ၊ ဆော့စ်များနှင့် အချို ရည်များအပါအဝင် အစားအစာများစွာတွင် လျှို့ဝှက်သကြားများကို တွေ့ရှိနိုင်သည်။ လျှို့ဝှက်သကြားတွင် ဥပမာအားဖြင့် သကြားညို၊ ဝတ် ရည်၊ ပြောင်းဖူးရည်၊ ပျားရည်၊ Dextrose၊ Fructose၊ Glucose၊ Maple Syrup နှင့် Sucrose တို့ပါဝင်သည်။။အာဟာရအညွှန်းများအမြဲဖတ်ရန်။အစားအစာများတွင် သကြားမည်မျှပါဝင်သည်ကိုသိရှိရန် အကောင်း ဆုံးနည်းလမ်းမှာ အာဟာရဆိုင်ရာအညွှန်းများကို အမြဲဖတ်ရန်ဖြစ်သည်။ ကုန်အမှတ်တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းစာရင်းကိုဖတ်လျှင် အမြင့် ဆုံးပမာဏမှ အနည်းဆုံးပမာဏအထိ ပါဝင်ပစ္စည်းများကို အမြဲဖော်ပြ ထားသည်။ အညွှန်းသည် အစားအစာတွင်ပါဝင်သော သဘာဝသကြား များနှင့် ပေါင်းထည့်သကြားများဖြစ်သည့် စုစုပေါင်းသကြားပမာဏကို ပြသမည်ဖြစ်သည်။ ဥပမာအားဖြင့် အစားအစာတစ်ခုတွင် သကြားစုစု ပေါင်း ၂၀ ဂရမ်ပါလျှင် ပေါင်းထည့်သကြား ၁၅ ဂရမ်နှင့် သဘာဝသကြား ၅ ဂရမ်ဖြစ်ကြောင်း သိရှိနိုင်သည်။ အညွှန်းများကိုစစ်ဆေးသောအခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းတွင် သကြား ၄ ဂရမ်ခန့်ပါရှိသည်ကိုသိထား ရန်လိုပါသည်။ သတိထားကြည့်ရန်လိုသော သကြားအမျိုးအစားတချို့ နှင့် အသုံးများသောသကြားဓာတ်ပါဝင်သည့်ပစ္စည်းများမှာ ကြံသကြား၊မုန့်ဖုတ်သကြား၊ တာဘိုင်ဒိုသကြား၊ သကြားရည်အပျစ်၊ ပြောင်းဖူးရည်၊ ဆန်အရက်၊ သကာရည်၊ တင်လဲရည်၊ သစ်သီးဖျော်ရည်၊ ပျားရည် နှင့် ဝတ်ရည်တို့ဖြစ်သည်။ ထို့ပြင် Glucose၊ Fructose၊ Lactose၊Maltose၊ Dextrose နှင့် Sucrose အများစုတွင် သကြားပါဝင်သည်။။တချို့သောအစားအစာများသည် Sucralose၊ Aspartame၊ Saccha-rin နှင့် Stevia ကဲ့သို့သော သုညကယ်လိုရီအချိုဓာတ် (Zero-calorie sweeteners) ကိုအသုံးပြုပါသည်။ Zero-calorie sweeteners များသည် သွေးတွင်းသကြားဓာတ်ပမာဏကို အကျိုးသက်ရောက်မှုမရှိသည့်အပြင် ကယ်လိုရီစားသုံးမှုကိုလျှော့ချရန် ကူညီပေးနိုင်သည်။ ယင်းတို့သည်ယေဘုယျအားဖြင့် အန္တရာယ်ကင်းပြီး ပုံမှန်သကြားစားသုံးမှုကို လျှော့ချ ရန် ရေတိုနည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။ ပုံမှန်သကြားကဲ့သို့ပင် သကြားအစားထိုးစားသုံးမှုကို တတ်နိုင်သမျှကန့်သတ်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ သကြားအစားထိုးပစ္စည်းများ၏ ရေရှည်အကျိုး သက်ရောက်မှုကို လေ့လာနေဆဲဖြစ်သော်လည်း တချို့သောသုတေသန ပြုချက်များအရ ယင်းတို့အသုံးပြုမှုသည် လေပွခြင်းနှင့် ဝမ်းလျှောခြင်း ကဲ့သို့သော ကျန်းမာရေးပြဿနာများနှင့်ဆက်စပ်မှုရှိနိုင်ကြောင်း အကြံ ပြုထားသည်။ ထို့ပြင်သကြားလုံးဝမပါသောသရေစာများသည်။အာဟာရပြည့်ဝသောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့အာဟာရမပြည့်နိုင်ကြောင်း သတိပြု ရန် အရေးကြီးပါသည်။။လျှို့ဝှက်သကြားများပါဝင်လေ့ရှိသောအစားအစာများအောက်ဖော်ပြပါအစားအစာများသည် လျှို့ဝှက် သကြားပါဝင်လေ့ရှိ သောအစားအစာများဖြစ်သည်။။ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆော့စ်များ။ခရမ်းချဉ်သီးဆော့စ်၊ ခေါက်ဆွဲဆော့စ်၊ ဘာဘီကျူးဆော့စ်နှင့် အသုပ် အတွက်ဆော့စ်များတွင် လျှို့ဝှက် သကြားများ ပါဝင်လေ့ရှိသည်။။ပရိုတင်းဘားများ သို့မဟုတ် ဒိန်ချဉ်။ဤအစားအစာများသည် ပရိုတင်းဓာတ်အချိုးအစား မြင့်မားစွာပါဝင် သောကြောင့် အဆင်ပြေသောအစားအစာတစ်ခုဖြစ်နိုင်သော်လည်းတချို့တွင် ပေါင်းထည့်သကြားပမာဏများစွာပါဝင်နိုင်သည်။ စျေးကွက် အတွင်းရောင်းချသည့် ပရိုတင်းဘားများတွင် ပရိုတင်းကိုအဓိကထား၍တံဆိပ်ကပ်ထားသော်လည်း အများအပြားသည် ကွတ်ကီး သို့မဟုတ် ဒိုးနပ်ကဲ့သို့သော အချိုပွဲများထက် ပေါင်းထည့်သကြားများပါရှိတတ်သည်။ ထို့ကြောင့် သကြားထက် ပရိုတင်းဓာတ်ဂရမ်ပိုများသောရွေးချယ်စရာများကို ရှာဖွေရန်လိုအပ်သည်။။နို့နှင့်နို့ထွက်မဟုတ်သောပစ္စည်းများ။နို့ထွက်ပစ္စည်းများတွင် သဘာဝသကြားဓာတ်များပါဝင်သော်လည်း တချို့သောနို့ထွက်မဟုတ်သော ပစ္စည်းများတွင် ပေါင်းထည့်သကြား များဖြင့် ပိုချိုနိုင်သည်။ ချောကလက်၊ ဗင်နီလာ၊ စတော်ဘယ်ရီ အရသာပါသည့်အစားအစာများကို သတိပြုဝယ်ယူသင့်ပါသည်။။နံနက်စာစီရီရယ်များနှင့်အစေ့အဆန်များ။ကျန်းမာရေးနှင့်ညီညွတ်သောနံနက်စာသီးနှံအဖြစ် သတ်မှတ်ထား သော အစေ့အဆန်များ၊ မုယောစပါး၊ အုတ်ဂျုံနှင့် သစ်သီးခြောက်များ၊ အခွံမာသီးများသည် ဟင်းခတ်အမွှေးအကြိုင်များနှင့် သကြား၊ ပျားရည် သို့မဟုတ် တခြားထည့်ထားသောသကြားများဖြင့်ရောစပ်ထားသော ကြောင့် ပို၍ချိုသည်။ ပြုပြင်ပြီး သောနံနက်စာစီရီရယ်များ၊ ကွတ်ကီး များ၊ ဘီစကွတ်မုန့်၊ Crackers နှင့် ထုပ်ပိုးထားသော သရေစာများတွင် ပေါင်းထည့်သကြားများပါဝင်သည်။။စည်သွတ်ဘူးများ၊ သစ်သီးဖျော်ရည်များ၊ ယိုများစည်သွတ်ထားသောသစ်သီးများ၊ ဖျော်ရည်များနှင့် ယိုများတွင်ပေါင်းထည့်သကြားများ ပါဝင်နိုင်သည်။။ထောပတ်များ။မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ထောပတ်များတွင် အရသာနှင့်အသွင် အပြင်အတွက် သကြားများထည့် နိုင်သည်။။အချိုရည်များ။အားဖြည့်အချိုရည်ပုလင်းများ၊ကော်ဖီနှင့်ကော်ဖီအေးများတွင်ထည့်ထားသောသကြားပမာဏမှာ အံ့သြ ဖွယ်ကောင်းလောက်အောင် များသည်။ ရေနှင့်အချိုမပါသောကော်ဖီ သို့မဟုတ် လက်ဖက်ရည် များ ကို သောက်သုံးသင့်ပါသည်။။ထိန်းညှိစားသုံးခြင်း။အကြိုက်ဆုံးအစားအစာတချို့တွင်သကြားဓာတ်များနေပါက ယင်း တို့ကို လုံးဝဖြတ်ပစ်ရန်မဆိုလိုပါ။ အရေးကြီးသောအချက်မှာ အစား အစာများကိုသတိထား၍ သင့်တင့်မျှတစွာစားသုံးနိုင်ပါသည်။ အာဟာ ရ တံဆိပ်ပေါ်ရှိ အကြံပြုထားသောအရွယ်အစားများကို သေချာလိုက်နာ ပါ။ အစားအစာတွင်ထည့် ထားသောသကြားများကို စားသုံးရန်စိုးရိမ်ပါက အရွယ်အစားနှင့်ပမာဏကို လျှော့ချစားသုံးပါ။သကြားနည်းသော သို့မဟုတ် သကြားမပါသော (No sugar) တခြားရွေးချယ်စရာများကို ရှာဖွေပါ။ သွေးချို ဆီးချိုရောဂါအတွက် တချို့သောအစားအစာများကိုလည်း အိမ်တွင် ကိုယ်ပိုင်တီထွင်ဖန်တီး ပြုလုပ်နိုင် သည်။။လျှို့ဝှက်သကြားများကိုရှောင်ရှားရန်နည်းလမ်းများ။လျှို့ဝှက်သကြားများကိုရှောင်ရှားရန် ကုန်အမှတ်တံဆိပ်အညွှန်းများ ကိုသေချာဂရုတစိုက်ဖတ်ပါ။ တံဆိပ်ပေါ်ရှိ ပါဝင်ပစ္စည်းများစာရင်းနှင့် ထည့်ထားသောသကြားများပမာဏကို အမြဲရှာဖွေပြီး သကြားပါဝင်မှုအနည်းဆုံးကိုရွေးချယ်ပါ။အစားအစာနှင့်အချိုရည်များတွင်ပါဝင်။သော စုစုပေါင်းသကြားပမာဏအတွက် အာဟာရအညွှန်းများကို စစ် ဆေးပါ။ နို့ထွက်ပစ္စည်းများမဟုတ်သော ဗာဒံစေ့နို့၊ အုန်းနို့၊ ဆန်နို့၊ ပဲနို့စသည့်အပင်အခြေခံနို့ရည်များအတွက် အာဟာရတံဆိပ်ကိုဖတ်ပါ။ ၁၀၀ ဂရမ်တွင် သကြား ၁၅ ဂရမ်ထက်ပိုသောအစားအစာများသည် ပေါင်းထည့်သကြားဓာတ်မြင့်မားနိုင်သည်။ ၁၀၀ ဂရမ်တွင် သကြား၅ ဂရမ်ထက်နည်းသောအစားအစာများကို ရွေးချယ်သင့်ပါသည်။။သစ်သီးဖျော်ရည်များ သို့မဟုတ် ပြုပြင်ထားသောသရေစာများအစား လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ရွေးချယ်ပါ။ သကြားပါဝင်မှုလျှော့ချရန် လွယ်ကူသောနည်းလမ်းတစ်ခုမှာ သကြားပါသောအချိုရည်များကိုရှောင်ကြဉ်ရန်ဖြစ်သည်။ ဆော်ဒါ၊ အချိုပါသော ကော်ဖီ၊ ဖျော်ရည်များနှင့် သစ်သီးဖျော်ရည်များကိုရှောင်ပါ။ ဒိန်ချဉ်နှင့် ဟင်းသီးဟင်းရွက်အသုပ်များကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သောအစား အစာများတွင်ပင် လျှို့ဝှက်သကြားများပါဝင်နိုင်သည်။ အရသာရှိသော ဒိန်ချဉ်အစား ရိုးရိုးဒိန်ချဉ်ကိုရွေးချယ်ပြီး သဘာဝအသီးအနှံများကိုထည့် ပါ။သဘာဝအချိုဓာတ်ကိုလျှော့ပေါ့ရွေးချယ်ပါ။ အချိုဓာတ်ကိုအသုံးပြုပါ က Zero-calorie sweeteners သို့မဟုတ် ပျားရည်ကဲ့သို့ သဘာဝရွေးချယ် စရာများကို ရွေးချယ်ပါ။ အစားအစာအရွယ်အစားများနှင့် ပမာဏကို သတိထားရန်လိုအပ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
null
null
, 05/19/2025 - 09:59
mwd_webportal
https://www.myawady.net.mm/node/69327
ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူများ ရရှိခံစားနိုင်ရေးနှင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ကြစေလို
ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူများ ရရှိခံစားနိုင်ရေးနှင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ကြစေလို။နေပြည်တော် မေ ၁၈။ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ကျင်းပသော (Urban Health Center-UHC)ဒေသန္တရ ကျန်းမာရေး ဌာနများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဖွဲ့စည်းပုံအရ (Urban Health Center-UHC)ဒေသန္တရကျန်းမာရေး ဌာနများကို မြို့ပေါ်၌ ဖွင့်လှစ်ထားရှိရာ ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်ရန် အတွက် ယခုအခါ အဆိုပါ UHC များတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရာတွင် ရေရှည်အတွက်ရည်ရွယ်၍ ကနဦး ဦးစားပေးမြို့နယ်အချို့တွင် အကောင်အထည်ဖော်ကာ တိုးချဲ့ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှု အပေါ် ပြည်သူများရရှိခံစားနိုင်ရေးနှင့် မလိုလားအပ်သော ဆုံးရှုံးမှုများမရှိစေရန် စနစ်တကျစီမံ ဆောင်ရွက်ကြစေလိုကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ဆေးထိုးသင့်သည့် အသက်အရွယ်အားလုံး ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။။ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှတို့က ဒေသန္တရကျန်းမာရေး ဌာနများ လုပ်ငန်းတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက စတင်ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာန ၁၂ ခုတို့၏ အခြေအနေနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့် ဒေသန္တရကျန်းမာရေးဌာနများ ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများက ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။။ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းကလည်း ဆေးတက္ကသိုလ်(၁)ရန်ကုန် ဧည့်ခန်းမ၌ အိန္ဒိယ-မြန်မာ ကုန်သည်များအသင်း (India-Myanmar Chamber of Commerce-IMCC)က ငလျင်ဘေးသင့်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လှူဒါန်းသော ငွေကျပ်သိန်း ၃၄၀ တန်ဖိုးရှိ ဆေးဝါးများနှင့်ငွေသားကျပ်သိန်း ၂၀၀ တို့ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur၊ Second နှင့် အိန္ဒိယ-မြန်မာကုန်သည်များ အသင်းဥက္ကဋ္ဌ Mr. Narish Kumur တို့က လှူဒါန်းမှုကို လည်းကောင်း၊ Aorta Co.,Ltd. က လှူဒါန်းသည့်ငွေကျပ် ၂၂၂ သိန်းခြောက်သောင်းတန်ဖိုးရှိ ဆေးဝါး ၁၀ မျိုးနှင့် ငွေသား သိန်း ၁၅၀ တို့ကိုလည်းကောင်း လက်ခံပြီး ကျေးဇူးတင်စကား ပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗဟိုဆေးသိုလှောင်ရေးဌာန ရန်ကုန်သို့သွားရောက်၍ မန္တလေးမြေငလျင်ကြီး ပြန်လည်ထူထောင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယွမ် ၃၂ သန်းခန့်တန်ဖိုးရှိMobile Operation Room ၉၅ လုံးကို ယာယီလက်ခံ သိမ်းဆည်းထားသည့် အခြေအနေနှင့်နမူနာတပ်ဆင်ထားသည့် ခွဲစိတ်ခန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး သဘာဝဘေး အန္တရာယ်ဖြစ်ပွားနိုင်ခြေရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ ဆေးရုံများသို့ အချိန်နှင့်တစ်ပြေးညီ ပို့‌ဆောင်နိုင်ရေးနှင့် ရောက်ရှိပါက စနစ်တကျထိန်းသိမ်း ထားရှိရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ပေးခဲ့ ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/195172.jpg
, 05/19/2025 - 10:02
admin_webportal
https://www.myawady.net.mm/node/69328
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ။ယမန်နေ့မှအဆက်။ကျွန်ုပ်က"ဘာလဲ သိလား ကိုသိန်းဖေ""ဆေးခြောက် မဟုတ်လားဗျာ""မြည်းဖူးသလား""ဒီနည်းတော့ မစမ်းဖူးဘူးကြက်သားနဲ့တော့ချက်စားဖူးတယ်"ပီမိုးနင်းက ဆက်လက်၍ -"ကျေနပ်ပြီလား ကို သိန်းဖေ""ဘာရှိသေးလဲဗျ""ခင်ဗျား ခံနိုင်ရည်ရှိပါ့မလား""ကိစ္စမရှိပါဘူး၊ခင်ဗျားတို့နဲ့ အတူပျော်ရပြီး သေသွားရင်လည်း ဝမ်းမနည်းဘူး"ဤစကားမှာ တကယ်ပြောခြင်းဖြစ်၏။ ပျော်မှုနှင့်ပတ်သက်၍ တကယ်လောဘကြီးသော လူတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်က ကန့်ကွက်ပါသေး၏။ သို့သော်ပီမိုးနင်းက အစဖော်လိုက်ပြီဖြစ်သောကြောင့်ကိုသိန်းဖေသည်သူ၏ဝါသနာအတိုင်း နားပူပါလေတော့သည်။သို့ဖြစ်၍ ကျွန်ုပ်တို့သည် လမ်းလေးတစ်လမ်းသို့ဝင်ကြ၍နှစ်ထပ်တိုက်တစ်တိုက်သို့ တက်ကြပြီး လျှင် အခန်းတစ်ခန်းသို့ ဝင်သွားကြရာညစ်နွမ်းနေသောကြမ်းပြင်ပေါ်၌ အလွန်ပေရေညစ်ပတ်သော ယောက်ျား၊ မိန်းမများသည် လဲလျောင်းလျက်ရှိခြင်းကို တွေ့ရ၏။ ကြက်ချေးနံ့နှင့်တူသောအနံ့ဆိုး သည်လည်း နှာခေါင်းထဲသို့ ဇွတ်တိုးဝင်လျက်ရှိ၏။ ကျွန်ုပ်မှာကြုံရဖူးသည်နှင့်ခံနိုင်သော်လည်း ကိုသိန်းဖေမူကား ရုတ်တရက်တန့်သွားခြင်းကိုမြင်လိုက်ရသည်။ သို့ရာတွင် ကိုသိန်းဖေအကြောင်းကို ကျွန်ုပ်သိရသလောက်မှာ ပျော်မှုအတွက်ဆိုလျှင် ကြက်ချေးနံ့ကို မဆိုထားဘိ၊ လူချေးတွင်းထဲသို့လည်း ကျွန်ုပ်တို့ဆင်းလျှင် လိုက်၍ဆင်းမည့်သူဖြစ်လေသည်။။ပထမ၌ ကိုသိန်းဖေသည် လက်ကိုင်ပဝါကိုထုတ်၍ နှာခေါင်းသို့ ပိတ်ဆို့မည်ပြုပြီးမှအံကြိတ်ကာ ပြန်၍ ထည့်လိုက်သည်။ ကြက်ချေးနံ့မှာတခြားမဟုတ်၊ မာဖီးယားသမားများ၏ကိုယ်မှ တငွေ့ငွေ့ထွက်လျက်ရှိသည့် ချွေးနံ့ပင်ဖြစ်လေသည်။ တစ်ယောက်တည်းအဖို့၌ ဤမျှလောက် မထင်ရှားသော်လည်း ရေမချိုးသည့် ကူလီအတန်းအစား ယောက်ျား၊ မိန်းမ တစ်ဒါဇင်ခန့်တို့၏ ကိုယ်ကာယမှသည် ညစ်ပတ်ပေရေသောကြမ်းပြင်မှ တငွေ့ငွေ့တလူလူပျံ့လွင့် လျက်ရှိခြင်းဖြစ်သောကြောင့် အတော်အတန်လူများ မခံမရပ်နိုင်အောင် ရှိတော့သည်။ ကျွန်ုပ်ကိုယ်တိုင်မှာလည်း ပထမအကြိမ် ပီမိုးနင်းနှင့်ရောက်ဖူးစဉ်က လှေကားမှ ပြန်ဆင်းပြေးခဲ့ရဖူးသည်။ ဤအရာမျိုးတွင် ကိုသိန်းဖေသည် ကျွန်ုပ်ထက် အသည်းကောင်းပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်အား ''ကော့ပါးဖီးလ်''ဟု ခေါ်ခြင်းဖြစ်လေသည်။။လောဘကြီးသော ကိုသိန်းဖေအခန်း၏တစ်ထောင့်၌မင်အိုးဖြင့်ထည့်သော ရေကြည်ဘူးလေးနှင့်စီးကရက်သံဘူးပြားလေးကို ရှေ့တွင်ချထားကာဝိုင်းထိုင်နေကြသောလူသုံး၊လေးယောက်ရှိရာသို့ ကျွန်ုပ်တို့လူသုံးယောက်သွား၍ထိုင်ကြ၏။ မင်အိုးဖြင့်ထည့်သောရေကြည်မှာ ရေကိုချက်၍ ချွေးထုတ်ယူထားသည့် 'ရေကြည်'(Distilled Water) ဖြစ်လေရာ စီးကရက်သံဘူးပြားလေးထဲ၌ကား မာဖီးယားထုပ်လေးများနှင့် ကုတ်ကင်းထုပ်လေးများ ထည့်ထား၏။ လူတစ်ယောက်လျှင် အနည်းဆုံးကုတ်ကင်းမူးထုပ်နှင့် မာဖီးယားသုံးပဲထုပ် လိုလေသည်။ ဆေးထိုးသမားသည် ကုတ်ကင်းတစ်ထုပ်နှင့် မာဖီးယားတစ်ထုပ်ကို ပန်းကန်လုံးလေးထဲသို့ ဖြည့်ထည့်၍ မင်ဘူးထဲမှရေကြည်နှင့် ရောစပ်၏။ထို့နောက် ဆေးထိုးပြွတ်လေးထဲသို့ စုပ်ယူလိုက်ပြီးလျှင် လောဘကြီးသော ကိုသိန်းဖေအား ရှေးဦးစွာ ထိုးပေးရ၏။ တခြားလူတစ်ယောက်သည် မိမိမစမ်းသပ်ဖူးသော အလုပ်တစ်ခုတွင် သူတစ်ပါးနောက်မှ လုပ်မည်ဖြစ်သော်လည်း ကိုသိန်းဖေမူကား သူတစ်ပါးကို မစောင့်နိုင်၊ သူသာလျှင် ရှေးဦးစွာ လုပ်လိုက်ချင်သည်အထိ လောဘကြီးသူဖြစ်လေသည်။ ပန်းကန်လုံးလေးမှ သုံးပြွတ်စာထွက်၍ ထိုးပြီးသောအခါ ကိုသိန်းဖေသည် ကောင်းကောင်းမသိသာသေးဟုဆိုကာ ထပ်၍ထိုးချင်သေးသော်လည်း ကျွန်ုပ်တို့က စောင့်ကြည့်ပါဦးဆိုကာ တောင်းပန်ထားကြရလေသည်။ (မာဖီးယားကို ကုတ်ကင်းနှင့်ရောစပ်၍ထိုးရခြင်းမှာကုတ်ကင်း 'ဇိမ်'အတွက် မဟုတ်၊ ဆေးထိုးသောအခါ၌ မနာစေရန် ဖြစ်လေသည်။ ကုတ်ကင်းရောစပ်၍ ထိုးသောအခါ လုံးဝနာကျင်ခြင်းမရှိဘဲယားကျိကျိမျှသာ ရှိလေသည်။)။ကျွန်ုပ်တို့သုံးယောက်စလုံး တစ်လှည့်စီထိုးပြီးကြ၍ ကိုသိန်းဖေအား ''ဘယ့်နှယ်လဲဆရာကြီး ထိုးဦးမလား''ဟု မေးရာတွင် ကိုသိန်းဖေမှာ ဦးခေါင်းယမ်း၍သာ ပြနိုင်တော့သည်။ အကြောင်းမူကား သူသည် ကျွန်ုပ်တို့အထဲတွင် 'အူရိုင်း'သက်သက်ဖြစ်၍ အတော် ''ထိ'' လျက်ရှိပေသောကြောင့်တည်း။ ကိစ္စပြီး၍ ထမည်ပြုကြသောအခါ ကိုသိန်းဖေ မထနိုင်တော့ချေ။ ထမည်လုပ်ပြီးမှ ပြန်၍ထိုင်သွားသည်။ မျက်တောင်များကား စင်းလျက်ရှိလေပြီ။ခက်ချေပြီတကား။ ဤတွင် ကုလားတစ်ယောက်က ဆောင်းထားသောဦးထုပ်ကိုချွတ်၍ ကိုသိန်းဖေ၏မျက်နှာကိုဖုံးပေးလိုက်ရာ ငါးမိနစ်ခန့်ကြာသောအခါ လူကောင်းပကတိဖြစ်၍ ကြည်လင်စွာရှိလာလေပြီ။ ပြန်ကြဖို့ပြောသောအခါ ကိုသိန်းဖေက အနည်းဆုံး တစ်ပြွတ်တည်းဖြစ်စေ ဖြည့်ခဲ့ပါရစေဦးဟု ပြောသေး၏။ အတော်ရွတ်သော လူတစ်ယောက်ပေတည်း။ သို့ရာတွင် ကျွန်ုပ်တို့က မလျော်ကြောင်းပြော၍ အတင်းခေါ်ခဲ့ရလေသည်။ ပီမိုးနင်းက ''ကျုပ်တို့အထဲမှာတော့ ဗိုလ်စွဲတဲ့ လူတစ်ယောက်ပဲဗျို့'' ဟူ၍ အောချသောအမူအရာနှင့် ကျွန်ုပ်အား ပြောလေသည်။ (ထိုစဉ်ကမူ ရန်ကုန်တစ်မြို့လုံးတွင် မာဖီးယားခန်းဟူ၍ ဤတစ်ခန်းတည်းသာရှိလေရာပီမိုးနင်း၏ ဗဟုသုတအစွမ်းကြောင့် ကျွန်ုပ်တို့ ရောက်နိုင်ခြင်းဖြစ်လေသည်။ ဤခေတ်၌မူ ရှိကောင်းမှ ရှိတော့မည် ထင်သည်။)။ပီမိုးနင်း၏ တိုက်ခန်း။ကျွန်ုပ်တို့သည် မာဖီးယားခန်းမှ ဆင်းလာကြသော အခါ လန်ချားနှစ်စီးခေါ်ယူ၍ ကိုသိန်းဖေနှင့် ပီမိုးနင်းကတစ်စီး၊ ကျွန်ုပ်နှင့် ဘဲကင်ကတစ်စီး ပြန်၍လာကြ၏။ ကရိလမ်းထောင့်၌ရှိသော ပီမိုးနင်း၏ တိုက်ခန်းသို့ ရောက်ကြသောအခါ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သည် နံနက်ခင်းရောင်းရန်အတွက် နံပြားများ ဖုတ်လျက်ရှိလေပြီ။ ကျွန်ုပ်တို့သည် နံပြားခြောက်ခုဝယ်၍ ပီမိုးနင်း၏တိုက်ခန်းသို့တက်လာကြပြီးပီမိုးနင်းကတော်နှင့် သားလေးများကိုနှိုး၍ ဘဲကင်ကို အတုံးအတစ်ဖြစ်အောင် ခုတ်စဉ်းစေ၏။ထို့နောက် အိမ်သားအားလုံးဘဲကင်နှင့် နံပြားကိုဝိုင်းဖွဲ့ကာမြိန်ရှက်စွာ စားသောက်ကြ၏။ကိုသိန်းဖေကမူ ဤမျှလောက်ကောင်းသောနံပြားနှင့် ဤမျှလောက် ချိုဆိမ့်သောဘဲကင်ကို တစ်သက်လုံးမစားဖူးကြောင်းပြောရာ ပီမိုးနင်းနှင့်ကျွန်ုပ်တို့ကရယ်ကြရသေးသည်။ အကြောင်းမူကား ဘဲကင်၏ ထူးခြားချက် ကြောင့်မဟုတ် ဆေးခြောက်၏သတ္တိဖြစ်ခြင်းကို ကျွန်ုပ်တို့ သိကြရသောကြောင့်ဖြစ်လေသည်။ လူခြောက်ယောက်တို့သည် နံပြားခြောက်ခုနှင့် ဘဲကင်တစ်ကောင်ကို အရိုးပါ ဖြူအောင်စုပ်ကြပြီးနောက် အိမ်ရှေ့ခန်းတွင်မွေ့ရာကြီးခင်း၍ကျွန်ုပ်တို့သုံးယောက်သား အတူတကွအိပ်ကြလေသည်။ အမျိုးမျိုး စုံအောင်လုပ်ခဲ့ကြသောကြောင့် ခေါင်းအုံးနှင့် ဦးခေါင်းထိမိသည်နှင့်တစ်ပြိုင်နက် အိပ်ပျော်သွားကြသည်ဟု ထင်ကြလျှင်မှားကြပေလိမ့်မည်။အိပ်ရာနံဘေးတွင် စီးကရက်၊ ဆေးပေါ့လိပ်၊ မီးခြစ် စသည်များကို ချထား၍ ကိုယ်တွေ့အဖြစ်အပျက်များကို ဆေးလိပ်တဖွားဖွားနှင့် ဟားတိုက်ကာ တစ်လှည့်စီပြောကြလေတော့သည်။ ကိုသိန်းဖေသည် ရယ်စရာပုံတိုပတ်စလေးများပြောတတ်သူဖြစ်ရာ-(ရယ်စရာများကို သတိရတတ်၍ ရယ်မိလျှင် အူတက်မတတ် ရယ်မိတတ်သော)ပြောသူကလည်းအပြောကောင်း၊ရယ်သူများကလည်းမပြောမီကပင် ရယ်လိုက်မည်ဟုအသင့်ပြင်ဆင်ထားပြီးရကား လင်းအားကြီး အရုဏ်တက်အချိန်ကြီးတွင် တခစ်ခစ်တခိခိနှင့် ကျိတ်၍ ရယ်မိကြပါတော့သည်။ ဤနည်းဖြင့် မိုးလင်းသည့်တိုင်အောင်အချိန်ဖြုန်းကြလေရာ ပီမိုးနင်းနှင့် ကိုသိန်းဖေတို့မှာတစ်ညတည်း အတူပျော်ကြရရုံဖြင့်နှစ်ပေါင်းများစွာပေါင်းသင်းလာကြသည့် မိတ်ဆွေများသဖွယ် ခင်မင်ရင်းနှီးခြင်း ရှိသွားကြလေသည်။ ဤအကြောင်းကို မသိသောလူများသည် တစ်ညတာလေးအတွက်နှင့် ဤအဖြစ်မျိုးသို့ ရောက်နိုင်သည်ဆိုခြင်းကို ယုံကောင်းမှပင် ယုံနိုင်ကြပေလိမ့်မည်။ ဤကဲ့သို့ အတူပျော်ကြခြင်းမှာ ထိုညသည် ပထမဆုံးနှင့် နောက်ဆုံးညဖြစ်လေရာ ကိုသိန်းဖေပြန်သွားသည့်နောက်တွင်လည်းဤလူနှစ်ယောက်တို့သည် တစ်ယောက်အကြောင်းကို တစ်ယောက် တစ်မေးတည်းမေးကြ၍ မမေ့နိုင်သော မိတ်ဆွေများအဖြစ်သို့ရောက်သွားကြလေတော့သည်။။ဆက်လက်ဖော်ပြပါမည်။
null
null
, 05/19/2025 - 10:12
mwd_webportal
https://www.myawady.net.mm/node/69329
ကျောင်းအပ်နှံရေးရက်သတ္တပတ်လုပ်ငန်းစဉ် နှိုးဆော်အသိပေးမြေစိုက်ပိုစတာစိုက်ထူ
ကျောင်းအပ်နှံရေးရက်သတ္တပတ်လုပ်ငန်းစဉ် နှိုးဆော်အသိပေးမြေစိုက်ပိုစတာစိုက်ထူ။မြဝတီ မေ ၁၇။ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးရက်သတ္တပတ်လုပ်ငန်းစဉ်နှိုးဆော်အသိပေး မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မေလ ၁၇ ရက်တွင်ကျင်းပသည်။။အဆိုပါကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေး ရာဝန်ကြီး ဦးစောထွန်းအောင်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများက ကျောင်းအပ်နှံရေး ရက်သတ္တပတ် မြေစိုက်ပိုစတာကို စိုက်ထူကြသည်။။ထို့ပြင်မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၂ ရက်မှစတင်၍ ဇွန်လ ၁ ရက် အထိ သတ်မှတ်ထားရှိကာ အခြေခံပညာ ကျောင်းများ ဖွင့် လှစ်ဆောင်ရွက်နိုင်ရေး၊ကျောင်းအပ်လက်ခံနိုင်ရေးများဆောင်ရွက်ရာတွင် အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက်မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းတွင်းနှင့် ကျောင်းပြင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/26A_35.jpg
, 05/19/2025 - 10:16
mwd_webportal
https://www.myawady.net.mm/node/69330
ယူကရိန်းပဋိပက္ခ အဆုံးသတ်သွားပါက ဥရောပတွင် လက်နက်မှောင်ခိုမှုများနှင့် ဒုစရိုက်မှုများ ပေါများလာမည်
ယူကရိန်းပဋိပက္ခ အဆုံးသတ်သွားပါက ဥရောပတွင် လက်နက်မှောင်ခိုမှုများနှင့် ဒုစရိုက်မှုများ ပေါများလာမည်။ဘန်း၊ စစ်ရေး။ယူကရိန်းပဋိပက္ခ အဆုံးသတ်သွားပါက ဥရောပအနေဖြင့် လက်နက်မှောင်ခိုမှုများ အပြင် ဒုစရိုက်မှုမျိုးစုံကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဦးဆောင်တတ်သိပညာရှင် များအဖွဲ့က သတိပေးချက် ထုတ်ပြန်ထား သည်။။ယူကရိန်း၌ကျန်ရစ်ခဲ့မည့် များပြားလှစွာသော စစ်လက်နက်ပစ္စည်းများကြောင့် လက်နက်ကြီးများအပါအဝင် လက်နက်အမျိုးမျိုးအတွက် မှောင်ခိုဈေးကွက်ကြီး ကိုပေါ်ပေါက်လာစေနိုင်ကြောင်း Global Initiative Against Transnational Organized Crime (GI-TOC) အဖွဲ့က ထုတ်ပြန်ထားသည်။။အသေးစားမှောင်ခိုလုပ်မှု အနေဖြင့် ပစ္စတိုများ၊ ချေမှုန်းရေးရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများသည် ဥရောပသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကြီးစားအနေဖြင့်မူ ဒုံးပစ် လောင်ချာများ၊ ပခုံးထမ်းဒုံးများ၊ စက်သေနတ် ကြီးများနှင့် ချေမှုန်းရေးရိုင်ဖယ် အများအပြားကို ကွန်တိန်နာများဖြင့်ပင် တင်၍ ပဋိပက္ခများဖြစ်ပွားရာ အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် လက်တင်အမေရိကတို့သို့ပင် တင်ပို့လာနိုင်ကြောင်း ထိုတတ်သိ ပညာရှင်များအဖွဲ့၏ သတိပေးချက်တွင် ဖော်ပြထားသည်။။အလားတူ လက်နက်များကို မှောင်ခိုလုပ်ခြင်းအပြင် ယူကရိန်းပဋိပက္ခ၌ ပါဝင် တိုက်ခိုက်ခဲ့သည့် ပြည်ပတိုက်ခိုက်ရေး သမားများ၊ ဆိုက်ဘာကျွမ်းကျင်သူများ သည် ဒုစရိုက်သမားများ၏ လက်အောက်သို့ ရောက်ရှိ သွားနိုင်ပြီး “ဒရုန်း၊ မူးယစ် ဆေး၊ ဒုစရိုက်သမား” ဆိုသည့်ပုံစံမျိုးဖြင့် ထွက်ပေါ်လာနိုင်ကြောင်း သတိပေးချက် တွင် ဆက်လက်ဖော်ပြထားသည်။။ယူကရိန်း ပဋိပက္ခသည် နောက်ဆုံးတွင် ဒုစရိုက်သမားများ၊ လက်နက်မှောင်ခိုကူး သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုသဖွယ်ဖြစ် လာနိုင်ကာ ထိုပဋိပက္ခမှ အကျိုးအမြတ် ရရှိသွားနိုင်ကြောင်း ရုရှားက ကြိုတင် သတိပေးထားပြီး ဖြစ်သည်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/195231.jpg
, 05/19/2025 - 10:25
admin_webportal
https://www.myawady.net.mm/node/69331
အာရှဒေသမှာ ထပ်မံမြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်စရာလိုနေပြီလား
အာရှဒေသမှာ ထပ်မံမြင့်တက်လာတဲ့ ကိုဗစ်-၁၉ ရောဂါ စိုးရိမ်စရာလိုနေပြီလား။ဆောင်းပါးရှင်- ထက်မြက်။ဒီနှစ်အစောပိုင်းမှာ အာရှဒေသမှာရှိတဲ့ နိုင်ငံနဲ့ဒေသတော်တော်များ များ အထူးသဖြင့် အရှေ့တောင် အာရှဒေသရှိ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် လာနေတာကို တွေ့ရပါတယ်။ အာရှမှာဆိုရင်တရုတ်နိုင်ငံနဲ့ဟောင်ကောင်ဒေသ၊ အရှေ့တောင်အာရှမှာဆိုရင် စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုတွေပြန်လည်မြင့်တက်လာနေတာပါ။ ဒါကြောင့် ဒီရောဂါကပ်ဘေးဆိုးကြီးကကျွန်တော်တို့ကိုတစ်ဖန်ပြန်လည်ခြောက်လှန့်လာဦးမှာလားလို့တွေးစရာ ရှိနေပါတယ်။။ဒီလိုထင်မယ်ဆိုရင်လည်းထင်စရာရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်လက်ရှိရရှိထားတဲ့အချက်အလက်တွေကိုကြည့် ပါကကိုဗစ်-၁၉ရောဂါဟာတော်တော် လေးကိုတက်ကြွစွာရှင်သန်နေ ဆဲပဲဆိုတာ ကိုတွေ့ရပါတယ်။ ဒီရောဂါကြီးကငြိမ်သွားပြီလို့ လူတွေစိတ်ထဲမှာထင်မြင် နေတဲ့အချိန်၊ ကူးစက်မှုနှုန်း တွေကျဆင်း သွားတဲ့အချိန်မှာတောင်မှ ဒီရောဂါက ရှင်သန်နေတာကိုတွေ့ရတာပါ။။လက်ရှိဟောင်ကောင်နဲ့စင်ကာပူမြို့ကြီးတွေမှာဆိုရင်ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာတာနဲ့ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေကသတိပေးချက်တွေထုတ်ပြန်ထား ရပါတယ်။ အလားတူပဲတရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာဆိုရင်လည်းရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ အနေနဲ့ပြည်သူတွေကိုထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့အတွက်တိုက်တွန်းနှိုးဆော်မှုတွေလုပ်နေ ရ ပါတယ်။။ဟောင်ကောင်မှာဆိုရင် တစ်နှစ်ကျော် ကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုက အမြင့်ဆုံးကိုရောက်ရှိလာတယ်လို့ ကျန်းမာရေးဌာနရဲ့ကူးစက်ရောဂါဌာနမှူးကပြောထားပါတယ်။ ဒီလအစောပိုင်း ပထမရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဟာ ၃၁ ဦးရှိပြီး ရောဂါ ဖြစ်ပွားမှုကလည်း ပြင်းထန်တယ်လို့ဆို ပါတယ်။ ဒီအတွက် ကျန်းမာရေးတာဝန် ရှိသူများက ရောဂါကူးစက်ပြန့်ပွားမှုအခြေ အနေနဲ့ပတ်သက်ပြီးခြေရာခံမှုတွေလုပ်တဲ့အခါ အဲဒီရောဂါပိုးက လူကြားထဲမှာ တော်တော်လေးပျံ့နှံ့နေတာကိုတွေ့ရှိရ တယ်လို့ဆိုပါတယ်။ အဆိုးဆုံးကတော့ ဟောင်ကောင်နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ အီဆန်ချန်းက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းပါပဲ။ ဒီအတွက်ပြည်သူတွေက ရောဂါပြန်လည်ဖြစ်ပွားမှု ကိုသတိပြုမိလာတာဖြစ်ပါတယ်။။ထို့အတူ စင်ကာပူနိုင်ငံမှာဆိုရင်လည်း ဒီလအစောပိုင်းရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက ၂၈ ရာခိုင် နှုန်းအထိမြင့်တက်လာတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထား ပါတယ်။ သူတို့ထုတ်ပြန်တဲ့ရာခိုင်နှုန်းအရ ဆိုရင် ရောဂါကူးစက်ခံရသူအရေအတွက် က ၁၄၂၀၀ အထိရှိတယ်လို့ဆိုပါတယ်။ အဲဒီကာလအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်သီးသန့်ထားရှိတဲ့ဆေးရုံတွေမှာ တက်ရောက်ဆေးကုသမှုခံယူရသူအရေအတွက်က ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့သိရပါတယ်။။အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါကူးစက် မှုတွေပြန်လည်မြင့်တက်လာရခြင်းဟာ ရောဂါပိုးအနေနဲ့ ပိုမိုပြင်းထန်လာခြင်းကြောင့်မဟုတ်ဘဲ ပြည်သူတွေမှာသာ အဲဒီ ရောဂါကိုတိုက်ထုတ်နိုင်တဲ့ကိုယ်ခံအား ကျဆင်းလာခြင်းကြောင့်သာဖြစ်တယ်လို့။ကျန်းမာရေးတာဝန်ရှိသူများကပြောထားပါတယ်။ ဒါ့အပြင် လက်ရှိကိုဗစ်-၁၉ ရောဂါမျိုးကွဲကလည်း အရင်ကထက်ပိုမို ပြင်းထန်လာတဲ့အထောက်အထားတွေ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်း သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါအတွက် ထပ်ဆောင်းကာကွယ်ဆေးတွေထိုးကြဖို့ တာဝန်ရှိသူများက တိုက်တွန်းထားတာ တွေ့ရပါတယ်။။အလားတူတရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပြန်လည်ဖြစ်ပွားမှုက မြင့်တက်လာ နေတယ်လို့ တရုတ်နိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ လနဲ့ဒီလအစောပိုင်းအတွင်း ဆေးရုံတွေမှာတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူအရေအတွက်က နှစ်ဆမြင့်တက်လာ တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခုလိုမျိုး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက် လာခြင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာဖြစ် ပွားတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ အတိုင်းဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူများက သတိပေးစကားပြော ထားပါတယ်။။တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်လာ ခြင်းနဲ့ရင်ဆိုင်နေရတာပါ။ အထူးသဖြင့် ဧပြီလတုန်းကကျင်းပခဲ့တဲ့ ရိုးရာနှစ်သစ် ကူးပွဲတော်အပြီးမှာကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကပြန်လည်မြင့်တက်လာတာပါ။ အဲဒီကာလအတွင်း လူစုလူဝေးများပြား ခြင်းက ရောဂါပိုးကူးစက်ပျံ့နှံ့ဖို့အားပေးရာရောက်စေခဲ့တာဖြစ်တယ်လို့ ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁ ရက်ကနေ မေလ ၁၄ ရက်အထိရရှိတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူ ၇၁၀၆၇ ဦးနဲ့ အဲဒီရောဂါကြောင့်သေဆုံးသူ ၁၉ ဦးရှိတယ်လို့ အစိုးရရဲ့ကိုဗစ်-၁၉ ရောဂါသတင်းထုတ်ပြန်ရေးဌာနကပြောပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေ အနေနဲ့ ကာကွယ်ဆေးမထိုးရသေးဘူး ဆိုရင် ကာကွယ်ဆေးထိုးဖို့နဲ့ ကာကွယ် ဆေးထိုးပြီးသူဆိုရင်လည်း ထပ်ဆောင်း ကာကွယ်ဆေးထိုးဖို့ကို တာဝန်ရှိသူများ ကတိုက်တွန်းထားပါတယ်။။ထိုင်းနိုင်ငံမှာကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးက အိုမီခရွန် XEC မျိုးကွဲဖြစ် တယ်လို့ဆိုပါတယ်။ သူက KS.1.1 နဲ့ KP.3.3 ဆိုတဲ့မျိုးကွဲတွေနဲ့ဖွဲ့စည်းဖြစ်တည်နေတာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုကိုအလွန် အမင်းမြန်ဆန်စေတဲ့ သန္ဓေပြောင်းမျိုးစိတ် အမျိုးမျိုးကိုသယ်ဆောင်ထားတာဖြစ်ပါ တယ်။ လက်ရှိမှာဆိုရင် အဲဒီရောဂါပိုးမျိုးကွဲ က ဥရောပ၊ မြောက်အမေရိကနဲ့ အာရှ ဒေသတို့ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ပျံ့နှံ့ နေတာကိုတွေ့ရှိလာရပါတယ်။ သူ့ရဲ့ကူးစက်ပျံ့နှံ့မှုနှုန်းကတော့ အခြားသောအိုမီခရွန်မျိုးကွဲတွေထက် ၈၄ ဆမှသည် အဆ ၁၁၀ အထိရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။။အခု အာရှဒေသရှိနိုင်ငံနဲ့ဒေသတွေမှာ ပြန်လည်ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ ရောဂါတွေက နွေရာသီကာလတွေမှာ ပိုမိုပျံ့နှံ့လာနေတာတွေ့ရပါတယ်။အရင်တုန်းကကိုဗစ်ရောဂါဆိုတာသာမန်တုပ်ကွေးရောဂါလိုပဲဖြစ်သွားလိမ့်မယ်လို့ယူဆထားခဲ့ကြတာပါ။ တုပ်ကွေးရောဂါတွေ က မိုးရာသီမှာအဖြစ်များပြီး နွေရာသီမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခု ကိုဗစ်-၁၉ ရောဂါကျတော့ အဲဒီလိုမျိုး ဖြစ်မလာပါဘူး။နွေရာသီမှာသာပိုပြီးကူးစက်ပျံ့နှံ့လာနေတာတွေ့ရပါတယ်။။လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါပြန် လည်ဖြစ်ပွားနေတာကတော့ အသေအချာ ပါပဲ။ဒါကြောင့်လည်းကျန်းမာရေးတာဝန်ရှိသူများကပြည်သူတွေအနေနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေထိုးဖို့တိုက်တွန်းလာနေတာဖြစ်ပါတယ်။ တစ်ဖက် မှာလည်း အစိုးရအဖွဲ့အချင်းချင်းက တစ်ဦးကရတဲ့ အချက်အလက်တွေကို တခြားသူတွေဆီပြန်လည်မျှဝေပြီး ဒီကပ်ဆိုးကြီးကိုထိန်းချုပ်နိုင်ဖို့လုပ်ဆောင်နေကြတာတွေ့ရပါတယ်။။ဒါကြောင့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ရောဂါကြီးက အရှင်းပျောက်မသွားသေး ပါဘူး။ ကိုဗစ်-၁၉ ရောဂါက ၂၀၂၀ ပြည့်နှစ် မှာစတင်ပေါ်ပေါက်လာပြီး ပြည်သူတွေကိုဒုက္ခမျိုးစုံပေးခဲ့ပြီးသည့်တိုင်အောင်အခုချိန်ထိလည်း လူတွေကို သံသယတွေနဲ့ အတူ ဒုက္ခပေးနေဆဲဖြစ်တယ်လို့ဆိုရမှာပါ။။ဒီအတွက်ကြောင့်ကျွန်တော်တို့တစ်တွေအနေနဲ့ တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုနဲ့ပတ်သက်ပြီး စိုးရိမ်ရမှာ လားလို့မေးလာရင် ကိုယ်ကကာကွယ် ဆေးထိုးထားပြီးသားဆိုရင်လည်း ထပ် ဆောင်းကာကွယ်ဆေးကိုထိုးဖို့၊ မထိုးရ သေးဘူးဆိုရင်လည်း ကာကွယ်ဆေးကို အမြန်ဆုံးထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူစုလူဝေးနေရာတွေကိုရှောင် ရှားခြင်း၊ လက်ကိုဆပ်ပြာဖြင့်မကြာခဏ ဆေးခြင်း၊ လူများတဲ့နေရာတွေကိုသွား မယ်ဆိုရင် နှာခေါင်းစည်းကိုတပ်သွားခြင်း တို့ဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်း များကိုဆောင်ရွက်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခု အထိကာကွယ်နိုင်မယ်ဆိုတဲ့အကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။။Ref: ET, NT
null
null
, 05/19/2025 - 10:28
mwd_webportal
https://www.myawady.net.mm/node/69332
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် တစ်ညအတွင်း လူ ၁၀၃ ဦး ထပ်မံသေဆုံး
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် တစ်ညအတွင်း လူ ၁၀၃ ဦး ထပ်မံသေဆုံး။မေလ ၁၇ ရက်ညသန်းခေါင်ချိန်မှစ၍ မေလ ၁၈ ရက်အထိ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသအတွင်း နောက်ထပ်သေဆုံးသူ ၁၀၃ ဦးရှိလာကြောင်း ထိုဒေသရှိ ဆေးရုံများနှင့် ဆရာဝန်များက ပြောသည်။။ဂါဇာဒေသတောင်ပိုင်း ခန်းယူနစ်မြို့ အတွင်းနှင့်ပတ်ဝန်းကျင်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၄၈ ဦးကျော်သေဆုံးကြောင်း၊ ထိုတိုက်ခိုက်မှုသည် ရွှေ့ပြောင်းနေထိုင်သူများ ယာယီ ခိုနားရာအိမ်များနှင့် တဲများကိုထိမှန်ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများတွင် ကလေး ငယ် ၁၈ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင် ကြောင်း နက်ဆာဆေးရုံက ထုတ်ပြန်ထားသည်။။အစ္စရေးအစိုးရသည် ဟားမတ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး နောက် ဂါဇာဒေသကို သိမ်းပိုက်ရန်၊ ပါလက်စတိုင်းပြည်သူများကို ဂါဇာတောင်ပိုင်းသို့ နှင်ထုတ်ရန်နှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့နေမှု အပေါ် လွှမ်းမုးချုပ်ကိုင်ရန်တို့ အတွက် စစ်ဆင်ရေးကြီးတစ်ရပ် ဆင်နွှဲနေကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/195232.jpg
, 05/19/2025 - 10:29
admin_webportal
https://www.myawady.net.mm/node/69333
ဗီယက်နမ်မြောက်ပိုင်း၌ ရေကြီးပြီး မြေပြိုမှုများကြောင့် လူလေးဦးသေဆုံး
ဗီယက်နမ်မြောက်ပိုင်း၌ ရေကြီးပြီး မြေပြိုမှုများကြောင့် လူလေးဦးသေဆုံး။ဟနွိုင်း၊ သဘာဝဘေး။ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ ဘက်ကန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းသည့် အတွက် ရေကြီး မှုများနှင့်မြေပြိုမှုများဖြစ်ပွားခြင်းကြောင့်လူလေးဦးသေဆုံးကာသုံးဦးဒဏ်ရာရရှိထားကြောင်း ဗီယက် နမ် သတင်းဌာနတစ်ခုက မေလ ၁၈ ရက်တွင် ဖော်ပြထားသည်။။သေဆုံးသူလေးဦးအနက် နှစ်ဦးသည်ရုတ်တရက်ရေကြီးမှုတွင်လည်းကောင်း၊ ကျန်နှစ်ဦးသည် မြေပြိုမှု များကြောင့်မြေကြီးအောက်တွင်ပိ၍ကြောင့်လည်းကောင်း သေဆုံးသွားခြင်းဖြစ်သည်ဟု တာဝန်ရှိသူ များကပြောသည်။။ထို့ပြင် အဆိုပါသဘာဝဘေးကြောင့် ကောက်ပဲသီးနှံဟက်တာရာပေါင်းများစွာပျက်စီးရသည့်အပြင် ဒေသတွင်းရှိအခြေခံ အဆောက်အဦများစွာမှာလည်း ဖျက်ဆီးခံလိုက်ရကြောင်း တာဝန်ရှိသူများက ဆက်ပြောသည်။။မေလ ၁၈ ရက်ညနေပိုင်းအထိ နိုင်ငံ မြောက်ပိုင်းရှိ တောင်ပေါ်ဒေသ၌ မိုးသည်း ထန်စွာ ဆက်လက် ရွာသွန်းလျက်ရှိရာ မြစ်များ၊ ချောင်းများတွင်ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်းနှင့်လူနေအိမ်များ အပေါ် မြေ ပြိုကျမှုများဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိသူများကသတိပေးထားသည်။။Ref: Xinhua
နိုင်ငံတကာသတင်း
https://www.myawady.net.…files/22A_78.jpg
, 05/19/2025 - 10:30
mwd_webportal