url
stringlengths
33
37
title
stringlengths
2
255
content
stringlengths
17
96.5k
category
stringclasses
16 values
image
stringlengths
52
582
⌀
date
stringlengths
20
23
admin
stringclasses
6 values
https://www.myawady.net.mm/node/69118
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်း အချက် အလက်စင်တာသို့သွားရောက်လေ့လာ၊အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်း သူများ သင်တန်
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်း အချက် အလက်စင်တာသို့သွားရောက်လေ့လာ၊အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်း သူများ သင်တန်းစခန်းအလိုက် ပြိုင်ပွဲများပြုလုပ်။နေပြည်တော် မေ ၁၄။ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်း သူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်လှိုင်မြို့နယ်ရှိနျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။ ထို့နောက် လေ့လာရေးခရီး လာရောက်ကြသော ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများအား ပြခန်း ခန်းမဆောင်၌ ပြသထားသော နျူကလီး ယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ် ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစား တစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်း ပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြ နမူနာ ပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထု ပစ္စည်းများတွင်ပါရှိသော ဓာတ် ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေး သည့် Radiometer စက်၊ နျူကလီးယား နည်းပညာဆိုင်ရာ အခြေခံ အကြောင်းအရာ များကို မေးခွန်းများမေး၍ ဖြေကြားနိုင် သည့် ပဟေဠိဂိမ်း စနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့်သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထု များတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေး သည့်စက်၊ နျူကလီးယားဓာတ်ပေါင်းဖို တစ်ခု၏အတွင်းပိုင်း ပါဝင် ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာ ဖြင့်ပုံဖော်ပြသထားသည့် ပုံစံငယ် နှင့်လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် Wind Turbine နမူနာပုံစံ ငယ်တို့ကို အသေးစိတ် ရှင်းလင်းပြောကြား သည်။။ယင်းနောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် ဗီဒီယိုပြ ခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏အရေးပါမှုနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ်ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများရှင်းလင်းတင်ပြမှုဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဆိုင်ရာ အခြေခံအကြောင်း အရာများကို မြန်မာဘာသာဖြင့် ရှင်းလင်း ပြောကြားထားသည့် ပြကွက်များ၊ ပိုစတာ ပြခန်းတွင် နျူကလီးယား နည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာ ရေး၊ စက်မှုလုပ် ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဏအသီးသီး တို့တွင် လက်တွေ့ကျကျအသုံးပြုနေခြင်း ဆိုင်ရာ ပိုစတာများကို လေ့လာ ကြည့်ရှုကြ သည်။။အလားတူ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း စခန်းများဖြစ်သည့် မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်း၊ မြန်မာပြည် တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင်သင်တန်း စခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီး သင်တန်းစခန်း၊ တောင်ငူသင် တန်းစခန်း၊ ပြည်သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော် သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်းစခန်း စသည့်သင်တန်း စခန်း ၁၅ ခုမှ သင်တန်းသားများသည် နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌ ပြုလုပ်သည့် စခန်းပေါင်းစုံ RC လေယာဉ်မောင်းနှင်ခြင်း နှင့် RC ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။။အဆိုပါပြိုင်ပွဲများ ကျင်းပနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာသင်တန်းစခန်းအသီးသီး မှ အုပ်ချုပ် သူနည်းပြများ၊ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…08-08-15-772.jpg
Thu, 05/15/2025 - 06:11
mwd_webportal
https://www.myawady.net.mm/node/69120
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် Operation Room ၉၅ လုံးတင်ဆောင်သည့် သင်္ဘောနှင့် Modular (prefabricated) house ၁၈၀၄ လုံး တင်ဆောင်သည့် သင်္ဘော သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ၊ သက်ဆိုင်ရာမှ ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက် ပို့ဆောင်သွားမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့်Operation Room ၉၅ လုံးတင်ဆောင်သည့် သင်္ဘောနှင့်Modular (prefabricated) house ၁၈၀၄ လုံး တင်ဆောင်သည့် သင်္ဘော သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ၊ သက်ဆိုင်ရာမှ ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက် ပို့ဆောင်သွားမည်။ရန်ကုန် မေ ၁၄။မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေး မြေငလျင်ကြီးကြောင့် ငလျင်ဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Operation Room ၉၅ လုံးတင်ဆောင်လာသည့် MTT Sapangar သင်္ဘောသည် မေလ ၁၂ ရက် ည ၆ နာရီခွဲတွင် လည်းကောင်း၊ Modular (prefabricated) house ၁၈၀၄ လုံး တင်ဆောင်လာသည့် SOUTHERN VENTURE သင်္ဘောသည် မေလ ၁၃ ရက် ည ၆ နာရီ ၃၈ မိနစ်တွင် လည်းကောင်း သီလဝါဆိပ်ကမ်းရှိ MITT တံတားသို့ အသီးသီး ဆိုက်ရောက်ခဲ့ကြကြောင်း သိရသည်။။အဆိုပါရောက်ရှိလာသော Operation Room ၉၅ လုံးနှင့် Modular (prefabricated) house ၁၈၀၄ လုံးတို့အား ယနေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်း၌ လွှဲပြောင်း လက်ခံရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေး သံမှူး Mr. Ouyang Daobing ထံမှ လွှဲပြောင်းလက်ခံရယူကြသည်။။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မန္တလေး မြေငလျင်ဘေးသင့်ပြည်သူများနှင့် ယင်းဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ အသုံးပြုရန် ပေးပို့လှူဒါန်းလျက်ရှိရာ ယနေ့လွှဲပြောင်းလက်ခံမှုသည် (၁၄)ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။။သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Operation Room ၉၅ လုံးအား ကျန်းမာရေး ဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဒေသများသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး Modular (prefabricated) house ၁၈၀၄ လုံးကို SOUT-HERN VENTURE သင်္ဘောပေါ်မှ ကုန်တင်ကားပေါ်သို့ ကရိန်းဖြင့်ချနေသည့်အခြေအနေများအား လည်းကောင်း၊ ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ကရိန်းဖြင့် တင်ဆောင်နေသည့် အခြေအနေများအား လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15511.jpg
Thu, 05/15/2025 - 08:19
admin_webportal
https://www.myawady.net.mm/node/69121
ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်
ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်။အယ်ဒီတာ့အာဘော်။(၂ဝ၂၅ ခုနှစ်၊ မေ ၁၅ ရက်)။မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီ လည်ပတ်နေသောနိုင်ငံဖြစ်သည်။ ရေမြေသဘာဝကောင်းမွန်၍ ရာသီဥတုမျှတ သာယာသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ ထိုသို့တည်ဆောက်လျက်ရှိရာတွင် သဘာဝ ရာသီဥတုကိုလည်း အလေးထား စောင့်ကြည့်နေရမည်ဖြစ်သည်။ ရာသီဥတုမှာ ပုံမှန်အဆင်ပြေစွာလည်ပတ်နေပါက လူသားတို့အတွက် ကောင်းကျိုးကို ဖြစ်ပေါ်စေနိုင်သော်လည်း ုံမှန်မဟုတ်သော ရာသီဥတုနှင့်တွေ့ကြုံရသည့်အခါ အခက်အခဲများ ဖြစ်ပေါ်လာတတ်သည်။။အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၁၃ ရက်တွင်ဝင်ရောက်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလ ၁၅ ရက်မှ ၁၈ ရက်အတွင်း၌ လည်းကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ မေလ ၁၉ ရက်မှ ၂၄ ရက်အတွင်း၌ လည်းကောင်း အသီးသီး ဝင်ရောက်မည်ဖြစ်ကြောင်းနှင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ထိုလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းကာလတွင် အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းလာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ပြည်သူများအနေဖြင့် မိုးလေဝသသတင်းနှင့် ပတ်သက်၍ အမြဲတမ်းသတိပြုနေကြရမည်ဖြစ်သည်။။မေလ ၁၄ ရက် ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေသည်။ သို့ဖြစ်ပါ၍ မေလ ၁၃ ရက်မှ ၂၀ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့်မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်ဖြစ်သည်။။ကမ္ဘာတွင် နိုင်ငံအများအပြားမှာ ဖောက်ပြန်ပြောင်းလဲနေသော ရာသီဥတု၏ဒဏ်ကို ခံစားနေကြရသည်။ အချို့နိုင်ငံများတွင် မိုးရွာသွန်းမှုမရှိဘဲ အပူချိန် မြင့်တက်နေချိန်တွင် အချို့နိုင်ငံများ၌ မိုးလေပြင်းထန်ကာ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံတွင်လည်း ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ကမ္ဘာ့နိုင်ငံများ နည်းတူကြုံတွေ့နေရပြီဖြစ်သည်။ အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ကို သိရှိသော်လည်း ရေကြီးရေလျှံမှုဖြစ်လာလိမ့်မည်ဟု ကြိုတင်မြော်တွေးမှု မရှိသည့် အဖြစ်နှင့်ကြုံရသည့်အခါ ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်မျိုး ရှိခဲ့သည်။ မည်သည့်အချိန်အခါမဆို ရာသီဥတုနှင့် ပတ်သက်လာလျှင် ပြည်သူများအနေဖြင့် မိုးလေဝသ သတင်းများကို အထူးဂရုပြုနားထောင်ကာကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရမည်သာဖြစ်သည်။။မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် လက်ရှိအနေအထားမှာ အပူချိန်ပြင်းထန်မှု ဒဏ်ကိုခံစားနေကြရသည်။။မကြာမီကာလများတွင် မိုးရွာသွန်းခြင်းနှင့် အနောက်တောင် မုတ်သုံလေဝင်ရောက်မှု အခြေအနေများကြောင့် အပူဒဏ်လျော့ပါး သက်သာမှုရရှိမည်ဖြစ်သည်။ သို့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကိုမူ အစဉ်သတိပြုနေကြရမည်ဖြစ်သည်။ မြန်မာဆယ့်နှစ်လ ရာသီတွင် တန်ခူးလနှင့် ကဆုန်လတို့သည် အပူချိန်မြင့်မားသည့်လများဖြစ်သည်။ “တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန်” ဆိုသည့်အတိုင်း ပူပြင်းလှသည့် နွေကာလ၏အပူရှိန်ကို ခံစားကြရပြီးဖြစ်သည်။အပူရှိန်ပြင်းထန်လာမှုကြောင့် အပူပြန်တိမ်တိုက်နှင့် အခိုးအငွေ့များ မြင့်မားလာခြင်းနှင့်အတူ လေထုမငြိမ်မသက်မှုနှင့် အခိုးအငွေ့များကြောင့် မိုးသည်းထန်နိုင်မှု အခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်သည်။။တောင်သူလယ်သမားကြီးများ အတွက် မိုးရေသည် စိုက်ပျိုးရေးအတွက် လိုအပ်သည့်အရာဖြစ်သည်။။မိုးရွာမှပျိုးသာသည် ဆိုသည့်အတိုင်း ရရှိလာမည့်မိုးရေကို ထိန်းသိမ်းရင်း မိမိတို့လုပ်ငန်းခွင်အတွက် ကောင်းစွာအသုံးပြုကြရမည်ဖြစ်သည်။ သို့သော် မိုးသက်လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းမျိုးကိုမူ သတိရှိစွာကြိုတင်ပြင်ဆင်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အတူ အများပြည်သူများ အနေဖြင့်လည်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို ကြိုတင်တွက်ဆ ကာကွယ်ကြရမည်ဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် ပြည်သူများအတွက် မိုးလေဝသသတင်းများကို ကြိုတင်၍ မှန်ကန်စွာ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါထုတ်ပြန်ချက်ပါ ညွှန်ကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…/files/15521.jpg
Thu, 05/15/2025 - 08:26
admin_webportal
https://www.myawady.net.mm/node/69122
မုံရွာမြို့၌ အများပြည်သူ အပန်းဖြေနိုင်စေရန် ပြည်သူ့ဥယျာဉ် တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး
မုံရွာမြို့၌ အများပြည်သူ အပန်းဖြေနိုင်စေရန် ပြည်သူ့ဥယျာဉ် တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး။မုံရွာ မေ ၁၄။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်ရှိ မြေဧက ၃၀ ပေါ်၌ အများပြည်သူ အပန်းဖြေနိုင်စေရန် ပြည်သူ့ဥယျာဉ်တစ်ခု တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။။မုံရွာမြို့ အရှေ့ဘက်ခြမ်း၌ မုံရွာ တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ အားကစားနှင့် ကာယပညာသိပ္ပံ၊ ပညာရေး ဒီဂရီကောလိပ် စသည့်ကျောင်းများအပြင် ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ဝန်ထမ်းအိမ်ရာများလည်း ရှိပြီး ပြည်သူများ အပန်းဖြေ အနားယူရန် နေရာမရှိသေးသည့်အတွက် ပြည်သူ့ဥယျာဉ် တည်ဆောက်နေခြင်းဖြစ်သည်။။"မုံရွာမြို့အရှေ့ဘက်ခြမ်းက ပြည်သူ တွေလည်း လာရောက်အပန်းဖြေနိုင်စေ ဖို့ ကျောက္ကာလမ်းနဲ့ အနော်ရထာလမ်း ပေါ်က ဧက ၃၀ လောက်ရှိတဲ့ မြေနေရာ မှာ ပြည်သူ့ဥယျာဉ်တစ်ခုကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကနေ အကောင် အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒီပြည်သူ့ဥယျာဉ်မှာ နှစ်ဧကခွဲလောက် ကျယ်ဝန်းတဲ့ ပြည်သူ့ရင်ပြင်တစ်ခုပါမယ်။။ပြည်သူတွေ အပန်းဖြေအနားယူနိုင်ဖို့ အတွက် Landscaping တွေ၊ မြက်ခင်းတွေ၊ လျှပ်စစ်မီးတိုင်တွေ၊ ခုံတန်းတွေ၊ နိုင်လွန်ကတ္တရာလမ်းတွေအပြင် မြက်ခင်း တွေအတွက် ရေရရှိရေးကိုလည်း ဆောင် ရွက်ထားပါတယ်"ဟု မုံရွာမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။။အဆိုပါပြည်သူ့ဥယျာဉ်၌ လာရောက် အပန်းဖြေသူများ၏ ကျန်းမာရေးအတွက် သန့်စင်ခန်းကိုလည်း တည်ဆောက်ထားကြောင်း၊ ထပ်မံတိုးချဲ့မှုအနေဖြင့် စားသောက်ဆိုင်များ၊ အားကစားပြုလုပ်နိုင်မည့် ပစ္စည်းများနှင့် ကစားကွင်းများ လည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။။လက်ရှိတွင် တည်ဆောက်မှု လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး မေလကုန်တွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15531.jpg
Thu, 05/15/2025 - 08:33
admin_webportal
https://www.myawady.net.mm/node/69123
မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း ၂၄ ပြည်ဝင် ဇီယာဆန်အိတ် ၇၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့
မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း ၂၄ ပြည်ဝင် ဇီယာဆန်အိတ် ၇၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့။မော်လမြိုင်ကျွန်း မေ ၁၄။ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလအတွင်း ၂၄ ပြည်ဝင် ဇီယာဆန်အိတ် ၇၀၀၀၀ အထိတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နီနီဝင်း၏ ပြောဆိုချက်အရ သိရသည်။။"ပြီးခဲ့တဲ့ဧပြီလတစ်လတာ ကာလအတွင်း ဇီယာဆန်အိတ် ၇၀၀၀၀ ရန်ကုန်ဈေးကွက်ဘက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါတယ်။ ဇီယာဆန်က စားကောင်းတဲ့ ဆန်အမျိုးအစားဖြစ်ပါတယ်။ ဇီယာဆန်ကို ရန်ကုန်ဈေးကွက်ဘက်က အဓိက ဝယ်လိုအားများနေလို့ တင်ပို့အားတက်ခဲ့တာ ဖြစ်ပါတယ်။ ဇီယာဆန်ကို ရန်ကုန်ဈေးကွက်က ဒီလထဲမှာလည်း အများအပြား ဝယ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ လတ်တလောမှာ တခြားဆန်တွေထက် ဇီယာဆန်က အရောင်းအဝယ် ပိုကောင်းနေပါတယ်''ဟု ဒေါ်နီနီဝင်းကပြောသည်။။မော်လမြိုင်ကျွန်းမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ဇီယာဆန်များကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေသည့်အတွက် တောင်သူများ၊ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15532.jpg
Thu, 05/15/2025 - 08:37
admin_webportal
https://www.myawady.net.mm/node/69124
မိုးကြီးမည့် သတိပေးချက်
မိုးကြီးမည့် သတိပေးချက်။မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်။နေပြည်တော် မေ ၁၄။ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် မုတ်သုံလေ ဆက်လက် ဝင်ရောက်လာ နိုင်ခြင်းကြောင့် လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း ယနေ့ညမှ မေလ ၁၇ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မေလ ၁၈ ရက်မှ ၂၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။။သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများနေဖြင့်ရေကြီး၊ရေလျှံမှုများကိုကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်း သွားလာရေးနှင့်လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။။(မိုး/ဇလ)
မိုးလေဝသသတင်း
https://www.myawady.net.…files/155321.jpg
Thu, 05/15/2025 - 08:44
admin_webportal
https://www.myawady.net.mm/node/69125
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဆက်လက် ရောင်းချပေးလျက်ရှိ
သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဆက်လက် ရောင်းချပေးလျက်ရှိ။နေပြည်တော် မေ ၁၄။မြန်မာနိုင်ငံ၌ မတ်လ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မေလ ၁၂ ရက် မှ ၁၈ ရက် အထိ ရောင်းချပေးလျက်ရှိသည်။။ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ယနေ့ တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် ဒေသခံပြည်သူများ လာရောက်ဝယ်ယူလျက် ရှိသည်။။ယနေ့တွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့်သံမဏိ အသင်းအရောင်း ပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ် ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့်စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေး အရောင်းပြခန်း၊ လုပ်ငန်းသုံးမီးစက်သေးနှင့် မီးစက်ကြီးများ အရောင်းပြခန်း၊ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းများတွင် ပြည်သူအများလာရောက် လေ့လာဝယ်ယူလျက်ရှိသည် ကိုတွေ့မြင်ရသည်။။အဆိုပါ ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊သံမဏိ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများရောင်းချပေးခြင်း အစီအစဉ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)I မြန်မာနိုင်ငံ သံမဏိ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေ ထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15551.jpg
Thu, 05/15/2025 - 08:50
admin_webportal
https://www.myawady.net.mm/node/69126
မိုးစပါး မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်) ကြဲပက်ပွဲနှင့် စိုက်နည်းစနစ်မှန်ကန်ရေး တစ်ဧကအထွက်နှုန်း တိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
မိုးစပါး မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်) ကြဲပက်ပွဲနှင့် စိုက်နည်းစနစ်မှန်ကန်ရေး တစ်ဧကအထွက်နှုန်း တိုးတက်ရေး နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ။မြန်အောင် မေ ၁၄။ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ် တာခွတဲကြီးကုန်း ကျေးရွာအုပ်စု ဧက ၁၀၀ စံပြကွက် တောင်သူဦးစိုးမင်းဝင်း၏ကွင်းအမှတ် (၂၅၀) ဦးပိုင်အမှတ် (၁၄၄/၁) လယ်ယာ မြေနှစ်ဧက၌ မေလ ၁၃ ရက်က မိုးစပါး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်) ကြဲ ပက်ပွဲနှင့် စိုက်နည်းစနစ် မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။။ရှေးဦးစွာ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော် မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က တာခွတဲကြီးကုန်းကျေးရွာ အုပ်စုမှတောင်သူများနှင့် တွေ့ဆုံ၍ မိုး စပါး အထွက်နှုန်း တိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်) ထည့် သွင်းရေး၊ ကြဲခင်းစနစ်ပပျောက်ရေးနှင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး ဆွေးနွေး ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းက လယ်မြေ များ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်) ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စိုက်နည်းစနစ် မှန်ကန်ရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးနည်းပညာများကို ရှင်းလင်း ပြောကြားသည်။။ဆက်လက်၍ မြန်အောင်ခရိုင် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော် မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဝင်များက တောင်သူများအား သစ်စိမ်း မြေဩဇာ (ပိုက်ဆန်လျှော်) မျိုးစေ့များ ပေးအပ်ပြီး ဧက ၁၀၀ စံပြကွက် တောင်သူ ဦးစိုးမင်းဝင်း၏ လယ်ယာမြေ၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်)များ စုပေါင်း ကြဲပက်ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15561.jpg
Thu, 05/15/2025 - 08:54
admin_webportal
https://www.myawady.net.mm/node/69127
ရုရှားဘာသာစကား အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ
ရုရှားဘာသာစကား အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ။ထားဝယ် မေ ၁၄။တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့်ဖွင့်လှစ်သော ရုရှားဘာသာစကား အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။။အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး၊ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေး ဇုန် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရုရှားဘာသာစကားကို လေ့လာဆည်းပူးပြီး မိမိတို့၏စကားစာပေ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း၍ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် မကြာခင်ကာလ အတွင်းစတင်ဆောင်ရွက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်လုပ်ငန်းတွင် လာရောက်ပြီး လုပ်ကိုင်ကြမည့်သူများနှင့် ပြောဆိုဆက်ဆံကြသည့်အခါ၌ ဒေသအတွင်း နေထိုင်ကြသူများ ဘာသာစကား ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဘာသာစကားအား ကြိုးစားလေ့လာသင်ယူပြီး အခြေခံသင်တန်း ပြီးမြောက်ပါက ဆက်လက်၍ လေ့လာသင်ယူသွားရန် လိုအပ်ကြောင်း ပြောကြားသည်။။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သင်တန်းသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။။ရုရှားဘာသာစကားအခြေခံ သင်တန်းကို မေလ ၁၄ ရက်မှ ဇွန်လ ၅ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ လူငယ်လူရွယ်များ၊ စိတ်ပါဝင်စားသူ များ စုစုပေါင်း ၁၅၀ ဦးအား သင်တန်း နှစ်နေရာခွဲပြီး နာရီအပိုင်းအခြားအလိုက် တာဝန်ရှိသူများက သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15591.jpg
Thu, 05/15/2025 - 09:00
admin_webportal
https://www.myawady.net.mm/node/69128
မိုးဦးရာသီ ကျရောက်လာပြီဖြစ်သည့် အတွက် သဘာဝဘေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်
မိုးဦးရာသီ ကျရောက်လာပြီဖြစ်သည့် အတွက် သဘာဝဘေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်။စစ်တွေ မေ ၁၄။သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။။လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရခိုင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးဦးရာသီ ကျရောက်လာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရခိုင်ပြည်နယ်တွင် သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ယခင် မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်း ကော်မတီ(၆)ရပ်မှ ထိန်းသိမ်းထားရှိသည့် ပစ္စည်းများနှင့် ပြည်နယ်အတွင်း သိုလှောင်ထိန်းသိမ်း ထားရှိသည့် စားရေရိက္ခာများ၊ တည်ဆောက်ရေးပစ္စည်းများကို ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် သက်ဆိုင်ရာ ကော်မတီများမှ ထိန်းသိမ်းထားရှိရန် လိုအပ်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာနိုင်ပါက အချိန်နှင့်တစ်ပြေးညီ ထုတ်ပေး နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိကြရန်နှင့် ထူးခြားမှုရှိပါက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။။ထို့နောက် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများ ကြိုတင်ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/155101_0.jpg
Thu, 05/15/2025 - 09:07
admin_webportal
https://www.myawady.net.mm/node/69129
တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်) ခြောက်လ သင်တန်းဖွင့်ပွဲ ကျင်းပ
တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်) ခြောက်လ သင်တန်းဖွင့်ပွဲ ကျင်းပ။မကွေး မေ ၁၄။ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ခြောက်လသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်း ဒေသကြီးပြည်သူ့ ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဆေး တက္ကသိုလ်( မကွေး )နှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီး များ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်)ခြောက်လ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။။ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဗဟိုအဆင့်/တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင် (၃)(ဓာတ်မှန်) ရာထူးနေရာများအား တိုးမြှင့်ခန့်ထားနိုင်ရေး အတွက် တိုင်းပြည်သူ့ ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/တိုင်းအသီးသီးရှိ ဆေးရုံကြီး ၁၃ ရုံမှာ သင်တန်းသားဦးရေ စုစုပေါင်း ၃၀၀ ကို ယနေ့မှစပြီး တစ်ပြိုင်နက်တည်း သင်တန်းစတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကို ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ခြောက်လသင်တန်း အတွက် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ ပေးပို့လာသော ဆန်းစစ်ခြင်းပုံစံနှင့် သင်ရိုးညွှန်းတမ်းအား သင်ကြားပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ခြောက်လသင်တန်းပြီးဆုံးပါက အောင်မြင်သူများအား သင်တန်းဆင်း အောင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပြီး သင်တန်း အောင်မြင်သူများအား ကုသရေး ဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက် ရယူပြီး ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီး ဌာနအောက်ရှိ ပြည်သူ့ဆေးရုံများတွင် ရာထူးတိုးမြှင့် ခန့်ထားပေးမည်ဖြစ်ကြောင်း ပြောကြားကာ သင်တန်းပို့ချမှုကို စတင်ခဲ့သည်။။အဆိုပါသင်တန်းကို မကွေးမြို့ တိုင်း ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ ဒေါက်တာစိမ်းမို့မို့ ဦးဆောင်သော သင်တန်းဆရာ ရှစ်ဦးမှ သင်တန်းသား ၂၉ ဦးအား ၅-၅-၂၀၂၅ ရက်မှ စတင်ကာ ခြောက်လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး
https://www.myawady.net.…files/155102.jpg
Thu, 05/15/2025 - 09:12
admin_webportal
https://www.myawady.net.mm/node/69130
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ။ယမန်နေ့မှအဆက်။စုန်ကြလေပြီ။ကျွန်ုပ်တို့သည် နံနက်စာ ထမင်းစားပြီးအချိန်တွင် အင်းကြီးရွာမှ စုန်ခဲ့ကြရာ မလုပ်ဖူးသောအလုပ်တစ်ခုတွင်ပျော်တတ်သောကျွန်ုပ်မှာဖောင်လေးပေါ်၌ အလကားနေရင်း အူရွှင်လျက်ရှိ၏။ စာအုပ်များပါသော်လည်း မဖတ်ချင်ဘဲ တစ်မျှော်တည်း မျှော်ကြည့်လျက်ရှိ၏။ ကျွန်ုပ်သည် အင်းကြီးရွာသို့ ကိုသိန်းဖေနှင့်လာစဉ်က လှည်းဖြင့်လာခဲ့ခြင်းဖြစ်၏။ ရွှေလီချောင်းကို သင်္ဘောဖြင့် စုန်ဖူး၊ဆန်ဖူးပါ၏။ သို့ရာတွင် သင်္ဘောပေါ်မှမြင်ရသောရှုခင်းသည် ဖောင်လေးပေါ်မှ မြင်ရသော ရှုခင်းကို မီသည်မထင်ပေ။ သင်္ဘောဖြင့်သွားစဉ်က လှပဆန်းကြယ်သော တောတောင်တို့၏သာယာခြင်းသည် မျက်စိအောက်တွင် တစ်ခဏတာမျှပေါ်လာပြီးကြည့်ကောင်းဆဲ၌ပင် ကျော်လွန်ကာ ပျောက်ကွယ်ကျန်ရစ်၏။ ဖောင်လေးမူကားတရွေ့ရွေ့မျောဆင်းခြင်းဖြစ်သောကြောင့် ဝဝကြီးကြည့်နိုင်ခွင့်ရှိပါသည်။ ထို့ပြင် စိတ်၏ဆန်းကြယ်ခြင်းကလည်း ရှိသေး၏။ ရှုခင်းတစ်ခုတည်းကိုပင် သင်္ဘောပေါ်မှ ကြည့်ရခြင်းနှင့် ဖောင်လေးပေါ်မှ ကြည့်ရခြင်းသည် တူသေးသည် မဟုတ်ချေ။ လူတွေကြားထဲမှ မျှော်ကြည့်ရခြင်းသည် ဖောင်လေးပေါ်မှ ဇိမ်နှင့်ကြည့်ရခြင်းကဲ့သို့ စိတ်ထဲ၌ ရိုးတိုးရွတ မဖြစ်လှပေ။ သင်္ဘောပေါ်မှမူ တမင်တကာ ထကြည့်ရ၍ မြင်ပြန်တော့လည်း တစ်မျက်နှာမျှသာမြင်နိုင်ပေရာ ဖောင်လေးပေါ်မှမူကားလေးမျက်နှာစလုံးကိုကြည့်ချင်ရာလှမ်းကြည့်နိုင်၏။။သင်္ဘောနှင့်သွားစဉ်က ချောင်းသို့ ရေဆင်းသောက်ကြသော တောတိရစ္ဆာန်ရိုင်းများသည် သင်္ဘောသံကြားသည်နှင့် ပုန်းလျှိုးကွယ်ပျောက်သွားကြသည်ဖြစ်ရာ ဖောင်လေးကိုမူကား ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရဲကြီးမော့ကြည့်ကြသည်နှင့် ၎င်းတို့၏ ဘာသာဘာဝနေထိုင်ကြသော အခြင်းအရာကို အားရအောင်မြင်နိုင်လေသည်။ အင်းကြီးမှ ထွက်လာစက ထမင်းစားပြီးသောအခါ တစ်ရေးအိပ်တတ်သော ကျွန်ုပ်၏ ထုံးစံအတိုင်း တဲလေးထဲတွင် တစ်ရေးတစ်မော အိပ်မည်ကြံခဲ့သော်လည်း တစ်ခဏအိပ်လိုက်လျှင် ရှုခင်းအများကြီး လက်လွတ်သွားနိုင်သည်ဆိုကာ မအိပ်ဘဲ ထိုင်၍လိုက်လာခဲ့ပါသည်။။ရှုခင်းကြောင့် လွမ်းစိတ်တွေပေါ်ရှုခင်းတို့မည်သည်မှာနေကျဲကျဲပူလျက်ရှိသောအချိန်တွင်သာ၍ထင်ရှားစွာမြင်နိုင်သည်မှန်သော်လည်း ကျွန်ုပ်၏ အကြိုက်ကားမိုးလေးတစ်ချက် တစ်ချက်အုံ့လိုက်သောအခါတွင် သာ၍ လှပသည်ထင်၏။တိမ်တိုက်ကြီးများ တက်လာ၍လျှမ်းလျှမ်းတောက်ထွန်းလင်းလျက်ရှိသော နေမင်း၏မျက်နှာပြင်ကို ဖုံးကွယ်လိုက်သောအခါ ယခင်က ရေပြင်ကို နေရောင်ဟပ်သည်နှင့် မျက်လုံးများကို ခပ်ကျဉ်းကျဉ်းထား၍ ကြည့်ခဲ့ရာမှတိမ်များကြောင့် ညို့ညို့မှိုင်းမှိုင်းဖြစ်လာသည့် တောတောင်တို့၏လှပခြင်းကိုမျက်စိဖြဲ၍ ကြည့်ခွင့်ရသည့်အပြင် စိမ်းစိုညို့မှိုင်းခြင်းသည်လည်းလူ၏စိတ်ဓာတ်ကို ပြုပြင်တတ်၍ ဘယ်ဆီလွမ်းရမည်မသိ၊ ကြည်နူးလွမ်းဆွတ်သောစိတ်များ ဖြစ်ပေါ်လာရပေသည်။ ထို့ကြောင့်လည်း ညနေခင်းတိုင်းရောက်လာသောအခါတွင် နေရောင်ပျော့လာသည်နှင့် လွမ်းချင်သောစိတ်များသည် ရင်ဘတ်ကို ဝှေ့လျက်ရှိရာ ကျွန်ုပ်အဖို့ရာ၌ စိတ်ထိခိုက်ဆုံးသော အချိန်အပိုင်းအခြားဟူ၍ အသိအမှတ်ပြုခဲ့မိပါသည်။ ညနေခင်းအချိန်တွင် ရွှေလီဝသို့ရောက်၍ ကိုသိန်းဖေ နေခဲ့ဖူးသည့် ပိန်းတောရွာလေးသို့ ချဉ်းကပ်လာလေပြီ။ (ကိုသိန်းဖေသည် အင်းရွာ၌နေသည်ဟု အထက်တွင်ဖော်ပြခဲ့ဖူးရာ အမှန်မှာ အင်းရွာနှင့်တစ်မိုင်ခန့်ဝေးသည့် ပိန်းတောရွာအကောက်ရုံး၌ နေထိုင်ခဲ့ခြင်းဖြစ်သည်။) ထိုအခါ၌မူ ကိုသိန်းဖေမှာ မြတောင်တောအုပ်ရုံးသို့ ရောက်နေပြီဖြစ်၍ သူ၏ရုံးလေးကို မျှော်ရုံသာမျှော်ကြည့်ခဲ့ရ၏။ ဤရုံးလေး၌သူရှိခဲ့လျှင် မည်သည့်နည်းမဆို တစ်ညအိပ်ဖို့ဆွဲဦးမည်ဖြစ်လေသည်။ထို့နောက် ရွှေလီဝ၌ရှိသော အင်းရွာကို ကျော်လွန်၍ ဧရာဝတီမြစ်ပြင်ကြီးသို့ ရောက်ကြသောအခါ နေဝင် 'စုပ်စုပ်ကန်း'ချိန် ရှိနေပြီ။။ကြောက်တတ်သော ဖိုးယုန်။ကျွန်ုပ်တို့သည် ရွှေလီဝသို့ ရောက်ခါနီးတွင်ကြက်သားကြော်၊ငါးကြော်နှင့် မုန်ညင်းချဉ်၊ ရွှေအပ်ငရုတ်သီးတို့ဖြင့် ညစာစားကြလေပြီ။ ဟင်းရည်မှာ မြစ်ရေသာ ဖြစ်သော်လည်း မြိန်လိုက်ကြပုံမှာ ပြောဖွယ်ရာမရှိချေ။ ထိုရက်မှာ လပြည့်ကျော် ၁၂ ရက်ဖြစ်သောကြောင့် လရောင်ကို မျှော်လင့်ရန်မလိုဘဲ ဧရာဝတီမြစ်ပြင်ကြီးတွင် မှောင်ကြီးမည်းမည်း၌ စုန်ကြရ၏။ ထိုအခါ၌မူ ကျွန်ုပ်၏ စိတ်ထဲ၌ ပျော်ရွှင်မှု၊သာယာမှုမရှိတော့ဘဲ ရွာသို့မြန်မြန် ရောက်ချင်သောဇောသာရှိပါတော့သည်။ သို့ဆိုသော်လည်း မမျှော်လင့်ဘဲနှင့်ကြုံရသော အခြင်းအရာမဟုတ်၊မထွက်မီကတည်းက ကြိုတင်သိရှိခဲ့ပြီးသောအခြင်း အရာဖြစ်ပါသည်။ မည်းမည်းမှောင်လျက်ရှိသော မြစ်ပြင်ကြီးအလယ်တွင် ဖောင်လေးနှင့်မျှောချရခြင်းမှာပျော်စရာ ကောင်းသော အလုပ်တစ်ခုမဟုတ်ချေ။ ဤအထဲတွင် ကျွန်ုပ်အဖော် ဖိုးယုန်၏ သတ္တိကြောင်ခြင်းကလည်းကျွန်ုပ်ကို ခြောက်လှန့်ပေးသကဲ့သို့ ဖြစ်ရသေး၏။။ဖိုးယုန်သည် ဧရာဝတီမြစ်ပြင်သို့ ရောက်လာကြကတည်းကဖောင်လေးပေါ်တွင် အစွန်အဖျား၌မထိုင်ဘဲအလယ်ဗဟိုတည့်တည့်ကြီးတွင်မလှုပ်မရှား ငြိမ်သက်စွာထိုင်လျက်ရှိ၏။"ဟေ့လူ ဘာဖြစ်တာလဲကွဲ့"ဟု မေးရာ "ငါးကြောက် တယ်ခင်ဗျ"ဟုပြန်ပြော၏။ ဤတွင် ကျွန်ုပ်က"တော်ပါပေ့ကွာ၊ မင်းတို့ ရွှေလီချောင်းထဲမှာတော့ ငါးမရှိဘူးလား" ဟု မေးရာ သူက "ရှိတော့ရှိတယ်။ နို့ပေမဲ့ ချောင်းဆိုတော့ ငါးငယ်ငယ်သာရှိတယ်။ မြစ်ကြီးဆိုတော့ ငါးကြီးတွေရှိလို့ လူကိုမျိုချနိုင်တယ်"ဟု ပြန်ပြောလေ၏။ ကျွန်ုပ်သည် ဖိုးယုန်၏ သူရဲဘောနည်းခြင်းကို ဤနေရာ၌ ရယ်ရုံသာရယ်ချင် ၏။ ရှေ့အဖို့၌မူငိုချင်သောအဖြစ်မျိုး ကြုံရပါသေးသည်။။ဝဲထဲ၌ လည်ရခြင်း။ဧရာဝတီမြစ်သည် ရေငယ်သောရာသီဖြစ်၍ ကျွန်ုပ်တို့သည် မြစ်ပြင်ကြီးမှ စုန်ချလျက်ရှိသော်လည်း စည်းတိမ်သောင်တိမ်များ တွေ့ရ၏။ စည်းတိမ်နှင့် တိုးမိသည် ဆိုလျှင်အလွန်ရေတိမ်သောကြောင့် ဖောင်လေးပင် တင်ရပါသည်။ "ပော့လူ ဖိုးယုန်၊ ဆင်းတွန်းချလေကွာ"ဟု ကျွန်ုပ်ကပြောရာ"မလုပ်ပါနဲ့ခင်ဗျာ၊ ငါးကြီးကြောက်ပါတယ် "ဟု ဆိုကာ ဖောင်လေးပေါ်၌ ဗဟိုတည့်သည်ထက်တည့်အောင်ရွေးချယ်ကာ ပြောင်းရွှေ့ပြီး ထိုင်လိုက်သေး၏။ ဤတွင် ကျွန်ုပ်ကိုယ်တိုင်ဆင်း၍ ဖောင်ကိုတွန်းချရပါတော့သည်။။ထိုကဲ့သို့ခဏခဏဖောင်တင်ရာတွင်တင်တိုင်း တင်တိုင်း ကျွန်ုပ်တစ်ယောက်တည်းဆင်း၍ တွန်းချရ၏။ တချို့နေရာ၌ ရေသည် အလွန်တိမ်လှသဖြင့် ဖောင်သည် ပေါလောကြီးပေါ်လျက်ရှိသည်တွင် အတော်မောပန်းလျက်ရှိသော ကျွန်ုပ်မှာ ရေတိမ်ကိုကျော်လွန်အောင် တွန်းချရန် အခက်အခဲတွေ့လျက်ရှိသည်နှင့်"ဟေ့ကောင်၊ မင်းက တက်လေးဘာလေးနဲ့ထောက်ပြီး ကူးပေဦးကွ၊ ငါမောလှပြီ"ဟု ငေါက်၍ပြောရာ ဖိုးယုန်က "ကြောက်ပါတယ်ဆိုဗျာ၊မလုပ်ပါနဲ့၊ ငါးမျိုသွားပါ့မယ်"ဟု ပြန်ပြော၏။။ကျွန်ုပ်က "ငါ့ကိုတော့ ငါး မမျိုဘူးလားကွ"ဟု မေးရာ၊ "ဆရာကတော့ ပျော်ချင်လို့ လာတာကိုးဗျ"ဟု သူက ပြန်ပြောလေသည်။"မြစ်ကြီးလုပ်နေပြီး ရေ့နှယ် တိမ်ရန်ကောဗျာ၊ ဖောင်ကလည်း တင်နိုင်ကောဗျာ"ဟု ကျွန်ုပ်ညည်းတွားမိသော အချိန်များမှာ ငိုချင်မိသောအချိန်များ ပေတည်း။ သန်းခေါင်အချိန်လောက်တွင် ကမ်းနီရွာသို့ ချဉ်းကပ်လာရာ ရေကြောင်းသည် ကမ်းနီရွာဘက်သို့ ဖိ၍ စီးသည်နှင့် တက်ဖြင့် အနည်းငယ်လှော်ခတ်ပေးရုံဖြင့် ကမ်းဘက်သို့ ချဉ်းကပ်လေ၏။။ထိုကဲ့သို့ လှော်ခတ်သူမှာ ဖိုးယုန်မဟုတ်၊ ကျွန်ုပ်ပင် ဖြစ်သည်။ (ဖိုးယုန်သည် ရွှေလီရိုးသားတစ်ယောက်ဖြစ်သော်လည်း ဧရာဝတီမြစ်ပြင်သို့ တစ်ခေါက်တည်း ရောက်ဖူးသည်ဆိုရာ သူ့ကိုထည့်ပေးလိုက်သော မမိုးသည် ဖိုးယုန်၏ ငါးကြောက်တတ်ခြင်းကို သိဟန်မတူချေ။) ရေကြောင်းသည် အရှေ့ဘက်ကမ်းသို့ဖိ၍ စီးလိုက်ရာ ဖောင်လေးသည်ကမ်းသို့ ချဉ်းကပ်ရုံမက ကမ်းပါး၌ ပေါက်ရောက် လျက်ရှိသောချုံပင်များအောက်သို့ ဝင်တိုးသည်နှင့် ဖောင်ပေါ်မှ တဲလေးမှာ ချုံများနှင့်ပွတ်ပြီး ပြုတ်ကျကျန်ရစ်ခဲ့သဖြင့် ဖောင်လေးထီးတည်းကျန်ရစ်ပါတော့သည်။ သို့ရာတွင်ရှေ့လျှောက်၍နေပူဖို့မရှိတော့သဖြင့်ကိစ္စမရှိဟုအောက်မေ့လိုက်ရ၏။။ဆက်လက်ဖော်ပြပါမည်။
null
null
Thu, 05/15/2025 - 09:22
mwd_webportal
https://www.myawady.net.mm/node/69131
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအုပ် ဆရာ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအုပ် ဆရာ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ
ပညာရေးကဏ္ဍ
https://www.myawady.net.…files/155112.jpg
Thu, 05/15/2025 - 09:24
admin_webportal
https://www.myawady.net.mm/node/69132
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိဘ အုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မိဘ အုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်
ပညာရေးကဏ္ဍ
https://www.myawady.net.…files/155114.jpg
Thu, 05/15/2025 - 09:26
admin_webportal
https://www.myawady.net.mm/node/69133
ရိုင်းမြစ်မှသည်-----
ရိုင်းမြစ်မှသည်-----။ဆောင်းပါးရှင် - စည်သူ။ယမန်နေ့မှအဆက်။အဆင့်ဆင့်အနိမ့်တမံဓာတ်အားပေးစက်ရုံများတွင် မြစ်ရေထုစီးနှုန်းကိုသာ အဓိကအသုံးပြု၍ ရေအားအမြင့်အနည်းငယ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော Reaction Turbine အမျိုးအစား များဖြစ်သည့် Kaplan, Francis , Bulb , Tubular, Propeller & Straflo Turbine များကို အသုံးပြုထား သည်။ ထို Reaction Turbine အမျိုးအစားများသည် Low Head, High Flow အခြေအနေအတွက် အထူးသင့်လျော်ပြီး အကျိုးသက်ရောက်မှုမြင့်မားသည့်တာဘိုင်များဖြစ်ကြသည်။ ၎င်းတို့၏ အဓိက အားသာချက်များဖြစ်ကြသော ရေစီးနှုန်းပြောင်းလဲမှုအမျိုးမျိုးတွင် စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိစေရန် ချိန်ညှိနိုင်သောတံခါးရွက်များနှင့်ဒလက်များ(Wicket Gates & Adjustable blades)ပါရှိခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ဒီဇိုင်းကျစ်လျစ်သိပ်သည်းခြင်း၊ သေးငယ်သည့် ရေအားလျှပ်စစ်စက်ရုံများမှ ကြီးမားသောစက်ရုံများအထိ ကုန်ကျစရိတ်သက်သာစွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနည်းပါးခြင်း၊ ခေတ်မီတာဘိုင်များတွင် ငါးများသည် တာဘိုင်ဒလက်များအတွင်းမှ အလွယ်တကူဖြတ်သန်းသွားလာနိုင်ခြင်းတို့ကြောင့် run-of-river ရေအားလျှပ်စစ်စီမံကိန်းများစွာတွင် နှစ်သက်စရာရွေးချယ်မှုတစ်ခုဖြစ်လာခဲ့သည်။။၁၉ ရာစုမှစတင်၍ အကောင်အထည်ဖော်တည်ဆောက်ခဲ့ကြသော ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများကို ခေတ်မီနည်းပညာများအသုံးပြု၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ကြသည်။ ရိုင်းမြစ်ရှိ ရေအားလျှပ်စစ်စက်ရုံများကို ခေတ်မီစေရန် ပြုပြင်ပြောင်းလဲမှုများသည် ဒေသတွင်းရှိ ရေအားလျှပ်စစ်အခြေခံအဆောက်အအုံများ၏ စွမ်းဆောင်ရည်၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုတို့ကိုမြှင့်တင်ရာတွင် အရေးပါသောအချက်တစ်ခုဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်မှုကိုမြှင့်တင်ရန် တာဘိုင်များအစားထိုးခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း၊ ငါးများဖြတ်သန်း သွားလာနိုင်သောစနစ်များနှင့်ဂေဟစနစ်အပေါ်သက်ရောက်မှုများလျှော့ချခြင်း၊မြစ်အတွင်း ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများကိုစောင့်ကြည့်လေ့လာခြင်း၊ အနည်အနှစ်ပို့ချမှုများကိုစီမံခန့်ခွဲခြင်း၊ဆည်များနှင့်အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းအစရှိသော ခေတ်မီနည်းပညာများဖြင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထင်ရှားသောဥပမာတစ်ခုအနေဖြင့်လည်းကောင်း၊ စံပြုထိုက်သော အနိမ့်တမံဓာတ်အားပေးစက်ရုံတစ်ခုအနေဖြင့်လည်းကောင်း Rheinfelden အနိမ့်တမံရေအားလျှပ်စစ်စက်ရုံသည် ရိုင်းမြစ်၏ High Rhine အပိုင်း၊ ဆွစ်ဇာလန်-ဂျာမနီနယ်စပ် Rheinfelden မြို့အနီးတွင်တည်ရှိပြီး ၁၈၉၄ ခုနှစ်တွင်စတင်ကာ ၁၈၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ထိုအချိန်က ၎င်းဒေသများသည် စက်မှုလုပ်ငန်းများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသောကြောင့် Rheinfelden စက်ရုံကို ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ ရိုင်းမြစ်အထက်ပိုင်းဒေသများအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန် ရည်ရွယ်ခဲ့ကြသည်။။၂၀ ရာစု အစောပိုင်းက သုံးစွဲခဲ့သော တာဘိုင်များတပ်ဆင်ထားပြီး တပ်ဆင်စက်အင်အား ၂၅ ဒသမ ၇ မဂ္ဂါဝပ်ရှိသည့် Rheinfelden စက်ရုံကို ထိုစဉ်က နည်းပညာဆိုင်ရာ ကြီးမားသောအောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။ စက်ရုံကို မူလက Elektri-zitätswerk Rheinfelden AG (ဆွစ်ဇာလန်ကုမ္ပဏီ) နှင့် Rheinfelden Kraftwerk GmbH (ဂျာမနီကုမ္ပဏီ) တို့က စီမံခန့်ခွဲခဲ့ပြီး ပိုင်ဆိုင်မှု၊ လုပ်ငန်းလည်ပတ်မှုနှင့် လျှပ်စစ်မျှဝေသုံးစွဲမှုတို့ကို နှစ်နိုင်ငံကြား ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ဤခွဲဝေပိုင်ဆိုင်မှုပုံစံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့အကြား စွမ်းအင်အရင်းအမြစ်ကို မျှဝေစီမံခန့်ခွဲမှု၏ အောင်မြင်သောဥပမာတစ်ခုဖြစ်သည်။။၁၉၆၀ ပြည့်နှစ်နှင့် ၁၉၇၀ ပြည့်နှစ်တို့တွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် သိသိသာသာမြင့်တက်လာခဲ့ပြီး လက်ရှိအခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စတင်လည်ပတ်ခဲ့သော Rheinfelden မူလစက်ရုံကို ၂၀၀၃ ခုနှစ်တွင် စက်ရုံလည်ပတ်မှုရပ်စဲကာ ဖျက်သိမ်းခဲ့သည်။ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန်၊ ရေထုစီးနှုန်းပိုမိုကောင်းမွန်လာစေရန်၊ ခေတ်မီတာဘိုင်အသစ်များနှင့်လျှပ်စစ်ဓာတ်အားပေးစက်များတပ်ဆင်ပြီး ပိုမိုကောင်းမွန်သောထိန်းချုပ်မှုစနစ်များ အကောင်အထည်ဖော်နိုင်ရန်၊ ငါးများအတွက်ဘေးကင်းသော တာဘိုင်များနှင့် ငါးဖြတ်သန်းနိုင်သောစနစ်များကို ထည့်သွင်းတည်ဆောက်ပြီး ရိုင်းမြစ်၏ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချနိုင်ရန်၊ ဆွစ်ဇာလန်နှင့်ဂျာမနီတို့၏ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်ထုတ်လုပ်ရန်ဟူသည့်ရည်ရွယ်ချက်တို့ဖြင့် စက်ရုံဟောင်းကိုဖျက်သိမ်းခဲ့ပြီး ၂၀၀၃-၂၀၁၀ ပြည့်နှစ်တွင် Rheinfelden ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအသစ် ၁၀၀ မဂ္ဂါဝပ်ကို ပြန်လည်တည်ဆောက်၍လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ခဲ့သည်။။Rheinfelden ရေအားလျှပ်စစ်စက်ရုံသည် အခြားရေအားလျှပ်စစ်စက်ရုံများကဲ့သို့ပင်ဒေသတွင်းရွှေ့ပြောင်းငါးမျိုးစိတ်များအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့သည်။ဤသက်ရောက်မှုများကိုလျှော့ချရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာစည်းမျဉ်းများ၊ ဂေဟဗေဒဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီစေရန်အတွက် ၂၀၁၁ ခုနှစ်တွင် သဘာဝငါးသွားလမ်းကြောင်းကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော်ခဲ့သည်။ ငါးသွားလမ်းကြောင်းစနစ်ကို ကျောက်တုံးများ၊ ကျောက်ဆောင်များနှင့် ရေတိမ်ဒေသများဖန်တီး၍ သဘာဝမြစ်ကြမ်းပြင်နှင့် နီးစပ်အောင်ပြုလုပ်ထားသည်။ Rheinfelden ငါးသွားလမ်းကြောင်းသည် စွမ်းအင်ထုတ်လုပ်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုတို့ကြား ဟန်ချက်ညီစေရန်အတွက်ဖြေရှင်းရာတွင် အောင်မြင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဤစက်ရုံသည် ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ဒေသတွင်းရေအားလျှပ်စစ်သမိုင်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု၏ ထင်ရှားသောစီမံကိန်းတစ်ခုလည်းဖြစ်သည်။။ရိုင်းမြစ်တစ်လျှောက် အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ထားခြင်းသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် သင်္ဘောများနှင့်ရေယာဉ်များဘေးကင်းစွာနှင့် ထိရောက်လွယ်ကူစွာ သွားလာနိုင်စေပြီး မြစ်ရေနိမ့်/မြင့်ကိုတည်ငြိမ်စေသည်။ ဤအချက်သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အထူးအရေးပါပေသည်။ ရိုင်းမြစ်ဝှမ်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် နှင်းများအရည်ပျော်ချိန်များတွင်ရေကြီးမှုများဖြစ်ပေါ်လေ့ရှိသည်။။Cascade Dams များသည် ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးမှုအန္တရာယ်ကို လျှော့ချပေးသည်။ ရေများပြားသည့်ကာလများတွင် ရေကိုသိုလှောင်ထားပြီး တဖြည်းဖြည်းချင်းလွှတ်ပေးခြင်းဖြင့် ရေကြီးမှုကိုကာကွယ်ပေးသည်။တမံနှင့်ရေလွှဲဆည်များသည် မြစ်၏ရေစီးကြောင်းကိုထိန်းညှိပေးခြင်းဖြင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့်အိမ်သုံးရေတို့အတွက် တည်ငြိမ်သောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်သည်။ မိုးများသည့်ကာလများနှင့်ရေခဲပျော်သည့်ကာလများတွင်ရေကိုသိုလှောင်ထားပြီး ခြောက်သွေ့၍ရေထုနည်းသည့်ကာလများတွင် ရေကိုဖြည်းညင်းစွာလွှတ်ပေးခြင်းဖြင့် မြစ်ရေနိမ့်/မြင့်ကိုထိန်းသိမ်းပေးနိုင်ပြီး ဂေဟစနစ်ကိုလည်း အထောက်အပံ့ဖြစ်စေနိုင်သည်။ ရိုင်းမြစ်ပေါ်တွင်ရှိသော အဆင့်ဆင့်အနိမ့်တမံများသည် အကျိုးကျေးဇူးများစွာရှိသော်လည်း မြစ်၏သဘာဝဂေဟစနစ်ကို ထိခိုက်စေခြင်း၊ ငါးများရွှေ့ပြောင်းနိုင်မှုကို ထိခိုက်စေခြင်းနှင့် အနည်အနှစ်စီးဆင်းမှုကိုပြောင်းလဲစေခြင်း၊ ရေအရည်အသွေးနှင့် ဇီဝမျိုးကွဲများအပေါ် သက်ရောက်မှုရှိခြင်း စသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်းရှိသည်။။ထို့ကြောင့် အနိမ့်တမံနှင့်စက်ရုံများတည်ဆောက်မှုနှင့် စီမံခန့်ခွဲမှုတွင် ဤအကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလာကြပြီး ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှုများကိုလျှော့ချရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့သည်။ ငါးလှေကား၊ ငါးသွားလမ်းကြောင်းတို့ကိုထည့်သွင်းတည်ဆောက်၍ ရွှေ့ပြောင်းငါးများဖြတ်သန်းသွားလာနိုင်အောင် ကူညီပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် သက်ရောက်မှုကိုလျှော့ချပေးသည်။ အချို့ဆည်များတွင် အနည်အနှစ်များကို ဆည်၏အောက်ဘက်သို့ဖြတ်သန်းစေရန် သို့မဟုတ် ငါးများအတွက် နေထိုင်ရာနေရာများ ထိန်းသိမ်းနိုင်ရန် သဲနှင့်ကျောက်စရစ်များကို မြစ်အတွင်းသို့ထပ်မံထည့်သွင်းပေးသောစနစ်များလုပ်ဆောင်လျက်ရှိသည်။ ရေအရည်အသွေး၊ ငါးမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကိုလည်း အလေးထားစောင့်ကြည့်ပြီး ရိုင်းမြစ်၏ ဂေဟဗေဒဆိုင်ရာထိခိုက်မှုမရှိစေရေးအတွက် တိုးတက် လုပ်ဆောင်လျက်ရှိသည်။ ရိုင်းမြစ်ပေါ်ရှိ အဆင့်ဆင့်အနိမ့်တမံများတည်ဆောက်ခြင်းသည် ဒေသတွင်း လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများစွာရှိပြီး ပြန်ပြည့်မြဲစွမ်းအင်ထောက်ပံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနေသည်။ သို့သော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူထုရွှေ့ပြောင်းမှုများကဲ့သို့သော စိန်ခေါ်မှုများလည်းများစွာရှိနိုင်သည်။အဆင့်ဆင့်အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများရှိခြင်းသည် စွမ်းအင်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများတိုးတက်စေခြင်း၊ ဆောက်လုပ်ရေး၊ ထိန်းသိမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ဒေသတွင်းစီးပွားရေးကိုလည်း များစွာထောက်ပံ့ပေးနေသည်။ ဤစက်ရုံများသည် နိုင်ငံတစ်ခုချင်းစီမှသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေပြီး ဥရောပ၏ရေရှည်တည်တံ့သောစွမ်းအင်ထုတ်လုပ်မှုရည်မှန်းချက်များအား ပြည့်မီစေရန်အတွက် အထောက်အကူပြုနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။။မြန်မာနိုင်ငံသည်လည်း ရေအရင်းအမြစ်ပေါကြွယ်ဝပြီး မြစ်ကြီးလေးသွယ်နှင့် မြစ်ငယ်များစွာစီးဆင်းလျက်ရှိနေသည့်အတွက် ရေချိုရရှိနိုင်မှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု၊ ရေကြောင်းသွားလာရေးပိုမိုအဆင်ပြေလွယ်ကူနိုင်မှု၊ မြစ်ကြောင်းဖြောင့်တန်းထိန်းသိမ်းမှုများအား ရေရှည်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများစွာရရှိနိုင်သည်။။အဆင့်ဆင့်အနိမ့်တမံရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ခြင်းအားဖြင့်-။(က) ရနိုင်သမျှ လျှပ်စစ်စွမ်းအင်အား စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ခြင်း။(ခ) မြစ်ကြောင်းအတွင်း သောင်ထွန်းနိုင်မှုအခြေအနေများအားလျှော့ချနိုင်ခြင်း။(ဂ) ရေကြောင်းဖြင့် ကုန်စည်ပမာဏများစွာကို ဈေးနှုန်းသက်သာစွာသယ်ယူပို့ဆောင်ဖြန့်ဖြူးပေးနိုင်ခြင်း။(ဃ) စိုက်ပျိုးရေ၊ စက်မှုလုပ်ငန်းသုံးရေနှင့် မြို့ပြရေလိုအပ်ချက်များအား လုံလောက်စွာထောက်ပံ့နိုင်ခြင်း။(င) အနိမ့်တမံ၏ Crest များအား တံတားအဖြစ်အသုံးပြု၍ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်သွားလာဆက်သွယ်နိုင်ခြင်း။(စ) ခြောက်သွေ့ဒေသများအတွက် စိမ်းလန်းစိုပြည်လာနိုင်ပြီးရာသီဥတုမျှတလာနိုင်ခြင်း။(ဆ) ရေကြီး/ရေလျှံခြင်းနှင့် ရေလွှမ်းမိုးမှုမှကာကွယ်နိုင်ခြင်း။(ဇ) ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း။(ဈ) အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင်ဒေသများ၏လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း(ည) မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်ပါတည်းစောင့်ကြည့်ဆောင်ရွက်ခြင်းဖြင့် ရေအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ခြင်း။( ဋ) ရေစုပ်တင်သိုလှောင်စနစ် ရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ရန် အထောက်အပံ့ဖြစ်စေခြင်း။စသည့်လက်ငင်းအကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။ ဥရောပ၏ နှလုံးသည်းပွတ်ဖြစ်သော ရိုင်းမြစ်အား ထိရောက်အကျိုးရှိစွာအသုံးပြုလျက် ရေရှည်ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ခြင်းအတွက်ဆောင်ရွက်နေမှုများကိုလေ့လာပြီးအနာဂတ်မြန်မာနိုင်ငံအတွက်လည်း ထိုကဲ့သို့အကျိုးကျေးဇူးများစွာရရှိနိုင်သော ရေအရင်းအမြစ်များ၊ အလားအလာကောင်းများကိုအသုံးချ၍ နိုင်ငံတော်၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ ။
null
null
Thu, 05/15/2025 - 09:30
mwd_webportal
https://www.myawady.net.mm/node/69134
တောင်သူများအနေဖြင့် အောင်နိုင်တိုး စပါးမျိုးများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် သဘာဝမြေဩဇာ ရရှိရန်အတွက် ပိုက်ဆန်လျှော်များ စိုက်ပျိုးနိုင်ရေး မှာကြား
တောင်သူများအနေဖြင့် အောင်နိုင်တိုး စပါးမျိုးများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် သဘာဝမြေဩဇာ ရရှိရန်အတွက် ပိုက်ဆန်လျှော်များ စိုက်ပျိုးနိုင်ရေး မှာကြား။နေပြည်တော် မေ ၁၄။နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ဥတ္တရသီရိမြို့နယ်ရှိ ရွှေနံ့သာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ မင်းကုန်းအခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ညိုအခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြား လေ့ကျင့်နေမှု အခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစားထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။။ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်စခန်းသွင်း ဝင်ရောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အလေးထား ဆောင်ရွက်ပေးနိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများမှ မိဘများနှင့်တွေ့ဆုံညှိနှိုင်းပြီး ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းဝင်ရောက်နိုင်ရေး၊ ကျောင်းသား၊ကျောင်းသူများအား စည်းကမ်းစနစ်တကျ ရှိစေရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ စခန်းသွင်းသင်ကြား လေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် စားသောက်စရိတ်များ ပေးအပ်သည်။။ဆက်လက်၍ ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာရှိ ကွင်းအမှတ် (၁၈၈၅) တောင်သူ ဦးအောင်မြင့်ထွန်း၏ လယ်ကွက်တွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မျိုး(၇)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအနေဖြင့် အောင်နိုင်တိုးစပါးမျိုးများ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် သဘာဝမြေဩဇာ ရရှိရန်အတွက် ပိုက်ဆန်လျှော်များ စိုက်ပျိုးနိုင်ရေး တို့ကိုမှာကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မျိုး(၇)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/155121_0.jpg
Thu, 05/15/2025 - 09:35
admin_webportal
https://www.myawady.net.mm/node/69135
ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး
ဆိတ်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး။ဆောင်းပါးရှင် -ဒေါက်တာခင်နန္ဒာစိုး(မွေး/ကု)။နိုင်ငံတစ်နိုင်ငံ၏ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဆိတ်မွေးမြူရေးသည် ဦးစားပေးရွေးချယ်သင့်သော စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ စားဝတ်နေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ဆိတ်သည် အခြားသော အသားစားကြက်မွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေးနှင့် နို့စားနွား၊ အသားစားနွားမွေးမြူရေးထက် အစာကုန်ကျစရိတ် အသက်သာဆုံးဖြင့် မွေးမြူနိုင်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ဆိတ်သည် အခြားသော တိရစ္ဆာန်များထက် ရာသီဥတုအကြမ်းဒဏ်ကိုခံနိုင်သည့်အပြင် အချိန်တိုကာလအတွင်း ကောင်ရေတိုးပွားမှု လျင်မြန်စေသောကြောင့်လည်းဖြစ်သည်။။မြန်မာနိုင်ငံအတွင်းတွင် လူဦးရေ ၅၁ သန်းကျော်ခန့်ရှိသည့်အနက် ဆိတ်မွေးမြူထားရှိမှုသည် ၂ ဒသမ ၂ မီလီယံခန့် မွေးမြူထားရှိသည်။ ဆိတ်မွေးမြူရာတွင် ဒေသနှင့်ကိုက်ညီပြီး အသားအထွက်နှုန်းကောင်းသော ဆိတ်မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူရန် လိုအပ်သည်။ မျိုးရွေးချယ် ရာတွင် ကြီးထွားနှုန်းကောင်းခြင်း၊ သားပေါက်နှုန်းကောင်းပြီး မွေးမြူမည့်နေရာဒေသ၏ ရာသီဥတုနှင့် အကိုက်ညီဆုံးသော ဆိတ်မျိုးကို ဦးစားပေးရွေးချယ်ရပါမည်။ မြန်မာနိုင်ငံအတွင်းတွင် ယခုလက်ရှိ မွေးမြူလျက်ရှိသော ဆိတ်မျိုးများမှာ ထိန်စမ်း၊ ဂျိတ်နီ၊ ဝေသာလီနှင့် ဘိုဝါဆိတ်မျိုးတို့ဖြစ်သည်။။ထိန်စမ်းဆိတ်မျိုးသည် ခန္ဓာကိုယ်ထွားကြိုင်းပြီး ဦးခေါင်းမည်း၊ နှာခေါင်းပိုင်းဖြူ၊ ခန္ဓာကိုယ်အဖြူပေါ် တွင် အနက်ကွက်များရှိကာ မုတ်ဆိတ်နှင့်နားရွက်ရှည်ပြီး တွဲလောင်းကျသောနားရွက်များ ပိုင်ဆိုင်ထားသော ဆိတ်မျိုးဖြစ်သည်။ အထီး၏ ကိုယ်အလေးချိန်မှာ ၅၀ ကီလိုနှင့် အမမှာ ၂၉ ကီလိုခန့်ရှိသည်။။ဂျိတ်နီဆိတ်မျိုးသည် အရွယ်အစားကြီးမားပြီး နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျည်းစေ့ရောင်ရှိသည်။ နားရွက်သည် အလယ်အလတ်ရှည်ကာ အထီးသည် ၄၅ ကီလိုရှိပြီး အမမှာ ၄၂ ကီလိုခန့်ရှိသည်။ များသောအားဖြင့် ဂျိတ်နီဆိတ်မျိုးများကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ တံတားဦးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် မွေးမြူလေ့ရှိကြသည်။ဝေသာလီဆိတ်မျိုးသည် အလုံးအထည်သွယ်ပြီး အမွေးအရောင်မှာ အညိုအနက်ဘက်နွှယ်သည်။ အထီးသည် ၃၈ ကီလိုရှိပြီး အမသည် ၃၂ ကီလိုခန့်ရှိသည်။ များသောအားဖြင့် ဝေသာလီဆိတ်မျိုးများကို မကွေးမြို့၊ ပခုက္ကူမြို့၊ ပေါက်မြို့နှင့် မြိုင်မြို့တို့တွင် မွေးမြူလေ့ရှိကြသည်။။ဘိုဝါဆိတ်မျိုးသည် မူလဒေသ တောင်အာဖရိကမှ ဆင်းသက်လာသော နိုင်ငံခြားဆိတ်မျိုးများဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အဖြူရောင်ရှိကာ လည်ပင်းနှင့်ဦးခေါင်းမှာ အညိုရောင်ရှိသော ဆိတ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အလေးချိန်အားဖြင့် အထီးသည် ၃၅-၄၅ ကီလိုခန့်ရှိပြီး အမမှာ ကိုယ်အလေးချိန် ၂၅-၃၅ ကီလိုအတွင်းရှိသည်။ ယခုလက်ရှိမွေးမြူထားသော ဘိုဝါဆိတ်မျိုးမှာ မြန်မာနိုင်ငံ၏ရာသီဥတုနှင့် ကိုက်ညီမှုရှိအောင် ဒေသဆိတ်မျိုးများနှင့် သားစပ်ထားသော ဘိုဝါသွေး ၅၀ ရာခိုင်နှုန်းခန့်ရှိသည့် ဆိတ်မျိုးများဖြစ်သည်။။ဆိတ်မွေးမြူနိုင်သော နည်းစနစ် (၅)ခုရှိသည်-။q ချည်၍မွေးခြင်း။q လွှတ်ကျောင်းမွေးခြင်း။q ခြံလှောင်မွေးမြူခြင်း။q ကွင်းလွှတ်ခြံလှောင်မွေးမြူခြင်းနှင့်။q နှစ်ရှည်သီးနှံများနှင့်တွဲ၍မွေးမြူခြင်းတို့ဖြစ်သည်။။ကျေးလက်ဒေသ၌ တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေများရရှိရန် ဆိတ်မွေးမြူရာတွင် များသောအားဖြင့် အရင်းအနှီးကုန်ကျစရိတ်အသက်သာဆုံးဖြစ်သော ချည်၍မွေးခြင်းနှင့် လွှတ်ကျောင်းမွေးမြူခြင်းနည်းစနစ်ကို အသုံးများကြသည်။ လွှတ်ကျောင်းမွေးမြူရာတွင် ဆိတ်ကျောင်းသားတစ်ဦးလျှင် ဆိတ်ကောင်ရေ ၃၅-၄၀ ကောင်ခန့် ထိန်းကျောင်းနိုင်သည်။ ဆိတ်အုပ်တစ်အုပ်တွင် ဆိတ်လိုက် အကြီးတစ်ကောင်နှင့် လက်အောက်လိုက်ပါ တစ်နှစ်သားခန့်တစ်ကောင် ထားရမည်။ ကျန်ဆိတ်ထီးများ ကို ၇-၈ လခန့်တွင် သင်းကွပ်ထားရမည်။ ဆိတ်မတမ်းများသည် ၇-၈ လတွင် အရွယ်ရောက်သော်လည်း အသက် ၈-၉ လတွင် သားတင်မှသာလျှင် မိခင်ရောကလေးပါ ဖွံ့ဖြိုးမှုတွင် ချို့တဲ့မှုမဖြစ်နိုင်တော့ပါ။ ဆိတ်မ၏ ကိုယ်ဝန်ဆောင်ရက်မှာ ၁၄၆-၁၅၁ ရက်ခန့်ရှိ၍ ဆိတ်မကြီးတစ်ကောင်လျှင် တစ်နှစ်အတွင်း နှစ်သားကျလေ့ရှိသည်။ ဆိတ်မတစ်ကောင် တစ်ကြိမ်သားပေါက်လျှင် နှစ်ကောင်မှ လေးကောင်အထိပေါက်နိုင်သည်။။ခြံလှောင်စနစ်ဖြင့်မွေးမြူရာတွင် မြေစိုက်ခြံဖြစ်ပါက မြေမာပြီးခြောက်သွေ့သောနေရာ ဖြစ်ရပါမည်။ လေကောင်းလေသန့်ရရှိပြီး ကုန်းမြင့်သော ရေမဝပ်သည့်မြေနေရာမျိုးတွင် ရွေးချယ်ဆောက်လုပ်ရမည်။ ခေါင်အမြင့် ၁၀ ပေ၊ လက်ခံတိုင် ၇ ပေခန့် ထားရှိရမည်။ လွှတ်ကျောင်းခြင်းမရှိလျှင် ဆိတ်တစ်ကောင်အတွက် ပျမ်းမျှ ၁၄ စတုရန်းပေ နေရာအကျယ်အဝန်းလိုအပ်သည်။ အစာခွက်၊ ရေခွက်၊ နားနေရန်နှင့် မွေးဖွားအခန်းများ ထားရှိနိုင်ပါက ပိုကောင်းမည်။ ထို့ပြင် လေစိမ်းများမတိုက်စေရန် ဝါးထရံများ ကာထားပေးရပါမည်။ ဆိတ်သည် စိုစွတ်သောမိုးရာသီကို မကြိုက်တတ်သော တိရစ္ဆာန်များဖြစ်သောကြောင့် မိုးများသောဒေသများတွင် မြေစိုက်ခြံအစားကြမ်းခင်းစနစ်ဖြင့် မွေးမြူသင့်ပါသည်။။ဆိတ်ခြံအတွင်း ဆိတ်တစ်ကောင်အတွက် လိုအပ်သော အခန်းအကျယ်အဝန်းများမှာ -။• ဆိတ်ကလေးတစ်ကောင် - ၃ ဒသမ ၃ စတုရန်းပေ။• ဆိတ်မ(ဇီးမရှိ) - ၁၄ စတုရန်းပေ။• ဆိတ်မ(ဇီးရှိ) - ၁၈ စတုရန်းပေ။• ဆိတ်သိုး - ၂၈ စတုရန်းပေလိုအပ်သည်။။အညစ်အကြေးနှင့် တံစက်မြိတ်ရေများ၊ မိုးရေများ အလွယ်တကူ စီးဆင်းနိုင်အောင်စီမံထားရမည်။။ထို့ပြင် ဆိတ်ခြံသန့်ရှင်းရေးလုပ်ပေးခြင်း၊ ယင်ကောင်နှင့် အခြားသောသန်ကောင်များရန်မှ ကင်းဝေးအောင်ဆောင်ထုံးဖြူးပေးခြင်းဖြင့်ရောဂါဖြစ်ပွားမှုကိုလည်းများစွာကာကွယ်ပေးနိုင်မည်။ သို့မှသာ ကျန်းမာဖြစ်ထွန်းပြီး ဝင်ငွေတိုးစေသော ဆိတ်မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမည်ဖြစ်သည်။။ဆိတ်များသည် ရေမဝပ်သောနေရာ၊ တောင်ကုန်း၊ တောင်စောင်းများတွင် မည်မျှပင်မတ်စောက်စေကာမူ တက်နိုင်ဆင်းနိုင်သော ခြေမြဲသည့်ခွာများရှိသည်။ ဆိတ်များကို လွှတ်ကျောင်းမွေးမြူထိန်းကျောင်းရာတွင် ပေါက်ဖတ်များ မကိုက်မိအောင် သတိထားရမည်။ ဆိတ်များသည် ဆူးမည်မျှပင်ရှိစေကာမူ တိုးဝင်စားသောက်နိုင်သော်လည်း ပေါက်ဖတ်ဟုခေါ်သောသစ်ပင်ချုံပုတ်များပေါ်တွင်နေသည့် အစိမ်းရောင်ရှိ ပိုးကောင်များအား ကြောက်တတ်သည်။ ပေါက်ဖတ်များကိုက်လျှင် ဆိတ်သည် သေတတ်သဖြင့် စီးပွားရေးအရ ဆုံးရှုံးမှုမဖြစ်အောင် အထူးသတိထားထိန်းကျောင်းသင့်သည်။။ဖြည့်စွက်စာအဖြစ် ကုလားပဲခွံ၊ ဝါကြိတ်ဖတ်၊ ဖွဲနု၊ ပဲပုပ်စေ့ဖတ်၊ မြေပဲဖတ်၊ နှမ်းဖတ်၊ နေကြာစေ့ဖတ်၊ ပဲအမျိုးမျိုးအဖတ် စသည်တို့ကို ဆိတ်တစ်ကောင်လျှင် တစ်နေ့ပျမ်းမျှ အစာနု ၃၀/၅၀ ကျပ်သားခန့် ကျွေးနိုင်သည်။ ထို့ပြင် ဆိတ်ခြံတွင် ဆိတ်ကြီးများလျက်နိုင်စေရန်အတွက် ယူရီးယားသကာတုံးများကိုလည်း ချိတ်ဆွဲထားပေးရမည်။ အရေးကြီးဆုံးအချက်မှာ သောက်ရေထားပေးခြင်းပင်ဖြစ်သည်။။ရေသည် ခန္ဓာကိုယ်ကြီးထွားရန်နှင့်အစာကြေညက်မှုအတွက်မရှိမဖြစ်လိုအပ်သောကြောင့်သန့်ရှင်းပြီးကြည်လင်သော သောက်သုံးရေထားပေးရန် လိုအပ်ပေသည်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်သော်လည်း ဆိတ်တစ်ကောင်အတွက် ပျမ်းမျှရေသောက်နှုန်းမှာ တစ်နေ့လျှင် ရေတစ်ဂါလန်ခန့်ရရှိနိုင်ရန် စီစဉ်ထားပေးရမည်။။ဆိတ်မွေးမြူရေးမှ အသား၊ သားရေရောင်းချမှုမှာ အလွန်ဈေးကောင်းပါသည်။ သက်ဆိုင်ရာဌာနများ၊ပုဂ္ဂလိကခြံများမှ ဆိတ်အရှင်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေလည်း များစွာရရှိလာမည်ဖြစ်သည်။ ထို့ပြင်ဆိတ်ချေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြန်လည်အသုံးချနိုင်သည့် အထူးအသုံးဝင်သောမြေဩဇာကောင်းတစ်ခုဖြစ်သဖြင့် ဆိတ်ချေးများရောင်းချခြင်းအားဖြင့် ဝင်ငွေတစ်ခုထပ်တိုးလာမည်ဖြစ်သည်။ ဆိတ်နို့တွင် ရေ ၈၆ ဒသမ ၅ ရာခိုင်နှုန်း၊ အဆီ ၄ ဒသမ ၉ ရာခိုင်နှုန်း၊ အသားဓာတ် ၄ ဒသမ ၃ ရာခိုင်နှုန်း၊ သကြား ၄ ဒသမ ၁ရာခိုင်နှုန်း၊ သတ္တုဓာတ် သုည ဒသမ ၈၉ ရာခိုင်နှုန်း ပါဝင်ပါသည်။ ဆိတ်နို့သည် နွားနို့ထက် အမိုင်နိုအက်စစ်ဓာတ် ပြည့်ဝစွာပါဝင်ပြီး အဆီဥ သေးနုပ်စွာဖွဲ့စည်းပါဝင်မှုကြောင့် အစာကြေချက်မှု ပိုမိုလွယ်ကူစေသည်။ ဆိတ်နို့တွင် သတ္တုဓာတ်ဖြစ်သည့် ဆိုဒီယမ်သံဓာတ်၊ ကြေးနီဓာတ်ပါဝင်မှုသည် အခြားသောနို့များထက် ပိုများသည်။ ဗီတာမင်အေပါဝင်မှုမှာလည်းတခြားနို့များထက်ပိုများသည်။။ထို့ကြောင့်ဆိတ်နို့သည်အာဟာရပြည့်စုံပြီး အစာကြေညက်လွယ်သဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ၊ နာလန်ထလူမမာများအတွက် အထူးသင့်လျော်သည်။ဆိတ်မ၏နို့ပေးကာလသည် ၃-၁၂ လ အထိကြာမြင့်တတ်သဖြင့်ဆိတ်နို့ရောင်းချခြင်းအားဖြင့်လည်းဝင်ငွေတစ်ခုတိုးပွားလာမည်ဖြစ်သည်။။ဆိတ်မွေးမြူရေးလုပ်ငန်းကို“တစ်နိုင်တစ်ပိုင်မှသည်စီးပွားဖြစ်ဆီသို့” တိုးချဲ့မွေးမြူလာနိုင်ပါကဆိတ်များမှထွက်ရှိသော ဆိတ်သား၊ ဆိတ်သားခြောက်၊ဆိတ်သားရေ၊ ဆိတ်သားရေမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ဖိနပ်၊ ဂျာကင်၊ ဦးထုပ်၊ လက်ကိုင်အိတ်၊ ဆိတ်နို့၊ ဆိတ်နို့မှသည် ဆိတ်နို့ရေချိုးဆပ်ပြာခရင်၊ လိုးရှင်းစသော အလှကုန်ပစ္စည်းများအပြင် ဆိတ်နို့ခဲစသည့် စားသောက်ကုန်ပစ္စည်းများ၊ဆိတ်ချေးမှသည် စိုက်ပျိုးရေးသုံးမြေဩဇာများအဖြစ် ထုတ်လုပ် ရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွားလာမည်ဖြစ်သည်။ ဒါ့အပြင် ပြည်တွင်းဆိတ်သားထုတ်လုပ်မှု ပိုလျှံလာပါက နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းဖြင့် အော်ဂဲနစ်ဆိတ်သားများအဖြစ် ပြည်ပတွင် ဈေးကွက်ကောင်းစွာရရှိလာမည်ဖြစ်သည်။။ဆိတ်သည် သဘာဝအလျောက် သစ်ပင်၊ သစ်ဖု၊ သစ်မြစ်များကိုကိုက်ဖြတ်စားသောက်တတ်သောအလေ့အကျင့်များရှိခြင်းကြောင့် အစာအတွက် ကုန်ကျရသောစရိတ်များနည်းပါးခြင်း၊ ဆိတ်ခြံမှာလည်း ဝက်ခြံ၊ ဥစားကြက်ခြံတို့ကဲ့သို့ ဆောက်လုပ်ရန်မလိုအပ်ဘဲ ဒေသတွင်းရှိ သစ်၊ ဝါးများဖြင့်သာ လွယ်လင့်တကူဆောက်လုပ်နိုင်ခြင်းကြောင့် ခြံအတွက်ကုန်ကျရသောစရိတ်များ သက်သာခြင်း၊ ဆိတ်များကိုလွှတ်ကျောင်းမွေးမြူရာတွင် ဆိတ်ကောင်ရေ ၄၀ အထိတွင် ဆိတ်ကျောင်းသားတစ်ယောက်နှုန်းဖြင့်သာ ထိန်းကျောင်း၍ရသောကြောင့် လုပ်သားစရိတ်သက်သာခြင်း၊ ဆိတ်သည် အကြမ်းဒဏ်ခံနိုင်သောတိရစ္ဆာန်ဖြစ်သောကြောင့် ကျန်းမာရေးအတွက် ဆေးကုသရသော ကုန်ကျစရိတ်သက်သာခြင်း၊ ဆိတ်သည် တစ်နှစ်အတွင်းတွင် နှစ်သားတင်ပြီး တစ်သားလျှင် ၂-၄ အထိ သားပေါက်နိုင်သောကြောင့် အချိန်တိုအတွင်း စီးပွားရေးတွက်ခြေကိုက်စေသော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ခြင်း စသောအချက်များကြောင့် ဆိတ်မွေးမြူရေးကို လုပ်ကိုင်ဆောင်ရွက်ကြရန် အားပေးတိုက်တွန်းအပ်ပါသည်။ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ဆိတ်မွေးမြူရေးမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများပိုမိုထုတ်လုပ်လာနိုင်ခြင်းကြောင့်နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်လာကာ လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ထို့ကြောင့် ဆိတ်မွေးမြူရေးကို မိသားစုတစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ် စနစ်တကျမွေးမြူခြင်းဖြင့်သော်လည်းကောင်း အင်တိုက်အားတိုက်မွေးမြူကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
null
null
Thu, 05/15/2025 - 09:38
mwd_webportal
https://www.myawady.net.mm/node/69136
ရေမချိုးခင် ရေတစ်ခွက်သောက်ပါ
ရေမချိုးခင် ရေတစ်ခွက်သောက်ပါ။ဆောင်းပါးရှင် -ကြည်လွင်မြင့်(မုဒြာ)။နေပူထဲမှပြန်လာပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးလိုက်သူတစ်ဦး အဝတ်အစားမလဲရမီမှာပင် မူးလဲကျကာ အသက်ဆုံးရှုံးသွားရသည်ဟု ကြားသိ ရဖူးပါသည်။။ပူပြင်းသောနွေတစ်ညတွင် ပူလောင်အိုက်စပ်ပြီး အိပ်မပျော်သဖြင့် ညဉ့်သန်းခေါင် ရေထချိုးသူတစ်ဦး သည်လည်း နံနက်လင်းသောအခါ အိပ်ရာမှမထ သဖြင့် နှိုးကြည့်ရာမှလေဖြတ်ပြီး စကားမပြော၊ မလှုပ်ရှားနိုင်ဖြစ်နေသည်ကို တွေ့ရလေသည်။။ထမင်းဟင်းရောင်းသူ အမျိုးသမီးကြီးတစ်ဦးသည် တစ်နေကုန် မီးဖိုကြီးအနီးတွင် ချက်ပြုတ်ရသည်။ နေပူပြင်းသောနေ့တစ်နေ့တွင်ရေထည့်သည့်စည်ပိုင်းပြတ်အတွင်းသို့ရေခဲတုံးကြီးထည့်စိမ်၍ ရေချိုးလိုက်ရာမှ လဲကျပြီး ပါးစပ်မှအမြှုပ်များထွက် ကာ သေဆုံးသွားသည်ကိုစာရေးသူတို့ငယ်စဉ် ကျောင်းသားဘဝက ကိုယ်တွေ့ကြုံဖူးပါသည်။။အထက်ပါအဖြစ်များမှာ နွေဥတုတွင်ဖြစ်သော အဖြစ်များဖြစ်သည်။ အပူနှင့်အအေးဆန့်ကျင်ဘက် ကြောင့်လားဟု တွေးစရာရှိပါသည်။ စာရေးသူသည် သွေးတိုးရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ လူနာများကို ရေချိုးပြီး၍ မျက်စိများနီရဲနေလျှင်၊ နီလျှင် သတိထားကြရန်အမြဲပြောပါသည်။။အထူးသဖြင့် အိမ်ရှင်မများ မီးဖိုချောင်တွင် မီးအပူ နှင့် အမြဲထိတွေ့ချက်ပြုတ်ကြော်လှော်နေရသူများ တွင် မီးဖိုနှင့်ညှော်ငွေ့များ ကပ်ငြိနေလေ့ရှိသည်။ ရုတ်တရက်ရေချိုးသောအခါ ကိုယ်တွင်းမှ ကန်ထွက် သောအခိုးနှင့် အပြင်မှရေအေးတွေ့ထိပြီး အမြင်လွှာ သွေးကြောများရောင်ခြင်း၊ အခိုးများငုပ်၍ အတွင်း တိမ်ဖြစ်ခြင်းများပင်ဖြစ်နိုင်သည်။။ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်းကို သတိပေးရုံ ဖြင့်မပြီး ကာကွယ်ရန်နည်းလမ်းများကို စဉ်းစားခဲ့ပါ သည်။ ဝမ်းထဲမှအပူ အထက်သို့တက်ရုံမျှမက မျက်စိ သွေးကြောများပါ နီရဲခြင်းသည် ဦးနှောက်နှင့်အလွန် နီးကပ်သောလက္ခဏာဖြစ်သည်။ ဦးနှောက်သွေး ကြောများသို့ လေပူရောက်ပြီးပေါက်သွားလျှင် ရုတ် တရက် လေဖြတ်နိုင်သောလက္ခဏာဖြစ်သည်။။လေသည် ရုတ်တရက် လူကိုသတ်နိုင်သော ရာဇ ဂုဏ်ရှိသည်ဟု အာယုဗ္ဗေဒဆေးပညာတွင် သင်ရ သည်။ ရာဇဆိုသည်မှာမင်းသည်လူကိုသတ်နိုင် သကဲ့သို့လေသည်လည်း လူကိုသတ်နိုင်သည်။ ဥပမာ- လေသင်တုန်းဖြတ်လျှင် ရုတ်တရက်လဲကျပြီး အသက်ပါ ပါသွားတတ်သည်။ အနောက်တိုင်းဆေး ပညာအမြင်တွင် ရုတ်တရက် Heart Attack ရသွားခြင်း ဖြစ်သည်။ သို့သော် ဦးနှောက်ကို လေသင်တုန်းဖြတ် ခြင်းမှာ Brain Attack ဟု ခေါ်ဆိုနိုင်သည်။။လေတွင် လေပူ (ဥဏှဝါယော) နှင့် လေအေး (သီတဝါယော) နှစ်မျိုးရှိသည်။ထိုအထဲမှဥဏှဝါယောသည် အထက်သို့တက်၍ ဦးနှောက်ကို ဖျက်ဆီးမည့်ဟန်ပြင်လာပြီဆိုလျှင် ကြိုတင်သတိ ပေးသည့်လက္ခဏာမှာ မျက်စိများနီရဲလာခြင်းဖြစ်သည်။တစ်ခါတစ်ရံမျက်စိနှစ်လုံးစလုံးမနီမရဲဘဲ တစ်လုံးသာရဲလေ့ရှိသည်။။ထိုအခါ သတိပေးသည့်အချက်မှာ ဘယ်ဘက် မျက်စိနီရဲလျှင် (အထူးသဖြင့် ရေချိုးပြီးစတွင် ပို၍ ထင်ရှားသည်) ဘယ်ဘက်အခြမ်းဦးနှောက်သွေးကြော ပေါက်နိုင်သည်။ ထိုအခါ လူတွင် ညာဘက်အခြမ်း (ဆန့်ကျင်ဘက်) လေဖြတ်နိုင်သည်။ အကယ်၍ ညာဘက်မျက်စိနီရဲလျှင် ဦးနှောက်၏ ညာဘက်အခြမ်းတွင် သွေးကြောပေါက်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့်ခန္ဓာကိုယ်၏ဘယ်ဘက် အခြမ်းတွင် လေဖြတ်နိုင်လေသည်။။လေဖြတ်ခြင်းသည်ဦးနှောက်၏ဘယ်ဘက် အကန့်နှင့် ညာဘက်အကန့်များတွင် သွေးခဲပိတ်ဆို့ ခြင်း၊ သွေးထောက်ပံ့မှုမရခြင်းတို့ကြောင့် ဖြစ်ပွားနိုင် သည်။ ထိုသွေးထောက်ပံ့မှုမရသော ဦးနှောက်၏ လုပ်ဆောင်ချက်မှာ ဆန့်ကျင်ဘက်ဖြစ်သော ခန္ဓာ ကိုယ်ဘယ်ဘက်အခြမ်း၊ ညာဘက်အခြမ်းများတွင် မလှုပ်ရှားနိုင်ခြင်းဖြစ်သည်။။စာရေးသူသည်တိုင်းရင်းဆေးနှင့်မြစ်ချင်းပြီး ရိုးရာဆေးပင်များကိုအသုံးပြုပြီး မျက်စိနီရဲခြင်း၊ လေအထက်ဆန်ခြင်း၊ လေပူတက်ခြင်း၊ လေပူကန် ခြင်းများကို ကုသရန်ကြိုးစားခဲ့သည်။ လေပူနှိမ်ဆေး၊ လေပူနိုင်ဆေး၊ လေသက်ဆေးများကို သုံးစွဲခဲ့ပါသည်။ ထို့ပြင် မျက်စိအတွက် ရှေးကပင် သမားစဉ်အဆက် ဆက် သုံးစွဲခဲ့သော နာမည်ကျော်စက္ခုပါလဆေးကို လည်း လူနာများကိုပေးပြီး သုံးစွဲစေခဲ့သည်။ အတန် အသင့် သက်သာရုံမျှသာဖြစ်ပြီး ထူးခြားစွာမပျောက် ကင်းခဲ့ပေ။။မျက်စိနီသူများကို မျက်စိကွင်းဆေး၊ မျက်စဉ်းဆေး များ ပေးကြည့်သောအခါတွင်လည်း ခေတ္တခဏမျှသာ သက်သာသယောင်ရှိသော်လည်း ဆောင်းတွင်း၊ မိုး တွင်းကဲ့သို့ အေးသောကာလများတွင် ရေချိုးပြီးသော အခါ မျက်စိပြန်နီလာသည်ကို တွေ့ရသည်။။ထိုမျက်စိနီသူများမှအတော်များများမှာလည်း ကိုယ်တစ်ခြမ်း လေဖြတ်ခြင်း၊ သို့မဟုတ် လေဖြန်း ခြင်းဖြစ်လေ့ရှိသည်ကို သတိထားမိလာသည်။ နှစ် အတန်ကြာသောအခါ စာရေးသူ နည်းလမ်းကောင်း တစ်ခုကို တွေ့လာရသည်။။ထိုနည်းမှာ ဆေးမဟုတ်ဘဲ ရေသောက်နည်းသာ ဖြစ်သည်။ ရေသောက်နည်းကို မှန်မှန်လိုက်နာသော သူများမှာ မျက်စိနီရဲခြင်းသက်သာလာပြီး သွေးတိုး ရောဂါနှင့် လေဖြတ်ခြင်းကိုပါ ကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်။။အဓိကမှာ နံနက်တွင် ရေချိုးလေ့ရှိသူ၊ အိပ်ရာထ ချိန် ရေချိုးလေ့ရှိသူများမှာ လေဖြတ်ဝေဒနာ ပို၍ဖြစ် လေ့ရှိသည်ကို တွေ့ရသည်။။ထိုသူများအတွက် ကာကွယ်ရန်မှာ ညအိပ်ရာဝင် ချိန်တွင် ရေတစ်ခွက်သောက်ပြီးမှအိပ်ပါ။ နံနက် အိပ်ရာထသည်နှင့် ရေတစ်ခွက်ထပ်သောက်ရန်လို ပါသည်။ ထို့နောက်မှ ရေချိုးပါ။ ပြီးမှ မျက်နှာသစ် ခြင်း၊ သွားတိုက်ခြင်းကို ဆက်၍လုပ်ဆောင်ရန်ဖြစ် သည်။။နေ့ပိုင်းတွင် ရေချိုးမည့်သူများမှာ နံနက် ၉ နာရီမှ ၁၁ နာရီအတွင်း ရေချိုးမည်ဆိုလျှင် ရေမချိုးမီ ရေ မတ်ခွက်တစ်ခွက်ကုန်အောင်သောက်ပြီးမှ ရေချိုး လျှင် အစာအိမ်မှလေပူသည် အထက်သို့တက်ပြီး မျက်စိများနီရဲခြင်းကို ကာကွယ်နိုင်သည်။ တစ်နည်း အားဖြင့် ဦးနှောက်သို့တက်သော အပူကိုကာကွယ် ထားပြီးဖြစ်သဖြင့် ရေချိုးပြီး ခေါင်းမူးခြင်း၊ လေဖြတ် ခြင်းကို ကာကွယ်နိုင်သည်။။ညနေပိုင်းနှင့် ညပိုင်းတွင် လူကြီးများရေမချိုးသင့် ပေ။ လူငယ်နှင့်လူလတ်ပိုင်းများ ရေချိုးနိုင်သည်။ အလုပ်လုပ်ရသဖြင့် ပင်ပန်းနွမ်းနယ်သူများ၊ ညစ်ပတ်ပေကျံသော အလုပ်လုပ်ရသူများမှာ ရေချိုးနိုင် သည်။ သို့သော် ရေချိုးပြီးလျှင်မှန်ကြည့်ပါ။ မျက်စိ များနီသည်၊ ရဲသည်ဆိုလျှင် နောက်တွင် ညနေနှင့် ညဘက်ရေချိုးခြင်းကို ရှောင်ကြဉ်ရန်လိုပါသည်။။မည်သည့်ရာသီဥတုမဆိုလူလတ်ပိုင်းမှစ၍ လူကြီးများအထိသတိဖြင့်သာရေချိုးသင့်သည်။ ရေမချိုးမီရေတစ်ခွက်သောက်ခြင်းသည် အစာအိမ် မှအပူများ အထက်သို့တက်ခြင်းကို ကာကွယ်နိုင် သည်။ အာသီးရောင်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွား များယိုင်နဲ့ခြင်းကိုလည်း ကာကွယ်သည်။ မျက်စိသို့ အခိုးတက်၍နီရဲခြင်းနှင့် အရွယ်မတိုင်မီ မျက်စိမှုန် ခြင်း၊ မျက်စိမှန်ဘီလူးများအခိုးရိုက်ခြင်းကို ကာကွယ် နိုင်သည်။။ရေမချိုးမီရေတစ်ခွက်သောက်ဆိုရာတွင်ပုံမှန် သောက်ရေအိုးမှရရှိသည့်အအေးဓာတ်ရှိသောရေကိုသာသောက်သင့်သည်။ ရေခဲရေမသောက်သင့်ပေ။ အေးအောင်၊ ခဲအောင် ရေခဲသေတ္တာ၊ Water Cooler တို့မှပြုပြင်ထားသော ရေကိုသောက်လျှင် ပို၍ပင် အပူငုပ်စေနိုင်သည်။ မြေသောက်ရေအိုးတွင် ထည့် သောက်သောရေသည် သဘာဝအအေးဓာတ်ကိုပေး သည်။။သတိပြုရန်မှာ မျက်စိနီရဲခြင်းသည် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်း ဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းကို ကာကွယ်ရန်လိုသည်။ သာမန်လုပ်ဆောင်နိုင်သည့် အကျင့်ကောင်းတစ်ခုကို အမြဲလုပ်ဆောင်ပါ။ ရေ မချိုးမီ ရေအေးတစ်ခွက်သောက်ပါ။ လေဖြတ်ခြင်းကို ကာကွယ်နိုင်သော ကျန်းမာအသက်ရှည်ရေးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။ ။
null
null
Thu, 05/15/2025 - 09:43
mwd_webportal
https://www.myawady.net.mm/node/69137
ကျွန်းစုမြို့နယ်၌ ဒူးရင်းသီးများလှိုင်လှိုင်ထွက်ရှိ၍ စိုက်ပျိုးသူများအဆင်ပြေ
ကျွန်းစုမြို့နယ်၌ ဒူးရင်းသီးများလှိုင်လှိုင်ထွက်ရှိ၍ စိုက်ပျိုးသူများအဆင်ပြေ။ကျွန်းစု မေ ၁၄။တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ ဒူးရင်းသီးများလှိုင်လှိုင်ပေါ်ပြီး အရောင်းသွက်နေခြင်းကြောင့် ဒူးရင်းခြံရှင်များအဆင်ပြေလျက်ရှိကြောင်းသိရသည်။။ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဧပြီလ တတိယပတ်မှစပြီး ဒူးရင်းသီးများစပေါ်ကာ ယခုအခါ တွင်ဒူးရင်းသီးမှည့်များလှိုင်လှိုင်ထွက်ရှိ၍ကပကျေးရွာအုပ်စုနှင့် မိုင်းတွေးကျေးရွာအုပ်စုတို့၌ အများဆုံး ထွက်ရှိသည်။ အဆိုပါ ဒူးရင်းသီးမှည့်များကို ကျွန်းစုမြို့ပေါ်။စျေးနှင့် မြိတ်မြို့သို့ အများဆုံးတင်ပို့ရောင်းချရပြီး ဝယ်ယူစားသုံးသူများနေခြင်းကြောင့် အရောင်းသွက် လျက်ရှိသည်။။“ဒူးရင်းသီးမှည့်တွေက ဒေသမျိုး ခြံထွက်အသီးတွေပါ။ ကျွန်မတို့ ကပကျေးရွာကနေပြီး လာရောက် ရောင်းချတာပါ။ အများစားနိုင်တဲ့စျေးနဲ့ အဆင်ပြေစွာရောင်းချပေးပါတယ်။။ရောင်းအားလည်းကောင်းပါတယ်”ဟု ကပကျေးရွာမှ ဒူးရင်းခြံပိုင်ရှင်တစ်ဦးကပြောသည်။။လက်ရှိတွင် အလုံးအရွယ်အစား အကြီးအသေးအလိုက် ဒူးရင်းသီးများဈေးနှုန်းကွာခြားမှုရှိပြီး ဝယ်လက် များနှင့် ဖောက်သည်မှာယူသူများကို ရောင်းချရကာ ဒူးရင်းသီးများအရောင်းသွက်နေခြင်းကြောင့် ဒူးရင်း ခြံရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/9C_11.jpg
Thu, 05/15/2025 - 09:47
mwd_webportal
https://www.myawady.net.mm/node/69138
ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ‌ထောက်ပံ့‌ငွေနှင့် ဆန်များပေးအပ်
ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ‌ထောက်ပံ့‌ငွေနှင့် ဆန်များပေးအပ်။နေပြည်တော် မေ ၁၄။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့သည့် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပန်းတနော်မြို့နယ် လူထုအခြေပြု‌ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပသည်။။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ပန်းတနော်မြို့နယ် အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ နေရသည့် ပြည်သူများအတွက် ‌ထောက်ပံ့ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်နှင့် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ နှင့် ဆန်တစ်ပြည်နှုန်းဖြင့် ယာယီနေရပ်စွန့်ခွာသူ စုစုပေါင်း ၂၇၃ ဦးအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155151.jpg
Thu, 05/15/2025 - 09:56
admin_webportal
https://www.myawady.net.mm/node/69139
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Arnaud de Baecqueအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ။နေပြည်တော် မေ ၁၄။ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။။တွေ့ဆုံစဉ် မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့သည့် ဒေသများတွင် ICRC မှ ငလျင်ဘေးသင့်ပြည်သူများ အတွက် ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ICRC အနေဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။။အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155161.jpg
Thu, 05/15/2025 - 10:00
admin_webportal
https://www.myawady.net.mm/node/69140
အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အင်အားပြင်းထန်သော ငလျင်ဒဏ်နှင့် ကြီးမားသော ရေကြီးရေလျှံမှုဒဏ် ခံနိုင်မည့် ဒီဇိုင်းပုံစံကို ရေးဆွဲဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး
အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အင်အားပြင်းထန်သော ငလျင်ဒဏ်နှင့် ကြီးမားသော ရေကြီးရေလျှံမှုဒဏ် ခံနိုင်မည့် ဒီဇိုင်းပုံစံကို ရေးဆွဲဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး။နေပြည်တော် မေ ၁၄။အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် ရေလှောင်တမံနှင့် ရေအားအဆောက်အအုံများအား မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနှင့် ဆည်မြောင်းဝန်ထမ်းဟောင်းများ အသင်းတို့မှ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်းကွင်းဆင်းပြီး လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ ပြန်လည်ပြုပြင် တည်ဆောက်ရန် နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။။အစည်းအဝေးတွင် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ထိန်းသိမ်း စီမံလျက်ရှိသည့် ရန်အောင်မြင်ရေလှောင်တမံ၊ ချောင်းမကြီးရေလှောင်တမံနှင့် ရေငန်းရေလှောင်တမံများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့မှုများအပေါ်ပြန်လည်ပြုပြင် တည်ဆောက်မည့် အစီအမံများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းစီမံလျက်ရှိသည့် ရေလှောင်တမံများ ထိခိုက်ခဲ့မှုအပေါ် ပြန်လည်ပြုပြင် တည်ဆောက်မည့် အစီအမံများကို သုံးသပ်ဆွေး နွေးခဲ့ကြသည်။။၎င်းအပြင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်ရှိ အသစ်ပြန်လည် တည်ဆောက်ဆဲဖြစ်သော စမုံရေငုတ်ပြွန်၏ အောက်ခံမြေသားနှင့် အုတ်မြစ်ပိုင်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဆောင်ရွက်ဆဲ စမုံရေငုတ်ပြွန်အား နေရာပြောင်းရွှေ့ တည်ဆောက်ရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။။အလားတူ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အင်အားပြင်းထန်သော ငလျင်ဒဏ်နှင့် ကြီးမားသော ရေကြီးရေလျှံမှုဒဏ်ခံနိုင်မည့် ဒီဇိုင်းပုံစံကို ရေးဆွဲဆောင်ရွက် သွားမည့် အခြေအနေများနှင့် ဆောင်ရွက်ပြီး ရေလှောင် တမံနှင့် ရေအားအဆောက်အအုံများကိုလည်း ပိုမိုခိုင်ခံ့စေရန် အားဖြည့်ပြုပြင်သွားရန် လိုအပ်မှု အခြေအနေများကို အလေးအနက်ထား ဆွေးနွေးခဲ့ကြသည်။။လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတမံကြီးများ ဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဆည်မြောင်း ဝန်ထမ်းဟောင်းများ အသင်းမှ အင်ဂျင်နီယာပညာရှင်များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155162.jpg
Thu, 05/15/2025 - 10:04
admin_webportal
https://www.myawady.net.mm/node/69141
အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်လှစ်
အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်လှစ်။မော်လမြိုင် မေ ၁၄။၂၀၂၅ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅နှစ်အောက် အမျိုးသားဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၃ ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပသည်။။အဆိုပါဘော်လီဘောပြိုင်ပွဲသို့ မော်လမြိုင်၊ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ဘီးလင်း၊ ကျိုက်ထို၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။။အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်အသင်းနှင့် သံဖြူဇရပ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်မြို့နယ်အသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသည်။။အဆိုပါ ၂၀၂၅ ခုနှစ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲကို မေလ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/9B_32.jpg
Thu, 05/15/2025 - 10:05
mwd_webportal
https://www.myawady.net.mm/node/69142
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတွင် အသုံးပြုရန် ရုံးလုပ်ငန်းသုံး ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတွင် အသုံးပြုရန် ရုံးလုပ်ငန်းသုံး ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း။နေပြည်တော် မေ ၁၄။မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် ရုံးလုပ်ငန်းသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ ကျင်းပသည်။။ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူး Mr.Li Qianguo က ရုံးလုပ်ငန်း သုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်း အကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မန္တလေးငလျင် ကြီးဘေးဒဏ်ကြောင့် ရုံးလုပ်ငန်းသုံး စက်ပစ္စည်းများ ပျက်စီးဆုံးရှုံး ခဲ့ရသည့်အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းပေးသည့် အတွက် ပြည်ထောင်စုဝန်ကြီး ကိုယ်စား။အထူးပင်ကျေးဇူး တင်ရှိကြောင်း၊ တရုတ်နိုင်ငံ ချန်ဒူးမြို့၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ဆွေးနွေးပြောကြားခဲ့သည့် အချက်အလက်များကို ပြည်ထောင်စု ဝန်ကြီးထံ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။။ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံရုံးမှ သံမှူး Mr.Li Qianguo က ရုံးသုံး ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155163.jpg
Thu, 05/15/2025 - 10:08
admin_webportal
https://www.myawady.net.mm/node/69143
လှိုင်းဘွဲ့မြို့နယ် ဒိုင်းပြကျေးရွာ၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြ ပွဲကျင်းပ
လှိုင်းဘွဲ့မြို့နယ် ဒိုင်းပြကျေးရွာ၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြ ပွဲကျင်းပ။လှိုင်းဘွဲ့ မေ ၁၄။ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် သစ်စိမ်းမြေသြဇာ(ပိုက် ဆန်လျှော်) မျိုးစေ့ စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ် ပြပွဲကို မေလ ၁၄ ရက်တွင် ဒိုင်းပြကျေးရွာအတွင်းရှိ တောင်သူဦးစောဝင်းထူးနှင့် ဒေါ်နန်းနီလာဝင်းတို့၏လယ်မြေကွင်းအမှတ်(၁၅၄၇)ဒိုင်းပြအောက်ကွင်း ဦးပိုင်အမှတ် (၉၁/၁) နှင့်(၉၁/၂)၌ ကျင်းပကြောင်း သိရသည်။။အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်ရှိန်းအောင်၊အဖွဲ့ဝင်(၂) ဦးမြတ်စိမ်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်တောင်သူများတက်ရောက်ကြပြီးသစ်စိမ်း မြေသြဇာ(ပိုက်ဆန်လျှော်) မျိုးစေ့များကို စုပေါင်း ကြဲပက်ကြသည်။။ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်နန်းဝတ်ရည်စမ်းက တောင်သူများကို မိုးစပါးမစိုက်ပျိုးမီ မြေဆီလွှာအာဟာရ ထက်သန်စေ ရေးအတွက်သစ်စိမ်းမြေသြဇာ (ပိုက်ဆန်လျှော်) ထည့်သွင်းပေးရခြင်း၏ရည်ရွယ်ချက်နှင့် လိုအပ် သည့်အကြောင်းရင်းများ၊ အသုံးပြုနိုင်သည့်မျိုးများ၊ လယ်မြေတစ်ဧက၌ မျိုးစေ့လေးပြည်နှုန်းဖြင့်စိုက် ပျိုးခြင်း၊ ရိတ်သိမ်းခြင်းနှင့် ရရှိနိုင်မည့်အကျိုးကျေးဇူး များကို ရှင်းလင်းပြောကြားပြီးနောက် ဒိုင်းပြကျေးရွာ၊ ဒိုင်းပြကုန်းကျေးရွာ၊ ချမ်းသာကျေးရွာနှင့် ကိုဧည့် သည်ကျေးရွာတို့မှ တောင်သူများ၏လယ်မြေစုစု ပေါင်း ဧက ၂၀ အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆန် လျှော်) မျိုးစေ့ငါးတင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ် ကြသည်။။ကရင်ပြည်နယ်အစိုးရအဖွဲ့မှလှိုင်းဘွဲ့မြို့နယ် အတွင်း မိုးစပါးစိုက်ပျိုးမည့် လယ်မြေစုစုပေါင်းဧက ၆၀၀ အတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆန်လျှော်)မျိုးစေ့စုစုပေါင်း တင်း ၁၅၀ ကို အခမဲ့ဖြန့်ဝေပေးမည် ဖြစ် ကြောင်း သိရသည်။။စောဒိ(ပြန်/ဆက်)
ပြည်တွင်းသတင်း
https://www.myawady.net.…iles/27-B_15.jpg
Thu, 05/15/2025 - 10:10
mwd_webportal
https://www.myawady.net.mm/node/69144
ဖျာပုံမြို့နယ်မှ ရန်ကုန်စေဈးကွက်သို့ ပြီးခဲ့သည့်ဧပြီလအတွင်း ငါးသလောက်ပိဿာ ၇၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့
ဖျာပုံမြို့နယ်မှ ရန်ကုန်စေဈးကွက်သို့ ပြီးခဲ့သည့်ဧပြီလအတွင်း ငါးသလောက်ပိဿာ ၇၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့။ဖျာပုံ မေ ၁၄။ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလ အတွင်း ငါးသလောက်ပိဿာ ၇၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံ မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ် ရေးပွဲရုံလုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးမိုးအေး၏ပြောကြားချက်အရ သိရသည်။။ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လအတွင်းက ငါးသလောက် ပိဿာ ၆၀၀၀၀ သာ တင်ပို့ရောင်းချနိုင် ခဲ့ပြီး ဧပြီလ ၁ ရက်မှ ၃၀ရက်အထိ ငါးသလောက်ပိဿာ ၇၅၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသမှ ငါးသလောက်များကို ရန်ကုန်ဈေးကွက်မှ အဝယ်လိုက်နေကြောင်း သိရသည်။။''ဒေသထွက်ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို ပုံမှန်တင်ပို့ရောင်းချ နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ငါးသလောက်ပိဿာ၇၅၀၀၀အထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချ ခဲ့တဲ့ငါးသလောက် တွေက လတ်ဆတ်မှု နဲ့ အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်း အသီးသီးရှိပါတယ်" ဟုဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးမိုးအေးက ပြောသည်။။ဖျာပုံမြို့နယ်မှတင်ပို့ရောင်းချခဲ့သည့် ငါးသလောက်များမှာ အရွယ်အစားပေါ် မူတည်၍ ဈေးနှုန်း အသီးသီးရှိကြောင်း၊ အဆိုပါငါးသလောက်များ တင်ပို့ရောင်းချ နေရသည့်အတွက်ရေလုပ်သားများ၊တစ်နိုင်တစ်ပိုင်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူများ၊ကုန်သည်များနှင့် ကုန် တင်ယာဉ်အငှား လိုက်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။။ကျော်ကျော်လင်း
ပြည်တွင်းသတင်း
https://www.myawady.net.…files/27-C_8.jpg
Thu, 05/15/2025 - 10:11
mwd_webportal
https://www.myawady.net.mm/node/69145
သာကေတမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေး အသိပညာပေးဟောပြော
သာကေတမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေး အသိပညာပေးဟောပြော။ရန်ကုန် မေ ၁၄။ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင် သာကေတမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၁၄ ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟို ဌာန၌ ကျင်းပသည်။။ရှေးဦးစွာသာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဆောင်းနှင်း ဖြူက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူးဒေါက်တာဒေါ်စုစုလွင်ကသားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားနိုင်သည့်အချက်များ၊ကာကွယ်ရမည့်နည်းလမ်းများ၊ ကုသရေး ဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းပြကာ တက် ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည် ဆွေးနွေးဖြေကြားပေးသည်။။အဆိုပါအခမ်းအနားသို့သာကေတမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သာကေတမြို့နယ် ကြက်ခြေနီအဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များနှင့် ရပ် ကွက်အတွင်းရှိ အမျိုးသမီးများတက်ရောက်ကြပြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကိုစိတ်ဝင်စားစွာကြည့်ရှုလေ့လာကြကြောင်း သိရသည်။။သဲထက်ဇင်(ပြန်/ဆက်)
ပြည်တွင်းသတင်း
https://www.myawady.net.…iles/27-A_14.jpg
Thu, 05/15/2025 - 10:13
mwd_webportal
https://www.myawady.net.mm/node/69146
ဝန်ကြီးဌာနများ၌ Prefabricated Office များ တပ်ဆင်ပြီးစီးမှု အခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်း ကြည့်ရှုစစ်ဆေး
ဝန်ကြီးဌာနများ၌Prefabricated Officeများ တပ်ဆင်ပြီးစီးမှု အခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်း ကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၄။အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၌ Prefabricated Office များ တပ်ဆင်ပြီးစီးမှု အခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရ ှုစစ်ဆေးကြသည်။။ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ဥပဒေရေးရာ ဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့အား တရုတ်နည်းပညာရှင် အဖွဲ့မှ တာဝန်ရှိသူများက Prefabricated Office များ၏ Models ၊ အချက်အလက်များနှင့် တပ်ဆင်ရာတွင် ဆောင်ရွက်သွားရမည့် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာကိစ္စရပ်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရုံးဝင်းအတွင်း တရုတ်နည်းပညာရှင်အဖွဲ့မှ Prefabricated Office များ တပ်ဆင်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။။ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးသို့ ရောက်ရှိကြပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့်အတူ အဆိုပါ ရုံးဝင်းအတွင်း Prefabricated Office များ တပ်ဆင်ပြီးစီးမှု အခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အတူ အဆိုပါရုံးဝင်းအတွင်း Prefabricated Office များ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် တပ်ဆင်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155171.jpg
Thu, 05/15/2025 - 10:13
admin_webportal
https://www.myawady.net.mm/node/69147
၂၀၂၅ ခုနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်
၂၀၂၅ ခုနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅ နှစ်အောက်အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်။မုံရွာ မေ ၁၄။၂၀၂၅ ခုနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှိမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဟုမ္မလင်းမြို့နယ် ဘော်လီဘောအသင်းနှင့် ခန္တီးမြို့နယ် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ခန္တီးမြို့နယ်အသင်းက ဟုမ္မလင်းမြို့နယ် အသင်းအား အနိုင်ရရှိသွားသည်။။ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမားများအား ငွေသား ဆုနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။။ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် မုံရွာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ်နှစ်သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် နှစ်သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် သုံးသိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဟုမ္မလင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် သုံးသိန်းအားလည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချောင်းဦးမြို့နယ်အသင်းနှင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခန္တီးမြို့နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုငွေကျပ် ငါးသိန်းစီနှင့် ဒိုင်းဆုများအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။။ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့ အားကစားကွင်းအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုခဲ့ကြပြီး နည်းပြများ၊ အားကစားသမားများနှင့် တွေ့ဆုံကာ စခန်းသွင်းလေ့ကျင့်နေစဉ် ကာလအတွင်း လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/155172.jpg
Thu, 05/15/2025 - 10:18
admin_webportal
https://www.myawady.net.mm/node/69148
ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး
ဝန်ထမ်းများအတွက် ယာယီဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၄။သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့သို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြောက်လွှတ်ကုန်းသင်တန်းဆောင်၌ နှစ်ခန်းတွဲ အရာထမ်းအိမ်ရာ ငါးလုံးတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။။ဆက်လက်၍ ယန္တရားဝင်းအတွင်း ပစ္စည်းသိုလှောင်ရုံများ၌ အမှုထမ်းများအတွက် အခန်း ၄၈ ခန်း ဖွဲ့စည်းနေရာချထားမှု အခြေအနေနှင့် ထမင်းဟင်းချက်ပြုတ်ရန် စီစဉ်ပေးထားသောနေရာကို လည်းကောင်း၊ သောက်သုံးရေ သွယ်တန်းပေးထားမှုကို လည်းကောင်း၊ ရှစ်ခန်းတွဲ တည်ဆောက်ပေးထားသည့် သန့်စင်ခန်းများကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးကာ မေလတတိယပတ်အတွင်း လုပ်ငန်းများအပြီး ဆောင်ရွက်၍ ဝန်ထမ်းမိသားစုများကို စနစ်တကျ နေရာချထားပေးရန်၊ မိုးတွင်းကာလ ရေမဝပ်စေရေးနှင့် အမိုးအကာများ လုံခြုံမှုရှိစေရေး ဂရုပြု ဆောင်ရွက်ရန်မှာကြားသည်။။ထို့နောက် ဒုတိယဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံးမြေနေရာ၌ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေး လေးခန်းတွဲအရာထမ်း အိမ်ရာရှစ်လုံး တည်ဆောက်နေရာချထားမှုနှင့် ပတ်လမ်းဆောင်ရွက်နေမှု၊ ရေချိုးခန်းနှင့် သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။။ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်သို့ သွားရောက်၍ Prefabricated Modular House အလုံး ၂၀ ထားရှိမည့်မြေနေရာကို ကြည့်ရှုစစ်ဆေးကာ Prefabricated Modular House များရရှိသည်နှင့် အမြန်တည်ဆောက်နေရာ ချထားပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155173.jpg
Thu, 05/15/2025 - 10:22
admin_webportal
https://www.myawady.net.mm/node/69149
နိုင်ငံ့ဝန်ထမ်း အိမ်ရာများ၌ အခြေခံစားသုံးကုန်၊ အသား၊ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
နိုင်ငံ့ဝန်ထမ်း အိမ်ရာများ၌ အခြေခံစားသုံးကုန်၊ အသား၊ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး။ပဲခူး မေ ၁၄။ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ်နိုင်ငံ့ဝန်ထမ်း အိမ်ရာများတွင် အခြေခံစားသုံးကုန်နှင့် အသား၊ ငါး၊ ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးသည်။။ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်း အိမ်ရာသို့ရောက်ရှိခဲ့ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများက ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများတွင် သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များ အတွင်းသို့လည်း Mobile Shop များဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား မှာကြားသည်။။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ဘုရင့်နောင်ဝန်ထမ်း အိမ်ရာသို့ ရောက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး အခြေခံစားသုံးကုန်များနှင့် အသား၊ ငါး၊ ဥ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။။ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်ရှိ မြို့မဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များတွင်လည်း အခြေခံစားသုံးကုန်နှင့် အသား၊ ငါး၊ ဥတို့အား နေ့စဉ်ပိတ်ရက်မရှိ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးလျက် ရှိသည့်အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများရှိ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် အပတ်စဉ်အင်္ဂါနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများနေထိုင်ရာ ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ် ကြာသပတေးနေ့ နံနက်ပိုင်းတွင် လည်းကောင်း အသီးသီး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/155271.jpg
Thu, 05/15/2025 - 10:30
admin_webportal
https://www.myawady.net.mm/node/69150
မင်းဘူးမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ
မင်းဘူးမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကျင်းပ။မင်းဘူး မေ ၁၄။မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်မင်းဘူးမြို့ရှိ မင်းဘူးဦးဩဘာသခန်းမ၌အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်အသိပညာပေးဆွေးနွေးပွဲ ကို မေလ ၁၄ ရက်တွင် ကျင်းပကြောင်း သိရသည်။။ရှေးဦးစွာမင်းဘူးခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးလွင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားပြီးမင်းဘူးခရိုင်CPU အဖွဲ့ဝင်များက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်ပတ် သက်သည့်အကြောင်းအရာများကိုအသီးသီးဆွေးနွေးကြသည်။။အဆိုပါဆွေးနွေးပွဲတွင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊အဂတိနှင့်ပတ်သက်၍ ကော်မရှင်၏လုပ်ငန်းများနှင့်စုံစမ်းစစ်ဆေးရေး ဆိုင်ရာကိစ္စရပ်များ၊အဂတိလိုက်စားမှုလျော့နည်း ရေးအတွက် စာရင်းစစ်ရုံး၏ ဆောင်ရွက်ချက်များ၊ ဥပဒေပြဋ္ဌာန်းရသည့်ရည်ရွယ်ချက်နှင့် ပြစ်မှုပြစ်ဒဏ် များ၊ အခွန်တိမ်းရှောင်မှုအပါအဝင် ငွေကြေးခဝါချမှု နှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် အဂတိလိုက်စားမှု သိကောင်းစရာများစသည့်အကြောင်းအရာများ ကိုဆွေးနွေးကြပြီးတက်ရောက်လာကြသူများ ၏သိရှိလိုသောမေးမြန်းချက်များကိုတာဝန်ရှိ သူများကပြန်လည်ဖြေကြားပေးကြောင်းသိရသည်။။မောင်မောင်(မင်းဘူး)
ပြည်တွင်းသတင်း
https://www.myawady.net.…%20%282%29_1.jpg
Thu, 05/15/2025 - 10:32
mwd_webportal
https://www.myawady.net.mm/node/69151
တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ကွင်းဆင်း ဆောင်ရွက်ပေး
တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ကွင်းဆင်း ဆောင်ရွက်ပေး။ရန်ကုန် မေ ၁၄။ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်တွံတေးမြို့နယ်ကျွန်းကလေးကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်း၌မေလ ၁၃ ရက်က ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။။ယင်းသို့ဆောင်ရွက်ပေးရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တွံတေးမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းလေးဦးကပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကိုကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။။ထိုသို့ကွင်းဆင်းဆောင်ရွက်နေမှုကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွံတေးမြို့နယ် ဦးစီးမှူး ဦးကျော်ထူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသေး သူများအား ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။။အဆိုပါပန်းခင်းစီမံချက်ဆောင်ရွက်ခြင်းဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောနိုင်ငံသားစိစစ်ရေးကတ်ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ပြင်သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် နိုင်ငံသား များ မကျန်ရှိစေရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်းလျှောက်ထားရာတွင် လိုအပ်သည့်စာရွက် စာတမ်းအထောက်အထားများ၊နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အထောက်အထား များ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသ၌ရှိခြင်း၊ နေထိုင်မှုပုံစံများအလိုက် ဆောင်ရွက် ပေးရမည့်လုပ်ငန်းများနှင့်နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ခြင်းဖြင့် ပြည်သူများ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။။တွံတေးသား
ပြည်တွင်းသတင်း
https://www.myawady.net.…%20%282%29_5.jpg
Thu, 05/15/2025 - 10:34
mwd_webportal
https://www.myawady.net.mm/node/69152
ဘာစီလိုနာအသင်းက နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဒီဂျောင်း အပါအ၀င် ကစားသမား ကိုးဦးအထိ ရောင်းချရန် ဆုံးဖြတ်ထား
ဘာစီလိုနာအသင်းက နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဒီဂျောင်း အပါအ၀င် ကစားသမား ကိုးဦးအထိ ရောင်းချရန် ဆုံးဖြတ်ထား။ဘာစီလိုနာ မေ ၁၄။ဘာစီလိုနာအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ ကွင်း လယ်ကစားသမား ဒီဂျောင်းအပါအ၀င် ကစားသမား ကိုးဦးအထိ ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။။ဘာစီလိုနာအသင်းသည် နောက်ပိုင်းနှစ်များတွင် အသင်းဘဏ္ဍာရေး အကျပ်အတည်းနှင့် တွေ့ကြုံခဲ့ရပြီး အသင်းဝင်ငွေ၊ ထွက်ငွေစည်းမျဉ်းကြောင့် ကစား သမားသစ်များ ခေါ်ယူရာတွင် မှတ်ပုံတင်ရန် ခက်ခဲနေသည့် အတွက် လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလ၌ ဒီဂျောင်းအပါအဝင် ကစားသမားကိုးဦးအထိ ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။။ဘာစီလိုနာအသင်းသည် နောက်ပိုင်းနှစ်များတွင် အသင်းအကယ်ဒမီမှ အရည်အချင်း ပြည့်ဝသည့် လူငယ်ကစားသမားများကို အသုံးပြုနေသည့်အတွက် အသင်းမှ ဝါရင့်ကစားသမားများကို ပြန်လည်ရောင်းချပြီး အသင်းဝင်ငွေရရှိရန် ပြင်ဆင်နေခြင်းဖြစ်သည်။။ဘာစီလိုနာအသင်းက ဒီဂျောင်းကို အစောပိုင်းနှစ် အပြောင်းအရွှေ့ကာလများကတည်းက ရောင်းချရန် ကြိုးပမ်းခဲ့ဖူးပြီး ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများက ခေါ်ယူရန်ကြိုးပမ်းခဲ့ကြသောကြောင့် ဒီဂျောင်း ကိုယ်တိုင်က အသင်းမှ မထွက်ခွာလိုသည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့သဖြင့် လာမည့်နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် မဖြစ်မနေရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။။ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် ဒီဂျောင်းအပြင် ဝါရင့်ခံစစ် ကစားသမား အာရူဂျိုနှင့်အတူ ခရစ်တန်ဆန်၊ ဖာတီ၊ လူငယ်ကစားသမားများ ဖြစ်သည့် ဖာမင်လိုပက်ဇ်၊ တိုရေး၊ ဟတ်တာ၊ ပန်နာတို့ကိုလည်း သင့်တင့်သည့်ပြောင်းရွှေ့ကြေးဖြင့် ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။။ထို့ပြင် ဘာစီလိုနာအသင်းသည် အဆိုပါကစား သမားများအပြင် ပြီးခဲ့သည့်နှစ်များက အဓိက အားထားနေရသည့် လူငယ်ကွင်းလယ်ကစားသမား တစ်ဦးဖြစ်သော ဂါဗီကိုလည်း မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမည်ဆိုပါက ရောင်းချရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/155281.jpg
Thu, 05/15/2025 - 10:35
admin_webportal
https://www.myawady.net.mm/node/69153
ထားဝယ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းအသိပညာပေးဆွေးနွေး
ထားဝယ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းအသိပညာပေးဆွေးနွေး။ထားဝယ် မေ ၁၄။သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို မေလ ၁၃ ရက်က တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။။အဆိုပါဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထက်နောင်က မိုးရာသီ ရောက်ရှိလာပြီဖြစ်သော ကြောင့်ခြင်များခိုအောင်းပေါက်ပွားနိုင်သည့်ချုံနွယ်များနှင့် အမှိုက်သရိုက်များ ကို ရှင်းလင်းကြရန်၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများ ကို ဖယ်ရှားရှင်းလင်းရန်၊ထို့ပြင်ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရေစည်၊ ရေအိုးများ နှင့်ရေသိုလှောင်ကန်များအတွင်းခြင်များပေါက်ပွား မှုမရှိ စေရေးအတွက် အဘိတ်ဆေးများ ခတ်ရန် စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက် တတ်သောရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားသည်။။ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ဇင်မာစိုးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအကြောင်း ပြောကြားသည်။။ဆက်လက်၍တက်ရောက်လာကြသူများက သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ၊ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း များကို ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။။ငွေဇင်ယော်(ထားဝယ်)
ပြည်တွင်းသတင်း
https://www.myawady.net.…%20%282%29_7.jpg
Thu, 05/15/2025 - 10:35
mwd_webportal
https://www.myawady.net.mm/node/69154
စပါးအသင်းနှင့် မန်ယူအသင်းတို့ ကစားမည့် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဖီးလစ်ဇွာယာ တာဝန်ယူမည်
စပါးအသင်းနှင့် မန်ယူအသင်းတို့ ကစားမည့် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဖီးလစ်ဇွာယာ တာဝန်ယူမည်။လန်ဒန် မေ ၁၄။ယခုဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ကစားမည့် စပါးအသင်းနှင့် မန်ယူအသင်းတို့ပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဖီးလစ်ဇွာယာ က တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။။‌ကွင်းလယ်ဒိုင်လူကြီး ဖီးလစ်ဇွာယာသည် ၂၀၁၅ ခုနှစ်က ဂျာမန်ဒုတိယတန်းလိဂ် ပွဲစဉ်တစ်ပွဲတွင် နောက်ထပ်ဒိုင်လူကြီး တစ်ဦးဖြစ်သည့် ရောဘတ်ဟွိုင်ဇာနှင့်အတူ ပူးပေါင်းပြီး လာဘ်စားကာ လုပ်ပွဲကစားခဲ့သည့်အတွက် ဒိုင်လူကြီးလောကမှ ရာသက်ပန် ပိတ်ပင်ခံခဲ့ရသည့်အပြင် ထောင်ဒဏ်အဖြစ်လည်း နှစ်နှစ်နှင့်ငါးလ ပြစ်ဒဏ်ချမှတ် ခံထားရသူဖြစ်သည်။။ထို့နောက် ဒိုင်လူကြီး ဖီးလစ်ဇွာယာအနေဖြင့် ထောင်ဒဏ်ပြစ်ဒဏ်မှ ကင်းလွတ်ပြီးနောက် ၂၀၁၉ ခုနှစ်ကဂျာမနီနိုင်ငံဘောလုံး အဖွဲ့ချုပ်က ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် တာဝန်ပြန်လည် ပေးအပ်ခြင်းခံရသူဖြစ်သည်။။‌ထို့ပြင် ဒိုင်လူကြီး ဖီးလစ်ဇွာယာသည် ၂၀၂၁ ခုနှစ်က ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်အဖြစ် ကစားသည့် ဘိုင်ယန်မြူးနစ်အသင်းနှင့် ဒေါ့မွန်အသင်းတို့ ပွဲစဉ်တွင်လည်း သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်များကြောင့် ဒေါ့မွန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဘယ်လင်ဟမ်က ပြင်းထန်စွာဝေဖန်ခဲ့ဖူးပြီး ယခုအခါတွင်လည်း ဥရောပဘောလုံး အဖွဲ့ချုပ်က အရေးကြီးပွဲဖြစ်သည့် ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အားကစား
https://www.myawady.net.…files/155282.jpg
Thu, 05/15/2025 - 10:39
admin_webportal
https://www.myawady.net.mm/node/69155
​​​​​​​လပေါ်သုတေသနစခန်းအတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ်နှင့်ရုရှား လက်မှတ်ထိုး
လပေါ်သုတေသနစခန်းအတွက် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ်နှင့်ရုရှား လက်မှတ်ထိုး။ပေကျင်း၊ နည်းပညာ။တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က လပေါ် တွင်နျူကလီးယားဓာတ်ပေါင်းဖိုတည် ဆောက်ရန် သဘောတူညီ ချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။။လပေါ်တွင်တည်ဆောက်မည့် သုတေ သနစခန်းအား လျှပ်စစ်ဓာတ်အားပေးရန် ရည်ရွယ်၍ အဆိုပါ နျူကလီးယားဓာတ် အားပေးစက်ရုံကိုတည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၃၆ ခုနှစ်အရောက်တွင်လုပ်ငန်း လည်ပတ်နိုင်ရန်လုပ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက မေလ ၁၄ ရက်တွင် ပြောသည်။။တရုတ်အမျိုးသားအာကာသအာဏာ ပိုင်အဖွဲ့နှင့် ရုရှားအာကာသအေဂျင်စီဖြစ် သည့် Roscosmos တို့ က ထိုသဘောတူ ညီချက်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။။တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့က ၂၀၃၀ ပြည့်နှစ်အလွန်တွင် လ၏တောင်ဝင်ရိုး စွန်း၌ အမြဲတမ်း သုတေသနစခန်းတစ်ခု ကိုတည်ဆောက်ကာ လူသားများနေထိုင် နိုင်ရေးအတွက် သုတေသနများ လုပ်သွား မည်ဖြစ်ကြောင်းသိရသည်။။Ref: SCMP
နိုင်ငံတကာသတင်း
https://www.myawady.net.…files/23B_72.jpg
Thu, 05/15/2025 - 10:39
mwd_webportal
https://www.myawady.net.mm/node/69156
အနာဂတ်လေကြောင်းအရေးသာမှုအတွက် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အကြောင်း အမေရိကန် ထုတ်ပြော
အနာဂတ်လေကြောင်းအရေးသာမှုအတွက် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်အကြောင်း အမေရိကန် ထုတ်ပြော။ဝါရှင်တန်၊ နည်းပညာ။အမေရိကန်နိုင်ငံက အနာဂတ်တွင်လေကြောင်းအရေးသာမှုအတွက် အရေးပါ လာမည့် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ် နှင့်ပတ်သက်သည့်အကြောင်းအရာများကို ထုတ်ပြန်ပြောဆို လာကြောင်းသိရသည်။။တရုတ်နိုင်ငံက ပြည်တွင်း၌ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်များဖြစ်သည့် Cheng-du J-36 နှင့် Shenyang J-50 လေယာဉ် များ၏ရှေ့ပြေးပုံစံစမ်းသပ်မှုလုပ်ဆောင် ပြီးနောက် အမေရိကန်က ယခုမှ၎င်းတို့၏ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နှင့်ပတ် သက်၍ ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။။အမေရိကန်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးဒေးဗစ်အယ်ဗင်းက F-47 တိုက်လေယာဉ်နှင့် မောင်းသူမဲ့ ပူးတွဲတိုက်ပွဲဝင်လေယာဉ်များနှင့်ပတ်သက်သောရုပ်ပုံများကို ထုတ်ဖော်ပြသလာခြင်းဖြစ်သည်။ အဆို ပါလေယာဉ်များကို မျိုးဆက်သစ်ဝေဟင် လွှမ်းမိုးမှုအစီအစဉ် အရ ထုတ်လုပ်နေခြင်း ဖြစ်သည်။။အဆိုပါ F-47 တိုက်လေယာဉ်၏တိုက် ပွဲဝင်နိုင်သည့်နယ်ပယ်ဧရိယာသည် မိုင် ပေါင်း ၁၁၅၁ မိုင်ပတ်လည်ရှိကာ ၎င်းကို တိုက်ပွဲဝင်နိုင်သည့်ဧရိယာမိုင်ပေါင်း ၆၉၈ မိုင်သာရှိသော F-22 Raptor များနေရာ ၌အစားထိုးသွားမည်ဖြစ်သည်။။ထို့ပြင် အဆိုပါတိုက်လေယာဉ်များနှင့် အတူပူးတွဲတိုက်ပွဲဝင်မည့် မောင်းသူမဲ့လေယာဉ်များ၏ တိုက်ပွဲ ဝင်နိုင်သည့်ဧရိယာက မိုင်ပေါင်း ၈၀၅ မိုင်အထိရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။ F-47 နှင့် မောင်းသူမဲ့လေယာဉ်များသည် အင်ဒို-ပစိဖိတ်ဒေသအတွက်အရေးပါလာမည် ဖြစ်ကြောင်းသိရသည်။။Ref: SCMP
နိုင်ငံတကာသတင်း
https://www.myawady.net.…files/23A_83.jpg
Thu, 05/15/2025 - 10:40
mwd_webportal
https://www.myawady.net.mm/node/69157
ရေအောက်စစ်ပွဲအတွက် အလားအလာရှိတဲ့ လင်းပိုင်နည်းပညာ
ရေအောက်စစ်ပွဲအတွက် အလားအလာရှိတဲ့ လင်းပိုင်နည်းပညာ။အနာဂတ်မှာ ရေအောက်စစ်ပွဲဆိုတာ ကလည်း အရေးပါတဲ့စစ်ပွဲတစ်ပွဲဖြစ်လာ မှာအမှန်ပါပဲ။ အထူးသဖြင့် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောတွေရဲ့ ဆူညံမှု နည်းပါးခြင်းနဲ့ ရေအနက်ပိုင်းအထိကာလ ရှည်ကြာငုပ်လျှိုးနိုင်ခြင်းက နိုင်ငံတစ်ခု ကို ကောင်းကောင်းကြီးခြိမ်းခြောက်နိုင် စွမ်းရှိတဲ့ စစ်လက်နက် ပစ္စည်းများဖြစ်ပါ တယ်။ ဒါကြောင့်ဒီလို မျိုးစွမ်းဆောင် နိုင်တဲ့ရေငုပ်သင်္ဘော တွေကို ချေမှုန်း နိုင်ဖို့ဆိုတာစိန်ခေါ် မှု တစ်ခုဖြစ်လာပါတယ်။ အခုဗြိတိန်နိုင်ငံက ရေငုပ်သင်္ဘောများကိုရှာဖွေချေမှုန်းနိုင်စေမယ့် နည်းပညာတစ်ခုကိုဖန်တီး လိုက်ပါတယ်။ အဲဒီနည်းပညာကိုတော့ လင်းပိုင်နည်းပညာလို့အမည်ပေးထား ပါတယ်။။ဒီနည်းပညာက အဆင့်မြင့်မားလှတဲ့ AI နည်းပညာကိုအသုံးပြုထားတာဖြစ်ပါ တယ်။ ဒီနည်းပညာကို Helsing ဆိုတဲ့ ကုမ္ပဏီက ဖန်တီးတီထွင်ထားတာဖြစ်ပြီး အသံလှိုင်းအာရုံခံကိရိယာတွေကို မောင်း သူမဲ့ရေအောက်သွားယာဉ်မှာတပ်ဆင်ပြီး ရန်သူ့ရေငုပ်သင်္ဘောများကို ထောက်လှမ်း ရှာဖွေသွားမှာဖြစ်ပါတယ်။မောင်းသူမဲ့ရေအောက်သွားယာဉ်က ရန်သူ့ရေငုပ်သင်္ဘောရဲ့လှုပ်ရှားမှုကိုတွေ့ ရှိပြီဆိုတာနဲ့ ရေပေါ်ကိုတက်လာပြီးရရှိ လာတဲ့အချက်အလက်တွေကို ရေတပ် စစ်သင်္ဘောဆီပေးပို့မှာဖြစ်ပါတယ်။ သူ့မှာ AI နည်းပညာပါဝင်တာဖြစ်တဲ့အတွက်အဲဒီရေငုပ် သင်္ဘောတွေက ပုံစံအားဖြင့်တူညီနေရင် တောင် မတူညီတဲ့အသံလှိုင်းများကိုခွဲခြမ်းစိတ်ဖြာခြင်းဖြင့် လူသားပညာရှင်များက ကျော်သွားနိုင်တဲ့အချက်အလက်တွေကို ထောက်ပြပြီး ဖော်ထုတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။။Ref: IEK.H
နိုင်ငံတကာသတင်း
https://www.myawady.net.…/files/22A_0.png
Thu, 05/15/2025 - 10:42
mwd_webportal
https://www.myawady.net.mm/node/69158
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်လှေများ၊ တရားမဝင် ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်လှေများ၊ တရားမဝင် ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ။နေပြည်တော် မေ ၁၄။တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။။မေလ ၁၂ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၃၃၆)တန်၊ အခြားသစ် (၃ ဒသမ ၇၆၅)တန်၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၃၉၂၄၉)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၄) မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၃၁၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀)ကို လည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေး ဂိတ်၌ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး၊ လူသုံးကုန်ပစ္စည်း (၄)မျိုး၊ စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၂၅၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၅၅၆၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။။မေလ ၁၃ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့၊ (၄)မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လားရှိုးမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅၇၄၂၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Alphard (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၅၇၄၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ယင်းနောက် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား(မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ မော်လမြိုင်မြို့၊ မြေနီကုန်းကားဝင်း၊ ရွှေစင်စင်္ကြာကားဂိတ်ရှေ့၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၉၄၈၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၃၂၃၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။။ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Iveco Delivery Van (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၄၃၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၈၂၀၈၃၀၀)ကို လည်းကောင်း၊ မုတ္တမဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်(၁)စင်းပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၂)မျိုး၊ လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၁၈၈၁၉)နှင့်အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Yati ရေယာဉ်(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၄၆၂၇၁၁၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။။ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့ အတွင်း၌တရားမဝင် ငါးဖမ်းရာတွင် အသုံးပြုသည့် သစ်သားစက်လှေ(၉)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၅၀၀၀၀၀)ကို မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရ လည်းကောင်း၊ ထားဝယ်ခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၁၀)တန်နှင့် ဆက်စပ်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄၀၀၀၀)ကိုသစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၄၄၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။။မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉၇၄၇၇၅၈၈)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေး မတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများ အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
မှူခင်းသတင်း
https://www.myawady.net.…files/155291.jpg
Thu, 05/15/2025 - 10:46
admin_webportal
https://www.myawady.net.mm/node/69159
စစ်ကိုင်းမြို့နှင့်အင်းစိန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
စစ်ကိုင်းမြို့နှင့်အင်းစိန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ။နေပြည်တော် မေ ၁၄။မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မင်းမော်ဟိန်း မောင်းနှင်ပြီး သိန်းဇော် လိုက်ပါလာသည့် LIGHT TRUCK အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၇၀ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၁၀၅၀) ကိုလည်းကောင်း။။မေလ ၁၃ ရက် ညနေ ၃ နာရီခွဲတွင် အင်းစိန်မြို့နယ်၊ ရွာမ(အနောက်)ရပ်ကွက်နေ မခင်လေးမြင့်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၄၄ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ စိုးစိုး(ခ)ရခိုင်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မှူခင်းသတင်း
https://www.myawady.net.…files/155293.jpg
Thu, 05/15/2025 - 10:49
admin_webportal
https://www.myawady.net.mm/node/69160
ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်အသစ် အမေရိကန်ဝယ်ယူမည်
ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်အသစ် အမေရိကန်ဝယ်ယူမည်။အမေရိကန်ရေတပ်က ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်မှာ အရေးကြီးတဲ့စစ်လက်နက် ပစ္စည်းဝယ်ယူမှုအတွက် ဆုံးဖြတ်ချက် တစ်ခုကိုချမှတ်လိုက်ပါပြီ။ အဲဒီဆုံးဖြတ် ချက်ကတော့ ရေပြင်အခြေပြု နျူကလီး။ယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်များကိုဝယ်ယူသွားဖို့ဖြစ်ပါတယ်။ အဲဒီဒုံး ကျည်တွေကို ၂၀၃၄ ခုနှစ်အတွင်းမှာ ဖြန့်ကြက်အသုံးပြုသွားမှာပါ။ သူ့ကို Virginia အတန်းအစားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောများမှာ တပ်ဆင်သွား မှာဖြစ်တယ်လို့ ရေတပ်ဒုတိယဗိုလ်ချုပ် ကြီးဂျွန်နီဝေါ့ကအတည်ပြုပြောထား ပါတယ်။။လက်ရှိမှာတော့ ဒီအစီအစဉ် က ဗိသုကာဒီဇိုင်းပိုင်းအဆင့်ကိုရောက်ရှိ နေပြီဖြစ်ပြီး ဒုံးကျည်စနစ်၊ ပစ်လွှတ်ရေး ကိရိယာများ၊ ရေငုပ်သင်္ဘောနဲ့အံဝင်ခွင် ကျဖြစ်မှု၊ ထိပ်ဖူးဒီဇိုင်းနဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်တဲ့အခြေခံအဆောက်အဦများ အတွက်အဓိကထားပုံစံဖော်နေပြီဖြစ်ပါတယ်။။ဒါ့အပြင် အခုလိုရေပြင်အခြေပြုနျူကလီးယားထိပ်ဖူးတပ်အနိမ့်ပျံဒုံးကျည်ကို ဝယ်ယူသွားမှာဖြစ်ပေမယ့်လည်း လက်ရှိ ရေငုပ်သင်္ဘောရဲ့လုပ်ငန်းဆောင်တာများ ကိုထိခိုက်စေခြင်းမရှိစေဖို့ အထူးဂရုပြု ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လက် ရှိမှာတော့ အမေရိကန်ရေတပ်က တိုက် ခိုက်ရေးသင်္ဘောများအပေါ်သက်ရောက် မှုနည်းပါးစေတဲ့ လုပ်ငန်းသဘောတရား များကိုအဆုံးသတ်နိုင်ဖို့ အမေရိကန် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ် အပြင်အင်ဒို-ပစိဖိတ်ကွပ် ကဲမှုဌာနချုပ်နဲ့ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ် လို့ဆိုပါတယ်။ ဒီအစီအစဉ်အတွက် အသုံး စရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံသတ်မှတ်ထားပြီး နျူကလီးယားထိပ်ဖူးအတွက် ဒေါ်လာသန်း ၄၀၀ အသုံးပြု သွားမှာဖြစ်ပါတယ်။။Ref: IEK.H
နိုင်ငံတကာသတင်း
https://www.myawady.net.…/files/22B_1.png
Thu, 05/15/2025 - 10:49
mwd_webportal
https://www.myawady.net.mm/node/69161
အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ
အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ။မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသနတစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကိုထိခိုက်စေတယ်လို့ တွေ့ရှိ ထားပါတယ်။။အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုးအရာတွေကနေရရှိတဲ့ပရိုတိန်း တွေက စမ်းသပ်ခံကြွက်တွေရဲ့အူလမ်း ကြောင်းအပေါ် ကြီးစွာသောသက်ရောက် မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာဖြစ်ပါတယ်။။အူလမ်းကြောင်းထဲမှာရှိတဲ့ ဇီဝပစ္စည်း များက အမျိုးမျိုးသောကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်။ အခုစမ်းသပ်မှုကနေထွက်လာတဲ့ရလဒ်ကကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူသန်းပေါင်းများစွာခံစားနေရ သော အူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ကာကွယ်ခြင်းနဲ့ကုသခြင်းတို့အတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။။Ref: IE K.H
ကျန်းမာရေး
https://www.myawady.net.…/files/22C_0.png
Thu, 05/15/2025 - 10:50
mwd_webportal
https://www.myawady.net.mm/node/69162
အီး-စီးကရက်သောက်သူများ ကုမရနိုင်သည့်အဆုတ်ရောဂါခံစားရနိုင်
အီး-စီးကရက်သောက်သူများ ကုမရနိုင်သည့်အဆုတ်ရောဂါခံစားရနိုင်။အီး-စီးကရက်များကို သုံးနှစ်လောက် သောက်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးမှာ ပေါက်ပေါက်ဆုပ်အဆုတ်လို့ခေါ်ကြတဲ့ ကုမရနိုင်သောအဆုတ်ရောဂါဖြစ်ပွားတာကိုတွေ့ရှိရပါတယ်။ ဒါဟာဆယ်ကျော် သက်များအတွက် အီး-စီးကရက်ရဲ့ဆိုး ကျိုးတစ်ခုအဖြစ်ထွက်ပေါ်လာပါတယ်။။ပေါက်ပေါက်ဆုပ်အဆုတ်ရောဂါဆို တာက ရှားပါးတဲ့အပြင် ပြင်းထန်လှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ထဲမှာရှိတဲ့ လေပြွန်အသေးလေးများကိုထိခိုက်စေ တာဖြစ်ပါတယ်။။အထူးသဖြင့် အီး-စီးကရက်အရည်ထဲ မှာပါဝင်တဲ့ ဒိုင်ယာစီတယ်လိုမျိုးဒြပ်ပေါင်း က အဆိပ်သင့်စေတဲ့အဓိကအရာဖြစ်လာ တာဖြစ်ပါတယ်။ သူကအဆုတ်ကိုရောင် စေပြီးဒဏ်ရာရစေတာဖြစ်ပါတယ်။။Ref: IEK.H
ကျန်းမာရေး
https://www.myawady.net.…/files/22D_0.png
Thu, 05/15/2025 - 10:51
mwd_webportal
https://www.myawady.net.mm/node/69163
ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်
ဦးနှောက်ကို မြန်ဆန်စွာပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်။သုတေသနပညာရှင်များအနေနဲ့ ၁၆ နှစ်ကြာလုပ်ဆောင်ထားတဲ့ သုတေ သနတစ်ခုအရဆိုရင် သွေးတိုး ခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ်ငါးခု က ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါ တယ်။ အခုသုတေသနကို တရုတ်ပညာရှင်များကလုပ် ထားတာပါ။ဦးနှောက်ကိုမြန်ဆန်စွာပျက် စီးစေနိုင်တဲ့အန္တရာယ်ငါးသွယ်ထဲမှာပါဝင်တာတွေကသွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏမြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည်နိမ့်ပါးခြင်းတို့ဖြစ်ပါတယ်။အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေ နိုင်ဆုံးသော အကြောင်းရင်းဖြစ် တယ်လို့ ပညာရှင်များကပြောပါတယ်။ ဒီလိုအကြောင်းရင်းငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက်ကျန်းမာရေးကိုကောင်းစေနိုင်ကြောင်းပညာရှင်များကပြောထားပါတယ်။Ref: IEK.H
ကျန်းမာရေး
https://www.myawady.net.…lt/files/22E.png
Thu, 05/15/2025 - 10:52
mwd_webportal
https://www.myawady.net.mm/node/69165
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှု လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယား နိုင်ငံသား ၉၀ ဦး မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသ
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှု လုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယား နိုင်ငံသား ၉၀ ဦး မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း။နေပြည်တော် မေ ၁၄။နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အီသီယိုးပီးယား နိုင်ငံသား ၉၀ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။။အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှု လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။။ထို့နောက် ပြည်နှင်လွှဲပြောင်း ပေးအပ်ပွဲကို ဆက်လက် ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။။အလားတူ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၁ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။။၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၀ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၂၂၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၈၄၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။။နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ် လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် အရေးယူမှု များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/155261_0.jpg
Thu, 05/15/2025 - 11:46
admin_webportal
https://www.myawady.net.mm/node/69166
အူလမ်းကြောင်းကို ထိခိုက်စေမယ့် စားနေကျ နံနက်စာများ
အူလမ်းကြောင်းကို ထိခိုက်စေမယ့် စားနေကျ နံနက်စာများ။မြောက်ကာရိုလိုင်းနားပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များလုပ်တဲ့ သုတေသနတစ်ခုမှာ လူအများစု စားနေကျဖြစ်တဲ့နံနက်စာများဟာ မိမိတို့ရဲ့ အူလမ်းကြောင်းကို ထိခိုက်စေတယ်လို့ တွေ့ရှိထားပါတယ်။။အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုး အရာတွေကနေရရှိတဲ့ ပရိုတိန်းတွေက စမ်းသပ်ခံကြွက်တွေရဲ့ အူလမ်းကြောင်းအပေါ် ကြီးစွာသော သက်ရောက် မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာ ဖြစ်ပါတယ်။။အူလမ်းကြောင်းထဲမှာရှိတဲ့ ဇီဝပစ္စည်းများက အမျိုးမျိုးသော ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ အခုစမ်းသပ်မှုကနေ ထွက်လာတဲ့ရလဒ်က ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူသန်းပေါင်းများစွာ ခံစားနေရသော အူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို ကာကွယ်ခြင်းနဲ့ ကုသခြင်းတို့အတွက် အသုံးဝင်စေမှာ ဖြစ်ပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/155221.jpg
Thu, 05/15/2025 - 11:50
admin_webportal
https://www.myawady.net.mm/node/69167
အီး-စီးကရက် သောက်သူများ ကုမရနိုင်သည့် အဆုတ်ရောဂါ ခံစားရနိုင်
အီး-စီးကရက် သောက်သူများ ကုမရနိုင်သည့် အဆုတ်ရောဂါ ခံစားရနိုင်။အီး-စီးကရက်များကို သုံးနှစ်လောက် သောက်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးမှာ ပေါက်ပေါက်ဆုပ်အဆုတ်လို့ ခေါ်ကြတဲ့ ကုမရနိုင်သော အဆုတ်ရောဂါဖြစ်ပွားတာကို တွေ့ရှိရပါတယ်။ ဒါဟာဆယ်ကျော်သက်များအတွက် အီး-စီးကရက်ရဲ့ဆိုး ကျိုးတစ်ခုအဖြစ် ထွက်ပေါ်လာပါတယ်။။ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာက ရှားပါးတဲ့အပြင် ပြင်းထန်လှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ထဲမှာရှိတဲ့ လေပြွန်အသေးလေးများကို ထိခိုက်စေ တာဖြစ်ပါတယ်။။အထူးသဖြင့် အီး-စီးကရက် အရည်ထဲမှာ ပါဝင်တဲ့ ဒိုင်ယာစီတယ်လိုမျိုး ဒြပ်ပေါင်းက အဆိပ်သင့်စေတဲ့ အဓိကအရာဖြစ်လာတာဖြစ်ပါတယ်။ သူကအဆုတ်ကိုရောင် စေပြီး ဒဏ်ရာရစေတာဖြစ်ပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/155222.jpg
Thu, 05/15/2025 - 11:52
admin_webportal
https://www.myawady.net.mm/node/69168
ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်
ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်။သုတေသနပညာရှင်များ အနေနဲ့ ၁၆ နှစ်ကြာ လုပ်ဆောင်ထားတဲ့ သုတေ သနတစ်ခု အရဆိုရင် သွေးတိုးခြင်းအပါအဝင် အခြားသော ကျန်းမာရေးအန္တရာယ် ငါးခုက ဦးနှောက်ကို မြန်ဆန်စွာ ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ အခုသုတေသနကို တရုတ်ပညာရှင်များက လုပ်ထားတာပါ။။ဦးနှောက်ကိုမြန်ဆန်စွာ ပျက်စီးစေနိုင်တဲ့ အန္တရာယ်ငါးသွယ်ထဲမှာ ပါဝင်တာတွေက သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ ခရီတီနိုင်းပမာဏမြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပညာရည်နိမ့်ပါးခြင်း တို့ဖြစ် ပါတယ်။။အဲဒီထဲမှာ သွေးတိုးခြင်းက ဦးနှောက်ပျက်စီးခြင်းကို အဖြစ်စေ နိုင်ဆုံးသော အကြောင်းရင်းဖြစ် တယ်လို့ ပညာရှင်များက ပြောပါတယ်။ ဒီလိုအကြောင်းရင်း ငါးချက်မဖြစ်အောင် ရှောင်ရှားမယ်ဆိုရင် ဦးနှောက် ကျန်းမာရေး ကို ကောင်းစေနိုင်ကြောင်း ပညာရှင်များက ပြောထားပါတယ်။
နိုင်ငံတကာသတင်း
https://www.myawady.net.…files/155223.jpg
Thu, 05/15/2025 - 11:55
admin_webportal
https://www.myawady.net.mm/node/69171
ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး အတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ ဆက်လက် ရောင်းချပေးလျက်ရှိ
ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သောအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများဆက်လက်ရောင်းချပေးလျက်ရှိ။မန္တလေး မေ ၁၅။(၁၅-၅-၂၀၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး အတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဝယ်ယူသူ ၄၉ ဦးမှ ဘိလပ်မြေ (၂၁၀၀)အိတ်၊ (HRB-400)10mm(3.9kg)သံချောင်း ၄ ဒသမ ၅ တန်၊ (HRB-400) 16mm(11.5kg) သံချောင်း ၃ ဒသမ ၅ တန်နှင့် အထပ်သားပြား ၁၄၇ ချပ်အသီးသီး တို့အား ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16511.jpg
Fri, 05/16/2025 - 08:33
admin_webportal
https://www.myawady.net.mm/node/69172
လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ဓားပြတိုက်၊ လုယက်မှုများကျူးလွန်နေသော ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး
လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ဓားပြတိုက်၊ လုယက်မှုများကျူးလွန်နေသော ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး။နေပြည်တော် မေ ၁၅။မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မန္တလေးမြို့ပေါ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်ငယ်မြို့တို့အတွင်း ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဂိုဏ်းဖွဲ့၍ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ မကြာခဏကျူးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ် မေလ ၅ ရက်တွင် ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်မှုများတွင် ဦးဆောင်ကျူးလွန်ခဲ့သည့် ချမ်းမြ သာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း (၂၉)နှစ် (ဘ) ဦးသံချောင်းအား ဖော်ထုတ်ဖမ်း ဆီးရမိခဲ့သည်။။ဖမ်းဆီးရမိတရားခံ နေထက်လင်း၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဓားပြတိုက်၊ လုယက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သူများဖြစ်သည့် ၎င်း၏ဇနီး မေမီမီကို (၃၁)နှစ် (ဘ) ဦးကိုကိုလွင်၊ စဉ့်ကိုင်မြို့နယ်၊ အရေးမဆိုကျေးရွာနေ ညီညီလွင်(ခ) ညီညီ(၂၉)နှစ်(ဘ)ဦးအေးကို၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ကိုကိုလွင် (၆၅)နှစ် (ဘ)ဦးတင်မောင်လေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာနေသူများဖြစ်သည့် ရဲနိုင်ဝင်း(ခ) ဖိုးသား (၃၇)နှစ်(ဘ) ဦးခင်မောင်နှင့်၊ ဟိန်းမင်းသူ(ခ) ဟူစိန်(၂၂)နှစ် (ဘ)ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ နေမင်းအောင်(ခ) ထက်လင်း(၂၆)နှစ် (ဘ)ဦးမြင့်မိုး၊ အမရပူရမြို့နယ်၊ စာတိုးကျေးရွာနေ မျိုးဇော် (၂၆)နှစ်(ဘ) ဦးမြင့်နောင်၊ ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူများဖြစ်သည့် မင်းသက်နိုင်(ခ) ကျစ်ကျစ်(၂၈)နှစ် (ဘ) ဦးကိုကိုလွင်၊ ကျော်သီဟ(ခ) သီဟ (၂၄)နှစ် (ဘ)ဦးကျော်၊ မင်းသက်ကို(ခ) ချစ်ချစ်(၂၃)နှစ် (ဘ)ဦးကိုကိုလွင်၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးကျေးရွာနေ ဇာနည်ထွန်း(ခ) ဇာနည် (၃၈)နှစ် (ဘ)ဦးကြည်လေး၊ နေပြည်တော်၊ သာဝတ္ထိမြို့၊ စက်ရုံစုရပ်ကွက်နေ ဉာဏ်ထက်လင်း(ခ) ကိုထက် (၃၁)နှစ် (ဘ) ဦးနေမျိုးလှိုင်၊ မုံရွာမြို့၊ မြဝတီရပ်ကွက်နေသူများဖြစ်သည့် သန်းသန်းမိုး(၅၁)နှစ် (ဘ) ဦးသံချောင်းနှင့် မြင့်မိုး (၅၁)နှစ် (ဘ)ဦးပေါရှိန်၊ အမရပူရမြို့နယ်၊ ဘနောကျေးရွာနေ ဖြူစွာမင်း (ခ) ကတုံး (၃၀)နှစ် (ဘ)ဦးချွတ်၊ ဟုမ္မလင်းမြို့နေ ဇော်မျိုးထက်(ခ) ကိုမျိုး (၃၃)နှစ် (ဘ) ဦးသံချောင်းတို့ ပါဝင်သော ဂိုဏ်းအဖွဲ့မှ တရားခံအမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စတိုသေနတ် ၄ လက်၊ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီး၊ ပြောက်ကျားဝတ်စုံ ၄ စုံတို့နှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တံတားဦးမြို့နယ်၊ ခင်လူးလေးကျေးရွာနေ ကိုဟန်(ခ) ကိုသီဟန် မောင်းနှင်လာသည့် YGN 2R-xxxx FORD DOUBLE CUB မော်တော်ယာဉ်အား အကြမ်းဖက်လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အမရပူရမြို့နယ်ရှိ “မောင်ဒိန်း” ရွှေဆိုင်အား လုယက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ၄ ဦးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ “Sky Star Mobile” ဖုန်းဆိုင်မှ ဖုန်း ၈၄ လုံးနှင့် ငွေ ၇ သိန်းကျော်အား လုယက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ၅ ဦးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၁၁ ရက်နေ့တွင် ကျောက်ဆည်မြို့၊ မြို့မဈေးအတွင်းရှိ “ဦးသန်းထွန်း+ဒေါ်ခင်ရီ” ရွှေဆိုင်နှင့် “ဦးသန်းနိုင်+ဒေါ်သူဇာဝင်း”ရွှေဆိုင်တို့အား ဓားပြတိုက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ မျိုးဇော်၊ နေမင်းအောင်၊ မင်းသက်နိုင်၊ ဇာနည်ထွန်း၊ သန်းသန်းမိုး၊ မြင့်မိုးတို့ ၇ ဦး သည် ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ ၃၈x၃၉ လမ်းနှင့် ၈၄ x ၈၅ ကြားရှိ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း”ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်းနှင့် ညီညီလွင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄x၅၅ ကြား၊ (၁၁)F လမ်းနေ ဒေါ်ဆွေဇင်ထွန်း၏ နေအိမ်အတွင်း ဝင်ရောက်၍ ငွေစက္ကူရောရာ ကျပ် ၁၁၉ သိန်းကျော်အား လုယက်မှုကျူးလွန်ရာတွင် လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ဉာဏ်ထက်လင်းတို့ ၆ ဦးသည် ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာရှိ “မြသဇင်”အထည်ဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာ တွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ကိုကိုလွင်နှင့် ဉာဏ်ထက်လင်းတို့သည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၅ လမ်း၊ ၁၀၃x ၁၀၄ ကြားရှိ “ရွှေဇာမဏီ” ရွှေဆိုင်အား ဓားပြတိုက်မှုကျူးလွန်ရာတွင်လည်းကောင်း အသီးသီးပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရပါသည်။။ဖော်ထုတ်ဖမ်းဆီးရမိသည့် ဓားပြတိုက်ခြင်း၊ လုယက်မှုများအားကျူးလွန်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင် ကျူးလွန်ခဲ့ကြကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေးပေါ်ပေါက်ပြီး ဖမ်းဆီးရမိသည့် နေထက်လင်းအပါအဝင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးရန် ကျန်တရားခံများနှင့် သိမ်းဆည်းရန် ကျန်လက် နက်ခဲယမ်းများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး၊ ဖြစ်စဉ်များတွင်ပါဆုံးခဲ့သည့် သက်သေ ခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်အပ်ပါသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/28AA_6.jpg
Fri, 05/16/2025 - 08:36
mwd_webportal
https://www.myawady.net.mm/node/69173
ကျိုက်လတ်မြို့၌ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက် လေ့ကျင့်
ကျိုက်လတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်။ကျိုက်လတ် မေ ၁၅။ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီတွင်မြို့နယ် ပြည်သူ့ဆေးရုံ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုများ ဆောင်ရွက်သည်။။အဆိုပါသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင် ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်နှင့် ဝန်ထမ်းများ၊မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ငလျင်ဘေးအန္တရာယ် ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေး ယာဉ်များ ထွက်ခွာမှု၊ အဆောက်အအုံအတွင်း ပိတ်မိနေသည့်သူများ ရှာဖွေကူညီကယ်ဆယ်နေမှု၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား ဘေးကင်းရာသို့ ပို့ဆောင်ခြင်း လုပ်ငန်းများနှင့်ရှေးဦး သူနာပြု နည်းစနစ်များဖြင့် ကုသပေးခြင်း လုပ်ငန်းများ သရုပ်ပြလေ့ကျင့် ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16512.jpg
Fri, 05/16/2025 - 08:36
admin_webportal
https://www.myawady.net.mm/node/69174
ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သောအဆောက်အအုံများ ပြန်လည် ပြုပြင် တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ ဆက်လက် ရောင်းချပေးလျက်ရှိ
ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သောအဆောက်အအုံများ ပြန်လည် ပြုပြင် တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများ ဆက်လက် ရောင်းချပေးလျက်ရှိ။မန္တလေး မေ ၁၅။(၁၅-၅-၂၀၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ငလျင် ဘေးဒဏ်သင့် ပြည်သူများအတွက် ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့်အထပ်သားပြားများအားစက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဝယ်ယူသူ ၄၉ ဦးမှ ဘိလပ်မြေ (၂၁၀၀)အိတ်၊ (HRB-400)10mm(3.9kg)သံချောင်း ၄ ဒသမ ၅ တန်၊ (HRB-400) 16mm(11.5kg) သံချောင်း ၃ ဒသမ ၅ တန်နှင့် အထပ်သားပြား ၁၄၇ ချပ်အသီး သီးတို့အား ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်တွင်းသတင်း
null
Fri, 05/16/2025 - 08:44
mwd_webportal
https://www.myawady.net.mm/node/69175
စစ်မှန်သည့်ငြိမ်းချမ်းရေး အလေးထား ဆောင်ရွက်
စစ်မှန်သည့်ငြိမ်းချမ်းရေး အလေးထားဆောင်ရွက်။အယ်ဒီတာ့အာဘော်။(၂ဝ၂၅ ခုနှစ်၊ မေ ၁၆ ရက်)။မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းသို့ ချီတက်ရာ၌ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို မဏ္ဍိုင်ပြု၍ ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါဥပဒေတွင် အခန်းပေါင်း ၁၅ ခန်း ပါဝင်ပြီး ပုဒ်မပေါင်း ၄၅၇ ခုပါရှိသည်။ အခန်း(၂) နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံတွင် နိုင်ငံတော်ကို တိုင်းဒေသကြီး(၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြား သတ်မှတ်ပေးထားသည်။။အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းမှာပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို ပုဒ်မ ၅၆ ဖြင့် သတ်မှတ်ပေးထားသည်။။တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်သည် မြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာ ကတည်းက အေးအတူပူအမျှ ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက်၍ မြန်မာနိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် အေးချမ်းစွာရှိနေခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံ ကိုလိုနီခေတ်တွင် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲအောင် လုပ်ဆောင်လာသည့်အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု လျော့နည်းခဲ့ရသည်။ တိုင်းရင်းသားအချင်းချင်း သံသယစိတ်များ ပွားများနေအောင် ကိုလိုနီနယ်ချဲ့တို့က လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့်အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။။နိုင်ငံတော်အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသည့် ကာလတွင် ထာဝရငြိမ်းချမ်းရေး ရရှိရေးကိုဦးတည် ကြိုးပမ်းခဲ့ကြသည်။ နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာနေစေရေး အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု ရရှိအောင်ကြိုးပမ်း ဆောင်ရွက်ကြသည်။ ယနေ့မြင်တွေ့နေကြသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း ပထမဦးစွာ အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးပြီးမှ ပေါ်ပေါက်လာသော စာချုပ်ဖြစ်သည်။။အဆိုပါစာချုပ်ဖြစ်တည်လာသည့်အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနီးပါးက ဤစာချုပ်တွင် လက်မှတ်ရေးထိုးကြရန် ဖြစ်သော်လည်း သွေးထိုးလှုံ့ဆော် အနှောင့်အယှက်များကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးပြီး နောက်ထပ်နှစ်ဖွဲ့ ထပ်မံပါဝင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်နေစဉ်အတွင်း နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့်ပြည်တွင်း ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေး အတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက် ရှိသည်။။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်လျက်ရှိသည်။ ထို့ပြင် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို ထုတ်ပြန်မှုပေါင်း ၂၂ ကြိမ်အထိထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင်လည်း ငလျင်ဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေး ဆောင်ရွက်ရန်အတွက် ယာယီပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်ထုတ်ပြန်ထားပြီး တတိယအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလမှာ မေလ ၆ ရက်မှ ၃၁ ရက်ထိဖြစ်သည်။။လက်ရှိကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်၍ နိုင်ငံတော် အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်ရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ယာယီပစ်ခတ် တိုက်ခိုက်မှုကာလကို ထပ်မံတိုးမြှင့် ထုတ်ပြန်ခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို အလေး ထားခြင်းဖြစ်သည်။။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင် အဖွဲ့များအနေဖြင့် အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်လိုအပ်သည်။။သို့မှသာ ပြည်သူများ၏ လူနေမှုဘဝသည် အေးချမ်းသာယာပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။
အယ်ဒီတာ့အာဘော်
https://www.myawady.net.…/files/16521.jpg
Fri, 05/16/2025 - 08:45
admin_webportal
https://www.myawady.net.mm/node/69176
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ။ကင်းလွတ်ခွင့်။၁။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်း တာဝန်မှကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-။(က) သာသနာ့ဝန်ထမ်းများ။။(ခ) အိမ်ထောင်သည်အမျိုးသမီးများ(အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်းပါဝင်သည်)။။(ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။။(ဃ) တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။။(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ် ခွင့်ပြုထားသူများ။။၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ။(က) ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန်မသင့်လျော်သူများ။။(ခ ) ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ် ခံရသူများ။။( ဂ ) နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင်(သို့မဟုတ်)အတတ်ပညာရှင်များ။။(ဃ) တိုက်ပွဲတွင်ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ပြည်သူ့စစ် အဖွဲ့ဝင်များ၏ သားသမီး အရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။။မှတ်ချက်။ အကယ်၍ ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒအလျောက်ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန်ခွင့်ပြုနိုင်သည်။။(င) အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခု ရရှိသော အားကစားသမားများ။။( စ) နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။။(ဆ) တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော တပ်မတော် စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ။။(ဇ) ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေ လိုအပ်နေသူများအဖြစ် ကျိုးကြောင်း ခိုင်လုံစွာ တင်ပြနိုင်သူများ။
ပြည်တွင်းသတင်း
https://www.myawady.net.…%E1%80%BA-_4.jpg
Fri, 05/16/2025 - 08:47
admin_webportal
https://www.myawady.net.mm/node/69177
၂၀၂၅ ခုနှစ်၊ ရေကြောင်းနှင့်လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ လေတပ်စခန်းများသို့ သွားရောက် လေ့လာ
၂၀၂၅ ခုနှစ်၊ ရေကြောင်းနှင့်လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ လေတပ်စခန်းများသို့ သွားရောက် လေ့လာ။နေပြည်တော် မေ ၁၅။ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီး သွားရောက် ကြသည်။ ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသောလေယာဉ်များအကြောင်းကို တပ်မတော်(လေ)မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။။ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ Y 8 လေယာဉ်၊ F-7 လေယာဉ်၊ Beechcraft 1900D လေယာဉ်နှင့် ATR 72 လေယာဉ်များ၏ စွမ်းပကားနှင့် အခြားသိသင့်သိထိုက်သည်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။။အလားတူ နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/ အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြီးမြောက်၍ ယနေ့တွင် နေပြည်တော်လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။ (၁၀၀)
ပြည်တွင်းသတင်း
https://www.myawady.net.…20-39-26-123.jpg
Fri, 05/16/2025 - 08:47
mwd_webportal
https://www.myawady.net.mm/node/69178
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံး ရမှုများနှင့် ပတ်သက်၍ မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံး ရမှုများနှင့် ပတ်သက်၍ မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့။နေပြည်တော် မေ ၁၅။မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် မော်စကိုမြို့ နှင့်ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်း ကြောင်းသဝဏ်လွှာပေးပို့သည်။။အဆိုပါသဝဏ်လွှာတွင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ခဲ့သည့်သတင်းကို ကြားသိရသည့်အတွက် များစွာဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများစွာအသက်ဆုံးရှုံး ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရခြင်းအတွက် အထူးစာနာ ထောက်ထားမိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရ သူများအနေဖြင့် ခွန်အားသစ် များပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းတို့ဖော်ပြပါရှိကြောင်း သတင်းရ ရှိသည်။။အဆွေတော် မစ္စတာ မင်းအောင်လှိုင်။ဝန်ကြီးချုပ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။အဆွေတော်၊။ဝန်ကြီးချုပ်၊။မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်ခဲ့သည့်သတင်းကို ကြားသိရသည့်အတွက် များစွာကြေကွဲမိပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများစွာ အသက်ဆုံးရှုံး၊ ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏အခြေခံ အဆောက်အအုံများပျက်စီးခဲ့ကြောင်း သိရှိရပါသည်။။အဆွေတော်နှင့် မြန်မာပြည်သူများအား အထူးစာနာထောက်ထားမိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသူများအနေဖြင့်ခွန်အားသစ်များပြန်လည်ရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။။ဝမ်းနည်းမှုဖြင့်။ကီးလ်ရီယို။မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး
တပ်မတော်သတင်း
https://www.myawady.net.…t%2008.51.45.png
Fri, 05/16/2025 - 08:52
mwd_webportal
https://www.myawady.net.mm/node/69179
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၇၆ ဦး ထပ်မံလွှဲပြောင်းပေးအပ်
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၇၆ ဦး ထပ်မံလွှဲပြောင်းပေးအပ်။နေပြည်တော် မေ ၁၅။ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော် သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေး ဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၇၆ ဦးကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။။အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။။ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr.Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ မှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။။၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၀ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၃၀၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၆၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။။နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်း ဆီးလျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်း ပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/15D_14.jpg
Fri, 05/16/2025 - 08:58
mwd_webportal
https://www.myawady.net.mm/node/69180
မြစ်ကြီးနားမြို့ပေါ်အတွင်းရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
မြစ်ကြီးနားမြို့ပေါ်အတွင်းရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်။နေပြည်တော် မေ ၁၅။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ပေါ်ရှိ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။။ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၃၇ ပါးတို့အား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေးပေး ခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေး။ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန်လိုအပ်သည့် သံဃာတော် များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက် ပေးသည်။။ယင်းသို့ ဆောင်ရွက်နေမှုများကို မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်း
https://www.myawady.net.…files/15A_17.jpg
Fri, 05/16/2025 - 09:01
mwd_webportal
https://www.myawady.net.mm/node/69181
မွေးကင်းစမှ ၅ နှစ်အထိ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ကျွေးခြင်းနှင့် ပိုလီယိုကာကွယ်ဆေး ထပ်ဆောင်းတိုက်ကျွေးခြင်းပြုလုပ်
မွေးကင်းစမှ ၅ နှစ်အထိ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ကျွေးခြင်းနှင့် ပိုလီယိုကာကွယ်ဆေး ထပ်ဆောင်းတိုက်ကျွေးခြင်းပြုလုပ်။နေပြည်တော် မေ ၁၅။အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစ မှ ၅ နှစ်အထိ ကလေးငယ်များ ကာကွယ် ဆေးထိုး/ဆေးတိုက်ခြင်းနှင့် ပိုလီယိုကာကွယ်ဆေးထပ်ဆောင်း တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊တပ်ရင်း/တပ်ဖွဲ့များရှိကလေးငယ်များနှင့် မိသားစုဝင်များ၊ နယ်မြေခံတပ်မတော် ဆေးတပ်ရင်းမှ ပါရဂူများ/ဆေးမှူးများနှင့် သူနာပြုများ တက်ရောက်ကြသည်။။ထိုသို့ဆောင်ရွက်ပေးရာတွင် မန္တလေး တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစ မှ ၅ နှစ်အထိ ကလေးငယ်(၂၂၀)ဦးတို့အား နယ်မြေခံတပ်မတော်ဆေးတပ်ရင်းမှ ပါရဂူ များနှင့် ဆေးမှူးများက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ် ဆေးနှင့် ပြင်းထန်အဆုတ်ရောင်ကာကွယ် ဆေး၊ ပိုလီယိုကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးကြသည်။။ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြည့်ရှု အားပေးကာ ကလေးငယ်များအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
တပ်မတော်သတင်း
https://www.myawady.net.…/files/3AA_3.jpg
Fri, 05/16/2025 - 09:05
mwd_webportal
https://www.myawady.net.mm/node/69182
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်း ဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်း ဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့။နေပြည်တော် မေ ၁၅။မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းအတွက် မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်း ဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။။အဆိုပါသဝဏ်လွှာတွင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ခဲ့သည့် သတင်းကို ကြားသိရသည့်အတွက် များစွာ ဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများစွာ အသက်ဆုံးရှုံး ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏ အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရခြင်းအတွက် အထူးစာနာထောက်ထား မိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသူများ အနေဖြင့် ခွန်အားသစ်များ ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းတို့ ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။။အဆွေတော် မစ္စတာ မင်းအောင်လှိုင်။ဝန်ကြီးချုပ်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။အဆွေတော်၊။ဝန်ကြီးချုပ်၊။မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်ခဲ့သည့် သတင်းကို ကြားသိရသည့်အတွက် များစွာကြေကွဲမိပါသည်။။သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများစွာ အသက်ဆုံးရှုံး၊ ထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။။အဆွေတော်နှင့် မြန်မာပြည်သူများအား အထူးစာနာထောက်ထား မိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသူများအနေဖြင့် ခွန်အားသစ်များ ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။။ဝမ်းနည်းမှုဖြင့်။ကီးလ်ရီယို။မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16532.jpg
Fri, 05/16/2025 - 09:06
admin_webportal
https://www.myawady.net.mm/node/69183
ငလျင်ဘေးသင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ် ယာယီရုံးများ ဆောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေး
ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများပေးအပ် ယာယီရုံးများဆောက်လုပ်ထားရှိမှုကိုကြည့်ရှုစစ်ဆေး။နေပြည်တော် မေ ၁၅။နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ အားပေးစကား ပြောကြားသည်။။ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမဝင်း အတွင်း Prefabricated Office များ တပ်ဆင်တည်ဆောက်နေမှုနှင့် ယာယီရုံးများ ဆောက်လုပ်ထားရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။။ထို့နောက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဧည့်ရိပ်သာ (၂) သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ပြိုကျပျက်စီး ထိခိုက်ခဲ့သည့် အဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အင်ဂျင်နီယာနှင့် လုပ်သားအင်အားများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပြိုကျပျက်စီးခဲ့သည့် အဆောင်များမှ ဆယ်တင်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရေး၊ အဆောင်များ ပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်စေ ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန် မှာကြားသည်။။မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ မြို့တော်ဝန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော မြို့ပြစီမံကိန်း ရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက် အမှာစကား ပြောကြားသည်။။ထို့နောက် ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သော ဝန်ကြီးဌာနရုံးများနှင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများအား ပြန်လည်နေရာချထားရေး အဆိုပြုစီမံချက်နှင့် နေပြည်တော် မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲထားမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16533.jpg
Fri, 05/16/2025 - 09:10
admin_webportal
https://www.myawady.net.mm/node/69184
UNOPS မှ ငလျင်ဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး
UNOPSမှ ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး။နေပြည်တော် မေ ၁၅။ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer အား ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။။ထိုသို့တွေ့ဆုံစဉ် UNOPS မှ ငလျင်ဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေ၊ မြန်မာအစိုးရနှင့် UNOPS အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။။တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16551.jpg
Fri, 05/16/2025 - 09:14
admin_webportal
https://www.myawady.net.mm/node/69185
ICRC ဘက်မှ ငလျင်ဘေးသင့်ဒေသများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး
ICRCဘက်မှ ငလျင်ဘေးသင့်ဒေသများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှုလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေး။နေပြည်တော် မေ ၁၅။လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။။တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ လိုအပ်နေမှုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဆွေးနွေးပြီး ICRC ဘက်မှ ငလျင်ဘေးသင့်ဒေသများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှု လုပ်ငန်းများနှင့် ICRC ၏ ပုံမှန်ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။။ဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အမှုထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16552.jpg
Fri, 05/16/2025 - 09:17
admin_webportal
https://www.myawady.net.mm/node/69186
မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ။မန္တလေး မေ ၁၅။၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အတန်းများအတွက် စာမေးပွဲအောင်စာရင်းများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။။အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက “ကျွန်တော်တို့ တိုင်းပညာရေးမှူးရုံးအနေနဲ့ Grade– 5 နဲ့ Grade -9 အောင်စာရင်းတွေကို ကြီးကြပ်ပေးရပါတယ်။။ဒီလိုကြီးကြပ်ပေးပြီး Grade – 9 အောင်စာရင်း ရလဒ်တွေကိုတော့ ခရိုင်ပညာရေးမှူးရုံးက ထုတ်ပြန်ပေးရပါတယ်။ Grade – 5 အောင်စာရင်း ရလဒ်တွေကိုတော့ မြို့နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ပေးရတာဖြစ်ပါတယ်။။အောင်စာရင်းတွေကိုတော့ သက်ဆိုင်ရာ ကျောင်းအသီးသီးမှာ မနက် ၆ နာရီ ကစပြီး ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ စနစ်တကျကြည့်ရှုနိုင်အောင် ကြီးကြပ်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။။နိုင်ငံတော်ကလည်း ကျောင်းနေအရွယ် ကလေးအားလုံးအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တဲ့အတွက် လာရောက်ကျောင်းအပ်နှံကြဖို့ ပြောကြားလိုပါတယ်”ဟု ပြောသည်။။မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ အသီးသီး၌လည်း ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာ အတန်းများအတွက် စာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်အားထက်သန်စွာဖြင့် လာရောက် ကြည့်ရှုကြရာ တာဝန်ကျ ဆရာ၊ ဆရာမများက စနစ်တကျနှင့် စည်းကမ်းတကျ ကြည့်ရှုနိုင်စေရန် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် KG မှ Grade -11 အထိ အတန်းစဉ်အလိုက် စာမေးပွဲများကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်းက ကျင်းပပေးခဲ့ပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Grade -5 နှင့် Grade-9 မပါ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၄၁၁၃ ဦး နှင့် Grade -5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူပေါင်း ၅၄၀၂၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုအောင်မြင်သူများကို သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်း ရလဒ်များကို ကြေညာပေးခဲ့ခြင်းဖြစ်သည်။။၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေး အားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ် ကို မေလ ၂၂ ရက် မှ ဇွန်လ ၁ ရက်အထိ ဆောင်ရွက်‌ပေးမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများကိုလည်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…/files/16553.jpg
Fri, 05/16/2025 - 09:22
admin_webportal
https://www.myawady.net.mm/node/69187
​​​​​​​စရိတ်မျှဝေ ဆိုလာသုံးကြမယ်လေ
စရိတ်မျှဝေ ဆိုလာသုံးကြမယ်လေ။ဆောင်းပါးရှင် -မောင်မောင်စွယ်စုံထွန်း။မီးခဏခဏပျက်နေလို့ အိမ်မှာ ဆိုလာစနစ်ကိုတပ်ဆင်တော့မည်ဆိုပါလျှင် သူများတပ်လို့ လိုက်တပ်တာမျိုးမလုပ်သင့်ကြပါ။မိမိအသုံးနှင့် တွက်ချက်ပြီးမှသာ တပ်ဆင်သင့်သည်။ မိမိအသုံးထက် ပိုမိုတပ်ဆင်ထားခြင်းဖြင့် တပ်ဆင်မှုကုန်ကျစရိတ်နှင့် ဆိုလာပြားဈေးများပိုမိုကုန်ကျနိုင်ပြီး အသုံးမလိုပါက ပိုလျှံပြီး waste ဖြစ်သွားမည်ဖြစ်သည်။ ဤနေရာတွင် အထူးသတိရှိဖို့ရန်မှာ ဆိုလာစနစ်ကိုပဲ အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲသုံးမှာလား။ လျှပ်စစ်မီတာခချွေတာရန်အတွက် သုံးမှာလား စသည်ဖြင့်လည်းကောင်း၊ အိမ်သုံးလား/စီးပွားရေးသုံးလား စသည်ဖြင့်လည်းကောင်း သေချာစွာစိစစ်သုံးသပ်ပြီးမှသာ လိုအပ်သည့်ဆိုလာစနစ်ကို တပ်ဆင်သင့်သည်။ ဆိုလာစနစ်တပ်ဆင်ပြီဆိုရင်တော့ မီတာခသက်သာရအောင် ဆိုလာစနစ်ကိုပဲအထူးပြုသုံးမယ်လို့ ရည်ရွယ်ပြီးတပ်ဆင်တာက အများဆုံးဖြစ်နိုင်သည်။။မည်သည့်အတွက် ဒါကို အဓိကထားပြောနေရသလဲဆိုပါက သုံးမည့် load နှင့် သုံးမည့်နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲဖြစ်သည်။ ကုန်ကျစရိတ်ကလည်း တိုက်ရိုက်ကို ထူးခြားစွာကွာသွားမှာဖြစ်သည်။ စနစ်တွေလည်းကွာသွားမည်ဖြစ်သည်။။လျှပ်စစ်၏ သဘောသဘာဝကိုက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည်ဆိုလျှင်တော့ ကုန်ကျစရိတ်က မြင့်တက်လာပါပြီ။ ထိုသို့ဆန်းစစ်ပြီးပါက ဆိုလာတပ်ဆင်မှုအား လေ့လာကြည့်မည်။ သာမန်အိမ်တစ်အိမ်ဖြစ်လို့စုစုပေါင်းအသုံးက ၅၀၀၀ ဝပ် (5 kW) ရှိမည်ဟု ခန့်မှန်းတွက်ချက်ကြည့်ကြမည်။ ဤနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း တစ်ခုချင်းစီ၏ အသုံးပြုမည့်ကြာချိန်နာရီကို သိဖို့လိုအပ်သည်။ ဥပမာ - အဲကွန်းတစ်ကောင်ခွဲတစ်လုံးသုံးမယ်၊ ဘယ်နှနာရီသုံးနိုင်မယ်၊ မီးဖိုချောင် ထမင်း၊ ဟင်းချက်တာ လျှပ်စစ်ဘယ်နှနာရီသုံးနိုင်ခြေရှိမယ် စသည်ဖြင့်ခန့်မှန်းသိရှိထားရန် လိုအပ်သည်။ ထိုသို့ဆိုပါက အကြမ်းအားဖြင့် တွက်ချက်ကြည့်ကြမည်-။(၁) Air con - 1.5 HP * 746 Watt = 1119 WattsAir con 1119 Watts * 10 hr = 11190 Watts။(၂) မီးဖိုချောင် 2200 Watts x 2.5 hr = 5500 Watts။(၃) မီးသီး/မီးချောင်း 4 ခု x 40 Watts x 8 hr = 1280 Watts။(၄) Socket များ - 50 Watts x 2 hr = 100 Watts။(၅)ရေခဲ‌သေတ္တာ 75 Watts x 24 hr = 1800 Watts။(၆)ရေတင်စက် - တစ်ကောင် - တစ်လုံး=746 Watt x 1 hr = 746 Watts။(၇)အထွေထွေ - 2000 Watts per day။သုံးမည်ဆိုပါက စုစုပေါင်းအသုံးမှာ တစ်ရက်လျှင် 22616 Watts per day ဖြစ်မည်။ ဝန်အားပိုမိုခန့်မှန်းခြင်းအားဖြင့်တစ်ရက်လုံးအသုံးပြုခြင်းသည် 25000 Watt=25 kW ဖြစ်မည်။ ထို့ကြောင့် စုစုပေါင်း 5 kW ကို တစ်နေကုန်လုံးမှာ ငါးနာရီသုံးနိုင်ခြေရှိသည်ဟုခန့်မှန်းတွက်ချက်သွားနိုင်မည်။ ထို့ကြောင့် အဆိုပါအိမ်အတွက် 5 kW power ရရှိနိုင်မည့် ဆိုလာစနစ်တပ်ဆင်ရမည်ဟုအဖြေရရှိပါလိမ့်မည်။ ဆက်လက်၍ ဆိုလာကိုရွေးချယ်သည့်အခါ သိသင့်သည့် ဆိုလာစနစ်တွေကိုတော့ အပိုင်းသုံးပိုင်းဖြင့် ရှင်းပြပေးမည်။။(၁) on-grid system (grid-tied system)ဓာတ်အားစနစ်နှင့်ချိတ်ဆက်သုံးစွဲခြင်း။(၂) grid-tied with battery backup system ဓာတ်အားစနစ်ဖြင့်ချိတ်ဆက်၍ ဘက်ထရီဖြင့် ဓာတ်အားသိုလှောင်သုံးစွဲခြင်း။(၃) off grid system ဓာတ်အားစနစ်နှင့်မချိတ်ဆက်ဘဲ သီးသန့်သုံးစွဲခြင်းတို့ဖြစ်သည်။။(၁) On - grid system ဆိုသည်မှာ ရိုးရိုးရှင်းရှင်းပဲပြောရရင်နေ့လယ်ပိုင်း Solar ကနေ ပါဝါရနေချိန် Solar ကနေ တိုက်ရိုက်မီးကိုယူသုံးမယ်။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲယူသုံးမယ်စသည်ဖြင့်ဖြစ်သည်။ တစ်ခုအရေးကြီးတာကဤနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPCမီးပျက်ရင် အလိုအလျောက် စနစ်လည်းသုံးမရပါ။ထို့ကြောင့်on-grid ဟုခေါ်သည်။ မီတာခသက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်သည်။(ဥပမာ - ရေတင်တာတို့၊မော်တာတို့၊ စက်ရုံတို့လိုနေရာမျိုးတွေအတွက် သင့်လျော်သည်။)။(၂) Grid-tied with battery backup system ဆိုသည်မှာ Solarကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမည်။ ပြီးရင်inverter ကနေ AC ထုတ်သုံးမည်။ ဤနေရာမှာ လိုချင်သည့် gridကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်းသုံးနေနိုင်မှာဖြစ်သည်။ grid-tied လို့ပြောသည့်အခါDC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်သည်။ပုံမှန်အသေးစားအတွက် DC coupling system က budgetအဆင်ပြေစေမှာဖြစ်သည်။ load ကြီးလာလေ များလာလေ AC coupling ကပိုပြီးအဆင်ပြေစေမှာဖြစ်သည်။ ဤနေရာမှာ ယခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်သည်။ hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်သည်။ ပြောချင်တာက inverter ကနေဖြတ်ပြီး battery ဆီကို DC အနေနဲ့ဝင်ပြီးbattery မှ inverter ဆီ ချိတ်ထားခြင်းဖြစ်သည်။ AC outputထွက်မည်။။(၃) Off grid system သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်သည်။ Off Grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲဖြစ်သည်။ ပြောချင်တာကမီးလုံးဝမရသည့်နေရာတွမှာသုံးသည်။ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာလိုမျိုး ဖြစ်သည်။ ဒါကို စနစ်လိုခေါ်တော့ Grid tiedwith generator ဟုခေါ်သည်။။စနစ်များအကြောင်း တီးခေါက်မိပြီဆိုပါက ဆိုလာအတွက် အခြေခံတွက်ချက်မှုအား ဆက်လက်ရှင်းလင်းမည်-။(၁)solar panels အရေအတွက် ( slope - 15-20’)။(၂) inverter size။(၃)Battery size။(၄)controller size။(၅) Main cable size။အထက်ပါအချက်များကိုအခြေခံ၍ Solar panel တွက်ပြီဆိုလျှင် သူ၏ဆိုဒ်က တစ်နေကုန်အသုံးကို အလုံးအရင်းအားရှိအောင် ဖန်တီးရမှာပါ။ အိမ်သုံးအနေနဲ့ ၅ ကီလိုဝပ် စုစုပေါင်းတစ်နေကုန်အသုံးသည် ၂၅ ကီလိုဝပ်ဖြစ်သည်ဆိုပါစို့။ (အထက်မှာ ဖော်ပြခဲ့ပြီးသည်။) Solar panel - 550 Watts တစ်နေ့အားအဝင် ဘယ်လောက်ရှိမလဲကြည့်ရအောင် တစ်နေ့ကုန် နေ၏အပူကိုရယူနိုင်မည့်ကြာချိန်သည် နံနက် ၁၀ နာရီမှညနေ ၃ နာရီထိဟုသတ်မှတ်ရင် ငါးနာရီရမည်။ ဒါကြောင့် ၅၅၀ x ၅ နာရီ = ၂၇၅၀ Watts Mono type ကိုသုံးမည်မို့ ၈၀ ရာခိုင်နှုန်းအသားတင်ရမည်ဆိုလျှင်၂၇၅၀ x ၀.၈ = ၂၂၀၀ ဝပ်ရမည်။ တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၂၅၀၀၀ ဝပ်ဆိုပါစို့ ၂၅၀၀၀ / ၂၂၀၀ = ၁၁.၃၆~ ၁၂ ချပ် သုံးရမည်။(အမြန်နည်းဆိုရင် AC- DC အချိုးလေးက ၁.၂ ပါ။ ထို့ကြောင့် ၅၀၀၀ x ၁.၂ = ၆၀၀၀ ဝပ် ထို့ကြောင့် ၅၅၀ solar panel -၁၂ ချပ် )ဟုတွက်ချက်နိုင်သည်။။လက်ရှိ မြန်မာပြည်မှာအသုံးနေကြတာများနေတာက စုစုပေါင်း load ၏ သုံးနာရီ ပျမ်းမျှယူတွက်လေ့ရှိသည်။ယခုဆိုလျှင်ဆိုလာစနစ်သုံးကြရန်အတွက် တွက်ချက်သုံးစွဲတတ်ပြီဟု ယူဆမိသည်။ အများလုပ်လို့လိုက်လုပ်တာမဖြစ်အောင် မိမိဘာသာတွက်ချက်၍ သေချာလေ့လာပြီးမှ တပ်ဆင်သင့်ကြသည်။။အချုပ်အားဖြင့်ဆိုသော် ယခုကဲ့သို့လေ့လာတွက်ချက်ကြည့်ခြင်းဖြင့် သူများက ဆိုလာဆိုသည်နှင့် လိုက်၍ဆိုလာလုပ်နေကြသည်မျိုးမဟုတ်ဘဲ မိမိနေအိမ်၊ ရုံးဌာနအတွက် အမှန်တကယ်လိုအပ်သောပါဝါကိုတွက်ချက်၍ ဆိုလာစနစ်ကို တပ်ဆင်နိုင်ကြမည်ဟု ယူဆမိသည်။ ဆိုလာစနစ်တပ်ဆင်အသုံးပြုခြင်းဖြင့် မီတာခကို စရိတ်မျှဝေသုံးစွဲနိုင်ရုံသာမကလျှပ်စစ်ကိုလည်းချွေတာသုံးစွဲရာရောက်သဖြင့်နိုင်ငံတော်အနေဖြင့်ဆိုလာစနစ်ကျယ်ပြန့်စွာသုံးစွဲနိုင်ရေးအတွက်နည်းအမျိုးမျိုးဖြင့်ပညာပေးခြင်း၊ ဆိုလာလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ဆိုလာစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကို ဆောင်ရွက်သွားစေသင့်ကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။ ။
null
null
Fri, 05/16/2025 - 09:22
mwd_webportal
https://www.myawady.net.mm/node/69188
His Holiness Patriarch of the Russian Orthodox Church in Moscow and across Russia sends message of condolence to Myanmar’s Head of State
His Holiness Patriarch of the Russian Orthodox Church in Moscow and across Russia sends message of condolence to Myanmar’s Head of State။NAY PYI TAW May 15။Due to the severe damage, loss of life, and nume-rous injuries caused by the powerful earthquake that struck Mandalay in Myanmar, Kirill, the His Holiness Patriarch of the Russian Orthodox Church in Moscow and across Russia, sent a letter of condolence to Chairman of the State Administration Council Prime Minister of Myanmar Senior General Min Aung Hlaing.။The message expresses deep sorrow upon hearing the news of the earthquake in Myanmar. It conveys heartfelt sympathy for the loss of lives and the suffering endured by many people due to the natural disaster, as well as the damage to the country's infrastructure. It also extends sincere wishes and prayers for strength and recovery to those affected by the earthquake.
English News
https://www.myawady.net.…t%2009.36.06.png
Fri, 05/16/2025 - 09:39
mwd_webportal
https://www.myawady.net.mm/node/69189
ဆေးဖက်ဝင်ဗောက်သီး၏ ကျန်းမာရေးကောင်းကျိုးများ
ဆေးဖက်ဝင်ဗောက်သီး၏ ကျန်းမာရေးကောင်းကျိုးများ။ဆောင်းပါးရှင်- ဒေါက်တာလပြည့်ခင်။ဗောက်သီးဆိုသည်မှာ ပူဖောင်းကဲ့သို့ အခွံပါးလေးများ ကာရံထားကာ အတွင်းတွင် သေးငယ်ပြီး ရွှေဝါရောင်သန်းနေသော ဘယ်ရီသီးတစ်မျိုးဖြစ်သည်။ Goo-seberry ဟုခေါ်သည့် ဗောက်သီးသည် စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ ဘယ်ရီသီးမျိုးနွယ်ဝင်ဖြစ်သည်။ ဗောက်သီးကို အင်္ဂလိပ်အမည် Groundcherry ဟုခေါ်ပြီး သိပ္ပံအမည် Physalis Peruviana ဟုခေါ်ဆိုသည်။တခြားဒေသများ၌ Cape Gooseberry ဟုလည်းခေါ်ဆိုကြောင်း လေ့လာသိရှိရသည်။ဗောက်ပင်တွင်အရိုင်းနှင့်အယဉ်ဟူ၍ နှစ်မျိုးရှိသော်လည်း ပါဝင်သည့် ဗီတာမင်နှင့် အာနိသင်များတူညီကြသည်။ ဗောက်သီး၏ပုံစံမှာ အဝါရောင်စိုစိုဖြစ်ပြီးအရသာမှာခရမ်းချဉ်သီးအလုံးသေးများနှင့်ဆင်တူသော်လည်း ခရမ်းချဉ်သီးထက်အချိုအရသာပိုပြီး ခံတွင်းရှင်းစေသည်။ ဗောက်သီးကို စား၍ကောင်းသောကြောင့်သရေစာအနေဖြင့်စားကြသကဲ့သို့ ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့်အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးနှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။။ဗောက်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ ကိုယ်အလေးချိန် လျှော့ချပေးနိုင်ပြီး နှလုံးကို ကျန်းမာစေသောဗောက်သီး။ဗောက်သီးသည်ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကိုပြေစေခြင်း၊ ဆီးချိုကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို တိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်သောဝေဒနာတချို့မှကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်းမာသန်စွမ်းမှုကို တိုးမြှင့်ပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းတို့ကိုဖြစ်ပေါ်ရန်လုပ်ဆောင်ပေးသည်။ကိုလက်စထရောကိုထိန်းညှိပေးပြီး နှလုံးတွင်ဖြစ်တတ်သောရောဂါများကိုလျော့ကျစေသည့်အတွက်ဗောက်သီးကို စားသုံးပေးခြင်းဖြင့်နှလုံးကျန်းမာစေသည်။ ဗောက်သီးဖျော်ရည်တွင် နှလုံး၏လုပ်ဆောင်မှုများကို ကောင်းမွန်စေရန်အထောက်အကူပြုသည့်Phytochemicalပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို‌ သက်သာစေသည်။။ဗောက်သီးတွင် Fructose ကြွယ်ဝစွာပါဝင်သောကြောင့်ဆီးချိုဝေဒနာရှင်များစားသုံးရန် အထူးသင့်လျော်သည်။ ဗောက်သီးတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ဆီးချိုကိုထိန်းညှိပေးပြီး သွေးပေါင်ကျစေသည့်အတွက်သွေးတိုးနေသည့်အချိန်တွင်ဗောက်သီးစားသုံးပေးခြင်းဖြင့် သွေးပေါင်ကျစေသည်။။ရောင်ရမ်းမှုကိုသက်သာစေသောဗောက်သီး။ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောကြောင့်ပန်းနာ၊ရင်ကျပ်သက်သာစေသောဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ ရောင်ရမ်းမှုသက်သာစေသောဆေး၊ ဝမ်းပျော့ဆေးနှင့်ဝမ်းနုတ်ဆေးများထုတ်လုပ်ရာတွင်အသုံးပြုသကဲ့သို့ အစာအိမ်ဝေဒနာများအတွက်လည်း အသုံးပြုနိုင်သည်။။သွေးတိုးရောဂါနှင့် အဆုတ်ကင်ဆာကို သက်သာစေသောဗောက်သီး။ဗောက်သီးတွင်ပိုလီဖီနောလ်နှင့် ကယ်ရိုတနွိုက်တို့ကဲ့သို့ Phytochemical များနှင့် သွေးတိုးခြင်းကိုသက်သာစေနိုင်သည့် ပိုတက်ဆီယမ်ဓာတ်သင့်တင့်မျှတစွာပါဝင်သောကြောင့်သွေးတိုးခြင်းကိုထိန်းညှိပေးနိုင်သည်။အဆိုပါဇီဝဓာတုဒြပ်ပေါင်းများသည် ကိုလက်စထရောကိုကျဆင်းစေသည်။ ထို့ပြင် ဗောက်သီးတွင်ပါဝင်သော ပိုလီဖီနောလ်နှင့်ကယ်ရိုတနွိုက်များကြောင့် အဆုတ်ကင်ဆာကိုကုသရာတွင် အကျိုးရှိစေနိုင်သည်။ ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည့် အစွမ်းသတ္တိရှိသဖြင့် ကင်ဆာကုသမှုတွင် အထောက်အကူပြုနိုင်သည်။။အမြင်အာရုံကောင်းမွန်စေပြီး အာရုံကြောပြဿနာများကိုအထောက်အကူပြုစေသောဗောက်သီး။ဗောက်သီးတွင် ဗီတာမင် - Aကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်သည့်ဗီတာမင်-A ပမာဏကို လုံလောက်စွာထောက်ပံ့ပေးနိုင်သည်။ဗီတာမင်-Aသည်မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်ခြင်းနှင့် မျက်လုံးကြွက်သားများ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ ဗောက်သီးတွင်Free Radical များကို ထိန်းချုပ်နိုင်သည့်အစွမ်းရှိသဖြင့် အာရုံကြောဆိုင်ရာရောဂါများအပါအဝင် ရောဂါအတော်များများကို ခုခံရာတွင် အထောက်အကူပြုသည်။။အရိုးများကိုကြံ့ခိုင်သန်စွမ်းစေပြီးကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သောဗောက်သီး။ဗောက်သီးတွင် အရိုးများကို ကြံ့ခိုင်သန်စွမ်းရန်လိုအပ်သော ကယ်လ်စီယမ်နှင့်ဖော့စဖရပ်စ်များစုပ်ယူမှုကို အထောက်အပံ့ပေးသည့် Pectin ပါရှိသည်။ထို့ပြင်အမျိုးသားများတွင်ဖြစ်တတ်သည့်ဒူလာနှင့်အရေပြားနီမြန်းရောင်ရမ်းခြင်းကိုကုသရာတွင်လည်းအသုံးပြုနိုင်သည်။။ဗောက်သီးတွင်ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်သော ဗီတာမင်-C ပါဝင်သောကြောင့် ခန္ဓာကိုယ်မှလိုအပ်သည့်ဗီတာမင်-C ကို ပြည့်ဝစေပြီး ခန္ဓာကိုယ်တွင်းရှိကိုလက်စထရောပမာဏကိုထိန်းညှိပေးကာ အသည်းကျန်းမာရေးကိုကောင်းမွန်စေသည်။။အအေးမိတုပ်ကွေးရောဂါကို သက်သာစေသောဗောက်သီး။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သောဗောက်သီးသည် အအေးမိတုပ်ကွေးဖျားနာမှုများကို ကာကွယ်ပေးနိုင်သည်။ ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးဖြင့်စားသုံးပေးမည်ဆိုပါက နှာခေါင်းပိတ်ခြင်းကို သက်သာစေမည်ဖြစ်သည်။။ကျောက်ကပ်ကိုကျန်းမာစေသောဗောက်သီး။ဗောက်သီးသည်ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ဆီးရွှင်စေသောကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုလျှံနေသည့်အဆီများ၊အငန်ဓာတ်များနှင့်ပြန်ရည်ကြောစနစ်မှအဆိပ်အတောက်များကို ဖယ်ရှားစွန့်ထုတ်ပေးသောကြောင့် ကျောက်ကပ်ကို ကျန်းမာစေသည်။။ဗက်တီးရီးယားများကိုသေစေနိုင်သောဗောက်သီး။ဗောက်သီးတွင်ပါဝင်သည့်ဓာတ်များက ခန္ဓာကိုယ်အတွက်အကျိုးပြုသည့် ဗက်တီးရီးယားများနှင့်အကျိုးမပြုသည့်ဗက်တီးရီးယားများကိုပါသေစေနိုင်သည့်အစွမ်းရှိသဖြင့်အီးကိုလိုင်းဗက်တီးရီးယားအပါအဝင် ဗက်တီးရီးယားအတော်များများကို သေစေနိုင်သည်။။အရေပြားအစိုဓာတ်ကို ထိန်းပေးပြီး အသားအရေကို တင်းရင်းစေသောဗောက်သီး။ဗောက်သီးတွင်ပါဝင်သော ဗီတာမင်- B3ကြောင့်အရေပြားကိုနူးညံ့စေပြီး အသားအရေကို အာဟာရဖြည့်ပေးသကဲ့သို့ အစိုဓာတ်ကိုလည်း ထိန်းပေးသည်။ အရေပြားနီမြန်းမှုကိုသက်သာစေနိုင်ပြီးအရေပြားအပေါ်ယံလွှာ ကျန်းမာစေရန်အထောက်အကူပြုနိုင်သည်။ ဗီတာမင်-B3 က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေပြားမခြောက်သွေ့စေရန် ကာကွယ်ပေးသည်။ ထို့ပြင် ဗောက်သီးတွင် ဗီတာမင်-Cပါဝင်သောကြောင့် Collagen ထွက်ရှိအောင်လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်းကျန်းမာစေသည်။ အရေပြားကိုနုပျိုစေပြီး ဝက်ခြံနှင့်ဝက်ခြံအမာရွတ်များကို သက်သာစေသကဲ့သို့ အသားအရေကြည်လင်လှပစေရန်လည်းအထောက်အကူပြုသည်။။အသက်အရွယ်ကြောင့်ဖြစ်သည့် အရေပြာပေါ်ရှိ အစက်အပြောက်များကိုလည်း သက်သာစေနိုင်သည်။။ရေဓာတ်ဖြည့်ပေးပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်စေသောဗောက်သီးဗောက်သီးတွင်ပါဝင်သောအသားအရေကိုထောက်ပံ့ပေးနိုင်သည့် နောက်ထပ်အာဟာရတစ်ခုမှာကယ်လ်စီယမ်ဓာတ်ဖြစ်ပြီးကယ်လ်စီယမ်ကိုအရိုးနှင့်သွားများအတွက်သာလိုအပ်သည်ဟု သိထားကြသော်လည်း ကယ်လ်စီယမ်က အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အဆီထွက်ရှိမှုကိုထိန်းပေးသည်။ နောက်တစ်ချက်မှာအရေပြားဆဲလ်ဟောင်းများကိုဖယ်ရှားပေးပြီး ဆဲလ်သစ်များဖြစ်ပေါ်စေရန် အထောက်အကူပြုသည်။။ဗောက်သီး၏ဘေးထွက်ဆိုးကျိုးများမမှည့်သေးသည့်ဗောက်သီးတွင် ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သည့်အဆိပ်ရှိသောAlkaloid အနည်းငယ်ပါဝင်သောကြောင့် ဗောက်သီးကို မမှည့်ဘဲ မစားသုံးသင့်သကဲ့သို့ချယ်ရီသီးမျိုးရင်းဝင်၊ဘယ်ရီသီးမျိုးရင်းဝင်အသီးများ၊အပင်များနှင့်ဓာတ်မတည့်သူများအနေဖြင့် ဗောက်သီးမစားသုံးသင့်ဟုသိရသည်။ ထို့ပြင်ဗီတာမင်-C၊ ဗီတာမင်-A တို့နှင့် ဓာတ်မတည့်သူများအနေဖြင့်လည်း ဗောက်သီးကိုလုံးဝမစားသုံးသင့်သည့်အပြင်တစ်ကြိမ်တည်းတွင်အလုံးအရေအတွက်များများမစားသင့်ကြောင်း ပညာရှင်များက အကြံပြုထားသည်။။ကိုယ်ဝန်ဆောင်မိခင်များစားသင့်သောဗောက်သီး။ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးပါ ကျန်းမာစေရန်အတွက် ကိုယ်ဝန်ဆောင်ချိန်တွင်တစ်ရက်လျှင်သစ်သီးတစ်မျိုးပါအောင်စားသုံးသင့်ပြီး ထိုကဲ့သို့ စားသုံပေးသင့်သည့်အသီးများထဲတွင်ဗောက်သီးလည်းပါဝင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဗောက်သီးကိုစားမည်ဆိုလျှင် မြေဆီလွှာတွင်ရှိနေတတ်သော ကပ်ပါးပိုးတစ်မျိုးကြောင့် ဖြစ်တတ်သည့်Toxoplasmosis ရောဂါ ဖြစ်စေနိုင်သေကြောင့်ရေဖြင့်သေချာစင်ကြယ်အောင်ဆေးကြောပြီးမှသာစားသုံးသင့်သည်။။ဗောက်သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် အသားအရေကိုကျန်းမာစေပြီးအရေပြားပြဿနာကင်းစေရန်နှင့် အရေပြားပေါ်ရှိ အကြောပြတ်ရာများသက်သာစေရန် အထောက်အကူပြုနိုင်သည်။။အချုပ်အားဖြင့် Gooseberry ဟု ခေါ်သည့် ဗောက်သီးကို စတော်ဘယ်ရီနှင့် ဘလူးဘယ်ရီတို့ကဲ့သို့ သရေစာအဖြစ် စားနိုင်သကဲ့သို့ ဖျော်ရည်အနေဖြင့်ဖြစ်‌စေ၊အချိုပွဲအနေဖြင့်ဖြစ်စေစားသုံးနိုင်သည်။ဗောက်သီးတွင် သံပရာသီးထက် ဗီတာမင်-C နှစ်ဆနီးပါးပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝသောကြောင့်ဗောက်သီးစားသုံးပေးခြင်းဖြင့်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့်ကင်ဆာရောဂါများမဖြစ်အောင်ကာကွယ်ပေးသည်။ဗောက်သီးတွင်အစာခြေအူလမ်းကြောင်း၏ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးသည့် ပျော်ဝင်လွယ်သောအမျှင်ဓာတ် Pectin ကြွယ်ဝစွာပါဝင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
null
null
Fri, 05/16/2025 - 09:39
mwd_webportal
https://www.myawady.net.mm/node/69190
ပွင့်ဖြူမြို့နယ်၌ အပူဒဏ် ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး အရိပ်ရပင်များ စိုက်ပျိုး
ပွင့်ဖြူမြို့နယ်၌ အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး အရိပ်ရပင်များ စိုက်ပျိုး။ပွင့်ဖြူ မေ ၁၅။မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ယခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း အပူဒဏ် ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး မေလပထမပတ်မှစတင်ကာ တစ်အုပ်တစ်မစိုက်ခင်း (အထူးစိမ်း)အရိပ်ရပင် ၂၀၀၀ စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။။အဆိုပါ တစ်အုပ်တစ်မစိုက်ခင်း(အထူးစိမ်း) အရိပ်ရပင် ၂၀၀၀ ကို ချောင်းဆုံကျေးရွာ၏ အနောက်မြောက်ဘက်ရှိ မြေကွက်လပ်၌ မေလ ၁၅ ရက်အထိ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးမှူး ဦးညွန့်ရွှေ ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ဒဟတ်၊ ကုက္ကို၊ မဲဇလီ စသည့်အရိပ်ရပင် ၈၀၀ ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။။ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ နှစ်စဉ် မိုးရာသီကာလတွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ တစ်အုပ်တစ်မ စိုက်ခင်း(အထူးစိမ်း) စိုက်ပျိုးခြင်းများ အပါအဝင် ကျေးရွာသုံးထင်းစိုက်ခင်းများ၊ ကျေးရွာပိုင်စိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိသည်။။ယခုနှစ်မိုးရာသီတွင်လည်း ချောင်းဆုံကျေးရွာ ပျိုးဥယျာဉ်ခြံတွင် ဒဟတ်၊ မဲဇလီ၊ ကုက္ကို၊ ဘောစကိုင်း၊ ယူကလစ် စသည့်အရိပ်ရ ပျိုးပင်ပေါင်း ၄၀၀၀၀ ကျော် ပျိုးထောင်ထားပြီးဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16561.jpg
Fri, 05/16/2025 - 09:40
admin_webportal
https://www.myawady.net.mm/node/69191
သထုံမြို့နယ်၌ ဆေးဝါးနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး
သထုံမြို့နယ်၌ ဆေးဝါးနှင့်အလှကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေး။သထုံ မေ ၁၅။မွန်ပြည်နယ် သထုံမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များကို မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း ၍ မေလ ၁၅ ရက်တွင် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ သထုံခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များ၌ သတ်မှတ်စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ရှိ၊ မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ၊ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိလိုက်လံစစ်ဆေးကာ လိုအပ်သည်များကို အသိပညာပေး ဆွေးနွေးသည်။။အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/16562.jpg
Fri, 05/16/2025 - 09:44
admin_webportal
https://www.myawady.net.mm/node/69192
စားဖိုဆောင်သီးနှံ ဆေးဖက်ဝင် ကြက်သွန်ဖြူပင်
စားဖိုဆောင်သီးနှံ ဆေးဖက်ဝင် ကြက်သွန်ဖြူပင်။ဆောင်းပါးရှင်- ပြည့်ပြည့်။ကြက်သွန်ဖြူသည် မြန်မာ့ရိုးရာအစားအစာများ၊ စားသောက်မှုပုံစံများအရမရှိမဖြစ်လိုအပ်သည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုမြင့်မားပြီးပြည်တွင်းဈေးကွက်အခိုင်အမာရှိသည်။ စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်း၊ လက်ဖက်ရည်အဖြစ် သောက်သုံးခြင်း၊ ဆီအဖြစ်သုံးစွဲခြင်း၊ ဟင်းချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ စားသောက်ကုန်လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်းကောင်း၊ အစာကြေလေနိုင်စေရန်ရည်ရွယ်ပြီး ပျားရည်များနှင့်စိမ်၍ စားသောက်ခြင်း၊ မီးဖုတ်၍စားသောက်ခြင်းစသည်ဖြင့်အိမ်တွင်းဆေးဝါးအဖြစ်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲလေ့ရှိကြသည်။။ကြက်သွန်ဖြူ၏အသုံးဝင်ပုံ။စားဖိုဆောင်သီးနှံကြက်သွန်ဖြူကို အစိမ်းစားသုံးခြင်းသည် ၎င်းတွင် ပါဝင်သောဓာတ်များကို အပြည့်အဝရရှိစေနိုင်သော စားသုံးနည်းတစ်ခုဖြစ်သည်။ အစာမစားရသေးမီ မနက်ခင်းတိုင်းတွင် ကြက်သွန်ဖြူအမြွှာအနည်းငယ်ကို ရေတစ်ဖန်ခွက်နှင့် သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကောင်းမွန်လာစေပြီး ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကြက်သွန်ဖြူအစိမ်းစားသုံးခြင်းကဲ့သို့ပင် ကြက်သွန်ဖြူအား လက်ဖက်ရည်အဖြစ် မနက်ခင်းတိုင်း သောက်သုံးပေးခြင်းသည်လည်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည်။ ထိုသို့ သောက်သုံးရန်အတွက် ကြိတ်ခြေထားသော ကြက်သွန်ဖြူများကို ရေတစ်ဖန်ခွက်ထဲသို့ထည့်ပြီး ကြိုချက်ပေးကာ အနည်းငယ်ဆူပွက်လာပါက သစ်ကြံပိုးခေါက် ၁-၂ ဇွန်းထည့်မွှေပြီး နှစ်မိနစ်ခန့် ထပ်မံကြိုချက်ပေးပြီးနောက် အပူလျော့သွားပါက ပျားရည်နှင့်သံပရာရည်တစ်ဇွန်းစီထည့်မွှေ၍ သောက်သုံးနိုင်သည်။ ထို့ပြင် ကြက်သွန်ဖြူဆီအဖြစ် အသုံးပြုနိုင်ရန်အတွက် အရည်အသွေးကောင်းသောဆီထဲသို့ ကြိတ်ခြေထားသော ကြက်သွန်ဖြူအမြောက်အမြားကိုထည့်သွင်းပြီး မီးအေးအေးဖြင့် ဆယ်မိနစ်ခန့် အပူပေးရမည်ဖြစ်သည်။ထို့နောက်ကြက်သွန်ဖြူဖတ်များကိုစစ်ထုတ်ပြီး ဆီများကိုပုလင်းတစ်ခုထဲသို့စစ်ယူ၍ ရေခဲသေတ္တာတွင် သိုလှောင်သိမ်းဆည်းကာ နှစ်ပတ်ခန့်ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။။ကြက်သွန်ဖြူစိုက်ပျိုးရာဒေသ။ကြက်သွန်ဖြူသည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးစွဲမှုမြင့်မားသည့်အပြင် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုမှုများပြားရုံသာမက ကမ္ဘာ့နေရာဒေသအနှံ့အပြားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းသောကြောင့် နှစ်စဉ် စိုက်ပျိုးဧရိယာများတိုးတက်လာပြီး ထုတ်လုပ်မှုလည်း မြင့်မားလျက်ရှိသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံပေါင်း ၁၀၀ ကျော်ရှိပြီး တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများဖြစ်ပြီး ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏ ၈၅ ရာခိုင်နှုန်းခန့်ရှိသည်။ နှစ်စဉ် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် အခြားသောနိုင်ငံများမှာ တောင်ကိုရီးယား၊ အီဂျစ်၊ စပိန်၊ ယူကရိန်း၊ မြန်မာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့ဖြစ်သည်။။အဓိကစိုက်ပျိုးသောမျိုး။မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူစိုက်ဧကပေါင်း ခုနစ်သောင်းနီးပါးခန့်ရှိပြီး အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့ဖြစ်ကြသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်သော ရှမ်းပြည်နယ်တွင် မိုင်းပန်၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးနှင့် လဲချားမြို့နယ်တို့၌ ဧရိယာအမြောက်အမြား စိုက်ပျိုးထုတ်လုပ်ကြပြီး ကျန်မြို့နယ်များတွင်လည်း စိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ရှိသည်။ မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ကြက်သွန်ဖြူမျိုးများမှာ ရှမ်းမျိုး(အခွံဖြူ)၊ ရှမ်းမျိုး (အခွံနီ)နှင့် တရုတ်မျိုးတို့ဖြစ်ကြသည်။။ကြက်သွန်ဖြူစိုက်ပျိုးနည်း။ကြက်သွန်ဖြူကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးလေ့ရှိကြပြီး ဖေဖော်ဝါရီလမှ မတ်လအတွင်းတွင် တူးဖော်ရိတ်သိမ်းလေ့ရှိသည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၆ ရှိသောမြေမျိုးကို ကြိုက်နှစ်သက်သည်။ အပူအအေးသင့်လျော်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်လျော်ဆုံးအပူချိန် ၁၈ ‒ ၂၀ ဒီဂရီစင်တီဂရိတ်တွင် ဖြစ်ထွန်းပြီး ဥမှ အညှောက်ပေါက်ရန်အတွက် မြေတွင်းအပူချိန် ၂၂ ‒၂၃ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ ၂၇ ဒီဂရီစင်တီဂရိတ်ထက်မြင့်ပါက အပင်ကြီးထွားမှုညံ့စေသည်။ ကြက်သွန်ဥဖြစ်ပေါ်ရန် အပူချိန် ၅ ‒ ၁၀ ဒီဂရီစင်တီဂရိတ်တွင် အနည်းဆုံး ၁-၂ လရှိရန် လိုအပ်သည်။ တစ်ဧကလျှင် မျိုးအဖြစ် ကြက်သွန်ဖြူဥ ပိဿာချိန် ၂၅၀‒၃၀၀ ခန့်လိုအပ်သည်။ မျိုးဥအား အမြွှာကြီးပြီး ရောဂါကင်းသောမျိုးများကို အသုံးပြုရမည်။။မြေပြင်နည်း။တစ်ဧကတွင် သဘာဝမြေသြဇာ ၁၀-၂၀ တန်၊ ယူရီးယားနှစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်အသုံးပြုရမည်။ ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်အောင်ထွန်ပြီး ကျမ်းတုံးရိုက်၍ ပေါင်ဖော်စိုက်ပျိုးလေ့ရှိသည်။ မြေခံအဖြစ် ယူရီးယားတစ်အိတ်၊ တီစူပါနှစ်အိတ်၊ ပိုတက်တစ်အိတ်ထည့်ပေးပြီး ကျန်ယူရီးယားတစ်အိတ်ကို ကြားပေါင်းလိုက်ချိန်နှင့် ဥစတင်ဆင်း ချိန်တွင် ထည့်ပေးရမည်။ ပေါင်အမြင့် ၈ လက်မ၊ အကျယ် ၃ ပေခန့်ထား၍ ပေါင်ဖော်ပြီး တစ်တန်းနှင့်တစ်တန်း ၄ လက်မခွာ၍ တစ်ပင်နှင့်တစ်ပင် ၂ လက်မခြား၍ စိုက်ပျိုးသည်။ စိုက်ပြီးပေါင်အမြင့်နှင့်အညီ ရေပေးသွင်းရသည်။ ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည် အထူးအရေးကြီးသည်။ လက်ဖြင့် ပေါင်းနှိမ်နင်းလေ့ရှိပြီး စိုက်ပြီး တစ်ပတ်တစ်ကြိမ် ပေါင်းနှိမ်နင်းပေးရမည်။ အပင်နှစ်လသားအထိ ပေါင်းနှိမ်နင်းခြင်းကို ဂရုပြုဆောင်ရွက်ပေးရမည်။ မြေအလွန်ကျပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရမည်။ ကြက်သွန်ဖူးများကို အပတ်စဉ်ချိုးပေးရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရေပေးသွင်းရမည်။ ရာသီဥတုပူပြင်းပါက၄‒၅ ရက် တစ်ကြိမ် ရေပေးသွင်းရမည်။ ရေသွင်းချိန် ရှစ်ကြိမ်မှ ၁၀ ကြိမ်ထိလိုအပ်သည်။ အပင်နှစ်လသား အမြင့် ၁ ပေခွဲခန့်ရှိချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ရမည်။ ပိုးမွှားရောဂါကျရောက်ပါက သင့်လျော်သော ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်သည်။အပင်သက်တမ်းမှာ ၁၃၅‒၁၅၀ ရက် ရှိသည်။ ပင်စည်နှင့် အရွက် ၁၅‒၂၅ ရာခိုင်နှုန်းခန့် ဝါလာလျှင်သို့မဟုတ် ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍ သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါက အပင်လိုက် လက်တစ်ဆုပ်စာခန့်စည်း၍ ဝါးတန်းပေါ်တွင် အခြောက်ခံထားပါ။ နုတ်ယူပြီးသောအပင်များကို အမြိတ်များဖြတ်တောက်၍ နေနှစ်ရက်ခန့်လှန်းထားနိုင်သည်။ တစ်ဧကပိဿာချိန် ၁၅၀၀ မှ ၃၀၀၀ ထိ ထွက်နိုင်သည်။ ကြက်သွန်ဖြူဥများ နုတ်သိမ်းရာတွင် မြေကြီးထဲ၌ ဥများမကျန်ခဲ့စေရန် သတိပြုရမည်။။ကြက်သွန်ဖြူဈေးကွက်။ကြက်သွန်ဖြူဈေးနှုန်းများသည် ယေဘုယျအားဖြင့် ဇန်နဝါရီလမှ မေလအတွင်း ဈေးနှုန်းအမြင့်ဆုံးရရှိလေ့ရှိကြပြီး ဇွန်လမှ‌ အောက်တိုဘာလအတွင်းတွင် ဈေးအနိမ့်ဆုံးရရှိလေ့ရှိကြ သည်။ ရှမ်းကြက်သွန်ဖြူများသည် တရုတ်ကြက်သွန်ဖြူများထက် ဈေးနှုန်းပိုမိုမြင့်မားတတ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်သည့်အတွက် လူကြိုက်များသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်ဖြူများကို မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလေ့ရှိပြီး ရန်ကုန်နှင့် မန္တလေးဈေးကွက်များသို့ တင်ပို့ရောင်းချမှုအများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှထွက်ရှိသော ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(မြေပြန့်)အဖြစ် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားကြပြီး တရုတ်ကြက်သွန်ဖြူများကို ကြက်သွန်ဖြူ(ကြူကုတ်)အဖြစ် ရောင်းချလေ့ရှိသည်။။မြန်မာနိုင်ငံသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အဓိကဒေသဖြစ်သော ရှမ်းပြည်နယ်တွင် စိုက်ဧကသောင်းချီ၍နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်မှုများရှိပြီး ထွက်ရှိသော ပြည်တွင်းကြက်သွန်ဖြူမျိုးများဖြစ်သည့် ဗမာကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူတို့သည် အနံ့အရသာပိုမိုကောင်းမွန်သည့်အတွက် ပြည်တွင်းဈေးကွက်အခိုင်အမာရှိခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်မှစတင်၍ တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများကို ဈေးနှုန်းသက်သာစွာဝယ်ယူတင်သွင်းခဲ့သဖြင့်မြန်မာ့ကြက်သွန်ဖြူမျိုးများသည် ဈေးကွက်လွှမ်းမိုးမှုဒဏ်ကြုံတွေ့ခဲ့ရသည်။ အရွယ်အစားကြီးပြီး အခွံခွာရလွယ်ကူသဖြင့် စားသုံးသူများ ပိုမိုကြိုက်နှစ်သက်ကြသည့်အတွက် စားသောက်ကုန်လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနေကြသည်။။ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများသည် တရုတ်ပြည်မှ ကြူကုတ်ကြက်သွန်ဖြူများ ဝင်ရောက်ခြင်းနှင့် ရှမ်းကြက်သွန်ဖြူများ၏ထုတ်လုပ်မှုအခြေအနေများအပေါ်မူတည်၍ပြောင်းလဲနိုင်သဖြင့် တရုတ်ကြက်သွန်ဖြူများ၏အဓိကဝင်ရောက်သည့်တရားမဝင်ကုန်သွယ်မှုလမ်းကြောင်း များကို ထိန်းချုပ်ပေးခြင်းနှင့် ပြည်တွင်းကြက်သွန်ဖြူများ၏ဈေးကွက်ကို ချဲ့ထွင်ပေးခြင်းများဆောင်ရွက်ပေးနိုင်ပါကပြည်တွင်းဈေးကွက်ပိုမိုတည်ငြိမ်လာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ ။
null
null
Fri, 05/16/2025 - 09:46
mwd_webportal
https://www.myawady.net.mm/node/69193
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ။ယမန်နေ့မှအဆက်။ချုံများကို ကျော်လွန်သောအခါ ဝဲကြီးရွာသင်္ချိုင်းသို့ ရောက်လေရာ ဖောင်သည် ရုတ်တရက် အရှိန်နှေး သွားခြင်းကို သိလိုက်ရ၏။ ထို့နောက်တွင် နှေးရုံ သာမက အရှိန်လုံးဝသတ်ပြီး အထက်သို့ပင်ဆန်၍ တက်ပြန်၏။ ကျွန်ုပ် အံ့သြလျက်ရှိစဉ် ဤနေရာ၌ ဝဲလှည့်ကြောင်းကို တွေးမိပါတော့သည်။ တွေးမိခြင်း ကား ဟုတ်ပါ၏။ သို့ရာတွင်ဤဝဲကိုကျော်လွန်ဖို့ အရေးက ရှိသေးသည်။ ဝဲတို့မည်သည် လှည့်ပတ် သည့်အကြိမ်ရေစေ့သောအချိန်တွင် အလိုအလျောက် ထွက်လာတတ်သည်ဟု ကြားဖူး၏။။သုံးပတ်ရှိသော်လည်း လှည့်မြဲတိုင်းလှည့်လျက် ရှိရာတွင် ကျွန်ုပ် အကြံအိုက်လာလေပြီ။ သင်္ချိုင်းသည် ကမ်းအတက်တွင်ရှိ၏။လွန်ခဲ့သောရှစ်နှစ်ခန့်က သုသာန်ဓူတင်ဆောင်ဖို့ စိတ်ကူးခဲ့ဖူးသည့် ကျွန်ုပ်သည် သင်္ချိုင်းအနီးတွင် အဖော်တစ်ယောက်နှင့်ပင် ကျော စိမ့်ချင်သလိုလို ဖြစ်နေလေပြီ။ ဖိုးယုန်ကား သိဟန် မရှိသဖြင့် ဖောင်အလယ်တွင် ခပ်အေးအေးထိုင်လျက် ရှိ၏။ ကျွန်ုပ်စဉ်းစားမိသည်ကား ဖောင်သည် အလို အလျောက်ထွက်တော့မည်မဟုတ်။ တွန်းထုတ်မှ ဖြစ်လိမ့်မည်။ ဖိုးယုန်ကို တစ္ဆေနှင့်ခြောက်ရလျှင် တွန်းထုတ်ကောင်းပါ၏ဟု အကြံဖြစ်သည်နှင့် "ဟေ့ ဖိုးယုန်၊ ဟိုပေါ်မှာသင်္ချိုင်းကွ၊ မင်းမကြောက်ဘူးလား၊ ဖောင်ကို တွန်းထုတ်မှဖြစ်မယ်" ဟု ပြောရာ ဖိုးယုန် က "ကျွန်တော်က ငါးကိုသာ ကြောက်တာ၊ တစ္ဆေ မကြောက်ဘူးဆရာ" ဟု ပြောသည်နှင့် ခွကျလျက်ရှိ ပြန်သည်။ ကျွန်ုပ်မှာလည်း အတော်ချမ်းအေးလာ သော ဤအချိန်တွင် ရေထဲသို့ မဆင်းချင်တော့ပြီဖြစ် ၍ သဗ္ဗေသတ္တာ ကမ္မသကာဟု အောက်မေ့လိုက်ရ ပါတော့သည်။ "ဟေ့ကောင် ဘယ့်နှယ်လဲကွ၊ ဖောင် နဲ့ကမ်း ခွာလာခဲ့တယ်ထင်တယ်" ဟု ကျွန်ုပ်က ပြောရာ ဖိုးယုန်က "ဟုတ်တာပေါ့ဆရာ၊ ခုနစ်ပတ် စေ့လို့ ခွာထွက်လာတာပေါ့" ဟု ပြောလေ၏။ ဟုတ် လည်း ဟုတ်ပေသည်။ ဖောင်သည် ဝဲလည်ရာမှ ထွက် ၍ ရေစီးကြောင်းသို့ ရောက်ခဲ့လေပြီ။။ဆင်းဒဘက်ကဲ့သို့။ကျွန်ုပ်၏ မူလရည်ရွယ်ချက်မှာ တစ်ညလုံး စုန်ချ ပြီး နံနက်လင်းလျှင် မြတောင်သို့ ရောက်ဖို့ဖြစ်၏။ ယခုမှာ ဖောင်ပေါ်၌ တဲလေးမရှိတော့သဖြင့် ချမ်း အေးမည်ဖြစ်သောကြောင့် ကမ်းနီရွာသို့ ဆိုက်ကပ် ကာ တစ်ညအိပ်ရပါတော့သည်။ကျွန်ုပ်သတိရမိ သည်မှာကမ်းနီရွာတွင်ဗုဒ္ဓဃောသအဖြစ်နှင့် သီတင်းသုံးခဲ့ဖူးသည့် ကျွန်ုပ်နှင့် ယခု ကျွန်ုပ်မှာ သီလ သမာဓိဣန္ဒြေသမ္ပတ္တိချင်းခြားနားပုံကို ရှက်သည်နှင့် သူကြီးကိုညှင်း အစရှိသော လူကြီးလူကောင်းများ၏ အိမ်သို့မဝင်ဘဲ ရွာအစွန်း၌ ဘဲ၊ ကြက်မွေးမြူသော လူတစ်ယောက်၏တဲကလေးသို့ဝင်၍ ညတစ်ဝက် တည်းခိုခဲ့ပါသည်။ မိုးမလင်းမီထ၍ ကျွန်ုပ်တို့ ဆက် လက်စုန်လာကြရာ နံနက် ၁ဝ နာရီအချိန်လောက် တွင် မြတောင်ရွာသို့ဆိုက်ရောက်၍ ကမ်းပါးမှ ကြိုဆို လျက်ရှိသောမစိုးကိုမြင်ရ၏။ကျွန်ုပ်စိတ်ထဲ၌ သင်္ဘောသားဆင်းဒဘက် ပြန်ရောက်လာခြင်းကဲ့သို့ ဧရာမစွန့်စားခြင်းကြီးသဖွယ်အောက်မေ့မိသေး သည်။ဆင်းဒဘက်ကားခုနစ်ခေါက်ထွက်ခဲ့သည်။ တစ်ခေါက်တည်းသာထွက်ဖူးသည့် ကျွန်ုပ်သည်အဘယ်ကြောင့်အထင်မကြီးသင့်ဘဲရှိရမည်နည်း။ဆိုလိုခြင်းမှာကောင်းမှုကုသိုလ်အလုပ်ကိုဖြစ်စေ၊ စွန့်စားရသောအလုပ်မျိုးကိုဖြစ်စေ အကြိမ်ကြိမ် ပြုလုပ်ဖူးသူအဖို့၌ ရိုးသွားတတ်ပေရာ တစ်ကြိမ် တစ်ခါပြုဖူးသူတို့မှာမူ ရင်ဘတ်ကော့ခြင်း၊ လက်မ ထောင်ခြင်း စသည့်အမူအရာမျိုး ဖော်ပြချင်တတ်ကြ လေသည်။။ရန်ကုန်သို့ ဆင်းရပြန်ခြင်း။၁၉၃၄ ခုနှစ် မေလတွင် မန်ကျည်းတုံမှ မိခင် နေမကောင်းကြောင်း ကြေးနန်းရရှိသည်နှင့် ကျွန်ုပ် တို့ဇနီးမောင်နှံချက်ချင်းဆင်းလာကြ၏။ မိခင်မကျန်းမာခြင်းမှာ အပြင်းအထန်မဟုတ်သဖြင့် မကြာမီ ပျောက်ကင်းပါ၏။ သို့ရာတွင် ရန်ကုန်မှ ဝတ္ထုအော်ဒါများမှာ တဖြည်းဖြည်းလျော့ဆင်းလာ လေပြီ။ ကျွန်ုပ်အဖို့ မကြာခဏတွေ့ကြုံခဲ့သည့် ထုံးစံအတိုင်း ဂျာနယ်၊ မဂ္ဂဇင်းဟောင်းများ ပြုတ်ကြ ၍အသစ်များနှင့် အဆက်အသွယ်မဖြစ်ဘဲ ရှိရာတွင် တစ်လလျှင် ဝင်ငွေ ၅ဝကျပ်ခန့်မျှလောက်သာ ကျန်တော့၏။ ၅၀ ကျပ်ဟူသော ဝင်ငွေမှာ (ဆန်တစ် တင်း တစ်ကျပ်လေးပဲ၊ ဆီတစ်ပုံးလေးကျပ်၊ ကြက်၊ ဝက်တစ်ပိဿာ တစ်ကျပ်မျှသာ ပေါက်ဈေးရှိသော ခေတ်ဖြစ်၍) ကျေးရွာအနေအထိုင်အရ မကျပ်တည်း လှသော်လည်း ဆက်လက်၍ဝင်ငွေလျော့ဆင်းဦး မည်ကိုစိုးရိမ်ရသည်နှင့်ရန်ကုန်သို့ဆင်းရန်အကြံဖြစ်ပေါ်လာပါတော့သည်။ ထိုအတောအတွင်း ပဲရော့ ဦးဆန်နီကကျွန်ုပ်ရေးသမျှစာများကိုဝယ်ယူစုဆောင်းထားပါမည်ဟုအားပေးသောစာများရရှိ သော်လည်း စေတနာကောင်းသော ပုဂ္ဂိုလ်တစ်ဦးက ကရုဏာသဘောနှင့် အားပေးခြင်းကို မခံယူလိုသည် နှင့် ယင်းနှစ် သြဂုတ်လ ၁ ရက်တွင် ရန်ကုန်သို့ ဆင်းလာကြပါသည်။။ပီမိုးနင်းနှင့်အတူ။ရန်ကုန်မြို့၌ နေအိမ်ရဖို့မှာ ဤခေတ်မှာကဲ့သို့ အခက်အခဲကြီး မဟုတ်သော်လည်း လွယ်ကူလှ သည်ကား မဟုတ်ချေ။ ၁၉၂၆ ခုနှစ် နယူးဘားမား ကိုဘလှိုင်ကခေါ်၍ ဆင်းလာရာတွင် ကိုခင်မောင် တင့်ကို အားကိုးရသော်လည်း ယခုအခါ၌မူ သူ၏ 'ဘားမားဟောက်စ်' ဆိုင်ကလေးမှာ ပြုတ်သွားခဲ့လေ ပြီ။ သို့ဖြစ်၍ ယခင်က စမ်းချောင်းကြက်တောင်ရိုက် အသင်းတွင် ကျွန်ုပ် အကြီးအကဲလုပ်ခဲ့ဖူးခြင်းအား ဖြင့် သိကျွမ်းခင်မင်ခဲ့သော ကျောက်ထောင်ဆရာ လူငယ်တစ်ယောက်အိမ်၌ ခေတ္တတည်းခိုကြရ၏။ ထိုမှတစ်ဖန် ဗိုလ်ချုပ်လမ်းနှင့် ကရိလမ်းထောင့်ရှိ ပီမိုးနင်း၏တိုက်ခန်းသို့ ပြောင်းရွှေ့ကြ၏။ သူရဲကောင်း သုံးယောက်ဝတ္ထု၌ ပေါသိုးသည် ငွေရွှင်သောအခါ များတွင် သူငယ်ချင်းမိတ်ဆွေများကို ကျွေးမွေးလေ့ ရှိကြောင်း၊ မိမိကိုယ်တိုင် ကျပ်တည်းသောအခါများ၌ ထိုမိတ်ဆွေများက အတုံ့အလှည့်သဘောနှင့် ကျွေး မွေးရသည်ဖြစ်သောကြောင့် မိတ်ဆွေများအား ကျွေး မွေးခြင်းသည် အချည်းအနှီးမဖြစ်ဘဲ အရင်းအနှီး (Investment) အနေဖြင့် ငွေပင်ငွေရင်းစိုက်ထူထား သည်မည်ကြောင်း ဖတ်ရဖူး၏။ ကျွန်ုပ်သည်လည်း စာတော်ပြန်အလုပ်၌ရှိစဉ် ပီမိုးနင်းတို့ဇနီးမောင်နှံ အား အိမ်သို့ဖိတ်ခေါ်ကာ မကြာမကြာကျွေးမွေး ဧည့်ခံခဲ့ဖူး၏။ထိုစဉ်ကမူ ပီမိုးနင်းနှင့် ကျွန်ုပ်မှာ (နောက်ပိုင်းမှာကဲ့သို့) အလွန်အမင်းရင်းနှီးသေးသည် မဟုတ်သောကြောင့်ကျွန်ုပ်ကအထက်ပါနည်း အတိုင်း ကျေးဇူးပြုဖူးခြင်းမရှိခဲ့ပါလျှင် (သူက ခေါ် စေဦးတော့) ကျွန်ုပ်က လိုက်ပါနေထိုင်လိမ့်မည် မဟုတ်ချေ။ ပီမိုးနင်း၏နေအိမ်၌ ကျွန်ုပ်တို့ တစ်လ ခန့်မျှ တည်းခိုနေထိုင်ကြရခြင်းအားဖြင့်လည်း အလွန် ရင်းနှီးသော ငယ်ပေါင်းများသဖွယ် အကျွမ်းတဝင်ဖြစ်လာကြပါသည်။။ပီမိုးနင်း။အတူတကွနေထိုင်ကြသည်ဆိုသော်လည်း ကိုယ့် အိုးနှင့်ကိုယ် ချက်ပြုတ်စားသောက်ကြခြင်းဖြစ်၏။ ထိုအချိန်၌ ပီမိုးနင်းသည် ကျွန်ုပ်ထက် အနည်းဆုံး ဝင်ငွေသုံးဆခန့်ရရှိသူဖြစ်၏။ ကျွန်ုပ်၌ ဖောက်သည် ပြတ်လျက်ရှိစဉ် သူ့မှာ အမြဲတမ်းစာရေးစရာရှိနေ၏။။သို့နှင့်လည်း သူ၏ဒုတိယဇနီးမှာ အလွန်လက်ဖွာ။သော အမျိုးသမီးတစ်ယောက်ဖြစ်၍ မကြာခဏ ငွေပြတ်လပ်ကြ၏။ ဤအကြောင်းနှင့်ပတ်သက်၍ အဖြစ်အပျက်တစ်ခုကို ကျွန်ုပ် မှတ်မိသေးသည်။ တစ်နေ့သ၌ ကျွန်ုပ်သည် ပဲရော့ဦးဆန်နီထံမှ ငွေ ၂၅ ကျပ်ရ၍ ပီမိုးနင်းသည် တခြားလူတစ်ယောက်ထံမှ ငွေ ၁ဝဝ ကျပ်ရရှိ၏။ ထိုရက်များအတွင်း ဇနီးဖြစ်သူ သည် ဝယ်လိုက်ခြမ်းလိုက်၊ ချက်လိုက်ပြုတ်လိုက်၊ ရှူလိုက်၊ ပွတ်လိုက်ကြသည်မှာ မိုးမွှန်လျက်ရှိ၏။ အပြင်သို့ခဏခဏထွက်၍ အပြန်တွင် စားစရာ များပါလာသည့်အပြင် နှုတ်ခမ်းများနီရဲအောင် ကွမ်းများစားလာ၏။ (ဤသည်မှာ ကုတ်ကင်းပွတ် လာခြင်း၏အထိမ်းအမှတ်ဖြစ်ကြောင်း ကျွန်ုပ်သိရပြီး လေပြီ။) နောက်ဖေးသို့လည်း ခဏခဏထွက်၍ရှူကြ ၏။ အပြင်သို့ ခဏခဏထွက်၍ထိုးကြ၏။ သူခေါ် တိုင်း မလိုက်သော်လည်း တစ်ခါတစ်ခါလိုက်၍ ကျွန်ုပ် လည်း (မာဖီယား) ထိုးစမ်းကြည့်၏။ (ကြောက်မက် ဖွယ်အကောင်းဆုံးသော သုရာမေရယအလုပ်ပေ တည်း။) ကျွန်ုပ်မှာ ကပ်ပါးရပ်ပါးတစ်ယောက်မဟုတ် သောကြောင့် သူခေါ်တိုင်းမလိုက်ခဲ့ပါ။ ကိုယ်က တစ် ကြိမ်ခေါ်နိုင်မှ သူခေါ်ခြင်းကိုလိုက်ပါသည်။ သူကဲ့သို့ ဝင်ငွေမရှိသောကြောင့် သူဖြုန်းတိုင်းလည်း မဖြုန်း ဝံ့ပါ။ အမှန်မှာ ကျွန်ုပ်အဖို့ရာ၌ ချွေတာရေးကို လေ့ကျင့်ရဆုံးသော ကာလအပိုင်းအခြားဖြစ်ပါသည်။ သို့သော် စိတ်ထဲ၌မူ သုံးဖြုန်းနိုင်မည့်အချိန်ကို စောင့် မျှော်လျက်ရှိ၏။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ပီမိုးနင်းက ငွေ ၁၀၀ ကျပ်၊ ကျွန်ုပ်က ငွေ ၂၅ ကျပ် ရရှိပြီးသည့်နောက် ငါးရက်ခန့်ကြာသောအခါ ပီမိုး နင်းကတော်သည် ထမင်းအိုးတစ်လုံးတည်းချက်ပြီး ဘာအိုးမျှမချက်ဘဲထိုင်နေသည်ဟု မစိုးကပြော၏။။ဆက်လက်ဖော်ပြပါမည်။
null
null
Fri, 05/16/2025 - 09:50
mwd_webportal
https://www.myawady.net.mm/node/69194
ရွာငံမြို့နယ်၌ ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာ
ရွာငံမြို့နယ်၌ ပင်မှည့်သီးပင်များတိုးချဲ့စိုက်ပျိုးလာ။ရွာငံ မေ ၁၅။ရွာငံမြို့နယ်၌ ပင်မှည့်သီးပင်များကို ယခင်က ဒေသမျိုးရင်းဖြစ်သော အဝါသေး၊ အညိုသေးမျိုးများကို စိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် ဈေးကွက်အခွင့်အလမ်းများ ကောင်းလာသော ထိုင်ဝမ်အညိုအကြီး ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးလာကြသည်။။အဆိုပါ ပင်မှည့်သီးပင်များသည် နွယ်ပင်အမျိုးအစားဖြစ်သောကြောင့် စင်ခံစနစ်ဖြင့် ပင်ကြား၊ တန်းကြား ကိုးပေပတ်လည် စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ရက်ပေါင်း ၁၂၀ ကျော်တွင် အပွင့်အသီးများ စတင်လေ့ရှိ၍ ရေနှင့်မြေဆီမြေဩဇာ ကောင်းမွန်ပါက တစ်နှစ်ပတ်လုံး အသီးများထွက်ရှိသည်။။စိုက်ပျိုးပြီး ခြောက်နှစ်မှ ၁၀ နှစ်ကျော်အထိ ခူးဆွတ်ရောင်းချရကြောင်း၊ ပင်မှည့်သီးပင်သည် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး စိုက်ပျိုးရလွယ်ကူကာ ရွာငံဒေသ ရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်း သီးနှံတစ်မျိုးဖြစ်ကြောင်း၊ အရိပ်ရပင်ဖြစ်သောကြောင့် စင်အောက်တွင် ကော်ဖီပင်ဖြင့် နှစ်သီးစားစိုက်ပျိုးလာကြကြောင်း၊ တစ်ဧကလျှင် ပျိုးပင်ပေါင်း ၆၀၀ မှ ၈၀၀ခန့်ဝင်ဆံ့ပြီး ခုနစ်ရက်တစ်ပတ် ခူးပါက ပိဿာချိန် ၅၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။။ပင်မှည့်သီးသည် အူလမ်းကြောင်း ကျန်းမာရေးအကျိုးပြုခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း၊ နှလုံးနှင့်သွေးကြောအတွက် ကောင်းခြင်း၊ စိတ်ဖိစီးမှုများမှ ပြေပျောက်စေခြင်း၊ ပန်းနာရင်ကျပ်အတွက် အစွမ်းထက်ခြင်း၊ ဗီတာမင်စီကြွယ်ဝခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်နိုင်ခြင်း၊ အိပ်ပျော်စေခြင်း၊ မျက်စိအားကောင်းစေခြင်း ၊ သံဓာတ်ကြွယ်ဝခြင်း စသည့်ကောင်းကျိုးများစွာရရှိနိုင်သည်။။ထို့ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး ဈေးကွက်အခွင့်အလမ်းများကောင်းလာသောကြောင့် ပင်မှည့်သီးပင်များကို တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
စီးပွားရေး
https://www.myawady.net.…/files/16591.jpg
Fri, 05/16/2025 - 10:02
admin_webportal
https://www.myawady.net.mm/node/69195
မိုးကြီးမည့် သတိပေးချက်
မိုးကြီးမည့်သတိပေးချက်။နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးမည်။နေပြည်တော် မေ ၁၅။ယနေ့ညနေ ၄ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ မုတ်သုံလေ ဆက်လက် ဝင်ရောက်လာနိုင်ခြင်းကြောင့် လည်းကောင်း၊ အပူပြန်တက်တိမ်များ ဖြစ်ထွန်းမှု အားကောင်း ခြင်းကြောင့် လည်းကောင်း ယနေ့ညနေမှ မေလ ၂၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးမည်။။သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး ရေလျှံမှုများကို ကြိုတင် သတိပြုရှောင်ရှား နိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေး နှိုးဆော်အပ်ပါသည်။။(မိုး/ဇလ)
မိုးလေဝသသတင်း
https://www.myawady.net.…les/165141_1.jpg
Fri, 05/16/2025 - 10:07
admin_webportal
https://www.myawady.net.mm/node/69196
ရမည်းသင်းမြို့နယ်၏ ရေမြေရာသီဥတုအရ အကောင်းဆုံး ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာစံပြဒေသဖြစ်အောင် ကြိုးပမ်းကြစေလို
ရမည်းသင်းမြို့နယ်၏ရေမြေရာသီဥတုအရ အကောင်းဆုံးဝါသီးနှံစိုက်ပျိုးထုတ်လုပ်သည့်ဧရိယာစံပြဒေသဖြစ်အောင်ကြိုးပမ်းကြစေလို။နေပြည်တော် မေ ၁၅။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အတွင်းရှိ မိုးကြိုချည်မျှင်ရှည်ဝါ သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်များ ဆောင်ရွက်ထားရှိမှု၊ အောင်နိုင်တိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ ဆောင်ရွက်ထားရှိမှုနှင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသခံတောင်သူများ၏ စိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။။ဦးစွာ ဒုတိယဝန်ကြီးသည် ကတင်ကျေးရွာ ဝါစံပြစိုက်ခင်းနှင့် ဆည်ကြီးရွာ ရွှေတောင်-၁၀ ဝါစံပြစိုက်ခင်းတို့၌ ဒေသခံ ဝါစိုက်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။။ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရမည်းသင်းမြို့နယ်၏ ရေမြေရာသီဥတုအရ အကောင်းဆုံး ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်သည့်ဧရိယာ စံပြဒေသဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ တောင်သူများ ဝါမျိုးများ အသုံးပြုစိုက်ပျိုးရာတွင် ဒုတိယသားဆက်ကို ဆက်လက်စိုက်ပျိုးခြင်း မပြုအောင် ပညာပေးစေလိုကြောင်း၊ ထို့ပြင် မိမိတို့ထုတ်ဝေထားသည့် ဝါမျိုးများအား တောင်သူများ လက်ခံလာစေရေးအတွက် မျိုးမြှင့်တင်ခြင်း လုပ်ငန်းများတွင် တောင်သူများ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရှင်များအနေဖြင့် ရွှေတောင်-၈၊ ရွှေတောင်-၁၀ ဝါမျိုးများကို စနစ်တကျ မျိုးမြှင့်တင်ခြင်း ဆောင်ရွက်ရန်နှင့် မျိုးလိုအပ်ချက် လွှမ်းခြုံနိုင်ရန် အခြေခံအဆင့် မျိုး‌စေ့ထုတ်ခြင်းနှင့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်း အဆင့်နှစ်ဆင့်ကို စနစ်တကျ‌ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေး မှာကြားသည်။။ထို့နောက် ဒုတိယဝန်ကြီးသည် ကတင်ကန်အတွင်း ရေသိုလှောင် သိမ်းထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနိုင်မှုကို လည်းကောင်း၊ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာရှိ အောင်နိုင်တိုး စပါးစိုက်ခင်း၏ အောင်မြင် ဖြစ်ထွန်းနေမှုကို လည်းကောင်း၊ ငလျင်ဒဏ် ကြောင့်ဖြစ်ပေါ်ခဲ့သည့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စီပင်ခြံရှိ မြေအက်ကြောင်းများ၊ ကွင်းပတ်လမ်းများ၊ မြောင်းများနေရာရွေ့ခြင်း၊ ကျိုးပျက်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ ထိခိုက်မှုအခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန အပူပိုင်းဒေသ သစ်သီးဝလံ သုတေသနဗဟိုဌာန (မယ်အောင်ကန်)ခြံ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/165144.jpg
Fri, 05/16/2025 - 10:11
admin_webportal
https://www.myawady.net.mm/node/69197
ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ
ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ။နေပြည်တော် မေ ၁၅။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့်မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင် စုနယ်မြေ (နေပြည်တော်)၊စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်းငလျင်ဘေးသင့်ဝန်ထမ်းအိမ်ရာများသို့ မတ်လ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ ပြီး ယနေ့ မေလ ၁၅ ရက်တွင် ၄၅ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။။မေလ ၁၅ ရက်တွင် ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား ၊ ကုလားပဲ ၊ ငါးပိ ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ၊ ခေါက်ဆွဲခြောက်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့်နေ့စဉ်ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။။ထို့အတူစီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူး ပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် မေလ ၅ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။။ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တို့ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိရာ မေလ ၁၅ ရက်တွင် ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း လှည့် လည်ရောင်းချပေးလျက်ရှိသည်။။အလားတူ မေလ ၁၅ ရက်တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့်ရောင်းချပေးလျက်ရှိရာ ဆန်၊ စားအုန်းဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ၊ ငါးနီတူခြောက်၊ ပုစွန်ခြောက်၊ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်နီနှင့် အသားတုတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၊ စားအုန်းဆီ ၊ ဆား ၊ ကုလားပဲ ၊ ငါးပိ ၊ ငါးခြောက် ၊ ကြက်ဥ၊ ဘဲဥနှင့် ခေါက်ဆွဲခြောက်ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/30A_46.jpg
Fri, 05/16/2025 - 10:15
mwd_webportal
https://www.myawady.net.mm/node/69198
(၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်
(၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်။ရန်ကုန် မေ ၁၅။မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်သည် မေလ ၁၁ ရက်မှ ၁၂ ရက်အထိ ကူဝိတ်နိုင်ငံတွင်ကျင်းပသည့် (၄၅)ကြိမ်မြောက်အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) သို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၄) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့်အတူ တက်ရောက်ခဲ့သည်။။ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ၁၁ ရက်တွင်ကျင်းပသည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီအထွေထွေညီလာခံသို့တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Timothy Fok က အဖွင့်မိန့်ခွန်းပြောကြားပြီး ကူဝိတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ Sheikh Fahad Al Sabah ၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Mr. Thomas Bach တို့က အမှာစကား ပြောကြားသည်။။မေလ ၁၂ ရက်တွင် အစည်းအဝေးဒုတိယနေ့ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် 44th OCA General Assembly အစည်းအဝေးမှတ်တမ်းအတည်ပြုခြင်း၊ အရှေ့၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် အာရှအနောက်ပိုင်းအစရှိသည့် ဇုန်(၅)ဇုန်၏ သက်ဆိုင်ရာဒုတိယဥက္ကဋ္ဌများက တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများကိုအတည်ပြုခြင်း၊ ကမ္ဘာ့တားမြစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့ဥက္ကဋ္ဌ Mr.Witold Banka က တင်ပြခြင်း၊ Hangzhou 2023 Asian Games Organizing Committee ၊ Harbin 2025 Asian Winter Games Organizing Committee ၊ Bahrain 2025 AYG Organizing Committee ၊ Aichi Nagoya 2026 AGOC နှင့် Riyadh 2026 Asian Indoor and Martial Art Games OC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အိုလံပစ်သွေးစည်းညီညွတ်ရေးနှင့် အမျိုးသားအိုလံပစ်ကော်မတီများအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖြည့်စွက်တင်ပြခြင်း၊ သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခြင်း၊ နောက်ကျင်းပမည့် General Assembly အတွက် နေ့ရက်နှင့်နေရာကိုသတ်မှတ်ခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများကို ပြုလုပ်ကြသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ မြန်မာ့ အားကစားအဆင့်အတန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ၊ အားကစားအဖွဲ့ချုပ်များ၏ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအတွက်အာရှအားကစားအဖွဲ့ချုပ် အသီးသီးမှတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးလည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လေ့ကျင့်မှုနေရာများနှင့်နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ(SEAGF Council)မှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/12A_56.jpg
Fri, 05/16/2025 - 10:18
mwd_webportal
https://www.myawady.net.mm/node/69199
ထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးများ စမ်းသပ်စစ်ဆေးသည့်ကိရိယာများဖြင့် သရုပ်ပြသစစ်ဆေး ခြင်းများဆောင်ရွက်ရန်မှာကြား
ထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးများ စမ်းသပ်စစ်ဆေးသည့်ကိရိယာများဖြင့် သရုပ်ပြသစစ်ဆေး ခြင်းများဆောင်ရွက်ရန်မှာကြား။နေပြည်တော် မေ ၁၅။စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပေါင်းကွင်း၌ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေတို့ကိုလှည့်လည်အားပေးကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းမှထုတ်လုပ်သည့် သံ၊ သံမဏိများအား ယခုကဲ့သို့ဈေးပွဲတော်များပြုလုပ်ရောင်းချစဉ် ထုတ်ကုန်ပစ္စည်းများ၏အရည် အသွေးများကို ပြည်သူများအား လက်တွေ့စစ်ဆေးစမ်းသပ် ဝယ်ယူနိုင်ရေးအတွက် အရည်အသွေးစမ်းသပ်စစ်ဆေးသည့် ကိရိယာများဖြင့် သရုပ်ပြသစစ်ဆေးခြင်းများဆောင်ရွက်သွားရန်၊ သံ၊ သံမဏိထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၏ အရည်အသွေးများအား စမ်းသပ်စစ်ဆေးရန် စက်ရုံအလိုက်ကိုယ်ပိုင်ဓာတ်ခွဲခန်းများဖြင့် စမ်းသပ်စစ်ဆေးနေသော်လည်း အရည်အသွေးအာမခံစနစ် ထူထောင်ထားရှိနိုင်ရေးနှင့်ပြည်သူများယုံကြည်စိတ်ချစွာဝယ်ယူအသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိထားသည့်ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေးသွားရန်မှာကြားသည်။။ညနေပိုင်းတွင်ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံ၊ အိမ်ရာ၊ စက်ရုံ/အလုပ်ရုံ၊ စက်မှုဇုန်များ၊ MSME များရှိ စက်ပစ္စည်းများအတွက် ပျက်စီးမှုအမျိုးအစားနှင့်ပျက်စီးမှုပုံစံများအလိုက် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် မြန်မာနိုင်ငံစက်နှင့်စက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်များပါဝင်သည့်SoP အား အတည်ပြုသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့်စက်မှုဝန်ကြီးဌာနမှ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်များ တက်ရောက်သည်။။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ/ အလုပ်ရုံ၊ MSME တို့ရှိ စက်ပစ္စည်းများ၊ ဘွိုင်လာများ၊ လျှပ်စစ်သွယ်တန်းမှုများနှင့်ပတ်သက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေတို့ကိုပြန်လည်ပြုပြင်ရန်အတွက်ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးနိုင်ရေးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများစစ်ဆေးရေးအဖွဲ့၊ စက်နှင့် စက်ပစ္စည်းများစစ်ဆေးရေးအဖွဲ့၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် အကဲဖြတ် သုံးသပ်ရေးအဖွဲ့တို့ကိုဖွဲ့စည်း၍ ကြီးကြပ်မှုအောက်ရှိ စက်ရုံ/ အလုပ်ရုံများသို့သွားရောက်၍ စစ်ဆေးစေခဲ့ကြောင်း။။စစ်ဆေးရေးအဖွဲ့အနေဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့်အခြေအနေများအပေါ်မူတည်၍ စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရေးဆွဲပြဋ္ဌာန်းရမည်ဖြစ်ကြောင်း ပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်ထံ စစ်ဆေးရေးအဖွဲ့များက စက်ရုံ/ အလုပ်ရုံများအား စစ်ဆေးခဲ့မှုအခြေအနေတို့ကို တင်ပြသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စက်နှင့် စက်ပစ္စည်းများပြုပြင်ရာတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်၌ ပါဝင်သင့်သည့်အချက်များအား Power Point ဖြင့်ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/11A_55.jpg
Fri, 05/16/2025 - 10:23
mwd_webportal
https://www.myawady.net.mm/node/69200
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒ ခံယူ
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒ ခံယူ။ရန်ကုန် မေ ၁၅။ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာ အေးဘုရားလမ်းနှင့် ဝင်္ဂဘာလမ်းထောင့်ရှိ အဆိုပါဆေးရုံကြီး ရာဇဂြိုလ်မင်္ဂလာခန်းမ၌ကျင်းပသည်။။ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရား တော်များကို နာယူကြသည်။။ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမောင်သန်းကနိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက်ထားပြီး တာဝန်ရှိသူများကဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။။ယင်းနောက်ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဩဝါဒကထာနှင့် အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။။အခမ်းအနားအပြီးတွင်ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။။အခမ်းအအနားသို့နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီး များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြကြောင်းသိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/3A_28.jpg
Fri, 05/16/2025 - 10:27
mwd_webportal
https://www.myawady.net.mm/node/69202
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း။၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့တွင် လျှောက်ထားနိုင်ပါသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…/files/15-25.JPG
Fri, 05/16/2025 - 11:08
mwd_webportal
https://www.myawady.net.mm/node/69203
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်များခေါ်ယူခြင်း
ပြည်တွင်းသတင်း
https://www.myawady.net.…/files/15-26.JPG
Fri, 05/16/2025 - 11:10
mwd_webportal
https://www.myawady.net.mm/node/69204
အာကာသအတွင်း ကမ္ဘာ့ပထမဆုံးထိပ်တန်းကွန်ပျူတာစနစ်ကို တည်ဆောက်ရန် တရုတ်က ဂြိုဟ်တု များလွှတ်တင်
အာကာသအတွင်း ကမ္ဘာ့ပထမဆုံးထိပ်တန်းကွန်ပျူတာစနစ်ကို တည်ဆောက်ရန် တရုတ်က ဂြိုဟ်တု များလွှတ်တင်။ပေကျင်း၊ နည်းပညာ။တရုတ်နိုင်ငံသည် အာကာသအတွင်း ကမ္ဘာ့ပထမဆုံးသော ထိပ်တန်းကွန်ပျူတာစနစ်ကိုတည်ဆောက်ရန် ဂြိုဟ်တုများကိုလွှတ်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုလွှတ်တင်သော ဂြိုဟ်တုများသည် ထိပ်တန်းကွန်ပျူတာစနစ်အတွက် ပထမအသုတ်ဖြစ်သည်။။အသိဉာဏ်မြင့်မားသောတွက်ချက်မှု စနစ်များနှင့် ဂြိုဟ်တုအချင်းချင်းဆက် သွယ်ရေးကွန်ရက်များပါဝင်သည့် ဂြိုဟ် တု ၁၂ လုံးကို Long March 2D ဒုံးပျံဖြင့် တင်ဆောင်၍ မေလ ၁၄ ရက်မွန်းလွဲပိုင်း တွင်လွှတ်တင်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာတစ်စောင်က ဖော်ပြ ထားသည်။။အဆိုပါထိပ်တန်းကွန်ပျူတာစနစ်ကို အပိုင်းသုံးပိုင်းဖြင့်တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းသို့တည်ဆောက်မှုပြီးစီးပါက ထိုစနစ်သည် မြေပြင်ရှိထိပ်တန်းကွန်ပျူ တာများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်ကာ လိုချင်သည့်အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီထုတ်ပေးနိုင်။မည်ဖြစ်ကြောင်းနှင့် ၎င်း၏လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းသည် တစ်စက္ကန့်လျှင် လုပ်ငန်းလုပ်ဆောင်နိုင်မှုပေါင်း ၁ ကွင်တီ လီယံအထိရှိကြောင်း သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။။အာကာသအတွင်း အချက်အလက် ဆိုင်ရာဗဟိုဌာနများကို တည်ဆောက်ရာတွင် လည်ပတ်ရန်လိုအပ်သောစွမ်းအင် ကို နေရောင်ခြည်မှရယူကာ အပူကိုလည်း အာကာသအတွင်းသို့စွန့်ထုတ်နိုင်သဖြင့် စွမ်းအင်လိုအပ်ချက်နှင့် ကာဗွန်ဓာတ်ငွေ့ ထွက်ရှိမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။။Ref: SCMP
နိုင်ငံတကာသတင်း
https://www.myawady.net.…files/23A_84.jpg
Fri, 05/16/2025 - 11:11
mwd_webportal
https://www.myawady.net.mm/node/69205
ဂျာမနီက စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းနိုင်ဖွယ်ရှိဟုဆို
ဂျာမနီက စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းနိုင်ဖွယ်ရှိဟုဆို။ဘာလင်၊ ပြည်တွင်းရေး။ဂျာမနီအစိုးရအနေဖြင့် တပ်မတော် သို့ဝင်ရောက်အမှုထမ်းသူဦးရေ နည်းပါး လာပါက စစ်မှုထမ်းဥပဒေ ကိုပြန်လည် အသက်သွင်းနိုင်ဖွယ်ရှိကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်က ပြောသည်။။ဂျာမနီနိုင်ငံသည် စစ်မှုထမ်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ် သော်လည်း လက်ရှိ ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ထိုဥပဒေကိုပြန်လည်ပြဋ္ဌာန်းရန် စဉ်းစား လာခြင်းဖြစ်သည်။။လက်ရှိတွင် မိမိသဘောဆန္ဒအရ စစ်မှုထမ်းလိုသူများအပေါ်တွင်သာ မှီခိုရန် အစိုးရအနေဖြင့် သဘော တူထားသော်လည်း လိုအပ်သည့်စစ်မှုထမ်းအင်အားမရရှိပါက စစ်မှုထမ်းဥပဒေ ကိုပြဋ္ဌာန်းရမည်ဖြစ် ကြောင်း၊ နိုင်ငံအနေဖြင့် ၂၀၃၁ ခုနှစ် အရောက်တွင် တန်းပြည့်စစ်မှုထမ်းအင် အား ၁၈၀၀၀၀ မှ ၂၀၀၀၀၀ အထိရရှိရန် စီစဉ်ထားကြောင်း၊ ယခုပထမသုံးလပတ် တွင် စစ်မှုထမ်းရန်လျှောက်ထားသူ ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပစ္စတိုး ရီးယပ်ကပြောထားသည်။။Ref: RT
နိုင်ငံတကာသတင်း
https://www.myawady.net.…files/23B_73.jpg
Fri, 05/16/2025 - 11:13
mwd_webportal
https://www.myawady.net.mm/node/69206
လျှပ်စစ်စွမ်းအင်လည်းသုံးတယ်... မောင်းသူလည်းမဲ့တယ်... ကမ္ဘာ့အကြီးဆုံးလည်းဖြစ်တဲ့ သတ္တုတွင်း လုပ်ငန်းသုံးယာဉ်စုကိုအသုံးပြုလာတဲ့ တရုတ်
လျှပ်စစ်စွမ်းအင်လည်းသုံးတယ်... မောင်းသူလည်းမဲ့တယ်... ကမ္ဘာ့အကြီးဆုံးလည်းဖြစ်တဲ့ သတ္တုတွင်း လုပ်ငန်းသုံးယာဉ်စုကိုအသုံးပြုလာတဲ့ တရုတ်။တရုတ်နိုင်ငံကမောင်းသူမဲ့နည်းပညာပိုင်းမှာခေတ်ရှေ့ကိုတော်တော်‌လေးရောက်လာနေတဲ့ နိုင်ငံတစ်ခုလို့ဆိုနိုင်ပါတယ်။ အခုဆိုရင်တရုတ်နိုင်ငံရဲ့ စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဟွာနန်းအုပ်စုက လျှပ်စစ်စွမ်းအင်အသုံးပြုထားရုံသာမကမောင်းသူမဲ့လည်းဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးသောသတ္တုတွင်းလုပ်ငန်းသုံးယာဉ်စုကို အတွင်းပိုင်းမွန်ဂိုလီးယားဒေသမှာ စတင်အသုံးပြုလိုက်ပါပြီ။ အဲဒီလုပ်ငန်းသုံးယာဉ်စုမှာ ယာဉ်အစီးရေ ၁၀၀ အထိပါဝင်ပါတယ်။ ဒီလုပ်ငန်းသုံးယာဉ်တွေမှာ ဟွားဝေနည်းပညာကုမ္ပဏီရဲ့ မောင်းသူမဲ့စနစ်များကို တပ်ဆင်အသုံးပြုထားတာပါ။ ဒီလိုမျိုးစနစ်ပါဝင်တဲ့ ကမ္ဘာ့အကြီးဆုံးသော ယာဉ်စုကိုထုတ်ဖော်ပြသလိုက်ခြင်းဟာ တရုတ်နိုင်ငံအနေနဲ့ သမားရိုးကျစက်မှုလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှုဆီ အရှိန်အဟုန်နဲ့ရောက်ရှိလာပြီ ဖြစ်တဲ့အကြောင်း ဖော်ညွှန်းပြသနေတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။။ဒါ့အပြင် ဒီလုပ်ငန်းသုံးယာဉ်တွေက အဆင့်မြင့် နည်းပညာတွေပိုမိုတိုးတက်လာနေပြီဆိုတာရဲ့ ပြယုဂ် တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီနည်းပညာတွေထဲမှာ 5G-A ဆက်သွယ်ရေး၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ မျှဝေတွက်ချက်မှုစနစ်များ၊ စမတ်ဘက်ထရီလဲလှယ် မှုစနစ်နဲ့ တိကျမှုမြင့်မားတဲ့မြေပုံစနစ်များပါဝင်ပါ တယ်။ အခုလိုမျိုး စီမံကိန်းကိုအကောင်အထည်ဖော် ရခြင်းဟာ တရုတ်တာဝန်ရှိသူများသာမက ဆိပ်ကမ်း တာဝန်ရှိသူများမှသည် ကျောက်မီးသွေးတွင်းလုပ်ငန်း ရှင်များအထိပါဝင်တဲ့အုပ်စုကြီးရဲ့ တွန်းအားပေးမှု ကြောင့်ဖြစ်ပါတယ်။။အခုအသုံးပြုလိုက်တဲ့ လုပ်ငန်းသုံးယာဉ်တွေက သတ္တုတွင်းပစ္စည်းတွေတင်ခြင်း၊ ချခြင်းကိုကိုယ့်ဘာ သာကိုယ်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဒါ့အပြင် ရာသီဥတုပြင်းထန်တဲ့ပတ်ဝန်းကျင်တွေမှာလည်းလုပ်ငန်းတာဝန်များကိုထမ်းဆောင်နိုင်ပါတယ်။ ဒီလိုမျိုးယာဉ်တွေကိုအသုံးပြုခြင်းက လူမောင်းလုပ်ငန်းသုံးယာဉ်တွေကိုအသုံးပြုခြင်းထက် သယ်ယူပို့ဆောင်ရာမှာ ၂၀ ရာခိုင်နှုန်းပိုမိုတိုးတက်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။။အခုလုပ်ငန်းသုံးယာဉ်တွေမှာအသုံးပြုထားတဲ့ ဆက်သွယ်ရေးနည်းပညာက သာမန် 5G ဆက်သွယ်ရေးစနစ်ထက်မြင့်မားတဲ့ 5.5G သို့မဟုတ် အဆင့်မြင့် 5G နည်းပညာဖြစ်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က အလွန်မြန်ဆန်တဲ့အမြန်နှုန်းနဲ့ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပြီး ဒေါင်းလုတ်အတွက်အမြန်နှုန်းက တစ်စက္ကန့် ကို ၁၀ ဂစ်ဂါဘစ်နဲ့ အပ်လုတ်အတွက်အမြန်နှုန်းက တစ်စက္ကန့်ကို ၁ ဂစ်ဂါဘစ်ရှိပါတယ်။။လက်ရှိထုတ်ဖော်မိတ်ဆက်လိုက်တဲ့ မောင်းသူမဲ့ လုပ်ငန်းသုံးယာဉ်စုက ပထမအဆင့်ပဲရှိပါသေးတယ်။ လာမယ့်သုံးနှစ်အတွင်း ယီမင်းကျောက်မီးသွေးတွင်း မှာ အဲဒီလိုမျိုးယာဉ်အစီးရေ ၃၀၀ အထိအသုံးပြုသွား ဖို့စီစဉ်ထားတယ်လို့ ဟွားဝေကုမ္ပဏီမှမားကတ်တင်း ဒုတိယဥက္ကဋ္ဌကပြောပါတယ်။ ဒါ့အပြင်တရုတ်အမျိုးသားကျောက်မီးသွေးအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ ဆိုရင် ဒီနှစ်အကုန်ပိုင်းမှာ နိုင်ငံတစ်ဝန်း၌ မောင်းသူမဲ့လုပ်ငန်းသုံးယာဉ်အစီးရေ ၅၀၀၀ အထိရှိလာနိုင်ပြီး ၂၀၂၆ ခုနှစ်မှာတော့ အစီးရေ ၁၀၀၀၀ အထိရှိလာနိုင် တယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေး တွင်းပေါင်း ၄၃၀၀ ခန့်ရှိကာပြီးခဲ့တဲ့နှစ်အတွင်းကမ္ဘာပေါ်မှာကျောက်မီးသွေးအများဆုံးထုတ်လုပ်သူ အဖြစ်ရပ်တည်နေပါတယ်။။Ref: SCMP K.H
နိုင်ငံတကာသတင်း
https://www.myawady.net.…files/22C_54.jpg
Fri, 05/16/2025 - 11:18
mwd_webportal
https://www.myawady.net.mm/node/69207
ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များအသုံးပြုလာမယ့် ဗြိတိန်နိုင်ငံ
ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များအသုံးပြုလာမယ့် ဗြိတိန်နိုင်ငံ။ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်များကို ထုတ်လုပ်နေတဲ့ ZeroAvia ကုမ္ပဏီက ကာဗွန်ထုတ် လွှတ်မှု လုံးဝမရှိတဲ့လေယာဉ်တွေကိုစီးပွားဖြစ်အသုံးပြုနိုင်ဖို့အတွက်ခြေတစ်လှမ်းနီးစပ်လာပြီလို့ဆိုနိုင်ပါတယ်။ အကြောင်း ရင်းကတော့ လေကြောင်းမှကုန်ပစ္စည်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းမှာ ကမ္ဘာ့ပထမဆုံး သော ဟိုက် ဒရိုဂျင်- လျှပ်စစ်စွမ်းအင်သုံး ကုန်တင်လေယာဉ်များ ကိုအသုံးပြုလာနိုင် တော့မှာဖြစ်တဲ့ အတွက်ပါပဲ။။အဲဒီလေယာဉ်ကို ပထမဆုံးအသုံးပြုမယ့်နိုင်ငံ ကဗြိတိန်နိုင်ငံပါ။ ZeroAvia ကုမ္ပဏီနဲ့ လေကြောင်း ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ RVL Aviation တို့ ပူးပေါင်းပြီး ဒီလေယာဉ်ကိုပွဲဦးထွက်ထုတ်ဖော်ပြသ သွားမှာဖြစ်ပါတယ်။ လေယာဉ်တည်ဆောက်မှုကို တော့ ပုံစံအသစ်ပေါ်မှာတည်ဆောက်ထားတာမျိုး မဟုတ်ဘဲ သမားရိုးကျ Cessna Grand Caravans လေယာဉ်ကို ZeroAvia ရဲ့ ZA600 အမျိုးအစား ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်းအင်သုံးအင်ဂျင်ထည့်ပေး ထားတာဖြစ်ပါတယ်။။ဒီလေယာဉ်မှာအသုံးပြုမယ့်နည်းပညာကိုဖန်တီး လာတာက နှစ်ပေါင်းများစွာကြာနေပါပြီ။ Zero-Avia က ဒီနည်းပညာကို Dornier 228 လေယာဉ်မှာ အမျိုးမျိုးစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးပါပြီ။ သူတို့ အနေနဲ့ ဒီနည်းပညာကိုတီထွင်ရခြင်းရဲ့အဓိကပန်း တိုင်ကိုက လေယာဉ်အသစ်များကိုတည်ဆောက် မယ့်အစား ရှိပြီးသားလေယာဉ်အဟောင်းတွေကိုပဲ ဒီနည်းပညာတွေတပ်ဆင်ပေးနိုင်ဖို့ကို အဓိကထား တာဖြစ်ပါတယ်။ အခုလိုမျိုးလုပ်ဆောင်ရတဲ့နည်း လမ်းက အချိန်တိုအတွင်းတပ်ဆင်နိုင်တယ်။ ကုန် ကျစရိတ်လည်းသက်သာနိုင်တယ်။ ပြီးတော့ လေ ယာဉ်မောင်းသူများအတွက်လည်း ပိုပြီးလိုက်လျော ညီထွေရှိစေပါတယ်။။လက်ရှိအချိန်မှာတော့ ဟိုက်ဒရိုဂျင်-လျှပ်စစ်စွမ်း အင်သုံးကုန်တင်လေယာဉ်ပျံသန်းမယ့်အစီအစဉ်က အထမမြောက်သေးပါဘူး။ ZA600 အမျိုးအစားအင် ဂျင်ကို တာဝန်ရှိသူများကအတည်ပြုပေးရဦးမှာဖြစ် ပါတယ်။။Ref: IEK.H
နိုင်ငံတကာသတင်း
https://www.myawady.net.…files/22A_77.jpg
Fri, 05/16/2025 - 11:20
mwd_webportal
https://www.myawady.net.mm/node/69208
မာလိန်မှူးမပါတဲ့ ကမ္ဘာ့ပထမဆုံးအဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်လာတဲ့ ဒိန်းမတ်
မာလိန်မှူးမပါတဲ့ ကမ္ဘာ့ပထမဆုံးအဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်လာတဲ့ ဒိန်းမတ်။ဒိန်းမတ်နိုင်ငံကလည်း ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ အဝေးထိန်းသင်္ဘောစနစ်ကို ပထမဆုံးစမ်းသပ်မှုတွေ လုပ်ဆောင်လာပါပြီ။ အဲဒီစနစ်က မာလိန်မှူးတွေအနေနဲ့ သင်္ဘောပေါ်ကိုယ်တိုင် လိုက်ပါစရာမလိုဘဲ ကမ်းပေါ်မှနေ၍ အချိန်နဲ့တစ် ပြေးညီရရှိတဲ့အချက်အလက်များကိုအသုံးပြုပြီးသင်္ဘောကို မောင်းနှင်နိုင် စေမယ့်စနစ်တစ်မျိုးဖြစ်ပါတယ်။။ဒီအစီအစဉ်ကို DanPilot ဆိုတဲ့ကုမ္ပဏီနဲ့ ရေ ကြောင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Danelec တို့က ပူးတွဲအကောင်အထည်ဖော်တာဖြစ်ပါတယ်။ အခုဆိုရင် သူတို့အနေနဲ့ ဒိန်းမတ်အရေးပေါ်စီမံခန့် ခွဲရေးအေဂျင်စီကနေ သူတို့ရဲ့စနစ်ကိုလက်တွေ့စမ်း သပ်ဖို့အတွက် ခွင့်ပြုမိန့်ရရှိထားပါတယ်။ ဒါ့အပြင် ဒီအစီအစဉ်က ကမ္ဘာ့ရေကြောင်းသွားလာမှုလုပ်ငန်းကြီးတစ်ခုလုံးအတွက် အလှည့်အပြောင်းတစ်ခုဖြစ် လာနိုင်ပါတယ်။။ဒီစနစ်ကိုအသုံးပြုတဲ့အခါ မာလိန်မှူးက ကမ်း ပေါ်မှာရှိတဲ့ ထိန်းချုပ်ရေးစင်တာမှာထိုင်ပြီး သင်္ဘော ဆီကနေ အချိန်နဲ့တစ်ပြေးညီရရှိတဲ့ အချက်အလက် များအပေါ်အခြေခံကာ သင်္ဘောကိုအဝေးထိန်းစနစ် နဲ့ထိန်းချုပ်မောင်းနှင်စေမှာဖြစ်ပါတယ်။ ဒီလိုမျိုး မောင်းနှင်ရတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ် ရှိမှုတွေကိုလျှော့ချနိုင်မယ်။ စွမ်းဆောင်ရည်ကိုတိုး တက်စေမယ်။ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျော့ကျစေမယ်။ အထူးသဖြင့် သင်္ဘောလမ်းကြောင်း ကျပ်တဲ့နေရာတွေနဲ့ သင်္ဘောပေါ်တက်ဖို့ခက်ခဲတဲ့ အခြေအနေမျိုးတွေမှာ ဒီစနစ်ကတော်တော်လေးကို အသုံးဝင်စေမှာပါ။။အခုစမ်းသပ်မယ့်အစီအစဉ်က ၁၈ လကြာမြင့် မှာဖြစ်ပါတယ်။ ဒီအတောအတွင်း ဒိန်းမတ်ရေပြင် ထဲမှာပဲ အဲဒီစနစ်နဲ့သင်္ဘောကိုစမ်းသပ်မောင်းနှင်မှု ပေါင်း ၅၀ အထိလုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ရေစူး ၁၃ မီတာရှိတဲ့ သင်္ဘောတွေနဲ့ပဲ အဓိကထားစမ်း သပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။။Ref: IE K.H
နိုင်ငံတကာသတင်း
https://www.myawady.net.…files/22B_66.jpg
Fri, 05/16/2025 - 11:21
mwd_webportal
https://www.myawady.net.mm/node/69210
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြား
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြား။နေပြည်တော် မေ ၁၅။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။။ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များက အခမ်း အနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စက်ခလုတ်နှိပ် ဖွင့်လှစ်‌ပေးသည်။။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက မြေစိုက်ပိုစတာအား ‌အမွှေးနံ့သာများ ပက်ဖျန်းကြပြီး ပုသိမ်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး များနှင့်တွေ့ဆုံကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။။ယင်းနောက် လပွတ္တာမြို့နယ် ရေဆိုင်ကျေးရွာအုပ်စု စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချ သုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့‌‌ရောက်ရှိပြီး ခိုင်းကျွဲများ တိုးတက်မွေးမြူ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊ ခိုင်းကျွဲ၊ နွားအစာ ထုတ်လုပ်ကျွေးမွေးခြင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြား၍ လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်းလပွတ္တာလီမိတက်သို့ သွားရောက်ပြီး ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်ပုံအဆင့်ဆင့် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုသည်။။ဆက်လက်၍ လပွတ္တာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံများနှင့် ငါး၊ ပုစွန်၊ ကဏန်း လုပ်ငန်းရှင်များက မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။။ထို့နောက် စူပါရွှေကဏန်း မွေးမြူရေး လုပ်ငန်းသို့သွားရောက်၍ ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်နေမှု‌များကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေးသည်။။ယင်းနောက် လပွတ္တာမြို့နယ် ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားတွင် တည်ဆောက် ရေး (၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေငန်တားတာများ တည်ဆောက် ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ ပေ X ၆ ပေ) လေးပေါက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။။ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီး အတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆန်လျှော်)မျိုးစေ့များနှင့် မျိုးစေ့ချ ကိရိယာ(Drum Seeder)များ ပေးအပ်သည်။။ထို့နောက် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း တည်ဆောက်မည့် မြေနေရာအတွက် မြေပေးမိန့်ကို လပွတ္တာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကပေးအပ်ရာကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာစကား ပြောကြားကာ ဒုံးယိမ်းအက အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/165161.jpg
Fri, 05/16/2025 - 11:48
admin_webportal
https://www.myawady.net.mm/node/69211
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များ ပြုပြင်မွမ်းမံရေး လုပ်ငန်း ဆောင်ရွက်
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်။နေပြည်တော် မေ ၁၅။သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်ရင်ပြင်တော်တက်လမ်း ယာယီအာရုံခံ တန်ဆောင်း၌ မန္တလေးငလျင်ကြီးကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ် ထိခိုက်ပျက်စီးခဲ့မှုများ၊ ပြုပြင်မွမ်းမံရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေးလုပ်ငန်း ကော်မတီအနေဖြင့် ရင်ပြင်တော် ကျောက်ပြားများ ဖယ်ရှားခြင်း၊ ဆယ်တင်ခြင်း၊ စုပုံခြင်းလုပ်ငန်းများကို အလေးထားကြီးကြပ်သွားရန်၊ ဓာတ်လှေကားများ ပြန်လည်တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်၊ ရင်ပြင်တော် အရှေ့မြောက်ထောင့်ရှိ ဆုတောင်းပြည့်စေတီတော် ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန်၊ ရင်ပြင်တော်ပေါ်ရှိ ပေ ၇၀ x ပေ ၁၄၀ ရှိ ဓမ္မာရုံအား ဖျက်သိမ်းသွားရန်၊ စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၊ ပိဋကတ်ပြတိုက်၊သံဃာရာမကျောင်းဆောင်များအား ပြင်ဆင်နိုင်ရေး ဆောင်ရွက်နိုင်ရန်နှင့် စေတီတော်ကြီး ပြုပြင်မွမ်းမံနိုင်ရေး အတွက် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေများရရှိနိုင်ရေး စီမံဆောင်ရွက် ထားရှိသွားရန်နှင့် ပြုပြင်မွမ်းမံနိုင်ရေး ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများကို အစဉ်မပြတ် တင်ပြသွားရန် မှာကြားသည်။။ယင်းနောက် ဥပ္ပါတသန္တိစေတီတော် ပြုပြင်မွမ်းမံရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်(၁) ဦးထွန်းထွန်းက စက်ယန္တရားများဖြင့် ရင်ပြင်တော်ပေါ်တွင် ဆောင်ရွက်နေမှု အခြေအနေများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိက ယနေ့ထိ စစ်သည်အင်အား ၁၀၀၀ ဖြင့် ကျောက်ပြားများခွာယူ ဆယ်တင်ခြင်း၊ စုပုံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အနောက်တောင် ဓာတ်လှေကားစက်များကို ဖျက်သိမ်းပြီး အရှေ့တောင် ဓာတ်လှေကားနှင့် ပေါင်းစပ်၍ အသစ်ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေး နည်းပညာ အထောက်အကူပြု ဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁) ဦးခင်မောင်လတ်က ရင်ပြင်တော်အရှေ့မြောက်ဘက်မှ ပေ ၆၄၀ အရှည်ရှိသော ရင်ပြင်တော်တက်လမ်း ဖောက်လုပ်လျက်ရှိမှု၊ စက်သုံးဆီ လိုအပ်မှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယန္တရားများဖြင့် ရင်ပြင်တော်တက်လမ်း ဖောက်လုပ်နေမှုကို လိုက်လံကြည့်ရှုပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပင်မစေတီတော်၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်ထိခိုက် ပျက်စီးခဲ့မှုများ၊ ပြုပြင်မွမ်းမံရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/165162.jpg
Fri, 05/16/2025 - 11:52
admin_webportal
https://www.myawady.net.mm/node/69212
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနား ကျင်းပရက် ပြောင်းလဲသတ်မှတ်
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနား ကျင်းပရက် ပြောင်းလဲသတ်မှတ်။နေပြည်တော် မေ ၁၅။သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၇ ခုနှစ် ကဆုန်လပြည့်ကျော် ၉ ရက်၊ ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်(အစား) ၁၃၈၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ပြောင်းလဲကျင်းပမည်ဖြစ်သည်။။အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များ အပါအဝင် ပင့်သံဃာ ၃၁ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋကကောဝိဒ ၁ ပါး၊ ဒီဃနိကာယကောဝိဒ ၂ ပါး၊ ဒီဃဘာဏက ၁၁ ပါး၊ ဝိနယကောဝိဒ ၁ ပါး၊ ဝိနယဓရ ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ၄၆ ပါး၊ စာအောင်သံဃာ ၉၇ ပါး တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်သဖြင့် အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူး စာမေးပွဲဌာနခွဲ သာသနာရေးဦးစီးဌာန ဖုန်း-၀၉-၈၈၀ ၅၆၀၇၉၀၊ ၀၉-၄၃၀၆၇၁၆၈သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/165171_0.jpg
Fri, 05/16/2025 - 11:56
admin_webportal
https://www.myawady.net.mm/node/69213
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဖိုရမ်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖိုရမ်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။နေပြည်တော် မေ ၁၅။ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း (Rebuilding Myanmar : Post-Earthquake Economic Recovery) ဖိုရမ် ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။။အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးငလျင်ကြီး ခံစားရပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံတော်အဆင့် ဖိုရမ် တစ်ခုကို နိုင်ငံတကာပညာရှင်များ အပါအဝင် ပြည်တွင်းပညာရှင်များဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုဖိုရမ်မှလည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့် ရလဒ်များရရှိနိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မန္တလေးငလျင်ဖြစ်ပွားခဲ့သည့် အတွက် အစိုးရအဆောက်အအုံများ၊ ပုဂ္ဂလိကအဆောက်အအုံများ ပျက်စီးခဲ့ပြီး စီးပွားရေးနှင့် ပတ်သက်၍ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ထုတ်လုပ်ရေးကဏ္ဍတို့တွင်လည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ယခု ဖိုရမ်ကျင်းပခြင်းဖြင့် စီးပွားရေးကဏ္ဍ အပါအဝင် ကဏ္ဍအချို့ကို ယခုကျင်းပမည့် ဖိုရမ်မှ ထွက်ပေါ်လာသည့် ရလဒ်များက အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။။ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က ဖိုရမ်ကျင်းပရေးနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်၊ ဆွေးနွေးမည့် ခေါင်းစဉ်များ၊ တက်ရောက်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ၊ ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။။ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာ ဒေါက်တာဇော်ဦး၊ ဒေါ်ခိုင်ခိုင်နွယ်တို့က ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။။အဆိုပါ ဖိုရမ်တွင် မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ၊ စီးပွားရေး ပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ စီးပွားရေးပြန်လည် ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း ဟူသည့် ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးကြမည် ဖြစ်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများအား ပြန်လည်ထူထောင် အားကောင်းလာစေရန်၊ငလျင်ဘေးအလွန် ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ပြည်ပ ဈေးကွက် စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေး ပိုမို။ကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား သိရှိနိုင်စေရန်၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေး အခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည် ဖြစ်ကြောင်းနှင့် ဖိုရမ်သို့ စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင် တက်ရောက်နိုင်ကြောင်း သိရသည်။။အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကို၊ ဒါရိုက်တာ ဒေါက်တာဇော်ဦး၊ UMFCCI အထွေထ ွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက Video Conferencing ဖြင့် တက်ရောက်ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/165172.jpg
Fri, 05/16/2025 - 12:02
admin_webportal
https://www.myawady.net.mm/node/69214
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ။နေပြည်တော် မေ ၁၅။ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့မဈေးအနီးနှင့် ရေပန်းဥယျာဉ်မုခ်ဦးအနီး၌ သီးခြားစီကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။။ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ သည့် ကျောင်းဆောင်များ၏ ပြုပြင်တည်ဆောက်နေမှု အခြေအနေများ၊ ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းဖွင့်ချိန်အမီ အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ရေ၊ မီး ရရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်စင်ခန်းများ တည်ဆောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့်သန့်ရှင်းသာယာရေးတို့အတွက် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးသည်။။ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားသည်ဖြစ်ရာ စနစ်တကျကြိုတင်ပြင်ဆင် ထားကြရန်လိုကြောင်း ပြောကြားပြီး ကျောင်းအပ်နှံရေး အတွက် ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြောင်း သတင်းရရှိသည်။
ပညာရေးကဏ္ဍ
https://www.myawady.net.…files/165173.jpg
Fri, 05/16/2025 - 12:07
admin_webportal
https://www.myawady.net.mm/node/69215
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံမှ ဩဝါဒခံယူ
ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူ။ရန်ကုန် မေ ၁၅။ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့၏ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဝင်္ဂဘာလမ်းထောင့်ရှိ အဆိုပါဆေးရုံကြီး ရာဇဂြိုလ်မင်္ဂလာ ခန်းမ၌ကျင်းပသည်။။ဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြသည်။။ထို့နောက် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး (ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမောင်သန်းက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ တင်ပြလျှောက် ထားပြီး တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။။ယင်းနောက် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဩဝါဒကထာနှင့် အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။။အခမ်းအနားအပြီးတွင် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။။အခမ်းအအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဇီဝိတဒါနသံဃာ့ ဆေးရုံကြီး(ရန်ကုန်) အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညို ကြကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…les/165111_0.jpg
Fri, 05/16/2025 - 12:13
admin_webportal
https://www.myawady.net.mm/node/69216
ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများ စမ်းသပ်စစ်ဆေးသည့် ကိရိယာများဖြင့် သရုပ်ပြသ စစ်ဆေးခြင်းများ ဆောင်ရွက်ရန် မှာကြား
ထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးများ စမ်းသပ်စစ်ဆေးသည့်ကိရိယာများဖြင့် သရုပ်ပြသစစ်ဆေးခြင်းများဆောင်ရွက်ရန်မှာကြား။နေပြည်တော် မေ ၁၅။စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပေါင်းကွင်း၌ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ခင်းကျင်းပြသ ရောင်းချနေမှု အခြေအနေတို့ကိုလှည့်လည်အားပေး ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းမှထုတ်လုပ်သည့် သံ၊ သံမဏိများအား ယခုကဲ့သို့ဈေးပွဲတော်များ ပြုလုပ်ရောင်းချစဉ် ထုတ်ကုန်ပစ္စည်းများ၏ အရည် အသွေးများကို ပြည်သူများအား လက်တွေ့စစ်ဆေး စမ်းသပ် ဝယ်ယူနိုင်ရေးအတွက် အရည်အသွေး စမ်းသပ်စစ်ဆေးသည့် ကိရိယာများဖြင့် သရုပ်ပြသစစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ သံ၊ သံမဏိထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၏ အရည်အသွေးများအား စမ်းသပ်စစ်ဆေးရန် စက်ရုံအလိုက်ကိုယ်ပိုင် ဓာတ်ခွဲခန်းများဖြင့် စမ်းသပ်စစ်ဆေးနေသော်လည်း အရည်အသွေး အာမခံစနစ် ထူထောင်ထားရှိနိုင်ရေးနှင့် ပြည်သူများယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေးသွားရန် မှာကြားသည်။။ညနေပိုင်းတွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံ၊ အိမ်ရာ၊ စက်ရုံ/အလုပ်ရုံ၊ စက်မှုဇုန်များ၊ MSME များရှိ စက်ပစ္စည်းများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်အဆင့်မြှင့်တင် ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် မြန်မာနိုင်ငံစက်နှင့်စက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် ရေးဆွဲထုတ်ပြန်နိုင်ရေး အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်များ ပါဝင်သည့် SoP အား အတည်ပြုသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် စက်မှုဝန်ကြီးဌာနမှ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်များ တက်ရောက်သည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ/ အလုပ်ရုံ၊ MSME တို့ရှိ စက်ပစ္စည်းများ၊ ဘွိုင်လာများ၊ လျှပ်စစ်သွယ်တန်းမှုများနှင့် ပတ်သက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေတို့ကို ပြန်လည်ပြုပြင်ရန်အတွက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးနိုင်ရေးအတွက် မြို့ပြအင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများ စစ်ဆေးရေးအဖွဲ့၊ စက်နှင့် စက်ပစ္စည်းများ စစ်ဆေးရေးအဖွဲ့၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် အကဲဖြတ် သုံးသပ်ရေးအဖွဲ့တို့ကိုွဲ့စည်း၍ ကြီးကြပ်မှုအောက်ရှိ စက်ရုံ/ အလုပ်ရုံများသို့ သွားရောက်၍ စစ်ဆေးစေခဲ့ကြောင်း။။စစ်ဆေးရေးအဖွဲ့အနေဖြင့် စစ်ဆေးတွေ့ရှိခဲ့သည့် အခြေအနေများအပေါ်မူတည်၍ စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရေးဆွဲပြဋ္ဌာန်းရမည်ဖြစ်ကြောင်း ပြောကြားသည်။။ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်ထံ စစ်ဆေးရေးအဖွဲ့များက စက်ရုံ/ အလုပ်ရုံများအား စစ်ဆေးခဲ့မှု အခြေအနေတို့ကို တင်ပြသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စက်နှင့် စက်ပစ္စည်းများပြုပြင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်၌ ပါဝင်သင့်သည့်အချက်များအား Power Point ဖြင့်ရှင်းလင်းပြီး နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/165112.jpg
Fri, 05/16/2025 - 12:18
admin_webportal
https://www.myawady.net.mm/node/69217
(၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်
(၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံသို့ ပြည်ထောင်စုဝန်ကြီးJeng Phangနော်တောင် တက်ရောက်။ရန်ကုန် မေ ၁၅။မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မေလ ၁၁ ရက်မှ ၁၂ ရက်အထိ ကူဝိတ်နိုင်ငံတွင် ကျင်းပသည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ၏ အထွေထွေညီလာခံ (45th OCA General Assembly Kuwait) သို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အတူ တက်ရောက်ခဲ့သည်။။ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ၁၁ ရက်တွင် ကျင်းပသည့် (၄၅)ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရာ အာရှအိုလံပစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Timothy Fok က အဖွင့်မိန့်ခွန်း ပြောကြားပြီး ကူဝိတ်အိုလံပစ် ကော်မတီဥက္ကဋ္ဌ Sheikh Fahad Al Sabah ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Mr. Thomas Bach တို့က အမှာစကား ပြောကြားသည်။။မေလ ၁၂ ရက်တွင် အစည်းအဝေး ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် 44th OCA General Assembly အစည်းအဝေးမှတ်တမ်းအတည်ပြုခြင်း၊ အရှေ့၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာရှအလယ်ပိုင်းနှင့် အာရှအနောက်ပိုင်းအစရှိသည့် ဇုန်(၅)ဇုန်၏ သက်ဆိုင်ရာ ဒုတိယဥက္ကဋ္ဌများက တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကိုအတည်ပြုခြင်း၊ ကမ္ဘာ့တားမြစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr.Witold Banka က တင်ပြခြင်း၊ Hangzhou 2023 Asian Games Organizing Committee ၊ Harbin 2025 Asian Winter Games Organizing Committee ၊ Bahrain 2025 AYG Organizing Committee ၊ Aichi Nagoya 2026 AGOC နှင့် Riyadh 2026 Asian Indoor and Martial Art Games OC မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၊ အိုလံပစ်သွေးစည်း ညီညွတ်ရေးနှင့် အမျိုးသားအိုလံပစ်ကော်မတီများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖြည့်စွက်တင်ပြခြင်း၊ သက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြခြင်း၊ နောက်ကျင်းပမည့် General Assembly အတွက် နေ့ရက်နှင့်နေရာကို သတ်မှတ်ခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်းများကို ပြုလုပ်ကြသည်။။ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၏ မြန်မာ့ အားကစားအဆင့်အတန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာ၊ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှုများ၊ အားကစားအဖွဲ့ချုပ်များ၏ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များအတွက် အာရှအားကစားအဖွဲ့ချုပ် အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးလည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ စနစ်တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လေ့ကျင့်မှုနေရာများနှင့် နေထိုင်စားသောက်မှုဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ထိုင်းနိုင်ငံ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ(SEAGF Council)မှ တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/165121.jpg
Fri, 05/16/2025 - 12:36
admin_webportal
https://www.myawady.net.mm/node/69218
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ တရားမဝင် ကုန်ပစ္စည်းတင် ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ တရားမဝင်ကုန်ပစ္စည်းတင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ။နေပြည်တော် မေ ၁၅။တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။။ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလ ၁၄ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့၊ (၃)မိုင်လမ်းဆုံအနီး၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၃)စီး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့ပြင် ကရင်ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာမြဝတီမြို့၊ အမှတ် (၆)ရပ်ကွက်၊ ဗိုလ်ချစ်သူလမ်းနှင့် ပင်လောင်း (၇)လမ်းအနီး၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၇၈၂၀၀၀)ကို လည်းကောင်း၊ သံလွင်တံတား(တရုတ်လှဘက်ခြမ်း) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၂၈၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။။ထို့အတူ ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (၅)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၃)မျိုး၊ လူသုံးကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၃၈၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Golden Dragon Bus (၁)စီး၊ Nissan Diesel Truck (၁)စီး၊ Hyundai Starex (၁)စီးနှင့် စက်မှုဇုန်ထုတ် Top Super Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပဲခူးမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (သုည ဒသမ ၈၁၂)တန်၊ သစ်မာ (၁ ဒသမ ၈၉၃)တန်၊ အခြားသစ် (၄ ဒသမ ၇၂၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၈၂၄၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၆၈၃၄၂၄၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။အလားတူ မန္တလေးတိုင်း ဒေသကြီးတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၉၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပလိပ်မြို့အနီး၌ မော်တော်ယာဉ်(၂) စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၂၀)မျိုး၊ လူသုံးကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၂၃၄၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunglong Bus (၁)စီး၊ Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈၇၂၄၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။။ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ မင်္ဂလာရုပ်ရှင်ရုံအနီး၌ မော်တော်ယာဉ် (၁)စီး ပေါ်မှ တရားမဝင် ကျွန်းသစ် (သုည ဒသမ ၅၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၀၀၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Pickup မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈၈၀၀၀၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။။ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (သုည ဒသမ ၉၈၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။။ထို့နောက် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၅)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၆၇၅၆၆၄၀၀)ကို လည်းကောင်း၊ မုတ္တမဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်(၁)စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄၀၃၇၅၂)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Taw Win Min Tha Mee ရေယာဉ်(၁)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၁၅၉၇၀၁၅၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။။၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၁၇၈၀၉၉၈)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်တင်သွင်း လာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည် လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအားကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
မှူခင်းသတင်း
https://www.myawady.net.…files/165291.jpg
Fri, 05/16/2025 - 12:38
admin_webportal
https://www.myawady.net.mm/node/69219
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ။နေပြည်တော် မေ ၁၅။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅ ဒသမ ၈၀၉၈)တန်၊ သစ်မာ(၂ ဒသမ ၈၇၀၀) တန်၊ အခြား (၅၀ ဒသမ ၄၅၁၄ ) တန်၊ စုစုပေါင်း (၅၉ ဒသမ ၁၃၁၂) တန်၊ ယာဉ်/ ယန္တရား (၃) စီး၊ တရားခံ (၁၂) ဦး ဖမ်းဆီးရမိခဲ့သည်။။အလားတူ မေလ ၅ ရက်မှ ၁၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇ ဒသမ ၅၃၀၆ )တန်၊ သစ်မာ ( ၂ ဒသမ ၀၇၄၀ )တန်၊ အခြား ( ၂၃ ဒသမ ၉၃၄၆ )တန်၊ စုစုပေါင်း (၃၃ ဒသမ ၅၃၉၂)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၁၃)ဦး ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံသစ်တော ဦးစီးဌာနမှ သိရသည်။
မှူခင်းသတင်း
https://www.myawady.net.…files/165293.jpg
Fri, 05/16/2025 - 12:40
admin_webportal
https://www.myawady.net.mm/node/69221
နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ နွေရာသီသင်တန်းဆင်းပွဲများ ပြုလုပ်
နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ နွေရာသီသင်တန်းဆင်းပွဲများ ပြုလုပ်။နေပြည်တော် မေ ၁၆။နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းများဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။။ဦးစွာ ဒုတိယတိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းများအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။ အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၉၀၀ ဦးနှင့် အင်္ဂလိပ်အခြေခံသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၆၁၈ ဦးတို့ဖြင့် မေလ ၅ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။။အလားတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌ ဖွင့်လှစ်သည့် အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းနှင့်အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။။ဦးစွာ ဒုတိယတိုင်းမှူးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ကြသည်။။အဆိုပါ အင်္ဂလိပ်စကားပြောသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၃၃၂ ဦးနှင့် ကွန်ပျူတာအခြေခံသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၃၉၄ ဦးတို့ဖြင့်ဧပြီလ ၂၈ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…files/15A_18.jpg
Sat, 05/17/2025 - 08:11
admin_webportal
https://www.myawady.net.mm/node/69223
မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ။နေပြည်တော်မေ၁၆။နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများအား ထိရောက်စွာတားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသည့်လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများကို တိုးမြှင့်လုပ်ဆောင်မှုများကြောင့် မူးယစ်ဆေးဝါးများဖြန့်ဖြူးလျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များနှင့်မူးယစ်ဂိုဏ်းများသည် ရေကြောင်း၏အားသာချက်ကိုအသုံးချကာ ရေလမ်းကြောင်းများမှတစ်ဆင့် သယ်ယူပို့ဆောင်လာသည်ကို တွေ့ရှိရပါသည်။။AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကို ပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့်လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့်အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်" စက်လှေပေါ်မှ တရားခံ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊အောင်မြင့်(၅၁)နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ် ၃၁ အိတ်ဖြင့် ထည့်သွင်းတင်ဆောင်လာသည့် ICE ၆၁၈ ကီလိုဂရမ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံ ဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း(၅၄)နှစ်၊ ခန့်ဇင်သန့် (၃၈)နှစ်၊ ဖြိုးသူဝင်း(၂၄)နှစ်၊ ဥက္ကာမင်းမောင် (၂၀)နှစ်၊ အောင်သူထိုက်(၃၁)နှစ်၊ သက်ပိုင်ဦး(၂၂)နှစ်၊ မင်းခန့်ကျော်(၂၀)နှစ်၊ ဇော်လင်း (၂၂)နှစ်၊ ကျော်သူနိုင်(၃၅)နှစ်၊ အောင်သူ (၃၄)နှစ်၊ တင်ဌေး(၆၅)နှစ်တို့အား ပီနံအိတ် ၂၂၀ အိတ်ဖြင့် ထည့်သွင်းတင်ဆောင်လာသည့် ICE ၃၄၇၅ ကီလိုဂရမ်၊ ကက်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးများ တင်ဆောင်ပေးခဲ့သည့်တရားခံ ချစ်ဆန်းကို (၄၄)နှစ်အား ဖျာပုံမြို့ရှိ အောင်သရဖူ KTV ၌ ဖမ်းဆီးရမိခဲ့ပါသည်။။ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေး တာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ် (၃၄)နှစ်နှင့်အတူ ကွင်းဆက်တရားခံများဖြစ်သည့် ကျော်မင်းသန်း(ခ)မောင်လုံး(၃၆)နှစ်၊ အောင်မိုးဝင်း(ခ)ဝင်းခိုင်(၄၅)နှစ်၊ ပြည့်စုံ (ခ)နွားကြီး(၃၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ FMI အိမ်ရာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။။ထို့ပြင် မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်နှင့် အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရာတွင် ပါဝင်ခဲ့သည့် AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင်များဖြစ်သော ပိုင်ပိုင်ထွေး(ခ)အောင်နိုင်ထွေး(ခ)အောင်နိုင်သူ (ခ)ပိုင်ပိုင်(၂၆)နှစ်၊ နော်နော်(၂၄)နှစ်နှင့် ကိုကိုဦး(၅၈)နှစ်တို့အား ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်လည်းကောင်း၊ မေလ ၆ ရက်နေ့ ညနေပိုင်းတွင် ကွင်းဆက်တရားခံ ကောင်းမြတ်သူ(၂၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။။ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အောင်သပြေလမ်း၊ အိမ်အမှတ်(၂၀၁-ဘီ)၌ AA သောင်းကျန်းသူအဖွဲ့မှ ထောက်ပံ့ရေးဒုတိယတာဝန်ခံ နေမြင့်ထွန်း (ခ)ပြည့်စုံ(ခ)လူကြီး(၄၁)နှစ်အား ပီနံအိတ် ၃၂ အိတ်အတွင်း ထည့်သွင်းသိုဝှက်ထားသည့် ကက်တမင်း ၁၀၀၀ ကီလိုဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။။သို့ဖြစ်၍ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးတရားခံ ၂၆ ဦးတို့အား ICE ၄၀၉၃ ကီလိုဂရမ် (၁ ကီလို ဂရမ်လျှင်ကျပ်သိန်း ၂၅၀ ဖြင့်)၊ ကတ်တမင်း ၃၀၀၀ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့်)၊ ကာလတန်ဖိုးငွေကျပ် ၂၈၂.၃၂၅ ဘီလီယံခန့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။။ဖမ်းဆီးရမိတရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်၏ ထွက်ဆိုချက်အရ AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ၎င်းတို့ အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သော ငွေကြေးများရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအားရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်တရားခံ ကိုစိုင်း၊ ကိုတရုတ် (ခ) စိုင်းအောင်လူတို့ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။။သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ၂ ဦးအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…lt/files/27E.jpg
Sat, 05/17/2025 - 08:36
admin_webportal
https://www.myawady.net.mm/node/69225
Narcotic drugs while on their way to Malaysia seized
Narcotic drugs while on their way to Malaysia seized။NAY PYI TAW May 16။As narcotic drugs are a menace to the entire mankind including youths, the State is carrying out counternarcotics effectively as a national task. Moreover, it has also extended its campaigns on investigation, search and seizures along the common land drug routes. In this regard, drug distributer insurgent groups and drug gangs have turned to sea routes by exploiting its advantages.။AA insurgent group is buying arms and ammunition through the proceeds from drug trafficking business and committing terrorist acts, bullying, torturing and killing innocent people with arms in Rakhine State. Acting on an information provided by locals who are against drug trafficking and terrorism, 618 kilos of ICE packed in 31 Penan bags were seized in possession of suspects, Thein Zaw, age 43, Thet Oo, age 56, Aung Myint, age 51, and Thein Zaw, age 56, on board Arman-thit motorized boat at the sea 60 nautical miles southwest of Pyapon, Ayeyawady Region, on 26 April 2025.။According to the suspects, further seizures could be made on board a cargo ship about 180 nautical miles west of Kawthoung, Taninthayi Region, on 27 April, and arrested suspects, Hasn Lwin, age 65, Sa Sein Ngwe Thein, age 54, Khant Zin Thant, age 38, Phyo Thu Win, age 24, Okka Min Maung, age, 20, Aung Thu Htaik, 31, Thet Paing Oo, age 22, Min Khant Kyaw, age 20, Zaw Lin, age 22, Kyaw Thu Naing, age 35, Aung Thu, age 34, and Tin Htay, age 65, together with 3,475 kilos of ICE and 2,000 kilos of ketamine packed in 220 Penan bags in their possession. In addition, a suspect, Chit Hsan Ko, age 44, who loaded the drugs, was arrested at Aungtharaphu KTV.။Confessions of the suspects led to the arrest of Nay Paing Lin (a) Aung Naing Kyawal, age 34, a supply incharge of AA insurgent group, and Kyaw Min Than (a) Maung Lon, age 36, Aung Moe Win (a) Win Khaing, age 45, and Pyae Sone (a) Nwa Gyi, age 35, suspects involved in the case, at O-116, FMI Hous-ing, Hlaingthaya Township, Yangon Region, on 27 April evening.။Members of the AA supply group, Paing Paing Htwe (a) Aung Naing Htwe (a) Aung Naing Thu (a) Paing Paing, age 26, Naw Naw, age 24, and Ko Ko Oo, age 58, who took part in the drug trafficking business together with Nay Paing Lin (a) Aung Naing Kyawal, were arrested in Pyay, Bago Region, on 1 May morning and Kaung Myat Thu, age 25, a suspect involved in the case, in Hlegu Township, Yangon Region, on 6 May evening.။Based in the investigation results, deputy supply in-charge of AA insurgent group, Nay Myint Tun (a), Pyae Sone (a) Lugyi, age 41, was arrested together with 1,000 kilos of ketamine packed in 32 hidden Penan bags at No. 201-B, Aung Thabyae Street, Pale New Town, Mingaladon Township, Yangon Region, on 11 May evening.။In the case, 26 suspects were arrested together with 4,093 kilos of ICE (Ks-25 million per kilo of ICE) and 3,000 kilos of ketamine (Ks-60 million per kilo of ketmanine) at a total value of Ks-282.325 billion.။According to the suspect, Nay Paing Lin (a) Aung Naing Kyawal, AA insurgent group is engaging broadly in trafficking in illicit drugs, a menace to the entire mankind including youths as a financial source for its existence and arms and ammunition supply. The seized drugs were purchased from Ko Sai, Ko Thayok (a) Sai Aung Lu, still at large, from Wanhai Village, Kyethee Township, Loilim District, Shan State (South) and the drugs were heading to Malaysia.။Effective action will be taken against the arrested traffickers and action is underway to expose and arrest the remining two suspects at large and related suspects. Any information about drug trafficking can be sent to the relevant body secre-tly, and handsome rewards will be presented covertly to the informant and those who provide help in arresting the suspects.
English News
https://www.myawady.net.…t/files/7_69.jpg
Sat, 05/17/2025 - 09:15
admin_webportal
https://www.myawady.net.mm/node/69226
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ ပုံမှန်ဝင်ရောက်လျက်ရှိ
ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ကျဆင်းလျက်ရှိပြီး ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ ပုံမှန်ဝင်ရောက်လျက်ရှိ။နေပြည်တော် မေ ၁၆။ပြည်တွင်းနိုင်ငံခြားသုံးငွေ လဲလှယ်မှု နှုန်းထားများ တည်ငြိမ်လျက်ရှိပြီး ပြည်ပမှ ဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း ကျဆင်းလျက်ရှိသဖြင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းသည်လည်း ကျဆင်းလျက်ရှိပြီး လိုအပ်သလောက် အလွယ်တကူဝယ်ယူ သုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။။ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြည်တွင်းနိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်း ထားများနှင့် ပြည်ပမှဝယ်ယူရသည့် အာရှ ပစိဖိတ်ဒေသအတွက် စင်ကာပူအခြေစိုက် နေ့စဉ်ပျမ်းမျှ စက်သုံးဆီဈေးနှုန်းအပေါ် တွင်အခြေခံပြီး လက်ရှိတွင် ပြည်တွင်းနိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်းထားများ တည်ငြိမ်လျက်ရှိကာ ပြည်ပမှဝယ်ယူရ သည့် စက်သုံးဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများသည်လည်း တစ်လီတာလျှင် ၇၅ ကျပ် မှ ၁၂၅ ကျပ်ခန့်အထိ ကျဆင်းလျက်ရှိသည်။။ထို့ပြင် ဒေသအလိုက် စက်သုံးဆီလိုအပ် ချက်ကို ပြည့်မီအောင် အချိန်မီပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် အဆင်ပြေ ချောမွေ့စွာ လိုအပ်သလို ဝယ်ယူသုံးစွဲနိုင် ကြကြောင်း၊ အရန်စက်သုံးဆီ ရက်သတ္တပတ်(၂)ပတ်စာခန့်ရှိပြီး ပြည်ပမှစက်သုံးဆီ တင် သင်္ဘောများသည်လည်း အဆက်မပြတ် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်တွင်းသတင်း
https://www.myawady.net.…/files/17511.jpg
Sat, 05/17/2025 - 09:19
admin_webportal