uid
stringlengths 1
5
| page
int64 1
1.71k
| text
stringlengths 1
22.8k
| burmese_percent
float64 0
95.6
| title
stringlengths 1
107
| author
stringlengths 1
69
|
---|---|---|---|---|---|
10313
| 72 |
________________
၁၄၂
www.burmeseclassic.com
တင်မောင်မြင့်
ရှည် ခွဲထုတ်ကြသည်။ ပြီးတော့ တစ်ခုချင်းတွင် ပါဝင်သည့် ရေဒီယို သတ္တိကြွနှုန်းကို တိုင်းတာသည်။ အကြိမ်ကြိမ် ခွဲထုတ်သန့်စင်ပြီးသောအခါ ဒြပ်စင်အသစ် တစ်မျိုးအစား နှစ်မျိုးဖြစ်နေသည်ကို တွေ့ကြရသည်။
၁၈၉၈ ခုနှစ် ဇူလိုင်လတွင် ကျူရီဇနီးမောင်နှံသည် ယင်း နှစ်မျိုးအနက်မှ တစ်မျိုးကို တွေ့ ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ကြေညာ လိုက်သည်။
“နာမည်တစ်မျိုးမျိုး မင်း ပေးရမယ်လေ' ဟု ပီယာက ချစ်ဇနီး ကလေးကို ပြောတော့ မာရီသည် တစ်ရံရောအခါကဘဝံမျက်နှာစာတစ်ခု ကို ပြေးမြင်လိုက်သည်။ ပိုလန်သူကလေး မာညာစကလိုဒေါ့စကာ။ တစ် ပြိုင်တည်းတွင် ကမ္ဘာ့မြေပုံပေါ်မှ ဖယ်ရှားခံလိုက်ရသည့် အမိနိုင်ငံတော် ဆီသို့ နှလုံးသားက ပြန်ရောက်သွားသည်။ မာရီ မရွံ့မရဲ ပြန်ဖြေသည်။ ‘ပိုလန်နီယမ်လို့ ခေါ်ရင် မကောင်းဘူးလား မောင်
ပီယာနှင့် မာရီတို့၏ မိသားစုဘ၀ကမူ အပြောင်းအလဲ မရှိပါ။ နှစ် ယောက်သား အလုပ်တွေ ပိုလုပ်လာသည့် အချက်သာလျှင် ထူးခြား လျက် ရှိသည်။ သည့်ထက် ဘာမျှ မပို။
၁၈၉၈ ခုနှစ်သည် မဒမ်ကျူရီအတွက် အမှတ်ထင်ထင်နှစ် ဖြစ်လေသည်။ မိသားစုတာဝန်ကို မာရီ မလစ်ဟင်းပါ။ “အချက်အပြုတ်” စာအုပ် မှတ်တမ်းတစ်နေရာတွင် ဤသို့ ရေးသားထားသည်။
“ဆီးဖြူသီး ၈ ပေါင်ဝယ်ပြီး ဆတူအလေးချိန်ရှိသည့် ရာပြည့်စာအုပ်ကိုက်
မဒမ်ကျူရီ
သကြားနှင့် ရောလိုက်သည်။ ဆယ်မိနစ် ရောကြိုပြီး တော့ ဆန်ခါစိတ်စိတ်နှင့် ချသည်။ အကောင်းဆုံး ယို ၁၄ အိုးရသည်။”
ကျောင်း မှတ်စုစာအုပ် တစ်အုပ်တွင်တော့ ငယ်ငယ်ရွယ်ရွယ် မိခင်တစ်ယောက်အနေဖြင့် သမီးကလေး အိုင်ရင်း၏ ကိုယ်အလေးချိန် ကို နေ့စဉ် မှတ်တမ်းတင်သည်။ ပိုလန်နီယံ တွေ့ ရှိကြောင်း မထုတ်ပြန်မီ ရက်များ ဖြစ်လေသည်။
“အိုင်ရင်းကလေး ‘ကျေးဇူးတင်ပါတယ်'ကို လက်ဟန် ခြေဟန်ဖြင့် ပြောတတ်နေပြီ။ ကောင်းကောင်း လေး ဖက်တွားနိုင်ပြီ။ တွတ်တီးတွတ်တာကလေးတွေ ပြောတတ်လာပြီ။ ဘယ်သူမှ မထူဘဲ သူ့ဘာသာသူ ထိုင်နိုင် ထ နိုင်ပြီ။"
အောက်တိုဘာလ ၁၇ ရက် နေ့စွဲဖြင့် မာရီက ဝမ်းသာအားရ
ရေးမှတ်ထား၏။
“အိုင်ရင်း ကောင်းကောင်း လမ်းလျှောက်နိုင်ပြီ။ ၁၈၉၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်။ အိုင်ရင်း သွား ၁၅ ချောင်း ပေါက်ပြီ။"
သည်ရက်စွဲနှစ်ခု အကြားမှ မှတ်တမ်းတစ်ခုမှာလည်း အမှတ် ထင်ထင် ရှိလှသည်။ တန်ဖိုးရှိလှသည်။ စင်စစ် သည်မှတ်ချက်ကလေး သည် သိပ္ပံအကယ်ဒမီသို့ သွားဖို့ လမ်းအကြောင်းကလေး ဖြစ်လေသည်။ ကျွန်မတို့ အကြိမ်ကြိမ် စမ်းသပ်အောင်မြင်မှုများ ကြောင့် ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းတွင် - ဒြပ်စင် ရာပြည့်စာအုပ်တိုက်
www.burmeseclassic.com.
| 86.660222 |
Madame Curie
|
Tin Maung Myint
|
10313
| 73 |
________________
၁၄၄
www.burmeseclassic.com
တင်မောင်မြင့်
အသစ်တစ်မျိုး ပါဝင်ကြောင်း ယုံကြည်လိုက်ပြီး၊ သူ့ ကို “ရေဒီယမ်” ဟု အမည်ပေးဖို့ ကျွန်မတို့ အဆိုပြု ထားသည်။
ရေဒီယမ်မှ ထွက်သည့် ရေဒီယိုသတ္တိကြွ ပစ္စည်း ပမာဏမှာ မခန့်မှန်းနိုင်လောက်အောင် များ ပြားလိမ့်မည်။
သည်သတင်းကို အခြားသိပ္ပံပညာရှင်များက ခပ်ဆဆ လက်ခံကြ၏။
ရေဒီယမ်၏ အထူးဂုဏ်သတ္တိများသည် ပိုလန်နီယမ်ကဲ့သို့ပင် နှစ်ပေါင်းရာချီပြီး ယုံကြည်ခဲ့ကြသည့် အခြေခံ သီဝရီများနှင့် ပြဒါး တစ်လမ်း သံတစ်လမ်း ဖြစ်နေသည် မဟုတ်လား။
ကျူရီလင်မယား ထုတ်လုပ်ထားသည့် ရေဒီယိုသတ္တိကြွ ပစ္စည်း များ၊ ဒြပ်စင်သစ်များကလည်း စင်စစ် လက်တွေ့ သရုပ်ပြ ရှင်းလင်းနိုင် ခြင်း မရှိသေးပေ။ ထို့ကြောင့် သိပ္ပံပညာရှင်များ၏ သံသယမှာ ပို၍ ခိုင်မာလျက် ရှိသည်။
ရူပဗေဒ ပညာရှင်တစ်ယောက်သည် ဒြပ်ဝတ္ထုအသစ်တစ်မျိုး ကို သူကိုယ်တိုင် မြင်ရမှ၊ သူကိုယ်တိုင် စစ်ဆေးပြီးမှ၊ အက်ဆစ်မျိုးစုံဖြင့် စံတင်ပြီးမှ အက်တမ်အလေးဆကို ဆုံးဖြတ်ပြီးခါမှ လက်ခံယုံကြည်လိမ့် မည်။
ခုတော့ ရေဒီယမ်ကို ဘယ်သူမှ မမြင်ဖူးသေး။ ရေဒီယမ်၏ ရာပြည့်ကိုက်
ဒမ်ကျူရီ
၄၅
အက်တမ်အလေးဆကို ဘယ်သူမှ မသိသေး။ ပိုလန်နီယမ် တကယ်တွေ့ပြီ ဖြစ်ကြောင်း သက်သေပြဖို့ ပီယာနှင့် မာရီတို့ နောက်လေးနှစ် ထပ်ကြိုးစား ရဦးမည်။ (နောင် မကြာမီကာလအတွင်း ပိုလန်နီယမ်အပေါ် စိတ် ဝင်စားမှုအဆင့် လျော့ကျသွားသည်။)
သည်ပစ္စည်းကို ရအောင် သန့်စင်ထုတ်ယူဖို့ သတ္တုရိုင်းတွေ တောင်ပုံရာပုံ လိုမည့်အကြောင်းကို သူတို့လင်မယား မဆွကပင် သိထား ပြီး ဖြစ်သည်။ ဘယ်မှာ သွားရှာမည်လဲ၊ ဘယ်လို ရနိုင်မည်လဲ၊ ပိုလန် နီယမ်နှင့် ရေဒီယမ် ခိုအောင်းသည့် သတ္တုရိုင်းတုံးများ၏ တန်ဖိုးမှာကြီးမြင့် လှသည်။
သို့ရာတွင် ဘိုဟီးမီးယားမှ စိန်ဂျိုးချင်သဲလ် သတ္တုတွင်းတစ်ခု တွင် သည်လို သတ္တုရိုင်းတုံးများကို မှန်လုပ်ငန်းအတွက် ယူရေနီယမ်ဓာတ် ဆား ထုတ်ယူနေကြောင်း ကြားသိရ၏။
ဤတွင် သူတို့ဇနီးမောင်နှံက ဓာတ်ဆားထုတ်ယူပြီးသား စွန့်ပစ် ပစ္စည်းထဲတွင် ပိုလန်နီယမ်နှင့် ရေဒီယမ် ဘယ်လောက် ကျန်နိုင်မည်ကို တွက်ချက်ကြသည်။ ဈေးလည်း ချိုချိုချောင်ချောင်ဖြင့် ရနိုင်မည်။
ဤတွင် ဗီယင်နာမှ သူငယ်ချင်းများ၏ ကျေးဇူးကြောင့် ပီယာ နှင့် မာရီတို့ ကံကောင်းသွားသည်။ ဩစတြီးယန်းအစိုးရက ခပ်ကြောင် ကြောင့် ပြင်သစ်လင်မယားကို စွန့်ပစ် သတ္တုရိုင်းတစ်တန် လက်ဆောင် ပေးလိုက်သည်။ သယ်ပို့စရိတ်သာ သူတို့ ကျခံရသည်။ သတ္တုခဲတွေ ရောက်မလာခင် ပီယာနှင့်မာရီသည် အလုပ်လုပ်ဖို့အတွက် ရရာနေရာ ကို ယူလိုက်ကြသည်။ ရူပဗေဒသိပ္ပံဝင်းထဲတွင် ဘာမှ အသုံးမပြုတော့ သည့် အိုကြီးတစ်လုံး ဖြစ်သည်။ ယခင် ဆေးကျောင်းက
ရာပြည့်စာအုပ်တိုက်
wwww
burmesecla
| 88.097426 |
Madame Curie
|
Tin Maung Myint
|
10313
| 74 |
________________
၁၄၆
www.burmeseclassic.com
တင်မောင်မြင့်
အလောင်းများခွဲသည့် ရင်ခွဲရုံဟောင်းကြီး ဖြစ်သည်။ ခုတော့ အလောင်း ထားသည့် အခန်းအဖြစ်ပင် အသုံးမပြုတော့။ အခင်း မရှိတော့။ အမိုးက ကြယ်မြင် လ မြင်။
မီးဖိုချောင်သုံး စားပွဲအစုတ်ပလုတ်တွေ ရှိသည်။ ကျောက်သင် ပုန်း တစ်ချပ် ရှိသည်။ ပြီးတော့ သံကြွတ်မီးဖိုကြီးတစ်လုံး ရှိသည်။
ဆောင်းတွင်းအခါ အရိုးခိုက်အောင်အေးပြီး နွေရာသီတွင် ချွေး တလုံးလုံးဖြစ်နေသည့် နေရာမျိုး။ အလွန်အန္တရာယ်များသည့် ဓာတ်ငွေ့ တွေ ထွက်ဖို့ မီးခိုးခေါင်းတိုင် မရှိသဖြင့် ရံခါတွင် အပြင်ထွက်ပြီး အလုပ် လုပ်ကြရသည်။
တစ်နေ့ နံနက်ပိုင်းတွင် ကျောင်းဝင်းထဲသို့ ကားကြီးတစ်စီး မောင်းဝင်လာသည်။ လင်မယားနှစ်ယောက် ဦးထုပ်မဆောင်း၊ ခေါင်းစီး မပါဘဲ ဓာတ်ခွဲခန်းဝတ်ရုံ ဖိုသီဖတ်သီနှင့် အပြင်သို့ ပြေးထွက်ခဲ့ကြသည်။ စိတ်ကို အမြဲတမ်း တည်တည်ငြိမ်ငြိမ် ထားနိုင်သည့် ပီယာက ဣန္ဒြေဆည်ထားနိုင်သော်လည်း၊ မာရီက အိတ်တွေချပြီးတော့ ဆွေဆွေ့ ခုန် ဝမ်းသာနေလေသည်။
ယူရေနီယမ်ပါသည့် သတ္တုအရိုင်းတုန်းတွေ။ မိမိပိုင် သတ္တုရိုင်း တွေ။ အိတ်တစ်အိတ်ကို စပြီး ကြိုးတွေ ဖြတ်လိုက်သည်။ လက်နှစ်ဖက် စလုံးဖြင့် အိတ်ထဲ ထိုးနှိုက်လိုက်သည်။ ညိုညစ်ညစ်ခဲတုံးတွေ။ ဘိုဟီးမီး ယား ထင်းရှူးရွက်တွေ အရောရော အနှောနှောဖြင့်။
လိုချင်သည့် ရေဒီယမ်တွေ သည်အထဲတွင် ရှိနေသည်။ သည် အရိုင်းတုံးတွေထဲမှ ထုတ်ယူရမည်။ လင်မယားနှစ်ယောက် တာဝန်ခွဲယူ ကြ၏။ အတွေ့ အကြုံ ရင့်ကျက်ပြီးသား ရူပဗေဒဆရာ ပီယာနှင့်အတူ
ရာပြည့်စာအုပ်တိုက်
မဒမ်ကျူရီ
မာရီက အလုပ်ကြမ်းပိုင်းကို ပိုလုပ်သည်။
372
တဲအိုကြီးထဲတွင် ပီယာက အလွန်ခက်ခဲရှုပ်ထွေးသည့် စမ်း သပ်မှုများဖြင့် ရေဒီယမ်၏ ဂုဏ်သတ္တိကို ရှာဖွေနေစဉ် မာရီက အပြင် ထွင် ဖုန်တွေ၊ အက်ဆစ်ခွက်တွေ နိုင်းချင်းနှင့် ဓာတ်ခွဲခန်းဝတ်ရုံကို ဆင်မြန်းကာ အသန့်စင်ဆုံး ရေဒီယမ်ရဖို့ မီးခိုးတလူလူထဲတွင် အာခေါင် တွေစပ်၊ မျက်ရည်တွေရွှဲလျက် လုံးပန်းနေ၏။ ဆံပင်တွေက လေထဲတွင် တလွင့်လွင့် တဝဲဝဲ။
“ကျွန်မတို့မှာ ပိုက်ဆံလည်း မရှိဘူး။ ဓာတ်ခွဲခန်းလည်း မရှိဘူး။ ဘယ်သူ ့ အကူအညီမှလည်း မရဘူး၊ ဘာမှ မရှိတဲ့ အခြေအနေမှာ တစ်ခုခု ရှာဖွေနေသလိုပဲ။ ဒါပေမဲ့ အဲဒီတစ်ခုခုဟာ ဟောဒီ တဲအိုကြီး ထဲမှာ ရှိကို ရှိနေတယ်။ ကျွန်မတို့ဘဝမှာ အပျော်ရွှင်ဆုံး ကာလဟာ အဲဒီတဲအိုကြီးထဲမှာ နေ့မအား ညမအား အလုပ်လုပ်နေရတဲ့ အချိန်တွေ ပါပဲ။ တစ်ခါတလေ သတ္တုခဲတွေကို တစ်နေကုန် ကျိုရတယ်။ အဲဒီလို နေ့မျိုးမှာ ဧရာမ သံယောက်မကြီးနဲ့ ကျွန်မ တစ်နေကုန် မွှေရတယ်လေး 'တစ်ခါတလေ ကျွန်မ ကီလိုဂရမ် ၂ဝ တောင် ရတဲ့နေ့တွေ ရှိတယ်။ အနည်တွေ၊ အရည်ကြည်တွေကို ဖန်ချိုင့်ကြီးတွေထဲ ဖြည့်ပြီး တဲထဲကို ပြန်သွင်းပေါ့။
‘အဲဒီလို တစ်ဆက်တည်း မွှေရ၊ အရည်တွေကို ချိုင့်တွေထဲ လောင်းထည့်ရတဲ့ နေ့တွေမှာဆို သေချင်အောင် ပင်ပန်းပါတယ်။ အိုးထဲ မှာ ကျွက်ကျွက်ဆူနေတဲ့ သတ္တုရည်တွေရဲ့ အပူရှိန်ကလည်း ငရဲတမျှ
ပါပဲ
သို့သော်လည်း ရေဒီယမ်က လွယ်လွယ်ကူကူနှင့် လူသိ မခံပေ။ ရာပြည့်စာအုပ်တိုက်
www.burmeseclassic.com
| 87.825733 |
Madame Curie
|
Tin Maung Myint
|
10313
| 75 |
________________
၁၄ရ
www.burmeseclassic.com
တင်တင်ခြင်
သေးငယ်လွန်းသည့် အမှုန်အစက်ကလေးများ၏ အရောင်စီးဖြာ သွန် ထွက်ပုံက ပြင်းထန်လှသည်။ သတ္တုရိုင်းများ၏ အကာပိုင်းကို ဖောက် ထွင်း၍ အရောင်လက်နေသည်။ ယင်းမှာ လက်တွေ့ပြနိုင်တော့မည့် ရှေ့ပြေးအလင်းတန်း ပေတည်း။
ခက်နေသည်မှာ သည်ပစ္စည်းကို သီးသီးခြားခြား လုံးဝသန့်စင် ဖို့ ဖြစ်၏။ နေ့ချင်းပြီးနိုင်မည် ထင်ခဲ့သည့် အလုပ်သည် လ များစွာကြာ သွားသည်။ ထိုမှတစ်ဆင့် နှစ်များစွာ ကြာသွားသည်။.
သည်အချိန်ပိုင်းကို မာရီက ဤသို့ မှတ်တမ်းတင်ထားသည်။ “လုပ်ရင်းလုပ်ရင်း အခက်အခဲမျိုးစုံ တွေ ့ပေမဲ့ ကျွန်မတို့ အရမ်းပျော်ကြတယ်။ တူနှစ်ကိုယ် တဲအို ပျက်ထဲမှာ အလုပ်လုပ်ရင်း စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရနေတယ်။ ရံခါမှာ စမ်းသပ်ထားတဲ့ အဖြေတစ်ခု ကို စောင့်ရင်း တဲထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်း လျှောက်ဖြစ်တယ်။ လမ်းလျှောက်ရင်း လက်ရှိ အခြေ အနေနဲ့ အနာဂတ်အရေးတွေ ဆွေးနွေးဖြစ်ကြတယ်။ အရမ်းအေးလာရင် မီးဖိုပေါ်က လက်ဖက်ရည်တစ် ခွက်လောက် ငှဲ့သောက်လိုက်ရင် နွေးသွားရော။ ကျွန်မတို့ နှစ်ယောက်ဟာ အိပ်မက်တစ်ခုကို ပြိုင်တူ မက်ရင်း အဲဒီအိပ်မက်ထဲမှာပဲ အသက်ရှင်နေကြတာ
လေ။”
ကစားစရာအရုပ်တစ်ရုပ် ရတော့မည့်ဆဲဆဲ ကလေးတစ် ယောက်၏ စိတ်လှုပ်ရှားမှုမျိုးဖြင့် မာရီက တစ်နေ့တွင် လင်တော်မောင်
ရာပြည့်လုပ်တိုက်
မဒမ်ကျူရီ
မေးသည်။
၁၄၉
“မာရီတော့ အဲဒါ ဘာနဲ့ တူမလဲဆိုတာ အရမ်း သိချင်နေတယ်။ ဘယ်လိုပုံသဏ္ဌာန်နဲ့ မြင်ရမလဲ မသိဘူးနော်၊ မောင် ဘယ်လိုထင်လဲဟင်' “မောင်လည်း မခန့်မှန်းတတ်ဘူး မာရီ၊ အရမ်းလှတဲ့ အရောင် တစ်မျိုး ဖြစ်ကောင်းပါရဲ့
မာရီက သတ္တုသန့်စင်မှုလုပ်ငန်းကို စိတ်ရှည်လက်ရှည်နှင့် တန်ချီသော သတ္တုရိုင်းများကို တစ်ကီလိုဂရမ်ချင်း လုပ်သည်။ အဆင့် ဆင့် သန့်စင်ပြီးသား သတ္တုတွေ စားပွဲဟောင်းများပေါ်တွင် တဖြည်းဖြည်း များလာသည်။ ရေဒီယမ် ပါဝင်မှုလည်း များသည်ထက် များလာ၏။
မဒမ်ကျူးရီ၏ လုပ်ငန်းပြီးမြောက်ဖို့ရက်သည် တစ်နေ့တခြား နီးကပ်လာသည်။ တဲရှေ့ ကွက်လပ်ထဲတွင် မီးခိုးတွေနှင့် နပန်းလုံး မနေ တော့။ နောက်ဆုံးအဆင့် သန့်စင်မည့် အဆင့်သို့ ရောက်နေပြီ။ သို့ရာ တွင် သံနှင့် မီးသွေးမှုန့်တွေ၊ သန့်စင်ပြီး သတ္တုထဲတွင် ပါဝင်နေသဖြင့် မနည်း အသက်ရှူနေရသော တဲထဲတွင် အလွန်အမင်း ဂရုစိုက်ပြီး တိုင်းထွာ တွက်ချက် ခြင်တွယ်နေရသည်။
တစ်မျိုးပြီးတစ်မျိုး နေ့စဉ်တွေ့ နေရသည့် သည်လိုအခက်အခဲ တွေကြောင့် တစ်ခါတစ်ခါတော့လည်း စိတ်လျှော့ချင်လာသည်။
မာရီတစ်ယောက် သေကောင်ပေါင်းလဲ ကြိုးစားထားရပြီး ထွက်လာသည့် အဖြေက အခိုင်အမာ မရှိလှဘဲ အားနည်းနေသည့် အတွက် ပီယာ စိတ်မသက်မသာ ဖြစ်လာသည်။
ယူရေနီယမ်စစ်စစ် ထုတ်နိုင်ဖို့ စီမံကိန်းကို လောလောဆယ်
ရပ်ထားပြီး၊ အခြေအနေပေးသည့် အခါတွင်မှ ပြန်လုပ်ဖို့ ပီယာsic.conm/
ရာပြည့်စာအုပ်ကိုက်
,bumeseca
www.bur
| 87.632042 |
Madame Curie
|
Tin Maung Myint
|
10313
| 76 |
________________
ww.burmeseclassic.com
မဒမ်ကျူရီ
၅၁.
တိုက်တွန်းသည်။ မာရီ၏ ပင်ကိုစိတ်ကို မေ့မေ့လျော့လျော့ဖြစ်ကာ တိုက်တွန်းမိခြင်း ဖြစ်လေသည်။
မာရီက ရေဒီယမ်ကို ဒြပ်စင်အဖြစ် ခွဲထုတ်ချင်သည်။ မျက်ခုံး ထူထူအောက်မှ မျက်လုံးများက ပြင်းပြသည့် ဆန္ဒကို ပြနေကြ၏။ စမ်း သပ် ဖန်ပြွန်များ၊ ချိန်ခွက် ချိန်ခွင်များအကြားတွင် ဆက်လက်လှုပ်ရှားနေ သည်။
၁၉၀၂ ခုနှစ် ရေဒီယမ် ရှိနိုင်ခြေကို ထုတ်ပြန်ကြေညာပြီး ၄၅ လ အကြာတွင် မာရီသည် ရေဒီယမ်စစ်စစ် ၁၅ ဂရမ်ကို အောင်မြင် စွာ ထုတ်ယူနိုင်ခဲ့လေသည်။ ပြီးတော့ ယင်း၏ အက်တမ်အလေးဆကို လည်း တွက်ချက်ပြနိုင်ခဲ့သည်။
မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် စောင့်ကြည့်နေကြသည့် သိပ္ပံ ပညာရှင်တွေ မာရီ၏ ရှာဖွေတွေ့ ရှိမှုကို အလေးပြုကြရတော့၏။ ရေဒီယမ်ဆိုသည့် ဒြပ်စင်တစ်မျိုး တွေ့ ရှိပြီဖြစ်ကြောင်း တရား ဝင်သွားလေပြီ။
- ရေဒီယမ်တွေ့ သည့် လိုမွန်လမ်းမှ ဓာတ်ခွဲခန်း။ ကျောက်သင်ပုန်းပေါ်ရှိ လက်ရေးမှာ ပီယာ၏လက်ရေး ဖြစ်သည်။) ရာပြည့်စာအုပ်တိုက်
ပီယာနှင့် မာရီတို့ နေထိုင်ရာ ကဲလားမန်းလမ်းမှ အိမ်ကလေးထဲတွင် ည ကိုးနာရီ ထိုးပြီ။ အဘိုးအို ဒေါက်တာကျူရီလည်း သူ့အခန်းထဲ ဝင်ပြီး နားနေပြီ။ လေးနှစ်သမီးကလေး အိုင်ရင်းကို မာရီက ရေမိုးချိုးပေးပြီး သိပ်သည်။ သမီးကလေး မအိပ်မချင်း ကလေးခုတင်နားက မခွာဘဲ စောင့်သိပ်လေ့ရှိသည်။
ကွာပြာတိုက်
www.burmeseclassic.com
| 84.792219 |
Madame Curie
|
Tin Maung Myint
|
10313
| 77 |
________________
www.burmeseclassic.com
၁ရ၂
တင်မောင်မြင့်
ဤသည်မှာ မာရီ၏ နေ့တဓူဝ အလုပ်ဖြစ်၏။ မအိပ်ခင် မအေ အနားမှာ မရှိလျှင် “မေ . . မေ. . " ဟု လှမ်းအော်ခေါ်တတ်၏။ အိုင်ရင်း က မေမေ မခေါ်။ မေ တစ်လုံးတည်း အဖျားဆွတ် ခေါ်သည်။ သမီး ကလေး အိပ်မှ မာရီက ပီယာ့ဆီသို့ လာသည်။
ပီယာသည် ကြင်နာတတ်သူ ဖြစ်သော်လည်း ယောက်ျားပီပီ မိန်းမအပေါ် ရံခါတွင် ပိုင်စိုးပိုင်နင်း လုပ်တတ်သည်။ သမီးအနားမှာ အကြာကြီးနေပြီးမှ ရောက်လာလျှင် ကလေးဆိုးကြီးလို. ဆီးကြိုတတ် သည်။ သည်အခါမျိုးတွင် သူ့အမူအရာမှာ ရယ်စရာ ကောင်းနေ၏။ “မိန်းမကလဲကွာ၊ ကလေးကလွဲပြီး မင်း ဘာမှ
တော့ဘူးလား' ဟု ပြောတတ်၏။
စိတ်မဝင်စား
သည်နေ့တော့ အခန်းထဲတွင် ပီယာ ခေါက်တုံ့ ခေါက်ပြန် လမ်း လျှောက်နေသည်။ မာရီက အိုင်ရင်းကလေး၏ ရင်ဖုံးအင်္ကျီအသစ်ကလေး ကို အနားလုံးနေသည်။ သို့သော် သည်ညနေ အိမ်အလုပ်တွေကို စိတ်- မဝင်စားနိုင်ဘဲ မာရီတစ်ယောက် ဂနာမငြိမ် ဖြစ်နေ၏။
စိတ်လှုပ်ရှားနေပုံဖြင့် ၁/၁ဂုတ်တရက် ထ ရပ်ပြီး- “ခဏ သွားကြည့်ရအောင်လား မောင်၊ နော်'
သူက တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပီယာ့ကို လှမ်း ပြောသည်။ အမူအရာမှာ လိုတာထက် ပိုနေသည် ထင်ရ၏။ ပီယာ ကလည်း လွန်ခဲ့သည့် ၂ နာရီကမှ ပြန်လာခဲ့သည့် သူတို့ ရင်ခွဲရုံဟောင်း ဓာတ်ခွဲခန်းသို့ ပြန်သွားချင်နေ၏။
နှစ်ယောက်သား လက်ချင်းချိတ်ကာ လိုမွန်လမ်းပေါ်သို့ ထွက် ခဲ့ကြသည်။ ပြီးမှ လမ်းဖြတ်ကူးပြီး ကျောင်းဝင်းထဲသို့ ဝင်ခဲ့ကြသည်။ ရာကြွာအုပ်ကိုက်
တရီ
၃
ပိယာက သော့ဖွင့်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွိခနဲ မြည်ကာ တံခါး ပွင့်သွားသည်။
ပြီး -
“မီးမထွန်းနဲ့ မောင်'
အမှောင်ထဲတွင် မာရီက လှမ်းပြောသည်။ ပြီးမှ တစ်ချက် ရယ်
‘မောင်ပြောတာ မှတ်မိသေးလား၊ ရေဒီယမ်ဟာ သိပ်ကိုလှတဲ့ အရောင် ဖြစ်ရမယ် ဆိုတာလေ'
ရေဒီယမ်၏ အရောင်သည် ဘယ်အရောင်နှင့်မျှ မတူအောင် လှသည့်အရောင် အလင်းတန်းတစ်မျိုး ဖြစ်သည်။ မှောင်မိုက်မိုက် တဲအို ကြီးထဲတွင် တန်ဖိုးမဖြတ်နိုင်သည့် သတ္တုမှုန့်ကလေးများကို စားပွဲတွေ၊ စင်တွေပေါ်မှ ဖန်ပြွန်များစွာ၊ ဖန်ခွက်များစွာထဲတွင် ထည့်ထား၏။ ပြာလဲ့လဲ့ မီးစုန်းအလင်းတန်းများသည် ယင်းတို့မှ ဖြာထွက်ကာ ညအမှောင်ကို ထိုးဖောက် အန်တုနေကြသည်။
‘ကြည့်စမ်း . . ဟိုမှာ ကြည့်စမ်း မောင်'
မိန်းမသားတစ်ဦး၏ စိတ်လှုပ်ရှားလွန်းစွာဖြင့် အံ့သြ၀မ်းသာ ထိတ်လန့်သံ။ အမှောင်ထဲတွင် မာရီ တိတ်တိတ်ကလေး ထိုင်ချလိုက် သည်။ မျက်နှာနှစ်ခုတို့သည် ထူးထူးဆန်းဆန်း အလင်းတန်းဆီကို စူးစိုက် - နေကြသည်။ အလွန်ထူးဆန်းသည့် အလင်းရောင် ဖြာထွက်ခြင်းမျိုး။ ရေဒီယမ်၏ ပဏာမ အလင်းတန်း။ မိမိတို့နှစ်ဦး ပိုင်ဆိုင်သည့် ရေဒီယမ်၊ မာရီ ခန္ဓာကိုယ်ကလေး ရှေ့သို့ ညွှတ်ကျလာသည်။ က
လွန်ခဲ့သည့် တစ်နာရီလောက်က သမီးကလေး အနားတွင် အချိန်တွေ အများကြီး ယူလိုက်မိသည့်အတွက် မာရီ အလျော်ပေးလိုက်
classic.com.
| 86.313948 |
Madame Curie
|
Tin Maung Myint
|
10313
| 78 |
________________
၁၅၄
ခြင်း ဖြစ်ပါ၏။
www.burmeseclassic.com
တင်မောင်မြင့်
ချစ်သူ၏ လက်တစ်ဖက်က မာရီဆံပင်တွေကို ညင်ညင်သာ သာ ပွတ်သပ်ပေးနေသည်။
သည် အလင်းည သည် ပဉ္စလက်ည။ မာရီ တစ်သက်လုံး သတိရနေမည့် အချစ်ည ဖြစ်ပါ၏။
တစ်ဖက်တွင် သုတေသနလုပ်ငန်းနှင့် နပန်းလုံးနေခဲ့ရသော ကျူရီဇနီး မောင်နှံသည် အခြားတစ်ဖက်တွင် ပူစရာမရှိလျှင် သည့်ထက် ပို၍ ပျော်ရွှင်နိုင်ကြမည် ဖြစ်သည်။ အိုင်ရင်းကလေးမွေးပြီး နောက်ပိုင်းတွင် ကလေးစရိတ်က ပီယာ၏ လစာတစ်ခုတည်းဖြင့် ရုပ်တည်နေရသော အိမ်သုံးစရိတ်စာရင်းတွင် ခေါင်းစဉ်ကြီးတစ်ခု ဖြစ်လာသည်။ အပိုဝင်ငွေ ရအောင် ရှာကြရတော့မည်။
ပီယာ့အတွက် အလုပ်တစ်ခု ပေါ်လာပါ၏။ ပါမောက္ခရာထူး။ သို့သော် ပီယာသည် သမားရိုးကျ လမ်းစဉ်အတိုင်း ကျောင်းအသီးသီးကို • တက်ရောက်သင်ကြားခဲ့ခြင်း မရှိသဖြင့် သက်ဆိုင်ရာကျောင်းများ၏ ထောက်ခံမှုကို မရနိုင်ဘဲ ဖြစ်နေသည်။ သက်ဆိုင်ရာကျောင်းများက သူတို့ ကျောင်းသားဟောင်းများကိုသာ ရွေးပြီး ထောက်ခံလေ့ ရှိသည်။
ပါမောက္ခဖြစ်ဖို့ ၁၉ဝ၄ ခုနှစ်ထိ စောင့်ရဦးမည်။ ထို့ကြောင့် လောလောဆယ် ဆော်ဘွန်းမှာပဲ လက်ရှိရာထူးဖြင့် ဆက်မှေးနေရသည်။ ထိုအချိန်တွင် မာရီက ဆရာဖြစ်သင်အောင်ပြီး ဆီဗားရဲ မိန်းကလေး ရာပြည့်စာအုပ်တိုက်
အထက်တန်းကျောင်းတွင် အလုပ်ရသည်။
ငွေရေးကြေးရေး အခြေအနေ.ကောင်းလာသည်။ အလုပ်တွေ ပိုလုပ်နိုင်ကြတော့မည်။ ရေဒီယိုသတ္တိကြွ သုတေသနလုပ်ငန်းက သူတို့ လင်မယား၏ လုပ်အားကို တောင်းဆိုနေလေပြီ။
အပေါင်းအသင်းများက ပီယာ့ကို ပါမောက္ခရာထူးရအောင် နည်းလမ်းရှာကြ၏။ ၁၉ဝ၂ ခုနှစ်တွင် သူ့ကို ပြင်သစ်သိပ္ပံအကယ်ဒမီ အဖွဲ့ဝင်ဖြစ်ဖို့ ဂိုင်းဂန်းလုံးပန်းကြသည်။
ပီယာက မဝင်ချင်။ သိပ္ပံအကယ်ဒမီအဖွဲ့ဝင် ပညာရှင်များနှင့် အစည်းအဝေးတွေ တက်ရ၊ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ရ၊ ကိုယ့်အလုပ် ကိုယ် အမွှမ်းတင်ရသည့် အလုပ်မျိုးမှာ ပီယာ လုပ်ချင်သည့် အလုပ်မျိုး- မဟုတ်ပေ။
ဤသို့ဖြင့် သူနှင့် ပြိုင်ဘက်ဖြစ်သည့် မွန်စီယာအမာဂတ်က သူ့ထက်ပိုပြီး အရည်အချင်း ရှိပါသည်ဟု သူကိုယ်တိုင် ဂုဏ်ယူစွာ အဆို တင်သဖြင့်၊ အမာဂတ်က သိပ္ပံအကယ်ဒမီ အဖွဲ့ဝင် ဖြစ်သွားလေတော့ သည်။
နောက် မကြာမီ ဆော်ဘွန်းတက္ကသိုလ်၏ ပါမောက္ခချုပ်လည်း ဖြစ်၊ ပညာရေးဝန်ကြီးလည်း ဖြစ်သူက ပီယာ့ကို တော်ဝင် နိုင်ငံ့ဂုဏ်ရည် ဘွဲ့ (Legion of Honour) ပေးဖို့ အဆိုပြုလာသည်။
ပီယာက ဝန်ကြီး ပါမောက္ခချုပ်ဆီသို့ စာပြန်လိုက်သည်။ “ကျွန်တော့်ကို ယခုလို ဂုဏ်ပြုသည့်
အတွက် များစွာ ကျေးဇူးတင်ရှိပါသည်။ သို့ရာတွင် ကျွန်တော်သည် မည်သည့် ဂုဏ်ထူးဘွဲ့ထူးကိုမျှ လို ရာပြည့်အုပ်
WWW.
eclassic.com
| 87.344199 |
Madame Curie
|
Tin Maung Myint
|
10313
| 79 |
________________
www.burmeseclassic.com
၁၅၈
တင်မောင်မြင့်
လားခြင်း မရှိပါကြောင်း ပြန်ကြားအပ်ပါသည်
ခင်ဗျား။ ကျွန်တော့်အတွက် အမှန်လိုအပ်နေ
သည်မှာ ဓာတ်ခွဲခန်းတစ်ခုသာ ဖြစ်ကြောင်းပါ ခင်ဗျား။"
သိပ္ပံပညာရှင်တစ်ယောက်ကို ဖဲပြားကြိုးကလေးနှင့် သံမဏိ ကြက်ခြေကလေးပေးပြီး ဂုဏ်ပြုခြင်းကို ပီယာက ရယ်စရာဟုသာ ထင် သည်။
ပီယာနှင့် မာရီသည် လက်ရှိ ရင်ခွဲရုံဟောင်းကြီးကိုပင် ဓာတ်ခွဲ ခန်း အဖြစ်ဖြင့် ဆက်လက်ရောင့်ရဲ နေကြရသည်။ ဆရာ၊ ဆရာမ အလုပ် ကိုလည်း နာသုံးနာဖြင့် ဖြူဖြူစင်စင် ကြင်ကြင်နာနာ သင်ကြားလျက် ရှိသည်။ ဆရာပီယာကျူရီကို တက္ကသိုလ်ကျောင်းသားပေါင်း များစွာ တသသ သတိရနေကြလိမ့်မည်။ ဆီဗားရဲ မိန်းကလေးကျောင်းမှ ကျောင်းသူများကလည်း သိပ္ပံမျိုးစေ့ ချပေးသည့် သူတို့ဆရာမ မာရီကျူရီ ကို တစ်သက်မေ့ကြမည် မဟုတ်တော့ပေ။
ကိုယ်ပိုင်အလုပ်က တစ်ဖက်၊ ကျောင်းက တစ်ဖက်နှင့်မို့ သူတို့ နှစ်ယောက် စားဖို့နှင့်အိပ်ဖို့ အချိန်ကို အမေ့မေ့ အလျော့လျော့ ဖြစ်လာ ကြ၏။ အားအင် ကုန်ခန်းလာခြင်းအတွက် စိတ်တိုလျက် ရှိကြ၏။
အိပ်ရာထဲရောက်လျှင် ပီယာ့ခြေထောက်တွေ မခံမရပ်နိုင် အောင် ကိုက်ခဲနေတတ်၏။ ဇွဲနပဲကြီးလှသည့် မာရီက တောင့်ခံထား၏။ သို့သော် အရမ်း ပိန်ကျသွားသည်။ သိသိသာသာ ချုံးကျသွားသည်။ အပေါင်းအသင်းတွေ အထိတ်တလန့်ဖြစ်ကာ စိတ်ပူနေကြ၏။ ရာပြည့်စာအုပ်ကိုက်
ကျူးရီ
၉
နွေရာသီ ကျောင်းပိတ်ရက်များတွင် နားနားနေနေ မနေနိုင် တော့ပေ။ ခရီးထွက်မည်မျှ မကြံသေး၊ ပီယာ ပြန်ချင်နေပြီ။ ဇနီးလုပ်သူကို တိုးတိုးလေး ကပ်ပြောသည်။
နော်”
'အချိန်တွေ အလကား ကုန်နေတယ်ကွယ်၊ ပြန်ကြရအောင်
၁၈၉၉ ခုနှစ်တွင် ထွက်ဖြစ်သည့် ခရီးကတော့ နှစ်ယောက်စလုံး ပျော်ကြသည်။ ဩစတြီးယားပိုင် ပိုလန်ဒေသသို့ ထွက်ခဲ့ကြ၏။
ဘရွန်ညာတို့ လင်မယား ရောက်နေသည် “ဇာကိုပင်” သို့ လိုက်သွားကြခြင်း ဖြစ်သည်။ သူတို့လင်မယား ပါရီမှ ပြောင်းသွားသည် မှာ တစ်နှစ်ပြည့်တော့မည်။ -
ဘရွန်ညာတို့ လင်မယားနှစ်ယောက် ဆေးရုံတစ်ရုံ ဆောက်နေ ကြ၏။ စကလိုဒေါ့စကီလည်း သူတို့ဆီ ရောက်နေသည်။ သား သမီးတွေ အားလုံး ဆုံပြီး စုံစုံညီညီ တွေ့ ရသဖြင့် ဆရာအိုမှာ ကြည်နူးမဆုံး တပြုံးပြုံး ဖြစ်နေ၏။
ဂျိုးဇက်သည် ဘရွန်ညာကဲ့သို့ပင် နာမည်ကြီး ဆရာဝန်တစ် ယောက် ဖြစ်နေပြီး၊ ဟီလာက မစ္စက်ဇာလေဘဝဖြင့် ကျောင်းဆရာမ ဖြစ်နေပြီ။ အငယ်ဆုံး မာညာကလေးက သူ ရှာဖွေတွေ့ ရှိသည့် ရူပဗေဒ ဒြပ်စင်အကြောင်းတွေ ရေးပြီး စာအုပ်တွေ ထုတ်နေပြီ။
ဆရာအို၏ နောက်ဆုံးနှစ်များသည် ကျေနပ်စရာအတိ ဖြစ် သည်။ အိုကံကောင်းသည်ဟု ဆိုရမည်။ အထူးသဖြင့် မာရီအတွက် ပိုပြီး အားရကျေနပ်လျက် ရှိသည်။
အထွေးဆုံးကလေးက အဖေနှင့် အကြောင်းအရာတူကို စိတ်ဝင် ရာပြည့်စာအုပ်တိုက်
www.burmeseclassic.com
| 87.25851 |
Madame Curie
|
Tin Maung Myint
|
10313
| 80 |
________________
www.burmeseclassic.com
၁၅၈
တင်မောင်မြင့်
လားခြင်း မရှိပါကြောင်း ပြန်ကြားအပ်ပါသည်
ခင်ဗျား။ ́ ကျွန်တော့်အတွက် အမှန်လိုအပ်နေ
သည်မှာ ဓာတ်ခွဲခန်းတစ်ခုသာ ဖြစ်ကြောင်းပါ ခင်ဗျား။"
သိပ္ပံပညာရှင်တစ်ယောက်ကို ဖဲပြားကြိုးကလေးနှင့် သံမဏိ ကြက်ခြေကလေးပေးပြီး ဂုဏ်ပြုခြင်းကို ပီယာက ရယ်စရာဟုသာ ထင် သည်။
ပီယာနှင့် မာရီသည် လက်ရှိ ရင်ခွဲရုံဟောင်းကြီးကိုပင် ဓာတ်ခွဲ ခန်း အဖြစ်ဖြင့် ဆက်လက်ရောင့်ရဲ နေကြရသည်။ ဆရာ၊ ဆရာမ အလုပ် ကိုလည်း နာသုံးနာဖြင့် ဖြူဖြူစင်စင် ကြင်ကြင်နာနာ သင်ကြားလျက် ရှိသည်။ ဆရာပီယာကျူရီကို တက္ကသိုလ်ကျောင်းသားပေါင်း များစွာ တသသ သတိရနေကြလိမ့်မည်။ ဆီဗားရဲ့ မိန်းကလေးကျောင်းမှ . ကျောင်းသူများကလည်း သိပ္ပံမျိုးစေ့ ချပေးသည့် သူတို့ဆရာမ မာရီကျူရီ ကို တစ်သက်မေ့ကြမည် မဟုတ်တော့ပေ။
ကိုယ်ပိုင်အလုပ်က တစ်ဖက်၊ ကျောင်းက တစ်ဖက်နှင့်မို့ သူတို့ နှစ်ယောက် စားဖို့နှင့်အိပ်ဖို့ အချိန်ကို အမေ့မေ့ အလျော့လျော့ ဖြစ်လာ ကြ၏။ အားအင် ကုန်ခန်းလာခြင်းအတွက် စိတ်တိုလျက် ရှိကြ၏။
အိပ်ရာထဲရောက်လျှင် ပီယာ့ခြေထောက်တွေ မခံမရပ်နိုင် အောင် ကိုက်ခဲနေတတ်၏။ ဇွဲနပဲကြီးလှသည့် မာရီက တောင့်ခံထား၏။ သို့သော် အရမ်း ပိန်ကျသွားသည်။ သိသိသာသာ ချုံးကျသွားသည်။ အပေါင်းအသင်းတွေ အထိတ်တလန့်ဖြစ်ကာ စိတ်ပူနေကြ၏။ ရာပြည့်စာအုပ်ကိုက်
ကျူရီ
၁၅၉
နွေရာသီ ကျောင်းပိတ်ရက်များတွင် နားနားနေနေ မနေနိုင် တော့ပေ။ ခရီးထွက်မည်မျှ မကြံသေး၊ ပီယာ ပြန်ချင်နေပြီ။ ဇနီးလုပ်သူကို တိုးတိုးလေး ကပ်ပြောသည်။
နော်'
“အချိန်တွေ အလကား ကုန်နေတယ်ကွယ်၊ ပြန်ကြရအောင်
၁၈၉၉ ခုနှစ်တွင် ထွက်ဖြစ်သည့် ခရီးကတော့ နှစ်ယောက်စလုံး ပျော်ကြသည်။ ဩစတြီးယားပိုင် ပိုလန်ဒေသသို့ ထွက်ခဲ့ကြ၏။ ဘရွန်ညာတို့ လင်မယား ရောက်နေသည် “ဇာကိုပင်” လိုက်သွားကြခြင်း ဖြစ်သည်။ သူတို့လင်မယား ပါရီမှ ပြောင်းသွားသည် မှာ တစ်နှစ်ပြည့်တော့မည်။ .
ဘရွန်ညာတို့ လင်မယားနှစ်ယောက် ဆေးရုံတစ်ရုံ ဆောက်နေ ကြ၏။ ဖေဖေ စကလိုဒေါ့စကီလည်း သူတို့ဆီ ရောက်နေသည်။ သား သမီးတွေ အားလုံး ဆုံပြီး စုံစုံညီညီ တွေ့ ရသဖြင့် ဆရာအိုမှာ ကြည်နူးမဆုံး တပြုံးပြုံး ဖြစ်နေ၏။
ဂျိုးဇက်သည် ဘရွန်ညာကဲ့သို့ပင် နာမည်ကြီး ဆရာဝန်တစ် ယောက် ဖြစ်နေပြီး၊ ဟိလာက မစ္စက်ဇာလေဘဝဖြင့် ကျောင်းဆရာမ ဖြစ်နေပြီ။ အငယ်ဆုံး မာညာကလေးက သူ ရှာဖွေတွေ့ရှိသည့် ရူပဗေဒ ဒြပ်စင်အကြောင်းတွေ ရေးပြီး စာအုပ်တွေ ထုတ်နေပြီ။
ဆရာအို၏ နောက်ဆုံးနှစ်များသည် ကျေနပ်စရာအတိ ဖြစ် သည်။ အိုကံကောင်းသည်ဟု ဆိုရမည်။ အထူးသဖြင့် မာရီအတွက် ပိုပြီး အားရကျေနပ်လျက် ရှိသည်။
အထွေးဆုံးကလေးက အဖေနှင့် အကြောင်းအရာတူကို စိတ်ဝင် ရာပြည့်စာအုပ်
www.burmeseclassic.com
| 87.160607 |
Madame Curie
|
Tin Maung Myint
|
10313
| 81 |
________________
www.burmeseclassic.com
- (ဝဲမှယာ) မာရီကျူးရီး ဟီလာ၊ ဘရွှန်ညာနှင့် အစ်ကိုဂျိုးဇက် (ဝါဆော - ၁၉၁၂)
စားသူ ဖြစ်၏။ ပိုလန်နီယမ်နှင့် ရေဒီယမ်ကို ရှာဖွေတွေ့ ရှိခြင်းအတွက် ရူပဗေဒ ဆရာအိုကြီးသည် ဂုဏ်ယူလို့ မဆုံးနိုင်အောင် ဖြစ်နေသည်။
သမီးလုပ်သူ၏ အလုပ်တွေကို စိတ်ဝင်တစား လိုက်လုပ်သည်။ နောင်တွင် ဘယ်ရွေ့ဘယ်မျှ အရေးပါလာမည်ကို ဆရာအို ကောင်း ကောင်း နားလည်သည်။ ကြိုမြင်သည်။
ရာပြတိုက်
ကျူရီ
၁၉ဝ၂ ခုနှစ်၊ ပိုလန်တွင် အဖေ ကွယ်လွန်သွားရှာသည်။ ဝါဆောသို့ မာရီ’တစ်ခေါက်ပြန့်ခဲ့ရပြန်သည်။ သို့သော် ကြာကြာမနေနိုင်။ အသုဘကိစ္စ ပြီးပြီးချင်း ပါရီသို့ အမြန်ပြန်လာခဲ့ရ၏။ ဓာတ်ခွဲခန်းထဲ ပြန်ဝင်တော့ ဖျော့သထက်ဖျော့ကာ ပိန်သထက် ပိန်နေသည်။ ဘယ်တုန်း ကနှင့်မျှ မတူအောင် ပင်ပန်းနေ၏။
မာရီဘဝတွင် ဆက်တိုက်ဆိုသလို သောကတစ်ခု ပိုလာပြန် သည်။ -ပီယာ၏ရောဂါ ပိုဆိုးလာခြင်း ဖြစ်၏။ ဆရာဝန်တွေက အဆစ် အမြစ်ရောင် ရောဂါဟု သတ်မှတ်ထားသည်။
မကြာခဏ ပြန်ပေါ်ပြီး လူမှာ ယဲ့ယဲ့မျှသာ ကျန်တော့၏။ သို့ သော် စာသင်တော့မပျက်။ စိုက်လိုက်မတ်တတ် လုပ်နေသည့် သုတေ သန အလုပ်ကိုလည်း မနား။
တဲ့။
. . . တစ်ခါတော့ ပီယာ အသံထွက်ပြီး ညည်းညူလေသည်။ “တို့ရွေးတဲ့ ဘဝလမ်းကြောင်းကိုက ကြမ်းတမ်းလွန်းပါတယ်ကွာ
မာရီသည် ယခုရက်ပိုင်းတွင် သေခြင်းတရားအကြောင်းကို ဆင်ခြင်နေမိ၏။ စိုးရိမ်စိတ်ကိုလည်း ဖုံးဖုံးဖိဖိ မလုပ်နိုင်တော့။ ပီယာ့ ရောဂါမှာ အသက်အန္တရာယ်ရှိသည့် ရောဂါမျိုး ဖြစ်နေလျှင် ဘယ်လို လုပ်ရပါ့မလဲ။ မိမိကိုယ်တိုင်ကော သည်အတိုင်း ဆက်သွားလျှင် ဘယ် လောက် ခံနိုင်မှာလဲ။ “မောင်'
တစ်ဆို့ဆို့ အသံဖြင့် မာရီက ခေါ်လိုက်သည်။ ရူပဗေဒဆရာ သည် အထိတ်တလန့်ဖြစ်ကာ ချစ်ဇနီးကလေးဘက် လှည့်ပြီး-
| 86.182336 |
Madame Curie
|
Tin Maung Myint
|
10313
| 82 |
________________
၁၆၂
www.burmeseclassic.com
'ဗျာ . . အချစ် ဘာဖြစ်နေတာလဲ ဟင်'
တင်မောင်မြင့်
'ဒီမယ်မောင်၊ ကျွန်မတို့ နှစ်ယောက်ထဲက တစ်ယောက် ယောက် မရှိတော့ရင် ကျန်တဲ့တစ်ယောက် ဘယ်လိုလုပ်ပြီး အသက်ရှင် နိုင်မှာလဲဟင်။ တစ်ယောက်မရှိရှင် ကျန်တစ်ယောက် မရှိနိုင်ဘူး၊ ဟုတ် တယ် မဟုတ်လားမောင်'
ပီယာ ခေါင်းကို ခပ်ဖြည်းဖြည်း ယမ်းသည်။ မိန်းမသားတစ်ဦး၏ နှလုံးသားမှ ပဲ့တင်လာသည့် စကားလုံးများ ပါကလားဟု ပီယာ သဘော ပေါက်လိုက်သည်။ သိပ္ပံပညာရှင်တစ်ယောက်သည် သည်ပညာရပ်ကို စွန့်ပစ်ဖို့ အခွင့်မရှိကြောင်း၊ ဘဝရည်မှန်းချက်ကို တစ်ပိုင်းတစ်စနှင့် ထားခဲ့ပိုင်ခွင့် မရှိကြောင်း မာရီက သတိပေးနေသည်ဟု ခံစားရ၏။ . ပီယာ အခိုင်အမာ စကားဆိုသည်။
“ဒီလိုလဲ မဟုတ်သေးဘူး အချစ်ရဲ့၊ တစ်ယောက်တည်း ကျန်ခဲ့ လို့ ဝိညာဉ်မရှိတော့တဲ့ ဘဝနဲ့ပဲ နေရ နေရ၊ လုပ်လက်စ အလုပ်ကိုတော့ ဆက်လုပ်ရမှာပဲ'
အပင်ပန်းဆုံးနှင့် အခက်ခဲဆုံး နှစ်များအတွင်း ရေဒီယိုသတ္တိကြွ ဒြပ်စင် ၏ အကြောင်းကို အပုံကြီး ပိုသိလာခဲ့သည်။
ရှာဖွေတွေ့ ရှိချက်များကို သုတေသန စာတမ်းများအဖြစ်ဖြင့် ရေးသားထုတ်ဝေလျက်ရှိသဖြင့် အနိုင်နိုင်ငံမှ သိပ္ပံပညာရှင်ကြီးများ၏ စာတွေ လိုမွန်လမ်း ဓာတ်ခွဲခန်းလိပ်စာဖြင့် တဖွဲဖွဲ ရောက်လာသည်။ ရာပြည့် အုပ်တိုက်
မဒမ်ကျူရီ
၆၃
သိလိုသည့် အချက်အလက်များကို အကျယ်တဝင့် ထုတ်ပြန်ပေးပါရန် တောင်းပန်သည့်စာတွေ ဖြစ်၏။
၁၉ဝ၃ ခုနှစ်တွင် အင်္ဂလိပ်သိပ္ပံပညာရှင်နှစ်ဦးက ရေဒီယမ်မှ ဟေလီယမ်ဓာတ်ငွေ့ အနည်းငယ် ဆက်တိုက်ထုတ်ယူနိုင်ကြောင်း သရုပ် ပြနိုင်ခဲ့၏။ ပထမဆုံး အကြိမ်အဖြစ် အဏုမြူဓာတ်ပြောင်းခြင်း ဖြစ်စဉ်ကို သိရှိကြရသည်။
သိပ္ပံပညာသည် လမ်းရိုးဟောင်း၊ သီဝရီဟောင်းများမှ ဝေးစွာ ရှေ့သို့ လှမ်းခဲ့လေပြီ။
ရေဒီယမ် များများစားစားရပြီး ကလိုရိုဒ်အဖြစ် ဓာတ်ပြု လိုက်လျှင် အိမ်သုံးဆား အကြမ်းကဲ့သို့ ခပ်ညစ်ညစ်အမှုန်တွေ ဖြစ် လာသည်။
သို့ရာတွင် ယင်း၏ဂုဏ်သတ္တိမှာ အံ့မခန်းလိလိ မြင့်တက်လာ သည်။ ယူရေနီယမ်မှထွက်သည့် အလင်းဖြာထွက်နှုန်းထက် အဆပေါင်း နှစ်သန်း ပိုပြင်းကြောင်း သက်သေထူနိုင်ခဲ့ပြီ။ သည်ဓာတ်ရောင်ခြည်ကို အလွန်ထုထည်ကြီးမားသည့် ခဲနံရံဖြင့်သာ ကာဆီးနိုင်ကြောင်းလည်း သက်သေထူနိုင်ခဲ့ပြီ။
ရေဒီယမ်တွင် ကိုယ်ပိုင်အရိပ် ရှိ၏။ ဖမ်းဆီးဆုပ်ကိုင်၍ မရနိုင် သော အရိပ်။ တစ်မျိုးတည်းသော ဓာတ်ငွေ့ ပစ္စည်းကို ထုတ်ပေးသည်။ တစ်ပြိုင်တည်းတွင် အပူရှိန်ကိုပါ ထုတ်လွှတ်ပေးသည်။ ဓာတ်ပုံကူး သတ္တု ပြားပေါ်မှ အနက်ရောင်စက္ကူကို ဖောက်ထွင်းပြီး အလင်းရောင် စီးထွက် သည်။ လျှပ်စစ်ဓာတ်အား ပါဝင်နေသည် ထင်ရ၏။ ဖန်ခြင်ခွက်ထဲတွင် ခရမ်းရင့်ရောင်နှင့် ခရမ်းနုရောင် ပြေးနေ၏။ ရေဒီယမ်သည် ာပြာအုပ်တိုက်
WWW.bclassic.com
| 88.148829 |
Madame Curie
|
Tin Maung Myint
|
10313
| 83 |
________________
၆၄
www.burmeseclassic.com
တပ်ရောင်ဖြင့်
အလင်းရောင် ထုတ်မပေးနိုင်သည့် ဒြပ်ဝတ္ထုကိုလည်း မီးစုန်းအလင်းရောင် မျိုး ပေးနိုင်သည်။
နောက်ဆုံး တွေ ့ရှိမှုမှာ ရေဒီယမ် ဖြာထွက်ရောင်ခြည်သည် အန္တရာယ်ရှိသည်ဟူသည့် အချက်ဖြစ်၏။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ရောင်ခြည်ထိလျှင် ချက်ချင်းသိသာသည့် ထိခိုက်မှု ရှိနိုင်သည်။ ယင်းကို အလွန့် အလွန် အနုစိတ် အာရုံခံနိုင်သည့် ကိရိယာဖြင့်သာ တိုင်းတာသိရှိ နိုင်သည်။
ရေဒီယမ်၏ အံ့ဖွယ်မျိုးစုံထဲမှ အထူးခြားဆုံးမှာ လူသားတို့ အတွက် ပျော်စရာအကောင်းဆုံး သတင်းဖြစ်သည်။ ကင်ဆာရောဂါ တိုက်ဖျက်ရာတွင် အသုံးဝင်နေခြင်း ဖြစ်၏။
ဂျာမန်သိပ္ပံပညာရှင်တစ်ဦးက ရေဒီယမ်သည် သက်ရှိသတ္တဝါ များကို များစွာ အကျိုးပြုနိုင်ကြောင်း ထုတ်ဖော်ကြေညာသည့်အခါ ပီယာ လက်ခမောင်း ခတ်တော့သည်။
ပီယာ ဝမ်းသာလို့ မဆုံးတော့၊ ဆရာဝန်ကြီးများ ဖြစ်ကြသည့် ပါမောက္ခချား၊ ပါမောက္ခ ဘာလ်သာဇားတို့နှင့်တွဲပြီး ရေဒီယမ်ကို တိရစ္ဆာန်များနှင့် စမ်းသပ်မူ အရှိန်မြှင့်ပြီး လုပ်သည်။
ရောဂါဖြစ်နေသည့် ကလာပ်စည်းများကို ဖျက်ဆီးခြင်းဖြင့် ရေဒီ ယမ်သည် ကင်ဆာအမျိုးအစား ရောဂါကို ပျောက်ကင်းစေကြောင်း တွေ့ ကြရသည်။ ဤသို့ ရေဒီယမ်ဖြင့် ကုသသည့်နည်းသည် “ကျူရီကုထုံး” ဟု အမည်တွင်လေသည်။
ပထမပိုင်းတွင် ကျူရီဇနီးမောင်နှံ၏. ဓာတ်ခွဲခန်းမှ ရေဒီယမ် ဖန်ပြွန်များဖြင့် ဆရာဝန်ကြီးများက စမ်းသပ်ကုသသည်။
ရာပြည့်စာအုပ်တိုက်
ကျူရီ
၁၆ရ
ရေဒီယမ်သည် လူသားတို့ကို အကျိုးပြုဖို ့ သေချာနေပြီ။ ထူးထူးခြားခြား အသုံးဝင်တော့မည်။ ရေဒီယမ်ထုတ်လုပ်မှုသည်.ဓာတ်ခွဲ စမ်းသပ်မှု အဆင့်မှသည် စီးပွားဖြစ် ထုတ်လုပ်မှုအဆင့်သို့ တက်လှမ်းဖို့ လက်တစ်ကမ်းသာ လိုတော့သည်။
ပထမပိုင်း ရေဒီယမ်ထုတ်လုပ်မှုကို ကျူရီလင်မယား စောင့် ကြည့်နေကြသည်။ သူတို့ ညွှန်ပြမှုမပါဘဲ ဘယ်သူမှ ထုတ်လုပ်နိုင်မည် မဟုတ်ပေ။ ကမ္ဘာပေါ်တွင် ချစ်စရာ အကောင်းဆုံးဖြစ်သည့် ရေဒီယမ်ကို စက်ရုံများမှ မထုတ်လုပ်မီ၊ ပီယာနှင့် မာရီတို့က ထုတ်လုပ်ရေးပိုင်းတွင် အဓိက အခန်းက မပါဝင်ဖို့ ဆုံးဖြတ်ထား၏။
ပြင်သစ် စက်မှုလုပ်ငန်းရှင်များက အလွန်မတန် အဖိုးတန်လှ သော သည်ပစ္စည်းကို ထုတ်လုပ်နိုင်ပါလိမ့်မည်။ သို့ရာတွင် အခက်ခဲဆုံး၊ အရှုပ်ထွေးဆုံး အသိမ်မွေ့ဆုံး ထုတ်လုပ်မှုကဏ္ဍ၏ လျှို့ဝှက်ချက်တွေကို တော့ သင်ကြားတတ်မြောက်ဖို့ လိုပါလိမ့်မည်။
အမေရိကန် စက်မှုပညာရှင်များကလည်း သူတို့တိုင်းပြည်တွင် ထုတ်ချင်ပါသည်ဆိုပြီး ကျူရီဇနီးမောင်နှံဆီသို့ သတင်းအချက်အလတ် တွေ လှမ်းတောင်းသည်။
ပီယာက မာရီကို ဆွေးနွေးသည်။
'တို့များ ရှာဖွေတွေ့ ရှိထားသမျှ နောက်ဆုံးအဆင့် သန့်စင်ပုံ အပါအဝင် ကမ္ဘာကို ကြေညာလိုက်ရင် ဖြစ်တယ်' “ဒါပေါ့၊ ဒါပေါ့
A sic.com/
မာရီ ခေါင်းညိတ်၏။ ပီယာ စကားဆက်သည်။ “နောက်တစ်နည်းက တို့တစ်တွေက ရေဒီယမ်ကို ရာပြည့်တို့၏
| 88.791209 |
Madame Curie
|
Tin Maung Myint
|
10313
| 84 |
________________
www.burmeseclassic.com
GG
တင်ဆောင်ခြင့်
ပိုင်ဆိုင်သူတွေအနေနဲ့ မူပိုင်ခွင့်ကို မှတ်ပုံတင်ထားပြီး၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စက်ရုံတွေရဲ့ ထုတ်လုပ်မှုကို ရပိုင်ခွင့် တောင်းနိုင်တယ်' မာရီက ခဏ တွေစဉ်းစားပြီး သူ့ သဘောထားကို ထုတ်ပြော
သည်။
“အဲဒါတော့ မဖြစ်နိုင်ဘူး၊ ဒါဆို သိပ္ပံပညာရဲ့ အဓိပ္ပာယ်ကို ဆန့်ကျင်သလို ဖြစ်နေမှာပေါ့'
မျက်မှောင်ကုတ်နေသည့် ပီယာ့မျက်နှာ လင်းထိန်သွား၏။
မိမိ၏ သိက္ခာကို ပြန်ထိန်းသည်။
‘မောင်လည်း အဲဒီလိုပဲ သဘောရတာပါ။ ဒါပေမဲ့ ဒီကိစ္စကို မောင်တို့ ခပ်ပေါ့ပေါ့ စဉ်းစားလို့ မဖြစ်ဘူး မာရီရဲ့။
“မောင်တို့ဘဝဟာ အရမ်းကြမ်းတမ်းခဲ့တယ်၊ ဆင်းရဲခဲ့တယ် လေ။ သမီးကလေးအတွက် စဉ်းစားရတော့မယ်။ ဒီမူပိုင်ခွင့်ဟာ သူတို့ အတွက် စိတ်ချရမယ့် အာမခံချက် တစ်ခုပဲ'
ပြီးတော့ ရယ်ရယ်မောမော ဆက်ပြောသေးသည်။ သူတို့ လင်မယား တစ်သက်လုံး လိုချင်နေခဲ့သည့် အရာ။
“အချစ်နဲ့ မောင့်အတွက် ဓာတ်ခွဲခန်းကောင်းကောင်းလည်း ရနိုင်တာပေါ့ကွာ' "
တစ်နေရာတည်းကို မာရီ စိုက်ကြည့်နေသည်။ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး တုံ့ပြန်မှုဟု တွေးမိလိုက်၏။ မဆိုင်းမတွပင် မာရီ ပယ်ချ လိုက်သည်။
“သိပ္ပံပညာရှင်ဆိုတာ သူ ့ရဲ့ သုတေသနလုပ်ငန်းမှာ ရှာဖွေ စမ်းသပ်တွေ့ ရှိသမျှ ထုတ်ပြန်ကြေညာရတယ်။ မာရီတို့ တွေ့ ရှိချက်တ ရာပြတိုက်
ဒမ်ကျူရီ
၁၆၇
စီးပွားရေးအနာဂတ် ရှိတယ်ဆိုရင် ဒါဟာ မတော်တဆ တိုက်ဆိုင်မှုပဲ။ ပြီးတော့ ရေဒီယမ်ဟာ လူသားတို့ရဲ့ ကျန်းမာရေးမှာ အသုံးဝင်တဲ့ ပစ္စည်း မျိုးလေ။ အဲဒီက အမြတ်ထုတ်ဖို့ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပဲ'
တိတ်ဆိတ်သွား၏။ အတန်ကြာမှ ပဲ့တင့်သံ ထွက်လာသလို မာရီ စကားလုံးများကို ပီယာ လိုက်ရွတ်သည်။
မယ်'
“ဟုတ်တယ်၊ သိပ္ပံပညာရဲ့ အဓိပ္ပာယ်ကို ဆန့်ကျင်သလို ဖြစ်နေ
ပြီးတော့ ဘာမှ အရေးမကြီးသည့် မေးခွန်းကို ရှင်းသည့် လေသံ
ဖြင့် “ဒါဆို ဒီညပဲ အမေရိကန် အင်ဂျင်နီယာတွေဆီကို စာရေး လိုက်မယ်လေ။ သူတို့လိုချင်တဲ့ အချက်အလက်တွေအားလုံး ပေးလိုက် တော့မယ်'
တနင်္ဂနွေနေ့ မနက်ခင်း စကားဝိုင်းကလေး ပြီးသွားလို့ ၁၅ မိနစ် အကြာတွင် စီးတော်ယာဉ် စက်ဘီးကိုယ်စီဖြင့် “ကလေးမား" သစ်တောဆီသို့ ဦးတည် စီးနင်းလာခဲ့ကြသည်။ ဆင်းရဲခြင်းနှင့် ချမ်းသာ ခြင်း လမ်းနှစ်သွယ်ကို သူတို့ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ ညနေပိုင်းတွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်လာခဲ့ကြသည်။ လက်ထဲတွင် တောပန်းတွေ တစ်ပွေ့ကြီး ပိုက်လျက်၊
www.burmeseclassic.com:
| 86.070158 |
Madame Curie
|
Tin Maung Myint
|
10313
| 85 |
________________
www.burmeseclassic.com
တင်အောင်မြင့်
ကျူရီဇနီးမောင်နှံကို ပထမဦးဆုံး ဂုဏ်ပြုသည့်နိုင်ငံမှာ အင်္ဂလန်နိုင်ငံ ဖြစ်သည်။ ၁၉ဝ၃ ခုနှစ် ဇွန်လထဲတွင် ဗြိတိသျှတော်ဝင်သိပ္ပံမှ ရေဒီယမ် အကြောင်း ဟောပြောပို့ချဖို့ ပီယာ့ကို ဖိတ်သည်။
ပီယာက ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။ ဟောပြောပွဲ သို့ လန်ဒန်တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက် လာရောက်နားထောင်ကြ ၏။ ရေဒီယမ်၏ မိဘနှစ်ပါးကို လန်ဒန်သားတွေ တွေ့ ချင်မြင်ချင်ကြသည် လေ။ ဂုဏ်ပြုသည့်အနေဖြင့် ပန်းခြင်းတွေ၊ ပန်းကုံးတွေ လက်ဆောင်ပို့ ပေးကြသည်။
ပီယာသည် ဆော်ဘွန်းစာသင်ခန်းများထဲတွင် ဝတ်သည့် ဝတ်စုံ ဖြင့် ဧည့်သည်များကို အလွန်အမင်း ယဉ်ကျေးပြနေရ၏။ စိတ်ထဲကတော့ ထွက်ပြေးချင်နေပြီ။
မာရီကမူ ထောင်ပေါင်းများစွာသော မျက်လုံးများနှင့် စိတ် မသက်မသာ ရင်ဆိုင်နေရ၏။ ကမ္ဘာပေါ်တွင် အရှားပါးဆုံး မိန်းမသား တစ်ယောက်ကို `သူတို့ စိုက်ကြည့်နေခြင်း ဖြစ်၏။ သိပ္ပံပညာရှင်မှာ မိန်းမသားတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ဝတ်ထားသည့် ဝတ်စုံက အနက်ရောင်၊ လတ်ချောင်းသွယ် သွယ်ကလေးများက အက်စစ်ကြောင့် `ပုံပျက်ပန်းပျက် ဖြစ်နေ၏။ လက်စွပ်ဟူ၍ တစ်ကွင်းတလေမျှ မရှိ။ လည်တိုင်ရင်းတွင်တော့ စိန်ပွင့် ကလေးများ တလက်လက် တောက်နေ၏။
မာရီက စိန်ပွင့်ကလေးများကို ငုံ ့ကြည့်လိုက်မိ၏။ စိတ်ထဲ ပျော်သွားသည် ထင်၏။ တစ်ပြိုင်တည်းတွင် လင်တော်မောင်ကလည်း စိန်ပွင့်ကလေးများကို အမှတ်မထင် စိုက်ကြည့်နေကြောင်း မာရီ သတိထား ရာပြည့်စာအုပ်တိုက်
မဒမ်ကျူရီ
မိလိုက်သည်။
ထိုည အဝတ်လဲနေရင်း “ဒီလိုရတနာမျိုး ရှိတယ်ဆိုတာတောင် မာရီ မသိဘူး၊ သိပ်လှတာပဲနော်' ဟု မာရီက ပီယာ့ကို လှမ်းပြောသည်။ ပီယာက ရယ်ပြီးညစာစားပွဲမှာ မောင် ဘာတွေတွက်နေသလဲ သိလား၊ မိန်းမတွေရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်မျက်ရတနာတွေကို ထုခွဲပြီး ဓာတ်ခွဲခန်းတွေ ဆောက်လိုက်ရရင် ဘယ်နှခုလောက်များ ရမလဲလို ့ ထိုနှစ် နိုဝင်ဘာလတွင် ဗြိတိသျှတော်ဝင်သိပ္ပံအဖွဲ့မှ ကျူရီ ဇနီးမောင်နှံကို အမြင့်ဆုံးဘွဲ့ထူးဖြစ်သည့် *ဒေပီရွှေတံဆိပ်ဆုကို ချီး မြှင့်လိုက်သည်။
မာရီ နေမကောင်းသဖြင့် `အင်္ဂလန်သို့ ဘွဲ့တံဆိပ်လက်ခံရန် ပီယာတစ်ယောက်တည်း ထွက်လာခဲ့ရသည်။ ဧရာမ ရွှေတံဆိပ်ကြီးကို ပြင်သစ်သို့ သယ်ပြန်လာပြီး ဘယ်မှာ ထားရမှန်းမသိ ဖြစ်နေ၏။ ဤသို့ ဖြင့် ရွှေတံဆိပ်ကြီးမှာ နေရာအတည်တကျ မရှိဘဲ ပျောက်နေလိုက်၊ ပြန်တွေ့လိုက်နှင့် မြုပ်ချည် ပေါ်ချည် ဖြစ်နေ၏။ နောက်ဆုံးတွင် စိတ်ကူးပေါက်ပြီး သမီးကလေး အိုင်ရင်းကို ပေးထားလိုက်သည်။
အပေါင်းအသင်းများ အိမ်ရောက်လာလို ့ ကြည့်ချင်လျှင် ပီယာက ကစားစရာတွေနှင့် ပျော်နေသော သမီးကလေးကို ညွှန်ပြရ သည်။ ရွှေတံဆိပ်ကြီးသည် ကလေးကစားစရာတွေနှင့် ရောနေ၏။ ‘သမီးကလေးက အဲဒါကြီးကို သဘောကျတယ်ဗျ ဟု ပီယာ
က
ပြောတတ်သည်။
Ww.bumeseciassic.com.
*ဗြိတိသျှ ဓာတုဗေဒနှင့် ရူပဗေဒပညာရှင် ဆာဟန်ဖရေဒေဗီ (၁၇၇၈-၁၈၂၉) ရာပြည့်စာအုပ်တိုက်
| 88.182209 |
Madame Curie
|
Tin Maung Myint
|
10313
| 86 |
________________
၁၇ဝ
www.burmeseclassic.com
တင်မောင်မြင့်
ခရီးနှစ်ခေါက် ထွက်ဖြစ်ကြသည်။ ပျော်စရာကောင်းပါ၏။ သမီးကလေးက ရွှေပြားဝိုင်းဝိုင်းကြီးနှင့် ကစားလို ့ ကောင်းတုန်း။ သည် ကာလမှာ သံစုံတီးဝိုင်းကြီးမှ တေးတစ်ပုဒ်၏ အသံလှိုင်များ အထွတ် အထိပ် မရောက်မီ ခြေဆင်းဂီတနှင့် ဆင်တူလေသည်။
၁၉၁၃ ခုနှစ်တွင် ရူပဗေဒနိုဘယ်လ်ဆုကို ကျူရီဇနီးမောင် နှံနှင့် ဟင်နရီဘက်ကွာရယ်လ် ပူးတွဲရရှိသွားလေသည်။ ပီယာနှင့် မာရီတို့တ “ရေဒီယိုသတ္တိကြွခြင်း” ကို ရှာဖွေတွေ့ ရှိခဲ့ခြင်းကြောင့် ဆုချီးမြှင့်ခံရခြင်း ဖြစ်လေသည်။
သည်ဆုမှာ ပီယာနှင့် မာရီကို ကမ္ဘာကျော်အောင် ဖန်တီးပေး လိုက်သည့်ဆု ဖြစ်၏။ လက်ထောက်တွေငှားနိုင်ပြီ၊ ပီယာ့အစ်ကိုနှင့် မာရီအစ်မများကို လက်ဆောင်တွေ ဝယ်ပေးနိုင်ပြီ။ ငွေလည်း ချေးနိုင်ပြီး
သိပ္ပံအဖွဲ့အစည်းများသို့ ငွေတွေ လှူသည်။ တန်ဖိုးကြီးကြီး လက်ဆောင်ပစ္စည်းများကို ပိုလန်ကျောင်းသူကျောင်းသားများအား ပေး သည်။ ဓာတ်ခွဲခန်းလုပ်သားများနှင့် ဆီဗားရဲမိန်းကလေးကျောင်း ကျောင်းသူများကိုလည်း မမေ့။
ငယ်ငယ်တုန်းက ဝါဆောတွင် မာရီအား ပြင်သစ်စကား သင် ပေးသည့် ဆင်းရဲလှသော ပြင်သစ်မကြီးကို ပြေးသတိရသဖြင့်၊ ပြင်သစ် ပြန်ရောက်ဖို့ စိတ်လျှော့ထားသည့် အဘွားအိုအား မာရီက လမ်းစရိတ် ပို့ပေးပြီး မိတ်လိုက်သည်။ ရောက်လာတော့ အိမ်တွင်ခေါ်ပြီး တည်းစေ သည်။ ပြင်သစ်အဘွားအိုမှာ မမျှော်လင့်သည့် အခွင့်အရေးကြောင့် ပျော်မဆုံး ဖြစ်ကာ မျက်ရည်ကျရှာ၏။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမည်ကိုလည်း မာရီ သတိရပါသည် ရာပြည့်စာအုပ်တိုက်
ဓဒမ်ကျူရီ
၁၇၁
ဧည့်ခန်းကလေးကို နံရံကပ်စက္ကူတွေ ကပ်သည်။ အိမ်သာ ရေချိုးခန်းကို ခေတ်မီအောင် ပြန်ပြင်သည်။ နိုဘယ်လ်ဆုယူ ဧည့်ခံပွဲများကို တက်ရန် ဦးထုပ်ကလေးတစ်လုံး ဝယ်ဖို့တော့ မာရီ သတိမရ။ မည်သို့ ကျော်ကြား ရမည်ကို မာရီ မသိ။
မိမိတို့လင်မယား ကြိုးစားအားထုတ်မှု ရလဒ်ကို လူတွေ တလေးတစား ရှိကြသည့်အတွက်တော့ ဝမ်းသာသည်။ ဝန်နှင့်အား မမျှလောက်အောင် လုပ်ခဲ့ရသည့် အလုပ်ပမာဏကို အထိုက်အလျောက် လျှော့ချနိုင်ခဲ့ခြင်းနှင့် ဖရန့် ၇၀,၀၀၀ ရခြင်းအတွက်လည်း ကျေနပ်နေ မိတ်။
ကျန်သည့်အပိုင်းကတော့ စိတ်ပျက်စရာ၊ စိတ်ညစ်စရာတွေ ချည်း ဖြစ်၏။ လူတွေနှင့် အဆက်အဆံကျဲသည့် သူတို့လင်မယား ဝဋ် လည်သလို ဖြစ်လာ၏။ လူတွေက သူတို့ကို လေးစားခင်မင်မှုဖြင့် အတင်း ဆက်ဆံလာကြ၏။
ပီယာနှင့်မာရီ ရောက်နေသည့် ဘဝကဏ္ဍသည် သနားစရာပင် ကောင်းနေသည်။ သူတို့ဆက်လုပ်ရမည့် အလုပ်တွေက ရှေ့တွင် အပုံ အပင်။ ရေဒီယိုသတ္တိကြွ သုတေသနကိစ္စက ပြီးဆုံးသည် မဟုတ်သေး။ ကကြီးရေ က ပင် ရှိသေး၏။
သူတို့က အလုပ်လုပ်ချင်သည်။ လုပ်စရာတွေ ရှိသည်။ သို့ရာ တွင် နိုဘယ်လ်ဆုနှင့် အတူကပ်ပါလာသည့် ကျော်ကြားမှုကြောင့်၊ သောင် နှင့်ချီသော သတင်းစာ၊ ဆောင်းပါးများကြောင့် ယောက်ျား မိန်းမတွေ သန်းနှင့်ချီပြီး သူတို့နှစ်ယောက်ကို စိတ်ဝင်စားလာကြသည်။
သူတို့ အလွန်တန်ဖိုးထားခဲ့သော၊ သူတို့ အမြတ်နိုးဆုံးသေ
ရာပြည့်မအုပ်တိုက်
www.burmeseclassic.com
| 88.519135 |
Madame Curie
|
Tin Maung Myint
|
10313
| 87 |
________________
၁၇၂
www.burmeseclassic.com
တင်မောင်မြင့်
ကျူရီ
၁၇၃
စိတ်၏ငြိမ်းချမ်းမှု၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ် မြော်မြင်မှုတို့ ဆုံးရှုံး ရလေပြီ။ နိုဘယ်လ်ဆုရပြီး ရက်ပိုင်းအတွင်း ပီယာက သူငယ်ချင်း တစ်ယောက်ဆီကို စာရေး ရင်ဖွင့်လေသည်။
“တို့နှစ်ယောက်နောက်ကို စာနယ်ဇင်းသမားတွေ၊ ကမ္ဘာအရပ်ရပ်က ဓာတ်ပုံသတင်းထောက်တွေ တကောက်ကောက် လျှောက်လိုက်နေတယ်ကွာ။ ကိုယ့်သမီးကလေးနဲ့ ကလေးထိန်းကောင်မလေး အပြန်အလှန် စကားပြောတာတောင် သူတို့ ပြန်ရေး နေကြတယ်။ အိမ်မှာမွေးထားတဲ့ အနက်နဲ့အဖြူကြား ကြောင်မကလေး အကြောင်းကအစ ပုံကြီးချဲ့နေ ကြတယ်။
ပိုက်ဆံတွေ အများကြီးရတာတော့ ဟုတ်ပါ ။ အော်ကိုရေးခိုင်းတဲ့ လူတွေက တမှောင့်၊. အထက်တန်းလွှာဆိုတဲ့ လူတွေက တစ်မျိုး၊ အိမ်ကို . လာလည်တဲ့ အထဲမှာ သိပ္ပံပညာရှင်တွေတောင် ပါ တယ်ကွာ။ နားချိန် မရှိ အလုပ်လုပ်ချိန် မရှိ၊ ဓာတ်ခွဲ ခန်းထဲမှာလည်း အလားတူပဲ . . . " ထိုစာထဲတွင် မာရီက ထပ်ဖြည့်ရေးသေးသည်။ “အိမ်မှာ ပွက်လောညံနေတာပဲ၊ မာရီတို့ အလုပ်လုပ် ချိန် မရှိအောင် သူတို့ လုပ်နေကြတယ်။” ခပ်ပြတ် ပြတ် လုပ်မှဖြစ်တော့မယ် ဆိုပြီး ဧည့်သည်လာရင် တွေ ့ဘူးလို့ ဆုံးဖြတ်ပေမဲ့ မရဘူး။ ဘယ်လိုမှ ရာပြည့်စာအုပ်ကို
တားလို့ဆီးလို့ မရဘူး။ မာရီတို့ ဘဝကလေးဟာ ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ ကျော်ကြားမှုကြောင့် ပျက်စီး သွား ပြီ။
လာတဲ့စာတွေ မသိမ်းနိုင်တော့လို့ လွှင့် ပစ်မိတဲ့ အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ စာတွေထဲမှာ ရေဒီယမ်ကို ဖွဲ ့ဆိုတဲ့ ကဗျာတွေ၊ သီချင်းတွေတောင် ပါတယ်လေ။
`မနေ့ကရတဲ့ အမေရိကန်က ́ စာတစ် စောင်မှာ သူ့မြင်းကို မာရီကျူရီလို့ နာမည်ပေးချင်ပါ တယ်တဲ့၊ ခွင့်ပြုနိုင်ပါ့မလားတဲ့။ မာရီတို့ရဲ့ အလုပ်မှ အလုပ်ဆိုတဲ့ ကမ္ဘာကလေး တစ်စစီ ဖြစ်သွားပြီ
လေ။”
လူသိများလာခြင်းကြောင့် ဖြစ်ရသော စိတ်သောကများသည် ကြာတော့ အရေထူလာသည်။ နိုဘယ်လ်ဆုရှင်အဖြစ် ဝိုင်းအကြည့်ခံရ ခြင်းထက် အိမ်မှာ ဖြစ်ဖြစ်၊ ဓာတ်ခွဲခန်းထဲမှာ ဖြစ်ဖြစ် အလုပ်လုပ်၍ နေချင်ပါသည်။
တစ်နေ့တခြား လူတွေကို ပို၍ပို၍ ရှောင်တတ်လာသည်။ ဇာတ်မြှုပ်နေဖို့ ကြိုးစားသည်။ ဘယ်တုန်းကမှ မသိဖူး၊ မမြင်ဖူးသူက “ခင်ဗျား မဒမ်ကျူရီ မဟုတ်ဘူးလား" ဟု ဇွတ်အတင်း လိုက်မေးလျှင် သိပ်အားမစိုက်ရတော့ဘဲ သံမှန်လေသံဖြင့် “လူမှားနေတယ် ထင်ပါ တယ်" ဟု ခပ်တည်တည် ပြောတတ်လာသည်။
မလွှဲမရှောင်သာဘဲ သူတို့ကို ချစ်ခင်လေးစားသူများနှင့် ic.com/
ကွာပြာအုပ်တိုက်
.WWW.
| 86.865059 |
Madame Curie
|
Tin Maung Myint
|
10313
| 88 |
________________
၁၇၄
www.burmeseclassic.com
တင်မောင်မြင့်
သည့် ပွဲများတွင်တော့ မာရိသည် ခင်ပွန်းလုပ်သူ ပီယာကဲ့သို့ပင် ငြီးငွေ့ ခြင်း၊ လူတောထဲတွင် မပျော်ပိုက်ခြင်းတို့ကို သိပ်ပိရိခြင်း မရှိဘဲ ဖုံးကွယ် နေရ၏။ သည်အဖြစ်အပျက်ပေါင်း များစွာထဲမှ တစ်ခုကမူ ပြောစမှတ် တွင်ခဲ့လေသည်။
အယ်လီဆေးနန်းတော်တွင် ပြင်သစ်သမ္မတ လူဘဲနှင့် မာရီတို့ လင်မယား ဆုံရသည်။ အမျိုးသမီးကြီးတစ်ယောက် အနားရောက်လာပြီး မဒမ်ကျူရီကို မေးသည်။
မယ်လေ'
“ဂရိတ်ဘုရင်မင်းမြတ်နဲ့ တွေ့ လိုက်ပါလားဟင်၊ မိတ်ဆက်ပေး
မာရီက တိုးညင်သည့် အသံကလေးဖြင့် ယဉ်ကျေးစွာနှင့် ရိုးသားစွာ ပြန်ပြောလိုက်သည်။
“သိပ်အကြောင်းထူးမယ် မထင်ပါဘူးရှင့်”
အမျိုးသမီးကြီး မျက်နှာပျက်သွားသည်။ မာရို့ခေါင်းထဲတွင် လျှပ်စီးတစ်ချက် ဝင်းလက်သွားသည်။ ဘုရား . . ဘုရား၊ မိမိ မမှတ်မိ လိုက်သည့် အမျိုးသမီးကြီးမှာ သမ္မတကတော် မဒမ်လူဘဲပါလား။ မာရီ မျက်နှာ ထူပူသွားသည်။ ချက်ချင်း သတိဝင်လာပြီး အနူးအညွတ် တောင်း ပန်သည်။
‘သမ္မတကတော် စီစဉ်တဲ့အတိုင်း ကျွန်မ လိုက်နာပါ့မယ်ရှင်၊ တွေ့ ပါ့မယ်နော်'
ဒမ်ကျူရီ
၁၇၅
ပီယာသည် အချိန်အကုန်မြန်နေခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိသည်။ ထိုလူရွယ်သည် သူ့ခန္ဓာကိုယ်ဖွဲ့စည်းမှု ယိုယွင်းနေပြီ၊ သေရမည့်အချိန် နီးကပ်နေပြီဟု တွေးတောကြောက်ရွံ့နေခြင်းလော။
သူ့ဆုံးဖြတ်ချက်များ၊ မှန်းထားချက်များကြောင့် မိန်းမကို ချစ် စနိုး နားပူနားဆာ လုပ်သည်။ မိမိတို့ သုတေသနလုပ်ငန်းမှာ သိပ် နှေးကွေးလွန်းနေကြောင်း၊ မအိပ်မနေ လုပ်ကြရတော့မည့်အကြောင်း စသည် စသည်။
မာရီက လင့်စကားကို မြေဝယ်မကျ နားထောင်သူ။ ရှိသမျှ အင်အားကို ညှစ်ထုတ်ပြီး ပီယာပြောသမျှ လိုက်လုပ်သည်။ ကိုယ်စွမ်း ရှိသမျှထက် အင်အားပိုသုံးပြီး လုပ်သည်။ ၁၆ နှစ် သမီးကစပြီး မနိုင်ဝန် ထမ်းခဲ့သူ မဟုတ်လား။ အလုပ်ကို ချစ်မြတ်နိုးခဲ့သူ မဟုတ်လား။
မာရီသည် အရိုးသားဆုံး ဘဝလမ်းကြောင်းကို လျှောက်လှမ်း လိုသူ ဖြစ်သည်။ မယားဝတ်ငါးပါး ကျေပွန်ဆုံး ဇနီးကောင်းတစ်ယောက်၊ မိဘဝတ္တရား ကျေပွန်ဆုံး မိခင်ကောင်းတစ်ယောက် ဖြစ်လိုသည်။ သည် အတွက် ရေဒီယမ်ကို မေ့ထားရမလို ဖြစ်လာသည်။ ကောင်းကောင်း စားရမည်၊ ကောင်းကောင်း အိပ်ရမည်။ ပြီး စိတ်ကို အနားပေးရမည်။
သို့ရာတွင် မိုးလင်းသည်နှင့် အသစ်အသစ်သော လုပ်စရာ တာ ဝန်တွေက တိုး၍တိုး၍သာ လာသည်။ မာရို့ အတွက် ၁၉၁၄ ခုနှစ်သည် အပင်ပန်းဆုံးနှစ် ဖြစ်သည်။ ဒုတိယကိုယ်ဝန် ရှိလာပြန်ပြီလေ။
ကျောင်းက ခဏ ခွင့်ယူလိုက်ရသည်။ ညပိုင်း ဓာတ်ခွဲခန်းမှ ပြန်လျှင် လေးလံနုံးနယ်ကာ ပီယာ့လက်မောင်းကို တွဲလိုက်လာရ၏။ တစ်ခါတစ်ရံ ဝါဆောကို သတိရသဖြင့် အလွန်ကြိုက်သော ငါးဥဆားနယ် ရာပြည့်စာအုပ်တိုက်
www.burmeseclassic.com
| 87.586207 |
Madame Curie
|
Tin Maung Myint
|
10313
| 89 |
________________
၁၇၆
၁ယ်ပြန်သည်။
www.burmeseclassic.com
တင်မောင်မြင့်
ညီမကို မွေးဖွားပေးဖို့ ဘရွန်ညာ ပိုလန်မှ ရောက်လာသည်။ လုံးဝ ပြောင်းလဲနေသည့် မာရီကိုတွေ့ တော့ အထိတ်တလန့် ဖြစ်သွား သည်။ စိတ်ဓာတ်ကျနေသည့်ပုံ။
မွေးခုတင်ပေါ်တွင် ဝေဒနာကို အပြင်းအထန် ဆက်တိုက် ခံနေရ၏။ နောက်ဆုံး ၁၉ဝ၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပိတုန်း ရောင် ကေသာနှင့် ဝဝကစ်ကစ် ဒုတိယသမီးကလေး ဖွားမြင်သည်။ အနုတ္တသညာ ခေါ်စရာကား ဧဝကျူရီး
ပျော်ပျော်ရွှင်ရွှင် ရှိပုံမရသည့် ညီမလုပ်သူကို ကြည့်ပြီး ဘရွန် ညာတစ်ယောက် စိတ်မကောင်း ဖြစ်နေသည်။ ဘရွန်ညာ ပြန်သွားတော့ မာရီ ပိုပြီး စကားနည်းလာသည်။ ဧဝကလေး ရယ်တတ်ပြုံးတတ်လာ ကော့မှ မအေလုပ်သူပါ လိုက်ပြီး ရယ်ရယ်မောဇာ ရွှင်ရွှင်ပျပျ ဖြစ်လာ သည်။ သမီးကလေးနှစ်ယောက်ကြောင့် မာရို့နှလုံးသားများ နူးနူးညံ့ညံ့ ပြန်ဖြစ်လာသည်။
အိုင်ရင်းတုန်းကလိုပင် ဧဝကလေး မွေးသည့်နေ့မှစပြီး ကလေး အကြောင်း အသေးစိတ် မှတ်တမ်းရေးသည်။ မီးထွက်ပြီး အနားယူခွင့် ရလိုက်သဖြင့် ဘဝသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ ခပ်မှန်မှန် လှမ်းရမည့် ဘဝလမ်းကြမ်းပေါ်သို့ ပြန်လည် ရောက်ရှိခဲ့လေပြီ။ အစ်ကိုလုပ်သူထံ စာရေးဖြစ်၏။
“ကလေးတွေကတော့ ကျန်းကျန်းမာမာပါပဲ၊ ထွား လည်းထွားကြတယ်။ ဧဝကလေးက အအိပ်အနေ နည်း တယ်၊ သူ့ကို ပုခက်ထဲမှာ မအိပ်ဘဲ ထားခဲ့ရင် ရာပြအုပ်ကိုက်
ဒင်ကျူရီ
၁၇၇
ဒေါ ကန်တော့တာပဲ၊ ပွေ့ချီပြီး အိပ်တဲ့အထိ သိပ်ရ တယ်။ မနက်တိုင်း သမီးနှစ်ယောက်နဲ့ အိမ်မှာနေပြီး ဓာတ်ခွဲခန်းကို နေ့လယ်ပိုင်းပဲ သွားနိုင်တော့တယ်။ စာသင်ချိန်လည်း တစ်ပတ်မှာ မနက်ပိုင်း နှစ်ချိန်ပဲ' ယူနိုင်တော့တယ်။ လုပ်စရာတွေက လက်ကို မလည် ဘူး။ အိမ်မှုကိစ္စက တစ်ဖက်၊ ကလေးတွေက တစ်ဖက်၊ ကျောင်းနဲ့ဓာတ်ခွဲခန်းက တစ်ဖက်.. . ။" အိမ်ကို ဘယ်ဧည့်သည်မှ မလာနိုင်အောင် ခံတပ်သဖွယ် ကာ ကွယ်ထားရသည်။ လင်မယားနှစ်ယောက် အလွန်ရိုးစင်းသည့် ကလေးတစ်ခု တည်ဆောက်ပြီး လျှို့ဝှက်စွာ ဆက်နေကြ၏။
ဘဝ.
မျက်နှာလွှဲရသည့် အိမ်ဖော်တစ်ယောက် ရထားသည်။ ထမင်း ဟင်း အချက်အပြုတ်လည်း ကောင်း၏။ သို့သော် အိမ်ရှင်လင်မယား၏ ချီးကျူးစကား တစ်ခါမှ မကြားရ။ ဘယ်လောက်ကောင်းအောင် ချက်ချက် အကြောင်းမထူး။ အမျိုးသမီးက သည်းမခံနိုင်တော့သဖြင့် တစ်နေ့တွင် သူချက်သည့် အမဲနှပ်ကို အားရပါးရ စားနေသည့် ပီယာအား အရသာ ရှိ မရှိ မေးတော့၏။
“ဟင် . . ဟုတ်လား၊ ကိုယ်စားနေတာ အမဲနှပ်လား။ အင်း အင်း . . ကောင်းမှာပါ' ဟု ပီယာက အလိုက်သင့် ဖြေသည်။ မာရီက အလုပ်ဘယ်လောက်ပင်ပန်းပင်ပန်း၊ ကလေးတွေ အတွက် အချိန်ပေးသည်။ ကစားဖော်တွေနှင့် ကစားဖြစ်အောင် ရံဖန်
ခရစ္စမတ် သစ်ပင်တစ်ပင်၊ ပန်းပွင့်တွေ၊ ဖယောင်းတိုင်တွေ၊ ရောင်စုံ
ရံခါ ဆုံပေးသည်။ သူတို့ကလေးများ ငယ်ဘဝကို မှ တ် နိုင် om/
အားပြည့်တိုက်
| 87.39268 |
Madame Curie
|
Tin Maung Myint
|
10313
| 90 |
________________
www.burmeseclassic.com
တင်ဆောင်ခြင်
ဒမ်ကျူရီ
၁၇၉
သီးတွေ ဝေဝေဆာဆာ ဆင်မြန်းပေးသည်။
ရံခါတွင် လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်း အနည်းအကျဉ်း ဖိတ်ပြီး ညစာ ကျွေးသည်။ ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင် ရွေးဝယ် သည်။ ညစာဝိုင်းပြင်လျှင် စားပွဲ၊ ကုလားထိုင် အနေအထားအားလုံး ကိုယ်တိုင် စစ်ဆေးသည်။
နောက်ဆုံးတော့ ဘိုးဘွားပိုင် ပရိဘောဂများကို လက်ခံရတော့ ၏။ ကတ္တီပါ ကူရှင်နှင့် မဟော်ဂနီ ဆိုဖာများ၊ ရှေးဟောင်း ကုလားထိုင် များသည် အရောင်ဖျော့ဖျော့ ဧည့်ခန်းနှင့် လိုက်ဖက်နေ၏။ ကျက်သရေ အရှိဆုံးမှာ စာအုပ်ဗရိုနှစ်လုံး ဖြစ်သည်။ ပီရိုအပေါ်ဆင့်တွင် စာအုပ် ထူကြီး နှစ်အုပ်က အခံကညား နေရာယူထား၏။
“ရူပဗေဒအဖွင့် သီဝရီများ” နှင့် “အခြေခံ ကဲကုလနှင့် ကဲကုလ ၏ ထူးခြားချက်များ” စာအုပ်ကြီးနှစ်အုပ် ဖြစ်သည်။
လင်မယားနှစ်ယောက် ညနေခင်းများတွင် ညဝတ်အင်္ကျီကိုယ် စီနှင့် ခြေညှပ်ဖိနပ်စီးကာ သိပ္ပံစာအုပ်တွေနှင့် အချိန်ကုန်တတ်ကြသည်။ သည်အထဲက ပန်းချီပြပွဲရှိလျှင် မလွတ်တမ်း ကြည့်ကြ၏။ တစ်နှစ် တစ် ကြိမ်လောက်တော့ ရုပ်ရှင် သို့မဟုတ် ကဇာတ်ကြည့်ဖြစ်ဖို့ သတိထား သည်။ ဧည့်ခံပွဲများ၊ ညစာစားပွဲများတွင် သူတို့လင်မယားကို ဘယ်တော့ မှ တွေ့ကြရမည် မဟုတ်။
နိုင်ငံတော်အစိုးရက ကျင်းပသည့် ပွဲမျိုးကိုတော့ သူတို့ ရှောင် လို့မရပေ။ သည်လိုပွဲမျိုးတက်ဖို့ မာရီတွင် ပွဲတက်ဝတ်စုံကောင်းကောင်း မရှိပေ။ ရှိသည့် သိုးမွေးဝတ်စုံကို အပ်ချုပ်သမားတစ်ယောက်နှင့် ဟိုနေရာ သီ၊ သည်နေရာချုပ်နှင့် ပုံအမျိုးမျိုးပြောင်းပြီး ဝတ်သည်။
အားပြည့်အုပ်တိုက်
ဝတ်ကောင်းစားလှနှင့် မိန်းမသားများက မာရီကိုကြည့်ပြီး သနားကြပေလိမ့်မည်။ မာရီသည် မိန်းမသားတို့၏ ဖက်ရှင်အကြောင်း လုံးဝ နားမလည်ပေ။ သို့ရာတွင် သူ ဆင်ယင်ထုံးဖွဲ့ပုံမှာ သူ့စရိုက်နှင့် လိုက်ဖက်နေသဖြင့် တစ်မျိုး ကျက်သရေရှိနေသည်သာ။
ရွှေရောင်ဖျော့ဖျော့ဆံပင်ကို ဦးခေါင်းပေါ်တွင် ရိုးရိုးကလေး ထုံးပြီး ရွှေကြိုးကလေးက လည်တိုင်ကြော့ကြော့တွင် လျော့လျော့ကလေး ကျနေသည့်အခါ မာရီသည် မိန်းမကျက်သရေဖြင့် ရှုချင့်စဖွယ် တင့်တယ် နေသည်သာ။ တစ်ညနေ အပြင်ထွက်ကြစဉ် ပီယာက ဇနီးကလေးကို သေသေချာချာ ကြည့်ပြီး -
“အင်း . . မင်းမှာလည်း ဒီတစ်ထည်တည်းနဲ့ စခန်းသွားနေရ တယ်နော်' ဟု ခပ်ညည်းညည်း ပြောသည်။ ပြီးမှ သက်ပြင်းချပြီး. 'အေးလေ၊ တို့မှာ အဝတ်အစားအတွက် အချိန်မှ မရှိတာ' ဟု ဖြည့်ပြော သည်။
ပီယာနှင့် မာရီတို့အတွက် ခေတ်ဆန်းချိန် ရောက်လာပြီ။ သူတို့၏ ကြိုးပမ်းမှုကို ပြင်သစ်အစိုးရက သတိထားမိစ ပြုလာပြီ ဖြစ်၏။ ဇူလိုင် လထဲတွင် သိပ္ပံအကယ်ဒမီကို ပီယာ ဝင်လိုက်သည်။ ဝင်ပြီးသည်နှင့် သည်ဝန်းကျင်နှင့် ခွင်မကျကြောင်း တွေ့လာရသည်။ အဖွဲ့ဝင်အချို့က သူ့ကို မကြိုက်ကြ။ အောက်တိုဘာလထဲတွင် ရေးသည့် စာတစ်စောင် တွင်-
ာပြအုပ်တိုက်
www.burmeseclassic.conm.
| 87.538529 |
Madame Curie
|
Tin Maung Myint
|
10313
| 91 |
________________
www.burmeseclassic.com
“အကယ်ဒမီအတွက် အသုံးချလို့ရမယ့် ဘာပစ္စည်း မှလည်း ကျွန်တော်သုတေသနမလုပ်နိုင်သေးဘူး။” ဟု ပါရှိသည်။
တင်မောင်မြင့်
သို့သော် အကယ်ဒမီအဖွဲ့ဝင် ဖြစ်သွားပြီဆိုသည်နှင့် စိတ်ဝင် စားစရာတွေ ရှိလာသည်။ ရူပဗေဒတွင် ကုလားထိုင်တစ်နေရာ ရလိုက် ခြင်း ဖြစ်၏။ လောလောဆယ်တွင် သူ့အား ဆော်ဘွန်းတက္ကသိုလ်တွင်ပင် တာဝန် ဆက်ပေးထားသည်။ စင်စစ် ပီယာကလည်း ဆော်ဘွန်းက တပည့်တွေနှင့် ခွဲချင်သူ မဟုတ်။ အားလုံး ရေကန်အသင့် ကြာအသင့် ဖြစ်သွားလေတော့၏။ ဓာတ်ခွဲခန်းမှာ ပီယာနှင့်မာရီတို့ လိုသလောက် မပြည့်စုံသော်လည်း ရင်ခွဲရုံကြီးနှင့်စာလျှင် အပုံကြီးသာသဖြင့် လင်မယား နှစ်ယောက် ဝမ်းသာနေကြရ၏။
အစိုးရက လစာပေးထားသည့် ဓာတ်ခွဲခန်းအလုပ်သမား သုံး ယောက်ရှိသည်။ ဓာတ်ခွဲခန်းတာဝန်ခံ ရာထူးကို မာရီ ယူရမည်။ မာရီက ပါရဂူဘွဲ့ကို ဂုဏ်ထူးတွေ တသီတတန်းကြီးဖြင့် အောင်မြင်ပြီး ဖြစ်၏။ ပထမဆုံးအကြိမ်အဖြစ် လင်တော်မောင်၏ ဓာတ်ခွဲခန်းတွင် တရားဝင် တာဝန်ထမ်းဆောင်ရခြင်း ဖြစ်လေသည်။
၁၉၀၆ခုနှစ် ဧပြီလတွင် ရေးသည့် စာတစ်စောင်တွင် ပီယာက- “အရှိန်မြင့်လာလို့ ထွက်သွားတဲ့ ရေဒီယမ်ပမာဏကို တိတိကျကျ သိရအောင် ကျွန်တော်နဲ့ မဒမ်ကျူးရီ အတူတူ အလုပ်လုပ်နေကြပါတယ်။"
ဟု ရေးခဲ့သည်။
ရာပြည့်ာအုပ်တိုက်
တယ်"
ကာ
--
“ကျွန်တော်နှင့် မဒမ်ကျူရီ အတူတူ အလုပ်လုပ်နေကြပါ
သည်စာလုံးများကို ပီယာ မသေမီ ငါးနှစ်က ရေးခဲ့ခြင်း ဖြစ်၏။ သူတို့နှစ်ဦး၏ ကြိုးပမ်းပူးပေါင်းမှ အလှအပကို ဖော်ကျူးထားခြင်းဖြစ်၏။ ဘပ ်တော့မှ ယိုင်လဲမသွားနိုင်သည့် ပူးပေါင်းမှုမျိုး
ဓာတ်ခွဲခန်းထဲတွင် ခြေလှမ်းတိုင်းသည် သူတို့နှစ်ဦးကို ပို၍ပို၍ နီးစပ်လာစေမည့်၊ ညီညွတ်လာစေမည့် ခြေလှမ်းများချည်း ဖြစ်နေ၏။
အတွေးသစ်များ၊ မေးခွန်းသစ်များသည် နှစ်ဦးကြားတွင် မြား ပစ်သလို လူးလာခေါက်ပြန် ပြေးလွှားနေကြ၏။ တစ်ဦးကိုတစ်ဦး ချီး ကျူးကြ၊ ဂုဏ်ပြုကြနှင့် ပျော်စရာကောင်းသလို ငြင်းကြ၊ ခုံကြ၊ စကား များကြသည်များလည်း ရှိ၏။ သို့သော် အချစ်များစွာဖြင့်သာ။
သူတို့နှစ်ယောက်သည် ညီမျှခြင်းတစ်ဖက်စီမှ ကိန်းဂဏန်း များနှင့် တူ၏။ တစ်ဦးကိုတစ်ဦး နှစ်နှစ်ကာကာ ချစ်ကြသလို လုပ်ဖော် ကိုင်ဖက်များ အနေဖြင့်လည်း အပြန်အလှန် လေးစားကြ၏။ လေးနက် တည်ငြိမ်သည့် အချစ်မျိုးဖြင့် ချစ်ကြသည့် ချစ်သူအချင်းချင်းသာ ထား ရှိနိုင်သည့် ဆက်ဆံရေးမျိုး ဖြစ်သည်။
၁၉ဝ၆ ခုနှစ် နှစ်ကူးပွဲတော်ရက်များကား ရာသီဥတု ကြည်လင်သာယာ လျက် ရှိသည်။ ပီယာနှင့် မာရီတို့နှစ်ယောက် တောပိုင်းတွင် ငှားထား သည့် အိမ်ကြီးတစ်အိမ်တွင် ရက်ပေါင်းများစွာ ဆောင်းခို အနားယူလျက် ရှိသည်။
-ရာပြည့်အုပ်တိုက်
www.burmeseclassic
ssic.com
| 87.424313 |
Madame Curie
|
Tin Maung Myint
|
10313
| 92 |
________________
မာရီ၊ အိုင်ရင်းနှင့်ပီယာ (၁၉၀၄) (အိမ်ဥယျာဉ်ထဲမှာ)
ရာပြည့်စာအုပ်တိုက်
www.burmeseclassic.com
ဒမ်ကျူရီ
၃
တနင်္ဂနွေနေ့တွင် ဟိုအဝေးဆီမှ ခေါင်းလောင်းထိုးသံများ လွင့် ပျံ့လာချိန်တွင် လင်မယားနှစ်ယောက် စက်ဘီးကိုယ်စီစီးကာ တောထဲသို့ ထွက်လာခဲ့ကြသည်။ အပြန်တွင် ထုံးစံအတိုင်း တောပန်းတွေ တစ်ပွေ့ တစ်ပိုက်ကြီး ခူးပြန်လာခဲ့ကြ၏။
မနေ့က ပင်ပန်းသဖြင့် နောက်နေ့တွင် တောမလည်တော့ဘဲ နားလိုက်ကြသည်။ နှစ်ယောက်သား မြက်ခင်းပေါ်တွင် ပျင်းတိပျင်းတွဲ လဲလျောင်းဒနကြ၏။
အိုင်ရင်းက ပိုက်ကလေးဖြင့် လိပ်ပြာလိုက်ဖမ်းနေသည်။ မိလျှင် ဝမ်းသာအားရ အော်သည်။ အိုင်ရင်းသည် ယောက်ျားဝတ်ဘောင်းဘီတို နှင့် မိန်းမဝတ် ရှပ်အင်္ကျီ ဝတ်ထားသဖြင့် တစ်မျိုးဖြစ်နေ၏။ ဒါကိုပင် ပီယာက သဘောကျပြီး ချစ်စရာသမီးကလေးကို မြတ်မြတ်နိုးနိုး ကြည့်နေ သည်။
ပန်းခြံထဲတွင် စိတ်လွတ်လက်လွတ် ပြေးလွှားနေသည့် သမီး ကလေးကို တစ်လှည့်၊ မလှုပ်မယှက် ငြိမ်သက်နေသည့် ချစ်ဇနီးကို‘တစ် လှည့် ကြည့်နေ၏။ မာရီ ပါးပြင်နှင့် ဆံပင်ကွေ့ကို လက်နှင့် ပွတ်သပ် နေရင်း ခပ်တိုးတိုးပြောသည်။
“သိပ်စိတ်ချမ်းသာတာပဲ မာရီရယ်'
ဗုဒ္ဓဟူးနေ့ညတွင် ပါရီသို့ ပြန်လာခဲ့ကြသည်။ ရာသီဥတုမှာ လုံးဝ ပြောင်းလဲသွား၏။ လေတဟူးဟူးတိုက်ကာ အေးစိမ့်လာ၏။ မိုး ပေါက်တွေ မှန်ပြတင်းကို တဗြန်းဗြန်းပက်နေ၏။ လမ်းတွေမှာ စိုရွှဲပြောင် လက်နေသည်။
ကြာသပတေးနေ့တိုင်အောင် မိုးက မပြေနိုင်အောင်
ရာပြည့်ာအုပ်တိုက်
www.burmesic.com
| 85.985161 |
Madame Curie
|
Tin Maung Myint
|
10313
| 93 |
________________
www.burmeseclassic.com
ထင်အောင်မြင့်
မနက်မိုးလင်းသည်နှင့် အလုပ်ကိုယ်စီဖြင့် ရှုပ်ယှက်ခတ်နေတော့၏။ ကလေးနှစ်ယောက်ကို အဝတ်လဲပေးရင်း သည်နေ့ဓာတ်ခွဲခန်းကို လာနိုင် တော့မည် မဟုတ်ကြောင်း အပေါ်ထပ်မှ ပီယာ့ကို လှမ်းအော်ပြောလိုက် သည်။ အိမ်တွင် လုပ်စရာတွေက အပုံအပင်။
ထိုနေ့က ပီယာသည် ဆာဗင်တေးဟိုတယ်တွင် လုပ်ဖော်ကိုင် ဖက်များနှင့် နေ့လယ်စာစားသည်။ မွန်းလွဲ နှစ်နာရီခွဲတွင် အားလုံးကို အပြုံးဖြင့်နှုတ်ဆက်ပြီး ထွက်ခဲ့သည်။ ဟိုတယ်မှ အထွက်တွင် ကောင်း ကင်ကို မော့ကြည့်ပြီး မျက်နှာတစ်ချက် ရှုံ့လိုက်သည်။ ထီးဖွင့်ပြီး မိုးထဲ လေထဲသို့ ထွက်ခဲ့၏။
ဒက်ဖနီလမ်းရောက်တော့ ရထားလုံးသမားတွေ အော်သံ၊ ဓာတ် ရထားဘီးသံတွေဖြင့် ဆူညံနေ၏။ သို့သော် ပီယာ့အတွက် ဘာမှ အနှောင့်အယှက်မဖြစ်။ ကိုယ့်အတွေးနှင့်ကိုယ် ဆက်လျှောက်နေသည်။ ပြီးတော့ အမှတ်မထင် လမ်းကို ဖြတ်ကူးလိုက်သည်။ ရှေ့တည့်တည့်မှ ဧရာမ ရထားလုံးကြီး ဘွားခနဲ ပေါ်လာ၏။
ပြေးလာနေသော မြင်းကြီး၏ ရင်ဘတ်အောက် မရောက်အောင် အထိတ်တလန့် ရှောင်လိုက်သည်။ ဤတွင် မိုးရေတွေဖြင့် စိုနေသော ပလက်ဖောင်းအစပ်တွင် ခြေတစ်ဖက်ချော်ကာ လဲကျသွားတော့၏။ အထိတ်တလန့် အော်သံတွေ ဆူညံသွားသည်။
မြင်းရထားသမားက ဇက်ကြိုးကို အလန့်တကြား ဆောင့်ဆွဲပြီး အရှိန်သတ်သည်။ သို့သော် ဧရာမ ရထားလုံးကြီးသည် ကိုက်ပေါင်းများစွာ ဆက်ပြီး လျှောတိုက်ပြေးလွှားနေ၏။ နောက်ဘီးတစ်ဘီးက ပီယာ၏ ဦးခေါင်းကိုကြိတ်ကာ တရွတ်ဆွဲသွားတော့သည်။
ရာပြည့်အုပ်တိုက်
မဒမ်ကျူရီ
ရရ
ရဲက ချက်ချင်းရောက်လာပြီး ပီယာ့ကို ကောက်ယူတော့ အသက်ကုန်နေပြီ။ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။ ဆေးရုံရောက် တော့ ဆရာဝန်တစ်ယောက်က ပွန်းရာပဲ့ရာမရှိသည့် မျက်နှာကို သန့်စင် ဆေးကြောပြီး ဦးခေါင်းကို ပတ်တီးစည်းပေးသည်။ ဆေးရုံက တက္ကသိုလ် မဟာသိပ္ပံဌာနသို့ လှမ်းအကြောင်းကြားသည်။ အချိန်အနည်းငယ် တွင်း နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ်တစ်ယောက် မာရီ အိမ် တံခါးကို လာခေါက်နေပြီ။ မဒမ်ကျူရီ ပြန်မရောက်သေးကြောင်း သိသ ဖြင့် ပြန်သွားသည်။ နောက် တံခါးလာခေါက်သူက မဟာသိပ္ပံဌာနမှူး ပေါလ်အေပယ်လ်။ သူက အိမ်ထဲဝင်ပြီး ထိုင်စောင့်သည်။
ညနေ ၆ နာရီတိတိတွင် မာရီ တံခါးသော့ဖွင့်ပြီး ဝင်လာသည်။ ပြုံးပြုံးရွှင်ရွှင် ဝင်လာခြင်း ဖြစ်၏။ အေပယ်လ်၏ မျက်နှာအမူအရာကို ကြည့်ပြီး တစ်ခုခု ဖြစ်ပြီဟု မာရီ ချက်ချင်းသိလိုက်သည်။
ပါမောက္ခက အဖြစ်အပျက်ကို ပြောပြသည်။ မာရီ မတုန် မလှုပ်။ ကျောက်ဆစ်ရုပ်တစ်ရုပ်လို ငြိမ်နေ၏။ မကြည့်ရက်စရာ။ အကြာ ကြီး တိတ်ဆိတ်နေပြီးမှ မာရီနှုတ်ခမ်းအစုံ လှုပ်လာသည်။
“ပီယာသေပြီ ဟုတ်လား၊ သေပြီ၊ တကယ်သေပြီပေါ့နော် ဆရာ' ၁၉ဝ၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပီယာကွယ်လွန်ကြောင်း သိရသည့် အချိန်မှစပြီး မဒမ်ကျူရီသည် အလွန်သနားစရာကောင်းသော၊ ဘာနှင့်မှ ကုစား၍မရသော အထီးကျန်ဝေဒနာရှင် မိန်းမသားတစ်ဦး ဖြစ်သွားလေတော့သည်။
ပီယာ့အလောင်းကို အိမ်သယ်လာပေးဖို့ တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။ ပြီးတော့ သူငယ်ချင်းတစ်ယောက်ကို အိုင်ရင်းကလေ
ရာပြည့်ာအုပ်တိုက်
eseclassic.com
www.
| 88.839104 |
Madame Curie
|
Tin Maung Myint
|
10313
| 94 |
________________
ວດແ
www.burmeseclassic.com
တင်မောင်မြင့်
အား ခဏခေါ် ထားပေးဖို့ အကူအညီ တောင်းလိုက်သည်။ ဧဝကလေးကို ခါတိုင်းလိုပဲ ရေချိုးပေးရမှာလားဟုလည်း သူငယ်ချင်းမကို မေးသေး သည်။ ဝါဆောကို အကျိုးအကြောင်း သံကြိုးတစ်စောင် ပို့လိုက်၏။
ပြီးတော့ ပန်းခြံထဲ ဆင်းလာခဲ့သည်။ မြက်ခင်းမှာ ရေတွေ ရွှဲ နေ၏။ ခုံတန်းလျားပေါ်တွင် ဒူးပေါ် တံတောင်ဆစ်ထောက်ပြီး ထိုင်ချ လိုက်သည်။ မျက်နှာကို လက်ဝါးနှစ်ဖက်ကြားတွင် မှောက်ချထား၏။
မာရီ ဘာမျှ မမြင်တော့။ ဘာမျှ မကြားတော့။ လောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားလေပြီ။ ချစ်သူ ရောက်အလာကို စောင့်နေသည့် မိန်းကလေး။
ည ၈ နာရီတွင် ဆေးရုံကား အိမ်ရှေ့ ထိုးဆိုက်လာသည်။ အလောင်းကင် တွန်းလှည်းကို အိမ်ထဲသို့ ခပ်ဖြည်းဖြည်း တွန်းယူလာကြ သည်။
́အောက်ထပ် အခန်းတစ်ခန်းထဲတွင် နေရာချထားလိုက်၏။ လာပို့သူတွေ ပြန်သွားတော့ အခန်းထဲတွင် မာရီတစ်ယောက်တည်း ကျန် ရစ်သည်။
ပျော့ခွေနေသည့် ပီယာ့အလောင်းမှာ ပူပူနွေးနွေးအတိုင်း ရှိ သေး၏။ အထူးသဖြင့် လက်တွေ။ ချစ်လင်၏ မျက်နှာကို ငုံ့နမ်းလိုက်၏။ အလောင်းပြင်ဖို့၊ ရေချိုးဖို့ အချိန်ရောက်လို့ ဝိုင်းလုပ်ကြတော့ အခြားအခန်း တစ်ခန်းထဲတွင် ခဏသွားနေရန် မနည်းတောင်းပန်ကြရ သည်။ မာရီ အခန်းထဲမှ ထွက်ပေးသည်။ သူ့ခြေလှမ်းများက သညာမဲ့ နေသူ၏ ခြေလှမ်းများ။ သို့သော် တစ်မိနစ်မျှ ချစ်သူ့အနားက ခွာမသွား ချင်သလို အလောင်းပြင်မပြီးမီ ပြန်ရောက်လာသည်။ ပြီးတော့ ပီယာ့ကို ရာပြည့်စာအုပ်တိုက်
မဝင်ကျူရ
အတင်းဖက်ထားလိုက်သည်။
နေ့မှည၊ ညမှနေ့ အချိန်တွေ ကုန်နေ၏။ မာရီသည် ရင်ထဲက ဝေဒနာကို ဘယ်သူနှင့်မျှ မျှဝေမခံစားဘဲ တစ်ကိုယ်တည်း ကျိတ်ခံနေ ၏။ အပြင်းစား ဝေဒနာကို ခံစားနေရသည့်ကာလ ဖြစ်လေသည်။ နေ့စဉ် မှတ်တမ်းစာအုပ်ဖွင့်ပြီး ရေးသည့်အခါ စာအုပ်ပေါ်သို့ မျက်ရည်တွေက တပေါက်ပေါက်ကျနေ၏။
“မောင်၊ မာရီအချစ်ဆုံးမောင်ရယ်၊ သနားလိုက်တာ
ကွယ်၊ မောင့်ခေါင်းမှာ ပတ်တီးတွေ စည်းထားတယ်။ အေးအေးဆေးဆေး အိပ်နေတဲ့ မောင့်မျက်နှာဟာ အေးမြလှပါတယ်၊ မြင့်မြတ်လှပါတယ်ကွယ်။ သိပ် လောဘကြီးတာပဲလို့ ကျွန်မ ခဏခဏပြောတဲ့ မောင့် နှုတ်ခမ်းတွေ အရောင်အဆင်း မရှိတော့ဘဲ ဖြူဖျော့ ဖျော့ ဖြစ်နေတယ် မောင်။
ကျွန်မလက်နှစ်ဖက်နဲ့ ပွေ့ပြီး ရင်ခွင်ထဲမှာ အမြဲထည့်ထားတတ်တဲ့ မောင့်ဦးခေါင်းဟာ ဘယ် လောက်များ နာရှာလိုက်မလဲကွယ်၊ သနားလိုက်ပါ ဘိတော့ မောင်ရယ်၊ ကျွန်မ မောင့်မျက်ခွံကလေး တွေကို နမ်းနေတယ်လေ၊ အချစ် နမ်းရင်.မောင်က အမြဲတမ်း အလိုက်သင့် မှေးပေးတတ်တဲ့ မျက်ခွံ
ကလေးတွေလေ။
စနေနေ့မနက်မှာ မောင့်ကို ခေါင်းသေတ္တာ ထဲ ထည့်ကြတယ်။ ကျွန်မက ဦးခေါင်းကို ဝိုင်းကိုင် ရာကြိုအုပ်တိုက်
www.burmeseclassic.com.
| 87.34295 |
Madame Curie
|
Tin Maung Myint
|
10313
| 95 |
________________
www.burmeseclassic.com
တင်မောင်မြင့်
ပြီး ထည့်ပေးတယ်လေ၊ ပြီးတော့ မောင့်မျက်နှာကို နောက်ဆုံးအဖြစ်နဲ့ ကျွန်မတို့ နမ်းကြတယ်။ ပြီးတော့ ပန်းခြံထဲက ဇလပ်ပန်းတွေနဲ့ ကျောင်းသူဘဝက ရိုက် ခဲ့တဲ့ ဓာတ်ပုံကလေး ထည့်ပေးလိုက်ပါတယ်။“သိပ် လိမ္မာတဲ့ ကျောင်းသူကလေး' လို့ မောင်ပြောလေ့ရှိ တဲ့ ပုံလေးလေ။
အဲဒီ ဓာတ်ပုံထဲက ကောင်မလေးဟာ မောင့်ကို ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့၊ မောင်နဲ့အတူ ဘဝကို တာဝန်ခွဲယူပြီး တက်ညီလက်ညီ လျှောက် ခဲ့တဲ့ ကောင်မလေးပါ မောင်။
မောင် ပြောဖူးတယ်၊ ကျွန်မနဲ့ လက်တွဲ ဖို့ ဆုံးဖြတ်ချက် ချခဲ့တုန်းကလေ။ ဘယ်တုန်းကမျှ ဒီလို မြန်မြန်ဆန်ဆန် မဆုံးဖြတ်ခဲ့ဖူးဘူးတဲ့။ အဲဒီလို လုပ်ဖြစ်တာကလည်း မမှားနိုင်ဘူး ထင်လို့တဲ့။
ဟုတ်ပါတယ်မောင်၊ မောင် မမှားခဲ့ပါဘူး နော်။ မောင်နဲ ့ကျွန်မဟာ တစ်ယောက်အတွက် တစ်ယောက် မွေးဖွားလာသလို၊ ဘဝနှစ်ခု ပေါင်းစပ် ပြီး တစ်ခုတည်းသော ဘဝကို တည်ဆောက်နိုင်ခဲ့ တယ်လေ။
မောင့်အခေါင်းကို သူတို့ ပိတ်လိုက်ကြပြီ။ မောင့်ကို ကျွန်မ ဘယ်တော့မှ မြင်ရမှာ မဟုတ်တော့ ဘူး။ ကျက်သရေမရှိတဲ့ အဝတ်မည်းကြီးနဲ့ မောင့်ကို ရာပြည့်လုပ်တိုက်
ဒမ်ကျူရီ
လွှမ်းကြမလို့တဲ့။ဒါကိုတော့ ကျွန်မ အပြတ်ငြင်းခဲ့ တယ်။ နံဘေးမှာထိုင်ပြီး ကျွန်မကိုယ်တိုင် မောင့်တစ် ကိုယ်လုံး ပန်းပွင့်တွေနဲ့ ဖုံးပေးတယ်လေ။ အားလုံး ပြီးသွားပြီပါ့နော်။ မောင်ဟာ နောက်ဆုံး အိပ်စက် ခြင်း အဖြစ်နဲ့ မြေကြီးအောက်မှာ အိပ်တော့မယ်ပေါ့ နော်။ အားလုံး. . အားလုံး. . . အကုန်လုံး ဆုံးခန်း တိုင်သွားပြီပေါ့နော် မောင်”
မာရီအနေဖြင့် ချစ်လင်တစ်ယောက်၊ ရဲဘော်ရဲဘက် တစ် ယောက် ဆုံးခဲ့ရလေပြီ။ ကမ္ဘာကြီးအတွက်ကား မဟာလူသားတစ်ယောက် ဆုံးရှုံးခဲ့ရခြင်းပင်။ အနိုင်နိုင်ငံမှ ရောက်လာသည့် ဝမ်းနည်းသဝဏ်တွေမှာ အိမ်တွင် တောင်ပုံ ရာပုံ ဖြစ်နေပြီ။
မာရီက တစ်ခုပဲ တောင်းဆိုသည်။ စကီအိုရှိ အမေ့သင်္ချိုင်း နံဘေးတွင် ပီယာ့ကို အတတ်နိုင်ဆုံး ရိုးသားစွာ ဂူသွင်းသင်္ဂြိုဟ်ဖို ့ ဖြစ်၏။ ထိုစဉ်က သိပ္ပံပညာရေးဌာန ဝန်ကြီးဖြစ်သည့် အာရစ္စတီ ဘရိန်က မာရီဆန္ဒနှင့် ဆန့်ကျင်ပြီး ဆင်ခြေဖုံးရပ်ကွက်မှ သင်္ချိုင်းသို့ ကျူရီ လင် မယား၏ ရင်းနှီးသူ မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ လိုက်ပို့သည်။ ဦးခေါင်းတွင် မျက်နှာဖုံး ချထားသည့် မဒမ်ကျူရီ၏ ပုံသဏ္ဌာန်ကို သတင်းထောက်တွေက အုတ်ဂူတွေကြားမှ စောင့်ကြည့်နေကြ၏။
မာရီသည် ယောက္ခမလုပ်သူ ဒေါက်တာကျူရီ၏ လက်မောင်း ကိုတွဲပြီး အုတ်ဂူဆီသို့ ပီယာ့အခေါင်းကို တရွေ့ရွေ့ ထမ်းသွားနေကြ သူများနောက်မှ လျှောက်လိုက်လာ၏။ ဂူနားရောက်တော့ တည်ငြိမ်စွာ
ရပ်လိုက်သည်။ ပန်းစည်းတစ်စည်း ပိုက်လာသူတစ်ဦးထံမှ မာရီက com/
ရာပြည့်စာအုပ်တိုက်
.burmesecl
| 87.985213 |
Madame Curie
|
Tin Maung Myint
|
10313
| 96 |
________________
၁၉၀
www.burmeseclassic.com
တင်မောင်မြင့်
ခနဲ လှမ်းဆွဲပြီး ပန်းပွင့်တွေကို တစ်ပွင့်ချင်း ဆွဲဖြုတ်သည်။ ပြီးတော့ အခေါင်းပေါ်တွင် ဖြန့်ကြဲသည်။ သူ ဖြန့်ကြဲနေပုံက ခပ်ဖြည်းဖြည်းနှင့် တည်တည်ငြိမ်ငြိမ် ဖြစ်သည်။ ခံ့ခံ့ညားညားရှိသည်။ အသုဘရှုလာကြ သည့် ပရိသတ်ကို သူ လုံးဝ မေ့နေပုံ။ အားလုံး တိတ်ဆိတ်နေကြ၏။ ဘာသံမျှ မကြားရ။
သားအတွက် သောကရောက်နေသည့် အရပ်မြင့်မြင့်နှင့် ဒေါက်တာကျူရီ၊ သားကြီးဂျက်၊ သံကြိုးရလျှင်ရချင်း လိုက်လာသည့် ဂျိုးဇက်စကလိုဒေါ့စကီနှင့် ဘရွန်ညာတို့အားလုံး စက်ရုပ်တစ်ရုပ်လို ဖြစ် သွားသည့် မာရီကို ရင်ထုမနာဖြင့် ကြည့်နေကြ၏။ အရမ်းလည်း စိုးရိမ် နေကြ၏။ သမီးကလေး နှစ်ယောက်ကိုပင် မာရီ သတိမရတော့သလို။ ဝတ်ရုံနက်ကို ဆင်မြန်းကာ အတောင့်သား ရပ်လျက်။ ခန္ဓာကိုယ်မှာ ဝိညာဉ် မရှိတော့သလို။
သို့သော် အခြားအခြားသော သူများကမူ သူ့အတွက် အလုပ်ရှုပ် နေကြ၏။ အသုဘချပြီး နောက်တစ်နေ့တွင် ပြင်သစ်အစိုးရက ကျူးရီ မိသားစုကို နိုင်ငံတော်ပင်စင်ပေးဖို့ စကားကမ်းလှမ်းလာသည်။
မွေးရာပါ သတ္တိသွေးသည် မာရီသွေးကြောများထဲတွင် တဖြည်း ဖြည်း လူးလွန့်နိုးကြား လာကြ၏။ မာနပါးပြင်းကလေး ထောင်လာပြီး အစိုးရ၏ ကမ်းလှမ်းချက်ကို ငြင်းလိုက်သည်။
“ကျွန်မအတွက် ပင်စင်မလိုပါ။ အရွယ်ရှိသေးသဖြင့် ကျွန်မအသက်ကို ကျွန်မ မွေးနိုင်ပါသည်။ ကလေး တွေကိုလည်း ရှာကျွေးနိုင်ပါသည်။” ဟု ပြန်ကြား လိုက်သည်။
ရာပြည့်စာအုပ်တိုက်
ဒမ်ကျူး
၁၉၁
ဆော်ဘွန်းတက္ကသိုလ်တွင် မာရီနှင့် ပတ်သက်ပြီး အစဉ်အလာ တွေ ပျက်ကုန်သည်။ မဟာသိပ္ပံဌာနက ပိယာ့ရာထူးကို မာရို့အား ပေး ဖို့ တညီတညွတ်တည်း ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်ကြ၏။ ပြင်သစ် နိုင်ငံ အဆင့်မြင့် ပညာရေးသမိုင်းတွင် ဤမျှမြင့်မားသည့် ရာထူးကို မိန်းမသားတစ်ဦးအား ပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
ယောက္ခမကြီးက မာရီ လက်ခံရမည့် တာဝန်မှာ မည်ရွေ့မည်မျှ ကြီးမားကြောင်း ရှင်းပြနေသည်။ မာရီက ခပ်ရွှင်ရွှင်ကလေး နားထောင် နေရာမှ တိုတိုတုတ်တုတ်ပင် ဖြေလိုက်သည်။ ‘ကြိုးစားရမှာပေါ့လေ”
ပီယာ ပြောဖူးသည် မဟုတ်လား။ “ဘာပဲဖြစ်နေဖြစ်နေ၊ တို့ နှစ်ယောက်ထဲက တစ်ယောက်ယောက် ကျန်နေရစ်လို့ ဝိညာဉ်မပါတဲ့ ခန္ဓာကိုယ်နဲ့ပဲဖြစ်ဖြစ် ဒီအလုပ်ကိုတော့ ဆက်လုပ်ရမှာပဲ”
နောက်မကြာမီရက်များတွင် နေ့စဉ်မှတ်တမ်း ပြန်ရေးသည်။ “ချစ်တဲ့မောင်ရေ . . ငုစပ်တွေ၊ ပဲပန်းတွေ ပွင့်နေ ပြီ။ နှင်းဆီတွေရောပဲ။ အဲဒါ မောင့်ကို ပြောချင်လို့၊ မောင် သိပ်သဘောကျမှာပါ။
..
နောက် ပြောစရာ ရှိသေးတယ်၊ မောင့် ရာထူးမှာ ကျွန်မကို သူတို့ ခန့်ထားကြတယ် ပြောရဦးမယ်၊ ခုလေ.. နေရောင်ခြည်ကိုရော၊ ပန်းတွေကိုပါ ကျွန်မ မချစ်တော့ဘူး။ အဲဒီ မြင် ကွင်းတွေ မြင်ရရင် ကျွန်မ ခံစားရလို့ပါ .. ကြည်လင်တဲ့ ရာသီဥတုမျိုးကို မုန်းဖို့ မကြိုးစားမိတာ ရာပြည့်ာအုပ်တိုက်
www.burmeseclassic.com
| 87.450636 |
Madame Curie
|
Tin Maung Myint
|
10313
| 97 |
________________
၁၉၂
www.burmeseclassic.com
တင်မောင်နှင့်
ကတော့ သမီးကလေးတွေ အတွက် လိုအပ်နေလို့ပါ ဓာတ်ခွဲခန်းထဲမှာ ကျွန်မ တစ်နေကုန် အလုပ် လုပ်ပါတယ်။ ကျွန်မ လုပ်စရာ ဒါပဲ ရှိတော့တယ်
600..."
ဂျိုးဇက် ပါရီမှ ပြန်သွားပြီး မကြာမီ ဘရွန်ညာလည်း ပြန် တော့မည်။ တစ်ညနေတွင် မာရီက အစ်မလုပ်သူကို သူ့အိပ်ခန်းထဲ ခေါ် သွားသည်။ နွေရာသီမို့ ပူလောင်အိုက်စပ်နေပါလျက် မီးလင်းဖိုထဲတွင် မီးတွေ တဟုန်းဟုန်း တောက်နေသည်။ -
́အခန်းတံခါးကို သော့ပိတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဗီရိုဖွင့်ကာ အထုပ်တစ်ထုပ်ကို ယူထုတ်လိုက်သည်။ ပြီးတော့ မီးလင်းဖို နံဘေးတွင် သွားထိုင်သည်။ ဘရွန်ညာ့ကိုပါ ထိုင်ခိုင်းသည်။ ဘာများ ပါလိမ့်ဟု ဘရွန်ညာ အံ့ဩနေ၏။
“ဘရွန်ညာ - - မာရီကို ကူပါဦးနော်'
စက္ကူထုပ်ကို မာရီ ကြိုးဖြေသည်။ လန့်မအော်မိအောင် ဘရွန် ညာ မနည်း ထိန်းထားလိုက်ရ၏။ ပိယာ နောက်ဆုံးဝတ်သွားသည့် ဝတ်စုံ။ ရွှံ့တွေ၊ သွေးတွေ စီးကပ်ပေကျံနေသည့် အင်္ကျီနှင့်ဘောင်းဘီ။
ု ကတ်ကြေးတစ်လက်ဖြင့် ကုတ်အင်္ကျီကို အရင် စဖြတ်သည်။ အပိုင်းပိုင်းဖြတ်ပြီးမှ မီးဖိုထဲသို့ တစ်စစီ ပစ်ထည့်သည်။ လောင်ကျွမ်း ပျောက်ကွယ်သွားသည့် အစများကို သူ စိုက်ကြည့်နေ၏။
ရုတ်တရက် ထရပ်လိုက်ပြီး မျက်ရည်တွေ ကျလာ၏။ ပြီးတော့ လက်ထဲမှ အဝတ်ကို အငမ်းမရ နမ်းရှုပ်ပြန်သည်။ ဘရွန်ညာက သူ့ လက်ထဲမှ အဝတ်ကို ဆွဲယူပြီး သူလုပ်သလို လိုက်လုပ်သည်။ ဖြတ်လိုက်၊ ရာပြည့်ထုပ်တိုက်
ကျူရီ
၁၉၃
အစတွေကို မီးဖိုထဲ ပစ်ထည့်လိုက်။ ကုန်သွားသည်အထိ ဘရွန်ညာ လုပ် ပေးသည်။
နောက်ဆုံးတွင်မှ တစ်ဆို့ဆို့အသံဖြင့် မာရီ စကားစသည်။ “ဒီဝတ်စုံကို သူများတွေ ကိုင်ကြည့်တာ မာရီ မကြည့်နိုင်ဘူး' ပြီးမှ ဘရွန်ညာ့ကို မှီလိုက်ပြီး -
“ကဲ . . ပြော၊ မာရီ ဘယ်လိုဆက်နေရမလဲ၊ ဆက်ပြီး အသက် ရှင်နေရမယ်ဆိုတာ မာရီ သိတယ်။ ဒါပေမဲ့ ဘယ်လိုလုပ် နေရမှာလဲဟင်။ ပြောစမ်းပါ ဘရွန်ညာ၊ ဘယ်လိုလုပ် နေရမှာလဲ'
ခုမှ အစ်မလုပ်သူကို သိုင်းဖက်ပြီး အားရပါးရ ငိုချနိုင်တော့ သည်။ နောက်ဆုံးကျမှ ခြေကုန်လက်ပန်းကျသွားသော သနားစရာ ကောင်းလှသည့် ညီမလေးကို ဘရွန်ညာက အဝတ်အစားလဲပေးပြီး အိပ် ရာထဲ တွဲပို့ရသည်။
မနက်မိုးလင်းသည်နှင့် မာရီသည် အလွန်အေးစက်သော စက် ရုပ်တစ်ရုပ် ပြန်ဖြစ်သွားလေသည်။ ဧပြီလ ၁၉ ရက်နေ့ကတည်းက မာရီ နေရာကို အစားဝင်လာသော စက်ရုပ်ပုံစံနှင့် မိန်းမသားတစ်ဦး။
ဘရွန်ညာ ဝါဆောပြန်မည့်နေ့တွင် ရထားပေါ်မတက်မီ ပွေ့ ဖက်နှုတ်ဆက်တော့လည်း မာရီ အသက်ဝင်မလာ။ ငူတူတူ ငိုင်တိုင်တိုင်း၊
မာရီအသက် ၃၈ နှစ်ရှိပြီ။ အိမ်ထောင်ဦးစီးဘဝ ရောက်လာ ပြီ။ လုပ်စရာတွေက အပုံအပင်၊ အိမ်တွင် ဘဝသည် ပုံသဏ္ဌာန်တစ်မျိုး ဖြင့် စတင်နေလေပြီ။ ပီယာ့ဆီသို့ အာရုံရောက်နေချိန်တွင်မူ ရံခါ သတိ လွတ်နေတတ်၏။
အပြင်တံခါး ဖွင့်သံကြားလျှင် သူပြန်လာသည် ထင်၏။ ာပြာအုပ်တိုက်
`www.burmeseclassic.com/
| 86.078173 |
Madame Curie
|
Tin Maung Myint
|
10313
| 98 |
________________
၁၉၄
www.burmeseclassic.com
တင်မောင်မြင့်
အဖြစ်မှန် မဟုတ်နိုင်ပါဘူး၊ အိပ်မက်ဆိုးကြီးပါဟု ထင်သည့်အခါ ထင် နေသည်။ သည်လို တဒင်္ဂပေါင်းများစွာက ဘဝတံခါးကို လာခေါက်နေဆဲ။
မာရီ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သည်နွေတွင် ကလေး တွေကို သူ့အဘိုးနှင့် တောပို့ထားမည်။ မာရီနှင့် နေပေးဖို့ ရောက်လာသည့် ဟီလာ့ကိုပါထည့်လိုက်မည်။ မိမိက ပါရီတွင် နေရစ်ပြီး နောက်နှစ် စာ သင်ဖို့ ပြင်ဆင်ရမည်၊ သည်နည်းဖြင့် ပီယာ့ဂုဏ်သိက္ခာကို ထိန်းရမည်။ သူ့တာဝန်ကို လက်ဆင့်ကမ်း ဆက်ယူရမည်။
နိုဘယ်လ်ဆုရှင် မုဆိုးမကလေး လူတောထဲ ပြန်ဝင်လာမည့်ပုံ ကို ပါရီတစ်မြို့လုံးက ရင်တမမဖြင့် စောင့်ကြည့်နေကြ၏။ ဆော်ဘွန်း တက္ကသိုလ်တွင် ပထမဆုံးအနေဖြင့် မိန်းမသားတစ်ဦးပြောမည့် သင်တန်း အဖွင့်မိန့်ခွန်းကို ကြားကြရတော့မည်။ ထိုမိန်းမသားသည် အလွန်ထက် မြက်ပြီး အလွန်ကံဆိုးရှာသည့် အိမ်ထောင်သည်တစ်ဦး ဖြစ်၏။
မာရီ၏ သင်ဗတန်းအဖွင့် မိန့်ခွန်းပြောမည့်နေ့ ရောက်လာသည်။ ဆင်ခြေလျှော စာသင်ခန်းမကြီးထဲတွင်ရော၊ ဝရန်တာတွင်ပါ ပရိသတ် ပြည့်လျှံနေပြီး အပြင်ကွက်လပ်ထဲတွင်ပါ လူတွေ ကြက်ပျံမကျ ရောက် နားထောင်ကြ၏။
လာ
မဒမ်ကျူရီဝင်အလာကို မမြင်လိုက်မှာစိုးသဖြင့် လည်တဆန့် ဆန့် ဖြစ်နေကြသည်။ တီးတိုးတီးတိုးနှင့် အမျိုးမျိုး ထင်ကြေးပေးနေကြ သည်။ ဘယ်လိုစကားနှင့် စ ပြောမှာပါလိမ့်။ ဝန်ကြီးကို ကျေးဇူးတင် စကားနဲ့ ဖွင့်မှာလား၊ ကျောင်းတော်ကြီးရဲ့ ဂုဏ်သိက္ခာ အမွှမ်းစကားနဲ့ စ မှာလား။ ပီယာကျူရီအကြောင်း ထုတ်ပြောပါ့မလား။ ဒါကတော့ သေ
ရာပြည့်စာအုပ်တိုက်
ဒင်္သာရီ
ချာသည်။ ရာထူးတစ်ခုကို နောက်ဆက်ခံသူက ရှေ့လူရဲ့ ဂုဏ်ပုဒ်ကို ဖော်ထုတ်ချီးကျူးရသည့် အစဉ်အလာရှိသည် မဟုတ်လား..။ အင်း.. ဒါပေမဲ့ ခုကိစ္စက -
နေ့လယ် တစ်နာရီခွဲတိတိတွင် နောက်ဘက်တံခါးရွက်ကြီး ပွင့် လာပြီး မဒမ်ကျူရီ ခန်းမဆောင်ထဲသို့ လှမ်းဝင်လာသည်။ လက်ခုပ်သံ တွေ မိုးပြိုတော့မလောက် ဆူညံသွား၏။ မျက်လွှာကိုချပြီး စင်မြင့်ပေါ် မှ စားပွဲရှည်ကြီးဆီသို့ လျှောက်သွားသည်။ လက်ခုပ်ဩဘာသံတွေက တော်တော်နှင့်မစဲ။
စားပွဲကို လက်ထောက်ပြီး ရပ်လိုက်သည်။ ပရိသတ်ဘက် လှည့်ပြီး လက်ခုပ်သံအစ်ကို စောင့်နေ၏။ ဩဘာသံတွေ ရုတ်ခြည်း ငြိမ် ကျသွားသည်။
မြင့်မြတ်တည်ငြိမ်လှသော မျက်နှာနှင့် ဖြူဖျော့ဖျော့ မိန်း ကလေး၏ရှေ့မှ ပရိသတ်သည် အမျိုးအမည်အားဖြင့် ခွဲခြား၍ မရနိုင် သော စိတ်လှုပ်ရှားမှုဖြင့် ငြိမ်သက်စောင့်ဆိုင်းနေ၏။ မာရီက ရှေ့တည့် တည့်သို့ ကြည့်ပြီး စ ပြောသည်။
“ရူပဗေဒပညာရပ်ဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ တိုးတက် မှုတွေ ရလာတယ်လို့ စဉ်းစားတဲ့အခါ လျှပ်စစ်စွမ်းအားနဲ့ ဒြပ်ဝတ္ထုတွေ မှာ ကျွန်မတို့ရဲ့ ရှာဖွေတွေ့ ရှိမှုတွေကို ..
ပီယာ သင်ပြီးသည့်နေရာမှ တိတိကျကျ ဆက်ပြီး သယ်ယူသွား ခြင်း ဖြစ်သည်။ ပရိသတ်အားလုံး မျက်ရည်တလည်လည်ဖြင့် နား ထောင်နေကြသည်။
အနိမ့်အမြင့် မရှိသည့် တည်ငြိမ်သော အသံဖြင့် သိပ္ပံဆရာမ ရာပြည့်ာအုပ်တိုက်
www.burmeseclassic.com
| 88.032027 |
Madame Curie
|
Tin Maung Myint
|
10313
| 99 |
________________
www.burmeseclassic.com
တင်မောင်မြင့်
သည် အစမှ အဆုံးတိုင် တောက်လျှောက် သင်ကြားပို့ချသွားသည်။ လျှပ်စစ်စွမ်းအင်၏ သီဝရီအသစ်များ၊ အဏုမြူပြိုကွဲမှုများ၊ ရေဒီယို သတ္တိကြွပစ္စည်းများ အကြောင်းကို ထည့်ရှင်းသွားသည်။
ပို့ချချက်ပြီးသည်နှင့် အလွန်တည်ငြိမ်စွာဖြင့်ပင် ဝင်လာသည့် တံခါးပေါက်မှ ခပ်သွက်သွက်ကလေး လှမ်းထွက်သွားလေတော့သည်။
အခန်း ၃
- မာရီ၏ ရေဒီယိုသတ္တိကြွ သုတေသနလုပ်ငန်းမှာ တိုးတက် အောင်မြင် လျက် ရှိသည်။ မဒမ်ကျူရီ၏ ဂုဏ်သတင်းမှာလည်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့ ကျော်ကြား သွားလေသည်။
မာရီ၏ ပထမ ဦးစားပေးလုပ်ငန်းမှာ သမီးကလေးနှစ်ယောက် အတွက် ဖြစ်သော်လည်း စင်စစ် ကလေးတွေကို အချိန်ပြည့် တာဝန်ယူနေ သူမှာ မာရီ အတွက် အားအကိုးရဆုံး ဒေါက်တာကျူရီ ဖြစ်လေသည်။ ပီယာ သေဆုံးရခြင်းအတွက် ယူကျုံးမရ ဖြစ်မိသော်လည်း အဘိုးအိုသည် တရားနှင့် ဖြေနိုင်သူဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ရယ်ရယ်မောမော ပြောဆိုနေထိုင်နိုင်သော ယောက္ခမ၏ရှေ့တွင် မာရီက အပူသည်လုပ်၍ အပူရုပ်ဆောင်နေခြင်းမှာ မဖြစ်သင့်သည့်ကိစ္စ ဖြစ်၏။ ဤသို့ဖြင့် မာရီသည် ခံနိုင်ရည်ရှိကြောင်း ပြသဖို့ စတင်ကြိုးစားလေ တော့သည်။
အာပြာအုပ်တိုက်
AM
www.burmeseclassic
.com.
| 84.53202 |
Madame Curie
|
Tin Maung Myint
|
10313
| 100 |
________________
www.burmeseclassic.com
တရီ
၁၉၉
ပိယာဆုံးပြီး ရက်အနည်းငယ်ရတော့ ဒေါက်တာကျူရီက ချွေးမ အနားလာပြီး ဆွေးနွေးသည်။
‘ကဲ . . သမီး၊ ပီယာလည်း မရှိတော့ဘူး၊ အဘိုးအိုတစ်ယောက် အနေနဲ့ သမီးအိမ်မှာ ဆက်နေဖို့လည်း အကြောင်းမရှိတော့ဘူး ထင်တယ်။ “အဖေစကီအို” အိမ်မှာ ပြန်နေလို့ ရပါတယ်၊ အကြီးကောင်နဲ့ သွားနေ ရင်လည်း ဖြစ်တယ်။ သမီး ဆုံးဖြတ်လေ'
မာရီ ခပ်တိုးတိုး ပြန်ပြောသည်။
“အဖေ ဆုံးဖြတ်ပါ၊
အဖ
ပြန်သွားမယ်ဆိုရင်တော့ သမီး
ဘယ်လိုမှ စိတ်ကောင်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဖေ့မှာ ရွေးချယ်
ခွင့် ရှိပါတယ်။ အဖေ့သဘောပါ'
ပြန်သည်။
မာရို့အသံတွေ တုန်နေသည်။ အဘိုးအိုက ချက်ချင်း စကား
‘အဖေ ရွေးချယ်ရမယ် ဆိုရင်တော့ သမီးတို့နဲ့ အတူတူ နေချင် တာပေါ့။ သမီးသဘောထား ဒီလိုရှိတယ် ဆိုမှတော့
'
အဘိုးအိုသည် ဘာမှ ဆက်မပြောတော့ဘဲ ပန်းခြံထဲသို့ ခပ် သွက်သွက်ဆင်းသွားသည်။ အိုင်ရင်းက အဘိုးလုပ်သူကို ဝမ်းသာအားရ လှမ်းခေါ် နေ၏။
- မာရီကျူရီကို သူ့ဓာတ်ခွဲခန်းတွင်တွေ့ ရစဉ် (၁၉၁၂)။ (ဒုတိယအကြိမ် နိုဘယ်လ်ဆု ရပြီး နောက်တစ်နေ့)
အားပြည့်rာအုပ်တိုက်
ဒေါက်တာကျူရီ အတူနေပေးသည့်အတွက် မာရီ ကျေးဇူးတင်မဆုံး
ရာပြည့်စာအုပ်တိုက်
ဖြစ်နေ၏။ အဘိုးအိုက ချွေးမကလေးကို အဖေရင်း ဒီssic.com./
www.burmeseci
| 81.137441 |
Madame Curie
|
Tin Maung Myint
|
10313
| 101 |
________________
pa
www.burmeseclassic.com
တင်မောင်မြင့်
အီတရီ
joo
မြေးကလေးတွေကိုလည်း အလားတူပင်။
ဘိုးဘိုးကျူရီသည် သမီးတို့၏ ကစားဖော်ဖြစ်၏။ လက်ဦးဆရာ ဖြစ်၏။ မအေက ဓာတ်ခွဲခန်းထဲတွင် အချိန်ကုန်သဖြင့် သမီးတွေကို အဘိုးလောက် အချိန်မပေးနိုင်။ သည်ကျေးဇူးတွေကို မာရီက ချစ်ခင်မြတ် နိုးစွာ တုံ့ပြန်ပါသည်။
၁၉ဝ၉ ခုနှစ်တွင် အိုမင်းလှပြီဖြစ်သောကြောင့် နာတာရှည် ဘဝဖြင့် ဒေါက်တာကျူရီ အိပ်ရာထဲ လဲသည့်အခါ အချိန်ရတိုင်း ကိုယ်ဖိ ရင်ဖိ ပြုစုသည်။ ၁၉၁ဝ ခုနှစ်တွင် ဒေါက်တာကျူရီ ကွယ်လွန်သွား သည့်အခါ သမီးကလေးနှစ်ယောက်ကို မာရီကိုယ်တိုင် ဂရုစိုက်ရတော့ သည်။
မဒမ်ကျူရီသည် ကလေးများ၏ ပညာရေးနှင့် ပတ်သက်ပြီး ရှင်းလင်းတိကျသည့် အတွေးအမြင်များ ရှိလေသည်။ သမီးနှစ်ယောက် ကိုတစ်နေ့လျှင် တစ်နာရီ စာသင်ပေးသည်။
သင်ရိုးကို သင်သည့်အခါ ဖြစ်စေ၊ အထွေထွေဗဟုသုတပိုင်းမှာ ဖြစ်စေ မာရီက နားစွဲအောင် သင်သည်။ စိတ်ဝင်စားအောင် သင်သည်။ လေ့ကျင့်ခန်းကို အိမ်ပြင်ထွက်လုပ်စေသည်။
သားအမိတစ်တွေ အတူတူ ပန်းစိုက်ကြသည်။ အတူတူ ချက် ပြုတ်ချုပ်လုပ်ကြသည်။ စက်ဘီးကိုယ်စီဖြင့် ခရီးထွက်လျှင်လည်း မာရီ လိုက်နိုင်အောင် ကြိုးစားသည်။ သမီးနှစ်ယောက်နှင့်အတူတူ ရေကူး သည်။ ဘရွန်ညာ နေသည့် ဇာကိုပိန်းကို ရောက်လျှင်တော့ တောင်တက် ကြသည်။
သမီးတွေကို မာရီက မာစေချင်သည်။ သို့သော် သူတို့၏ စိတ် ရာပြည့်အုပ်တိုက်
ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို သိပ်အားမရသေး။ ကြေကွဲရင်နာစရာ အဖြစ် ဆိုးကြီးကို သူတို့ရင်ထဲမှ ထုတ်ပစ်ဖို့ မာရီ-ကြိုးစားသည်။ ဆုံးဖြတ်ချက် တစ်ခု ချထား၏။ ဖအေ့အကြောင်းကို သူတို့ရှေ့တွင် ဘယ်တော့မှ မပြော မိဖို့ ဖြစ်သည်။
စင်စစ် မာရီသည် သူ၏ ‘နောက်ဆုံးနေ့များသို့တိုင်အောင် “ပီယာကျူရီ” သို့မဟုတ် “သမီးတို့အဖေ” ပြီးတော့ “ကျွန်မယောက်ျား” ဟူ သည့် စကားလုံးများကို အလွန်အမင်း ခက်ခဲပင်ပန်းစွာ နှုတ်မှ ထွက်ရ ရှာသည်။
တစ်ခုတော့ မာရီ ဝမ်းသာသည်။ သမီးကလေးနှစ်ယောက်၏ ဘဝသည် မိမိ ငယ်စဉ်ကလို ဆင်းတောင့်ဆင်းရဲ မနေရခြင်းအတွက် ဖြစ်၏။ သို့သော် သူတို့ကို စည်းစိမ်ချမ်းသာတွင်တော့ မယစ်မူးစေချင်။
သူတို့ကို ရွှေဘုံပေါ်မှာ ထားနိုင်ဖို့ အခွင့်အရေးတွေ အကြိမ် ကြိမ် ရခဲ့သည်။ မာရီ မယူခဲ့။ (ဆင်းရဲခြင်းတွင် အနေရအထိုင်ရ ကျပ် တည်းခြင်း ဒုက္ခရှိလျှင်၊ အလွန်အမင်း ချမ်းသာခြင်းတွင်လည်း အလျှံပယ် လွန်းသဖြင့် ချမ်းသာခြင်းဒုက္ခ၊ ဥစ္စာခြောက်ခြင်းဒုက္ခ ရှိမည်သာ။ သမီး နှစ်ယောက် သူတို့ဝမ်းသူတို့ ကျောင်းကြလိမ့်မည်။)ဒါကို ယောက်အနေဖြင့် အားမာန်ရှိသည်၊ သဘာဝကျသည်ဟု ထင်သည်။
အမေ တစ်
သမီးကလေးနှစ်ယောက်တို့ မည်သည့်ဘာသာရပ်တွင် ထူးချွန် မည်၊ မည်သည့်ပညာရပ်တွင် ပါရမီရှိမည်ကို မာရီ မျက်ခြည်မပြတ် စောင့်ကြည့်သည်။ ပြီးတော့ မှတ်စုစာအုပ်ထဲတွင် ' အမြဲထည့်သည်။ အိုင်ရင်းက သင်္ချာတော်သည်။ ဧဝကလေးက ဂီတတွင် ပါရမီ ထူးချွန် သည်။ စသည် . . စသည်။
းအုပ်တိုက်
www
assic.com.
meseclass
| 86.999147 |
Madame Curie
|
Tin Maung Myint
|
10313
| 102 |
________________
၂၁၂
www.burmeseclassic.com
တင်မောင်မြင့်
အိုင်ရင်း ကျောင်းနေချိန်ရောက်တော့ စာကို အရမ်းမကျက်ခိုင်း ဘဲ မှန်တန်းပဲ သင်ပေးသည်။ သို့သော် စနစ်တကျ သင်သည်။ နောက် ပိုင်းတွင် အလွန်စိတ်အားထက်သန်နေသည့် ပညာရေးဌာန အပေါင်း အသင်းများ စုပြီး စုပေါင်းသင်ကြားရေး စီမံကိန်းတစ်ခု အကောင်အထည် ဖော်ဖြစ်သည်။
မျောက်ရှုံးအောင်ဆော့သည့် မိန်းကလေး၊ ယောက်ျားလေး ဆယ်ယောက် ရသည်။ ကျောင်းစာနှင့်တွဲပြီး တစ်နေ့လျှင် တစ်ချိန် သင် ပေးသည်။ ပညာရှင်ကြီးများက ကလေးများစိတ်ကြိုက် လိုက်ပြီး သူတို့ ကလေးတွေ စိတ်ဝင်စားသည့် ဘာသာရပ်ကို သင်ပေးသည်။
ရူပဗေဒသိပ္ပံမှ ပါမောက္ခမာရီကျူရီက ကြာသပတေးနေ့တိုင်း ကျောင်းသားကြီးတွေ၏ စာသင်ခန်းမှထွက်ပြီး ကလေးတွေကို သင်ပေး ရသည်။
နောင်တွင် သိပ္ပံပညာရှင်တွေ ဖြစ်လာမည့် မာရီ၏ တပည့် ကလေးများသည် ထူးထူးဆန်းဆန်း သင်ခန်းစာများကို ထက်မြက်သည့် ဦးနှောက်ကလေးများဖြင့် အမီလိုက်နိုင်ကြသည်။
စက်ဘီးဘောလ်ဘယ်ရင်ထဲမှ သံလုံးကလေးများကို မင်အိုးထဲ နှစ်ပြီး တစ်ဖက်မြှင့်ထားသော ခပ်ခုံးခုံး ပျဉ်ပြားပေါ် တင်လိုက်သည်။ ဤနည်းဖြင့် အခုံး၊ အဝန်း၏ သဘောကို သင်သည်။ ဒြပ်ဝတ္ထုများ လျှော ကျခြင်း နိယာမကို ရှင်းပြသည်။
သူတို့ကို ပြဒါးတိုင် လုပ်တတ်အောင် သင်ပေးသည်။ သူတို့ ကိုယ်တိုင် လုပ်သည့် ပြဒါးတိုင်သည် အများသုံး ပြဒါးတိုင်ကဲ့သို့ ဒီဂရီ မှန်လာသောအခါ ကလေးတွေ ပျော်ကြသည်။ သူတို့ကိုယ်သူတို့ ဂုဏ်ယူ မဆုံး ဖြစ်နေကြသည်။
ရာပြည့်စာအုပ်တိုက်
၂၀၃
နိုဘယ်လ်ဆုရှင်သည် ရံခါတွင် ရည်ရွယ်ချက် မြင့်မားကြသည့် ကလေးတွေ စိတ်ဝင်စားအောင် ပေါ့ပေါ့ပါးပါးနှင့် ပျော်စရာ သင်ခန်းစာ များလည်း သင်းတတ်သည်။
လုပ်မလဲ”
“ကရားထဲက ရေနွေး အေးမသွားအောင် မင်းတို့ ဘယ်လို
တစ်နေ့တွင် မာရီက အတန်းကို မေးသည်။
သဘာဝကျသည့် အဖြေတွေ အမျိုးမျိုး ထွက်လာသည်။ သိုးမွေး အဝတ်ထူထူဖြင့် ပတ်ထားမည်၊ ရော်ဘာပြားဖြင့် စီးထားမည် စသည် ဖြင့် တစ်ယောက်တစ်မျိုး ဖြေကြ၏။
မာရီက ပြုံးပြီး . ဖြေသည်။
“ဆရာမသာဆိုရင် ကရားကို မီးဖိုပေါ် ပြန်တင်ထားမှာပေါ့ စုပေါင်းအခြေခံသင်တန်းကို ကျွန်မတို့ နှစ်နှစ်တက်ရသည်။ နောက်ပိုင်းမှာ ကျောင်းစာကို လုံးလုံးလျားလျား သင်ကြရ၏။ ကျွန်မတို့ ခေါင်းထဲတွင် အရာများစွာသည် သံမှိုနှက်ထားသလို စွဲနေပြီ။ အလုပ် အပေါ် သဘောထား၊ ငွေကြေးသည် ဘဝတွင် အဓိကအရာ မဟုတ် ကြောင်း၊ ပြီးတော့ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သည့် အကျင့်၊ စသည်များ သိပ်တိကျလွန်းသည့် သိပ္ပံပညာရှင် တစ်ဦးဖြစ်သဖြင့် မေမေ့ကို ပျင်းစရာကောင်းသည့် အမေမျိုး ဖြစ်လိမ့်မည်ဟု ငယ်ငယ်က ကျွန်မ ထင်ခဲ့၏။
ကျွန်မ မှားပါသည်။ မေမေသည် ကျွန်မတို့ ညီအစ်မကို စိတ် မလှုပ်ရှားလွယ်ဖို့ သင်ပေးသော်လည်း၊ အမေနှင့် သမီးများကြားတွင်တေ ရာပြအုပ်တိုက်
www.burmeseclssic.com
| 87.745975 |
Madame Curie
|
Tin Maung Myint
|
10313
| 103 |
________________
၂၀၄
www.burmeseclassic.com
တင်မောင်မြင့်
အလွန်နွေးထွေးမှ ကြိုက်သည်။ ကျွန်မတို့အား လောကဓံကို ကြံ့ကြံ့ခံ ဖို့ သင်ပေးသည်။ သူကိုယ်တိုင်လည်း သောကဟူသမျှ မျိုချထားနိုင်သူ ဖြစ်သည်။
ས་
`ကျွန်မတို့ ညီအစ်မ စာရေးတတ်စက “ချစ်မေ”၊ “ချစ်ဆုံးမေ” ဟု အစချီပြီး ရေးသည့် စာတိုကလေးတွေကို 'သေသည်အထိ မေမေ သိမ်းထားသည်။
- သိပ်ကို ချစ်စရာကောင်းသည့် မေမေပါ။ သူ့ကို ကျွန်မတို့ ဘယ် တော့မှ မကြောက်စေရပါ။ ဩော် . . မေမေ၊ မေမေ၊ သာမန် အမေ တစ်ယောက်မျှသာ မဟုတ်ဘဲ၊ အလွန်အလုပ်များသည့် ပါမောက္ခ တစ် ယောက်မျှသာ မဟုတ်ဘဲ သူမတူအောင် ကြိုးစားအားထုတ်မှု ပြင်းပြသည့် မိန်းမသားတစ်ဦး ဖြစ်ခဲ့ကြောင်းကို ကျွန်မတို့အား လုံးဝ အသိမပေးခဲ့ပါ။
တိုတောင်းလှသည့် အချိန်အတွင်း မာရီဆံပင်တွေ ဖြူလာသည်။ ပြီးတော့ ပိန်ကျသွားသည်။ အနက်ရောင် ဝတ်စုံပေါ်မှာ ချည်ကြမ်းဝတ်စုံ ဖားဖား ကြီးစွပ်ကာ မနက်တိုင်း ကျောင်းသွားသည်။
မာရီသည် သူ့ကိုယ်သူ သတိမထားမိဘဲ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပို၍ တင့်တယ်ပြေပြစ်လာသည်။ ခန္ဓာကိုယ်နှင့် လိုက်ဖက်သည့် မျက်နှာ ကို လူတို့သည် အသက်အရွယ်ကြီးလာမှ ရရှိတတ်သည်ဟု ကျွန်မ ကြား ဖူးသည်။ ကျွန်မတို့ အမေအတွက် လုံးဝမှန်သည့် ဆိုရိုးစကား ဖြစ်ပါ၏။ တည်ငြိမ်ရင့်ကျက်ပြီး သောကပင်လယ်ဝေခဲ့ရသည့် သိပ္ပံပညာရှင်သည် ပြည့်တိုက်
ကျူရီ
ယခုမှ ပို၍ ကျက်သရေ ရှိလာသည်။ ပိုလှလာသည်။
Jog
စိတ်ဓာတ်က ဖြူစင်ကြည်လင်နေသဖြင့် မာရီတွင် သည်လို အလှအပမျိုး၊ အဆင်းအင်္ဂါမျိုး မလို့အပ်ပါ။ လေးဆယ်ပြည့်သည့်နှစ်တွင် ကြေကွဲရိပ်မကင်းသည့် စိတ်အစဉ်နှင့် ပို၍ပို၍ သိသိသာသာ နွဲ့နှောင်း လာသည့် ကိုယ်နေဟန်သည်သာ သူနှင့် အလိုက်ဖက်ဆုံး ဂုဏ်ဒြပ်ဖြစ် လေသည်။
မာရီ၏ ကျောင်းသားဦးရေမှာ များသည်ထက် များလာသည်။ အင်ဒရူးကာနက်ဂျီ*က ဓာတ်ခွဲခန်းအတွက် အထောက်အပံ့တွေ ပုံအော ပေးသည်။ ရေဒီယမ်နှင့် ပိုလန်နီယမ် သုတေသနလုပ်ငန်းတွင် သီဝရီ အသစ်တွေ ထပ်တွေ့ သည်။ သိပ္ပံစာစဉ်ပေါင်း မြောက်မြားစွာ ရေးသား ထုတ်ဝေဖြစ်သည်။
- ၁၉၁ဝ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် တော်ဝင် နိုင်ငံ့ ဂုဏ်ရည်ဘွဲ့ (Legion of Honor) ကို ပီယာကျူရိကဲ့သို့ပင် မာရီက လက်မခံဘဲ ငြင်းလိုက်သည်။
အကယ်ဒမီသိပ္ပံတွင် နေရာရဖို့ မိန်းမသားဖြစ်နေခြင်းအတွက် မဲအပြည့်မရဘဲ ကပ်ပြုတ်သော်လည်း ၁၉၁၁ ခုနှစ်တွင် ဆွီဒင်နိုင်ငံက ဓာတုဗေဒနိုဘယ်လ်ဆုကို ချီးမြှင့်လိုက်သည်။ နိုဘယ်လ်ဆုကို ပုဂ္ဂိုလ် တစ်ဦးတည်းက နှစ်ကြိမ်ဆွတ်ခူးနိုင်ခြင်းမှာ ကမ္ဘာတွင် မာရီကျူရီ တစ် ယောက်သာ ရှိလေသည်။ ကမ္ဘာအရပ်ရပ်မှ သိပ္ပံသုတေသန လောက သားအားလုံး မာရီကျူရီကို ကောင်းချီးသြဘာပေးလို့၊ ချီးကျူးထောမနာ * Andrew Carnegie(1835–1919) â စကော့တလန်ပြည်ဖွား၊ အမေ ရိကန် သံမဏိသူဌေး။
ရာပြည့်စာအုပ်တိုက်
.com
| 85.810811 |
Madame Curie
|
Tin Maung Myint
|
10313
| 104 |
________________
၂၀၆
www.burmeseclassic.com
တင်မောင်မြင့်
ပြုလို့ မဆုံးနိုင်အောင် ရှိတော့သည်။ တစ်ပြိုင်တည်းတွင် မနာလို ဝန်တို သော အုပ်စုလည်း ပေါ်လာလေသည်။
အသက် ၄၄ နှစ် အရွယ်ရှိ အားနွဲ့သူ မိန်းမသားတစ်ဦး၊ အကာ အကွယ်မဲ့ မိန်းမသားတစ်ဦးအား သားပုပ်လေလွင့် သတင်းများဖြင့် ရုတ်တရက် အမနာပတိုက်ပွဲ ဆင်ကြ၏။
မာရီသည် ယောက်ျားတစ်ဦး၏ တာဝန်ကို ယောက်ျားသားများ နှင့် ရင်ပေါင်တန်းကာ ဒိုးတူပေါင်ဖက် လုပ်ကိုင်နေရသူ ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ကွဲနေပါသည်ဟု သတင်းလွှင့်ပြီး သူ့ဂုဏ် သိက္ခာကို သဲနှင့် ဝိုင်းပက်ကြ၏။
သည်တိုက်ပွဲ ဘယ်သူကစပြီး အချက်ပေးသည်၊ ဘယ်သူတွေ ပါသည်ဆိုသည့် ကိစ္စကို ကျွန်မအလုပ် မဟုတ်သဖြင့် မဖော်ထုတ်ချင်
တော့ပါ။ သည်အတွက် ကျွန်မတို့မေမေ ဘယ်လောက် ထိခိုက်ခဲ့ရ ကြောင်းလည်း ကျွန်မ မဖော်ပြလိုတော့ပါ။
မာရီကျူရီက အံကြိတ်ပြီး တင်းခံသည်။ “မိန်းမတစ်ယောက်ကို စော်ကားရဲတဲ့ သတ္တိမျိုးရှိတဲ့ စာနယ်ဇင်းသမားတွေကို မေမေတို့ ခွင့်လွှတ် လိုက်ကြရအောင်” ဟု ကျွန်မတို့ ညီအစ်မကို မေမေ နှစ်သိမ့်ခဲ့ပါသည်။ ခြိမ်းခြောက်စာများ၊ ပစ်စာများဖြင့်လည်း စိတ်အနှောင့်အယှက် ပေးကြ ပြန်၏။
နောင်တွင် သူတို့အထဲမှ လူအချို့က နောင်တကြီးစွာဖြင့် မာရီကျူရီကို ငိုကြီးချက်မ လာရောက်တောင်းပန်ကြ၏။ သို့သော် ပြစ်မှုက ကျူးလွန်ပြီးနေပြီ။ မာရီ စိတ်ဓာတ်အကျကြီး ကျနေပြီ။ သည်လို အလုပ်မျိုးကို လုပ်တတ်သူများမှာ လူကြီးလူကောင်း ဆိုသူများ ဖြစ်ကြ၏။ ရာပြည့်စာအုပ်တိုက်
မဒမ်ကျူရီ
နာမည်ကျော်ကြားခြင်းကို မုန်းတီးဖို့ မာရီ အတွက် နောက်တိုး အဖြစ်ဆိုးတစ်ခုဟု ဆိုရမည် ဖြစ်ပါ၏။
မည်သို့ရှိစေ၊ အမှန်တရားဘက်မှ မိတ်ဆွေအပေါင်းအသင်း များလည်း ရှိသည်သာပင်၊ ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဖို့ အားပေး စကား ဆိုလာသည့် စာတွေ ရာနှင့်ချီပြီး ရောက်လာသည်။ ဒေါသအမျက် ခြောင်းခြောင်းထွက်ကာ မာရီဘက်မှ ရပ်တည်ပေးသည့် စာတွေလည်း ဖတ်လို့ မနိုင်နိုင်အောင်ပင်။ နိုဘယ်လ်ဆုရှင်ကို ချစ်ခင်မြတ်နိုးကြသူများ ၏ မေတ္တာကြောင့် မာရီ တဖြည်းဖြည်း သတ္တိပြန်မွေးနိုင်လာသည်။
၁၉၁၃ ခုနှစ်တွင် ဝါဆောသို့ တစ်ခေါက်ပြန်ရောက်သည်။ သည်ခရီးကမူ စိတ်လှုပ်ရှားစရာ ကောင်းလှ၏။ ရင်အခုန်ရဆုံး ခရီးဖြစ် လေသည်။ ဝါဆောတွင် ရေဒီယိုသတ္တိကြွ ဓာတ်ခွဲခန်းဖွင့်ပွဲအတွက် လာ ခဲ့ရခြင်း ဖြစ်၏။ သည် ဓာတ်ခွဲခန်းကို မာရီက အဝေးမှ ကြီးကြပ်ကွပ်ကဲ ရမည် ဖြစ်သည်။
ဝါဆောက ကြိုဆိုပုံမှာ မနေတတ် မထိုင်တတ် ဖြစ်လောက် အောင်ပင်။ ပိုလန်အမျိုးသမီးကလေးတစ်ယောက်က ပန်းစည်းဆက် သည်။ ဧည့်သည်များထဲတွင် အဘွားအိုတစ်ယောက်ပါသည်။ အလို . . ဘုရား၊ မဒမ်ဆီကော့စကာပါလား။ မူလတန်းကျောင်းသူကလေး မာညာ၏ လက်ဦးဆရာ မဒမ်ဆီကော့စကာလေ။
ပန်းတွေနှင့် ဝေနေသည့် စားပွဲများကို ဖြတ်ပြီး အဘွားအိုဆီသို့ မာရီ လျှောက်သွားသည်။ မျက်ရည်တွေ သွင်သွင်စီးကျလျက် မာရီ ပါး နှစ်ဖက်ကို ဆရာမကြီးက နမ်းရှုပ်နှုတ်ဆက်သည်။
သည်နှစ်နွေတွင် မာရီ ကျောက်ကပ်ခဲ့ရသည် "lassic.com/
အားပြည့်အုပ်တိုက်
www.burmesecl
| 88.086343 |
Madame Curie
|
Tin Maung Myint
|
10313
| 105 |
________________
www.burmeseclassic.com
တင်ဆောင်နှင့်
ခွဲစိတ်ကုသပြီး ပျောက်ကင်းချိန်တွင် ဆွစ်ဇာလန်သို ့ ခရီးထွက်ပြီး အင်ဂါဒင်းတောင်ကို သမီးတွေလို ကျောပိုးအိတ် ထမ်းတက်သည်။ အဲလ်ဘတ်အိုင်းစတိုင်း သားအဖလည်း သူတို့နှင့်အတူ ပါလာ၏။
မဒမ်ကျူရီနှင့် အိုင်းစတိုင်းတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ ပျော်စရာကောင်းသည်။ ပညာရှင်အချင်းချင်း ရဲဘော်ရဲဘက်ဆန်သည်။ ပွင့်လင်းသည်။ တစ်ဦးအပေါ် တစ်ဦး သစ္စာရှိသည်။ ဂျာမန်လို ပြော လိုက်၊ ပြင်သစ်လို.ပြောလိုက်နှင့် သူတို့တွင် ပြောစရာ၊ ဖလှယ်စရာတွေက အပုံ အပင်။
အိုင်းစတိုင်းက လျှိုတွေ၊ ပတ်ကြားအက်တွေကို အသာကလေး ကျော်လွှားပြီး ဘယ်သူမှ သတိမထားလိုက်နိုင်မီ မတ်စောက်စောက် ကျောက်ဆောင်တွေကို တွယ်တက်နေပြီ။ ရုတ်တရက် ရပ်စောင့်ပြီး မာရီ လက်မောင်းကို ဖမ်းဆုပ်ရင်း “ဒီမယ်မာရီ၊ ဓာတ်လှေကားထဲက လူတွေ၊ အပြင်ကို လွင့်စဉ်သွားရင် ဘာဖြစ်မလဲဆိုတာ ကိုယ် သိချင်နေတာကွ” ဟု ပြောတော့ လူငယ်တစ်သိုက် ဝိုင်းရယ်ကြ၏။ ဘယ်လောက် စိတ်ဝင် စားစရာကောင်းသည့် တင်ကူးမှန်းဆမှုပါလဲ။ လူငယ်များ မသိကြ၊ စင်စစ် အိုင်းစတိုင်းက ရီလေတစ်ဗတီသီဝရီ ပြဿနာကို စဉ်းစားနေခြင်း ဖြစ်၏။
ရက်တိုခရီး ပြီးဆုံးတော့ သားအမိတွေ ပါရီသို့ ပြန်လာခဲ့ကြ၏။ ဆော်ဘွန်းတက္ကသိုလ်နှင့် ခွေးရူးပြန်ရောဂါကုဆေးရုံတို့ ပူးပေါင်းပြီး “ရေဒီယမ်တက္ကသိုလ်” တည်ဆောက်ဖို့ စီစဉ်ကြသည်။ ကျောင်းတွင် ရေဒီယို သတ္တိကြွ ဓာတ်ခွဲခန်းပါမည်။ သည်ဓာတ်ခွဲခန်းကို မာရီ အုပ်ချုပ် အောက်တွင် ထားမည်။ နောက် ဇီဝဗေဒဓာတ်ခွဲခန်း ပါမည်။
ကင်ဆာရောဂါ ကုသရေးအတွက် နာမည်ကျော် ဆရာဝန်ကြီး ပြအုပ်တိုက်
ဒရီ
များနှင့် ပူးပေါင်းလေ့လာကြမည်။
၂၀၉
မာရီက သူ့ဓာတ်ခွဲခန်းကို ဖရန် ့ရွှေပြား တစ်သန်းတန်ဖိုးရှိ ရေဒီယမ်တစ်ဂရမ် လှူဒါန်းလိုက်သည်။ သူနှင့် ပီယာတို့၏ လက်လေးဖက် ဖြင့် နှစ်ရှည်လများ ကြိုးစားထုတ်လုပ်ခဲ့သည့် သူတို့ပိုင် ပစ္စည်းဖြစ်သည်။ မာရီသည် ငြမ်းတွေဆင်ကာ အပူတပြင်း ဆောက်လုပ်နေသော ရေဒီယမ်တက္ကသိုလ် လုပ်ကွက်ထဲသို့ နေ့စဉ်ရောက်သည်။
သုတေသနခန်းမကို အလင်းရောင်များများရအောင် ပြတင်း ပေါက်ကျယ်ကြီးတွေ ဖောက်ဖို့ ဗိသုကာများကို အကြံပြုခိုင်းသည်။ ပန်းခြံ အတွက် အစောကြီးကတည်းက နေရာတွေ သတ်မှတ်ပြီး ဆောက်လက်စ နံရံများတွင် ကပ်လျက် နွယ်နှင်းဆီတွေ ကိုယ်တိုင်စိုက်သည်။ နေ့တိုင်း ရေလောင်းသည်။ ကျောက်ထင်းရှူးနှင့် သံပရာပင်တွေကိုတား အုတ်မြစ် မချမီကတည်းက မာရီ ကြိုစိုက်ထားပြီးပြီ။
“ဆရာမက နှစ်နှစ်ရှေ့က ကြိုပြေးထားတာ၊ ဓာတ်ခွဲခန်း ဖွင့် မယ့်အချိန်မှာ သစ်ပင်တွေနဲ့ စိမ်းစိုနေရမယ်၊ ပန်းပင်တွေ ဖူးနေရမယ်၊ ပွင့်နေရမယ်။ ဒါပေမဲ့ အဲဒါဘယ်သူမှ မပြောနဲ့နော်၊ ဗိသုကာတွေကို ဆရာမ ကြိုပြောမထားဘူး' ဟု သူ ဓာတ်ခွဲခန်းဝန်ထမ်းများအား တိုးတိုး တိတ်တိတ် ပြောထားသည်။ သည်လိုအခါမျိုးတွင် မာရီမျက်လုံးများ အရောင်တောက်ပြီး မျက်နှာတွင် ငယ်မူငယ်သွေးကလေးများ ပြန်ပေါ် လာတတ်၏။
တစ်နေ့တွင် ဓာတ်ခွဲခန်းဟောင်းမှ အလုပ်သမားတစ်ယောက် ရောက်လာသည်။ မျက်နှာမကောင်းလှ။ ရူပဗေဒသိပ္ပံမှ ပီယာနှင့်မာရီ တို့ လုပ်ခဲ့သည့် ရင်ခွဲရုံဓာတ်ခွဲခန်းအိုကြီးကို ဖြိုချနေပြီတဲ့။
ရာပြည့်စာအုပ်တိုက်
eclassic.com.
AWW.
| 89.020071 |
Madame Curie
|
Tin Maung Myint
|
10313
| 106 |
________________
www.burmeseclassic.com
တင်မောင်မြင့်
ဓာတ်ခွဲခန်းကြီးကို နောက်ဆုံးနှုတ်ဆက်ရန် “လိုမွန်” လမ်းသို့ မာရီ လျှောက်ထွက်ခဲ့သည်။ အတွင်းပိုင်းမှာ မူလအတိုင်း ရှိနေသေး၏။ သင်ပုန်းကြီးလည်း မပျက်မစီး ချိတ်လျက်သား ရှိနေသေး၏။ ပိယာ့ လက်ရေးများပင် မပျက်သေး။ ချက်ချင်းပဲ တံခါးပွင့်လာပြီး မျက်စိထဲတွင် ယခုတိုင် စွဲထင်နေသည့် အရပ်မြင့်မြင့်နှင့် သဏ္ဌာန်တစ်ခု ဝင်လာတော့
မည့်
အလား။
လှပခံ့ညားသည့် ဓာတ်ခွဲခန်းတစ်ခုကို ပီယာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့သော်လည်း သူ့ခမျာ မြင်မသွားရရှာပေ။ ချစ်သူနှင့် ထာဝရ အတူနေပြီး ချစ်သွားဖို့ ဆုတောင်းလည်း သူ့မှာ မပြည့်ရှာ။
ယခု ဓာတ်ခွဲခန်းအသစ်ကြီး အကောင်အထည် ပေါ်လာချိန် တွင် မာရီသည် ပျော်ရွှင်ငယ်ရွယ်သည့် အချိန်ကို ဖြတ်သန်းကျော်လွန်ခဲ့ ပြီး ဖြစ်သည်။ ကျန်းမာသန်စွမ်းသည့်အရွယ် မဟုတ်တော့ပေ။
“ပီယာကျူးရီလမ်း” ဟု အမည်ပေးထားသည့် လမ်းပေါ်တွင် ဖြူဖြူဖွေးဖွေး အဆောက်အအုံသစ်ကလေး ပြီးစီးသွားပြီ၊ မုခ်ဝတွင် ဆိုင်း ဘုတ်ကြီးလည်း ရေးထားပြီးပြီ။
ရေဒီယမ်စက်မှုတက္ကသိုလ် ကျူရီရိပ်သာ
အားလုံး အသင့်ဖြစ်နေပြီ။ သို့သော် သည်နှစ် ဇူလိုင်လသည် ၁၉၁၄ ခုနှစ် ဇူလိုင်လ ဖြစ်လေသည်။
ဒင်ကျူရီ
ကမ္ဘာစစ်ကြီးဖြစ်လာတော့ မာရီနှင့် အပေါင်းအသင်းအားလုံးအပြင် ဓာတ်ခွဲခန်းလုပ်သားများပါ စစ်မှုထမ်းကြရသည်။ မာရီ၏ တစ်ခုတည်း သော ရည်မှန်းချက်မှာ ဒုတိယ အမိနိုင်ငံတော်၏ တာဝန်ကို ဦးဆွေး ဆံမြည့် ထမ်းရွက်ဖို့ဖြစ်သည်။
ဒဏ်ရာရသူများ၏ ခန္ဓာကိုယ်တွင် ကျည်ဆန်၊ ဗုံးဆန်များ ရှာဖွေဖို့ ဆေးရုံများတွင် ဓာတ်မှန်လို ပစ္စည်းများ မရှိကြောင်းသိတော့ မာရီက ချက်ချင်း အလုပ် ၈ သည်။
စင်စစ် မာရီ သုတေသန လုပ်ခဲ့သမျှတွင် ဓာတ်မှန်နှင့် ပတ် သက်သည့် အချက်အလက်များ မပါရှိခဲ့ပေ။ သို့သော် သည်ဘာသာရပ် ကို သူ ကောင်းကောင်းနားလည်သည်။ အလုပ် ၈.ပြီ ဆိုသည်နှင့် တက္ကသိုလ်ပေါင်းစုံမှ ဓာတ်ခွဲခန်းတွေ၊ စက်ရုံတွေကို လျှောက်သွားပြီး ဓာတ်မှန်ပစ္စည်းတွေ အလှူခံသည်။ ပြီးတော့ ပါရီတစ်ဝိုက်မှ ဆေးရုံများ တွင် တပ်ဆင်ပေးသည်။
ပါမောက္ခတွေ၊ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေထဲမှ စေတနာ့ဝန်ထမ်း ဓာတ်မှန်ဆရာတွေ လိုက်စုသည်။
ထို့နောက် ရှေ့တန်းစစ်မျက်နှာအရောက် သွားပြီး ဓာတ်မှန် ရိုက်နိုင်အောင် “ဓာတ်မှန်ကား" ကို ပထမဦးဆုံး မာရီ တီထွင်လိုက် သည်။ ရိုးရိုးကားပေါ်တွင် ရွန်ဂျင်ရောင်ခြည်စက်ကို တပ်ဆင်လိုက်ခြင်း ဖြစ်၏။ ကားမော်တာဖြင့် ရွန်ဂျင်စက်၏ ဒိုင်နမိုကို လည်ပတ်စေသည်။ “မန်း” စစ်မြေပြင်မှ ဒဏ်ရာရလာပြီး ပါရီသို့ ပို့မည့် စစ်သည် တော်များကို တစ်စီးတည်းသော သည်ဓာတ်မှန်မော်တော်ယာဉ်အဖွဲ့က ဓာတ်မှန်ရိုက်ပေးသည်။ သည်စစ်ပွဲမှာ ကြာလိမ့်ဦးမည်၊
ာပြသူအုပ်တိုက်
WW.gic.com,
www.burmeseclsic.com,
| 87.516961 |
Madame Curie
|
Tin Maung Myint
|
10313
| 107 |
________________
၂၁၂
www.burmeseclassic.com
တင်ာင်ရင့်
လိမ့်ဦးမည်ဟု မဒမ်ကျူရီက တွက်ထားသည်။ သည်တော့ တွေ့ရာနေရာ တွင် ခွဲရစိတ်ရ၊ ဓာတ်မှန်ရိုက်ပေးရလိမ့်မည်။ မာရီက ရေဒီယိုဓာတ်မှန် ကားတွေ တစ်စီးပြီးတစ်စီးဆင်သည်။ အားလုံး ကားအစီး ၂၀ ပြီးသွား သည်။ စစ်တပ်က “ကျူရီလေးများ” ဟု နာမည်ပေးထား၏။ ကားပိုင်ရှင် များကို မာရီက အလှူခံရင်း ခပ်ရွှင်ရွှင်ကလေးပြောပြီး ကတိပေးသည်။ “စစ်ကြီး ပြီးပြီးချင်း ကျွန်မ ဒီကားကို ပြန်ပို့ပေးမှာပါ၊ အဲဒါတော့ ယုံပါ။ ဘယ်အခြေအနေနဲ့ ပြန်ရောက်လာမယ်တော့ မပြောနိုင်ဘူးပေါ့နော်”. အလွန်အားနာတတ်သော မာရီကျူရီသည် . စစ်မြေပြင်တွင် ခပ်ပျင်းပျင်း၊ ခပ်ဖျင်းဖျင်း စစ်သားများကိုရော၊ အရပ်သားများကိုပါ ရက်ရက်စက်စက် မောင်းသည်။
သူကိုယ်တိုင် ယူထားသည့်တားမှာ ရေနော့ခေါင်းတိုကလေး ဖြစ်သည်။ ကြက်ခြေနီတံဆိပ်ကြီး ရေးထားပြီး ပြင်သစ်အလံ ထောင်ထား သည်။
မာရီသည် တစ်စုံတစ်ယောက်ကို အကူအညီတောင်းရမှာ၊ တစ်စုံတစ်ယောက်ကို စောင့်ရမှာ အလွန်စက်ဆုပ်သူ ဖြစ်၏။ ထို့ကြောင့် ကားမောင်း၊ စက်ပြင် အားလုံး တတ်အောင်သင်လိုက်သည်။
မာရီသည် ကားကို စတတ်တာဖြင့် နှိုးမရလျှင် ချမ်းချမ်းစီးစီးထဲ တွင် ကိုယ်တိုင် ဂေါက်နှင့်လှည့်ပြီး အားသွန်ခွန်စိုက် နှိုးသည်။ ဘီးပေါက် လျှင် ဂျိုက်ထောက်ပြီး ကိုယ်တိုင် ဘီးလဲသည်။ ကာဘရိုက်တာကို ဖြုတ် ဆေးသည့်အခါတွင် ဓာတ်ခွဲခန်းထဲမှ အကျင့်အတိုင်း တိတိကျကျ သေ သေချာချာ လုပ်သည်။
ပါရီတွင် အိုင်ရင်းနှင့် ဧဝတို့ နှစ်ယောက်မှာ ရှေ့တန်းစစ်သည်
ရာပြည့်စာအုပ်တိုက်
ပါရီ ရေဒီယမ်တက္ကသိုလ် ရုံးခန်းထဲက မာရီကျူရီ (၁၉၂၅)။ ရာဖြင့်ကိုက်
www.bun
| 86.75246 |
Madame Curie
|
Tin Maung Myint
|
10313
| 108 |
________________
www.burmeseclassic.com
ဒေခ်ကျူရီ
. ၂၁၅
တော်တို့၏ သားသမီးများ ဘဝနှင့် နေရသည်။ အမေက ဖျားနာသည့် အခါလောက်သာ မလွဲမရှောင်သာဘဲ ခွင့်နှင့် အိမ်ပြန်နားသည်။
စစ်မြေပြင်တွင် ရှိနေချိန်များတွင် အခြေအနေ ဘယ်လောက် ဆိုးဆိုး၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ ဆေးရုံသုံးလေးရာအနက် ဆေးရုံ တစ် ခုခုတွင် ရောက်နေတတ်၏။ ပါရီကိုပို့သည့် ပို့စကတ်ကလေးများ၏ နေရာ လပ်များတွင် ရှေ့တန်းသတင်းများကို အသော့ရေးထည့်လေ့ ရှိသည်။
“သမီးတို့ရေ . . ခု အာမိန်းကို ရောက်နေတယ်၊ အဲဒီ မှာ အိပ်ရမယ်၊ လမ်းမှာ ကားတာရာ နှစ်ခါပဲကွဲ တယ်။ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ ချစ်တဲ့
.. GU"
“ဒီနေ့ ‘ရှာလွန်း’ မှာ ၈ နာရီတောင် စောင့်ရတယ်၊ “ဗာဒွန်’ကို မနက်ငါးနာရီမှ ရောက်တယ်။ . . မေမေ တို့ လိုက်စည်းရုံးနေတယ်၊ . . သမီးတို့နှစ်ယောက် စလုံး မေမေ့အသည်းထဲမှာ ထားတယ်။ ချစ်မေ" အိုင်ရင်းနှင့် ဧဝတို့နှစ်ယောက်က ရှေ့တန်းစစ်သည်တော်များ အတွက် ဆွယ်တာထိုးရင်း စာကျက်ကြရသည်။ ရသည့် ရှေ့တန်းသတင်း များ စုဆောင်းပြီး ထမင်းစားခန်းထဲက ဧရာမ မြေပုံကားချပ်ကြီးပေါ်တွင် အလံနီကလေးတွေ လိုက်စိုက်သည်။
၁၉၁၆ ခုနှစ် ဘရစ်တန်နီ ကောက်ရိတ်ပွဲတွင် နှစ်ပတ် လုပ်အားပေးဖို့ မာရီက သမီးနှစ်ယောက်ကို ထည့်လိုက်သည်။ ၁၉၁၈ ခုနှစ် “ဘစ်ဘာသာ” ကို တွေ တအားကြဲတော့ ပါရီသို့ အမြန်ပြန်လာပြီး သမီးနှစ်ယောက်နှင့် အတူနေသည်။
ရားပြည့်စာအုပ်တိုက်
www.burmeseclas
| 83.118002 |
Madame Curie
|
Tin Maung Myint
|
10313
| 109 |
________________
၂၁၆
www.burmeseclassic.com
တင်ဆောင်ခြင်
ဧဝက သိပ်အားကိုးရသေး။ အိုင်ရင်းကတော့ ၁၇ နှစ်ပြည့်ပြီ မို့ ဓာတ်မှန်လုပ်ငန်းကို ကျွမ်းနေပြီ။ ပထမ အမေ့ဓာတ်မှန်ကားတွင် လိုက် ပြီး လုပ်အားပေးရင်း သင်သည်။ နောက်ပိုင်းတွင် ဆေးရုံအဖွဲ့နှင့် လိုက် ပြီး ဓာတ်မှန်ရိုက်ဖို့ တာဝန်ယူနိုင်ခဲ့၏။
တိုင်ရင်းနှင့် မာရီသည် ရဲဘော်ရဲဘက်လည်း ဖြစ်၊ အရင်းနှီးဆုံး သူငယ်ချင်းများလည်း ဖြစ်၏။ မာရီက အလုပ်ကိစ္စများကို အိုင်ရင်းနှင့် တိုင်ပင်သည်။ လက်တွဲလုပ်နေသည့် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ဦး နှင့် ပတ်သက်ပြီးတော့လည်း ဆွေးနွေးသည်။
ပိုလန်နှင့် ပိုလန်က အစ်ကို၊ အစ်မများထံမှ ဘာသတင်းမျှ မကြားရသည့် အတွက်တော့ မာရီ စိတ်ပူသည်။ ထောင်ပေါင်းများစွာ သော ခြေပြတ်လက်ပြတ်များကို မြင်ရလျှင်၊ အော်ဟစ်ညည်းညူသံများ ကို ကြားရလျှင် သနားစိတ်ဖြင့် မာရီ ရင်ထုမနာ ဖြစ်တတ်သည်။
သို့သော် လုပ်ဖော်ကိုင်ဖက်များ ရှေ့တွင်တော့ နှုတ်ခမ်းအစုံကို အမြဲတမ်း ပြုံးထားသည်။ ပျော်ပျော်ရွှင်ရွှင် နေပြသည်။(ဟာသနှင့် ပြုံးရွှင် ခြင်းသည် သတ္တိကို ဖုံးကွယ်ထားဖို့ အလှဆုံး မျက်နှာဖုံးဖြစ်ကြောင်း စစ်ကြီးက မာရီတို သင်ပေးခဲ့လေသည်။)
ဒဏ်ရာရ စစ်သားများက မာရီကို ချစ်ကြသည်။ မာရီက သူ တို့နှင့် တရင်းတနှီး နေသည်။ တောသူတောင်သားများနှင့် အလုပ်သမား အချို့က ဓာတ်မှန်ရိုက် ကင်မရာကို ကြောက်ကြသည်။ မာရီက သူတို့ မကြောက်အောင် ရှင်းပြရသည်။
“ဒီမှာကြည့်လေ၊ ဓာတ်ပုံရိုက်တဲ့ ကင်မရာနဲ့ ဘာထူးလို့လဲ၊
အတူတူပဲလေ
ရာပြည့်၏အုပ်တိုက်
ကျူရီ
၂၇
သူ့အသံက ချိုသည်၊ လူနာတွေကို သည်းခံသည်၊ လူသားတို့၏ အသက်ကို ဘာသာတရားနှင့်အညီ လေးစားသည်။
ဓာတ်ရောင်ခြည်ကားတွေ တပ်ဆင်ခြင်း၊ ဓာတ်မှန်ကျွမ်းကျင် သူအဖြစ် တာဝန်ယူထားခြင်းများအပြင် အရပ်ရပ်ဆေးရုံများတွင် ဓာတ် ရောင်ခြည်ခန်းပေါင်း ၂ဝဝ တည်ဆောက်ပေးခဲ့သေးသည်။ မာရီ၏ ဓာတ်မှန်ဖြင့် စစ်ဆေးပေးခဲ့သည့် လူနာဦးရေမှာ တစ်သန်းအထက်တွင် ရှိသည်။
အပစ်အခတ် ရပ်စဲပြီ ဆိုသောအခါ မာရီပျော်လွန်းလို့ တုန်တုန်ယင်ယင် ဖြစ်နေသည်။ မာရီအတွက် - အောင်ပွဲက တစ်ခုတည်းမဟုတ်၊ နှစ်ခု ဖြစ်၏။
ပိုလန်နိုင်ငံဟူ၍ ကမ္ဘာပေါ်တွင် ပြန်လည်ပေါ်ပေါက်ခဲ့လေပြီ။ နှစ်ပေါင်း ၁၅ဝ ကျော် သူ့ကျွန်ဘဝတွင် နစ်မြုပ်နေရာမှ ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်လေသည်။
အမိနိုင်ငံ၏ မင်္ဂလာသတင်းနှင့် အနာဂတ်သည် မာရီ၏ ဘဝ ပြဿနာများကို မေ့မေ့ပျောက်ပျောက် ဖြစ်ကာ လျော့ပါးသက်သာစေ သည်။
ကမ္ဘာစစ်ကြီးသည် မာရီ၏ သိပ္ပံသုတေသနလုပ်ငန်းကို ဖရိုဖရဲ ဖြစ်အောင် လုပ်ပစ်လိုက်သည်။ ကျန်းမာသန်စွမ်းမှုကို ဝါးမျိုပစ်လိုက် သည်။ ဘဏ္ဍာရေး အခြေအနေကို ဖျက်ဆီးပစ်လိုက်သည်။ တိုက်
www.burmeseclassic.
| 88.020352 |
Madame Curie
|
Tin Maung Myint
|
10313
| 110 |
________________
၂၁
www.burmeseclassic.com
တင်မောင်မြင့် -
မာရီက ဒုတိယအကြိမ်ရသည့် နိုဘယ်လ်ဆုငွေ အားလုံးကို စစ်ရန်ပုံငွေအဖြစ် ချေးလိုက်သည်။ ခုတော့ နှင်းတွေ အရည်ပျော်သလို
ပျော်ကျသွားလေပြီ။
အသက်ငါးဆယ် ပြည့်ပြီးဖြစ်သော မဒမ်ကျူရီသည် မိမိကိုယ် တိုင်နှင့် သမီးနှစ်ယောက်အတွက် ပါမောက္ခလစာ တစ်နှစ် ဖရန့်ငွေ ၁၂,ဝဝဝ သာ ရှိတော့၏။
၁၉၁၄ ခုနှစ်မှစ၍ အနှောင့်အယှက်၊ အတားအဆီး အမျိုး မျိုးနှင့် ကြုံခဲ့ရသည်။ လုပ်လက်စ အလုပ်ကို ပီယာကျူရီလမ်း အိမ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည် စတင်ခဲ့သည်။
ဘဝမှာ ပုံမှန်ပြန်ဖြစ်လာခဲ့၍ သမီးနှစ်ယောက်အတွက် အချိန် ပိုရလာတော့သည်။ နှစ်ယောက်စလုံး မအေထက်ပိုပြီး အရပ်အမောင်း ကောင်းကြသည်။ အိုင်ရင်းက ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ။ စာတွင် မအေ့ခြေရာ နင်းသူ။ ရူပဗေဒ အဓိက ယူမည်၊ ရေဒီယမ်ကို အထူးပြု လေ့လာမည်။
မအေ့ ဓာတ်ခွဲခန်းတွင် အိုင်ရင်းက ဓာတ်ခွဲခန်းလက်ထောက် ဖြစ်နေပြီ။ ဧဝကို မာရိ အားမရ ဖြစ်နေ၏။ ခုထိ ဘာလုပ်မည်၊ ဘယ်လမ်း လိုက်မည်ကို ရေရေရာရာ မရွေးရသေး။ သိပ္ပံကိုပဲ ဝ အားသန်စေချင် သည်။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လျှင် ရေဒီယမ်အသုံးချပုံကို လေ့လာစေချင်သည်။
သို့ရာတွင် သူစိတ်ရူးပေါက်တိုင်း လျှောက်လုပ်နေသည့် ဝါသနာ ကိုတော့ မာရီ မတား၊ ဂီတ သင်တန်းတက်မည်ဆိုတော့ မီးစိမ်းပြလိုက် ၏။ ကြိုက်သည့်ဆရာနှင့် သင်ဖို့၊ ကြိုက်သည့်နည်းစနစ်နှင့် သင်ဖို့ လွတ် ရာပြည့်အုပ်တိုက်
လပ်ခွင့်လည်း ပေးထားသည်။
၂၁၉
မာရီသည် မြီးကောင်ပေါက်အရွယ်ကလေးကို လွတ်လပ်ခွင့် တွေ အရမ်းပေးနေမိ၏။ မိမိက ခရီးပန်းတိုင်ကို အမှားအယွင်း မရှိဘဲ သန္ဓေပါ အသိဉာဏ်ပါရမီဖြင့် ` အရောက်သွားနိုင်ခဲ့သော်လည်း သမီး ကလေးကို မမှားအောင် မိမိ လမ်းညွှန်နိုင်ပါမည်လား။
စရိုက်ချင်း မတူကြသည့် သမီးနှစ်ယောက်ကို အသာကလေး စောင့်ကြည့်ခြင်းဖြင့် အမေ့မေတ္တာကို ပြရတော့မည်၊ ၁၉၁၉ ခုနှစ် စက် တင်ဘာလထဲတွင် သမီးနှစ်ယောက်ဆီ မာရီ စာရေးဖြစ်၏။ “မေမေ ခဏခဏ စဉ်းစားမိတယ်။ အလုပ်လုပ်ရှ မယ့် နှစ်တွေ မေမေတို့ရှေ့မှာ ရောက်နေပြီ။ ပြီး တော့ သိပ်ချစ်ရာကောင်းတဲ့ သမီးနှစ်ယောက် အကြောင်းလည်း ပါတာပေါ့။ မေမေ့ကို ပျော်ရွှင်မှု တွေ အများကြီး ပေးခဲ့တဲ့ သမီးတွေလေ။ သမီးတို့ နှစ် ယောက်ဟာ မေမေ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကလေးတွေပါ။ သမီးတို့နဲ့ အတူတူ ဆက်နေ ရမယ့် ကာလဟာ မေမေ့အတွက် အဓိပ္ပာယ်ရှိတဲ့ ဘဝအဆစ်အပိုင်းတစ်ခု ဖြစ်မှာပါ။”
နှစ်ငါးဆယ်ပြည့် မွေးနေ့နောက်ပိုင်းတွင် မာရို့ဘဝမှာ ပို၍ အေးဆေးလာသည်။ နေ့စဉ်ဘဝ၏ ပျော်စရာ အချိန်ကလေးများကို ချစ်ရ ကောင်းမှန်း သိလာသည်။
အိုင်ရင်းဆီသို့ ရေးသည့် စာတစ်စောင်တွင် - “အသက်အရွယ် ရလာတဲ့အခါ ပစ္စုပ္ပန်ကို ပျော်ပျော် ရာပြည့်ာအုပ်တိုက်
www.burmeseclassic.com
| 87.341772 |
Madame Curie
|
Tin Maung Myint
|
10313
| 111 |
________________
၂၂၀
www.burmeseclassic.com
တင်မောင်မြင့်
နေဖို့ ပိုသိလာတယ်။ အဲဒီကာလဟာ ဘဝရဲ့ တန်ဖိုး အရှိဆုံး လက်ဆောင်ပဲ၊ မင်္ဂလာအရှိဆုံးကာလပဲ။”
ဟု ရေးထားသည်။
အိုင်ရင်းနှင့် ဧဝတို့ ညီအစ်မနှစ်ယောက်အတွက် သူတို့အမေ နေရာတွင် အမေ အသစ်တစ်ယောက် အစားဝင်လာသလို ဖြစ်နေ၏။ ဇရာ၏ အရိပ်တွေ မျက်နှာပေါ်တွင် ပေါ်လာသော်လည်း သူ့ခန္ဓာကိုယ် နှင့် နှလုံးသားမှာ ပြန်လည်နုပျိုလာသည် ထင်ရ၏။
မေမေ မြင်းစီးသည်။ ရေခဲလျှောစီးသည်။ နွေရာသီ ကျောင်း ပိတ်ရက်တိုင်း သမီးတွေနှင့် ဘရစ်တာနီတွင် ဆုံသည်။ “လာကို့စ်” သိပ္ပံ ကမ်းခြေရွာကလေးတွင် တပျော်တပါး အချိန်ဖြုန်းသည်။ သင်္ဘောသား များဖြင့် အမြဲစည်ကားနေတတ်သည့် ရွာကလေးဖြစ်၏။ တစ်ဖက်တွင် ဆော်ဘွန်းတက္ကသိုလ်မှ ဆရာ၊ ဆရာမတွေ အများဆုံးထွက်သည့် ဒေသ ဖြစ်၍၊ သိပ္ပံကမ်းခြေဟု နာမည်တွင်ခြင်း ဖြစ်လေသည်။
သည်ပင်လယ်ကမ်းခြေမှ ကြည်လင်ပြာလဲ့နေသည့် ရေပြင်တွင် အနက်ရောင် ရေကူးဝတ်စုံဖြင့် ရေကူးနေသည့် မေမေ့ပုံမှာ ကျွန်မ အာရုံတွင် လှပစွာ အထင်ဟပ်ဆုံးပုံရိပ် ဖြစ်ပါသည်။
ကျွန်မတို့ ညီအစ်မ သင်ပေးသဖြင့် မေမေသည် လိပ်ပြာကူး နည်းကိုလည်း ကောင်းကောင်းတတ်နေပါပြီး · မေမေ ရေကူးသည်တို ကြည့်ရသည်မှာ ကျက်သရေရှိလှသည်။ ရေကူးဦးထုပ် ဆောင်းထားသဖြင့် ဆံပင်ဖြူတွေကို မမြင်နိုင်ဘဲ သွယ်လျလျ ကိုယ်နေဟန်ဖြင့် ကောင်မလေး တစ်ယောက် ကူးနေသည် ထင်ရ၏။
မဒမ်ကျူရီသည် ရေကူးခြင်းတွင် ဝါသနာထုံသည်။ ရေကူးနိုင် ရာပြည့်ာအုပ်တိုက်
၂၂၁
သည့်အတွက် ဂုဏ်ယူသည်။ ဆော်ဘွန်းတက္ကသိုလ်မှ ဆရာ၊ ဆရာမများ အကြားတွင် အားကစားကို ကျိတ်ပြိုင်နေကြသည့် အကျင့်ကလေး ရှိသည်။
“မာရီက ဘိုရဲလ်” ထက်တောင် ပိုကူးနေနိုင်သေးတယ်' ဟု တစ်ခါတစ်ရံ မာရီ ပြောလေ့ရှိသည်။
“မေမေက သာတာပေါ့ မေမေရဲ့၊ မေမေ့လောက် ဘယ်သူမှ လှအောင် မကူးနိုင်ဘူး'
“ဒီနေ့ ယန်းပါရင်း ရှင်းလင်းပွဲ လုပ်တယ်၊ မနေ့က မေမေ့ ပို့ချချက်ထဲမှာ ပါပြီးသားတွေလေ'
“ဟုတ်တယ်လေ၊ သမီး သိသားပဲ။ မေမေ့ပို့ချချက်က အရမ်း
ကောင်းတာပဲဟာ'
သမီးများက သည်လို ချီးမွမ်းလျှင် မာရီ ဂုဏ်ယူသည်။ သူတို့ မြှောက်ပင့်ပြောခြင်း မဟုတ်ကြောင်းကို သိနေသည်လေ။
လာကို့စ် ကမ်းခြေရွာကလေး၏ အလှအပတွေကတော့ တစ် သက်မေ့နိုင်စရာ မရှိပါ။ ပေါ့ပေါ့ပါးပါး သီချင်းတွေဆိုကြ၊ ကလေးတွေလို အော်ဟစ်ရယ်မောကြနှင့်။ တိတ်ဆိတ်ငြိမ်သက်ချိန် ကြပြန်လျှင်လည်း ငြိမ်းချမ်းမှုအပြည့်၊ လူကြီးလူငယ် ဆက်ဆံရေးကလည်း ရဲဘော်ရဲဘက် ဆန်ဆန်၊ ဟန်ဆောင်မှုမရှိ။ မာရီတို့ မိသားစုအတွက် စရိတ်စကများများ Felix Borel(1851-1946): ပြင်သစ်သင်္ချာပါရဂူ။ ၂။ ယန်းပါရင်း (၁၈၇ဝ-၁၉၄၂ း ပြင်သစ်ရူပဗေဒပညာရှင်၊ ၁၉၂၆ ခုနှစ် နိုဘယ်လ်ဆုရှင်၊ လေမုန်တိုင်းများကို တွက်ချက်တိုင်းထွာဖို့ လမ်းစ ရှာပေးခဲ့သူ။
၁။
ရာပြည့်စာအုပ်တိုက်
lassic.com.
www.burmeseclas
| 85.994648 |
Madame Curie
|
Tin Maung Myint
|
10313
| 112 |
________________
၂၂
www.burmeseclassic.com
တင်မောင်မြင့်
မကုန် ရဘဲ ပျော်စရာအပြည့်။ သတိရစရာ အပုံအပင် ရရှိသည့် နေရာမျိုး။
တစ်ခါတလေ ဖယောင်းတိုင်မီးပုံးကလေးများ ထွန်းပြီး ကကြ ခုန်ကြသည်။ အကော်ဒီယံတီးသူက ကျေးလက်သီချင်းတွေ တီးပေးတော့ ကခုန်သူများကလည်း တီးလုံးနှင့်အလိုက် က ကြသည်။
အတွဲလိုက်၊ အတွဲလိုက် ဝိုင်းကာပတ်ကာ ကခုန်နေကြသူများ ထဲတွင် တက္ကသိုလ် ကျောင်းသူကျောင်းသားများ ပါသည်။ ရွာသားတွေ ပါသည်။ သင်္ဘောသားတွေ ပါသည်။ ပါရီသူ ပါရီသားတွေ ပါသည်။
သည်လို ပွဲတော်ညများမှာ ကျွန်မတို့ တပျော်တပါး ကခုန်နေ လျှင် မေမေက အသာကလေး ကြည့်နေတတ်ပါသည်။ မေမေ ခုလို နှုတ်နည်းနေသည့် သဘောကို နားလည်ကြသည့် အပေါင်းအသင်းများက အိုင်ရင်း အက ဘယ်လောက်ကောင်းကြောင်း၊ ဧဝကလေး၏ အဝတ် အစား ဝတ်ပုံ ဘယ်လိုလှကြောင်းများကို မေမေ့အား ဝိုင်းပြောတတ်ကြ သည်။
သည်လိုအခါမျိုးတွင် အထီးကျန်ဘဝပိုင်ရှင်၏ မျက်နှာကလေး မှာ ညှိုးနေရာမှ ရုတ်ခြည်းရွှင်လန်းလာပြီး နှုတ်ခမ်းအစုံပေါ်သို့ ဂုဏ်ယူ သည့် အပြုံးကလေး ရောက်လာတတ်သည်။ မေမေ့အပြုံးက ကျက်သရေ ရှိလှပါသည်။
၁၉၂၁ ခုနှစ်တွင် အမေရိကန်မှ မဒမ်ကျူရီကို ဖိတ်ကြားသောအခါ သမီးနှစ်ယောက်အတွက်ပါ ဖိတ်စာရသည်။ နယူးယောက် ဟာရယ် စာအုပ်တိုက်
မဒမ်ကျူရီ
JJP
ထရိုင်ဗွန်းမှ မစ္စက်ဝီလျံမယ်လိုနီက မဒမ်ကျူရီ၏ ဓာတ်ခွဲခန်းတွင် ရေဒီ ယမ် လုံလုံလောက်လောက် မရှိကြောင်း သိထားသည်။
အမျိုးသမီးကြီးက “မဒမ်ကျူရီ ရေဒီယမ်ရန်ပုံငွေ" အဖွဲ့ဖွဲ့ပြီး အလှူခံရာ ၁၉၂ဝ-၂၁ ခုနှစ်တွင် ဒေါ်လာတစ်သန်း ရရှိခဲ့သည်။ ရေဒီ ယမ် ဝယ်နိုင်သည့် ငွေပမာဏ ဖြစ်၏။ သည်ငွေတွေကို ကိုယ်တိုင် လာရောက်လက်ခံပါရန် မစ္စက်မယ်လိုနီက ဖိတ်ကြားခြင်း ဖြစ်သည်။
မာရီကျူရီ အရမ်းပျော်သွားသည်။ အမေရိကန်ကို ကျေးဇူးတင် သည့် အနေဖြင့် အထောက်အပံ့ကို ဘဝတွင် ပထမဆုံးအဖြစ် လက်ခံ လိုက်သည်။ အသက် ၅၄ နှစ် အရွယ်တွင် အမေရိကန်၏ ဧည့်သည်တော် အဖြစ် တခမ်းတနား ခရီးထွက်ရတော့မည်။
အိုလံပစ်သင်္ဘောကြီးပေါ်သို့ သားအမိသုံးယောက် တက်ခဲ့ကြ သည်။ သေတ္တာတစ်လုံးထဲတွင် သုံးယောက်စာ အဝတ်အစား၊ အသုံး အဆောင်တွေ စုထည့်ပြီး ခါတိုင်း ခရီးထွက်သလိုပင် ယူလာခဲ့ကြ၏။ သို့ရာတွင် ဧရာမ ဇိမ်ခံသင်္ဘောကြီး၏ မိသားစု အခန်းကျယ်ကြီးမှာ သူတို့ သားအမိအတွက် အရမ်း ခမ်းနားလွန်းနေ၏။
နယူးယောက်ဆိပ်ကမ်းရောက်တော့ လူအုပ်ကြီးက သောင်း သောင်းဖြဖြ ကြိုဆိုနေ၏။ သူတို့ စောင့်နေသည်မှာ ၅ နာရီကြာပြီဟု သိရသည်။ ပိုလန်အမျိုးသမီးများအဖွဲ့က နှင်းဆီဖြူတွေ၊ နှင်းဆီနီတွေဖြင့် ဝှေ့ယမ်း နှုတ်ဆက်ကြသည်။
စိတ်လှုပ်ရှားနေကြသည့် ထောင်ပေါင်းများစွာသော မျက်နှာ များပေါ်တွင်တော့ ပြင်သစ်၊ အမေရိကန်နှင့် ပိုလန်နိုင်ငံတော် အလံများ
တလူလူ လွင့်နေ၏။ ဆိပ်ခံပေါ် ရောက်သည်” plac.com
ရာပြည့်။အုပ်တိုက်
| 88.124157 |
Madame Curie
|
Tin Maung Myint
|
10313
| 113 |
________________
၂၂၄
www.burmeseclassic.com.
တင်မောင်မြင့်
တွေ အတင်းဝိုင်းအော်ကြသည်။ ဒီဘက်လှည့်ပါ မဒမ်ကျူရီခင်ဗျား၊ ဒီဘက် လှည့်ကြည့်ပေးပါ ခင်ဗျား'
ကင်မရာပေါင်း ၄ဝ ကျော်ဖြင့် ခရီးပန်းနေသော်လည်း အံ့ဩ ပျော်ရွှင်နေသော မျက်နှာကို တဖျတ်ဖျတ် ဝိုင်းရိုက်နေကြ၏။
မဒမ်ကျူရီသည် သူ့ပတ်ဝန်းကျင်တွင် ဘယ်သောအခါမှ အရေးပါအရာရောက်သည့် ပုံသဏ္ဌာန် မဆောင်ဖူးသည့် အမျိုးသမီး ဖြစ် ၏။ သည်တော့ အားလုံးကလည်း သူ့ကို သာမန်ပဲ ဆက်ဆံကြ၏။ ယခုတော့ အိုင်ရင်းနှင့် ဧတို့ မျက်မြင်ကိုယ်တွေ့ သိပြီ။ မိမိ တို့နှင့် တစ်သက်လုံး နေလာခဲ့သည့် အလွန် ရိုးသားအေးဆေးသည့် မေမေသည် ကမ္ဘာနှင့်ချီပြီး အရေးပါနေသူပါတကား။ စိတ်ရောကိုယ်ပါ တိုးဝှေ့နေသည့် လူအုပ်ကြီးဖြင့် အမေရိကန်က ကြိုဆိုနေပုံမှာ လေးနက် သော သဘောကို ဆောင်လျက်ရှိ၏။
မဒမ်ကျူးရီ၏ ရှေ့မှောက်တွင် အတွေးအခေါ်သစ်တစ်ခု
ဘွားခနဲ ပေါ်လာသည်။
မဒမ်ကျူရီဆိုသော နိုဘယ်လ်ဆုရှင် အမျိုးသမီးကြီးသည် သိပ္ပံ ကမ္ဘာတွင် စမ်းသပ်အောင်မြင်မှုများစွာဖြင့် ထိပ်ဆုံးမှ ရောက်နေသည့်. အမျိုးသမီးကြီး ဖြစ်သည်။ ကမ္ဘာသိ ပညာရှင်တစ်ယောက်လည်း ဖြစ်၏။ သို့သော် ဧရာမ လူစုလူဝေးကြီးက အချစ်များစွာ၊ အကြင်နာများစွာဖြင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုမှုများနှင့်တော့ တစ်ခါမျှ မကြုံခဲ့ရဖူးပေ။ စိတ် မလှုပ်ရှားအောင် သတိထားနေရ၏။
နောက်တစ်နေ့မနက်တွင် မာရီက မစ္စက်မယ်လိုနီကို စောင့် နေသည်။ သည်မြင်ကွင်းကို မစ္စက်.မယ်လိုနီက နောင်တွင် ဤသို့မှတ် ရာပြည့်စာအုပ်တိုက်
- မာရီကျူးရီနှင့် အမေရိကန်သမ္မတ ဟာဒင်း (၁၉၂၁)
ရာပြတိုက်
| 87.383178 |
Madame Curie
|
Tin Maung Myint
|
10313
| 114 |
________________
www.burmeseclassic.com
- ကိုလံဘီယာ စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ပက်ဂရမ်နှင် အတူ (၁၉၂၁)။
ရာပြည့်စာအုပ်တိုက်
ဒမ်ကျူရီ
တမ်းတင်သည်။
“တံခါးပွင့်လာတော့ ရှက်ရွံ့ရွံ့ အမူအရာနဲ့ ဖြူဖျော့ ဖျော့ အမျိုးသမီးကို ကျွန်မ လှမ်းမြင်လိုက်တယ်။ အနက်ရောင် ချည်ထည်ကို ဝတ်ထားတယ်။ သည် လောက် ဆွေးမြည့်နေတဲ့ မျက်နှာမျိုး ကျွန်မ တစ် သက်တာမှာ တစ်ခါမျှ မမြင်ဖူးခဲ့ဘူး။
သူ့မျက်နှာက အကြင်နာတရား အပြည့်၊ တည်ငြိမ်မှုအပြည့်။ ပြီးတော့ လှလည်းလှတယ်၊ ပညာ ဉာဏ် ကြီးမားပုံလည်း သူ့မျက်နှာမှာ အထင်းသား တွေ့ ရတယ်၊
စိတ်ထဲမှာ သူ့ကို အနှောင့်အယှက်ပေး သူလို့ ကိုယ့်ကိုယ်ကိုယ် မြင်လာတယ်။
အ
ကျွန်မဟာ လူတွေကို မေးခွန်းတွေမေးဖို့ အလေ့အကျင့်ရှိလာတာ နှစ်ပေါင်း ၂၀ ကျော် ရှိခဲ့ပါ ပြီ။ ဒါပေမဲ့ အနက်ရောင်ဝတ်စုံနဲ့ ဒီအမျိုးသမီးကို ́ တွေ့တော့ ကျွန်မ ဆွံ့သလို၊ အ သလို ဖြစ်နေတယ်။ အမေရိကန် အမျိုးသမီးတွေ အားလုံး လိုလို မဒမ်ကျူရီရဲ့ မဟာအောင်မြင်မှုကြီးကို စိတ် ဝင်စားနေကြကြောင်းနဲ့ မဒမ်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန် တွေကို အနှောင့်အယှက်ပေးမိတဲ့အတွက် ခွင့်လွှတ် ပါရန် တောင်းပန်နေမိတော့တယ်။
ကျွန်မကို အနေအထိုင်မကျုံ့စေရန် မဒမ် ာကြည့်တိုက်
www.burmeseclassic.com.
JJ2
| 82.848837 |
Madame Curie
|
Tin Maung Myint
|
10313
| 115 |
________________
www.burmeseclassic.com
တင်တင်နှင့်
ကျူရီက အမေရိကန်နိုင်ငံအကြောင်း စ ပြောပါ `တယ်။
“အမေရိကန်မှာ ရေဒီယမ် ၅ဝ ဂရမ် ရှိနေပါတယ်။ ဘော်လ် တီမိုးမှာ ၄ ဂရမ်၊ ဒင်ဗါမှ ၆ ဂရမ်၊ နယူးယောက်မှာ ၇ ဂရမ် နေရာအတိအကျနှင့် ရှိနေသည့် ရေဒီယမ် ဂရမ် ဘယ်ရွေ့ ဘယ်မျှကို သူ ဆက်ပြောနေ၏။ 'ပြင်သစ်မှာရော'
ကျွန်မ ပြန်လှန် မေးခွန်းထုတ်လိုက်သည်။ “ကျွန်မရဲ့ ဓာတ်ခွဲခန်းမှာ ၁ ဂရမ်ကျော်ကျော်လေးပဲ ရှိတယ်' “ရှင် ... မဒမ့်မှာ တစ်ဂရမ်ပဲ ရှိတယ်၊ ဟုတ်လား “ကျွန်မမှာ၊ ဟုတ်လား။ ကျွန်မမှာ ဘယ်နှဂရမ်မှ မရှိပါဘူး၊ အဲဒါကလေးကလည်း ဓာတ်ခွဲခန်းက ပိုင်တာပါ'
အဲဒီမှာ ကျွန်မက ပိုင်ဆိုင်ခွင့်အကြောင်း၊ မူပိုင်ခွင့် လုပ်ထား ခြင်းဖြင့် မဒမ်ကျူရီဟာ သန်းကြွယ်သူဌေးမတစ်ယောက် ဖြစ်သွားနိုင် ကြောင်း ပြောပြမိတယ်။
သူက အဲဒီမှာ လေအေးကလေးနဲ့ ပြန်ပြောပါတယ်။ ‘ရေဒီယမ်ကြောင့် ဘယ်သူမှ မချမ်းသာသင့်ပါဘူး။ ရေဒီယမ် ဟာ ဒြပ်စင်တစ်ခုပဲ။ လူတိုင်းပိုင်တဲ့ ပစ္စည်းပဲ” ကျွန်မ အလောတကြီး မေးမိပါတယ်။
“ကမ္ဘာကြီးထဲက ဘာအလိုချင်ဆုံးလဲလို့ မဒမ့်ကို ရွေးခိုင်းရင်
ဘာကို ရွေးမလဲ'
ရာပြတိုက်
တော်တော် အောက်တန်းကျတဲ့မေးခွန်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်။ ဒါပေမဲ့ အမှတ်မထင် မေးလိုက်မိတဲ့ မေးခွန်းဟာ သိပ် အဓိက ဖြစ်သွားပါတယ်။
အဲဒီ သတင်းပတ်မှာ ရေဒီယမ် ၁ ဂရမ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀,၀၀၀ ဖြစ်သွားလို့ပါပဲ။ တစ်ပြိုင်တည်းမှာ မဒမ်ကျူရီရဲ့ ဓာတ်ခွဲခန်းဟာ အဆောက်အအုံအသစ် ဖြစ်ပေမဲ့ 'လိုအပ်တဲ့ သိပ္ပံ အထောက်အကူပြု ပစ္စည်းတွေ လုံလုံလောက်လောက် မရှိဘူးဆိုတာ လည်း ကျွန်မ သိခွင့်ရလိုက်ပါတယ်။ ပြီးတော့ ထုတ်လုပ်ရရှိသမျှ ရေဒီယမ်ကို မဒမ်က ကင်ဆာရောဂါ ကုသပျောက်ကင်းရေးအတွက် ဆေးရုံတွေကို အခမဲ့ ပေးနေသတဲ့လေ .. ။
အမေရိကန်တို့သည် တိုင်းပြည်အတွက် အလုပ်လုပ်နေကြသူ များ ဖြစ်၏။ ပညာရှင်များကို အလွန်တန်ဖိုးထား လေးစားကြသူများ ဖြစ်၏။
မြို့ကြီးပေါင်းများစွာမှ တက္ကသိုလ်ကောလိပ်များက.မဒမ်ကျူရီ ကို ဖိတ်ကြသည်။ ရွှေတံဆိပ်များ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ပေးဖို့ လည်း ကျောင်းပေါင်း တစ်ဒါဇင်လောက်က စီစဉ်နေကြ၏။
“မဒမ်ကျူးရီမှာ ပါမောက္ခဝတ်ရုံတော့ ပါလာမှာပေါ့နော်' ဟု အမေးခံရ၏။
အဲဒါမှ ပြဿနာ။ မာရီမှာ ပါမောက္ခဝတ်စုံ ပါမလာခဲ့ပါ။ ပါမလာရခြင်း အကြောင်းရင်းမှာ ဘယ်တုန်းကမှ ချုပ်မဝတ်ခဲ့သော ကြောင့် ဖြစ်ပါသည်။ အပ်ချုပ်သမားတစ်ယောက် ချက်ချင်းရောက်လာပြီး
အဖိုးတန် ပိုးတွေ၊ ဖဲတွေနှင့် ချုပ်ပေးကြသည်။ ပြီးssic.com/
ားအုပ်တိုက်
www
| 86.424664 |
Madame Curie
|
Tin Maung Myint
|
10313
| 116 |
________________
၂၀
www.burmeseclassic.com
တင်မောင်မြင့်
ဦးဆောင်ပြီး မဒမ်ကျူရီ၊ အိုင်ရင်းနှင့် ဧဝတို့သည် အမေရိကန် တစ်နိုင်ငံလုံး စောင့်ကြိုနေသည့် ခရီးစဉ်ကို စတင် ထွက်ခဲ့ကြလေသည်။
နေရောင်ခြည် ဖြာကျနေသည့် လမ်းများပေါ်တွင် အဖြူရောင် ဝတ်ရုံ ကိုယ်စီနှင့် မိန်းကလေးများ၊ ဆင်ခြေလျှော မြက်ခင်းများပေါ်မှ ထောင်နှင့် ချီသော ကျောင်းသူကလေးများက မဒမ်ကျူရီ၏ ရထားတွဲကို တစ်ခဲနက် ကြိုဆိုကြသည်။ သံပြိုင်သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဟစ်ကြွေးလျက်။ အလွန်အရသာရှိသည့် မင်္ဂလာနေ့ရက်များ ဖြစ်ပါ၏။
မိန်းကလေး ကောလိပ်များဖြစ်သည့် စမစ်၊ ဗာဆာ၊ ဘရိုင်မော် ဝါး၊ မောင့်ဟိုးလီးအုတ်ခ် ကျောင်းများမှ ကျောင်းသူကလေးများ ဖြစ်ပါ သည်။ နယူးယောက်တွင် ကြိုဆိုသည့် အစီအစဉ်တွေက မဆုံးနိုင်တော့ အောင် များသည်ထက် များလာသောအခါ၊ မာရီတစ်ယောက် မတတ်နိုင် တော့ဘဲ ဗုန်းဗုန်းလဲလုမတတ် ပင်ပန်းလာတော့၏။
လက်ခုပ်ဩဘာသံများကို မာရီ စိတ်ညစ်လာ၏။ မိမိကို တိုး ဝှေ့ကြည့်ရှုနေသည့် ပရိသတ်ကို ကြောက်လာ၏။
မေလ ၂ဝ ရက်နေ့တွင် သမ္မတ ဟာဒင်က မာရီကို သူ့ဓာတ်ခွဲ ခန်းအတွက် ရေဒီယမ်ပေးလှူပွဲ လုပ်သည်။ ဧရာမ အခမ်းအနားကြီး ဖြင့် အိမ်ဖြူတော်တွင် ကျင်းပပေးအပ်ခြင်း ဖြစ်၏။
သည်ပွဲ ကျင်းပအပြီးတွင် ဆရာဗန်များက မာရီ ကျန်းမာရေး ကို စစ်ဆေးကြသည်။ အလွန်အမင်း အားနည်းကာ သွေးပေါင်လည်း မတရားကျနေသဖြင့် အမေရိကန်ခရီးစဉ်ကို နားဖို့ ဝိုင်းပြောကြသည်။ ရာပြည့်စာအုပ်တိုက်
ဒမ်ကျူရီ
၂၁
- အမေရိကန် ခရီးစဉ်အတွင်း ပစ်စ်ဘတ်တွင် သိပ္ပံပညာပြဿနာများ ဆွေးနွေးစဉ်၊
ရာပြည့်စာအုပ်တိုက်
www.burmes&classic.co
| 85.964912 |
Madame Curie
|
Tin Maung Myint
|
10313
| 117 |
________________
burmeseclassic.com
JPP
ထို့ကြောင့် နာမည်ကျော်တက္ကသိုလ်ကြီး တော်တော်များများတွင် စီစဉ်ထားသည့် အခမ်းအနား အစီအစဉ်များကို ဖျက်သိမ်းလိုက်ရသည်။ အမေရိကန် သတင်းစာများက သူတို့တိုင်းပြည်ကို ဝိုင်းဝေဖန် ကြတော့သည်။ အလွန်နုနယ်သည့် နိုဘယ်လ်ဆုရှင် အမျိုးသမီးကို ခံနိုင် ရည် ရှိသည်ထက်ပိုပြီး ခိုင်းစေပါသည်ဟု စွပ်စွဲကြ၏။ “တရားလွန်လွန်း သော ဧည့်ဝတ်ကျေပွန်မှု" ဟု ခေါင်းတပ်သူတပ်၊ အစိုးရကို ဆပ်ကပ် မန်နေဂျာနှင့်နှိုင်းပြီး ရေးသူကရေးနှင့် ပွက်လောရိုက်သွားသည်။
ပြင်သစ်ကို ပြန်ရောက်တော့ မဒမ်ကျူရီ အလွန်အမင်း ပင်ပန်း နွမ်းနယ် နေပြီ။ သို့သော် အရမ်း ကျေနပ်နေ၏။ သန်းပေါင်းများစွာသော အမေရိကန်လူမျိုးတို့၏ အသည်းနှလုံးကို နွေးထွေးအောင် မိမိ.လုပ်နိုင်ခဲ့ သည် မဟုတ်လား။ ထို့ကြောင့် ပင်ကိုအားဖြင့် တည်ငြိမ်သော၊ ရိုးသား အေးဆေးသော မာရီသည် ဣန္ဒြေမဆည်နိုင်လောက်အောင်ပင်- ပျော်ရွှင် နေလေသည်။
အထီးကျန် ဘဝဥခွံကလေးထဲတွင် ပုန်းနေသည့် မေမေ့အဖြစ် မှာ လူ့သဘာဝနှင့် သဟဇာတ မဖြစ်လှကြောင်းကို အမေရိကန်ခရီးက သင်ကြားပေးလိုက်သည်ဟု ကျွန်မ ယုံကြည်လိုက်ပါသည်။
`` သုတေသီတစ်ယောက်အနေဖြင့် ကိုယ့်လုပ်ငန်းပေါ်တွင် ကိုယ် ရာနှုန်းပြည့် အာရုံစိုက်နိုင်အောင် မာရီက ပတ်ဝန်းကျင်နှင့် တဆက် ဖြတ်ထားခြင်း ဖြစ်၏။ သို့ရာတွင် အသက် ငါးဆယ့်ငါးနှစ်အရွယ် ရောက်လာသောအခါ မာရီသည် သာမန်သိပ္ပံသုတေသီတစ်ယောက် ာအုပ်တိုက်
www.bur
eclassic.com.
| 86.183656 |
Madame Curie
|
Tin Maung Myint
|
10313
| 118 |
________________
၂၃၄
www.burmeseclassic C
တင်မောင်မြင့်
မဟုတ်တော့ပေ။ မိမိ၏ နာမည်ကို ကမ္ဘာက သိနေပြီ။ လူတွေနှင့် ဆက် ဆံခြင်းအားဖြင့် မိမိလုပ်ငန်း အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်နိုင် သည်ကို သိလာသည်။
နောက်ပိုင်းတွင် ဘဝပုံစံ ပြောင်းလာသည်။ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ဆွေးနွေးပွဲတွေ တက်သည်။ တက္ကသိုလ်တွေ၊ ဓာတ်ခွဲခန်းတွေက နှီးနှောဖလှယ်ပွဲတွေ ဖိတ်လျှင် သွားသည်။ ပိုလန်၊ အီတလီ၊ ဟော်လန်၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ စပိန် နှင့် ဘရာဇီးလ်နိုင်ငံ တက္ကသိုလ်၊ ကော ၄. လိပ်များသို့ သွားရောက် ဟောပြောပို့ချသည်။
ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီးမှ မဒမ်ကျူရီကို “အပြည်ပြည် ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ” တွင် အဖွဲ့ဝင် အဖြစ် ခန့်ထားလိုက်သည်။ ဤသို့ဖြင့် ကမ္ဘာ့ ဘယ်ထောင့် ဘယ်နေရာမှ မဒမ်ကျူရီကို မသိသူ မရှိအောင် ဖြစ်သွားတော့သည်။
တရုတ်ပြည်မှ ရှေးဟောင်းပြည်နယ်ကြီးတစ်ခု ဖြစ်သည့် “တေယွန်း” မှ ပညာရှိကြီးများက ကွန်ဖြူးရှပ်စ် ကျောင်းတော်တွင် လူသား အားလုံး၏ ကျေးဇူးတော်ရှင်များ ဖြစ်ကြသည့် ဒက်စ်ကားတီးစ်၊ နယူတန်၊ ဗုဒ္ဓရုပ်ပွားတော်များ၊ တရုတ်ပြည် မဟာဧကရာဇ်တို့၏ ပုံတူများနှင့်အတူ မာရီဓာတ်ပုံကို ချိတ်ဆွဲထားသည်။
၁။ Rene Duscarrtes (1596–1650): ပြင်သစ်တွေးခေါ်ရှင်နှင့် သင်္ချာပါရဂူ။
၂။ Sir Issac Neutorn (1642-1727): အင်္ဂလိပ်တွေးခေါ်ရှင်၊ သင်္ချာ
ပါရဂူ။ ကမ္ဘာ့ဒြပ်ဆွဲအားကို အဖြေထုတ်ခဲ့သူ။
ရာပြည့်စာအုပ်တိုက်
- ဝါဆော (အပေါ်) နှင့် ပါရီ(အောက်)ရှိ ရေဒီယမ် နိုင်ငံt.co
ရာပြတိုက်
www.b
| 81.690141 |
Madame Curie
|
Tin Maung Myint
|
10313
| 119 |
________________
၂၉၆
www.burmeseclassic.com
တင်မောင်မြင့်
မာရီက ဝါဆောကို ရေဒီယမ်သုတေသနလုပ်ငန်း၏ ဗဟိုချက်မ ဖြစ်စေ လိုသည်။ ကင်ဆာရောဂါတိုက်ဖျက်ရေး၏ ဘူမိနက်သန် ဖြစ်စေလိုသည်။
ဘရွန်ညာက မာရီလုပ်ငန်းထဲသို့ ခြေစုံပစ်ဝင်လာသည်။ ပိုလန် နိုင်ငံသားတိုင်း “မာရီစကလိုဒေါ့စကာ ကျူရီသိပ္ပံ" ကျောင်းတော်ကြီး အတွက် အုတ်တစ်ချပ်စီ ဝယ်ကြဖို့ စည်းရုံးသည်။
နောက်သုံးနှစ်အကြာတွင် သည်ကျောင်းကြီးအတွက် မာရီ အုတ်မြစ်ချရသည်။ အောင်မြင်မှုပေါင်း များစွာထဲမှ အမှတ်ထင်ထင် အောင်မြင်မှု ဖြစ်လေသည်။ ပိုလန်မှ ကျူရီသိပ္ပံအတွက် အကူအညီပေး ရန် သည်နှစ်မှာပင် ပြင်သစ်အစိုးရက “ကျူရီဖောင်ဒေးရှင်း” တည် ထောင်လိုက်သည်။
ထိုမျှမကသေး။ ပြင်သစ်အစိုးရက မဒမ်ကျူရီကို နှစ်စဉ် ထောက်ပံ့ကြေးငွေ ဖရန့် ၄၀,၀၀၀ ကို နိုင်ငံတော် ချီးမြှင့်ငွေအဖြစ် ခံစား ခွင့်ပြုလိုက်သည်။
၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆော်ဘွန်းတက္က သိုလ် စာသင်ခန်းမကြီးထဲသို့ လူတွေ အလုအယက် တိုးဝင်နေကြ၏။ ပြင်သစ်နိုင်ငံသမိုင်းတွင် ဆေးသိပ္ပံ အကယ်ဒမီကို ပထမဆုံး ဝင်ခွင့်ရ သည့် အမျိုးသမီးဖြစ်သူ မဒမ်ကျူရီကို ကြည့်ဖို့ ရောက်လာကြခြင်း ဖြစ်၏။ အခမ်းအနား စင်မြင့်ပေါ်က နိုင်ငံတော်ပုဂ္ဂိုလ်ကြီးများထဲတွင် ပြင်သစ် သမ္မတလည်း ပါ၏။ ပြီးတော့ ဆံပင်တွေ ဖြူဖွေးနေပြီး လေးနက် တည် ငြိမ်သည့် မျက်နှာနှင့် လူကြီးတစ်ယောက်။ နောက် သူနှင့် မတိမ်းမယိမ်း အဘွားကြီး နှစ်ယောက်လည်း ပါ၏။ သူတို့သုံးဦး၏ မျက်နှာပေါ်တွင် မျက်ရည်တွေ စီးကျနေသည်။ သူတို့မှာ အခမ်းအနား တက်ရောက်ရန်
ရာပြည့်ာအုပ်တိုက်
မဒမ်ကျူရီ
၂၃၇
ပိုလန်မှ ရောက်လာကြသည့် ဂျိုဇက်၊ ဟီလာနှင့် ဘရွန်ညာတို့ ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် မယုံနိုင်စရာ အဖြစ်တစ်ခုနှင့် မာရီ ထပ်ကြုံ ရသည်။ အမေရိကန်စေတနာရှင် အမျိုးသမီးများက ဝါဆောမှ ကျူရီ သိပ္ပံအတွက် ရေဒီယမ်တစ်ဂရမ် ဝယ်ဖို့ ငွေစုပေးကြခြင်း ဖြစ်၏။
ပိုလန်နိုင်ငံကိုယ်စား ကျေးဇူးတင်စကားပြောဖို့ သင်္ဘောဖြင့် နယူးယောက်သို့ မာရီ အောက်တိုဘာလထဲတွင် တစ်ခေါက် ထွက်လာခဲ့ ရပြန်သည်။
သည်တစ်ကြိမ်တွင်မူ သမ္မတဟူဗျား၏ ဧည့်သည်တော်အဖြစ် ဖြင့် အိမ်ဖြူတော်တွင် ရက်ပေါင်းများစွာ တည်းခိုရလေသည်။ “မေမေ့ကို သမ္မတကြီးက ဆင်စွယ်နဲ့ ထုထားတဲ့ ဆင် ရုပ်ကလေး နှစ်ရုပ်ပေးတယ်။ ဆင်ရုပ်ဟာ ရီပတ် ဘလစ်ကန်ပါတီရဲ့ သင်္ကေတ ထင်ပါရဲ့။. အိမ်ဖြူ တော်ထဲမှာ ဆင်ရုပ်တွေ အများကြီးပဲ။”
ဟု ဧဝထံသို့ စာပြန်ရေးသည်။
ထူးထူးခြားခြား တန်ဖိုးရှိလှသည့် ခရီးမှ မာရီပြန်လာတော့ ဘူတာရုံတွင် ဧဝ လာကြိုသည်။ အထုပ်တွေ အပိုးတွေနှင့် သနားစရာ ကောင်းလောက် အောင် အလုပ်ရှုပ်နေသော၊ ပင်ပန်းနေသော မိခင်ကို ဧဝ စောင့်ကြည့်နေ သည်။ မကြာမီက ပြောင်းလာသည့် စိန်လူးဝစ်ကျွန်းပေါ်မှ တိုက်ခန်းကို
ရောက်တော့လည်း ရောက်ရောက်ချင်း ပုံနေသည့် clic.com/
ရာပြည့်စာအုပ်တိုက်
www.burmes
| 87.790953 |
Madame Curie
|
Tin Maung Myint
|
10313
| 120 |
________________
၂၈
www.burmeseclassic.com
တင်မောင်မြင့်
ဖောက်ထုတ်သည်။ ဧဝက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး အထုပ် အပိုးတွေ ဖြေသည်။
ဝတ်နေကျ အဝတ်အစားတွေ၊ ပိုးသားဖဲသားများဖြင့် ချုပ်ထား သည့် ဝတ်ရုံတွေ၊ ခေါင်းဆောင်းတွေ ရောထွေးနေ၏။ နောက်ထပ်ရလာ သည့် ဆုတံဆိပ်တွေ အများကြီး တွေ့ ရသည်။ ရွှေတံဆိပ်တွေ စုထည့်ထား သည့် သားရေဖာကလေး တစ်လုံးလည်း ပါ၏။ ပြီးတော့ မနာလိုစိတ် ကလေး ဝင်တတ်သော်လည်း မာရီ သဘောကျသည့် ဧရာမ ဧည့်ခံပွဲကြီး များ၏ ဟင်းလျာစာရင်းများ။ စက္ကူညှပ် ကလစ်ဘုတ်များလည်း ပါ၏။ သင်္ချာတွက်ရာတွင် ရေးခြစ်ဖို့ အကောင်းဆုံးဖြစ်သည်။
နောက်ဆုံးတွင် အထုပ်များမှ ရေပါးစက္ကူများကို ဧဝ ဆက်ခွာ သည်။ သူတို့ညီအစ်မဖို့ လက်ဆောင်ထုပ်များ ဖြစ်၏။ မာရီက သမီးနှစ် ယောက်၏ ထူးထူးဆန်းဆန်း ပင်တိုစရိုက်အလိုက်၊ ရိုးသားဖြူစင်မှု အလိုက် လက်ဆောင်ကလေးများ ရွေးဝယ်တတ်သည်။ စာရွက်ဖိဖို့ တက်ဆက်စ်ပြည်နယ်ထွက် သစ်တုံးကလေးများ၊ စပိန်ပြည် တိုလီဒိုမှ စက္ကူဖြတ်ဖို့ အာရပ်ပုံစံ ဓားကောက်ကလေးများ။
မာရီ၏ အနက်ရောင် ဘလောက်စ်အင်္ကျီ လည်ပင်းတွင် ဂရင်း ကင်ညွှန်မှ အင်ဒီယန်လူနီရိုင်းများဆွဲသည့် ငွေပြားကလေးများ ဆွဲထား ၏။ နန်းသေးသေးကလေးများဖြင့် လှလှပပ တွန့်လိမ်ထားသည့် ဆွဲကြိုး ကလေးတစ်ကုံး နှင့် ရှေးဟောင်းပုံစံ ကျောက်စီရင်ထိုးကလေးမှာ မေမေပိုင် သည့် နှစ်မျိုးထဲသော ရတနာ ဖြစ်လေသည်။
စိန်လူးဝစ်ကျွန်းမှ တိုက်ခန်းမှာ အကျယ်ကြီးဖြစ်သော်လည်း နေလို့ထိုင်လို့ အထာမကျ ဖြစ်နေကြ၏။ ဒေါက်တာကျူရီ၏ မဟော်ဂနီ ရာပြည့်စာအုပ်တိုက်
အော်ရီ
JPC
ပရိဘောဂများကို အရောင်တဖိတ်ဖိတ် တောက်နေသည့် ဧည့်ခန်း ပါကေးခင်းများပေါ်တွင် ဖြစ်သလို နေရာချထားသည်။
သဘော
ကော်ဇောမခင်း၊ ခန်းဆီးမချိတ်၊ မာရီက သည်အဆောင် အယောင်တွေကို မုန်းသည်။ ပြောင်လက်နေသည့် ကြမ်းပြင်ကို ကျ၏။ အလင်းရောင်ကို အတားအဆီးမရှိဘဲ မှန်ပြတင်းများကို စီးဝင် နေမှ ကြိုက်၏။ စိန်းမြစ်ရှုခင်းနှင့် ဆိပ်ကမ်းများကိုရော၊ စီတီးကျွန်း မြင်ကွင်းကိုပါ မြင်ကွင်းကျယ်ကျယ် ကြည့်မြင်လို၏။ အစိုးရ ထောက်ပံ့ ကြေးနှင့် အမေရိကန် စေတနာရှင်များ၏ ကူညီမှုကြောင့် မဒမ်ကျူရီ ချောင်ချောင်လည်လည် နေနိုင်လေပြီ။ သို့သော် စည်းစိမ်ချမ်းသာကို ပြည့်ပြည့်ဝဝ သူ မခံစားတတ်ပေ။
အိမ်ဖော်လုပ်ရမည့် အလုပ်ကို ဝင်လုပ်ချင် လုပ်နေ၏။ဒရိုင်ဘာ က အသင့်ဖြစ်ပြီး၊ သူ ့ကို ခဏကလေး စောင့်ရလျှင် စိတ်မကောင်း ဖြစ် နေတတ်၏။
ကုန်တိုက်တစ်တိုက်ထဲသို့ ဧဝနှင့်အတူ ဝင်သွားဖြစ်လျှင် ဈေး နှုန်းကို ဘယ်တော့မှ မကြည့်၊ ကြိုက်ရာ ဝယ်စေ၏။ သူကိုယ်တိုင်အတွက် မူ အရိုးဆုံး၊ ဈေးအပေါဆုံး အဝတ်အထည်နှင့် ဦးထုပ်ကလေးများကို သာ ရေဒီယမ်လောင်ထားသည့် လက်ဖြင့် ညွှန်ပြတတ်၏။
နေ့လယ်စာ စားပြီးလျှင် လပ်စင်ဘတ်ပန်းခြံသို့ ဖို့ဒ်ကားကြီးဖြင့် သွားတတ်၏။ ကားပေါ်မှဆင်းပြီး ကစားနေသည့် ကလေးတစ်သိုက်ဆီ ကို လျှောက်သွားတတ်၏။ ကလေးအုပ်ထဲမှ ဆံပင်နီကြန်ကြန်နှင့် ကလေး မလေးတစ်ယောက် သူ့ ဆီ တန်းပြေးလာတတ်သည်။ အိုင်ရင်း၏ သမီး ကလေးဖြစ်၏။ အိုင်ရင်းက ၁၉၂၆ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက် ရူပဗေဒ ရာပြည့်စာအုပ်တိုက်
www.burmeseclassic.com
| 88.36 |
Madame Curie
|
Tin Maung Myint
|
10313
| 121 |
________________
JGD
www.burmeseclassic.com
တင်မောင်နှင့်
ပညာရှင် ဖရက်ဒရစ် ဂျိုးလီယက်နှင့် လက်ထပ်လိုက်သည်။ သမီးကလေး ကို “ဟယ်လင်” ဟု နာမည်မှည့်ထား၏။
မဒမ်ကျူရီသည် သည်းသည်းလှုပ်ချစ်ပြသည့် ဘွားအေ တစ် ယောက်မဟုတ်ပေ။ သို့သော် အလုပ်တွေ ခဏဘေးချိတ်ပြီး မြေးကလေး ဆီကိုတော့ မိနစ်အနည်းငယ်ဖြစ်ဖြစ် အရောက်သွားလေ့ရှိသည်။ ဟယ်လင်ကလေးက မကျေမနပ် မေးတတ်၏။
မေရဲ့'
“မေ . . ဘယ်သွားမလို့လဲ၊ သမီးအနားမှာ ဘာလို့ မနေတာလဲ
“အား . . . ပင်ပန်းလိုက်တာကွယ်
ဓာတ်ခွဲခန်းက ပြန်ရောက်လျှင် ညတိုင်းလိုလို မေမေ ညည်းတတ်သည်။ အေးဆေးတည်ငြိမ်သည့် မျက်နှာသည် ဖြူရော်ကာ ပင်ပန်း နွမ်းနယ်နေ
၏။
“မေက လွန်တာကိုး၊ အသက်ခြောက်ဆယ် ပြည့်နေပြီ။ တစ်နေ့ ၁၂ နာရီ လုပ်ဖို့ လိုလို့လား” ဟု ဧဝ ပြောလည်း မာရီက မလျှော့။ မာရီကို အလုပ်လျှော့လုပ်ဖို့ မည်သူမျှ နားမချနိုင်ပါ။
သူ စိတ်ရောကိုယ်ပါ မြှုပ်နှံထားသည့် ဓာတ်ခွဲခန်းအကြောင်းကို နေ့စဉ် ညစာစားပြီးတိုင်း မာရီ မပြောဘဲ မနေနိုင်။ သို့သော် ရံခါတွင် ပြောနေရင်း ချက်ချင်း စကားလမ်းကြောင်း ပြောင်းပစ်တတ်သည်။
“ကဲ ... ... သမီးရယ်၊ မေမေ့ကို ပြောပြပါဦး။ ကမ္ဘာ့သတင်းတွေ ရာပြည့်ာအုပ်တိုက်
ကျူရီ
လေ၊ ကမ္ဘာကြီး ဘာဖြစ်နေလဲဟင်'
၂၄၁
မဒမ်ကျူရီကို ဘယ်သူကဖြစ်ဖြစ်၊ ဘာအကြောင်းဖြစ်ဖြစ် ပြော လို့ရသည်။ လျှို့ဝှက်စရာကိစ္စ ဆိုလျှင်လည်း ဘယ်သူ့ဆီမှ မပေါက်ကြား စေရ၊ သမီးတွေအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်မည့်ကိစ္စ၊ အန္တရာယ် ဖြစ်မည့် ကိစ္စမျိုးဆိုလျှင် မည်သို့ အမြန်ဆုံး တားဆီးရမည်ကိုလည်း သူ ကောင်းကောင်းသိသည်။
မာရီသည် သမီးနှစ်ယောက်၏ ပညာရေးနှင့် ပတ်သက်၍ ကား ဆရာကောင်းတစ်ယောက် မဖြစ်ခဲ့ပေ။ သို့ရာတွင် သမီးတို့က မအေ့ဆီမှ ပညာတစ်ခုကိုတော့ သေသေချာချာ ရလိုက်သည်။ ဤသည်မှာ စည်းစိမ် ချမ်းသာနှင့် ဇိမ်ခံလူတန်းစားများကို အားမကျခြင်း ဖြစ်၏။ ပညာနှင့် လူသားဆန်မှုကိုသာ-မအေလိုပင် တန်ဖိုးထား ကိုးကွယ်ကြသည်။ သေး ငယ်သိမ်ဖျင်းသည့် ကိစ္စရပ်များကို ဘယ်တော့မျှ သူတို့ အလေးမထား။ မဒမ်ကျူရီက အတ္တမကြီးဖို့ အမြဲတမ်း သွန်သင်သည်။ သူ့ကိုယ် သူ နမူနာယူလောက်သည့် ပုဂ္ဂိုလ်တစ်ယောက်လို့ ဘယ်သူ့ကိုမျှ မပြော
u
တစ်ခါတလေ ဧဝကို ပြောတတ်သည်။
'မေမေက ဘဝတစ်ခုလုံး သိပ္ပံပညာထဲမှာ နှစ်ထားတာ။ အဲဒါ က သုတေသနလုပ်ငန်းကို ချစ်လွန်းလို့ပဲ။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေ အဲဒီလို မလုပ်စေချင်ပါဘူး။ သာမန်မိသားစု ဘဝလမ်း ကို လျှောက်ရင်း သူတို့စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်တာ ကောင်းပါတယ်' ညစာစားအပြီး ဇီဝက အပြင်ထွက်စရာရှိလျှင် အခန်းထဲကို မာရီလိုက်လာပြီး ဆိုဖာပေါ်တွင်လှဲရင်း ဧဝ
ရာပြဿာအုပ်တိုက်
| 86.742424 |
Madame Curie
|
Tin Maung Myint
|
10313
| 122 |
________________
၂၄၂
သည်ကို ကြည့်နေတတ်၏။
www.burmeseclassic.com
တင်မောင်မြင့်
ဒင်ကျူရီ
မိန်းကလေးများ၏ ဝတ်စားဆင်ယင်မှုနှင့် စပ်လျဉ်းပြီး မာရီ ဝေဖန်ချက် မပေးသည်မှာ ကြာပြီ။ မိတ်ကပ်ဘူးများကိုတော့ မာရီ စိတ် ပျက်သည်။ မိခင်လုပ်သူကို အချိန်အများကြီးယူပြီး မိတ်ကပ်အကြောင်း ရှင်းပြရသည်။
လှည့်ပြပါဦး'
မေမေ သေသေချာချာ ကြည့်လို့ရအောင် ဟိုဘက်
မာရီက ဧဝကို သေသေချာချာ ကြည့်သည်။ သိပ္ပံသုတေသီ တစ်ဦး၏ မျက်လုံးများဖြင့် စစ်ဆေးသည်။ ပြီးမှ မနှစ်မြို့သံဖြင့် ဝေဖန် ချက်ပေးသည်။
မေမေ
“အင်း . . မျက်နှာကို ဆေးဆိုးပန်းရိုက် လုပ်တာကိုတော့ ဘာမှ မပြောလိုတော့ပါဘူး၊ ဒါက ဟိုရှေးရှေးတုန်းကတည်းက ရှိခဲ့ဖူး တာပဲ။ ရှေးဟောင်းအီဂျစ်ခေတ်က မိန်းမတွေဆိုရင် ဒီ့ထက်ဆိုးတဲ့ ပစ္စည်း တွေ တီထွင်ခဲ့ကြတယ်တဲ့။ မေမေကတော့ ဘာပြောပြော စိတ်ပျတ်စရာ လို့ပဲ ထင်တယ်'
'အို . . မေကလဲ၊ မိတ်ကပ်လိမ်းရင် ပိုလှပါတယ် မေရဲ့” 'ပိုလှတယ် ဟုတ်လား၊ ဒီမယ်သမီး၊ မနက်ဖြန် မနက်စောစော သမီးမျက်နှာပေါ်ကဟာတွေ မပျက်ခင် မေမေ လာနမ်းပြီး နှိုးမယ်နော်၊ အသက်အောင့်ပြီး နမ်းရမှာ။ ကဲ • သွားတော့၊ နောက်ကျနေမယ်၊ ဂွတ်နိုက်။ ဪ . . ဒါထက် သမီးမှာ ဘာဖတ်စရာရှိလဲ၊ မေမေ့ကို ပေး ခဲ့စမ်းပါ'
..
မေမေက ကစ်ပလင်းကို ကြိုက်သည်။ အထူးသဖြင့် Kim နှင့် ရာပြည့်စာချုပ်ကိုက်
၂၄၃
- Jungle Book ကို သဘောကျသည်။ စာအုပ်ရှာပေးခဲ့ပြီး ဧဝ ထွက်သွား
၏။
စာအုပ်ကို ယူသွားပြီး ပက်လက်ကုလားထိုင်တွင် ခြေဆန့် လက်ဆန့်ထိုင်ရင်း တစ်မျက်နှာ၊ နှစ်မျက်နှာ ဖတ်သည်။ ပြီး ရုတ်တရက် ထကာ မှတ်စုစာအုပ်နှင့် ခဲတံကောက်ကိုင်၍ သိပ္ပံလက်စွဲစာအုပ်များ နှင့် မနက် ၂ နာရီ၊ ၃ နာရီအထိ အလုပ်လုပ်တော့၏။
€0
ပြန်လာလျှင် မေမေ့အလုပ်ခန်းထဲတွင် မီးလင်းနေမြဲ။ တံခါးကို အသာတွန်းဖွင့်ကြည့်လျှင် ကြမ်းပြင်ပေါ်တွင် ပယ်ပယ်နယ်နယ် ထိုင်ကာ ပတ်ပတ်လည်တွင် စာရွက်စာတမ်းပေါင်းများစွာနှင့် အလုပ်ရှုပ် နေ၊ စလိုက်ရူးလ်တွေ၊ သက်သေပြချက်တွေနှင့် ဗျာများနေသည်ကို တွေ့ ရစမြဲ။
ဧဝ ပြန်လာသည်ကို သတိထားမိသော်လည်း တွက်လက်စ ရှိနေလျှင် ခေါင်းမော်မကြည့်။ ပါးစပ်က တတွတ်တွက်နှင့်၊ ပေါင်ပေါ် က မှတ်စုစာအုပ်ထဲကို အသော့ရေးထည့် နေတတ်၏။ ဆော်ဘွန်းတက္ကသိုလ် ပါမောက္ခ မဒမ်ကျူရီသည် အလီဆိုရာတွင် လွန်ခဲ့သည့် နှစ်ပေါင်းခြောက် ဆယ်က ဆရာမ ဆီကော့စကာ၏ မူလတန်းကျောင်းတုန်းကအတိုင်း ပိုလန်ဘာသာဖြင့်ပင် ဆိုလေ့ရှိသည်။
ဘဝနေဝင်ချိန် အပိုင်းတွင် မဒမ်ကျူရီသည် နာမည်ကျော် ရူပဗေဒ ပါမောက္ခတာဝန်အပြင် ဧရာမ ဓာတ်ခွဲခန်းကြီး၏ ညွှန်ကြားရေးမှူး ရာပြအုပ်တိုက်
www.bumeseclassic.com
| 85.378715 |
Madame Curie
|
Tin Maung Myint
|
10313
| 123 |
________________
J99
www.burmeseclassic.com
တင်မောင်မြင့်
တာဝန်ကိုပါ ပူးတွဲထမ်းဆောင် နေရသည်။ ရေဒီယမ် စက်မှုတက္ကသိုလ် သို့ ဝင်ခွင့်ရရှိဖို့ ကျောင်းသားများကို ́ အရည်အချင်းစစ် စာမေးပွဲဖြင့် စစ်ဆေး ရွေးချယ် ပေးရသူမှာလည်း မာရီကျူရီပင် ဖြစ်သည်။
သူတို့လုပ်ရမည့် အလုပ်၊ သင်ရမည့် သင်ရိုးညွှန်းတမ်းကိုလည်း မာရီပင် သတ်မှတ် အတည်ပြုပေးရ၏။ စမ်းသပ်ရှာဖွေမှုများ မအောင် မြင်လျှင် ကျောင်းသားများ စိတ်ပျက်လက်ပျက်နှင့် သူ့ဆီ ရောက်လာ တတ်သည်။ ထိုအခါတွင် မှားယွင်းနေသည့် သူတို့လုပ်ငန်းစဉ်များကို မာရီက စစ်ဆေးတည့်မတ်ပေးသည်။
မဒမ်ကျူရိက သူ့ဓာတ်ခွဲခန်းကို တစ်နှစ်ထက်တစ်နှစ် တိုးတက် လာအောင် လုပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ခွင့်ပြုငွေတွေ ထပ်တောင်းသည်။ ပညာသင်ဆုတွေ ထပ်လျှောက်သည်။
မာရီကဲ့သို့ ပြတ်သားသည့် ခေါင်းဆောင်မူအောက်မှ ရေဒီယမ် ဓာတ်ခွဲခန်းထဲရှိ သုတေသီများ၊ အလုပ်သမားများ၊ ကျောင်းသူ ကျောင်း သားများ အားလုံး အရည်အသွေး တက်လာ၏။ တိုးတက်အောင်မြင်လာ ၏။ နည်းပညာသစ်တွေ တီထွင်နိုင်လာ၏။
၁၉၁၉ ခုနှစ်မှ ၁၉၃၄ ခုနှစ်အတွင်း ရူပဗေဒနှင့် ဓာတုဗေဒ စာတမ်းပေါင်း ၄၈၃.စောင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ယင်းတို့အနက်မှ ၃၁ စောင်မှာ မဒမ်ကျူရီ တစ်ဦးတည်း၏ ကိုယ်ပိုင်စာတမ်းများ ဖြစ်သည်။ အထီးကျန်ဘဝပိုင်ရှင် မဒမ်ကျူရီသည် လုပ်ဖော်ကိုင်ဖက်များ ကို စည်းရုံးရာတွင်လည်း ပါရမီရှိသူ ဖြစ်လေသည်။ သူတို့အလုပ်ကိုလည်း တန်ဖိုးထား လေးစားသူ ဖြစ်သည်။ အားလုံးကို တရင်းတနှီး ဆက်ဆံ သည်။
ရာပြည့်စာအုပ်တိုက်
- အိုင်ရင်းကျူရီ၊ မာရီကျူရီနှင့် ပါရီ ရေဒီယမ်တက္ကသိုလ် ဓာတ်ခွဲခန်း လုပ်ဖော်ကိုင်ဖက်များ။
ရာပြည့်စာအုပ်ကို
www.
lastic.com.
| 86.555233 |
Madame Curie
|
Tin Maung Myint
|
10313
| 124 |
________________
www.burmeseclassic.com
မဒမ်ကျူရီ
J72
- မဒမ်ကျူရီနှင့် အိုင်ရင်းကျူရီ (၁၉၂၅)။ ရာပြစာအုပ်တိုက်
လုပ်ဖော်ကိုင်ဖက် တပည့်တပန်းများအား ယခုတိုင် “မဒမ်မွာ ဇယ်လ်” သို့မဟုတ် မွန်စီယာဟူ၍ တလေးတစား ခေါ်ဝေါ်သုံးနှုန်းသည်။
ဆွေးနွေးရ၊ ဟောပြောရ၊ သင်ကြားရလွန်းလို့ ပင်ပန်းလာလျှင် အပြင်ထွက်ပြီး ပန်းခြံထဲက ခုံတန်းလျားပေါ်တွင် အကြာကြီး ထိုင်နေ တတ်သည်။ ထိုအခါ ‘မဒမ်၊ အအေးမိမယ်လေ' ဟူသည့် တောင်းပန် တိုးလျှိုးသံများ ပေါ်လာတတ်၏။ နေ့လယ်စာ စားချိန်အထိ ခေါ်မရလျှင် မရွံ့မရဲ လက်များဖြင့် ပေါင်မုန့်နှင့် သစ်သီးများကို နံဘေးတွင် အသာ ကလေး သွားပြီး ချထားကြရ၏။
ဓာတ်ခွဲခန်းဝန်ထမ်းများ အားလုံးက မာရို့ကို အခြားသူများကဲ့ သို့ပင် ချစ်ခင်လေးစားကြ၏။ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုဖြင့် အလုပ်ပေါင်းစုံကို ကျရာတာဝန်မရွေး ခိုင်းသမျှ လုပ်ကြ၏။ တစ်နေ့တွင် မာရီက ဒရိုင်ဘာ တစ်ယောက် ခန့်သည်။ အလုပ်ကြမ်းလည်း လုပ်ရ၏။ မက္ကင်းနစ်လည်း လုပ်ရ၏။ တားလည်း မောင်းရ၏။ သစ်ပင်လည်း ရေလောင်းရ၏။ မလုပ် နိုင်သဖြင့် ထိုဒရိုင်ဘာ ထိုင်ငိုသော ဟူ၏။
မာရီက အလုပ်သမားအားလုံးကို ခင်သည်။ သို့သော် သူ့ခင်မင် မှုကိုတော့ ပေါ်ပေါ်ထင်ထင် မမြင်ကြရ။ သူတို့အထဲမှ တစ်ယောက် ယောက် ဒီပလိုမာ ရသွားလျှင်၊ ဒါမှမဟုတ် ဆုတစ်မျိုးမျိုးရလျှင် “ဓာတ်ခွဲ ခန်း လက်ဖက်ရည်ပွဲ” ဖြင့် ဂုဏ်ပြုတတ်သည်။
ဖန်နှုတ်သီးခြင်ခွက်များဖြင့် လက်ဖက်ရည်ထည့်ပြီး ဖန်မွှေတံ များကို ဇွန်းအဖြစ် အသုံးချကြသည်။ အလွန်ပျော်စရာကောင်းပြီး အမှတ် ထင်ထင်ရှိသည့် အစီအစဉ် ဖြစ်သည်။
မာရီ မမေ့နိုင်အောင် စိတ်လှုပ်ရှားစရာကောင်းသည်
ာပြည့်စာအုပ်တိုက်
www.burmeseclassic.com/
| 85.283297 |
Madame Curie
|
Tin Maung Myint
|
10313
| 125 |
________________
၂၄
www.burmeseclassic.com
တင်မောင်မြင့်
ခန်း လက်ဖက်ရည်ပွဲများ ရှိသည်။ ပါရဂူဘွဲ့ယူစာတမ်းကို အိုင်ရင်းနှင့် သမက်လုပ်သူ တင်သည့် အထိမ်းအမှတ်ပွဲများ ဖြစ်၏။
၁၉၃၄ ခုနှစ်တွင် သူတို့ဇနီးမောင်နှံ နှစ်ယောက်စလုံး ထူးခြား ပြောင်မြောက်သည့် အောင်မြင်မှုများ ရခဲ့ကြသည်။ အဏုမြူဒြပ်စင် ပြောင်းလဲမှုကို သက်သေထုတ်နိုင်ပြီး၊ အိုင်ရင်းနှင့် ဖရက်ဒရစ် ဂျိုးလီယော့ တို့သည် အ သဘာဝနည်းဖြင့် ရေဒီယိုသတ္တိကြွခြင်း သဘောကို ရှာဖွေ တွေ့ရှိခဲ့ကြ၏။
အရာဝတ္ထုတစ်ခုအား ရေဒီယိုဒြပ်စင်ရောင်ခြည်ထဲသို့ ပစ်လွှတ် လိုက်လျှင်၊ ယင်းရေဒီယိုဒြပ်စင်ရောင်ခြည်ကြောင့် ထိုအရာဝတ္ထုသည် သဘာဝတွင် မရှိသေးသော ရေဒီယိုသတ္တိကြွ ပစ္စည်းသစ်တစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားခြင်းကို သက်သေပြနိုင်ခဲ့ခြင်း ဖြစ်၏။
ရွှန်းလက်တောက်ပကာ သီးပွင့်ဝေဆာသည့် ထိုနှစ်များတွင်ပင် ပြောမယုံ ကြုံဖူးမှသိမည့် ဒုက္ခအပေါင်းနှင့်လည်း ကြုံကြရ၏၊ အတွင်းတိမ် နှစ်လုံး သည် မာရီမျက်လုံးကို ဒုက္ခပေးစ ပြုလာသည်။ သည်အကြောင်းကို မာရီ’ က သမီးနှစ်ယောက်အား သာမန် အသေးအဖွဲ ကိစ္စတစ်ခုလို ပြောပြ သည်။ ခွဲဖို့စိတ်ဖို့ အားလုံး ဝိုင်းပြောကြသည်။ သို့သော် နှစ်နှစ်၊ သုံးနှစ် ကြာသွားသည်။ မခွဲဖြစ်။
“ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့နော်' ဟု အိမ်သားတွေကို ပိတ်ထား၏။ စာနယ်ဇင်းသမားတွေ သိသွားမှာကို မာရီ အလွန်အမင်း စိုးရိမ်သည်။
ရာပြည့်စာအုပ်တိုက်
Je
မာရီ၏ ဆရာဝန်ကြီးများက မာရို့ကို မလွှမ်းမိုးနိုင်ကြ။ အသက် အရွယ် ကြီးရင့်လာသော်လည်း အလွန်ခေါင်းမာသော အမျိုးသမီးကြီး ဖြစ်၏။ မျက်စိ ဆရာဝန်ကြီးများထံတွင် မျက်မှန်အမျိုးမျိုး လဲတက်ဖို့ ဧဝက စီစဉ်ရ၏။
လမ်းဖြတ်ကူးလျှင် သမီးတစ်ယောက်က လက်မောင်းကိုတွဲပြီး ကူးရ၏။ ထမင်းစား စားပွဲတွင် ဆားပုလင်းကို ဟိုစမ်းစမ်း၊ သည်စမ်းစမ်း ရှာနေလျှင် တစ်ယောက်ယောက်က လက်ထဲ ထည့်ပေးရ၏။
ဓာတ်ခွဲခန်းထဲတွင် အလုပ်မပျက် ဆက်လုပ်သည်။. ဧရာမ မျက်မှန်ထူကြီးများ တပ်ဆင်လျက် မှတ်စုတွေ ရေးသည်။ စာသင်ခန်း ထဲတွင် ပို့ချချက်ပေးလျှင် ကျောက်သင်ပုန်းတွင် ဧရာမ စာလုံးကြီးများ ရေးပြီး သင်သည်။
တပည့်တစ်ယောက်က သူရိုက်ထားသည့် သုတေသန ဓာတ်ပုံ တစ်ပုံ တင်ပြလျှင် မေးခွန်းပေါင်းများစွာ မေးပြီး ဓာတ်ပုံကို စိတ်ထဲမှာ ပုံဖော်သည်။ ပြီးမှ ဓာတ်ပုံပေါ်က အချက်အလက်များအကြောင်း ဆွေး နွေးသည်။
ဓာတ်ခွဲခန်းတွင် အားလုံးက မဒမ်ကျူရီနှင့် အတူလိုက်ပြီး မသိ ဟန်ဆောင် နေကြရ၏။ နောက်ဆုံးတွင် ၁၉၂၃ ခု၊ ၁၉၂၄ ခုနှစ်မှစပြီး ၁၉၃ဝ ခုနှစ်အထိ မဒမ်ကျူရီသည် မျက်စိကို လေးကြိမ် အခွဲခံရသည်။ ပတ်တီးဖြေပြီးသည်နှင့် ပုံမှန်မရောက်သေးသည့် မျက်စိကို တန်းပြီး အသုံးချသည်။ ဘယ်လိုမျှ ကြည်ကြည်လင်လင် မမြင်နိုင်သေး။ မျက်မှန် အကြိမ်ကြိမ်လဲပြီး လေ့ကျင့်သည့်အခါတွင် တဖြည်း
ဖြည်း တိုးတက်မှု ရလာသည်။ နောက်ပိုင်းတွင် မူလ မျက်စိနီးပါး ပြsic.com
ရာပြားအုပ်ထိုက်
www.bumese
| 88.349097 |
Madame Curie
|
Tin Maung Myint
|
10313
| 126 |
________________
၂၅ဝ
www.burmeseclassic.com
တင်မောင်မြင့်
ကောင်းလာသည်။ တစ်ယောက်တည်း အပြင်ထွက်နိုင်လာ၏။ ကားပြန် မောင်းနိုင်လာ၏။ သေးသေးမွှားမွှား ဓာတ်ခွဲခန်းပစ္စည်းများကို ပြန်လည် ကိုင်တွယ်နိုင်လာ၏။ အံ့ဩကုန်နိုင်ဖွယ်တွေ များစွာသော မာရီကျူရီ ဘဝတွင် နောက်ဆုံး အံ့ဩဖွယ်တစ်ပါး ဖြစ်လေသည်။
၁၉၂၇ ခုနှစ်က ဘရွန်ညာ့ဆီ ရေးသောစာထဲတွင် သူ့ အောင် မြင်မှု လျှို့ဝှက်ချက်များကို မာရီက ထည့်ရေးသည်။ “တစ်ခါတလေမှာ မာရီ သတ္တိတွေ ကျဆုံးကုန် ပြီလားဆိုပြီး အလုပ်ဆက်မလုပ်ဖို့ စဉ်းစားတယ်။ တောပိုင်းမှာသွားပြီး ပန်းပင်ကလေးတွေပဲ စိုက်နေ တော့မယ်ပေါ့။ ဒါပေမဲ့ မာရီ အဲဒီဘဝမျိုးမှာ မိနေ နိုင်ပါဘူး။ သိပ္ပံစာအုပ်တွေ ရေးနေရုံနဲ့တောင်မှ အား မရတာ။ ဓာတ်ခွဲခန်း မရှိဘဲ နေနိုင်မှာ မဟုတ်ဘူး” ဓာတ်ခွဲခန်း မရှိဘဲ နေနိုင်မှာ မဟုတ်ဘူး တဲ့။
ဒါကိုနားလည်ဖို့ မဒမ်ကျူရီကို ကျွန်မတို့ ဓာတ်ခွဲခန်းထဲမှာ ကြည့်ဖို့ လိုပါလိမ့်မည်၊ ထူးထူးခြားခြား ဓာတ်ခွဲစမ်းသပ်မှုမျိုး မဟုတ်ဘဲ သာမန် လုပ်ရိုးလုပ်စဉ် ကိစ္စကလေးများကို လုပ်နေစဉ်မှာပင်၊ သူ့မျက်နှာ မှာ လုပ်ငန်းခွင်တွင် နစ်မျောကာ ပျော်ရွှင်မှုဖြင့် ကျက်သရေရှိနေတတ် သည်။
ဓာတ်ခွဲခန်းသုံး ဖန်ပြွန်များ၊ နှုတ်သီးခွက်များ လုပ်ရန် သူကိုယ် တိုင် ဖန်ရည်မှုတ်သည့်အခါ အလွန်အနုပညာမြောက်သည့် ပုံစံများ ဖြစ် လာသည်။ အခြင်အတွယ် အမှတ်အသားများ ကွက်တိဖြစ်နေလျှင် မာရီ ပျော်လို့ မဆုံးတော့။
ရာပြည့်ာအုပ်တိုက်
www.burmeseclassici.com
| 85.83196 |
Madame Curie
|
Tin Maung Myint
|
10313
| 127 |
________________
www.burmeseclassic.com
ကျူရီ
၃
ထူးထူးဆန်းဆန်း အဆင့်မြင့် စမ်းသပ်မှုတွေ လုပ်နေရာမှ အဖြေမထွက်လျှင် စိတ်ဓာတ်တွေ အကျကြီးကျကာ အဖြစ်ဆိုးတစ်ခုနှင့် ကြုံရသူပမာ မှိုင်တွေ ကျသွားတတ်၏။ ခါးကို ရှေ့ကိုင်းကာ ကုလားထိုင် ပေါ်တွင် လက်ပိုက်ပြီး အငူသား ထိုင်နေတတ်၏။ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေသော်လည်း ဘာကိုမျှ မြင်ပုံမရ။ သည်လိုအခါမျိုးတွင် တစ် ကိုယ်တည်း နေရသည့် ကျေးတောသူမကြီးနှင့် တူနေတတ်၏။
သို့သော် တစ်ခုခု စမ်းသပ်အောင်မြင်သည့် အခါတွင်မူ ဆောက်တည်ရာမရ မြူးကြွ ပျော်ရွှင်နေတတ်၏။ ပန်းခြံထဲတွင် လူးလာ ခေါက်ပြန် လျှောက်သွားနေတတ်၏။ နွယ်နှင်းဆီပွင့်ကလေးတွေ၊ သံပရာပင်တလေးတွေနှင့် နေရောင်ခြည်ကိုပါ သူ ဘယ်လောက် ပျော် နေကြောင်း ပြောပြချင်နေသည့် အလား။
နိုဘယ်လ်ဆု နှစ်ဆုရ၊ ရေဒီယမ်တက္ကသိုလ် ညွှန်ကြားရေးမှူး မဒမ်ကျူရီ၊ ရာပြည့်စာအုပ်တိုက်
ဘဝ၏ နောက်ဆုံးရက်ပိုင်းများတွင် မာရီသည် အလုပ်ကို စူးစူးစိုက်စိုက် အချိန်လုပြီး လုပ်သည်။ ပြီးတော့ သူ့ထုံးစံအတိုင်း တစ်ဇွတ်ထိုး လုပ်သည်။ မာရီက တပည့်တွေ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးကို အမြဲ သတိပေးသည်။ ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ရှိသည့် ပစ္စည်းမှန်သမျှ ကို ကိုင်တွယ်ရာတွင် ညှပ်ဖြင့်ကိုင်ဖို့၊ ခဲပါသည့် ညှပ်တွေကို အန္တရာယ်ရှိ သည့် ရောင်ခြည်ဖြာထွက်ရာ နေရာများတွင် မထားဖို့၊ ဥပဒေတစ်ရပ် အဖြစ် လိုက်နာဖို့-ပြဋ္ဌာန်းထား၏။
သို့သော် အားလုံး လိုက်နာရန် အချက်တစ်ချက်ဖြစ်သည့် Com
ရာပြည့်စာအုပ်တိုက်
eclas
| 87.235772 |
Madame Curie
|
Tin Maung Myint
|
10313
| 128 |
________________
www.burmeseclassic.com
၂၅၄
မှန်မှန်စစ်ဖို့ကိုမူ မာရီ သိပ်အရေးမထားခဲ့ပေ။
တင်မောင်နှင့်
နောက်ဆုံး သွေးစစ်ကြည့်တော့ မာရီသွေးမှာ ပုံမှန်မဟုတ် တော့ကြောင်း တွေ့ကြရသည်။ ပြေးကြည့်စရာ မလိုပါ။ ၃၅ နှစ်လုံးလုံး ရေဒီယမ်ကို ကိုင်တွယ်လာခဲ့သည် မဟုတ်လား။ ရေဒီယမ်ဓာတ်ခွဲခန်းထဲ တွင် အသက်ရှူလာခဲ့သည် မဟုတ်လား။
စစ်ကာလအတွင်း လေးနှစ်လုံးလုံး ပို၍ အန္တရာယ်ကြီးသည့် ဓာတ်မှန်ပစ္စည်းများ၊ ဓာတ်ရောင်ခြည်များနှင့် နပန်းလုံးခဲ့သည် မဟုတ် လား။ သွေးထဲတွင် အပျက်အစီး ရှိလာသောကြောင့် လက်များတွင် မီး လောင်ဖု ထွက်ခြင်း၊ နေမထိ ထိုင်မသာ ဖြစ်ခြင်းတို့မှာ မာရီ၏ စွန့်စား ခန်းပေါင်း များစွာမှ အပရိက တုံ့ပြန် ဒဏ်ခတ်မှုမျှသာ ဖြစ်လေသည်။
၁၉၃၄ ခုနှစ်တွင် အနည်းငယ် စ ဖျားသည်။ အဖျားက အပြင်း စား မဟုတ်။ သို့သော် ပျောက်မသွားဘဲ ဆက်တိုက်ဖျားနေ၏။
ချုံခိုတိုက်ခိုက်လာသော ရန်သူသည် မာရို့ကိုယ်ထဲတွင် လျင် မြန်စွာ ကြီးထွားအောင်မြင်လျက် ရှိသည်။ အဖျားရှိန် တဖြည်းဖြည်း မြင့်လာ၏။ တစ်ပြိုင်တည်းတွင် ခိုက်ခိုက်ကုန်အောင် ချမ်းလာ၏။ ဆရာဝန်နှင့်ပြဖို့ ဧဝက မအေကို မနည်းပြောယူရသည်။ သွေးမရှိတော့သော မာရို့မျက်နှာကို ကြည့်ပြီး ဆရာဝန်က ‘မဒမ် လုံးဝ နားမှဖြစ်မယ်၊ အိပ်ရာထဲမှာ ကောင်းကောင်းအနားယူပါ' ဟု အမိန့်ပေးသည်။
မဒမ်ကျူရီအတွက် သည်စကားလုံးများက ကြားရလွန်းလို့ ရိုး နေပြီ။ ထို့ကြောင့် ဆရာဝန်စကားကို သိပ်အရေးမထား။ ကျောင်းကို နေ့တိုင်းနီးပါး သွားသည်။
ရာအတိုက်
မဒမ်ကျူရီ
199
- မကွယ်လွန်မီ ၃ နှစ်က မဒမ်ကျူရီ (၁၉၃၁)၊ ရာပြည့်ဖာအုပ်တိုက်
www.burmeseclassic.com
| 85.019011 |
Madame Curie
|
Tin Maung Myint
|
10313
| 129 |
________________
ww burmeseclassic.com
MADAM CURIE NE SOPHIE CLAIRE DEPOULLY
1832 1807
PIEMME CURIE 1830-1906
EUGENE CURIE 1827 1010
CURIE SALODOWSKA *7 - 195,
BURMESE CLASSIC
ဒင်ကျူရီ
မေလ တနင်္ဂနွေတစ်ရက်တွင် ညနေ သုံးနာရီခွဲအထိ ရူပဗေဒ ဓာတ်ခွဲခန်းထဲမှ မထွက်ဘဲ အလုပ်လုပ်နေ၏။ ဘဝအဖော်မွန်များဖြစ် သော ဓာတ်ခွဲခန်း ပစ္စည်းမျိုးစုံကို နှေးကွေးလေးလံစွာ ကိုင်လိုက် ချလိုက်
နှင့်။
“ဆရာမ သိပ်နေမကောင်းဘူး၊ အိမ်ပြန်လိုက်ဦးမယ်' ဟု တပည့်များအား နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ ချက်ချင်း မပြန်သေးဘဲ ပန်းခြံထဲ လျှောက်ကြည့်သေးသည်။ ရေမဝသည့် နွယ်နှင်းဆီရုံနား ရောက်တော့ မက္ကင်းနစ်ကို လှမ်းခေါ်ပြောသည်။
“ဂျော့ . . ဒီနှင်းဆီပင်တွေကို.ချက်ချင်း ရေလောင်းစမ်း' ကားနားရောက်တော့ တစ်ချက်ပြန်လှည့်ပြီး ပြောသေးသည်။ “မမေ့နဲ့နော် ဂျော့၊ နှင်းဆီရုံတွေ ..”
စိတ်မချနိုင်သည့် မျက်လုံးများဖြင့် ပန်းပင်များကို လှမ်းကြည့် လိုက်၏။ သည်အကြည့်သည် ဓာတ်ခွဲခန်းကို နောက်ဆုံး နှုတ်ဆက်သွား သော အကြည့်ဖြစ်လေသည်။
သည်တစ်ကြိမ်တွင်မှ အိပ်ရာထဲက မထနိုင်ဘဲ ဗုန်းဗုန်းလဲခြင်း ဖြစ်လေ သည်။ မာရီရောဂါကို အဆုတ်လေပြွန် ရောင်ရမ်းခြင်းနှင့် တုပ်ကွေး တစ်ပြိုင်တည်း ဝင်နေခြင်းဟု ဆရာဝန်များက ဆိုကြသည်။
te.com)
အဆုတ်နှစ်ဖက်စလုံး ရောင်နေကြောင်းကိုလည်း စစ်ဆေးတွေ့ ရှိသဖြင့် ဆရာဝန်ကြီးတွေ အမျိုးမျိုး ထင်ကြေးပေးနေကြ၏။ ရာသီဥတု တောက်ပကြည်လင်နေသည့် နေ့များဖြစ်သည်။ ရားပြည့်အုပ်တိုက်
ကျူရီမိသားစု သင်္ချိုင်းဂူ။
ရာပြည့်စာအုပ်တိုက်
| 76.512176 |
Madame Curie
|
Tin Maung Myint
|
10313
| 130 |
________________
၂ရရ
www.burmeseclassic.com
တင်မောင်မြင့်
ဧဝက မေမေ့အနားတွင် တစ်နေကုန် နေသည်။ မေမေ၏ ဖြူစင်သော၊ ကြင်နာတတ်သော၊ ပွင့်လင်းသော၊ အတိုင်းအဆမရှိ ကြည်လင်သော နှလုံးသားသည် ထိုရက်များတွင် မကြည့်ရက်၊ မမြင်ရက် စရာပင်။
ချစ်သော “မေ” သည် ဟိုရက်များက ချစ်သော “မေ” ထက် ပို၍ ချစ်စရာ ကောင်းနေ၏။
လွန်ခဲ့သည့် ၄၆ နှစ်၊ အပျိုဘဝက မေမေရေးခဲ့သော စာတို ကလေး တစ်စောင်တွင် -
“လူတွေဟာ ကျွန်မလို စူးစူးနက်နက် ခံစားတတ်ပြီး ပင်ကိုသဘာဝကို မပြောင်းနိုင်ကြဘူးဆိုရင် ခံစား ချက်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားကြရမှာပဲ။” ဟု ရေးခဲ့၏။
သည်စာတိုကလေးမှာ သူ၏ မျိုသိပ်တတ်သော သဘာဝ၊ အောင်မြင်မှုကို ခံစားတတ်ခြင်း၊ ကြောက်တတ်ခြင်း၊ အလွယ်တကူ ထိ လွယ် ခိုက်လွယ်ရှိခြင်း သဘောတို့ကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း ဖြစ်လေ သည်။
ယနေ့တိုင်အောင်၊ ယခု အခြေအနေမျိုးထိအောင် ဘယ်သူ့ကိုမျှ မာရီ ဖွင့်အန်မသွားခဲ့ပါ။ ဘယ်သူ့ကိုမျှလည်း အပြစ်မပြောခဲ့ပါ။ ပြော လျှင်လည်း အရိပ်အမြွက်မျှလောက်သာ ဖြစ်ပါလိမ့်မည်။
မာရီသည် အနာဂတ်အကြောင်းကိုသာ ပြောလျက်ရှိပါသည်။ အနာဂတ်ဆိုသည်မှာ သူ့ဓာတ်ခွဲခန်း၏ အနာဂတ်၊ ဝါဆောကျောင်း၏ အနာဂတ်များ ဖြစ်ပါသည်။ ပြီးမှ သူ့ကလေးများ၏ အနာဂတ်အကြောင်း ပြောတတ်ပါသည်။ အိုင်ရင်းနှင့် ဖရက်ဒရစ်တို့နှစ်ယောက် နိုဘယ်လ်ဆု
ရာပြည့်စာအုပ်တိုက်
BURMESE CLASSIC
ဒမ်ကျူရီ
ရလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သေးသည်။ ၁၉၃၅ ခုနှစ်တွင် အိုင်ရင်း တို့ လင်မယားနှစ်ယောက်စလုံး ဓာတုဗေဒနိုဘယ်လ်ဆု ရရှိခဲ့ကြသည်။ စကီအိုတွင် အိမ်တစ်ဆောင် ဆောက်လုပ်မည့် အစီအစဉ်ကိုလည်း ပြောပြ၏။ သို့သော် လုံးဝ မဆောက်ဖြစ်ခဲ့ပါ။
မာရီ တစ်နေ့တခြား ပို၍ ပို၍ အားနည်းလာသည်။ အထူးကု ဆရာဝန်ကြီးများက အပြင်းစား သွေးအားနည်းရောဂါ ဝင်နေပြီဟု ပြော ကြသည်။ ၁၉၃၄ ခုနှစ် ဇူလိုင်လ ၄ ရက် အာရုံတက်အချိန်တွင် အလွန် မတန် ခွန်အားကြီးခဲ့သော သူ့နှလုံးသည် အလုပ်လုပ်ခြင်းမှ လုံးဝ အနား ယူသွား လေတော့သည်။
သိပ္ပံပညာက သေဆုံးရခြင်းအကြောင်းကို ဖွင့်ဆိုဦးမည် ဖြစ်ပါ သည်။ မာရီကျူရီကို သတ်သည့်တရားခံမှာ ရိုးတွင်းခြင်ဆီထဲ ရောက်နေ သည့် “ရေဒီယမ်” ဟု အားလုံးက စိစစ်ယုံကြည် လိုက်ကြသည်။ - ဒုတိယအကြိမ်မဒမ်ကျူးရီ ရသည့် နိုဘယ်လ်ဆုလက်မှတ်
MARLE
VETENSION DE
SKIODONSKA CURIE
ALFRED NOREL
www.but
| 83.798283 |
Madame Curie
|
Tin Maung Myint
|
10313
| 131 |
________________
www.burmeseclassic.com
တင်အောင်နှင့်
မဒမ်ကျူရီ ကွယ်လွန်ခြင်းသတင်းသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ သွားလေသည်။ တစ်ကမ္ဘာလုံး ယူကျုံးမရ တသသ ဖြစ်ကြရသည်။
ဝါဆောဘူတာရုံတွင် ပါရီသို့ ထွက်မည့်ရထားပေါ်သို့ ဟီလာ ရောက်နေပြီ။ ဂျိုးဇက်နှင့် ဘရွန်ညာတို့က ဝါဆောကို အချိန်မီရောက်လာ ဖို့ ကြိုးစားသော်လည်း မရောက်နိုင်ကြပေ။ မောင်နှမနှစ်ယောက်တို့သည် သူတို့၏ အချစ်ဆုံး မျက်နှာကလေးကို မြင်ချင်လှပြီ။ သို့သော် ထိုနေ့ ရထားကို မမီလိုက်ကြ။ ပါရီက ရေဒီယမ်ဓာတ်ခွဲခန်းထဲတွင် သိပ္ပံ သုတေသီလူငယ်များသည် သည်းအူပြတ်မျှ ငိုကြွေးလျက် ရှိကြသည်။
မဒမ်ကျူရီသည် ဘဝ၏ ဒုက္ခ၊ သုခ ဝေဒနာ အားလုံးမှ ကျွတ် လွတ်ခဲ့လေပြီ။ လောကကြီးမှ နှုတ်ဆက်ထွက်ခွာသွားချိန်တွင် မမြင်နိုင် စွမ်းသော အလှအပများဖြင့် သည်လောကအား တန်ဆာဆင်ခဲ့သည်ကို မည်သူမျှ နားလည်နိုင်ကြမည် မဟုတ်ပေ။
ယခုတော့ ဖြူဖွေးနေသော ငွေရောင်ဆံပင်တို့သည် နဖူးပြင် ကျယ်ပေါ်တွင် ဝဲကျနေသည်။ မျတ်နှာကမူ ငြိမ်းချမ်းခြင်းနှင့် လေးနက် ခြင်း အသွင်ကို ဆောင်နေ၏။ တစ်ပြိုင်တည်းတွင် သံချပ်ကာ ဝတ်စုံထဲမှ သူရဲကောင်းတစ်ယောက်၏ ရဲရင့်ခြင်း အသွင်ကိုလည်း ဆောင်၏။ ထို တဒင်္ဂတွင် မာရီကျူရီသည် ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးနှင့် အလှဆုံး အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။
CLASSIC
မဒမ်ကျူရီ
၂၆a
၁၉၃၄ ခုနှစ် ဇူလိုင်လ ၆ ရက် သောကြာနေ့တွင် ခမ်းနား ကြီးကျယ်ခြင်း အလျှင်းမရှိဘဲ မဒမ်ကျူရီ၏ ဘဝကို အရိုးဆုံးနည်းဖြင့် အဆုံးသတ် ပေး လိုက်ကြသည်။ ဆွေမျိုးတစ်သိုက်နှင့် သူ့ကို ချစ်မြတ်နိုးကြသည့် လုပ်ဖော်ကိုင်ဖက်များသာ ပါဝင်သည့် လူစုကလေးဖြင့် စကီအို သုသာန် တွင် ပီယာ့အုတ်ဂူနှင့် ယှဉ်၍ ဂူသွင်းသင်္ဂြိုဟ်လိုက်ကြသည်။ အခေါင်းမြေ ချတော့ ဘရွန်ညာနှင့် ဂျိုးဇက်တို့က ပိုလန်မှ သယ်ယူလာသည့် မြေကြီးခဲ များကို တွင်းထဲသို့ ပစ်ချပေးသည်။
နောက်တစ်နှစ်အကြာတွင် မာရီမသေမီ အဆုံးသတ်သွားသည့် စာအုပ် ထွက်လာသည်။ သူမှလွဲ၍ ဘယ်သူမှ ရေးနိုင်မစွမ်းသည့်စာအုပ်၊ ရူပဗေဒချစ်သူ လူငယ်များသို့ နောက်ဆုံးပေးခဲ့သည့် အမွေ ဟုလည်း ဆိုနိုင်သော စာအုပ်ကြီး ဖြစ်လေသည်။
ရေဒီယမ် စက်မှုတက္ကသိုလ်၏ မီးတွေ ထိန်ထိန်လင်းနေသော စာကြည့်တိုက်ထဲက သိပ္ပံစာအုပ်များထဲတွင် စာအုပ်ထူကြီးတစ်အုပ်'ထပ် တိုးလာသည်။ မီးခိုးရောင် အဖုံးပေါ်မှ စာရေးဆရာ၏ အမည်မှာ မဒမ် ပီယာ တျူရီ
ပါမောက္ခ၊ ဆော်ဘွန်းတက္ကသိုလ်-
(ရူပဗေဒ နိုဘယ်လ်ဆုရှင်၊ ဓာတုဗေဒ နိုဘယ်လ်ဆုရှင်) စာအုပ်နာမည်ကို ဧရာမ ရွှေစာလုံးကြီးများနှင့် အခံအညား
ရေးထိုးထားသည်။
“ရေဒီယိုသတ္တိကြွခြင်း”
.com
| 88.189739 |
Madame Curie
|
Tin Maung Myint
|
10356
| 1 |
________________
www.burmeseclassic.com
MAGICPEM
cuncos:
ဆင်ကုန်သည် ELEPHANT SONG
BY WILBUR SMITLI
ဒုတိယအကြိမ်
BURMESE
CLASSIC
www.burmeseclassic.com
| 13.043478 |
Elephant Trader
|
Mg Htun Thu
|
10356
| 2 |
________________
ပုံနှိပ်မှတ်တမ်း စာမူခွင့်ပြုချက်အမှတ် ၅၀၀၆၄၄ဝ၅ဝ အဖုံးခွင့်ပြုချက်အမှတ်
၅ဝဝ၉၈၁ဝရဝ၉
ပထမအကြိမ် - ၁၉၉၄ ဇန်နဝါရီလ
www.burmeseclassic.com
ဒုတိယအကြိမ်
-
၂၀၁၀ ဇန်နဝါရီလ
ထုတ်ဝေသူ ဦးကျော်ဆန်း (ရဲအောင်စာပေ)
အမှတ်(၂)၊ ချွန်း(၁)လမ်း မင်္ဂလာတောင်ညွန့်။
စီစဉ်သူ ဖြိုးဇော်ဇော်၊ ပြုံးချို
ပုံနှိပ်တိုက် ကျောက်စိမ်းပုံနှိပ်တိုက် အမှတ်(၁၇၁)၊ (၃၃)လမ်း၊ ရန်ကုန်။
အတွင်းစာစီ NEW LIFE Computer
မျက်နှာဖုံးပန်းချီ ရန်နိုင်ဦး
: Magic Pen Publishing
Cာင်ထွန်းသူ
ဆင်ကုန်သည် ELEPHANT SONG
BY
WILBUR SMITH
အုပ်ရေ ၅ဝဝ
မောင်ထွန်းသူ
တန်ဖိုး ၃၅၀၀ ကျပ်
ဆင်ကုန်သည် / မောင်ထွန်းသူ - ရန်ကုန်။
ရဲအောင် စာပေ ၊ - ၂၀၁၀၊
၈ - ၂၁၄ ၊ ၁၃ × ၂၀ စင်တီ၊
ဆင်ကုန်သည် (ဒုတိယအကြိမ်)
၈၉၅.၃
MAGICPEN Publishing
| 65.811966 |
Elephant Trader
|
Mg Htun Thu
|
10356
| 3 |
________________
www.burn eseclassic.com
BURMESE CLASSIC
ဆင်ကုန်သည် ဇာတ်လမ်းအကျဉ်းချုပ်
သဘာဝသိပ္ပံပညာရှင် ဒေါက်တာဒင်နီယယ်သည် သဘာဝမှတ်တမ်းတင် ရုပ်မြင် သံကြားဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်ရာ၌ နိုင်ငံတကာ ရုပ်မြင်သံကြား ပရိသတ်ကြားတွင် ထင်ရှားကျော်ကြားနေသူ ဖြစ်သည်။ သူသည် အာဖရိက တိုက်တွင် မွေး၍ အာဖရိကတိုက်တွင် ကြီးပြင်းလာရသူ ဖြစ်သဖြင့် အာဖရိက တိုက်ကို ချစ်မြတ်နိုးသူ ဖြစ်၏။ တစ်နှစ်တွင် သူသည် တစ်ချိန်ကသူ အလုပ်လုပ် ဖူးသော ချင်ပီပီအမျိုးသား သဘာဝသစ်တော ထိန်းသိမ်းရေးစခန်းသို့ လာရောက် ကာ ဆင်အိုကြီးများ သုတ်သင်ရှင်းလင်းသည့် လုပ်ငန်းကို မှတ်တမ်းတင်ရုပ်ရှင် လာ၍ရိုက်သည်။
ချင်ဝီဝီစခန်း ကြီးကြပ်ရေးမှူး ဂျွန်နီအင်ဇောသည် အာဖရိကန် လူမျိုး ဖြစ်၍ ဒင်နီယယ်နှင့် အလုပ်အတူတူ လုပ်ခဲ့သူဖြစ်ရာ အလွန်ရင်းနှီး ခင်မင် သည်။ ဒင်နီယယ်သည် ဂျွန်နီနှင့်အဖွဲ့ ဆင်များ သုတ်သင်ရှင်းလင်းသည်ကို လိုက်၍ ရုပ်ရှင်ရိုက်ကူးပြီးနောက် စခန်းတွင် တစ်ညမျှ အိပ်သည်။ ဤအတော အတွင်း စခန်းသို့ လာရောက်လေ့လာသော တရုတ်တိုင်ပေအင်္ဂလိပ်ကပြား နင်ချင်ဂျွန်းနှင့် ဆုံမိသည်။ နင်ချင်ပွန်းသည် အာဖရိကတိုက် ဇင်ဘာတွေ့နိုင်ငံ ဟာရာရီမြို့ရှိ တရုတ်တိုင်ပေသံရုံးမှ သံတမန်ဝန်ထမ်းတစ်ဦးဖြစ်၍ တောရိုင်း တိရစ္ဆာန်များ လေ့လာရာ၌'စိတ်ဝင်စားသည်။ အထူးသဖြင့် သူသည် ဆင်များ၏ သဘာဝကို လေ့လာလိုက်စားသူဖြစ်သဖြင့် ချင်ပီပီတောစခန်းသို့ အလုံး လာခြင်း ဖြစ်သည်။
WWW.bပဲရောက်
| 86.733837 |
Elephant Trader
|
Mg Htun Thu
|
10356
| 4 |
________________
၁၉
www.burmeseclassic.com
မောင်ထွန်းသူ
အလုပ်တူတွဲ၍ လုပ်နေကြစဉ်က ထောင်ပေါင်းများစွာသော စခန်းချ မီးဖိုကြီးများမှ မီးရောင်ဖြင့် ဂျွန်နီအား အင်္ဂလိပ်စာ ဖတ်တတ်၊ ရေးတတ်၊ ပြောတတ်အောင် မိမိကပင် သင်ကြားပေးခဲ့ရ၏။
တောင်အာဖရိက တက္ကသိုလ်စာပေးစာယူ သင်တန်းတက်စဉ်ကလည်း ဂျွန်နီတွင် သင်တန်းကြေးပေးစရာ မရှိသဖြင့် ဒင်နီယယ်ကပင် ငွေချေးခဲ့သည်။ နောက်ပိုင်းတွင် ဂျွန်နီသည် တက္ကသိုလ်မှ ဘီအက်စ်စီ ခေါ် သိပ္ပံဘွဲ့ ရခဲ့ သည်။ ထိုစဉ်ကတော့ တစ်ယောက်က လူမည်း၊ တစ်ယောက်က လူဖြူဖြစ် သော လူငယ်နှစ်ယောက်သည် အမြဲတစေ သွားအတူ လာအတူ ဖြစ်ခဲ့ကြသည်။
အဆမတန် ကျယ်ပြောလှသော အစိုးရပိုင် ဤသစ်တောအတွင်း၌ ခြေကျင်တစ်မျိုး၊ စက်ဘီးဖြင့်တစ်လှည့် အတူတူတွဲ၍ ကင်းလှည့်ခဲ့ကြရ၏။
အလွန်နက်သည့် တောကြီးမျက်မည်းအတွင်း၌ အလုပ်အတူတူလုပ် ့ရင်း အလွန်ခင်မင်ရင်းနှီးသည့် မိတ်ဆွေများအဖြစ်သို့ ရောက်ခဲ့ကြရ၏။ ဒင်နီယယ်သည် ဂိုဒေါင်၏မှောင်မည်းနေသော အတွင်းဘက်ကို တစ်ချက်ချောင်းကြည့်ကာ ခပ်တိုးတိုးလေချွန်လိုက်သည်။
“ဟေ့..သူငယ်ချင်း ဂျွန်နီ၊ ငါထွက်သွားကတည်းက မင်းအလုပ်များပြီး ကျန်ခဲ့တာ မဟုတ်လား”
အဖိုးတန်ပစ္စည်းများမှာ ခေါင်မိုးရယ်မများထိနေအောင် အစုလိုက် အပြုံလိုက် တင်ထားသည်။ ဒေါ်လာရာပေါင်း ထောင်ပေါင်းများစွာ တန်သည့် ပစ္စည်းများပေတည်း။
ဂျွန်နီအင်ဇောက ဒင်နီယယ်၏ မျက်နှာကို တစ်ချက်လှမ်းကြည့်သည်။ ဒင်နီယယ်သည်ပြဿနာကို နားလည်နေသော မိတ်ဆွေတစ်ယောက်ဖြစ်၏။
သူအလုပ်များမများကို အထူးတလည် ပြောပြနေစရာမလိုဟုပင် သူ ယူဆသည်။ ထိုအယူအဆကြောင့်လည်း ဘဝင်မကျသော မျက်နှာထားဖြင့် တစ်ချက်မျှ လှမ်းကြည့်လိုက်မိခြင်းဖြစ်၏။
ဒင်နီယယ်ကတော့ ဂျွန်နီ၏ အကြည့်ကိုမမြင်။ သူ့ကင်မရာမင်းဘက် လှည့်၍ စကားပြောနေသည်။ ́
BURMESE CLASSIC
ဆင်ကုန်သည်
“ဟေ့..အထဲမှာ.အလင်းရောင်ကောင်းကောင်း ရပါ့မလား၊ ငါက အတွင်းပိုင်းပုံတွေကို ကျကျနန ရိုက်ယူချင်တယ်"
ကင်မရာမင်းသည် လေးလံသော ဝန်ထုပ်ဝန်ပိုးများ လွယ်ထားရသဖြင့် မြန်မြန်သွက်သွက် မလျှောက်နိုင်၊ သူသည် နှေးကွေးလေးလံစွာဖြင့် ရှေ့သို တိုးလာသည်။ ခါးတစ်ဖက်တွင် ရှိနေသော ဘတ်ထရီခလုတ်ကို. ဖွင့်ကာ လက်တစ်ဖက်ဖြင့် ကိုင်ထားသော မီးကို စမ်းသပ်ကြည့်နေသည်။ ဘက်ထရီ မီးရောင်သည် အဖိုးတန်ပစ္စည်းများပေါ်သို့ ဖြန့်ကျလာသည်။
“ဒီမယ်...ဂျော့ခ်၊ မင်းက ငါနဲ့ ကြီးကြပ်ရေးမှူးနောက်ကနေပြီး ဂိုဒေါင် အစွန်းထိ လိုက်ရိုက်နော်" ဟု ဒင်နီက ညွှန်ကြားသည်။
ကင်မရာမင်းက ခေါင်းညိတ်ကာ ရှေ့သို့ ကပ်လာသည်။ ဆိုနီဗီဒီယို ကင်မရာကို ပခုံးပေါ်တွင် အနေတော်ဖြစ်အောင် ပြင်၍ ကိုင်သည်။ လော့ခ်သည် အသက် သုံးဆယ်တွင်းအရွယ် ဖြစ်သည်။ ကာကီရောင် ဘောင်းဘီတို ဝတ်ကာ ညှပ်ဖိနပ်စီးထားသည်။ ဇမ်ဘီဇီတောင်ကြား အပူရှိန်ကြောင့် သူ၏ အညိုရောင် သန်းနေသော ရင်ဘတ်တွင် ချွေးများစိုရွှဲနေသည်။
ရှည်လျားသော ဆံပင်ကို သားရေကြိုးတစ်ချောင်းဖြင့် စည်းထား သည်။ ဆံပင်သည် လည်ကုပ်ပေါ်သို့ ဝဲကျလျက် ရှိသည်။ သူ့ပုံပန်းသည် ခေတ်ပေါ်တေးဂီတလောကမှ လူကြိုက်များသော အဆိုတော်တစ်ယောက်နှင့် တူလှသော်လည်း တကယ်တော့ ဆိုနီကင်မရာကြီးတစ်လုံးဖြင့် ထူးခြားပြောင် မြောက်အောင် ရိုက်ကူးနိုင်သော အနုပညာသည်တစ်ဦး ဖြစ်၏၊
ဂျော့ခ်သည် မသပ်မရပ် စုပြုံတင်ထားသည့် ဆင်စွယ်များပေါ်မှ ကင်မရာကို ရှပ်တိုက်ဆွဲကာ အလွန်ကြီးမားလှပသော ဆင်စွယ်ကြီးတစ်ချောင်း ကို ကိုင်ထားသည့် ဒင်နီယယ်၏ လက်ဆီအထိ ယူသွားသည်။ ထို့နောက် ကင်မရာကို နောက်ဘက်သို့ ပြန်သိမ်းလိုက်ပြီး ဒင်နီယယ်၏ တစ်ကိုယ်လုံးကို ရိုက်ယူသည်။
ဒင်နီယယ်သည် ဇီဝဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ထားသူ ဖြစ်၏။ စာအုပ်အများအပြားလည်း ရေးသားခဲ့၏။ ဟောပြောပို့ချခြင်းများကို လည်း လုပ်ခဲ့ဖူး၏။
| 89.480828 |
Elephant Trader
|
Mg Htun Thu
|
10356
| 5 |
________________
၁၂
www.burmeseclassic.com
မောင်ထွန်းသူ
အာဖရိကတိုက်ရှိ သက်ရှိသတ္တဝါများ၏အလေ့အထများနှင့် ပတ်ဝန်း ကျင် ထိတွေ့ဆက်ဆံမှုနှင့် ပတ်သက်သော အီကိုလော်ဂျီပညာရပ် နယ်ပယ်၌ သြဇာညောင်းသူ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်း ဖြစ်၏။
သို့သော်လည်း ထိုအကြောင်းများကြောင့် နိုင်ငံတကာနယ်ပယ်၌ ထင်ရှားကျော်ကြားနေခြင်း မဟုတ်။ ဒင်နီယယ်သည် ကျန်းမာကြံ့ခိုင်သူ ဖြစ် သည်။ လူချောတစ်ဦးဖြစ်၍ ဥပဓိရုပ် အလွန်ကောင်းသည်။ ရုပ်မြင်သံကြား ပိတ်ကားပေါ်၌ ထင်ဟပ်လာသည့် သူ့ရုပ်ရည်သည် အလွန်ခန့်ညားပြီး ကြည့်လို့ ကောင်းသည်။
အသံကလည်း အလွန်နှစ်သက်ဖွယ် ကောင်းသည်။ စကားပြောရာ၌ လည်း အသံထွက် လေယူလေသိမ်းနှင့် ပြောဟန်ဆိုဟန်များက နှစ်သက်ဖွယ် ကောင်းလှ၏။
`ဒင်နီယယ်၏အဖေသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ကာကွယ် ရေးတပ်တွင်း ရုံးထိုင်အရာရှိတစ်ဦး ဖြစ်သည်။ မြောက်အာဖရိကတိုက် စစ်မြေ ပြင်ရှိ ဗိုလ်ချုပ်ကြီးဝေဗယ်လ်နှင့် ဖီးလ်မာရှယ်မောင့်ဂိုမာရီတို့ လက်အောက်၌ အမှုထမ်းခဲ့ဖူးသည်။
စစ်ကြီးပြီးသွားသည့်အခါ သူသည် ရိုဒီဆီးယားနိုင်ငံသို့ သွားရောက် နေထိုင်ကာ ဆေးရွက်ကြီး စိုက်သည်။ ဤသို့ဖြင့် ဒင်နီယယ်အား အာဖရိကတွင် မွေးဖွားခဲ့သည်။ ထို့နောက်အရွယ်ရောက်လာသည့်အခါ သူ့အဖေက ဒင်နီယယ် အား အင်္ဂလန်နိုင်ငံ ဆင်းဘော့စ်သို့ ပြန်ပို့ပြီး ပညာသင်ကြားစေခဲ့သည်။
ထို့နောက်တော့ ဒင်နီယယ်သည် ရိုဒီဆီးယားနိုင်ငံသို့ ပြန့်လာပြီး အမျိုးသားရေမြေတောတောင် သဘာဝထိန်းသိမ်းရေးဌာန၌ ဝင်ရောက်အမှုထမ်း
ခဲ့သည်။
သည်။
ဒင်နီယယ်သည် ကင်မရာဆီသို့ တည့်တည့်ကြည့်ကာ စကားစပြော
“ဆင်စွယ်ဟာ ရှေးခေတ် အီဂျစ်နိုင်ငံ ဖာရိုဘုရင်တွေ လက်ထက် ကတည်းက အဖိုးတန် ပစ္စည်းတစ်ခုအဖြစ် ထင်ရှားလာခဲ့တဲ့ ပစ္စည်းပါ။ အလှ
BURMESE CLASSIC
1
ဆင်ကုန်သည်
၁၃
ဆုံးနဲ့ အဖိုးအထိုက်တန်ဆုံး သဘာဝပစ္စည်းတစ်ခုအဖြစ် ရပ်တည်လာခဲ့တာပါ။ ဒါဟာ အာဖရိကန် ဆင်တွေရဲ့ ကျက်သရေဆောင် ပစ္စည်းတစ်ခုလို့ ပြောရင် လည်း မမှားနိုင်ပါဘူး"
ဒင်နီယယ်သည် အစုလိုက်အပြုံလိုက် အဆင့်ဆင့်ထပ်၍ တင်ထား သော ဆင်စွယ်ပုံများကြားသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားသည်။ ဂျွန်နီ အင်ဇောက သူ့ဘေးမှ ကပ်၍ လိုက်သွားသည်။
“ရွှေဖြူလို့ အသိအမှတ်ပြုထားကြတဲ့ ဆင်စွယ်တွေ ရဖို့အတွက် လူ ဟာ ဆင်ကို အမဲလိုက်လာခဲ့ကာ နှစ်ပေါင်းနှစ်ထောင်ရှိခဲ့ပါပြီ၊ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်အထိ အာဖရိကတိုက်အတွင်းမှာ ဆင်ကောင်ရေ နှစ်သန်း ကျော်ကျော် ကျန်ရှိနေသေးတာ တွေ့ ခဲ့ကြရပါတယ်...ဒီအချက်ကို ကြည့်ပြီး ဆင် အရေအတွက်ဟာ အသစ်အသစ် ထပ်မံတိုးပွားလာနေတယ်လို့ ယူဆနိုင်စရာ ရှိပါတယ်၊ ဒီလိုယူဆတာကလည်း တခြားကြောင့် မဟုတ်ပါဘူး၊ ဆင်တွေကို ကာကွယ်ပေးနေတယ်၊ တိုးပွားအောင် လုပ်ပေးနေတယ်၊ ကြီးကြပ်ထိန်းသိမ်း ပေးနေတယ်လို့ ထင်နေကြလို ့ပါ။ ဒါပေမဲ့ အဲဒီအထင်ဟာ ကြောက်စရာ ဝမ်းနည်းစရာ ကောင်းလောက်အောင် မှားနေတာ တွေ့ကြရပါတယ်၊ ဘာကြောင့် လဲဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဆင်ကောင်ရေ တစ်သန်းနီးပါးလောက် အသတ်ခံရတာကို ကျွန်တော်တို့ တွေ့ခဲ့ကြရပါတယ်။ အဲဒီအဖြစ်ကို ကျွန်တော် တို့ ဒီအတိုင်းပဲ လက်ပိုက်ပြီး ကြည့်နေကြမလားဆိုတာ စဉ်းစားရတော့မယ့် အခြေအနေကို ရောက်နေပါပြီ၊ ကျွန်တော်တို့ အခုဒီဒေသ၊ ဒီနေရာကို ရောက်လာ တာဟာ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာတွေ မှားနေသလဲ။ အာဖရိက ဆင်တွေ မျိုးဆက်ပျက်သုဉ်းပြီး ကမ္ဘာမြေပေါ် ကွယ်ပျောက်သွားမယ့် အန္တရာယ်ဟာ ဘယ်လို အခြေအနေမျိုး ရှိနေသလဲဆိုတာ စုံစမ်းလေ့လာဖို့ ရောက်နေကြတာပါ” ဒင်နီယယ်သည် စကားကို ခဏဖြတ်၍ ဂျွန်နီအား လှမ်းကြည့်သည်။ “အခု ကျွန်တော်နဲ့အတူ ချင်ဝီဝီ ထိန်းသိမ်းရေးတောရဲ့ ကြီးကြပ်ရေး မှူးချုပ် မစ္စတာဂျွန်နီအင်ဇော ရှိနေပါတယ်၊ ဒီသစ်တော အသစ်ထိန်းသိမ်း ကြီးကြပ်ထားတဲ့ သီးသန့် သစ်တောတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်၊
com
| 89.353234 |
Elephant Trader
|
Mg Htun Thu
|
10356
| 6 |
________________
၁၄
www.burmese classic.com
မောင်ထွန်းသူ
ဒီနေ့ရာမှာ ထူးခြားတဲ့ တိုက်ဆိုင်မှုလေးတစ်ခုကို တင်ပြချင်ပါတယ်၊ ‘အင်ဇော’ ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားလုံးဖြစ်ပါတယ်၊ ‘ဂျွန်အင်ဇော'ဆိုတဲ့ နာမည်ဟာ “မစ္စတာ ဆင်” လို့ ပြောရင်ရနိုင်စရာ ရှိပါတယ်၊ ချင်ဂီပီ တောကြီးကြပ်ရေးမှူး တစ်ယောက်အနေနဲ့ သူဟာ အာဖရိကန်တောကြီးတွေထဲမှာ ကောင်ရေ အများ ဆုံးနဲ့ အတိုးပွားအစည်ပင်ဆုံး ဆင်အုပ်ကြီးတွေကို ထိန်းသိမ်းကာကွယ်ပေးနေရ တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်၊ ကြီးကြပ်ရေးမှူး မစ္စတာဂျွန်နီအင်ဇော ခင်ဗျာ၊ ချင်ဝီဝီ အမျိုးသားတောကြီးက ပိုင်ဆိုင်တဲ့ ဒီဂိုဒေါင်ကြီးထဲမှာ ဆင်စွယ်ပေါင်း ဘယ်လောက်ရှိနေဗာယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြစေချင်ပါတယ်”
“လက်ရှိ ကျွန်တော်တို့ စတိုခန်းထဲမှာ ဆင်စွယ်ပေါင်း ငါးရာလောက် ရှိပါတယ်၊ အတိအကျဆိုရင် လေးရာရှစ်ဆယ့်ခြောက်ချောင်းတိတိရှိပါတယ်၊ ဆင်စွယ်တစ်ချောင်းရဲ့ ပျမ်းမျှအလေးချိန်ဟာ ခုနစ်ကီလို ရှိပါတယ်”
“နိုင်ငံတကာ ဈေးကွက်မှာ ဆင်စွယ် တစ်ကီလိုကို ဒေါ်လာ သုံးရာဈေး ရှိနေပါတယ်” ဟု ဒင်နီယယ်က ကြားဖြတ်ပြောသည်။
“အဲဒီတော့ ဒီမှာရှိနေတဲ့ ဆင်စွယ်တွေရဲ့ ဟန်ဖိုးဟာ ဒေါ်လာတစ်သန်း ကျော်ပါလိမ့်မယ်၊ ဒီဆင်စွယ်တွေကို ဘယ်ကရသးပါသလဲ"
“ဒီလိုပါ၊ တချို့ ဆင်စွယ်တွေက ကောက်တွေ့ ထားတာပါ၊ ဒီသစ်တော ထဲမှာ သူတို့ဘာသာသူတို့ သဘာဝအလျောက် သေသွားကြတဲ့ ဆင်တွေဆီက ရတဲ့အစွယ်တွေပါ၊ တချို့ ကတော့ ကျွန်တော့်ရဲ့ လက်ထောက်တောထိန်း အရာရှိတွေက သူခိုးတွေလက်ထဲက သိမ်းဆည်းရမိခဲ့တာပါ။ ဒါပေမဲ့ ဆင်စွယ် အများစုဟာ ကျွန်တော်တို့ ဌာနက ပေးအပ်ထားတဲ့ တာဝန်အရ ဆက်လက် ရှင်သန်ဖို့ မသင့်တော့ဘူးလို့ ယူဆရတဲ့ ‘ပယ်ဆင်’တွေကို ရှာဖွေပြီး ရယူထားကြ တဲ့ ဆင်စွယ်တွေ ဖြစ်ပါတယ်”
ဒင်နီယယ်နှင့် ဂျွန်နီသည် ဂိုဒေါင်၏ တစ်ဖက်စွန်းအထိ လျှောက် သွားပြီး ကင်မရာဘက်သို့ လှည့်၍ ရပ်လိုက်ကြသည်။
“ပယ်ဆင်လုပ်ငန်း အစီအစဉ်ကို ကျွန်တော်တို့ နောက်မှဆွေးနွေးကြ တာပေါ့ မစ္စတာဂျွန်နီ၊ ပထမဆုံးချင်ဝီဝီမှာရှိနေတဲ့ ဆင်စွယ်ခိုးထုတ်မှု အခြေ
1
URMESE CLASSIC
ဆင်ကုန်သည်
၁၅
အနေကို ပြောပြစေချင်ပါတယ်၊ အဲဒီလုပ်ငန်းအခြေအနေဟာ တော်တော်ဆိုးရွား နေပါသလား"
“နေ့စဉ်နဲ့အမျှ ပိုပိုပြီး ဆိုးလာနေတယ်လို့ ပြောရပါလိမ့်မယ်” ဟု ဂျွန်နီက စိတ်မကောင်းဖြစ်သော မျက်နှာထားဖြင့် ခေါင်းကို ယမ်း၍ ပြောသည်။
*ကင်ညာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံနဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ ဆင်တွေ ပြုတ်ပြုတ်ပြုန်းသွားတာ သိနေကြတဲ့ ဆင်ကုန်သည်တွေရဲ့ အာရုံဟာ တောင် ဘက်ပိုင်းမှာ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ဆင်အုပ်တွေဘက်ကို ရောက်လာနေကြပါ တယ်။ ဇမ်ဘီယာနိုင်ငံ ဟာ ဇမ်ဘီဇီမြစ်ကို ဖြတ်လိုက်ရင် ရောက်နိုင်တဲ့ နိုင်ငံပါ၊ အဲ့ဒီတော့ ဆင်သူခိုးတွေဟာ မြစ်ကိုဖြတ်ကူးပြီး ဒီဘက်ကို ရောက်လာကြပါ တယ်၊ သူတို့က လူအင်အားရော လက်နက်အင်အားပါ ကျွန်တော်တို့ထက် တောင့်တင်းကြပါတယ်၊ သူတို့ကတော့ လူရော၊ ဆင်ရော၊ ကြံ့ရေး ပစ်ခတ် သတ်ဖြတ်ဖို့ ဝန်မလေးတဲ့ လူစုပါ၊ ကျွန်တော်တို့ကလည်း ဆင်သူခိုးအုပ်စုနဲ့ တွေ့ ရင် စပြီးမပစ်လို မရပါဘူး၊ ကိုယ်က လက်ဦးအောင် ပစ်ကြရတာပါပဲ” “ဒီဆင်စွယ်အားလုံးဟာ"
ဒင်နီယယ်သည် စကားကို ဆက်မပြောသေးဘဲ လက်တစ်ဖက်ကို အနီးဆုံး ဆင်စွယ်ပုံပေါ်သို့ တင်လိုက်သည်။
ဆင်စွယ်များသည် တစ်ချောင်းနှင့်တစ်ချောင်း မတူကြ။ တချို့သည် ခပ်ဖြောင့်ဖြောင့်၊ ရှည်ရှည်သေးသေး ဖြစ်သည်။ တချို့ ကတော့ လေးကိုင်းသဖွယ် ကွေးကောက်နေသည်။ အချို့သည် ထိပ်ဖျားများ ချွန်မြည့်နေသော်လည်း အချို့ကတော့ ထိပ်ဖျားများ တုံးကာ ပုတိုတို ဖြစ်နေကြသည်။
ဆင်စွယ်အများစုသည် ပုလဲရောင် တောက်နေကြသည်။ တချို့သည် ကျောက်ဖြူးရောင်တွင် ထောပတ်ရောင် သန်းနေသည်။ တချို့ သော အစွယ်များ တွင် အခုအချိန်အထိ ဟင်းသီးဟင်းရွက်များမှ အစွန်းအကွက်များ ကပ်နေဆဲ။ ဆင်စွယ်အများစုမှာ အမဆင်စွယ်များ ဖြစ်သည်။ အချို့မှာ ရင့်ကျက် ကြီးထွားခြင်း မရှိသေး။ အတုတ်မှာ လူတစ်ယောက်၏ လက်မောင်းအရွယ်မျှသာ ရှိသည်၊ ယင်းအစွယ်များသည် ဆင်ပေါက်စများထံမှ ဖြတ်ယူထားခြင်း ဖြစ်၏။
.com.
| 88.726254 |
Elephant Trader
|
Mg Htun Thu
|
10356
| 7 |
________________
၁၆
www.burmeseclassic.com
မောင်ထွန်းသူ ဆင်အိုကြီးများမှ ရထားသည့် အလွန်ကြီးထွားရင့်ကျက်သော ဆင်စွယ်များမှာ အနည်းငယ်မျှသာ ရှိသည်။
ဆင်စွယ်တစ်ချောင်းကို လက်ဖြင့်ကိုင်တွယ် ပွတ်သပ်နေသော ဒင်နီ 'ယယ်၏ မျက်နှာထားသည် စိတ်ထိခိုက်ခြင်းကို ဖော်ပြလျက်ရှိသည်။
အမှန်တော့ သူသည်အာဖရိကတိုက်၏ ပျက်စီးယိုယွင်းမှုများနှင့် ညို့ယူဖမ်းစားနိုင်သော အစွမ်းသတ္တိများဖြင့် ပြည့်လျှမ်းနေသည့် တိရစ္ဆာန်တို့၏ လောကအကြောင်းကို စာအုပ်များ ရေးသားခဲ့ဖူးသည် မဟုတ်ပါလား။
“အသိဉာဏ် ထက်မြက်ပြီး အလွန်တင့်တယ် ခန့်ညားတဲ့ သတ္တဝါကြီး တွေဟာ တစ်နေ့တခြား လျော့နည်းလာနေပြီဆိုတာ'ဒီဆင်စွယ်တွေက သက်သေပြနေပါတယ်၊ ဒီအခြေအနေဟာ ရှောင်လွှဲလို့ မရနိုင်ဘူးလို့ဘဲဆိုဦး တော့ ဒီဟိုက်ကြီးတစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားအောင် လုပ်နေတဲ့ သဘာဝ ပြောင်းလဲမှုတွေဟာ ဝမ်းနည်းစရာ အင်မတန်ကောင်းတယ်လို့ ထင်ပါ တယ်၊ အာဖရိကဆင်တွေဟာ အာဖရိကတိုက်ရဲ့ ထူးခြားထင်ရှားတဲ့ အထိမ်း အမှတ် အမှတ်လက္ခဏာတစ်ခုများ ဖြစ်နေလေသလား၊ ဒါပေမဲ့ ဆင်တွေကတော့ မျိုးဆက်ပြတ်မယ့် အနေအထား ရောက်နေပါတယ်၊ ဒါဆိုရင် အာဖရိက တစ်တိုက်လုံး ပျက်သုဉ်းတော့မှာလား”
ဒင်နီယယ်သည် သူ့စိတ်ထဲ၌ ခံစားနေရသည့်အတိုင်း ရိုးရိုးသားသား တင်ပြနေခြင်း ဖြစ်၏။ ကင်မရာကလည်း တွေ့သမျှကို သစ္စာရှိစွာဖြင့် မှတ်တမ်း ဗင်လျက်ရှိ၏။
နိုင်ငံတကာအလယ်တွင် ဒင်နီယယ်၏ ရုပ်မြင်သံကြား အစီအစဉ် အောင်မြင်မှု ရနေခြင်းသည် ဤမှန်ကန်ကြောင့် ဖြစ်၏။
ဒင်နီယယ်သည် ဂျွန်နီအင်ဖောဘက် လှည့်ကြည့်သည်။
“ဆင်တွေ ပျက်သုဉ်းတော့မှာလား ဆိုတာသိပါရစေ၊ ဇင်ဘာဘွေနိုင်ငံ တွင်းမှာ ဆင်တွေ ဘယ်လောက်အထိ ရှိပါသေးသလဲ၊ မစ္စတာဂျွန်နီရဲ့ ချင်ဝီဝီ အမျိုးသားသစ်တောတွင်းမှာ ဆင်ကောင်ရေ ဘယ်လောက်များများ ကျန်ဦးမလဲ ဆိုကာ ပြောပြနိုင်ရင် ပြောပြစေချင်တယ်”
BURMESE CLASSIC
ဆင်းကုန်သည်
၁၇
“ဇင်ဘာဘွေ တစ်နိုင်ငံလုံးမှာ ဆင်ကောင်ရေ ငါးသောင်းနှစ်ထောင် လောက်ရှိနေသေးတယ်လို့ ခန့်မှန်းထားကြပါတယ်၊ ကျွန်တော်တို့ ချင်ဝီဝီ တောတွင်းမှာ ရှိနေတဲ့ အရေအတွက်ကတော့ပိုပြီး တိတိကျကျ ပြောလို့ရပါတယ်၊ လွန်ခဲ့တဲ့ သုံးလလောက်က ကျွန်တော်တို့ဟာ နိုင်ငံတကာ သဘာဝထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကြီးရဲ့ အကူအညီနဲ့ သစ်တောတစ်ခုလုံးကို ပိုက်စိပ်တိုက် ပြီး ကောင်းကင်ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်၊ အဲဒီတုန်းက အတိအကျ ရေတွက်လို့ ရနိုင်ခဲ့ပါတယ်”
သည်။
ရှိပါတယ်”
“ကောင်ရေ ဘယ်လောက်ရှိပါသလဲ” ဟု ဒင်နီယယ်က ဖြတ်မေး
“ချင်ဝီဝီ တောထဲမှာတင် ဆင်ကောင်ရေ ၁ဝံသောင်းရှစ်ထောင်
“ဒါဆိုရင် နည်းနည်းနောနော အရေအတွက် မဟုတ်ဘူးလို့ ဆိုရမှာ ပဲ၊ ရာသီဥတုအလွန်ဆိုးရွားတဲ့ ဒီနိုင်ငံမှာ ဒီလောက်အရေအတွက် ရှိနေသေး တယ်ဆိုတာဟာ အားတက်စရာကောင်းတယ်လို့ ယူဆရမယ်ထင်ပါတယ်”ဟု ဒင်နီယယ်က ပြောသည်။
ဂျွန်နီ မျက်မှောင်ကုတ် သွားသည်။
“တစ်ဖက်က ပြန်ကြည့်ရင် ပြဿနာက ရှိနေပါတယ် ဒေါက်တာ အမ်းစထရောင်း၊ ဒီလောက်အရေအတွက်များနေရင် ကိုင်တွယ်ရတာ မလွယ် လှပါဘူး၊ ကျွန်တော်တို့က ဇင်ဘာဘွေနိုင်ငံအတွက် ဆင်ကောင်ရေ သုံးသောင်း ကျော် ရှိနေသေးတာဟာ ဂုဏ်ယူထိုက်တဲ့ စံပြအရေအတွက်လို့ ပြောရပါလိမ့် မယ်၊ ဒါပေမဲ့ ဆင်တစ်ကောင်အတွက် တစ်နေ့ကို အသီးအရွက် တစ်တန်ရှိဖို့ လိုအပ်ပါတယ်၊ အဲဒီတော့ ဆင်တွေအနေနဲ့က နှစ်ပေါင်းရာပေါင်းများစွာ ကြာမှ ကြီးလာနိုင်တဲ့ သစ်ပင်ကြီးတွေကို သူတို့ အစားအစာရဖို့အတွက် လှဲကြပါတယ်။ အနည်းဆုံး ပင်စည်လုံးပတ် လေးပေလောက်ရှိတဲ့ သစ်ပင်မျိုးကို လှဲပါမှ အား အစာ ရနိုင်တာဆိုတော့ သစ်ပင်တွေ ဘယ်လောက်အထိ ပျက်သုဉ်းသွားမယ် ဆိုတာ မစဉ်းစားလို့ မဖြစ်ပါဘူး”
| 89.209885 |
Elephant Trader
|
Mg Htun Thu
|
10356
| 8 |
________________
56
www.burmeseclassic.com
1
မောင်ထွန်းသူ
ဆင်ကုန်သည်
၁၉
“တကယ်လို့ အခုလက်ရှိ ဆင်အရေအတွက်ကို အသက်ရှင်ခွင့် ကြီးထွား ဖွံ့ဖြိုးခွင့်ပေးထားမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မယ်လို့ ယူဆပါသလဲ” “ရှင်းရှင်းကလေးပါ ခင်ဗျား၊ နှစ်အနည်းငယ် အတွင်းမှာ ဒီသစ်တော ဟာ ပြုတ်ပြုတ်ပြုန်းသွားမှာ သေချာပါတယ်၊ ဒီနေရာဟာ ခြောက်သွေ့ပြီး ဖုန်ထူတဲ့ နေရာတစ်နေရာ ဖြစ်သွားမှာ သေချာပါတယ်၊ အဲဒီအခါမှာ ဆင် အားလုံး သေကျေပျက်စီးသွားမှာပါ၊ ကျွန်တော်တို့မှာ သစ်ပင်မရှိ၊ သစ်တောမရှိ၊ ဆင်မရှိတဲ့ ဘဝနဲ့ ရင်ဆိုင်ရဖို့ပဲ ရှိပါတယ်”
သည်။
တယ်”
ဒင်နီယယ်က ဂျွန်နီ၏ စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်
“အဲဒီပြဿနာအတွက် အဖြေကော ရှိပါသလား” ဟု မေးသည်။ ပြင်းပြင်းထန်ထန် လုပ်မှဖြစ်မယ့် အဖြေတစ်ခုတော့ တွေ့ထားပါ
“ဘယ်လိုအဖြေမျိုးပါလဲ”
ဂျွန်နီအင်ဇောသည် ပခုံးများကို တွန့်လိုက်သည်။
“ကျွန်တော်တို့ ဘယ်လို ဖြေရှင်းနေတယ်ဆိုတာ ဒေါက်တာတို့ ကိုယ် တိုင် သွားကြည့်နိုင်ပါတယ်၊ ဒါပေမဲ့ ကြည့်လိုတော့ သိပ်မကောင်းပါဘူး"
CLASSIC
ဒင်နီယယ်သည် နေမထွက်မီ မိနစ်နှစ်ဆယ်ခန့် အလိုတွင် အိပ်ရာမှ နိုးသည်။ အိပ်ရာမှ စောစောထတတ်သော အလေ့အထကို သူရလာသည်မှာ ကြာခဲ့ပြီ။ ဤတောင်ကြားထဲ၌ အလုပ်လုပ်စဉ်ကတည်းက ရလာခဲ့သည့်အကျင့် ဖြစ်၏။ ဤတောင်ကြားမှ အလုပ်ထွက်ခဲ့ပြီးနောက် အာဖရိကတိုက်၏ ပြင်ပရှိ မြို့ကြီးများသို့ ရောက်သွားသည့်အခါတွင်လည်း ထိုအကျင့်သည် ပျောက်မသွား။ ရိုဒီဆီးယားနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲကာလအတွင်းက လုံခြုံရေး တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက် အမှုထမ်းသည့်အခါ ထိုအကျင့်သည် ပို၍ခိုင်မာ လာခဲ့ရ၏။
ဒင်နီယယ်အဖို့ အရုဏ်ဦးသည် မက်မောစဖွယ်ကောင်းသည့် အချိန် တစ်ချိန် ဖြစ်သည်။ အထူးသဖြင့် ဤတောင်ကြားအတွင်း၌ နေခဲ့ရစဉ်က ပို၍ပင် တမြတ်တနိုး ဖြစ်ခဲ့သည်။
ထိုစဉ်က သူသည် အိပ်ရာမှ နိုးသည်နှင့် တစ်ပြိုင်နက် ကပျာကယာ ထ၍ ဖိနပ်များ စီးလေ့ရှိသည်။ သူနှင့် သူ့လူများသည် တစ်နေ့လုံး နေပူဒဏ် ခံထားရသည့် မြေပြင်ပေါ်၌ အဝတ်အစားပင် မလဲတော့ဘဲ အိပ်ခဲ့ကြရခြင်း ဖြစ်သည်။ သူတို့စခန်းချသည့်နေရာ၌ မီးဖိုထားသော်လည်း ညပိုင်းတွင် မနီး မဝေးမှ ဖြတ်သွားဖြတ်လာ လုပ်တတ်သည့် ခြင်္သေ့များ၏ ရန်မှ အကာအကွယ် ရရန် ကြိုတင်ပြင်ဆင်မှုများပင် မလုပ်နိုင်ကြ။
ဒင်နီယယ်သည် သူ့ဖိနပ်ကို စီးကာ မီးဖိုပတ်လည်၌ ဝိုင်းအိပ်နေကြ သည့် သူ့အဖော်များကြားမှ အသံမကြားအောင်ထလာသည်။ နှင်းသီးနှင်းဥများ
| 87.889627 |
Elephant Trader
|
Mg Htun Thu
|
10356
| 9 |
________________
"
၂
www.burmeseclassic.com
မောင်ထွန်းသူ တွဲလွဲခိုနေကြသည့် မြက်ပင်ကြီးများကြားမှ တိုးဝှေ့ဖြတ်သန်းလာသည်။ ချောက်ကမ်းပါးထိပ်ရှိ တောင်ကတုံးတစ်ခုပေါ် တက်ထိုင်ကာ အရုဏ်လာနေ သည်ကို စောင့်ကြည့်သည်။
အရှေ့ဘက်ကောင်းကင်တွင် အရုဏ်သည် မသိမသာတက်လာ နေသည်။ မြစ်ပြင်၏ အထက်ဘက်ရှိ ကောင်းကင်မှ တိမ်များအား ပန်းရောင်နှင့် ပြာမှိုင်းမှိုင်းအရောင်များဖြင့် ဆေးပန်းချီခြယ်လျက် ရှိသည်။
ဇမ်ဘီဇီ မြစ်ရေပြင်ထက်တွင် မြူများသည် တရွေ့ရွေ့ မျောနေကြ သည်။ ဝမ်းဘဲအုပ်များသည် အရောင်ဖြူဖျော့ဖျော့ကောင်းကင်ကို နောက်ခံ ပြုကာ လှပစွာ ပျံသန်းသွားနေကြသည်။
မနီးမဝေးမှ ခြင်္သေ့ဟောက်သံ တစ်သံ၊ ကျယ်လောင်စွာ ထွက်ပေါ်လာ ခြင်းဖြစ်၍ ဒင်နီယယ့်တစ်ကိုယ်လုံး တုန်သွားသည်။ ယင်းကဲ့သို့သော ဟောက်သံ မျိုးကို ကြားခဲ့ဖူးသည်မှာ အကြိမ်ပေါင်းမရေမတွက်နိုင်တော့။
သို့သော်လည်း ဒင်နီယယ်သည် ကြားတိုင်း လန့်ဖျပ်သွားတတ်သည်။ သည်းထိတ်ရင်ဖိုဖြစ်ရသည့် အသံမျိုးဖြစ်၍ ကြားရတိုင်း ရင်ထဲတွင် သိမ့်ခနဲ ဖြစ်သွားသည်မှာ အရသာတစ်မျိုး ဖြစ်နေသည်။
ဤကမ္ဘာလောကတွင် ဤအသံလောက် နားထောင်လို့ ကောင်းသည့် အသံ ရှိလိမ့်မည်မထင်။ သူ့အဖို့တော့ ဤအသံသည် ‘အာဖရိက၏ စစ်မှန် သော အသံ” ဟု ထင်သည်။ ထို့နောက် မြစ်ကမ်းပါးရှိ ရွှံ့နွံများတစ်လျှောက် လျှောက်သွားနေသော အရိပ်မည်းမည်းကြီးကို မြင်ရသည်။
လူကို အန္တရာယ်ကောင်းကောင်းပေးနိုင်သည့် ကျားသစ်ပေတည်း။ ကျားသစ်သည် ဦးခေါင်းကို ခပ်စိုက်စိုက်လုပ်၍ လျှောက်သွားနေခြင်း ဖြစ်၏။ ဟနေသော ပါးစပ်ထဲမှ အစွယ်များကိုပင် မြင်နေရ၏။ သူ စောင့်ကြည့်နေခိုက်မှာ ပင် ကျားသစ်သည် မြစ်ကမ်းပါးဘေး ထူထပ်သော ချုံပုတ်ကြီးများအတွင်းသို့ တိုးဝင်ကွယ်ပျောက်သွားသည်။ ထိုအခါကျမှပင် သူသည်သက်ပြင်းကို ချကာ ကျားသစ်က ပေးခဲ့သည့် သာယာမှုကို တနုံ့နုံ့ပြန်၍ ခံစားရသည်။
သူ့ နောက်မှ ထွက်လာသည့် အသံကြောင့် ဖျတ်ခနဲ လှည့်ကြည့်သည်။ ဂျွန်နီအင်ဇော၏ လက်တစ်ဖက်သည် သူ့ပခုံးပေါ် ရောက်လာသည်။ ပြီးတော့ သူ့ဘေးတွင် ထိုင်ချလိုက်သည်။ ဂျွန်နီသည် စီးကရက် တစ်လိပ်ကို မီးညှိသည်။ အရုဏ်၏အလှတွင် နစ်မျောနေသော ဒင်နီယယ်သည် ဂျွန်နီ အား စကားမပြော
နိုင်သေး။
BURMESE CLASSIC
ဆင်ကုန်သည်
နှစ်ယောက်သား ဟိုအရင်က ပုံစံအတိုင်း ငြိမ်သက်စွာထိုင်၍ လျင်မြန် စွာ တက်လာနေသော အရုဏ်ကို ကြည့်နေကြသည်။ နေသည် ဖြည်းဖြည်းချင်း တက်လာသည်။ ထို့နောက်ပတ်ဝန်းကျင်တွင် အရောင်များ ပြောင်းလာသည်။ “လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က လမ်းပြတွေ ရောက်လာကြတယ်၊ သူတို့ ဆင်တစ်အုပ် တွေ့ ခဲ့တယ်လို့ ပြောတယ်” ဟု ဂျွန်နီက ပြောသည်။ ဒင်နီယယ်က ဖျတ်ခနဲ လှည့်ကြည့်သည်။ “ဘယ်လောက်များသတဲ့လဲ” ဟု မေးသည်။
“ငါးဆယ်လောက် ရှိတယ်တဲ့၊ သူတို့ကို ထုံးစံအတိုင်း လုပ်လို့ကတော့ လွယ်မယ် မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တောင်အပူရှိန်နဲ့ဆိုရင် အသားနဲ့ အရေတွေက အပုပ်မြန်လိမ့်မယ်"
“ဒီအပိုင်းကိုကော ခင်ဗျား ရိုက်ယူမယ်လို့ စိတ်ကူးသလား” ဒင်နီယယ်ကခေါင်းညိတ်သည်။
“ငါသေသေချာချာ စဉ်းစားပြီးပြီ၊ ဒီအပိုင်းကို ဖုံးထားရင် မရိုးသားရာ ကျသွားလိမ့်မယ်၊ လူတွေက အသားကို စားတယ်၊ အရေကို ဝတ်တယ်၊ ဒါပေမဲ့ - သားသတ်ရုံထဲက မြင်ကွင်းကျတော့ ကြည့်ချင်စိတ် မရှိကြဘူး အဲဒီတော့ ဖြစ်ပါ့ မလား၊ ဘာပဲဖြစ်ဖြစ် လူတွေမှာ သိပိုင်ခွင့်တော့ ရှိနေတယ်မဟုတ်လား၊ ကဲ...လာ၊ အလုပ်စကြစို့ ”
ပြောပြောဆိုဆို ဒင်နီယယ်က.ထရပ်သည်။ နှစ်ယောက်သား ထရပ် ကားများ ရပ်ထားသည့် နေရာသို့ ပြန်လျှောက်လာကြသည်။ စခန်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ။
မီးဖိုပေါ်တွင် တင်၍ နှပ်ထားသည့် ကော်ဖီအိုးဆီမှ အနံ့သည် သင်းပျံ့ လျက် ရှိသည်။ သစ်တောထိန်းများသည် စောင်များကို လိပ်၍ အိပ်ရာများကို သိမ်းကာ သေနတ်များကို စစ်ဆေးနေကြသည်။ တောထိန်းများမှာ အားလုံး လေးယောက် ဖြစ်သည်။ နှစ်ယောက်က လူမည်း၊ နှစ်ယောက်က လူဖြူ။ အသက် နှစ်ဆယ်ကျော်အရွယ်များ ဖြစ်၏။ အားလုံးဘေးမဲ့ သစ်တောဌာန၏ ကာကီ ရောင် ယူနီဖောင်းများ ဝတ်ထားကြသည်။
seclassic.com
အားလုံးသည် လူဖြူလူမည်းဟူသော ခွဲခြားမှုကို မမြင်။ ရဲဘော်ရဲဘက် စိတ် အပြည့်ဖြင့် ပျော်ပျော်ရွှင်ရွှင် တရင်းတနှီး ရှိကြသည်။
တစ်ချိန်က လူဖြူ လူမည်းစစ်ပွဲများ ခင်းခဲ့ကြသော်လည်း တွင်မူ ဤမုန်းတီးမူသည် အနည်းငယ်မျှသာ ကျန်တော့သည်။
| 88.643068 |
Elephant Trader
|
Mg Htun Thu
|
10356
| 10 |
________________
www.burmeseclassic.com
JJ
မောင်ထွန်းသူ
ကင်မရာမင်းဂျော့ခ်သည် သူ့ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်လျက် ရှိလေပြီ။ ရှေးဦးစွာ စခန်းတွင်းရှိ လူအားလုံး၏ လှုပ်ရှားမှုများကို ထောင့်စေ့ အောင် ရိုက်ယူသည်။
ထို့နောက်တော့ ဒင်နီယယ်နှင့် ဂျော့ခ်တို့၏ ဆွေးနွေးမေးမြန်းနေကြ
သည့် မြင်ကွင်း..
“ကျွန်တော်တို့ အခု စခန်းချနေကြတဲ့ နေရာဟာ ဇင်ဘီဇီမြစ်ကမ်း ပါးနော်၊ အခုမှ နေထွက်စပဲ ရှိသေးတယ်၊ ခင်ဗျားရဲ့ လမ်းပြတွေက ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ ကောင်ရေ ငါးဆယ်လောက်ရှိမယ့် ဆင်အုပ်တစ်အုပ် တွေ့ ခဲ့ရတယ်လို့ သတင်းပို့သွားပြီ မဟုတ်လား” ဟု ဒင်နီယယ်က စပြောသည်။ ဂျွန်နီက ခေါင်းညိတ်သည်။
“ခင်ဗျား ကျွန်တော့်ကို ပြောပြခဲ့တယ်၊ ချင်ဝီဝီ ဘေးမဲ့သစ်တောစခန်း အနေနဲ့ ဒီလောက်အရေအတွက် ရှိနေတဲ့ ဆင်တွေကို လုံလောက်အောင် ကျွေးမွေး နိုင်မှာ မဟုတ်ဘူးတဲ့၊ ဒီနှစ်တစ်နှစ် အတွင်းမှာတင်ပဲ ဒီဘေးမဲ့သစ်တောထဲက ဆင်ကောင်ရေ အနည်းဆုံး တစ်ထောင်လောက်ကို ဖယ်ရှားပစ်မှ ဖြစ်မယ်တဲ့၊ ဒီလိုလုပ်ရတာဟာ ပတ်ဝန်းကျင်ကောင်းဖို့ တစ်ခုတည်းအတွက်သာ မဟုတ်ဘူး၊ ကျန်ရှိနေတဲ့ ဆင်အိုတွေ အသက်ရှင်ရေးအတွက် လုပ်ရတာပါလို့ ပြောခဲ့တယ်၊ ဒါဆိုရင် ခင်ဗျားတို့အနေနဲ့ ဘယ်လိုနည်းတွေနဲ့ ဖယ်ရှားမယ်လို့ စိတ်ကူးထားပါ သလဲ*
“ကျွန်တော်တို့ အနေနဲ့ မသင့်တော်တဲ့ အကောင်တွေကို ရှင်းပစ်ရမှာ ပါ” ဟု ဂျွန်နီက ဖြေသည်။
လာက
“ရှင်းပစ်ရမယ်ဆိုတဲ့ စကားဟာ သတ်ပစ်မယ်လို့ ပြောတာပဲ မဟုတ်
“ဟုတ်ပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ တောထိန်းတွေက ပစ်
သတ်ရမှာပါ”
“ဒီနေ့ကော ဆင်တစ်အုပ်လုံးကို သတ်မှာလား၊ ကောင်ရေ ငါးဆယ်ပဲ သတ်မှာလား”
“တစ်အုပ်လုံးကို ရှင်းရမှာပါ”
“ဆင်ပေါက်စတွေနဲ့ ကိုယ်ဝန်ရှိနေတဲ့ ဆင်မတွေကျတော့ ဘယ်လို လုပ်မှာလဲ၊ တစ်ကောင်ကလေမှ ချန်မထားတော့ဘူးလား”
ဆင်ကုန်သည်
“အားလုံးကို ရှင်းပစ်ရမှာပါ”
၂၃
“ဒါပေမဲ့ ဒီလိုရှိတယ်လေ သူတို့ကိုမေ့ဆေးသေနတ်တွေနဲ့ ပစ်ပြီးဖမ်း၊ ပြီးတော့ တခြားတစ်နေရာကိုပို့ပစ်၊ အဲသလိုကော မဖြစ်နိုင်ဘူးလား"
“ဆင်တစ်ကောင်ရဲ့အရွယ်ပမာဏကို ကြည့်ပြီး လုပ်ရတဲ့ကိစ္စဆိုတော့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံရပါတယ်၊ ဆင်ထီးကြီး တစ် ကောင်ရဲ့ အလေးချိန်ဟာ အနည်းဆုံး ခြောက်တန်အထိ လေးပါတယ်၊ ဆင် မတစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်ဟာ လေးတန်ပတ်ဝန်းကျင်မှာ ရှိပါတယ်”
ဂျွန်နီက စကားဖြတ်ကာ စခန်းပတ်ဝန်းကျင် တစ်နေရာမှ မြင့်မား သော တောင်တန်းကြီးများ၊ ကျောက်တုံးကျောက်ခဲများ ထူထပ်သည့် တောင် ကုန်းငယ်များနှင့် သစ်တောများကို ညွှန်ပြသည်။
“ကျွန့်တော်တို့မှာ ဆင်တွေကို တင်နိုင်မယ့် အထူးစီမံထားတဲ့ ထရပ် ကားကြီးတွေ လိုမယ်၊ သူတို့ကို သယ်ထုတ်သွားဖို့ လမ်းတွေဖောက်ရမယ်”
“တကယ်လို့ အဲဒီနှစ်ခုကိုလုပ်နိုင်တယ် ဆိုရင်တောင်မှ သူတို့ကို ဘယ်သွားပို့ရမလဲ၊ ဇင်ဘာဘွေနိုင်ငံမှာ ဆင်ကောင်ရေ နှစ်သောင်းနီးပါးလောက် ပိုနေကယ်ဆိုတာ ကျွန်တော် ခင်ဗျားကို ပြောခဲ့ပြီးပြီ၊ သူတို့ကို ဘယ်နေရာ ပို့ကြမလဲ၊ သူတို့အတွက် နေရာမရှိတာ အမှန်ပဲ...”
“မြောက်ပိုင်းမှာ ရှိနေတဲ့ ကင်ညာနိုင်ငံနဲ့ ဇမ်ဘီယာနိုင်ငံတွေမှာကတော့ သူတို့ ဆင်အုပ်တွေကို ခိုးပစ် ခိုးသတ်တာ လက်ပိုက်ကြည့်နေကြတယ်၊ မသင့် တော်တဲ့ ထိန်းသိမ်း စောင့် ရှောက်ရေး မူဝါဒတွေ ချထားတယ်... အဲဒီနည်းနဲ့ ဆင်အုပ်တွေ ပြုတ်သွားအောင် လုပ်ထားကြတယ်၊ ခင်ဗျားတို့နိုင်ငံက အဲဒီနိုင်ငံ တွေလို မဟုတ်ဘူး၊ အင်မတန် ကောင်းမွန်တဲ့စနစ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေး နေတယ်လို့ အများက ယုံကြည်နေကြတယ်..ဒါပေမဲ့ အခုကျတော့ ခင်ဗျားတို့က အလဟဿဖြစ်သွားအောင်လုပ်ပြီး ဖျက်ဆီးပစ်နေကြတယ်၊ ဒါဆိုရင်..”
“မဟုတ်ဘူးဒေါက်တာ၊ ကျွန်တော်တို့ အလဟဿ ပြုန်းတီးသွား အောင် လုပ်တဲ့သဘော မဟုတ်ပါဘူး၊ သူတို့ရဲ့ အစွယ်၊ သားရေနဲ့ အသားကို ရောင်းရင် ဈေးကောင်းရနိုင်ပါတယ်...ရောင်းလို ့ရလာတဲ့ ငွေကို အမျိုးသား သစ်တောများ ထိန်းသိမ်းရေးလုပ်ငန်းအတွက်ပဲ သုံးတာဆိုတော့ သက်ရောက်မှုဟာ ရှိတာပါပဲ”
“ဒါပေမဲ့ ဆင်အမေကြီးတွေနဲ့ သားသမီးတွေကို သက် မသင့်ဘူးလို့ထင်တယ်” ဟု ဒင်နီယယ်က ဇွတ်ပြောသည်။
ကတော့
| 88.573193 |
Elephant Trader
|
Mg Htun Thu
|
10356
| 11 |
________________
၂၄
သည်။
www.burmeseclassic.com ။ ဆင်ကုန်သည်
မောင်ထွန်းသူ “ဒါကတော့ ဒေါက်တာ အယူအဆလွဲနေတာပါ”ဟု ဂျွန်နီက ပြန်ပြော
“ဒေါက်တာက ဆင်အမေတွေနဲ့ သားသမီးတွေ” ဆိုတဲ့ စကားလုံးတွေ ကို ခံစားမှုနဲ့ သုံးလိုက်တာကိုး၊ ကျွန်တော်တို့ကတော့ ဆင်မတွေနဲ့ ဆင်ပေါက်စ တွေ” လို့ပဲ တွက်ထားကြရပါတယ်...ဆင်မတစ်ကောင်ဟာလည်း ဆင်ထီး တစ်ကောင် စားသလောက် စားတာပါပဲ၊ နေမှုထိုင်မှုအတွက် လိုအပ်တဲ့ နေရာ အကျယ်အဝန်းကျတော့လည်း ဆင်ထီးတစ်ကောင် နေရာယူသလောက်ပဲ ယူတာပါ...ပြီးတော့ ဆင်ပေါက်စတွေကလည်း အလွန် အကြီးမြန်ပါတယ်၊ နှစ် အနည်းငယ်အတွင်းမှာပဲ ဆင်ကြီးတွေ ဖြစ်လာကြတာပါ "
"ဒါဆိုရင် ခင်ဗျားရင်ထဲမှာ ဒီကိစ္စအတွက် ဘာခံစားမှုမှ...” “နေဦးလေ” ဟု ဒင်နီယယ် စကားမဆုံးမီ ဂျွန်နီက တားသည်း၊ “ကျွန်တော် ပြောတာ မဆုံးသေးဘူး၊ စောစောက ပြောတာထက် အရေးကြီးတဲ့ အချက်တစ်ချက် ရှိနေပါသေးတယ်” ဟု ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ဆင်တစ်အုပ်လုံး မရှင်းလို့ မဖြစ်ပါဘူး၊ အသက်ရှင်ပြီး ကျန်ခဲ့တဲ့ အကောင်ဆိုလို့ တစ်ကောင်တစ်မြီးမှ ထားခဲ့လို့ မဖြစ်ပါ ဘူး
ဂျွန်နီသည် စကားကို ခဏမျှဖြတ်၍ ရပ်ကာ ဒင်နီယယ်ကို တစ်ချက် လှမ်းကြည့်သည်။
“ဆင်မိသားစုနဲ့ ဖွဲ့စည်းမှုဟာ အင်မတန်မှ ရှုပ်ထွေးတယ်ဆိုတာ ဒေါက်တာလည်း အသိပါ၊ ဆင်တစ်အုပ်လုံးမှာ ရှိသမျှဆင်တွေဟာ သွေးစပ်နေ တဲ့ ဆွေမျိုးတွေချည်းပဲဆိုတာ မေ့ထားလို့ မရပါဘူး...ဆင်အုပ်တစ်အုပ်ထဲမှာ အလွန်မြင့်မားတိုးတက်တဲ့ ဆက်ဆံရေး အဆောက်အအုံ တည်ရှိနေပါတယ်၊ ဆင်ဟာ အလွန်ဉာဏ်ကောင်းပြီး သိပ်ကို အကင်းပါးတဲ့ သတ္တဝါပါ...ကြောင်၊ ခွေးနဲ့ ဝေလငါးစတဲ့ သတ္တဝါတွေထက်ပိုပြီး အကင်းပါးတဲ့ သတ္တဝါပါ၊ သူတို့က သိလည်းသိတယ်၊ နားလည်တဲ့ နေရာမှာလည်း အလွန့်ကို နားလည်ပါတယ်၊ ဒီတော့ကာ,
သူသည် စကားကို ရုတ်တရက် မဆက်သေးဘဲ ရပ်ထားပြန်သည်။ ဒင်နီယယ်က သူ့မျက်နှာကို စိတ်ဝင်တစားကြည့်နေသည်။
ဒင်နီယယ်၏ မျက်နှာသည် ဂျွန်နီအပေါ် အံ့သြလေးစားသည့် အရိပ် လက္ခဏာများ ဖော်ပြလျက် ရှိလေသည်။
?
“တကယ်လို့ ကျွန်တော်တို့က ဆင်တစ်အုပ်လုံးကို မရှင်းပစ်ဘဲ ချန် တဲ့အကောင်ကို ချန်ထားလိုက်မယ် ဆိုပါတော့၊ ကျန်ခဲ့တဲ့ အကောင်တွေက သူတို့ ရဲ့ ထိတ်လန့်ကြောက်ရွံ့မှုနဲ့ အတွေ့အကြုံတွေကို ဒီသစ်တောထဲက အခြားဆင် အုပ်တွေဆီ ရောက်သွားအောင် လုပ်ကြတယ်၊ စစ်ကြီးပြီးစက ဝမ်ကီးသစ်တော ထဲမှာ ဆင်တွေကို ရှင်းလင်းခဲ့ဖူးပါတယ်၊ အဲဒီတုန်းက ဒီအတွေ့အကြုံမျိုးကို ကျွန်တော် ရခဲ့ဖူးပါတယ်၊ ဘယ်လို ဖြစ်ကုန်သလဲဆိုရင် ဆင်တွေရဲ့ အချင်းချင်း ဆက်ဆံမှုအားလုံးဟာ ပျက်ပြားကုန်တယ်၊ ဆင်အုပ်တွေထဲမှာ နေရာပြောင်းရွှေ့ နေထိုင်မှုစနစ်တွေ၊ အဆင့် ခွဲခြားသတ်မှတ်မှုတွေ၊ စည်းကမ်းလိုက်နာမှုတွေ အားလုံး ပြောင်းလဲကုန်ပါတယ်၊ 'မိတ်လိုက်မှုနဲ့ သားမွေးမှုတွေမှာတောင် တစ်မျိုးတစ်ဖုံ ဖြစ်ကုန်တာ ကြုံခဲ့ကြရပါတယ်၊ အဲဒီတော့...
ဂျွန်နီသည် ခေါင်းကိုခါသည်။ ဒင်နီယယ်အား ကြည့်သည်။ “အဲဒီတော့ တစ်ကြိမ်ရှင်းရင် ဆင်တစ်အုပ်လုံးကို မရှင်းလို့ လုံးဝမဖြစ် ပါဘူး” ဟု ပြောကာ စကားကို အဆုံးသတ်သည်။
သူသည် စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ကောင်းကင်ဆီသို့ မော့ကြည့်သည်။ အုပ်မိုးလျက်ရှိသော တိမ်တောင် တိမ်လိပ် ကြီးများ၏ အခြားတစ်ဖက်ဆီမှ တပီပီအသံ ကြားရသည်။ လေယာဉ်ပျံသံပေတည်း
“ဆင်အုပ်ရှာမယ့် လေယာဉ်ပျံတော့ လာနေပြီ” ဟု ဂျွန်နီက ပြောကာ ရေဒီယိုကြေးနန်းမှ စကားပြောရွက်ကို လှမ်းယူလိုက်သည်။
“မင်္ဂလာနံနက်ပါ ဆိုင်ရာရာမိုက်ခ်၊ ကျွန်တော်တို့ လက်ရှိစခန်းရဲ့ တောင်ဘက် လေးမိုင်လောက်အကွာမှာ ရှာကြည့်ပါ၊ ကျွန်တော်တို့ စခန်းနေရာ ကို သိနိုင်ဖို့အတွက် အဝါရောင်မီးကျည်ပြမယ်”
ဂျွန်နိက လက်ထောက် တောထိန်းတစ်ယောက်အား ခေါင်းဆတ်ပြ သည်။ တောထိန်းက ချက်ချင်းပင် မီးကျည်တစ်လုံး ပစ်တင်သည်။ အဝါ ရောင်မီးကျည်သည် သစ်ပင်ထိပ်ဖျားများကြားမှ ကောင်းကင်ဆီသို ့ ထိုးတက် သွားသည်။
“ရိုဂျာ..မီးကျည်ကို တွေ့ပြီ၊ ပစ်မှတ်နေရာကို ညွှန်ပါ”
‘ပစ်မှတ်’ဟူသော အသုံးအနှုန်းကို မနှစ်သက်သော plassic.com
ထားသည် ပြောင်းသွားသည်။ မျက်မှောင်ကို ကုတ်၍ ပြန်ဖြေသည်။
www.
မျက်နှာ
| 88.084975 |
Elephant Trader
|
Mg Htun Thu
|
10356
| 12 |
________________
၂၆
www.burmeseclassic.com
မောင်ထွန်းသူ
“မနေ့က နောင်ချိန်မှာ ဆင်အုပ်ဟာ မြောက်အရပ်မှာ ရှိနေတဲ့ မြစ်ဘက်ကို ရွေ့လျားသွားနေတယ်၊ ဒီစခန်းနဲ့ဆိုရင် အရှေ့တောင်ဘက် ငါးမိုင် အကွာမှာ ရှိတယ်၊ အရေအတွက်က ငါးဆယ်ကျော်မယ်လို့ ယူဆရတယ်” “ကျေးဇူးတင်တယ်၊ ဆင်အုပ်ကို တွေ့ ရင် ပြန်ခေါ်မယ်”
လေယာဉ်သည် အရှေ့စူးစူးသို့ ဦးတည်၍ ပျံသန်းသွားသည်။ လေယာဉ်သည် အင်ဂျင်တစ်လုံးတပ် ဆက်စ်နာ အမျိုးအစား ဖြစ်သည်။ နောက်ဆယ့်ငါးမိနစ်အကြာတွင် ရေဒီယိုစကားပြောစက်ဆီမှ အသံ တစ်သံ ပြန်ပေါ်လာသည်။
“ဟယ်လို...ကျွန်တော် ဆင်အုပ်ကိုတွေ့ပြီ၊ ကောင်ရေငါးဆယ်ကျော် တယ်၊ ခင်ဗျားတို့ စခန်းနဲ့ ရှစ်မိုင်အကွာမှာ ရောက်နေတယ်”
ဆင်ကုန်သည်
၂၇
***
ဆင်အုပ်သည် အနိမ့်ပိုင်းတောင်ကုန်းငယ်များကြားမှ ဖြတ်၍စီးသွားသည့် ရေခန်း နေသော မြစ်ကမ်းပါးတစ်ဖက်တစ်ချက်တွင် ဖြန့်ကြက်စားနေကြသည်။ ဤနေရာတစ်ဝိုက်တွင် သစ်တောများသည် ပို၍စိမ်းလန်းစိုပြည်ကြသည်။
ပို၍ သန်စွမ်းကြံ့ခိုင်သော အကိုင်းအခက် အရွက်အလက်များ ရှိကြရုံမျှ မက မြေပြင်အထက် ပေခြောက်ဆယ်ကျော်အထိ မြင့်မားကြသည်။
ဆင်မကြီးနှစ်ကောင်သည် အကိုင်းအခက် အရွက်အလက်များ ညွတ် ကျနေသည့် သစ်ပင်ကြီး တစ်ပင်ဆီသို့ သွားနေသည်။ ဤနှစ်ကောင်သည် ဆင်အုပ်၏ ခေါင်းဆောင်များ ဖြစ်၏။ ဤဆင်အုပ်သည် အမ အုပ်ချုပ်သော ဆင်အုပ်'ပေတည်း။
ဆင်မကြီးနှစ်ကောင်သည် အသက် ခုနစ်ဆယ်ကျော်ပြီး နားရွက်များ သည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေသည်။ မျက်လုံးများမှလည်း မျက်ရည်စ များ ထွက်လျက်ရှိ၏။ နှစ်ကောင်စလုံး အိုမင်းရင့်ရော်မူကြောင့် ပိန်ချုံးနေကြ သည်။
သူတို့နှစ်ကောင် အတူတွဲလာခဲ့ကြသည်မှာ နှစ်ပေါင်းငါးဆယ်ကျော် ခဲ့ပြီ၊ အမေတစ်ဦးတည်းမှ ပေါက်ဖွားလာကြသည့် ဖအေကွဲညီအစ်မဖြစ်၍ အကြီးမသည် သူ့ညီမ မွေးဖွားလာသည့် အချိန်တွင် နို့ဖြတ်ခဲ့ရပြီး
လူတို့တွင် အစ်မကြီး အမိအရာဟူသော အcom)
ထိန်းကျောင်းခဲ့ရသည်။
ထိန်းသိမ်းစောင့်ရှောက်သလို တယုတယချစ်ချစ်ခင်ခင် စောင့်ရှောက်ပေးခဲ့ခြင်း
| 87.975078 |
Elephant Trader
|
Mg Htun Thu
|
10356
| 13 |
________________
၂၈
www.burmeseclassic.com
မောင်ထွန်းသူ
ဖြစ်၏။ သူတို့သည် နှစ်ပေါင်းများစွာ အတူတွဲ၍ ဘဝတစ်ခုတွင် ကျင်လည်ခဲ့ရ ခြင်း ဖြစ်၏။
အတွေ့အကြုံကလည်း များလှပြီ။ မိဘမျိုးရိုးမှ ရရှိလာသော ပင်ကိုယ် ဉာဏ်နှင့် အတွေ့အကြုံများ ပေါင်းစပ်မိထားသဖြင့် ဆင်တစ်အုပ်ကို ကောင်းစွာ ထိန်းနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံနေကြသူများ ဖြစ်သည်။
သူတို့သည် မိုးခေါင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် နာဖျားမကျန်း ဖြစ်ခြင်းစသော ဘဝ၏အဆိုးဒဏ်များကိုလည်း အတူတူတွဲ၍ ခံခဲ့ကြရ၏။ မိုးကောင်းခြင်းနှင့် အစာရေစာ ပေါများခြင်းဟူသော ဘဝ၏ သာယာမှုများကို လည်း အတူတူတွဲ၍ ခံစားခဲ့ကြရ၏။
တောင်တန်းကြီးများပေါ်မှ လုံခြုံသော ပုန်းအောင်းစရာ နေရာများနှင့် သဲကန္တာရအတွင်းမှ ရေရရှိသော နေရာများကိုလည်း ကောင်းကောင်းသိခဲ့ကြ သည်။ မုဆိုးများ ဘယ်လိုနေရာ၌ ပုန်းအောင်းနေတတ်သည်ကိုလည်း ကောင်းစွာ သိကြသည်။ သူတို့နှစ်ကောင်နှင့် ဆင်အုပ်တစ်အုပ်လုံး ဘယ်လိုနေရာမျိုး၌ ခိုအောင်းနေလျှင် လုံခြုံမှုရှိမည်ဟူသော အချက်ကိုလည်း ကောင်းစွာ သိနားလည် ကြသည်။
သူတို့သည် တစ်ကောင်မွေးလျှင် တစ်ကောင်က လက်သည်လုပ်ရ သည်။ သူတို့ မွေးဖွားချိန်တွင် ဆင်အုပ်ကို သူတို့နှင့်ဝေးရာသို့ သွားခွင့်မပြု။ ဆင်အုပ်သည် သူတို့မီးဖွားချိန်တွင် အကာအကွယ်ပေးနိုင်သည့် ခံတပ် ကြီးတစ်ခု မဟုတ်ပါလော။
သူတို့သည် မွေးဖွားလာသည့် ဆင်ကလေးမှ ချက်ကြိုးကို နှစ်ကောင် တွဲ၍ ဖြတ်ကြသည်။ ဆင်ကလေးများကို လိုက်နာရမည့် စည်းကမ်းများကိုလည်း နှစ်ကောင်စလုံးက ချမှတ်ပေးကြသည်။ လိုအပ်ချက်များကို ညွှန်ကြားရာ၌လည်း နှစ်ကောင်စလုံးကပင် တာဝန်ယူကြသည်။ ဆင်ကလေးများ အရွယ်ရောက်ကာ ရင့်ကျက်လာချိန်အထိ နှစ်ကောင်စလုံးက တာဝန်ယူ၍ ထိန်းကျောင်းပေးကြ သည်။
ယခုအခါတွင်မူ သူတို့၏ မွေးဖွားမှုကိစ္စများသည် ကုန်ဆုံးသွားခဲ့ပြီ ထိုတာဝန်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။ သို့သော်လည်း ဆင်တစ်အုပ်လုံး ၏ လုံခြုံရေးသည် သူတို့ တာဝန်ဖြစ်နေဆဲ။ သူတို့အမြဲတစေ အဓိကထားနေရ သည့် တာဝန်ကြီးတစ်ရပ် ဖြစ်နေဆဲ။
' ဆင်ကုန်သည်
Je
မည်သို့ပင်ဖြစ်စေ... ဆင်အုပ်ထဲရှိ ဆင်မငယ်များ၏ မွေးမှုဖွားမှုများကို ကြီးကြပ်ပေးရခြင်း၊ မျိုးဆက်သစ် ဆင်ပေါက်ကလေးများအား စောင့်ရှောက်ပေး ရခြင်း စသည်များသည် သူတို့အဖို့ ပျော်ရွှင်ကြည်နူးစရာ တာပန်များ ဖြစ်၏။ ဆင်ကဲ့သို့ ရိုင်းစိုင်း ကြမ်းတမ်းသည့် သတ္တဝါကြီးများတွင် လူသားများ ကဲ့သို့ ချစ်ခင်မြတ်နိုးစိတ်နှင့် ရိုသေလေးစားမှုများ ရှိနေကြခြင်းသည် အံ့ဩဖွယ် ရာ ကောင်းလှ၏။
သူတို့သည် အချင်းချင်းသွေးရောနေမှုကို ကောင်းစွာသိကြသည်။ သူတို့မျိုးရိုး မတိမ်ကော မပျက်ပြားအောင် နေထိုင်သွားရမည့် အခြေအနေကို နားလည်ကြသည်။ ဆင်အိုမကြီးများက ဆူဆူညံညံ လှုပ်လှုပ်ရှားရှား နေထိုင် တတ်သော ဆင်ငယ်များအား နားရွက်များကို ထောင်၍ ဒေါသပါသောအသံ တစ်သံပေး၍ ငြိမ်ဆိတ်သွားအောင် လုပ်နိုင်ကြသည်။ ယင်းကဲ့သို့သော အပြုအမူ များဖြင့် ဆင်တစ်အုပ်လုံး သူတို့နောက်မှ တိတ်တိတ်ဆိတ်ဆိတ် လိုက်လာအောင် လည်း လုပ်နိုင်စွမ်း ရှိကြသည်။ ယင်းအပြုအမူများကို ကြည့်ခြင်းအားဖြင့် ဆင်အုပ်အပေါ်၌ သူတို့၏သြဇာ မည်မျှလောက် ကြီးမားသက်ရောက်သည်ကို သိကြရသည်။
သူတို့၏ နေထိုင်ဆက်ဆံမှုနှင့် ပတ်သက်၍ အတွင်းကျကျမြင်ဖူးသူ မရှိသလောက် နည်းပါးလှ၏။ အမှန်တော့ ဆင်မကြီးများသည် ဆင်ငယ်များ နှင့် ဆင်ပေါက်ကလေးများကို အလွန်ချစ်ကြသည်။
နှာမောင်းနှင့် အသာအယာ ရိုက်၍ မ၍ ကလူကျီစယ် ပြုတတ်ကြရုံမျှ မက ခက်ခက်ခဲခဲသွားလာရသည့် နေရာများနှင့် မတ်စောက်သော တောင်နံရံ ချောက်ကမ်းပါးစသည့်နေရာများကို ကူးဖြတ်ကြသည့်အခါ နှာမောင်းကြီးများ ဖြင့် မ၍သယ်ယူ ပို့ဆောင်ပေးတတ်ကြသည်။ ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရသည့်အခါများတွင်လည်း ဆင်ငယ်များကို သူတို့နောက်၌ထား၍ နားရွက်ကြီးများကို ဖြန့်၊ နှာမောင်းကြီးများကို လိပ်တင်၍ ရန်သူရှိရာသို့ အပြေး အလွှား ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။
ကိုယ်လုံးကိုယ်ထည် အရွယ်ပမာဏ ကြီးမားသည့် နေရာတွင် ဆင်ထီး ကြီးများက သာသည်။ ဆင်ထီးကြီးများ၏ ခန္ဓာကိုယ်များသည် သူတို့ထက်ပို၍ ကြီးမားကြသည်။ သို့သော်လည်း အကင်းပါးမှု၊ ကောက်ကျစ်စဉ်းလဲမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများတွင် ဆင်ထီးများသည် ဆင်မများကို မမီချေ။
.com
| 90.586146 |
Elephant Trader
|
Mg Htun Thu
|
10356
| 14 |
________________
၃၀
www.burmeseclassic.com
မောင်ထွန်းသူ ဆင်ထီးများ၏ အစွယ်များသည် ရှည်လျားပြီး တုတ်ခိုင်ကြီးမားကြ သည်း တစ်ခါတစ်ရံတွင် အလေးချိန် ပေါင်တစ်ရာကျော်သော ဆင်ထီးအစွယ် များကိုပင် တွေ့ ရတတ်၏။
ယခု ဆင်အုပ်ထဲမှ ဆင်မကြီးနှစ်ကောင်၏ အစွယ်များသည် ကြုံကြို လိုလို ရှိလွန်းလှ၏။ အသက်အရွယ်ကြီးခြင်းနှင့် ဘဝတစ်လျှောက်လုံး အသုံးများ လာခဲ့သည့်အတွက် ပုံပန်းရော အရောင်အဆင်းပါ ပျက်နေကြသည်။
အရေထဲမှ ငေါထွက်နေကြသော အစွယ်များသည် တချို့နေရာတွင် အက်ကြောင်းများပင် ထင်နေကြသည်။ သို့တစေလည်း သူတို့သည် သူတို့ ဦးစီး ဦးဆောင်ပြုနေရသည့် ဆင်အုပ်အပေါ်တွင် များစွာတာဝန်ကျေလျက်ပင် ရှိသည်။
ဆင်ထီးများသည် ဆင်အုပ်နှင့် နေထိုင်ရာ၌ ပေါ့ပေါ့တန်တန် သဘော ရှိသည်။ သူတို့ အသက်ကြီးလာသည့်အခါ မကြာခဏ ဆင်အုပ်နှင့် ကင်းကွာ နေတတ်သည်။ သူတို့ထက် အသက်ငယ်သော ဆင်ထီးနှစ်ကောင်သုံးကောင်နှင့် တွဲကာ လူပျိုအုပ်စုကလေးတစ်ခု ဖွဲ့နေတတ်၏ ။
မုန်ယိုလာ၍ မုန့်နံ့ရလာသည့် အခါကျမှ ဆင်မများထံ ရောက်လာ တတ်သည်၊ မည်သို့ပင်ဖြစ်စေ ဆင်မများကတော့ ဆင်အုပ်နှင့် မခွဲမခွာနေသည်။ ဆင်အုပ်၏ အခြေခံဖြစ်သော ဆက်ဆံရေးအဆောက်အအုံပေါ်တွင် အခိုင်အမာ ရပ်သည်။
ထို့ကြောင့်လည်း ဆင်မများနှင့် ဆင်သားသမီးများသည် သူတို့၏ နေ့စဉ်လိုအပ်ချက်များ ရရှိရေးနှင့် အသက်ရှင်နေရေးအတွက် ဆင်မကြီး နှစ်ကောင်၏ အတွေ့အကြုံများနှင့် အသိဉာဏ်များအပေါ် လုံးဝအမှီပြု၍ နေထိုင် လျက် ရှိကြသည်။
ယခုလည်း ဆင်ညီအစ်မနှစ်ကောင်သည် အကြီးဆုံးသော သစ်ပင်ကြီး ဆီသို့ လျှောက်သွားကာ ပင်စည်ကြီး၏ တစ်ဖက်တစ်ချက်တွင် နေရာယူ လိုက်ကြသည်။ ထို့နောက် သစ်ပင်ကြီး၏ ပင်စည်ကို ဦးခေါင်းနှင့် တိုက်ကြ သည်။
ပင်စည်လုံးပတ်သည် လေးပေကျော်ခန့်ရှိ၍ မြေပြင်မှအထက် ပေ တစ်ရာခန့် အကွာတွင် သစ်ကိုင်းသစ်ရွက်များ အုပ်ဆိုင်းမိုးကာထားသဖြင့် မိုး ကောင်းကင်ကို မမြင်ရ၊ ဆင်အိုမကြီးနှစ်ကောင်သည် သူတို့ခေါင်းများဖြင့် သစ်ပင်ကို အချက်ကျကျတိုက်၍ နှဲပေးနေကြသည်။ ပထမတွင်မူ သစ်ပင်ကြီး
}
ဆင်ကုန်သည်
၃၁
သည် ဆင်ကြီးနှစ်ကောင်၏ ကြီးမားသောအားကို ကြံ့ကြံ့ခံကာ ယှဉ်ပြိုင်အန်တု လျက် ရှိသည်။ဆင်နှစ်ကောင်သည် အားလျှော့ခြင်းမပြု၊ အပြင်းအထန်အားထုတ် ကာ ခေါင်းဖြင့် အဆက်မပြတ် တိုက်လျက်ရှိသည်။
ထိပ်ဖျားမှ သစ်ကိုင်းများသည် ယိမ်းနွဲ့ခါယမ်းနေကြသည်။ တဖြည်း ဖြည်းနှင့် သစ်ပင်ကြီးသည် ဟိုယိမ်းသည်ယိမ်းဖြစ်လာသည်။ အပင်ထိပ်မှ အဘောင့်များသည် ပတ်ပတ်လည်တွင် အစုလိုက်အပြုံလိုက် ကျဆင်းလာကြ သည်။
ဆင်ငယ်များသည် ဆင်မကြီးနှစ်ကောင် လုပ်နေသည့် အလုပ်ကိုသိကြ သည်။ သူတို့သည် နားရွက်များကို တဖျပ်ဖျပ်ခါ၍ အပင်ပေါ်မှ ကျလာသော အတောင့်များကို နှာမောင်းများဖြင့် ကောက်၍ ပါးစပ်တွင်းသို့ သွင်းကြသည်။ ဤသစ်တောင့်များသည် သူတို့ အလွန်နှစ်သက်သည့် အစာတစ်မျိုး မဟုတ်ပါ
လား။
သစ်ပင်ကြီးသည် တစ်ပင်လုံး ပြင်းထန်စွာ လှုပ်ရှားလာကြသည်။ အပင်ထက်မှ အတောင့်များသည် မိုးသီးမိုးပေါက်များ အကျရပ်သွားသည့်အခါ ဆင်မကြီးများသည် သူတို့အလုပ်ကိုရပ်ကာ ဆင်အုပ်နှင့်အတူရော၍ အတောင့် များကို စားကြသည်။ ဆင်အုပ်တစ်အုပ်လုံး ဆင်မကြီးများ၏ ဘေးပတ်ပတ်လည် တွင်ရပ်ကာ အတောင့်များကို မရပ်မနား ကောက်၍ စားကြသည်။
ဆင်အားလုံး၏ နှာမောင်းများသည် ဆန့်လိုက်ကျွေးလိုက်၊ အစာများ ကို ကောက်၍ ပါးစပ်တွင်း သွင်းလိုက်နှင့် ရပ်နားနေသည်မရှိ၊ ထိုအခိုက်တွင် ညင်သာပျော့ပျောင်းသော အသံတစ်သံသည် ထွက်ပေါ်လာနေသည်။
ထိုအသံသည် ဆင်အားလုံး၏ ခန္ဓာကိုယ်များထဲတွင် ပဲ့တင်ထပ်လျက် ရှိသည်ဟု ထင်ရ၏။ အသံသည် စုပေါင်းပြီး ထွက်လာနေသည့်အသံ ဖြစ်သည်။ သံပြိုင်ထွက်လာနေသော အသံဖြစ်၍ ဆင်ပေါက်စများပင်လျှင် ထိုအသံတွင် ပါဝင်နေကြသည်။ ဘဝ၏ သာယာချမ်းမြေ့မှုကို ဖော်ပြနေသော အသံဟုလည်း ပြောနိုင်၏။ ဆင်အုပ်အတွင်းရှိ ဆင်အားလုံး တစ်ကောင်နှင့်တစ်ကောင် ခိုင်မာ သော သံယောဇဉ်ကြိုးဖြင့် ရစ်ပတ်ဖွဲ့နှောင်ထားခြင်းကို ဖော်ပြနေသည့် အသံ လည်း ဖြစ်၏။
တကယ်တော့ ထိုအသံသည် ဆင်တေးသံပေတည်း။ ထိုအခိုက်မှာပင် ` ဆင်အုပ်အား ခြိမ်းခြောက်လိုက်သည့်အသံ တစ်သံကို ဆင်မကြီးတစ်ကောင်က
| 90.295749 |
Elephant Trader
|
Mg Htun Thu
|
10356
| 15 |
________________
၃၂
www.burmeseclassic.com
မောင်ထွန်းသူ
ပထမဆုံး သတိပြုမိသည်။ သူသည် ချက်ချင်းပင် စူးစူးဝါးဝါးအော်၍ ဆင်အုပ် အား သတိပေးသည်။
ဆင်တစ်အုပ်လုံးသည် သူ့အသံကြောင့် ငြိမ်ဆိတ်လျက် ရှိကြသည်။ စောစောက အစာစားရင်း ထွက်ပေါ်လာနေသည့် ရွှင်လန်းမြူးထူးသံသည် ပျောက်သွားသည်။ ထိုအသံ၏နေရာတွင် လေယာဉ်ပျံသံ တဝီဝီ ဝင်ရောက်လာ သည်။ ဆင်မကြီးနှစ်ကောင်သည် လေယာဉ်ပျံသံကို ကောင်းစွာမှတ်မိသည်။ ဤအသံကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက အကြိမ်ပေါင်းများစွာ ကြားခဲ့ရဖူးပြီ မဟုတ်ပါလော။
ထို့ပြင်လည်း သူတို့ ပတ်ဝန်းကျင်တွင် လူသားတို့၏ လှုပ်ရှားမှုများ တစ်နေ့တခြား တိုးတက်များပြားလာနေသည်ကိုလည်း သူတို့ သတိပြုမိခဲ့သည် မှာ ကြာခဲ့ပြီ။ ဤဘေးမဲ့တောအတွင်းရှိ အခြားသော ဆင်အုပ်များက သူတို့တွင် လည်း မိမိတို့ ရင်ဆိုင်နေရသည့် ဘေးအန္တရာယ်မျိုးသည် ရှိနေကြောင်း စိတ် အာရုံချင်း ဆက်သွယ်၍ ပြောပြနေသည့်နှယ် ခံစားနေကြရသည်။
မည်သို့ပင်ဖြစ်စေ လေထဲမှ အသံကိုကြားရပြီးသည့်နောက် ဘာတွေ ဆက်၍ဖြစ်ပေါ်လာတတ်သည်ကို သူတို့ သိနေကြသည်။
ဤအသံများကြားပြီးလျှင် သေနတ်သံများကို ကြားရမည်။ ထို့နောက် ဆင်သွေးများ မြေကျမည်။ ဘေးမဲ့တောအတွင်းရှိ သစ်ပင်များကြားတွင် ဆင် သွေးနံ့များ ပျံ့နှံ့နေမည်။ ထိတ်လန့် ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်းနှင့် သေခြင်း အနံ့များသည် တစ်တောလုံးကို ဖုံးလွှမ်းနေမည်။
ဆင်မကြီး နှစ်ကောင်ထဲမှ တစ်ကောင်သည် နောက်သို့ ဆုတ်ခွာသွား ပြီး ဦးခေါင်းကို ဒေါသတကြီး ခါယမ်းသည်။ နားရွက်များကို တဖျပ်ဖျပ်ခတ် သည်။ သူ၏ နားရွက်ခတ်သံများသည် ကျယ်လောင်လွန်းလှသဖြင့် ပတ်ဝန်း ကျင်တွင် ပဲ့တင်ထပ်နေသည်။ ထို့နောက် ဆင်မကြီးသည် နောက်သို့ ချာခနဲ လှည့်ကာ ဆင်အုပ်ကို ဦးဆောင်ပြီး တအားကုန် ပြေးသည်။
ဆင်အုပ်ထဲမှ အတော်ကြီး အရွယ်ရောက်နေပြီဖြစ်သော ဆင်ထီး နှစ်ကောင်သည် ဆင်အုပ်ထဲမှ ခွဲထွက်ကာ တောအုပ်တွင်းသို့ တိုးဝင်ပျောက် ကွယ်သွားသည်။ သူတို့သည် ဆင်အုပ်နှင့် တွဲနေလျှင် မလုံခြုံဟူသော အသိကို သဘာဝစိတ်အရ သိနေသည်။
ဆင်ကုန်သည်
२२
ထို့ကြောင့်လည်း သီးခြားခွဲထွက်ပြီး ပုန်းအောင်းရန် အားထုတ်ကြခြင်း ဖြစ်၏။ ဆင်မများနှင့် ဆင်ပေါက်စများကတော့ ဆင်မကြီးနှစ်ကောင်နောက်မှ ကပ်၍ ပြေးလိုက်သွားကြသည်။
“ဟယ်လို...မစ္စဟာဂျွန်နီ၊ ဆင်အုပ်ဟာ အင်ဘီလီတောင်ကြားဘက် ဦးတည်ပြီး တောင်စူးစူးကို ပြေးသွားနေကြပြီ"
“ဆိုင်ရာရာမိုက်ခ်၊ ဆင်အုပ်ကို မာနာရေအိုင်ဘက် သွားအောင် ခြောက်ပါ၊ ဒါမှ သူတို့ကို ပိတ်မိမယ်”
ဆင်အိုမကြီးသည် သူ့ဆင်အုပ်အား တောင်ကုန်းများဆီသို့ ဦးတည်၍ ခေါ်ဆောင်သွားသည်။ တောင်ကြားလွင်ပြင်တွင်းမှနေ၍ ကျောက်တုံး ကျောက်ခဲ များ ထူထပ်ရာမြေပြင်ဆီသို့ ရောက်သွားပါက သူတို့နောက်မှ လိုက်နေသူများ အတွက် အခက်အခဲ ရှိသွားမည်ကို သူ နားလည်လေသည်။
သို့သော်လည်း လေယာဉ်ပျံသည် သူ့ရှေ့မှ ဖြတ်သွားသည်။ တောင် ကြားဝင်ပေါက်ဆီသို့ မပြေးနိုင်အောင် တားဆီးခြင်းခံရသည်။
ဆင်မကြီးသည် တုံ့ခနဲရပ်လိုက်ပြီး ကောင်းကင်သို့ မော်ကြည့်သည်။ ငွေရောင် တိမ်လိပ်တိမ်စိုင်များသည် အစုလိုက် အပြုံလိုက်၊ လေယာဉ်ပျံသည် သူ့ဆီသို့ ဦးတည်ပြီး ထိုးဆင်းလာနေသည်။ ဆင်မ ကြီးသည် နားရွက်များကို တအားကုန် ဖြန့်ကာ လေယာဉ်ပျံသံနောက်သို့ လိုက် ကြည့်သည်။
တစ်ခဏအတွင်းမှာပင် လေယာဉ်ကို မြင်သည်။ နံနက်ခင်းနေရောင် အောက်တွင် လေယာဉ်သည် တဝင်းဝင်းတလက်လက် တောက်ပနေသည်။
လေယာဉ်သည် အောက်သို့ ခပ်စိုက်စိုက်ဆင်းကာ သူ့ဆီသို့ ပြေးလာ နေသည်။ သစ်ပင်ထိပ်ဖျားများပေါ်မှ ရှပ်တိုက်၍ ပျံသွားသည်။ အင်ဂျင်သံသည် ဝေါခနဲ မြည်ဟည်းသွားသည်။ ဆင်မကြီးနှစ်ကောင်သည် ပြိုင်တူနောက်သို့ ချာခနဲလှည့်ကာ မြစ်ဘက်သို့ ပြန့်ပြေးသည်။ သူတို့နောက်မှ ဆင်အုပ်သည် တရကြမ်းပြေးလိုက်သည်။ အလိပ်လိပ်ထလာနေသော ဖုန်လုံးကြီးများသည် သစ်ပင်ထိပ်ဖျားများ အပေါ်မှ ကျော်ဖြတ်ကာ ကောင်းကင်သို့ ထိုးတက်နေကြ သည်။
“ဂျွန်နီဆင်အုပ် ခင်ဗျားတို့ဘက်ကို နcom/
လောက်အကွာမှာ ရောက်နေကြပြီ”
ငါးမိုင်
| 89.806288 |
Elephant Trader
|
Mg Htun Thu
|
10356
| 16 |
________________
www.burmeseclassic.com
၃၄
မောင်ထွန်းသူ
1
“ကျေးဇူးပဲ မိုက်ခ်၊ ဆက်ပြီး ခြောက်ပေးပါ၊ ဖြည်းဖြည်းသာသာပဲ လုပ်၊ သိပ်ပြီး လန့်ဖျပ်ကုန်အောင် မလုပ်ပါနဲ့”
“ကောင်းပါပြီ”
ဂျွန်နီအင်ဇောသည် သူ့လူများ ဘက်သို့ လှည့်လိုက်သည်။ “သုတ်သင်ရေး ယူနစ်အားလုံး မာနာရေအိုင်တွေဘက်သွားဖို့ အဆင် သင့်လုပ်ထားကြပါ " ဟု အမိန့်ပေးသည်။
သုတ်သင်ရေးအဖွဲ့များ၏ လင့်ရိုဗာကားလေးစီးသည် မြစ်ဘေးရှိ လမ်းမကြီးတစ်လျှောက်တွင် နေရာယူ၍ ရပ်ထားကြသည်။
ဂျွန်နီအင်ဇောသည် သူ့ လင့်ရို့ဗာကားကို ဘေးသို့ဖွဲတက်လိုက်ပြီး မြက်ပင်ရှည်ကြီးများကြားအတိုင်း ဖြတ်မောင်းသည်။ တခြိမ်းခြိမ်း တချုန်းချုန်း ဆောင့်သံများ ကြားလာရသည်။ လေသည် တဝှီးဝှီး တိုက်ခတ်လျက်ရှိသည်။
ဒင်နီယယ်သည် သူ့ဦးခေါင်းမှဦးထုပ် လေနောက် ပါမသွားစေရန် ဖိကိုင်ထားရာမှ ချွတ်ယူလိုက်ပြီးခေါက်ချိုးကာ ဘောင်းဘီအိတ်ထဲ ထိုးထည့် သည်။ ဂျော့ခ်သည် သူ့ပခုံးထက်မှ ကင်မရာဖြင့် မြင်မြင်သမျှကို မရပ်မနား ရိုက်ယူနေသည်။ လင့်ရိုဗာကားသံကြောင့် စိတ်တွင်အနှောင့်အယှက် ဖြစ်နေ ရသော်လည်း သူ့ တာဝန်ကို အပျက်မခံ။
သူ့ မျက်စိများသည် ခပ်လှမ်းလှမ်းမှ လမ်းကို ဖြတ်ကူးသွားနေကြ သော ဆင်အုပ်ကြီးကို မြင်နေရ၏။ လမ်းကွေ့ တစ်နေရာတွင် ရပ်ထားသည့် လင့်ရိုဗာကားတစ်စီး။
ကားပေါ်တွင် ရိုင်ဖယ်သေနတ်ကိုယ်စီကိုင်၍ ရပ်နေကြသည့် လက် ထောက်တောထိန်းအရာရှိ လေးဦး။
ဂျွန်နီသည် ကားဘရိတ်ကို ဆောင့်ဆွဲကာ လင့်ရိုဗာကို ရပ်လိုက်ပြီး စကားပြောခွက်ကို ဆွဲယူလိုက်သည်။
“ဟယ်လို.....မိုက်ခ်၊ ဆင်အုပ်ရောက်တဲ့နေရာ ကြည့်ပေးပါဦး” “ဆင်အုပ်ဟာ ခင်ဗျားတို့နဲ့ နှစ်မိုင်ကွာလောက်မှာ ရောက်နေပြီ၊ လောင်းပွဲလေးဘက်ကို သွားနေတယ်"
လောင်းဗို့လေးသည် မျက်ခင်းလွင်ပြင် ဖြစ်သည်။ မြစ်နှင့်ဘေးချင်း တိုက်တည်နေသော မိုင်ပေါင်းများစွာကျယ်သည့် ကွင်းပြင်တစ်ခု ဖြစ်သည်။
ဆင်ကုန်သည်
၃၅
မိုးရာသီဆိုလျှင် ရွှံ့နွံများ ထူထပ်၍ အခုလိုနွေရာသီဆိုလျှင် အလွန် အဆင်ပြေသည့် သတ်ကွင်းတစ်ကွင်း' ဖြစ်သည်။
ဤကွင်းကို ယခင်ကလည်း သူတို့ သုံးခဲ့ဖူးသည် မဟုတ်ပါ့လား။ ဂျွန်နီသည် ကားပေါ်မှ ခုန်ဆင်းကာ သူရိုင်ဖယ်သေနတ်ကို ဆွဲယူ သည်။ သူနှင့် သူ့လက်ထောက်အားလုံး ၃၇၅ ရိုင်ဖယ်သေနတ်များ ကိုင်စွဲထားကြ သည်။ သူ့လူများသည် ဤလုပ်ငန်းအတွက် သူကိုယ်တိုင် ရွေး၍ခေါ်လာသည့် လက်ဖြောင့်သေနတ်သမားများဖြစ်၏။
ဤသတ်ဖြတ်မှုသည် လျင်မြန်သွက်လက်ရမည်။ တစ်ချက်တည်းနှင့် သေနိုင်သည့် ပစ်ကွင်းကို ထိရမည်ဟူသော သတ်မှတ်ချက်များ ရှိနေ၏။ အကယ် ၍ ပစ်ပြီဆိုပါက ဦးနှောက်ကို ဖောက်ထွင်းသွားအောင် မပစ်၍ မဖြစ်။ “ကဲ....ငါတို့ သွားကြစို့” ဟု ဂျွန်နီက ပြောသည်။ သူ့လူများအား အထူးတလည် ညွှန်ကြားနေစရာမလို။ ဤအလုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြဖူးသူများချည်း ဖြစ်၏။
သူတို့တွင် သေနတ်နှင့် ကျည်ဆန်ခါးပတ်များမှအပ တခြားဘာပစ္စည်း မှမပါ။ အားလုံးသန်မာတောင့်တင်းပြီး သွက်လက်လျင်မြန်သူများချည်း ဖြစ် သည်။ ဂျွန်နီ ဦးဆောင်သော လူစုသည် ဆင်အုပ်နှင့် ရင်ဆိုင်ရန် အပြေးအလွှား ထွက်သွားကြသည်။
ဒင်နိယယ်သည် ဂျွန်နီအင်ဇော၏နောက်မှ ကပ်၍ လိုက်သည်။ သို့သော်လည်း မီအောင်လိုက်ဖို့ မလွယ်။ ဂျွန်နီတို့ လူစုသည် သစ်ပင်များကြားမှ တိုးဝှေ့ကာ တအားကုန် ပြေးသွားနေကြသည်။
အမဲလိုက်ခွေးများနှင့် တူလှချေသည်။ တစ်ချိန်က သူကိုယ်တိုင်လည်း အခုလို ပြေးခဲ့ဖူးပါ၏။ သို့သော်လည်း အခုမပြေးနိုင်။ စီးထားသည့် ဖိနပ်များက ခဲများဆွဲထားသည့်နှယ် လေးလွန်းလှချေသည်။
သူသည် တစ်ကြိမ်နှစ်ကြိမ်မျှ ခလုတ်တိုက်ကာ မှောက်လျက်လဲသည်။ သူနှင့်ကင်မရာမင်း ဂျော့ခ်တို့သည် အားလုံး၏နောက်တွင် အဝေးကြီး ပြတ်ကျန် ခဲ့ကြသည်။
ဖြန့်၍ နေရာယူကြသည်။ တစ်ယောက်နှင့်တစ်ယောက် ကို ssic.com
သည်။
ဂျွန်နီက သူ့လူများအား လက်ပြ၍ အချက်ပေးသည်။
| 89.10299 |
Elephant Trader
|
Mg Htun Thu
|
10356
| 17 |
________________
www.burmeseclassic.com
၃၉
မြင့်သည်။
မောင်ထွန်းသူ
သူတို့ ရှေ့တွင် လောင်းဗွီလေး မြက်ခင်းလွင်ပြင်။ အကျယ်ကိုက်သုံးရာခန့်ရှိ၍ မြက်ပင်များသည် ခါးလောက်အထိ
သေနတ်သမားများသည် တောအုပ်အစွန်းအထိလျှောက်သွားပြီး ရပ် လိုက်ကြသည်။ လူတန်း၏ အလယ်တည့်တည့်မှ ဂျွန်နီအား လှမ်း၍ကြည့် ကြသည်။ ဂျွန်ကတော့ ဦးခေါင်းကို လည်ပြန်မော့၍ တောအုပ်အပေါ်မှ လေယာဉ် ၏ လှုပ်ရှားမှုကို ကြည့်နေသည်။ လေယာဉ်သည် ခပ်စောင်းစောင်းကွေ့ကာ လှည့်လာလျက် ရှိ၏။ ဂျွန်နီနှင့်ကပ်၍ ရပ်နေသည့် ဒင်နီယယ်နှင့်ဂျော့ခ်တို့မှာ ပြေးလွှားလာခဲ့ကြရသဖြင့် အသက်ပင် မှန်မှန်မရှူနိုင်ကြ။
“ဟိုမှာ မြင်လား” ဟု ဂျွန်နီက တိုးတိုးပြောသည်။
“ဖုန်လုံးကြီးတွေကိုတွေ့လား၊ ဒီကောင်တွေ သွားတာ သိပ်မြန်တယ်” ဂျွန်နီက လက်တစ်ဖက်မြှောက်၍ အချက်ပြလိုက်သည့်အခါ အားလုံး မြက်ခင်းကွင်းပြင်ဆီသို့ တဖြည်းဖြည်းချင်း ရွှေ့သွားကြသည်။ လေသည် သူတို့ မျက်နှာများအား အသာအယာ ထိတွေ့ ပွတ်သပ်လျက် ရှိသည်။ သူတို့အနံကို ဆင်အုပ်ရလိမ့်မည်မဟုတ်။
အမှန်တော့ ဆင်အုပ်သည် ဘေးအန္တရာယ်နှင့်မတိုးမိစေရန် လေကို ဆန့်၍ ပြေးခဲ့ခြင်း ဖြစ်သော်လည်း လေယာဉ်ပျံက လှည့်စားမောင်းထုတ်လိုက် သဖြင့် လေစုန်ဘက် ရောက်သွားကြခြင်းပေတည်း။
ဆင်၏အမြင်သည်စူးရှခြင်း မရှိ။ သူတို့သည် ပုံသဏ္ဌာန်များကို ချက် ချင်းမမြင်၊ အချိန်လွန်နောက်ကျပြီးမှ မြင်ကြသည်။ ဆင်များသည် ဆင်ထား သည့် ထောင်ချောက်အတွင်းသို့ တည့်တည့်မတ်မတ်ကြီး တိုးဝင်နေကြလေပြီ။ ရှေ့ဆုံးမှ ဆင်မကြီးနှစ်ကောင်သည် နားရွက်များကို နောက်ပစ်ကာ ကဆုန်ချ၍ ပြေးလာကြသည်။ ကျန်ဆင်များသည် သူတို့နောက်မှ အမော တကော လိုက်လာနေကြသည်။
ဆင်ပေါက်စများမှာ အဆမတန်မောပန်းကာ ကောင်းစွာမပြေးနိုင် ဖြစ်နေကြပြီ။ သူတို့၏ မိခင်များက သူတို့အား နောက်မှနေ၍ နှာမောင်းများဖြင့် တွန်းပေးနေကြရသည်။
“ဆင်အဘွားကြီး နှစ်ကောင်ကို အလျင်ဆုံးပစ်” ဟု ဂျွန်နီက လေသံ
ဖြင့် ပြောသည်။
ဆင်ကုန်သည်
၃၇
ဤနှစ်ကောင်သည် ခေါင်းဆောင်များဖြစ်၍ သူတို့ကို သိလိုက်လျှင် ဆင်တစ်အုပ်လုံး ဝါးအစည်းပြေသလို ကစဉ့်ကလျားဖြစ်ကာ ဘယ်ဆီသွားရ မှန်းဖြစ်သွားလိမ့်မည်ကို သူသိသည်။ သူ့ အမိန့်သည် သူ့လူ အားလုံးတစ်ဆင့် စကား တစ်ဆင့်နားဖြင့် သိသွားကြသည်။
ခေါင်းဆောင် ဆင်မကြီးများသည် ဂျွန်နီ ရပ်နေသည့်ဘက်သို့ ပြေး လာနေကြသည်။ ဂျွန့်နီသည် ရိုင်ဖယ်သေနတ်ကို အသင့်ပြင်၍ ကိုင်ထားသည်။ ကိုက်တစ်ရာခန့်အကွာ ရောက်သည့်အခါ ဘယ်ဘက်သို့ ကွေ့ ပြေးသည်။ ဂျွန်နီ သည် သူ့ရိုင်ဖယ်ကို မြှောက်လိုက်သည်။
သူ့အား သစ်ပင်တစ်ပင်ဟု ယူဆထားဟန်တူသော ဆင်နှစ်ကောင် သည် ရန်သူမှန်း ချက်ချင်းသိသွားသည်။ ချက်ချင်းပင် သူတို့အာရုံသည် ဂျွန်နီထံ ရောက်လာသည်။ ဗြုန်းခနဲ ပြန်လှည့်ကာ ဂျွန်နီရှိရာသို့ တစ်ဟုန်ထိုးပြေး လာသည်။ သူတို့၏ဒေါသသည် ဂျွန်နီအပေါ် စုပုံနေကြပြီ။ သူတို့ခြေထောက် များအောက်မှ ဖုန်များသည် ထောင်းထောင်းထလျက်ရှိကြ၏။ သူတို့၏ နားရွက် ကြီးများကို နောက်သို့ ပစ်ထားသဖြင့် မည်မျှလောက် ဒေါသကြီးနေသည်ကို ခန့်မှန်းသိသာနိုင်သည်။ သူတို့၏ ကြီးမားကြံ့ခိုင်သော ကိုယ်လုံးကြီးသည် သေးငယ်လှသော လူသားများအပေါ် အုပ်မိုးလျက် ရှိကြသည်။
ဒင်နီယယ်သည် ဆင်ကြီးများ၏ လှုပ်ရှားမှုကို ကြည့်ကာ သေနတ် ကိုင်မထားမိသည့် အဖြစ်ကို သတိရသည်။ သူ့လက်ထဲ၌ သေနတ်သာရှိနေလျှင် ကောင်းလေစွဟု တမ်းတမိသည်။
ဤတဒင်္ဂ အချိန်ကလေးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည် ကို သတိထားမိသည်။ သူနှင့် အနီးဆုံးသော ဆင်မကြီးသည် ကိုက်ငါးဆယ်ခန့် သာ ကွာလိမ့်မည်။ သူဆီသို့ ပြေးလာနေသည်မှာ တစ်နာရီ မိုင်လေးဆယ်နှုန်းခန့် ရှိပေလိမ့်မည်။
ဂျော့ခ်သည် ဆင်မကြီးများ၏ ဒေါသတကြီး အော်သံများ ကြားနေရ သော်လည်း ဂရုမစိုက်နိုင်။ သူ့ကင်မရာမြင်ကွင်းထဲတွင် ဆင်မကြီးများသာမက ဆင်တစ်အုပ်လုံးဝင်နေသည်ကို သူတွေ့နေရ၏။
အရောက်တွင် ရိုင်ဖယ်ကိုမြှောက်၍ ပခုံးတစ်ဖက်တွင် ထောက်လိုက်သည်။ ရှေ့ဆုံးမှ ဆင်မကြီး၏ ဦးခေါင်းကို ချိန်၍ ခလုတ်ကို ဖြုတ်လိုက်သည်။
ဂျွန်နီသည် ဆင်မကြီးတစ်ကောင် သူနှင့် ကိုက်သုံးဆယ် om
| 90.03736 |
Elephant Trader
|
Mg Htun Thu
|
10356
| 18 |
________________
www.burmeseclassic.com
၃၈
မောင်ထွန်းသူ
ကျည်ဆန့်သည် သူချိန်ရွယ်နေ့သည့် နေရာကိုတည့်တည့်ကြီးမှန် သည်။ ကျည်ဆန်သည် ဆင်မကြီး၏ ဦးနှောက်ကို တစ်စစီဖြစ်သွားအောင် ထိုးဖောက်ပြီး ထွက်သွားသည်။
ဆင်မကြီး၏ ရှေ့ခြေနှစ်ချောင်းသည် ကွေးညွှတ်ကျသွားပြီး တစ်ကိုယ်လုံး ရှေ့ သို့ ငိုက်ဆင်းသွားကာ တစ်ဖက်သို့ စောင်းလျက် လဲကျသွား သည်။ မြေပြင်သည် တုန်ခါသွားသည်။ ဆင်မကြီး၏အောက်မှ ဖုန်များ တထောင်းထောင်းထလာသည်။
ဂျွန်နီ၏ ရိုင်ဖယ်သေနတ်ပြောင်းသည် ဒုတိယ ဆင်မကြီးဘက်သို့ လှည့်သွားသည်။ ပခုံးတွင် ထောက်ထားလျက်နှင့်ပင် ကျည်ဆန်ထည့်သည်။ ချက်ချင်း သေနတ်မောင်းဆွဲသည်၊
ဤတစ်ကြိမ်တွင်လည်း ကျည်ဆန်သည် ချိန်ရွယ်သည့် ပစ်မှတ်ကို တည့်တည့်ပင် ထိသည်။ ဆင်မကြီး၏ ခြေထောက်များသည် တုံ့ခနဲဖြစ်ကာ လေးဖက်ထောက်၍ မှောက်လျက်လဲသည်။ သူ့အစ်မနား အပ်လျက် လဲကျခြင်း ဖြစ်၍ ပခုံးတစ်ဖက်သည် သူ့အစ်မ၏ ကိုယ်နှင့် ထိနေသည်။ နှစ်ကောင်စလုံး၏ ဦးခေါင်းထိပ်ရှိ ကျည်ဆန်ပေါက်များမှ သွေးများသည် ယိုစီးကျလျက်ရှိ၏။
ဆင်မကြီးများ၏ နောက်ဘက်ရှိ ဆင်အုပ်သည် ကသောင်းကနင်း ဖြစ်ကုန်သည်။ ကစဉ့်ကလျားဖြစ်ကာ ပြေးကြလွှားကြသည်။ တစ်ကောင်နှင့် တစ်ကောင် တိုးမိတိုက်မိကြသည်။
ဆောင်းထောင်းထနေသည့် ဖုန်လုံးကြီးများကြားတွင် ပျားပန်းခပ်မျှ လှုပ်ရှားလျက် ရှိသည်။ ဆင်ပေါက်စများသည် သူတို့ မိခင်များ၏ ဝမ်းဗိုက်များ အောက်သို့ ကြောက်လန့်တကြား တိုးဝင်ကြသည်။ တချို့ ဆင်ငယ်များသည် ဆင်ကြီးများ၏ တိုးဝှေ့တိုက်ခိုက်မှုကြောင့် အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြသည်။
တောထိန်းများသည် ဆင်များကို မှန်မှန်ကြီး ပစ်ခတ်ကာ ဖြည်းဖြည်း ခြင်း ရှေ့သို့တိုးသွားကြသည်။ သူတို့ပစ်သမျှသည် ဦးနှောက်ကို ဖောက်ထွင်း သွားကြသည်က များ၏။
ပစ်မှတ်ကို တည့်တည့်မတ်မတ် ထိမှန်ခြင်း မခံကြရသော ဆင်များ သည် လဲကျသွားသော်လည်း ချက်ချင်း ၊ မသေ။ ခြေကားရားဖြင့် သံကုန့်ဟစ်၍ အော်နေကြသည်။ ဆင်ပေါက်စတစ်ကောင်သည် မိခင်လဲကျ သေဆုံးသွားသည့် အခါ ဗိုက်အောက်တွင် ပိနေသည်။ ကျောရိုးကျိုးသွားသဖြင့် တကျည်ကျည်
J
ဆင်ကုန်သည်
၃၉
ကကျာကျာ အော်မြည်လျက်ရှိ၏။ မိနစ်ပိုင်းအတွင်းမှာပင် ဆင်ကြီးအားလုံး လဲကျသေဆုံးကုန်ကြသည်။ ဆင်ပေါက်စတချို့သည် ဆင်သေကောင်များကြား တွင် ပြေးလွှားနေကြဆဲ။
သေနတ်သမားများသည် အကျန်အကြွင်းများကို ဆက်၍သုတ်သင် ရှင်းလင်းသည်။ မသေသေးသည့် ဆင်များကို ဒုတိယအကြိမ်ထပ်ပစ်သည်။ ဆင်များထံမှ မည်သည့်တုံ့ပြန်မှုကိုမျှ မမြင်ရ။
ဂျွန်နီ ပထမဆုံးပစ်ခတ်ပြီးနောက် ခြောက်မိနစ်မျှအတွင်း လောင်းဦ လေး သတ်ကွင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဘာသံမှလည်း မကြားရ။ ဘာလှုပ်ရှားမူမျှ မမြင်ရ။ ဘေးချင်းတိုက် လဲကျသေဆုံးနေသော ဆင်မ ကြီးနှစ်ကောင်ဆီသို့ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် လျှောက်သွားသည်။ သေနတ်ဒင်ကို မြေပေါ်တွင် ထောက်၍ ထိုင်ချလိုက်သည်။
သူသည် အလွန်စိတ်မကောင်းဖြစ်သည့် မျက်နှာထားဖြင့် ဆင်မကြီး များအား ငေးကြည့်နေသည်။ ဗွီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်နေသည့် ဂျော့ခ် ကိုလည်း သူသတိမထားမိ။
တောအစပ်သို့ လျှောက်သွားသည်။ ဒင်နီယယ်က သူ့နောက်မှ လိုက် မသွား။ အခုလိုအချိန်မျိုးတွင် ဂျွန်နီသည် တစ်ယောက်တည်း နေချင်လိမ့်မည်ဟု သူယူဆသည်။
ကွင်းထဲတွင် ဆင်သေကောင်များသည် ထောင်ပုံရာပုံ။ အားလုံးကောင်ရေ ငါးဆယ်ကျော်၊
အလေးချိန် တန်ချိန်နှစ်ရာခန့် ရှိပေလိမ့်မည်။
သေနတ်သမားသည် သူတို့လုပ်ခဲ့ရသည့် အလုပ်အတွက် စိတ်ချမ်းသာ ကြပုံမရ။ တစ်ယောက်နှင့်တစ်ယောက် စကားမပြော၊ ဆင်သေကောင်များကိုသာ စိတ်မကောင်းသည့် မျက်နှာထားများဖြင့် ငေးကြည့်နေကြသည်။
မကြာခင်မှာပင် ကောင်းကင်ရှိ တိမ်လိပ်များကြား၌ လှုပ်ရှားနေကြ သည့် အစက်ပြောက် မည်းမည်းကလေးများ ပေါ်လာသည်။ သားပုပ်စားသည့် လင်းတများပေတည်း။
မိနစ်လေးဆယ်ခန့်အကြာတွင် ထရပ်ကားသံများ တောအုပ်အတွင်း ဖြတ်ဝင်လာနေကြသည့် ထရပ်ကားများရှေ့မှ ပြေးလာနေကြသည့် လူမည်းတစ်စု။
| 90.533118 |
Elephant Trader
|
Mg Htun Thu
|
10356
| 19 |
________________
www.burmeseclassic.com
၄၀
မောင်ထွန်းသူ
သူတို့သည် ချုံများ၊ သစ်ပင်များကို ပုဆိန်များ၊ ဓားများဖြင့် ခုတ်ထွင်
ကာ လမ်းရှင်းပေးနေကြသည်။ မကြာခင်မှာပင် ဆင်သေများအား အရေခွာသူက ခွာ၊ အစွယ်ဖြတ်သူက ဖြတ်၊ အသားများကို ခုတ်ထစ်လှီးဖြတ်ကာ ဆားပက်သူက ပက်နှင့် အလုပ်ရှပ်လျက်ရှိကြသည်။
အမှန်တော့ ဆင်သေတစ်ကောင်လုံးတွင် အသုံးမဝင်သည့်အရာဟူ၍ မရှိ၊ အဖိုးအတန်ဆုံး ပစ္စည်းများမှာ အရေနှင့်အနွယ်....။
ဆင်တစ်ကောင်လုံးတွင် အဖိုးအတန်ဆုံးသည် အစွယ်ဖြစ်၏။ ဆင် သူခိုးများနှင့် အစွယ်မုဆိုးများသည် အစွယ်များကို ့ပုဆိန့်နှင့် ခုတ်ထစ်ဖြတ်ယူ ခြင်းမပြု။ ခေါင်းပိုင်းကို အပုပ်ခံထားသည်။ လေးငါးရက်ခန့် ကြာသွားသည့် အခါကျမှ ဆင်စွယ်များကို လက်ဖြင့်နုတ်ယူကြသည်။
ယင်းဆင်စွယ်မျိုးမှာ သဘာဝဆင်စွယ်များဖြစ်၍ အပြစ်အနာအဆာ ကင်းသဖြင့် ပို၍အဖိုးထိုက်တန်သည်။ သို့သော်လည်း သုတ်သင်ရှင်းလင်းရေး အဖွဲ့အနေဖြင့် အချိန်မပေးနိုင်။ ထို့ကြောင့် အစွယ်များကို လက်လတ်ဆတ်ဆတ် ပင် ပုဆိန်များ၊ ဓားများ၊ လွှများဖြင့် ဖြတ်ယူကြရလေသည်။
အစွယ်ဖြတ်သူများသည် အတွေ့ အကြုံ အလွန်များသည့် သက်ကြီး ရွယ်အိုများ ဖြစ်ကြသည်။ ဆံပင်များက တိုတိုကောက်ကောက်၊ နံငယ်ပိုင်းများ ဝတ်ထားကြသည်။
သူတို ့သည် ဆင်ဦးခေါင်းများ ဘေး၌ ဆောင့်ကြောင့်ထိုင်ကာ အစွယ် များကို ပုဆိန်များဖြင့် ခုတ်နေကြသည်။
ဂျွန်နီနှင့်တွဲ၍ ရပ်နေသော ဒင်နီယယ်က “အလွန်သွေးပေတဲ့ အလုပ်နော်” ဟု ရေရွတ်သည်။
ပြောသည်။
"သွေးပေပေမဲ့ အင်မတန် လိုအပ်တဲ့ အလုပ်တစ်ခုပါ"ဟု ဂျွန်နီက
“ပျမ်းမျှတွက်ရင် ဆင်ကြီးတစ်ကောင်ရဲ့ အစွယ်၊ အရေနဲ့အသားဟာ ဒေါ်လာ သုံးထောင်လောက်ရတယ်”
“လူတွေကတော့ ဒီစကားကြားရင် ဈေးကောင်းလှချည့်လားဆိုပြီး စိတ်ဝင်စားလာကြမှာပဲ၊ အထူးသဖြင့် အခုလိုပွဲမျိုးမြင်ရရင် လောဘတွေ တက်လာကြမှာ သေချာတယ်” ဟု ပြောကာ ဒင်နီယယ်က ခေါင်းခါသည်။
1
ဝင်ကုန်သည်
၄၁
“တိရစ္ဆာန်တွေ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာတွေ ရှိနေတယ်၊ သူတို့ ဆင်ကို နံပါတ်တစ်နေရာမှာ ထားပြီးတားမြစ်ပိတ်ပင်ဖို့ အားထုတ်ကြ တယ်...နိုင်ငံတာက မျိုးသုဉ်းစေမည့် တိရစ္ဆာန်များ ရောင်းဝယ်မှု တားမြစ်ပိတ်ပင် ရေးအဖွဲ့ ရဲ့ လှုပ်ရှားမှုတွေကို သတိထားမိဖို့လိုတယ်" “ကျွန်တော် သိပါတယ်”
“တကယ်လို့ သူတို့အလုပ် အောင်မြင်သွားရင် ဆင်ထွက်ကုန်ဖြစ်တဲ့ အရေအစွယ်နဲ့ အသားရောင်းဝယ်မှုကို ပိတ်ပင်တော့မှာပဲ၊ အဲသလိုဖြစ်သွားရင် ခင်ဗျား ဘယ်လိုသဘောထားမလဲ'
သည်။
“ကျွန်တော်ကတော့ လက်မခံနိုင်ဘူး”
ဂျွန်နီက စီးကရက်တိုကို ပစ်ချလိုက်ပြီး ဖိနပ်နှင့်နင်းခြေ ပစ်လိုက်
“ဒါဆိုရင် ဆင်သုတ်သင်ရှင်းလင်းရေးလုပ်ငန်းကိုလည်း ပိတ်ပင် တားမြစ်လာကြမှာ သေချာတယ်”
“ဘယ်သူတွေက ဘာတွေပဲပြောပြော၊ ဘာတွေပဲလုပ်လုပ် ဆင်ကောင် ရေ လျော့ပါးသွားအောင် ထိန်းသိမ်းကြီးကြပ်ပေးဖို့ကတော့ လိုအပ်နေမှာပဲ၊ လုပ်လည်းလုပ်နေရမှာပဲ..တစ်ခုပဲ ရှိတယ်၊ ဆင်ထွက်ကုန်တွေကို ကျွန်တော်တို့ မရောင်းရဘဲ နေချင်နေရမယ်၊ ဒီတစ်ချက်ပဲ ထူးခြားလာစရာရှိတယ်...အဲဒီတော့ ဘာဖြစ်မလဲ၊ မရောင်းဘဲနေရုံပေါ့၊ မရောင်းတော့ ဆင်ထွက်ကုန်တွေကို အလဟဿ ဖြုန်းတီးပစ်သလိုဖြစ်ကုန်မှာပဲ.ဒေါ်လာငွေ သန်းနဲ့ချီပြီး ဆုံးရှုံး နစ်နာမှုတွေ ဖြစ်လာမယ်၊ ဘေးမဲ့သစ်တောတွေ ထိန်းသိမ်းဖို့အတွက် တစ်ဖက် တစ်လမ်းကရနေတဲ့ ဝင်ငွေပိတ်သွားမယ်၊ အဲဒါပဲ ထူးခြားလာစရာရှိတယ်”
ဒင်နီယယ်သည် ဂျော့ခ်ဘက်လှည့်၍ ဗီဒီယိုကင်မရာကို အရိုက်ရပ် လိုက်ရန် လက်ပြ၍ အချက်ပေးသည်။ ထို့နောက် ဂျွန်နီ၏ပခုံးကို တင်းတနှီး ဖက်လိုက်သည်။
ပြီ
ဆားပက်ထားသည့် ဆင်ရေများ၊ ဆင်စွယ်များနှင့် အသားများကို
ထရပ်ကားများပေါ် တင်ပြီးကြပြီ။ ပတ်ဝန်းကျင်တွင် အမှောင်ရိပ်များ လွှမ်းခြုံနေcom)
ဂျွန်နီသည် အစိမ်းရောင် လင့်ရိုဗာကားကို ထရပ်ကားတန်း၏ ရှေ့ဆုံး
မှ နေရာယူ၍ မောင်းလာသည်။ ဂျွန်နီ၏ဘေးတွင် ထိုင်၍ လိုက်ပါလာသော
| 89.023195 |
Elephant Trader
|
Mg Htun Thu
|
10356
| 20 |
________________
၄၂
www.burmeseclassic.com
မောင်ထွန်းသူ ဒင်နီယယ်သည် ဟိုတုန်းကလိုပင် ရှေးဟောင်းနှောင်းဖြစ်များကို တရင်းတနှီး ပြောလာနေသည်။
“ရာသီဥတုကတော့ ဆိုးတုန်းပဲ” ဟု ဒင်နီယယ်က ရေရွတ်သည်။ “ကြောခင် မိုးရွာဦးမယ့် လက္ခဏာပဲ၊ ဒီတောင်ကြားက ဝေးရာကို လွင့်သွားတာ ခင်ဗျားအတွက် ကောင်းတယ်” ဟု ဂျွန်နီက ပြောသည်။ “မိုးရွာပြီဆိုရင် ဒီလမ်းပေါ်မှာ ရွှံ့ဗွက်တွေချည်းပဲ၊ မြစ်တွေကလည်း ကူးလို့ဖြတ်လို့ မရတော့ဘူး”
ချင်ပီပီရှိ ခရီးသည်များစခန်းကို ပိတ်ပင်ထားခဲ့သည်မှာ သီတင်း တစ်ပတ်ကျော်ခဲ့ပြီ။ မိုးရာသီဆိုလျှင် သွားလာဆက်သွယ်ရေးများက များစွာ ခက်ခဲလေ့ရှိသည် မဟုတ်ပါလား။
“အမှန်ကတော့ ကျွန်တော်ဒီက ထွက်သွားချင်စိတ် မရှိဘူး” ဟု ဒင်နီ
ယယ်က ပြောသည်။
“ကျွန်တော့်အနေနဲ့ ဟိုတုန်းကလိုပဲ နေချင်တယ်” “ဒါပေါ့” ဟု ပြောကာ ဂျွန်နီက ခေါင်းညိတ်သည်။ “ကျွန်တော်တို့ ဟိုတစ်ချိန်က သိပ်ပျော်ခဲ့ကြရတယ်၊ ခင်ဗျား ချင်ပီပီကို ဘယ်တော့လောက် ပြန်လာနိုင်ဦးမယ်လို့ ထင်သလဲ”
“မပြောတတ်ပါဘူး ဂျွန်နီရာ၊ ဒီလိုလုပ်ပါလား၊ ခင်ဗျားကျွန်တော်နဲ့ အလုပ်လိုက်လုပ်ပါလား၊ ဒါဆိုရင် အလုပ်လုပ်လို့လည်း ကောင်းမယ်၊ ပျော် လည်း ပျော်မယ်”
“ကျေးဇူးတင်ပါတယ် ဒင်နီ၊ ဒါပေမဲ့ ကျွန်တော့်အဖို့လုပ်စရာ အလုပ် တွေက ဒီစခန်းမှာ အများကြီး ရှိနေသေးတယ်”
“ကျွန်တော်ကတော့ မျှော်လင့်ချက်ကို လွယ်လွယ်နဲ့ စွန့်တတ်တဲ့ကောင် မဟုတ်ဘူး၊ ပြန်လာဖို့ ကြိုးစားဦးမှာပဲ"
ဂျွန်နီက ပြုံးသည်။ “ဟုတ်ပါတယ်၊ ကျွန်တော် ခင်ဗျားအကြောင်း ကောင်းကောင်း သိပါတယ်”
င်ကုန်သည်
၄၃
နံနက်စောစောစီးစီး ဒင်နီယယ်သည် စခန်း၏ နောက်ဘက်ရှိ တောင်ပူစာငယ် တစ်ခုပေါ်သို့ တက်လာခဲ့ပြီး နေ့အထွက်ကို စောင့်ကြည့်သည်။ အရှေ့ဘက် မိုးကောင်းကင်တွင် အမှောင်ထုနှင့် တိမ်လွှာတိမ်လိပ်များ ဖုံးအုပ်လျက်ပင် ရှိသေး သည်။
ရာသီဥတုကလည်း အခုအချိန်ထိ ပူလောင်လောင် အိုက်စပ်စပ် ဖြစ်နေ ဆဲပင် ရှိနေသေးသည်။ သူ့စိတ်သည် မှုန်မှိုင်းမှိုင်း ကောင်းကင်ကဲ့သို့ပင် ကြည်လင်ခြင်း ကင်းမဲ့နေသည်။
သူနှင့် ဂျွန်နီအင်ဇောတို့ကြားရှိ ခင်မင်ရင်းနှီးမှုသည် အသစ်တစ်ဖန် ပြန်လည် ရှင်သန်လာနေသည့် အဖြစ်ကို သူသတိထားမိနေ၏။ အခုလို လူချင်း ပြန်မဆုံမီ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရစဉ်က တမ်းတမ်းတတ ဖြစ်ခဲ့ရသည် များကို ပြန့်၍ သတိရနေမိသည်။
ယနေ့နံနက် သူ့အား နံနက်စာလာစားရန် ဂျွန်နီက ဖိတ်ထားခဲ့သည်ကို သတိရသဖြင့် တောင်ကုန်းပေါ်မှ ပြန်ဆင်းလာခဲ့သည်။ ဂျွန်နို့သည် ခြင် သံဆန်ခါများ တပ်ထားသည့် အိမ်ရှေ့ဝရန်တာမှရပ်၍ သူ့အား ဆီးကြိုနေသည် ကို တွေ့ ရသည်။ သက်ငယ်မိုးထားသော ဤအိမ်သည် တစ်ချိန်က သူအိမ် ဖြစ်ခဲ့ဖူး၏။ ဒင်နီယယ်သည် ဝရန်တာအောက်၌ ခဏရပ်ကာ ဥယျာဉ်ကို ဟစေ့ တစောင်း ကြည့်သည်။ ဤဥယျာဉ်သည် ဗစ်ကီ စိုက်ပျိုးထားခဲ့သည့် ဥယျာဉ် ဖြစ်၍ 'အခုအချိန်ထိ ခြေရာလက်ရာ မပျက်သေး မူလပုံစံအတိုင်းပင် ရှိနေသည်။
.com
| 88.092134 |
Elephant Trader
|
Mg Htun Thu
|
10356
| 21 |
________________
99
www.burmeseclassic.com
3
မောင်ထွန်းသူ
ထိုစဉ်က ဗစ်ကီသည် အသက်နှစ်ဆယ်အရွယ် သတို့သမီးလောင်း ဖြစ်၏။ ကိုယ်လုံးကိုယ်ထည် သေးသွယ်သွယ်၊ ဆံပင်ရွှေရောင်၊ အမြဲပြုံးနေသော အစိမ်းရောင် မျက်လုံးအစုံနှင့် ပျော်ပျော်နေတတ်သည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။ ချင်ဝီဝီ ဘေးမဲ့သစ်တောစခန်းသို့ ဒင်နီယယ် ခေါ်လာခဲ့ခြင်းဖြစ်၍ ဒင်နီယယ် ထက် အသက်အနည်းငယ်မျှ ငယ်သူ ဖြစ်သည်။
ဗစ်ကီ၏အဖြစ်သည် ကြေကွဲစရာ ကောင်းလှ၏။ သူသည် သူကိုယ် တိုင် ပြုစုပျိုးထောင်ထားခဲ့သော ဥယျာဉ်ကို မျက်နှာမူထားသည့် အိမ်ရှေ့ အိမ်ခန်း ထဲ၌ ကွယ်လွန်ခဲ့ရရှာခြင်း ဖြစ်သည်။ ဖြစ်စက သာမန်ဖြစ်ရိုးဖြစ်စဉ် ငှက်ဖျား ဖြစ်သော်လည်း မမျှော်လင့်ဘဲနှင့် ရောဂါပိုးသည် ဦးနှောက်တွင်းသို့ ရောက်သွား ခဲ့ရ၏။
စခန်းမှ လူလွှတ်၍ပင့်ထားသည့် ဆရာဝန်ရောက်မလာမီ ဆုံးပါးခဲ့ရ ခြင်းဖြစ်၍ ဒင်နီယယ်မှာ များစွာ ယူကျုံးမရ ဖြစ်ခဲ့ရ၏။
ဗစ်ကီ သေဆုံးသည့်ညက အလွန်အံ့ဩဖွယ်ကောင်းသော ဖြစ်ရပ် တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်ကို မေ့မရသေး။ ယခင့်ယခင် ခြံစည်းရိုး လုံခြုံစွာ ကာထားသော ဥယျာဉ်ထဲသို့ ဆင်များမဝင်ဖူးခဲ့။ ဥယျာဉ်ထဲတွင် ပန်းများသာ ရှိသည်မဟုတ် ဟင်းသီးဟင်းခင်းများလည်း ရှိခဲ့သည်။ သို့သော်လည်း ဆင် တစ်ကောင်မှ ကျူးကျော်ဝင်ရောက်ခြင်း မရှိခဲ့။ ထိုညကမူ ဗစ်ကီ အသက်ကုန် သည့်အချိန်နှင့် အတိအကျကိုက်၍ ဆင်များဝင်လာပြီး အညစ်အကြေးများ စွန့်ကြသည်။ အလှစိုက်၍ ပြုပြင်မွမ်းမံထားသည့် ပန်းရိုင်းချုံများနှင့် နှင်းဆီရိုင်း ချုံများကို နင်းချေဖျက်ဆီးကြသည်။
သား။
ဆင်များသည် ဗစ်ကီ သေရမည့်အဖြစ်ကို အာရုံနှင့် သိ၍များ လာလေ
ဒင်နီယယ်သည် ဗစ်ကီကွယ်လွန်ပြီးနောက် မကြာခင်မှာပင် ချင်ဝီဝီမှ ထွက်လာခဲ့သည်။ နောက်ထပ် အိမ်ထောင်သစ်လည်း မထူတော့။ ချင်ဝီဝီ၌ ဆက်နေလျှင် ဗစ်ကီကို တသသ ဖြစ်နေရလိမ့်မည်။
ဤအဖြစ်ကို သူလုံးဝ မလိုလား၊ ထို့ကြောင့်လည်း အပြီးအပိုင် စွန့်ခွာ လာခဲ့ခြင်း ဖြစ်၏။ အခုတော့ သူနေထိုင်ခဲ့သော အိမ်တွင် ဂျွန်နီအင်စောတို့ လင်မယား နေထိုင်လျက် ရှိကြသည်။
ဆင်ကုန်သည်
၄၅
ဂျွန်နီ၏ ဇနီးသည် မာဘာဘီလီအမျိုးသမီး မာဗစ္စသည် မိန်းမချော တစ်ဦး ဖြစ်၏။ မာဗစ္စသည် ဗစ်ကီ၏ဥယျာဉ်ကလေးကို မူလအခြေအနေအတိုင်း တည်တံ့အောင် ဆက်၍ထိန်းသိမ်းထားသဖြင့် သူ့ရင်ထဲတွင် တစ်မျိုးခံစားနေရ၏။
နံနက်စာမှာ မာဗစ္စကိုယ်တိုင် ချက်ပြုတ်ထားသည့် မာတာဘီလီရိုးရာ အစားအသောက်များ ဖြစ်သည်။ ပြောင်းဆန်ဖြင့် ပြုတ်ထားသည့် ဆန်ပြုတ်နှင့် နို့ချဉ် စသည်တို့ ပါဝင်သည်။ စားသောက်အပြီးတွင် ဒင်နီယယ်နှင့် ဂျွန်နီသည် ဆင်စွယ်များထားရာ ဂိုဒေါင်ဘက်သို့ ထွက်လာခဲ့ကြသည်။
တောင်ကုန်းပေါ်မှအဆင်း လမ်းတစ်ဝက်ရောက်သည့်အခါ ဒင်နီယယ် သည် တစ်ခဏမျှရပ်၍ ဧည့်ရိပ်သာဘက် လှမ်းကြည့်သည်။ မြစ်ကမ်းပါးထက် တွင် ခြံစည်းရိုး လုံခြုံစွာ ကာရံထားသည့် သက်ငယ်မိုး ကော့တိတ်ချ်ခေါ် တစ်ထပ်အိမ်ကလေးများဖြစ်၍ အပေါ်မှ ရေသဖန်းပင်ကြီးများ အုပ်မိုးထားသည်။ ဒင်နီယယ်က -
“ခင်ဗျားပြောတော့ ဧည့်ရိပ်သာ ပိတ်ထားတယ်ဆို၊ အခုတော့ အိမ် တစ်လုံးမှာ လူရှိနေတယ်၊ အပြင်မှာလည်း ကားတစ်စီးရပ်ထားပါလား” “အထူးဧည့်သည်တော်တစ်ယောက်ပါ၊ ဟာရာရီနိုင်ငံဆိုင်ရာ တရုတ် တိုင်ပေသမ္မတနိုင်ငံ သံအမတ်ပါ” ဟု ဂျွန်နီက ပြန်ပြောသည်။
“သူက တိရစ္ဆာန်အရိုင်းတွေကို သိပ်စိတ်ဝင်စားတယ်၊ အထူးသဖြင့် ဆင်တွေပေါ့၊ ဒီနိုင်ငံရဲ့ သဘာဝသစ်တော ထိန်းသိမ်းရေးလုပ်ငန်းမှာ ငွေ ကြေး အများကြီး လှူခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ...ကျွန်တော်တို့က သူ့ကိုတော့ အထူး အခွင့်အရေးပေးကြရပါတယ်၊ သူက တခြားခရီးသည်တွေ လုံးဝမရှိတဲ့အချိန်မှာ လာလည်ချင်တယ်ဆိုလို့ လက်ခံထားရတာပါ၊"
တောင်ကုန်းခြေရင်း၌ လူသုံးဦး ရုပ်နေသည်ကိုမြင်ရ၏။ အလှမ်း ဝေးနေသဖြင့် သူတို့ပုံပန်းကို ပီပီပြင်ပြင်မမြင်ရ၊ သူတို့ဘက် လျှောက်လာနေကြ သည့်အခါမှပင် ခွဲခွဲခြားခြား သိလာရသည်။ “
classi
တရုတ်တိုင်ပေသံအမတ်သည် သူမျှော်လင့်ထားသည်ထက် အသက် များစွာ ငယ်နေသည်။ အနောက်တိုင်းသား တစ်ယောက်အနေဖြင့် အာရှတိုက်
| 89.630098 |
Elephant Trader
|
Mg Htun Thu
|
10356
| 22 |
________________
၄၆
www.burmeseclassic.com
မောင်ထွန်းသူ
သားတစ်ဦး၏ အသက်ကို ခန့်မှန်းရသည်မှာ ခက်ခဲသော်လည်း ဒင်နီယယ်က တော့ တရုတ်တိုင်ပသံအမတ်သည် အလွန်ဆုံးရှိပါမှ အသက်လေးဆယ်ကျော်မျှ သာ ရှိလိမ့်မည်ဟု တွက်သည်။ ရာထူးနှင့်စာလျှင် များစွာအသက်ငယ်နေသည်မှာ အံ့ဩဖွယ်ရာတစ်ခု ဖြစ်နေသည်။
သံအမတ်ကြီးသည် ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်၊ ဆံပင်နက်နက်၊ ဆီလိမ်းပြီး အလယ်တည့်တည့်မှ ခွဲထားသည်။ လူပုံက ချောချော၊ အသား အရောင်က ဖြူဖွေးဖွေး၊ သူ၏ ကြန်အင်လက္ခဏာသည် တရုတ်စစ်စစ်မှ ဆင်း သက်လာသူမဟုတ်ကြောင်း ဖော်ပြနေသည်။ ဥရောပတိုက်သားသွေးရော နေသည်မှာ ထင်ရှားသည်။
“မင်္ဂလာနံနက်ခင်းပါ သံအမတ်ကြီး” ဟု ဂျွန်နီက တလေးတစား
နှုတ်ဆက်သည်။
“မင်္ဂလာနံနက်ခင်းပါ မစ္စတာဂျွန်နီအင်ဇော”ဟု သံအမတ်ကြီးက ပြန် ၍ နှုတ်ဆက်ပြီး သူနှင့်တွဲ၍ ရပ်နေကြသော လူမည်းဟောထိန်းနှစ်ယောက်နှင့် ခွဲ၍ ရှေ့သို့ လျှောက်လာသည်။
“ကျွန်တော် သံအမတ်ကြီးကို ဒေါက်တာ ဒင်နီယယ်အမ်းစထရောင်းနဲ့ မိတ် ဆက်ပေးပါရစေဗျာ” ဟု ဂျွန်နီက ခွင့်တောင်းကာ ဒင်နီယယ်နှင့် မိတ်ဆက်ပေးသည်။ “ဒါက ထိုင်ဝမ် သံအမတ်ကြီး နှင်ချင်ဂွန်းပါ ဒင်နီယယ်” “မိတ်ဆက်ပေးဖို့မလိုဘူး ထင်ပါတယ်၊ ဒေါက်တာ ဒင်နီယယ်ဟာ လူသိများတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ" ဟု ချင်က ပြုံး၍ပြောကာ ဒင်နီယယ်၏ လက်ကို ဆွဲ၍ နှုတ်ဆက်သည်။
“ကျွန်တော် ဒေါက်တာရေးတဲ့ စာအုပ်တွေကိုလည်း ဖတ်ဖူးပါတယ်၊ ဒေါက်တာရဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကိုလည်း ကြည့်ခဲ့ဖူးပါတယ်၊ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်"
ချင်၏ အင်္ဂလိပ်စကားပြောပီသလှသည်ကို ဒင်နီယယ် သတိထားမိသည်။ “ဂျွန်နီက ကျွန်တော့်ကို ပြောပါတယ်” ဟု ဒင်နီယယ်က အလိုက်သင့် ပြန်ပြောသည်။
ဆင်ကုန်သည်
၄၇
“သံအမတ်ကြီးဟာ အာဖရိကတိုက်က တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် ဆက်ဆံထိတွေ့ မူအပေါ်မှာ သိပ်စိတ်ဝင်စားတယ်တဲ့၊ ပြီးတော့ ဒီနိုင်ငံရဲ့ သဘာဝ သစ်တောထိန်းသိမ်းရေး လုပ်ငန်းတွေအတွက်လည်း သံအမတ်ကြီးက ကူညီ ထောက်ပံ့ခဲ့တယ်တဲ့”
“ကျွန်တော်ကတော့ အခုထက် ပိုပြီး ကူညီနိုင်ပါစေလို့ အမြဲဆုတောင်း နေပါတယ်” ဟု ဂျင်က ပြန်ပြောသည်။ သူသည် ဒင်နီယယ်အား ကြည့်ကာ တစ်စုံတစ်ရာ စဉ်းစားတွေးတောနေသည့်နှယ် ရှိသည်။
“ခွင့်လွှတ်ပါ ဒေါက်တာ၊ ကျွန်တော်က ဒီရာသီမျိုးဆိုရင် ချင်ပီပီ စခန်း မှာ ဧည့်သည်မရှိဘူးလို့ ထင်တာ၊ ကျွန်တော် သိထားရသလောက်ဆိုရင် စခန်း ပတ်တဲ့အချိန် မဟုတ်လား”
လေသံသည် တရင်းတနှီးရှိလှသော်လည်း အကြောင်းမဲ့ မေးလိုက် သည့် မေးခွန်းမဟုတ်ဟု ဒင်နို့စိတ်ထဲက ထင်နေသည်။
“စိတ်မပူပါနဲ့ သံအမတ်ကြီး၊ ကျွန်တော့် ကင်မရာမင်းနဲ့ ကျွန်တော် ဒီနေ့ နေ့ခင်း ပြန်ကြမှာပါ၊ ရှင်ဝီဝီမှာ သံအမတ်ကြီးတစ်ယောက်တည်း ကျန်ခဲ့မှာ 61"
“အို...အထင်မလွဲပါနဲ့ ဒေါက်တာ၊ ခင်ဗျားတို့ကို ပြန်သွားစေချင်တဲ့ ဆန္ဒရှိတဲ့အထိတော့ ကျွန်တော် တစ်ကိုယ်ကောင်းမဆန်တတ်ပါဘူး ဒီလောက် မြန်မြန်ပြန်လိမ့်မယ်လို့လည်း မထင်မိဘူး၊ ဒီမှာရှိနေရင် ဒေါက်တာနဲ့ အများကြီး ဆွေးနွေးနိုင်မှာဆိုတော့ ကျွန်တော် စိတ်တောင် မကောင်းဘူး"
ဒင်နီယယ်ကတော့ မိမိ ပြန်တော့မည်ဟု ပြောလိုက်သည့်အတွက် ချင် စိတ်လက်ပေါ့ပါးသွားပုံရသည်ဟု ထင်နေသည်။
ရှင်၏ ဟန်အမူအရာသည် တရင်းတနှီးရှိနေသည်မှာ မှန်ပါ၏။ သို့သော်လည်း ဒင်နီယယ်၏ စိတ်ထဲတွင် ချင့်အပေါ်၌ ရန်မကင်းဖြစ်လျက်ပင် ရှိသည်။
ဂျွန်နှင့် ဒင်နီယယ်တို့ ဆင်စွယ်ဂိုဒေါင်ဘက်သို့ လျှောက်သွားသည့် လိုက်လာသည်။
အခါ သံအမတ် ချင်သည် သူတို့နှစ်ယောက်ကြားမှ လျှောက်၍ ၃
| 88.64708 |
Elephant Trader
|
Mg Htun Thu
|
10356
| 23 |
________________
၄၈
www.burmeseclassic.com.
မောင်ထွန်းသူ
ပေါ့ပါးသွက်လက်သော ဟန်အမှုအရာဖြင့် စကားပြောလာသည်။ ဂိုဒေါင်ရှေ့၌ ရပ်ထားသည့် ဆင်စွယ်ထရပ်ကားများနှင့် မလှမ်းမကမ်း သို့ ရောက်သည့်အခါ ဘေးသို့ဖယ်၍ တစ်နေရာ၌ ရပ်နေသည်။
သွေးများပင် မခြောက်သေးသည့် ဆင်စွယ်များကို ပေါင်ချိန် ကတ္တား ပေါ်တင်၍ ချိန်ကြသည်။ ဂျွန်ုနီအင်ဇောသည် စားပွဲတစ်လုံးတွင် ထိုင်ကာ ဆင်စွယ်တစ်ချောင်းစီ၏ အလေးချိန်ကို သားရေဖုံးချုပ် စာရင်းစာအုပ်ကြီးထဲ၌ ရေးသွင်းသည်။
ဂျော့ခ်ကတော့ ထိုမြင်ကွင်းကို ထောင့်အမျိုးမျိုးမှ ချန်၍ ကင်မရာဖြင့် မှတ်တမ်းတင်လျက်ရှိ၏။ ဂျွန်နီသည် စာရင်းသွင်းပြီးသမျှ ဆင်စွယ်များကို နံပါတ်တပ်ပေးသည်။ တောထိန်းတစ်ဦးက ဆင်စွယ် တစ်ခုချင်းစီအပေါ်တွင် နံပါတ်များရိုက်ပေးသည်။
မှတ်ပုံတင်ပြီး၊ နံပါတ်ရိုက်ပြီး ဆင်စွယ်များသည် ဥပဒေနှင့်အညီ တရားဝင် တည်ရှိလာသော ဆင်စွယ်များဖြစ်၍ လေလံတင်လိုကလည်း တင်နိုင် သည်။ နိုင်ငံခြားသို့ တင်ပို့မည် ဆိုကလည်း တင်ပို့နိုင်သည် မဟုတ်ပါလော။
ချင်သည် ဂျွန်နီတို့အဖွဲ့ လုပ်ကိုင်နေသမျှကို အလွန် စိတ်ဝင်စားစွာဖြင့် ရပ်ကြည့်နေသည်။ ကတ္တားပေါ် ရောက်နေသည့် ဆင်စွယ်တစ်စုံသည် အလေး ချိန်လည်း သိပ်မစီး၊ ထုထည်လည်း မကြီးမား။
သို့တစေလည်း ထူးထူးခြားခြား လှပနေသည်။ တည်ဆောက်ပုံမှာ အချိုးအစား ပြေပြစ်လှသည်။ နှစ်ချောင်းစလုံး အရွယ်အစားမှအစ ကွေ့ ကောက်ပုံ အထိ တညီတည်း တစ်ထပ်တည်း ဖြစ်နေသဖြင့် ပို၍ ထူးခြားထင်ရှားနေသည်။
ချင်သည် ကတ္တားဆီ လျှောက်လာပြီး ဆင်စွယ်များကို ကိုင်တွယ်ကြည့် သည်။ အသာအယာလေး ထိတွေ့ ပွတ်သပ်ကြည့်ကာ "သိပ်ကိုလှတာပဲ" ဟု ရေရွတ်သည်။
“သဘာဝဖန်တီးမှု အနုပညာတစ်ခုပါလား”
သူ့အားဒင်ရှိယယ် ကြည့်နေသည်ကို သတိထားမိသောအခါ စကားကို ဆက်မပြောဘဲ ရပ်လိုက်သည်။
ဆင်ကုန်သည်
၄၉
ဒင်နီယယ်သည် ချင်၏ အပြုအမူကိုကြည့်ကာ အံ့သြလျက်ရှိ၏။ ဆင်စွယ်အပေါ် မက်မောတွယ်တာလွးသည့် ချင်၏အပြုအမူကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးဖြစ်လျက်ရှိသည်။ ဤခံစားမှုကို သူ့မျက်နှာက ဖော်ပြလျက် ရှိလေသည်။
ချင်သည် ထိုင်ရာမှ ထရပ်ကာ ဒင်နီယယ်အား ချိုသော၊ အေးဆေး သော လေသံဖြင့် ရှင်းပြသည်။
“ကျွန်တော်က ဆင်စွယ်မြင်ရင် မနေနိုင်ဘူး၊ ကျွန်တော့်အဖို့ အလွန် ဆွဲဆောင်မှုရှိတဲ့ အရာဝတ္ထုတစ်ခု ဖြစ်နေပါတယ်၊ ဒေါက်တာသိချင်လည်း သိမှာ ပါ။ ကျွန်တော်တို့ တရုတ်လူမျိုးတွေအဖို့ ဆင်စွယ်ဟာ အလွန်မြင့်မြတ်ပြီး တန်ဖိုး ရှိတဲ့ ပစ္စည်းတစ်ခုပါ..ဆင်စွယ် ရုပ်တုမရှိတဲ့ အိမ်ဆိုလို တရုတ်လူမျိုးတွေကြား မှာ နည်းနည်းပဲ ရှိပါတယ်။ အားလုံးဆင်စွယ်အဆောင်ဟာ ပိုင်ရှင်ကို စောင်မ တယ်၊ ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်...ဘယ်လိုဖြစ်ဖြစ်ပေါ့လေ၊ ကျွန်တော်တို့ မိသားစုကျတော့ စိတ်ဝင်စားမှုက အစဉ်အလာ အစွဲအလမ်းတစ်ခု တည်းကြောင့် မဟုတ်ပါဘူး...ကျွန်တော့် အဖေဟာ သူ့ဘဝကို ဆင်စွယ် ပန်းပုထု တဲ့ အလုပ်နဲ့ အစပြုခဲ့တာပါ၊ သူ့လက်ရာက သိပ်ကောင်းဟော့ ကျွန်တော့်ကို မွေးလာတဲ့ အချိန်မှာ အဖေဟာ တိုင်ပေနဲ့ ဗန်ကောက်မှာတင်မကဘူး၊ ဟိုကျိုနဲ့ ဟောင်ကောင်မှာပါ ကိုယ်ပိုင်အရောင်းဆိုင်တွေ တည်ထောင်ထားပြီးပါပြီ၊ ဆိုင်တွေမှာထားတဲ့ ပစ္စည်းတွေက ဆင်စွယ်ပန်းပု ပစ္စည်းတွေချည်းပါပဲ.. ကျွန်တော် သူငယ် ဘဝကတည်းက တိုင်ပေဆိုင်မှာ အကူပန်းပုသမားအဖြစ် ဝင်ပြီး လုပ်ခဲ့ရပါတယ်၊ အဲဒီအရွယ်ကတည်းက ကျွန်တော့်အဖေလိုပဲ ဆင်စွယ် အကြောင်းသိလာ နားလည်လာခဲ့ရပါတယ်....အခုဆိုရင် ကျွန်တော့်အဖေမှာ ဆင်စွယ်နဲ့ပတ်သက်တဲ့ အဖိုးတန်ပစ္စည်းတွေ စုဆောင်းထားဘာမနည်းတော့ပါဘူး” ချင်သည် စကားကို မဆက်ဘဲ ရပ်ထားလိုက်သည်။ “ကျွန်တော်က ဒီလိုပဲ၊ တစ်ခါတလေ စိတ်ခံစားမှုရဲ့ ဆွဲခေါ်ရာနောက် ကို ပါသွားတတ်ပါတယ်၊ ဒါပေမဲ့..အဲဒီဆင်စွယ်ချောင်းကတော့ အမှန်ပါပဲ”
www.burm
ic.com
လှတာ
| 89.060403 |
Elephant Trader
|
Mg Htun Thu
|
10356
| 24 |
________________
www.burmeseclassic.com
၅
မောင်ထွန်းသူ
“ဒီလောက် တစ်ထပ်တည်းဖြစ်အောင် တူညီတဲ့ ဆင်စွယ်မျိုးရဖို့ အင်မတန် ခက်ခဲပါတယ်၊ ကျွန်တော့် အဖေသာ တွေ့ရင် သိပ်ကို လိုချင်မှာပါ”
နေသည်။
သူသည် ဆင်စွယ်များ သယ်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်
ဆင်ကုန်သည်
၅၁
“သိပ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ အကျင့်စရိုက်ကလေးတစ်ခုပေါ့လေ” ဆင်စွယ်အားလုံးစာရင်းသွင်းပြီး သိမ်းဆည်းပြီးသည့်နောက် နေ့လယ် စာ စားဖို့ အိမ်ပြန်လာကြသည့်အခါ ဒင်နီယယ်က ချင်အပေါ် ထင်မြင်ချက်ပေး သည်း၊
“ပြီးတော့ နောက်တစ်ချက် စိတ်ဝင်စားစရာ ရှိသေးတယ်၊ ဘယ်လို နည်းနဲ့ ပန်းပုဆရာ တစ်ယောက်ရဲ့ သားက သံအမတ် ဖြစ်လာရတာလဲ” “ချင်ရဲ့ အဖေဟာ သာမန်ရိုးရိုး မိသားစုက ဆင်းသက်လာတာပဲ ဖြစ် မယ်လို့ ထင်တယ်”
“ကျွန်တော်သိထားသလောက်ကတော့ သူ့မှာ ဆင်စွယ်ပန်းပုဆိုင် တွေ အခုထက်ထိ ဖွင့်ထားတုန်းပဲ၊ ဆင်စွယ်ပစ္စည်းတွေလဲ စုဆောင်းနေတုန်း ပဲ။ သူဟာ တရုတ်တိုင်ပေမှာ အချမ်းသာဆုံး လူတစ်စုထဲမှာ ပါတယ်လို့လည်း လူသိများနေတယ်၊ ဘာပဲဖြစ်ဖြစ် သိပ်ကိုချမ်းသာတာကတော့ အမှန်ပဲ၊ သား သမီးတွေလည်း အများကြီးပဲ...ချင်က အငယ်ဆုံးသားတဲ့၊ ဦးနှောက်လည်း အကောင်းဆုံးလို့ ပြောကြတယ်၊ သူ့ပုံက ခင်စရာ ကောင်းပါတယ်၊ ခင်ဗျားကော
သဘောမကျ ဘူးလား
“မဆိုးလှပါဘူး၊ ဒါပေမယ့် စိတ်ထဲမှာ နည်းနည်းကလေး ထူးcom/
သလိုတော့ ဖြစ်နေတယ်၊ သူ ဆင်စွယ်ကို ကိုင်ကြည့်နေတုန်းက
ကို ခင်ဗျား သတိထားမိသလား၊ မျက်နှာထားက ရိုးရိုးဒီ မျက်နှ
ဓကျသလိုပဲ”
သဘာဝ
| 85.257985 |
Elephant Trader
|
Mg Htun Thu
|
10356
| 25 |
________________
ຄ
www.burmeseclassic.com
မောင်ထွန်းသူ
“အင်း....ခင်ဗျားတို့ စာရေးဆရာတွေဟာ ဒီလိုပါပဲ" ဟု ဂျွန်နီက ပြောသည်။ နှစ်ဦးစလုံး ဟက်ဟက်ပက်ပက် ရယ်မိကြသည်။
ချင်သည် လူမည်း တောထိန်းတစ်ယောက်နှင့်အတူ တောင်ကုန်း ခြေရင်း၌ ရပ်၍ ဒင်နီယယ်တို့အား လှမ်းကြည့်နေသည်။
“ကျွန်တော်ကတော့ လူဖြူတစ်ယောက်ရှိနေတာ မကြိုက်ဘူး” ဟု တောထိန်း ရိုမိုက ပြောသည်။ ရိုမိုသည် ဂျွန်နီ၏ လက်အောက်၌ အမှုထမ်းနေ သော အထက်တန်းတောထိန်းတစ်ယောက် ဖြစ်သည်။
ထင်တယ်"
“အခုအတိုင်းဆိုရင်တော့ နောက်တစ်ချိန်အထိ စောင့်မှ ကောင်းမယ်
“လူဖြူက ဒီနေ့ညနေပိုင်းပြန်တော့မှာ” ဟု ချင်က အေးစက်စက်လေသံ ဖြင့် ပြန်ပြောသည်။
“ပြီးတော့လည်း မင်းကို ငွေကောင်းကောင်း ပေးထားပြီးပြီ၊ အခုမှ ပြောင်းပစ်လို့မရတော့ဘူး၊ အစီအစဉ်တွေက ဆွဲထားပြီးနေပြီ၊ ကျန်တဲ့လူတွေက လည်း ဒီကိုလာနေကြပြီ၊ အနုမှ ပြန်လွှတ်လို့ မဖြစ်နိုင်တော့ဘူး”
“ခင်ဗျား....ကျွန်တော်တို့ကို ပေးထားတာက ပေးဖို့သဘောတူထားတဲ့ ငွေရဲ့ တစ်ဝက်ပဲ ရှိသေးတယ်” ဟု ရိုမိုက ပြောသည်။
“ကျန်တစ်ဝက်က အလုပ်ပြီးမှ ပေးမယ်၊ မပြီးခင် မပေးဘူး၊ အဲဒီတော့ မင်းဘာလုပ်ရမယ်ဆိုတာ မင်းသိနေသားပဲ"
နို့မိုက ချင်အား စိုက်ကြည့်နေသည်၊ သူ့မျက်လုံးများသည် မြွေ တစ်ကောင်၏ မျက်လုံးများနှင့် တူလှသည်။ သူသည် အတန်ကြာမျှ ငြိမ်ဆိတ် နေသည်။
ဤနိုင်ငံခြားသားသည် သူ့အား အမေရိကန်ဒေါ်လာ တစ်ထောင် ပေးထားသည်မှာ မှန်သည်။ ထိုငွေသည် သူ့လစာ ခြောက်လစာနှင့် ညီမျှသည်။ အလုပ်ပြီးသွားလျှင် သူ့လစာ တစ်နှစ်စာနှင့်ညီမျှသော ငွေ ထပ်ပေးမည်ဟုလည်း ကတိပေးထားသည်။
“ဘယ်လိုလဲ၊ မင်းလုပ်မှာလား” ဟု ရှင်က မေးသည်။ “ဟုတ်ကဲ့၊ လုပ်ပါ့မယ်” ‘
ချင်က ခေါင်းညိတ်သည်။
3
ဆင်ကုန်သည်
၅၃
“ဒီည သို့မဟုတ် မနက်ဖြန်ည ဖြစ်မှာပဲ၊ အဲဒီထက် နောက်မကျဘူး၊ မင်းတို့နှစ်ယောက်စလုံး အဆင်သင့်လုပ်ထား”
“လုပ်ထားပါ့မယ်" ဟု ရိုမိုက ပြောကာ သူ့လင့်ရိုဗာကားပေါ် တက် သည်။ ကားပေါ်တွင် သူ့တွဲဖက်တောထိန်းက စောင့်နေသည်။ သူတို့သည် ကားကိုမောင်း၍ ထွက်သွားသည်။
ချင်သည် သူ၏တည်းခိုအိမ်ဘက် ပြန်လျှောက်လာသည်။ အိမ်ထဲ ရောက်လာသည့်အခါ ရေခဲသေတ္တာထဲမှ ရေအေးတစ်ခွက် ယူသောက်သည်။ ထို့နောက် ဆင်ဝင်တွင် ထွက်၍ထိုင်သည်။ သူ့စိတ်သည် လှုပ်ရှားလျက်ရှိ၏။ သူ့အတွင်းစိတ်သည် ရိုမို စိတ်ထင့်သလိုပင် ဆင့်လျက်ရှိသည်။ သူတို့ အနေဖြင့် မည်သည့်ပြဿနာမျိုးမျှ ပေါ်မလာအောင် အဘက်ဘက်က တွက် ချက်ပြီး စီစဉ်ထားခဲ့ကြသည် မှန်သော်လည်း မမြင်နိုင် မသိနိုင်သော အဟန့် အတားကတော့ ပေါ်လာတတ်၏။
အခုဆိုလျှင် ဒေါက်တာ ဒင်နီယယ်အမ်းစထရောင်း ရောက်လာသည့် ပြဿနာ။ အကွက်ကောင်းတစ်ခုကို အရအမိ ဆုပ်ကိုင်နိုင်ရန် ပထမဆုံးအကြိမ် ကြိုးစားကြည့်ခြင်း ဖြစ်၏။ ဤကိစ္စသည် သူ့ကိုယ်ပိုင်စိတ်ကူးဖြင့် ကိုယ်ပိုင် စီစဉ်ဆောင်ရွက်မှု တစ်ခုလည်း ဖြစ်၏။
အမှန်အတိုင်း ဝန်ခံရမည်ဆိုပါမူ ဤကိစ္စကို သူ့အဖေ သိထားသည်။ သဘောလည်း တူထားသည်။ သို့သော်လည်း စွန့်စားရမည့် အလုပ်က ရလာမည့် အကျိုးထက် အဆမတန်ကြီးမားလျက်ရှိ၏။
အကယ်၍ သူအောင်မြင်ခဲ့သည်ရှိသော် သူ့အဖေ၏လေးစားမှုကို မလွဲ မသွေ ရဖွယ်ရာ ရှိသည်။ ထိုဆူသည် ရုပ်ဝတ္ထုပစ္စည်းအမြတ်များထက် သူပို၍ တန်ဖိုးထားနေသောဆု ဖြစ်သည်။
သူသည် အငယ်ဆုံးသားဖြစ်ရာ သူ့အဖေ၏ လေးစားချစ်ခင်မှုကိုရ အောင် အားမထုတ်၍မဖြစ်။ ဤအချက်တစ်ချက်တည်းကြောင့်ပင်လျှင် ဤ
ကိစ္စကို အောင်မြင်အောင်ကြိုးပမ်းရလိမ့်မည် ဖြစ်၏ဟု ဟာရာရီရှိ သံcom/
ရောက်လာခဲ့ပြီး နေထိုင်လာခဲ့ရသည့် နှစ်များအတွင်းတွင် သူသည် ဥပဒေဖြင့် တားမြစ်ပိတ်ပင်ထားသော ဆင်စွယ်နှင့် ကြံ့ချိုပျား ကုန်သွယ်မှုလုပ်ငန်းတွင် နေရာတစ်နေရာ အနိုင်အမာရေအောင် အားထုတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
| 88.255377 |
Elephant Trader
|
Mg Htun Thu
|
10356
| 26 |
________________
၅၄
www.burmeseclassic.com
မောင်ထွန်းသူ
ထိုစဉ်ကလည်း ညစာစားပွဲတစ်ခု၌ ဆုံမိခဲ့သည့် အစိုးရအရာရှိ တစ်ယောက်နှင့် စကားလက်ဆုံကျရာမှ အစပြုခဲ့ရခြင်း ဖြစ်သည်။ သူတို့ ပြောမိခဲ့ ကြသည်များမှာ သံတမန်ဆိုင်ရာ အထူးအခွင့်အရေးများအကြောင်းနှင့် သံတမန် များ၏ ဆက်သွယ်ရေးလုပ်ငန်းအကြောင်းများ ဖြစ်သည်။
သို့သော်လည်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ ဖခင်၏ သင်ကြား ပြသမှုများကို လက်တွေ့ ခံယူသိရှိနားလည်ထားသူဖြစ်သည့်အားလျော်စွာ ထိုအရာရှိအား ချဉ်းကပ်ရမည့်နည်းလမ်းကို ချင် ချက်ချင်းမြင်ခဲ့သည်။
မြင်သည်နှင့်တစ်ပြိုင်နက် ချင်သည် တရားမဝင်သောနည်းဖြင့် ချဉ်းကပ်ခဲ့သည်။ တစ်ဖက်မှလည်း အားတက်ဖွယ်ကောင်းသည့် တုံ့ပြန်မှုကို ရရှိခဲ့၏ ။
နောက်ပိုင်းတွင် တစ်ပတ်ကြာမျှ ညှိနှိုင်းဆွေးနွေးမှ စခဲ့သည်။ ထို့နောက် ထိုအရာရှိကပင် ချင်အား သူ့ထက်ကြီးသော အရာရှိကြီးတစ်ဦးနှင့် ဆုံမိရန် ဂေါက်သီးကစားဖို့ ဖိတ်ခဲ့သည်။
သူ့ယာဉ်မောင်းသည် သံတမန်များ သုံးလေ့ရှိသော မာစီဒီးကားကို ဟာရာရီဂေါက်ကွင်း၏ နောက်ဘက်တစ်နေရာ၌ ရပ်ပေးသည်။ ချင်က ဂေါက် ကွင်းထဲသို့ မဝင်မီ သူ့ယာဉ်မောင်းအား ကားထဲ၌ ထိုင်မနေဘဲ ကားနှင့်ဝေးရာ တစ်နေရာသို့ သွားနေရန် အတိအကျ ညွှန်ကြားခဲ့သည်။
ချင်သည် ဂေါက်သီးရိုက်ရာ၌ သူနိုင်ချင်လျှင် နိုင်အောင်လည်း ရိုက်လို့ ရသည်၊ ရှုံးချင်စိတ်ရှိလျှင်လည်း ရှုံးအောင်ရိုက်လို့ရသူ ဖြစ်၏။ ထိုနေ့က သူသည် သူ့ပြိုင်ဘက်အား အနိုင်ပေးခဲ့ပြီး လောင်းကြေးအဖြစ် အမေရိကန် ဒေါ်လာ သုံးထောင်ကို အသင်းတိုက်ထဲရှိ လူအများရှေ့၌ တစ်ရွက်ချင်းစီ ရေတွက်၍ ပေးချေခဲ့သည်။
ဂေါက်ကွင်းက အိမ်ပြန်ရောက်သည့်အခါ သူသည် မော်တော်ကား ကို ကားရုံထဲ၌ ထိုးခဲ့ပြီး ပြန်နိုင်ကြောင်း သူ့ယာဉ်မောင်းအား ပြောခဲ့သည်။ ယာဉ်မောင်း ပြန်သွားသည့်အခါ သူကိုယ်တိုင် ကားရုံထဲဆင်း၍ ကား နောက်ဖုံးကို ဖွင့်ကြည့်သည်။ အထဲတွင် ဂုန်လျှော်အိတ်ဖြင့်ကျကျနန ထုပ်ထား သည့် ကြံ့ချိုကြီး ခြောက်ချောင်းကို တွေ့ ခဲ့ရလေသည်။ ချင်သည် ထိုပစ္စည်း အားလုံးကို နောက်တစ်ကြိမ် တိုင်ပေသို့ပိုသည့် သံရုံးအိတ်ကြီးထဲ ထည့်ပေးလိုက် ရာ သူ့အဖေက ဟောင်ကောင်ဆိုင်သို့ပို့၍ ရောင်းချခဲ့သည်။ အမေရိကန်ဒေါ်လာ ခြောက်သောင်းတိတိ ရရှိခဲ့၏။
}
I
ကို ဆင်ကုန်သည်
၅၅
သူ့အဖေကလည်း ချင့်ထံသို့ စာရေး၍ ချင်၏လုပ်ရပ်ကို ချီးကျူးရုံမျှမ က ဆင်စွယ်များ ရမည်ဆိုပါက သူပို၍ပင် ဝမ်းသာလိမ့်မည်ဖြစ်ကြောင်း အသိ ပေးသည်။
မကြာမီမှာပင် ချင်သည် ဤလုပ်ငန်းကို လိမ္မာပါးန့်စွာဖြင့် ကျစ်ကျစ် လျစ်လျစ် လုပ်တတ်သူအဖြစ် ထင်ရှားလာသည်။ သူသည် ဆင်စွယ်ရော ကြံ့ချိုပါ ဝယ်ယူသူအဖြစ် မှောင်ခိုသမားများကြား၌ အသိများလာသည်။ ဤသို့ ဖြင့် သူ့လက်တွင်းသို့ မှတ်ပုံမတင်ရသေးသော၊ တံဆိပ်မနှိပ်ရသေးသော ဆင်စွယ်များနှင့် ကြံ့ချိုများ တဖွဲဖွဲဝင်လာသည်၊
ဤပစ္စည်းများကို မှောင်ခိုနေသည့်လောကမှာ ကျယ်ဝန်းသည်မဟုတ်။ မကြာခင်မှာပင် သူတို့လောကတွင်းသို့ ဝယ်သူလူသစ်တစ်ဦး ရောက်လာသည်ကို သိသွားကြသည်။
လအနည်းငယ် အတွင်းမှာပင် ဆစ်လုပ်ငန်းရှင်တစ်ဦး သူ့ထံ ရောက် လာသည်။ ဆစ်အမျိုးသားသည် အာဖရိကတိုက် အရှေ့တောင်ပိုင်းရှိ မာလဝီနိုင်ငံ တွင် နေထိုင်လျက်ရှိသူ ဖြစ်သည်။
သူသည် မာလဝီရေအိုင်၌ ငါးဖမ်းလုပ်ငန်းတစ်ခုချဲ့ထွင် လုပ်ကိုင် နေရာမှ ထိုငါးများကို တရုတ်ကိုင်ပေကျွန်းသို့ တင်ပို့ရောင်းချရန် ကြံစည်စိတ်ကူး နေသူ ဖြစ်သည်။
သူတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုများသည် များစွာ အဆင်ပြေခဲ့၏။ ချက်တီဆင်းသည် ဆွဲဆောင်မှု အပြည့်ရှိသော လူချမ်းသာ တစ်ဦးဖြစ်၍ သူတင်ပြလာသည့် လုပ်ငန်းကိစ္စကို မြှုပ်နှံလိုသည့် ငွေကြေး အရင်း အနှီး ပမာဏနှင့်တကွ သူ့အဖေထံ လွှဲပေးသည်။
သူ့အဖေကလည်း ချက်တီဆင်းနှင့်ဖက်စပ်လုပ်ရန် လက်ခံခဲ့သည်။ ဤသို့ဖြင့် စာချုပ်စာတမ်းများကို သံရုံးတွင် နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးကြ သည်။ ဤတွင် ချင်က ချက်တီဆင်းအား ညစာစားဖို့ ဖိတ်သည်။ ညစာစားနေကြသည့်အတွင်းတွင် ချက်တီဆင်းက..
ပါတယ်၊ ကျွန်တော် ပေးနိုင်သမျှကို အမြဲထားနိုင်
“သံအမတ်ကြီးအဖေဟာ ဆင်စွယ်လှလှတွေကို သိပ်သဘောကျတယ် လို့ သိရတယ်၊ ကျွန်တော့်အနေနဲ့ လိုအပ်သမျှကို ပုံမှန်ရသွားအောင်
တာဝန်ယူပါ” ဟု ပြောသည်။
ပို့ပေးပို့
| 90.209581 |
Elephant Trader
|
Mg Htun Thu
|
10356
| 27 |
________________
JG
www.burmeseclassic.com
မောင်ထွန်းသူ
တိုတောင်းလှသည့် အချိန်ကာလအတွင်းမှပင် ချင်သည် ချက်တီဆင်း
၏ အခြေအနေကို ရိပ်မိသိရှိလာသည်။ ချက်တီဆင်းသည် အာဖရိကနိုင်ငံများ အတွင်းရှိ ဆင်များနှင့် ကြံ့များမှ ထွက်လာသမျှ အစွယ်များနှင့် ချိုများကို ကောင်းစွာ ထိန်းသိမ်းချုပ်ကိုင်ထားနိုင်သူ ဖြစ်၏။
ဘော့စ်ဝါးနားနှင့် အင်ဂိုလာ၊ ဇမ်ဘီယာ၊ တန်ဇန်းနီးယားနှင့် မိုဇမ်ဘစ် စသည့် နိုင်ငံများမှ ထွက်သမျှ ရွှေဖြူ များနှင့် ချိုများကို စုဆောင်းဝယ်ယူ နေသူဖြစ်သည်။ ထိုနိုင်ငံများအတွင်းရှိ သဘာဝထိန်းသိမ်းရေး သစ်တောများမှ ပိုင်ဆိုင်သည့် ဂိုဒေါင်များကို လက်နက်ကိုင် လူဆိုးများဖြင့် ဝင်ရောက်တိုက်ခိုက် လူယူနေသည့် အဖွဲ့အစည်းကိုပင် ချုပ်ကိုင်ထားသူ ဖြစ်၏။
`ပထမတော့ ချင်သည် ချက်တီဆင်းအတွက် သာမန်ဖောက်သည် တစ်ဦးမျှသာ ဖြစ်သည်။ သို့သော်လည်း မာလဝီအိုင်မှရသမျှ ငါးများကို အခြောက်လှန်း၍ အရှေ့ဖျားနိုင်ငံဘက်သို့ အဆက်မပြတ် ပို့လာရသည့်အခါ ဆက်ဆံရေးအခြေအနေ ပြောင်းသွားသည်။
အချင်းချင်းပို၍ ရင်းနှီးလာသည်။ ယုံကြည်စိတ်ချလာသည်။ နောက် ဆုံးတွင် ချက်ဘိဆင်းသည် ဆင်စွယ်ကုန်သွယ်မှုလုပ်ငန်းထဲတွင် ထိုက်သင့်သည့် အရင်းအနှီးငွေ ထည့်ဝင်လိုကြောင်း စကားကမ်းလှမ်းသည်။ ဖက်စပ်လုပ်ငန်း အနေဖြင့် လုပ်ငန်းပမာဏကို ချဲ့ထွင်ရန်လည်း အကြံပြုသည်။
ဤလုပ်ငန်းအတွက် သူ ထည့်ဝင်ရန် ကမ်းလှမ်းလိုက်သည့်ငွေမှာ ဒေါ်လာငွေတစ်သန်း၊ လိမ္မာပါးနပ်လှသော ချင်ကလည်း သူ့အဖေကိုယ်စား ချက်တီဆင်းနှင့် ဆွေးနွေးဈေးဆစ်ပြီး အရင်းအနှီးငွေ ငါးဆယ်ရာနှုန်း ထည့်ဝင်ခြင်း ပြုနိုင်ခဲ့သည်။
ချက်တီဆင်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်လာသည့် အချိန်မှစ၍ ချင်သည် လုပ်ငန်း တစ်ခုလုံး၏ ပမာဏနှင့် အနေအထား အားလုံးကို သိရှိလာသည်။ ဆင်ပေါပေါများများ ရှိနေသေးသည့် အာဖရိကနိုင်ငံတိုင်းတွင် ချက်တီဆင်းသည် လျှို့ဝှက်ဆက်သွယ်မှုများ ရရှိထားသည်။သူ့အဆက် အသွယ် အများစုသည် အောက်ခြေရှိ သစ်တောဝန်ထမ်းများမှသည် ဝန်ကြီးအဆင့်ထိရှိ၏။ နိုင်ငံများ အတွင်းရှိ သဘာဝဘောထိန်းဌာနများတွင်လည်း သူ့သတင်းပေးများနှင့် သူ့ထံမှ လစဉ်ကြေးယူနေသော အရာရှိများ မွေးထားသည်။
ဆင်ကုန်သည်
37
အချို့မှာ လမ်းပြများဖြစ်၍ အချို့ မှာ တောထိန်းများ ဖြစ်သော်လည်း အများစုမှာ သဘာဝထိန်းသိမ်းရေးတောများမှ အကြီးအကဲ ကြီးကြပ်ရေးမှူးများ ဖြစ်ကြလေသည်။
အမှန်တော့ ချက်တီဆင်း၏ အိမ်ထဲရောက်နေကြသည့် ယင်းကြီးကြပ် ရေးမှူးများသည် ဆင်များကို စောင့်ရှောက်ကာကွယ်သူများအဖြစ် ခန့်ထားခြင်း ခံထားရသူများ ဖြစ်ကြသည်။
ချင်နှင့်ချက်တီဆင်းတို့၏ လုပ်ဖော်ကိုင်ဖက် ဘဝသည် နှစ်ဦးစလုံး တွင် များစွာအကျိုးရှိခဲ့၏။ ထို့ကြောင့်လည်း ချင်သံအမတ်အဖြစ် ဆောင်ရွက်နေ ရသည့် နှစ်ကုန်ဆုံးသွားသည့်အခါ ချင်၏ဖခင်သည် တရုတ်တိုင်ပေ အစိုးရ အတွင်းရှိ မိတ်ဆွေများအကူအညီဖြင့် ချင်၏ သက်တမ်းကို နောက်ထပ် သုံးနှစ် အထိ တိုးလာအောင် ဆောင်ရွက်ပေးခဲ့လေသည်။
ယခုအချိန့်တွင် ချင်၏ ဖခင်နှင့်အစ်ကိုများသည် အာဖရိကတိုက် လုပ်ငန်းတွင် မြှုပ်နှံထားသည့် အရင်းအနှီးများမှ အကျိုးများစွာ ဖြစ်ထွန်းလာ သည်ကို ကောင်းစွာ သိလာကြသည်။ ငါးလုပ်ငန်းဖြင့် စတင်ခဲ့ရာမှ ဆင်စွယ် လုပ်ငန်းကိုပါ ဇောက်ချ၍ လုပ်ခဲ့ခြင်းဖြစ်ရာ ဤလုပ်ငန်း နှစ်ခုစလုံးသည် သူတို့ မိသားစုအတွက် စွဲမက်စရာလုပ်ငန်းများ ဖြစ်နေခဲ့လေပြီ။
ချင်တို့သားအဖသည် အသားအရောင် ခွဲခြားမှုရှိနေသည့် အခြေ အနေကိုလည်း ဆင်ခြင်သုံးသပ်ခြင်းမပြု။ တောင်အာဖရိကတိုက်တွင် ငွေအရင်း အနှီးများစွာကို အတိုင်းအဆမထားဘဲ မြှုပ်နှံခဲ့ကြသည်။
သူတို့သည် တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချနေကြသည်ကိုလည်း ထည့်သွင်းစဉ်းစားခြင်းမပြု။ ဖြစ်ကတတ်ဆန်း စီးပွားရေးမူဝါဒအရ တောင် အာဖရိကတိုက်တွင်းရှိ ပစ္စည်းအားလုံးကို ဈေးပေါပေါနှင့် ရောင်းချပစ်နေသည့် အဖြစ်ကိုလည်း သတိမထား။
ချင်သည် တိုင်ပေသို့ မကြာခဏ ပြန်လာလေ့ရှိရာ တစ်ကြိမ်ပြန် အရောက်တွင် သူ့အဖေအား..
“နောက်ဆယ်နှစ်အတွင်းမှာ အသားအရောင် ခွဲခြားမှုနဲ့လူဖြူလူနည်းစု အုပ်ချုပ်မှုဟာ ဒီမြေပေါ်က ထွက်သွားရတော့မှာ အဖေရဲ့ ၊ အဲသလိုဖြစ်ဟာနဲ့ တစ်ပြိုင်နက် တောင်အာဖရိကတိုက်မှာ ရှိနေတဲ့ ပစ္စည်းအားလုံး ဈေးတက်ကုန်မှာ သေချာတယ်” ဟု ပြောပြခဲ့ဖူးသည်။
www.b
com
| 90.464839 |
Elephant Trader
|
Mg Htun Thu
|
10356
| 28 |
________________
၅
www.burmeseclassic.com
မောင်ထွန်းသူ
1
ဤသို့ဖြင့် သူတို့သည် တောင်အာဖရိကတွင် မြေဧက ထောင်နှင့်ချီ၍ ဝယ်သည်။ ဈေးမှာ တိုင်ပေတွင် အခန်းသုံးခန်းပါသည့် တိုက်ခန်းတစ်ခန်း တန်ဖိုးမျှသာ ပေးရလေသည်။
အမေရိကန် ကုမ္ပဏီများက တည်ထောင်ဖွင့်လှစ်ထားသည့် စက်ရုံများ၊ ရုံးအဆောက်အအုံများနှင့် ဈေးဆိုင်ကြီးများကို ဈေးပေါပေါနှင့် ဝယ်ယူကြသည်။
အမေရိကန့်ကုမ္ပဏီများမှာ တောင်အာဖရိကတိုက်တွင်းရှိ ရင်းနှီးမြှုပ်နှံ မှုများကို ပြန်လည်ရုပ်သိမ်းရန် အမေရိကန့်အစိုးရက ဖိအားပေးနေသဖြင့် လုပ်ထားသမျှ လုပ်ငန်းများကို ရသည့်ဈေးဖြင့် ရောင်းချနေကြရသည် မဟုတ်
ပါလား။
ချင်တို့သားအဖအနေဖြင့် တစ်ဒေါ်လာတန်ပစ္စည်းကို ငါးဆင့် ဆယ်ဆင့်မျှသာ ရှိနေသဖြင့် ဝမ်းသာအားရဝယ်ယူလျက် ရှိကြလေသည်။ သူတို့ သည် အခြားသော အာဖရိကနိုင်ငံများထဲတွင်လည်း အရင်းအနှီးများကို တိုးတက် မြှုပ်နှံကြသည်။ ချက်တီဆင်းမှတစ်ဆင့် ချင်သည် ဇမ်ဘီယာ၊ ဇိုင်ယာ၊ ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံ အစိုးရဝန်ကြီးများနှင့် ရင်းနှီးခွင့်ရသည်။
ယင်းတို့၏ အကူအညီဖြင့် ယင်းတို့၏နိုင်ငံတွင်း၌ ချင်၏ဖခင်သည် စိတ်တိုင်းကျ ရင်းနှီးမြှုပ်နှံခွင့်များ ရခဲ့ရုံမျှမက သူရလိုသည့် ပစ္စည်းများကို သူ့ ကြိုက်ဈေးဖြင့် ဝယ်၍ရသည်။
ငွေကြေးချမ်းသာကြွယ်ဝမှုအပိုင်းတွင် မည်မျှပင်တိုးတက်လာစေကာမူ ချင်၏အဖေသည် ဆင်စွယ်အပေါ် စိတ်ဝင်စားမှုလျော့မသွား၊ လောဘရမ္မက် တက်ဆဲပင် ဖြစ်သည်။ ချင်နှင့် ဆုံမိခဲ့ကြသည့် နောက်ဆုံးတစ်ခေါက်တွင် အဖေ လုပ်သူက...
“ငါ့သား မင်း အာဖရိကကို ပြန်ရောက်သွားလို့ မှတ်ပုံတင်ပြီး တံဆိပ် နှိပ်ထားတဲ့ ဆင်စွယ်တွေ ထပ်ပြီးရနိုင်ဦးမယ်ဆိုရင် ပို့ပေးစေချင်တယ်” ဟု ပြောသည်။
* တရားဝင်ဆင်စွယ်တွေ ရဖို့ဆိုတာက အစိုးရလေလံပွဲမှာသာ ရနိုင်တာ အဖေရဲ့၊ တခြားနေရာမှာ မရနိုင်ဘူး” ဟု ချင်က ပြန်ပြောသည်။
“အစိုးရ လေလံတင်တာတွေကို သွားငယ်လို့ကတော့ အမြတ်များများ ဘယ်လိုလုပ်ပြီးရမလဲ” ဟု အဘိုးကြီးက သရော်သံဖြင့် ပြောသည်။
“အဖေကတော့ မင်းအနေနဲ့ ကိုယ့်ကြံရည်ဖန်ရည် သုံးပြီးလုပ်နိုင်လိမ့် မယ်လို့ မျှော်လင့်တယ်"
ဆင်ကုန်သည်
နောက်တစ်ကြိမ် ချက်တီဆင်းနှင့်ဆုံမိသည့်အခါ ချင်က သူ့ အဖေ၏ စကားကို ပြန်ပြောသည်။ ချက်တီဆင်းသည် သူ့မုတ်ဆိတ်ကို လက်နှင့်ဆွဲကာ စဉ်းစားလျက် ရှိသည်။ သူသည် လူချောတစ်ဦးဖြစ်၍ ဗောင်းထုပ်ပေါင်းထား သည့်အခါ ပို၍ ခန့်ညားလာသည်။
“ကျွန်တော် စဉ်းစားနေတာက မှတ်ပုံတင်ပြီး ဆင်စွယ်ဘယ်နေရာမှာ ရှိနိုင်သလဲဆိုတာ စဉ်းစားတာပါ” ဟု ချက်တီဆင်းက ပြောသည်။
“ခင်ဗျား ဆိုလိုတာက အစိုးရက လေလံမပစ်ခင် ဂိုဒေါင်ထဲက ရအောင်ယူမှ ဖြစ်မယ်လို့ ဆိုလိုတာလား” ဟု ချင်က မေးသည်။ ချက်တီဆင်းက ပခုံးကို တွန့်သည်။
“အဲဒီနည်း ဖြစ်ချင်လည်း ဖြစ်ပေလိမ့်မယ်" ဟု ပြောသည်။ “ဒါပေမဲ့ 'ကျွန်တော် ထပ်ပြီး စဉ်းစားကြည့်ဦးမယ်” သီတင်းသုံးပတ်အကြာတွင် သူတို့သည် လီလောင်ဒီဘက်ရှိ ချက်တီ ဆင်း၏ ရုံးခန်းတွင် ထပ်မံ ဆုံမိကြပြန်သည်။
“ကျွန်တော် တော်တော်ကြီးကို စိတ်အလုပ်များသွားခဲ့တယ်၊ ဒါပေမဲ့ အဖြေတစ်ခုတော့ ရတယ်” ဟု ဆစ်အမျိုးသားက ပြောသည်။ “စရိတ်စက ဘယ်လောက်အထိ ကုန်မယ် ထင်သလဲ"
မေးသည်။
ဟု ချင်က
“မှောင်ခိုဆင်စွယ်ဈေးလက် သိပ်ပြီး ပိုမယ်မထင်ပါဘူး။ ဒါပေမဲ့ တင်ပို့ တဲ့အခါမှာ သဘောတစ်စင်း သီးသန့်ရှာပြီး ပို့ရမယ့် သဘောရှိတယ်၊ အဲဒီပုံမျိုး ဆိုရင် သံအမတ်ကြီးရဲ့ အဖေက လက်ခံနိုင်မလား"
သည်။
ဤသတင်းကြားရလျှင် သူ့အဖေ ဝမ်းသာလိမ့်မည်ဟု ချင်က သိနေ
မှတ်ပုံတင်တံဆိပ် ရိုက်နှိပ်ထားသည့် ဆင်စွယ်သည် နိုင်ငံတကာ ဈေးကွက်တွင် မှောင်ခိုဆင်စွယ်ထက် သုံးလေးဆမျှ ဈေးပိုရနေသည် မဟုတ်
လား။
“ကျွန်တော်တို့လိုချင်တဲ့ပစ္စည်းကို ဘယ်တိုင်းပြည်မှာ ရနိုင်မလဲဆိုတာ ကျွန်တော်တို့ အရင်ဆုံး စဉ်းစားကြရလိမ့်မယ်” ဟု ချက်တီဆင်းက ပြောသည်။ သူ့မျက်နှာထားကတော့ လိုချင်သောပစ္စည်း ဘယ်နေရာက ယူရမည်ဟု ဆုံးဖြတ် ပြီးဖြစ်ကြောင်း ဖော်ပြနေသည်။
| 89.002886 |
Elephant Trader
|
Mg Htun Thu
|
10356
| 29 |
________________
30
www.burmeseclassic.com
မောင်ထွန်းသူ
“ဇိုင်ယာနိုင်ငံနဲ့ တောင်အာဖရိကကတော့ ယူလို့မဖြစ်ဘူး၊ ကျွန်တော့် မှာ ထိထိရောက်ရောက် လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်း မရှိဘူး။ ဇမ်ဘီယာ၊ တန်ဇန်း နီးယားနဲ့ ကင်ညာနိုင်ငံတွေမှာကလည်း ဆင်စွယ် နည်းနည်းပါးပါးပဲ ရှိမယ်၊ အဲဒီတော့ ရွေးစရာဆိုလို့ ဘော့စ်ဝါးနားနိုင်ငံနဲ့ ဇင်ဘာဘွေနိုင်ငံပဲ ရှိတယ်” ချင်က ခေါင်းညိတ်သည်။
“ဆင်စွယ်တွေက ဝမ်ကီး၊ ဟာရာရီနဲ့ ချင်ပီပီ သဘာဝ ထိန်းသိမ်းရေး ဌာနပိုင် ဂိုဒေါင်တွေထဲမှာ ရှိနေတယ်၊ လေလံမပစ်ခင် အချိန်ဆိုရင် အစုလိုက် အပြုံလိုက်ကို ရနိုင်ဖို့ ရှိတယ်၊ အဲဒီတော့ ကျွန်တော် အခုပြောတဲ့ စခန်းသုံးခုထဲက ဘစ်ခုကို ရွေးရမှာပဲ"
“ဘယ်စခန်းကို ရွေးမယ်လို့ စိတ်ကူးလဲ”
ချက်တီဆင်းသည် လက်တစ်ဖက်ကို မြှောက်၍ လက်သုံးချောင်း
ထောင်လိုက်သည်။
ထင်တယ်”
“တစ်’ဟာရာရီဂိုဒေါင်....အဲဒီဂိုဒေါင်က အစောင့်ချထားတာ သိပ်ထူ
သူသည် လက်တစ်ချောင်းကို ပြန့်ချိုးထားလိုက်သည်။ “နှစ်−ဝမ်ကီးစခန်း၊ အကြီးဆုံး သဘာဝထိန်းသိမ်းရေးတောစခန်းပဲ၊
ဒါပေမဲ့ ဇမ်ဘီယာနယ်စပ်နဲ့ သိပ်ဝေးတယ်”
သူသည် ဒုတိယ လက်ချောင်းကို ပြန့်ချိုးလိုက်သည်၊
“သုံး-ချင်ဝီဝီစခန်း..၊ အဲဒီစခန်းက ဝန်ထမ်းတွေထဲမှာ ကျွန်တော့် လူယုံတွေ ရှိတယ်၊ သူတို့ ပေးထားတဲ့ သတင်းအရ အခုလောလောဆယ် သူတို့ ဂိုဒေါင်ထဲမှာ ဆင်စွယ်တွေ အများကြီးရှိနေတယ်..ပြီးတော့ ဇမ်ဘီယာနယ်စပ်နဲ့ မိုင်သုံးဆယ်တောင် မကွာဘူး၊ ကျွန်တော့် လူတွေထဲက တစ်ဖွဲ့ဟာ ဟာမြစ်ကို တစ်နေ့တည်းနဲ့ ဖြတ်ကူး သွားနိုင်တယ်”
“ခင်ဗျား ရည်ရွယ်တာက ဂိုဒေါင်ကို အကြမ်းဖက်ပြီး ဝင်လုမယ် ဆိုပါ တော့” ဟု ရှင်က မေးသည်။
“ဒါပေါ့”ဟု ပြောကာ ချက်တီဆင်းက အံ့အားသင့်သော မျက်နှာထား ဖြင့် ကြည့်သည်။
“သံအမတ်ကြီးအနေနဲ့လည်း ဒီလိုပဲ ရည်ရွယ်တယ် မဟုတ်လား၊ ဒီပစ္စည်းမျိုး လိုချင်ရင် ဒီနည်းကလွဲလို ့ တခြားနည်း ရှိသေးလို့လား”
ဆင်ကုန်သည်
“အင်းပေါ့လေ”ဟု ချင်က ရေရွတ်သည်။
“တကယ်လုပ်ရင် ဖြစ်ကောဖြစ်နိုင်ပါ့မလား”
၆၁
“ချင်ပီပီ စခန်းဟာ ဒီနိုင်ငံမှာ လူသူနဲ့အဝေးဆုံး အခေါင်ဆုံး နေရာပဲ၊ မြစ်ကမ်းပါးပေါ်မှာ တည်နေတယ်၊ ဒီမြစ်ဒေသက နိုင်ငံတကာရဲ့နယ်စပ်ပဲ၊ ကျွန်တော်ကတော့ ကျွန်တော် လက်သပ်မွေးထားတဲ့ လူတွေထဲက အတော်ဆုံး အကောင်းဆုံး မုဆိုးတစ်ယောက် ဦးဆောင်မယ့် မောင်းပြန်သေနတ်ကိုင် လူနှစ် ဆယ်ပါတဲ့ အဖွဲ့တစ်ဖွဲ့လွှတ်ပေးမယ်။ သူတို့က ညအမှောင်ထဲမှာ ဇမ်ဘီယာ ဘက်ကနေပြီး လှေတွေနဲ့မြစ်ကိုဖြတ်မယ်၊ တစ်နေကုန် မနားတမ်း လျှောက်လိုက် ရင် စခန်းဌာနချုပ်ကို ရောက်မယ်၊ စခန်းကို စီးမယ်၊ ပစ္စည်းအားလုံးကို ယူမယ်၊ သက်သေအထောက်အထားအားလုံးကို လက်စဖျောက်ပစ်မယ်၊ အဲဒါပဲ”
ချင်က ချောင်းတစ်ချက် ဟန့်သည်။ လက်စဖျောက်မည်ဟူသော စကားကြောင့် များစွာ စိတ်လှုပ်ရှားနေပုံ ရ၏။ ချက်တီဆင်းသည် စကားကို ဖြတ်ကာ ချင်အား စူးစမ်းသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
“လက်စဖျောက်ရမည့်လူက လေးငါးယောက်ထက် မပိုပါဘူး၊ တောထိန်းအများစုက ကျွန်တော် လစာပေးထားတာပဲ။ မိုးရာသီဆိုရင် စခန်းဧည့် ရိပ်သာလည်း ပိတ်ထားတယ်၊ ဝန်ထမ်းအတော်များများက ခွင့်ယူပြီး ရွာပြန်ကြ မယ့် အချိန်၊ စခန်းမှာ ကျန်ခဲ့မယ့် လူက စခန်းကြီးကြပ်ရေးမှူးနဲ့ တောထိန်း နှစ်ယောက်၊သုံးယောက်ထက် မပိုပါဘူး"
“သူတို့ကို လက်စမဖျောက်ဘဲ ထားနိုင်တဲ့နည်း မရှိတော့ဘူးလား” ဟု ချင်က ပြန်မေးသည်။
“သံအမတ်ကြီး စဉ်းစားလို့ရရင် ပြောပါ၊ ကျွန်ဘော်ထပ်ပြီး စဉ်းစား ကြည့်မယ်” ဟု ချက်တီဆင်းက ဖြေသည်။
ပြောပါ”
ချင်သည် အတန်ကြာမျှ ငိုင်နေသည်။ ထို့နောက် ခေါင်းခါသည်။ “လောလောဆယ်တော့ မရသေးဘူး၊ ခင်ဗျားအစီအစဉ်ကိုသာ ဆက်
“ကျွန်တော့်လူတွေက သက်သေဖြစ်လာနိုင်တဲ့လူတွေကို လက်စ
ဖျောက်ပစ်မယ်၊ ဆင်စွယ်ဂိုဒေါင်ကို မီးရှို့ပစ်မယ်၊ ချက်ချင်းဖြတ်ထွက်ပြီး မြစ်ကို Com
ဖြတ်ကူးရမယ်”
“ဆင်စွယ်တွေကို ဘယ်လိုယူမှာလဲ၊ ခင်ဗျားလွှတ်မယ့် အဖွဲ့မှာ နည်းနည်းပဲ ပါမယ်ဆိုတော့ ဆင်စွယ်များများ သယ်လို့ ရမတဲ့.”
| 87.957948 |
Elephant Trader
|
Mg Htun Thu
|
10356
| 30 |
________________
၆၂
www.burmeseclassic.com
မောင်ထွန်းသူ
“အဲဒီအပိုင်းဟာ ကျွန်တော့်အစီအစဉ်ရဲ့ အလှဆုံးအပိုင်းတစ်ပိုင်းပဲ၊ တိုက်ခိုက်လုယက်မှုကို ဇင်ဘာဘွေရဲတွေက တိတိကျကျသိနိုင်တဲ့ အခြေအနေမျိုး မထားရစ်ဘူး...သူတို့အနေနဲ့ ဆင်မှောင်ခိုသမားတွေက အစွယ်အားလုံးကို သူတို့ နိုင်ငံရဲ့ အပြင်ဘက် ထုတ်သွားပြီလို့ ထင်စေရမယ်၊ အဲဒီတော့ ဆင်စွယ်တွေကို သူတို့ နိုင်ငံထဲမှာ မရှာတော့ဘူး”
ဧည့်ရိပ်သာ အိမ်ကလေး၏ ရှေ့ဝရန်တာ၌ ထိုင်နေသော ချင်သည် သူ့အတွေးနဲ့သူ ခေါင်းတစ်ချက် ဆတ်လိုက်သည်။ အခုလို ပြန်၍ စဉ်းစားလိုက်မိ သည့်အခါ ချက်တီဆင်း၏ အစီအစဉ်သည် အဘက်ဘက်တွင် ထောင့်စေ့သည် ဟု ယူဆမိသည်။
သို့သော်လည်း အစီအစဉ်ထဲတွင် ဒေါက်တာ ဒင်နီယယ်အမ်းစထ ရောင်းနှင့် သူ၏ ရုပ်မြင်သံကြား ကင်မရာမင်းကို ထည့်မတွက်နိုင်ခဲ့။ အမှန်တော့ လည်း ဤလူစု အခုလို ရောက်လာလိမ့်မယ်ဟု ဘယ်သူက ခန့်မှန်းသိသာနိုင်ပါ မည်နည်း။
ချင်သည် အစီအစဉ်ကို ဆိုင်းငံ့ထားရန် သို့မဟုတ် ဖျက်ပစ်ရန် ပြန်၍ စဉ်းစားသည်။ သို့သော်လည်း ချက်ချင်းပင်ယိုစိတ်ကူးကိုစွန့်လွှတ်လိုက်သည်။ အခုအချိန်လောက်ဆိုလျှင် ချက်တီဆင်း၏လူများသည် မြစ်ကိုဖြတ်ကူးကာ စခန်းဆီသို့ လာနေ့လောက်ပြီ။ ထိုလူစုဆီသို့ သူအချိန်မီရောက်နိုင်စရာ နည်းလမ်းမရှိ။ အကယ်၍သူတို့ ရောက်လာချိန်အထိ ဒင်နီယယ်အမ်းစထရောင်း နှင့် သူ့ကင်မရာမင်း ရှိနေသေးပါမူကား....
ထိုနှစ်ယောက်ကိုလည်း ကြီးကြပ်ရေးမှူး၊ သူ့ မိသားစု၊ ဝန်ထမ်းများ နှင့်အတူ သုတ်သင်ရှင်းလင်းပစ်ရန်သာ ရှိတော့၏။
ချင်၏အတွေး ရေလျဉ်သည် ဝရန်တာ အစွန်းတစ်ဖက်ရှိ တယ်လိ ဖုန်းမြည်သံကြောင့် ရပ်သွားသည်။ သူသည် ဖျတ်ခနဲထကာ တယ်လီဖုန်းဆီသို့ သွားသည်။
တယ်လီဖုန်းအခေါ်ကို သူမျှော်နေသည်မှာ ကြာပြီ။ ဤကိစ္စမှာလည်း ချက်တီဆင်း၏ အစီအစဉ်ထဲမှ ကြိုတင်ပြင်ဆင်ထားခဲ့သည့် ကိစ္စတစ်ခုဖြစ်၏။ “သံအမတ်ကြီးပါလား ခင်ဗျာ”
အသံမှာ ဂျွန်နီအင်ဇော၏ အသံ..။
“သံအမတ်ကြီးရဲ့ ဟာရာရီ သံရုံးက ဖုန်းခေါ်နေပါတယ်၊ သံအမတ် ကြီးရဲ့ ကိုယ်ရေးအရာရှိ မစ္စတာဟွမ်းလို့ ပြောပါတယ်”
ဆင်ကုန်သည်
သည်။
၆ ၃
“ကျေးဇူးတင်ပါတယ် မစ္စတာဂျွန်နီအင်ဇော” ဟု ဈင်က ပြန်ပြော
ဤတယ်လီဖုန်းခေါ်သံသည် မိုင်တစ်ရာ့ငါးဆယ်အကွာရှိ ကာရွိုင်းရွာ စကားပြောကြေးနန်းရုံးဖုန်းမှ လာခြင်းဖြစ်၏။ အသံသည် တိုးလွန်းလှ၏။
မည်သို့ပင်ဖြစ်စေ သူမျှော်လင့်နေသော သတင်းကို ရသည်။ သူသည် တယ်လီဖုန်းခွက်ကို ပြန်ချပြီးပြန်ကိုင်သည်။ ဂျွန်နီ၏ထူးသံကို ပြန်ကြားရသည်။ “ဟာရာရီမှာ အရေးတကြီး ကိစ္စပေါ်လာလို ပြန်ရပါလိမ့်မယ်၊ ကျွန် တော်က သုံးလေးရက်လောက် နားချင်သေးတာ”
“ကျွန်တော် စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ လင်မယားက သံ အမတ်ကြီးကို ညစာကျွေးဖို့ စီစဉ်ထားကြတာ”
“နောက်တစ်ချိန်ချိန် ကြုံဦးမှာပါ”
"ဟုတ်ကဲ့ပါ သံအမတ်ကြီး၊ ကျွန်တော်တို့ အသားတင်ကားတွေ ဒီည နေခင်းမှာ ကာရွိုင်းရွာကို သွားကြပါလိမ့်မယ်၊ သူတို့နဲ့ လိုက်သွားမယ်ဆိုရင် အဆင်ပိုပြေမှာပါ...ရာသီဥတုက မိုးရွာမယ်လို့ ထင်ရပါတယ်၊ တကယ်လို့ သံ အမတ်ကြီးရဲ့ကား အဆင်မသင့်လိုက်ရင် မိုးထဲလေထဲမှာ အခက်အခဲဖြစ်မှာစိုးလို့ ပါ"
ဤအချက်သည်လည်း ချက်တီဆင်း၏ အစီအစဉ်ထဲ၌ ပါသည်။ အသားတင်ကားများ ထွက်ခွာသွားမှ တိုက်ခိုက်လုယက်မည့် အဖွဲ့က ဝင်ရန် ဖြစ်သည်။
သို့တစေလည်း အကြောင်းတစ်ခုကြောင့် ဘဝင်မကျဖြစ်နေသော ချင်သည် တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။ အတန်ကြာမှ...
မေးသည်။
“အသားတင် ထရပ်ကားတွေက ဘယ်အချိန်ထွက်ကြမှာလဲ” ဟု
*တစ်စီးက အင်ဂျင်ဘာဖြစ်တယ် မသိဘူး၊ ပြင်နေတုန်းပဲ” တောထိန်း ရိုမိုသည် ညွှန်ကြားထားသည့်အတိုင်း ထရပ်ကားများ ထွက်မည့် အချိန်နောက်ကျအောင် လုပ်ထားပြီဟု ချင်က ရိပ်မိသည်။ ကိုက်ခိုက်ရေးအဖွဲ့ အရောက်နှင့် ထရပ်ကားများ
မနှောင်းဖြစ်ဖို့ ချက်တီဆင်းက စီစဉ်ထားသည် မဟုတ် - Passt.com)
ရှေး
| 88.522954 |
Elephant Trader
|
Mg Htun Thu
|
10356
| 31 |
________________
၆၄
www.burmeseclassic.com
မောင်ထွန်းသူ
“ထရပ်ကား ယာဉ်မောင်းကတော့ ဒီညနေခင်း ခြောက်နာရီထိုးလောက် ထွက်နိုင်မယ်လို့ ကျွန်တော့်ဆီ သတင်းပို့ထားတယ်၊ ဒေါက်တာ အမ်းစထရောင်း ကတော့ မကြာခင်ထွက်တော့မှာပါ၊ သံအမတ်ကြီးသူနဲ့ လိုက်သွားမယ် ဆိုရင် လည်း ရပါတယ်”
"ဟာ...ကိစ္စမရှိဘူး၊ ရပါတယ်” ဟု ချင်က လျင်မြန်သွက်လက်စွာ
ပြန့်ပြောသည်။
“ကျွန်တော် အဲသလောက် မြန်မြန့်ပြီးသွားဖို့ မလိုပါဘူး၊ ကျွန်တော် ထရပ်ကားတွေ တွက်တဲ့အချိန်ထိ စောင့်ပါ့မယ်”
“သံအမတ်ကြီး ကြိုက်သလိုလုပ်ပါ” ဟု ဂျွန်နီက ပြောသည်။ “တစ်ခုရှိတာက ထရပ်ကားတွေ ဘယ်အချိန် ထွက်မယ်ဆိုတာ ကျွန်တော် အတိအကျတော့ မပြောနိုင်ပါဘူး၊ အကယ်၍ ဒေါက်တာ အမ်းစထ ရောင်းတို့နဲ့ လိုက်မယ်ဆိုရင်တော့ နောက်ထပ်တစ်နာရီလောက် စောင့်ခိုင်းလည်း စောင့်ကြမှာပါ “
“အို..ကိစ္စမရှိဘူး၊ မစောင့်ခိုင်းပါနဲ့၊ ခင်ဗျားရဲ့ ထရပ်ကားတွေနဲ့ပဲ လိုက်ပါ့မယ်၊ ကျေးဇူးပဲ မစ္စတာ ဂျွန်နီ”
စကားပြတ်သွားစေရန် ချင်သည် တယ်လီဖုန်းခွက်ကို ကပျာကယာ ပြန်ချလိုက်သည်။ သူသည် မျက်မှောင်ကုတ်လျက် ရှိသည်။
ဒင်နီယယ်အမ်းစထရောင်းကြောင့် ပြဿနာသည် တိုးတိုးလာနေသည် ဟု ထင်သည်။ ချင်အဖို့တော့ ဒင်နီယယ် မြန်မြန်သွားလေ ကောင်းလေဖြစ် သည်။
နောက်မိနစ်နှစ်ဆယ် မပြည့်ခင် ကြီးကြပ်ရေးမှူးအိမ်ဘက်မှ ထွက်လာ သည့် ကားသံ ကြားရသည်။ ချင်သည် ထိုင်နေရာမှ ထ၍ ဝရန်တာပြတင်းပေါက် ရှိ တိုယိုတာလင်ခရူဇာ မော်တော်ကားကို လှမ်းကြည့်သည်။
ကားတံခါးပေါ်မှ “အမ်းစထရောင်းပရိုဒပ်ရှင်း” ဟူသော စာတန်း၊ ယာဉ်မောင်း ထိုင်ခုံထက်မှ အမ်းစထရောင်းနှင့် သူ့ဘေးထိုင်ခုံပေါ်မှ ကင်မရာမင်း ဂျော့ခ်၊ ချင်သည် သူ့နာရီကို ကြည့်သည်။ တစ်နာရီထိုးပြီး မိနစ်အနည်းငယ် လွန်နေပြီ။
သူတို့ထွက်သွားပြီး လေးနာရီခန့်ကြာမှ စခန်းတွင် တိုက်ပွဲဖြစ်ဖို့ရှိ ၏။ ဒင်နီယယ်သည် ကားဘရိတ်ကို ခဏမျှဆွဲ၍ ရှင်အား လှမ်းကြည့်သည်။ ပြုံး၍နှုတ်ဆက်၏။
ဆင်ကုန်သည်
၆၅
“သံအမတ်ကြီးလည်း ဒီနေ့ပဲ ပြန်လိမ့်မယ်လို့ ဂျွန်နီက ပြောတယ်၊ ကျွန်တော်တို့ ဘယ်လိုကူညီရဦးမလဲ” ဟု မေးသည်။ ဟု
“မလိုတော့ပါဘူး ဒေါက်တာ၊ အားလုံး စီစဉ်ပြီးသွားပါပြီ” ချင်သည် ဒင်နီယယ်နှင့် တွေ့ တိုင်း စိတ်ထဲတွင် မသိုးမသန့် ဖြစ်၏။ ပြီးတော့ သူ့အကြည့်....
ဒင်နီယယ်၏ မျက်လုံးများသည် စူးရှလွန်းလှ၏။ ဤမျက်လုံးများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း သူ့ရင်ထဲတွင်စိုးရိမ်စိတ် ဝင်လာစမြဲ။
ဆက်သည်။
ဒင်နီယယ်သည် ချင်အား တစ်ခဏမျှ စိုက်ကြည့်ပြီး လက်ပြ၍နှုတ်
“တစ်နေ့ကျရင် ကျွန်တော်တို့ စကားကြာကြာပြောခွင့်ရလိမ့်မယ်လို့
မျှော်လင့်ပါတယ်”
လက်ပြ၍ နှုတ်ဆက်ကာ ကားကိုစခန်း အဝင်အထွက်တံခါးမကြီး ဆီသို့မောင်းသည်။
ချင်သည် ဒင်နီယယ်၏ကားကို မျက်စိတစ်ဆုံးလိုက်ကြည့်သည်။ ထို့နောက် အခြားတစ်ဖက်သို့လှည့်ကာ မညီမညာနိုင်လွန်းလှသော နု တောင်ကုန်းများဆီသို ့ ငေးမောနေသည်။ အနောက်ဘက် မိုင်နှစ်ဆယ်အကွာ ခန့်မှ မိုးခြိမ်းသံ ကြားရသည်။
လျှပ်စီးလက်သည်ကိုလည်း မြင်လိုက်ရသည်။ သူစောင့်ကြည့်နေခိုက် မှာပင် မိုးရွာလာသည်ကို တွေ့ သည်။ အလှမ်းကွာဝေးသည့် တောင်ကုန်းများ ထက်သို့ မိုးစက်များ ကျနေလေပြီ။
“သူတို့လူစု မြန်မြန်ရောက်လာကြပါစေ" ဟု စိတ်ထဲက ကျိတ်၍
ဆုတောင်း၏။
“ဒီနေ့ပဲဖြစ်ပါစေ” ဟုလည်း ထပ်၍ဆုတောင်းလေသည်။ နာရီကို ကြည့်ပြန်၏။ နှစ်နာရီပင် မထိုးသေး။ မိုးမှောင်ကျလာနေ သော်လည်း ခုနစ်နာရီမှ နေဝင်မည် ဖြစ်လေသည်။
အခုပုံအတိုင်းသာဆိုပါက နေမဝင်မီ အမှောင်ထုလွှမ်းမည့် အရိပ် လက္ခဏာများ မြင်နေရသည်။
classic.com
“ဒီနေ့ပဲဖြစ်ပါစေ” ဟု ထပ်၍ဆုတောင်းမိပြန်သည်။ သူသည် စားပွဲပေါ်မှ မှန်ပြောင်းနှင့် ရောဘတ်၏ “တေ ငှက်များ' စာအုပ်ကို ကောက်ယူသည်။ သူသည် သူ့ကိုယ်သူ သဘာဝလေ့လာ
အာဖရိက
| 87.905405 |
Elephant Trader
|
Mg Htun Thu
|
10356
| 32 |
________________
www.burmeseclassic.com
GG
မောင်ထွန်းသူ
သူတစ်ဦးဟု ဘေးကထင်လာအောင် ဟန်ဆောင်နေခဲ့ရသည့်အတွက် စိတ်ထဲတွင် တစ်မျိုးဖြစ်နေသည်။
သူ့အနေဖြင့် ဤစခန်းသို့ ရောက်လာခြင်းသည် သဘာဝကို လေ့လာ `လို၍ဟု အကြောင်းကြားပြထားခဲ့သဖြင့် ဂျွန်နီအင်ဇော ယုံကြည်လာအောင် အမျိုးမျိုး လုပ်ပြထားရသည် မဟုတ်ပါလား။
မာစီဒီးကားတွင်းသို့ ဝင်ကာ ဆင်စွယ်ဂိုဒေါင်နောက်ဘက်ရှိ ဂျွန်နီ၏ ရုံးခန်းဘက်သို့ မောင်းလာ၏။ ဖိုင်များ၊ စာရွက်များ အထပ်လိုက်တင်ထားသည့် စားပွဲပေါ်၌ ထိုင်နေသော ဂျွန်နီသည် တံခါးဝ၌ ရပ်နေသော ချင်အား မော့ကြည့် သည်။
“ကျွန်တော် ထရပ်ကားတွေကိုစောင့်ရင်း ရသမျှအချိန်ကလေးမှာ ငှက် တွေ လေ့လာမယ် စိတ်ကူးမိလို့ လာခဲ့တာ၊ မြစ်ဆိပ်က ရေအိုင်ဘက်သွား လိုက်ဦး 'ဟု ချင်က ပြောသည်။
မယ်"
ဂျွန်နီက ချင်ကို ကြည့်၍ ပြုံးသည်။ သူကိုယ်တိုင်ကလည်း တော တိရစ္ဆာန်များ၏ သဘာဝတွင် စိတ်ဝင်စားသူ ဖြစ်သည်။
အထူးသဖြင့် ငှက်များ၏ သဘာဝကို စိတ်ဝင်တစား လေ့လာတတ်သူ ဖြစ်၍ ချင်အား ကိုယ်ချင်းစာသည်။
“သွားနိုင်ပါတယ်ခင်ဗျာ၊ ကားတွေ ထွက်ခါနီးရင် တောထိန်း တစ်ယောက် လွှတ်ပြီး အခေါ်ခိုင်းပါ့မယ်၊ ကားတွေ ထွက်ဖို့ကလည်း နောက်ကျ ချင်ကျလိမ့်မယ်...ပစ္စည်းက မီးလောင်သွားတာဆိုတော့ အတော်လုပ်ယူရမှာ၊ သံအမတ်ကြီးသိတဲ့အတိုင်းပဲ၊ စက်ကိရိယာ အပိုပစ္စည်းရဖို့ဆိုတာက ဒီနိုင်ငံမှာ ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်နေတယ်... ကျွန်တော်တို့ လိုတာဝယ်ဖို့ နိုင်ငံခြားငွေကလည်း အလုံအလောက် ရှိတာမဟုတ် ဘူး”
ချင်သည် မြစ်ဆိပ်ရှိ လူများလုပ်ထားသည့် ငှက်ရေသောက် ကန်ဘက် သို့ ကားကို မောင်းလာသည်။ ရေကန်နှင့် မလှမ်းမကမ်းသို ့ရောက်သည့်အခါ ကားကို ရပ်လိုက်သည်။
ရေကန်ထဲ၌ ရေဆင်းသောက်နေကြသော ကူဒူးငှက်တစ်အုပ်သည် ကားသံကြောင့် လန့်ဖျပ်ထပျံ သွားကြ၏။ မကြာမတင်မှာပင် ငှက်များသည် အုပ်လိုက်သင်းလိုက် ဆင်းလာကြသည်။
1
ဆင်ကုန်သည်
၆၇
ချင်သည် ငှက်များအပေါ်တွင် အာရုံစူးစိုက်၍ မရ၊ သူသည် စီးကရက် တစ်လိပ်ကို ဆင်စွယ်စွပ်တံ၌ ကပ်ကာ မငြိမ်မသက် ဖြစ်လွန်းသော စိတ်ဖြင့် ဖွာနေသည်။
သူယခု ရောက်နေသော နေရာသည် ဆင်စွယ်သူခိုးဂိုဏ်းခေါင်းဆောင် နှင့် ဆုံမိရမည့်နေရာ ဖြစ်၏။ သူသည် ပတ်ဝန်းကျင်ကို ဂရုတစိုက် မျက်စိရှာ သည်။ ယခုအချိန်ထိတော့ မမြင်ရသေး။
အချိန်အတန်ကြာသည့်အခါ အသံတစ်သံ ကြားရသည်။ အဝေးမှ မဟုတ်။ သူ့ဘေးရှိ မာစီဒီးကားပြတင်းဝမှ ဝင်လာသည့် အသံ။
မမျှော်လင့်ထားသော နေရာမှ ကပ်ပေါ်လာသော အသံကြောင့် ချင်၏ တစ်ကိုယ်လုံး တုန်သွားသည်။ ဖျတ်ခနဲ အလန့်တကြား လှည့်ကြည့်သည်။ သူ့ကားဘေး၌ ရပ်နေသော လူတစ်ယောက်။ ဘယ်ဘက်မျက်လုံးနားမှ အပေါ် နှုတ်ခမ်းအထိ ရှည်လျားသော အမာရွတ်ကြီးတစ်ခု ရှိ၏။ အပေါ်နှုတ်ခမ်း သည် တွန့်ရှုံ့ကာ အပေါ်သို့ လန်နေသည်။
ပြုံးလိုက်သည့်အခါ ပြောင်ပြနေသည့်နှယ် ရှိသည်။ ချင်သည် ချက်တီဆင်း ပြောလိုက်သည့် ဤအမာရွက်အကြောင်းကို သတိရလာသည်။ ဆာလ"
‘ချင်က အမှတ်မထင် ရေရွတ်သည်။
“ဆာလီဆိုတာ မင်းလား”
ဟု ထပ်မေးသည်။
“ဟုတ်တယ်” ဟု ဖြေသည်။
“ဆာလီဆိုတာ ကျုပ်ပဲ”
ဆာလီသည် အရပ်ပုပု၊ ဂင်တိုတို၊ သို့သော်လည်း ရင်အုပ်ကျယ်ကျယ် နှင့် တောင့်တင်းသန်စွမ်းသည်။ တစ်ကိုယ်လုံးအကြောတွေ ပြိုင်းပြိုင်းထနေ့ သည်။ အသားကတော့ မည်းနက်လွန်းလှ၏။
ဝတ်ထားသည်မှာ စုတ်ပြဲနေသည့် ကာကီရောင်အင်္ကျီလက်တိုနှင့် ကာကီရောင်ဘောင်းဘီတို..။
အင်္ကျီရော ဘောင်းဘီပါ ရစရာမရှိအောင် ချွေးတွေ စိစွဲဒေသ com/
ဖိနပ်မပါသော ခြေဖဝါးမှ ဒူးအထိ ဖုန်တွေအလိမ်းလိမ်းကပ်နေသည်။ ခရီးကြမ်း တစ်ခုလာခဲ့ရသည်မှာ ထင်ရှား၏။
၊ ခရီးရှည်
“မင်းလူတွေတော့ ဘယ်မှာလဲ” ဟု ချင်က မေးသme
| 88.024991 |
Elephant Trader
|
Mg Htun Thu
|
10356
| 33 |
________________
www.burmeseclassic.com
3
ဆာလီက မဖြေ၊ ပြုံးရုံသာ ပြုံးပြသည်။
“မင်းတို့ ဘာလုပ်ရမယ်ဆိုတာကော သို့ကြလား” ဆာလီ ခေါင်းညိတ်သည်။
မောင်ထွန်းသူ
“မင်းတို့ သက်သေ တစ်ယောက်မှ မထားခဲ့ရဘူး၊ အားလုံးတစ်ယောက် မကျန် သတ်ပစ်ရမယ်၊ ရဲတွေလာရင် စကားပြောနိုင်တဲ့ လူတစ်ယောက်မှ မရှိစေ ရဘူး၊ အဲဒါကော သိရဲ့လား"
ဘေလီက ခေါင်းထပ်ညိတ်သည်။ ချက်တီဆင်းက သူ့ကို အသေးစိတ် ပြောထားခဲ့ပြီးပြီ မဟုတ်ပါလား...
ဆာလီသည် ဇင်ဘာဘွေ တောထိန်းဌာနကို မုန်းတီးနေသူ ဖြစ်၏။ လွန်ခဲ့သော နှစ်အတွင်းက ဆာလီ၏ ညီနှစ်ယောက်သည် လူတစ်စုနှင့် ဇမ်ဘီဇီ မြစ်ကို ဖြတ်ကူးကာ ကြံ့အုပ်တစ်အုပ်နောက်သို့ လိုက်ကြသည်။
တောထိန်းဌာနမှ သူခိုးဖမ်းအဖွဲ့နှင့် ပက်ပင်းပါ တွေ့ကြသဖြင့် တိုက်ပွဲ ဖြစ်သည်။ ထိုတိုက်ပွဲတွင် သူ့ညီတစ်ယောက်သေပြီး ညီတစ်ယောက် ကျောရိုးထဲ တွင် သေနတ်မှန်ကာ မသန်မစွမ်းကဲ့သို့ ရောက်သွားခဲ့ရုံမျှမက ဒဏ်ရာကြီးနှင့် ရုံးတင်ခံရပြီး ထောင်ခုနစ်နှစ် အပြစ်ပေးခံခဲ့ရသည်။
ဤသို့ဖြင့် ဆာလိသည် ဤသစ်တောမှ တောထိန်းများအပေါ် ရန်ငြိုး ထားလာခဲ့သည်ဖြစ်ရာ ခိုင်းထားသည့်အတိုင်းလုပ်ရန် သဘောတူထားပြီးဖြစ်၏။ “ကျုပ်တို့က တစ်ယောက်မှ အရှင်မထားခဲ့ဘူး၊ စိတ်ချ” “နှစ်ယောက်တော့ ချန်ထားရမယ်၊ ရိုမိုနဲ့ ဒေးဗစ်၊ မင်း သူတို့ကိုရော
သိရဲ့လား”
“ကျုပ်သိတယ်၊ သူတို့နဲ့ အလျင် ကျုပ်အလုပ် တွဲလုပ်ဖူးတယ်” “အေး...သူတို့က အလုပ်ရုံတွေ နားမှာ ထရပ်ကားကြီးနှစ်စီးနဲ့ စောင့် နေမှာ၊ သူတို့နဲ့ ထရပ်ကားတွေကို လက်ဖျားနဲ့တောင် မတို့ရဘူးလို့ မင်းလူတွေကို ပြောထား၊ ငါပြောတာ ကြားရဲ့လား”
“ဟုတ်ကဲ့ပါ၊ ကျုပ် ပြောထားပါ့ မယ်”
ကြီးကြပ်ရေးမှူးက သူ့ရုံးခန်းထဲမှာရှိနေလိမ့်မယ်၊ သူ့မိန်းမနဲ့ ကလေး သုံးယောက်က တောင်ကုန်းပေါ်က အိမ်မှာရှိမယ်....စခန်းရဲ့ အိမ်စေမလေးယောက် နဲ့ သူတို့ မိသားစုတွေက အလုပ်သမား တန်းလျားမှာရှိမယ်၊ မပစ်ခင်သူတို့ကို ပတ်ပတ်လည်က ပိတ်မိအောင်ဝိုင်းထားဖို့လိုတယ်၊ ဒါမှ ထွက်မပြေးနိုင်မှာ”
ဆင်ကုန်သည်
၆၉
“ခင်ဗျားစကားပြောတာက တတွတ်တွတ်နဲ့ ဆီးပင်တစ်ပင်ပေါ်က မျောက်တစ်ကောင်နဲ့ တူတယ်” ဟု ဆာလီက ပြောင်ပြောင်နောက်နောက် မျက်နှာပေးဖြင့် ပြောသည်။
“ကျုပ် အဲဒါတွေ အားလုံးသိပြီးပြီ၊ ချက်တီဆင်းက ကျုပ်ကိုမှာလိုက် ပြီးသာတွေချည်းပဲ”
“ဒါဆိုရင်လည်း မင်းသွားတော့၊ သူမှာတဲ့အတိုင်းသာ မလွဲအောင်လုပ်” ဟု ချင်က သံပြတ်နှင့် အမိန့်ပေးသည်။ ဆာလီက လက်မနှင့် လက်ညှိုးကို ဆက်ကာဝိုင်းပြသည်။ တစ်ကမ္ဘာလုံးက နားလည်သည့် အမှတ်အသားတစ်ခု ဖြစ်သည်။ ငွေတောင်းခြင်းပေတည်း။
ချင်သည် ထိုင်ခုံရှေ့မှ အဖုံးကို ဆွဲဖွင့်လိုက်သည်။ အထဲတွင် ရာနှင့် ချီ၍ ထုပ်ထားသည့် ဒေါ်လာတစ်ဆယ်တန် ငွေစက္ကူထုပ်များ..။
ချင်သည် ငွေစက္ကူများကို တစ်ထုပ်ချင်းစီ ရေတွက်ပြီး ဆာလို့ လက်ထဲ ထည့်ပေးသည်။ အားလုံး ဒေါ်လာတစ်ထောင်ထပ် သုံးထုပ်။ စခန်းဂိုဒေါင်ထဲရှိ ဆင်စွယ်အားလုံးအတွက် ပေးခြင်းဖြစ်၍ တစ်ကီလိုလျှင် ငါးဒေါ်လာနှုန်း ကျသည်။
ဤဆင်စွယ်များကို တိုင်ပေရောက်သွားပါက တစ်ကီလိုလျှင် ဒေါ်လာ တစ်ထောင်ရလိမ့်မည် မဟုတ်ပါလော။
ဆာလို့ဘက်မှ ကြည့်မည် ဆိုပါကလည်း ဤစက္ကူငွေစိမ်းစိမ်းများ သည် သူ့အတွက် နည်းနည်းနှောနှော ငွေမဟုတ်။ သူ့ ဘဝတစ်လျှောက်တွင် ဤမျှလောက်များပြားသည့် ငွေကို ပထမဦးဆုံးအကြိမ် ကိုင်ရခြင်း ဖြစ်၏။ သာမန်အားဖြင့် သူသည် တားမြစ်ထားသည့် နယ်မြေဒေသအတွင်း အသက်စွန့်ပြီး ခိုးဝင်ရသည်။ ဆင်တွေ့ လျှင် အေကေ-၄၇ သေနတ်ဖြင့် ပစ် သည်။ ပြီးတော့ဆင်စွယ်ကို ဖြတ်ကာ အဆမတန် လေးသည့် ဆင်စွယ်များကို ထမ်း၍ ခြေကျင်ပြန်ရသည်။
ဖမ်းရေးအဖွဲ့နှင့် တွေ့လျှင် သေလမ်းမှတစ်ပါး အခြားလမ်းမရှိ။ လောက် သက်စွန့်ဆံဖျား ကြိုးစားရသော်လည်း သူသတ်ခဲ့ရသည့်
တစ်ကောင်လုံးအတွက် ရသည့်ငွေက ဒေါ်လာ သုံးဆယ်ဝန်းကnsic.com
ဆင်စွယ်တစ်ကီလိုမှ တစ်ဒေါ်လာနှုန်းပင် မပြည့်။
www.
ရှိ၏ ။
| 88.194899 |
Elephant Trader
|
Mg Htun Thu
|
10356
| 34 |
________________
20
www.burmeseclassic.com
a
မောင်ထွန်းသူ
ဆင်ကုန်သည်
အခုတော့ အခု သူ့ကိုင်ထားရသော ငွေသည် အလွန်ခက်ခဲပင်ပန်း
ပြီး ဘေးအန္တရာယ်များသည့် အလုပ်ကို ငါးနှစ်လောက် လုပ်ပါမှ ရနိုင်သည့် ငွေဖြစ်သည်။
ပြီးတော့ လုပ်ရမည့်အလုပ်ကလည်း လူအနည်းငယ်မျှ သတ်ရမည့် အလုပ်ဖြစ်၍ ဆင်တစ်ကောင် သတ်သလောက်မျှပင် ခက်ခဲသည့်အလုပ်မဟုတ်။ လူနှစ်ယောက်စလုံး သူတို့လုပ်ခဲ့သည့် အပေးအယူကိစ္စအတွက် များစွာ ကျေနပ် ကြသည်။
“သေနတ်သံတွေ ကြားရတဲ့အချိန်ထိ ဒီနေရာက ငါစောင့်နေမယ်” ချင်က အေးအေးသာသာ ပြောသည်။ ဆာလီက ပြုံးနေသည်၊ “ခင်ဗျား သိပ်အကြာကြီး မစောင့်ရပါဘူး” ဟု ဆာလီက ပြန်ပြော သည်။ ထို့နောက် လာစဉ်တုန်းကလိုပင် အသံဗလံမကြားရဘဲ ချုံပုတ်များအတွင်း သို့ တိုးဝင်ကွယ်ပျောက်သွား၏။
ဒင်နီယယ်အမ်းစထရောင်းသည် ကားကို ဖြည်းဖြည်းမှန်မှန်ပင် မောင်းသည်။ အာဖရိကတစ်တိုက်လုံးရှိ မော်တော်ကားလမ်းများနှင့် နှိုင်းယှဉ်ပါက အလယ် ပိုင်း အာဖရိကရှိလမ်းများသည် မဆိုးလှ။
သူ၏ တိုယိုတာကားပေါ်တွင် စခန်းချ ပစ္စည်းအားလုံးပါသည်။ သူသည် အခန်းသာမက ကားထားစရာနေရာနှင့် ဓာတ်ဆီဆိုင်ပါထားသော ဟိုတယ်များ၌ လည်းကောင်း၊ သာမန် တည်းခိုခန်းများ၌ လည်းကောင်း နေလေ့ မရှိ။
အား
တတ်နိုင်လျှင် ဝေးဝေးက > ရှောင်သည်။ တခြားကြောင့်မဟုတ်။ အစာ မကောင်းခြင်းနှင့် သက်သောင့်သက်သာ မရှိခြင်း စသောအကြောင်းများ ကြောင့် ဖြစ်လေသည်။
ဂျော့ခ်သည် တွဲလိုကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ ဤအကြောင်း တစ်ကြောင်းကြောင့်လည်း ဒင်နီယယ်က သူ့အား လိုလိုလားလား ငှားထားခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် အလုပ်တွဲလုပ်လာခဲ့ သည်မှာ ငါးနှစ်ပင် ရှိခဲ့ပြီ။
သူတို့နှစ်ယောက် အာဖရိကတိုက်ထဲတွင် နေရာဒေသ အများအပြားသို့ ခြေဆန့်ခဲ့ကြပြီ။ နမ်မီဘီယာနိုင်ငံတွင်းရှိ တားမြစ်နယ်မြေ တစ်ခုဖြစ်သော “စကယ်လ်တန် ပင်လယ် ကမ်းရိုးတမ်း' မှသည် ပိုးခေါင်ခြင်း၊ အငတ်ပေး ကျရောက်ခြင်းတည်းဟူသော ကပ်များ၏ဒဏ်ကို အလူးအလိမ့် ခံနေရသည့် အီသီယိုးပီးယားနိုင်ငံနှင့် ဆဟာရာ သဲကန္တာရအတွင်းသို့လည်း
WWW.ကြပြီးပြီ။
3.
၇၁
| 87.605295 |
Elephant Trader
|
Mg Htun Thu
|
10356
| 35 |
________________
จ
www.burmeseclassic.com
မောင်ထွန်းသူ
သဘောကား
တောကြီးမျက်မည်း အတွင်း၌ သီတင်းပတ်ပေါင်းများစွာ အတူသွား အတူစား အတူအိပ်နေခဲ့ကြရသော်လည်း သူတို့နှစ်ဦးကြားတွင် ကွဲလွဲမှုဟူ၍ မရှိခဲ့။
ယခုလည်း သူတို့သည် ကားပေါ်တွင် စပ်မိစပ်ရာစကားပြောလာ နေကြသည်။ တစ်ခါတစ်ရံ အထူးအဆန်းငှက်များနှင့် တောကောင်များ မြင်လျှင် ဒင်နီယယ်က ကားကိုရပ်၍ ဆင်းကာ ကြည့်ရှုလေ့လာ၏။ ဂျော့ခ်က ဗီဒီယို ကင်မရာဖြင့် မှတ်တမ်းတင်သည်။
မိုင်လောက် ခရီးမပေါက်မီ သူတို့သည် ယမန်နေ့ညက ဆင် တစ်အုပ် အစာစားသွားသည့် နေရာတစ်နေရာသို့ ရောက်ကြသည်။
သစ်ကိုင်းများမှာ အားလုံးကျိုးပဲ့ပျက်စီး နေကြသည်။ သစ်ပင် အများစု မှာ ယိုင်နေကြ၏။ လဲကျသည့် အပင်များက လဲကျနေကြသည်။ အချို့ အပင်များမှာ လမ်းပေါ်တွင် ကန့်လန့်ဖြတ်၍ တင်နေကြ၏။ သစ်ပင်အားလုံး လိုလိုပင် အခေါက်များ ခွာစားထားသဖြင့် ပလာကျင်းနေကြသည်။
“သစ်ပင်တွေ ပျက်စီးကုန့်တာ ဘယ်လောက်များလဲ” ဟု ဒင်နီယယ်က- ရေလွှတ်သည်။ ဒါမျိုးတွေ တွေ့ရပြန်တော့လည်း ဆင်ဦးရေ ကန့်သတ်ရေးဆိုတဲ့ လုပ်ငန်းက မှန်နေပြန်ရော၊ တကယ်လိုအပ်တယ်ဆိုတာလည်း သိလာပြန်ရော”
သူတို့သည် လမ်းပေါ်လဲကျနေကြသည့် သစ်ပင်များကို ခက်ခက်ခဲခဲ ရှောင်ကွင်း၍ မောင်းလာကြရသည်။ တစ်နေရာ နှစ်နေရာတွင်မူ ကားကို ရပ်ကာ သစ်ပင်ကြီးများကို သံကြိုးနှင့်ချည်၍ ကားနှင့်ပင် ဆွဲဖယ်ခဲ့ကြရ၏။
ဤသို့ဖြင့် သူတို့သည် တောင်ကြားကို ဖြတ်ပြီး မာနာရေအိုင်များဘက်
သို့ ဦးတည်သောအခါ ညနေကိုးနာရီခွဲနေလေပြီ။
ဂျော့ခ်သည် သူရိုက်ကူးလာသည့် ဖလင်များ တည်းဖြတ်ရေးကို ဆွေးနွေးဝေဖန်လျက်ရှိ၍ ဒင်နီယယ်ကလည်း စိတ်ဝင်တစား နားထောင်လာ သည်။ သို့သော်လည်း ဒင်နီယယ်၏အာရုံသည် သူ့ပတ်ဝန်းကျင်နှင့် အဆက် ပြတ်ခြင်းမရှိ။
ပထမတော့ ထိုအရာအပေါ်မှ ကားကို ဖြတ်မောင်းလာခဲ့သည်။ ကိုက် နှယ်ရာခန့်အကွာသို့ သူရောက်ကာမှ ထူးခြားသော အရာတစ်ခုအပေါ်မှ ကျော် ဖြတ်လာခဲ့မိခြင်းကို ပြန်၍သတိရလိုက်၏။
လူရိုင်းများနှင့်ဖြစ်ခဲ့ရသည့် စစ်ပွဲများအတွင်းကရခဲ့သော အမွေအနှစ်
1
1
အင်ကုန်သည်
၇၃
ပေလားပသိ၊ လမ်းပေါ်၌ တင်ကျန်ခဲ့သည့် အမှတ်အသားတစ်ခုခု ထူးခြားနေ လျှင် သူ သတိထားမိတတ်သည်။
ગ્
သူသည် ကားဘရိတ်ကို ဆွဲလိုက်၏။ ဂျော့ခ်သည် ပြောလက်စ ကား ကို ဖြတ်ကာ သူ့အားလှည့်ကြည့်သည်။
“ဘာဖြစ်လို့လဲ”
“နေဦး၊ မသိသေးဘူး”
သူသည် သူ့ကားကို နောက်ပြန်ဆုတ်သည်။
“ဟုတ်ချင်မှလည်းဟုတ်မှာပါ”ဟုလည်း နောက်တစ်ခွန်း ထပ်ပြော၏ ။ သူသည် ကားကိုရပ်၍ အောက်ဆင်းသည်။
“ကျွန်တော်တော့ ဘာမှမတွေ့ ရပါလား” ဟု ကားပြတင်းပေါက်မှ ငုံ့ကြည့်နေသော ဂျော့ခ်က ပြောသည်။
“ဒီနေရာမှာ အကွက်ဖြစ်နေတယ်” ဟု ဒင်နီယယ်က ပြန်ပြောသည်။ သူသည် ကားလမ်း မျက်နှာပြင်ထက်မှ ခပ်ခွက်ခွက် ချိုင့်ဝင်နေသော အကွက် တစ်ကွက်နှင့် အစင်းကြောင်းများကိုလည်း လက်ညှိုးနှင့် ထိုးပြသည်။
ဒင်နီယယ်သည် ဘေး၌ထိုင်ကာ အတန်ကြာမျှ၊ ကြည့်နေသည်။ “တစ်ယောက်ယောက်က တစ်ခုခုကို ဆွဲသွားတာလို့ ထင်တာပဲ” ဟု လည်း ရေရွတ်သည်။
မေး၏။
တာပဲ”
“ခင်ဗျားအနေနဲ့ ဘာများ ထူးခြားတာ တွေ့ နေလို့လဲဗျာ” ဟု ဂျော့ခ်က
“ဘာမှ မထူးခြားဘူးလို့လည်း ဆိုနိုင်တယ်”
သူသည် ထိုင်ရာမှ ထရပ်၏။
“အရာရာတိုင်းလည်း ဖြစ်နိုင်တယ်၊ ဒါက ကြည့်တဲ့လုအပေါ်မှာ တည်
“ဒီလိုဆိုရင်လည်း ခင်ဗျား အနုကြည့်တာ ဘယ်လိုမြင်သလဲ” “ခြေရာလက်ရာဆိုတာမျိုးကို ဖျောက်ဖျက်တတ်တာက လူဆိုတဲ့ သတ္တဝါပဲ၊ အများအားဖြင့် မကောင်းကာ လုပ်ထားတဲ့အခါမှာ ဖျောက်ဖျက်တတ် တယ်၊ ပြီးတော့လည်း ဒီတောရဲ့ ပတ်ပတ်လည်မှာ တလည်လည် လျှောက်သွား နေတဲ့ လူဟာ မရှိရဘူး မဟုတ်လား"
class
ဒင်နီယယ်သည် ပါးစပ်မှ တတွတ်တွတ်ပြောရင်း မြေပျော့ပိုင်းများကို စေ့စေ့စပ်စပ် လိုက်ကြည့်၏။ မြေပြင်ကို သစ်ရွက်ထူထပ်သော သစ်ကိုင်း
| 87.84605 |
Elephant Trader
|
Mg Htun Thu
|
10356
| 36 |
________________
၇၄
www.burmeseclassic.com
မောင်ထွန်းသူ
တစ်ကိုင်းဖြင့် လှဲထားသည့် အရိပ်လက္ခဏာများ တွေ့ နေရ၏။ သစ်ကိုင်းဖြင့် လှည်းကျင်းသွားသော အရာသည် မြက်ပင်ရှည်ကြီးများ အစပ်တွင် ဆုံးသွား၏။
မြက်ပင်များပေါ်တွင် လူတစ်စုနင်း၍ လျှောက်သွားသည့် အစအန များလည်း ရှိနေသည်။ လူအတော်များများ အုပ်လိုက်သွားထားသည်ဟု ယူဆ ဖွယ်ရာ ရှိနေ၏ ။
}
ဖျောက်ဖျက်ရန် အားထုတ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်သွား နေသော ဒင်နီယယ်သည် လမ်းမကြီးနှင့် ကိုက်ငါးဆယ်ခန့် အကွာသို့ ရောက် သည့်အခါ ပီပြင်ပြတ်သားစွာ ထင်နေသည့် ဖိနပ်ရာတစ်ခု တွေ့ ရ၏ ။ ရှေ့ ဆက် သွားလိုက်သည့်အခါ လူစုသည် အမဲလိုက်မူဆိုးများ သုံးသည့် လူသွားလမ်း ကျဉ်းကျဉ်းပေါ်အတိုင်း ဆက်သွားသည်ကို တွေ့ ရ၏။
ဤဘက်ရောက်သောအခါ လူစုသည် ရက်အင်ဒီယန်းများ လုပ်သလို ရှေ့နောက်ဟန်းစီ၍ သွားထားကြ၏။ သူတို့ခြေရာများ ဦးတည်နေသည်မှာ ချင်ဝိပီစခန်းသို့ ဖြစ်သည်။ ဒင်နီယယ်သည် တစ်ခဏမျှ ငိုင်၍ စဉ်းစားသည်။
ဤအဖွဲ့တွင် လူဘယ်နှစ်ယောက် ရှိမည်နည်း။ သူသည် ခြေရာများကို စေ့စေ့စပ်စပ်ကြည့်၍ ရေတွက်သည်။ ဤအုပ်စုတွင် လူပေါင်းဆယ့်ခြောက် ယောက်နှင့် နှစ်ဆယ်ကြားရှိလိမ့်မည်ဟု ခန့်မှန်းမိ၏။
နောက်ထပ် ကိုက်နှစ်ရာ သုံးရာခန့် ဆက်လျှောက်အပြီးတွင် ဒင်နီ ယယ်သည် ရပ်လိုက်၏။ သူတွေ့ ခဲ့သမျှကို ပြန်၍ ဆင်ခြင်စဉ်းစား၏။
ဤအဖွဲ့တွင် လူဘယ်နှယောက် ရှိမည်နည်း။ သူတို့ ဘယ်ဆီက လာ ကြသနည်း။ ဘယ်လိုလူစားတွေ ဖြစ်နိုင်သနည်း။ ဒင်နီယယ်ကတော့ ဇမ်ဘီယန် ဆင်စွယ်သူခိုးတွေ ဖြစ်လိမ့်မည်ဟု တွက်မိ၏။ ဤလူစုသည် ဇမ်ဘီဇီမြစ်ကို ဖြတ်ကူးပြီး ဆင်စွယ်နှင့် ကြံ့ချိုနောက် လိုက်နေသူများသာလျှင် ဖြစ်ဖို့ရှိ၏။
သူတို့ခြေရာများကို ဖျောက်ဖျက်ရန် အားထုတ်ထားသည်ကို ထောက် ၍ ဤလူစုံသည် လူကောင်းများ မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်၏။ သို့ဆိုလျှင် သူဘာလုပ်သင့်သနည်း။
ဆင်သူခိုးများအား ဆီးကြို ရင်ဆိုင်ရန် ဂျွန်နီအင်ဇောထံ အကြောင်း ကြားမှ ဖြစ်မည်။ ဘယ်နည်းနှင့် အကြောင်းကြားမည်နည်း။ မာနာရေအိုင်များ တွင် တောထိန်းအရာရှိရုံးခွဲတစ်ခုရှိရာ ထိုရုံးတွင် တယ်လီဖုန်းရှိ၏။ ထိုတယ်လီ ဖုန်းဖြင့် အကြောင်းကြားမည် ဆိုပါက ဖြစ်နိုင်၏။
သို့သော်လည်း မာနာရေအိုင်နားကိုရောက်ဖို့ မော်တော်ကားကို
ဆင်ကုန်သည်
၇၅
နောက်ထပ် တစ်နာရီခန့် မောင်းရလိမ့်ဦးမည်။ သို့မဟုတ် ကားကို ချင်ပီပီဘက် ပြန်မောင်းပြီး လမ်းဘေးတစ်ဖက်မှ စကားပြော ကြေးနန်းတိုင်များကို ကြည့် သည်။မနီးမဝေးတွင် ရှိနေသော တိုင်နှစ်တိုင်သည် မျက်နှာချင်းဆိုင် နေကြ၏။ ဆက်ထားသည့် ကြေးနန်းကြိုးများသည် နေရောင်တွင် တလက်လက်။ သူသည် ကြိုးများကို မော့ကြည့်ပြီး သွားနေရာမှ ဖျတ်ခနဲရပ်လိုက်၏။
တယ်လီဖုန်းကြိုးများ ဖြတ်ထားသဖြင့် တွဲလောင်းဖြစ်နေသည်ကို မြင်နေရ၏။ ဒင်နီယယ်သည် ကြိုးတစ်ချောင်းကို လှမ်းယူပြီး ကြည့်၏။ မတော် တဆပြတ်ခြင်းမဟုတ်၊ ရည်ရွယ်ချက်ဖြင့် ဖြတ်ထားခြင်း ဖြစ်၏။ ကြေးနန်း တိုင်ပတ်ပတ်လည်တွင်လည်း လူတစ်စု ရပ်ထားခဲ့သည့် ခြေရာများ။
“ဆင်သူခိုးတွေက ဘာကြောင့် ဖုန်းကြိုးကိုဖြတ်ချင်ရတာလဲ”ဟု ဒင်နီယယ်က အသံထွက်၍ ရေရွတ်၏။ သူ့စိတ်တွင် ထိတ်လန့် စိုးရိမ် စိတ် ဝင်လာ၏။
“ကြည့်ရတာ မဟုတ်ဘူး၊ ဂျွန်နီကို သတိပေးမှ ဖြစ်မယ်၊ အခုပုံအတိုင်း ဆိုရင် သူ့ကို သတိပေးဖို့ တစ်နည်းပဲ ရှိတော့တယ်” ဟုလည်း တွေး၏။ သူသည် ချာခနဲပြန်လှည့်ကာ ကားဆီသို့ ပြေး၏။ ကားတံခါးကို ကသောကမျော ဆွဲဖွင့်ပြီး အထဲသို့ ခုန်တက်သည်။
“ဘာဖြစ်လို့လဲ” ဟု ဂျော့ခ်က မေး၏။
“ငါလည်း မပြောတတ်ဘူး၊ ဒါပေမဲ့ တစ်ခုခုပဲလို့ ထင်တယ်”ဟု ဒင်နီယယ်က ပြော၏။
ဤကြားထဲမှပင် ဒင်နီယယ်၏ စိတ်သည် တွေးတောပူပန်လျက် ရှိ၏။ ဤလူစုသည် ဖြတ်လမ်းများမှ မသွားဘဲ နေကြမည်မဟုတ်၊ သို့ဆိုလျှင် စခန်းကို ရောက်သွားပြီးလား...။ မိမိက သူတို့အလျင်ရောက်ဖို့ ဖြစ်နိုင်ပါတော့မလား..။ ဆင်စွယ်သူခိုးဂိုဏ်းသည် ဘာကြောင့် ချင်ပီပီစခန်းကို သွားရသနည်း။ တယ်လီ ဖုန်းကြိုးကို ဘာကြောင့် ဖြတ်ရသနည်း...။
သူတို့လုပ်သွားပုံသည် သံသယမကင်းစရာ ကောင်းလှ၏။ မည်သို့ပင် ဖြစ်စေ သူတို့ဦးတည်ရာ စခန်းသည် ချင်ဝီဝီစခန်းဖြစ်ပါမူ အခုအချိန်လောက် ဆိုလျှင် ရောက်သွားလောက်ပြီ...။
ချင်ဒီပီစခန်းဘက်သို့ ဦးတည်ခြင်းသည် စဉ်းစားရအခက်ဆုံး ဖြစ်နေ သည်။ ကင်ညာနိုင်ငံနှင့် အခြားအာဖရိကမြောက်ပိုင်းဒေသတွင်းမှ နိုင်ငံများရှိ ဆင်းဂိုဏ်းများသည် ဆင်အုပ်များကိုသာ မရမနေ လိုက်ကြသည်။
| 89.429724 |
Elephant Trader
|
Mg Htun Thu
|
10356
| 37 |
________________
၇၆
www.burmeseclassic.com
မောင်ထွန်းသူ
ဤကြားထဲမှပင် အဆင်ပြေသည့်အခါ တောထိန်းစခန်းများ၌ လာရောက်အပန်းဖြေလေ့လာနေကြသော နိုင်ငံခြားသားခရီးသည်များအား ဝင်၍ အားပြတိုက်တတ်သည်။
ယခု လူစုသည် ထိုအလုပ်မျိုး လုပ်ဖို့ သွားကြလေသလား..။ သို့သော် လည်း အခုလောလောဆယ် ချင်ဝီဝီစခန်းတွင် ဧည့်သည်မရှိ။ ဧည့်ရာသီ မဟုတ် တော့၍ စခန်းဧည့်ရိပ်သာကိုပင် ပိတ်ထားသည် မဟုတ်ပါလေ..။ သို့ဆိုလျှင် ဘာအတွက်..။
သူ့အတွေးသည် ဖျတ်ခနဲ့ ရပ်သွားသည်။ ဂိုဒေါင်ထဲမှ ဆင်စွယ်များကို သတိရလိုက်သည်။ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ဂျွန်နီနှင့် သူ့ဇနီး မာဗစ္စ၊ ပြီးတော့ ကလေးတွေ...။
ကားသည် ပို၍ အရှိန်ပြင်းစွာဖြင့် ပြေးသွားသည်။ လမ်းချိုးတစ်ခုကို ကွေ့ဝင်သည်။ တစ်ဖက်မှ လာနေသည့် ထရပ်ကားကြီး တစ်စီး..။
သူသည် ကားဘရိတ်ကို တအားဆောင့်၍ အုပ်သည်။ ကားသည် အသံ
ကျယ်လောင်စွာ မြည်ဟည်းပြီး ရပ်သွားသည်။
ဂျော့ခ်သည် ရှေ့သို့ ငိုက်ကျသွားသည်။
ဒင်နီယယ်သည် ကားပေါ်မှခုန်ဆင်းကာ ဆင်သားကင်ထရပ်ကားဆီသို့ ပြန်ပြေးသည်။ ကားပေါ်မှလူကို သူမှတ်မိသည်၊ အထက်တန်းတောထိန်း ရိုပို...။ “အခုဟာ ငါမှားတာ၊ ခွင့်လွှတ်ပါကွာ၊ မင်း ဘာဖြစ်သွားသေးလဲ”
ဟူ ဒင်နီယယ်က အော်၍ မေးသည်။
ရိုမိုသည် ထိတ်လန့်တကြား ဖြစ်နေသည်။ ကားခေါင်းချင်း တိုက်မိရန် တစ်ပေခန့်မျှသာ ကွာသဖြင့် တစ်ကိုယ်လုံးတုန်နေသည်။ သူသည် ဒင်နီယယ် အား ကြည့်၍ ခေါင်းညိတ်ပြသည်။
“ကျွန်တော် ဘာမှ မဖြစ်ပါဘူး ဒေါက်တာ..."
“မင်းတို့ ချင်ဝီဝီစခန်းက ဘယ်အချိန် ထွက်လာကြတာလဲ” ဟု ဒင်နီယယ်က မေးသည်။ နို့မိုက ချက်ချင်းမဖြေ။ ဤမေးခွန်းသည် တစ်စုံတစ်ခု သော အကြောင်းကြောင့် ဖြေရခက်သလို ဖြစ်သွားသည်။
“ထွက်လာတာ ဘယ်လောက်ကြာပြီလဲ” ဟု ဒင်နီယယ်က ထပ်မေးသည်။ “ကျွန်တော် အတိအကျတော့ မသိဘူး ဒေါက်တာ..၊ ဟို...” ထိုအခိုက်တွင် အခြားသော အသားတင်ကားများ အသံကို ကြားသည်။
ဒင်နီယယ်က လှည့်ကြည့်သည်။
ဆင်ကုန်သည်
77
အကွေ့မှ ထွက်လာသည့် ထရပ်ကား၏ နောက်နားတွင် ရပ်လိုက် ကြသည်။ ဒင်နီယယ်သည် မာစီဒီးကားဆီသို့ ခပ်သုတ်သုတ် လျှောက်သွား သည်။ သူသွားနေခိုက်မှာပင် သံအမတ် ချင်သည် သူ့ကားတံခါးကို ဖွင့်၍ ဆင်း လာသည်။
“ဘာဖြစ်နေပါသလဲ ဒေါက်တာအမ်းစထရောင်း”ဟု မေးသည်။ သူ့ မျက်နှာ ထားက စိတ်လှုပ်ရှားနေပုံရသော်လည်း အသံကတော့ အေးဆေးတည်ငြိမ်သည်။ “ခင်ဗျားတို့ ချင်ဝီဝီက ဘယ်အချိန် ထွက်လာကြတာလဲ" ဒင်နီယယ်က ချင်၏ မေးခွန်းကို မဖြေ။ သိချင်တာကိုသာ မေးသည်။ ဂျွန်နီတို့ မိသားစုအတွက် ရင်ထဲ၌ ရှိနေပြီဖြစ်သော သောကသည် ကြီးထွားလာနေသည်ဖြစ်ရာ သူဘာကိုမှ ဂရုမပြုနိုင်
“ခင်ဗျား ဒီမေးခွန်းကို ဘာလို့ မေးနေရတာလဲ ဒေါက်တာ”ဟု ချင်က
ပြန်မေးသည်။
“ခင်ဗျားကော ဘာဖြစ်လို့ ပြန်လာဟာလဲ၊ ခင်ဗျား ဟာရာရီကို သွားမှာ
မဟုတ်လား..”
“ဒီမယ် သံအမတ်မင်း၊ ကျွန်တော် သိချင်တာက ချင်ဗီပီမှာ ပြဿနာ ရှိမရှိ၊ ဖြစ်မဖြစ် အဲဒါသိချင်တယ်...”
“ပြဿနာ၊ ဘာပြဿနာလဲ၊ ဘာကြောင့် ပြဿနာရှိရမှာလဲ၊ ခင်ဗျား ဘာဖြစ်လို့ ဒါတွေ မေးနေရတာလဲ”
ဒင်နီယယ်က ဖုံးကွယ်မထား။
“လူတစ်စု ဒီလမ်းပေါ်က ဖြတ်ပြီး ချင်ပီပီဘက်သွားတဲ့ လက်စလက်န တွေ ကျွန်တော် တွေ့ ထားတယ်၊ လက်နက်ကိုင် ဆင်စွယ်သူခိုးဂိုဏ်းလို လင် တယ်၊ ဂျွန်နီကို သတိပေးဖို့ ပြန်လှည့်လာတာ”
“ဟိုမှာ ဘာပြဿနာမှ မရှိပါဘူး၊ အားလုံး အိုကေနေတာပဲ၊ ကျွန်တော် လွန်ခဲ့တဲ့ တစ်နာရီလောက်က ထွက်လာခဲ့တာကြီးကြပ်ရေးမှူးလည်း ဘာမှ ဖြစ်တာ မတွေ့ ခဲ့ပါဘူး၊ ကျွန်တော် ထွက်မလာခင် သူနဲ့ စကားတောင် ပြောခဲ့
သေးတယ် "
နေသည်။
ချင်သည် နဖူးတွင် ခိုနေသည့် ချွေးများကို လက်ကိုင်ပဝါ
eclas.com
သုတ်
| 86.214136 |
Elephant Trader
|
Mg Htun Thu
|
10356
| 38 |
________________
70
www.burmeseclassic.com
မောင်ထွန်းသူ
“တစ်နာရီလောက်ကဆိုတော့...” ဒင်နီယယ်သည် သူ့ ရိုးလက်နာရီကို
မြှောက်ကြည့်သည်။
“သံအမတ်ကြီးတို့ ငါးနာရီလောက်က ထွက်လာတာပေါ့..” “ဟုတ်ပါတယ်၊ ဘာလဲ ဒေါက်တာ၊ ကျွန်တော့်စကားကို မယုံဘူးလား” ချင်၏ လေသံတစ်မျိုးဖြစ်နေသဖြင့် ဒင်နီယယ် အံ့အားသင့်သွားသည်။ “ခင်ဗျား ကျွန်တော့်ကို နားလည်မှု လွဲနေပြီ၊ ကျွန်တော်က ခင်ဗျားရဲ့ စကားအပေါ် သံသယမရှိပါလား”
အမှန်တော့ ချင်သည် ဤအရေးအခင်း ဖြစ်လာမည့် နေရာနှင့် ပေးဝေး နေရန် စိတ်ကူးရှိခဲ့သည်။ သို့သော်လည်း ချက်တီဆင်းက တိုက်ပွဲမဖြစ်မီ ချင်ပီပီ၌ ချင်ရှိနေခြင်းသည် အကောင်းဆုံး အကွက်တစ်ကွက်ဟု အခိုင်အမာ ပြောနေ သဖြင့် အခုလို လာ၍ နေပေးရခြင်း ဖြစ်၏။
ချက်တီဆင်းကလည်း သူ့အယူအဆနှင့်သူ ဖြစ်သည်။ အကယ်၍ ရဲက စစ်ဆေးမှု ပြုလုပ်ပြီဆိုပါက ဂုဏ်သရေရှိ သံအမတ်တစ်ဦး၏ စကားကို များစွာ အလေးအနက်ပြုကြလိမ့်မည် ဖြစ်သည်။ လူမည်း တောထိန်းနှစ်ဦး၏ စကားကို ရဲက အလွယ်တကူ လက်ခံမည် မဟုတ်။
သူတို့စကားကို ချင်ကသာ ထောက်ခံလိုက်လျှင် တစ်ချက်တည်းနှင့် ပြီးပြတ်သွားစရာ ရှိ၏၊ ရဲများအနေဖြင့် လူမည်းတောထိန်း နှစ်ဦးအား ချီကူရူဘီ ထောင်သို့ ပို့၍ စစ်ဆေးမေးမြန်းခြင်းကိုပင် လုပ်တော့မည် မဟုတ်။
ဤကား ချက်တီဆင်း၏ တွက်ကိန်းဖြစ်၏။ ထိုတွက်ကိန်းအရ သူသည် ဤကိစ္စတွင် ချင်ဝီဝီစခန်း၌ ခဏတာမျှ လာ၍ နေပေးရခြင်း ဖြစ်သည်။ ချင်သည် လက်ကိုင်ပဝါကို အိတ်ကပ်ထဲ ပြန်ထည့်ကာ စီးကရက်ဘူး ကို ထုတ်သည်။ အထဲမှ စီးကရက် တစ်လိပ်ကို နှိုက်ယူသည်။ တုန်ယင်နေသော လက်သည် စီးကရက်ကို မြဲအောင်မကိုင်နိုင်။ သူ့ခြေထောက် နှစ်ဖက်ကြားသို့ လွတ်ကျသွားသည်။
ချင်သည် စီးကရက်ကို ကုန်းကောက်သည်။ ဒင်နီယယ်၏ မျက်လုံး များသည် ချင်၏ လှုပ်ရှားမှုကို မျက်ခြည်ပြတ်မသွား။ စီးထားသည့် ကင်းဗတ်ရှူး ဖိနပ် အဖြူတစ်ဖက်နှင့် အပြာရောင် ဘောင်းဘီအောက်ခြေနှစ်ဖက်ကြားသို့ လွတ်ကျသွားသည်၊
ဒင်နီယယ်သည် အံ့အားသင့်သွားသည့်အဖြစ်ကို ရုတ်တရက် ဖုံးကွယ် ၍ မရ။ နံနက်က လတ်လတ်ဆတ်ဆတ် ဖြတ်ယူလာသော ဆင်စွယ်များကို
j
ဆင်ကုန်သည်
၇၉
ဂိုဒေါင်ထဲ သွင်းစဉ်က ချင် လာရပ်ကြည့်ခဲ့သည်ကို သတိရလိုက်သည်။ ဆင် သွေးထင်ပါရဲ့ဟု တွေးသည်။
ရှင်သည် ဒင်နီယယ်၏ အကြည့်ကို သတိထားမိသည်။ ခြေတစ်ဖက် ကို လျင်မြန်စွာ နောက်သို့ ဆုတ်သည်။ မျက်နှာထားက မလုံမလဲ။ ကားထဲသို့ ကပျာကယာ ပြန်ဝင်ပြီး ထိုင်သည်။
"ခင်ဗျား စိတ်အေးသွားအောင် ပြောပြလိုက်ရလို့ ကျွန်တော် အများ ကြီး ဝမ်းသာသွားပြီ” ဟု ပြောကာ ဒင်နီယယ်အား ပြုံး၍ ကြည့်နေသည်။အခု ကျတော့လည်း သူ့ အပြုအမူသည် ပြန်လည်တည်ငြိမ်လျက် ရှိသည်။
“ဒေါက်တာ ပြန်သွားဖို့ မလိုတော့ပါဘူး” ဟု ရှင်က ပြောသည်။ “ကျွန်တော်တို့နဲ့ လိုက်မယ် မဟုတ်လား၊ ဒါဆိုရင်လည်း ကားတန်းရဲ့ ရှေ့ဆုံးက သွားပါ ဒေါက်တာ...။
ပြောသည်။
“ကျေးဇူးတင်ပါတယ် သံအမတ်ကြီး”ဟု ဒင်နီယယ်က ခေါင်းယမ်း၍
“သံအမှတ်ကြီး ဆက်သွားပါ၊ ကျွန်တော် စခန်းကို မပြန်လို့ မဖြစ်ပါ ဘူး၊ ကျွန်တော် တွေ့ထားတဲ့ဟာ ဂျွန်နီကို ပြောပြမှ ဖြစ်ပါလိမ့်မယ်” ချင်၏ မျက်နှာမှ အပြုံးရိပ်သည် ပျောက်ကွယ်သွားသည်။
“လူကြီးမင်းက မလိုအပ်ဘဲနဲ့ ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာကိုး၊ ဘာမှ မဖြစ်ဘူးဆိုတာ ကျွန်တော် အာမခံပါတယ်၊ မယုံရင် မာနာရေအိုင်ရုံးက ဖြစ်ဖြစ် ကာရွိုင်းရွာကဖြစ်ဖြစ် တယ်လီဖုန်းဆက်ပါလား”
“သူတို့ ဖုန်းကြိုးတွေ ဖြတ်သွားတယ်ဆိုတာ ကျွန်တော် သံအမတ်ကြီး ကို ပြောခဲ့ပြီးပါပြီ”
“ခင်ဗျား ယူဆတာတွေဟာ ကျိုးကြောင်း မဆီလျော်ဘူးလို့ ထင်ပါ တယ် ဒေါက်တာ၊ ဒီကိစ္စဟာ သိပ်ပုံကြီးချဲ့ပြီး တွေးစရာမလိုဘူး ထင်လို့” “ခင်ဗျား ကြိုက်သလို တွေးပါ သံအမတ်ကြီး” ဟု ဒင်နီယယ်က ပြော
သည်။
“ကျွန်တော် ချင်ပီပီကို ပြန်မသွားလို့ မဖြစ်ပါဘူး”
ssic.com
သူသည် မာစီဒီးကားအနီးမှ လှည့်ထွက်လာသည်။ “ဒေါက်တာ အမ်းစထရောင်း”ဟု ချင်က နောက်မှ လှမ်းခေါ်သည်။ “မိုးပေါ်က တိမ်တွေ မည်းနေတာ မြင်ပါသလား၊ ခင်ဗျားဒေသမှာ သီတင်းပတ် အကြာကြီး ပိတ်မိနေပါလိမ့်မယ်..."
| 87.326169 |
Elephant Trader
|
Mg Htun Thu
|
10356
| 39 |
________________
www.burmeseclassic.com
မောင်ထွန်းသူ
“ဖြစ်လာလည်း မတတ်နိုင်ပါဘူး ခင်ဗျာ”ဟု ဒင်နီယယ်က ပြန်ပြော တယ်။ သူ့စိတ်ထဲတွင် သင်္ကာမကင်း ဖြစ်လာသည်။
ဘာ့ကြောင့် သူ ဤမျှလောက် တားနေရပါသနည်း။
သူသည် သူ့ လင်ခရူဇာကားဆီသို့ ပြန်လျှောက်လာသည်။ ထရပ် ကားပေါ်မှ တောထိန်းများသည် သူ့အားစကားလည်း မပြော။ ကားပေါ်မှလည်း မဆင်း၊ မျက်နှာများကလည်း ကြည်ကြည်သာသာ မရှိကြ။
“ဟေ့..ရို့မို့၊ မင်းကားကို ရှေ့တိုးပေး၊ ငါ့ကား ထွက်မလို့”
ရိုမိုသည် ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ ကားကို ရှေ့တိုးပေးသည်။ ဒင်နီယယ်သည် ချင်အား လက်ပြနှုတ်ဆက်ပြီး သူ့ကားကို မောင်းထွက်လာခဲ့သည်။ “ဟိုတရုတ်က ဘာတွေ ပြောသွားသလဲ” ဟု ဂျော့ခ်က မေးသည်။ "ချင်ပီပီမှာ ဘာမှမဖြစ်ပါဘူးလို့ ပြောသွားတယ်”
အား
ဂျော့ခ်သည် အအေးဘူးကို ဖွင့်၍ ဘီယာတစ်ဘူးယူကာ ဒင်နီယယ် လှမ်းပေးသည်။ ဒင်နီယယ်က ခေါင်းခါပြသဖြင့် သူ့ဘာသာသူ ဖွင့်၍ မော့သည်။
အလင်းရောင် ပျောက်သွားပြီ။ မိုးစက်အနည်းငယ် ကျလာသည်။ ဒင်နီယယ်ကတော့ သူ့ကားကို အရှိန်မလျှော့။ တောင်ကုန်းထိပ်သို့ မရောက်မီ မိုးမှောင်သည် သိပ်သည်းစွာ ကျလာသည်။ တစ်ခါတစ်ရံတွင် ဝင်းခနဲ လက် လိုက်သည့် လျှပ်စီးများနှင့် ထွက်ပေါ်လာသည့် မိုးခြိမ်းသံ...။
မိုးစက်မိုးပေါက်များသည် ငွေမြားတံများသဖွယ် ကားရှေ့ မီးအလင်း ရောင်အတွင်းသို့ သက်ဆင်းလာနေကြသည်။ ကားမှန်တံခါးများကို အလုံပိတ် ထားသဖြင့် နှစ်ဦးစလုံး မွန်းကျပ်လာသည်။
ဒင်နီယယ်သည် သူ့ဘေးမှတံခါးကို အနည်းငယ်မျှ ချလိုက်၏။ သူ သည် နှာခေါင်းကို ရှုံ့၍ လေထဲ၌ ပါလာသည့် အနံ့ကို ရှူကြည့်၏။ ဂျော့ခ် ကလည်း လိုက်၍ရှူကာ..
“မီးခိုးနံ့” ဟု ရေရွတ်၏။ “စခန်းရောက်ဖို့ နီးပြီလား..."
“နီးပြီ၊ နောက်တောင်ကုန်းကျော်ရင် ရောက်တော့မယ်” ဟု ပြော၏။ မီးခိုးနံ့သည် ပျောက်သွား၏။ စခန်း၏ အလုပ်သမားတန်းလျားမှ လာသည့် မီးခိုးနံ့ဟု သူထင်မိ၏။ သူတို့ရှေ့မှ ဆိုင်းဘုတ်တစ်ခု ဘွားခနဲ ပေါ်လာ လေသည်။
J
1
ဆင်ကုန်သည်
ချင်ဝီဝီစခန်းမှ ကြိုဆိုပါ၏။
ဆင်များရိပ်သာ
ထိုစာတန်းများ အောက်တွင် ရေးထားသည့်စာများ...
“စခန်းသို့ ရောက်လာသည့် ဧည့်သည်အားလုံး ကြီးကြပ်ရေးမှူး ရုံးဝန်းသို့ သတင်းပို့ပါ”
ဒင်နီယယ်သည် စခန်းတွင်းသို့ ကားကို မောင်းဝင်လာခဲ့သည်။ စခန်း တစ်ခုလုံး အမှောင်ထုထဲ ရောက်နေ၏။ မီးစက်သံလည်း မကြားရ။ မီးခိုးနံ့များက လည်း ထောင်းထောင်းထနေသည်။
သစ်သားနှင့် သက်ကယ် မီးလောင်ထားသည့်အနှံ့ ။ ပြီးတော့ အရိုး မီးလောင်ထားသည့် အနံ့လိုလို ဘာလိုလို။
အာ
"ဆင်စွယ်ဂိုဒေါင် မီးလောင်ထားတယ်” ဟု ဒင်နီယယ်က ရေရွက်၏။ ဂျော့ခ်သည် ကားမှန်ထဲမှ နေ၍ ငုံ့ကြည့်၏။
“ဟုတ်တယ်၊ ညှော်နံ့ တွေ အဲဒီက လာနေတာ” ဟု ပြောသည်။ ဒင်နီ ယယ်သည် ကားကို ဂိုဒေါင်နှင့် မနီးမဝေး၌ ရပ်၍ ကားပေါ်မှ ကပျာကယာ ဆင်း၏။ အဆောက်အအုံ၏ ခေါင်မိုးရော နံရံများပါ ပြိုကျသွားပြီ။ မီးသည် အခုထိ တငွေ့ ငွေ့ လောင်နေဆဲ။
မီးခိုးများသည် ကောင်းကင်ဆီသို့ လွှင့်တက်နေကြ၏။ တစ်ခါတစ်ရံ တွင် မီးတောက်များ ထလာတတ်သော်လည်း အဆက်မပြတ် ကျလာနေသည့် မိုးပေါက်ကြီးများကြောင့် ပြန်၍ ငြိမ်းသွားကြ၏။
မီးအပူရှိန်ကတော့ ယခုအထိ ကျမသွားသေး၊ အနီးသို့ မကပ်နိုင် လောက်အောင် ပူပြင်းနေဆဲ၊ ဒင်နီယယ် တစ်ကိုယ်လုံး မိုးရေများဖြင့် စို့ရဲ့သွား သည်။ သူသည် ကားပေါ်သို့ ပြန်တက်ကာ ဂျွန်နီအင်ဇော၏ အိမ်ရှိရာ တောင် ကုန်းဆီသို့ မောင်း၏။ ဤအိမ်သည်လည်း အမှောင်ထုအောက်တွင် ရောက် နေ၏။ ဒင်နီယယ်သည် ဂျော့ခ်လက်ထဲမှ လက်နှိပ်ဓာတ်မီးကို လှမ်းယူကာ ကားအပြင်သို့ ထွက်၏။
“ဂျွန်နိ”
။
ဒင်နီယယ်သည် အသံကုန့်ဟစ်၍ အော်ခေါ်၏။ အိမ်ရှေ့တံခါးဆီသို့ ပြေးသွား၏။ တံခါးသည် ထုရိုက်ဖျက်ဆီးခြင်းခံထားရသဖြင့် ပေါက်ပြဲကြေမွ
| 87.546912 |
Elephant Trader
|
Mg Htun Thu
|
10356
| 40 |
________________
၁.
www.burmeseclassic.com
မောင်ထွန်းသူ
နေရုံမျှမက ပတ္တာပျား ပြုတ်နေ၏။ သူသည် ၀ရန်တာတစ်လျှောက် ပြေးသွား၏။ စားပွဲ၊ ကုလားထိုင်အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်နေသည်။ ဂျွန်နီ စုဆောင်းထားသည့် စာအုပ်များသည် စာအုပ်စင်ပေါ်မှ ကြမ်းပြင်ပေါ်သို့ လွင့်စဉ် ကျကြ၏။
"48"
သူသည် ဧည့်ခန်းထဲ ပြေးဝင်၏။ ဤအခန်းထဲရှိ အပျက်အစီးများ သည် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ရှိရှိသမျှ ပစ္စည်းအားလုံး ထုရိုက် ဖျက်ဆီးတားကြလေသည်။ ဆိုဖာများ၊ ခန်းဆီးများကိုလည်း ဓားနှင့် ခွဲဖြတ် ထားသည်။
“ဂျွန်နီ”
ဒင်နီယယ်သည် သံကုန့်ဟစ်၍ အော်ကာ အိပ်ခန်းဘက်သို ့ပြေး သည်။ လက်နှိပ်ဓာတ်မီးရောင်သည် နံရံအနီး၌ လဲနေသော ကလေး တစ်ယောက်ပေါ်သို့ ကျသည်။
ဂျွန်နီနှင့် မာဗစ္စတို့ လင်မယားက သူ့နာမည်ယူ၍ “ဒင်နီယယ် ရောဘတ်အင်ဇော" ဟု အမည်ပေးထားသည့် သားငယ်ပေတည်း။
သမီးနှစ်ယောက် မွေးပြီးကာမှ ရလာသည့် သားဖြစ်၍ မိဘများက အလွန်ချစ်ကြ၏။
ဒင်နီယယ်သည် ပက်လက်လဲကျနေသော ကလေးကို ငုံ့ကြည့်ကာ မျက်ရည်များ စို့လာသည်။ သူသည် ထိုင်ရာမှထကာ အိပ်ခန်းတစ်ခန်းဆီသို့ လျှောက်သွား၏။ မပွင့်တပွင့် ဖြစ်နေသော တံခါးကို ဆွဲပွင့်၏။ သူ ထင်သည့် အတိုင်းပင် ဂျွန်နီ၏ သမီးနှစ်ယောက်။
မာရီယမ်က ဆယ်နှစ်၊ ဆူဇီက ရှစ်နှစ်နီးပါး။
နှစ်ယောက်စလုံး ကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးနေကြသည်။ သူတို့မိခင် မာဗစ္စကတော့ ခုတင်ပေါ်၌ ပက်လက်။ ဦးခေါင်းတွင် ကျည်ဆန်မှန်ထား၏။ ဒင်နီယယ်သည် ဗီရိုတစ်လုံးကိုဖွင့်၍ အတွင်းမှ အိပ်ရာ ခင်းကိုယူ၏။ အလောင်းများကို လွှမ်းပေး၏။ သူ့တစ်ကိုယ်လုံး နုံးချည့်နေသည်။ “ဘုရား..ဘုရား”
တံခါးဝမှ ရပ်ကြည့်နေသော ဂျော့ခ်က အလန့်တကြား ရေရွတ်သည်။ ဒင်နီယယ်သည် သူယူလာသည့် အိပ်ရာခင်းဖြင့် ဒင်နီယယ်ရောဘတ်အင်ဇော၏ အလောင်းကို အုပ်လိုက်သည်။
ဆင်ကုန်သည်
၈၃
“အတော့်ကို ယုတ်မာရက်စက်တဲ့ ကောင်တွေပါလား” ဟု ဂျော့ခ်က
အံကြိတ်၍ ပြော၏။
ဒင်နီယယ်က တစ်ချက်လှမ်းကြည့်၏၊
“မင်း ဂျွန်နီကို မတွေ့ဘူးလား” ဂျော့ခ်က ခေါင်းခါပြသည်။ နှစ်ယောက်သား တစ်အိမ်လုံး ပိုက်စိပ်တိုက်၍ ရှာသော်လည်း မတွေ့ ။ “ဇာသွားကြစို့၊ ငါတို့ ဂျွန်နီကို ရှာရဦးမယ်”
ဒင်နီယယ်သည် မော်တော်ကားကို တောင်ကုန်း ဆင်ခြေလျှောအတိုင်း မောင်းလာခဲ့၏။ စခန်းငင်းအတွင်းသို့ ဝင်လာသည့်အခါ အလုပ်သမား တန်း လျားတစ်ခုလုံး မီးလောင်ပြင် ဖြစ်နေသည်ကို မြင်ရ၏။
ကားမီးရောင်အောက်တွင် ပြန့်ကျဲနေသည့် ကျည်ဆန်ခွံများ။ ဒင်နီယယ်သည် ကားပေါ်မှ ဆင်းကာ ကားမီးရောင်အောက်မှ ကျည် ဆန်ခွံများကို ကြည့်၏။ ရွှံ့ထဲတွင် နှစ်နေသည့် ကျည်ဆန်ကတ် အလွတ်တစ်ခု။ သူသည် ကောက်ယူပြီး မီးရောင်ဖြင့် ကြည့်၏။ အရှေ့ဥရောပနိုင်ငံများမှ ထုတ်လုပ်သော ၇ ဒသမ ၆၂ မီလီမီတာ ကျည်ဆန်များထည့်သည့် ကျည်ကတ်။
လူဆိုးများသည် ဤတန်းလျားတစ်ခုလုံးကို သေနတ်များဖြင့် ပစ်ခတ် ကာ အဆောက်အအုံများကြားမှ လျှောက်သွားသည်။ သူသည် လက်နှိပ်ဓာတ်မီး ဖြင့် ဝဲဘက်၊ ယာဘက် နှစ်ဖက်စလုံးကို တရစပ် ထိုးကြည့်သွားသည်၊ လက်နှိပ် ဓာတ်မီးရောင်သည် လဲကျနေသည့် လူတစ်ယောက်ပေါ် ကျသွားသည်။ “ဂျွန်နီ
ဒင်နီယယ်သည် တအားကုန်းအော်၍ ပြေးသွားသည်။ အနီးတွင် ဒူး ထောက်၍ ထိုင်ချ၏။
မီးလောင်ထားသည့် အလောင်း။
ဤလူသည် မသေခင် အပြင်သို့တွား၍ထွက်လာပုံရ၏။ သို့သော်လည်း သူထင်သလို ဂျွန်နီ မဟုတ်။ လက်ထောက် သစ်တောထိန်းတစ်ယောက်ဖြစ်၏။ ဒင်နီယယ်သည် နောက်သို့ ပြန်ပြေး၏။
ssic.c
“တွေ့ပြီလား”ဟု ဂျော့ခ်က ဆီး၍မေးသည်။ ဒင်နီယယ်က ခေါင်းခါ သည်။ “စခန်းတစ်ခုလုံးမှာ ရှိသမျှကို သတ်သွားတာပဲ၊ ဒီကောင်တွေ ဘာဖြစ် လို့ ဒီလောက်အထိ လုပ်ရတာပါလိမ့်..ဂျော့ခ်ကတအံတသြ ရေရွတ်၏။
| 88.07947 |
Elephant Trader
|
Mg Htun Thu
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.