uid
string
page
int64
text
string
burmese_percent
float64
title
string
author
string
10356
41
________________ ၄ www.burmeseclassic.com မောင်ထွန်းသူ “သက်သေမရှိအောင် နှုတ်ပိတ်တာပေါ့ကွာ”ဟု ဒင်နီယယ်က ပြော၏။ “ဘာကြောင့် ဒီစခန်းကို ဝင်တိုက်ရတာလဲ...” “ဆင်စွယ်လိုချင်လို့ပေါ့၊ တခြား ဘာအကြောင်းရှိမှာလဲ....ဒါပေမဲ့ သူတို့ က ဂိုဒေါင်ကို မီးရှို့ထားတယ် မဟုတ်လား...ဆင်စွယ်တွေ အကုန်ယူပြီးမှ ရှိတာ ပေါ ဒင်နီယယ်သည် ကားကိုပြန်ကွေ့ကာ တောင်ကုန်းပေါ် ပြန်တက်၏။ “ဘယ်သူတွေ လာလုပ်သွားတာလဲ ဒင်နီ၊ လုပ်သွားတဲ့ကောင်တွေဟာ ဘယ်သူတွေလို ခင်ဗျား ထင်သလဲ...ငါက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ၊ အဓိပ္ပာယ် မရှိတဲ့ မေးခွန်းတွေ ငါ့လာမေးမနေနဲ့ကွာ" ဒင်နီယယ်၏ ဒေါသသည် တရှိန်ရှိန်တက်လျက် ရှိသည်။ သူသည် ကားကို ဂျွန်နီ၏ အိမ်ရှေ့မှ ဖြတ်မောင်းကာ အခြားတစ်ဖက်ရှိ တောင်စောင်း လမ်းအတိုင်း မောင်းလာ၏။ ကြီးကြပ်ရေးမှူးရုံးကိုလည်း မီးရှို့ထား၏။ သို့သော်လည်း ကုန်အောင် မလောင်နိုင်မီ မိုးရွာချလိုက်သဖြင့် မီးငြိမ်းသွားဟန် တူ၏။ သူသည် ကားပေါ်မှ ခုန်ဆင်းကာ ရုံးဘက်သို့ ပြေးသည်။ ရှေ့မျက်နှာ စာ နံရံတွင် ချိက်ဆွဲထားသည့် တိရစ္ဆာန်ခေါင်းခွံများသည် သူ့အား ဆီး၍ ခြောက် လှန့်နေသည့်နှယ် ရှိလေသည်။ ဂျွန်နီ၏ ရုံးခန်းတံခါးသည် ပွင့်နေသည်။ သူသည် အသံဗလံများကို ရပ်၍ နားစွင့်ပြီးမှ အခန်းထဲသို့ ဝင်သည်။ ရုံးခန်းထဲတွင် စက္ကူများသည် နေရာ အနှံ့ ပြန့်ကျဲနေ၏။ တစ်ခန်းလုံးကို မွှေနှောက် ဖျက်ဆီးသွားကြခြင်း ဖြစ်၏။ ဗီရိုများနှင့် ဖိုင်များသည်လည်း ဖရိုဖရဲ လဲကျနေကြသည်။ စားပွဲအံဆွဲများကို လည်း ဆွဲထုတ်ကာ မွှေနောက်သွားကြဟန် တူ၏။ စားပွဲပေါ်မျှ တွေ့ရသော သော့များဖြင့် မီးခံသေတ္တာထဲတွင် ဘာပစ္စည်းမှ မရှိ။ ဒင်နီယယ်၏ လက်နှိပ်ဓာတ်မီးမှ မီးရောင်သည် စားပွဲရှေ့တည့်တည့်၌ ခေါက်တိခေါက်ကွေးလဲကျနေသော ဂျွန်နီအင်ဇော၏ ခန္ဓာကိုယ်ပေါ်သို့ ကျသွား၏။ ဒင်နီယယ်သည် ဂျွန်နီယံ လျှောက်သွားပြီး ဘေးနားတွင် ဒူးထောက် ထိုင်ချလိုက်၏။ သူ့နှုတ်မှ အသံတိုးတိုးကလေး ထွက်လာ၏။ ဂျွန်န် ဆင်ကုန်သည် ၁၅ “ထရပ်ကားပြင်နေတုန်း ကျွန်တော် သဖန်းပင်ကန်ဘက်သွားပြီး ငှက်တွေ လေ့လာနေရင် ကောင်းမလားလို စဉ်းစားနေတယ်” သံအမတ် ချင်၏ အသံသည် ဂျွန်နီအင်ဇော၏ အာရုံကို အနှောင့် အယှက် ဖြစ်စေခဲ့သည်။ သို့သော်လည်း ဂျွန်နီသည် စိတ်တိုခြင်း မဖြစ်။ သဘာဝကို ချစ်မြတ်နိုး၍ လာရောက်လေ့လာကြသော ဧည့်သည်များ အား တတ်အားသရွေ့ ကူညီရမည့် အလုပ်သည် သူ့တာဝန်တစ်ရပ်ဟု သတ်မှတ် ထားသည် မဟုတ်ပါလား။ ဂျွန်နီသည် ချင်အား ပြုံး၍ နှုတ်ဆက်ကာ လုပ်လက်စအလုပ်ကို ချ၍ စားပွဲမှ ထလာသည်။ ကားနားတွင် ခဏမျှရပ်၍ ငှက်များကို ကြည့်ရှု လေ့လာနိုင် သည့် အကောင်းဆုံး နေရာများကို အကြံပြုသည်။ ချင်၏ကား ထွက်သွားသည့်အခါ ကားပြင်ရုံဘက် လျှောက်သွားပြီး တောထိန်း ရိုမို့ ထရပ်ကား ပြင်နေသည်ကို တစ်ခဏမျှ ရပ်ကြည့်သည်။ နို့မို သည် စက်ပြင်အလုပ်တွင် ကျွမ်းကျင်မှုမရှိဟု စိတ်ထဲမှ သတ်မှတ်လိုက်သည်။ မနက်ဖြန်ကျလျှင် မာနာအိုင်သစ်တောမှ ကြီးကြပ်ရေးမှူးထံ ဖုန်းဆက်၍ စက်ပြင် တစ်ယောက်လွှတ်ပေးရန် အကူအညီတောင်းမည်ဟု ဆုံးဖြတ်သည်။ ထို့နောက် ဂျွန်နီသည် သူ့ရုံးခန်းဘက်သို့ ပြန်လာခဲ့သည်။ ဂျွန်နီ ပြန်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကားပြင်နေသော ရိုမို သည် လူမည်းတောထိန်း ဒေးဗစ်အား အလွန်အဓိပ္ပာယ်ပါသည့် မျက်လုံးများဖြင့် မော့ကြည့်သည်။ အမှန်တော့ ရိုမိုသည် ဒိုင်နမို့ အပျက်အဟောင်းတစ်လုံးကို ssic.com)
88.377274
Elephant Trader
Mg Htun Thu
10356
42
________________ www.burmeseclassic.com မောင်ထွန်းသူ ကိုင်၍ ပြုပြင်ဟန်ဆောင်နေခြင်း ဖြစ်၏။ ထရပ်ကား၏ ဒိုင်နမိုကို ယာဉ်မောင်း ထိုင်ခုံအောက်၌ ဝှက်ထားသည်။ ယင်းဒိုင်နမိုမှာ ပျက်သည်မဟုတ်၊ အချိန်ဆွဲ လို၍သာ အခုလို လုပ်ထားခြင်း ဖြစ်၏ ။ ဝှက်ထားသည့် ပစ္စည်းကိုယူ၍ ပြန်တပ် လိုက်မည်ဆိုပါက ဆယ်မိနစ်ပင် ကြာမည်မဟုတ်။ ရုံးခန်းထဲရှိ စားပွဲ၌ ပြန်ထိုင်နေပြီဖြစ်သော ဂျွန်နီသည် ငြီးငွေ ့သော စိတ်ဖြင့် လုပ်ရိုးလုပ်စဉ် အလုပ်များကို လုပ်နေသည်။ တစ်ကြိမ်တွင် သူသည် လက်ပတ်နာရီကို ကြည့်သည်။ တစ်နာရီထိုးဖို့ မိနစ်အနည်းငယ်မျှသာ လိုတော့၏။ သို့သော်လည်း နေ့လယ်စာမစားမီ အပတ်စဉ် အစီရင်ခံစာများကို အပြီးသတ်လိုက်ချင်သည်။ အိမ်ဘက်သို့ စောစောစီးစီး ပြန်သွားလိုစိတ် ရှိသော်လည်း မတတ်နိုင် တော့၊ ပြီးအောင် လုပ်လိုက်မည်ဟု တွေးကာ ဆက်ထိုင်သည်။ မည်မျှပင် အလုပ် များများ ကလေးများနှင့်တော့ ခဏတစ်ဖြုတ် နေလိုက်ချင်သည်။ အထူးသဖြင့် သူ့သားနှင့် အချိန်နည်းနည်း ဖြုန်းလိုက်ရလျှင် စိတ်လက်ကြည်လင် ပေါ့ပါးသွား နိုင်သည် မဟုတ်ပါလား... ။ သို့သော်လည်း သူသည် စိတ်အလိုကို မလိုက်။ မည်သို့ပင်ဖြစ်စေ သူနေ့လယ်စာစားဖို့ အိမ်ပြန်နောက်ကျလျှင် သူ့မိန်းမက သားနှင့်သမီး နှစ်ယောက်အား လွှတ်၍ အခေါ်ခိုင်းတတ်သည်။ အခုလည်း အခေါ်လွှတ်လိမ့်မည်ဟုပင် သူယူဆကာ သူ့အကွေးနှင့်သူ ပြုံးနေသည်။ ဤအခိုက်မှာပင် တံခါးဝမှ အသံတစ်သံ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်မိ၏။ မျက်နှာပေါ်မှာ အပြုံးရိပ်သည် ပျောက်သွားသည်။ တံခါးဝ၌ ရပ်နေသူသည် လူစိမ်း...! အရပ်ပုပု ခြေခွင်ခွင်နှင့် ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ရှင် တစ်ဦး။ ဝတ်ထားသည့် အင်္ကျီနှင့် ဘောင်းဘီတို့က စုတ်စုတ်ပြတ်ပြတ်။ သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ တစ်စုံတစ်ခုကို ဝှက်ထား သည့် ပုံစံမျိုးပေတည်း။ “ဘာလဲ” ဂျွန်နီက မေးသည်။ “မင်းဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ” ဆင်ကုန်သည် ရပ်နေသူက ပြုံးသည်။ ပါးတစ်ခြမ်းတွင် ရှိနေသည့် အမာရွတ်ကြောင့် သူပြုံးလိုက်သည့်အခါ ဖြဲခြောက်သလို ဖြစ်နေသည်။ ဂျွန်နီက ထိုင်ရာကထကာ လူစိမ်းဘက်သို့ လျှောက်သွားသည်။ “ဘာကိစ္စရှိလို့လဲ”ဟု ဂျွန်နီက ထပ်မေးသည်။ တံခါးဝမှ လူမည်း၏ နောက်ပစ်ထားသော လက်များသည် ရှေ့သို့ ရောက်လာသည်။ လက်ထဲတွင် အေကေဖေတီဆဲဗင်း မောင်းပြန်သေနတ်။ ပြောင်း၀ သည် ဂျွန်နီ၏ဝမ်းဗိုက်တည့်တည့်ချိန်လျက်...။ ဂျွန်နီသည် .လယ်တည့်တည့်တွင် ပိတ်မိသလို ဖြစ်နေသည်။ မည်သို့ ပင်ဖြစ်စေ သတိကတော့ ချက်ချင်းဝင်သည်။ မူဆိုးတစ်ယောက်၊ စစ်သား တစ်ယောက်၏ သွက်လက်ဖျတ်လတ်မှုမျိုးကတော့ ရှိနေဆဲ ဖြစ်၏။ လက်နက်များထားသည့် အခန်းသည် သူ့ဘယ်ဘက် ခြေလှမ်း ဆယ် လှမ်း အကွာခန့်၌ ရှိနေသည်။ တံခါးပေါက်မှ လှမ်းကြည့်လိုက်လျှင် သေနတ်များ တင်ထားသည့် စင်ကို မြင်နေရသည်။ သို့သော်လည်း စင်ပေါ်မှ သေနတ်များတွင် ကျည်ဆန် အသင့်ထည့်မထား။ ဤသည်မှာလည်း သူချမှတ်ပေးထားသော စည်းကမ်းချက်တစ်ချက် ဖြစ်၏။ ကျည်ဆန်များသည် သေနတ်စင်အောက်ရှိ သော့ခတ်ထားသော သံမဏိ ဗီရိုထဲ၌ ရှိသည်။ ဤအရာအားလုံးသည် သူ့ ခေါင်းထဲသို့ ဝင်လာသည်။ သူသည် ဘယ်ဘက်တံခါးဆီသို့ ခုန်တိုးလိုက်သည်။ အမာရွတ်နှင့် လူဆိုး၏လက်ထဲရှိ သေနတ်ပြောင်းဝမှ မီးပွင့်များဖြာ၍ ထွက်လာသည်။ သူသည် ကြမ်းပြင်ထက်သို့ မှောက်ချပြီး အခြားတစ်ဖက်သို့ လှိမ့်လိုက်သည်။ သသည် တံခါးသို့ ရောက်ရန် နောက်တစ်ကြိမ် အားထုတ်ကြည့်ပြန်သည်။ လူဆိုးသည် အတွေ့အကြုံများသော လူသတ်သမားတစ်ဦး ဖြစ်ဟန် ရှိ၏။ ကျည်ဆန်များသည် သူ့အပေါ်ဘက်နံရံကို အဆက်မပြတ် ထိမှန်ပြီး နောက်ရပ်သွားသည်။ ဂျွန်နီသည် သေနတ်စင်တံခါးပေါက်ဆီသို့ ဘယ်လိုလုပ်၍ သွားရ ပါမည်နည်းဟူသော အရေးကိုသာ အဓိက ထား၍ စဉ်းစားလျက် ရှိသည်။ သို့သော်လည်း နောက်ထပ်ကျည်ဆန်များ သူ့ဘက်သို့ ပြေးလာကြ ပြန့်သည်။ သူသည် တစ်ဖက်သို့ တအားကုန်နှစ်ပတ်သုံးပတ် လည်သွားသည်
89.506579
Elephant Trader
Mg Htun Thu
10356
43
________________ Ch www.burmeseclassic.com အထိ လှိမ့်လိုက်သည်။ သို့သော်လည်း နောက်ကျသွားပြီး မောင်ထွန်းသူ ကျည်ဆန်တစ်ကောင်သည် ပေါင်ကို မှန်သည်။ ဒုတိယကျည်ဆန် သည် တင်ပါးကို မှန်သည်။ တတိယ ကျည်ဆန်သည် ပေါင်ရိုးအဆစ်ကို ပြတ် သွားစေသည်။ ထို ့နောက် ဆီးခုံကို မှန်သည်။ ဂျွန်နီသည် သတိကြီးသူ ဖြစ်၏။ တံခါးကို ဖက်တွယ်ကာ လဲကျမသွားအောင် ထိန်းထားသည်။ ထို့နောက် ခြေတစ်ဖက်ကို အားပြု၍ ရပ်သည်။ သူသည် လူဆိုးအား ကျောပေးပြီး ရပ်နေသည့် အနေအထားရောက်လျက် ရှိ၏။ နောက်သို့ လှည့် လိုက်သည်။ သေနတ်သမားသည် ဂျွန်နီအား ပြုံး၍ ကြည့်သည်။ “ကဲ...ငါ့လူ၊ မင်းသွားတော့” ဟု ရေရွတ်ကာ ဂျွန်နီ၏ဗိုက်ကို တစ်ချက် ထပ်ပစ်သည်။ ဂျွန်နီသည် ကျည်ဆန်မှန်လိုက်သည့်အရှိန်ဖြင့် နောက်သို့ လွင့်ထွက် ကာ နံရံနှင့်တိုက်မိပြီးမှ ရှေ့သို့ မှောက်လျက်လဲကျသည်။ “မလှုပ်နဲ့” ဂျွန်နီသည် သူ့ ကိုယ်သူ သတိပေး၍ အားတင်းသည်။ သူနည်းနည်း လေးလှုပ်လိုက်လျှင် သေနတ်သမားထံမှ ကျည်ဆန်များ ထပ်ရောက်လာမည်ကို သိနေသည်။ သူ့အနေဖြင့် သေနတ်သမားက သူ့အား သေပြီဟု ယုံကြည် စိတ်ချ သွားအောင်နေမှ ဖြစ်မည်။ ထိုအခိုက်တွင် အပြင်မှ အော်သံခေါ်သံများနှင့် သေနတ်သံများ၊ ပြေးသံ လွှားသံများ ကြားရသည်။ သေနတ်သမားသည် တံခါးဝသို့ ပြန်လျှောက် သွားပြီး ရပ်နေသည်။ အပြင်သို့လှည့်၍... “အချိန်မဖြုန်းကြနဲ့ဟေ့၊ မြန်မြန်လုပ်ကြ” ဟု အော်ပြောသည်။ သူပြောလိုက်သည့် မြောက်ပိုင်း ချီနီယန်ဂျာဘာသာစကားကို ဂျွန်နီ ကောင်းစွာ နားလည်သည်။ “ထရပ်ကားတွေ ဘယ်မှာလဲ၊ ဆင်စွယ်တွေ တင်ကြရအောင်" ဟု ထပ်၍ အော်ပြောသံ ကြားလိုက်ရပြန်၏ ။ ထို့နောက် ဖမ်ဘီယန်လူဆိုးသည် အခန်းထဲမှ ထွက်သွားသည်။ သူ ၊ ဆင်ကုန်သည် ၉ ရထားသော ဒဏ်ရာများသည် သေလောက်သည့် ဒဏ်ရာများ ဖြစ်နေသည်ကို သူသိနေသည်။ သူ့ဘောင်းဘီနှင့် အင်္ကျီများတွင် သွေးများစိုရွှဲနေသည်ကိုလည်း သတိထားမိသည်။ သူ့ဇနီးနှင့်ကလေးများကို သတိရသည်။ သူတို့အတွက် သူဘာလုပ် နိုင်မည်နည်း။ ထိုအခိုက်မှာပင် သေနတ်သံများ ကြားရပြန်သည်။ အလုပ်သမား တန်းလျားနှင့် သူ့အိမ်ဘက်မှ လာနေခြင်း ဖြစ်၏။ ထရပ်ကားသံများ ကြားသည်။ ဘေးစောင်း လဲကျနေသော ဂျွန်နီသည် အားထုတ်၍ အပြင်သို့ လှမ်းကြည့်သည်။ ရိုမိုနှင့်ဒေးဗစ်တို့ ရှိနေသေးပါမူ ...။ သူ့စိတ်ထဲတွင် မျှော်လင့်ချက်ကလေး တစ်ခုဝင်လာသည်။ ထရပ်ကား တစ်စီး သူ့မြင်ကွင်းထဲ ဝင်လာသည်။ ကားပေါ်မှ ခုန်ဆင်းသူမှာ ရိုခို...။ သူသည် မိမိအားပစ်ခတ်သွားသည့် လူဆိုးနှင့် စကားပြောနေသည်။ ဂျွန်နီ အံ့အားသင့် လျက်ရှိ၏။ ရိုမူသည် သူတို့အဖွဲ့ဝင် တစ်ယောက်ပေတည်း။ အံ့သြစရာတော့ မရှိ။ အစိုးရတစ်ဖွဲ့လုံးနှင့် အစိုးရဌာနအားလုံး အကျင့် ပျက်ပြားနေကြသည်ကို သူသိထားသည်။ သူသည် ရိုမိုအကြောင်း ကောင်း ကောင်းသိထားသူ ဖြစ်၏။ ရိုလိုသည် တစ်ပါးသူများအပေါ် ဗိုလ်ကျချင်တတ်သူ ဖြစ်ရုံမက ကိုယ်ကျိုးရှာတတ်သူလည်း ဖြစ်၏။ သို့သော်လည်း ဤမျှလောက်အထိတော့ သစ္စာမဲ့လိမ့်မည်ဟု သူမထင်၊ ဂျွန်နီ၏ မြင်ကွင်းထဲတွင် မျက်နှာအမာရွတ်နှင့်လူက ဦးစီးဦးဆောင် ပြုနေသည်ကို တွေ့ နေရသည်။ သူတို့လူစုထဲမှ တစ်ဦးသည် ဆင်စွယ်ဂိုဒေါင် သော့ကို သေနတ်နှင့်ပစ်ဖွင့်သည်။ အတွင်းမှ ဆင်စွယ်များကို သယ်၍ ထရပ် ကားပေါ်တင်နေကြသည်။ ဂျွန်နီ၏အမြင်အာရုံသည် မှုန်မှုန်ဝါးဝါး ဖြစ်သွားသည်။ သူ့မျက်လုံး များရှေ့မှ အမှောင်ရိပ်များ ဖြတ်သန်းသွားနေကြသည်။ ဤကြားထဲမှ မှန်ပြောင်း ကို လွယ်၍ တည်းခိုအိမ်ဝရန်တာ၌ ရပ်နေသော အမတ်ကို မြင်သည်၊ ဂျွန်နီသည် ချင်အား အော်ဟစ်ပြီး သတိပေးလိုစိတ် ရှိလာသည်။ အော်ရန် အားထုတ်ကြည့်သည်။ အသံကမထွက်၊ လည်ချောင်းထဲတွင် တစ်ဆို့
88.419951
Elephant Trader
Mg Htun Thu
10356
44
________________ www.burmeseclassic.com မောင်ထွန်းသူ ဆင်ကုန်သည် ၉၁ ဆို့ဖြစ်ကာ ပျောက်သွားသည်။ ထိုအခိုက်မှာပင် မျက်နှာအမာရွတ်နှင့် လူမည်းသည် သံအမတ်ရှေ့၌ လာရပ်ပြီး အလေးပြုလိုက်သည်ကို သူမြင်လိုက်ရသည်။ ဂျွန်နီသည် သူ့မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေ သည်။ ထိုလူနှစ်ယောက် အင်္ဂလိပ်ဘာသာဖြင့် ပြောနေကြသည့် စကားသံများကို သူ ပီပီပြင်ပြင် ကြားနေရ၏။ “ဟေ့...မင်းလူတွေကို မြန်မြန်လုပ်ခိုင်း၊ ငါ ဒီနေရာက မြန်မြန်သွားမှ ဖြစ်မှာ” ဟူသော သံအမတ်၏အသံ ။ ၏ အသံ။ “ငွေထပ်ပေးပါ၊ ဒေါ်လာတစ်ထောင် လိုသေးတယ်”ဟူသော လူမည်း “မင်းကို ငါ ပေးပြီးပြီပဲ” “ထပ်ပေးပါ၊ နောက်ထပ်တစ်ထောင် ထပ်ပေး၊ မပေးရင် ကျုပ် ဆက် မလုပ်ဘူး၊ ကျုပ်တို့ပြန်မယ်၊ ခင်ဗျားဘာသာ နေခဲ့တော့” “မင်းဟာ လူယုတ်မာပဲ” “ကျုပ်က လူယုတ်မာ ဟုတ်လား၊ ဒါတွေ ကျုပ်နားမလည်ဘူး၊ ခင်ဗျား လည်း လူယုတ်မာပဲ၊ ပေးပါ ငွေထပ်ပေး" “ငါ့မှာ ငွေအပိုပါမလာဘူး" “ဒါဆိုရင် ဆင်စွယ်တွေကို ခင်ဗျားဘာသာ ခင်ဗျားတင်၊ ကျုပ်တို့ သွားမယ်” “ဟေ့ကောင် နေဦး၊ ငါ့မှာ ငွေမပါလို့ ပြောနေတာကွ၊ ကဲ...ကွာ၊ ဒီလို လုပ်...ဆင်စွယ်တွေထဲက မင်းတို့ သယ်နိုင်သလောက်ယူသွား” ချင်သည် ဆင်စွယ်အကြောင်း ကောင်းကောင်းသိသည်။ ဆင်စွယ် ဆိုသည်မှာ လောဘာကြီးနှင့် ယူချင်သလောက် ယူလို့ ရသည့်ပစ္စည်းမဟုတ်။ အလွန်လေးလံသော ပစ္စည်းဖြစ်၍ များများသယ်ယူဖို့မလွယ်၊ အလွန် ဆုံး လူတစ်ယောက်မှ ဆင်စွယ်တစ်ချောင်းထက် ပို၍ မသယ်နိုင်။ လူမည်းထံမှ ဘာသံမျှ မကြားရ၊ အတန်ကြာမှ ခေါင်းညိတ်ပြီး နောက်သို့ လှည့်သွားသည်။ “ဟေ့ကောင် ဆာလီ ခဏနေဦး” ဟု ချင်က လှမ်းခေါ်၏။ ဟု “လူတစ်ယောက်မှ အသက်မရှင်တာ သေချာရဲ ့လား"ဟု မေးသည်။ “သေချာတယ်” “ကြီးကြပ်ရေးမှူးကော ဘယ်မှာလဲ” ဆာလိက ရုံးခန်းဆီသို့ လက်ညှိုးထိုးပြပြီး ချင်၏အနီးမှ ထွက်သွား သည်။ ဂျွန်နီ၏ ရင်ထဲတွင် အလွန်နာကြည်းသော စိတ်ဖြင့် ယှဉ်သည့် ဒေါသ လှိုင်းသည် ပြင်းထန်စွာ ရိုက်ခတ်သည်။ စိတ်က ဆောင်ထားသဖြင့် ခွန်အား အနည်းငယ်မျှ တက်သလို ဖြစ်လာသည်။ ပြီးတော့ သူ့မိန်းမနှင့် ကလေးများအား ကယ်လိုသည့်ဇော။ ဂျွန်နီသည် ရှိသမျှအားကိုထုတ်၍ စားပွဲဆီသို့ ခက်ခဲပင်ပန်းစွာ တွား သွားသည်။ သူ့အနေဖြင့် ဘာလက်နက်ကိုမှ သုံးနိုင်တော့မည့် အခြေအနေ မရှိ မှန်းတော့ သိပါသည်။ သို့သော်လည်း ခြေရာခံနိုင်လောက်အောင် သတင်း အစအနတော့ ထားခဲ့ချင်၏။ မသေခင် မိနစ်ပိုင်းအချိန်ကလေးကို အမိအရ သုံးလိုက်ချင်သည်။ သူ့လက်ထဲ စာရွက်တစ်ရွက်သာ ရဖို့လို၏။ သူသည် ကြမ်းပြင်ကို ကျောနှင့်အားပြုကာ ရွေ့လျားနိုင်ရန် အားထုတ် သည်။ လှုပ်ရှားလို့ရနေသေးသည့် ဒူးတစ်ဖက်ကို သုံးသည်။ တစ်ကိုယ်လုံး ဆတ်ဆတ်ခါအောင် နာကျင်လှသော်လည်း အောင့်ခံသည်။ တစ်ကြိမ် အားထုတ်ပါမှ လက်မအနည်းငယ်မျှသာ ရွေ့ သော်လည်း သူ၏ ဇွဲကောင်းမှုကြောင့် ခြောက်ပေခန့်ကွာသည့် စားပွဲဆီသို့ ရောက်သွား၏ ။ သူ့လက်ထဲသို့ စက္ကူတစ်ရွက်လည်း ရောက်လာသည်။ အခန်းထဲရှိ အလင်းရောင်ပေါ်သို့ အရိပ်မည်းမည်းတစ်ခု ကျလာ သဖြင့် ခေါင်းကို စောင်း၍ကြည့်သည်။ တံခါးဝမှရပ်၍ သူ့အားကြည့်နေသည့် သံအမတ် နင်ချင်ပွန်း။ သူစီးထားသည်မှာ ကင်းဗတ်ရှူးဖိနပ်ဖြစ်သဖြင့် ခြေသံကို မကြားရ ခြင်း ဖြစ်၏၊ နင်ချင်ဂွန်းသည် သူ့အားအလန့်တကြားကြည့်ကာ ကြက် လျက်ရှိသည်။ ထို့နောက် စူးစူးဝါးဝါးအော်သည်။ “သူ မသေသေးဘူး၊ ဆာလိုရေ....ဟေး...ဆာလီ၊ 1 ဒီအကောင် မသေသေးဘူး လာစမ်း၊
87.038405
Elephant Trader
Mg Htun Thu
10356
45
________________ ၉၂ www.burmeseclassic.com မောင်ထွန်းသူ ချင်သည် နောက်သို့လှည့်ကာ ပြေးထွက်သွားသည်။ သူ၏ အော်ခေါ် နေသံများကို ဂျွန်နီ ကြားနေရသည်။ မိမိ၏ အားထုတ်မှုများသည် သဲထဲရေသွန် ဖြစ်ပြီဟု နားလည်လိုက်သည်။ သူသည် တုန်ယင်လှုပ်ရှားနေသော လက်ဖြင့် စက္ကူကို ကြမ်းပေါ်ချ သည်။ ဝမ်းဗိုက်ဒဏ်ရာမှ ထွက်ကျနေသည့် သွေးကို လက်ညှိုးနှင့် တို့ယူသည်။ ပြီးတော့ ပင်ပန်းကြီးစွာ အားထုတ်၍ န ံကို ရေးလေသည်။ ထို့နောက် ‘ငသဟ်”ကို ရေးသည်။ နင်” ဟူသော စာလုံးကတော့ ပီပြင်ထင်ရှားစွာ ပေါ်လာ သည်။ သူသည် နောက်တစ်လုံးရေးဖို့ ကြိုးစားသည်။ သို့သော်လည်း ခ’တစ်လုံး သာ ရေးနိုင်တော့၏။ ဝရန်တာမှ ဆာလီ၏အသံကြားရ၏ ။ “ကျုပ်က ဒီကောင် သေပြီထင်လို့ ထားခဲ့တာ၊ တော်တော် အသက်ပြင်း တဲ့ ကောင်ပါလား” ဂျွန်နီသည် စာရွက်ကို သွေးမလူးသည့် ဘယ်လက်ဖြင့် ဆုပ်ကာ ကျူးနစ်အင်္ကျီထဲသို့ လက်ကို ထိုးသွင်းလိုက်သည်။ ထို့နောက် ကျန်ရှိနေသေး သည့် အားကို အကုန်ထုတ်၍ မှောက်လိုက်သည်။ သူ့လက်သီးဆုပ်သည် သူ့ရင်ဘတ်အောက် ရောက်သွားပြီး။ သူ့စက္ကူ အတွက် စိတ်ချရပြီ။ သူ့မျက်နှာသည် သမံတလင်း ကြမ်းပြင်တွင် ဖိကပ်နေသည်။ သူ့မိန်းမနှင့် ကလေးများကို သတိရသည်။ သူတို့အဖြစ်ကို မမြင် လိုက်ရသည့်အတွက် ဝမ်းသာသည်။ သူသည် သတိလစ်သလို ဖြစ်သွား၏။ သူ့ခေါင်းထဲသို့ ကျဉ်ဆန်တစ်တောင့် ဝင်သွားသည်ကိုပင် သူ မသိလိုက်။ ရိုင်ဖယ်သေနတ်ကို လွယ်၍ ထွက်လာသော ဆာလီအား ချင်က ဆီး၍ မေးသည်။ “မင်းအကောင် သေတာ သေချာရဲ့လား” “သေချာပါတယ်ဗျ” ချင်က စိတ်မချ၊ သူကိုယ်တိုင် အလောင်းကို သွားကြည့်သည်။ သူ့ခြေ ထောက်များ သွေးအိုင်ပေါ် ရပ်နေသည်ကိုပင် သူ သတိမထားမိ။ အပြင် ဝရန် တာမှ သူ့အားလှမ်းခေါ်နေသည့် ရိုမို၏အသံကို ကြားကာမှပင် အခန်းထဲမှ ပြန် 1 ဆင်ကုန်သည် ထွက်လာသည်။ ၉၃ “ဆင်စွယ်တွေ အားလုံးတင်ပြီးပြီ ကျွန်တော်ကို သွားကြတော့မလို့” ချင်က ဆာလီအား လှည့်ကြည့်သည်။ “ငါ သွားတော့မယ်” ဟု ပြောသည်။ “မင်းတို့ ဒီက မထွက်ခင် ဆင်စွယ်ဂိုဒေါင်ကို မီးရှို့ပစ်ခဲ့ကြ” “စိတ်ချပါ၊ အားလုံးကို ရှိ ခဲ့ပါ့မယ်" မီးခံသေတ္တာကိုဖွင့်၍ မွှေနေသော ဆာလီသည် စခန်းဝန်ထမ်းများ အတွက် ဘဏ်မှ ကြိုထုတ်ထားသည့် တစ်လစာ လစာငွေများကို တွေ့သွား၏။ သူ့အဖို့ကတော့ နောက်ထပ် အပိုဆုတစ်ဆု ပေါက်ခြင်းပေတည်း။ ချင်သည် ဝရန်တာမှ ပြန်ဆင်းကာ မာစီးဒီးကားထဲ ဝင်ထိုင်သည်။ ရိုမိုဘက်သို့ ထရပ်ကားထွက်ရန် လက်ပြ၍ အချက်ပေးသည်။ ဆင်စွယ်များကို ဆင်သားများအောက်တွင် စနစ်တကျ ထည့်ထားခြင်းဖြစ်၍ ပူစရာမရှိ၊ ပြီးတော့ ထရပ်ကားများတွင် အစိုးရဌာနဆိုင်ရာ သဘာဝသစ်တော ထိန်းတံဆိပ်များ ကပ်ထားသဖြင့် တားမြစ်စစ်ဆေးမည့်လူ ပေါ်ပေါက်လာစရာ မရှိ။ ကားမောင်းသူများဖြစ်ကြသည့် ရိုမို၊ ဒေးဗစ်နှင့် အခြားတစ်ယောက် တို့သည် တောထိန်း ယူနီဖောင်းများ ဝတ်ထားကြသည် မဟုတ်ပါလား။ ချက်တီ ဆင်း စီစဉ်ထားသည့်အတိုင်း အားလုံးပြေပြေနှင့် ပြီးပြတ်သွားသည်။ ချင်သည် ကားနောက်ကြည့်မှန်ထဲသို့ လှမ်း၍ကြည့်သည်။ ဆင်စွယ်ဂိုဒေါင်မီးလောင်နေပြီ။ ဆင်စွယ်တစ်ချောင်းစီ ထမ်းထားသော ဆာလီတို့ လူစုသည် စခန်းမှ ပြန်ထွက်ရန် လူစုနေကြပြီ။ ချင်က ပြုံးသည်။ ဆာလီ၏ လောဘတက်မှုသည် မိမိအား အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု တွက်မိ၍ ဖြစ်၏။ အကယ်၍သာ ရဲက ဆာလီတို့ လူစုအား ဆင်စွယ်များနှင့် လက်ပူး လက်ကြပ် ဖမ်းမိမည်ဆိုပါက စခန်းရှိ ဂိုဒေါင်တွင်းမှ ဆင်စွယ်များသည် မီးလောင်၍ ဆင်စွယ်သူခိုးများ သယ်ဆောင်သွား၍ ကုန်ဆုံးသွားခြင်း ဖြစ်လိမ့် မည်ဟု တွေးထင်ကြမည်မှာ မလွဲ။ ချင်၏ တိုက်တွန်းမှုအရ ဆင်စွယ်သူခိုးများသည် ဂိုဒေါင်ထဲ၌ ဆင်စွယ်အချောင်းလေးဆယ် ထားခဲ့ကြသည်။ ယင်းဆင်စွယ်များ၏ မီးလောင်
88.306313
Elephant Trader
Mg Htun Thu
10356
46
________________ ၉၄ www.burmeseclassic.com မောင်ထွန်းသူ ပြာများသည် ရဲဓာတ်ခွဲခန်းတွင် တရားရုံးသို့ တင်ပြနိုင်သည့် သက်သေခံ ပစ္စည်း ဖြစ်လာဖို့ရှိ၏။ ဤတစ်ကြိမ်တွင် ချင်သည် ဟက်ဟက်ပက်ပက် ရယ်သည်။ သူသည် ဝမ်းသာအားတက်လျက် ရှိသည်။ သူ့အောင်မြင်မှုအတွက် သူ့ကိုယ်သူ ကျေနပ်၍ မဆုံး သူသည် သွေးနားထင် ရောက်လျက်ရှိလေသည်။ ဆင်ကုန်သည် ၉ { ဖြစ်မှ ဖြစ်ရလေ..ဂျွန်နီရယ်” ဒင်နီယယ်သည် ဂျွန်နီအား ပွေ့ထူကာ ဝမ်းနည်းပက်လက် ရေရွတ် သည်။ သူ့အသံသည် ထိထိခိုက်ခိုက် ရှိလွန်းလှသည်။ ဂျွန်နီ၏ တစ်ကိုယ်လုံး အေးစက်နေပြီ။ သူသည် ဂျွန်နီ ရထားသည့် ဒဏ်ရာများကို အသေအချာ ကြည့်သည်။ ကြီးမားပြင်းထန်သော ဒေါသလှိုင်း သည် သူ့ရင်ကို ရိုက်ခတ်လျက် ရှိသည်။ သူသည် ပွေ့ထားသော ဂျွန်ရို့အလောင်းကို အသာအယာ ပြန်ချလိုက် သည်။ သူသည် မီးစက်၏ အဝေးထိန်းခလုတ်ရှိရာ တံခါးပေါက်သို့ ထသွား သည်။ ခလုတ်ကို နှိပ်သည်။ ခပ်လှမ်းလှမ်းမှ ဒီဇယ်အင်ဂျင် စက်နှိုးသံ ကြားရ သည်။ စက်လည်ပတ်မှု အရှိန့်ရလာသည်နှင့် တစ်ပြိုင်နက် စခန်းတွင်းရှိ မီး များ ပြန်လင်းလာသည်။ ဒင်နီယယ်သည် မီးခံသေတ္တာထဲမှ သော့တွဲများကို ထုတ်ယူသည်။ သေနတ်စင်ရှိရာ တံခါးကို ဖွင့်သည်။ စင်ပေါ်တွင် ဒသမ ၃၇၅ ဆင်ပစ်ရိုင်ဖယ် များနှင့် အေကေဖော်တီဆဲဗင်း မောင်းပြန်သေနတ် ငါးလက်ရှိသည်။ Passic.com သူသည် သေနတ်စင် အောက်ရှိ သံမဏိ ဗီရိုကို ဖွင့်၍ ကျည်ကများ ထုတ်ယူသည်။ ရိုင်ဖယ်တစ်လက်ကို ပခုံးတွင် လွယ်၍ တစ်လက်ကို လက်မှ ကိုင်ထားသည်။ သူသည် ဒေါသတကြီးဖြင့် လှေကားမှ ပြန်ဆင်းသည်။
85.247209
Elephant Trader
Mg Htun Thu
10356
47
________________ @G www.burmeseclassic.com မောင်ထွန်းသူ သူတို့နှစ်ယောက်သည် ဆင်စွယ်ဂိုဒေါင်ဆီ အလျင်ဆုံးသွားသည်။ လူရိပ်လူခြည် လုံးဝမတွေ့ ရ။ ထို့နောက် ကျန်အဆောက်အအုံများ တစ်ဝိုက်သို့ လှည့်သွားသည်၊ ဘာတစ်ခုမျှ မြင်ရ၊ မိနစ်နှစ်ဆယ်ခန့်မျှ အကြာတွင် သူသည် ရှာဖွေသည့်အလုပ်ကို ရပ် လိုက်သည်။ အမှန်တော့ သူသည် ဒေါသအရှိန်ကြောင့် အရာမထင်နိုင်သည့် အလုပ်တစ်ခုကို အချိန်ကုန်လူပန်းခံ၍ လုပ်နေခြင်း ဖြစ်၏။ “ဆင်စွယ်သူခိုးတွေဟာ ဇမ်ဘီဇီမြစ်ဘက်ကို သွားကြမှာ သေချာ တယ်" ဟု တွေးသည်။ “အနုလောက်ဆိုရင် ခရီး အတော်ပေါက်သွားလောက်ပြီ၊ သူတို့ကို မြစ်ပြင်ပေါ်ကျမှ ဖြတ်လို့ရမှာပဲ၊ ငါ အကူအညီလိုတယ်” ထိုအတွေး ဝင်လာသည့်အခါ မာနာရေအိုင် သဘာဝတောထိန်းစခန်း ကြီးကြပ်ရေးမှူးကို သတိရသည်။ ယင်းကြီးကြပ်ရေးမှူးသည် လူကောင်းလူ တစ်ယောက် ဖြစ်သည်။ ဟိုတုန်းကတည်းက သိကျွမ်းခင်မင်လာခဲ့သူလည်း ဖြစ်၏။ ထိုလူ့ထံတွင် ဆင်သူခိုးများ တိုက်ခိုက်နှိမ်နင်းရေးအဖွဲ့လည်း ရှိသည်။ အကယ်၍ မော်တော်ကား တစ်စီးလောက်နှင့် မြစ်ကြောင်းကို စုန်ဆင်းလိုက် မည်ဆိုလျှင် သူခိုးဂိုဏ်းကို မိနိုင်ဖွယ်ရာ ရှိ၏။ ထို့ပြင်လည်း မာနာရေအိုင် စခန်းကသာ သိသွားလျှင် ရဲထံ ဖုန်းဆက် ၍ သတင်းပို့နိုင်သည်။ သို့ဆိုလျှင် ရဲက ရှာဖွေရေးလေယာဉ်တစ်စင်း လွှတ်ပေး နိုင်မည် မဟုတ်ပါလား...။ ဤကိစ္စတွင် အချိန်သည် အဓိက ဖြစ်သည်။ နောက်ဆယ်နာရီအတွင်း တွင် သူခိုးဂိုဏ်းသည် မြစ်ကို ဖြတ်သွားနိုင်ဖွယ်ရာရှိသည်ဟု ထင်၏။ မည်သို့ပင်ဖြစ်စေ ဂျွန်နီကိုတော့ အခုပုံအတိုင်း စွန့်ပစ်၍ မထားခဲ့ချင် ၊ နောက်ဆုံး ဂါရဝပြုသည့်အနေဖြင့် အလောင်းကို သပ်ရပ်အောင် ပြုပြင်ကာ အဝတ်တစ်ထည် လွှမ်းပေးခဲ့ချင်သည်။ ဒင်နီယယ်သည် သူ့ သူငယ်ချင်း ရုံးခန်းထဲ ပြန်ဝင်သည်။ ရိုင်ဖယ်ကို တစ်နေရာ၌ ထောင်ကာ လွှမ်းစရာအဝတ် လိုက်ရှာသည်။ ရှေ့မျက်နှာစာ ပြတင်း ပေါက်များတွင် တပ်ထားသည့် ခန်းဆီးစိမ်းစိမ်းများကို ဖြုတ်သည်။ ထို့နောက် ဂျွန်နီ၏ အလောင်းကို ပြန်၍ ကြည့်သည်။ သူသည် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးသည်။ ကောက်ကွေးနေသော လက်များကို ဆန့်ပေးသည်။ ဆင်ကုန်သည် ၉၇ ဤတွင် ဘယ်ဘက်လက်ဖြင့် တအား ဆုပ်ကိုင်ထားသည့် စာရွက်ကို တွေ့သည်။ သူသည် ဂျွန်နီ၏ လက်သီးဆုပ်ကို ဖြေသည်။ သူသည် စာရွက်ကို ယူ၍ စားပွဲဆီသို့ သွားကာ ဖြန့်ဖတ်သည်။ “နှင်ခ စာလုံးများသည် ကလေးလက်ရေးနှင့် တူသည်။ “နင်”ဆိုသည်မှာ အဓိပ္ပာယ် တွေးလို့ မရသည့် ဗကားလုံးများ ဖြစ်၏။ “နင်ခသည် ဘာကို ဆိုလိုပါသနည်း။ သူ့စိတ်ထဲတွင် သိသလိုလို၊ မသိသလိုလို ဖြစ်နေသည်။ မည်သို့ပင် ဖြစ်စေ ဤစကားလုံးများသည် ဂျွန်နီရေးထားခဲ့သည့် စကားလုံးများ ဖြစ်ရမည်။ သူသည် တစ်စုံတစ်ခုကို သိစေလို၍သာ ရေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူသည် ကြမ်းပြင်ကို ငေးကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူ့ အကြည့်သည် သူနင်းထားသည့် ခြေရာများနှင့် လူသတ်သမား၏ ခြေရာများပေါ် ရောက်သွားသည်။ ထို့နောက် သူမြင်နေရသည့်နေရာများထဲမှ ထူးခြားသော ခြေရာတစ်ခုကို သတိထားသည်။ သူ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ တစ်ကိုယ်လုံး အေးစက်သွားရုံမျှမက ကတုန်ကယင်ပင် ဖြစ်လာသည်။ GOD... သူ့အသိထဲတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ ဝင်လာပြီ မဟုတ်ပါ ဂျွန်နီသည် “နင်ချင်” ဟု ရေးရန် ကြိုးစားခဲ့ခြင်း ဖြစ်ဟန်တူသည်။ “နင်ချင်” ဆိုသည်မှာ တခြားမဖြစ်နိုင်၊ ‘နင်ရင်ဂွန်း” သာ ဖြစ်ဖို့ ရှိ၏။ သူ့အတွေးသည် မှားနိုင်စရာမရှိ။ သူမြင်ရသော ခြေရာတစ်ခုသည် ကင်းဗတ်ရှူးဖိနပ်ရာ ဖြစ်သည်။ လမ်းတွင် သူနှင့် ချင်တို့ ဆုံမိခဲ့ကြစဉ်ကလည်း ကင်းဗတ်ရှူးဖိနပ်တစ်ဖက်တွင် သွေးစများ မြင်ခဲ့ရသည် မဟုတ်ပါလော..။ အလွန်ခိုင်လုံသော ကွင်းဆက် တစ်ခုပေတည်း၊ သူသည် စာရွက်ကို ဂျွန်နီ၏ လက်ထဲသို့ ပြန်ထည့်ပေးသည်။ ရဲများ ရောက်လာသည့်အခါ တွေ့ စေလို၍ ဖြစ်၏။ ထို့နောက် အစိမ်းရောင်ခန်းဆီးကို ဂျွန်နီ၏ အလောင်းပေါ် သည်။ သူသည် ဂျွန်နီ၏ အလောင်းဘေးတွင် အချိန်အတန်ကြာမျှ သည်။
88.566828
Elephant Trader
Mg Htun Thu
10356
48
________________ “သံအမတ် နှင်ချင်ဂွန်း” www.burmeseclassic.com မောင်ထွန်းသူ မဖြစ်နိုင်ဟု ထင်ရသည့် ဖြစ်နိုင်သော အရာတစ်ခုသည် သူ့ဦးနှောက် ထဲတွင် စွဲထင်လျက် ရှိသည်။ ကြမ်းပြင်ထက်ရှိသွေးကွက် တစ်ကွက်ပေါ် နင်းထားသည့် ခြေရာများ၊ ကင်းဗတ်ဖိနပ်တွင် ကပ်နေသည့် သွေးစများ..။ “မဖြစ်နိုင်” ဟူသော အထင်ကို ဤအရာနှစ်ခုက ဖြစ်နိုင်သည်”ဟု ပြောဆိုနေကြပြီ ဖြစ်၏။ အစုအတိုင်းသာဆိုပါက ချင်သည် ဂျွန်နီသေဆုံး ပြီးနောက် ဤအခန်းထဲ ရောက်ခဲ့သည်မှာ ထင်ရှားသည်။ သူ၏ ပြင်းထန်ကြီးမားသော ဒေါသသည် ချင်၏အပေါ် စူးစိုက်လျက် ရှိသည်။ ယခုအချိန်တွင်မူ သူ့ဒေါသသည် ပြင်းထန်ကြီးမားဆဲ ဖြစ်သော်လည်း ကြမ်းကြမ်းတမ်းတမ်း ပရမ်းပတာ ဒေါသမျိုး မဟုတ်တော့။ သွေးအေးအေး နှင့်ဖွဲ့စည်းတည်ဆောက်လာသည့် ဒေါသမျိုး ဖြစ်လာသည်။ “မင့်အတွက်ရယ်၊ မင့်မိန်းမမာဗစ္စနဲ့ မင့်သားသမီး တွေအတွက်ရယ်.. ငါ့လက်စားချေမယ်..ဂျွန်နီ၊ ငါ ကတိပေးပါတယ်၊ ငါသစ္စာ ဆိုပါတယ်ကွာ” ဂျွန်နီ၏ အလောင်းကိုကြည့်ရင်း သူ့ရင်ထဲ၌ ဖြစ်ပေါ်လာသည့် စကား များ | သူသည် ထောင်ထားသည့် ရိုင်ဖယ်ကို ယူ၍ လွယ်ကာရုံးခန်းထဲမှ ထွက်လာသည်။ လင်ခရူဇာကား အနီးမှ ရပ်စောင့်နေသည့် ဂျော့ခ်ထံသို့ ပြန် လျှောက်သွားသည်။ အပျက်အစီးပုံကြီးဖြစ်နေသော ဆင်စွယ်ဂိုဒေါင်ကို ပြန် ကြည့်သည်။ ပတ်ပတ်လည်တွင် ကားဘီးရာများဖြင့် ပြည့်နေသည်။ လမ်းတွင် တွေ့စဉ်က အခြေပျက်နေကြသည့် မိုမိုတို့ လူစုကို သတိရသည်။ အခုမှပင် အမြင်ရှင်းသွားသည်။ သူတို့လူစု မလုံမလဲ ဖြစ်နေကြခြင်း သည် ဝှက်ထားသည့်ဆင်စွယ်များ ထရပ်ကားထဲတွင် ပါလာခြင်းကြောင့်ပေ တည်း။ ဒင်နီယယ်သည် ကားပေါ်၌ ထိုင်မိသည့်တစ်ပြိုင်နက် နာရီကို ကြည့် သည်။ ဆယ်နာရီ ထိုးတော့မည်။ လမ်းတွင် ချင်နှင့် ဆုံမိခဲ့ပြီးသည့် နောက် လေးနာရီပင် ကုန်သွားခဲ့ပြီ။ သူတို့နောက်ကိုလိုက်လျှင် မီနိုင်ပါဦးမည်လော...။ သိပ်တော့ လွယ်မည်မထင်၊ သူတို့သည် ယူသွားသည့် ဆင်စွယ်များကို လက်ပြောင်းလက်လွှဲလုပ်ဖို့ ကြိုတင်စီစဉ်ထားလိမ့်မည်မှာ သေချာသည်။ ဆင်ကုန်သည် ce ပြီးတော့ လွတ်ရာလွတ်ကြောင်း နည်းလမ်းများကိုလည်း ရှာထား မည်မှာ သေချာသည်။ သူသည် ကားကို အရှိန်ပြင်းစွာဖြင့် မောင်းထွက်သည်။ စောစောက ရွာထားသည့် မိုးကြောင့် လမ်းပေါ်တွင် ရေများ လွှမ်းနေ သည်။ ဒင်နီယယ်သည် ကားအရှိန်ကို ပြင်းစွာဖြင့် မောင်းလျက်ရှိသည်။ သူ့ဘေး မှ ဂျော့ခ်သည် အလန့်တကြား လှည့်ကြည့်သည်။ “ကားအရှိန်ကို လျှော့ဦး ဒင်နီ၊ နှစ်ယောက်စလုံး ကြွကုန်လိမ့်မယ်၊ အခု ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ပြောဦးမှပေါ့ “ ဟု ဂျော့ခ်က ပြောသည်။ “တကယ်လို့ ခင်ဗျားထင်တာလွဲနေရင် ခင်ဗျားပဲ ခံရမှာ” “ငါမမှားနိုင်ဘူး ဂျော့ခ်” ဟု ဒင်နီယယ်က အခိုင်အမာ ပြောသည်။ ဂျွန်နီ ရေးထားခဲ့တဲ့ စာလုံးဟာ အလွန်ကို ခိုင်လုံတဲ့ အထောက်အထား တစ်ခုပဲ” ကားသည် တောင်ကုန်း ဆင်ခြေလျှောတစ်ခုသို့ ရောက်လာသည်။ အောက်အနိမ့်ဘက်တွင် တောင်ကျရေများဒလဟော ထိုးဆင်းလျက် ရှိသည်။ ဒင်နီယယ်သည် ကားကိုအောက်အနိမ့်ဘက်သို့ စိုက်ဆင်းသည်။ ကားရှေ့ မီးအောက်မှ တဟဲဟဲ အော်မြည်နေသောရေများ..။ “ခင်ဗျားဖြတ်လို့ မရနိုင်ဘူးထင်ထယ် ဒင်နီ” ဟု ဂျော့ခ်က ပြောသည်။ ဒင်နီယယ်သည် ကားစက်ကို သတ်ကာ အောက်သို့ ခုန်ဆင်းသည်။ ရွှံ့ရေသည် ခြေမျက်စိအထိ မြုပ်သည်၊ သူသည် ချောင်းရေအခြေအနေကို အသေ အချာ ကြည့်သည်။ ရေစီးနှင့်မျောပါလာနေသည့် သစ်ပင်ငယ်များ ချုံပင်များကို မြင်နေရ၏။ ဖြတ်ကူးရမည့် ခရီးသည် ကိုက်ငါးဆယ်ခန့် ရှိလိမ့်မည်ဟု ခန့် မှန်းသည်။ သူသည် အနိမ့်ပိုင်းသို့ ဖြည်းဖြည်းချင်း ဆင်းသွားသည်။ လမ်းဘေး တစ်နေရာရှိ သစ်ပင်တစ်ပင်မှ ကိုင်းညွတ်ကျနေသော သစ်ကိုင်းတစ်ကိုင်းကို လှမ်းဆွဲကာ ချောင်းကို ဖြတ်ကူးသည်။ ရေစီးကတော့ သန်လှ၏။ တစ်ခါတစ်ခါတွင် သူ့ တစ်ကိုယ်လုံး ရေစီးထဲ မျောပါသွားတော့မလို ဖြစ်ရသည်။ အလယ်လောက် ရောက်သည့်အခါ ရေသည် ခါးအထက် လာသည်ကို တွေ့ ရလေသည်။ မည်သို့ပင်ဖြစ်စေ ကားကို သတိထား၍ မောင်းလျှင် ကူစွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
88.713247
Elephant Trader
Mg Htun Thu
10356
49
________________ ပေးသည်။ ၏ ။ “ဖြတ်လို့ရတယ်” www.burmeseclassic.com မောင်ထွန်းသူ ကားပေါ်ပြန်ရောက်သည့်အခါ စက်ကိုနှိုးရင်းက ဂျော့ခ်အား အသိ “ဟာ..မဖြစ်နိုင်တာဘဲ၊ ခင်ဗျား ရူးနေသလား” ဟု ဂျော့ခ်က ပြန့်ပြော “ကျွန်တော်တော့မလိုက်ရဲဘူး၊ ရေကျသွားအောင်တော့ စောင့်ဦး မုပေါ့ဗျာ..။ “ဒါဆိုရင်လည်း မင်းနေရစ်ခဲ့၊ ကဲ..ကားပေါ်ကဆင်း.." “ဟာ..ဘယ်ဖြစ်မလဲ၊ ကျွန်တော် တစ်ယောက်တည်းနေခဲ့လို့ ရမလား၊ ဒီနေရာတစ်ဝိုက်မှာ ခြင်္သေ့တွေ အများကြီးရှိမှာ သေချာတယ်၊ ကျွန်တော် ဒုက္ခ ရောက်သွားမှာပေါ့” “ဒါကတော့ မင့်ပြဿနာပဲ၊ မင့်ဘာသာမင်း ရှင်းပေါ့၊ ကဲကွာ...မင်း လိုက်မလား၊ နေခဲ့မလား... “မောင်းဗျာ၊ မောင်းတော့” ဂျော့ခ်က ဆောင့်ကြီး အောင့်ကြီးနှင့် ဖြေ၏။ ဒင်နီယယ်သည် ကားကို ဖြည်းဖြည်းချင်း အရှိန်သတ်၍ ဆင်းသည်။ ကိုက်အနည်းငယ်မျှ ဖြတ်မိသောအခါ ချောင်းရေသည် ကားဘီးများ အထိ တက်လာသည်။ ကားခေါင်းသည်လည်း ရှေ့ဘက်သို့ ခပ်ငိုက်ငိုက်စိုက် နေ၏။ တစ်ခဏမျှအကြာတွင် မီးလုံးများ ရေထဲမြုပ်သွား၏။ တဖြည်းဖြည်းနှင့် ရေသည် ကားစက်ခေါင်းအဖုံးကို ဝေ့ပတ်၍ စီးနေ ၏။ ကားတံခါး ပတ်ပတ်လည်တွင်လည်း ရေများ ဝိုင်းနေသည်။ “ခင်ဗျားဟာ သောက်ရူးပဲ” ဟု ဂျော့ခ်က ဒေါသတကြီး ပြောသည်။ ထိုအခိုက်မှာပင် ရေစီးနှင့် မျောပါလာသည့် သစ်ပင်တစ်ပင်သည် ကားတံခါးကို ဝင်ဆောင့်သည်။ ဒင်နီယယ်သည် လက်တစ်ဖက် အပြင်သို့ ထုတ်၍ သစ်ပင်ကို တွန်းဖယ်သည်။ သစ်ပင်သည် ချာခနဲလည်ကာ ရေစီးနှင့်အတူ ဆက်မျောသွားသည်။ ရုတ်တရက် ကားဘီးများနှင့် မြေကြီး ပြန်ထိသွားသည်ကို ဒင်နီယယ် သိလိုက်သည်။ ကားသည် ရေစီးတွင် မျောပါပြီး ကမ်းတစ်ဖက်သို့ ရောက်နေပြီ ဖြစ်၏။ ထိုအချိန်ထိ စက်ကတော့ မရပ်သေး။ ဆင်ကုန်သည် သူသည် ကားကို ဖြည်းဖြည်းသာသာမောင်း၍ ကမ်းတစ်ဖက်ဆီသို့ တတ်နိုင်ရန် အားထုတ်သည်။ အတန်ကြာသည့်အခါ ကားသည် တစ်ဖက်ကမ်း လမ်းမပေါ်သို့ ရောက်သွားသည်။ ဂျော့ခ်ထံမှ ဟင်းခနဲ သက်ပြင်းချသံ ကြား လိုက်ရသည်။ “ဒီလိုချောင်းမျိုး နောက်ထပ် ဘယ်နှခုလောက် ဖြတ်ရဦးမလိ” ဟု ဂျော့ခ်က မေးသည်။ “လေးငါးခုလောက်ပဲ ရှိပါတော့တယ်ကွာ” သို ့သော်လည်း နောက်ထပ် ဖြတ်ရမည့်ချောင်းများသည် သိပ်ပြီး ခက်ခက်ခဲခဲ မရှိ။ ချောချောမောမော ရှိသည်။ နောက်ဆုံးဖြတ်ရသော ချောင်း သည် မိနစ်လေးဆယ်ခန့်မျှ ကြာသည်။ ထို့နောက်တော့ ဒင်နီယယ်၏ ကားသည် မာနာရေအိုင်စခန်းတွင်းရှိ ကြီးကြပ်ရေးမှူးအိမ်ရှေ့သို့ ရောက်၏။ ဂျော့ခ်က ကားဟွန်းကို အဆက်မပြတ် နှိပ်၍ ဒင်နီယယ်က အိမ်တံခါးကို တဒုန်းဒုန်းဘုလျက် ရှိသည်။ သည်။ ကြီးကြပ်ရေးမှူးသည် အိမ်ထဲမှ ကသောင်းကနင်းဖြင့် ထွက်လာ “ဘယ်သူလဲကွ၊ ဘာတွေဖြစ်နေကြတာလဲ” ဟု ရှိနာဘာသာစကားဖြင့် အော်မေးသည်။ ကြီးကြပ်ရေးမှူးသည် ပိန်ခြောက်ခြောက်၊ အသက်လေးဆယ် ကျော်။ နာမည်က အိုင်ဇက်မက်ဝက်ပီ။ “အိုင်ဇတ်...ကျွန်တော်ပါ” ဟု ဒင်နီယယ်က ပြန်အော်သည်။ ပြဿနာကြီးတစ်ခုတော့ ဖြစ်သွားပြီ အိုင်ဖတ်၊ ခင်ဗျားကူညီလို့ မဖြစ်တဲ့ ကိစ္စပဲ..၊ ဒင်နီယယ်လား” ဟု အိုင်ဇတ်က ပြန်မေးသည်။ “ဘာဖြစ်လို့လဲ” ဒင်နီယယ်က ရှိုနာ ဘာသာစကားဖြင့် အကြောင်းစုံ ရှင်းပြသည်။ “လက်နက်ကိုင်တစ်စု ချင်းစီ စခန်းကို ဝင်စီးသွားတယ်၊ ဂျွန်နီ မိသားစုနဲ့ စခန်းဝန်ထမ်း အားလုံးကို သတ်သွားတယ်...” “ဘုရားဘုရား” ဟု အိုင်ဇတ်က ရေရွတ်သည်။ sic.com “ကျွန်တော်ကတော့ ဒီအုပ်စုဟာ ဇမ်ဘီယာမြစ်ဘက်က ဖြစ်လို့ ထင်တယ်၊ ဒီကောင်တွေ ဇမ်ဘီယာမြစ်ဘက်ကို ပြန်သွားတယ်လို့ ယူတယ်... ဒီနေရာက အောက်ဘက် မိုင်နှစ်ဆယ်အကွာလောက်မှာ မြစ်ကို ဖြတ်ကူး www.
86.652314
Elephant Trader
Mg Htun Thu
10356
50
________________ ၁၂ www.burmeseclassic.com မောင်ထွန်းသူ လိမ့်မယ်လို့ တွက်မိတယ်၊ ခင်ဗျားရဲ့ ဆင်ခိုးဂိုဏ်း တိုက်ခိုက်ရေးအဖွဲ့ကို လွှတ် ပေးရင် မိနိုင်စရာရှိတယ်” ဒင်နီယယ်က သူ သိထားသမျှ သတင်းများနှင့် အချက်အလက်များကို လည်း ပေးသည်။ လူအရေအတွက် ခန့်မှန်းခြေ။ သူတို့ကိုင်လာသည့် သေနတ်များ၊ ချင်ပီဝီမှ ထွက်သွားသည့် အချိန်၊ သူတို့ ဦးတည်သွားလိမ့်မည်ဟု ခန့်မှန်းရသော နေရာနှင့် သူတို့သွားနိုင်သည့် အမြန်နှုန်း စသည်များ ပါသည်။ ထို့နောက်.. “ချင်ဝီဝီက ထွက်သွားတဲ့ အသားတင် ထရပ်ကားတွေကို ခင်ဗျား တွေ့လိုက်သလား” ဟု မေးသည်။ “ညရှစ်နာရီလောက်က တွေ့ လိုက်တယ်"ဟု အိုင်ဇက်က ပြောသည်။ မြစ်ရေမလျှံခင် ဒီကို ရောက်လာကြတယ်၊ သူတို့နဲ့အတူ တရုတ် တစ်ယောက်လည်း ပါလာတယ်၊ အပြာရောင် မာစီဒီး ကိုယ်တိုင်မောင်းလာ တယ်။ မာစီဒီးကို ထရပ်ကားကြီးတစ်စီးက ကြိုးနဲ့ ဆွဲယူလာတာ တွေ ့လိုက် တယ်၊ မာစီဒီးက ရွှံ့ထဲ မောင်းလို့ မလွယ်ဘူး မဟုတ်လား” သည်။ အိုင်ဇတ်သည် စကားကို အမျှင်မပြတ် ပြောနေရင်းမှပင် အဝတ်လဲ "ခင်ဗျား ဘယ်လိုလုပ်မယ် စိတ်ကူးလဲ ဒင်နီ၊ ဂျွန်နီဟာ ခင်ဗျားရဲ့ အချစ်ဆုံး သူငယ်ချင်းဆိုတာ ကျွန်တော်သိထားလို့ မေးတာပါ၊ တကယ်လို့ ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်လာမယ်ဆိုရင်တော့ ဟိုဝက်တွေကို ခင်ဗျား ပစ်လို့ ခတ်လို့ရမှာပဲ” ဒင်နီယယ်က ခေါင်းယမ်းသည်။ “ကျွန်တော် ထရပ်ကားတွေနဲ့ မာစီဒီးကား နောက်ကို လိုက်ရဦးမယ်... “ဘာဖြစ်လို့...” “အခုတော့ ရှင်းမပြနိုင်သေးဘူး အိုင်ဖတ်၊ ကျွန်တော့်ကို ယုံပါ၊ ဒီကိစ္စ ဂျွန်နီ အသတ်ခံရတာနဲ့ ဆက်စပ်နေပါတယ်” ဟု ပြောသည်။ သူ့တွင် ခိုင်လုံစွာ ပြနိုင်သည့် သက်သေအထောက်အထား မရှိသေးသမျှ ဤကိစ္စကို ဖွင့်မပြောချင်သေး။ “ကျွန်တော့်ကို ယုံပါ၊ အကြောင်းရှိလို့ပါ”ဟု ထပ်ပြောသည်။ အိုင်ဖတ် ဆင်ကုန်သည် > ခေါင်းညိတ်သည်။ က ၁၃ “ဒီလိုဆိုလည်း ခင်ဗျားသွားစရာရှိတာ သွားပြီး လုပ်စရာရှိတာလုပ်ပါ၊ ကျွန်တော် ဟိုကောင်တွေ နောက်ကို လိုက်မယ်" ဒင်နီယယ်သည် အိုင်ဇက်တို့ အဖွဲ့ အား ဖမ်ဘီစီမြစ်ကမ်းပါးအထိ လိုက်ပို့သည်။ တိုက်ခိုက်ရေးအဖွဲ့ သည် ပေနှစ်ဆယ်ရှည်လျားသည့် မြစ်ပြင်သို့ ထွက်သည်။ ရေယာဉ်သည် မြင်းကောင်ရေ ကိုးဆယ်အားရှိသည့် ယာမာဟာ စက်တပ်ထားသည့် ရေယာဉ် ဖြစ်သည်။ ဒင်န်ယယ်သည် ညအမှောင်ထုကြားမှဖြတ်၍ အနှောက်စူးစူးသို့ ခရီး ဆက်သည်။ ဇမ်ဘီဇီမြစ်နှင့် အပြိုင်သွားနေသည့် လမ်းအတိုင်းလိုက်ခြင်းဖြစ် ၏။ သူ့ရှေ့မှ အပြိုင်ထွက်သွားနှင့်သောထရပ်ကားအဖွဲ့၏ ဘီးရာများသည် ရွှံ့ထူထပ်သော မြေပေါ်၌ ထင်ရှားပြတ်သားစွာ ထင်လျက် ရှိကြသည်။ မြေပြင်ပေါ်၌ ထင်ကျန်ရစ်ခဲ့သည့် အစအနများအရ အခုအချိန်ထိ ထရပ်ကားတစ်စီးက မာစီဒီးကားကို ကြိုးနှင့်တွဲ၍ ဆွဲသွားနေဆဲဖြစ်သည်မှာ ထင်ရှားသည်။ ဒင်နီယယ်သည် မြေပေါ်၌ ထင်နေသည့် ကြိုးရာကို ကောင်းစွာ ခွဲခြား နိုင်သည် မဟုတ်ပါလား။ အခုလိုသာ တောက်လျှောက် ဆွဲသွားနေရမည်ဆိုပါမူ ဤလူစုသည် ခရီးတွင်လှမည် မဟုတ်ဟု ဒင်နီယယ် တွေးမိသည်။ သို့ဆိုလျှင် ဤလူစုကို မီနိုင်စရာရှိ၏။ ထို့ကြောင့်လည်း သူသည် ကားအရှိန်ကို မလျှော့၊ ညသန်းခေါင်ကျော်ချိန်တွင် သူသည် ဂရိတ်နော့သ်လမ်းကို ဖြတ် သည်။ ဇမ်ဘီဇီမြစ်ပေါ်မှ ချီရွန် ဒူးတံတားဖြင့် ဖြတ်ကူးထားသော အဝေးပြေး လမ်းမကြီး ဖြစ်၏။ ဤလမ်းသည် မြောက်ဘက်သို့တစ်လမ်း၊ ဘောင်ဘက်သို့တစ်လမ်း ခွဲထွက်သွားသည်ဖြစ်ရာ တောင်ဘက်လမ်းသည် တောင်ကြားအတိုင်း မြွေလိမ် မြွေကောက်သွားကာ ဇင်ဘာဘွေနိုင်ငံ၏မြို့တော် ဟာရာရီမြို့တွင်းသို့ ဝင်သည်။ ဒင်နီယယ်သည် ကားကို လမ်းဆုံတွင် ရပ်ကာ လက်နှိပ်ဓာတ်မီးကို ယူ၍ ကားပေါ်မှ ဆင်းသည်။ ထရပ်ကားများနှင့် မာစီဒီးကားများတွင် သွားခဲ့သည့် မည်းနက်သော ရွှံ့စေးရာများသည် လမ်းပေါ်တွင် ရှိသည်။ c.com ကားပေါ် ပြန်တက်ပြီး စက်ကိုနှိုးသည့်အခါ ဒင်နီယume % ဂျော့ခ်အား
88.186631
Elephant Trader
Mg Htun Thu
10356
51
________________ ၁၀၄ လှမ်းကြည့်ပြီး ပြောသည်။ www.burmeseclassic.com မောင်ထွန်းသူ “ဒီကောင်တွေ တောင်ဘက်လမ်းကို လိုက်သွားတယ်၊ တို့က မီနိုင်တဲ့ အခြေအနေရှိတယ်” သည်။ ဒင်နီယယ်သည် ကားအရှိန်ကို တစ်နာရီ မိုင် ၉၁ နှုန်းအထိ တင်လိုက် “ဒီကောင်တွေ အဝေးကြီး ရောက်မသွားသေးဘူး”ဟုလည်း ပါးစပ်က ပြောသည်။ ထိုအခိုက်မှာပင် သူ့ရှေ့မှ ကားမီးများကို မြင်လိုက်သည်။ ကားမီးများသည် တဖြည်းဖြည်းနှင့် နီးလာ၏။ သို့သော်လည်း သူ တွေ့ ရလိမ့်မည်ဟု မျှော်လင့်ထားသည့် ကားများမဟုတ်။ တန် ၂၀ တင် ထရပ် ကားကြီး ဖြစ်၏။ နောက်ဘက်တွင် နိုင်လွန်တာပေါ်လင် အုပ်ထားသည့် နောက်တွဲ တစ်စီးပါသည်။ ကားကြီးသည် လမ်းဘေးတွင် ရပ်ထားခြင်း ဖြစ်၏။ နောက်တွဲ ပေါ်တွင် လူသုံးယောက်က တာပေါ်လင် ရွက်ထည်ကို ကြိုးများဖြင့် အခိုင်အမာ ဖြစ်အောင် ချည်တုပ်နေကြ၏။ ဒင်နီယယ်၏ ကားမီးရောင် သူတို့ပေါ်ကျသွားသည့်အခါ အားလုံး ပြူးတူးပြဲတဲဖြစ်ကာ ဆီး၍ ကြည့်နေကြ၏။ လူနှစ်ယောက်မှာ အာဖရိကန့်များဖြစ်သော်လည်း တစ်ယောက်မှာ ဆစ်ခ်လူမျိုး ဖြစ်သည်။ ဆစ်ခ်အမျိုးသားက ကာကီယူနီဖောင်း ဝတ်ထား၏။ သုံးယောက်စလုံး နောက်တွဲပေါ်မှ ဆင်းကာ ထရပ်ကားပေါ် ပြန်တက်ကြသည်။ ဒင်နီယယ်က ကားကို ရပ်ကာ ခုန်ဆင်းသည်။ “ခဏနေပါဦး” ဟု လှမ်းအော်သည်၊ “ကျွန်တော် မေးစရာ တစ်ခုရှိလို့ပါ” ထိုအချိန်တွင် ဆစ်ခ်က ထရပ်ကား၏ ယာဉ်မောင်းထိုင်ခုံ၌ ထိုင်လျက် ရှိလေပြီ။ သူသည် ကားပြတင်းမှ ခေါင်းပြူထွက်ကာ ဒင်နီယယ်အား ငုံ့ကြည့် ၏။ “ဘာမေးမလို့လဲ...၊ ခင်ဗျားတို့ အဖြူရောင် ထရပ်ကားကြီး နှစ်စီး ဖြတ်သွားတာ မတွေ့လိုက်ဘူးလား” ဆစ်ခ်က ချက်ချင်း မဖြေဘဲ ဒင်နီယယ်အား ကြည့်နေသည်။ “ထရုပ်ကားတွေက အကြီးကြီးတွေပဲ၊ အဖွဲ့လိုက်သွားနေတာ၊ အပြာ ဆင်ကုန်သည် ၁၁၅ ရောင် မာစီဒီးကား တစ်စီးလည်း ပါချင်ပါလိမ့်မယ်" ဟု ဒင်နီယယ်က ထပ်ပြော ၏။ ဆစ်ခ်သည် ဒင်နီယယ် နားမလည်သည့် ဘာသာစကားတစ်မျိုးဖြင့် အာဖရိကန့် နှစ်ယောက်အား လှမ်း၍ စကားပြောနေ၏။ အဖြေကို စိတ်မရှည်စွာ ဖြင့် စောင့်နေသော ဒင်နီယယ်သည် ထရပ်ကားတံခါးပေါ်မှ စာတန်းကို သတိ ထားမိနေသည်။ ချက်တီဆင်း လီမိတက် သွင်းကုန်နှင့် ထွက်ကုန် စာတိုက်ဘူး ၅၅၊ လီလောင်ဝီမြို့ မာလာဝီနိုင်ငံ။ မာလဝီနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံ ငယ်လေး ဖြစ်၏။ ဇမ်ဘီယာ၊ တန်ဇန်းနီးယားနှင့်ပို့ဇမ်ဘစ် စသော နိုင်ငံကြီး သုံးနိုင်ငံကြား၌ တည်ရှိသည်။ တောင်များ၊ မြစ်များနှင့် ရေကန်ရေအိုင်များ ပေါများသည့် နိုင်ငံငယ် ဖြစ်၏။ အာဖရိကတိုက်ရှိ ဆင်းရဲမွဲတေသော နိုင်ငံများ ကြုံရသည့်အတိုင်း အသက်ရှစ်ဆယ်ကျော် အာဏာရှင် ဟေစတင်ဘင်ဒါ၏ အုပ်ချုပ်မှုအောက်၌ နေရသော နိုင်ငံဖြစ်၏။ “မစ္စတာဆင်း၊ ကျွန်တော် သိပ်အရေးကြီးတဲ့ကိစ္စ ပေါ်နေလို့ပါ" ဟု ဒင်နီယယ်က ပြော၏။ တယ်” “တကယ်လို့ ထရပ်ကားတွေကို မြင်ခဲ့တယ်ဆိုရင် ပြောပြစေချင်ပါ ဆစ်ခ်သည် တွန့်ခနဲ ဖြစ်သွား၏။ “ကျွန်တော့်နာမည်ကို ခင်ဗျား ဘယ်လိုလုပ်ပြီး သိသလဲ" ဟု မေး၏။ ဒင်နီယယ် တံခါးပေါ်မှ စာတန်းကို လက်ညှိုးထိုးပြသည်။ “ဟား..ခင်ဗျား တော်တော် မျက်စိရှင်ဗာာပဲ၊ ဟုတ်တယ်၊ ကျွန်တော့် လူတွေက သတိပေးမှ သတိရတယ်၊ လွန်ခဲ့တဲ့ တစ်နာရီလောက်က ထရပ်ကား နှစ်စီး ဖြတ်သွားတယ်၊ တောင်ဘက်ကို ဦးတည်သွားတယ်၊ မတွေ့ဘူး” သူသည် ထရပ်ကားစက်ကို နှိုး၏။
87.480858
Elephant Trader
Mg Htun Thu
10356
52
________________ ၁၉၆ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “ကဲ...သွားမယ် မိတ်ဆွေ၊ ကျွန်တော့်မှာလည်း အလုပ်က အရေးကြီးနေ တာပဲ” ဟု ပြောကာ လက်မြှောက်၍ နှုတ်ဆက်၏။ ထရပ်ကားကြီးသည် တဖြည်းဖြည်းနှင့် ဝေးသွား၏။ ဒင်နီယယ်သည် နောက်တွဲပေါ် အုပ်ထားသည့် တာပေါ်လင်မှ “ငါးခြောက်” ဟူသော စာတန်းကို မြင်၏။ ပြီးတော့ ငါးခြောက်နံ့လည်း ရ၏။ သို့သော်လည်း သူ့စိတ်ထဲတွင် သံသယမကင်း ဖြစ်နေ၏။ ဒင်နီယယ်သည် ကားကို တောင်ကုန်းထက်သို ့ မောင်း၍ တက်၏။ အပေါ်ဘက် လွင်ပြင်ဆီသို့ သွားရာလမ်း ဖြစ်သည်။ အခုအချိန်ထိ တစ်နာရီ မိုင် ၇ဝ အောက် မရောက်သေး။ လမ်းချိုးတစ်ခုကို ကွေ့ဝင်လိုက်၏။ ရှေ့တည့်တည့်တွင် အဖြူရောင်ထရပ်ကား။ ထရပ်ကားမောင်းသူသည် သူ့ကားကို လမ်းအလယ်တည့်တည့်တွင် ထား၍ မောင်းနေသဖြင့် ဒင်နီယယ် ကား ကျော်မတက်နိုင်၊ ကာဆီးထားသလို ဖြစ်နေ၏။ ဒင်နီယယ် ကားဟွန်းကို အဆက်မပြတ်တီး၏။ သို့သော်လည်း ထရပ်ကားသည် လမ်းမပေး။ “ခွေးမသား လူသတ်သမား၊ လမ်းဖယ်ပေးလေကွာ” ဟု ဒင်နီယယ်က ဒေါသတကြီး ရေရွတ်၏။ ဟွန်းကိုလည်း တအားကုန် နှိပ်ထား၏။ ဖြည်းဖြည်းလုပ်ပါ ဒင်နီ၊ စိတ်ကို အေးအေးထားပြီး လုပ်ပါ” ဟု ဂျော့ခ်က ဘေးမှ သတိပေး၏။ ဒင်နီယယ်သည် သူ့ကားကို လမ်းဘေးသို့ ချမောင်း၏၊ ထရပ်ကားကို ဖြစ်သည့်နည်းဖြင့် ကျော်ရန် အားထုတ်သည်။ ဘေးမှန်ထဲတွင် ထရပ်ကားယာဉ်မောင်း၏ မျက်နှာ ထင်ဟပ်လာ၏။ တခြားလူမဟုတ်၊ ရိုမို...။ ရိုမိုသည် ဒင်နီယယ်အား လမ်းဖယ်ပေးဖို့ စိတ်ကူးဟန်မတူ၊ သူ့ကား ကို ဘယ်ညာယိမ်းရုံမျှသာ ယိမ်း၏၊ လမ်းလယ်တည့်တည့်မှ လုံးဝဖယ်မပေး။ “ဒီကောင် ငါတို့မှန်း သိနေပြီ”ဟု ဒင်နီယယ်က ဒေါသတကြီး ပြော ၏။ ရိုမိုသည် သူ့ကားထဲမှနေ၍ ဘေးချင်းတိုက် ဖြစ်လာသော လင်ခရူဆာ ကားကို လှည့်ကြည့်၏။ ဒင်နီယယ်ကလည်း မျက်နှာချင်းဆိုင်မိအောင် ပြန်ကြည့် ၏။ လက်တစ်ဖက်ကို မြှောက်ပြပြီး လမ်းပေးရန် တောင်းသည်။ ရိုပိုက ခေါင်း ညိတ်ပြပြီး ထရပ်ကားကို ဘယ်ဘက်သို့ ကပ်ပေးသည်။ ဒင်နီယယ်သည် သူ့ကားကို လမ်းပေါ် ပြန်၍မောင်းတင်သည်။ ထိုအခါကျမှပင် ရိုမှီ၏ အကြံကို သူ ရိပ်မိ၏။ ရိုမို၏ထရပ်ကားသည် သူ့ကားဘက်သို့ ပြန်ဖိလာ၏။ ဒင်နီယယ်က ကြိမ်းမောင်းရေရွတ်ကာ လွတ်အောင်တိမ်း၏။ ဤကြားထဲမှပင် ရိုမှို၏ ထရပ်ကား စက်ခေါင်းသည် လင်ခရူဆာ၏ ဘေးတစ်ဖက်ကို အရှိန်ဖြင့် ဝင်ဆောင့်သည်။ ဒင်နီယယ်၏ ကားသည် ဘေးတစ်ဖက်သို ့ စောင်းသွားရုံမျှမက ကားချင်းတိုက်မိသည့် အရှိန်ဖြင့် မီးများပင် ပွင့်ထွက်လာ၏။ ဒင်နီယယ်၏ ဘယ်ဘက်လက်မဆီမှ စူးခနဲ နာကျင်သောဝေဒနာ ပေါ်လာပြီး ကားသည် လမ်းဘေးသို့ ထိုးဆင်းကာ ရပ်သွား၏။ ဒင်နီယယ်သည် ဒဏ်ရာရသွားသော လက်ကို ငုံ့ကြည့်၏။ နာလွန်း သဖြင့် မျက်ရည်များပင် စို့လာ၏။ တဖြည်းဖြည်း အားသစ်ပြန်ဝင်လာ၏။ ဒေါသအရှိန်လည်း တက်လာသည်။ ရှေ့သို့လှမ်းကြည့်လိုက်သည့်အခါ ရိုမို၏ ထရပ်ကားသည် ကိုက်ငါး ရာခန့် အကွာသို့ ရောက်သွားသည်ကို မြင်ရလေသည်။ ဒင်နီယယ်သည် လင်ခရူဆာကို လမ်းမပေါ် ပြန်မောင်းတင်၏။ လမ်းပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် ဂျော့ခ်အား လှည့်ကြည့်၏။ “မင်းအမြင်ပဲ၊ ဒီအကောင်တို့ကို အသေလုပ်တာ၊ ဒီကောင် ဘာလုပ်ခဲ့ တယ်ဆိုတာ အခု အပြုအမှုက သက်သေပြနေတာပဲ” ဟု ပြော၏။ ထရပ်ကားသည် လမ်းကွေ့တစ်ကွေ့သို့ ချိုးဝင်သွားသဖြင့် သူတို့ မျက်စိအောက်မှ ပျောက်သွား၏။ ဒင်နီယယ်သည် သူ့ကားကို ပြန်တည့်ကာ ထရပ်ကားနောက်သို့ ဦးတည်၍ မောင်း၏။ “ငါဒီကောင်ကို အလွတ်မခံနိုင်ဘူး”ဟု ဒင်နီယယ်က ပြော၏။ “ငါထရပ်ကားပေါ် ရောက်အောင်တက်ပြီး ဒီကောင့်ကို ကားထဲက “ဒီလိုတော့ မလုပ်နဲ့ဗျာ” ဟု ဂျော့ခ်က ပြော၏။ ဆွဲထုတ်မယ်" “ဒီကိစ္စကို ရဲသွားတိုင်လိုက်တာ ကောင်းပါလိမ့်မယ်၊ ကျွန်ဘော်လည်း ဒီအရုပ်ထဲမှာ မပါချင်ဘူး" ဒင်နီယယ်သည် ဘာမှပြန်မပြော။ ကားကိုသာ အရှိန်မြင့်၍ ၇ ကားချင်း တဖြည်းဖြည်း နီးနီးလာ၏။ ဒင်နီယယ်သည် ထရပ်ကား၏ မကြာခင်မှာပင် ထရပ်ကားနှင့် မလှမ်းမကမ်းသို့ တောင်း၍ SS.CO/ ခြေ
87.950633
Elephant Trader
Mg Htun Thu
10356
53
________________ အနေ အရပ်ရပ်ကို လှမ်း၍ လေ့လာလျက် ရှိ၏။ www.burmeseclassic.com မောင်ထွန်းသူ “ကားချင်း ကပ်မိတာနဲ့ တစ်ပြိုင်နက် ငါ ထရပ်ကား လှေကားပေါ် ရောက်အောင် ကူးမယ်၊ မင်းက ကားကို ဝင်ထိန်းပြီး ဆက်မောင်း" “ကျွန်တော် မလုပ်နိုင်ဘူး ဝင်နို၊ စိတ်ကုန်သွားပြီ၊ ဒီအထဲ ကျွန်တော် ဆက်ပါလို့ မဖြစ်တော့ဘူး....” “ကောင်းပြီ၊ မင့်သဘောပဲ၊ မင်းကားကို မမောင်းချင်လည်း မမောင်းနဲ့ ရတယ်၊ ဒါပေမဲ့ မင်း...သူသွားရာ လိုက်သွားပေါ့၊ ဟုတ်လား” ဒင်နီယယ်သည် ကားအရှိန်ကို ထိန်းကာ လက်တစ်ဖက်ဖြင့် သူ့ဘေးမှ တံခါးကို ဖွင့်၍ ကိုင်ထား၏။ ကျန်တစ်ဖက်ဖြင့် ကားစတီယာတိုင်ကို ထိန်းထား ။ ရိုမိုသည် ထရပ်ကားကို ဘေးသို့တိုးကပ်ကာ လင်ခရူဇာအား တိုက် ထုတ်ရန် တာစူ၏။ ဤခဏမှာပင် ကားနှစ်စီးဘေးချင်း ယှဉ်မိကြ၏။ ဒင်နီယယ် သည် စတီယာတိုင်ကို လက်တစ်ဖက်ဖြင့် ထိန်းရင်း ဖွင့်ထားသော တံခါးမှ အပြင်သို့ ပြု၍ ထွက်သည်။ “ကားကို ကိုင်ချင်လည်းကိုင်၊ မကိုင်ချင်လည်းနေ၊ မင်းသဘောပဲ၊ ငါတော့ သွားပြီ” ဟု အော်ကာ ထရပ်ကားဆီသို့ ခုန်ကူးသွား၏။ ထရုပ်ကား၏ သံလှေကားကို ဆွဲထားမိသော ဒင်နီယယ်သည် ကား နှစ်စီးကြား၌ မညပ်မိအောင် အပေါ်သို့ လျင်မြန်စွာ ဆွဲ၍တက်၏။ ဂျော့ခ်သည် ကားစတီယာတိုင်ကို ကသောကမျော ထဆွဲကာ ထိန်း ၏။ ကားသည် လမ်းဘေးသို့ ထိုးဆင်းကာ ရပ်သွား၏။ သူသည် စက်ကို ပြန်နှိုးကာ လမ်းပေါ်သို့ ပြန်တက်သည်။ ဒင်နီယယ်ကတော့ သံလှေကားကို ဆွဲ၍ တက်သွားသဖြင့် ထရပ်ကား ခေါင်မိုးပေါ်သို့ ရောက်သွားခဲ့လေပြီ။ သူသည် ကားခေါင်မိုးပေါ်သို့ အလျား မှောက်ကာ လက်နှင့် ဒူးကိုအားပြု၍ ခေါင်းပိုင်းသို့ သွား၏။ ထရပ်ကား ကွေ့ လိုက်သည့် အခါတိုင်း အရှိန်ဖြင့် ဘေးသို့ လွင့်ကျမသွားအောင် သတိထား၍ ထိန်း၏ ။ ဒင်နီယယ်သည် မိနစ်အနည်းငယ်မျှသာ အားထုတ်လိုက်ရ၏။ ကား ရှေ့ပိုင်းသို့ ချောမောစွာ ရောက်သွား၏။ ချက်ချင်းပင် ဘေးဘက်တံခါးမှနေ၍ ငုံ့ကြည့်၏။ ရိုမိုသည် သူ ရောက်နေသည်ကို သိပုံမရ၊ သူသည် အောက်သို့ အသာ ၁၉ ဆင်ကုန်သည် လျှောဆင်းကာ ဘေးမှန်ကိုင်ကို အားပြု၍ ခိုလိုက်၏။ သူ့ခြေထောက်များသည် တစ်ခဏမျှ လေထဲတွင် ဝဲပျံနေ၏။ ထို့နောက် ခြေနင်းခုံပေါ်သို့ ရောက်သွား၏။ ကားထဲမှ ရိုမိုက အလန့်တကြား လှည့်ကြည့်၏။ သူသည် ပါးစပ်မှ တစ်ခွန်းမျှ အော်လိုက်ပြီး ကားဟန်ဒယ်ကို လှမ်းယူသည်။ သို့သော်လည်း ထရပ် ကားက တစ်ဖက်သို့ ယိမ်းထိုးသွားသဖြင့် ယူ၍မရ၊ ရိုမိုသည် သူ့ကားကို ပြန် ထိန်းနေရသဖြင့် ဒင်နီယယ်အား လှည့်၍ပင် မကြည့်နိုင်။ ဒင်နီယယ်သည် တံခါးကို ဖွင့်၍ ကားထဲသို့ ဝင်သည်။ ရိုမိုက လက်သီးဖြင့် မျက်ခွက်ကို လှမ်းထိုးသည်။ လက်သီးသည် ဒင်နီယယ်၏ ဘယ် ဘက် မျက်လုံအာက်ကို ထိသဖြင့် နောက်သို့ ယိုင်သွား၏။ ဒင်နီယယ်က ဟန့်ဒယ်ကို လှမ်းယူကာ ရှိမိုအား လှမ်းရိုက်သည်။ သို့သော်လည်း ထရပ်ကားက တစ်ဖက်သို့ ယိမ်းထိုးသွားသဖြင့် ယူ၍ မရ။ ရိုမိုသည် သူ ့ကားကို ပြန်ထိန်းနေရသဖြင့် ဒင်နီယယ်အား လှည့်၍ပင် မကြည့်နိုင်။ ဒင်နီယယ်သည် တံခါးကို ဖွင့်၍ ကားထဲသို့ ဝင်သည်။ ရိုပို၏ ရင်ဘတ်သည် စတီယာတိုင်နှင့် ဝင်ဆောင့်၏။ သူ့နဖူးက လေကာမှန်ကို ဝင်တိုး၏။ ထို ့နောက် နောက်သို့ အရှိန်ဖြင့် ပြန်လဲကျသည်။ ဒင်နီယယ်သည် သတိလစ်တော့မလိုဖြစ်နေသော ရိုမိုအား ခွကျော်ကာ ထရပ်ကား စတီယာတိုင်ကို ကိုင်၍ ထိန်းသည်။ ဘရိတ်ကို တအားနှင်း၍ စက်ကို သတ်လိုက်၏။ ကားသည် လမ်းစောင်း တစ်နေရာတွင် ထိုးရပ်သွားသည်။ ကားရပ်မိလျှင် ရပ်မိချင်း ဒင်နီယယ်သည် တံခါးကို ဖွင့်၍ ရိုမိုအား တွန်းချလိုက်၏။ ရိုမိုသည် ခြောက်ပေအမြင့်မှ မြေပြင်ပေါ်သို ့ ဒူးထောက်လျက် ကျသည်။ လေကာမှန်နှင့် ဆောင့်မိ၍ ရထားသော နဖူးမှ ဒဏ်ရာသည် သွေးများ စို့လျက်ရှိ၏။ ဒင်နီယယ်သည် ကားပေါ်မှခုန်ဆင်းကာ ရိုမို့၏ အင်္ကျီရင်ဘတ်ကို ဆွဲ၍ ထူ၏။ “မင်း ဂျွန်နီနဲ ့သူ့မိသားစုကို သတ်သွားတယ် မဟုတ်လား” ထရပ်ကား၏ ရှေ့မီးလုံးများမှ အလင်းရောင်ဖြင့် ရိုမို၏ဖူးရောင်လc.com/ သော မျက်နှာကို မြင်နေရ၏။ “ခင်ဗျား ဘာတွေ လာမေးနေတာလဲ၊ ကျွန်တော် နားလည်ဘူး၊ ကျွန်တော့်ကို ဘာဖြစ်လို့ အခုလို လာလုပ်တာလဲ” ဟု ရိုမိုက ပြော၏။;
87.790518
Elephant Trader
Mg Htun Thu
10356
54
________________ 000 www.burmeseclassic.com မောင်ထွန်းသူ ဆင်ကုန်သည် ၁ “ခွေးမသား....လူလိမ်” ဤအခိုက်မှာပင် ရိုမိုက ခါးတွင် ပတ်ထားသည့် ဓားအိမ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်၍ ဒင်နီယယ်အား လှမ်းထိုး၏။ ဒင်နီယယ်က နောက်သို့ ခုန်၍ ဆုတ်လိုက်သော်လည်း ဓားက သူ့ရှပ်အင်္ကျီကို ရှပ်ထိသွားသည်။ ရိုမိုက ထလာ၏။ ဓားကို အမိအရ ဆုပ်ကိုင်ကာ ဒင်နီယယ်ဆီသို့ တိုးလာ၏။ “ငါနင့်ကို သတ်မယ်၊ လူဖြူ ချေးစားခွေး” ဟု အော်ကာ ဓားနှင့် တအား လှမ်းထိုး၏။ ဒင်နီယယ်က နောက်သို့ ခုန်ရှောင်၏။ နှစ်ယောက်သား ချာလပတ်လည်လျက် ရှိသည်။ အလစ်တွင် ဒင်နီ ယယ်က သဲတစ်ဆုပ် ကျုံး၍ ရိုမူ၏ မျက်နှာကို ပက်လိုက်၏။ ဓားနှင့်အတိုက်ခံ နေရသူများ၏ လုပ်ထုံးလုပ်နည်းတစ်ခုကို သုံးလိုက်ခြင်း ဖြစ်၏။ ရိုဗို့၏ လက်တစ်ဖက်က သူ့မျက်နှာဆီသို့ ရောက်သွား၏။ ဤအခိုက် မှာပင် ဒင်နီယယ်က ဓားကိုင်ထားသည့် လက်၏ လက်ကောက်ဝတ်ကို တအား ညှစ်၍ လိမ်ချိုး၏၊ ရိုမိုက ဓားကို အလွတ်မခံ။ လူနှစ်ယောက်သည် အားကုန်ထုတ်၍ ရုန်းကန့်လှုပ်ရှားလျက်ရှိကြ၏။ တိုက်ခိုက်မှုတွင် လျင်မြန်သွက်လက်လှသော ဒင်နီယယ်သည် ရိုမို၏ မျက်နှာကို ဦးခေါင်းဖြင့် ရိုက်ထည့်လိုက်၏။ နှာခေါင်းတည့်တည့်ကို ထိသဖြင့် ရိုမိုသည် နောက်သို့လန်သွားရုံမျှ မက် နှာခေါင်းမှ သွေးများ စီးကျလာ၏။ ဒင်နီယယ်၏ ဒူးက ရိုမို၏ ခွဆုံကို တိုက်၏။ ရိုမို၏ စူးစူးရှရှ အော်သံထွက်လာသည်။ သူ့ လက်ထဲမှ ဓားသည် ဒင်နီယယ်၏ လက်တွင်းသို့ ရောက်သွား၏။ လေးဖက်ထောက်လဲနေသော ရိုမိုပြန့်၍ မထနိုင်မီ ဒင်နီယယ်၏ ဓားက ရိုမို၏ လည်ပင်းတွင် လာထောက်၏။ အနည်းငယ်ထိုးစိုက်လိုက်သည့် အရှိန် ဖြင့် သွေးအနည်းငယ် ထွက်လာ၏။ “ခွေးမသား လူသတ်သမား၊ မင်း နောက်ထပ် လှုပ်ရဲရင်လှုပ်ကြည့်၊ လည်ပင်းကြော ပြတ်သွားမယ်” ဟု ဒင်နီယယ်က ပြောသည်။ “ကဲ....ဟေ့ကောင် ထ...ဖြည်းပြည်း ထနော်” ရိုမို ထရပ်၏။ ဒင်နီယယ်က တွန်းထိုးပြီး ထရပ်ကားကိုမှီ၍ ရပ်ခိုင်း၏။ ဓားကတော့ လည်ပင်းတွင် ထောက်ထားဆဲ...။ “မင်းတို့ ဆင်စွယ်တွေကို သယ်လာကြတာ မဟုတ်လား” ဟု ဒင်နီ ယယ်က ပြော၏။ “ကဲ..ဆင်စွယ်တွေကို သွားကြည့်ရအောင်" “ဘာဆင်စွယ်လဲ” ရိုမှိုက ပြောသည်။ “ဘာဆင်စွယ်မှ မသယ်ဘူး၊ ခင်ဗျား ဘာတွေလာပြောနေတာလဲ၊ ရူးနေသလား” ဒင်နီယယ်က ဘာမှ ပြန်မပြော။ လက်ထိတ်သော့ကို တောင်းသည်။ တောထိန်းများအား စခန်းမှ ဆင်စွယ်သူခိုးများ ဖမ်းမိသည့်အခါ ခတ်ဖို့ တရားဝင် လက်ထိတ်တစ်စုံစီ ထုတ်ပေးထားသည် မဟုတ်ပါလား...။ ရိုမိုက သူ့ဘောင်းဘီအိတ်ထဲမှာ ရှိသည်ဟု ပြောသည်။ ဒင်နီယယ် သည် သော့ကိုယူ၍ ရိုမို့၏ ခါးမှ လက်ထိတ်ကို ဖြုတ်ယူသည်။ ထို့နောက် ရိုမို၏ ယာလက်ကို ထရပ်ကား၏ဘေးတန်းနှင့် တွဲ၍ ခတ်လိုက်၏။ သူသည် ထရပ်ကား၏ နောက်မှ တံခါးကို ဖွင့်၍ တက်ကြည့်၏။ ကားထဲတွင် အအေးစိမ်ထားသည့် ဆင်သားများမှ တစ်ပါး အခြား ဘာမျှမရှိ၊ သူမြင်ရလိမ့်မည်ဟု မျှော်လင့်ထားသော ဆင်စွယ်ဟူ၍ အစအန တစ်စပင် မတွေ့ ရ။ ဆယ်မိနစ်မျှ ပိုက်စိပ်တိုက်၍ ရှာသော်လည်း ခြေရာလက်ရာပင် မမြင်ရသဖြင့် လက်လျှော့လိုက်သည်။ သူကားထဲမှ ပြန်ဆင်းလာသည့်အခါ ရိုမိုက ဆီး၍ပြော၏။ “ဘာဆင်စွယ်မှ မရှိ၊ ခင်ဗျား အစိုးရ ကားကိုလည်း ခွင့်ပြုချက်မရဘဲ ဖွင့်ကြည့်တယ်၊ ကျုပ်ကိုလည်း ထိုးလားကြိတ်လားလုပ်တယ်၊ ခင်ဗျား ဒုက္ခ အများကြီး ရောက်မယ်” ဒင်နီယယ်သည် ကားဘေးတန်းတွင် ပူးခတ်ထားသည့် လက်ထိတ်ကို ပြန်ဖြုတ်သည်။ ရိုမို၏ လက်နှစ်ဖက်ကို နောက်ဘက်တွင် ပူး၍ ပြန်ခတ်သည်။ ထို့နောက် ဆွဲခေါ်သွားပြီး ရှေ့မီးနှစ်လုံးကြားရှိ ဘားတန်းတွင် နောက်ပြန်ခတ် ထား၏။ “က်... ရိုမို၊ ဂျွန်နီအင်ဇောဟာ ငါ့ရဲ့ အခင်ဆုံး မိတ်ဆွေဆိုတာ တယ် မဟုတ်လား” ဟု ဒင်နီယယ်က ပြော၏။ တယ် " “မင်းတို့ သူ့ကို သတ်တယ်၊ သူ့မိန်းမ မှ ot/ သတ်
86.609881
Elephant Trader
Mg Htun Thu
10356
55
________________ ၁၁၂ www.burmeseclassic.com မောင်ထွန်းသူ “ကျုပ် သူတို့ကို မသတ်ဘူး၊ ကျုပ် ဒါတွေ ဘာမှ မသိဘူး၊ ဆင်စွယ် လည်း မယူဘူး၊ လူလည်း မသတ်ဘူး” ဒင်နီယယ်သည် လက်ထဲမှ ဓားဖြင့် ရိုမို၏ ဆီးခုံကို ထောက်ထား၏။ မသိမသာ စူးဝင်သွားအောင် ထိုးစိုက်လိုက်၏။ ရိုမို၏ အော်သံကို ကြားရသည်။ “ငါ မေးတာပြော နို့မို့၊ မင်းမပြောရင် ငါမလုပ်ချင်ပေမဲ့ လုပ်ရမှာပဲ” ရိုမို၏ စူးစူးရှရှအော်သံ ထွက်လာသည်။ “ကျုပ် ဂျွန်နီကို မသတ်ဘူး၊ ဂျွန်နီကို သတ်သာ ကျုပ်မဟုတ်ဘူး” ဟု အထစ်ထစ်အငေါ့ငေါ့ ပြောသည်။ “အေး..ဟုတ်ပြီ၊ မင်းမသတ်ရင် ဘယ်သူသတ်တာလဲ” ရို့မို ငြိမ်နေ၏။ ဒင်နီယယ်၏ လက်ထဲမှ ဓားသည် ရိုမို၏ အသားထဲ သို့ စူးဝင်သွားသည်။ “မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ ကျုပ်ပြောပါ့မယ်” ဟု စို့မိုက အော်သည်။ “အေးပေါ့၊ ဒီလိုမှပေါ့၊ ကဲ..ပြော...” “ဒီမယ်...ဒင်နီယယ်” သူ့ နောက်မှ ထွက်ပေါ်လာသည့် အသံ ဖြစ်၏။ သူ့အာရုံနှင့်သူ ဖြစ်နေ ခိုက်မို့ လင်ခရူဇာကား ရောက်လာသည်ကို သူသတိမထားမိ၊ ဂျော့ခ် ဆင်းလာ သည်ကိုလည်း မမြင်။ ပြော၏။ “ခင်ဗျား သူ့ကို ဘာမှမလှုပ်ပါနဲ့” ဟု ဂျော့ခ်က ပြော၏။ “ခင်ဗျား လုပ်ပုံတွေက တော်တော့်ကို လွန်နေပြီ” “ဒီကောင်ဟာ လူသတ်သမား ရာဇဝတ်ကောင်ကွ” ဟု ဒင်နီယယ်က သို့သော်လည်း ဂျော့ခ်က လက်မခံ။ သူ့လက်ထဲမှ အေကေဖော်တီ ဆဲဗင်း မောင်းပြန်သေနတ်ဖြင့် ဒင်နီယယ်၏ ဗိုက်ကို ချိန်ထားသည်။ “ခင်ဗျားမှာ ဘာအထောက်အထားမှ ခိုင်ခိုင်လုံလုံရှိသေးတာ မဟုတ် ဘူး ဒင်နီယယ်၊ ကားထဲမှာ ခင်ဗျားထင်ထားတဲ့အတိုင်း ဆင်စွယ်တွေကော တွေ့ သလား၊ မတွေ့ ဘူးလေဗျာ “ဒီအကောင် ဝန်ခံတော့မလို့ လုပ်နေပြီ ဂျော့ခ်၊ မင်းဒီပြဿနာကို ခဏလေး ဝင်မပါဘဲ နေစေချင်တယ်...၊ “ခင်ဗျား သူ့ကိုနှိပ်စက်ပြီး မေးနေတာပဲ၊ ခင်ဗျားဓားနဲ့ ထောက်ထား ဘာကို ကျွန်တော် မမြင်ဘူး ထင်နေသလား၊ ဒီလိုလုပ်နေမှတော့ သူပြောတော့မှာ ဆင်ကုန်သည် ၁၁၃ ပေါ့..သူ့မှာ ရှိနေတဲ့ အခွင့်အရေးကိုတော့ ပေးကြရမှာပဲ၊ လက်ထိတ်ကို ဖြုတ်ပေး လိုက်ပါ၊ သူ သွားစရာရှိတာ သွားပါစေ” “မင်းက အတော်သနားတတ်တဲ့ လူပါလား၊ ဒီကောင်ဟာ တိရစ္ဆာန် တစ်ကောင်နဲ့..” “သူဟာ လူတစ်ယောက်ပဲ၊ ကျွန်တော်ကတော့ ခင်ဗျားမြင်သလို မမြင် နိုင်ဘူးဗျာ၊ ကဲ...ဗျာ၊ ကြာတယ် လက်ထိတ်ဖြုတ်ပေးလိုက်" ဒင်နီယယ်က လက်ထိတ်ကို ဖြုတ်မပေး။ “ဒီကောင် ဖြောင့်ချက်ပေးမှ ဖြုတ်ပေးမယ်” ဟု ပြောကာ ဓားနှင့် စိုက်ထိုး လိုက်သည်။ ရိုမို၏ စူးရှသော အသံနှင့်အတူ ဂျော့ခ် လက်ထဲမှ သေနတ်ကျည် ဆန်သည် ဒင်နီယယ်၏ ခေါင်းအထက် တစ်ပေခန့် အကွာမှ ဖြတ်သွားသည်။ “ကျွန်တော့်ကို သော့ပေးပါ၊ ခင်ဗျား ခေါင်းမမာချင်ပါနဲ့” ဒင်နီယယ်က မပေး၊ ဂျော့ခ်က နောက်တစ်ကြိမ် ထပ်ပစ်သည်။ ဒင်နီ ယယ်၏ ဖိနပ်များကြားမှ မြေကြီးများ စွာထွက်သွားသည်။ “ကျွန်တော် တကယ်လုပ်ရလိမ့်မယ် ဒင်နီ၊ ဓသာ့ပေးပါ၊ ကျွန်တော် ဒီအရှုပ်ထဲ ဆက်မပါချင်ဘူး...” “မဟုတ်သေးဘူး ဂျော့ခ်၊ မင်း ဂျွန်နီရဲ့ အဖြစ်ကို မြင်ခဲ့တယ်မဟုတ် လား၊ ပြီးတော့...” ပြော၏။ သူ့စကားမဆုံးမီ သေနတ်သံ တစ်ချက်ကြားရပြန်သည်။ “နောက်တစ်ကြိမ်ဆိုရင် ခင်ဗျား ဒူးခေါင်းကို ချိုးပစ်ရလိမ့်မယ်” ဟု ဒင်နီယယ်က သော့ကို ပစ်ပေးလိုက်၏ ။ ဂျော့ခ်က သေနတ်ဖြင့် ဒင်နီ ယယ်၏ ဗိုက်ကို ချိန်ရင်း ရိုမို၏ လက်ထိတ်တစ်ဖက်ကို ဖြုတ်ပေး၏။ ကျန် တစ်ဖက်ကို သူ့ဘာသာသူ ဖြုတ်နိုင်ရန် သော့ကိုပေးလိုက်၏။ “မင်းက တော်တော့်ကို အသုံးမကျတဲ့ အရူးပါလား” ဟု ဒင်နီယယ်က ရေရွတ်သည်။ ရိုမိုသည် ဘောင်းဘီကို ပြန်ဝတ်ရင်းက မလိုတမာလေသံဖြင့်... “ဂျွန်နဲ့အကြောင်း ကျုပ် ဘာမှမသိဘူး၊ ကျုပ်တို့ ထွက်လာတော့ အသက်ရှိနေတာပဲ” ဟု ပြောသည်။ sect sic.com “ဟေ့ကောင်...တော်၊ အဲဒါတွေ ရဲ့ဆီကျမှပြော၊ ငါမင်းကို ဟား ခေါ်သွားမယ်၊ ကဲ...သွား၊ ဟိုကားပေါ်က ငါ့ကင်မရာနဲ့ လွယ်အိတ်ယူခဲ့"
85.216225
Elephant Trader
Mg Htun Thu
10356
56
________________ ၁၁၄ www.burmeseclassic.com မောင်ထွန်းသူ ဒို့မိုသည် လင်ခရူဇာဆီသို့ ကသောကမျော ထွက်သွားသည်။ “ငါပြောတာနားထောင်ပါဦး ဂျော့ခ်၊ ငါ့ကို နောက်ထပ် အချိန် ငါးမိနစ်ပဲ ပေးပါကွာ" ဂျော့ခ်က ခေါင်းခါ၏။ “ခင်ဗျားနဲ့ ကျွန်တော် ကိစ္စပြီးပြတ်သွားပြီ၊ ကျွန်တော် ဟာရာရိနဲ့ဆီမှာ အဖြစ်အပျက် အားလုံးကို ပြောပြခဲ့မယ်၊ ဒါပဲ" လာ၏။ ရိုမိုသည် ဆိုနီ ဗီဒီယိုကင်မရာနှင့် ကင်းဗတ်အိတ်တစ်လုံး ဆွဲ၍ပြန် “မင်း ကားထဲဝင်တော့၊ ငါ လာခဲ့မယ်” ဟု ဂျော့ခ်က လှမ်းပြောပြီး ဒင်နီယယ်အား လှမ်းကြည့်သည်။ “စိတ်တော့မကောင်းဘူး ဒင်နီ၊ ကျွန်တော် ခင်ဗျားကို ဘာမှမကူညီနိုင် တော့ဘူး၊ ရဲက လိုအပ်လာရင် ကျွန်တော် သိသမျှမြင်သမျှ သက်သေခံရမှာပဲ...၊ ခင်ပျား လုပ်နေတာ တရားဥပဒေနဲ့မူ မညီဘဲ၊ ခင်ဗျားအထင်နဲ့ လက်စားချေဖို့ ဇွတ်လုပ်နေတာပဲ၊ ခင်ဗျား ကျွန်တော့်လိပ်စာ သိနေတာပဲ...၊ ပေးစရာရှိတဲ့ ငွေကို ပို့ပေးလိုက်ပါ၊ ဒီလို အဆုံးသတ်ရတဲ့အတွက် ကျွန်တော် ဝမ်းနည်းပါတယ်” ဂျော့ခ်သည် စကားဆုံးသည်နှင့်တစ်ပြိုင်နက် ထရပ်ကားပေါ်တက်၏။ ဒင်နီယယ်ကိုလည်း အလွတ်မပေး၊ သေနတ်ဖြင့် ချိန်ထားသည်။ ကားတံခါး ပိတ်သံကြားလိုက်ရသည်။ ထရပ်ကားသည်, အဝေးပြေးလမ်းမပေါ် ပြန့်တက် သွား၏။ ဒင်နီယယ်သည် အမှောင်ထုထဲတွင် တစ်ယောက်တည်း... ဒင်နီယယ်သည် သူ့လင်ခရူဇာပေါ် ပြန်တက်သည်။ သူလုပ်ခဲ့သည့် လုပ်ရပ်များ၏ အားနည်းချက်များကို မြင်လာသည်။ သူခေါင်းထဲသို့ ဂျွန်နီနှင့် မိသားစု ဝင်လာပြန်သောအခါ ဒေါသအရှိန် တက်လာပြန်၏။ ပြီးတော့ နင်ချင်ဂွန်းဟု ခေါ်သည့်သံအမတ်... ပြီးတော့ ချက်တီးဆင်း... ပြီးတော့ အိုင်ဖတ်တို့အဖွဲ့။ ဆင်စွယ်သူခိုးများကို မိလေသလား... သူဘာဆက်လုပ်ရမည်နည်း။ သူသည် ချီရမ်ဒူး ရဲကင်းအဖွဲ့ သို့ သွားမည်ဟုဆုံးဖြတ်လိုက်၏။ ထိုမှ ဆင်ကုန်သည် တစ်ဆင့်မာနာရေအိုင်စခန်းသို့ ဖုန်းဆက်မည်၊ တိုင်ဂျက်လည်း ဖွင့်မည်။ ၁၁၅ အထူးသဖြင့် သူ တွေ့ခဲ့ရသည့် ဂျွန်နီ လက်ထဲမှ စာရွက်နှင့် သွေးကွက် ပေါ်မှ ခြေရာအကြောင်း ပြောပြရမည်။ သူသည် ကားကို နောက်ပြန်ကွေ ့ကာ ချီရမ်ဒူး တံတားဘက်သို့ မောင်း၏။ ရဲစခန်းသို့ သူ ရောက်သွားသည့်အခါ နံနက်လေးနာရီ ထိုးနေပြီ။ စခန်းထဲတွင် တပ်ကြပ်ကလေးတစ်ယောက်သာ ထိုင်ငိုက်နေသည်။ အိပ်မောကျ နေသဖြင့် မနည်းလှုပ်၍ နှိုးရသည်။ “လူသတ်မှုတစ်ခု တိုင်ချင်လို့ ” ဟု ပြောကာမှပင် မျက်လုံးများ ပြူး ထွက်လာ၏။ ချက်ချင်းပင် တာဝန်ခံ တပ်ကြပ်ကြီးကို သွားခေါ်ပေးလေသည်။ တပ်ကြပ်ကြီးရောက်လာသည့်အခါ ဒင်နီယယ်က ဟာရာရီ စီအိုင်ဒီသို့ တယ်လီ ဖုန်းဆက်၍ အဖွဲ့တစ်ဖွဲ့ ချင်ပီပီစခန်းသို့ စေလွှတ်ပေးဖို့ အကြောင်းကြားပေးပါ ́ဟု မေတ္တာရပ်ခံသည်။ သို့သော်လည်း တပ်ကြပ်ကြီးက လက်မခံ။ တိုင်ချက်ကို အလျင်ယူ ပြီးမှ အကြောင်းကြားပေးနိုင်မည်ဟု ဆို၏။ စခန်းတွင် လက်နှိပ်စက်က မရှိ။ တိုင်ချက်ကို လက်ရေးဖြင့် ယူနေခြင်းဖြစ်၍ အချိန်များစွာ ကုန်သည်။ မှာပဲ* “ခင်ဗျား တိုင်ချက်ရေးနေတာနဲ့ပဲ လူသတ်သမားတွေ လွတ်ကုန်တော့ ဒင်နီယယ်က ညည်းသည့်အခါ တပ်ကြပ်ကြီးက မျက်လုံးပြူး၍ ကြည့်သည်။ ဒင်နီယယ်သည် စိတ်ပျက်လက်ပျက်နှင့်ပင် တပ်ကြပ်ကြီး၏ စာလုံး ပေါင်းများစွာကိုပါ ဝင်ပြင်ပေးနေရသည့်အဖြစ်သို့ ဆိုက်ရောက်နေ့လေ၏။ ဒင်နီယယ်သည် တိုင်ချက်ဖွင့်ရာ၌ တတ်နိုင်သမျှ အတိအကျ ပြော သည်။ ထိမ်ချန်သင့်သည်များကို ထိမ်ချန်ထားသည်။ အထူးသဖြင့် ရိုမို့နှင့် ရင်ဆိုင်ခဲ့ရစဉ်က သူ လုပ်ခဲ့သမျှကို ထိမ်ချန့်ထား သည်။ အကယ်၍ ရိုမိုက ရဲတိုင်ခဲ့သည်ရှိသော် စွပ်စွဲချက်များကို အခိုင်အမာ ငြင်းမည်ဟု ဆုံးဖြတ်သည်။ သူ့ တိုင်ချက်ကို သူ လက်မှတ်ထိုးသည့်အခါ မိုးစင်စင်လင်းသွားလေပြီ။ သို့ တယ်လီဖုန်းဖြင့် သတင်းပို့၏။ ဤသို့ဖြင့် တပ်ကြပ်ကြီးနှင့်အဖွဲ့ ကားဖြင့် ချင်ပီပီသို့ အမြန်ဆုံး သွားရမည်။ တပ်ကြပ်ကြီးသည် သူပေးထားသည့် ကတိအတိုင်း ဟာရာရီ ၄ဝ com/ လင့်ရိုဗာ စီအိုင်ဒီတစ်ဖွဲ့ က ရဟတ်ယာဉ်ဖြင့် ချင်ပီပီသို့ သွားမည်ဟူသော
88.356385
Elephant Trader
Mg Htun Thu
10356
57
________________ ၁၁၆ အစီအစဉ် ချမှတ်ပြီး ဖြစ်သွား၏။ www.burmeseclassic.com မောင်ထွန်းသူ “ခင်ဗျားရဲ့ လိပ်စာနဲ့ တယ်လီဖုန်းနံပါတ် ပေးခဲ့ပါ၊ လိုအပ်ရင် ဆက် သွားရလိမ့်မယ်” ဟု တပ်ကြပ်ကြီးက ပြောသည်။ ဒင်နီယယ်က ရေးပေးသည်။ တပ်ကြပ်ကြီးနှင့်အဖွဲ့ လင့်ရိုဗာအစိမ်း ဖြင့် စခန်းထဲမှ ထွက်သွားကြသောအခါ ဒင်နီယယ်က စောစောက အစောင့် ကျခဲ့သော တပ်ကြပ်ကလေးအား ဖုန်းဆက်ခွင့်ပြုဖို့ မေတ္တာရပ်ခံသည်။ တပ်ကြပ် ကလေးက ခေါင်းခါသည်။ “ဒါ.....ဖုန်း...အများသုံးဖုန်း မဟုတ်ဘူး” ဟု ပြောသည်။ ဒင်နီယယ်က အိတ်ကပ်ထဲမှ အင်ဒေါ်လာတစ်ဆယ်တန် စက္ကူတစ်ရွက် ထုတ်၍ တပ်ကြပ်လေးရှေ့ ချပေး၏။ ငွေစက္ကူသည် ချက်ချင်းစားပွဲပေါ်မှ ပျောက်သွားသည်။ တပ်ကြပ်ကလေးက ပြုံး၍ ခေါင်းညိတ်သည်။ ဒင်နီယယ်တွင် မိတ်ဆွေတစ်ဦး တိုးသွားခဲ့ပြီ။ ဖုန်းခွက်ထဲတွင် မာနာအိုင်စခန်းမှ အိုင်ဖက်၏ အသံကြားရသည်။ ဒင်နီယယ်သည် များစွာ စိတ်လက်ပေါ့ပါးသွား၏။ “အိုင်ဖတ်၊ ခင်ဗျား ဘယ်တုန်းက ပြန်ရောက်သလဲ” “အခုပဲ၊ အခုရောက်လို့ ရုံးခန်းထဲ ဝင်လာနေတုန်း ခင်ဗျားဖုန်းခေါ်တာ ပဲ၊ ကျွန်တော့်လူတစ်ယောက် ဒဏ်ရာရလာတယ်၊ ကျွန်တော် သူ့ကိုဆေးရုံပို့ရလိမ့် မယ်။ “အုပ်စုကို ခင်ဗျား တွေ့ ခဲ့သလား” "တွေ့ ခဲ့တယ်၊ ခင်ဗျားပြောတဲ့အတိုင်းပဲ တကယ့် လူဆိုးတွေပဲ” “ခင်ဗျား ဖမ်းမိလာတဲ့ လူကော ရှိသလား၊ ရှိရင် ကျွန်တော် ခဏ တွေ့ချင်တယ်” ၁ ဆင်ကုန်သည် အိုင်ဇတ်သည် ပေ ၂၀ အရှည်ရှိသည့် တိုက်ရေယာဉ် တက်မအနီးတွင် ရပ်လျက် ရှိသည်။ သူ့ တောထိန်းများသည် ကုန်းပတ်ပေါ်တွင် ဂရိတ်ကုတ်ကြီးများပတ်၍ ကွေးနေကြသည်။ အခုလိုည အခုလိုအချိန်ဆိုလျှင် မြစ်ပြင်ထက်ရှိ ရာသီဥတုသည် မခံမရပ်နိုင်လောက်အောင်ပင် အေးလွန်းလှ၏။ တိုက်ရေယာဉ်သည် နှစ်ကြာ လာပြီဖြစ်၍ ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီ ဖြစ်သည်။ သို့သော်လည်း နိုင်ငံ ခြားငွေမရှိသဖြင့် အပိုပစ္စည်း မတင်သွင်းနိုင်။ အဟောင်းကိုပင် လက်ပူတိုက်၍ သုံးလာခဲ့သည်မှာ ကြာခဲ့ပြီ။ လတစ်ခြမ်းပဲ့သည် ဇမ်ဘီဇီ မြစ်ကမ်းပါးရှိ မှောင်မည်းမည်း သစ်တော များအထက်တွင် တွဲလွဲခိုလျက်ရှိ၏။ အိုင်ဇက်သည် လရောင်ဝိုးတပါးကို အားပြု ကာ သူ့ရေယာဉ်ကို တတ်နိုင်သမျှ အရှိန်တင်၍ မောင်းနှင်လျက် ရှိသည်။ တကယ်တော့ အိုင်ဇတ်သည် ဤမြစ်ပြင်၏အောက်ဘက် မိုင်ငါးဆယ် အကွာခရီးအထိ အကြိမ်ပေါင်းများစွာ သွားချည်ပြန်ချည် လုပ်ခဲ့ဖူးသူ ဖြစ်၏။ တီတီနှင့် မိုဇမ်ဘစ်နိုင်ငံများ၏ နယ်စပ်အထိ ရေကြောင်းအခြေအနေကို ကောင်းစွာ သိနေသူ ဖြစ်၏။ သို့တစေလည်း နှစ်စဉ် ပြောင်းလဲနေတတ်သည့် ရေတိမ်များ၊ သဲသောင်များနှင့် ကျောက်တုံးကျောက်ဆောင်များ၏ အခြေအနေကို တော့ သူကျကျနန မသိပေ။ ကမ်းပါး တစ်ဖက်တစ်ချက် ကျူတောများကြား၌ အGlassic.com) မော်တော်စက်သံသည် မြစ်ပြင်ထက်တွင်
87.545956
Elephant Trader
Mg Htun Thu
10356
58
________________ 1 www.burmeseclassic.com မောင်ထွန်းသူ များနှင့် ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေ မိကျောင်းများသည် လန့်ဖျပ်ကာ ပြေးကြ လွှားကြ ရေထဲပြန်ဆင်းကြသည်။ ကမ်းစပ် ရေတိမ်များ၌ ကျက်စားမြဲဖြစ်သော တောဘဲများသည် အုပ် လိုက် သင်းလိုက် ထ၍ ပျံသွားကြ၏။ လရောင်ကို ကျောပြုပျံနေကြခြင်းဖြစ် ၍ သူတို့၏ မည်းမည်းအရိပ်များသည် မြစ်ပြင်နှင့် ရေပြင်ပေါ်သို့ ကျလျက် ရှိကြလေသည်။ အိုင်ဇက်သည် ဘယ်ဆီ ဦးတည်၍ သွားနေသည်ကို ကောင်းစွာသိနေ သည်။ သူသည် လူဖြူများနှင့် ဆင်နွှဲခဲ့ရသည့် လွတ်လပ်ရေး စစ်ပွဲတွင် ရှေ့တန်း မှ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်၏။ ဤမြစ်ကို ဖြတ်၍ လူဖြူ ယာတောများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ဖူး၏၊ ဥပဒေနှင့်အညီ တက်လာသော အစိုးရ မဟုတ်သော အိုင်ယန်စမစ်သ် အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ များအား အမြဲတစေ သွားရောက်၍ အနှောင့်အယှက် ပေးခဲ့ဖူး၏။ တကယ်တော့ သူသည် ထိုစစ်ပွဲကာလအတွင်းမှစ၍ ဆင်မှောင်ခို သမားများ၏ နည်းလမ်းများနှင့် ပရိယာယ်များကို လက်တွေ့ သိမြင်နားလည် ခဲ့ရသူ ဖြစ်သည်။ အချို့သော မှောင်ခိုသမားများသည် စစ်ပွဲအတွင်းက လက်တွဲ ခဲ့ဖူးသူများ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ အခုကျတော့လည်း ထိုလူစုသည် သူ၏ ရန်သူများ ဖြစ်သွားခဲ့ကြရုံမျှမက သူအလွန့် မုန်းတီးရွံရှာသောလူများ ဖြစ်သွားခဲ့ကြလေပြီ။ ချီရန်ဒူးနှင့် မာနာအိုင် စခန်းအောက်ဘက်ရောက်လျှင် ဇမ်ဘီဗီမြစ်ပြင် သည် မိုင်ဝက်ခန့်မျှ ကျယ်သည်ဖြစ်ရာ ဆင်မှောင်ခိုသမားများသည် ရေစီးသန် သော မြစ်ကို ရေယာဉ်တစ်ခုခုမပါဘဲ ဖြတ်နိုင်ကြလိမ့်မည် မဟုတ်။ သို ့ဆိုလျှင် သူတို့သည် လှေဖောင် စသည်များကို ဘယ်နေရာကနေ ရကြသနည်း...။ တစ်ချိန်သောအခါက ပြောက်ကျားတပ်ဖွဲ့များ လုပ်သလို တံငါ ရွာများမှ ရယူရန်သာ ရှိ၏။ ဇမ်ဘီဇီမြစ်သည် သူ၏ ကမ်းပါးထက်၌ တံငါရွာများတည်ဆောက် နေထိုင်သည်ကို ခွင့်ပြုထားသည်။ သို့သော်လည်း ရွာများသည် ရာသက်ပန် အခြေစိုက်၍ နေနိုင်ကြသည် မဟုတ်။ ဇမ်ဘီဇီမြစ်၏ အခြေအနေကို ကြည့်၍ နေရခြင်းဖြစ်သည်။ ဒမ်ဘီ ဇီမြစ်ရေလျှံလာသည့်အခါ တံငါရွာများသည် မြင့်ရာအရပ်သို့ ရွှေ့ပြောင်းနေထိုင် ဆင်ကုန်သည် ၁၁၉ ကြရ၏။ နယ်မကျွမ်းသူတစ်ဦးအဖို့ ဤကိစ္စသည် လွယ်မည်မဟုတ်သော်လည်း ဤနယ်ထဲ အမြဲရောက်ဖူးသူ အိုင်ဇတ်အဖို့တော့ ထမင်းစားရေသောက် အလုပ်မျှ သာ ဖြစ်လေသည်။ အခုလည်း ပဲ့ကိုင်နေရာမှ မီးခိုးနံ့နှင့် ငါးခြောက်နံ့ကို စူးစမ်းရှာဖွေ လျက် ရှိ၏။ နောက်ဆုံး အနံ့ရလာသည်နှင့်တစ်ပြိုင်နက် မြစ်၏မြောက်ဘက် ကမ်းကို ဦးတည်၍ သွားသည်။ အကယ်၍ ဆင်စွယ်မှောင်ခိုသမားများသည် ဇမ်ဘီယာနိုင်ငံတက်မှ လာသူများဖြစ်ပါမူ သူတို့၏အပြန်လမ်းသည် ထိုတစ်ဝိုက်ရှိ တံငါရွာဖျားမှသာ ကူးဖို့ရှိနေသည် မဟုတ်ပါလော။ ငါးခြောက်နံ့များနှင့် ထင်းမီးခိုးနံ့များသည် ပို၍ ပြင်းထန်လာသည်။ အိုင်ဇတ်တွက်ထားသည့်အတိုင်းပင် သက်ငယ်မိုး၊ ထရံကာ ခနော်နီခနော်နဲ့ တဲလေးလုံးနှင့် အောက်ဘက် မြစ်ဆိပ်တွင် ကပ်ထားသည့် သစ်ထွင်းလှေ လေးစင်းကို မြင်ရသည်။ သူသည် မော်တော်ကို မြစ်ဆိပ်တွင် ခေါင်းထိုး၍ ကပ်လိုက်ပြီး တောထိန်းတစ်ယောက်အား အစောင့်ချကာ ကမ်းပေါ်သို့ တက်ခဲ့၏။ တဲတစ်လုံး အတွင်းမှ အဘွားကြီးတစ်ယောက် ထွက်လာ၏။ ခါးတွင် သမင်ရေးကတ် ဝတ်ထားသော်လည်း အပေါ်ပိုင်းမှာ ဗလာကျင်းလျက်ရှိ၏ ။ “နေကောင်းရဲ့လား အဘွား” အဘွား အိုင်ဖတ်က တလေးတစားနှုတ်ဆက်၏။ “အေးကွဲ့ ၊ နေကောင်းတယ်” “ရွာထဲမှာ လူတွေ လှေတွေ အကုန်လုံးရှိရဲ့လား အဘွား” “ရှိသကွယ့်..အားလုံး အိပ်နေကြတုန်းပဲ” “သေနတ်ကိုင်ထားတဲ့ လူစိမ်းတွေ ဒီဘက်ကို ရောက်မလာဘူးလား အဘွားကြီးက ခေါင်းယမ်း၏။ “လူစိမ်းတွေ မလာဘူး သားရဲ့ အိုင်ဇတ်သည် သကြားတစ်ထုပ်ကို အဘွားအို လက်ထဲထည့်ပေးပြီး တရိုတသေ နှုတ်ဆက်ကာ ရေယာဉ်ဆီသို့ ပြန်လာခဲ့၏။ မော်တော်ကို မြစ်အောက်ဘက် သုံးမိုင်ကွာရှိ ရွာတစ်ရွာသို့ စုန်ခဲ့သlo.Com ဆိပ်ကမ်းဆိုက်မိသည်နှင့်တစ်ပြိုင်နက် ကမ်းပေါ်သို့ တက်၏၊ ကို သူသိသည်။ www.bume
88.81345
Elephant Trader
Mg Htun Thu
10356
59
________________ ၁၂၆ www.burmeseclassic.com မောင်ထွန်းသူ သူကြီးသည် တဲအတွင်းမီးဖိုဘေး၌ တစ်ယောက်တည်း ထိုင်နေသည် ကို တွေ့ ရ၏။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က မိကျောင်းကိုက်ခံရ၍ ခြေတစ်ဖက် ပြတ်သွားခဲ့သော သူကြီးသည် အခုအချိန်အထိ အကြောက်အလန့် ကင်းမဲ့သော လှေသမားတစ်ဦးအဖြစ် နာမည်ကြီးပဲ။ အိုင်ဇက်သည် သူကြီးအား နှုတ်ဆက်ကာ အသင့်ယူလာသည့် စီးကရက်တစ်ဘူးကို ထုတ်ပေးပြီး သူ့ဘေး၌ ဝင်ထိုင်သည်။ “ဘာာ တစ်ယောက်တည်း ထိုင်နေသလား၊ ဘာဖြစ်လို့ မအိပ်သေး တာလဲ၊ စိတ်ဆင်းရဲရောတွေ ရှိနေလို့လား” “အဘိုးအိုတစ်ယောက်မှာ စိတ်ဆင်းရဲစရာ အမှတ်တရတွေ အများကြီး ရှိတတ်တာပဲ” “ဘယ်လိုဟာတွေလဲ သေနတ်တွေနဲ့ လူစိမ်းတွေ ရောက်လာပြီး ဘာဘာတို့ဆီ လှေတောင်းကြလို့လား၊ ဘာဘာတို့ကကော သူတို့ဟောင်းတာ ပေးလိုက်သလား” သူကြီးက ခေါင်းခါ၏။ “ကလေးတစ်ယောက် သူတို့ ရေအိုင်တွေပေါ် ဖြတ်သွားနေတာ မြင်လို့ လာပြောတယ်၊ လှေတွေကို ကျူတောတွေထဲမှာ ဝှက်ပြီး တို့အားလုံး ထွက်ပြေးပြီး ချုံတွေထဲ ပုန်းနေကြရဘယ်" “လူဘယ်လောက်များသလဲ ဘာဘာ သူကြီးအဘိုးအိုက လက်ဆယ်ချောင်းနှစ်ခါထောင်ပြသည်။ “သူတို့အားလုံး လူဆိုးတွေပဲ၊ သေနတ်တွေ ကိုင်ထားတယ်၊ မျက်နှာ တွေက ခြင်္သေ့တွေနဲ့တူတယ်, ငါတို့ကတော့ ကြောက်ရတာပဲ" “ဘယ်တုန်းက ရောက်လာတာလဲ ဘာဘာ" “မနေ့ညကပေါ့၊ ရွာထဲမှာ လူလည်းမတွေ့၊ လှေလည်းမတွေ့ ဖြစ်နေ တော့ ဒေါသဖြစ်ကြတယ်၊ သူတို့ချင်း ရန်ဖြစ်ကြတယ်၊ ပြီးတော့ ထွက်သွားတာ ပဲ” ဟု ပြောကာ အရှေ့ခူးစူးသို့ မေးငေါ့ပြ၏။ ဒါပေမဲ့ စိတ်မချရဘူး၊ သူတို့ပြန်လာမှာ စိုးရိမ်တယ်၊ ဒါကြောင့် ငါထိုင်စောင့်နေတာ” လား " “အမ်ဘီပူရရွာကော...အလျင် သူတို့နေခဲ့တဲ့ ငှက်နီကမ်းပါးနားမှာပဲ ဆင်ကုန်သည် ထင်တာပဲ” အဘိုးအိုက ခေါင်းညိတ်၏။ ၁၂၁ “ငါထင်တာကတော့ ဟိုလူတွေ အမ်ဘီပူရရွာကို သွားတယ်လို့ “ကျေးဇူးပဲ ဘာဘာ” အမ်ဘီပူရရွာသည် မြစ်၏မြောက်ဘက်ကမ်းပါးပေါ်၌ တည်ရှိ၏။ အိုင်ဇတ်သည် မော်တော်စက်သံကို တိုးတိုးသာသာဖြစ်အောင် ထိန်းချုပ်ကာ ထိုရွာဘက်သို့ ရေစီးနှင့် မျှော၏။ အမ်ဘီပူရရွာသည် တဲအနည်းငယ်မျှသာရှိသော တံငါရွာကလေးပင် ဖြစ်၏။ ရွာထဲတွင် လူမရှိ။ ငါးခြောက်စင်များအောက်မှ မီးဖိုများလည်း မီးငြိမ်း နေကြ၏။ ရေဆိပ်တွင်လည်း လှေတစ်စင်းမျှ မမြင်ရ။ လူဆိုးများသည် ဤရွာမှ လူများကို လှေများနှင့်အတူ လှေသမားများအဖြစ် ခေါ်သွားကြပြီဟု သူတွက်၏။ အိုင်ဇတ်သည် မော်တော် မြစ်တောင်ဘက် ကမ်းပါးပြန်ဆုတ်လာခဲ့ သည်။ လှေများ မြစ်ပြင်ကို ပြန်၍ ဖြတ်ကူးလိမ့်မည်ဟု ယူဆရသော နေရာသို့ ပြန်လာခဲ့ခြင်းပေတည်း။ ရေအိုင်ကြီးတစ်အိုင်၏ ဝင်ပေါက်ကို တွေ့သည့်အခါ မော်တော်ကို ကျူတောများအတွင်းသို့ ရောက်အောင်မောင်းဝင်လိုက်ပြီး စက်ကို သတ်ထားလိုက်သည်။ ရေတိမ်မှန်းသိသည်နှင့် တစ်ပြိုင်နက် အိုင်ဇက်သည် သူ၏ အထက် တန်း တောထိန်းတစ်ယောက်ကို ခေါ်၍ မော်တော်ပေါ်မှ လျှောဆင်းသည်။ ကျန်လူများကိုမူ မော်တော်ပေါ်၌ သတိနှင့် နေကြရန် မှာခဲ့သည်။ မြေပြင်ပေါ် ခြေချမိသောအခါ ဘိုင်ဇတ်သည် သူ့လူအား နှစ်ကိုယ်ကြားလေသံ ဖြင့် အမိန့်ပေး၏။ မြစ်အောက်ဘက်သို့ လျှောက်သွားပြီး လှေများနှင့်လူဆိုးများ အရိပ်အခြည်ကို သွားကြည့်ရန် စေခိုင်းခြင်းပေတည်း။ သူ့လူထွက်သွားသည့်အခါ အိုင်ဇက်သည် မြစ်၏အထက်ဘက်သို့ လျှောက်လာခဲ့၏။ သူသည် အသံဗလံမထွက်အောင် တတ်နိုင်သမျှ ထိန်း၍ လျှောက်၏။ သူ့တွက်ကိန်းသည် မလွဲ။ မိုင်ဝက်ခန့် လျှောက်မိသည့်အခါ မီးခိုးနံ့ ရ၏။ သူသည် မီးခိုးနံ့လာရာကို လိုက်၍ ရှာ၏။ သူဝပ်နေသော နေရာ၏ အောက်တည့်တည့်တွင် ရေစီးဝင်နေသော ချောက်ကမ်းပါးတစ်ခုရှိ၏။ ခပ်ကျဉ်းကျဉ်းဖြစ်သော်လည်း ယာဉ်များ ဆိုက်ကပ်နိုင်သော အခြေအနေရှိ၏။ သမျှ
88.816017
Elephant Trader
Mg Htun Thu
10356
60
________________ ၁၂၂ www.burmeseclassic.com မောင်ထွန်းသူ အရုဏ်၏ ဝိုးတပါးအလင်းရောင်ဖြင့် အောက်ဘက်၌ ရှိနေသော စခန်း ကို မြင်ရ၏။ မြစ်ပြင်ထက်ရှိ လှေ၊ မော်တော် စသည်များက မမြင်သာအောင် ဝှက်ထားကြခြင်း ဖြစ်သည်။ အားလုံး လှေနှစ်စင်း၊ အမ်ဘီပူရရွာမှ လှေများ ဖြစ်သည်။ လှေသမား များကတော့ လှေများနှင့် မနီးမဝေးရှိ မီးဖိုပတ်လည်၌ လှဲနေကြသည်။ ခြင်များ မကိုက်ရန် တိရစ္ဆာန်ရေများ ခြုံထားကြသည်။ လက်နက်ကိုင် လူဆိုးတစ်ယောက် သည် လှေသမားများ ထွက်မပြေးနိုင်အောင် စောင့်ကြပ်လျက် ရှိ၏။ “ဒင်နီ တွက်တာ မှန်သားပဲ” ဟု အိုင်ဇတ်က သူ့ကိုယ်သူ ပြော၏။ “ဒီကောင်တွေဟာ ချင်ဝီဝီစခန်း ဝင်တိုက်ပြီး ပြန်လာမယ့်အဖွဲ့ကို စောင့်တဲ့ အုပ်စုပဲ ဖြစ်မယ်” သူသည် ချောက်ကမ်းပါးစွန်းမှ အသာဆုတ်လာခဲ့သည်။ ကိုက် ၂ဝဝ ခန့်အကွာသို့ ရောက်သည့်အခါ တောလိုက်မုဆိုးများ ထွင်ထားသည့် လမ်း အတိုင်း ချင်ဝီဝီ စခန်းဆီသို့ မှန်း၍ လျှောက်လာခဲ့၏။ တစ်နေရာတွင် အလွန်ရေတိမ်သည့်ရေအိုင်တစ်အိုင်ကို ဖြတ်ရသည်။ ထိုနေ့ရာအရောက်တွင် သဲပြင်ပေါ်၌ ထင်နေခဲ့သည့် ခြေရာများကို တွေ့ ရ၏။ လူတစ်အုပ် ရှေ့နောက်တန်းစီ၍ သွားထားခြင်း ဖြစ်သည်။ စခန်းကို တိုက်ခိုက်သည့် အဖွဲ့၏ အဝင်လမ်းပေတည်း၊ ဤလူစုသည် အပြန်တွင်လည်း ဤလမ်းကိုပင် အသုံးပြုလိမ့်မည်မှာ သေချာသည်ဟု အိုင်ဖတ်က တွက်၏။ အိုင်ဇတ်သည် သူစောင့်ရမည့် နေရာတစ်ဝိုက်ကို သေချာစွာ လေ့လာ ၏။ သူ့ကျောဘက်တွင် ရေတိမ်ချောင်းတစ်ချောင်းရှိ၍ ကမ်းနှစ်ဖက်တွင် ဆင်ငို မြက်ပင်ရှည်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေ၏။ အရေးကြုံလာလျှင် ဤလမ်းသည် သူ့အတွက် လွတ်မြောက်ရာလမ်း ဖြစ်နိုင်၏၊ သူသည် ဤနေရာမှ ပင် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ နေရောင်သည် တက်စပြုလာ၏။ ငှက်ပေါင်းစုံ၏ ကျည်ကျည် ကျာကျာ အော်သံများ ကြားလာရပြီ။ အိပ်တန်းမှထ၍ ပျံသန်းလာနေကြသည့် ငှက်အုပ်များသည် ကောင်းကင်ယံတွင် မည်းမည်းလှုပ်နေသည်။ အိုင်ဖတ်သည် ချုံခိုတိုက်သည့် ပုံစံဖြင့် နေရာယူထားသည်။ ချင်ပီပီမှ ပြန်လာမည့် အုပ်စုသည် လမ်းတွင် အချိန်မည်မျှ ကြာနိုင်သနည်း။ ဒင်နီယယ် ပြောခဲ့သည့် အချိန်နှင့် ဆက်စပ်ပြီး ခန့်မှန်းတွက်ချက် ကြည့်၏။ သူ့စကားသာ မှန်ခဲ့လျှင် ဤလူစုသည် လမ်းပေါ်သို့ မိနစ်ပိုင်းအတွင်း ** အင်းန်သည် ၁၂၃ ရောက်လာဖို့ ရှိသည်။ မည်သို့ပင်ဖြစ်စေ အတွေ့ အကြုံ ရှိလာခဲ့သော အိုင်ဇတ် သည် စိတ်ရှည်ရှည်ထား၍ စောင့်သည်။ စစ်အတွင်းက သူသည် ချောင်းမြောင်း တိုက်ခိုက်ရေးအတွက် တစ်ခါ စောင့်လျှင် ငါးရက်၊ တစ်ပတ်အထိပင် ကြာအောင် စောင့်ခဲ့ရဖူးသည် မဟုတ်ပါ လား။ မုဆိုးနှင့် စစ်သားသည် ဖွဲနှင့်သည်းခံစိတ်ရှည်ခြင်းဟူသော အရည်အသွေး များကို ပိုင်ဆိုင်ရသည် မဟုတ်ပါလော။ အတော်အလှမ်း ကွာဝေးသည့်နေရာမှ မျောက်လွှဲကျော်တစ်ကောင်၏ အော်သံကို ကြားရ၏။ မနှစ်မြို့စရာ လူတစ်ယောက် ဝင်လာ၍ အော်သည့်အသံ မျိုး ဖြစ်၏။ ထို့နောက် ပြန်လည်တိတ်ဆိတ်သွားပြန်၏။ မိနစ်အနည်းငယ်မျှအကြာတွင် ငှက်သံများ ကြားရပြန်သည်။ အိုင်ဖတ် သည် ဝပ်နေရာမှထ၍ ရှေ့သို့ တစ်ချက်ချောင်းကြည့်သည်။ ရှေ့နောက် တန်းစီ၍ ရွေ့လျားလာနေကြသည့် လူတစ်စု။ ဝတ်ထားသည့် အင်္ကျီဘောင်းဘီများသည် ပေရေ စုတ်ပြတ်လျက် ရှိကြ သည်။ လူတစ်ယောက်ချင်းစီ၏ လက်ထဲတွင် ရိုင်ဖယ်သေနတ်၊ ပခုံးထက်တွင် ဆင်စွယ်ကို ခေါင်းပေါ်တွင် ရွက်ထားကြသည်။ ရှေ့ဆုံးမှလူသည် အရပ်ပုပု၊ ဂင်တိုတို၊ ခန္ဓာကိုယ် တုတ်ခိုင်ခိုင်၊ ခြေထောက်က ခွင်ခွင်။ သူ့ပါးတစ်ဖက်တွင် အမာရွတ်။ “ဆာလီပါလား” ဟု အိုင်ဇက်က တီးတိုးရေရွတ်၏။ ဆာလီသည် ဇမ်ဘီယန်လူမျို၊ ဆင်စွယ်သူခိုးများထဲတွင် အဆိုးဆုံး၊ အယုတ်ဆုံးဟု နာမည်ကြီးနေသူ မဟုတ်ပါလော။ လူအုပ်သည် အိုင်ဇက်နှင့် ခပ်လှမ်းလှမ်းမှ ဖြတ်သွားနေကြသည်။ သူသည် စိတ်ထဲမှ ကျိတ်၍ ရေတွက် ကြည့်၏ ၊ စုစုပေါင်း ဆယ့်ကိုးယောက်။ လူအားလုံး အဆမတန် လေးလံသည့် ဆင်စွယ်များကို မိုင်အတော်ဝေးဝေးထမ်းလာရသဖြင့် များစွာပင်ပန်းမောဟိုက်နေ ကြပုံ ပေါ်၏။ သူတို့၏ ထွက်ခဲ့သည့် လောဘအတွက် ထိုက်တန်သော ကြေးကို ပေးဆပ်နေကြရလေပြီ။ အိုင်ဇတ်သည် သူတို့လူစုအား ဘာမှမလုပ် ) come သို့သော်လည်း သူ့မျက်စိအောက်မှ လူအားလုံးမြစ်ဘက်သို့ ဆင်း၍ သွားသည်နှင့် တစ်ပြိုင်နက် ဝပ်နေရာမှ ထ၍ သူ့မော်တော်ဆီသို့ သည်။
89.215981
Elephant Trader
Mg Htun Thu
10356
61
________________ ၁၂၄ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ မော်တော်ပေါ်တွင် သူစောစောက မြစ်အောက်ဘက်သို့ စေလွှတ်ထားခဲ့ သော တောထိန်း ပြန်ရောက်နေပြီ။ သူသည် သူ့လူများအား သူတွေ့မြင်ခဲ့သမျှကို တိုးတိုးတိတ်တိတ် ပြောပြ၏။ “သူတို့ကို ရေပြင်ပေါ်ရောက်မှ ပစ်မယ်"ဟု အိုင်ဇက်က ပြောသည်။ “သူတို့က အလျင်စပြီး အပစ်မခံဘူး၊ သူတို့မှာ လက်နက်ပါတယ်၊ ဆင်စွယ်တွေလည်းပါတယ်...ဥပဒေအရ တားမြစ်ပစ္စည်းနဲ့ လက်ပူးလက်ကြပ် ဆိုရင် တို့က ပစ်ပိုင်ခွင့်ရှိတယ်၊ ဇင်ဘာတွေ နိုင်ငံသမ္မတရောဘတ်မူဂါဘီရဲ့ ညွှန်ကြားချက်ပဲ” ထို့နောက် အိုင်ဇတ်သည် မော်တော်ကို အောက်ဘက်သို့ စုန့်ဆင်း သည်။ အရှိန်ရလာသည့်အခါ နောက်ပြန်ကွေ့ ပြီး မြစ်အထက် သို့ တက်၏။ မော်တော်စက်သံသည် မြစ်ပြင်ပေါ်ဝယ် ပဲ့တင်ထပ်လျက်ရှိ၏။ နေသည် အိုင်ဇတ် ကျောဘက်မှနေ၍ မော်တော်နှင့် မြစ်ပြင်ပေါ်သို့ ဖြာဆင်းလျက် ရှိသည်။ မြစ်ကွေ့တစ်ခုမှ ထွက်လိုက်သည့်အခါတွင်မူ မြောက်ဘက်ကမ်းသို့ ဦးတည်၍ထွက်လာသော လှေများကို လှမ်းမြင်နေရလေ ပြီ။ မော်တော်သည် ရှေ့ဆုံးလှေနှင့် နီးလာသည်။ လှေထဲမှ ထရပ်လိုက်သည့် အရှိန်ဖြင့် သူ့လှေသည် လူးလျက်ရှိသည်။ ဆာလီသည် ဒေါသတကြီးအော်ဟစ်ကာ အိုင်ဇယ်ဆီသို့ ရိုင်ဖယ် သေနတ်ဖြင့် လှမ်းပစ်သည်။ အိုင်ဇတ်က ဖျတ်ခနဲ အလျားလိုက် မှောက်လိုက် သည်။ မော်တော်သည် လှေဆီသို့ အရှိန်ပြင်းစွာဖြင့် ပြေးသွားလျက် ရှိသည်။ မော်တော်ဦးပိုင်းသည် လှေကို ဝင်တိုက်ရန် တာစူနေပြီ။ ထိုအခိုက်မှာပင် ဆာလီသည် လှေပေါ်မှ ရေထဲသို ့ ခုန်ချသည်။ ရေထဲ ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် ကျူတောများရှိရာ ကမ်းဘက်သို့ ရေငုပ်၍ ကူးသည်။ မော်တော်က ဝင်တိုက်လိုက်သည့် အရှိန်ဖြင့် လှေသည်တစ်ဖက်သို့ စောင်း၍ မှောက်သွားသည်။ မော်တော်သည် အခြားလှေများ ရှေ့မှ ကျော်ဖြတ်သွားသည်။ ထို့နောက် ချက်ချင်းပြန်လှည့်ကာ ဒုတိယလှေကို ဝင်တိုက်သည်။ တတိယလှေ ပေါ်မှ လူများသည် မော်တော်လာနေသည်ကို မြင်၏။ လှေကို ဝင်မတိုက်မီ ရေထဲ ခုန်ဆင်းကြ၏။ ဆူဆူညံညံအော်သံများ ကြားရ၏။ မြစ်ရေစီးကြောင်းထဲတွင် မျောပါသွားနေသည့် လူများ... ၁၂၅ ကျန်လှေများသည် သူတို့ ထွက်လာသည့် လမ်းအတိုင်းအောက်ဘက် သို့ ပြန်နိုင်ရန် အားထုတ်ကြသည်။ အိုင်ဇက်သည် မော်တော်ဦးဖြင့် အနီးဆုံး လှေတစ်စင်းကို ဝင်တိုက်ပစ်လိုက်သည်။ ထို့နောက် မော်တော်ကို ငြိမ်သွားအောင် ပြန်ထိန်း၏။ “မင်းတို့ ရောက်တဲ့နေရာမှာ လှေကိုရပ်ထားကြ၊ ထွက်ပြေးဖို့ မကြိုးစားနဲ့” လူဆိုးတစ်ဦးသည် လှေပေါ်မှ ခုန်ဆင်းကာ ကမ်းဘက်သို့ ပြေး၏။ သို့သော်လည်း ခြေနှစ်ဖက်စလုံး ဗွက်ထဲတွင် ရုန်းကန်နေရသဖြင့် ခရီးမတွင်။ သူသည်ရွှံ့ နီများပေါ် ဖင်ချထိုင်ကာ လက်ထဲမှသေနတ်ဖြင့် မော်တော်ဘက် လှမ်းချိန်၏။ "D6..." အိုင်ဇတ်၏ အမိန့်ပေးသံနှင့်အတူ သေနတ်သံများ တရစပ်ထွက်ပေါ် လာသည်။ ကမ်းစပ်သို ့ရောက်နေကြသည့် လူဆိုးများသည် အပြိုပြိုအလဲလဲ ဖြစ်ကုန်ကြသည်။ အချို့သည် ရေထဲသို့ပြန်ကျကာ ရေစီးနှင့်အတူ မျောပါသွား ကြသည်။ အိုင်ဖတ်သည် မော်တော်ကို မြောက်ဘက်ကမ်းပါးဆီသို့ ခေါင်းတည် လိုက်သည်။ ကျူတောများနှင့် မလှမ်းမကမ်းမှ ကပ်၍မောင်းသည်။ ထိုနေရာ သည် ဆာလီ၏လှေ မှောက်သွားသည့် နေရာမဟုတ်ပါလော။ သူ့အနေဖြင့် ဆာလီကိုတော့ အလွတ်မခံနိုင်။ မော်တော်၏ဘေး၌ ရပ်နေသော တောထိန်းနှစ်ယောက်သည် ဂျူးတောများအတွင်းသို ့ သတိကြီးစွာထား၍ ကြည့်နေကြသည်။ ဆာလီသည် ဤကျူးတောများကြားမှ ဖြတ်၍ ကမ်းတစ်ဖက်သို့ တက် သွားလေပြီလား... ဥပဒေအရဆိုပါမူ မြစ်တစ်ဖက်ကမ်းသည် ဇမ်ဘီယာနိုင်ငံ၏ ပိုင်နက် ဖြစ်၏။ ထိုကမ်းပေါ်ရောက်သွားလျှင် မိမိတို့က ဖမ်းပိုင်ခွင့်မရှိ။ သို့သော်လည်း ယခုကိစ္စတွင် ဆာလီသည် လူအများအား ရက်စက်ယုတ်မာစွာ သတ်ဖြတ်သွားခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း အိုင်ဇတ်အနေဖြင့် အသေပဲဖြစ်ဖြစ် မိအောင် ဖမ်းလိုသည်။ အကယ်၍ ဇမ်ဘီယာရဲက ဆာလီအား သည့်
89.218595
Elephant Trader
Mg Htun Thu
10356
62
________________ ၁၂၆ www.burmeseclassic.com မောင်ထွန်းသူ ကိစ္စတွင် ဝင်ရောက်တားမြစ်ခဲ့သည့်တိုင်အောင် သူကတော့ အလျှော့ပေးဖို့ စိတ်မကူး။ နောက်ဆုံး ဆာလီ၏ ဦးခေါင်းထဲသို့ ကျဉ်ဆန်တစ်တောင့်ပစ်သွင်း ခဲ့မည်ဟု အခိုင်အမာ ဆုံးဖြတ်ထားသည်။ ထိုအခိုက်မှာပင် မော်တော်၏ ရှေ့တည့်တည့်မှ ကျူပင်များကြားမှ လှုပ်သွားသည့် အရာတစ်ခုကို သတိပြုလိုက် မိသည်။ ကျူပင်များသည် တစ်ခဏမျှ ယိမ်းနွဲ့နေသည်။ လှုပ်ရှားပုံသည် တစ်မျိုး ဖြစ်သည်။ လူဖြတ်သွား၍ လှုပ်ရှားပုံမျိုးမဟုတ်၊ မိကျောင်းတစ်ကောင် ဖြတ်သွား သည့်အခါ ဖြစ်တတ်သည့် လှုပ်ရှားပုံမျိုးဖြစ်၏။ ထို့နောက် စောစောကနေရာ၏ ရှေ့နားဆီမှ ကျူပင်များ ခါယမ်းနေ သည်ကို မြင်ရပြန်သည်။ အိုင်ဇက်သည် ထိုနေရာကို စိုက်ကြည့်ကာ စဉ်းစား လျက်ရှိရာမှ မော်တော်ကို ရှေ့သို့ အနည်း ငယ်မျှ တိုးလိုက်သည်။ နေရောင်အောက်ရှိ ကျူပင်များထဲမှ အပင်တစ်ပင်၏ ပင်စည်၌ ကပ်နေသည့် နီရဲရဲ့အရောင်။ အိုင်ဇတ်က သူ့အနီးမှ တောထိန်းအား ကျူပင်ဆီသို့ မေးငေါ့ပြသည်။ “သွေးတွေ...” ဟု တောထိန်းက ရေရွတ်သည်။ *ဒီကောင် ဒဏ်ရာရသွားတာ သေချာတယ်၊ အဲဒီတော့...” သူ စကား မဆက်နိုင်မီ ရှေ့တည့်တည့်မှ လူတစ်ယောက်၏ စူးစူးဝါးဝါး အော်သံ ထွက်ပေါ် လာသည်။ ထိတ်လန့်ချောက်ချားစွာ အော်လိုက်သည့်အသံ ဖြစ်၏။ အားလုံးတုန် လှုပ်သွားကြသည်။ ထို့နောက် ဆက်တိုက် မရပ်မနား အော်ဟစ်နေသည့် အသံ များ.. ။ * * * အင်ကုန်သည် ၁၂၇ မြစ်ရေပြင်အောက်သို့ ရောက်သွားသော ဆာလီသည် သူ့အပေါ်မှ မော်ဘော် ဖြတ်သွားသည်ကို သိလိုက်သည်။ မော်တော်ဆီမှ ပန်ကာလည်သံများကိုပင် သူကြားလိုက်ရ၏။ ထို့နောက် သူ့ဘယ်ဘက်ခြေထောက်မှ ပြင်းထန်သော နာကျင်မှ ဝေဒနာတစ်ခုကို သူခံစားလိုက်ရသည်။ သူ့တင်ပါးတစ်လျှောက်တက်လာသည့် စူးစူးရှရှ နာကျင်မှုကြောင့် တစ်ကိုယ်လုံး လှုပ်ရှားသွားသည်။ ခြေနှစ်ချောင်းကို တအားခတ်၍ ရေပြင်ထက်သို ့ ထိုးတက်ရန် အားထုတ်သည်။ သို့သော်လည်း ဘယ်ဘက်ခြေထောက်သည် လှုပ်၍မရ။ ရုတ်တရက်ဖြစ်၍ ခြေထောက်တစ်ခုလုံး ထုံကျဉ်နေသည်မှတစ်ပါး အခြားခံစားမှု ဟူ၍ ဘာမျှမရှိသလို ဖြစ်နေသည်။ ဆာလီသည် ခြေတစ်ဖက်တည်းနှင့်ပင် ရေမျက်နှာပြင်ထက်သို့ ခေါင်း ပေါ်လာအောင် ကြိုးစားသည်။ သူသည် လှေများအား လိုက်၍တိုက်နေသည့် မော်တော်ကို မြင်သည်။ လှေများပေါ်မှ သူ့လူများ လိမ့်ကျသွားနေကြသည်ကိုလည်း မြင်သည်။ သူ့လူများ၏ အလန့်တကြား အော်ဟစ်သံများကိုလည်း ကြားရသည်။ မည်သို့ ပင်ဖြစ်စေ မော်တော်အလုပ်များနေချိန်သည် သူ့အတွက် အခွင့်ကောင်း ဖြစ်သည်။ အခြားလှေများကို လိုက်တိုက်နေရသဖြင့် မော်တော်သည် သူ့နောက် သို့ လိုက်နိုင်ဦးမည် မဟုတ်။ ထိုအချိန်ကလေးတွင် အပြင်းအထန် လှုပ်ရှားလိုက်မည်ဆိုပါက သူ ဘာ့ကြောင့် မလွှတ်နိုင်ရမည်နည်း...။ ပြီးတော့ သူရောက်နေသော န္ဒရာသည် ကျူတောများနှင့် ဝေးတော့သည်မဟုတ်။ သူ့ဘယ်ဘက်ခြေကဟော့ ခဲဆွဲထား
88.599205
Elephant Trader
Mg Htun Thu
10356
63
________________ ၁၂၈ www.burmeseclassic.com မောင်ထွန်းသူ သည့်နှယ် လေးလံလျက်ရှိသည်ဖြစ်ရာ စိတ်ထင်တိုင်းမပေါက်၊ သို့သော်လည်း သူသည် အားထုတ်၍ကူးသည်။ ဤသို့ဖြင့် ကျူတောများကြားသို့ ရောက်သွားသည်။ ကျူပင်များ၏ အတွင်းပိုင်းသို့ ရောက်သည့်အခါ ဆာလီသည် ကျူပင် များပေါ် ကျောနှင့်မှီ၍ လှဲချလိုက်ပြီး သူလာရာလမ်းကို မျှော်ကြည့်သည်။ ထို့နောက် ရေပေါ်၌ကျနေသည့် သွေးစက်များကို မြင်သည်။ သူသည် ခြေထောက်ကို လက်နှင့်မ,၍ ဆွဲယူပြီး ကြည့်သည်။ အလွန် မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် ပြတ်နေသော ခြေထောက်ကို မျက်လုံးများ ပြူး၍ ကြည့်နေမိသည်။ ထိုအခိုက်မှာပင် အသိတစ်ခု ဖျတ်ခနဲ ဝင်လာသည်။ ဤသွေးနံ့ ကို ရလျှင် ငါးများအုံလိုက်သင်းလိုက် ရောက်လာပြီး ပိုင်းအုံကိုက်ခဲကြပေတော့မည်။ သူသည် ကပျာကယာ ညာဘက်ခြေထောက်ကိုအားပြု၍ ရေထဲသို့ပြန်ဆင်းသည်။ ရေမျက်နှာပြင်တွင် ခေါင်းဖော်၍ ဇမ်ဘီဇီမြစ်တစ်ဖက်သို့ တက်ရန် တာစူသည်။ ထိုအခိုက်မှာပင် သေနတ်သံများ ကြားရသည်။ ထို့နောက် သူ့ဘက် သို့ လာနေသည့် မော်တော်သံ..။ သူ့အား မရမနေ ရှာဖွေနေကြပြီ။ သူသည် တဖြည်းဖြည်းချင်း နောက်သို့ပြန့်ဆုတ်ကာ ကျူဘောထဲသို့ ပြန်ဝင်သည်။ ဤကျူပင်များကို အတင်းတိုးဖြတ်ပြီး ဇမ်ဘီယာနိုင်ငံပိုင် ကမ်းခြေ ပေါ်တက်မည်ဟု ဆုံးဖြတ်သည်။ ထိုအခိုက်မှာပင် သူ့နောက်ဘက်ရှိ ကြာပင်များနောက်မှ လှုပ်ရှားမှု တစ်ခုကို သူ့မြင်လိုက်ရသည်။ ကြာပင်ကြာပန်းများသည် ယိမ်းနွဲ့နေကြသည်။ ဆာလီ၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ကြာပင်များအောက်၌ ဘာရှိနေသည်ကို သူသိနေသည်။ သူ့ခြေမှ သွေးများသည် ကြာပင်များပေါ် တစက်စက်ကျနေသည်။ သူသည် အကြီး အကျယ် ထိတ်လန့်ကြောက်ရွံ့လာသည်။ အမှန်တော့ ဆာလီသည် အလွန်ရဲရင့်သူ ဖြစ်သည်။ ဘယ်အရာကမှ သူ့ကို ကြောက်အောင်လုပ်၍ မရ။ အခုကျတော့လည်း သူသည် ပြင်းစွာသော ကြောက်စိတ်ဖြင့် အပြင်းအထန် ရုန်းကန်လှုပ်ရှားသည်။ ဤအခိုက်မှာပင် ကြာပင်များကြားမှ ခေါင်းထွက်လာသည်။ ပြူးထွက် နေသော မျက်လုံးကြီးများသည် ရေပေါ်သို့ ပေါ်လာသည်။ ထို့နောက် ရေမျက်နှာ ပြင်ထက်သို့ ထောင်တက်လာသည့် အမြီးနှင့် အလွန်အရှိန်ပြင်းစွာဖြင့် ပြေးလာ နေ့သည့် ရှည်မျောမျော ကိုယ်လုံးကြီး..၊ ဆာလီသည် အသံကုန်ဟစ်၍ အော်သည်။ ဆင်ကုန်သည် * ၁၂၉ အိုင်ဖတ်သည် မော်တော်ကို ကျူတောအတွင်းပိုင်း ရောက်သည်အထိ တိုးဝင် သည်။ ရေအောက်ရှိ ကျူပင်ရိုးတံများသည် ပန်ကာဒလက်တွင် လာ၍ ငြိနေ သဖြင့် မော်တော်အရှိန်သည် ပို၍ နှေးလာသည်။ မော်တော်၏ ရှေ့တည့်တည့်ရှိ ရေပြင်သည် တဝုန်းဝုန်းမြည်ကာ လှုပ်ရှားလျှက်ရှိ၏။ ရေစက်များသည် အပေါ်သို့ မြောက်တက်ကာ မော်တော် ပေါ်မှ လူများအား စင်လျက်ရှိသည်။ ပွက်ပွက်ထနေသော ရေပြင်ပေါ်တွင် အကြေးထူလှသော သတ္တဝါ တစ်ကောင်သည် လူးလိမ့်လျက် ရှိသည်။ သူနှင့်အတူ ထွေးလုံးရစ်ပတ် ဖြစ်နေ သည့် လူတစ်ယောက်၏ ပုံသဏ္ဌာန်သည် သူ လူးလိုက်လှိမ့်လိုက်တိုင်း ရေပြင် ထက်တွင် ပေါ်ပေါ်လာလေ့ရှိသည်။ နောက်တစ်ခဏမျှအကြာတွင် ရေထဲမှ လက်တစ်ဖက် ပေါ်လာသည်။ သူ့ကို ကယ်ကြပါဦးဟု ပြောနေသည့်လက္ခဏာ ထင်ဟပ်နေသည်။ အိုင်ဇတ်သည် မော်တော်ပေါ် ဒူးထောက်ထိုင်ချလိုက်ကာ အောက်မှ လက်ကို လှမ်းဆွဲတင်သည်။ သို ့သော်လည်း ဆာလီနှင့် မိကျောင်းကို တစ်ယောက်တည်းအားနှင့် ဆွဲတင်၍မရ၊ သူသည် လက်နှစ်ဖက်စလုံးသုံး၍ ဆွဲပြန်သည်။ ဤအခိုက်တွင် တောထိန်းတစ်ယောက် ပြေးလာပြီး သူ့အား ၎င် သည်။ ဆာလီသည် အပေါ်မှ လူနှစ်ယောက်၏ဆွဲအားနှင့် အောက်မှ ကိုင် ခွဲ ထားသည့် မိကျောင်း၏ဆွဲအား နှစ်ခုကြားတွင် ကြီးမားပြင်းထန်သော နာကျင် မှု ဝေဒနာကို ခံစားနေရသည်။ www.bu con
89.061947
Elephant Trader
Mg Htun Thu
10356
64
________________ ဘိုင် www.burmeseclassic.com မောင်ထွန်းသူ ကောထိန်းတစ်ဦးသည် အိုင်ဇက်ရှိရာသို့ ပြေးလာပြီး လက်ထဲမှ အေ- ကေ-ဖော်ဘီဆဲဗင်း ရိုင်ဖယ်သေနတ်ဖြင့် မိကျောင်းရှိမည်ဟု ယူဆရသော နေရာ ကို အဆက်မပြတ် ပစ်သည်။ ရေများသည် ကျည်ဆန်မှန်လိုက်တိုင်း ဖြာ၍ ဖြာ၍ မြောက်တက်လာကြသည်။ သည်။ “မပစ်နဲ့ရပ်လိုက်၊ ငါတို့ကို မှန်ကုန်လိမ့်မယ်” အိုင်ဇက်က အော် တောထိန်းသည် သေနတ်ကို ပြန်ချကာ ဆာလီ၏ လက်ကို ဝင်ဆွဲပြန် သည်။ လူသုံးယောက်နှင့် မိကျောင်းတစ်ကောင်သည် မိနစ်အတန်ကြာမျှ လွန်ဆွဲပွဲ ကျင်းပနေကြပြီးနောက် ဆာလီ၏ ခန္ဓာကိုယ်သည် ရေထဲမှ ထိုးထွက် လာသည်။ သူနှင့်အတူ အကျည်းတန်လှသော မိကျောင်း၏ ဦးခေါင်းသည် ပါလာသည်။ မိကျောင်းက ကိုက်၍ လူးလိမ့်ရိုက်ပုတ်ထားခြင်းခံရသည့် ဆာလီ သည် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် ဆာလိသည် လူသုံးဦး၏ လက် တွင်းသို့ ပါလာသည်။ ယခုအချိန်ထိ အသက်ရှင်နေသေးသော မိကျောင်းသည် သူ့အမြီးကို အားပြုကာ ဆာလီအား ခုန်၍ ဟပ်သည်။ ဆာလီ၏ စူးစူးဝါးဝါးအော်သံသည် ပတ်ဝန်းကျင်တွင် ကြောက်စဖွယ် ကောင်းလောက်အောင် ပဲ့တင်ထပ်သွားသည်။ ဆာလီသည် မော်တော်ကုန်းပတ် ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် လဲကျသေဆုံးသွားသည်။ မော်တော်ထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဆာလီအား ဆွဲတင် ရန် အပြင်းအထန် ရုန်းကန်လှုပ်ရှားခဲ့ရသော လူသုံးယောက်၏ အသက်ရှူသံများ မှတစ်ပါး အခြားဘာသံမျှ မကြားရ။ လူသုံးယောက်တို့သည် သူတို့ရှေ့မှ မရှုမလှဖြစ်ပြီး သေပွဲဝင်နေသော ဆာလီအား ငေးကြည့်နေကြသည်။ ဘိုင်ဇတ်က သက်ပြင်းတစ်ချက်ချ၍ တိုးတိုး ကလေး ရေရွတ်သည်။ “မင်းအတွက် အကောင်းဆုံး သေနည်းကို ငါကိုယ်တိုင် ရွေးပေးဖို့ မလိုတော့တဲ့ အဖြစ်ပါလား ဆာလီရာ" အင်ကုန်သည် ၁၃၁ “ဖမ်းမိတဲ့လူ တစ်ယောက်မှမရှိဘူး ဒင်နီ” ဟု အိုင်ဇတ်က ပြော၏။ “လူရှစ်ယောက် အသေမိတယ်၊ ကျန်တဲ့အကောင်တွေက မိကျောင်း ကိုက်လို့ သေတဲ့ကောင်သေတယ်၊ အကျန်အကြွင်းကတော့ ဇမ်ဘီယာဘက် လွတ်ထွက်သွားပုံရတယ်” လား” 15 "ဆင်စွယ်တွေဟာ သူတို့ ဆင်စွယ်တွေ သယ်လာတယ် မဟုတ် “ဟုတ်တယ်၊ သယ်လာဝယ်၊ ဒါပေမဲ့ လှေတွေမှောက်တော့ မြစ်ထဲ ကျကုန်တယ်” “ခွကျတာပဲ” ဒင်နီယယ်က စိတ်ပျက်လက်ပျက် ရေရွတ်၏။ အခုအတိုင်းဆိုပါက ချင်ဒီဝီမှ ဆင်စွယ်များကို အသားတင် ထရပ်ကားဖြင့် သယ်သွားပါသည်ဟု အာဏာပိုင်များအား အထောက်အထားဖြင့် တင်ပြနိုင်ဖို့ ခက်ခဲသွားပြန်လေပြီ။ “ရဲအဖွဲ့တစ်ဖွဲ့ ချင်ဝီဝီကို သွားပြီ" ဒင်နီယယ်က အော်ပြောသည်။ အခုလို ရာသီဥတုဆိုးရွားနေ၌ တယ်လီဖုန်း စကားပြောရသည်မှာ မအော်၍မရ။ “ကျွန်တော့်ရဲ့ ဒဏ်ရာရထားတဲ့ ယူတာ la ပြီးရင် ကျွန်တော် သူတို့ဆီ သွားမှာပါ၊ စိတ်ချပါ”
87.358491
Elephant Trader
Mg Htun Thu
10356
65
________________ ၁၃၂ www.burmeseclassic.com မောင်ထွန်းသူ “ဒီမယ်...အိုင်ဇတ်၊ ဒီကိစ္စမှာ ဦးဆောင်တဲ့လူ ရှိတယ်၊ ကျွန်တော် သူ့နောက်ကို လိုက်ရလိမ့်မယ်” “သတိတော့ထားမှဖြစ်မယ် ဒင်နီ၊ ဒီကောင်တွေက ထင်တာ လုပ်မယ့် ကောင်တွေ၊ သူတို့ ဘယ်ဘက်ကို ထွက်သွားကြမယ်လို့ ထင်သလဲ" “ကျွန်တော်နဲ့ တွေ့ဦးမှာပဲ” ဒင်နီယယ်သည် မေးခွန်းကိုမဖြေ။ စကားကို လှီးလွှဲ၍ ပြောကာ တယ်လီဖုန်းကို ပြန်ချလိုက်ပြီး သူ့ကားဆီသို့ ထွက်လာခဲ့၏။ ကားပေါ်ရောက်သည့်အခါ သူရင်ဆိုင်နေရသည့် အခြေအနေကို ပြန်၍ ဆင်ခြင်စဉ်းစားသည်။ ဇင်ဘာဘွေရဲအဖွဲ့ သည် သူနှင့် နောက်ထပ်တွေ့၍ မေးမြန်းစုံစမ်းလိုသောဆန္ဒ ရှိလာတော့မည် ဖြစ်၏။ ဤကိစ္စကို သူခဏတော့ ရှောင်လိုက်ချင်၏။ သို့ဆိုလျှင် ဤနိုင်ငံထဲ၌ သူလောလောဆယ် နေ၍မဖြစ်။ အပြင်တစ်နေရာရာကို ရှောင်ထွက်သွားပါမှ ဖြစ်လိမ့်မည် ထင်သည်။ သူသည် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားသည်။ သူ့နိုင်ငံကူးလက်မှတ်နှင့် ကားဝင်ခွင့်လက်မှတ်များကို ပြ၍ လုပ်စရာရှိသည် များကို လုပ်သည်။ နာရီဝက်ခန့်အကြာတွင် သူ့ကားသည် ဇမ်ဘီဇီနိုင်ငံဘက်ကူး ရာ သံမဏိတံတားဆီသို့ ဦးတည်၍ မောင်းနေသည်။ သူ အခုဝင်ရမည့် နေရာသည် အလွန်သာယာချမ်းမြေ့သည့်၊ နတ်ဘုံ နတ်နန်းတစ်ခုတော့ မဟုတ်၊ ဇမ်ဘီယာနိုင်ငံသည် အာဖရိကတိုက်အတွင်း၌ ယူဂန္ဓာနှင့် အီသီယိုးပီးယားနိုင်ငံများပြီးလျှင် အဆင်းရဲဆုံးနှင့် ကြေကွဲဝမ်းနည်း စရာ အကောင်းဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်၏။ ဗြိတိသျှကိုလိုနီလက်အောက်ခံနိုင်ငံဘဝမှ အခြားနိုင်ငံများထက် စော၍ လွတ်လပ်ရေးရခဲ့သော နိုင်ငံ ဖြစ်သည်။ သို့သော်လည်း အစွန်းရောက်လွန်းသည့် အမြင်နှင့် သဘောထားများကြောင့် ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ကာ ဆင်းရဲ တွင်း နက်လာခဲ့ကြခြင်း ဖြစ်၏။ နိုင်ငံ၏ တောင်ပိုင်းရှိ ရွှေတွင်းများသည် ပုဂ္ဂလိကပိုင်ဘဝက အမြတ် အများဆုံးရသော သတ္တုတွင်းများ ဖြစ်သည်။ လွတ်လပ်ရေးရသည့်အခါ သမ္မတ ကင်းနက်ကွမ်ဒါသည် အားလုံးကို ပြည်သူပိုင်လုပ်ပစ်လိုက်၏။ နေရာတိုင်းတွင် ဆင်ကုန်သည် အာဖရိကန်များသာ ဖြစ်ရမည်ဟူသော မူဝါဒကိုလည်း ချမှတ်သည်။ ၁၃၃ ဤတွင် အတွေ့အကြုံများသော အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ ကျွမ်းကျင်အလုပ်သမားများအားလုံး မောင်းထုတ်ခံခဲ့ကြရ၏။ သတ္တုတွင်း အားလုံးသည် မကျွမ်းကျင်သော၊ အကျင့်ပျက်သော လူများ၏ လက်တွင်းသို့ သက်ဆင်းခဲ့၏။ ဤသို့ဖြင့် အမြတ်အစွန်းသာရခဲ့သော သတ္တုတွင်းများသည် နှစ်စဉ် သန်းချီ၍ ရှုံးသော သတ္တုတွင်းများအဖြစ်သို့ ကူးပြောင်းသွားခဲ့လေရာ နိုင်ငံသည် ကမ္ဘာတွင်ရော အာဖရိကတွင်ပါ အဆင်းရဲဆုံး၊ အမွဲဆုံး၊ ဍက္ခအရောက်ဆုံးနိုင်ငံ ဖြစ်လာခဲ့ရလေသည်။ ဒင်နီယယ်သည် ဇမ်ဘီယာ ဝန်ထမ်းများနှင့် ရင်ဆိုင်ရသည်။ “မနေ့ညက မာလဝီကိုသွားတဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက် ဖြတ် သွားတာ မတွေ့ လိုက်မိဘူးလား” သူ့ကားအား စစ်ဆေးရှာဖွေနေသော အကောက်ခွန်အရာရှိအား မေး သည်။ အကောက်ခွန်အရာရှိက သူ့အား မဆိုင်သည့်မေးခွန်း မေးရကောင်းလား ဟူသော သဘောဖြင့် သဟောက်သဟာပြုမည့်ဟန် ပြင်ကာ ပါးစပ်ဟသည်။ ဒင်နီယယ်က အမေရိကန့်ဒေါ်လာငွေ ငါးဒေါ်လာတန်တစ်ရွက် ထုတ်ပေးသည်။ ဇမ်ဘီယာ ငွေမှာ ‘ကွာချာ” ဟု ခေါ်သည်။ တစ်ချိန်က တစ်ကွာချာသည် အမေရိကန်တစ်ဒေါ်လာနှင့် တန်ဖိုးချင်း ညီသည်။ ငွေဖောင်းပွမှု အရှိန်ဖြင့် ငွေတန်ဖိုးကျလာခဲ့လေရာ ယခုအခါ ကွာချာ ၃၀ ပေးမှ တစ်ဒေါ်လာရသည်။ မှောင်ခိုဈေးတွင် ကွာချာ ၃ဝဝ ပေးလျှင် တစ်မခါ် လာပေါက်ဈေး ရှိနေပြီ။ အကောက်ခွန်အရာရှိ၏။ “ငါအစိုးရအရာရှိကွ” ဟူသော အခြောက်တိုက် ဘဝင်လေဟပ်နေသည့် မာန်မာနေ့သည် ချက်ချင်းအရည်ပျော် သွား၏။ သူ့လဖာ တစ်လစာနှင့် ညီမျှနေသော အမေရိကန်ဒေါ်လာ ငါးဒေါ်လာ စက္ကူကို အငမ်းမရကြည့်ကာ - “ခင်ဗျား မိတ်ဆွေနာမည်က ဘယ်သူလဲ” ဟု ချိုမြသော ပြန်မေးသည်။ www.bc.com “မစ္စတာချက်တီဆင်းတဲ့၊ ငါးခြောက်တွေ တင်ထားတဲ့ ကို သူကိုယ်တိုင် မောင်းသွားတာ” ကားကြီး
89.185668
Elephant Trader
Mg Htun Thu
10356
66
________________ “ခဏနေဦး” www.burmeseclassic.com မောင်ထွန်းသူ အရာရှိသည် စခန်းရုံးထဲသို့ဝင်သွားပြီး ခဏအကြာတွင်ပြန်ထွက်လာသည်။ “ဟုတ်တယ်....ခင်ဗျားမိတ်ဆွေ မနေ့ညက သန်းခေါင်ကျော်လောက်မှာ ဖြတ်သွားတယ်” အရာရှိသည် လင်ခရူဇာကားကို နောက်ထပ်ရှာဖွေခြင်း မပြုတော့ဘဲ ဒင်နီယယ်၏ နိုင်ငံကူးလက်မှတ်တွင် တံဆိပ်ရိုက်ပေးသည်။ သူ့ဟန်အမူအရာ သည် များစွာပျော်ရွှင်မြူးထူးနေပုံရ၏။ နယ်စပ်စခန်းမှ ဖြတ်လာခဲ့ပြီဖြစ်သော ဒင်နီယယ်သည် လူဆာကာမြို့ ဆီသို့ ဦးတည်၍ ကားကို မောင်းနှင်လျက်ရှိ၏ ။ ဇမ်ဘီယာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးဟူသော စကားသည် မြို့ကြီးပြကြီးများ၌သာ ရှိ၏။ ထို့ကြောင့်လည်း တောပိုင်းဒေသကို ဖြတ်လာနေရသော ဒင်နီယယ် သည် ကားကို ဖြည်းဖြည်းမှန်မှန်မောင်းကာ သတိကြီးစွာ သွားလာနေရသည်။ ဒင်နီယယ် ထင်ထားသည့်အတိုင်းပင် လမ်းပိတ်ထားသည့်နေရာတစ်နေရာ၌ ရင်ဆိုင်ရသည်။ ဤလိုနေရာမျိုးတွင် ရဲများသည် သေနတ်မောင်းဖြုတ်ရသည့် အလုပ်ကို ပျော်စရာအလုပ်တစ်ခုဟု ထင်မှတ်သူများ ဖြစ်သည်။ ဒင်နီယယ်သည် ကားကို ရပ်၍ လက်နှစ်ဖက်ကို သူတို့ သတ်မှတ်ထား သည့်အတိုင်း စတီယာတိုင်ခွေပေါ် တင်ထားရသည်။ “ဟယ်လို..သူငယ်ချင်း”ဟု ရဲတပ်ကြပ်တစ်ယောက်က မထီလေးစား မျက်နှာထားဖြင့် လှမ်းနှုတ်ဆက်ပြီး စက်သေနတ်ပြောင်းကို ကားတံခါးမှထိုးကာ ဒင်နီယယ်အား ချိန်ထားသည်။ “ကဲ..ကိုယ့်လူ၊ အောက်ဆင်းစမ်း" "ခင်ဗျား ဆေးလိပ်သောက်သလား”ဟု ဒင်နီယယ်က မေးသည်။ ကား အပြင်ရောက်လျှင်ရောက်ချင်း ချက်စတားဖိုး စီးကရက်တစ်တောင့်ကို တပ်ကြပ် လက်ထဲ ထည့်လိုက်သည်။ ဒင်နီယယ်၏ ဗိုက်ကိုချိန်ထားသော သေနတ်ပြောင်းသည် နောက်သို့ ဆုတ်သွားသည်။ တပ်ကြပ်သည် စီးကရက်အတောင့်ကို ဖွင့်ထားခြင်းရှိမရှိ ကြည့် နေ့သည်။ ဖွင့်မထားမှန်းသိသည့်အခါ သူ့မျက်နှာသည် ခွေးတက်လျက် မတတ် ချိုလာသည်။ ဆင်ကုန်သည် ၃၅ ထိုအခိုက်တွင် လင်ခရူဇာနောက်နား၌ အမဲလိုက်ကုမ္ပဏီတစ်ခုပိုင် ထရပ်ကားကြီးတစ်စီး လာရပ်သည်။ မောင်းလာသူသည် မုတ်ဆိတ်မွေးရှည်ရှည်၊ အသားညိုမောင်းမောင်းနှင့် မုဆိုးတစ်ယောက် ဖြစ်၏။ “ဟေး...ဒင်နိ” မုဆိုးသည် ဘေးပြတင်းပေါက်မှ ခေါင်းထွက်ကာ အားရဝမ်းသာ လှမ်းအော်သည်။ ဒင်နီယယ်က ချက်ချင်းမှတ်မိသည်။ လွန်ခဲ့သော သုံးနှစ်က “လူသတ် မုဆိုး” ဟူသော အမည်ဖြင့် အာဖရိကတောလိုက်မူဆိုးများအကြောင်း ရုပ်မြင် သံကြားအစီအစဉ်တစ်ခု မှတ်တမ်းတင်ခဲ့ဖူးသည်။ ထိုစဉ်က ခင်မင်ရင်းနှီးခဲ့သည့် မုဆိုးတစ်ဦးပေတည်း။ သို့သော်လည်း ရုတ်တရက် နာမည်ကို ဖော်၍မရ၊ အတန်ကြာမှ စဘော့ပဲလ်'ဟူသော အမည်ကို သတိရလာသည်။ စတော့ဖဲလ် ထရပ်ကားပေါ်မှ ဆင်းလာသည်။ “ဟေ့..ဂျူနို၊ ဒီလူဟာ ငါ့မိတ်ဆွေကွ၊ သူ့ကိုကောင်းကောင်း ဆက်ဆံ ပါ”ဟု ရဲတပ်ကြပ်အား အော်ပြောသည်။ ရဲတပ်ကြပ်က ရယ်သည်။ စတော့ဖဲလ်သည် ကားပေါ်မှ သူ့လမ်းပြများဘက် လှည့်၍ “ဟေ့...ဒီကောင် ဂျူနိုကို ကျွဲပေါင်တစ်ပေါင်ပေးလိုက်စမ်းပါ၊ သူ့ ကြည့်ရတာ အသားမစားရလို့လား မသိဘူး၊ သိပ်ပိန်နေပြီ” ဟု ပြောသည်။ လမ်းပြတစ်ယောက်က ကျွဲပေါင်တစ်ပေါင် ယူလာပြီး ရဲတပ်ကြပ်အား ပေးသည်။ “ဒီကောင်တွေ သိပ်ဆင်းရဲကုန်ပြီ၊ ပရိုတင်းများတဲ့ အစားအစာကို လုံးဝ မစားနိုင်တော့ဘူး” စတော့ဖဲလ်က ရှင်းပြသည်။ “ဒီကောင်တွေ ကျွဲပေါင်တစ်ပေါင် ရမယ်ဆိုရင် သူ့မိန်းမကို ရောင်း မယ်၊ နှစ်ပေါင်သာရရင် သူ့ဝိညာဉ်ကို ရောင်းမယ်၊ အဲ...သုံးပေါင်သာ ရမယ်ဆို ရင် တစ်နိုင်ငံလုံး ရောင်းမှာပဲဆိုတဲ့ စကားတောင် ပြောစမှတ်ပြုနေကြပြီ..လူတွေ ဟာ စားဝတ်နေရေး ချို့တဲ့ပြီး သိပ်ဆင်းရဲလာရင် ဘာကိုမှ မချစ်တော့ဘူး၊ တန်ဖိုးလည်း မထားတော့ဘူး” ပြောပြောဆိုဆိုပင် စတော့ဖဲလ်က သူနှင့်ပါလာသော အမေရိကန် တစ်ယောက်နှင့် မိတ်ဆက်ပေးသည်။ ကယ်လီဖိုးနီးယားပြည်နယ်မှလာသော “စတိဗ်ကွန်ရက်”ဆိုသူ ဖြစ်သည်။ ကွန်ရက်က ဒင်နီယယ်၏ ရုပ်မြင်သံကြား အစိ သူတို့
88.903743
Elephant Trader
Mg Htun Thu
10356
67
________________ ၁၃၆ www.burmeseclassic.com မောင်ထွန်းသူ မိသားစု အလွန်ကြိုက်ကြောင်း၊ စာအုပ်များကိုလည်း သူဖတ်ဖူးကြောင်းပြောသည်။ "ခင်ဗျား ဘယ်သွားမှာလဲ၊ လူဆာကာကိုလား” ဟု စတော့ဖဲလ်က မေးသည်။ အဲဒီသွားမယ်ဆိုရင်တော့ လမ်းကြုံတယ်၊ အတူတူ သွားကြတာပေါ့၊ ခင်ဗျားတစ်ယောက်တည်းဆိုရင်တော့ ကင်းစခန်းတွေ့တိုင်း ဒုက္ခရောက်နေ တော့မှာ” ဒင်နီယယ်သည် စတော့ဖဲလ်တို့နှင့်တွဲ၍ လိုက်လာခဲ့သည်၊ တစ်လမ်း လုံး ကျွဲသားများ ပေးလာသဖြင့် မည်သည့် ရဲစခန်းကမှ အနှောင့်အယှက်မပေး။ လူဆာကာသို့ ချောချောမောမော ရောက်ခဲ့ကြသည်။ ဒင်နီယယ်က စတော့ဖဲလ် တို့အား ရစ်ချ်ဝေးဟိုတယ်သို့ ခေါ်သွားပြီး အရက်တိုက်၏ ။ ထို့နောက် နှစ်ယောက်စလုံးကို နှုတ်ဆက်ပြီး ဟိုတယ်မန်နေဂျာနှင့် တွေ့ကာ သူတည်းခိုရေးကိစ္စများကို ဆောင်ရွက်သည်။ ဒင်နီယယ်၏ အခန်း သည် ရေကူးကန်ကို မျက်နှာပြုထားသည်။ သူသည် ရေတဝကြီး ချိုးပစ်လိုက်ပြီးနောက် ဗြိတိသျှမဟာမင်းကြီးရုံး သို့ ဖုန်းဆက်၏။ သူ့မိတ်ဆွေ မစ္စတာမိုက်ကယ်ဟာဂရိယံ ဆက်သွယ်ခြင်း ဖြစ်၏။ ဆက်သာဆက်ရသော်လည်း တစ်နေရာရာသို့ ပြောင်းသွားမှဖြင့် ခက်ရ ချည်ရဲ့ဟု တွေးကာ စိတ်ပူလျက် ရှိလေသည်။ သူ စိတ်ပူခြင်းမှာလည်း အကြောင်းမဲ့မဟုတ်။ ဝန်ထမ်းတစ်ဦးဖြစ်သော သူ့မိတ်ဆွေသည် လူဆာကာ၌ တာဝန်ကျနေသည်မှာ နှစ်နှစ်ပင်ကျော်နေပြီ မဟုတ်ပါလော။ “မိုက်ကယ်ဟာဂရိ စကားပြောနေပါတယ်” သူ စိတ်အေးသွား၏။ “မိုက်...ကျွန်တော်ပါ...ဒင်နီယယ်အမ်းစထရောင်းလေ... “ဟေး...ဒင်နီ....ခင်ဗျား ဘယ်က ပြောနေတာလဲ” “လူဆာကာကို ရောက်နေတယ် “ “ဟာ..ဟုတ်လား၊ နေ့ကောင်းရဲ့လား" “ကောင်းပါတယ်..ဒီမယ်...မိုက်၊ ကျွန်တော် ခင်ဗျားနဲ့ အရေးတကြီး ကိစ္စတစ်ခု တိုင်ပင်ချင်လို့ တွေ့ ချင်တယ်၊ အကူအညီလည်း တောင်းရလိမ့်မယ်” ဆင်ကုန်သည် “ဒီမှာ ညစာလာစားလေ၊ ညစာစားရင်း ပြောကြတာပေါ့" ၁၃၇ မိုက်ကယ်၏ အိမ်သည် နော့သ်ဟစ်လ် သံတမန်ရပ်ကွက်တွင်း၌ တည်ရှိသည်။ အစိုးရအိမ်တော်နှင့် မဝေးလှ။ အညောင်းပြေ လမ်းလျှောက်သွား လျှင် ရ၏။ လမ်းထဲရှိ အခြားအိမ်များကဲ့သို့ပင် အုတ်တံတိုင်းများ၊ သံဆူးကြိုးများ ကာရံထားရုံမျှမက အစောင့်တွေ အထပ်ထပ် ချထား၏။ ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်လွန်း၍ ကြိုတင်ကာကွယ်ထားရခြင်း ဖြစ်၏။ ဒင်နီယယ် ရောက်သွားသည့်အခါ မိုက်ကယ်၏ ဇနီး ဝင်ဒီနှင့် အလျင် ဆုံး နှုတ်ဆက်ရသည်။ အာလာပသလ္လာပစကားပြောကြရသည်။ ရင်းနှီး ခင်မင်နေသူများ ဖြစ်၍ ရှေးဟောင်းနှောင်းဖြစ်များကို သတိတရ ပြောမိကြ၏။ ဒင်နီယယ်နှင့် မိုက်ကယ်တို့ ပထမဆုံး ဆုံမိကြသည်မှာ ရိုဒီဆီးယားတွင် ဖြစ်၏။ ထိုစဉ်က သူတို့သည် အလုပ်အတူတွဲလုပ်ကြရသဖြင့် အလုပ်သဘော ဆက်ဆံ ရေး တည်ရှိခဲ့သည်။ ထို့နောက်တော့ အမြင်ချင်း သဘောချင်း တိုက်ဆိုင်မှုတွေ များလာ သည်ကို အကြောင်းပြု၍ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် လေးစားခြင်း၊ ယုံကြည်ခြင်းတို့မှသည် ခင်မင်ရင်းနှီးခြင်းအဆင့်သို့ ရောက်လာခဲ့ကြသည်။ ထိုခင်မင်မှုသည် နှစ်ပေါင်းများစွာ ကြာလေ ခိုင်မာလေ ဖြစ်လာခဲ့၏။ ညစာစားကြသည့်အခါ မိုက်ကယ်သည် ဒင်နီယယ်အတွက် ဘရန်ဒီမှဲ့ထည့်ပေး နေရာမှ - “ကဲ..ကိုယ့်လူ၊ အကူအညီတောင်းရလိမ့်မယ်ဆိုတာ ဘာလဲ၊ ဆိုစမ်း ပါဦး” ဟု မေး၏ ။ တယ်” “အတိအကျ ပြောရရင်တော့ အကူအညီတောင်းရမှာက နှစ်ခု ဖြစ်နေ “ကဲပါလေ...ပြောမှာသာ ပြောစမ်းပါ" “ကျွန်တော့်ရဲ့ ဖလင်အခွေတွေကို သံတမန်အိတ်နဲ့ လန်ဒန်ပို့ပေးစေ ချင်တယ်၊ လုပ်ပေးနိုင်မလား...ဒီအခွေတွေဟာ ကျွန်တော့်အသက်လောက် တန့်ဖိုးရှိနေတယ်လို့ သတ်မှတ်ထားတာပါ..ဇမ်ဘီယယာစာတိုက်ကို ကျွန်တော် စိတ်မချဘူး” “အလွန်လွယ်တဲ့ကိစ္စပါ” ပြောကာ မိုက်ကယ်ခေါင်းညိုသည်
87.728551
Elephant Trader
Mg Htun Thu
10356
68
________________ ၁၃ ဘာလ www.burmeseclassic.com မောင်ထွန်းသူ က်ဖြန် ပို့မယ့်အိတ်နဲ့ ထည့်ပေးလိုက်မယ်၊ ကဲ..နောက်တစ်ခုက “နင်ချင်ပွန်းလို့ ခေါ်တဲ့ တရုတ်တစ်ယောက်အကြောင်း သိချင်တယ်" “ကျွန်တော်တို့က သူ့ကို သိနိုင်တဲ့ အခြေအနေ ရှိလို့လား “ရှိတယ်...သူက ဟာရာရီနိုင်ငံဆိုင်ရာ တရုတ်တိုင်ပေသံအမတ်ပဲ” “အဲဒါဆိုရင်တော့ သူ့ကိုယ်ရေးရာဇဝင်ဖိုင် ရုံးမှာ ရှိမယ်၊ သူက ခင်ဗျား ရဲ့ မိတ်ဆွေလား၊ ရန်သူလား” “မသေချာသေးဘူး၊ ပြောရမှာ သိပ်စောလွန်းနေတယ်" “ဒီလိုဆိုလည်း မပြောနဲ့” မိုက်ကယ်သည် သက်ပြင်းတစ်ချက်ချကာ ဘရန်ဒီဖန်ခွက်ကို ဒင်နီ ယယ်ဘက် တွန်းပို့၏။ “ကျွန်တော် ကွန်ပျူတာက ထွက်လာမယ့် မှတ်တမ်းကို မနက်ဖြန့် ဆယ့်နှစ်နာရီမထိုးခင် ရမယ်၊ ရစ်၍ပေးဟိုတယ်ကို ပို့ပေးမယ်” “ကျေးဇူးပါပဲ မိုက်ရယ်” ဤသို့ဖြင့် ဒင်နီယယ်၏ ဖခင် တိပ်ခွေများသည် နောက်တစ်နေ့နံနက် ဘီအိုအေစီ လေယာဉ်ဖြင့် ပါသွား၏။ နောက်ဆယ့်နှစ်နာရီအတွင်း တိပ်ခွေ အားလုံးသည် သံတမန်အိတ်နှင့်အတူ လန်ဒန်သို့ ဆိုက်ရောက်သွားပေတော့မည်။ နင်ချင်ပွန်းနှင့် ကွန်ပျုတာမှ ရလာသည့် မှတ်တမ်းကို မိုက်ကယ်ကိုယ် တိုင် ဒင်နီယယ် တည်းခိုရာ ဟိုတယ်သို့ လာပို့သည်။ “ကျွန်တော်ကတော့ အားလုံး မဖတ်လိုက်ဘူး၊ ဒါပေမဲ့ ခင်ဗျားလူက သိပ်မခွေဘူး” ဟု ပြောကာ ချိပ်ပိတ်ထားသည့် စာအိတ်ကို ပေးသည်။ “ပြီးတော့ ခင်ဗျားနဲ့အတူလိုက်ဖို့ ရုံးက အစောင့်တစ်ယောက်လည်း ခေါ်လာတယ်၊ ခင်ဗျားရဲ့ ကားကို အစောင့်မရှိဘဲ ပစ်ထားလို့ မဖြစ်ဘူး”ဟုလည်း ထပ်၍ ပြောသည်။ မိုက်ကယ် ပြန်သွားသောအခါ ဒင်နီယယ်သည် သူ့အခန်းထဲ၌ အေးအေးဆေးဆေးထိုင်ကာ စာအိတ်ကို ဖောက်သည်။ အတွင်းမှ စာသည် အားလုံးဆယ့်တစ်မျက်နှာ ရှိသည်။ နှင်ချင်ဂွန်း၏ မျိုးရိုးစဉ်ဆက်ကို ဘိုးဘွားဘီဘင်မှအစ ဖော်ပြထား ဆင်ကုန်သည် ၁၃၉ သည်။ နောက်ဆုံး အာဖရိက၌ အရင်းအနှီး မြှုပ်နှံမှုများအကြောင်းနှင့် အာဖရိက တွင် အခြေစိုက်သည့် ကုမ္ပဏီများမှ အမြတ်အစွန်းတိုးတက်လာပုံများကို အသေးစိတ် ဖော်ပြထားသည်။ အာဖရိက၌ တည်ထောင်ခဲ့သော လုပ်ငန်းများသည် သုညဘဝမှနေ၍ အမြတ်ရာနှုန်း ဆယ့်နှစ်ရာနှုန်းအထိ တက်လာပုံ.တောင်အာဖရိကတိုက်ရှိ သတ္တုတွင်းများမှ လာသည့် အမြတ်၊ အစားအစာ ထုတ်လုပ်မှုနှင့် သစ်ဘောထွက် ပစ္စည်းများမှ နှစ်စဉ်ရနေသည့် အမြတ်၊ စက္ကူစက်၊ ကျွဲ၊ နွား၊ သိုး မွေးမြူရေး ခြံများ၏ တိုးတက်မှု စသည် စသည်များကို အသေးစိတ်ရှင်းလင်းတင်ပြထားသည်။ စာမျက်နှာ-၄ သည် နင်ချင်ဂွန်း၏ အိမ်ထောင်ရေးကို ဖော်ပြသည်။ နှစ်ဖက်မိဘများ၏ စီစဉ်ပေးမှုအရ နင်ချင်ပွန်းသည် လူချမ်းသာ တရုတ်တိုင်ပေ မိဘများ၏ သမီးတစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ သူတို့ အိမ်ထောင်တွင် ကလေးနှစ်ယောက်ရှိ၍ သားယောက်ျားကလေးကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း၊ သမီးကလေးကို ၁၉၈၃ ခုနှစ်တွင် လည်းကောင်း မွေးဖွားခဲ့သည်။ ချင်သည် အရှေ့တိုင်းတေးဂီတ၊ ဇာတ်သဘင်နှင့် ပန်းချီ၊ ပန်းပု အနုပညာများတွင် စိတ်ဝင်စားသည်။ အထူးသဖြင့် ကျောက်စိမ်းနှင့် ဆင်စွယ် ပန်းပုရုပ်တုများ ရှာဖွေစုဆောင်းရာ၌ ဝါသနာကြီးသည်။ ဂေါက်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်းနှင့် ရွက်လှေလှော်ခြင်း စသော အားကားများ ကစားလေ့ ရှိသည်။ ဆေးလိပ်နှင့် အရက်ကို အလွန်အကျွံ မသောက်တတ်။ တိုင်ပအဆင့်မြင့် ပြည့်တန်ဆာဂေဟာများမှ ကြေးကြီးပြည့်တန်ဆာမ များကို ရံဖန်ရံခါခေါ်၍ ပျော်ပါးတတ်သည်။ လိင်ကိစ္စတွင် ရက်စက်သော သဘောထား ရှိသည်။ ၁၉၈၇ ခုနှစ်တွင် သူခေါ်၍ ပျော်ပါးခဲ့သော ပြည့်တန်ဆာမလေး တစ်ယောက် အသတ်ခံခဲ့ရသည်။ အာဏာပိုင်များက ချပ်အား ဥပဒေအကြောင်းမှ အရေးယူ၍ မရသဖြင့် လွှတ်ထားခဲ့ရသည်။ မိသားစုအသိုင်းအဝိုင်း၏ ငွေကြေးကြွယ်ဝမှုနှင့် ဩဇာအရှိန်အဝါ ကြီးမားမှုများသည် သူ့အား အမြဲတစေ အကာအကွယ်ပေးလျက် ရှိသည်။ ဤသည်တို့အား ချင်နှင့်ပတ်သက်၍ ကွန်ပျူတာမှ ထုတ်ပေးထားသည့် အချက် အလက်များပေတည်း။ c.com
88.885213
Elephant Trader
Mg Htun Thu
10356
69
________________ ၁၄၀ www.burmeseclassic.com မောင်ထွန်းသူ နင်ချင်ပွန်းသည် အကာအကွယ်ကောင်းကောင်း ရနေသူတစ်ဦးဖြစ်နေ ခြင်းမှာ ထင်ရှား၏။ သူ့လိုလူစားနှင့် ပတ်သက်လာလျှင် မိမိဘက်မှ သတိမထား ၍မဖြစ်။ ဘာပဲဖြစ်ဖြစ် သူ့အနေနှင့် ပထမဆုံး ချက်တီဆင်းအကြောင်း စုံစမ်း ထောက်လှမ်းရမည်။ သူထင်သည့်အတိုင်း မှန်လာမည်ဆိုပါမူကား...ဒင်နီယယ် သည် အဝတ်လဲသည်။ ကွန်ပျူတာမှတ်တမ်းကို ဒုတိယအကြိမ် စေ့စေ့ဖတ်သည်။ ထို့နောက် ညစာစားရန် ဟိုတယ်အောက်ထပ် စားသောက်ခန်းဆီသို့ ဆင်းလာ ခဲ့သည်။ င်ကုန်သည် ၁၄၁ နောက်နေ့နံနက်တွင် ဒင်နီယယ်သည် ချီပါတာနှင့် မာလဝီနယ်စပ်သို့ ဦးတည်၍ ထွက်လာခဲ့သည်။ စောစောစီးစီး ထွက်လာခဲ့ခြင်းဖြစ်၍ နံနက်စာ မစားခဲ့ရ။ သူထွက်လာချိန်တွင် ဟိုတယ် မီးဖိုခန်းများပင် မဖွင့်ကြသေး။ သူ့ကား သည် နေမထွက်မီ မိုင်တစ်ရာခန့်အထိ ခရီးပေါက်ခဲ့သည်။ တစ်ခါတစ်ရံ ဝမ်းဟာ ၍ လမ်းဘေးဆိုင်တွင် ဝင်စားချိန်မှတစ်ပါး ကျန်အချိန်များတွင် ကားကို ရပ်နား ခြင်းမပြု။ နယ်စပ်သို့ နောက်နေ့နံနက်ကျမှ ရောက်သည်။ သူသည် ရွှင်လန်း တက်ကြွသော စိတ်ဖြင့် နယ်စပ်ကို ကျော်ဖြတ်ကာ မာလဝီနိုင်ငံတွင်းသို့ ဝင်ခဲ့ သည်။ ဤနိုင်ငံငယ်ကလေးသည် သာယာလှပသော နိုင်ငံတစ်နိုင်ငံ ဖြစ်၏။ နိုင်ငံတွင်းရှိ ကြီးမားထည်ဝါသော တောင်တန်းကြီးများ၊ ကုန်းမြင့်လွင်ပြင်များ၊ ရေကန်ကြီးများနှင့် မြစ်များကြောင့် ‘အာဖရိက၏ ဆွစ်ဇာလန်နိုင်ငံ'ဟု အသိ အမှတ်ပြုထားကြသည်။ နိုင်ငံတွင်းရှိ ပြည်သူများသည် တင်းတိမ်ရောင့်ရဲလွယ်ကြသည်။ အပူအပင် အကြောင့်အကြံ မထားဘဲ ပျော်ပျော် နေဘတ်ကြသည်။ ညဏ်ရည် ဉာဏ်သွေး ထက်မြက်ခြင်းနှင့် အချိန်အခါ အခြေအနေကို ကြည့်၍ အလိုက် အထိုက် နေတတ်ခြင်း စသည်တို့ကြောင့် ဤနိုင်ငံ၏ ပြည်သူတို့သည် ထင်ရှားကျော်ကြားကြ၏။ စက်ရုံအလုပ်ရုံ အလုပ်သမား စသည့်အလုပ်များ လုပ်ကိုင်၍ အသက်မွေးကြ၏။ မာလဝီပြည်သူတို့သည် အိမ်စေအလုပ်မှစ၍ သတ္တုတွင် com
88.358404
Elephant Trader
Mg Htun Thu
10356
70
________________ ၁၄၂ www.burmeseclassic.com မောင်ထွန်းသူ အဖိုးထိုက်တန်သော သဘာဝဓာတ်သတ္တုပစ္စည်းများကလည်း ပေါပေါများများ မထွက်သဖြင့် မာလဝီ၏ အဖိုးတန်ရတနာသည် လူများသာ ဖြစ်၏။ အသက် ရှစ်ဆယ်ကျော် ရာသက်ပန် သက်ဦးဆံပိုင်သမ္မတ၏ စိတ်ကောင်းနှလုံးကောင်း ရှိသော အုပ်ချုပ်မှုနှင့် ပြည်သူတို့၏ ထူးခြားသော အရည်အသွေးများ ပေါင်းစပ်မိ သဖြင့် မာလဝီနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာခဲ့ရသည်။ သမ္မတသည် ကျေးလက်ဒေသကိုလည်း ပစ်မထား၊ မြို့ပြကိုလည်း ဥပေက္ခာမပြု၊ မိသားစုတိုင်းသည် စားဝတ်နေရေးအတွက် ကိုယ့်ဘာသာကိုယ် လုံလောက်အောင် အားထုတ်လုပ်ကိုင်ကြ၏။ ဝင်ငွေရသီးနှံများမှာ ဝါနှင့်မြေပဲဖြစ်၍ တောင်တန်းနံရံများထက်တွင်မူ လက်ဖက်ခြောက် စိုက်ပျိုးကြ၏။ စောစောက သူရောက်ခဲ့သည့် နိုင်ငံများနှင့်ကား သိသိသာသာ ခြားနားလှ၏။ လမ်းဘေးဝဲယာရှိ ကျေးရွာများသည် သန့်ရှင်းကြ၏။ ရွာတည်ထားပုံမှာလည်း စနစ်တကျနှင့် သပ်သပ်ရပ်ရပ် ရှိသည်။ လမ်းတွင် တွေ့မြင်ရသမျှ လူများ၏ ဝတ်စားဆင်ယင်ပုံမှာလည်း ရည်မွန် ခန် ့ညားသည်။ လူတိုင်းလိုလို ရွှင်လန်းပြုံးချို သော မျက်နှာထားများ ရှိကြ၏။ အမျိုးသမီးများ ဝတ်ဆင်ထားကြသည့် စကတ်ရှည်ကြီးများပေါ်တွင် သူတို့အပေါ် ကိုယ်ချင်းစာတရား အပြည့်ဖြင့် စီမံအုပ်ချုပ်နေသည့် ‘ကာမူဇူး” (သမ္မတ) ဟေစတင်းဘင်ဒါ၏ ရုပ်ပုံများ ရိုက်နှိပ်ထား၏။ လမ်းတစ်လျှောက်တွင် အစားအစာရောင်းသည့် စတိုးဆိုင်ကလေးများ ကို မြင်နေရ၏။ ဒင်နီယယ်သည် လမ်းဘေးတစ်နေရာမှ စတိုးဆိုင်သို့ ဝင်ကာ ကြက်ဥ၊ လိမ္မော်သီး စသည်များ ဝယ်သည်။ အစားအစာ ပေါများခြင်းသည် လူသားတို့အတွက် အလွန်လိုလားအပ် သည့် ရတနာဘစ်ပါးပင် ဖြစ်၏။ လူတိုင်းပျော်ရွှင်ချမ်းမြေ့နေကြသည်မှာ တခြား မဟုတ်၊ အစားအစာ ၀၀လင်လင် ပေါ်ပေါများများ စားသောက်နေကြရခြင်း ကြောင့် ဖြစ်၏။ စောစောက သူရောက်ခဲ့သည့် နိုင်ငံတွင်မူ လူအများသည် ဆင်းရဲဒုက္ခ ပေါင်းစုံနှင့် ရင်ဆိုင်နေကြရရှာသည်။ နေ့စဉ်နှင့်အမျှ ဆုံးရှုံးနစ်နာမှုများ ရှိနေ သဖြင့် စားဝတ်နေရေးအတွက် အမြဲတစေ ပူပန်သောက ရောက်နေကြရ၏။ ထိုလူများအဖို့ အဘယ်မှာလျှင် သာယာပျော်ရွှင်ကြပါမည်နည်း။ ဆင်ကုန်သည် ၁၄၃ ဒင်နီယယ်အဖို့တော့ မာလဝီနိုင်ငံသားများကို မြင်ရသည်မှာ စိတ်ချမ်း မြေ့စရာကောင်း၏။ စိတ်အားတက်စရာလည်း ကောင်း၏။ ဤလူများအပေါ် ချစ်ခင်မြတ်နိုးသော စိတ်သည်လည်း အသစ်အသစ် ဖြစ်ပေါ်လာရ၏။ သူ့ကားသည် လီလောင်ဝီမြို့တွင်းသို့ ဝင်လာခဲ့သည်။ ခေတ်မီသော တိုက်တာ အဆောက်အအုံများနှင့် အလွန်သာယာလှပသည့် မြို့တစ်မြို့ ဖြစ်ချေ၊ သည်။ အခြား မြို့ကြီးပြကြီးများ၌ ရင်ဆိုင်ရတတ်သည့် ရေပုပ် မြောင်းပုပ်နံ့နှင့် အမှိုက်သရိုက် အညစ်အကြေးနံ့ဟူ၍ လုံးဝမရှိ။ ကက်ပီတယ်ဟိုတယ်သည် မြို့လယ်၌ တည်ရှိ၍ ပတ်ပတ်လည်တွင် ပန်းခြံများနှင့် မြက်ခင်းစိမ်းစိမ်းများ ဝန်းရံလျက် ရှိသည်။ ဟိုတယ်တွင် အခန်းရ၍ သူ့အခန်းထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ဒင်နီယယ်သည် အိပ်ရာအူတင်ဘေး စားပွဲပေါ်မှ တယ်လီဖုန်းလမ်းညွှန်စာအုပ်ကို ယူ၍ ကြည့်သည်။ တစ်အုပ်လုံးတွင် ချက်တီဆင်း နာမည်က လွှမ်းမိုးနေသည် ဟုပင် ထင်ရလောက်၏။ ချက်တီဆင်း ငါးရောင်းဝယ်ရေးလုပ်ငန်း၊ ချက်တီဆင်း စူပါမားကတ် စတိုးဆိုင်၊ ချက်တီဆင်း သားရေနယ်လုပ်ငန်း၊ ချက်တီဆင်း သစ်ခွဲလုပ်ငန်းနှင့် သစ်ရောင်းဝယ်ရေး၊ ချက်တီဆင်း မော်တော်ကားပြင်လုပ်ငန်းနှင့် တိုယိုတာ ကိုယ်စားလှယ်ဌာန စသည်စသည်များကို သူတွေ့ရ၏။ ဒင်နီယယ်သည် ရေမိုးချိုး အဝတ်လဲကာ အောက်ထပ်သို့ ဆင်းခဲ့ သည်။ ဧည့်ကြိုမှ လူအား ချက်တီဆင်း ဆူပါမားကတ် စတိုးဆိုင်ကြီးသို့ သွားရန် လမ်းညွှန်ခိုင်း၏။ “ဟိုတယ်ရှေ့က ပန်းခြံကို ဖြတ်လိုက်ရင် ရောက်ပါတယ် ခင်ဗျာ” ဟု ဧည့်ကြိုက ပြော၏။ ချက်တီဆင်း စတိုးဆိုင်ကြီးသည် မြို့လယ်လမ်းမကြီးပေါ်ရှိ လေးထပ် တိုက်ကြီးတွင် ဖွင့်လှစ်ထားခြင်း ဖြစ်၏။ ပစ္စည်းမျိုးစုံရှိ၍ ဈေးနှုန်းကလည်း သက်သာသဖြင့် ဝယ်သူများနှင့် ပြည့်နှက်နေ၏။ ဒင်နီယယ်သည် ဆိုင်ထဲသို့ ဝင်ကာ အခြေအနေကို လေ့လာသည်။ စတိုးဆိုင် ထွက်ပေါက်နှင့် မလှမ်းမကမ်းရှိ ငွေသိမ်းကောင်တာများ တွင် အာရှတိုက်သူ မိန်းကလေး လေးဦး ထိုင်နေကြသည်။ သူတို့၏ လှုပ်ရှားမှု များသည် လျင်မြန်သွက်လက်လှ၏။ သူတို့ မျက်နှာပေါက်များကိုကြည့်၍ www.b
90.274463
Elephant Trader
Mg Htun Thu
10356
71
________________ ၁၄၄ www.burmeseclassic.com မောင်ထွန်းသူ ဒင်နီယယ်သည် ချက်တိဆင်း၏ သမီးများ ဖြစ်ရမည်ဟု ကောက်ချက်ချသည်။ လေးယောက်စလုံး မိန်းမချော မိန်းမလှကလေးတွေချည်း ဖြစ်သည်။ ဆိုင်၏ အလယ်တွင် အသက် လေးဆယ်ကျော် ငါးဆယ်တွင်းအရွယ် အမျိုးသမီးကြီး တစ်ယောက် ထိုင်နေ၏။ မီးခိုးရောင် ဆာရီ ဝတ်ထား၏။ လက်တွင် စိန်လက်စွပ်များ ဝတ်ထား၏။ ‘မေမေဆင်း”ဖြစ်ရမည်ဟု ဒင်နီယယ်က တွက်သည်။ ခဏမျှအကြာ တွင် မေမေဆင်းသည် ထိုင်ရာမှ ထကာ စားကုန်ပစ္စည်း ခန်းမထောင့်ရှိ လှေကား မှနေ၍ အပေါ်ထပ်သို့ တက်သွားသည်ကို မြင်ရ၏။ ဒင်နီယယ်သည် စောစောက ဤလှေကားကိုပင် သတိမထားမိခဲ့။ မေမေဆင်းသည် လှေကားဘေးတစ်ဖက်မှ အခန်းထဲသို့ ဝင်သွား၏။ ထိုအခန်းကိုလည်း ဒင်နီယယ် အခုမှပင် သတိထားမိ၏။ ထိုအခန်းသည် ချက်တီဆင်း၏ ရုံးခန်း ဖြစ်ဖို့များသည်ဟု ဒင်နီယယ် တွေး၏။ အခန်း၏ ရှေ့မျက်နှာစာ ပြတင်းပေါက်တွင် မှန်တပ်ထား၏။ ယင်းမှန်သည် တစ်ဖက်မြင်မှန်ဖြစ်၏။ အခန်းတွင်းမှ ကြည့်လျှင် အပြင်ကို မြင်နိုင်သော်လည်း အပြင်မှ လူကတော့ အခန်းထဲကို မမြင်နိုင်။ ဒင်နီယယ်သည် မှန်ပြတင်းပေါက်ကို စိုက်ကြည့်နေရာမှ ကပျာကယာ မျက်နှာကို လွှဲလိုက်၏။ လွန်ခဲ့သော နာရီဝက်ခန့် အတွင်း ရုံးခန်းထဲမှ ချက်တီဆင်းသည် သူ့အားကြည့်နေလိမ့်မည်မှာ မလွဲ။ သူအသိနောက်ကျသွားခဲ့လေပြီ။ သူသည် ငွေသိမ်းကောင်တာ တစ်ခုဆီသို့ သွားကာ ဝယ်ထားသည့် ပစ္စည်းများအတွက် ငွေချေ၏။ ထို့နောက် ဆိုင်ထဲမှ ထွက်လာခဲ့၏။ { ဆင်ကုန်သည် ၁၄၅ ရုံးခန်းထဲသို့ သူ့မိန်းမ ဝင်သွားချိန်တွင် ချက်တီဆင်းသည် မှန်ပြတင်းပေါက်အနီး ၌ ရပ်နေဆဲ ဖြစ်သည်။ သူ့မိန်းမသည် ချက်တီဆင်း၏ မျက်နှာထား အိုနေသည် ကို ကြည့်၍ သူ့ယောက်ျား စိတ်အနှောင့်အယှက် ဖြစ်နေမှန်း သိလေသည်။. “ဟိုလူဖြူကို မင်းသတိထားလိုက်မိသလား" ဟု ချက်တီဆင်းက မေး၏ ။ “သူ စဝင်လာတည်းက ကျွန်မ သတိထားခဲ့မိတယ်၊ သူ့ကြည့်ရတာ ကျွန်မစိတ်ထဲမှာ တစ်မျိုးပဲ၊ စစ်သားလိုလို၊ ရဲလိုလိုပဲ” “မင်းက ဘာ့ကြောင့် အဲသလို ကွေးရတာလဲ” “ဒီလူက အရပ်ကလည်း မြင့်တယ်၊ လမ်းလျှောက်ပုံကလည်း တောင့် တောင့်မတ်မတ်နဲ့ စစ်သားလိုပဲ” “အင်.” “ငါ သူ့ကို သိသလိုပဲ၊ မကြာသေးခင်ကဘဲ တွေ့ ဖူးခဲ့ဘယ်၊ တွေ့ တာ ညပိုင်းဆိုတော့ သိပ်မသေချာဘူး” ပြောပြောဆိုဆို ချက်တီဆင်းသည် စားပွဲပေါ်မှ တယ်လီဖုန်းကို ကောက်ယူပြီး နံပါတ်နှစ်ခုကို လှည့်လိုက်သည်။ မှန်ပြတင်းပေါက်မှ လှမ်းကြည့် နေသော ချက်တီဆင်းသည် သူ၏ ဒုတိယသမီး တယ်လီဖုန်းကောက်ကိုင်သည် ကို မြင်နေရ၏။ “ရတနာ”ဟု ချက်တီဆင်းက သူ့သမီးအား ဟင်ဒီ ဘာသာစ အသံပေးသည်။
87.261146
Elephant Trader
Mg Htun Thu
10356
72
________________ ၁၄၆ နေသလား” www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “မင့်ကောင်တာမှာ ရောက်နေတဲ့လူက ကြွေးဝယ်ယူခွင့်ကဒ်နဲ့ ငွေရှင်း “ဟုတ်တယ် အဖေ 31 “ဒါဆိုရင် သူ့နာမည်ကို ယူထား၊ မြို့ထဲ ဘယ်မှာတည်းသလဲဆိုတာ လည်း မေးထား" ချက်တီဆင်းသည် တယ်လီဖုန်းကို ပြန်ချလိုက်ပြီး သူ ့သမီး၏ ကောင်တာရှေ့မှ လူဖြူကို မျက်ခြည်မပြတ် ကြည့်နေသည်။ လူဖြူထွက်သွား သည်နှင့် တစ်ပြိုင်နက် ဖုန်းကို ပြန်ကောက်သည်။ သည်။ “သူ့နာမည်က ဒင်နီယယ် အမ်းစထရောင်းတဲ့"ဟု သူ့သမီးက ပြော “သူ ကက်ပီတယ်ဟိုတယ်မှာ နေတယ်လို့ ပြောသွားတယ်" “အေး..ဟုတ်ပြီသမီး၊ ချာပီကို ပြန်ပြန်ခေါ်ပေးစမ်း၊ ဖေဖေ စကား ပြောစရာရှိလို့” အောက်ထပ်ရှိ သူ့သမီးသည် ဆုံလည် ကုလားထိုင် နောက်ပြန်လှည့် ကာ အဝင်တံခါးမကြီးအနီးမှ ယူနီဖောင်းဝက် အစောင့်တစ်ယောက်အား လှမ်းခေါ်လိုက်သည်။ အစောင့် ရောက်လာသောအခါ တယ်လီဖုန်းကို လှမ်းပေး လိုက်သည်။ “ချာပိ..မင်းစောစောက‘မာလွန်ရူး’ ကို မှတ်မိသလား၊ အခုပဲ ထွက်သွားတဲ့ လူလေ” ဟု ချက်တီဆင်းက အင်ဂိုနီဘာသာဖြင့် မေးသည်။ “မြင်တော့မြင်လိုက်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် မမှတ်မိဘူး" “လွန်ခဲ့တဲ့ ၄ ညကလေ၊ ငါတို့ ထရပ်ကား ချီရန်ဒူးနားမှာ ရပ်ပြီး ပစ္စည်းတွေ တင်ကြတယ်လေ၊ ပစ္စည်းတွေလည်း တင်ပြီးရော လူတစ်ယောက် ရောက်လာပြီးစုံစမ်းတယ် မဟုတ်လား၊ အဲဒါသူပေါ့” ချာဝီ ငြိမ်ဆိတ်ကာ စဉ်းစားလျက်ရှိ၏။ “ဟုတ်ချင်လည်း ဟုတ်မယ်” ဟု ချာဝီက ပြောသည်။ “ကျွန်တော် ကောင်းကောင်း မမှတ်မိတော့ဘူး” ချာဝီသည် အင်ဒိုနီလူမျိုး ဖြစ်သည်။ ဇူးလူးမင်းမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ သူ့လူမျိုးစုသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာ ချာကာဘုရင် အုပ်စိုး နေစဉ်က မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်၏။ ၁၄၇ သူသည် စစ်သည်တော်တစ်ဦးမျှသာဖြစ်၍၊ ဦးနှောက်ကို အသုံးချတတ် သူ တစ်ဦးမဟုတ်ပေ။ “သူ နောက်ကို လိုက်ကြည့်စမ်း”ဟု ချက်တီဆင်းက အမိန့်ပေးသည်။ “မင့်ကို သူမမြင်စေနဲ့၊ ငါပြောတာ နားလည်လား” “နားလည်ပါတယ် အင်ကိုစီ" ချာဝိသည် ဆိုင်ထဲမှ ခြေရာများကို သွက်လက်စွာ လှမ်း၍ ထွက်သွား သည်။ နာရီဝက်ခန့်အကြာတွင် ချာဒီ ပြန်ရောက်လာသည်။ ချက်ဘီဆင်းက သူ့သမီးထံ ဖုန်းဆက်၍ ချာဝီအား သူ့ရုံးခန်းသို့ အမြန်ဆုံးလွှတ်လိုက်ဖို့ အမိန့် ပေးသည်။ ချာဝီသည် ရုံးခန်းတံခါးဝ၌ ရပ်ကာ ချက်တို့ဆင်းအား မျက်စိသူငယ် ဖြင့် ကြည့်နေသည်။ “မင်းလိုက်သွားသလား” ဟု ချက်ဘီဆင်းက မေးသည်။ “လိုက်သွားပါတယ်ခင်ဗျ၊ အဲဒီလူ အစစ်ပါပဲ" ဟု ပြောသည်။ သူသည် လူကောင်ကြီးမားထွားကျိုင်းပြီး ခွန်အားဗလ တောင့်တင်း သော်လည်း ချက်တီဆင်းရှေ့ရောက်လျှင် ယုန်သူငယ် ဖြစ်နေသည်။ ချက်တီ ဆင်းအား အသေအလဲ ကြောက်သည်။ ချက်တီဆင်း မကျေနပ်လျှင် ဘာတွေဖြစ်တတ်သည်ကို သူသိနေ့သည် မဟုတ်ပါလား..။ " “ဟိုညက ကျွန်တော်ကို တွေ့ ခဲ့တဲ့လူပါပဲ ခင်ဗျာ” ချက်တီဆင်းက မျက်မှောင်တစ်ချက်ကုတ်၍ ချာဂီအား ကြည့်သည်။ “မင်းက အခုကျတော့လည်း သိပ်ကို သေချာနေပါကလား၊ ဘာဖြစ်လို့ “သူ့ကားကို မြင်လို့ပါ မင်ဘူး၊ ဒီဆိုင်က ဝယ်သွားတဲ့ ပစ္စည်းတွေကို သူ့ကားထဲ ထည့်နေတာ မြင်ခဲ့ရပါတယ်၊ သူ့ကား တံခါးပေါ်မှ နှိပ်ထားတဲ့ လက်သီးဆုပ်ပုံကို မြင်တော့ ကျွန်တော် မှတ်မိသွားပါတယ်” ချက်တီဆင်းက ကျေနပ်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။ “အခု သူဘယ်သွားလဲ” “သူကားနဲ့ဆက်သွားတယ်၊ ကျွန်တော်ဆက်ပြီး မလိုက်နိုင် ကျွန်တော် စိတ်မကောင်းပါဘူး။ အင်ကိုစီကာကုလူ” www.burmesassic.com
86.174104
Elephant Trader
Mg Htun Thu
10356
73
________________ ၁၄၈ www.burmeseclassic.com မောင်ထွန်းသူ “ကိစ္စမရှိဘူး၊ ဒီည ကုန်ဂိုဒေါင်မှာ အစောင့်ဘယ်သူကျမလဲ” “ကျွန်တော်ပါ မင်ဘူး၊ ပြီးတော့ နှန့်ဒီလည်း ပါမှာပါ” ချက်တီဆင်းသည် ထိုင်ရာမှ ထလိုက်သည်။ “ငါဒီည ဆိုင်ပိတ်ချိန်မှာ ဂိုဒေါင်ကိုလာခဲ့မယ်၊ ဂိုဒေါင်မှာ ဒိညပြဿနာ ရှိလိမ့်မယ်လို့ ငါထင်တယ်၊ အားလုံးအဆင်သင့်ဖြစ်အောင် လုပ်ထားကြဖို့ လို တယ်၊ နန်ဒီကို လှောင်ချိုင့်အသေးမှာထား၊ အလွဲလွဲအမှားမှား မဖြစ်စေနဲ့၊ ငါပြော တာ နားလည်လား” “ဟုတ်ကဲ့ပါ မင်ဘူး”” “ဒီည ခြောက်နာရီနော်” ချာပီသည် ခေါင်းညိတ်ပြပြီး အခန်းထဲမှ ထွက်သွားသည်။ ချက်တီ ဆင်းသည် မိနစ်အတော်ကြာမျှ ရပ်၍ စဉ်းစားနေသည်။ ထို့နောက် တယ်လီ ဖုန်းကို ကောက်ယူသည်။ ဇင်ဘာဘွေနိုင်ငံ ဟာရာရီသို့ ဆက်၏။ အာဖရိကတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံတယ်လီဖုန်း ဆက်ရသည်မှာ လွယ်သည် မဟုတ်။ နောက်ထပ် မိနစ် ပေါင်းများစွာ စောင့်နေရသည်။ “မင်္ဂလာနေ့ခင်းပါ၊ တရုတ်တိုင်ပေ သမ္မတနိုင်ငံသံရုံးက စကားပြောနေ ပါတယ်၊ ဘာကိစ္စရှိလို့ပါလဲ” တစ်ဖက်မှ အသံသည် တိုးတိုး... “ကျွန်တော် သံအမတ်ကြီးနဲ့ စကားပြောပါရစေ” “ကိုင်ထားပါခင်ဗျာ” တစ်မိနစ်ခန့်အကြာတွင် တစ်ဖက်မှ ချင်၏အသံပေါ် လာသည်။ “ခင်ဗျား ဒီနံပါတ်နဲ့ ဆက်သွယ်ဖို့ မသင့်ဘူး” “သိပ်အရေးကြီးလို့ ဆက်ရတာ” “ဒီဖုန်းနဲ့ စကားပြောလို့ မဖြစ်ဘူး၊ ခင်ဗျား နံပါတ်ပေး၊ နာရီပိုင်း အတွင်း ကျွန်တော် ပြန်ဆက်မယ်” မိနစ်လေးဆယ်ခန့်မျှ အကြာတွင် ချက်တီဆင်း၏ စားပွဲပေါ်မှ တယ်လီဖုန်းမြည်သံ ကြားရ၏။ “ဒီလိုင်းက စိတ်ချရတယ်”ဟု ဂျင်က ပြော၏။ “ဒါပေမဲ့ စကားပြောရင် သတိထားပြောဖို့တော့ လိုတယ်” ဆင်ကုန်သည် “ခင်ဗျား အမ်းစထရောင်းဆိုတဲ့ လူဖြူးကို သိသလား” ၁၄၉ “ဒေါက်တာ အမ်းစထရောင်းလား၊ ကျွန်တော် သိတယ်” “ဒီလူဟာ ခင်ဗျားနဲ့ ချင်ဒီဝီစခန်းမှာ ဆုံမိခဲ့တဲ့ လူမဟုတ်လား၊ လမ်းမှာ ဒုတိယတစ်ခါဆုံမိတော့ ခင်ဗျားရဲ့ ဖိနပ်နဲ့ ဘောင်းဘီက အစွန်းအကွက်တွေကို မြင်သွားတယ်ဆိုတဲ့လူပဲ မဟုတ်လား” “ဟုတ်တယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ သူဘာမှမသိနိုင်ပါဘူး" “ဒါဆိုရင် ဒီအကောင်ဘာကြောင့် လီယောင်ဝီမြို့အထိ လိုက်လာရတာ လဲ" ဟု ချက်တီဆင်းက စိတ်တိုသံဖြင့် ပြောသည်။ “ခင်ဗျားက စိတ်မပူပါနဲ့လို့ ပြောချင်သေးသလား" တစ်ဖက်မှ ငြိမ်ဆိတ်နေ၏။ “အဲဒီညက ချီရန်ဒူးလမ်းပေါ်မှာ ခင်ဗျားကို သူတွေ ့သွားသလား” “တွေ့ သွားတယ်၊ ခဏရပ်ပြီး ချင်ပီပီ စခန်းက အသားတင်ထရပ်ကား တွေ ဖြတ်သွားတာ မြင်လိုက်သလားလို့ မေးတယ်" အချိန်လား” “ဘယ်အချိန်မှာလဲ၊ ဆင်စွယ်တွေ ခင်ဗျားရဲ့ ထရပ်ကား ပေါ်တင်ပြီးတဲ့ “ဟုတ်တယ်၊ ဒါပေမယ့် သူ တွေ့မသွားဘူး” “သူနဲ့ စကားကြာကြာ ပြောလိုက်ရသလား” “တစ်မိနစ်လောက်ပါ၊ ချက်ချင်းပဲ ဟာရာရီဘက် ထွက်သွားတယ်၊ ခင်ဗျားရဲ့ နောက်ကို လိုက်တာလို့ ကျွန်တော်က ထင်ထားတာ၊ သူက ရိုခိုကို ရန်ပြုသွားတယ်၊ ကားကိုလည်း ရှာတယ်၊ ဘာမှတော့ တွေ့ မသွားဘူး *ဒီကောင် သံသယရှိနေတာကတော့ သေချာနေပြီ” “သေချာတယ်.. ဟုတ်လား” ဟု ဂျင်က မလိုတမာသံဖြင့် ရေရွတ်၏။ “ခင်ဗျားနဲ့ တစ်မိနစ်ပဲ စကားပြောတယ်ဆိုရင် သူက ခင်ဗျား ဘယ်သူ ဘယ်ဝါဆိုတာ သိနိုင်ပါ့မလား" “ကျွန်တော့် နာမည်နဲ့ လိပ်စာက ထရပ်ကားမှာ စာလုံးကြီးတွေနဲ့ ရေးထားတာ” ဟု ချက်တီဆင်းက စိတ်ရှုပ်သံဖြင့် ပြော၏။ ချင်းသည် နှုတ်ဆိတ်နေပြန်၏။ တယ်လို့ ထင်တယ် မိတ်ဆွေ၊ ခင်ဗျား ဖုံးထားသင့်တယ်" “အဲဒါတော့ ကျွန်တော် မသိဘူး၊ ဒါကတော့ assic.com/
85.877581
Elephant Trader
Mg Htun Thu
10356
74
________________ ၁၅၈ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ ဘူး “ငှက်ပျံသွားပြီးမှ တံခါးတွေ ထပိတ်ဖို့ ကြိုးစားနေလို့ကတော့ ကားပဲ" ဟု ချက်ဘီဆင်းက ရေရွတ်၏။ “အခု ပစ္စည်းတွေ ဘယ်မှာလဲ၊ သင်္ဘောပေါ် တင်ပြီးပြီလား" “မတင်ရသေးဘူး၊ မနက်ဖြန်မှ တင်ရမယ်” “မြန်မြန်တင်လို့ မရဘူးလား” “မဖြစ်နိုင်ဘူး” “ဒါဆိုရင်လည်း မတတ်နိုင်တော့ဘူး၊ ခင်ဗျား အမ်းစထရောင်းနဲ့ ရင်ဆိုင်ရတော့မှာပဲ" “ဒါပေါ့” ဟု ချက်တီဆင်းက ပြော၏ ။ “ကျွန်တော့်ဘက်ကတော့ ပြတ်ပြတ်သားသား ရင်ဆိုင်ဖို့ ဆုံးဖြတ်ထား တယ်၊ ခင်ဗျားဘက်ကကော ဘယ်လိုလဲ၊ အားလုံး လုပ်သင့်တာ လုပ်ထားပြီးပြီ လား၊ ခင်ဗျားရဲ့ မာစီဒီးကားကော ဘယ်လိုလဲ” “လုပ်ပြီးပြီ” “ယာဉ်မောင်းနှစ်ယောက်ကိစ္စကော" ပြီးပြီ” “ရဲတွေကော လာစုံစမ်းပြီလား” “စုံစမ်းတယ်၊ လုပ်ရိုးလုပ်စဉ် သဘောပဲ” ဟု ချက ပြော၏။ “သူတို့က ခင်ဗျားရဲ့ နာမည်ကို မပြောကြပါဘူး၊ တစ်ခုသတိထားရမှာ ကျွန်တော့်ဆီ ဖုန်းဆက်ရင် သံရုံးကို မဆက်နဲ့၊ ကျွန်တော် အခုပေးတဲ့ နံပါတ် ကို မှတ်ထား” 00 ချက်တီဆင်းသည် နံပါတ်ကို မှတ်ထား၏။ “ဒီကောင့် အကြောင်းကို ကျွန်တော် ထပ်ပြောမယ်" ဟု ပြော၏။ ချင်သည် ဖုန်းခွက်ကို ပြန်ချထားလိုက်၏ ။ ချက်တီဆင်းထံမှ ကြားရ သည့် သတင်းကြောင့် တုန်လှုပ်ခြင်းတော့ ဖြစ်ရသည်။ ထိုညက အဖြစ်အပျက်သည် သူ့အာရုံထဲ ပြန်ဝင်လာ၏။ ထိုညက ချက်တီဆင်းနှင့် ဆုံမိသည့်အခါ သူ့ဘောင်းဘီ ကလနားတွင် စွန်းနေသည့် သွေးစများကိုပြန်၍ သူခံစားနေရသည့် သောကကို ဖွင့်ဟပြောခဲ့၏။ “လူသတ်ထားတဲ့နေရာကို ခင်ဗျားသွားဖို့မလိုပဲ သွားခဲ့တာဟာ အမှား ပဲ" ဟု ချက်ကီဆင်းက အပြစ်တင်ခဲ့လေသည်။ ၁၅၁ “အမှန်တော့ ဒါဟာ မိုက်တာပဲ၊ ဒါပေမဲ့ ပြီးသွားပြီ၊ ပြင်လို့ မရတော့ “ကျွန်တော်ကလည်း စိတ်ပူလို့ သွားကြည့်မိတာ၊ ပူတဲ့အတိုင်းပဲ၊ ကြီးကြပ်ရေးမှူးက မသေသွေးဘူး” “ထားပါတော့၊ ခင်ဗျား အဝတ်တွေကိုသာ မီးရှို့ဖို့ မမေ့ပါနဲ့” ထိုညက ဆင်စွယ်များကို ကားပြောင်း၍ တင်နေခိုက်တွင် သူသည် လမ်းဘေး၌ မီးဖိုပြီး အဝတ်များကို မီးရှို့ပစ်ခဲ့သည်။ ချက်တီဆင်း အကြံပေး သဖြင့် မာစီဒီးကားထဲမှ ရော်ဘာကြမ်းခင်းများကို မီးရှို့ ပစ်လိုက်သည်။ ပြီးတော့ မာစီဒီးကား... ထိုညက သူအိမ်ပြန်ရောက်သည့်အခါ ရေမိုးချိုး၊ အဝတ်အစားလဲ ပြီးချိန်အထိ တုန်လှုပ်ချောက်ချားစိတ်က မပျောက်သေး။ အိမ်တွင် သူ့မိသားစုမရှိ။ လွန်ခဲ့သော အပတ်ကတည်းကပင် တိုင်ပေ သို့ အလည်ပြန်သွားကြသဖြင့် သူတစ်ယောက်တည်း ရှိ၏။ သူ အိပ်ရာဝင်သည့်အခါ နှစ်နာရီ ထိုးနေပြီ။ ထိုအခိုက်မှာပင် အပြင် ကားဂိုဒေါင်ထဲမှ မာစီဒီးကားစက်နှိုးသံ ကြားသည်။ သူသည် ပြတင်းပေါက်တွင်ရပ်၍ အပြင်သို့ ချောင်းကြည့်မိသည်။ ကားထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။ ချက်တီဆင်း၏ အစီအစဉ်ပင် ဖြစ်လိမ့်မည်ဟု သူခန့်မှန်းမိသည်။ နံနက်အိပ်ရာမှ နိုး၍ နံနက်စာစားချိန်တွင် ချင်သည် သူ့မာစီဒီးကား ပျောက်သွားကြောင်း ရဲတိုင်၏။ နောက်နှစ်ဆယ့်လေးနာရီအကြာတွင် ရဲများက သူ့ကားကို လေယာဉ်ကွင်းသွားသည့် လမ်းဘေးတစ်နေရာ၌ မီးလောင်ထား သည်ကို တွေ့ရ၏။ ဓာတ်ဆီတိုင်ကီ ပေါက်ကွဲသွားသဖြင့် ကားတစ်စီးလုံး အစအနပင် ရှာမရ ဖြစ်သွား၏။ မည်သို့ပင်ဖြစ်စေ အာမခံကုမ္ပဏီမှ အာမခံငွေ လျော်ကြေးကို တော့ ရလိမ့်ဦးမည် ဖြစ်သည်။ နောက်တစ်နေ့နံနက်တွင် ချင်၏ ကိုယ်ရေးသုံး တယ်လီဖုန်းမှတစ်ဆင့် သတင်းတစ်ခုရှိ၏။ သတင်းပေးသူ၏ အသံသည် အာရှတိုက်သည့် အသံ။ ချက်တီဆင်း၏ အသံနှင့် ဆင်သလိုလို.. www.blassic.com အသံရှင်က “ဒီနေ့ ထုတ် ဟာရဲလ်သတင်းစာ စာမျက်နှာ ဟု ပြောကာ ဖုန်းချသွားသည်။
86.749556
Elephant Trader
Mg Htun Thu
10356
75
________________ ၁၅၂ www.burmeseclassic.com မောင်ထွန်းသူ ချင်သည် သတင်းစာကို ယူကြည့်သည်။ သတင်းမှာ စာကြောင်းရေ ခြောက်ကြောင်းမျှသာ ပါသည့် သတင်းတိုလေး ဖြစ်သည်။ “အရက်မူး၍ ရန်ဖြစ်ရာမှ ဓားနှင့်ထိုးသတ်ခံရခြင်း.." “အမျိုးသား သဘာဝတောထိန်းဌာနမှ ရိုမိုချီဆန်ဒါ ဆိုသူသည် မြို့လယ်အရက်ဆိုင်၌ အရက်မူးပြီး ရန်ဖြစ်ရာမှ လူတစ်ဦးက ဓားဖြင့် အသေထိုး သတ်သွားကြောင်း” ဟူ၍ ဖြစ်သည်။ နောက်တစ်နေ့တွင် အသံရှင်၏ ဖုန်းခေါ်သံကို ကြားရပြန်သည်။ “စာမျက်နှာ ခုနစ်” ဟု တစ်ခွန်းတည်း ပြောသည်။ သတင်းခေါင်းစီးမှာ မီးရထားတိုက်မှု' ဟု တပ်ထားသည်။ “အမျိုးသားသဘာဝတောထိန်းဌာနမှ ဝန်ထမ်း ဒေးဗစ်ရှရီဆိုသူသည် ဟတ်လေအနီးရှိ မီးရထားသံလမ်းပေါ်တွင် ရထားကြိတ်၍ သေဆုံးနေသည်ကို တွေ့ရကြောင်း၊ သေသူသည် အရက်အလွန်အကျွံ သောက်ထားဟန်တူကြောင်း ဟု ရေးထား၏ ။ သက်သေအားလုံး ဖျောက်ဖျက်ပြီးသွားပြီ။ မည်သူ့လက်ချက်နည်း... အသံရှင်သည် မည်သူနည်း... ဟာရာရှိရုံး လုပ်ငန်းခွဲများကို လာရောက် အုပ်ချုပ်နေရသော ချက်တီ ဆင်း၏သားမှတစ်ပါး အခြားလူ ဖြစ်နိုင်စရာ မရှိ။ နောက်သုံးရက်မျှအကြာတွင် ရဲမင်းကြီးက သူ့ထံဖုန်းဆက်၏။ ချင်ဝီဝီ စခန်းကိစ္စ ပြောသည်။ ထိုနေ့က ချင်ပီပီ စခန်းတွင် အထူးဧည့်သည်တော်အဖြစ် ခေတ္တခဏမျှ နေထိုင်ခဲ့သော သံအမတ်ကြီးထံမှ စစ်ချက်ယူခွင့်ပြုဖို့ မေတ္တာရပ်ခံ သည်။ ဤသို့ဖြင့် ရဲမင်းကြီး စေလွှတ်သည့် ရဲအရာရှိ တစ်ယောက်နှင့် ရဲတပ် ကြပ်တစ်ယောက် သူ့ထံရောက်လာကြ၏။ ရဲအရာရှိသည် အရပ်ဝတ် အရပ်စား နှင့်ဖြစ်၍ လိမ္မာပါးနပ်သည့် လက္ခဏာရှိ၏။ သူ ချင်ဝိဝီစခန်းသို့ သွားသည့် အချိန်မှစ၍ ပြန်လာချိန်အထိ အခြေ အနေအရပ်ရပ်ကို စေ့စေ့စပ်စပ် အမေးခံရ၏။ သူကလည်း ကြိုတင်ဇာတ်တိုက် ထားသည့်အတိုင်း သံသယ မရှိအောင် ဖြေကြား၏။ ဆင်ကုန်သည် ၁၅၃ ရဲအရာရှိသည် စိတ်ဂနာမငြိမ် ဖြစ်နေပုံရသော မျက်နှာထားဖြင့် သူ့အား ကြည့်နေသည်။ ထိုနောက် အားတုံ့အားနာဟန်ဖြင့် မေးခွန်းတစ်ခု ပေး၏။ “ဒေါက်တာ” အမ်းစထရောင်းကလည်း ဒီလူသတ်မှုအတွက် တိုင်ချက် ဖွင့်ထားပါတယ်ခင်ဗျာ၊ အခု သံအမတ်ကြီးရဲ့ ထွက်ဆိုချက်တွေနဲ့ အတူတူပါပဲ၊ ဒါပေမဲ့ တစ်ခုပဲ မတူတာရှိပါတယ်၊ သူက သံအမတ်ကြီးရဲ့ အဝတ်မှာ သွေးစ သွေးနတွေ မြင်ခဲ့ရတယ်လို့ ဆိုထားပါတယ်" ပါတယ်" “သူက ဘယ်အချိန်က မြင်တာလဲ” ဟု သူက ပြန်မေးသည်။ “သူ ချင်ဝီဝီက အပြန်လမ်းမှာ ဆုံမိကြတုန်းက မြင်ခဲ့တာပါလို့ ပြော “ဪ..ဟုတ်ပြီ၊ ကျွန်တော်က ဆင်တွေဖျက်တာ သွားကြည့်မိတယ်၊ စိတ်ဝင်စားလို့ပါ၊ အဲဒီအချိန်မှာက ဆင်သွေးတွေ အများကြီးရှိနေတာပဲ၊ အမှတ် တမဲ့ သွေးကွက်တွေ နင်းမိပြီး ပေတာ စွန်းတာဖြစ်မှာပါ” ရဲအရာရှိ၏ နဖူးတွင် ချွေးသီးချွေးပေါက်များ စို့နေသည်။ “ကျွန်တော့်ကို တစ်ခုမေးခွင့်ပြုပါ သံအမတ်ကြီး၊ အဲဒီ ညက ဘာတွေ ဝတ်ထားတယ်ဆိုတာ” ဗတ်ရှူးပါ” “ဟာ..ရပါတယ်၊ ရှပ်အင်္ကျီအဖြူ၊ ဘောင်းဘီအပွ အပြောရောင်နဲ့ ကင်း “အဲဒါတွေ ရှိနေ့တယ် မဟုတ်လားခင်ဗျာ” “ရှိပါတယ်၊ ရှပ်အင်္ကျီနဲ့ ဘောင်းဘီကတော့ လျှော်ပြီးလောက်ပြီ၊ ဖိနပ် ကလည်း တိုက်ထားပြီးလောက်ပြီ ထင်တာပဲ၊ ဒါတွေကို ခင်ဗျား စစ်ဖို့ဆေးဖို့ ယူသွားချင်နေသလား” “ကျွန်တော်တို့ အဲသလောက်အထိ မလုပ်ချင်ပေမဲ့ ဒေါက်တာ အမ်းစထရောင်းရဲ့ ထွက်ချက်က ရှိနေတော့..” “ရပါတယ်ဗျာ”ဟု ပြောကာ ချင်က ပြုံးသည်။ c.com “ကျွန်တော် ခင်ဗျားတို့ သမ္မတကြီးနဲ့ အိမ်တော်မှာ နေ့လယ်စာ ားဖို့ ကိစ္စ ရှိနေပါတယ်၊ ကျွန်တော့်အဝတ်တွေကို ခင်ဗျားတို့ဆီ ပို့ပေးလိုက်ပါမယ်..။ ရဲများသည် ထိုင်နေရာမှ ကသောကမျော ထလိုက်ကြသည်။
87.334526
Elephant Trader
Mg Htun Thu
10356
76
________________ ၁၅၄ www.burmeseclassic.com မောင်ထွန်းသူ “ရပါတယ်ခင်ဗျာ၊ ရပါတယ်၊ သံအမတ်ကြီး အခုလို ကူညီတာ ကျေးဇူးတင်လို့ မဆုံးပါဘူး” ဟု ရဲအရာရှိက ပြောသည်။ ရဲနှစ်ယောက် တံခါးဝအရောက်တွင် သူက လှမ်းမေးသည်။ “သတင်းစာထဲမှာ နျုင်ဝီဝီစခန်း ဝင်စီးတဲ့ အဖွဲ့မိပြီလို့ပါတယ်၊ အဲဒါ အမှန်ပဲလား၊ ခိုးသွားတဲ့ဆင်စွယ်တွေကော ပြန်ရကြသလား” “လူဆိုးတွေ ဇမ်ဘီဇီမြစ်အကူးမှာ ကြားဖြတ်တိုက်ကြတယ်၊ သေတဲ့ လူတွေသေပြီး လွတ်တာတွေလွတ်ကုန်တယ်၊ ဆင်စွယ်တွေကလည်း မြစ်ထဲကျ ကုန်လို့ ပြန်မရတော့ဘူး” “စိတ်မကောင်းစရာပဲဗျာ” သူကပြောကာ သက်ပြင်းချသည်။ ထိုနေ့က ရဲများပြန်သွားပြီးသည့် နောက်ပိုင်းတွင် သူသည် စိတ် အတော်အေးသွားသည်။ လက်ရှိသက်သေဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မကျန်တော့၊ သက်မဲ့သက်သေ ပစ္စည်းဆို၍လည်း ဘာတစ်ခုမျှ မရှိတော့။ စိတ်လက် ကြည်လင်ပေါ့ပါးမှုကြောင့် သူ့ရင်သည် အေးမြလျက်ရှိခဲ့ရသည်။ သို့သော်လည်း ယခုအချိန်ကျခါမှ ချက်တီဆင်း၏ သတင်းပေးချက် အရ ဒေါက်တာဒင်နီယယ်အမ်းစထရောင်းအကြောင်း သိလာရ၏။ အမ်းစ ထရောင်းသည် ပြဿနာနောက်သို့ တကောက်ကောက် လိုက်လာနေဆဲ ဖြစ်၏။ ချက်တီဆင်းကတော့ အမ်းစထရောင်းကို ရှင်းပစ်မည်ဟု ရည်ရွယ်ဟန်တူ၏။ တကယ်တော့ အမ်းစထရောင်းသည် နိုင်ငံတကာက သိနေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ် ပျောက်သွားခဲ့ပါမူ တစ်ကမ္ဘာလုံး က စိတ်ဝင်စားဖို့ရှိ၏။ သို့ဆိုလျှင်.. မည်သို့ပင်ဖြစ်စေ ယခုလကုန်တွင် သူတိုင်ပေတို့ ပြန်ရန် အစီအစဉ် ရှိပြီးပြီ။ သူ့မိန်းမနှင့် ကလေးများပင်လျှင် ယခုတိုင်ပေ၌ ရောက်နေကြပြီ မဟုတ် ပါလော။ လကုန်ရက်မှာလည်း ရှစ်ရက်သာ လိုတော့၏။ ဒေါက်တာ အမ်းစထ ရောင်းအနေဖြင့် လီလောင်ဝီသို့ ရောက်လာပြီး ဘာတွေပဲလုပ်နေနေ သူဂရုစိုက် စရာ မလိုတော့။ ဆင်ကုန်သည် ၅ ဒင်နီယယ်သည် ချက်တီဆင်း စတိုးမှ ဝယ်ယူခဲ့သော ပစ္စည်းများကို ကားထဲထည့် ကာ ကားကိုမောင်း၍ မြို့ဆင်ခြေဖုံးရှိ စက်မှုလက်မှုရပ်ကွက်သို့ လာခဲ့သည်။ လမ်းဘေးဈေးသည်များ အကူအညီဖြင့် မီးရထားလမ်းအနီးရှိ ချက်တီဆင်းပိုင် မြေဆီသို့ ရောက်လာခဲ့သည်။ မြေမှာ လေးဧကကျော်ကျော် ငါးဧကနီးပါး ရှိ၍ ဝါကြိတ်စက်ရုံ တည်ဆောက်ရန် လျာထားသည့်မြေ ဖြစ်၏။ ထိုမြေကွက်၏ ဘေးတစ်ဖက်တွင် သံဆူးကြိုးများ ကာရံ ထားသည့် ဝင်းကြီးတစ်ဝင်းရှိ၍ ဝင်းထဲတွင် အလုပ်ရုံများ ရှိသည်။ ချက်တီဆင်း၏ တိုယိုတာ ကိုယ်စားလှယ်ဌာနပိုင် မော်တော်ကားပြင် အလုပ်ရုံများပေတည်း။ အလုပ်ရုံများ၏ အရှေ့ဘက် မြေကွက်ထဲတွင် တိုယိုတာ ကားသစ် အစီးတစ်ရာခန့် ထိုးထားသည်။ သင်္ဘောပေါ်မှချပြီး စဖြစ်၍ ကားအားလုံး ညစ်ပတ်ပေရေလျက်ရှိ၏။ ဝင်းထဲတွင် စက်ပြင်များ အလုပ်လုပ်နေသည်ကို မြင်နေရ၏။ အများအားဖြင့် ဖိုမင်များသည် ဆစ်ခ်လူမျိုးများဖြစ်၍ လက်ထောက် များနှင့် အကူစက်ပြင်များမှာ လူမည်းများသာ ဖြစ်သည်၊ ဒင်နီယယ်သည် ကားကိုမောင်း၍ ဝင်းထဲသို ့ ဝင်လာခဲ့သည်။ အပြာ ရောင်ဝတ်စုံဖြင့် ဖိုမင်တစ်ဦးအား သူ့ကားရေဆေး ဆီထိုး စသည်များလုပ်ဖို့ စုံစမ်းသည်။ သူသည် ပတ်ဝန်းကျင်ကို တစေ့တစောင်း အကဲခတ်သည်၊ ခိုးယူ သွားသော ဆင်စွယ်များကို ဤဝင်းထဲ၌ ဝှက်ထားစရာ ဟု ကျိတ်၍ ဆုံးဖြတ်လိုက်သည်။
89.189189
Elephant Trader
Mg Htun Thu
10356
77
________________ ၁၅၆ www.burmeseclassic.com မောင်ထွန်းသူ ဖိုမင်က သူ့ကား ဆေးဖို့ စာရင်းသွင်းပြီး နောက်နေ့ နံနက်ရှစ်နာရီတွင် အရောက်လာရန် ချိန်းသည်။ သူ၏ စပ်စုမှုကြောင့် ချက်တီသင်း၏ လွှစက်နှင့် ကုန်ရုံသည် ကားအလုပ်ရုံ၏ နောက်ဘက်၌ တည်ရှိကြောင်း သိခဲ့ရ၏။ သူသည် ကားကို လွှစက်ဆီသို့ မောင်းလာခဲ့သည်။ လွှစက်အတွင်းတွင် သစ်လုံးများ ထောင်ပုံရာပုံ ချထားသည်ကို မြင်နေရ၏။ လွှစက်နှင့် တစ်ဆက်တည်း ရှိနေသော မြေပေါ်တွင် အဆောက်အအုံ ငါးလုံးတိတိရှိ၍ ယင်းတို့သည် ချက်ကီဆင်း၏ ကုန်ပစ္စည်းထားရာ ဂိုဒေါင်များ ပေတည်း။ အင်္ဂတေ ကျောက်ပြားမိုး၊ ကျောက်ပြားကာ အဆောက်အအုံများဖြစ်၍ ရှေ့မျက်နှာစာတွင် “ချက်တီဆင်း ကုမ္ပဏီ၊ ဗဟိုကုန်လှောင်ရုံ” ဟူသော ဆိုင်းဘုတ်ရှိသည်။ ချက်တီဆင်းသည် သူ့နာမည်ကို နေရာတိုင်း၌ ရှိစေချင်ပုံ ရသည်ဟု ဒင်နီယယ်တွေးမိသည်၊ ရုတ်တရက် သူ့ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ သူ့ကားကို ခပ်ဖြည်းဖြည်းမောင်း၍ ဖြတ်လာနေခိုက်မှာပင် ကုန်လှောင်ရုံဝင်း၏ အလယ်၌ ရပ်ထားသည့် ထရပ်ကားကို မြင်လိုက်သည်။ ဟိုတစ်ညက သူတွေ့ခဲ့သည့် အစိမ်းရောင် တာပေါ်လင်ရွက်ထည်အုပ် ဆယ်ဘီးကားကြီးဖြစ်၍ သူမမှတ်မိနိုင် စရာမရှိ။ ကားပေါ်တွင် ကပ်ငြိနေသည့် မြေနီရောင်များသည် သူ့လင်ခရူဇာ ကားတွင် ရှိနေသည့် မြေရောင်နှင့် တစ်ထပ်တည်း ဖြစ်နေသည်။ အလုပ်သမား တစ်ဒါဇင်ကျော်ခန့်သည် ကားထဲမှ အညိုရောင်ဂုန်အိတ် ကြီးများ သယ်၍ ဂိုဒေါင်တွင်းသို့ ပို့နေကြသည်။ ပြောင်း၊ သကြား သို့မဟုတ် ဆန်အိတ်များဟု ထင်ရ၏ ။ ဇမ်ဘီဇီ တောင်ကြားထဲတွင် ဆုံခဲ့ရစဉ်က ရခဲ့သည့် ငါးခြောက်နဲ့ ဘော့ မရ။ သူသည် ကားပြတင်းပေါက်ကိုဖွင့်၍ အနံ့ရှူကြည့်သည်။ ဖုန်နံ့နှင့် ဒီဇယ်နံ့ များမှတစ်ပါး အခြားဘာနဲ့မျှ မရ။ သူသည် ကားကို ဝင်းရှေ့မှ ဖြတ်ကျော်လာ ခဲ့သည်။ နောက်ပြန်လှည့်ရလျှင် ကောင်းလေမလားဟု တွေးမိသည်။ “မသင့်တော့ဘူး၊ သူတို့ရိပ်မိကုန်မှာ စိုးရတယ်” ဟု သူ့ကိုယ်သူ ပြောသည်။ သူသည် ကက်ပီတယ်ဟိုတယ်သို့ ပြန်လာခဲ့၏။ အခန်းထဲသို့ ရောက် လျှင် ရေချိုးသည်။ အဝတ်လဲသည်။ ထို့နောက် သူရင်ဆိုင်နေရသည့် ပြဿနာကို ပြန်၍ ဆင်ခြင်စဉ်းစား၏။ ဆင်းကုန်သည် ၁၅၇ မိမိ၏ သံသယဖြစ်မှုကို ရဲထံအကြောင်းကြားလိုက်လျှင် ကောင်း မလား။ တကယ်တော့ ဤကိစ္စသည် မိမိတာဝန်မဟုတ်၊ ရဲတာဝန်သာ ဖြစ်၏။ ဟုတ်ပြီ...မိမိက ရဲကို ထင်မြင်ချက် ပေးလိုက်ပြီ ဆိုပါတော့... အရေးယူဆောင်ရွက်ဖို့ အနည်းဆုံး သုံးလေးရက် ကြာမည်။ ထိုရက်များအတွင်း မစ္စတာဆင်းသည် သူ့လက်ထဲ ရောက်နေသည့် ဆင်စွယ်များကို တခြားသို့ပို့တော့မည်။ ဘယ်နည်းနှင့်မှ လက်ပူးလက်ကြပ် မိနိုင်တော့မည် မဟုတ်။ သူ့အနေဖြင့် ဘယ်နည်းနှင့်မျှ ထိုအဖြစ်မျိုး အရောက်မခံနိုင်။ သို့ဆို လျှင် သူ့သံသယမှန်မမှန် သူကိုယ်တိုင်သာလျှင် စူးစမ်းကြည့်ချင်သည်။ သူ့ရင်သည် ပေါ့သွားသည်။ အောက်ထပ် စားသောက်ခန်းသို့ ဆင်း၍ အေးအေးဆေးဆေး စားသည်။ စားသောက်ပြီးသည့်အခါ အခန်းသို့ ညစာကို ပြန်၏။ ညသန်းခေါင်ကျော်မှ သူ လှုပ်ရှားနိုင်တော့မည်ဖြစ်၍ လောလောဆယ် တစ်ရေးလောက် အိပ်နိုင်သေး၏။ သူသည် လက်ပတ်နာရီကို ကြည့်သည်။ သူ့နာရီကို ရပ်နေသလားဟုပင် ထင်မိ၏။ တကယ်တော့ စောင့်မျှော် ရခြင်းသည် အဆိုးဆုံးသော အပိုင်းတစ်ပိုင်းဖြစ်သည် မဟုတ်ပါလား....။ www.burmeseclassic.com
88.287592
Elephant Trader
Mg Htun Thu
10356
78
________________ www.burmeseclassic.com ဆင်ကုန်သည် ၁၉၉ စတိုးဆိုင်ပိတ်ပြီ။ ဆိုင်အောက်ထပ်မှ ချက်တီဆင်း၏ ဇနီးသည် သူ့သမီးများနှင့်အတူ အပေါ်ထပ်သို့ တက်လာသည်။ ရုံးခန်းထဲရောက်သည့်အခါ ထုံးစံအတိုင်း ယနေ့ ရောင်းရငွေများကို ချက်တီဆင်းအား အပ်သည်။ ချက်တီဆင်းက ရောင်းရငွေကို သူ့နေ့စဉ် ရောင်းရငွေစာရင်းစာအုပ်ထဲ ရေးသွင်းပြီး ငွေကိုသိမ်း၏။ “ငါအိမ်အပြန် နောက်ကျလိမ့်မယ်”ဟု ချက်တိဆင်းက သူ့ခံနီးအား လှမ်းပြော၏။ “ညစာကို ပြန်မှပဲစားမယ်၊ ဂိုဒေါင်ဘက်မှ လုပ်စရာ ကိစ္စတစ်ခုရှိလို့ သွားရဦးမယ်” ဇနီးသည်က လက်အုပ်ချီပြီး ချက်တီဆင်းအား တရိုတသေ နှုတ်ဆက် သည်။ သမီးများကလည်း သူတို့အမေ လုပ်သလို လိုက်လုပ်ကြပြီး ရုံးခန်းထဲမှ ပြန်ထွက်သွားကြလေသည်။ ချက်တီဆင်းသည် ချက်ချင်းပင် ရုံးခန်းတံခါးကို ပိတ်ကာ သူ၏ကား ဒီလက်ကားဖြင့် ဂိုဒေါင်သို့ ထွက်လာခဲ့သည်။ ဂိုဒေါင်ဂိတ်တံခါးဝ ရောက်သည် နှင့်တစ်ပြိုင်နက် သူ့တပည့် ချာဝီက တံခါးဖွင့်ပေး၏။ “ဘယ်လိုလဲ..လာသလား" ဟု ချက်တီဆင်းက မေးလေသည်။ “လာပါတယ် သခင်” ဟု နျာပီက ပြန်ပြော၏။ assic.com “သူ ဒီကို လေးနာရီဆယ်မိနစ်လောက်မှာ ရောက်ပါတယ်၊ ကလေးကို ဝပ်ရှော့က ဖြည်းဖြည်းလေး ဖြတ်မောင်းပြီး အတွင်းဘက်ကို ကြည့်သွားပါတယ်” www.bu
84.148728
Elephant Trader
Mg Htun Thu
10356
79
________________ ၁၆၇ www.burmeseclassic.com မောင်ထွန်းသူ ချက်တီဆင်းသည် မျက်မှောင်တစ်ချက်ကုတ်လိုက်ပြီး “ဒီကောင်ဟာ အတော့်ကို အနှောင့်အယှက်ပေးတဲ့ကောင်ပါလား” ဟု ရေရွတ်သည်။ “ကဲ..လာ၊ မင်း ငါနဲ့လိုက်ခဲ့” ဟု ချာအား ပြောသည်။ ချာဂီသည် ကားဒီလက်ကားနောက်ခန်းထဲ ဝင်ထိုင်၏။ ချက်တီဆင်း သည် ကားဂိုဒေါင်အား ရှေ့မှ ဖြတ်မောင်းလာခဲ့သည်။ ဂိုဒေါင်တံခါးကို သော့ခတ်ပိတ်ထားပြီးပြီ ဖြစ်၏။ လွန်ခဲ့သော သုံးလေးနှစ်ကတော့ ချက်တီဆင်း၏ ဂိုဒေါင်များသည် မကြာခဏ အဖောက်ခံရ သည်။ အဖောက်ခံရတိုင်းလည်း ပစ္စည်းအများအပြား ပါသွားလေ့ရှိသဖြင့် ချက်တီဆင်းမှာ များစွာ ခေါင်းရှုပ်ခဲ့ရ၏။ တစ်နေ့တွင်မူ ချက်တီဆင်းသည် တောင်ပေါ်ဒေသတစ်ခုမှ လူမည်း ပယောဂဆရာတစ်ယောက် ခေါ်လာပြီး သူ့ဂိုဒေါင်များတွင် သရဲတစ္ဆေများ ချထား ပေးရန် စီစဉ်ခဲ့သည်။ ပယောဂဆရာနှင့် အစီအမံများ လုပ်ပြီးသည့်နောက် ခြောက်လ လောက်အထိ ဖောက်ထွင်းမှုဟူ၍ လုံးဝ မရှိတော့ပေ။ သို့သော်လည်း မြို့ပေါ်ရှိ ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်းမှ လူတစ်စုသည် ပယောဂဆရာ၏ အစီအမံများကို စမ်းသပ်သည့်အနေဖြင့် ဝင်ရောက်ဖောက်ထွင်း ကြပြန်၏။ ဤတစ်ကြိမ်တွင် ရုပ်မြင်သံကြားစက် အလုံးတစ်ဒါဇင်နှင့် ထရန်စစ္စ တာ ရေဒီယို အလုံးလေးဆယ် ထုတ်ယူသွားခဲ့ကြသည်။ ဤတစ်ကြိမ်တွင်လည်း ချက်တီဆင်းသည် လူမည်း ပယောဂဆရာကိုပင် ခေါ်၍ ဆွေးနွေးတိုင်ပင်သည်။ ထို့နောက် ပယောဂဆရာ၏ အကြံပြုချက်ကို လက်ခံကာ သူ့ထံမှ ‘အစောင့်” တစ်ကောင် ဝယ်ယူခဲ့သည်။ သူ ဝယ်လိုက်သည့် အစောင့်မှာ တခြားမဟုတ်။ “နန်ဒီ” ဟု အမည်ပေးထားသည့် ကျားသစ်တစ်ကောင်ပေတည်း။ နန်ဒီရောက်လာပြီး မကြာခင်မှာပင် ဖောက်ထွင်းမှုတစ်ခု ထပ်မံဖြစ်ပွား သည်။ ဖောက်ထွင်းသူမှာ နောက်တစ်နေ့တွင် လီလောင်ဝီ ဆေးရုံပေါ်၌ ဦးခေါင်း ခွံကွဲသည့် ဒဏ်ရာနှင့် ဗိုက်ပေါက်သည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရ၏။ ထိုအချိန်မှစ၍ နောက်ထပ် ဖောက်ထွင်းမှုဟူ၍ မဖြစ်တော့ပေ။ ချက်တီဆင်းသည် သူ့ကားကို ကုန်ဂိုဒေါင်များ၏ နောက်ဘက်ရှိသော တဲတစ်တဲအနီး၌ ရပ်၏။ ဤတဲသည် နောက်မှ အသစ်ဆောက်လုပ်သော တဲဖြစ်၍ ဂိုဒေါင်၏ နောက်ဘက်နံရံတစ်ခုနှင့် တွဲ၍ ဆောက်လုပ်ထားခြင်း ဖြစ်၏။ တဲ၏ ခေါင်မိုးနားတွင် ကပ်၍ ပြတင်းပေါက်တစ်ပေါက် ဖောက်ထား ၁၆ ဆင်ကုန်သည် သော်လည်း ထိုပြတင်းပေါက်ကို သံတိုင်များ အခိုင်အမာ တပ်ထား၏။ ကားပေါ်မှ ဆင်းလာသော ချက်တီဆင်းသည် ချာဂီအား တစ်ချက် လှမ်းကြည့်ပြီး “သူ့ကိုထားတာ လုံခြုံရဲ့လား” ဟု မေး၏။ “သခင်ခိုင်းတဲ့အတိုင်း လှောင်ချိုင့်အသေးထဲမှာ ထားတာပါ၊ လုံပါ တယ် သခင်" ဟု ချာဝိက ဖြေ၏။ ချက်တီဆင်းသည် တံခါးပေါ်ရှိ ချောင်းကြည့်ပေါက်မှနေ၍ အတွင်းသို့ ကြည့်၏။ စိတ်ချရပြီဟုထင်မှ တံခါးကို ဖွင့်၍ အထဲသို့ ဝင်၏။ အခန်းထဲတွင် မှောင်မိုက်နေသည်။ အလင်းရောင်ဟူ၍ ထိပ်ဘက် ပြတင်းပေါက်မှ ဝင်လာသည့် နေ့ရောင်အနည်းငယ် မျှသာ ရှိ၏။ ပုပ်အဲ့အဲ့ ဟောင်စပ်စပ်အနံ့သည် သူ နှာခေါင်းဆီသို့ ပျံ့လွင့်လာနေ သည်။ လှောင်ချိုင့်၏ သံတိုင်များနောက်ဝယ် ကျားသစ်မသည် ခေါက်တုံ့ ခေါက်ပြန် လမ်းသလားလျက် ရှိသည်။ မည်းမည်းအရိပ်သည် တစ်ခါတစ်ရံတွင် ရပ်ကာ ချက်တီဆင်းအား ကြည့်၏။ တောက်ပနေသော အဝါရောင် မျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းလှချေ၏။ “နန်ဒီနန်ဒီ ချက်တိဆင်းက သိမ်မွေ့သော လေသံဖြင့် အသံပေး၏။ နန်ဒီ ဟူသော အမည်သည် ချာကာဘုရင်၏ မိခင်နာမည် ဖြစ်သည်။ ချက်တီဆင်းသည် လှောင်ချိုင့်တံခါးဘေးမှ ခလုတ်ကို နှိပ်လိုက်၏။ လှောင်ချိုင့်အပိုး အလယ်တည့်တည့်မှ အပြာရောင် မီးလုံးကလေး ပွင့်သွားသည်။ ကျားသစ်မသည် ရုတ်တရက် ဖြာကျလာသော အလင်းရောင်ကြောင့် တုံ့ခနဲ ရပ်ကာ လှောင်ချိုင့်၏ တစ်ဖက်နံရံကို မှီ၍ ရပ်နေ၏။ နန်ဒီသည် ကျားသစ်မ အသေးစားမဟုတ်။ အလွန်ထွားကျိုင်းကြီးမား သော အကောင်ကြီးတစ်ကောင် ဖြစ်သည်။ နှာခေါင်းထိပ်မှ အမြီးဖျားအထိ ခုနစ်ပေကျော်ရှိသည်။ အမ်သန်ဂျီ တောင်တန်း သစ်တောအတွင်းမှရလာသော သတ္တဝါဖြစ်၏။ ကိုယ်အလေးချိန်မှာ ပေါင် ၁၂ဝဝ ရှိ၏။ နန့်ဒီသည် အရွယ်ရောက်စ အချိန်တွင် ပယောဂဆရာ အဘိုးအို၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းလာခဲ့ရခြင်း ဖြစ်သည်။ တစ်ချိန်က နန့်ဒီသည် ဆိတ်နှင့် ခွေးများကို ကိုက်ယူ ဖးဆီးနေမှ ကြောင့် နာမည်ဆိုးထွက်ခဲ့ရုံမျှမက တောင်စောင်းတစ်လျှောက်ရှိ ကျေးရွာများမှ c.com
89.283582
Elephant Trader
Mg Htun Thu
10356
80
________________ www.burmeseclassic.com ၁၆၂ မောင်ထွန်းသူ လူအများအား ထိတ်လန့် ချောက်ချားအောင် လုပ်နိုင်ခဲ့သည့် အရိုင်းသတ္တဝါ တစ်ကောင် ဖြစ်သည်။ သူ့အား မမိခင်ကလေးမှာပင် သူသည် ဆိတ်ကျောင်းသား သူငယ် တစ်ဦးအား ဝင်ရောက်တိုက်ခိုက်ကာ ကိုက်ခဲ့ဖူးသည်။ သစ်တောတွင်း၌ ကျက်စားသော ကျားသစ်များသည် မြက်ခင်း လွင်ပြင်များပေါ်မှ ကျားသစ်များထက် ပို၍နက်သည်။ သူတို့၏ အရောင်အဆင်းသည် မဟူရာကျောက်အရောင် ဖြစ်သည်။ ကိုယ်ပေါ်တွင် အမည်းစက် အမည်းကွက် အပြောက်လိုက် ရှိနေကြသည်။ သူ့အမြီးသည် ခွေလိုက် ဆန့်လိုက် အသာအယာ ပုတ်ခတ်လိုက် လုပ်နေတတ်သည်။ တကယ်တော့ သူ့အမြီးသည် သူ့စိတ် အခြေအနေကို ဖော်ပြနေသော အရာတစ်ခု ဖြစ်သည်။ “မင်း စိတ်ဆိုးနေသလား နန်ဒီ ဟု ချက်တီဆင်းက မေး၏။ နန့်ဒီ သည် အပေါ်နှုတ်ခမ်းကို ဖြဲ၍ အသံပြန်ပေးလေသည်။ သူသည် ချက်တီဆင်းကို ကောင်းစွာသိနေသည် မဟုတ်ပါလား။ ချက်တီဆင်းသည် မီးခလုတ်ဘေးရှိ စင်ပေါ်မှ သတ္တု တုတ်တစ်ချောင်း ကို လှမ်းယူလိုက်သည်။ လှောင်ချိုင့်တွင်းမှ နန်ဒီသည် ချက်တီဆင်း၏ လှုပ်ရှား မူကို နားလည်သည်။ ဤဘုတ်ဖြင့် အထိုးခံရလျှင် တစ်ကိုယ်လုံး ကျဉ်သွားတတ် သည်ကို သိနေသည်။ သူသည် နောက်သို့ဆုတ်ကာ လှောင်ချိုင့်၏ နံရံအစွန်းသို့ အတင်း တိုးကပ်သွားသည်။ သူ ကပ်နေသည့် နံရံနှင့် တစ်ဆက်တည်း ဥမင်လိုဏ်ခေါင်း သဖွယ် လုပ်ထားသည့် ပုလင်းလည်ပင်းပုံသဏ္ဌာန် အခန်းကျဉ်းကျဉ်းကလေး တစ်ခုရှိသည်။ ထိုအခန်းကလေးသည် နန်ဒီ၏ ကိုယ်လုံးဝင်ရုံမျှသာ ကျယ်၏။ ထိုအခန်းနှင့် လှောင်ချိုင့်ကြားတွင် ထိုးတံခါးအရှင်တစ်ချပ် တပ်ထားသည်။ ချက်တီဆင်းသည် ဟုတ်တံကို သံတိုင်များကြားမှ သွင်းကာ နန်ဒီအား ထိုးသည်။ နန်ဒီကလည်း သူ့အား မထိရန် အတင်းရုန်းကန် လှုပ်ရှားသည်။ လက်တစ်ဖက်ဖြင့် ဆီး၍ ပုတ်ရန် အားထုတ်သည်။ တစ်ခါတစ်ရံတွင် ချက်ကီဆင်း၏ လက်ထဲမှ တုတ်တံထိပ်ဖျားသည် နန်ဒီ၏ လည်ပင်းကို ထိုးမိသည်။ အပြာရောင် လျှပ်စီးကြောင်းများသည် ဝင်းခနဲ လက်ခနဲ ထလာတတ်သည်။ နန်ဒီသည် တုတ်တံနှင့် မထိမိအောင် ရှောင်ရင်းမှပင် လိုဏ်ခေါင်း ဆင်ကုန်သည် ၁၆၃ ကျဉ်းကလေးထဲသို့ ရောက်သွားသည်။ ထိုအခါ အဆင်သင့် ဖွင့်ထားသည့် ထိုး တံခါးကို ပြန်ချလိုက်သည်။ နန်ဒီသည် သူ့ကိုယ်လုံး ဆံ့ရုံမျှသာ ကျယ်သည့် လိုဏ်ခေါင်းကလေးထဲ၌ ပိတ်မိနေလေပြီ။ ထို့နောက်တော့ ချက်တီဆင်းသည် အပူပေးထားသည့် သံချောင်းကို လှမ်းယူသည်။ သံတိုင်များကြားမှနေ၍ လက်တစ်ဖက်ကို သွင်းကာ နန့်ဒိ၏ အမြီးကို ဆွဲမသည်။ ချာပီက ဘေးမှနေ၍ အမြီးကို ဝင်မပေးသည်။ ချက်တီဆင်းက လက်တစ်ဖက်တွင် ကိုင်ထားသည့် သံချောင်းအပူဖြင့် နန့်ဒီ၏ စအိုဘေးသို့ တစ်ချက်မျှ ထိုးလိုက်၏။ နန်ဒီသည် တစ်ကိုယ်လုံး တုန်ကာ ဆတ်ခနဲ့ ရုန်းလိုက်သည်။ “နည်းနည်းကလေးပါ နန်ဒီရယ်” ဟု ချက်တီဆင်းက ပြောသည်။ “ဒေါက်တာ အမ်းစထရောင်းဆိုတဲ့ အကောင် ရောက်လာချိန်မှာ မင်း သိပ်ပြီး ဒေါသကြီးနေ့အောင် လုပ်ပေးထားတာပါ” တစ်စုံတစ်ရာ အနှောင့်အယှက် မရှိပါက ကျားသစ်များသည် လူသား များကို အန္တရာယ်ပြုတတ်ကြသည် မဟုတ်ပေ။ သူတို့၏ သဘာဝအစားလည်း မဟုတ်ပေ။ သူတို့တွင် ရှိနေသည့် ပင်ကိုသဘာဝ ကြောက်စိတ်အရ လူတွေကို တွေ့ လျှင် တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်သွားလေ့ရှိ၏။ မည်သို့ပင်ဖြစ်စေ ဒဏ်ရာရလျှင် သို့မဟုတ် သူတို့အား တမင် သက်သက် ညှဉ်းပန်းနှိပ်စက်ထားပါမူကား သူတို ့သည် အာဖရိကတိုက် တိရစ္ဆာန်အားလုံးထဲတွင် အန္တရာယ်အများဆုံးနှင့် အဆိုးဆုံးသော သတ္တဝါဖြစ်လာ တတ်၏။ ချက်တီဆင်းသည် သံပူချွန်ဖြင့် ထိုးထားသော ဒဏ်ရာကို သေချာစွာ ပြန့်ကြည့်သည်။ အနူးညံ့ဆုံးအပိုင်းတွင်ဖြစ်၍ နာကျင်နေမည်မှာမလွဲ။ သို့သော် လည်း တစ်ပတ်မျှအတွင်း ပျောက်ကင်းသွားနိုင်သော အနာဖြစ်၍ ပူစရာမရှိ။ ဤဒဏ်ရာသည် တိုက်ခိုက်သည့်အခါတွင် အဟန့်အတား မဖြစ်နိုင်။ “တံခါးကို ဖွင့်ပေးလိုက်တော့ ချာဘီ”ဟု ချက်တီဆင်းက အမိန့်ပေးသည်။ ချာဝီသည် နန်ဒီ၏ အမြီးကို လွှတ်လိုက်ပြီး သံမဏိတံခါးခလုတ်ကို မတင်လိုက်၏။ နန်ဒီသည် တစ်ချက်မျှ မာန်ဖီ၍ ဟိန်းကာ လိုဏ်ခေါင်းအတွင်း သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ဂိုဒေါင်များအတွင်းမှ ပြန်သိမ်းရသည့် အလုပ်မှာ များစွာ ခက်ခဲပင်န်းခဲ့သည်။ သို့သော်လည်း လျှပ်စစ်နှင်တံနှင့် နန်ဒီနှစ်သက်ခုံမင်နေသော ဆိတ်သားတို့ကို ရောက်စတုန်းကတော့ နံနက် အရုဏ်တက်ချိန်တိုင်း lassic.com
89.335303
Elephant Trader
Mg Htun Thu
10356
81
________________ ၁၆၄ www.burmeseclassic.com မောင်ထွန်းသူ အသုံးပြု၍ လေ့ကျင့်ပေးသည့်အခါ နံနက်တိုင်း သူ့လှောင်အိမ်ထဲ ပြန်ဝင်သည့် အလေ့အကျင့်ကို နန်ဒီ ရလာသည်။ ချာဝီက နန်ဒီ ထွက်သွားသည်နှင့် တစ်ပြိုင်နက် တံခါးကို ပြန်ပိတ် လိုက်ပြီး ချက်တီဆင်းနောက်သို့ လိုက်သွားသည်။ အပြင်ဘက်တွင် နေဝင်ချိန်၏ နောက်ဆုံးအလင်းရောင်သည် ပတ်ဝန်းကျင်ကို လွှမ်းခြုံနေဆဲ...။ “မင်းက ဂိတ်တဲထဲမှာပဲနေ” ဟု ချက်တီဆင်းက မှာသည်။ “ဒီည လုံးဝ ကင်းမလှည့်နဲ့ ၊ ဂိုဒေါင်ထဲဝင်တဲ့ လူဖြူကိုလည်း သွားပြီး မတားနဲ့၊ သူဝင်ရင် ဗိုန်ဒီ အထဲမှာ ရှိနေတယ်၊ တကယ်လို့ နန်ဒီက ဒီကောင့်ကို ဆော်ပြီဆိုရင် ဂိတ်တဲကနေ ငါ့ဆီကို ဖုန်းဆက်၊ ငါဒီကို ရောက်မလာမချင်း ဂိုဒေါင်ထဲ မဝင်နဲ့ ၊ ငါ ဒီကို လာရင် ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်ပဲ ကြာမယ်” ချက်တီဆင်း အိမ်ပြန်သွားသည့်အခါ ညစာ အသင့်ပြင်ထားသည်။ သူ့မိန်းမသည် သူဘယ်သွားတာလဲ၊ ဘာလုပ်တာလဲဟု မမေး၊ တာဝန် သိတတ် သော မယားကောင်းတစ်ယောက် ပီသသည်။ ညစာ စားအပြီးတွင် သူ့ငွေစာရင်းစာအုပ်များကို နှစ်နာရီမျှ စစ်ဆေး သည်။ ထို့နောက် နှစ်လုံးပြူး သေနတ်အတိုနှင့် ကျည်ဆန်တစ်ဘူးကို ထုတ်ကာ အခန်းထောင့် လက်လှမ်းမီရာ တစ်နေရာ၌ ထောင်ထားလိုက်သည်။ သူ့လုပ်ပုံကို ကြည့်၍ သူ့မိန်းမသည် အံ့အားသင့်လျက် ရှိ၏။ သို့သော် လည်း စပ်စပ်စုစု မလုပ်။ ထို့နောက် အိပ်ရာဝင်သည်။ ဆယ်မိနစ်ခန့် အကြာတွင် သူ့ဟောက်သံကို ကြားရသည်။ သူ့ အိပ်ရာဘေးမှ တယ်လီဖုန်းမြည်လာသည့် အခါ နံနက်နှစ်နာရီ ထိုးဖို့ ခုနစ်မိနစ်ခန့် လိုသေးသည်။ သူသည် တယ်လီဖုန်းမြည်လျှင် မြည်ချင်း အိပ်ရာမှ နိုးသည်။ နောက်ထပ် မမြည်ခင် ဖုန်းရွက်သည် သူ့လက်ထဲ ရောက်ကာ နားတစ်ဖက်တွင် ကပ်ထားပြီးပြီ။ “ကုန်ရုံထဲမှာတော့ နန်ဒီ သီချင်းဆိုနေပါတယ် သခင်” ဟု ဈာဝီက အင်ဂိုနီဘာသာစကားဖြင့် ပြောသည်။ “အေး..ဟုတ်ပြီ၊ ငါအခုပဲ လာခဲ့မယ်” ဟု ချက်တီဆင်းက ပြန်ပြောသည်။ ဆင်ကုန်သည် ၁၆၅ ဒင်နီယယ်သည် သူ၏ လင်ခရူဇာကားကို ချက်တီဆင်း၏ ဗဟိုကုန်လှောင်ရုံဝင်း နှင့် ကိုက် ၃၀၀ ခန့်အကွာရှိ မြေကွက်လပ်တစ်ခုအတွင်း၌ ရပ်သည်။ သူသည် ကားကို ဤနေရာ ရောက်သည်အထိ မီးမဖွင့်ဘဲ မောင်းလာခြင်း ဖြစ်၏။ သူသည် ကားကို မှောင်ထဲတွင် ထိုးထားကာ ကားပေါ်မှ ဆင်းသည်။ လက်ပတ်နာရီကို ကြည့်လိုက်သည်။ တစ်နာရီ ထိုးပြီး၍ မိနစ်အနည်းငယ်မျှ လွန်သွားပြီး၊ သူသည် မိုးပြာရောင် ဘောင်းဘီပွနှင့် အနက်ရောင်သားရေဂျက်ကက် အင်္ကျီ ဝတ်ထားသည်။ လိုအပ်လိမ့်မည်ဟု ယူဆရသော လက်နက်ကိရိယာများ ထည့်ထားသည့် နိုင်လွန်အိတ်တစ်လုံးကို ခါးတွင် လွယ်ထားသည်။ သူသည် ကားခေါင်မိုးပေါ်တွင် တင်လာသည့် အလူမီနိယမ်သတ္တု ခေါက်လှေကားနှစ်ခုကို ယူ၍ ခပ်ဖြည်းဖြည်း လျှောက်လာခဲ့သည်။ မြေကွက်လပ် ချုံနွယ်ပိတ်ပေါင်းများကိုသာမက အမှိုက်များ စွန့်ပစ် ထားသည်ကိုပါ တွေ့ ရသည်။ ကုန်ရုံဝင်း၏ စည်းရိုးနှင့် ပေ ၅ဝ အကွာသို့ ရောက်သည့်အခါ ခေါက်လှေကားများကို အသာချလိုက်ပြီး သံချေးအထပ်ထပ် တက်နေသည့် ကားပျက်နောက်တွင် ဝင်ကပ်လိုက်၏။ ကုန်ရုံဆီသို့ လှမ်းကြည့်သည်။ ဂိုဒေါင်များ၏ ပတ်ပတ်လည်တွင် မီးမရှိ။ စည်းရိုးဘက်သို့ ထိုးထားသည့် မီးများလည်း မရှိ။ သူ့စိတ်ထဲတွင် အဆန်းတစ်ခုလို ဖြစ်နေသည်။ သူသည် လေးဖက်ထောက်၍ စည်းရိုးဆီသို့ ချဉ်းကပ်သည်။ ကုန်ရုံတစ်ရုံလုံးတွင် ရှေ့အဝင် ဂိတ်ထဲ၌သာ မီးလုံးတစ်လုံး ထွန်းထားသည်ကို
88.441265
Elephant Trader
Mg Htun Thu
10356
82
________________ www.burmeseclassic.com မောင်ထွန်းသူ တွေ့ ရ၏။ ခြံစည်းရိုး သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားခြင်း လည်း မရှိ။ ခြံစည်းရိုးကို ထိကိုင်မိရုံဖြင့် အသံမြည်နိုင်သည့် အချက်ပေး စနစ် လည်း မထား။ ဘာကြောင့်ပါလိမ့်။ သူသည် တွေးရခက်လျက်ရှိသည်။ သူသည် မဝေခွဲနိုင်သော စိတ်ဖြင့် ကားပျက်ဆီသို့ ပြန်လာပြီး ခေါက်လှေကားကို ယူသည်။ အစောင့်များ၏ အသံကို နားစွင့်သည်။ လူသံသူသံဟူ၍လည်း လုံးဝမကြားရ။ အခုပုံအတိုင်းဆိုပါက သံဆူးကြိုးများကို ဖြတ်၍ ဝင်ရလျှင် ကောင်း လေမလား။ သို့သော်လည်း သူဝင်ခဲ့သည့် ခြေရာလက်ရာများ ကျန်ရစ်ခဲ့မည်ကို သူ မလိုလား။ သူသည် လှေကားကို ခြံစည်းရိုးတိုင်တစ်ထိုင်တွင် ထောင်လိုက်သည်။ အချက်ပေး ဥသြသံ ကြားရလေမလားဟူသော စိုးရိမ်စိတ်ဖြင့် အသာကလေး ငြိမ်နေသည်။ မကြားရ။ သူသည် ဒုတိယ ခေါက်လှေကားကို ကိုင်၍ ထောင်ထားသည့် လှေကားမှ တက်သည်။ ထိပ်သို့ ရောက်သည့်အခါ လက်ထဲမှ ခေါက်လှေကားကို တစ်ဖက် မြက်ခင်းပေါ်သို့ ချလိုက်သည်။ သူကိုယ်တိုင်လည်း တတ်နိုင်သမျှ ကိုယ်ကိုဖော့ကာ အတွင်းဘက်သို့ ခုန်ချလိုက်သည်။ သူသည် ကျသွားသည့် နေရာမှ ရုတ်တရက် မထဘဲ အသံဗလံများကို နားစွင့်သည်။ တိတ်ဆိတ်လျက်ပင် ရှိ၏။ i သူသည် ယူလာသည့် ဒုတိယ ခေါက်လှေကားကို အတွင်းဘက်မှနေ၍ ထောင်သည်။ သို့မှသာလျှင် အရေးကြုံ၍ ပြေးလာရပါက အလွယ်တကူ တက်၍ အပြင်ဘက်သို့ ခုန်ချနိုင်မည် မဟုတ်ပါလား။ လှေကားထောင်ပြီးသည်နှင့် တစ်ပြိုင်နက် သူသည် အသာဝပ်ကာ ဂိုဒေါင်များဆီသို့ ကြည့်သည်။ နားများကိုလည်း စွင့်ထားသည်။ အတော်ဝေးဝေး တစ်နေရာမှ ခွေးတစ်ကောင် ဟောင်သံ။ ထိုအသံမှတစ်ပါး အခြားဘာသံမျှ မကြားရ။ သူသည် အမှောင်ထုကိုဖြတ်ကာ အစွန်ဆုံးရှိ ဂိုဒေါင် ထောင့်တစ်ဖက် ဆီသို့ ပြေးကပ်သည်။ သူတွေ့ နေရသည်မှာ တဲတစ်တဲ..။ ဂိုဒေါင်နှင့်တစ်ဆက်တည်း ဆောက်ထား၏။ သူ့နှာခေါင်းထဲ အနံ့ တစ်မျိုးကို ရှူမိနေသည်။ သားရေပုပ်နံ့လိုလို၊ ဓာတ်မြေသြဇာနံ့လိုလို။ တဲဘေးမှ ပတ်၍ ဂိုဒေါင်တစ်ဖက်စွန်းသို့ သွားသည့်အခါ အနံ့သည် ပို၍ ပြင်း လာသည်။ ဆင်ကုန်သည် ၁၆၇ တစ်ဖက်စွန်း ရောက်သည့်အခါ ဂိုဒေါင်နှင့်ဘဲ ဆက်ထားသည့်ကြား အပေါ်ဘက်ထောင့်ကွေးတွင် ပိုက်တစ်လုံး ရှိနေသည်။ သူသည် ပိုက်ကိုလှမ်းဆွဲ ပြီး ခိုင်မခိုင် ခိုကြည့်သည်။ ထို့နောက် အသာဆွဲ၍ တက်လိုက်သည်။ ဘဲခေါင်မိုး ပေါ် ရောက်သွားသည်။” ဂိုဒေါင်၏ အပေါ်နံရံသည် သူ့အပေါ်ဘက်တွင် ဆယ်ပေခန့်မျှ ကွာမည်ဟု ခန့်မှန်းသည်။ အပေါ်ဘက် ခေါင်မိုးနှင့် ကပ်၍ အလင်းရောင် ဝင်ပေါက် နှစ်ပေါက်ရှိရာ နှစ်ပေါက်စလုံး၏ မှန်ချပ်များ ပွင့်နေ့သည်ကို မြင်ရ ၏။ သူသည် အိတ်ထဲမှ နိုင်လွန်ကြိုးခွေကို ထုတ်သည်။ အလင်းရောင် ဝင်ပေါက်နှစ်ခုကြားမှ သစ်သားတန်းဆီသို့ ကြိုးကို ပစ်တင်ပြီး ချိတ်သည်။ ငါးကြိမ်မြောက်ကျမှ ချိတ်မိ၏။ သူသည် ကြိုးကို ဆွဲတက်ကာ မှန်ပြတင်းမှ အတွင်းသို့ ဝင်၏။ ထုပ်တန်း တစ်တန်းပေါ်၌ ထိုင်၍ အမောဖြေသည်။ လက်ဆွဲအိတ် လက်နှိပ်ဓာတ်မီးကို ထုတ်၍ အောက်သို ့ ထိုးကြည့်သည်။ အနီရောင် ပလက်စတစ်အဖုံးတစ်ခု အုပ်ထားသဖြင့် မီးရောင်သည် အပြင်မှ မြင်ရလောက် အောင် ပျံ့မသွား။ အောက်သို့ သမံတလင်းပေါ်တွင် အထပ်လိုက် စုပုံထားသည့် ကုန်သေတ္တာများသည် နည်းနည်းနောနော မဟုတ်။ အရွယ်အစား အမျိုးမျိုး ဖြစ်၏။ သူ့အနေဖြင့် ဤမျှလောက် များပြားလိမ့်မည်ဟု မမျှော်လင့်ခဲ့။ ဤ သေတ္တာအားလုံးကိုသာ ဖွင့်ကြည့်နေရမည် ဆိုပါက အချိန်တစ်ပတ်နီးနီးလောက် ကုန်ပေလိမ့်မည်။. သူသည် ထုပ်တန်းပေါ်မှနေ၍ ဘေးတစ်ဖက်နံရံရှိ သံပေါင်များကို လက်နှစ်ဖက်၊ ခြေနှစ်ဖက်ဖြင့် ခက်ခက်ခဲခဲ တွယ်ကပ်ပြီး ဆင်းသည်။ မိနစ် အတော်ကြာမှပင် ပေ ၃ဝ အကွာရှိ သမံတလင်းပေါ် ခြေချမိသည်။ ရုတ်တရက် ပြန်မထနိုင်။ အသာထိုင်၍ အမောဖြေနေရသေးသည်။ ထို့နောက် ကုန်သေတ္တာ တန်းကြီး နှစ်တန်းကြားသို့ ဝင်၍ ဝပ်ကာ နားစွင့်သည်။ ဘာသံမှ မကြားရသဖြင့် ဆက်၍ သွားတော့မည်ပြုကာမှ ခပ်သဲ့သဲ့အသံတစ်သံ ကြားလိုက်ရသည် ။ အသံက တိုးလွန်းသဖြင့် ဘာသံမှန်း ခွဲခြား၍မရ၊ www.bun
89.036755
Elephant Trader
Mg Htun Thu
10356
83
________________ ၁၆။ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ သူသည် အချိန်အတော်ကြာမျှ ငြိမ်ဆိတ်နေသည်။ ထို့နောက် ဆက် လက်ရွေ့လျားသည်။ ကုန်သေတ္တာများပေါ်မှ စာတန်းများကို လက်နှိပ်ဓာတ်မီး ဖြင့် ထိုးကြည့်သည်။ သူတွေ့သမျှ အားလုံးသည် အပြင်မှ ဝင်လာသည့် ကုန်စည် သေတ္တာများသာ ဖြစ်သည် ။ သူရှာသင့်သည်မှာ ပြည်ပသို ့ ထုတ်မည့် သင်္ဘောတင်လု ဆဲဆဲ ကုန်စည်သေတ္တာများ...။ သူ့ရှေ့တည့်တည့်တွင် ဝန်ချီစက်တစ်လုံး၊ အဝင်တံခါးမ ကြီးဘေး၌ စုပုံထားသည့် ကုန်သေတ္တာကြီးများ..။ ပြီးတော့ အနိမ့်ဘက်ရှိ သံလမ်းပေါ်၌ ရပ်ထားသည့် သံလမ်းပြေး ထရပ်ကား..။ အားလုံးကို ခြုံကြည့်လိုက်သည့်အခါ ဤသေတ္တာကြီးများကို မကြာမီ တင်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ သေချာလျက်ရှိ၏။ သူသည် ရှေ့ဘက်သို့ ဖြည်းဖြည်းချင်းတိုး ကပ်သွားသည်။ အနီးဆုံး သေတ္တာကြီးတစ်လုံး၏ ဘေး တစ်ဖက်တွင် ရိုက်နှိပ်ထားသည့် စာတန်းကို မြင်သည်။ လက်ကီး ဒရက်ဂွန် ကူးသန်းရောင်းဝယ်ရေး ၁၅၅၅၊ ချွမ်ချင်းလမ်း ကိုင်ပေ တရုတ်ကိုင်ပေကျွန်း လုံးဝမထင်မှတ်ဘဲ တွေ့လိုက်ရခြင်းဖြစ်၍ တစ်ကိုယ်လုံး တုန်လှုပ် သွားသည်အထိ စိတ်လှုပ်ရှားခြင်း ဖြစ်ရ၏။ သူသည် လက်ဆွဲအိတ်ထဲမှ ဝက်အူ လှည့်ကို ယူ၍ သေတ္တာအဖုံးမှ ၀က်အူများကို တစ်လုံးချင်းစီ ဖြုတ်သည်။ အားလုံး ဖြုတ်ပြီးသည့်အခါ အဖုံးကို အသာအယာ လှန်လိုက်သည်။ အထဲတွင် လက်ဖက်ခြောက်များ...။ သူသည် ဝက်အူလှည့်ဖြင့် အောက်ဘက်ရောက်သည် အထိ ထိုးကြည့်သည်။ ပထမတွင် ဘာမှ ထူးထူးခြားခြား မတွေ့ ရသော်လည်း ထိုးဖန် များလာသောအခါ အောက်ဘက်မှ မာကျောကျော အရာများကို ထိုးမိသည်။ သူသည် လက်ဖက်ခြောက်များကို ဘေးသို့ ယက်ထုတ်ပြီး အောက်မှ ပစ္စည်း တစ်ခုကို ယူသည်။ သူထင်ထားသည့်အတိုင်း ဖြစ်နေသည်။ ပလတ်စတစ်အိတ် ဖြင့် ထည့်ထားသည့် ဆင်စွယ်တစ်ချောင်း ပေတည်း။ သူ ့ထင်မြင်ယူဆချက်များသည် မှန်နေပေပြီ။ သူသည် ဆင်စွယ်ကို လက်ရာမပျက်အောင် သူ ့နေရာသူ ပြန်ထားပြီး သေတ္တာအဖုံးကို ပြန်ပိတ်သည်။ ၁၆၉ ထို့နောက် လက်နှိပ်ဓာတ်မီးဖြင့် အခြားသေတ္တာများကို ထိုးကြည့်သည်။ ထိုအခိုက်မှာပင် ပြက်ပြက်ထင်ထင် မြင်လိုက်ရခြင်း ဖြစ်၏။ “ကျားသစ် တစ်ကောင်ပါလား” ဟု တီးတိုးရေရွတ် လိုက်မိသည်။ လုံးဝ မယုံကြည်နိုင်စရာ အဖြစ်တစ်ခုပေတည်း။ သူ ရင်ဆိုင်ရမည့် အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းလှချေ သည်။ အခုပုံအတိုင်းဆိုပါက ကျားသစ်ဘက်မှ အသာစီးရနေသည်ဟု ဆိုရမည် ဖြစ်၏။ ညအမှောင်သည် ကျားသစ်အတွက် သဘာဝပတ်ဝန်းကျင် ဖြစ်သည်။ အမှောင်သည် ကျားသစ်အား ပို၍ အတင့်ရဲစေသည်။ ပို၍ ရန်လိုစေသည်၊ ပို၍ ကြမ်းတမ်း ရက်စက်စေသည်။ သူသည် သေတ္တာ၏ နောက်သို့ ဝင်ကပ်လိုက်သည်။ ကျားသစ်သည် မလှမ်းမကမ်းမှနေ၍ ကွေ့ပတ်ပြီး လိုက်လာသည်။ သူ့နောက်မှနေ၍ ပိုက်ပြီး လှုပ်ရှားနေခြင်း ဖြစ်၏။ ကျားသစ်တို့သဘာဝ တိုက်ကွက်တစ်ခုဖြစ်သည်။ သူတို့သည် သားကောင်ကို ခုန်အုပ်ပြီး အသေမကိုက်မီ အခုလိုပင် ဘေးမှနေ၍ ပတ်နေတတ်သည် မဟုတ်ပါလား။ ဒင်နီယယ်သည် ကျားသစ်အား လက်နှိပ်ဓာတ်မီးဖြင့် လှမ်းထိုးထား သည်။ ကျားသစ်သည် သူ့အပေါ် အလင်းရောင် ကျလာသည့်အခါ ဖျတ်ခနဲ ဘေးသို့ တိမ်းရှောင်ကာ ထွက်သွားသည်။ လက်ဖက်ခြောက် သေတ္တာကြီးများ နောက်သို့ ဝင်သွားသည်။ ဒေါသဖြင့် ဟိန်းလိုက်သော အသံသည် အမှောင်ထုထဲ တွင် ပဲ့တင်ထပ်သွားသည်။ “ဒီကောင် ငါ့ကိုလိုက်နေပြီ” ဟု ဒင်နီယယ်က တွေးသည်။ ချင်ငိဝိတွင် အမှုထမ်းနေစဉ်က သူ့လက်အောက်မှ တောထိန်း တစ်ယောက် ကျားသစ် အကိုက်ခံရဖူးသည်ကို ပြန်၍ မြင်ယောင်လာသည်။ ထိုစဉ်က သူ့ လူရခဲ့သည့် ဒဏ်ရာများသည် ကြောက်မက်ဖွယ်ကောင်းလှသည်ကို သတိရမိ၏။ အာဖရိကတိုက်တွင် ရှိနေသည့် လူကို အန္တရာယ် ပြုတတ်သော ကြောင်မျိုးနွယ်ဝင် သတ္တဝါများအနက် ခြင်္သေ့သည် တစ်မျိုးတစ်ဘာသာ ဖြစ်သည်။ တည့်တည့်မတ်မတ် ရပ်နေသော ခြေနှစ်ချောင်းသတ္တဝါဖြစ်သည့် လူအား မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို ကျွမ်းကျွမ်းကျင်ကျင် မသိပေ။ ခုန်အုပ်ပြီး လဲကျသွားအောင်လုပ်သည်။ ပြီးတော့မှ ရာမိရာ အစိတ်အပိုင်းများကို ကိုက်သည်၊ ကုတ်ဖဲ့သည်။ ။ လူကို
89.204545
Elephant Trader
Mg Htun Thu
10356
84
________________ ၁၇၀ www.burmeseclassic.com မောင်ထွန်းသူ ကျားသစ်ကျတော့ လူ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှုကို ကောင်း စွာ နားလည်သည်။ ကျားသစ်တို့ သည် အများအားဖြင့် မျောက်လွှဲကျော်များကို ဖမ်းယူကြသည်ဖြစ်ရာ မျောက်၏ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့အား မည်ကဲ့သို့ တိုက်ခိုက်လျှင်ရမည်ကို ကောင်းစွာ သိကြသည်။ သူတို့သည် သားကောင်အား ခုန်အုပ်သည့်အခါ ရှေ့ခြေသည်းများဖြင့် ပခုံးနှစ်ဖက်ကို ကုတ်ပြီး ပါးစပ်မှ မျက်နှာကို ကိုက်ခဲလေ့ရှိသည်။ ဒင်နီယယ်သည် ဖြည်းညင်းစွာ လှုပ်ရှားပြီး ဝန်ချီစက် ဘေးနားတွင် ကပ်၍ ဝပ်နေသည်။ ညာလက်ဖြင့် ဝက်အူလှည့်ကို ကိုင်၍၊ ဘယ်လက်ဖြင့် လက်နှိပ်ဓာတ်မီးကို ကိုင်ထား၏။ သူသည် သတိကြီးစွာထား၍ ကျားသစ်ဆီသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည်။ ကျားသစ်သည် အနက်ရောင် အကောင်ကြီး ဖြစ်သည်ကို သတိထားမိ ၏။ အန္နက်ရောင် ကျားသစ်များသည် အခြားကျားသစ်မျိုးများထက် ပိုမို၍ ရက်စက်ကြမ်းကြုတ်ကြသည်ကို သူသတိရသည်။ လက်နှိပ်ဓာတ်မီးအလင်းရောင်ဖြင့် ကျားသစ်၏ဘေးရန်မှ လွတ် မြောက်ဖို့ဆိုသည်မှာ ဖြစ်နိုင်သည့် အရာမဟုတ်၊ ခဏတစ်ဖြုတ် တိမ်းရှောင်ရုံမျှ သာ အားကိုးနိုင်စရာ ရှိလေသည်။ ဂိုဒေါင်တွင်းသို့ သူဝင်လာရာ လမ်းအတိုင်း ပြန်ထွက်ဖို့ကလည်း လွယ်ကူလိမ့်မည်ဟု မထင်။ သူအခု ရောက်နေသော နေရာနှင့် အလှမ်းဝေးနေ၏။ ထိုဝင်ပေါက်သို့ သွားလျှင် ကျားသစ်ကို အချိန်တော်တော်ကြာမျှ ကျောပေး၍ သွားရမည် ဖြစ်သည်။ သူသည် အခြားတစ်နေရာရာတွင် လွက်ပေါက်ရှိလိုရှိငြား လက်နှိပ် ဓာတ်မီးဖြင့် ထိုး၍ရှာသည်။ တစ်အိတ်ပေါ် တစ်အိတ်ထပ်၍ တင်ထားသော ငါးခြောက်အိတ်ကြီး များကို မြင်သည်။ နံရံတွင် ကပ်၍ ပုံထားခြင်း ဖြစ်၏။ အမြင့်ပေ ၃ဝ ခန့်ရှိ၍ ခေါင်မိုးနှင့် ကပ်နေသည့် အလင်းရောင်ဝင်ရာ ပြတင်းပေါက်အထိ ရောက်၏။ သူသည် ၀န်ချီစက်ဘေးမှ အသာကလေးတွား၍ ထွက်သည်။ ကျားသစ်က သူ ့ကိုမြင်သည်။ ဟိန်းသံတစ်ချက် ထွက်လာသည်။ “သွား” ဟု ဒင်နီယယ်က တအားကျုံး၍ အော်လိုက်၏။ လူသံကြား လျှင် နောက်တွန် သွားလိမ့်မည်ဟု ယူဆ၍ဖြစ်၏။ ကျားသစ်သည် ဘေးတစ်ဖက် ရှိ သေတ္တာပုံးကြီး နောက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဆင်ကုန်သည် ၇၁ သူ ဘယ်လိုလုပ်ရမည်နည်း..။ ပြေး၍တော့ မဖြစ်။ ကျားသစ်ကို ကျောပေးခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်၏။ ကျားသစ်တို့၏ သဘာဝ အသိအရ လူက ကျောပေးပြီး သွားလျှင် နောက်က လိုက်မည်၊ အကယ်၍ ပြေးလျှင် ခုန်အုပ်မည်။ အိမ်ထဲ၌ ကြွက် တစ်ကောင်ပြေးလျှင် ခုန်အုပ်၍ ဖမ်းတတ်သည့် ကြောင်တို့၏ သဘာဝနှင့် အတူ တူပင် ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ကျားသစ်က သူ့ကိုမိအောင် ခုန်မအုပ်မီ လွတ်အောင် ပြေးနိုင်လိမ့်မည်ဟု, ဒင်နီယယ်က တွက်သည်။ သူသည် နောက်သို့ဖျတ်ခနဲ လှည့်၍ ပြေးသည်။ ကျားသစ်သည် အမှောင်ထုထဲမှ ဗြုန်းခနဲ ထွက်လာပြီး ဒင်နီယယ်အား ခုန်အုပ်သည်။ ကျားသစ်ကိုယ်လုံးသည် သူ့နောက်ကျောပေါ်သို့ အရှိန်ပြင်းစွာဖြင့် ကျသည်။ သူသည် ရှေ့သို ့ မှောက်လျက်လဲကျသည်။ ကျားသစ်၏ လက် သည်းများသည် သူ့ဂျက်ကက်ထဲသို့ စူးဝင်ကြသည်။ ဒင်နီယယ်၏ လက်နှိပ်ဓာတ်မီးသည် လက်ထဲမှ လွင့်ထွက်သွား၏။ သူ့ကိုယ်တစ်ပိုင်းသည် ငါးခြောက်အိဟ်များ ကြားသို့ ကျသည်။ ကျားသစ်၏ လက်နှစ်ဖက်သည် သူ့ပခုံးများကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဤကြားထဲမှ လွတ်မြောက်ရန် အားထုတ်သည်။ သူ့ကျောပေါ်မှ အောက်ဘက်သို့ လျှောကျသွားသော ကျားသစ်သည် သူ့ခြေ တစ်ဖက်ကို ခဲသည်။ တင်ပါးတစ်ဖက်နှင့် ပေါင်တစ်ဖက်ကို ကိုက်သည်။ ရုန်းရင်းကန်ရင်းနှင့်ပင် သူသည် ကျားသစ်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။ ယခုအခါတွင် ကျားသစ်နှင့်လူသည် ဘတစ်ပြန် ကျားတစ်ပြန်ဖြစ်ကာ ကြမ်းပေါ် တွင် လိမ့်လျက်ရှိ၏။ နောက်တစ်ခဏမျှ အကြာတွင် ဒင်နီယယ်၏ သားရေ ဂျက်ကက်အင်္ကျီ လက်တစ်ဖက်သည် ကျားသစ်၏ ပါးစပ်ထဲသို့ ရောက်သွားသည်။ ဒင်နီယယ်က . တအားကုန် ဆောင့်၍ရုန်းသည်။ ကျားသစ်သည် သူ့အောက်သို့ ရောက်သွားလေ သည်။ သူသည် လက်ထဲမှ ဝက်အူလှည့်ကို အလွတ်မခံ၊ သတိကြီးကom အမိအရ ဆုပ်ကိုင်ထားသည်။ သူသည် ရှိသမျှခွန်အားကို ထုတ်ပြီး ဒူးထောက်၍ ထိုင်ကာ ကျားသစ်၏ ပါးစပ်ထဲမှ လွတ်သွားသော လက်ဖြင့် ကျားသစ်၏ လည်ပင်းကို ဆုပ်ညှစ်ထားသည်။ www.bu
89.170226
Elephant Trader
Mg Htun Thu
10356
85
________________ ၁၇၂ www.burmeseclassic.com မောင်ထွန်းသူ ကျားသစ်သည် ဒင်နီယယ်၏ မျက်နှာကို လက်သည်းများဖြင့် ကုတ်ခြစ်ရန် အားထုတ်လျက် ရှိသည်။ ပါးစပ်ကို တအားကုန်ဖြဲကာ ကိုက်နိုင်ရန် ကြိုးစားသည်။ ဒင်နီယယ်သည် လက်ထဲမှ ဝက်အူလှည့်ဖြင့် ကျားသစ်၏ ပါးစပ်တွင်းသို့ ဆောင့်လိုးလိုက်သည်။ ကျားသစ်၏ ပါးစပ်သည် ဟသွားသည်။ ကျားသစ်၏ ပါးစပ်တွင်း ရောက်နေသည့် ပခုံးသည် လွတ်ထွက်သွား၏။ စူးစူးဝါးဝါး အော်လိုက်သည့် ကျားသစ်၏ အသံသည် ပဲ့တင်ထပ်သွားသည်။ ဒင်နီယယ်သည် ဝက်အူလှည့်ကို လက်လွတ်မခံ၊ သူ့အား ထပ်မံကိုက် ရန် အားထုတ်နေသော ကျားသစ်၏ မျက်လုံးတစ်ဖက်ကို ချိန်၍ နောက်တစ်ချက် ထိုးသည်။ သို့သော် သူချိန်သည့် နေရာကို မထိ။ ကျားသစ်၏ နှာခေါင်းကို ထိုးမိသည်။ ဝက်အူလှည့်သည် နှာခေါင်းမှနေ၍ ပါးတစ်ဖက်ကို ဖောက်ထွက် သွားသည်။ ကျားသစ်၏ အော်သံသည် ထပ်မံ၍ ထွက်ပေါ်လာသည်။ ကျားသစ် ၏ တိုက်ခိုက်အားသည် ချက်ချင်းပင် လျော့သွားသည်။ ဒင်နီယယ်သည် ကျားသစ်အား ဆောင့်တွန်းလိုက်ပြီး ကျားသစ်၏ ကိုယ်လုံးအောက်မှ လှိမ့်ထွက်လိုက်၏။ ဝက်အူလှည့်သည်လည်း သူ့လက်ထဲ ပြန်ပါလာ၏။ သူ့လက်မောင်းတစ်ဖက်မှ သားရေဂျာကင်သည် ပေါက်ထွက်သွားပြီး အထဲမှ အသားတစ်များသည် ကျားသစ်၏ ခြေသည်းများနောက်သို့ ပါသွား သည်။ ကျားသစ်သည် နောက်သို့ဆုတ်ခွာသွားပြီး ထပ်မံ တိုက်ခိုက်ရန် တာစူလျက်ရှိသည်။ ဒင်နီယယ်သည် ဝက်အူလှည့်ကို ဒူးနှစ်လုံးနှင့်ညှပ်ထားပြီး လက်မောင်း မှ ဒဏ်ရာကို လက်ကိုင်ပဝါဖြင့် ကပျာကယာပတ်၍ သွားဖြင့်ကိုက်ကာ တင်းနေ အောင် စည်းသည်။ သားရေဂျာကင် ခံနေသဖြင့် ဒဏ်ရာကတော့ မကြီး။ သို့သော်လည်း သွေးထွက်လွန်မည်စိုး၍ စည်းနေခြင်း ဖြစ်သည်။ ကျားသစ်သည် သူ ့နှာခေါင်းမှ ဒဏ်ရာကို လက်တစ်ဖက်ဖြင့် ပွတ် လိုက်၊ ကိုယ်ပေါ်မှ သွေးစများကို လျှာနှင့်လျက်လိုက် လုပ်နေသည်။ ဆင်ကုန်သည် ၁၇၃ ကျားသစ်၏ ဟိန်းသံများနှင့် အော်သံများကို ဘယ်သူမှ မကြား၍လား၊ အခုအချိန် အထိတော့ လူတစ်ယောက်မျှ ပေါ်မလာသေး။ ဒင်နီယယ်သည် ထိုအချက်ကို တွေးမိကာ အံ့သြလျက် ရှိသည်။ ထိုအခိုက်မှာပင်”ဝင်းတံခါးပွင့်သွားသံနှင့် ကားတစ်စီး ဝင်လာသံများ ကို ခပ်သဲ့သဲ့ကြားရသည်။ ထို့နောက် လူတစ်ယောက်၏ အော်ပြောသံကြားရသည်။ “နန်ဒီ....ဟေ..နန့်ဒီ၊ နှင့်လှောင်ချိုင့်ထဲကို ပြန်ဝင်တော့၊ သွား.. ပြန့်သွားတော့” ဒင်နီယယ်သည် အသံကို ချက်ချင်းမှတ်မိသည်။ တခြားလူမဟုတ်။ ချက်တစ်ဆင်း၏ အသံ။ ကျားသစ်သည် ဖျတ်ခနဲလှည့်ကာ ပြေးထွက်သွား၏။ ဒင်နီယယ်၏ မျက်စိအောက်မှ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ချက်တီဆင်း၏ စကားပြောသံ ထပ်ကြားရပြန်၏။ “ကျားသစ် လှောင်ချိုင့်ကို သော့မြန်မြန်ခတ်လိုက်တော့” သံတံခါးဆောင့်ပိတ်သံနှင့် သော့ခတ်သံများ ကြားလိုက်ရသည်။ “မင်း ဟိုလူဖြူကောင်ကို မြင်သလား၊ သတိထားနော်၊ ဒီကောင် သေချင်မှ သေဦးမှာ” ဒင်နီယယ်သည် လက်ဖက်ခြောက်အိတ်ကြီးများကြားသို့ တိုးဝင် သည်။ လွတ်ဖို့ကတော့ သိပ်ပြီး မျှော်လင့်ချက် မရှိ။ သူကိုင်ထားသည့် ဝက်အူ လှည့်သည် တကယ်တမ်းကျတော့ အားကိုးရမည့်လက်နက် မဟုတ်။ “ဟိုမှာ လက်နှိပ်ဓာတ်မီး ကျကျန်ခဲ့တယ်၊ မီးခလုတ် ပွင့်လျက်ကြီး” “ဟိုဘက်မှာ ဘာတွေလဲ၊ လက်ဖက်ခြောက်အိတ်တွေ ဘေးကလေ၊ သွေးနဲ့ တူတာပဲ” “နန်ဒီက သူ့အလုပ်ကို ပြီးအောင်လုပ်သွားပုံရတယ်" “ငါ့ကို လက်နှိပ်ဓာတ်မီးပေးစမ်း" အသံများသည် နီးနီးလာသည်။ ဒင်နီယယ်၏ မြင်ကွင်းအတွင်းသို့ ခြေထောက်နှစ်စုံ ဝင်လာ၏။ တစ်ယောက်က ခါးကုန်းလိုက်ပြီး လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည်။ “ဟာ..ငါတို့လူက ဒီမှာရောက်နေတာကိုးကွ” ဟု တစ်ဦးက ချက်တီဆင်းပေတည်း။ www.burmassic.com
88.175079
Elephant Trader
Mg Htun Thu
10356
86
________________ ၁၇၄ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “ဘယ်လိုလဲ..ဒေါက်တာ အမ်းစထရောင်း၊ နေကောင်းပါရဲ့လား ခင်ဗျာ၊ လူကြီးမင်းရဲ့ လက်ထဲက လက်နက်က အသုံးမလိုတော့ဘူး ထင်ပါ တယ်၊ ဒီကိုပေးပါ ပထမတွင် ဒင်နီယယ်က မပေး။ အတန်ကြာမှ လက်ထဲမှ ဝက်အူလှည့် ကို သူ့ခြေထောက်နား ပစ်ချလိုက်သည်။ ချက်တီဆင်းက ခြေထောက်ဖြင့် ကြီး ရောက်သွားအောင် ကန်ထုတ်လိုက်၏။ “အပြင်ကို ကြွပါ ဒေါက်တာ" 3260: ဒင်နီယယ်သည် လေးဖက်တွား၍ ထွက်လာ၏ ။ ဒဏ်ရာရထားသည့် လက်ကို သူ့ရင်ဘတ်တွင် ကပ်သည်။ အပြင် ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် မတ်တတ်ရပ်လိုက်သည်။ ချက်တီဆင်းသည် ပြောင်းကိုနှစ်လုံးပြူးသေနတ်ဖြင့် ဒင်နီယယ်၏ ဗိုက်ကို ချိန်ထားရင်းက သူ့တပည့်အား အင်ဒိုနီစကားဖြင့် လှမ်း၍ အမိန့်ပေး၏။ “ဟေ့..ချောဝီ၊ သေတ္တာကို ဖွင့်ထားတဲ့ အစအနရှိ သလား၊ ရှာကြည့်စမ်း’‘ လူမည်းသည် သူ့သခင်ခိုင်းသည့်အတိုင်း သေတ္တာများဘက်သို့ လျှောက်သွားပြီး ရှာသည်။ တစ်နေရာတွင် ဖိတ်ကျနေသည့် လက်ဖက်ခြောက် များကို တွေ့သည်။ အနီးမှ သေတ္တာကို အသေအချာ ကြည့်သည်။ ခြေရာ လက်ရာပျက်နေ သည်ကို တွေ့သောအခါ သူ့သခင်အား လှမ်းကြည့်သည်။ “ခင်ဗျားက တော်တော်ကို လည်တဲ့လူပဲ” ချက်တီဆင်းက ချီးမွမ်းခြေကျောက်လေသံဖြင့် ရေရွတ်သည်။ “တကယ့်ကို စုံထောက်ကြီး ရှားလော့ဟုမ်းနဲ့ တူတာပါကလား၊ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ လည်တိုင်း ပါးနပ်တိုင်း ကောင်းတာ မဟုတ်ဘူး ကိုယ့်လူ....ဟေ့..ဈာဝီ၊ ဒီအကောင်က သူ့ကားကို ဘယ်နေရာ မှာ ရပ်ထားသလဲ ဟု အင်ဂိုနီစကားဖြင့် မေးသည်။ “ဟိုဘက်က မြေလွတ်မှာ ရပ်ထားတယ်လို့ ထင်ပါတယ် သခင်" သူတို့ပြောနေသည့် အင်ဂိုနီစကားကို ဒင်နီယယ်နားမလည်ဟု ထင်ကြ၏။ သို့သော်လည်း အာဖရိကတွင် အနေကြာခဲ့ပြီး ဇူးလူးနှင့် အင်ဒီဘီလီ လူမျိုးများအား လေ့လာခဲ့ဖူးသော ဒင်နီယယ်သည် အင်ဂိုနီစကားကို အထိုက် အလျောက် နားလည်နေသည်။ “မင်း သူ့ကားကို သွားယူချေ” ဟု ချက်တီဆင်းက အမိန့်ပေးသည်။ ပြုံးသည်။ ၁၇၅ ချာပီ ထွက်သွားသည့်အခါ ချက်တီဆင်းက ဒင်နီယယ်အား ကြည့်ပြီး “ကျွန်တော့်လက်မှာ ဒဏ်ရာကြီးတစ်ခု ရထားတယ်၊ ပိုးဝင်ပြီး အဆိပ် ဖြစ်သွားမှာ စိုးရိမ်ရတယ်" ဟု ဒင်နီယယ်က ပြောသည်။ “မပူပါနဲ့၊ ပိုးမဝင်ခင် ခင်ဗျား အသက်ထွက်သွားမှာပါ “ “ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ ရည်ရွယ်နေသလား" “ရယ်စရာတော်တော်ကောင်းတဲ့ မေးခွန်းတစ်ခုပါလား ဒေါက်တာ၊ ကျုပ်မှာ တခြားရွေးစရာလမ်း ရှိသေးလို့လား၊ ခင်ဗျားဟာ ကျုပ်ရဲ့ လျှို့ဝှက်ချက် ကို သိအောင် အားထုတ်ခဲ့တဲ့ လူတစ်ယောက်ပဲ.... 'အလွန်သိခြင်းသည် အသက်ဆုံးရှုံးစေနိုင်သည့် ရောဂါတစ်ခုဖြစ် သည်ဆိုတဲ့ စကားကိုတော့ ခင်ဗျား ကြားဖူးလိမ့်မယ် ထင်ပါတယ်" “တကယ်လို့ ကျွန်တော် သေရမှာဆိုရင် ချင်ဝီဝီနဲ့ ပတ်သက်လို့ ကျွန်တော် သိချင်နေတာလေးတွေကို ဘာဖြစ်လို့ ပြောမပြနိုင်ရတာလဲ၊ ချင်ပီပီကို ဂင်တိုက်ဖို့ ဘယ်သူက အကြံပေးတာလဲ၊ ခင်ဗျားကလား၊ နင်ချင်ဂွန်းကလား” “ကျုပ်..ချင်88 အကြောင်းကိုရော၊ ခင်ဗျားပြောတဲ့ နင်ချင်ဂွန်း အကြောင်းကိုရော ဘာတစ်ခုမှ မသိဘူး၊ ပြီးတော့ ကျုပ်က စကားများများ ပြောချင်တဲ့လူ မဟုတ်ဘူး” “ကျွန်တော့်ကို ဖွင့်ပြောလိုက်လို့ ခင်ဗျားမှာ နစ်နာထိခိုက်စရာ မရှိပါ ဘူး မစ္စတာဆင်း၊ လပ်ကီးဒရက်ဂွန်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို ဘယ်သူပိုင်တာလဲ” “ခင်ဗျားရဲ့ သိချင်တဲ့ ဆန္ဒကို သင်္ချိုင်းကုန်းအထိ ယူသွားရုံကလွဲပြီး ခင်ဗျား ဘာမှ သိနိုင်ဖို့ မရှိဘူး” လင်ခရူဇာကားသံကို ကြားရသည်။ ချက်တီဆင်းသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ “ကဲ... ဒေါက်တာ၊ ရှေ့က ကြွပါ၊ ခင်ဗျားရဲ့ နောက်မှာ သေနတ်ရှိနေ ကယ်ဆိုတာလည်း မမေ့ပါနဲ့” ဟု ချက်တီဆင်းက ပြောသည်။ ဒင်နီယယ်သည် ကုန်ဂိုဒေါင်တံခါးဆီသို့ ရှေ့မှ လျှောက်သွားသည်။ အ၀င်အထွက် တံခါးမကြီးရှေ့သို့ ရောက်သောအခါ ချက်တီဆင်းက ရပ်ဝိုင်းသည်။
87.495876
Elephant Trader
Mg Htun Thu
10356
87
________________ ၁၇၆ www.burmeseclassic.com မောင်ထွန်းသူ တံခါးပွင့်သွားသောအခါ ရှေ့တည့်တည့်တွင် ရှေ့မီးများဖွင့်၍ ရပ်ထား သော သူ၏ တိုယိုတာ ထရပ်ကားကို မြင်ရသည်။ အပြင်မှာ ရပ်စောင့်နေသော ချာပီက “အားလုံး အဆင်သင့် ဖြစ်နေပါပြီ သခင်” ဟု ပြောသည်။ “ဘာလုပ်ရမယ်ဆိုတာ မင်းသိပြီးပြီပဲ”ဟု ချက်တီဆင်းက ပြန်ပြောသည်။ “ငှက်တွေ ပျံလာပြီး ငါ့ခေါင်မိုးပေါ်နားတာ ငါမလိုချင်ဘူး၊ လုပ်တဲ့ အခါမှာ ခြေရာလက်ရာ မကျန်ခဲ့စေနဲ့ ၊ တောင်ပေါ်လမ်းမှာ မတော်တဆဖြစ်တဲ့ ပုံမျိုး ဖြစ်စေရမယ်၊ နားလည်လား” သူတို ့သည် အင်ဂိုနီစကားကို ဒင်နီယယ် နားမလည် ဟူသော ယုံကြည်ချက်ဖြင့် လွတ်လပ်စွာ ပြောဆိုလျက် ရှိသည်။ ချာဝီက ခေါင်းညိတ်သည်။ “ဒေါက်တာကြီး ခင်ဗျား၊ ခင်ဗျားရဲ့ ကားပေါ်ကို တက်ပါ၊ ဘယ်ကို မောင်းရမယ်ဆိုတာ ချာဂီက ပြောပါလိမ့်မယ်၊ သူ့ညွှန်ကြားချက်အတိုင်း လိုက်နာပါ၊ သူ ပြောင်းကိုသေနတ် ကောင်းကောင်း ပစ်တတ်တယ်ဆိုတာ သတိထားပါ' ဒင်နီယယ်သည် ကားရှေ့ခန်းတွင် ဝင်ထိုင်သည်။ ချာဝိက သူ့နောက်တည့်တည့်မှ ထိုင်သည်။ ချက်တီဆင်းက သူ့လက်ထဲမှ သေနတ်ကို ချာင့်လက်သို့ ပေးသည်။ ထို ့နောက် ချက်ကီဆင်းသည် နောက်သို ့ ဆုတ်၍ ရပ်သည်။ ဒင်နီယယ်က ကားကို မောင်းထွက်သည်။ နောက်ကြည့်မှန်ထဲသို့ တစ်ချက်လှမ်းကြည့်သည်။ ချက်တီဆင်းသည် ကားဒီလက်ကားထဲ ဝင်ထိုင်လိုက်ပြီး ကုန်လှောင်ရုံ ခြံဝင်းထဲမှ မောင်းထွက်သွားသည်ကို မြင်လိုက်ရ၏။ နောက်ခုံမှာ နျာဝိသည် ဒင်နီယယ်အား လမ်းညွှန်လျက် ရှိသည်။ တစ်ခါတစ်ရံတွင် သေနတ်ပြောင်းဖြင့် ဒင်နီယယ်၏ လည်ကုပ်ကို ထောက်ထား တတ်သည်။ ကားသည် တောပိုင်းသို့ ရောက်လာသည်။ ထိုအခါတွင် ချာဝီက ကားအရှိန်ကို တင်ရန် ဇွတ်ခိုင်းသည်။ ဒင်နီယယ်၏ လက်မှ ဒဏ်ရာသည် တိုး၍ နာကျင်ကိုက်ခဲလာသည်။ သူသည် ဒဏ်ရာရထားသည့် လက်ကို ရင်ခွင်၌ တင်ကာ လက်တစ်ဖက်တည်းဖြင့် ကားကို မောင်းသည်။ သူ့ အနာမှ နာကျင်မှုကို ဆင်ကုန်းသည် မေ့သွားရန် ကြိုးစားသည်။ ၁၇၇ ကားသည် လူသူကင်းမဲ့ပြီး တိတ်ဆိတ်လွန်းလှသော တောင်ကြားလမ်း အတိုင်း ပြေးသွားလျက်ရှိ၏။ တဖြည်းဖြည်းနှင့် လမ်းသည် အကွေ့ အကောက် အတက်အဆင်း များလာသည်။ လမ်းဘေးဝဲယာရှိ သစ်တောများသည် ပို၍ ထူထပ်သိပ်သည်းလာကြသည်။ အရှေ့ဘက် မိုးကောင်းကင်တွင် အရုဏ်၏ အလင်းရောင်များ ယှက်သန်းစ ပြုပြီ။ ဒင်နီယယ်သည် သူ့လက်ပတ်နာရီကို တစ်ချက်ငုံ့ကြည့် သည်။ ခြောက်နာရီထိုးပြီး ခုနစ်မိနစ်မျှသာ ရှိသေးသည်။ သူသည် ရှေ့ရေးကို ကွေးသည်။ သူ့နောက်မှ သေနတ် ကိုင်ထားသူ၏ အခြေအနေကို စဉ်းစားသည်။ ထိုလူသည် မိမိအား သတ်ဖို့ ဝန်လေးမည့်လူ တစ်ယောက်မဟုတ်။ အကယ်၍ မိမိကသာ သူ့အား စတင်တိုက်ခိုက်ဖို့ ဟန်ပြင်ပါက သူ့ခေါင်းကို သေနတ်ဖြင့် ပစ်ခွဲမည်မှာ သေချာ၏။ အကယ်၍ သူ့ဘေးမှ တံခါး ကို ခြေဖြင့် ကန်ဖွင့်ပြီး ခုန်ချလိုက်လျှင် လွတ်နိုင်ပါမည်လော။ ထိုနည်းကို လုပ်မည်ဆိုပါက ကားအရှိန်ကို မိုင် ၅ဝ အောက် လျှော့ မောင်းမှသာ ဖြစ်နိုင်စရာရှိ၏။ ယခု လက်ရှိမိုင်နှုန်းအတိုင်း မောင်းနေရစိုက် ခုန်ချလိုက်လျှင် မိမိ၏ ခန္ဒာကိုယ်သည် မြေကြီးနှင့်ရိုက်မိပြီး ဒဏ်ရာအကြီး အကျယ် ရဖို့သာ ရှိ၏။ သူသည် ကားအရှိန်ကို လျှော့လိုက်သည်။ သူ့အား တစ်ချက်တလေမှ အလစ်မပေးသော ချာဂီသည် သေနတ်ပြောင်းဖြင့် နောက်စေ့ကို ထောက်ထားပြီး ကားအရှိန်ကို ပြန်တင်ခိုင်း၏။ ဒင်နီယယ်အဖို့ ချာဂီခိုင်းသည့်အတိုင်း နာခံရုံမှတစ်ပါး အခြားဘာမှ လုပ်၍မရ။ အခုပုံအတိုင်းဆိုပါက မိမိအနေဖြင့် ကားရပ်ခိုင်းချိန်ကိုသာ စောင့်ဖို့ ရှိတော့သည်ဟု ဒင်နီယယ် တွေး၏။ အကယ်၍ ကားရပ်လိုက်ပြီဆိုပါက အခါ အခွင့်ကို ကြည့်၍ လစ်လျှင် လစ်သလို တိုက်ခိုက်ရန်သာ ရှိတော.com တွက်သည်။ ရုတ်တရက် လမ်းသည် မတ်စောက်လာရုံမျှမက အကွေ့တွေ များလာ သည်။ မှုန်ပျပျအလင်းရောင်ဖြင့် အောက်ဘက်မှ တောင်ကြားကို ရိပ်ခနဲ မြင်တွေ့
88.670443
Elephant Trader
Mg Htun Thu
10356
88
________________ www.burmeseclassic.com ၁၇၈ ရသည်။ ထိုအခိုက်မှာပင် နောက်မှ ချာဝီက.. မောင်ထွန်းသူ “ကားကို ရပ်လိုက်၊ ဟိုဘက်က အစွန်းထိ ဆက်မောင်း” ဟု အမိန့်ပေး၏၊ ဒင်နီယယ်သည် ဘရိတ်ကိုဆွဲကာ ကားအရှိန်ကို သတ်၍ ချာဝိညွှန်ပြ သော နေရာသို့ မောင်းသည်။ ကားသည် ချောက်ကမ်းပါးတစ်ခု၏ ထိပ်သို့ ရောက်သွားသည်။ ထိပ်ဘက်တွင် ကျောက်တုံး ကျောက်လုံးကြီးများ ကာရံလျက် ရှိသည်။ ယင်းတို့၏ တစ်ဖက်အနိမ့်ထဲတွင် ချောက်တစ်ခုရှိရာ ကျောက်တုံး ကျောက်ခဲများ ထူထပ်ပေါများသည့် မြေပြင်အထိ ပေနှစ်ရာ၊ သုံးရာခန့် နက်လိမ့် မည်ဟု ခန့်မှန်းရလေသည်။ “ကားစက်ကို ရပ်လိုက်တော့” ဟု ချောင်က အမိန့်ပေးသည်။ ဒင်နီယယ်သည် ချာဝီနိုင်းသည့်အတိုင်း လုပ်၏။ “လက်နှစ်ဖက်ကို ခေါင်းပေါ်တင်" ဒင်နီယယ်က သူ့လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ထား လိုက်၏။ နောက်ခန်းတံခါးဖွင့်သံ ကြားလိုက်ရပြီး ချက်ချင်းပင် ချာဂီသည် ကားဘေး၌ လာရပ်သည်။ “တံခါးကိုဖွင့်၊ ဖြည်းဖြည်းဖွင့်နော်” ချာပီက ဒင်နီယယ်၏ မျက်နှာကို သေနတ်ဖြင့် ချိန်ထားပြီး ပြော၏။ ဒင်နီယယ်က တံခါးကို ဖွင့်သည်၊ “ကဲ..အပြင်ကိုထွက်” ဒင်နီယယ်သည် ကားထဲမှ အောက်သို့ဆင်း၏။ ချာဗီသည် ညာလက်ထဲရှိ သေနတ်ဖြင့် ဒင်နီယယ်အား ချိန်ထားရင်း ဘယ်လက်ဖြင့် ပွင့်နေသည့်တံခါးမှ ကားထံသို့ နှိုက်သည်။ ကားစက်နှိုးသည့် ဟန်ဒယ်ကို လှမ်းယူနေခြင်း ဖြစ်သည်။ ဒင်နီယယ်သည် သူ့အတွက်ပေါ်လာသည့် အခွင့်ကောင်းကို မြင်၏။ ကားထဲသို့ လက်နှိုက်နေသော ချာဝီ၏ ကိုယ်ခန္ဓာသည် ရှေ့သို့ အနည်းငယ်ကုန်းသွားသည်။ လက်ထဲမှ သေနတ်သည် ဒင်နီယယ်အား ချိန်ထား သော်လည်း မသိမသာ ရွေ့လျားသွား၏။ အကယ်၍ လျင်မြန်သွက်လက်စွာ လှုပ်ရှားနိုင်မည်ဆိုပါမူ... ဒင်နီယယ်သည် ရှေ့သို့ တအားခုန်လိုက်သည်။ လူဆီကို မဟုတ်။ သေနတ်ဆီကို မဟုတ်။ ကားတံခါးဆီသို့ ခုန်လိုက်ခြင်း ဖြစ်၏။ ဆင်ကုန်သည် သူသည် ကားတံခါးကို အရှိန်ပြင်းစွာဖြင့် ဆောင့်ပိတ်လိုက်၏။ စူးစူးဝါးဝါးအော်လိုက်သည့် ချာခီ၏အသံ.. ၁၉၉ ချာဇီ၏ ဘယ်ဘက်လက်သည် ကားတံခါးကြားတွင် ညပ်နေသည်။ ချာဝီ၏ ညာဘက်လက်ထဲမှ သေနတ်သံတစ်ချက် ထွက်လာသည်။ ကျည်ဆန်သည် ဒင်နီယယ်၏ ခေါင်းအထက် တစ်ပေခန့်အကွာမှ ကျော်ဖြတ် သွားသည်။ ဒင်နီယယ်သည် ချာဝီ၏ မျက်နှာကို သူ့ခေါင်းဖြင့် တစ်ချက် ဆောင့် တိုက်လိုက်ပြီး သေနတ်ကို ဝင်လူသည်။ ချာဗီက သေနတ်မောင်းကို နောက်တစ်ကြိမ် ထပ်ဆွဲသည်။ ကျည်ဆန် သည် မိုးပေါ်သို့ ထောင်တက်သွားလေသည်။ ဒင်နီယယ်သည် ကားတံခါးကို သူ့ကိုယ်လုံးဖြင့် ဖိကပ်ထားသည်။ သူ ကိုင်မိထားသည့် သေနတ်ဒင်ဖြင့် ချာဝီ၏ မျက်နှာကို ရိုက်သည်။ ချာခီ၏ နှုတ်ခမ်းနှင့် နှာခေါင်းကွဲသွားသည်။ နောက်တစ်ခဏမျှ အကြာတွင် ဒင်နီယယ် ဖိကပ်ထားသည့် တံခါး သည် ပွင့်သွားသည်။ ချာပီ၏ ဘယ်ဘက်လက်သည် ကားတံခါးနှင့် ညပ်နေရာမှ လွတ်ထွက်သွား၏။ သို့သော်လည်း သူ့လက်သည် ကျိုးသွားခဲ့လေပြီ။ ချာပိသည် နောက်သို့ ယိုင်ထွက်သွားသည်။ သူ့ခြေထောက်များကိုပင် သူ မထိန်းနိုင်၊ ဘယ်ဘက်လက်သည် သူ့ဘေးတွင် တွဲလောင်း။ ဒယီးဒယိုင်ဖြစ်နေသော ချာင်သည် ကျောက်တုံးဘေးမှနေ၍ အောက် ဘက်ရှိ ချောက်ထဲသို့ ထိုးကျသွားသည်။ သူ၏ ကြောက်လန့်တကြား အော်သံ သည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ပြန်လည် တိတ်ဆိတ် သွားသည်။ ဒင်နီယယ်သည် ဘေးကို မှီ၍ရပ်ကာ အမောဖြေသည်။ ချောက်ကမ်း ပါးထိပ်သို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်သည်။ ဈာဝီသည် ကျောက်တုံး ကျောက်ခဲများပေါ်တွင် လက်နှစ်ဖက် ဘေးသို့ကားပြီး မှောက်လျက်လဲနေ၏၊ ဒင်နီယယ်၏ ဦးနှောက်သည် သွက်လက်လျင်မြန်စွာ လှုပ်ရှားလျက် ရှိသည်။ ဤကိစ္စကို ရဲတိုင်ရမလား.. အာဖရိကတွင် လူဖြူက လူမည်းကို သတ်လျှင် eclassic.com. ဆင်စွယ်တွေ အကြောင်းကော သတင်းပေးရမလား။ မဖြစ်နိုင်ဟု သူယူဆသည်။ တတ်
88.054146
Elephant Trader
Mg Htun Thu
10356
89
________________ IO www.burmeseclassic.com မောင်ထွန်းသူ သည် မဟုတ်ပါလော။ မိမိကိုယ်မိမိ ခုခံကာကွယ်ရင်း သတ်မိသည် ဆိုဦးတော့ မည်သူကမှ ခွင့်လွှတ်လိမ့်မည် မဟုတ်။ မိမိအား ဖမ်း၍ ချက်ချင်းသတ်ကြမည် ဖြစ်၏၊ ကျားသစ်ကုတ်ထားသည့် ဒဏ်ရာမှ နာကျင်မှု ဝေဒနာသည် မခံမရပ် နိုင်လောက်အောင် နာကျင်လာသည်။ သူသည် လက်ကို အသာအယာ မ၍ကိုင် ကာ ချောက်ထဲသို့ ဆင်းနိုင်သည့် လမ်းကို ရှာသည်။ တိရစ္ဆာန်များ ဆင်းတက်ထားသည့် လမ်းအတိုင်း အောက်သို့ ဆင်းခဲ့ သည်။ ချာပီထံ ရောက်သည်အထိ မိနစ် နှစ်ဆယ်ခန့်ကြာသည်ကို သူသတိထား မိသည်။ ဒင်နီယယ်သည် ချာဝိ၏ အိတ်ကပ်များကို နှိုက်သည်။ ညစ်ပတ်ပေရေ နေသော လက်ကိုင်ပဝါတစ်ထည်၊ ငွေအကြွေ အနည်းငယ်၊ နှစ်လုံးပြူးကျည်ဆန် လေးတောင့်နှင့် ဂိုဒေါင်လျှပ်စစ်တံခါးဖွင့်သည့် သော့ကတ်ပြားကို တွေ့ရသည်။ သူသည် ချာဝီ၏ အလောင်းကို မြစ်ကမ်းပါး ရောက်အောင် လှိမ့်၍ တွန်းလာခဲ့ပြီး မြစ်ထဲသို့ တွန်းချလိုက်သည်။ အလောင်းသည် ရေစီးတွင် မျောပါ သွားကာ ကွေ့ တစ်ခု အရောက်တွင် ပျောက်ကွယ်သွားသည်။ သူလမ်းပေါ်သို့ ပြန်ရောက်သည့်အခါ လက်မှ ဒဏ်ရာသည် မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲလျက် ရှိလေပြီ။ သူသည် ဒဏ်ရာများကို အသေအချာ ပြန်ကြည့်သည်။ ကျားသစ်၏ လက်သည်းရာများသည် သိပ်ပြီး မနက်။ သို့သော်လည်း အချိန်ကြာကြာ ပစ်ထားခဲ့ရသဖြင့် အဆမတန့် ရောင်ရမ်းလျက်ရှိသည်။ သူသည် ကားပေါ်တက်ကာ ဆေးသေတ္တာကို ထုတ်သည်။ သူ့ဒဏ်ရာ များကို ဆေးကြော သုတ်သင်ကာ ဆေးထည့်သည်။ ပတ်တီးစည်းသည်။ အဆိပ် မဖြစ်အောင် ဆေးတစ်လုံးထိုးသည်။ လက်မှ နာရီကို ကြည့်လိုက်၏။ ရှစ်နာရီပင် ထိုးတော့မည်။ ဒင်နီယယ်သည် သူဘာဆက်လုပ်ရမည်ကို တစ်ခဏမျှ ထိုင်၍ စဉ်းစားသည်။ ချက်တီဆင်း၏ လုပ်ရပ်ကို ဟန့်တားနိုင်ဖို့ လိုသည်ဟု သူယူဆ ၏။ ထို့ပြင်လည်း ယခု သူကြုံခဲ့ရသည့်အဖြစ်ကို ရဲအား အသိပေးဖို့ လိုသည်ဟု လည်း ထင်၏။ သူသည် ချက်ချင်းပင် ကားကို ပြန်ကွေ့ကာ လာလမ်းဘက်သို့ ဦးတည်၍ မောင်းသည်။ မြို့ဆင်ခြေဖုံး လမ်းပေါ်ရောက်လာသည့်အခါ ကား ဆင်ကုန်သည် အသွားအလာ ထူထပ်လာသည်ကို မြင်ရသည်။ သူ့ကားအပေါ် သင်္ကာမကင်းဖြစ်ကြလေမလားဟု တွေးမိသဖြင့် သတိထား၍ အကဲခတ်သည်။ သို့သော်လည်း ထူးထူးခြားခြား သတိထားမိကြ သည့် လက္ခဏာ မတွေ့ရ။ သူသည် ကားကို လေယာဉ်ကွင်းဆီသို့ မောင်းသည်။ ကွင်းရှေ့သို့ ရောက်သည့်အခါ သူ့ကားကို အခြားကားများကြား၌ ထိုးထားခဲ့ပြီး ရှပ်အင်္ကျီတစ်ထည်နဲ့ ခရီးဆောင်အိတ်ကလေးကို ယူ၍ အမျိုးသားအိမ်သာသို ့ သွားသည်။ သူသည် မျက်နှာကို အလျင်ဆုံးသစ်၏။ ပြီးတော့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများ ရိုက်သည်။ သွေးစွန်းနေသည့် ရှပ်အင်္ကျီကို ချွတ်၍ လုံးထွေးပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ အသင့်ယူလာသည့် ရှပ်အင်္ကျီကို ဝတ်ကာ မှန်ထဲတွင် အသေအချာ ကြည့်၍ သပ်သပ်ရပ်ရပ် ဖြစ်နေအောင် ပြုပြင်သည်။ ထို့နောက် လေယာဉ်ကွင်း အဝင်ခန်းမကြီးထဲမှ အများသုံး တယ်လီဖုန်းများရှိရာသို့ သွားသည်။ တောင်အာဖရိက လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ဆိုက်ပြီး စဖြစ်၍ အဝင်ခန်းမကြီးထဲတွင် နိုင်ငံခြားသား ခရီးသည်များဖြင့် ပြည့်နေ၏။ သူ ့အပေါ် စိတ်ဝင်စားသည့် လူတစ်ဦးမှ မတွေ့ရ။ ရဲအရေးပေါ်ဌာန ဖုန်းနံပါတ်ကို အထူးတလည် ရှာနေစရာ မလို၊ သူသုံးမည့် တယ်လီဖုန်း၏ အထက်နားတွင် အပီအပြင် ရေးထားသည်။ သူသည် အသံကို ဖျက်၍ ဆွာဟီလီဘာသာ စကားဖြင့် “ကျွန်တော် ဓားပြတိုက်မှု တစ်မှုနဲ့ လူသတ်မှု တစ်မှု တိုင်ချင်လို့ ပါ” ဟု ပြော၏။ တစ်ဖက်မှ တယ်လီဖုန်း အော်ပရေတာသည် အမျိုးသမီးရဲ ဖြစ်၏။ “တာဝန်ကျ အရာရှိ တစ်ယောက်နဲ့ စကားပြောပါရစေ” “ကျွန်တော် ရဲအုပ် မှိုပိုလာပါ၊ လူသတ်မှု တစ်ခုတိုင်ချင်တယ်...." “ကျွန်တော်ပြောတာ သေသေချာချာ နားထောင်ပါ" ဟု ဒင်နီယယ်က ဆွာဟီလီစကားဖြင့် ပြောသည်။ “ချင်ဝီဝီ စခန်းက ခိုးသွားတဲ့ ဆင်စွယ်တွေဟာ ဒီလီလောင်စီမှssic.co ရောက်နေတယ်၊ ဒီဆင်စွယ်မိုးမှုမှာ လူရှစ်ယောက်လောက် အသတ်ခံလားရပါ တယ်....ဆင်စွယ်တွေကို မြို့ပြင်က ချက်တီဆင်း ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ
88.465205
Elephant Trader
Mg Htun Thu
10356
90
________________ ၁၈၂ www.burmeseclassic.com မောင်ထွန်းသူ ရဲ့ ဂိုဒေါင်တွေထဲမှာ လက်ဖက်ခြောက်အိတ်တွေထဲ ထည့်ပြီး ဝှက်ထားပါတယ်. ခင်ဗျားတို့ အမြန်ဆုံးသွားကြမှ မိမှာပါ၊ ဒီပစ္စည်းတွေကို မကြာခင် ရွှေ့ပြောင်းပစ် ကြမှာ သေချာပါတယ်” “အခုပြောနေတာ ဘယ်သူပါလဲ” “အဲဒါက အရေးမကြီးပါဘူး၊ ချက်တီဆင်းရဲ့ ဂိုဒေါင်တွေဆီကို အမြန် သွားပြီး ဆင်စွယ်တွေကို သိမ်းပါ” ဟု ဒင်နီယယ်က ပြောကာ တယ်လီဖုန်းကို ပြန်ချိတ်ထားလိုက်၏။ ဒင်နီယယ်သည် အေဗန္ဓု ကားအငှားဌာနသို့ သွား၍ ကားတစ်စင်းငှား သည်။ ဗောက်စ်ဝက်ဂွန် အပြာရောင် တစ်စီးသာ လက်ကျန်ရှိတော့သဖြင့် ထိုကားကိုပင် ငှားခဲ့သည်။ ကားဆိပ်မှ မထွက်မီ သူသည် နှစ်လုံးပြူး ပြောင်းတိုကို ရွက်ထည် တစ်စဖြင့် ထုပ်၍ ဗောက်စ်ဝက်ဂွန်ထဲ ပြောင်း၏။ ထို့နောက် မှန်ဘီလူးကို ယူ၍ လေဆိပ်မှ ထွက်လာခဲ့၏။ သူသည် မီးရထားလမ်း၏ တောင်ဘက်ဘေးအတိုင်း လာခဲ့သည်။ လူစည်ကားရာ ကမ်းများကို တစ်လမ်းဝင် တစ်လမ်းထွက် ဖြတ်သန်းလာခဲ့ပြီး ဈေးတစ်ဈေးသို့ ရောက်လာခဲ့သည်။ နံနက် ဆယ်နာရီအချိန်ဖြစ်၍ ဈေးသည် လူစည်ကားဆဲ။ ဈေးရှေ့ တစ်နေရာ၌ ရပ်ထားသည့် ထရပ်ကားများ၊ ကုန်တင်ကား အသေးစားများနှင့် လူစီးကားများကြားတွင် သူ့ကားကို ထိုးလိုက်၏။ ဈေးတည်ရာမြေသည် အမြင့်ပိုင်းတွင် ဖြစ်သဖြင့် ချက်တီဆင်း၏ ဂိုဒေါင်များကို အပေါ်မှစီး၍ မြင်နေရသည်။ အကွာအဝေးမှာလည်း မိုင်ဝက်ပင် မရှိ။ သူသည် လူသူကင်းဝေးရာ တစ်နေရာမှ ရပ်၍ မှန်ဘီလူးနှင့် လှမ်းကြည့်၏။ ဂိုဒေါင်ထဲမှ ပစ္စည်းများကို သံလမ်းပြေး ထရပ်ကားများပေါ်သို့ တင်နေ ကြလေပြီ။ ရဲ၏ အရိပ်အယောင်ကိုမူ လုံးဝ မမြင်ရသေး။ ဒင်နီယယ်သည် အခြေအနေကို ကြည့်ကာ စိတ်မော လူမော ဖြစ်သွား သည်။ စက္ကန့်အနည်းငယ်မျှ အကြာတွင် သံလမ်းပြေး ထရပ်ကား သုံးတွဲကို ဆွဲ၍ ထွက်သွားသော မီးရထားစက်ခေါင်းကို မြင်တွေ့ရသည်။ ထရပ်ကားပေါ်၌ တင်ထားသည့် ကုန်ပစ္စည်းများကို ရွက်ထည်ကြီးများ အုပ်ထားသည်။ ရဲတွေ ဘယ်ရောက်နေကြသနည်း၊ သူ ဖုန်းဆက်ခဲ့သည်မှာ တစ်နာရီခွဲ ခန့် ရှိသွားပြီ။ ဘာကြောင့် အခုအချိန်ထိ ရောက်မလာကြသေးတာပါလိမ့်။ ဒင်နီယယ်သည် ဗောက်စ်ဝက်ဂွန်ဆီသို့ ပြန်လာ၏။ ကားကို လမ်းမ ၁၈၃ ဆင်ကုန်သည် ကြီးပေါ်အတိုင်း မောင်းလာသည်။ သူသည် ရထားလမ်းကူးဂိတ်သို့ ရောက်သည့် အခါ ကားကို ရပ်လိုက်သည်။ ဂိတ်ရှေ့တွင် မီးနီများ လင်းလျက်ရှိသည်။ သတိပေး ခေါင်းလောင်းသံ သည် ဆူညံလျက် ရှိသည်။ မကြာမီ ရထားသံ ကြားရ၏။ ဒင်နီယယ်သည် စက်ကိုမသတ်ဘဲ ကားပေါ်မှ ဆင်းကာ ဂိတ်တံခါး အနီးသို့ ရောက်အောင်လျှောက်သွား၏။ ကုန်ရထားသည် သူ့ရှေ့မှ ဖြတ်သွား နေပြီ။ ကုန်လက်ခံဌာန ခရီးလမ်း ကုန် လပ်ကီးဒရက်ဂွန်းကုမ္ပဏီ ဘီရာမှတစ်ဆင့် တရုတ်တိုင်ပေသို့ လက်ဖက်ခြောက်သေတ္တာ ၂၅ဝ ဒင်နီယယ်သည် သူ့မျက်စိရှေ့မှ ဖြတ်သွားသော ကုန်ရထားကို ဒေါသ တကြီး ကြည့်နေမိသည်။ အချက်ပြ မီးနီရောင် ပျောက်သွားပြီး အစိမ်းရောင်ပေါ် လာ၏။ သတိပေးခေါင်းလောင်းသံလည်း ရပ်သွား၏ ။ သူ့ကား နောက်မှရပ်နေ သည့် ကားများဆီမှ ဟွန်းတီးသံများ ကြားရသည်။ သူသည် ကားဆီသို့ ပြန်ပြေး လာခဲ့၏။ သူသည် ကားကို မီးရထားလမ်းဘေးအတိုင်း မောင်းလာခဲ့သည်။ လုံခြုံမှု ရှိလိမ့်မည်ဟု ယူဆရသော နေရာတစ်နေရာသို့ ရောက်သည့်အခါ ကားကို ရပ်၍ မှန်ဘီလူးဖြင့် ဂိုဒေါင်များဆီသို့ ကြည့်ပြန်၏။ ထူးထူးခြားခြား ဘာမှ မတွေ့ရ။ ကုန်ရထား ထွက်သွားပြီးနောက် နှစ်နာရီနီးပါးခန့် အကြာတွင် ဂိုဒေါင်ဝင်းအတွင်း၌ လှုပ်ရှားမှုများ ရှိလာသည်ကို တွေ့ ရ၏။ ချက်တီဆင်း၏ အစိမ်းရောင် ကားဒီလက်ဖြင့် မီးခိုးရောင် လင့်ရိုဗာ ရဲကားနှစ်စီးသည် ဂိုဒေါင်ဝင်းထဲသို့ ဝင်လာကြသည်။ ရဲကားနှစ်စီးပေါ်တွင် ရဲသားများ အပြည့်ပါလာသည်ကို မြင်နေရ၏။ လင့်ရိုဗာ ကားများပေါ်မှ ဆင်းလာသည့် ရဲများမှာ အားလုံး ဆယ့်တစ်ယောက်။ ရဲအရာရှိနှင့် ချက်တီဆင်းတို့သည် ကားဒီလက်ကား အနီး၌ စကားအချေအတင် ပြောနေကြသည်။ ထို့နောက် သူ့ရဲများကို ဦး incom ဂိုဒေါင်အတွင်းသို့ ဝင်သွားကြသည်။ တစ်နာရီကျော်ကျော်ခန့်အကြာတွင် ရဲများ ပြန်ထွက်လာ၏။
88.934556
Elephant Trader
Mg Htun Thu
10356
91
________________ ၁၈၄ www.burmeseclassic.com မောင်ထွန်းသူ ရဲအရာရှိသည် ချက်ကီဆင်းအား ကောင်းပန်စကား ပြောနေသည့် လက္ခဏာရှိ၏။ ခဏမျှအကြာတွင် ရဲကားနှစ်စီး ပြန့်ထွက်သွားသည်ကို မြင်ရ သည်။ ဒင်နီယယ်သည် မှန်ဘီလူးဖြင့် ချက်တီဆင်း၏ အရိပ်အကဲကို သေချာစွာ လေ့လာသည်။ ချက်ကီဆင်း၏ မျက်နှာသည် ယခင်လို ပြုံးပြုံးရွှင်ရွှင် မရှိတော့။ ဒင်နီယယ်အဖို့ စဉ်းစားစရာတွေ ရှိလာပြန်၏။ ဆင်စွယ်များကို ဤနိုင်ငံအတွင်းမှ အပြင်သို့ မထုတ်မီ တားဆီးနိုင် စရာ နည်းလမ်းရှိပါမည်လော။ ယခု ထွက်သွားသည့် ကုန်ရထားသည် ဘီရာ ဆိပ်ကမ်းသို့ ရောက်သည်အထိ လမ်းတွင် ရပ်နားလိမ့်မည် မဟုတ်၊ သို့ဆိုလျှင် သင်္ဘောပေါ်မတင်မီ ကြားဖြတ်စစ်ဆေးပြီး ဖမ်းဆီးနိုင်ပါ မည်လား။ လောလောဆယ်အခြေအနေအရ ထိုနည်းသည် အကောင်းဆုံး ဖြစ်လိမ့်မည် ထင်သည်။ ဒင်နီယယ်သည် ာက်စ်ဝက်ဂွန်ကို မြို့လယ်ရှိ စာတိုက်သို့ မောင်း လာခဲ့သည်။ စာတိုက်ရှိ အများသုံးဖုန်းမှနေ၍ ဆွာဟီလီစကားဖြင့် သတင်းပေး ပြန်သည်။ “ရဲအုပ်မိုပိုလာကို ပြောပြပေးပါ၊ ခိုးသွားတဲ့ ဆင်စွယ်တွေကို ဂိုဒေါင်ထဲ က ဆယ့်တစ်နာရီ သုံးဆယ့်ငါးမိနစ်တိတိမှာ ကုန်ရထားနဲ့ ထုတ်သွားပြီ...ဘီရာ ဆိပ်ကမ်းကို ပို့မှာ၊ တိုင်ပေမြို့က လပ်ကီးဒရက်ဂွန်း ကုမ္ပဏီကို ပိုမှာ၊ လက်ဖက် ခြောက်သေတ္တာတွေလို့ ရေးထားတယ်” တယ်လီဖုန်း အော်ပရေတာက သူ့နာမည်ကို မမေးခင် လက်ထဲမှ ဖုန်းကို ပြန်ချလိုက်သည်။ သူသည် လမ်းတစ်ဖက်ရှိ စတိုးဆိုင်သို့ သွားကာ မီးခြစ် ဆံတစ်ထုပ်၊ ဆိုလိုတိပ်တစ်ခွေ၊ ခြင်ဆေးတစ်ထုပ်နှင့် စဉ်းထားသည့် အမဲသား နှစ်ကီလို ဝယ်သည်။ ထို့နောက် သူတည်းခိုရာ ကက်ပီတယ်ဟိုတယ်သို့ ပြန်လေသည်။ အခန်းထဲ ရောက်သည်နှင့်တစ်ပြိုင်နက် သူသည် လက်မှ ဒဏ်ရာများကို ဆေးအသစ် ပြန်ထည့်သည်။ ပတ်တီးသစ် ပြန်ပတ်၏။ ဆေးတစ်လုံး ထပ်ထိုး သည်။ ထို့နောက် အိပ်ရာပေါ် လှဲ၍ အနားယူ၏။ သူအိပ်ရာမှနိုးလာသည့်အခါ ညစာစားဖို့နီးနေပြီ။ သူသည် ရေမိုးချိုးပြီး အဝတ်လဲသည်။ သူ့လက်မှုနာကျင်မှုသည် အတော်ကြီး သက်သာ သွားခဲ့လေပြီ။ သူသည် ဓားတစ်ချောင်းဖြင့် မီးခြစ်ဆံခေါင်းများကိုခြစ်၍ စက္ကူ၊ တစ်ရွက်တွင်ထည့်သည်။ စက္ကူကိုစနစ်တကျလုပ်၍ ဆိုလိုတိပ်နှင့် ပိတ်လိုက်သည်။ ဆင်ကုန်သည် ၁၈၅ ခြင်ဆေးခွေတစ်ခွေကိုယူ၍ မီးညှိပြီး စားပွဲပေါ် တင်ထားလိုက်သည်။ ခြင်ဆေးခွေ၏ မီးလောင်နှုန်းကို သိလို၍ ဖြစ်သည်။ နှာရီဝက်လျှင် နှစ်လက်မ နန်းခန့် လောင်ကျွမ်းသွားနိုင်သည့် အခြေအနေကို သူသိရ၏။ သူသည် ခြင်ဆေးခွေအသစ် တစ်ခွေ ထုတ်ယူကာ ငါးလက်မခန့် ဖြတ်လိုက်သည်။ ဤမျှလောက် အရှည်ဆိုပါက မီးလောင်နှုန်းသည် တစ်နာရီ ကျော်ခန့်ကြာဖို့ ရှိလေသည်။ သူသည် ခြင်ဆေးခွေငါးလက်မကို မီးခြစ်ဆံဗုံးတွင် စနက်တံအဖြစ် တပ်ဆင်လိုက်၏။ ထို့နောက် အောက်ထပ်သို့ ဆင်း၍ ညစာစားသည်။ ညစာစားအပြီးတွင် တယ်လီဖုန်းလမ်းညွှန်စာအုပ်ထဲ၌ ရှိနေသော ချက်တီဆင်း၏ နေအိမ်လိပ်စာကို ကူးယူသည်။ ထို့နောက်တွင်မူ သူသည် ဗောက်စ်ဝက်ဂွန်ဖြင့် ချက်တီဆင်း၏ စတိုးဆိုင်ကြီးဆီသို့ ထွက်လာခဲ့လေ၏။ စတိုးဆိုင်ကြီးမှာ သူထင်ထားသည့်အတိုင်း မပိတ်သေး။ သူသည် ကားကို လေယာဉ်ကွင်းဘက်သို့ မောင်း၏။ လေဆိပ်မှ သူ၏ လင်ခရူဇာပေါ်တက်ကာ ဆေးအိတ်ထဲမှ အိပ်ဆေး ကောင့်များကို ယူသည်။ ထို့နောက် လမ်းမီးတိုင်အောက်၌ ရပ်ထားသည့် ဗောက်စ်ဝက်ဂွန်ပေါ်၌ ထိုင်ကာ အမဲသားပေါ်သို့ အိပ်ဆေးမှုန့်များ ဖြူးသည်။ အိပ်ဆေးအတောင့် ငါးဆယ်တိတိ သုံးထားခြင်းဖြစ်ရာ ဆင်ထီး တစ်ကောင်ကို ပင် သစ်တုံးတစ်တုံးသဖွယ် အိပ်မောကျသွားစေနိုင်သည့် အစွမ်းအာနိသင် ရှိ၏။ ထို့နောက်တွင်မူ သူသည် မြို့ဆင်ခြေဖုံး ရပ်ကွက်တွင်းရှိ ချက်တီဆင်း ၏ အိမ်သို့ ကားကို မောင်းလာခဲ့သည်။ လမ်းထဲတွင် အကြီးကျယ် အခမ်းနားဆုံး သော အိမ်တစ်လုံး ဖြစ်သည်။ မြေအကျယ်မှာ သုံးလေးဧကခန့် ရှိမည်ဟု ခန့်မှန်းရ၏။ သူသည် ကားကို လမ်းမီးမရှိသည့် နေရာတစ်နေရာ၌ မှောင်ရိပ် ခို၍ရပ်ကာ ကားပေါ်မှ ဆင်းပြီး နောက်ဘက်သို့ ပြန်လျှောက်ခဲ့သည်။ အိမ်ရှေ့မှ ဖြတ်လျှောက်လာသည့်အခါ ဝင်းတံခါးကို သတိထား၍ ကြည့်သည်။ သံကြိုးနှင့်တွဲ၍ ခတ်ထားသည့် သော့ခလောက်သည် ခက်ခဲပင်ပန်း စွာ ဖွင့်ရမည့် အမျိုးအစားမဟုတ်။ စက္ကူတွဲသည့် ကလစ်ကို သုံးသည့်တိုင်အောင် နှစ်မိနစ်မျှဖြင့် ပွင့်နိုင်ဖွယ်ရာရှိ၏။ အရေးကြီးသည်မှာ ခွေးကြီးနှစ်ကောင် ဖြစ်၏။ ဂျာမန် ရော့တ်ဝေးသား ခွေးမျိုးများဖြစ်၍ ကြောက်စရာကောင်းလှ၏။ ခွေးနှစ်ကောင်သည် ခြံဝဘေး အတိုင်း လျှောက်သွားနေသော ဒင်နီယယ်အား မျက်ခြည်မပြတ်ကြည့်ကာ မာန်ဖီ လျက် ရှိကြ၏။ www.bu c.com
89.715413
Elephant Trader
Mg Htun Thu
10356
92
________________ ၁၆ www.burmeseclassic.com မောင်ထွန်းသူ သူသည် မှောင်ရိပ်ကျနေသည့် ထောင့်ကို ရောက်သည့်အခါ အိတ်ကပ် ထဲမှ အမဲသားကို ထုတ်၍ နှစ်ပိုင်းခွဲလိုက်၏။ ခွေးနှစ်ကောင်သည် သူ့အား စောင့်ကြည့်နေကြလေသည်။ သူသည် လက်ထဲမှ အမဲသားတစ်ပိုင်းကို ခွေး တစ်ကောင်ဆီသို့ ပစ်ပေးသည်။ ခွေးသည် တစ်ချက်မျှ အနံ့ရှူကာ လောဘတ ကြီး ဝါးမျိုချလိုက်၏။ နောက်တစ်ပိုင်းကို ပစ်ချလိုက်ပြန်၏၊ နောက်တစ်ကောင် ကလည်း ဖျတ်နဲကောက်ယူမျိုချလိုက်သည်။ သူသည် ဗောက်စ်ဝက်ဂွန်ကို မြို့ထဲသို့ ပြန်မောင်းသည်။ ဆူပါမား ကတ်ဈေးကြီးနှင့် တစ်လမ်းကျော်တွင် ကားကိုရပ်၏။ မီးခြစ်ဆံဗုံးကြီးမှ စနက်တံ ခြင်ဆေးခွေကို မီးတို့သည်။ ထို့နောက် လမ်းထိပ်အမှိုက်ပုံးဆီသို့ လျှောက်သွား ကာ ကတ်ဘူးတစ်ဘူးထဲသို့ အလိုက်သင့် ချထားခဲ့သည်။ ကားပေါ်ပြန်ရောက်သည့်အခါ နာရီကိုကြည့်၏။ ဆယ်နာရီထိုးရန် မိနစ်အနည်းငယ်မျှ လိုနေသေး၏။ သူသည် ကားကို လာလမ်းအတိုင်း ပြန် မောင်းကာ ချက်တီဆင်း၏ အိမ်နှင့်သုံးလမ်းကျော် လမ်းဘေးတစ်နေရာ၌ ထိုး လိုက်သည်။ သူ့လက်များကို သားရေလက်အိတ်များ စွပ်သည်။ ယာဉ်မောင်းထိုင်ခုံ အောက်မှ နှစ်လုံးပြူး ပြောင်းတိုသေနတ်ကို ယူသည်။ ထုပ်ထားသည့် တာပေါ် လင်ရွက်ထည်ကို ဖြေ၍ သေနတ်တစ်ခုလုံးကို အဝတ်ဖြင့် ပွတ်တိုက်ပစ်သည်။ လက်ရာထင် ကျန်ရစ်မည်ကို စိုးရိမ်၍ ဖြစ်၏။ ထို့နောက် သေနတ်ကို ဘောင်းဘီ အိတ်ထဲ ထိုးထည့်ကာ ချက်တ်ဆင်း၏ အိမ်ဘက်သို့ ပြန်လျှောက်လာခဲ့လေ သည်။ သူ့အား ဆီးကြိုနှုတ်ဆက်နေ့သည့် ခွေးဟူ၍ တစ်ကောင်မှ မမြင်ရတော့ ပေ၊ ပို၍သေချာအောင် လေချွန်သံတိုးတိုး ပေးကြည့်သည်။ အရိပ်အယောင်ပင် မမြင်ရ။ သူထင်ထားသည့်အတိုင်း ဂိတ်တံခါးကို ဖွင့်ရသည်မှာ နှစ်မိနစ်ပင် မကြာလိုက်။ အတွင်းရောက်သည့်အခါ ဝင်းတံခါးကို အနည်းငယ်မျှ ဟထားခဲ့ပြီး မြက်ခင်းပြင်ပေါ်မှ ဖြတ်လာခဲ့သည်။ ညစောင့် ပေါ်လာလိမ့်မည်ဟူသော အတွေး ဖြင့် သတိကြီးစွာ ထားလာသော်လည်း မတွေ့ ရ။ ချက်တီဆင်းသည် လူအစောင့် ထက် ခွေးအစောင့်ကို ပို၍ယုံကြည်ကိုးစားဟန် ရှိ၏။ သူသည် အိမ်မကြီးနှင့် တစ်ဆက်တည်း ဖြစ်နေသော ကားရုံ နှစ်ရုံ ဘက်သို့ လျှောက်လာခဲ့သည်။ ကားရုံတစ်ရုံ၏ အပေါက်များသည် ပွင့်နေသဖြင့် အတွင်းမှ ကားဒီလက်ကားကို မြင်နေရ၏။ ချက်တီဆင်း အိမ်ပြန်ရောက်နေပြီ။ ဆင်ကုန်သည် သူသည် နှစ်လုံးပြူးသေနတ်ကို ထုတ်၍ ကျည်နှစ်တောင့်ထည့်ကာ မောင်းထိန်းခလုတ်ကို ချပိတ်ထားလိုက်၏။ နာရီကို တစ်ချက်ငုံ့ကြည့်သည်။ မိနစ ၂၀ ခန့်အတွင်း သူထားခဲ့သော မီးခြစ်ဆံဗုံးသည် ပေါက်ကွဲပေတော့မည်။ ထိုအခါ အမှိုက်များ မီးကူးကာ မီးခိုးငွေ့ များနှင့် မီးကောက်များ ထွက်တော့မည်။ မီးလန့်ဥသြသံများသည် ထွက်ပေါ်လာမည်။ သူသည် ကားခီလက်ကားရှိရာသို့သွား၍ စစ်ဆေးကြည့်သည်။ တံခါး အားလုံး လော့ချထားသည်ကို တွေ့ ရသည်။ ကားဒီလက်၏ ယာဉ်မောင်းထိုင်ခုံ ဘက်မှ နံရံတွင် တံခါးတစ်ပေါက် ရှိသည်။ အိမ်မကြီးနှင့် ဆက်ထားသည့် တံခါးဖြစ်၍ ချက်တီဆင်း ဆင်းလာလျှင် ထိုတံခါးမှသာ ထွက်လာဖို့ရှိ၏ ။ မီးလန့်ဥဩသံများ ကြားရဖို့အတွက် သူသည် နောက်ထပ် ဆယ့်ငါး မိနစ်ခန့် စောင့်ရလိမ့်ဦးမည်ဟု မှန်းသည်။ သူ ့အဖို့တော့ စောင့်မျှော်နေရသည်မှာ ကြာလွန်းလှချေသည်။ သူ့စိတ်သည် ချာဝီဆီ ရောက်သွားလိုက်၊ ချက်တီဆင်းထံ ပြန်လာလိုက် ဖြစ်နေ၏။ တစ်ခါတစ်ရံကျတော့လည်း သူ့မိတ်ဆွေ အင်ဇောတို့ လင်မယားနှင့် ကလေးများကို သတိရကာ ဝမ်းနည်းခြင်း၊ ယူကျုံးမရဖြစ်ခြင်းစသော ခံစားမှုများ ဝင်လာသည်။ ထိုအခါ သူ့တစ်ကိုယ်လုံး ထူပူလာသည်အထိ ဒေါသစိတ်ဝင် လာသည်။ ဤပြဿနာသည် သူရှောင်ပြေး၍ မဖြစ်သည့် ပြဿနာ။ သူ့မိတ်ဆွေ ဂျွန်နီအဖောတို့ မိသားစုအတွက် လက်တုံ့မပြန်၍ မဖြစ်။ တရားမျှတမှုရှိအောင် အားမထုတ်၍ မရ။ ထိုအခိုက်တွင် အိမ်အပေါ်ဘက် တစ်နေရာမှ တယ်လီဖုန်းမြည်သံ ကြားရသဖြင့် သတိပြန်ဝင်လာ၏။ သူသည် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။ တံခါး၏ အတွင်းဘက်မှ ခြေသံများ ကြားရ၏။ သော့ဖွင့်သံကိုပါ ထပ်၍ကြားရသည်။ အပြင်သို့ထွက်လာသည့် လူတစ်ယောက်.. ပထမသော် ဒင်နီယယ်သည် ထိုလူကို မမှတ်မိ။ နောက်မှ ဗောင်းထုပ် မပါဘဲ ထွက်လာသည့် ချက်တိဆင်းမှန်း သိရသည်။ ချက်တီဆင်းသည် ကားဒီလက်ဆီသို့ လျှောက်သွားပြီး တံခါးဖွင့်ရန် သော့ပေါက်ကို လိုက်နေ သည်။ ရုတ်တရက် မတွေ့သဖြင့် ပါးစပ်မှ တစ်ခွန်းမျှ ကျိန်ဆဲလိုက်ပြီး နံရံထက် မှ မီးခလုတ်ကို သွားဖွင့်သည်။
89.985401
Elephant Trader
Mg Htun Thu
10356
93
________________ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ မီးရောင်သည် ကားရုံထဲသို့ ဖြန့် ဆင်းလာသည်။ ချက်တီဆင်းသည် လက်ထဲမှ သော့ကို တံခါးသော့ပေါက်တွင်းသို့ ထိုးသွင်းလိုက်သည်။ ဒင်နီယယ် သည် ချက်တီဆင်း၏ နောက်သို့ ကပ်သွားသည်။ သေနတ်ပြောင်းဖြင့် နောက်ကျောကို ထောက်ထားလိုက်၏။ “လူစွမ်းကောင်း မလုပ်ချင်နဲ့ မစ္စတာဆင်း၊ ခင်ဗျား ကျောရိုး ပြတ်ထွက် သွားလိမ့်မယ်” ချက်တိဆင်း၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားလေသည်။ “ကဲ..မစ္စတာဆင်း၊ ကားရဲ့ ဟိုဘက်တံခါးဆီကို သွားပါ၊ အဲ...ဟုတ် ပြီ၊ ဒီလိုမှပေါ့၊ ကဲ..အထဲကိုဝင်” ချက်တီဆင်း၏ မျက်နှာတွင် ချွေးသီးချွေးပေါက်များ စို့နေသည်။ “ရော့..ကားသော့၊ ခင်ဗျား ယာဉ်မောင်းထိုင်ခုံပေါ် ပြောင်းထိုင်" ချက်တိဆင်းက မော့ကြည့်၏။ သေနတ်ပြောင်းသည် သူ့မျက်နှာကို ချိန်ထားသည်။ သူသည် ယာဉ်ာင်းထိုင်ခုံပေါ်သို့ ပြောင်းထိုင်သည်။ ဒင်နီယယ်က သူ့ဘေးခုံတွင် ဝင်ထိုင်သည်။ “ကဲ...မစ္စတာဆင်း၊ ကားကို မောင်းထွက်" ရှေ့မီးနှစ်လုံးမှ အလင်းရောင်သည် မြက်ခင်းပြင်ပေါ်သို့ ထိုးကျသွား သည်။ မြက်ခင်းပြင်ပေါ်၌ စန့်စန့်ကြီး လဲကျနေသော ခွေးတစ်ကောင် “ကျွန်တော့် ခွေးတွေကို ခင်ဗျား သတ်ပစ်လိုက်ပြီလား" ဟု ဆင်းက ရေရွတ်၏။ “ကျွန်တော့် သမီးတွေက သိပ်ချစ်တဲ့ ခွေးတွေ “ခင်ဗျား ခွေးတွေ မသေပါဘူး၊ အိပ်ဆေးမိနေတာပါ” “ကျွန်တော့်ဆိုင် မီးလောင်နေပြီ၊ အဲဒါ ခင်ဗျား လက်ချက်ပဲ မဟုတ်လား၊ ဒုက္ခပါပဲ၊ ဒေါ်လာ သန်းနဲ့ချီပြီး မတည်ထားရတာ” “မပူပါနဲ့၊ လောင်ချင်မှ လောင်မှာပါ၊ လောင်ရင်လည်း ခင်ဗျားထက် အသက်အာမခံ ကုမ္ပဏီက ပိုပြီးနစ်နာမှာပါ၊ ...မစ္စတာဆင်း၊ ကားကို ကုန်ရုံ ဘက်မောင်း” “ဘယ်ကုန်ရုံလဲ” “ဒီမနက်က ကျွန်တော်တို့ ဆုံခဲ့တဲ့ ကုန်ရုံပေါ့” ချက်တီဆင်း၏ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွဲနေသည်။ ပဲနံ့နှင့် ကြက်သွန်ဖြူနံ့များသည် ကားထဲတွင် ထောင်းထောင်းထနေသည်။ ဒင်နီယယ် သည် လေအေးစက် ခလုတ်ကို ဖွင့်လိုက်သည်။ ချက်ဘီဆင်းသည် နောက်ကြည့် မုန့်ထဲသို့ မျက်ခြည်မပြတ် ကြည့်လာနေသည်။ သို့သော်လည်း သူ အကူအညီ နိုင်မည့် အခြေအနေ မမြင်ရ။ လမ်းပေါ်တွင် တိတ်ဆိတ်လျက် ရှိသည်။ ချက်တီဆင်း၏ လက် တစ်ဖက်သည် သူ့ဘေးမှ ကားတံခါးခလုတ်ဆီသို့ သွားရန် တာစူသည်။ “မလုပ်နဲ့ မစ္စတာဆင်း” ဒင်နီယယ်က သေနတ်ပြောင်းဖြင့် နားထင်ကို ဟူ၍ ပြောသည်။ “ကျွန့်တော် ခင်ဗျားကို သတ်ဖို့ လက်မနှေးဘူးဆိုဘာ နားလည်ပါ” “ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလောက် ဒုက္ခပေးနေရတာလဲ ဒေါက်တာ” ချက်တီဆင်းက လေသံပျော့ပျော့ဖြင့် မေးလေသည်။ ဟာပဲ” “ကျွန်တော် ဘာ့ကြောင့် အခုလိုလုပ်နေရတယ်ဆိုတာ ခင်ဗျားသိနေ “ဆင်စွယ်တွေက ခင်ဗျားနဲ့ လုံးဝမပတ်သက်တဲ့ ပစ္စည်းပါ ဒေါက်တာ" “ဆင်စွယ်တွေကို ခိုးတယ်ဆိုတာဟာ တရားဥပဒေကို လေးစားတဲ့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ မစ္စတာဆင်း၊ ဒါပေမဲ့ ကျွန်တော့်အဖို့ အဲဒီအချက် ဟာ အဓိက မဟုတ်ပါဘူး” “ချာဂီနဲ့ လွှတ်ပေးလိုက်တဲ့ ကိစ္စအပေါ် မကျေနပ်တာလား၊ ပုဂ္ဂိုလ်ရေး အာဃာတန့်လို့ လုပ်ခဲ့တာ မဟုတ်ပါဘူး ဒေါက်တာ၊ ခင်ဗျားဘာသာ ခင်ဗျား ဖန်တီးခဲ့တာပါ...ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ လုပ်ခဲ့ ရတာပါ၊ ဒါတွေထားလိုက်ပါတော့...ကျွန်တော်ဟာ လူချမ်းသာတစ်ယောက်ပါ၊ ကျွန်တော့် ပယောဂကြောင့် ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာတယ်ဆိုရင် ကျွန်တော် လျော်ကြေးပေးဖို့ ဝန်မလေးပါဘူး...ကဲဗျာ၊ ကျွန်တော် အမေရိကန် ဒေါ်လာ တစ်သောင်းပေးမယ်ဆိုရင်၊ ဒေါက်တာကျေနပ်မလား” “ဒါဟာ နောက်ဆုံးကမ်းလှမ်းချက်ပဲလား” “ကဲလေ၊ နှစ်သောင်းငါးထောင် ထားလိုက်မယ်၊ အို...ဗျာ၊ ဒေါ်လာ ငါးသောင်းအထိ ပေးမယ်၊ ဘယ့်နှယ်လဲ” “ခင်ဗျား သိမလားတော့ မပြောတတ်ဘူး”ဒင်နီယယ်က ပြောသည်။ “ဂျွန်နီအင်ဇောဟာ ကျွန်တော့် အချစ်ဆုံး မိတ်ဆွေပါ၊ သူ့မိန်းမက လည်း အင်မတန် ချစ်စရာ ခင်စရာ ကောင်းပါတယ်...သူတို့မှာ သမီးလေး နှစ်ယောက်နဲ့ သားလေး တစ်ယောက် ရှိတယ်၊ သားလေးကို ကျွန်တော့်နာမည် ူပြီး မှည့်ထားကြတာ” sic.com
87.209672
Elephant Trader
Mg Htun Thu
10356
94
________________ ၁၉၀ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “ဂျွန်နီအင်ဇော ဆိုတာ ဘယ်သူလဲ” ချက်တီဆင်းက မေးသည်။ “ဘယ်သူပဲ ဖြစ်ဖြစ်လေ၊ သူ့အတွက်လည်း ဒေါ်လာ ငါးသောင်းပေး မယ်၊ စုစုပေါင်း ဒေါ်လာ တစ်သိန်းပေါ့..ကျွန်တော် ခင်ဗျားကို ပေးလိုက်မယ်၊ ခင်ဗျားက ဝေးရာကို ထွက်သွား၊ အခုဖြစ်ပြီးသမျှအားလုံးကို မေ့ပစ်ကြမယ်၊ ဘယ်လိုသဘောရသလဲ ဒေါက်တာ “နောက်ကျသွားပြီ မစ္စတာဆင်း၊ ဂျွန်နီအင်ဇောဟာ ချင်ပီပီ သဘာဝ တာထိန်းဌာနရဲ့ စခန်းမှူးပါ” ချက်တီဆင်း သက်ပြင်းချသည်။ “ကျွန်တော် သိပ်ကို ဝမ်းနည်းပါတယ် ဒေါက်တာ၊ ကျွန်တော် အမိန့် ပေးခဲ့တာ မဟုတ်ပါဘူး၊ ဒီကိစ္စမှာ သတ်ဖြတ်မှုတစ်ခုလုံးဟာ ဟိုတရုတ်နဲ့ သက်ဆိုင်နေပါတယ်” “အဲဒီ တရုတ်အကြောင်း ကျွန်တော့်ကို ပြောပြမလား” “ကျွန်တော်က ပြောပြရင် ခင်ဗျားက ကျွန်တော့်ကို အန္တရာယ် မပြုပါ ဘူးဆိုတဲ့ ကတိတော့ ပေးပါ" ဒင်နီယယ်သည် အချိန်အတန်ကြာမျှ စဉ်းစားချိန်ဆနေသည်။ “ကျွန်တော်တို့ ကုန်ဂိုဒေါင်အထိ သွားကြမယ်၊ ဟိုရောက်ရင် နင်ချင် ဂွန်းအကြောင်း တစ်လုံးမကျန် ပြောပြပါ၊ ပြီးသွားရင် ကျွန်တော် ခင်ဗျားကို ပြန်လွှတ်ပေးမယ်” ချက်ဘီဆင်းက လှည့်ကြည့်သည်။ “ကျွန်တော် ယုံပါတယ်၊ ခင်ဗျားဘက်က ကတိတည်ပါစေ” ဟု ပြော သည်။ “ကျွန်တော့်ဘက်က မပျက်စေရပါဘူး၊ ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်း တွေဟာ အတော့်ကို ကောင်းပုံပေါ်တယ်...အဲဒီအကျိုးအမြတ်တွေကို အသက်ရှည် ရှည်နဲ့ ခံစားသွားချင်တယ်ဆိုရင်တော့ ကျွန်တော်ပြောတဲ့အတိုင်း လုပ်သွားဖို့ လိုပါလိမ့်မယ်” ကားသည် အမှောင်ထုထဲ၌ မားမားမတ်မတ် ရပ်နေသည့် ဂိုဒေါင်ရှေ့ သို့ ရောက်လာသည်။ “ဂိတ်တံခါးကို ခင်ဗျားဘက်က ဖွင့်ရမှာ”ဟု ချက်တီဆင်းက ပြောကာ အီလက်ထရစ်သော့ကတ်ပြားကို လှမ်းပေးသည်။ ဒင်နီယယ်က လက်တစ်ဖက်ဖြင့် သော့ကတ်ပြားကို သော့ပေါက်ထဲ ထိုးသွင်းလိုက်သည်။ တံခါးသည် အပေါ်သို့ တက်သွားသည်။ ပြီးခ ချက်ကီဆင်းသည် ကားကို မောင်းဝင်လိုက်၏။ သူတို့ နောက်ဘက်မှ ကံခါးတစ်ချပ် ပြန်ကျသွားသံကို ကြားလိုက်ကြရ၏။ ဂိုဒေါင်ရှေ့ ရောက်သည့်အခါ ဒင်နီယယ်က ကားကို ရပ်ခိုင်းသည်။ ကားမျက်နှာကျက်မှ မီးလုံးကို ဖွင့်လိုက်ပြီး ကားရှေ့မီးများကို ပိတ်ခိုင်းသည်။ ချက်တိဆင်းသည် ဒင်နီယယ်ခိုင်းသည့်အတိုင်း လုပ်သည်။ ချက်တီ ဆင်းသည် စောစောကလို မဟုတ်တော့။ သူ့မျက်နှာတွင် ချွေးသီးချွေးပေါက်များ မမြင်ရတော့။ စိတ်လည်း တည်ငြိမ် အေးဆေးလာပုံရ၏။ ဒင်နီယယ်ကတော့ သူ့အား လုံးဝအလစ်မပေး၊ သေနတ်ပြောင်းဖြင့် နံဘေးတစ်ဖက်သို့ ထိုး၍ ထောက်ထားဆဲ...။ နှစ်ဦးစလုံး အတန်ကြာမျှ ငြိမ်နေကြသည်။ ထို့နောက် ဒင်နီယယ်က “ခင်ဗျား နင်ချင်ပွန်းနဲ့ ဘယ်အချိန်မှာ ဘယ်လို တွေ့ ခဲ့တာလဲ” ဟု မေးသည်။ “လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ မတွေ့ခဲ့တာပါ၊ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က သူ့အကြောင်း ပြောပြတယ်...ဆင်စွယ်တွေ စိတ်ငင်စားတဲ့ အကြောင်း၊ ပြီးတော့ တခြားကုန်ပစ္စည်းတွေ အပေါ်မှာလည်း စိတ်ဝင်စားတဲ့ အကြောင်း ပြောပြတယ်” “တခြား ကုန်ပစ္စည်းတွေဆိုတာက ဘာတွေလဲ' ချက်တီဆင်းက ချက်ချင်းအဖြေမပေး၊ တုံ့ဆိုင်းဆိုင်း လုပ်လျက် ရှိသည်။ ဒင်နီယယ်က သေနတ်ပြောင်းဖြင့် တစ်ချက်ထိုးသည်။ “ကျွန့်တော်တို့ အပေးအယူ လုပ်ထားတာကို သတိရပါ၊ ကတိလည်း တည်ပါ” “စိန်တွေပါ” ဟု ချက်တီဆင်းက ပြောသည်။ “နမ်မိဘီယာနဲ့ အင်ဂိုလာနိုင်ငံက ထွက်တဲ့ စိန်တွေပါ၊ ပြီးတော့ အင်ဝါ နာက ထွက်တဲ့မြ၊ တန်ဇန်းနီးယားနိုင်ငံ အေရုရှာ သတ္တုတွင်းတွေက ထွက်တဲ့ ကျောက်မျက်ရတနာတွေပါ " “ခင်ဗျားကလည်း သူလိုချင်တာမှန်သမျှ ရအောင်လုပ်ပေးခဲ့တာပဲလား” “ကျွန်တော်ဟာ စီးပွားရေးသမားတစ်ယောက်ပါ ဒေါက်တာ၊ ဒါကြောင့်လဲ မစ္စတာ နင်ချင်ဂွန်းနဲ့ ဆက်မိခဲ့တာပါ” “နှစ်ယောက်စလုံး အကျိုးဖြစ်ခဲ့ကြတယ် ဆိုပါဒတာ့”
87.864407
Elephant Trader
Mg Htun Thu
10356
95
________________ ၁၉၂ www.burmeseclassic.com မောင်ထွန်းသူ ချက်တီဆင်းက ပခုံးများကို တွန့်သည်။ ဒင်နီယယ်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ “ချင်ဝီဝီစခန်းကို ဝင်တိုက်ဖို့ စိတ်ကူးတာကျတော့ ဘယ်သူ့စိတ်ကူးလဲ' ဟု မေးသည်။ "မစ္စတာ နင်ချင်ဂျွန်းရဲ့ စိတ်ကူးပါ ဒေါက်တာရယ်” “ဒါကျတော့ ခင်ဗျားလိမ်တာပဲ၊ ချင်အနေနဲ့ အဲဒီစခန်းက ဆင်စွယ် ဂိုဒေါင်အကြောင်း သူဘယ်လိုလုပ် သိမှာလဲ...ဒါက အများသိအောင်ထားတဲ့ ကိစ္စမှ မဟုတ်တာ၊ ဒါမျိုးကို နှံ့နှံ့စပ်စပ်သိနိုင်တာ ခင်ဗျားပဲ၊ အဲဒီတော့..." "ကဲပါလေ...၊ ကျွန်တော် အမှန်အတိုင်းပဲ ပြောပါ့မယ်” ဟု ချက်တီ ဆင်းက ပြောသည်။ “ကျွန်တော် ဂိုဒေါင်တွေအကြောင်း သိထားခဲ့တာ ကြာပါပြီ၊ အဲဒီတုန်း က မစ္စတာရှင်က နောက်ထပ် ဆင်စွယ်များများ လိုချင်တယ်လို့ ပြောလာတယ်... သူလည်း နှစ်စေ့လို့ ပြန်ရတော့မှာဆိုတော့ များများရနိုင်ရင် လိုချင်တယ်တဲ့၊ အဲဒါကြောင့် ကျွန်တော်က အကြံပြုလိုက်မိတာပဲ” ပြောသည်။ “ဝင်တိုက်ဖို့ လူတွေလဲ ခင်ဗျားကပဲ ရှာပေးခဲ့တယ် မဟုတ်လား” “ကျွန်တော်က ခင်ဗျားသူငယ်ချင်းကို သတ်ဖို့ မခိုင်းခဲ့ပါဘူး” ဟု ချက်တီဆင်း၏ အသံသည် တုန်ယင်နေသည်။ “ကျွန်တော့်အနေနဲ့ အဲသလို မဖြစ်စေချင်တာ အမှန်ပါ" “လူတွေ အသက်ရှင်ပြီး ကျန်ခဲ့ရင် ရဲကိုပြောမှာ ခင်ဗျား စိုးရိမ်ခဲ့တယ် မဟုတ်လား” “ဟုတ်ပါတယ်..၊ ဒါပေမဲ့”မဟုတ်ပါဘူး ဒေါက်တာ၊ လုံးဝ မဟုတ်ပါ ဘူး၊ အဲဒီအစီအစဉ်ဟာ နှင်ချင်ဂျွန်းရဲ့ စိတ်ကူးက လာတာပါ...ကျွန်တော်က စီးပွားရေးသမားသက်သက်ပါ၊ သတ်တာဖြတ်တာတွေကို မယုံကြည်ပါဘူး” “ဒီလိုဆိုရင် ချာင်နဲ့ ကျွန်တော့်ကို တောင်ကြားဘက် လွှတ်ခဲ့တာ ဘာ့ကြောင့်လဲ၊ ကျွန်တော့်ကို သတ်နိုင်းခဲ့တာလေ” “မဟုတ်ပါဘူး ဒေါက်တာ၊ ဒါက ဒီလိုပါ၊ ကျွန်တော့်မှာ တခြားရွေး စရာလမ်းမရှိတော့လို့ပါ၊ ဒေါက်တာ ကျွန်တော့်အပေါ် နားလည်စေချင်ပါတယ်... ကျွန်တော်ဟာ စီးပွားရေးသမားပါ၊ လူဆိုးဓားပြတစ်ယောက် မဟုတ်ပါဘူး" “ကဲပါလေ...၊ အဲဒါကို အသာထားလိုက်ဦး၊ ခင်ဗျားနဲ့ ချင်နဲ့ ဆက်ပြီး အလုပ်လုပ်ဖို့ စီစဉ်ထားတာတွေ ရှိနေသေးတယ် မဟုတ်လား...သူ တရုတ်တိုင် ဆင်ကုန်သည် ၁၉၃ ပေကို ပြန့်သွားပြီးတဲ့နောက် ဆက်လုပ်ဖို့ တိုင်ပင်ထားကြတဲ့ အစီအစဉ်တွေကို ပြောတာနော်” “မရှိဘူး ဒေါက်တာ” “ကျွန်တော့်ကို မလိမ်ပါနဲ့ မစ္စတာဆင်း၊ ကျွန်တော်တို့ရဲ့ သဘောတူညီ မှုကို ချိုးဖောက်သလို ဖြစ်သွားပါလိမ့်မယ်” ပြောပြောဆိုဆို ဒင်နီယယ်သည် သေနတ်ပြောင်းဖြင့် မစ္စတာဆင်း၏ နှံကြားသို့ တအားထိုး၍ ထောက်ထားသည်။ “ဒီလောက်အထိ မလုပ်ပါနဲ့ ဒေါက်တာ၊ ကျွန်တော့်မှာ ဒဏ်ရာ အနာ တရ ဖြစ်သွားပါလိမ့်မယ်၊ ပြောစရာရှိတာ ကျွန်တော် မပြောဘဲ မနေပါဘူး" ဒင်နီယယ်က သေနတ်ပြောင်းကို အနည်းငယ်ခွာလိုက်ပြီး ဆင်း၏ မျက်နှာကို စူးစူးရဲရဲကြည့်သည်။ “ကျွန်တော် သတိပေးထားပါရစေ၊ အပေးအယူ လုပ်ထားတဲ့ သဘော တူညီချက်ကို ချိုးဖောက်ရမယ်ဆိုရင် ကျွန်တော့်ဘက်က ဝမ်းသာစွာနဲ့ ချိုးဖောက် ဖို့ ရှိနေပါတယ် မစ္စတာဆင်း.ကျွန်တော့်မိတ်ဆွေ ဂျွန်နီအင်ဇောမှာ သမီးလေး နှစ်ယောက်နဲ့ သားလေးတစ်ယောက် ရှိပါတယ်၊ အဲဒီကလေးတွေကို ခင်ဗျားရဲ့ လူတွေက သတ်သွားခဲ့ပါတယ်....သားငယ်လေး ဒင်နီယယ်ဆိုရင် လေးနှစ်သားပဲ ရှိပါသေးတယ်၊ ဒါတွေကို ပြန်သတိရလိုက်ရင် သဘောတူထားတဲ့ ကိစ္စကို ချက်ချင်း ပြန်ဖျက်ချင်တဲ့စိတ် ပေါ်ပေါက်လာပါတယ်” “ကျွန်တော် အဲဒါတွေကို နားမထောင်ချင်တော့ဘူး ဒေါက်တာ၊ ကျွန်တော့်မှာလည်း သားသမီးတွေနဲ့ပါ၊ ကျွန်တော့်မှာ အဲသလောက်အထိ ဖြစ်သွားစေချင်တဲ့ ဆန္ဒမရှိတာ..” “ဒါတွေကို ထားလိုက်ပါတော့ဗျာ၊ ခင်ဗျားနဲ့ နင်ချင်ဂျွန်းနဲ့ ဘာတွေ ဆက်လုပ်ဖို့ စီစဉ်ထားကြတယ်ဆိုတာ ကျွန်တော် သီချင်တယ်" ပြော၏။ “ကျွန်တော်တို့ ဆွေးနွေးထားတာတွေတော့ ရှိပါဘယ်" ချက်တိဆင်း “နင်ချင်ဂွန်း မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေဟာ အာဖရိကမှာ အများကြီး ရှိနေပါတယ်၊ အခုနောက်ဆုံးတစ်ခေါက် ဆင်စွယ်တွေ ပို့ပြီးရင် နင်ချင်ပွန်းရဲ့ အခန်းကဏ္ဍဟာ သူ့မိသားစုထဲမှာ အမြင့်ဆုံးနေရာကို ဖို့ ရှိပါတယ်..ဒါဆိုရင် သူ့အဖေက သူ့ကို အာဖရိကဘက်က ဦးစီးဖို့ လွှဲပေးလိမ့်မယ်လို့ ယူဆထားပါတယ်” မိသွား c.com
87.44229
Elephant Trader
Mg Htun Thu
10356
96
________________ ၁၉၄ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “အဲဒီတော့ သူနဲ့တွဲပြီး ဒါမျိုးတွေ ထပ်လုပ်ဖို့ အစီအစဉ်တွေ ချထားကြ သေးတယ် ဆိုပါတော့ “မရပါဘူး” “အမှန်အတိုင်းပြောပါ မစ္စတာဆင်း၊ ခင်ဗျားတို့ နောက်ထပ် ဘယ် နေရာကိုဝင်ဖို့ စီစဉ်ထားသလဲ” ချက်တိဆင်းသည် ချက်ချင်းမဖြေ၊ အဘန်ကြာမျှ တွေငေးကာ ငြိမ်ဆိတ်နေသည်။ ထို့နောက် ဒင်နီယယ်အား တစ်ချက် လှမ်းကြည့်လေသည်။ “ယူဘိုမိုပါ” ပြောသည်။ “လပ်ကီးဒရက်ဂွန် ကုမ္ပဏီအနေနဲ့ ယူဘိုမိုနိုင်ငံထဲမှာ အရင်းအနှီးတွေ တိုးချဲ့မြှုပ်နှံဖို့ စီစဉ်ထားပါတယ်” “ဘာ ယူဘိုမို” ဟု ဒင်နီယယ်က တအံ့တသြ ရေရွတ်သည်။ “သမ္မတ အိုမိနဲ့ အလုပ်တွဲလုပ်ဖို့လား” ဒင်နီယယ်အဖို့တော့ ကြားလိုက်ရသော စကားသည် မယုံကြည်နိုင် စရာ ဖြစ်နေသည်။ အာဖရိကတိုက်တွင် ယူဘိုနိုနိုင်ငံသည်လည်း အောင်မြင်နေ သော နိုင်ငံအနည်းငယ်ထဲ၌ စာရင်းဝင်နေသည့် နိုင်ငံငယ်တစ်ခု ဖြစ်၏။ မာလဝီနိုင်ငံကဲ့သို့ပင် ရေကန်များ၊ ရေအိုင်ကြီးများ၊ တောင်တန်းကြီး များ ထူထပ်ရာ နိုင်ငံဖြစ်၏။ ဂရိတ်ရစ်ဖ် တောင်ကြားအစွန်း၌ တည်ရှိပြီး ဆဗား နား မြက်ခင်းပြင်နှင့် အီကွေတာ သစ်တောများ ပေါင်းဆုံရာ ဒေသတစ်ခု'ဖြစ်၏။ အာဖရိကတိုက်၏ အရှေ့ပိုင်းတွင် ထူးခြားထင်ရှားသော နိုင်ငံငယ်တစ်ခု ဖြစ်၏။ ယူဘိုမိုနိုင်ငံ၏ သမ္မတအိုရှုသည် မာလဝီနိုင်ငံ သမ္မတဟေစတင် ဘင်ဒါ ကဲ့သို ့ပင် ပြည်သူကို အကျိုးပြုသော အာဏာရှင်တစ်ဦး ဖြစ်၏။ သူ၏' ကျွမ်းကျင်လိမ္မာသော၊ ပြည်သူတို့ကို ကြင်နာလေးစားသော အုပ်ချုပ်မှုကြောင့် သူ့နိုင်ငံသည် ကြွေးမြီကင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေခဲ့ရုံမျှမက ပြည်သူအများတွင် စားဝတ်နေရေး အဆင်ပြေသည်။ ဖွံ့ဖြိုးတိုးတက်သည်။ လူမျိုးစုကြားတွင် သွေးကွဲမျှနှင့် မုန်းတီးမှုများလည်း မရှိ။ အသက်ကြီးလှပြီဖြစ်သော သမ္မတအိုမီရူသည် ကော့တိတ်ချ် ခေါ် အုတ်တိုက်သေးသေးကလေးတွင် နေ၏။ အမိုးမှာ သွပ်မိုးဖြစ်၏။ ဘယ်ကိုပဲ သွားသွား သူကိုယ်တိုင်မောင်းသည့် ကားမှာ လင့်ရိုဗာကား ဖြစ်၏။ သူ့တွင် ကျောက်ဖြူဖြင့် တည်ဆောက်ထားသော နန်းတော်မရှိ။ မာစီဒီးကားမရှိ။ ကိုယ်ပိုင် ဂျက်လေယာဉ် မရှိ။ ၁၉၅ ရေခြားမြေခြား ခရီးသွားစရာရှိလာလျှင် သာမန်လေကြောင်း ကုမ္ပဏီ ပိုင် ခရီးသည်တင်လေယာဉ်ဖြင့် သာမန်ခရီးသည်တစ်ယောက်လိုပင် ရိုးရိုးတန်း လက်မှတ်ဖြင့် ခရီးသွားတတ်သူ ဖြစ်၏။ သမ္မတ အိုမိရူသည် ရိုးသားဖြူစင်သူ ဖြစ်သည်။ ပြည်သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်၏။ စည်းစိမ်ခံတတ်သူ မဟုတ်သဖြင့် ကြီးပွား ချမ်းသာမှုကို မက်မောတွယ်တာခြင်း မရှိ။ သူ့လိုပုဂ္ဂိုလ်ကြီးသည် လပ်ကီးဒရက် ဂွန်း ကုမ္ပဏီနှင့် လုံးဝတွဲ၍ ရနိုင်စရာ မရှိ။ “သမ္မတ အိုမိရုံနဲ့ တွဲလုပ်ဖို့လား၊ ကျွန်တော် လုံးဝမယုံကြည်ဘူး၊ သူဟာ ခင်ဗျားတို့လက်တွဲနိုင်မယ့် လူစားတစ်ယောက် မဟုတ်ဘူး” ဒင်နီယယ်က ပြောသည်။ “ခင်ဗျားရဲ့ အိုမီရူက မနေ့ကလူဖြစ်နေပြီ၊ သူက အိုလည်း အိုနေပြီ၊ လူပို့ကြီးတစ်ယောက် ဖြစ်သွားပြီ၊ မကြာခင် သူသွားရတော့မှာ၊ အားလုံးစီစဉ်ပြီး နေပြီ...ယူဘိုမိုနိုင်ငံမှာ မကြာခင် လူသစ်တစ်ယောက် တက်လာတော့မယ်၊ သွက်သွက်လက်လက် တက်တက်ကြွကြွ လူတစ်ယောက် လာတော့မှာ 11 “ဟုတ်ပါတယ်၊ အသက်ကလည်း ငယ်ငယ်၊ လောဘကလည်း ကြီးကြီး၊ အာဏာကလည်း ရူးရူး လူငယ်တစ်ယောက် ဆိုပါတော့” ဒင်နီယယ်က မလိုတမာသံဖြင့် ရေရွတ်သည်။ “အဲဒီတော့ ခင်ဗျားရဲ့လူ ချင်နဲ့ လက်ကီးဒရက်ဂွန်းက ဒီပြဿနာကို ဘယ်လိုပုံနဲ့ စခန်းသွားမှာတဲ့လဲ” “အသေးစိတ်တော့ မသိသေးဘူး၊ ချင်ကလည်း အဲသလောက်အထိ ဖွင့်ပြောလောက်အောင် ကျွန်တော့်ကို ယုံကြည်မတဲ့လား...သူပြောတာက ကျွန်တော့်လူတွေကို ယူဘိုမိုမှာ ကြိုတင်ချထားဖို့နဲ့ အစီအစဉ်တွေ လုပ်ထားဖို့ပဲ၊ အပြောင်းအလဲ ဖြစ်လာမယ့်နေ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့သာ မှာတာ" “အပြောင်းအလဲက ဘယ်တော့ဖြစ်မှာလဲ” “ကျွန်တော် မသိသေးဘူး၊ မကြာခင် ဖြစ်လာဖို့ရှိတယ် လို့ ထင်ရတာပဲ” “ဒီနှစ်အတွင်းမှာလား၊ လာမယ့်နှစ်ထဲမှာလား” “ကျွန်တော်ပြောတာ ယုံပါဒေါက်တာ၊ ကျွန်တော် မသိတာ အမှန်ပါ၊ ကျွန်တော်သိသမျှ အကုန်ပြောပြီးပါပြီ...ခင်ဗျားဘက်ကတော့ ကျွန်တော့်ကို အန္တရာယ်မပြုဖို့" “ကျွန်တော် ခင်ဗျားကို အန္တရာယ် ပြုခဲ့လို့လား" “အခုထိတော့ မပြုသေးပါဘူး၊ ဒါပေမဲ့.....
88.715486
Elephant Trader
Mg Htun Thu
10356
97
________________ ၁၉၆ www.burmeseclassic.com မောင်ထွန်းသူ ချက်တီဆင်း စကားမဆုံးမီ ဒင်နီယယ်၏ လက်တစ်ဖက်သည် ချက်တီဆင်း၏ ရင်ခွင်ပေါ်မှကျော်၍ ကားတံခါး လက်ကိုင်ကို ဆွဲဖွင့်လိုက်သည်။ လုပ်လိုက်ပုံမှာ လျင်မြန်သွက်လက်လွန်းသဖြင့် ချက်တီဆင်း ဘာမှ မလုပ်နိုင်။ ဒင်နီယယ်၏ လက်ထဲမှ သေနတ်ကိုသာ ငေးကြည့်နေသည်။ “ကဲ...ခင်ဗျား သွားလိုရာကို လွတ်လပ်စွာ သွားနိုင်တယ် မစ္စတာဆင်း" ဟု ပြောကာ ဒင်နီယယ်က ချက်တီဆင်း၏ ရင်ဘက်ကို တွန်း၍ ကားထဲမှ ထုတ်လိုက်သည်။ ချက်ဘီဆင်းသည် ကုန်ဂိုဒေါင်၏ အင်္ဂတေကြမ်းပြင်ထက်သို့ ပက်လက်လန် လဲကျသည်။ သူသည် ထိတ်လန့်ကြောက်ရွံ့သော မျက်နှာထား ဖြင့် ဒင်နီယယ်အား ကြည့်နေသည်။ ဒင်နီယယ်သည် ကားဒီလက်တံခါးကို ဆွဲပိတ်လိုက်ပြီး အတွင်းမှနေ၍ သော့ခတ်လိုက်သည်။ ပြီးတော့ ကားရှေ့မီးများ ကို ဖွင့်လိုက်သည်။ ပထမတွင် ဘာတစ်ခုမှ ထူးထူးခြားခြား ဖြစ်မလာ။ သို့သော်လည်း တစ်ခဏမျှအကြာတွင် ဂိုဒေါင်အတွင်း တစ်နေရာမှ ကျားသစ်ဟိန်းသံ ကြားရ သည်။ ချက်တီဆင်းသည် လဲကျနေရာမှ အားယူထကာ ကားဘေးသို့ ပြေးလာ သည်။ ကားတံခါးကို ထုရိုက်ကုတ်ခြစ်၍ အော်သည်။ “ဒီလိုတော့ မလုပ်ပါနဲ့ဒေါက်တာ၊ ကျားသစ်ရှိနေပါတယ် ဒေါက်တာ၊ ကျားသစ် ထွက်လာပါလိမ့်မယ်” ဒင်နီယယ်ကတော့ မတုန်မလှုပ် အေးစက်စက်မျက်နှာထားဖြင့် ချက်တီဆင်း၏ လှုပ်ရှားမှုကို ကြည့်နေသည်။ သူ့မျက်စိထဲတွင် ဂျွန်နီတို့ မိသားစု ပြန်လည်မြင်ယောင်နေသည်။ သူသည် နှုတ်ခမ်းကို ကိုက်ထားသည်။ "ခင်ဗျားလိုချင်တာ ပေးပါမယ် ဒေါက်တာ” ဟု ချက်တီဆင်းက အော်ပြောသည်။ ကျားသစ်ဟိန်းသံကို အနီးကပ် ကြားလိုက်ရသည်။ ကြောက်အား လန့်အား လှည့်ကြည့်သည်။ မှောင်ရိပ်ထဲတွင် လှည့်ပတ် လှုပ်ရှားနေသည့် မည်းမည်းပုံသဏ္ဌာန်တစ်ခု “ကျွန်တော် ဒေါ်လာတစ်သန်း ပေးပါ့မယ်ဗျာ”ဟု အော်ပြောပြန်သည်။ “လိုချင်တာ အကုန်ပေးပါ့မယ် ဒေါက်တာ၊ ဒီလိုတော့ မရက်စက်ပါနဲ့၊ ကျွန်တော့်ကို ဒီအတိုင်း မထားခဲ့ပါနဲ့" ကျားသစ်ဆီမှ ဟိန်းသံတစ်ချက် ထွက်ပေါ်လာပြန်၏။ ချက်တီဆင်း သည် ကားတံခါးကို ကျောနှင့်မှိပြီး မှောင်ထဲသို့ လှမ်းကြည့်သည်။ ဆင်ကုန်သည် ၉၇ “ဟေ...နန်ဒီ၊ သွား..သွား...ပြန်သွား၊ နင့်လှောင်ချိုင့်ထဲ ပြန်ဝင်” ဟု အော်ငေါက်၍ အမိန့်ပေးသည်။ သူတို့ နှစ်ယောက်စလုံးပင် ကျားသစ်ကို မြင်ကြရသည်။ ကားမီးရောင် ဖြင့် ကျားသစ်၏ မျက်လုံးအစုံသည် ဝင်းဝင်းကောက်နေ့ကြသည်။ ကျားသစ်သည် ချက်တီဆင်းအား စူးစူးရဲရဲ ကြည့်နေ၏။ အကြောက် လွန်နေပြီဖြစ်သော ချက်တီဆင်းသည် သူ့ကိုယ်သူ ထိန်းနိုင်စွမ်းမရှိ၊ အမှောင်ထဲမှ ဖြတ်ကာ ဂိတ်တံခါးဘက်သို့ ပြေးသည်။ ကားနှင့် ဂိတ်တံခါးသည် ခန့် ကွာသည်။ ချက်ဘီဆင်း၏ ကိုယ်ပေါ်သို့ ကျားသစ် ခုန်အုပ်လိုက်သည့်အခါ သူသည် ခရီးတစ်ဝက်ပင် မရောက်ပေ။ နောက်မှနေ၍ ခုန်အုပ်လိုက်ခြင်း ဖြစ်သဖြင့် ချက်တီဆင်းသည် မြေပြင်ထက်သို့ မှောက်လျက် လဲကျသွား၏။ ချက်တီဆင်း၏ အော်ဟစ်သံများ နှင့် ကျားသစ်၏ ဟိန်းဟောက်သံများသည် သောသောညံလျက် ရှိ၏။ ပထမတွင် လူနှင့်ကျားသစ်သည် မြေပေါ်တွင် အတန် ကြာမျှ လုံးထွေး ရစ်ပတ်ဖြစ်ကာ လိမ့်နေသည်။ ထို့နောက် ချက်တီဆင်းသည် ကျားသစ်၏ လက်ထဲမှ လွတ်မြောက်သွားသည်။ သူသည် ဒူးများထောက်၍ ထသည်။ ဤအခိုက်မှာပင် ကျားသစ်သည် သူ့ကိုယ်ပေါ်သို့ နောက်တစ်ကြိမ် ခုန်အုပ်ပြန်သည်။ ဤတစ်ကြိမ်တွင် ကျားသစ် သည် ချက်တီဆင်း၏ မျက်နှာကို ကိုက်ရန် အားထုတ်လျက်ရှိသည်။ ချက်တီဆင်းသည် သူ့တွင်ရှိသမျှ ခွန်အားဖြင့် ကျားသစ်အား ထိုးကြိတ်ကန်ကျောက်သည်။ သူ့လက်တစ်ဖက်သည် ကျားသစ်၏ ပါးစပ် အတွင်း၌ ရောက်နေသည်။ နောက်ခဏမျှအကြာတွင် ပြန်လွတ်သွားသော်လည်း ကျားသစ်၏ လူးလှိမ့်ကိုက်ခဲခြင်းကို ဆက်၍ ခံနေရပြန်သည်။ တဖြည်းဖြည်းနှင့် ချက်တီဆင်း ၏ ရုန်းကန့်လှုပ်ရှားမှုသည် အားပျော့လာသည်။ သူ့အော်ဟစ်သံများသည်လည်း တိမ်ဝင်လာသည်။ ဒင်နီယယ်သည် ကားစက်ကို နှိုးလိုက်သည်။ ကျားသစ်သည် သူ့သား ကောင်အား မဲ၍ ကိုက်နေရာမှ ဖျတ်ခနဲ ရပ်ကာ လှည့်ကြည့်သည်။ သူ့အမြီးသည် ဘယ်ညာယိမ်းနွဲ့ ကာ လှုပ်ရှားလျက် ရှိသည်။ ဒင်နီယယ်သည် စက်ကို မသတ်ဘဲ ရှေ့မီးနှစ်လုံးကို အားကုန်ဖွင့်လိုက် ကာ ကားပေါ်မှအသာဆင်းသည်။ ကျားသစ်ဆို မျက်ကြည့်ကာ ဂိတ်တံခါးဆီသို့ လျှောက်သည်။
89.185905
Elephant Trader
Mg Htun Thu
10356
98
________________ ၁၉၈ www.burmeseclassic.com မောင်ထွန်းသူ ဂိတ်ဝသို့ သူရောက်သွားချိန်တွင် ကျားသစ်သည် သူနှင့် ကိုက် ၃ဝဝ ခန့်သာ ကွာသည်။ သို့သော်လည်း သားကောင် ရနေပြီဖြစ်သော ကျား သစ်သည် သူ့အား စိုက်ကြည့်နေရုံမှတစ်ပါး ဝင်ရောက်တိုက်ခိုက်ခြင်းမပြု။ နောက်ဆုံးတွင် ဒင်နီယယ်သည် ဝင်းအပြင်သို ့ ရောက်သွားသည်။ မနက်ဖြန်နံနက်ဆိုလျှင် ချက်တီဆင်း၏ အလောင်းကို တွေ့ကြပေ တော့မည်။ ထိုအခါ သူ့အား သူမွေးထားသည့် ကျားသစ်က သူ၏အမှားတစ်ခုခု ကြောင့် ကိုက်သတ်ခြင်းဖြစ်သည်ဟု ယူဆကြလိမ့်မည်။ မိမိနှင့် ပတ်သက်၍ ခြေရာကောက်စရာ သဲလွန်စဟူ၍ ကျန်ခဲ့စရာ အကြောင်းမရှိ။ မိမိ၏ လက်ရာများ သင်မကျန်ရစ်အောင် အစစအရာရာ သတိ ထား၍ လုပ်ကိုင်ခဲ့သည် မဟုတ်ပါလော။ နောက်မိနစ်သုံးဆယ်မျှအကြာတွင် ဒင်နီယယ်သည် ဗောက်စ်ဝက်ဂွန် ကားဆီသို့ ပြန်ရောက်လာသည်။ ကားကို လေယာဉ်ကွင်းသို့ မောင်းခဲ့ပြီး အငှား ဌာနသို့ ပြန်အပ်သည်။ ထို့နောက် သူ့လင်ခရူဇာကားနှင့် ကက်ပီတယ် ဟိုတယ်သို့ ပြန်သည်။ ဟိုတယ် ညတာဝန်ကျ စာရေးအား အခန်းပြန်အပ်ပြီးသော် ဟိုတယ်မှ အပြီးအပိုင် ထွက်လာခဲ့လေ၏။ သိချင်စိတ်ကို မမျိုသိပ်နိုင်သော ဒင်နီယယ်သည် ကားကို ချက်တိ ဆင်း၏ ဆူပါမားကတ် စတိုးဆိုင်ဘက်မှ ဖြတ်မောင်းခဲ့သည်။ မီးသည် ပင်မ အဆောက်အအုံကြီးကို လောင်ကျွမ်းခြင်း မရှိ။ အနောက်ဘက် အမှိုက်သရိုက်များ ထားရာ အခန်းကိုသာ လောင်ခဲ့ခြင်း ဖြစ်၏ ။ သူဖြတ်လာခိုက်တွင် မီးသတ်သမား နှစ်ယောက်သည် မီးကြွင်းမီးကျန်များအား ရေနှင့်ဖျန်း၍ ငြိမ်းသတ်ဆဲ။ သူသည် လောင်စီမှ အပြီးထွက်ခွာတော့မည်ဖြစ်၍ ကားကို အနောက် စူးစူးသို့ ဦးတည်ကာ ဇမ်ဘီယာနယ်စပ်သို့ မောင်းသည်။ ဤခရီးသည် သုံးနာရီခရီး ဖြစ်၏။ သူသည် ရေဒီယိုခလုတ်ကို ဖွင့်လိုက်သည်။ မာလဝီ အသံလွှင့်ဌာနမှ နံနက်သတင်းကို နားထောင်လို၍ ဖြစ်၏။ သာယာမြူးကြွသော ဘေးဂီတသံ သည် ကားထဲတွင် ပျံ့လွင့်လျက် ရှိသည်။ နယ်စပ်သို့ နီးကပ်လာနေချိန်တွင် ရေဒီယိုမှ နံနက်ခြောက်နာရီသတင်းကြေညာချက် စတင်ကြားရသည်။ ပထမဆုံးသတင်းမှာ ဘာလင်တံတိုင်းကို ဖြိုပစ်ပြီး အရှေ့ဂျာမနီမှ လူများ အနောက်ဂျာမနီသို့ အလုံးအရင်းနှင့် ဝင်ရောက်လာသည့် သတင်း..။ ထို့နောက်...လီလောင်ပီမြို့ပေါ်တွင် လူသိအများဆုံးသော စီးပွားရေးလုပ်ငန်းရှင် ဆင်ကုန်သည် တစ်ဦးဖြစ်သည့် မစ္စတာချက်ဘီဆင်းသည် သူမွေးထားသည့် ကျားသစ် အကိုက် ခံရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရပါသည်။ ယခုအခါတွင် မစ္စတာ ချက်တိဆင်းမှာ လီလောင်ဒီ ပြည်သူ့ဆေးရုံကြီး အတွင်းလူနာဆောင်၌ ဆေးကုသမှုကို ခံယူနေရပါသည်။ ဆေးရုံ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မစ္စတာဆင်း၏ အခြေအနေသည် အလွန်စိုးရိမ်နေရဆဲပင် ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားလိုက်ပါသည်။ မည်သည့်အတွက်ကြောင့် ကျားသစ်ကိုက်ခံရသည်ကို မသိရှိရသေးပါ။ ရဲတို့၏ စုံစမ်းချက်အရ မစ္စတာဆင်း၏ လူယုံတော် အလုပ်သမား မစ္စတာ ချာဒီဂန်ဝါနာ ဆိုသူ ပျောက်ဆုံးနေကြောင်း...၎င်းကိုရှာဖွေတွေ့ရှိပါက ယခုဖြစ်ပွားသည့် ကိစ္စ အတွက် အရေးကြီးသော အချက်အလက်များ ရနိုင်လိမ့်မည်ဟု ယုံကြည်ရ ကြောင်း သိရှိရပါသည်။ မစ္စကာချာဗီအား တွေ့ ရှိပါက နီးရာရဲစခန်းသို့ သတင်း ပေးကြရန် ရဲအဖွဲ ့က မေတ္တာရပ်ခံထားပါသည်...ဒင်နီယယ်သည် ရေဒီယိုခလုတ် ကို ပိတ်လိုက်ပြီး ကားကို မာလာဝီ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးရုံးရှေ့ ၌ ရပ်လိုက်သည်။ သတင်းအရဆိုလျှင် ချက်တီဆင်း မသေသေး။ သို့သော်လည်း စကားပြောနိုင်သည့် အခြေအနေရှိပုံ မရ။ အကယ်၍ စကားပြောနိုင်ခဲ့ပါမူ မိမိ၏နာမည်ကို ရဲအား မပြောဘဲနေမည် မဟုတ်။မည်သို့ ပင်ဖြစ်စေ မိမိအနေဖြင့် အဆိုးကိုတော့ မျှော်လင့်ထားသင့်သည်ဟု ယူဆသည်။ သူသည် သူ့နိုင်ငံကူးလက်မှတ်စာအုပ်ကိုယူကာ ရုံးခန်းသို့ ဝင်ခဲ့သည်။ ပြဿနာဟူ၍ ရင်မဆိုင်ရ။ အားလုံး အဆင်ပြေသည်။ “မာလာဝီမှာ အပန်းဖြေရတာ စိတ်ချမ်းသာပါရဲ့ လား ခင်ဗျာ၊ ကျွန်တော်တို့ကတော့ အမြဲတမ်းကြိုဆိုနေပါတယ်၊ နောက်တစ်ခေါက် အလည် လာလိမ့်ဦးမယ်လို့ မျှော်လင့်ပါဘယ် ခင်ဗျာ” အရာရှိက ပြောသည်။ သမ္မတဟေစတင်ဘင်ဒါသည် ဝန်ထမ်းများအား လူအများနှ ဆက်ဆံရာ၌ ယဉ်ကျေးချေင်အောင် လေ့ကျင့် ပေးထားသည်။ နိုင်ငံခြားသား ခရီးသည်များသည် သူတို့နိုင်ငံ၏ စီးပွားရေးဘဝတွင် အရေးပါသည်ဟူသော sic.com
89.659331
Elephant Trader
Mg Htun Thu
10356
99
________________ ၂၀၀ www.burmeseclassic.com မောင်ထွန်းသူ အချက်ကိုလည်း နားလည်လက်ခံအောင် သင်ကြားပေးထား၏။ နိုင်ငံခြားသား ခရီးသည်များအား ရန်လိုသည့် အပြုအမူမျိုး လုံးဝ မတွေ့ရ၊ ဇမ်ဘီယာနိုင်ငံဘက်ရောက်၍ အကောက်ဝန်နှင့် လူပင်မှုကြီးကြပ်ရေး ရုံးသို့ သွားသည့်အခါ ငါးဒေါ်လာတန် တစ်ရွက်ကို နိုင်ငံကူးလက်မှတ် စာအုပ်ထဲ အလျင်ဆုံး ညှပ်လိုက်ရသည်။ စောစောက သူရောက်ခဲ့သည့် နေရာနှင့် ကိုက်တစ်ရာ ခန့်သ ဝေးသည်။ သို ့သော်လည်း စိတ်ချမ်းသာမှုချင်းကား များစွာ ကွာခြားလှ၏။ ဤမှာဘက်သို့ ဝင်လာရခြင်းသည် 'အမှောင်ခေတ်' တွင်းသို့ ဝင်လာရသည့်နှယ် ခံစားနေရလေသည်။ ဆင်းကုန်သည် ၂၀၁ ဒင်နီယယ်သည် လူဆာကွာမြို့ သို့ ဆိုက်ရောက်ခဲ့ပြီးနောက် တစ်နာရီအတွင်းမှာ ၀င် မိုက်ကယ်ဟာဂရိထံ ဖုန်းဆက်သည်။ မိုက်ကယ်ကလည်း ညစာလာစားရင်း စကားစမြည် ပြောကြဖို့ ဖိတ်ခေါ်သည်။ ညစာစားနေကြခိုက်တွင် မိုက်ကယ်၏ဇနီး ပင်ဒီက “ရှင်ဒီတစ်ခါ ဘယ်ဘက်ကို ခရီးဆက်မလဲ” ဟု ပြောသည်။ “ရှင်လုပ်နေပုံကဖြင့် တကယ့်စွန့်စားခန်းခရီးတွေ ထွက်နေတာပါပဲ လား၊ ဒီအတိုင်းဆိုရင် ရှင့်အတွက် မိန်းမတစ်ယောက် ရှာပေးမှ ဖြစ်တော့မယ်... ရှင် ခြေမငြိမ်တာကြည့်ပြီး ကျွန်မတို့ ယောကျ်ားတွေပါ လှုပ်ရှားကုန်ရင် အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်၊ အခုကော ရှင် ဒီမှာ ဘယ်လောက်ကြာကြာ နေမယ်လို့ စိတ်ကူးထားသလဲ” “အဲဒါက နှင်ချင်ပွန်း ဆိုတဲ့လူအပေါ်မှာ တည်နေတယ် ဝင်း" ဒင်နီယယ်က ပြော၏။ ဟု “တကယ်လို့ သူ ဟာရာရီမှာ ရှိနေသေးတယ် ဆိုရင်တော့ ကျွန်တော် ဟာရာရီကို သွားရမယ်၊ မရှိဘူးဆိုရင်တော့လည်း လန်ဒန် ပြန်ချင်ပြန်မယ်၊ တရုတ်တိုင်ပေကို ခရီးဆက်ချင် ဆက်မယ်” မှေးသည်။ “ခင်ဗျား သူ့နောက်ကို လိုက်နေတုန်းပဲလား" မိုက်ကယ်က ကြားဖြတ် “သူနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သိခွင့်ရမလား' “ကျွန်တော် သိထားရသမျှဆိုရင်တော့ ကိုင်ချင်ဂွန်းဟာ ရှင်ဗီဂီဝခန်းကို ပင်တိုက်ပြီး ဆင်စွယ်ဂိုဒေါင်ဖောက်ဖို့ စီစဉ်ခဲ့တဲ့ လူပဲ"ဟု ဒင်နီယယ်က ပြောသည်။ ic.com
86.828964
Elephant Trader
Mg Htun Thu
10356
100
________________ ၂၀၂ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “ဟုတ်မှဟုတ်ရဲ့လား ဒင်နီရာ”ဟု မိုက်ကယ်ကတအံ့တသြချွတ်သည်။ “ခင်ဗျားဟာ သေချာရဲ့လား၊ နင်ချင်ဂွန်းဟာ သံအမတ်တစ်ယောက်၊ လူဆိုးဗိုလ် မဟုတ်ဘူး” “သူက နှစ်ခုလုံးလုပ်တယ်၊ သံအမတ်ရော၊ လူဆိုးဗိုလ်ရော လုပ်တယ်၊ သူ့အကြံပေးက ချက်တီဆင်းတဲ့၊ လီလောင်ဝီမြို့က စီးပွားရေးသမား တစ်ယောက်ပဲ၊ သူတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်လုပ်ငန်းတွေ အများကြီး ရှိနေ တယ်...ဆင်စွယ်တင် မကဘူး၊ မူးယစ်ဆေးဝါးကစပြီး စိန်တွေ အထိပါတယ်" “နေပါဦး၊ ဒီနာမည်ကို ကြားဖူးတယ်” ဟု မိုက်ကယ်က ရေရွတ်ကာ တစ်ခဏမျှ စဉ်းစားနေသည်။ “ဟာ..ဟုတ်တယ်၊ ဒီမနက် ရေဒီယိုသတင်းမှာ ပါနေတာပဲ၊ သူမွေး ထားတဲ့ ကျားသစ် အကိုက်ခံရတယ်တဲ့...ဟုတ်လား” မိုက်ကယ်၏ မျက်နှာထားသည် ပြောင်းသွားသည်။ “ခင်ဗျား လီလောင်ဝီမှာ ရှိနေချိန်လောက်က ဖြစ်တာပဲ၊ တိုက်ဆိုင်မှုမှ ဟုတ်ရဲ့လား ဒင်နီရာ၊ ခင်ဗျားလက်မှာလဲ ပတ်တီးနဲ့ ကြိုးသိုင်းနဲ့၊ ပြီးတော့... ကျွန်တော် ချက်တီဆင်းနဲ့ စကားပြောခွင့်ရခဲ့တယ်၊ သူ့ကို ကျားသစ်မကိုက်ခင်က လေးမှာပဲ၊ သူ့ဆီက သတင်းတစ်ခု ရခဲ့တယ်၊ ခင်ဗျား စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ရတယ်” ဝင်ဒီက ထိုင်နေရာမှ ထရပ်သည်။ “ရှင်တို့ လွတ်လွတ်လပ်လပ် ပြောကြပါ၊ ကျွန်မ နောက်ဘေးမှာ လုပ်စရာရှိတာ သွားလုပ်လိုက်ဦးမယ်” ဟု ပြောကာ အခန်းထဲမှ ထွက်သွားသည်။ “ခင်ဗျားရဲ့ သတင်းကို ပြောပါဦး” ဟု မိုက်ကယ်က စကားစသည်။ “ချက်တီဆင်း အဆိုကတော့ ယူဘိုမိုနိုင်ငံမှာ အာဏာသိမ်းလိမ့်မယ်၊ သမ္မတကြီး အိုမီရူကို ဖယ်ပစ်လိမ့်မယ်တဲ့" “ဟာ...ဟုတ်ရဲ့လားဗျာ၊ အိုမီရူက လူကြီးပါ၊ ဖြစ်နိုင်ပါ့မလား၊ ခင်ဗျား အသေးစိတ် သိခဲ့ရသလား” “အသေးစိတ်တော့ မသိရခဲ့ဘူး၊ ဒီအရေးအခင်းမှာ နှင်ချင်ဂွန်း ပါတာ တော့ သေချာတယ်၊ သူတို့က အားပေးအားမြှောက်ပြုနေတဲ့ သဘောပဲ၊ အာဏာ သိမ်းပြီးတဲ့နောက် ပေါ်လာမယ့် အထူးအခွင့်အရေးတွေကို သူတို့ယူမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထပြီးမြှောက်ပင့်ပေးကြတာပဲ” မိုက်ကယ်က ခေါင်းညိတ်သည်။ “ထုံးစံအတိုင်းပဲပေါ့၊ ယူတိုမိုမှာ အရှင်သခင်အသစ် တက်လာတော့ ဝေစားမျှစား လုပ်ကြမှာပေါ့၊ ဘယ်သူ့ ကို တင်မှာတဲ့လဲ” BURMESE CLASSIC ၂၀၃ “အဲဒါတော့ မသိဘူး၊ မကြာခင် ဖြစ်မယ်ဆိုတာတော့ သိခဲ့ရတယ်၊ နောက်လ အနည်းငယ်အတွင်းဖြစ်ဖို့ အလားအလာ ရှိနေတယ်” “ကျွန်တော်တို့က အိုမီဂူကို ကြိုတင်သတိပေးဖို့ လိုလိမ့် မယ်၊ ဝန်ကြီးချုပ်ကလဲ လိုအပ်လာရင် တပ်အကူအညီ တောင်းပေးချင်ပေးမှာ..ယူဘိုမို နိုင်ငံဟာ ဗြိတိသျှ ဓနသဟာယအဖွဲ့ ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်နေတယ် မဟုတ်လား' “ဒီကိစ္စကို ခင်ဗျားကိုင်ရင် နင်ချင်ဂွန်းနဲ့ ပတ်သက်တဲ့ အချက်မှန်သမျှ ကျွန်တော် သိပါရစေလား” “ခင်ဗျားလူ လစ်သွားပြီ ဒင်နီ၊ နင်က နှုတ်ဆက်ပွဲ လုပ်သွားသေးတယ်၊ သောကြာနေ့မှာ ပွဲလုပ်ပြီး စနေနေ့မှာ ပြန်ဘယ်..ကျွန်တော့် အယူအဆကတော့ သံအမတ်တစ်ယောက် ကို ရင်ဆိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူး ထင်တာပဲ" “သူအခု သံအမတ် မဟုတ်တော့ဘူး၊ ကျွန်တော် တရုတ်တိုင်ပေအထိ လိုက်သွားနိုင်တယ်” “အဲဒါလည်း အရူးစိတ်ကူးပဲ ဒင်နီ၊ တရုတ်တိုင်ပေကျွန်းဟာ ချင်ရဲ့ ဇာတိ၊ သူ့မိသားစုရဲ့ သြဇာလွှမ်းတဲ့နေရာ၊ ခင်ဗျား အဲဒီမှာသွားပြီး လက်စားချေ လို့ ဘယ်ရမလဲ...ခင်ဗျား စောစောကပြောခဲ့တဲ့ သတင်းတွေသာ မှန်မယ်ဆိုရင် | ခင်ဗျားရဲ့ လူ ချင်ဟာ ဒီကို ပြန်လာမှာပဲ၊ ယူဘိုမိုဟာ ကြားနေနိုင်ငံ တစ်နိုင်ငံ၊ | လုပ်ရကိုင်ရတာ အဆင်ပြေနိုင်တယ်...အနည်းဆုံး ကျွန်တော့်ဆီက အကူအညီကို ခင်ဗျား ရနိုင်တယ်၊ ပြီးတော့ ကျွန်တော်တို့ရုံးက မြို့တော်ခါဟာလီမှာ ဖွင့်ထား တာ...ကျွန်တော် သိထားရသလောက် ပြောရရင် ကျွန်တော် ခါဟာလီမြို့ကို ပြောင်းချင်ပြောင်းရမှာ” ဒင်နီယယ်သည် သူ့ရှေ့မှ ဖန်ခွက်ကို ငေးကြည့်နေ၏။ အခုလို ဆိုပြန် တော့လည်း သူ့တွင် စဉ်းစားစရာတွေ ရှိလာသည်။ သူသည် အချိန်အတော်ကြာမျှ ငိုင်နေသည်။ နောက်ဆုံးတွင် သူသည်သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်သည်။ “ခင်ဗျားပြောတာ မှန်တယ်မိုက်” ဟု ပြောသည်။ “တစ်ခုတော့ရှိတယ် ဒင်နီ" ဟု မိုက်ကယ်က ပြောသည်။ “ခင်ဗျား ခရီးမထွက်ခင် နင်နဲ့ဆင်းအကြောင်း သိထားသလောက် ပြောပြခဲ့ဖို့ လိုလိမ့်မယ်၊ ဒါမှလည်း ခင်ဗျား တစ်ခုခု ဖြစ်သွားရင် ကျွန်တော်က ဆက်လိုက်လို့ရမှာ” : “ကျွန်တော်အားလုံး ပြောပြခဲ့ပါမယ်၊ Scom) ဖင်ဗျားဆီမှာ ထားခဲ့ချင်တယ်၊ ဖြစ်မလား” “သိပ်ကိုဖြစ်တာပေါ့ ဒင်နီရာ၊ ကျွန်တော့်အိမ်ဟာ * ကျွန်တော့်ကားဂိုဒေါင်ဟာ ခင်ဗျားရဲ့ ကားဂိုဒေါင်”
87.202043
Elephant Trader
Mg Htun Thu
10356
101
________________ ၂၀၄ www.burmeseclassic.com မောင်ထွန်းသူ နောက်တစ်နေ့ နေ့ခင်း မိုက်ကယ်ဟာဂရီ ရုံးမှ ပြန်လာပြီး နေ့လယ်စာ စားချိန်တွင် ဒင်နီယယ်နှင့် ဆုံကြ၏။ “ကျွန်တော် ခင်ဗျားဆီက ရတဲ့သတင်း လန်ဒန်ကို ပို့ပြီးပြီ” မိုက်ကယ် က ပြောသည်။ “ကံအားလျော်စွာပဲ သမ္မတအိုမီရူလည်း လန်ဒန်မှာ ရောက်နေတယ်၊ နိုင်ငံခြားရေးရုံးက ချက်ချင်းသူ့ကို အသိပေးတယ်၊ သူက မယုံကြည်ဘူး၊ ကျွန်တော့်ကို လူထုက ချစ်တယ်၊ ကျွန်တော်ဟာ သူတို့ အဖေပဲ၊ ဒါမျိုး မဖြစ်နိုင် ပါဘူးလို့ ပြောသတဲ့၊ ဒါပေမဲ့ ခရီးစဉ်ကို ဖျက်ပြီး ယူဘိုမို ချက်ချင်းတော့ ပြန်သွား တယ်တဲ့...” “ဒါကတော့ ဘယ်တတ်နိုင်မလဲလေ” ဟု ဒင်နီယယ်က ပြောသည်။ “ပြောစရာသတင်းတစ်ခုရှိသေးတယ်”ဟု မိုက်ကယ်က ထပ်ပြောသည်။ “ကျွန်တော် လီလောင်ဝီကို ဖုန်းဆက်ပြီး စုံစမ်းကြည့်ခဲ့တယ်၊ ခင်ဗျားရဲ့ မိတ်ဆွေကြီး ချက်တီဆင်း မသေဘူး...ဆေးရုံက စကားအရ ပြောရရင် အခြေအနေ ဆိုးရွားသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရပေါ့ဗျာ၊ သူ့လက်တစ်ဖက်ကိုတော ဖြတ်လိုက်ရတယ်တဲ့၊ ကျားသစ်က လက်ကို အတော်ကြာကြာဝါးသွားပုံရတယ်” “လက်မဟုတ်ဘဲ ခေါင်းသာဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲ” “ကိုယ်ဖြစ်ချင်တာတွေ အားလုံးတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ ဒင်နီရာ၊ ဒါနဲ့ ခင်ဗျား လန်ဒန်ရောက်ရင် ဘယ်မှာ နေမှာလဲ...ဆက်သွယ်နိုင်အောင် လိပ်စာကော့ပေးခဲ့ဦး၊ အလျင်နေခဲ့တဲ့ ချယ်လ်ဆီးယာရပ်ကွက်က တိုက်ခန်းပဲလား” “အဲဒါ တိုက်ခန်း မဟုတ်ပါဘူး” ဟု ဝင်ဒီက ဝင်ပြောသည်။ “နာမည်ဆိုးထွက်နေတဲ့ လူပျိုရိပ်သာပဲ” က “မဟုတ်ကဟုတ်ကတွေ မပြောပါနဲ့ မိန်းကလေးရယ်” ဟု မိုက်ကယ် ပြန်ပြောသည်။ “ဒင်နီက ဘုန်းကြီးပါ၊ အဲဒီပစ္စည်းမျိုးကို လက်ဖျားနဲ့တောင်မတို့ပါဘူး” ဒင်နီယယ်က ပြုံး၍... “ဟုတ်ပါတယ်၊ အလျင်လိပ်စာ၊ အလျင်တယ်လီဖုန်း နံပါတ်ပါပဲ” ဟု ပြောသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် မိုက်ကယ်တို့လင်မယားသည် ဒင်နီယယ်အား လေဆိပ်သို့ လိုက်ပို့သည်။ ဒင်နီယယ်စီးလာသည့် ဘီအိုအေစီ လေယာဉ်သည် လန်ဒန်မြို့တော် ဟီးသရိုး လေယာဉ်ကွင်းသို့ နောက်တစ်နေ့ နံနှက် ၇နာရီ တွင် ဆိုက်သည်။ * * * LASSIC ဆင်ကုန်သည် ၂၁၅ ဒင်နီယယ် လန်ဒန်သို့ ပြန်ရောက်သည့် ညခင်းတွင် လူဆာကာမြို့ရှိ မိုက်ကယ် ဟာဂရိထံမှ ဖုန်းဆက်သည်။ သူပြောခဲ့သည့် သတင်းမှန်ကြောင်း၊ ယူဘိုမိုတွင် အာဏာသိမ်းသည် ဟု ကြားသိရကြောင်း ပြောပြသည်။ “သမ္မတ အိုမီရူ ဘာဖြစ်သွားသေးလဲ၊ သူ့နေရာကို တက်တဲ့လူသစ်က ဘယ်သူလဲ” ဟု ဒင်နီယယ်က မေးသည်။ “အဲဒီမေးခွန်းနှစ်ခုလုံး အဖြေမရသေးဘူး ဒင်နီ၊ အခြေအနေက ရုပ်ထွေးနေတုန်းပဲ၊ အသေးစိတ် သိရရင် မနက်ဖြန်ကျမှပဲ ဖုန်းထပ်ဆက်မယ်” ဒင်နိယယ်ကတာ့ ယူဘိုမိုနိုင်ငံသမ္မတ အိုမိရူအတွက် စိတ်မကောင်း ဖြစ်သည်။ သူသည် ဗစ်တာအိုမီရူနှင့် လွန်ခဲ့သော ငါးနှစ်ကတစ်ကြိမ် တွေ့ခဲ့ဖူး သည်။ ထိုစဉ်က ယူဘို့မို့နိုင်ငံသည် အဲလ်ဘတ်ရေအိုင်တွင်း၌ ငါးဖမ်းခွင့်ကိစ္စ အတွက် ဇိုင်ယာနိုင်ငံ၊ ယူဂန္ဓာနိုင်ငံတို့နှင့် အငြင်းပွားနေချိန် ဖြစ်၏။ ထိုစဉ်က သူသည် ယင်းအငြင်းပွားမှုနှင့် ပတ်သက်၍ သမ္မတအိုမီရူ၏ အမြင်ကို သွားရောက်တွေ့ ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ အိုမီရူသည် ထူးထူးခြားခြား ရိုးသားပြီး ပြည်သူတို့အပေါ်၌ အလွန်လေးစား ကရုဏာထားသော ခေါင်းဆောင် တစ်ဦးဖြစ်သည်ကို သူသိခွင့်ရခဲ့၏။ ဤပုဂ္ဂိုလ်မျိုး ဆုံးရှုံးရခြင်းသည် ယူဘိုမို့နိုင်ငံအတွက် အဖြစ်တစ်ခုဟု သူထင်သည်။ www.blassic.com
87.097981
Elephant Trader
Mg Htun Thu
10356
102
________________ JOG www.burmeseclassic.com မောင်ထွန်းသူ ဤပုဂ္ဂိုလ်မရှိတော့သည့် နောက်ပိုင်းတွင် ယူဘိုမို့နိုင်ငံသည် အဆင်းရဲ ဆုံး၊ အနှိပ်စက်ခံရဆုံးနှင့် ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတော့မည်မှာ မလွဲပေ။ တနင်္လာနေ့ တစ်နေ့လုံး ဒင်နီယယ်သည် သူ့ဘဏ် မန်နေဂျာနှင့် သူ့ ကိုယ်စားလှယ်တို့အား သွားရောက်တွေ့ဆုံကာ ငွေကြေးကိစ္စများ ဆောင်ရွက် သည်။ အားလုံးအဆင်ပြေခဲ့သဖြင့် သူ့စိတ်သည် ကြည်လင်သာယာလျက် ရှိလေ သည်။ သူ့တိုက်ခန်းသို့ ပြန်ရောက်သည့်အခါ ညကိုးနာရီခွဲနေလေပြီ။သူ ရောက်ပြီး မကြာခင်မှာပင် လူဆာကာမှ တယ်လီဖုန်းလာသည်၊ “ဟယ်လို ဒင်နီ၊ ယူဘို့မိုနိုင်ငံရဲ့ သမ္မတသစ်က အီဖာရီ တပ်ဖာရီတဲ့၊ အသက်က ၄၂ နှစ်၊ လန်ဒန် စီးပွားရေးတက္ကသိုလ်နဲ့ ဘူဒါပက် တက္ကသိုလ်တွေ မှာ ပညာသင်ခဲ့တယ်..သူ့အကြောင်းက ဒါလောက်ပဲ သိရတယ်၊ နိုင်ငံကို ‘ယူဘိုမို ပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံတော်” လို့ အမည်ပြောင်းလိုက်ပြီ၊ ဒါက တော့ မကောင်းတဲ့အရိပ်လက္ခဏာတစ်ရပ်ပဲ၊ ဘာပဲဖြစ်ဖြစ်လေ အဓမ္မဝါဒက တော့ ကြီးစိုးတော့မှာသေချာနေပြီ၊ အလျင်အစိုးရအဖွဲ့ပဲက လူတွေကို သတ်လား ဖြတ်လားတော့ လုပ်နေပြီ” “သမ္မတ အိုပီရူကော” ဟု ဒင်နီယယ်က မေးသည်။ “အတိအကျတော့ မသိရသေးဘူး၊ ထောင်ထဲ ထည့်ထားတယ်ဆိုတဲ့ သတင်းတော့ ထွက်နေတယ်” “ကျွန်တော့်မိတ်ဆွေ ချက်ကီဆင်းနဲ့ နင်ချင်ဂွန်းတို့ အကြောင်းကြား ရင်လည်း ကျွန်တော့်ဆီ ချက်ချင်း သတင်းပေးပါ မိုက်” “စိတ်ချ ဒင်နီ၊ စိတ်ချ” BURMESE CLASSIC ဆင်ကုန်သည် ၂၀၇ လောလောဆယ်တော့ဖြင့် ဒင်နီယယ်သည် ယူဘိုမိုနိုင်ငံတွင်းမှ အဖြစ်များနှင့် ချက်တီဆင်းတို ့၏ အဖြစ်များကို မေ့ပျောက်ထားလိုက်သည်။ သူသည် ရှက်ဖတ်ဘွတ်ရှ်ကုမ္ပဏီ စတူဒီယိုအတွင်း၌ သူရိုက်ကူး လာသည့် ဗီဒီယိုအခွေများကို တည်းဖြတ်သုတ်သင်သည့် အလုပ်ဖြင့် မအား မလပ် ဖြစ်လျက်ရှိ၏။ အမှန်တော့လည်း ရုပ်ရှင်ကားတစ်ကားကို တည်းဖြတ်သုတ်သင်ပြီး ဖြတ်ရတောက်ရသည့်အလုပ်မှာ ကိုယ်ရောစိတ်ပါ ပင်ပန်းလွန်းလှသည် မဟုတ် ပါလား။ နံနက်ဆိုလျှင် အရုဏ်မတက်မီ အိပ်ရာမှထ၍ စတူဒီယိုသို့ အငှား ကားဖြင့် ပြေးရသည်။ ရောက်သည်နှင့်တစ်ပြိုင်နက် အလုပ်ကိုစလုပ်သည်။ နေ့ခင်းနေ့လယ်စာကိုပင် လုပ်ရင်းကိုင်ရင်း စားရသည်။ ညနေ မိုးစုပ် အုပ်ချုပ်သည့် အခါကျမှပင် အလုပ်ကိုရပ်ကာ ပင်ပန်းနွမ်းနယ်စွာဖြင့် လမ်းပေါ်သို့ ထွက်လာရ၏။ အငှားကားတစ်စီး ကပျာကယာခေါ်၍ ဆလုံးလမ်းမှ ပက်ထရစ်ချ် ဆိုင်သို့ သွား၍ ညစာစား၏။ ထို့နောက် သူ့အခန်းသို့ ပြန်၍ စောစောစီးစီး အင်ဇောနှင့် မိသားစုကိုသတိရသည်။ ဤမျှလောက် အလုပ်များနေသည့်ကြားမှပင် z sisic.com) ဂျွန်နီ
87.053784
Elephant Trader
Mg Htun Thu
10356
103
________________ ၂ www.burmeseclassic.com မောင်ထွန်းသူ သူတို့၏ အဖြစ်မျိုးများကို ပြန်လည် မြင်ယောင်ကာ ဝမ်းနည်းကြေ ကွဲခြင်းဖြစ်ရ၏။ ရက်ရက်စက်စက်ပြုသွားသူများ အပေါ် မကျေမချမ်းနိုင် သောစိတ် ဖြစ်ရ၏။ မည်သို့ပင်ဖြစ်စေ သူ့အလုပ်ကိုသူ ဇောက်ချ၍ လုပ်ခဲ့ရာ သုံးလမျှ အကြာတွင် သူရိုက်လာခဲ့သည့် ကားလေးကားစလုံးကို အပြီးသတ်နိုင်ခဲ့သဖြင့် သူ့ကားများကို ရောင်းပေးနေကျဖြစ်သော ကိုယ်စားလှယ်အမျိုးသမီး အယ်လ် နာမတ်ဟမ်အား ခေါ်ယူပြသနိုင်ခဲ့၏။ အယ်လ်နှာသည် သာမန်အရောင်းသမားတစ်ဦးမဟုတ်၊ ရုပ်ရှင်ကား တစ်ကားပေါ်တွင် စနစ်တကျ ဝေဖန်သုံးသပ်တတ်သူ ဖြစ်သည်။ ထိုနေ့က သူသည် အယ်လ်နှာနှင့်အတူ သူ၏မှတ်တမ်းတင် ကားအား လုံးကို ကြည့်သည်။ ပြီးသွားသည့်အခါ အယ်လ်နာက ဝက်စ်ဟောလ်ကင်းလမ်း မှ စားသောက်ဆိုင်သို့ ခေါ်သွားပြီး နေ့လယ်စာကျွေးသည်။ ထိုအခါကျမှပင် အယ်လ်နာထံမှ ဝေဖန်သုံးသပ်ချက်ကို သူကြားရသည်။ “အမ်းစထရောင်း... အခု ကားတွေကတော့ ရှင့်ရဲ့အကောင်းဆုံးနဲ့ အပြောင်မြောက်ဆုံး လက်ရာတွေပါပဲ၊ လေးကားစလုံးကို အမြန်ဆုံးမိတ္တူ လေးနု ကူးပြီး ကျွန်မကိုအပ်ပါ" ဟု အယ်လ်နာက ပြော၏။ အယ်လ်နာသည် လေးကားစလုံးကို အီတလီများအား ပြသည်။ အီတလီများသည် အာဖရိကတိုက်အပေါ် စိတ်ဝင်စားသူများဖြစ်၍ ဒင်နီယယ်၏ ကားများအတွက် အကောင်းဆုံးဈေးကွက်တစ်ကွက် ဖြစ်သည် မဟုတ်ပါလား။ အီတလီများကလည်း လေးကားစလုံး ကြိုက်သည်။ ဤသို့ဖြင့်နှစ်ဦး နှစ်ဖက် စာချုပ်ချုပ်ဆိုကြသည်။ စာချုပ်ချုပ်သည့်နေ့တွင် စာချုပ်ကို အယ်လ်နာ ကိုယ်တိုင် ယူလာပြီး လက်မှတ်ထိုးခိုင်းသည်။ လက်မှတ်ထိုးပြီးသည့်အခါ နှစ်ယောက်သား နေ့လယ်စာစားရင်း စကားစမြည် ပြောကြသည်။ ဤတွင် အယ်လ်နာက သူနှင့် သူ့ ကင်မရာမင်း ဂျော့ခ်တို့ ဘယ်လို ဖြစ်ကြတာလဲဟု စမေးသည်။ BURMESE CLASSIC ဆင်ကုန်သည် ၂၁၉ သူကလည်း အသေးစိတ် ပြန့်၍မပြော။ သဘောချင်းမတိုက်ဆိုင်လို့ ပါဟုသာ အဖြေပေး၏။ “ရှင်နောက်တစ်ခေါက်ထွက်ရင် ကင်မရာမင်း ငှားရဦးတော့မှာပေါ့ ငှားဖို့ လူကောစဉ်းစားထားပြီးပြီလား” ဟုအယ်လ်နာက မေးသည်။ “မစဉ်းစားရသေးဘူး၊ မင့်မှာ လူမရှိဘူးလား” အယ်လ်နာသည် တစ်ခဏမျှ စဉ်းစားနေ၏။ “အမျိုးသမီး ကင်မရာမင်း တစ်ယောက်နဲ့ တွဲရမယ်ဆိုရင် ရှင်သာ ကျပါ့မလား” ဟု မေးသည်။ “သဘောမကျစရာမရှိပါဘူး” ဟု ဒင်နီယယ်က ဖြေသည်။ “ဒါပေမဲ့ အာဖရိကက ကြမ်းတမ်းတယ်၊ သွားရေးလာရေး ခက်တယ်း အဲဒါကို ခံနိုင်ရည်ရှိရင်ပြီးတာပဲ အယ်လ်နာ ကပြုံးသည်။ “ကျွန်မ စဉ်းစားမိထားတဲ့ အမျိုးသမီးကတော့ ခံနိုင်ရည်တကယ်ရှိ တဲ့ ခပ်ကြမ်းကြမ်း မိန်းမတစ်ယောက်ပဲ၊ ကော်လည်း သိပ်တော်တယ်...” “မကြာသေးခင်ကမှ အာတိတ်ဒေသက အက်စကီမိုးတွေနဲ့ ဆင်နု အင်ဒီယန်းတွေအကြောင်း မှတ်တမ်းတင်ပြီး ပြန်ရောက်လာတာ" “သူရိုက်ထားတဲ့ မှတ်တမ်းတင်ကား ကြည့်ခွင့်ရမလား" “ကော်ပီရှိတယ်၊ လာပို့ ပေးမယ်" နောက်တစ်နေ့တွင် အယ်လ်နာထံမှ ဗီဒီယိုအခွေ ရောက်လာ၏။ ဒင်နီယယ်သည် အလုပ်များနေခိုက်ဖြစ်၍ အခွေကိုသူ့ စားပွဲအံဆွဲထဲ ထည့်ထားလိုက်ပြီး မေ့သွား၏။ သူ့ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသည့် အဖြစ်အပျက်များတွင် စိတ်ဝင်စားနေမိသဖြင့် ထိုအခွေကိုသတိမရတော့။ ဤရက်များအတွင်း လူဆာကာမြို့ ရှိ မိုက်ကယ်ဟာဂရိထံမှ တယ်လီ ဖုန်းဆက် ပြန်သည်။ “ဟေ့လူ...ဒင်နီ၊ ခင်ဗျားရဲ့ မိတ်ဆွေကြီး ချက်တီဆင်းဆေးရုံက ဆင်း ပြီလို့ သတင်းရတယ်” ဟုပြောပါသည်။ အခြေအနေ အတော်ကောင်းသွားပြီးလို့ ပြောကြတယ်၊ လက်ဘစ်ဖက်
88.136854
Elephant Trader
Mg Htun Thu
10356
104
________________ ၂၁ဝ www.burmeseclassic.com မောင်ထွန်းသူ မရှိတာကလွဲပြီး အားလုံး အိုကေလို့..အလုပ်ပြန်လုပ်နေပြီတဲ့...” “သူ့ဆီကို နောက်ထပ် ကျားသစ်တစ်ကောင် ခရစ္စမတ်အမီ ပို့ပေးဖို့ တော့ လိုမလား မသိဘူး” ဒင်နီယယ်က ရယ်သည်။ “ချင်အကြောင်းကော ဘာမှမကြားရတော့ဘူးလား” “မကြားရတော့ဘူး” သူနှင့်မိုက်တို့ ပြောကြရသည်မှာ ဤမျှသာ ဖြစ်၏။ သူကတော့ လန်ဒန်တွင် နောက်ထပ်နှစ်လလောက် နေရလိမ့်ဦးမည်ဟု အသိပေးလိုသည်။ သူ မျှော်လင့်ထားသည့်အကိုင်း အယ်လ်နာသည် သူ၏ 'အသက်ငင် နေသော အာဖရိက” ဟု အမည်ပေးထားသည့် မှတ်တမ်းတင် ဗီဒီယိုကားကို အထူးပွဲပြသရန် စီစဉ်သည်။ “ရှင် လူတော်တစ်ယောက်ဆိုတာ သိသွားအောင် ဥရောပနဲ့ မြောက် အမေရိကက ရုပ်မြင်သံကြား ပိုင်ရှင်တွေကိုရော၊ အတတ်ပညာရှင်တွေကိုပါ ကျွန်မ ဖိတ်ထားတယ်” ဟု အယ်လ်နာက ပြောသည်။ အထူးပွဲပြမည့်နေ့မှာ တနင်္ဂနွေနေ့ဖြစ်ရာ စနေနေ့တွင် အယ်လ်နာက ဖုန်းထပ်ဆက်ပြီး သူပေးထားသည့် အခွေကို ကြည့်ပြီးပြီလားဟု မေးသည်။ “ဘယ်အခွေလဲ” “ရှင်မေ့နေပြီ ထင်တယ်၊ အမျိုးသမီး ကင်မရာမင်း ‘ဘွန်နီမာတွန်’ ရိုက်ထားတဲ့ 'အာတိတ်အိပ်မက်' ဆိုတဲ့ အခွေလေ" “ဪ....ကိုယ်မအားလို့ မကြည့်ဖြစ်သေးဘူး” “ကျွန်မ သူ့ကို အထူးပွဲတတ်ဖို့ ဖိတ်ထားတယ်၊ ရှင်နဲ့ လည်းမိတ်ဆက် ပေးမလို့၊ အခွေကိုကြည့်ထားလိုက်ရင်ကောင်းမယ်” ထိုအခါကျမှပင်ဒင်နိယယ်သည် ဘွန်နီမာတွန်၏ လက်ရာအခွေကို ကြည့်ဖြစ်သည်။ ဘွန်နီမာတွန်သည်ထက်မြက်သောကင်မရာမင်း တစ်ယောက် ဖြစ်သည်ကို သူကောင်းစွာ သတိပြုမိသည်။ ရိုက်ကွင်း ရိုက်ကွက် ရွေးပုံ၊ အလင်းအမှောင် ရွေးပုံများသည် သာမန် ကင်မရာသမားတစ်ဦးနှင့် မတူ..ထူးချွန်ပြောင်မြောက်လှသည်ကိုလည်း သူသတိ ထားသည်။ BURMESE CLASSIC ဆင်ကုန်သည် ၂၁၁ စီစဉ်ထားသည့်အတိုင်း အထူးပွဲကို တနင်္ဂနွေနေ့တွင် အယ်လီနာ၏ အိမ်၌ ပြုလုပ်ခဲ့သည်။ ရာသီဥတု သာယာကောင်းမွန်သော ညတစ်ည ဖြစ်သဖြင့် ဧည့်ပရိသတ် တော်တော်များများ လာကြသည်။ ခြောက်လကြာမျှ လူအများနှင့် ကင်းဝေးနေခဲ့ရသော ဒင်နီယယ်အဖို့ တော့ စိတ်ပျော်စရာ ပါတီပွဲတစ်ပွဲ ဖြစ်နေသည်။ မိတ်ဟောင်းများနှင့်လည်းတွေ့ သည်။ မိတ်သစ်များလည်းရသည်။ ဤကြားထဲမှပင် ဗီဒီယိုကားပေါ်မှ ရိုက်ကွင်းရိုက်ကွက်များကို ကြည့်ရ သည့်အခါ သူ၏ ထူခြားသော စိတ်ကူးနှင့် ပြောင်မြောက်သော အတွေးအခေါ် များကိုအားလုံးက အသိအမှတ်ပြုကြသည်၊ အံ့ဩချီးမွမ်းကြသည်။ ပြချိန် လေးဆယ့်ငါးမိနစ်မျှသာ ကြာသော ဗီဒီယိုအခွေသည် ပရိသတ် အားကောင်းစွာ ညှို့ယူဖမ်းစားနိုင်ခဲ့၏။ ပြပွဲပြီးသွားသည်နှင့် တစ်ပြိုင်နက် ပရိသတ်သည် ဒင်နီယယ်အား ဝိုင်းအုံလျက်ရှိသည်။ နှုတ်ဆက်၊ ချီးမွမ်းစကားပြောကြနှင့် လက်မလည်အောင် ဖြစ်ရသည်။ ထို့နောက်တော့ သောက်ကြ စားကြ စကားပြောကြ။ ဒင်နီယယ်သည် တစ်ခဏမျှ လူတွေကြားမှ လွတ်မြောက်လိုသော စိတ် ဆန္ဒ ပေါ်လာသဖြင့် တစ်ယောက်တည်း ဆင်ဝင်ဘက် ထွက်ခဲ့သည်။ ဆင်ဝင်ရှေ့ ၀ရန်တာ၌ရပ်ကာ မည်းမှောင်နေသော သိမ်းမြစ်ဆီသို့ ငေးမောသည်။ အာဖရိကကို ပြန်လည်သတိရ လွမ်းဆွတ်ခြင်း ဖြစ်လာသည်။ ထိုအခါ သူ့သူငယ်ချင်း ဂျွန်နီအင်ဇောတို့ မိသားစုကိုပါ သတိရသည်။ အလုပ်များလွန်း၍ မေ့ပျောက်နေသော ဂျွန်နီအင်ဇောသည် သူ့စိတ် အာရုံတွင် ပြန်လည်ထင်ဟပ်လျက် ရှိပြန်လေပြီ။ ထိုအခိုက်တွင် သူ့လက်မောင်းကို တစ်စုံတစ်ယောက်က လာထိသည်။ သူ့ဘေး၌ ရပ်နေသည့် အမျိုးသမီးတစ်ယောက်....။ ဆံပင်နီနီ၊ အရပ်မြင့်မြင့်... ။ "ကျွန်မ ရှင်နဲ့ တွေ့ဖို့ ကြိုးစားနေတာ၊ အခုမှပဲ တွေ့ ရတော့တယ်” ဟု ပြောပါသည်။ “အယ်လ်နာက ကျွန်မတို့ကို မိတ်ဆက်ပေးမယ်လို့ Tese ၊ ပြောထားပါ
87.47331
Elephant Trader
Mg Htun Thu
10356
105
________________ ၂၁၂ www.burmeseclassic.com မောင်ထွန်းသူ တယ်၊ ဒါပေမဲ့ စောင့်ရတာ ကြာလွန်းလို့ စိတ်မရှည်တော့ဘူး၊ ကျွန်မ နာမည်က ဘွန်နီမာတွန်ပါ” "အို...ဟုတ်တယ်၊ မင်းရိုက်ထားတဲ့ တိပ်ခွေ ကိုယ့်ဆီရောက်လာတယ်၊ ကြည့်ပြီးပြီ” ဟု ဒင်နီယယ်က ပြောကာ လက်ဆွဲနှုတ်ဆက်သည်။ “မင်း အတော့်ကို တော်ပါတယ်၊ မြင်တတ်တဲ့ မျက်စိရှိတယ်၊ အလင်း ရောင်ရွေးတတ်တယ်၊ မြင်ကွင်း ထူးအောင်ရိုက်တတ်တယ်” မာဟွန်က ပြုံးသည်။ “ကျွန်မကလည်း ရှင်နဲ့ အလုပ်တွဲလုပ်ကြည့်ချင်ပါတယ်" ဆင်ကုန်သည် ၂၁၃ *** BURMESE CLASSIC ထိုညက ဒင်နီယယ်နှင့် ဘွန်နီမာကွန်တို့ တစ်ယောက်ကိုတစ်ယောက် အကဲခတ် နေကြသည့်အချိန်တွင်၊ သူတို့နှစ်ယောက်ရပ်နေသည့် နေရာနှင့်မိုင်အတော် ဝေးဝေး တစ်နေရာ၌ လူတစ်ယောက်သည် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက် ရှိသည့် အသက်ငင်နေသော အာဖရိက”ပထမပိုင်းကို စိတ်ဝင်တစား ကြည့်လျက် ရှိသည်။ ထိုပုဂ္ဂိုလ်မှာ ဆာမိတာ ‘တပ်ဟယ်ရစ်ဆန်’ဆိုသူ ဖြစ်လေသည်။ သူသည် ဗြိတိသျှနိုင်ငံရပ်ခြား ခရီးသွားလာရေး သင်္ဘောကုမ္ပဏီ' တွင် အစုရှယ်ယာ အများဆုံးပိုင်သူ တစ်ဦးဖြစ်ရုံမက ကုမ္ပဏီ၏ အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။ အတိုကောက်အားဖြင့် 'ဘော့စ်’ဟုခေါ်သော ဤကုမ္ပဏီသည် လန်ဒန် စတော့ရှယ်ယာဈေးကွက်၌ သင်္ဘောကုမ္ပဏီတစ်ခုအဖြစ် လူသိများနေသော် လည်း တပ်ဟယ်ရစ်ဆန်၏သြဇာ ကုမ္ပဏီအပေါ် လွှမ်းမိုးလာချိန်မှစ၍ လုပ်ငန်း သဘာဝသည် မသိမသာ ပြောင်းလဲလာခဲ့လေ၏။ တပ်ဟယ်ရစ်ဆန်သည် သူ့အိမ်တတိယထပ်ရှိ စာကြည့်ခန်းထဲ၌ ထိုင်နေခြင်း ဖြစ်၏။ စာကြည့်ခန်းထဲတွင် ပေါ်ဂင်၏ ပန်းချီကားနှစ်ချပ်နှင့် ပီကာဆို၏ ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသည်။ အပြင်အဆင်များမှာ ထည်ဝါခံ့ညားလှ၏။ အဝင်တံခါးတွင် ကြံ့ချို့ တစ်စုံ ချိတ်ထား၍ နှစ်ချောင်းစလုံးမှာ အမြဲဘ ရေသဖြင့် ဝင်းလက်တောက်ပြောင်နေသည်။ c.com
85.724044
Elephant Trader
Mg Htun Thu
10356
106
________________ ၂၁၄ www.burmeseclassic.com မောင်ထွန်းသူ တပ်ဟယ်ရစ်ဆန်သည် ဤအခန်းထဲသို့ အဝင်အထွက်လုပ်တိုင်း ဤကြံ့ချိုများကို လက်နှင့်ကိုင်တွယ် ပွတ်သပ်ပေးလေ့ ရှိသည်။ အယူသီးသော ယုံကြည်သက်ဝင်မှုအရ လုပ်နေခြင်း ဖြစ်၏။ ဤကြံ့ချိုများသည် သူ့အတွက် ကံကောင်းစေသည်ဟု သတ်မှတ်ထား သည် မဟုတ်ပါလား ...။ အသက် ၁၈ နှစ်အရွယ်၊ လက်ထဲတွင် ခြူးတစ်ပြားမှ မရှိ၊ ဆာလောင် ငတ်မွတ်မှုကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေရသော တပ်ဟယ်ရစ်ဆန်တွင် ရိုင်ဖယ်သေနတ်ကောင်းတစ်လက်နှင့် ကျည်ဆန် လက်တစ်ဆုပ်စာမှတစ်ပါး အခြားဘာမျှမရှိ။ သူသည် ဆူဒန်သဲကန္တာရထဲ၌ ကြံ့ထီးတစ်ကောင်နောက် လိုက်လာခဲ့ ခြင်း ဖြစ်၏။ နိုင်းမြစ်ကမ်းပါးနှင့် မိုင် ၃ဝ ခန့်အကွာသို့ ရောက်သောအခါ သူသည် ကြံ၏ဦးနှောက်တွင်းသို့ ကျည်ဆန်တစ်ထောင့် ပစ်သွင်းနိုင်ခဲ့သည်။ ကြံ့၏ဦးခေါင်းမှ သွေးများသည် သဲကန္တာရမြေပေါ်သို့ ဒလဟော ထိုးသွန်ကျလာနေသည်။ သူသည် ဤသွေးများစီးရာ နေရာအနီး၌ ခပ်တိမ်တိမ် လက်ယက်တွင်းကလေးတစ်တွင်းကို တွေ့ ရသည်။ ထိုတွင်း၏အောက်ခြေတွင်မူ အရောင်တပြောင်ပြောင်တလက်လက် ထွက်နေသော ကျောက်တုံးတစ်တုံးတွေ့လေသည်။ သူကောက်ယူလိုက်သည့် အခါ ကျောက်တုံးသည် သူ့လက်ဖဝါးနှင့်အပြည့် ဖြစ်နေသည်။ ထိုစိန်တုံးသည်သူဘဝ၏အစပင် ဖြစ်သည်။ ကြံ့ကိုရသည့်နေ့မှစ၍ သူ့ကံသည် ပြောင်းလဲလာခဲ့သဖြင့် ကြံ့ချိုများ တမြတ်တနိုး သိမ်းဆည်းလာခဲ့ရာ ယနေ့အချိန်ထိပင် ဖြစ်သည်။ ကြံ့ချိုများနှင့် လက်လှမ်းမီသည့်နေရာသို့ ရောက်တိုင်းလည်း ဤကြံ့ချို များကို မထိဘဲ မကိုင်ဘဲ မနေနိုင်။ တပ်ဟယ်ရစ်ဆန်သည် လီဗာပူးမြို့ ဆင်းရဲသားရပ်ကွက်၌ မွေးဖွား ခဲ့သူဖြစ်၍ သူ့ဖခင်သည် ဈေးတစ်ဈေးမှ ကုန်တင်ကုန်ချ အလုပ်သမား အရက် သမားတစ်ဦး ဖြစ်သည်။ သူသည် ၁၆ နှစ်သားတွင် အိမ်မှထွက်ပြေးကာ သင်္ဘော သား လုပ်သည်။ ရက်စက်ယုတ်မာသော သင်္ဘောပထမအရာရှိ ရန်ကြောင့် တစ်နေ့တွင်သင်္ဘောပေါ်မှ ခုန်ချပြီး ထွက်ပြေးခဲ့ရာမှ လျှို့ဝှက်နက်နဲ သာယာလှပ သော သူ့အတွက် အလားအလာကောင်းများရှိသော အာဖရိကသို့ ဆိုက်ရောက် သွားခဲ့သည်။ ရိုင်းစိုင်းကြမ်းတမ်းပါသည်ဟု ပြောနေသော အာဖရိကမှ သူသည် BURMESE CLASSIC ၂၁၅ ဆင်ကုန်သည် ချမ်းသာကြွယ်ဝမှုများကို ရရှိခဲ့ပြီး တစ်ကမ္ဘာလုံးရှိ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ရာ ထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ရ၏။ ယခုလည်း သူသည် အာဖရိကတိုက်အပေါ် စိတ်ဝင်စားသူဖြစ်သည့် အားလျော်စွာ ရုပ်မြင်သံကြား မှန်သားပေါ်မှ အသက်ငင်နေသော အာဖရိက မှတ်တမ်းတင်ကားကို စိတ်ဝင်တစားကြည့်လျက်ရှိသည်။ ဇာတ်လမ်းပြီးသွားသည့် အခါတွင်မူ သူသည် ရုပ်မြင်သံကြားစက်ကို ပိတ်ကာ အချိန်အတော်ကြာမျှ သူ့နေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။ နောက်ဆုံးတွင် သူသည် ဗားပွဲပေါ်မှ ရွှေမင်တံကို ယူ၍မှတ်စုစာအုပ် ပေါ်၌ ဒင်နီယယ်အမ်းစထရောင်းဟူသော အမည်ကို ရေးလိုက်သည်။ ထိုနောက် စာအုပ်စင်ထက်မှ စာအုပ်ကို လှမ်းယူလိုက်လေသည်။ တပ်ဟယ်ရစ်ဆန်၏ ဖိတ်ကြားမှုကို အယ်လ်နာမတ်ဟမ်မှတစ်ဆင့် ရရှိခဲ့သော ဒင်နီယယ်သည် သူ့ဟိုက်ခန်းမှနေ၍ ဟော်လန်ပန်းခြံရပ်ကွက်ရှိ တပ်ဟယ်ရစ်ဆန်၏ နေအိမ်သို့ ခြေကျင်ပင် လျှောက်လာခဲ့သည်။ နွေဦးပေါက်တော့မည်ဖြစ်၍ ရာသီဥတုမှာ သာယာကြည်လင်လှပေ ၏။ ပန်းခြံများအတွင်းရှိ သစ်ပင်၊ ပန်းဝင်အားလုံးသည် စိမ်းမြမြ အရောင်ကို လွှမ်းခြုံထားကြသည်။ ကြည်လင်နွေးထွေးသော ပတ်ဝန်းကျင်တွင် အဝတ်အထည် ပါးပါး လွှာလွှာ ဝတ်စားဆင်ယင်ထားသည့် မိန်းမချောကလေးများ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည်ကို သူမြင်တွေ့ နေရ၏။ သို့သော်လည်း သူ့စိတ်နှင့် သူ့အတွေးကတော့ တပ်ဟယ်ရစ်ဆန်ဆီ ' ရောက်နေ၏။ ဟယ်ရစ်ဆန်သည် အာဖရိကတွင် ကျော်ကြားထင်ရှားသူ ဖြစ်၏။ အီဂျစ်နိုင်ငံမှနေ၍ လင်ပိုပိုမြစ်ကမ်းပါးအထိ ဒေသတစ်လျှောက်လုံး တွင် ဟယ်ရစ်ဆန်၏နာမည်ကို မကြားဖူးသူ မရှိသလောက် ဖြစ်၏။ ဒင်နီယယ်သည် အာဖရိကတိုက် ခရီးစဉ်တစ်လျှောက်တွင် တာခါနာ သို့မဟုတ် ရှိုနာ သို့မဟုတ် ကီယူယူ မိခင်နှင့်လူဖြူတို့မှ ပေါက်ဖွားလာသော အမျိုးသား၊ အမျိုးသမီးများကို တွေ့ခဲ့ဖူး၏။ သူတို့၏စကားကို အခိုင်အမာထောက်ခံသည့် သက်သေအထောက် အထား မရှိသော်လည်း သူတို့လူစုသည် သူတို့နေထိုင်ရာ ဒေသအတွင်း၌ ဩဇာ ကြီးကြသည်ကိုမူကား သူမြင်တွေ့ ခဲ့ရ၏။ ဟယ်ရစ်ဆန် အာဖရိာတိုက်သို့ အလည်လာသည့် သတင်းများကို သတင်းစာများ၌ မကြာခဏ ပါလာလေ့ မရှိ
90.038427
Elephant Trader
Mg Htun Thu
10356
107
________________ ၂၁၉ www.burmeseclassic.com မောင်ထွန်းသူ သော်လည်း သူပိုင်ခရီးသည်တင် ဂျက်လေယာဉ်ကိုမူ လူဆာကား သို့မဟုတ် ကင်ရှာဆာ၊ သို့မဟုတ် နိုင်ရိုဘီမြို့များ၏ လေယာဉ်ကွင်းများ၌ ရပ်ထားသည် ကို မကြာခဏ မြင်ကြရသည်။ ကောလာဟလသတင်းများအဆိုအရ ဟယ်ရစ်ဆန့်သည်မို့သူတူ၏ နန်းတော်၊ သို့မဟုတ် ကက်နက်ကွန်ဒူ၏ သမ္မတအိမ်တော်များ၌ အထူးဧည့်သည် တော်အဖြစ် နေထိုင်လေ့ရှိသည်ဟု သိရ၏။ သူသည် မို့ဇမ်ဘစ်နိုင်ငံတွင်းမှ ရီနာပုံ ပြောက်ကျားတပ်ဖွဲ့များထံနှင့် အင်ဂိုလာနိုင်ငံတွင်းရှိ ဆာဗင်တီစခန်းမှ ပြောက်ကျားတပ်ဖွဲ့များထံသို့လည်း ဝင်နိုင်ထွက်နိုင်သူ ဖြစ်သည်ဟု ဆိုကြ၏။ ယင်းပြောက်ကျားတပ်ဖွဲ ့များက ဆန့်ကျင်တိုက်ခိုက်နေသော တရား ဝင် အစိုးရများကလည်း သူ့အားတရင်းတနှီးလက်ခံကြသည်ဟု ပြောကြသည်။ ဒင်နီယယ် ကြားသိထားရသမျှ ဆိုပါက တပ်ဟယ်ရစ်ဆန်သည် ပွဲစား လည်းဖြစ်သည်၊ ဆက်သားလည်းဖြစ်သည်၊ အကြံပေးလည်းဖြစ်၍ ငွေထုတ် ချေးနေသည့် ဘဏ်သူဋ္ဌေးလည်းဖြစ်သည်။ အောင်သွယ်တော်လည်းဖြစ်၍ စေ့စပ်ရေးသမားလည်း ဖြစ်၏။ အာဖရိကတိုက်ထဲတွင် သူသည် အလုပ်မျိုးစုံ လုပ်နေသည့်သဘော ရှိသည်။ မည်သို့ပင်ဖြစ်စေ ဒင်နီယယ်သည် ဟယ်ရစ်ဆန်အား တွေ့လိုသည့် စိတ် အမြဲတစေ ရှိခဲ့သည်။ ယခင်က သူနှင့် တွေ့နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူး သော်လည်း မအောင်မြင်ခဲ့ချေ။ အခုကျတော့လည်း ဟယ်ရစ်ဆန်ကိုယ်တိုင်က ဖိတ်ကြားခံရသည့် ဧည့်သည်တစ်ဦးအဖြစ်ဖြင့် သူ့အိမ်၏တံခါးဝ၌ ရောက်နေခဲ့ရလေပြီ။ အိမ်ရှေ့တံခါးဝမှ ဘဲလ်ကိုနှိပ်လိုက်သည့်အခါ အတွင်းမှ လူမည်း တစ်ယောက်ထွက်လာပြီး တံခါးဖွင့်ပေးသည်။ ဒင်နီယယ်က ဆွာဟီလီ ဘာသာ စကားဖြင့် နှုတ်ဆက်လိုက်သည့်အခါ တည်ငြိမ်တင်းမာနေသော လူမည်း၏ မျက်နှာသည် ပြုံးဖော်ရယ်ဖော်ရလာသည်။ လူမည်းသည် သူ့အား ကျောက်ဖြူလှေကားအတိုင်း ဦးဆောင်၍ ခေါ်သွားပြီး အခန်းတစ်ခန်းဆီသို့ ပို့ပေးသည်။ သူအခန်းထဲ ဝင်သွားသည့်အခါ တပ်ဟယ်ရစ်ဆန်သည်စားပွဲနောက် တွင် ထိုင်နေရာမှ ထရပ်ပြီး ခရီးဦးကြိုပြုလေသည်။ ဆင်ကုန်သည် ၂၁၇ ဟယ်ရစ်ဆန်သည်အရိုးအဆစ်ကြီးသော လူထွားကြီးတစ်ယောက်ဖြစ် ၏။ ထိပ်ပြောင်နေပြီဖြစ်၍ ဘေးပတ်ပတ်လည်ရှိ ကျိုးတိုးကျဲတဲ ဆံပင်များသည် ငွေရောင်သန်းနေကြ၏။ အသားအရေမှာ အပူပိုင်းဒေသ နေဒဏ်ကို မကြာခဏခံထားဟန် တူ၏။ ညိုမောင်းမောင်းအဆင်းကို ဆောင်နေသည်။ မျက်လုံးအကြည့်သည် စူးစူးရှရှ ရှိလှ၏။ “တွေ့ရတာ ဝမ်းသာတယ် အမ်းစထရောင်း” ဟု ပြောကာလက်ဆွဲ နှုတ်ဆက်သည်။ “မင်း လက်ဖက်ရည်သောက်တယ် မဟုတ်လား” ဟု မေးကာ သူ့ တပည့်ဘက်လှည့်၍... “ဟေ့... ဆီလီဘီ” ဟုခေါ်ကာ မျက်ရိပ်မျက်ကဲ ပြလေသည်။ သူ့တပည့်က လက်ဖက်ရည် ထည့်ပေးနေခိုက်တွင် ဒင်နီယယ်သည် ပင်တံခါးပေါက် အနီးရှိ နံရံပေါ်မှ ကြံ့ချိုများကို စိတ်ဝင်ကစား ကြည့်နေမိ၏။ ဟယ်ရစ်ဆင်သည် စားပွဲနောက်တွင် ရပ်နေရာမှ ထွက်လာပြီး ကြံ့ချို များဆီသို့ လျှောက်သွား၏။ “ဒီလို အမှတ်တရပစ္စည်းမျိုးကို တွေ့မြင်ရဖို့ဆိုတာ မလွယ်ဘူး” ဟု ဟယ်ရစ်ဆန်က ကြံ့ချိုများကို ကိုင်၍ပြော၏။ “ဒီကြံ့ကို ပစ်တုန်းက ငါငယ်ငယ်ပဲ ရှိသေးတယ်၊ ဒီကောင်ကြီးနောက် ကို လိုက်တာ ဆယ့်ငါးရက်တောင် ကြာတယ်...နိုဝင်ဘာလဆိုတော့ နေ့ခင်း အပူချိန်က အရိပ်ထဲမှာတောင် ၁၂ဝ ဒီဂရီ ရှိတယ်။ ကြာတဲ့ရက်က ဆယ့်ငါးရက်၊ လိုက်ရတဲ့ခရီးက သဲကန္တာရထဲမှာ မိုင် ၂ဝဝ၊ ငယ်သေးတဲ့အရွယ်က တို့လုပ်ခဲ့တဲ့ မိုက်မဲမှုတွေပေါ့” “မထူးပါဘူး၊ ကျွန်တော်တို့ အသက်တွေ ကြီးလာတော့လည်း မိုက်မဲမှု တွေကို လုပ်ကြတာပဲ” ဟု ဒင်နီယယ်က ပြောလိုက်သည့်အခါ ဟယ်ရစ်ဆန်က ရယ်သည်။ ဟယ်ရစ်ဆန်သည် သူ့တပည့်ထံမှလက်ဖက်ရည် ယူလိုက်ပြီး... သည်။ “ကျေးဇူးပဲ ဆီလီဘိ၊ မင်းသွားတော့၊ . com ပြော
88.846421
Elephant Trader
Mg Htun Thu
10356
108
________________ ၂၁၈ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ သူသည်လက်ဖက်ရည်ကိုတစ်ငုံမျှ သောက်လိုက်ပြီး ဒင်နီယယ်အား လှမ်းကြည့်သည်။ ပြောသည်။ “ဟိုညက ငါမင်းရဲ့ မှတ်တမ်းတင်ကားကို ကြည့်လိုက်ရကယ်” ဟု “မင်းတင်ပြတဲ့ အချက်အလက်တွေကလည်း မှန်တယ်၊ ကောက်ချက်ချ တာလည်း မှန်တယ်၊ မင်းက အာဖရိကရဲ့ အခြေခံပြဿနာတွေကို အတိအကျ တင်ပြသွားတာ...လူမျိုးစုပြဿနာနဲ့ လူဦးရေတိုးတက်မှု ပြဿနာတွေ၊ မသိ နားမလည်မှုနဲ့ အကျင့်ပျက်မှု၊ ဒါတွေဟာအမှန်တွေပဲ” “မင်းဘာမှ မဝေဖန်နဲ့၊ ပါးစပ်ပိတ်ထား” ဟု ဒင်နီယယ်က သူ့ကိုယ်သူ စိတ်ထဲက ကျိတ်၍ သတိပေးသည်။ “သူဖြိုးနေတာနဲ့တော့ စိတ်ပျော့မသွားနဲ့ ၊ သူကမင်းကို ခြင်္သေ့အိုကြီး တစ်ကောင်လုပ်သလို ဟန်ရေး ပါရေးပြနေတာ၊ သတိထား” ဟုလည်း စိတ်ထဲက ကျိတ်၍ ပြောနေမိသည်။ “မင်းလို လူတစ်ယောက်အနေနဲ့ လူတွေရဲ့ သဘောထားအမြင်ကို ပြောင်းလဲ သွားစေနိုင်တဲ့ သြဇာရှိနေတယ်” ဟု ဟယ်ရစ်ဆန်က ပြောသည်။ “မင်းကို နိုင်ငံတကာ ရုပ်မြင်သံကြား ပရိသတ်က သိကြတယ်၊ မင်းလို ထင်ရှားကျော်ကြားနေတဲ့လူတစ်ယောက်ရဲ့ အမြင်ကို ပရိသတ်က ယုံကြည် လက်ခံကြတယ်....ဒါဟာ အလွန့်ကို ကောင်းတာပဲ၊ ဒီလိုလူစားကျတော့ ငါက ကူညီချင်တယ်၊ အားပေးချင်တယ်” “ကျေးဇူးတင်ပါတယ်” ဟု ဒင်နီယယ်က ပြောသည်။ ဝမ်းထဲက ကျိတ်၍လည်း ပြုံးမိသည်။ တပ်ဟယ်ရစ်ဆန်ထံမှ အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ဤစကားမျိုး ထွက်လာစရာ မရှိ။ ကူညီအားပေးမည် ဆိုပါကလည်း သူ့အတွက် ထိုက်သင့်သော အခ ကြေးငွေ မရဘဲ ကူညီအားပေးတတ်သူ မဟုတ်ပါ။ “မင်းကို တရင်းတနှီး ခေါ်ချင်ရင် ဘယ်လိုခေါ်ကြမလဲ၊ ဒင်နီယယ်လို့ ခေါ်သလား၊ ဒင်နီလို့ခေါ်သလား” “ဒင်နီလို့ ခေါ်ကြတယ်” ဦ“အေး...ဟုတ်ပြီ၊ ငါ့ကိုတော့ ရင်းနှီးတဲ့ လူတွေက “တပ်’လို့ ခေါ်ကြ တယ်၊ တို့နှစ်ယောက် အာဖရိကတိုက်နဲ့ ပတ်သက်လို့ အမြင်ချင်းလည်း တူတယ်၊ ၂၁၉ သံယောဇဉ်လည်း ရှိတယ်၊ အဲဒီတော့ တို့နှစ်ယောက် ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သင့်တယ်” “ဖြစ်နိုင်ပါတယ်” ဟယ်ရစ်ဆန်က ပြုံးသည်၊ “မင့်မှာသံသယ ဖြစ်ခွင့်ရှိပါတယ်၊ ငါကလည်း နာမည်ရှိနေတဲ့ လှ ဟစ်ယောက်မဟုတ်လား....ဒါပေမဲ့ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ရဲ့ အရည်အသွေးကို နာမည်ကြီးတာ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မသင့်ဘူးဆိုတဲ့ စကားရှိတယ်” “မှန်ပါတယ်” ဟု ဒင်နီယယ်က ပြုံး၍ပြောသည်။ “ကဲပါ၊ ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်သလဲပြောပါ” “ငါက မင်းကို သဘောကျတယ်၊ တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်မှု့ ရှိနေပြီလို့လည်း ထင်တယ်၊ မင်းနဲ့ငါ အာဖရိကကို ချစ်တဲ့ လူတွေပဲ.. စိတ်ထဲမှာကတော့ အာဖရိကချစ်တဲ့လူတွေဟာ အာဖရိကမှာ ရှိနေတဲ့ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပစ်သင့်တယ်လို့ ယုံကြည်နေတယ်... ငါ့အနေနဲ့ကတော့ အာဖရိကတိုက်ရဲ့ ကချို့အပိုင်းတွေမှာ ရှိနေတဲ့ ဆင်းရဲ ငတ်ပြတ်မှုတွေကို ဖယ်ရှားပစ်နိုင်တဲ့အား ရှိနေတယ်...ဆိုကြပါစို့ရဲ့၊ အရင်းအနှီး မြှုပ်နှံမှုနဲ့ အာဖရိကတိုက်သားတချို့ ရဲ့ ဘဝတိုးတတ်မှုကို ငါကလုပ်ပေးနိုင် တယ်...မင်းကတော့ အာဖရိကမှာ တည်ရှိနေတဲ့ မသိနားလည်မှုနဲ့ အသိဉာဏ် နည်းမှုတွေကို မင်းရဲ့ စွမ်းရည်နဲ့ တိုက်ထုတ်ပေးနိုင်တယ်၊ အဲဒီတော့ကာ... “ခင်ဗျားအနေနဲ့ ဒီ့ထက်ပိုပြီး တိတိကျကျ ပွင့်ပွင့်လင်းလင်း ပြောမယ် ဆိုရင် ပိုကောင်းမှာပဲ" ဟု ဒင်နီယယ်က ကြားဖြတ် ပြောသည်။ “အေးပါ.....ငါပြောပါမယ်” ဟု ဟယ်ရစ်ဆန်က ပြောသည်။ “မင်း ယူဘိုမိုနိုင်ငံအကြောင်း သိတယ် မဟုတ်လား" “ယူဘိုမို့ကို ကျွန်တော်ရောက်ခဲ့ဖူးတယ်၊ နိုင်ငံအကြောင်းသိသင့် သလောက်လည်း သိတယ်၊ ပါရဂူတစ်ယောက် သိသလိုမျိုးတော့ မသိဘူး” ဗြိတိသျှလက်အောက်က လွတ်လပ်ရေး ရပြီးကတည်းက အာဏာ ရှင် အဘိုးကြီးတစ်ယောက်က အုပ်ချုပ်နေတဲ့ နိုင်ငံပဲ၊ ပြောင်းလဲမှုနဲ့ တိုးတက်မှ ဆိုဟာ လုံးဝမရှိဘူး” www.bussic.com “ခင်ဗျားပြောတဲ့ အာဏာရှင်ဆိုတာက ဗစ်တာအိုမီရှုပ်၊ သူနဲ့ တစ်ကြိမ်တွေ့ဖူးတယ်၊ ကြာတော့ ကြာပါပြီ၊ သူ့တိုင်းပြည်နဲ့ တော့ ချစ်သားပဲ”
86.808923
Elephant Trader
Mg Htun Thu
10356
109
________________ ၂၂ဝ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “ဟုတ်တယ်...သူ့အရည်အချင်းက အဲဒါတစ်ခုပဲ ရှိတာပဲ” ဟု ဟယ်ရစ် ဆန်က ပြောသည်။ “ဒါပေမယ့် သူက အခြေခံမူအားဖြင့် ပြောင်းလဲတိုးတက်မှု ဟူသမျှကို ဆန် ့ကျင်တယ်..ရှေးရိုးအစဉ်အလာဟောင်းတွေကိုသာ..ဖက်တွယ်ပြီး နေချင်တယ်၊ ပြည်သူပြည်သားတွေကို မသိနားမလည်မှုနဲ့ မတိုးတက် မဖွံ့ဖြိုးမှု တွေ ကြားထဲမှာပဲ နှစ်ထားချင်တယ်၊ အခုတော့ သူမရှိတော့ဘူး...အတွေးအခေါ် အယူအဆဘက်မှာ ဖျတ်လတ်တက်ကြွတဲ့ လူငယ်တစ်ယောက် သူ့နေရာကို တက်လာပြီ..သမ္မတအသစ် အက်ဖ်ရမ်တပ်ဖာရီကတော့ နိုင်ငံတံခါးကို ဖွင့်ပေး မှာ သေချာတယ်၊ သူ့နိုင်ငံသားကိုလည်း နှစ်ဆယ်ရာစုခေတ်ထဲ ဝင်လာအောင် လုပ်ပေးတော့မှာလည်း သေချာတယ်" “မင်းသိတဲ့အတိုင်းပဲ၊ ယူဘိုမိုနိုင်ငံမှာ ငါးတွေသာ မကဘူး၊ တခြား အဖိုးတန် သယံဇာတပစ္စည်းတွေလည်း အများကြီး ရှိနေသေးတယ်၊ သစ်မျိုးစုံ၊ သတ္တုမျိုးစုံရှိတယ်...ငါ သမ္မတဟောင်း အိုမီရူကို ဒီပစ္စည်းတွေ ထုတ်လုပ်ဖို့ တိုက်တွန်းလာခဲ့တာ နှစ်ပေါင်းနှစ်ဆယ် ရှိသွားပြီ၊ လုံးဝလက်မခံဘူး” “ဟုတ်တယ်၊ အဘိုးကြီးက ခေါင်းမာတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို သဘောကျတယ်” “ဟုတ်တယ်...လူပုဂ္ဂိုလ်အနေနဲ့ အင်မတန် ခင်စရာကောင်းတယ်” ဟု ဟယ်ရစ်ဆန်က ထောက်ခံသည်။ “ဒါကတော့ ထားလိုက်ပါတော့၊ အရေးကြီးတာက တို့ ကုမ္မဏီဘော့စ် အနေနဲ့ အခုလို အချိန်မှာ ရှေးအကျဆုံးကနေပြီး အရင်းအနှီးတွေ မြှုပ်နှံသွားဖို့ လိုအပ်မယ်လို့ ယူဆတယ်” “ဒီကိစ္စက ကျွန်တော့် အကူအညီကို လိုမယ် မထင်ပါဘူး” ဟယ်ရစ် ဆန်က ခေါင်းယမ်းသည်။ “မဟုတ်သေးဘူး ဒင်နီ၊ ကိစ္စက မင်းထင်သလောက် မလွယ်ဘဲ ဖြစ်နေ တယ်” ဟု ပြောကာ သူ့စားပွဲနောက်မှ ကုလားထိုင်တွင် ဝင်ထိုင်၏။ “သမ္မတအိုမီရူ လက်ထက်တုန်းက ယူဘိုမိုနိုင်ငံမှာ အလုပ်လုပ်နေ တဲ့ အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်” ဟု ဟယ်ရစ်ဆန့်က ဆက်ပြောသည်။ “သူနဲ့ အိုမိရူက အတော်ရင်းနှီးတယ်၊ တခြားသတင်းစာ ဆရာတွေ နဲ့ သုတေသနသမားတွေ မရတဲ့ အခွင့်အရေးကိုတောင် အဘိုးကြီးက ပေးထာ၊ ၂၂၁ ခဲ့တယ်...သူက ယူဘိုမိုနိုင်ငံရဲ့ တောတွင်းနေ လူမျိုးစုတစ်စုအကြောင်း စာအုပ် တစ်အုပ်ရေးခဲ့တယ်၊ မင်းတို့ ငါတို့က ‘ပစ်ဂမီ”လို့ ခေါ်နေတဲ့ လူမျိုးစုအကြောင်း ပေါ့။ စာအုပ်နာမည်က.......။ H ဟယ်ရစ်ဆန်သည် စကားကိုဖြတ်ကာ စဉ်းစားနေသည်။ ဒင်နီယယ် ကြားဖြတ်၍ ထောက်ပေးသည်။ “စာအုပ်နာမည်က “သစ်ပင်မြင့်များကြားမှ လူမျိုး' တဲ့၊ ကျွန်တော် ဖတ်ဖူးတယ်" “မင်း သူ့ကို လူချင်းကော တွေ့ ဖူးလား” “မတွေ့ ဖူးဘူး၊ ဒါပေမဲ့ တွေ့ ဖူးချင်တယ်၊ သူက စာရေးကောငး်တယ်” “သူက ပြဿနာရှာနေတဲ့ မိန်းမပဲ”ဟု ဟယ်ရစ်ဆန်က မနှစ်မြို့သည့် လေသံဖြင့် ပြောလေသည်။ “ဘယ်လို ပြဿနာရှာတာလဲဆိုတာ ကျွန်တော့်ကို ရှင်းပြမှပဲ သိရမှာ ဟု ဒင်နီယယ်က သူ့စိတ်ကို ထိန်း၍ ပြော၏။ “ဒီလိုကွ၊ သမ္မတပ်ဖာရိက သူအာဏာရလာတော့ ဒီမိန်းမကို ဒေါ်ကွေ့တယ်၊ အဲဒီအချိန်က ဒီမိန်းမက တောထဲမှာ အလုပ်လုပ်နေတုန်းပေါ့.... “တပ်ဖာရီက တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်မယ့် အစီအစဉ် တွေကို ပြေပြပြီး သူ့ကို ထောက်ခံအားပေးဖို့နဲ့ကူညီဖို့ ပြောတယ်... သူတို့တွေ့ဆုံမဆွေးနွေးပွဲက အအောင်မြင်ဘူးကွ၊ ဒီမိန်းမကယ်လီကင် နီးယားက သမ္မတဟောင်း အဘိုးကြီးအပေါ် သစ္စာရှိနေတယ်၊ သမ္မတသစ်ရဲ့ ပွဲဦးထွက် လက်ကမ်းမှုအပေါ် လက်မခံဘူး နောက်ဆုံးမှာ သူက ယူဘို့မိုနယ်စပ်ဒေသမှာ သမ္မတသစ် ဆန့်ကျင် ရေးတွေ လုပ်တယ်၊ တိုတိုပြောရရင် အစိုးရသစ်ကို တိုက်ခိုက်လာတယ်၊ သမ္မတ သစ်ကလည်း သူ့ကို မောင်းထုတ်တယ်...အဲဒီတော့ ဒီကိုပြန်လာရတာပေါ့၊ ဒါပေမဲ့ သူက လုံးဝအလျှော့မပေးဘူး၊ ဒီကနေပြီး ယူဘို့မို အစိုးရဆန့်ကျင်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေတုန်းပဲ” “ဘော့စ်ကုမ္ပဏီအနေနဲ့ ဒီလိုလူတစ်ယောက်ကို ကြောက်စရာလိုမယ် ထင်ပါဘူး” ဟု ဒင်နီက ပြော၏။ ဟယ်ရစ်ဆန်က ဖျတ်ခနဲ မော့ကြည့်သည်။ သူ့ကို နောက်ပြောင်ပြီး ပြောလိုက်တာလားဟု စူးစမ်းသောlassic.com) “ဒီလိုတော့ ပြောလို့မရဘူး၊ ဒီမိန်းမက သူ့အရေးအသားနဲ့ လူတွေ
86.870277
Elephant Trader
Mg Htun Thu
10356
110
________________ JJJ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ အပေါ် သြဇာညောင်းတာ..မမှန်တဲ့ အချက်အလက်တွေကိုတောင်မှ မှန်လေဟန် လုပ်ကြံပြီး ရေးတတ်တဲ့ သတ္တိလည်းရှိတယ်...မင်းပြောသလိုပဲ၊ ဒီလို မိန်းမသား မျိုးကို သိပ်ကြောက်နေစရာ မလိုပါဘူး၊ ဒါပေမဲ့ အနှောင့်အယှက်ကတော့ ဖြစ်တာပဲ..အခုဆိုရင် ငါတို့ ဘော့စ်ကုမ္ပဏီက ယူဘိုမိုနိုင်ငံထဲမှာ အရင်းအနှီး မြှုပ်နှံဖို့ စိတ်ဝင်စားနေပြီဆိုတော့ သိတော့မယ်၊ သိရင် သူနဲ့ သူ့ထောက်ခံသူ တွေက ဟိုရေးဒီရေးလုပ်လာတော့မယ်...တို့မှာကလည်း ရှယ်ယာဝင်တွေ အများ ကြီး ရှိနေတာ၊ မကြာခင်မှာဘဲ အစုရှယ်ယာရှင်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေး လုပ်ရတော့မယ်..အစည်းအဝေးမှာ ကုမ္ပဏီဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ မေးလာသမျှ မေးခွန်းတွေကို ငါက ဒိုင်ခံဖြေရမှာ၊ အခူငါသိထားရ သလောက်ဆိုရင် ဒီမိန်းမက ဘော့စ်ကုမ္ပဏီရဲ့ အစုရှယ်ယာ တော်တော်များများ ဝယ်ယူထားတဲ့လူ ဖြစ်နေ့တယ်...အစည်းအဝေးကို သူတက် ခွင့်ရှိတယ်၊ တက်လာ ရင်လည်း ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်မှာသေချာတယ်၊ သူ့မှာက 'ကမ္ဘာမြေ ကြီး၏ မိတ်ဆွေများ လို ့ နာမည်တပ်ထားတဲ့ အရူးတွေရဲ့ ထောက်ခံမှုကို ရနေ တာဆိုတော့ တို့က လုံးဝဂရုမစိုက်ဘဲ နေလို ့မရဘူး” သည်။ “တော်တော်ခွကျတဲ့ ကိစ္စပါလား” ဟု ပြောကာ ဒင်နီယယ်က ပြုံး “ကျွန်တော်က ဘယ်လိုကူညီရမှာလဲ” ဟုလည်း မေးသည်။ “ဒီမိန်းမနဲ့ ယှဉ်လိုက်ရင် အများပြည်သူလူထုနဲ့ သိပ္ပံပညာရှင်တွေရဲ့ လောကမှာ မင်းရဲ့သြဇာက ပို့ပြီးကြီးပါတယ်၊ မင်းပေါ်မှာ အများက လေးစား ကြည်ညိုနေတဲ့ အနေအထားရှိတယ်...အာဖရိကတိုက်နဲ့ ပတ်သက်လာရင် မင်းရဲ့အမြင်ကို ပိုပြီးယုံကြည်လေးစား လက်ခံကြတဲ့သဘော ရှိပါတယ်...အဲဒီ တော့ ဒီကိစ္စမှာ ငါအကြံပြုချင်တာက မင်းယူဘို့မို့ကို သွားပါ၊ ဒိကင်နီးယားဆိုတဲ့ မိန်းမ တင်ပြနေသမျှ အချက်အလက်အားလုံး မှားတယ်လို့ ပြန်ချေပနိုင်မယ့် မှတ်တမ်းတစ်ခု လုပ်ပါ...ဒါဆိုရင် ကင်နီးယားဆိုတဲ့ မိန်းမဟာ လွင့်ထွက်သွား မှာ သေချာတယ်..ဒီခေတ်လူထု ဆက်သွယ်ရေး လုပ်ငန်းမှာ ပုံနှိပ်ထားတဲ့ စာလုံးထက် ရုပ်မြင်သံကြားကားတစ်ကားက ပိုပြီးထိရောက်တဲ့အချိန် ဖြစ်နေပြီ၊ မင်းလုပ်ပေးဖို့က အဲဒါပဲ" ဒင်နီယယ်သည် စိတ်ရှည်ရှည်ထား၍ နားထောင်နေရသော်လည်း ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။ အကယ်၍ ရယ်လိုက်ပါကလည်း သူ့အား စော်ကားသလို ဖြစ်ရပေတော့မည်။ ဤလူကြီးသည် မိမိအား ရောင်းကုန်ပစ္စည်း ၂၂၃ တစ်ခုအဖြစ် မြင်နေသည်မှာ သနားစရာကောင်းလှချေသည်။ အဘိုးကြီးကတော့ သူ့စကားကို ဆက်သည်။ “မင်းသွားရင် ယူဘိုမိုသမ္မတအသစ်က မင်းလိုချင်တာအားလုံးပေးမှာ ။ သွားရေး လာရေးအတွက်လည်း ရဟတ်ယာဉ်၊ မော်တော် အကုန်ရစေရမယ်... ပင်းသွားချင်တဲ့ နေရာသွားပြီး၊ မင်းတွေ့ ချင်တဲ့ လူနဲ့တွေ့ ၊ မေးချင်ရာမေး၊ အတား အဆီး အပိတ်အပင် မရှိစေရဘူး၊ ငါအာမခံတယ်” “ထားပါတော့၊ အခု ခင်ဗျားပြောသမျှကို လက်ခံတယ်ဆိုပါတော့” ဟု ဒင်နီယယ်က စကားစသည်။ “အဲဒီ မှတ်တမ်းတင်ကား ထုတ်လုပ်ပြီးတဲ့အထိ ကုန်ကျစရိတ်ကို ဘယ်သူက ပေးမှာလဲ၊ စရိတ်က အများကြီးကုန်မှာ..ကျွန်တော် အငူ ခန့်မှန်းလို့ ယူသလောက်ဆိုရင် ဒေါ်လာနှစ်သန်းလောက်တောင် ကုန်ကျဖို့ရှိတယ်... ဘာကြောင့်လဲဆိုတော့ ခင်ဗျားလိုချင်တာက ပထမတန်းစား ကားမျိုး လိုချင်တာ မဟုတ်လား၊ စရိတ်ကို ဘယ်သူကပေးမှာလဲ၊ ဘော့စ်ကုမ္ပဏီကလား” “စရိတ်ဧကကိစ္စက အပြင်ကပေးဖို့ ငါစီစဉ်ထားတယ်၊ စရိတ်ငွေကို အရှေ့တိုင်းကုမ္ပဏီတစ်ခုက တာဝန်ယူသွားလိမ့်မယ်...အဲဒီကုမ္ပဏီက အခု ပဏာမအဆင့်မှာ သီးခြားရှိနေပေမဲ့ ငါတို့ ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ဖို့ အစီအစဉ်က ရှိထားပြီးပြီ...လောလောဆယ်မှာတော့ တို့နဲ့ လူသိရှင်ကြား မတွဲသေးဘူး၊ သူတို့ တည်ထောင်ထားတဲ့ ဟောင်ကောင်ရုပ်ရှင် ကုမ္ပဏီနာမည်နဲ့ အခုကိစ္စကိုလုပ်မှာ” “ဒါဆိုရင် သူ့မိခင် ကုမ္ပဏီရဲ့ နာမည်ကဘာလဲ၊ ဘယ်မှာအခြေစိုက် လဲ”ဟု ဒင်နီယယ်က မေးသည်။ “မိခင် ကုမ္ပဏီက တရုတ်တိုင်ပေမှာ အခြေစိုက်မယ်၊ လူသိမများသေး ပေမဲ့ သိပ်ချမ်းသာတယ်၊ ပထမတန်းစားလူတွေ” “ကုမ္ပဏီ နာမည်ကကော” “လက်ကီး ဒရက်ဂွန်း ကုမ္ပဏီ" ဒင်နီယယ်သည် အံ့အားသင့်ကာ အတန်ကြာမျှ ဖြစ်သွားသည်။ ဆန်းကြယ်လွန်းလှသည့်အဖြစ်ဟု သူမကွေးနိုင်ဘဲ ဟယ်ရစ်ဆန်သည် အခြေပျက်သွားသည့် ဒင်နီယယ်အား စဉ်းစားရ ခက်သလို ဖြစ်နေသည်။
88.536366
Elephant Trader
Mg Htun Thu
10356
111
________________ JJS www.burmeseclassic.com မောင်ထွန်းသူ “ဘာဖြစ်လို့လဲ ဒင်နီ” “ဟာ..ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် စဉ်းစားနေတာပါ” ဟု ဒင်နီယယ်က ပြောသည်။ “မူအားဖြင့် ဒီအလုပ်ကို ကျွန်တော် လက်ခံပါတယ်၊ ဒါပေမဲ့ နှစ်ဦး နှစ်ဖက် ညှိနှိုင်းစရာအချက်တွေ အများကြီးရှိနေပါသေးတယ်...ဥပမာ..အမြတ် ထဲက ကျွန်တော်ရချင်တဲ့ ရာခိုင်နှုန်း၊ ကြော်ငြား ကုန်ကျစရိတ် ကျခံရေး၊ ကျွန်တော် နှစ်သက်တဲ့လူတွေ ရွေးချယ်ပိုင်ခွင့် စတဲ့အချက်အလက်တွေဟာ အရေးကြီးပါတယ်၊ နောက်ဆုံးကား တည်းဖြတ်ပိုင်ခွင့်အထိ ညှိကြရမှာ” “အသေးစိတ်တွေ ရေးဆွဲတဲ့အခါမှာလည်း ငါတို့ ပြေလည်လိမ့်မယ်လို့ ငါကတော့ ယုံကြည်ထားတယ်” ဟု ပြောကာ ဟယ်ရစ်ဆန်က ပြုံးသည်။ “အေးလေ၊ အဆင်ပြေပြီဆိုရင် မင်းကိုယ်စားလှယ်ကို ငါ့ဆီ အမြန်ဆုံး ဖုန်းဆက်ခိုင်းပါ" *** ဆင်ကုန်သည် ၂၂၅ ဒင်နီယယ်သည် ဘွန်နီမာတွန်အား ကင်မရာမင်းအဖြစ် ငှားရေး အတွက် ဘွန်နီနှင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းသည်။ အခြေခံမူအားဖြင့် သူ့ဘက်က အခကြေးငွေကို နာရီနှင့်မပေးနိုင်၊ အချိန်ပိုလုပ်ခ မပေးနိုင်။ သွားစရာရှိလာလျှင် သွားရမည်၊ လုပ်စရာ ရှိလာလျှင် အချိန်မရွေး လုပ်နိုင်ရမည်စသော အချက်များမှစ၍ လိုအပ်သည့် အချက်အလက် အားလုံးကို ပြောပြသည်။ “ဒါဆိုရင်တော့ ကျွန်မအနေနဲ့ တစ်ပတ်ကို နှစ်ထောင်ရမှ ဖြစ်မယ်" ဟု ဘွန်နီက ပြောသည်။ “ဒေါ်လာ နှစ်ထောင်လား ́ “ဒါ...နယူးယောက်မဟုတ်ဘူး ဆရာကြီးရဲ့၊ ဒါ...လန်ဒန်...ကျွန်မ ပြောတာ ပေါင်နှစ်ထောင်” သည်။ “မများလွန်းဘူးလားကွာ” “မများပါဘူး၊ ရှင်က အမြတ်ငွေထဲက ရာခိုင်နှုန်း နှစ်ဆယ်ထိရမှာပဲ” “တစ်ပတ်ကို ပေါင် ၁၂ဝဝ ထားပါလား"ဟု ဒင်နီယယ်က ဂျေးဆစ် ငွေထဲမှ နှစ်ရာခိုင်နှုန်းပေးရန် သဘောတူကြသည်။ ရှိရင်ဖြင့် တစ်နေ့ နောက်ဆုံးတွင် သူတို့သည် တစ်ပတ်လျှင် ၁၅ဝဝ ပေးရန်နှင့် အမြတ် လျှင် ပေါင် ၂ဝဝ ခန့် ပေးရန်လည်း သဘောတူကြသည်။
84.742404
Elephant Trader
Mg Htun Thu
10356
112
________________ ၂၂၆ www.burmeseclassic.com မောင်ထွန်းသူ ထို့နောက်စာချုပ်မှုကြမ်းကို ရေးဆွဲကြသည်။ ထိုအချိန်တွင်လည်း တစ်ယောက်နှင့်တစ်ယောက် ငြင်းကြ ရုံကြနှင့် သုံးနှာရီခန့် ကြာသည်။ ပြီးသွားသည့်အခါ ချက်ချင်း အချောပြန်လုပ်ပြီး လက်မှတ် ရေးထိုးကြသည်။ င်းကုန်သည် JJ? ဘော့စ်ကုမ္ဗဏီ၏ ရုံးချုပ်သည် လန်ဒန်မြို ့တော်၊ ဘလက်ဖရိုင်ရာ ရပ်ကွက်တွင်း၌ တည်ရှိသည်။ ဒင်နီယယ်နှင့် ဘွန်နီတို့သည် ဘူတာဂိတ်တံခါးမှ ထွက်လာလျှင် ထွက်ချင်း မြင်နေရသည့် ကုမ္ပဏီ အဆောက်အအုံကို တစ်ခဏမျှ ရပ်ကြည့်နေ ကြသေးသည်။ ထို့နောက် ဆက်လျှောက်လာကြကာ လှေကားမှ တက်ခဲ့ကြ သည်။ ကုမ္ပဏီ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးအရာရှိသည် သူတို့အား ဧည့်ကြိုကောင်တာမှ စောင့်ကြိုလျက် ရှိသည်။ သူတို့အား မြင်လိုက်သောအခါ “ဟယ်လို...ကျွန်တော့်နာမည်က ပင်ကာရင်ပါ...ဒေါက်တာ အမ်း ထရောင်းနဲ့ မစ္စမာတွန်တို့ဖြစ်မယ် ထင်ပါတယ်” ဟု ဆီး၍ ပြောသည်။ “ကျွန်တော်က ယူဘိုမိုနိုင်ငံနဲ့ ပတ်သက်ပြီး ဒေါက်တာ သိလိုတာ မှုန်သမျှ ပြောဖို့ တာဝန်ပေးခံရတဲ့ လူပါ ခင်ဗျား” သူတို့သည် ပင်ကာရင် ခေါ်ရာနောက်သို့ လိုက်လာခဲ့ကြသည်။ နောက် ဆုံးတွင် စည်းဝေးခန်းမတစ်ခုတွင်းသို့ ရောက်သွားကြသည်၊ သည်။ အခန်းထဲမှ စောင့်နေကြသူများမှာ လေးဦး ပင်ကာရင်က အမ်းစထရောင်းတို့အား ထိုပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေး “ဒါက ဂျော့အန်ဒါဆင်ပါ၊ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ယူ at com. သတ္တု ဟူးဖော်ရေးလုပ်ငန်း တာဝန်ခံ ဘူမိဗေဒအရာရှိပါ...ဒီပုဂ္ဂိုလ်ကတော့ သူ့
85.51668
Elephant Trader
Mg Htun Thu
10356
113
________________ ၂၂၈ www.burmeseclassic.com မောင်ထွန်းသူ လက်ထောက် ဂျက်ဖ်အစ်ကင်းစ်ပါ၊ ဟောဒီဘက်ကပုဂ္ဂိုလ်ကတော့ သစ်နဲ့ ငါး ဖမ်းလုပ်ငန်းတွေကို တာဝန်ယူမယ့် ဆစ်ဒနီဂရင်း ဖြစ်ပါတယ်..ဒီပုဂ္ဂိုလ်ကတော့ ဥပဒေအကြံပေး နီးဗီးလီးလောရင့်စ်ပါ...” ထို့နောက် ပင်ကာရင်ကပင် ဦးဆောင်၍ ဧည့်သည်အားလုံးကို အဖျော် ယမကာဖြင့် ဧည့်ခံသည်။ ဧည့်ခံပွဲမှာ ဆယ်မိနစ်ခန့်သာ ကြာ၏။ “ကျွန်တော့်ကို ညွှန်ကြားထားတဲ့အတိုင်းဆိုရင် ဒီနေ့ အစည်းအဝေး မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ပါ” ဟု ပင်ကာရင်က စကားစသည်။ “ကျွန်တော်တို့ ကုမ္ပဏီက ယူဘိုမိုနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အရင်းအနှီးတွေ မြှုပ်နှံပြီး ကူညီသွားကြမှာ ဖြစ်ပါတယ်...ဘော့စ်ကုမ္ပဏီအနေနဲ့ ယူဘိုမိုနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် အဓိကအပိုင်းကြီး လေးပိုင်းမှာ ပါဝင်ဆောင်ရွက်သွားဖို့ အစီအစဉ် ချမှတ်ထားပါတယ်...ပထမပိုင်းက ဓာတ် သတ္တု တူးဖော်ရေး လုပ်ငန်းများ ဖြစ်ပါတယ်၊ ဒုတိယပိုင်းကတော့ သစ်နဲ့ စိုက်ပျိုး ရေးပိုင်း ဖြစ်ပါတယ်...နောက်ဆုံးပိုင်းကတော့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ဖြစ်ပါတယ်...ကျွန်တော်တို့ အဲဒီအပိုင်းတစ်ပိုင်းစီကို တာဝန်ခံပုဂ္ဂိုလ် တွေက ရှင်းမပြခင် ယူဘီမို့နိုင်ငံအကြောင်းကို နောက်ခံအဖြစ် တင်ပြပါရစေ' နံရံပေါ်ရှိ ပိတ်ကားပေါ်တွင် ယူတိုမိုနိုင်ငံ မြေပုံကြီးပေါ်လာသည်။ “ယူဘိုမို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ အာဖရိကတိုက် အရှေ့အလယ်ပိုင်း ဒေသအတွင်းက အဲလ်ဘတ် ရေအိုင်ကြီးနဲ့ အက်ဒ်ဝပ် ရေအိုင်ကြီး နှစ်ခုကြားမှာ တည်ရှိပါတယ်” ဟု ပင်ကာရင်က ပြောပါသည်။ *ယူဘိုမိုရဲ့ အနောက်ဘက်မှာ အလျင်က ဘယ်လ်ဂျီယံကွန်ဂိုလို့ခေါ် တဲ့ ဇိုင်ယာနိုင်ငံနဲ့ အရှေ့ဘက်မှာ ယူဂန္ဓာနိုင်ငံ တည်ရှိပါတယ်၊ မြို့တော်က ခါဟာလီ ဖြစ်ပါတယ်...သန်းခေါင်စာရင်း မကောက်ရသေးပေမဲ့ ခန့်မှန်းခြေအား ဖြင့် လူဦးရေ လေးသန်းလောက် ရှိပါတယ်၊ လူမျိုးစု အများအပြား နေထိုင်ကြ ပါတယ်..လက်ရှိသမ္မတ တပ်ဖာရီနဲ့ သူ့နောက်လိုက်တွေဟာ ဟီတာလူမျိုးစု တွေပါ၊လူမျိုးစု ၁၁ မျိုးရှိတဲ့အနက် လူဦးရေအနည်းဆုံး လူမျိုးစုက ဘင်ဘူတီလို့ ခေါ်တဲ့ ဂစ်ဂမီတွေ ဖြစ်ပါတယ်" ၀င်ကာရှင်သည် သူ့အလုပ်တွင် ကျွမ်းကျင်သူဖြစ်၏။ အများက စိတ် ဝင်စားလာအောင် ပြောပြနိုင်စွမ်း ရှိလေသည်။ ဆင်ကုန်သည် JJe ဒင်နီယယ်အဖို့ကတော့ အထူးတလည် နားစွင့်နေစရာမလို၊ သူသိပြီး သားတွေ ဖြစ်၏။ ဘွန်နီကတော့ သူသိလိုသော မေးခွန်းအနည်းငယ်ကို မေးသည်။ ပင်ကာရင်၏ တာဝန်ပြီးသွားသည့်အခါ ကျန်လူစုက ဘော့စ်ကုမ္ပဏီ ၏ စီးပွားရေး စီမံကိန်းများကို သူ့အပိုင်းနှင့်သူ ရှင်းလင်းတင်ပြကြသည်။ တစ်ပိုင်းစီတွင် ဒင်နီယယ်က သူသိလိုသမျှကို မေးသည်။ သို့သော် လည်း ကုမ္ပဏီနှင့်ဆန့်ကျင်မည့် မေးခွန်းများကိုမမေး၊ တတ်နိုင်သမျှ သူ့ကိုယ်သူ ထိန်း၍ ရှောင်၏။ မရှောင်သာ၍ မေးရသည့်အခါ.. “ကျွန်တော်က ယူဘိုမိုကိုသွားပြီး ကုမ္ပဏီလုပ်ငန်းတွေအပေါ်မှာ အမြင် ကြည်လင်အောင်လုပ်ရမှာမို့ ရှင်းသွားအောင် မေးထားရတာပါ ” ဟူသော စကား မျိုးပလ္လင်ခံထားခြင်းအားဖြင့် ထိပ်တိုက်မဖြစ်အောင် ရှောင်တတ်သည်။ အစည်းအဝေးကြီး ပြီးသွားသည့်အခါ ပင်ကာရင်ကပင် ဒင်နီယယ်ကို အား လိုက်ပို့သည်။ အခန်းထဲမှ အထွက်တွင် ပင်ကာရင်က “ခင်ဗျားနဲ့ မစ္စမာတွန်ကို ခဏတွေ့ပြီး နှုတ်ဆက်ချင်တယ်လို့ ဆာပီတာဟယ်ရစ်ဆန်က မှာထားပါတယ်” ဟု အသိပေးသည်။ ဤသို့ဖြင့် ဒင်နီယယ်နှင့် ဘွန်နီမာတွန်တို့သည် တပ်ဟယ်ရစ်ဆန် အား သူ့ရုံးခန်းတွင်း၌ ဝင်တွေ့ ကြရသည်။ တပ်ဟယ်ရစ်ဆန်သည် သူတို့အား တရင်းတနှီး ဆီးကြိုနှုတ်ဆက် သည်။ အထူးသဖြင့် ဘွန်နီမာတွန်အား သိသိ သာသာ အကဲခတ်သည်ကို ဒင်နီယယ် သတိထားမိသည်။ စောစောက အစည်းအဝေးတွင်လည်း ပြန့်ကြားရေးအရာရှိ ပင်ကာရင် သည် ဘွန်နီမာတွန်အပေါ် စိတ်ဝင်စားနေသည်ကို ဒင်နီယယ် မြင်ခဲ့ရပြီးပြီး၊ ဒင်နီယယ်သည် ဤထူးခြားမှုအပေါ်တွင် မစဉ်းစားဘဲ မနေနိုင်။ တပ်ဟယ်ရစ်ဆန်၏ အခန်းထဲမှ ပြန်ထွက်လာပြီး ကုမ္ပဏီ အဆောက် အအုံ အပြင်ဘက်ရောက်သည့်အခါ အငှားကားတစ်စီးဖြင့် အဆင်သင့် စောင့်ကြို နေသော ပင်ကာရင်ကို တွေ့ကြရသည်။ ဆက်သည်။ “ကားခကို ကုမ္ပဏီက ကျခံထားပါတယ်” ဟု ပြောကာ သူ့မျက်လုံးများကတော့ ဘွန်နီမာတွန့်အား အငမ်းic.com) ***
88.912323
Elephant Trader
Mg Htun Thu
10356
114
________________ www.burmeseclassic.com ဆင်ကုန်သည် ၂၃၁ ဘွန်နီမာတွန်သည် များစွာ စိတ်လှုပ်ရှားလျက် ရှိသည်။ သူ့ဆီကို ဖုန်းဆက် ခဲ့သော အတွင်းရေးမှူး အမျိုးသမီးကတော့ ကားတစ်စီးလွှတ်၍ ခေါ်မည်ဟု ဆိုထားသည်။ အခုချိန်ထိတော့ ကားမရောက်သေး။ သူသည် လက်ပတ်နာရီကို ငုံ့ကြည့်သည်။၇ နာရီခွဲတိတိ ရှိနေပြီ။ ဤပုဂ္ဂိုလ်သည် အချိန်အတိအကျသမားတစ်ဦးဖြစ်သည်ဟု ထင်၏။ သူသည်တံခါးဝဆီသို့ တစ်ချက်မျှော်ကြည့်သည်။ သူ ကြိုတင်၍ မှာထားသော အစောင့်သည် သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်ရသည်။ “ကားရောက်လာပါပြီ မဒမ်” ဟု အစောင့်က လှမ်းပြောသည်။ လမ်းဘေး၌ ရပ်ထားသည်မှာ ရိုးလ်နွိုက်စ်ကားကြီး ဖြစ်သည်။ ဘွန်နီ လျှောက်သွားသည့်အခါ ခပ်ချောချော ယာဉ်မောင်းလူငယ်က ဆီး၍... “မစ္စဘွန်နီမာတွန့်ပါလား ခင်ဗျာ” ဟု မေးသည်။ နောက်ခန်းတံခါးကို ဖွင့်ပေးသည်။ “မင်္ဂလာညပါ မစ္ဆာတွန်”ဟု နှုတ်ဆက်သည့် တပ်ဟယ်ရစ်ဆန်၏ အသံကို ကြားလိုက်ရသဖြင့် ရင်ထဲတွင် အေးခနဲဖြစ်ကာ ကျောထဲတွင် စိမ့်ဝင် သွားသည်။ “မင်္ဂလာညပါ ဆာပီတာ” ဟု ဘွန်နီမာန် assic.com) “မင်း...ငါ့ဆေးပြင်းလိပ်နံ့ကို ခံနိုင်ရဲ့လား”
83.442266
Elephant Trader
Mg Htun Thu
10356
115
________________ ၂၃၂ www.burmeseclassic.com မောင်ထွန်းသူ “ခံနိုင်ပါတယ်၊ အကောင်းစား ဆေးပြင်းလိပ်နဲ့ဆိုရင် ကျွန်မက သဘောကျပါတယ်၊ အခုဟာ ဒေဗီဒေါ့ဖ် ဆေးပြင်းလိပ် မဟုတ်လား” ဘွန်နီသည် မျက်စိစူးသူ ဖြစ်၏။ ဤအရည်အသွေးကြောင့်လည်း ဓာတ်ပုံပညာရှင်တစ်ယောက်အနေဖြင့် အောင်မြင်မှုရနေခြင်းပေတည်း။ “ချက်ဇ်နီကို ကိုမောင်း” ဟု တပ်ဟယ်ရစ်ဆန်က သူ့ယာဉ်မောင်းအား အမိန့်ပေးသည်။ “ကျွန်မ ချက်ဇ်နီကို,ကို တစ်ခါမှ မရောက်ဖူးဘူး၊ နေရာတစ်နေရာ ရဖို့လည်း မလွယ်ဘူး..နေရာရရှင်လည်း စရိတ်က ကြီးလွန်းလို့ မတတ်နိုင်ဘူး၊ နေရာရဖို့ကလည်း တစ်ပတ်လောက်ကြိုပြီး စာရင်းပေးထားရတယ်လို့ ပြောကြ တယ်။ အဲဒါဟုတ်သလား” “တချို့လူတွေကတော့ လိုလိမ့်မယ်” ဟု ဟယ်ရစ်ဆန်က ပြော၏။ “ငါလည်း အတိအကျမသိပါဘူး၊ ငါကတော့ ငါ့အတွင်းရေးမှူးကို စီစဉ်ခိုင်းတာပဲ” ချက်ဇ်နီကို စားသောက်ဆိုင်သည် နာမည်ကြီးနေသည့်အတိုင်း အခင်း အကျင်း အပြင်အဆင်များမှာ အံ့အားသင့်လောက်အောင် ခမ်းနားလှပသည်ကို တွေ့ ရ၏။ သူတို့ဝင်သွားသည့်အခါ ဘေးစားပွဲများမှ လူအများက ၊ စိတ်ဝင်တစား လှမ်းကြည့်နေကြသည်ကို လည်းကောင်း၊ သူတို့ချင်း တီးတိုးပြောနေကြသည်ကို လည်းကောင်း ဘွန်နီ သတိထားမိ၏။ တကယ်တော့ တပ်ဟယ်ရစ်ဆန်သည် ဒဏ္ဍာရီပုံပြင်ထဲမှ ဇာတ်ကောင် တစ်ကောင်သဖွယ် နာမည်ကျော်ကြား ထင်ရှားနေသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး မဟုတ်ပါလား။ တပ်ဟယ်ရစ်ဆန်သည် ညစာစားချိန်တွင် စကားများများ မပြော။ တွန်နီက မေးသလောက်ကိုသာ ဖြေလေသည်။ သူ၏ ငယ်စဉ်ဘဝ အာဖရိက တိုက်တွင် နေခဲ့ရစဉ်က အကြောင်းများကို မေးသည့်အခါတွင်မူ စိတ်ပါလက်ပါ ပြောပြ၏။ ဘွန်နီသည် တပ်ဟယ်ရစ်ဆန်အား စေ့စေ့စပ်စပ်ကြည့်မိသည်။ သူ့ခမျာ အိုလှပြီ။ ပါးရေ နားရေတွေ တွန့်နေပြီး၊ သို့သော်လည်း သန်းပေါင်း သုံးရာကျော်ကျော်ခန့် ချမ်းသာသည်ဟု ဆန်းဒေးတိုင်းမ်မဂ္ဂဇင်းတွင် ဖတ်ခဲ့ရဖူး ဆင်ကုန်သည် ၂၃၃ လေသည်။ ဤမျှလောက်ချမ်းသာသူ တစ်ဦးကိုသာ ရမည်ဆိုပါက အနည်းငယ် မျှ ပါးရေနားရေတွန့်ခြင်းကို ခွင့်လွှတ်ရမည်သာ ဖြစ်သည်ဟု သူထင်သည်။ ညစာစားပြီးကြသည့်အခါ ဘပ်ဟယ်ရပ်ဆန်က “ကော်ဖီကိုတော့ ဟော်လန်ပတ်အိမ် ကျမှပဲ သောက်ကြတာပေါ့၊ ငါ မင်းနဲ့ ဆွေးနွေးစရာလေး ရှိနေလို့” ဟု ပြော၏။ ဘွန်နီကလည်း အလွယ်တကူပင် လက်ခံလိုက်သည်။ အိမ်ရောက်သွား သည့်အခါတွင်လည်း ဘွန်နီသည် အိမ်၏ ပြင်ဆင်မွမ်းမံမှုများကို ကြည့်၍ ရင်သပ်ရှုမော အံ့သြခြင်း ဖြစ်ရပြန်၏။ ဧည့်ခန်းတွင် ထိုင်မိကြသည့်အခါ တပ်ဟယ်ရစ်ဆန်သည် ကော်ဖီကို သူကိုယ်တိုင် ထည့်ယူလာပြီး ဘွန်နီအား ပေးသည်။ “ဒီကော်ဖီက ကင်ညာဘလူးလို့ ခေါ်တယ်” ဟုပြော၏။ “အာဖရိကတိုက် ကင်ညာနိုင်ငံထဲက ကင်ညာတောင် ဆင်ခြေလျှောမှာ ရှိတဲ့ ငါပိုင် ကော်ဖီခြံက ထွက်တာ" ပြောပြောဆိုဆိုနှင့်ပင် သူ့တပည့်အား အပြင်ထွက်ခိုင်းပြီး ဆေးပြင်း လိပ်တစ်လိပ် မီးညို၏။ “ငါမင်းကို တစ်ခုမေးချင်တယ်”ဟု တပ်ဟယ်ရစ်ဆန်က ဆေးလိပ်ခိုး များကို မျက်နှာကျက်သို့ မှုတ်ထုတ်ရင်း စကားစသည်။ “မင်း ဒင်နီယယ်အမ်းစထရောင်းနဲ့ အိပ်နေပြီမဟုတ်လား၊ ငါ့ကို အမှန် အတိုင်း ပြောပါ" လုံးဝမမျှော်လင့်သော မေးခွန်းဖြစ်၏။ အလွန်ကြမ်းတမ်းရိုင်းစိုင်းသော မေးခွန်းလည်း ဖြစ်၏။ ဘွန်နီသည် သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင်ပင် အံ့အားသင့်ကာ ထိတ်လန့်တုန်လှုပ်လျက် ရှိ၏။ 66: “ရှင်က ကျွန်မကို ဘယ်လိုအစားမျိုးထင်လို့ ဒီမေးခွန်းကို မေးရတာလဲ” တပ်ဟယ်ရစ်ဆန့်က ချက်ခုံးများ ပင့်လိုက်ပြီး ဘွန်နီအား ကြည့်၏။ “ငါက သယ်လ်မာစမစ်လို ့ခေါ်တဲ့ မိန်းမစားမျိုးမို့ ဒီမေးခွန်းမျိုး တာပဲ၊ မင်းမှတ်မိတယ်မဟုတ်လား...မင့်ကို မွေးတုန်းက မှည့်ထားတဲ့ နာမည် J ဖအေအမည်မသိ၊ မအေက ၁၉၇၅-ခုနှစ်အတွင်းမှာ ဆေးအလွန်အကျွံ သုံးလို့ သေတယ်....သူသုံးတဲ့ဆေးက ဘိန်းဖြူ ဖြစ်မယ်လို့ ငါထင်ကယ်၊ အဲဒီနှစ်
88.690677
Elephant Trader
Mg Htun Thu
10356
116
________________ ၂၃၄ www.burmeseclassic.com အင်ကုန်သည် မောင်ထွန်းသူ မှာပဲ ဒုစရိုက်ကောင်မတစ်ယောက် မြို့တော်ကြီးထဲ ရောက်လာပြီး မွေးတော့ တာပဲ” ဘွန်နီ၏ နုဖူးတွင် ချွေးများ စို့လာသည်။ သူသည် တပ်ဟယ်ရစ်ဆန် အား မျက်လုံးပြူး၍ ကြည့်နေ၏။ “မင်းအမေလိုပဲ မင်းဘဝက ငယ်ငယ်ကတည်းက ပျက်လာတယ်၊ အသက် ဆယ့်လေးနှစ်မှာ ခိုးမှုနဲ့ ဆေးခြောက်မှုကြောင့် အမျိုးသမီး သက်ငယ် အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းကို ရောက်သွားတယ်... ဆယ့်ရှစ်နှစ်မှာ ခိုးမှုနဲ့ ပြည့်တန်ဆာမှုကြောင့် တောင်ကိုးလ ကျခဲ့တယ်၊ အမျိုးသမီးထောင်ထဲ နေရတုန်း မှာ ဓာတ်ပုံရိုက်တာ ဝါသနာပါသွားတယ်..အပြစ်ဒဏ်က ကိုးလကျပေမဲ့ သုံးလ ပဲ ထောင်ထဲမှာ နေရတယ်၊ အကျင့်စာရိတ္တကောင်းလို့ ပြန်လွှတ်လိုက်တယ်၊ ဘယ့်နှယ့်လဲ၊ အခု ငါပြောတာတွေထဲမှာ အမှားပါရင် ပြင်နိုင်တယ်" ဘွန်နီ တစ်ကိုယ်လုံး ပျော့ခွေသွားသည်။ ကုလားထိုင်ပေါ်၌ ထိုင်နေ ရင်းကြိုးပြတ်ကျသွားသည့် အရုပ်တစ်ရုပ်နှင့် တူနေ၏။ “ထောင်က လွတ်တော့ နာမည်ပြောင်းတယ်၊ ကနေဒါနိုင်ငံ ပက်တာ ဆင် ရုပ်မြင်သံကြားဌာန၊ ဓာတ်ပုံဌာနမှာ အလုပ်ရတယ်..၁၉၈၁-ခုနှစ်မှာ ဗွီဒီယိုပစ္စည်းတွေ ခိုးရောင်းလို့ အလုပ်ပြုတ်တယ်၊ ကုမ္ပဏီက လူသိရှင်ကြား တရားမစွဲဘူး..အဲဒီနောက် ကောင်းကောင်းနေလာတယ်၊ အကျင့်ကောင်းသွား တာလား၊ သို ့မဟုတ် ပို့ပြီးပါးနပ်လာတာလား ဆိုတာတော့ မသိဘူး...ဘာပဲဖြစ် ဖြစ်ပေါ့လေ..ငွေရမယ်ဆိုရင် အကျင့်ပျက်ဖို့ ဝန်မလေးဘူးလို့တော့ သတ်မှတ် ထားရမှာပဲ” “နွားအိုကြီး...နင်က ငါ့ကို သိမ်းသွင်းဖို့ ကြံစည်နေတာလားဟယ်ရစ် ဆန်က ခေါင်းယမ်းသည်။ “ငါက အဘိုးအိုကြီးဆိုတော့ ဟိုတုန်းကလို စည်းမဲ့ကမ်းမဲ့ မဟုတ် တော့ပါဘူး၊ မင်းလို အောက်တန်းကျတဲ့ မိန်းမမျိုးကို လက်ဖျားနဲ့ တောင် မထိချင် တော့ဘူး...မင်းထက် အသက်လည်း ကြီးရမယ်၊ နူးညံ့သိမ်မွေ့ ရမယ်၊ အဆင့် အတန်း ရှိရမယ်၊ အဲဒါမျိုးကိုမှ ငါက ပိုပြီး သဘောကျတာ” “မျိုးမစစ်ကောင်ကြီး၊ နင်....ငါ့ကို စော်ကားနေတာ.... “စော်ကားဖို့ ရည်ရွယ်ချက်မရှိတာ အမှန်ပါ၊ ငါက တို့နှစ်ယောက် ၂၃၅ အချင်းချင်း နားလည်သွားစေချင်တဲ့ ဆန္ဒပဲရှိတယ်...ငါက မင်းခန္ဓာကိုယ်ထက် အရေးကြီးတာ တစ်ခုလိုချင်နေတယ်၊ မင်းက ငွေလိုချင်တယ်...အဲဒီတော့ ငါတို့ ချင်း အပေးအယူတစ်ခု လုပ်နိုင်မယ်၊ စီးပွားရေးဆန်ဆန် သဘောကလွဲလို့ တခြားဘာမှမရှိဘူး.....ပထမမေးခွန်းကို ပြန့်သွားကြရအောင်၊ မင်းဒင်နီယယ် အမ်းစထရောင်းနဲ့ အိပ်နေတယ် မဟုတ်လား” “အိပ်တယ်..အိပ်တော့ ဘာဖြစ်လဲ” တယ် ။ “ချစ်လို့ အိပ်တာလား၊ ဒီကိစ္စမှာ အဲသလောက်တော့ မပါဘူးထင် “ကျွန်မ ချစ်တဲ့လူဟာ တစ်ယောက်ပဲ ရှိတယ်၊ ရှင့်ရှေ့မှာ ထိုင်နေတဲ့ ကျွန်မကိုယ်ကျွန်မပဲ ချစ်တယ်” “အင်မတန် ရိုးသားဖြူစင်တဲ့ စကားပါပဲ” ဟု ဟယ်ရစ်ဆန်က ပြောကာ ပြုံးသည်။ “မင်းက သူနဲ့ အိပ်ပေးနေတာဆိုဘော့ သူ့ အပေါ်အထိုက်အလျောက် တော့ သြဇာညောင်းမှာပေါ့၊ ဒါဆိုရင် မင်းနဲ့ငါ အလုပ်လုပ်လို့ရပြီ..ဒီအတွက် ပေါင် ၂၅ဝဝဝ ပေးမယ်၊ မင်းဘယ်လို သဘောရသလဲ” ကမ်းလှမ်းလိုက်သည့် ငွေမှာ ဘွန်နီအဖို့ အံ့အားသင့်စရာတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း သူသည် ရဲဆေးတင်လိုက်ကာ... “ရှင် မြင်းတစ်ကောင် ဝယ်ရင် အခု ပေးတဲ့ငွေထက် ဆယ်ဆလောက် ပိုပေးတယ်ဆို" “မင်းကိုမင်း အဲဒီလားစပ်မြည်းမတွေထဲ စာရင်းသွင်းလို့ ဘယ်ဖြစ်ပါ မလဲ” ဟုပြောသည်။ ဘွန်နီ ရှူးရှူးရှဲရှဲ ဖြစ်သွားသည်ကို မြင်သောအခါ လက်တစ်ဖက် မြှောက်ပြပြီး တားသည်။ “စိတ်မဆိုးနဲ့၊ ဒါဟာ နောက်ပြောင်ပြောတဲ့ စကားပါ၊ တို့နှစ်ယောက် စီးပွားဖက်ပဲ ဖြစ်ချင်တယ်..ချစ်သူလည်း မဖြစ်ချင်ဘူး၊ မိတ်ဆွေလည်း မဖြစ်ချင် ကူး” “ဒီလိုဆိုလည်း ဈေးနှုန်းကို အလျင်မပြောပါနဲ့၊ ကျွန်မ ဆိုတာ အလျင်ဆုံး ရှင်းပြပါ”
86.999658
Elephant Trader
Mg Htun Thu
10356
117
________________ ၂၃၆ www.burmeseclassic.com မောင်ထွန်းသူ ဘွန်နီ၏ မျက်နှာတွင် ကောက်ကျစ်စဉ်းလဲသည့် အရိပ်အငွေ့များ ထင်ဟပ်လာသည်။ ထိုအခါကျတော့လည်း ဟယ်ရစ်ဆန်၏ ရင်ထဲတွင် ဘွန်နီ အား လေးစားလို စိတ်ပြန်ဝင်လာသည်။ “အလွန့်ကို လွယ်တဲ့ ကိစ္စကလေးပါ” ဟု ရေရွတ်သည်။ ထို့နောက် သူ့အတွက် လုပ်ပေးစေချင်သည့် ကိစ္စကို ပြောပြသည်။ ဆင်ကုန်သည် ၂၃၇ *** ထိုသီတင်းပတ်ထဲတွင် ဒင်နီယယ်သည် နေ့စဉ်နေ့တိုင်း ဗြိတိသျှပြတိုက် စာကြည့်ခန်းထဲတွင် အချိန်ဖြုန်းသည်။ ယူဘိုမိုနိုင်ငံနှင့် ကွန်ဂိုနယ်အကြောင်း ရေးထားသည့် စာအုပ်စာတမ်းများ ဆောင်းပါးများကို လေ့လာဖတ်ရှုသည်။ သူလေ့လာသည့်အထဲတွင် ရစ်တောင်ကြားနှင့် ရေအိုင်ကြီးများ အကြောင်း၊ အီကွေတာသစ်တောအကြောင်းများလည်း ပါသည်။ သူဖတ်ရှုသမျှ စာအုပ်များထဲတွင် ကယ်လီးကင်နီးယား၏ “သစ်ပင်မြင့်များကြားမှလူမျိုး စာအုပ်လည်း ပါသည်။ အဖုံးမာစာအုပ်၏ စက္ကူဖုံးအတွင်းဘက်မှ စာရေးသူ၏ ဓာတ်ပုံကို အသေအချာကြည့်မိသည်။ အလွန်လှသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ့အကြောင်း ရေးထားသည့် စာများထဲတွင် မွေးနေ့သက္ကရာဇ်ကို ဖော်ပြမထား။ သူရခဲ့သည့် ဘွဲ့ များနှင့်အတူ ဆုများအကြောင်းသာ ရေးသား ထားသည်။ သူသည် ဆေးပညာဘွဲ့ရဆရာဝန်တစ်ဦးဖြစ်၍ မနုဿဗေဒဘာသာ ဖြင့် ပီ၊ အိပ်ချ်၊ ဒီ ဘွဲ့ ရထားသော ဒေါက်တာလည်း ဖြစ်၏ ။ “ဒေါက်တာ ကင်နီးယားသည် သုတေသနလုပ်ငန်းများ ရပ်နားထား ချိန်တွင် ကွန်ဝေါနယ်ရှိ သူ့နေအိမ်၌ ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်ကို အဖော်ပြု၍ အနားယူလေ့ရှိသည်” ဟုလည်း ရေးသားထားသည်။ သည်။ မည်းနက်သော ဆံပင်ကို ကျစ်ဆံမြီးနှစ်ခွ ကျစ်ကာ ပခုံးပေါ်မှ ရှေ့ဘက်တွင် တွဲလောင်းချထား၏။ ဓာတ်ပုံမှာ အပူပိုင်းဒေသ သစ်တောအတွင်း၌ ရပ်နေသည့်ပုံ . com www.burmese
86.331445
Elephant Trader
Mg Htun Thu
10356
118
________________ ၂၃၈ www.burmeseclassic.com မောင်ထွန်းသူ ယောက်ျားရှပ် အင်္ကျီဝတ်ထားသဖြင့် သူ့ကိုယ်လုံးကိုယ်ပေါက် အနေ အထားကို ခန့်မှန်း၍ မလွယ်။ ကြည့်ရသည်မှာ ပိန်ပိန်ပါးပါး သေးသေးသွယ် သွယ် ဖြစ်လိမ့်မည်ဟုပင် ယူဆရသည်။ လည်တိုင်ကြော့ကြော့နှင့် လှပသော မျက်နှာပိုင်ရှင် ဖြစ်သည်။ မေးရိုးကားကား ပါးရိုးကြီးကြီးဖြစ်၍ အမေရိကန် အင်ဒီးယန်းမ တစ်ယောက်၏ မျက်နှာမျိုး ဖြစ်သည်။ နှာတံစင်းစင်းနှင့် တင်းကျပ်စွာ စေ့နေ သော ပါးစပ်ပိုင်ရှင် ဖြစ်၏။ သူ့မျက်နှာသည် ခေါင်းမာမည့် လက္ခဏာကို ဖော်ပြနေသည်။ ကင်မရာဘက်သို့ စိုက်ကြည့်နေသည့် မျက်လုံးလှလှအစုံသည် အေးစက်စက် မာကျောကျော။ ဤဓာတ်ပုံ ရိုက်ကူးချိန်က သူ့အသက်သည် ၃၀ တွင်းဝင်စ အရွယ် ဖြစ်မည်ဟု ယူဆရ၏။ ဒင်နီယယ်သည် စာအုပ်နိဒါန်းတွင် ရေးသားထားသည့် ပစ်ဂမီနှင့် ပတ်သက်၍ ရှာဖွေတွေ့ ရှိထားသော ရှေးဟောင်းမှတ်တမ်းပါ အချက်အလက်များ ကို ပြန်၍ ဖတ်ကြည့်သည်။ ယင်းအချက်အလက်များမှာ အီဂျစ်ခေါင်းဆောင် တတ်ခ်ဟပ်ဖ်ဆိုသူ က သူ၏ ဖာရိုးဘုရင် နက်ဖ်ကာဖာထံ တင်ပြသည့် အစီရင်ခံစာမှ ထုတ်နုတ် ဖော်ပြချက်များ ဖြစ်သည်။ ခရစ်တော် မမွေးဖွားမီ လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ က ဟတ်ခ်ပ်ဟဖ် သည် လေ့လာရေးအဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်၍ နိုင်းမြစ်အစကို ရှာဖွေရန် တောင် အရပ်သို့ ခရီးထွက်ခဲ့၏။ သူသည် လစန္ဒာတောင်တန်းကြီးများ၏ အနောက်ဘက်တွင် အလွန် ကြီးမားကျယ်ပြန့်သည့် သစ်တောကြီးများကို တွေ့ ခဲ့ရ၏။ ထိုသစ်တောကြီးများ အတွင်း၌ ဘုရားသခင်ကို ကခုန်၍ သီချင်းတဟိုဟိုဆို၍ ပူဇော်ပသနေကြသော လူပုကလေးများကို မြင်တွေ့ ရ၏။ သူတို့၏ ဘုရားမှာ သူတို့နေထိုင်ရာ သစ်တောကြီးပင် ဖြစ်သည်။ သူတို့၏ အကနှင့်ပူဇော်ပသပုံများမှာ ထူးဆန်းလွန်း လှသဖြင့် ဖာရိုဘုရင်က လူပုကလေးများအား ဖမ်ဆီးခေါ်ဆောင်လာရန်ပင် အမိန့်ပေးခဲ့သည် ဟုဆို၏။ ဒင်နီယယ်သည် ဤစာအုပ်ကို ယခင်ကလည်း ဖတ်ခဲ့ဖူးသည်။ ယခု လည်း ယူဘိုင်နိုင်ငံ၏ သစ်ဘောကြီးများအတွင်းမှ ပစ်ဂမီလူမျိုးစုတစ်စုကြား၌ သုံးနှစ်တိတိ အတူနေခဲ့သော စာရေးဆရာ၏ ဘဝအကြောင်းကို ထပ်မံ၍ ဖတ်မိ ဆင်ကုန်သည် ၂၃ ပြန့်သည်။ ထိုအပိုင်းသည် ပျော်မြူးစရာကောင်းသည့် အပိုင်းတစ်ပိုင်းဖြစ်သည် မဟုတ်ပါလား။ တကယ်တော့ ကယ်လီကင်နီးယားမှာ စာရေးကောင်းသူ ဖြစ်သည်။ လေးနက်ပြီး ခြောက်သွေ့ သွေ့ နိုင်လှသော ဘာသာရပ်များကို စိတ်ဝင်စားလာ အောင် ပေါ့ပါးသွက်လက်စွာ ရေးနိုင်သူ ဖြစ်၏။ ဤအမျိုးသမီးနှင့် တွေ့ ချင်စိတ် စကားပြောချင်သော ဆန္ဒသည် သူ့ရင် တွင်း၌ ပြင်းပျလျက်ရှိ၏။ သူသိထားရသလောက်ဆိုလျှင်တော့ ဘော့စ်ကုမ္ပဏီ အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည် အစည်းအဝေးကို သူယူဘိုမိုသို့ မထွက် သွားမီ သီတင်းတစ်ပတ်အလိုတွင် ပြုလုပ်မည် ဖြစ်သည်။ ထိုအစည်းအဝေးသို့ မိမိနှင့် ဘွန်နီတို့ပါ တက်ရောက်လေ့လာရန် ဖိတ်ကြား၏။ ကယ်လီကင်နီးယား တစ်ယောက်လည်း ထိုနေ့ကျလျှင် ရောက် လာမည်မှာ မလွဲ။ သို့ဆိုလျှင်.. * ww.burmeseclassic.com
88.204907
Elephant Trader
Mg Htun Thu
10356
119
________________ www.burmeseclassic.com ဆင်ကုန်သည် ၂၄၁ အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အစည်းအဝေးကို ထုံးစံအတိုင်း ဘလက် ဖရိုင်ယာ ရပ်ကွက်တွင်းရှိ ကြီးကျယ်ခမ်းနားသော ကုမ္ပဏီကပွဲခန်းမကြီးအတွင်း ၌ ကျင်းပ၏။ ခန်းမအဝင် တံခါးပေါက်တွင် တင်းကျပ်သော စည်းကမ်းများဖြင့် လူအဝင်အထွက်ကို စစ်ဆေးခြင်း ပြုသည်။ တပ်ဟယ်ရစ်ဆန်က အစည်းအဝေး ထဲသို့ သူ မလိုလားသော လူများ ဝင်မလာစေရန် အမိန့်ထုတ်ထား၍ ဖြစ်သည်။ ဒင်နီယယ်တို့ စည်းပေးခန်းမသို့ ရောက်သွားချိန်တွင် အတော်ကလေး နောက်ကျနေပြီ။ ဆာပိတာ သို့မဟုတ် တပ်ဟယ်ရစ်ဆန်ကုမ္ပဏီ၏ ယမန်နှစ်က လုပ်ငန်းများအကြောင်း တင်ပြနေပြီ ဖြစ်၏။ တကယ်တော့ ဤပွဲသည် တပ်ဟယ်ရစ်ဝန်၏ပွဲ ဖြစ်သည်။ သူသည် လှုပ်ရှားမှု အမျိုးမျိုးဖြင့် ဧည့်ပရိသတ်အား ညှို့ယူလျက် ရှိ၏။ သူ တင်ပြနေသမျှ အားလုံး အကောင်းတွေချည်း ဖြစ်သည်။ လောကကြီးတွင် မကောင်းတာ ဟူသရွေ့ မရှိဟုပင် ထင်ရလောက်၏။ ကုမ္ပဏီက လုပ်သမျှ အကုန်အောင်မြင်သည်၊ တိုးတတ်သည်၊ အကျိုး အမြတ်ဖြစ်ထွန်းသည်။ ဟယ်ရစ်ဆန်သည် သူ့လက်ပတ်နာရီကို တစ်ချက် မြှောက်ကြည့် လိုက်သည်။ အောင်မြင်မှုတွေချည်း ပြောနေခဲ့သည်မှာ မိနစ် ငါးဆယ်ပင် ရှိသွားပြီ။ တော်လောက်ပြီထင်၏။ သူသည်ကုမ္ပဏီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအကြောင်း ပြောသည်။ ကုမ္ပဏီမှ ယူဘိုမိုနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေးကို ရှေးရှု၍ အရင်း အနိုးများ မြှုပ်နှံလုပ်ကိုင်ရန် ရည်ရွယ်ထားကြောင်း....။ assic.com
86.882453
Elephant Trader
Mg Htun Thu
10356
120
________________ ၂၄၂ www.burmeseclassic.com မောင်ထွန်းသူ ယူဘိုမိုနိုင်ငံမှ ခေတ်နောက်ကျနေသော၊ ဝမ်းနည်းစရာကောင်းလောက် အောင်၊ အကျိုးမဲ့နေကြရရှာသော ပြည်သူလေးသန်း အလုပ်အကိုင်ရရှိရေးနှင့် ချမ်းသာကြွယ်ဝရေးတို့အတွက် မိမိတို့ကုမ္မဏီမှ လျာထားသည့် လုပ်ငန်းများ အကြောင်းကို တခမ်းတနား ပြောသွားလေသည်။ ထို့နောက်... “ဧည့်သည်တော်များခင်ဗျား၊ မေးစရာရှိတာမေးဖို့နဲ့ ဝေဖန်ဆွေးနွေး သင့်တာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်၊ ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ်များက တတ် နိုင်သလောက် ရှင်းလင်းဖြေကြားပါလိမ့်မည်” ဟူသော စကားဖြင့် သူ့အခန်းကို နိဂုံးချုပ်၏။ “သဘာပတိကြီးကို ကျွန်မ မေးစရာတစ်ခု ရှိနေပါတယ်” အမျိုးသမီးအသံ ဖြစ်သည်။ ကြည်လင်ပြတ်သားပြီး သူ့ကိုယ်သူ ယုံကြည်မှု အပြည့်အဝရှိသောအသံ ဖြစ်၏။ အသံက ကျယ်လွန်းသဖြင့် ဆာပီ တာဟယ်ရစ်ဆန်၏ မျက်နှာသည် ရှုံ့မဲ့သွား၏။ ဒင်နီယယ်သည် ဒေါက်တာကင်နီးယား ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိ သဖြင့် ကပျာကယာထ၍ မျက်စိရှာသည်။ သဘာပတိ ဆာပီတာဟယ်ရစ်ဆန်နှင့် ခြေလှမ်းသုံးဆယ် အကွာလောက်တွင် ရပ်နေသည့် အမျိုးသမီးတစ်ယောက်။ မိန်းမချောတစ်ယောက် ဖြစ်သည်။ ပေးပတ်ပတ်လည်မှ ပရိသတ်က သူ့အား စိတ်ဝင်တစား ကြည့်နေကြသည်။ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်မှုသည် အခန်းထဲတွင် လွှမ်းခြုံသွားသည်။ “သဘာပတိကြီးရှင့်...ဒီဘော့စ်ကုမ္ပဏီမှာ ရှင်ဥက္ကဋ္ဌဖြစ်လာတာ နှစ်ပေါင်းသုံးဆယ် ရှိသွားပါပြီ၊ ဒီကာလအတွင်းမှာ ဘော့စ်ကုမ္ပဏီရဲ့ ကြွေးကြော် သံဟာ ‘ရသမျှတူး” “ရသမျှဒုတ်” “ရသမျှပစ်” ဆိုတဲ့ဆောင်ပုဒ်ကိုပဲ လက်ကိုင် ပြုထားတာ တွေ ့ရပါတယ်" စောစောကပြုံးနေကြသော ပရိသတ်၏ မျက်နှာထားများ ပြောင်းသွား သည်။ ချက်ချင်းပင် ပေခွဲမရသည့် အသွင်များ ထင်ဟပ်လာ၏။ ဒေါက်တာ ကယ်လီကင်နီးယားကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သူပြောလိုသည့် စကားကို ဆက်ပြောလေသည်။ ဘော့စ်ကုမ္ပဏီဟာ ကျွမ်းကျင်တဲ့ မုဆိုးတွေ ငှားပြီး အာဖရိကတိုက်ထဲ က တိရစ္ဆာန်ရိုင်းတွေကို ထောင်နဲ့သောင်းနဲ ့ချီပြီး သတ်ဖြတ်လာခဲ့ကြတာ ဆင်ကုန်သည် ၂၄၃ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ....ရသမျှအသားတွေကို ကုမ္ပဏီအလုပ်သမားတွေ စားခဲ့သောက်ခဲ့ကြပါတယ်၊ ဒါဟာ ‘ရသမျှပစ်”ဆိုတဲ့ ဒဿနိက အမြင်နဲ့ လုပ်နေ ခဲ့ကြတာပါ... ရသမျှတူး' ဆိုတဲ့ ပေါ်လစီအရ အာဖရိက မြေပေါ်က ရသမျှ ဓာတ်သတ္တုပစ္စည်းတွေနဲ့ သယံဇာတပစ္စည်းတွေကို တူးဖော်ယူခဲ့ကြတာလည်း နှစ်ပေါင်းသုံးဆယ်လောက် ရှိခဲ့ပါပြီ...ပြီးတော့ ဝါဂွမ်း၊ မြေပဲနဲ့ တခြားငွေရတဲ့ သီးနှံတွေ စိုက်ဖို့ဆိုပြီး သဘာဝသစ်တောတွေကို ခုတ်ပစ်နေကြတာလည်း မနည်းတော့ပါဘူး...ဒီကြားထဲမှာ နိုက်ထရိတ် ဓာတ်မြေဩဇာတွေသုံးလွန်းလို့ သစ်ပင်တွေရော မြေတွေပါ အဆိပ်မိပြီး ပျက်သုဉ်းကုန်ရတာလည်း များလှပါပြီ၊ ဒါဟာ ရှင်တို့ကုမ္ပဏီရဲ့ 'ရသမျှခုတ်'ဆိုတဲ့ ပေါ်လစီအရ ဖြစ်ပါတယ်” ကံယ်လီကင်နီးယား၏ မျက်နှာသည် စိတ်အားထက်သန်မှုကြောင့် နီရဲနေသည်။ တစ်ကိုယ်လုံးလည်း တုန်ယင်လှုပ်ရှားနေသည်။ “စိုက်ပျိုးထားသမျှသီးနှံတွေကိုလဲ ဒီမြေပေါ်မှာနေတဲ့ လူတွေမစား ကြရပါဘူး၊ ဘော့စ်ကုမ္ပဏီက မြို့ကြီးပြကြီးတွေကိုပိုပြီးရောင်းပစ်ခဲ့ကြပါ တယ်....ဒီလူတွေဟာ ဘော့စ်ကုမ္ပဏီရဲ့ လောဘဇောတိုက်မှုဒဏ်ကို ခါးစည်း ပြီး ခံနေကြရပါတယ်” ဆာပီတာဟယ်ရစ်ဆန်သည် ကုမ္ပဏီအတွင်းရေးမှူးဆီသို့ မျက်ခုံး တစ်ဖက်ပင့်၍ ကြည့်သည်။ အတွင်းရေးမှူးသည် ဗြုန်းခနဲထရပ်လိုက်ပြီး.... “ခင်ဗျားနာမည်ကို သိပါရစေ၊ မေးခွန်းကိုလည်း တိုတိုနဲ့လိုရင်းကို မေးပါ” ဟု ပြောသည်။ “ကျွန်မနာမည် ဒေါက်တာကယ်လီကင်နီးယား၊ ကျွန်မ အခု မေးခွန်း ပေးနေတယ်၊ ကျွန်မရဲ့ ရပိုင်ခွင့်ကို မပေးချင်ဘူးလား” “အခု ခင်ဗျားပြောနေတာ မေးခွန်းမဟုတ်ဘူး၊ တရားဟောနေတာ” “ကျွန်မပြောတာ နားထောင်ပါ" ဟု ကယ်လီက လေသံမာမာဖြင့် ပြန်ပြောသည်။ “ကျွန်မတို့ အစုရှယ်ယာဝင်တွေရဲ့ အကျိုးဖြစ်ထွန်းမှုအတွက် မိုင်ပေါင်း ပျားစွာ ဝေးကွာတဲ့ဒေသက အပူပိုင်းသစ်တောတွေ၊ တိရစ္ဆာန်တွေနဲ့ သဘာ ပစ္စည်းတွေ ပျက်သုဉ်းပြီး လူတွေအားလုံးဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေရကြရပါ တယ်......ဘော့စ်ကုမ္ပဏီရဲ့ အိတ်ထဲကို ငွေတွေ အပြည့်အသိပ်ရလာဖို့အတွက်.... “ခင်ဗျား စည်းကမ်းမဲ့ပြောဆိုနေတာကို အခုချက်ချင်းရပ်လိုက်ပါ”
89.033626
Elephant Trader
Mg Htun Thu
10356
121
________________ ၂၄၄ ဟု အတွင်းရေးမှူးက အော်ဟစ်ပြီးတားသည်။ "ခင်ဗျားမေးခွန်း မေးနေတာ မဟုတ်ပါဘူး” www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ “ဒါဆိုရင် ကောင်းပြီ၊ ကျွန်မ အခု မေးခွန်းမေးမယ်၊ ကျွန်မတို့ အခု ဒီမှာလာပြီး ထိုင်နေကြတဲ့အချိန်မှာ ယူဘိုမို့နိုင်ငံရဲ့ အပူပိုင်းသစ်တောတွေ ပျက်စီးနေတာကို ဘော့စ်ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌကြီးသိပါသလား” “ဟေ့ ... ထိုင်၊ နောက်ထပ်ဘာမှမပြောနဲ့" ဟူသော အော်ဟစ်သံတစ် သံသည် ပရိသတ်ကြားထဲမှ ထွက်ပေါ်လာသည်။ ပြောသည်။. ကယ်လီကင်နီးယားကတော့ လုံးဝ မရပ်၊ သူပြောစရာရှိသမျှကို ဆက် “ဟေ့ ထိုင်၊ ခွေးစုတ်မ” "ဒေါက်တာ ကင်နီးယား၊ ခင်ဗျားလုပ်တာ လွန့်နေပြီ” ဟု အတွင်း ရေးမှူးကအော်သည်။ “ခင်ဗျား အစည်းအဝေးကိုပျက်အောင် လုပ်နေတာပါ" “ကျွန်မ ဥက္ကဋ္ဌကြီးကို စွဲချက်တင်ပါတယ်၊ ရှင်နဲ့ ရှင့်ရဲ့ကုမ္ပဏီဟာ မုဒိမ်းမှု ကျူးလွန်ကြပါတယ်” “ဒီမိန်းမ အရူးမပဲ၊ အခန်းထဲက ဆွဲထုတ်ပစ်” “နင့်ပါးစပ် ပိတ်ထားလိုက်စမ်း” တစ်ယောက်တစ်ပေါက်အော်သံများ ကြားလာရသည်။ လူတစ်ယောက် ကယ်လီအား ဆွဲထုတ်ရန်ရှေ့ သို့ တိုးလာသည်။ သို ့သော်လည်း ကယ်လီအား ဝိုင်းထားသည့် လူငယ်ဒါဇင်ဝက်က ဆီး၍ တားကြသည်။ “ကျွန်မဟာ အစုရှယ်ယာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ဝေဖန်ပိုင်ခွင့်၊ ပြောပိုင်ခွင့်ရှိနေပါတယ်" ဟု ကယ်လီက ပြန်အော်သည်။ သည်။ အော်သည်။ “ဟုတ်တယ်..ဟုတ်တယ်၊ သူပြောချင်တာ ပြောပါစေ" “မပြောစေနဲ့ကွာ...ဒီကောင်မကို ဆွဲထုတ်ကြ” ကယ်လီကင်နီးယားသည် ဆာပီတာ ဟယ်ရစ်ဆန်အား လှမ်းအော် “ကျွန်မမေးတာကိုဖြေပါ” “လုံခြုံရေးအဖွဲ့သားတွေ ဒီကို အမြန်လာကြပါ” ဟု အတွင်းရေးမှူးက ၂၄၅ အခန်းထောင့်များမှ ယူနီဖောင်းဝတ်များသည် ရုတ်ရုတ်သဲသဲ ဖြစ် နေသည့်နေရာသို့ ပြေးလာကြသည်။ လုံခြုံရေးတစ်ဦးသည် ဒင်နီယယ်အား တံတောင်နှင့် တွက်၍ဘေးသို့ တွန်းပစ်သည်။ ဒင်နီယယ်က ခြေတစ်ဖက် ထိုးခံ လိုက်ရသဖြင့် သူ့အားတွန်းသူသည် ခြေကားရား လက်ကားရားဖြစ်ကာ ရှေ့သို့ မှောက်လျက်လဲ၏ ။ အော်သံ ဟစ်သံ ဆဲဆိုသံများနှင့် ကုလားထိုင်များ လဲသံ၊ ကျိုးသံများ ကြားရသည်။ သတင်းစာဆရာများအကြိုက် မြင်ကွင်းသည် ချက်ချင်း ဖြစ်ပေါ် လာ၏။ လုံခြုံရေးဝန်ထမ်း သုံးဦးသည် ကယ်လီကင်နီးယားအား ဝိုင်းထားသည့် လူများကို တွန်းထိုးဖယ်ရှားကာ တိုးလာကြသည်။ ကယ်လိအား ဆွဲထုတ်သွား ရန် ဟန်ပြင်ကြလေသည်။ “ငါ့ကိုမထိနဲ့” ဟု ကယ်လီကအော်ကာ သူ့လက်ထဲမှ အော်လန်ဖြင့် ဆီး၍ ရိုက်၏။ အော်လန်ကျိုးပဲ့သွားသောအခါ လုံခြုံရေးဝန်ထမ်းများက သူ့အား ဝင်ဖမ်းကြ၏။ ဖမ်းမိသည်နှင့်တစ်ပြိုင်နက် အပြင်သို့ ဆွဲထုတ်သွားကြ၏။ ကယ်လီကတော့ ငြိမ်ငြိမ်ဆိတ်ဆိတ် လိုက်ပါသွားသည် မဟုတ်။ ခြေ ထောက်ဖြင့် ကန်သည်၊ လက်သည်းများဖြင့် ကုတ်သည်၊ ပါးစပ်ဖြင့် ကိုက်သည်။ ပရိသတ်သည် လဲကျနေသည့် ကုလားထိုင်များကို ပြန်ယူပြီး ထိုင်ကြ သည်။ သူတို့တွင် ဒဏ်ရာအနာတရဖြစ်မဖြစ် ကြည့်ကြသည်။ ထို့နောက် စင်မြင့်ပေါ်မှ ဆာပီတာဟယ်ရစ်ဆန်၏ စကားကို နားစွင့်ကြ၏။ “ဒေါက်တာ ကယ်လီကင်နီးယားဟာ အင်မတန် စည်းလွတ်ဝါးလွတ် လုပ်တတ်တဲ့ မိန်းမတစ်ယောက်လို့ နာမည်ဆိုးထွက်နေသူပါ၊ အခု သူလုပ်သွား တာကို ဧည့်သည်တော်များ မြင်တွေ့ခဲ့ကြပြီးပါပြီ...အထူး ပြောစရာ မလိုတော့ပါ ဘူး....အခုလို ဆိုးရွားသောင်းကျန်းမှုကြောင့်ပဲ သူ့ကို ယူဘိုမိုနိုင်ငံက နှင်ထုတ်ခဲ့ရ ပါတယ်..သူ့လို လူစားတွေဟာ သစ်ပင်တစ်ပင် လှဲတာ၊ တိရစ္ဆာန်တစ်ကောင် သေတာလောက်ကို ပုံကြီးချဲ့ ပြောပြီး ထောင်နဲ့ သောင်းနဲ့ချီပြီး လူသားတွေ ငတ်နေတာကို ရက်စက်စွာ ကြည့်နေရက်တဲ့ လူတွေပါ” ဆာပိတာသည် စကားကို ခဏမျှရပ်ကာ ပရိသတ်အား အကဲခတ်သည်။ ထို့နောက် စောစောက ပြောသွားသည့် နီးယား၏ စကားများကို ချေပရန် ဆက်လက် သို့ sic.com
87.607278
Elephant Trader
Mg Htun Thu
10356
122
________________ JSG www.burmeseclassic.com မောင်ထွန်းသူ “ကျွန်တော်တို့ ဘော့စ်ကုမ္ပဏီဟာ အကျိုးအမြတ်ရရှိရေးတစ်ခုတည်း ကိုမကြည့်ပါဘူး.ဒီကမ္ဘာကြီးပေါ်မှာ ရှိနေတဲ့ လူတွေ၊ တိရစ္ဆာန်တွေ အပင်တွေ အတွက် ပတ်ဝန်းကျင် လေ့လာရေး စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေပါတယ်. ဒီလုပ်ငန်းတွေအတွက် ကျွန်တော်တို့ဟာ ပေါင်တစ်သိန်းကျော် အကုန်အကျခံပြီး လုပ်နေပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ယုံကြည်မှုအပြည့်အဝနဲ့ ရှေ့ကို ဆက်လက်ချီတက်ကြပါစို့လို့ ဖိတ်ခေါ်အပ်ပါတယ်" အခန်းထဲတွင် အစုရှယ်ယာဝင်များနှင့် ဧည့်သည်တော်များ၏ လက်ခုပ်သြဘာသံများသည် သောသောညံသွားလေသည်။ ဆင်ကုန်သည် ၂၄၇ လန်ဒန် ဟီးသရိုး လေယာဉ်ကွင်းမှ ယူဘိုမိုနိုင်ငံ ခါဟာလီမြို့တော်သို့ လေယာဉ် တိုက်ရိုက်ပျံသန်း၍ မရပေ။ ဒါဟာလီရှိ လေယာဉ်ကွင်းကို “အက်ဖ်ရမ်တပ်ဖာရီ နိုင်ငံတကာလေယာဉ်ကွင်း” ဟု အမည်ပြောင်းလိုက်ပြီ ဖြစ်၏။ သမ္မတသစ် အာဏာရလာသည်နှင့် တစ်ပြိုင်နက် သမ္မတသစ်၏ အမည်ကိုယူ၍ အမည်သစ်ပေးလိုက်ခြင်းပေတည်း၊ သို့သော်လည်း လေယာဉ် ကွင်းကတော့ အခုအချိန်အထိ အပြီးမသတ်နိုင်သေးပေ။ လေယာဉ်ကွင်း တိုးချဲ့ ရေးဟူသော စီမံကိန်းအမည်ဖြင့် သမ္မတသစ်သည် ကမ္ဘာ့ဘဏ်မှ ဒေါ်လာ နှစ်ဆယ့်ငါးသန်း ချေးယူခဲ့၏။ သို့သော်လည်း ဘာကြောင့်ရယ် မသိ၊ နှောင့်နှေးကြန့်ကြာမှုပေါင်း အမြောက်အမြား ပေါ်ပေါက်ကာ ဘာတစ်ခုမှ မည်မည်ရရ အပြီးမသတ်နိုင် ဖြစ်နေရ၏။ မူလချေးငွေမှာလည်း ရေခိုးရေငွေ့ သဖွယ် ပျောက်ပျောက်သွားသဖြင့် အခြေအနေသည် ပို၍ဆိုးလာခဲ့ရ၏။ ခါဟာလီမြို့တွင်း လမ်းများပေါ်၌ လွင့်မျော နေ့သည့် ကောလာဟလသတင်းများအရဆိုလျှင် ကမ္ဘာ့ဘဏ်၏ ချေးငွေများသည် သမ္မတသစ်၏ ဆွစ်ဇာလန်ဘဏ်၌ ဝင်သွားပြီ ဖြစ်၏။ နောက်ထပ် ဒေါ်လာ နှစ်ဆယ့်ငါးသန်း ထပ်မံဈေးသည့်အခါ ကမ္ဘာ့ဘဏ်က အာမခံချက်များ တောင်းsic.com ခံနေသဖြင့် အခုအချိန်အထိ မရသေး။ ဤသို့ဖြင့် ယူဘိုမိုသို့ သွားလိုသူများသည် နိုင်ရိုဘီမှတစ်ဆင့် ဖြတ်သွားကြရလေသည်။
88.456633
Elephant Trader
Mg Htun Thu
10356
123
________________ ၂၄၈ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ ဒင်နီယယ်နှင့် ဘွန်နီတို့သည် ဘီအိုအေစီ လေယာဉ်ဖြင့် နေရိုဘီသို့ လာခဲ့ကြပြီး ထိုမှတစ်ဆင့် ခါဟာလီသို့ ယူဘိုမိုလေကြောင်းပိုင် လေယာဉ်ဖြင့် လာခဲ့ကြရခြင်း ဖြစ်၏။ ပထမနေ့ တွင် ယူဘိုမိုလေယာဉ်ကို မမီလိုက်သဖြင့် နိုင်ရိုဘီနော်ဖော့ ဟိုတယ်၌ တစ်ရက်တည်းနေကြရသေးသည်။ နိုင်ရိုဘီ၌ နားနေ ခိုက်တွင် ဒင်နီယယ်သည် ဘွန်နီ လုပ်ပုံကိုင်ပုံများကို သိလိုမြင်လိုသဖြင့် နိုင်ရိုဘီ တိရစ္ဆာန်ဥယျာဉ်သို့ သွား၍ ဗီဒီယိုရိုက်ကူးစေခဲ့သည်။ ဘွန်နီ၏ သွက်လက် လျင်မြန်မှုများကို သူ သတိမပြုမိဘဲ မနေနိုင်၊ ကင်ပရာ ကိုင်တွယ်ပုံ ကျွမ်းကျင်ခြင်းနှင့် ရဲရင့်ခြင်းများကိုလည်း အသိအမှတ် မပြုဘဲ မနေနိုင်။ ထိုနေ့က ဟိုတယ်သို့ ပြန်ရောက်ပြီး ရေမိုးချိုးပြီးသည်နှင့် တစ်ပြိုင်နက် ဒင်နီယယ်သည် ဘွန်နီ ရိုက်ကူးလာခဲ့သည့် အခွေကို ကြည့်သည်။ ဘွန်နီမာကွန်ကို ငှားမိလိုက်ခြင်းသည် မိမိအတွက်ကံကောင်းသည်ဟု ဒင်နီယယ်က တွက်သည်။ ဘွန်နီ၏ဟန်၊ ဘွန်နီ၏ အမြင်နှင့် အယူအဆ၊ အလင်းအမှောင်ရွေးပုံ စသည်များသည် တစ်ဘာသာထူးခြားသည်ဟုသူထင်သည်။ ဒင်နီယယ်သည် ဘွန်နီအား ချက်ချင်းမချီးကျူးဘဲ မနေနိုင်။ “မင်းသိပ်တော်တယ် ဘွန်နီ" ဟု ပြောမိသည်။ ဘွန်နီက ရယ်၍.... “ဒါ အစပဲ ရှိသေးတယ်၊ လက်စွမ်းကုန် မပြသေးဘူး" ဟု ပြောသည်။ နောက်တစ်နာရီခန့်အကြာတွင် ဒင်နီယယ်နှင့်ဘွန်နီတို့သည် ဟိုတယ် ရှေ့ မြက်ခင်းပြင်တွင် အညောင်းပြေ လမ်းလျှောက်ကြသည်။ အေးမြသော ကင်ညာ နေဝင်ဆည်းဆာရှုခင်းကို ကြည့်ကြသည်။ အခြား ဧည့်သည်များသည် သူတို့လိုပင် အပြင်၌ သွားလာလှုပ်ရှားနေကြသည်။ ဒင်နီယယ်သည် သူတို့အနီ၊ ရှိ ရပ်နေသူတစ်ဦးကို သတိမထားမိ။ “နှောင့်ယှက်မိရင် ခွင့်လွှတ်ပါ၊ ရှင် ဒင်နီယယ်အမ်းစထရောင်း မဟုတ် လား” ဟု မေးသံကြားခါမှ လှည့်ကြည့်မိသည်။ “ဟင်...ဒေါက်တာ ကယ်လီကင်နီးယားပါလား” ဟု ဒင်နီယယ်က ရေရွတ်လိုက်မိသည်။ “ကိုယ် မင်းကို ဘော့စ်ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေးမှာ မြင် ခဲ့သေးတယ် " ၂၄၉ “ဪအစည်းအဝေးမှာ ရှင်လည်း ရှိသကိုး” ဟု ကင်နီးယားက ပြောပြီး ရယ်သည်။ כן “ကျွန်မကတော့ ရှင့်ကို သတိမထားမိခဲ့ဘူး” “ဒါပေါ့၊ အဲဒီအချိန်ကတော့ မင်းက ဒေါပွနေတာကိုး”ဟု ဒင်နီယယ် ပြောပြီးပြုံးသည်။ “မင်းရဲ့အော်လန်ကော ဘယ်လိုဖြစ်သွားလဲ” “ဂျာမန်လုပ် ပစ္စည်းပဲ၊ ဘယ်ခိုင်မလဲ၊ ခေါင်းကို နှစ်ချက်ပဲ ရိုက်လိုက် ရသေးတယ်၊ တစ်စစီ ဖြစ်သွားတာပဲ” ဒင်နီယယ်က ရယ်သည်။ သည်။ “ဟောဒါ ကိုယ့်ရဲ့လက်ထောက် ဘွန်နီမာတွန်ပါ” ဟု မိတ်ဆက်ပေး “တကယ်တော့ ကျွန်မလက်ထောက် မဟုတ်ပါဘူး၊ ကင်မရာမင်းပါ” ဟု ဘွန်ရှိက ပြောသည်။ “ကျွန်မ သိပါတယ်၊ ရှင် ရိုက်ထားတဲ့ ‘အာဟိတ်အပ်မက်” ကို ကျွန်မ ကြည့်ဖူးတယ်၊ တော်တော်ကောင်းတာပဲ” “ကျေးဇူးပါပဲ၊ ဒါပေမဲ့ ကျွန်မကတော့ ရှင့်စာအုပ်ကို မဖတ်ဖူးဘူး” “ကိစ္စမရှိပါဘူး၊ မဖတ်ဖူးတဲ့လူတွေ သန်းပေါင်းများစွာထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ရုံကလွဲပြီး တခြားဘာမှမဖြစ်ပါဘူး” ကယ်လီသည် ဒင်နီယယ်ဘက်သို့ လှည့်လိုက်သည်။ “ကျွန်မ ရှင်ထုတ်ခဲ့သမျှ ဗီဒီယိုကားတွေကို ကြည့်ခဲ့ရတယ်၊ ကျွန်မ အာဖရိကကို စိတ်ဝင်စားသွားတာဟာ ရှင့်ပယောဂနဲ့ မကင်းဘူး.. ကျွန်မ ဘွဲ့ ရဘော့ ဆိုနီယိုကျွန်းကို သွားတယ်၊ ပီနံလူမျိုးစုတွေကြား မှာ သွားပြီး သုတေသနလုပ်နေတယ် အဲဒီတုန်းက ရှင်ထုတ်လွှင့်လိုက်တဲ့ ရစ်ဖိုတောင်ကြားမှတ်တမ်းတင် ကားကို ကြည့်မိရာက ကျွန်မစိတ်ဟာ အာဖရိကကို စိတ်ဝင်စားပြီး ဒီကိုရောက် လာတာပဲ” “အမှန်တော့ ကျွန်မဟာ ရှင့် ပရိသတ်တစ်ယောက်ပါ ..meseclassic.com. ကယ်လီသည် စကားကို. ဖြတ်ထားလိုက်ပြီး ရယ်သည်။ ကျွန်မ
87.099024
Elephant Trader
Mg Htun Thu
10356
124
________________ ၂၅၁ www.burmeseclassic.com မောင်ထွန်းသူ ဒီကိုရောက်လာတာလည်း တခြားကြောင့်မဟုတ်ဘူး...ရှင် နိုင်ရိုဘီကို ရောက်နေ တယ်ဆိုတဲ့ သတင်းကြားလို့ တွေ့ လိုကွေ့ငြား လာကြည့်တာ၊ ကျွန်မ ရှင်နဲ့ စကားပြောစရာ ရှိလို့” “ဒါဆိုရင် မင်းနော်ဖော့ ဟိုတယ်မှာ တည်းသလား” “မတည်းပါဘူး၊ ကျွန်မကရှင့်လို အောင်မြင်ကျော်ကြားနေတဲ့ ရုပ်မြင် သံကြားဇာတ်ကား ထုတ်လုပ်သူမှ မဟုတ်တာ၊ ဒီလို ဟိုတယ်မျိုးမှာ တည်းနိုင်ပါ့ မလား..ကျွန်မက ကျောထောက်နောက်ခံမရှိတဲ့ ဆင်းရဲသား သုတေသီ တစ်ယောက်ပဲ၊ အစားတောင် မြေပဲနဲ့ ငါးခြောက်ကိုပဲ အမှီပြုနေရတာ” “ကဲပါလေ...အစားတစ်ခုခု သွားစားကြရအောင်” ဟု ဒင်နီယယ်က ပြောကာ စားသောက်ခန်းထဲသို့ ခေါ်သွားသည်။ “ရှင် အခုလာကာ ကင်ညာမှာ မှတ်တမ်းတင်ကား ရိုက်ဖို့လား” ဟု ကယ်လီက မေးသည်။ ရောင်း “အခု နိုင်ရိုဘီမှာ ဘာလုပ်စရာ ရှိသေးသလဲ ဒေါက်ကာအမ်းစထ “မင်းကိုယ့်ကို ဒင်နီလို့ပဲ ခေါ်ပါ၊ ကိုယ်တို့ ယူဘို့ဖိုကို သွားကြမှာ" “ဟာ..ဟုတ်လား၊ သိပ်ကောင်းတာပေါ့၊ အခုအချိန်မှာ ရှင့်အတွက် အကောင်းဆုံး အကြောင်းအရာတစ်ခုပဲ၊ ယူဘို့မိုနိုင်ငံအကြောင်းကတော့ ကျွန်မ အများကြီး ပြောပြနိုင်ပါတယ်” သူတို့သည် စားပွဲတစ်လုံးတွင် ဝင်ထိုင်ကြသည်၊ ဒင်နီယယ်သည် အစားအသောက်စားရင်း ကတ်ပြားကို ကြည့်နေသော အမျိုးသမီး နှစ်ယောက် အား ကြည့်၍ နှိုင်းယှဉ်ချက် ထုတ်နေမိသည်။ ဘွန်နီသည် အရပ်ခြောက်ပေခန့်မြင့်၍ ကယ်လီက သူ့ထက် ခြောက် လက်မခန့် နိမ့်လိမ့်မည်ဟု ခန့်မှန်းရ၏။ ဘွန်နီသည် ရဲရဲတင်းတင်း ရှိလွန်းသည်။ ယောက်ျားတစ်ယောက် ပုံစံမျိုး ဖြစ်သည်။ ကယ်လီကတော့ မိန်းမပီသသည်။ သတ္တိကောင်းပုံရ၏။ ဘင်တူတီလူမျိုးစုများကြား၌ အကြောက်အရွံ့ကင်းမဲ့စွာ တစ်ယောက် တည်း နေဝံ့ခြင်းသည် ထူးခြားသော အရည်အသွေးတစ်ခုဟု သူထင်သည်။ ကယ်လီသည် အစားအသောက်စားရင်း ကတ်ပြားကို ချထားလိုက်ပြီ၊ ဆင်ကုန်သည် ဒင်နီယယ်အား မော့ကြည့်သည်။ “ရှင် ယူဘိုမိုကို ဘယ်တော့သွားမှာလဲ” ဟု မေးသည်။ “ကျွန်မတို့ မနက်ဖြန်သွားကြမှာ” ဟု ဘွန်နီက ဝင်ဖြေသည်။ ကယ်လီကတော့ ဘွန်နီအား လှမ်းမကြည့်။ “သမ္မတ အပြောင်းအလဲဖြစ်ပြီးမှ ယူဘိုမိုကို ရောက်ပြီးပြီလား” “မရောက်သေးဘူး” ၂၅၁ ဤအခိုက်တွင် စားပွဲထိုးရောက်လာပြီး အစားအသောက်များ ချပေး နေသဖြင့် နှစ်ဦးစလုံး စကားဆက်မပြောဘဲ ရပ်ထားကြသည်။ စားပွဲထိုး ထွက် သွားခါမှပင် ဒင်နီယယ်က စပြောသည်။ “အခု ယူဘိုမိုမှာ အခြေအနေ ဘယ်လိုရှိလဲ" “မကောင်းဘူး” ဟု ကယ်လီက ဖြေသည်။ “အလျင်သမ္မတ အိုမီရူ လက်ထက်မှာတုန်းကလည်း ပြဿနာတွေ ရှိခဲ့တာပါပဲ၊ ဒါပေမဲ့ အခုလောက်တော့ မဆိုးဘူးလို့ ထင်တယ်...အခုလူ တပ်ဖာရီ ကတော့ တစ်ပါတီစနစ်တို့၊ ရာသက်ပန်သမ္မတတို့ ဆိုဘာတွေ လုပ်နေတာ၊ အကျင့်ပျက်ပြားမှုတွေကလည်း ကြောက်ခမန်းလိလိပဲ၊ ပြည်တွင်းစစ်ကတော့ ဖြစ်တော့မှာ သေချာသလောက်ပဲ” ဒင်နီယယ်က ယူကိုမိုနိုင်ငံတွင်းရှိ လူမျိုးစုများ ပြဿနာကို မေးပြန် သည်။ ကယ်လီက သူသိားသလောက် ရှင်းပြသည်။ သူ့အဆိုအရ လူဦးရေ လေးသန်းတွင် သုံးသန်းနီးပါးသည် ယူဟာလီ လူမျိုးများ ဖြစ်သည်။ ယင်းတို့သည် လယ်ယာလုပ်သားများနှင့် တံငါလုပ်သား များ ဖြစ်ကြသည်။ ဒုတိယအများဆုံး လူမျိုးစုမှာ ဟီတာများဖြစ်ကြ၍ ပစ်ဂမီများ ပုသလောက် သူတို့က အရပ်ရှည်ကာ ထွားကျိုင်းကြသည်။ ယင်းတို့သည် မစ်အတိုက်အခိုက် ဝါသနာပါသူများ ဖြစ်ကြသည်။ လက်ရှိသမ္မတတပ်ဖာရီမှာ ဟိတာလူမျိုး ဖြစ်သဖြင့် အာဏာရှင်ဆန်သည်။ ရာသက်ပန် သမ္မတအဖြစ် ခံယူထားခြင်းဖြစ်၍ လူဦးရေ သုံic.com သာရှိသော ဟီတာတို့က လူဦးရေ သုံးသန်းမျှရှိသော လူအများစုဒ သကဲ့သို့ ဖြစ်နေသည်။ မင်းမူ
87.777386
Elephant Trader
Mg Htun Thu
10356
125
________________ JOJ www.burmeseclassic.com မောင်ထွန်းသူ “မင်းရဲ့ ဘင်ဘူတီတွေ အကြောင်းကော ပြောပြစမ်းပါဦး” ဟု ဒင်နီ ယယ်က မေးသည်။ “ကျွန်မကိုယ်တိုင် လိုက်လာပြီး ဘင်ဘူတီတွေရဲ့ လူမူဆက်ဆံရေး ဘဝကို မှတ်တမ်းတင်မယ်ဆိုရင် ပိုမကောင်းပေဘူးလား”ဟု ကယ်လီက ပြန်ပေးသည်။ “ဟာ... အဲဒါဆိုရင် သိပ်ကောင်းတာပေါ့၊ ဒါပေမဲ့ သမ္မတတပ်ဖာရိက မင်းကိုမုန်းနေ့ဘယ် မဟုတ်လား၊ သူ့မြေပေါ် မင်းခြေချရင် မင်းကို ဖမ်းပြီး နီးရာသစ်ပင်မှာ ကြိုးဆွဲချ သတ်လိမ့်မယ်” ကယ်လီက ရယ်သည်။ အာကာ “ကျွန်မ တောထဲမှာ ငါးနှစ်နီးပါး နေလာခဲ့တာ၊ တပ်ဖာရီရဲ့ စက်ဟာ သစ်ပင်မြင့်မြင့်ကြီးတွေအနား ရောက်တာနဲ့ တစ်ပြိုင်နက် မရှိတော့ဘူး၊ ကျွန်မမှာ မိတ်ဆွေတွေ အများကြီးရှိတယ်၊ တပ်ဖာရီမှာက ရန်သူတွေချည်းပဲ” “ကိုယ်က မင်းနဲ့ ဘယ်လိုဆက်သွယ်ရမလဲ" “ကျွန်မက ဆက်သွယ်ပါ့မယ်” “ဘာပြုလို့ အသက်စွန့်ပြီး ဒီနိုင်ငံထဲ ပြန်ဝင်ဖို့ စိတ်ကူးနေရတာလဲ" ဟု ဒင်နီယယ်က မေးမိသည်။ “မင်းမှာ သူတေသနလုပ်ဖို့ ငွေကြေးအထောက်အပံ့လည်း မရှိဘူး၊ အားပေးကူညီမှုလည်း မရှိဘူး၊ အဆင်မသင့်ရင် အဖမ်းခံရမယ်၊ အသတ်ခံရမယ်၊ မင်းအလုပ်က ဘယ်လောက်များ အရေးကြီးလို့ ဒီလောက်စွန့်စားနေရတာလဲ” ကယ်လီ၏ မျက်နှာထားသည် တည်ငြိမ်သွားသည်။ “တောထဲမှာ လုပ်စရာတွေ အများကြီးရှိတယ်၊ အခုလောလောဆယ် မှာ ဘင်ဘူတီလူမျိုးရဲ့ ဇီဝဗေဒကို ကျွန်မသုတေသန လုပ်နေတယ်...အထူးသဖြင့် ပစ်ဂမီတွေရဲ့ အရပ်ပုမှုကို လေ့လာဆန်းစစ်တာပဲ၊ ဘာကြောင့်သူတို့ အရပ်ပူကြရ တာလဲ၊ ဖွံ့ဖြိုးမှု နှေးကွေးတို့ဆိုင်းနေရတာ ဘာကြောင့်လဲ...ဒီသုတေသနလုပ်ငန်း ကို ကျွန်မက စလုပ်တာ မဟုတ်ပါဘူး၊ ကျွန်မက ရှုထောင့်တစ်မျိုးက လုပ်တာ ပါ..အလျင်က လေ့လာသူတွေဟာ ဟော်မုန်းဓာတ် ဖွံ့ဖြိုးမှုအပေါ် အဓိကထားပြီး လေ့လာနေတာ” ဒင်နီယယ်သည် ညစာ စားပြီးသွားသဖြင့် ကော်ဖီ မှာသည်။ ကယ်လီကတော့ သူ၏သုတေသနလုပ်ငန်း အကြောင်းကို ဆက်ပြောနေသည်။ ဆင်ကုန်သည် ၂၅၃ ဘွန်နီကတော့ ဒင်နီယယ်၏ ကယ်လီအပေါ် စိတ်ဝင်စားမှုနှင့် အရေး ပေးမှုများကို ကြည့်ကာ မနာလိုဝန်တိုဖြစ်လျက် ရှိသည်။ “ရှင့် သုမတသနလုပ်ငန်းက စိတ်ဝင်စားဖို့ သိပ်ကောင်းတာပဲ၊ ပစ်ဂမီ တွေကို ဆေးထိုးပြီး ဟီတာလူမျိုးတွေလို အရပ်ရှည်လာအောင် လုပ်ပေးဖို့ ထိုးဆေးကော ထွင်မယ်လို့ စိတ်မကူးဘူးလား" ဟု ဘွန်နီက ခပ်တည်တည် မေးသည်။ ကယ်လီက ဘွန်နဲ့စကားပေါ် တုံ့ပြန်ခြင်းမပြု။ “ကျွန်မ သုတေသန လုပ်နေတာ နောက်တစ်ခု ရှိသေးတယ်” ဟု ဆက်ပြောသည်။ “ဘင်ဘူတီလို့ခေါ်တဲ့ ပစ်ဂမီတွေဟာ အပင်တွေနဲ့ အပင်တွေရဲ့ အာနိသင်တွေကို သိပ်သိတယ်၊ အထူးသဖြင့် ဆေးဝါးအဖြစ် သုံးလို့ရတဲ့ အပင် တွေရဲ့ အာနိသင်တွေကို သိပ်နားလည်ကြတယ်..ကျွန်မတွေ့ ထားတာကတော့ ဒီသစ်တောကြီးတွေအထဲမှာ အပင်အမျိုးပေါင်း သန်းဝက်ကျော်ကျော်လောက် ရှိတယ်၊ အဲဒီအပင်တွေအထဲမှာ လူကိုအကျိုးပြုနိုင်တဲ့ ဓာတ်တွေ အများကြီးပါ တာ သတိထားနေမိတယ်...အခု လတ်တလောကတော့ ပစ်ဂမီမကြီးတွေရဲ့ အကူအညီနဲ့ သစ်ပင်မျိုးစုံရဲ့ အရွက်တွေ၊ အခေါက်တွေနဲ့ အမြစ်တွေ စုဆောင်း ထားတာ အများကြီး ရနေပြီ...သူတို့ကို ဓာတ်ခွဲပြီး ခွဲခြမ်းစိတ်ဖြာကြည့်နေတုန်းပဲ ရှိသေးတယ်၊ ကျွန်မရဲ့ ဓာတ်ခွဲခန်းကလဲ ထရံကာ သက်ငယ်မိုးတဲဆိုတော့ လုပ်ရ ကိုင်ရတာ အဆင်မပြေလှဘူး” “ကိုယ် လိုက်ကြည့်ချင်တယ်" “ရှင် ကျွန်မနေတဲ့ ဂွန်ဒါလာကို လာခဲ့ပါလား” သူ့လုပ်ငန်းအပေါ် ဒင်နီယယ် စိတ်ဝင်စားနေသည်ကို ကြည့်၍ အားတက်လျက်ရှိသော ကယ်လီသည် ဒင်နီယယ်၏ လက်တစ်ဖက်ကို လှမ်း၍ ဆုပ်ကိုင်ထားပြီး ပြောသည်။ ဘွန်နို့က ကယ်လီ၏ လက်ကို မျက်စောင်း တစ်ချက် ထိုးကြည့်သည်။ “ဒါဆိုရင်တော့ ဆာပီတာဟယ်ရစ်ဆန်ကလည်း အေအိုင်ဒီအက်စ် ရောဂါအတွက် ဆေးဖော်ဖို့ စိတ်ဝင်စားမှာပဲ" ဟု ဘွန်နီက ပြောသည်။ “ဖော်လိုရရှင်လည်း ဘော့စ်ကုမ္မဏီအနေနဲ့ သူတို့ပိုင် ဆေးဝါး ထုတ် sic.com
87.691795
Elephant Trader
Mg Htun Thu
10356
126
________________ ၂၅၄ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ လုပ်ရေး ကုမ္ပဏီကတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို တင်ပို့နိုင်ပါတယ်၊ အမြတ်က တော့ ဘီလီယံနဲ့ချီပြီး.." ကယ်လီသည် သူ့လက်ကိုဖျတ်ခနဲ ရိုက်လိုက်ပြီး ဘွန်နီအား လှည့် ကြည့်သည်။ “ဘော့စ်ကုမ္ပဏီဟာ ဘာလဲ၊ ဆာပီတာက ဘာဆိုင်လို့လဲ”ဟု မေးသည်။ “ဆိုင်တာပေါ့၊ တပ်ဟယ်ရစ်ဆန်က ငွေထုတ်ပေးလို ဒင်နီယယ် ဒီရောက်လာတာပဲ၊ ယူဘိုမိုအကြောင်း ရုပ်ရှင်ရိုက်ပြီး ဘော့စ်ကုမ္ပဏီအတွက် ကမ္ဘာကို ဖြန့်ပေးရမှာ၊ “ယူဘိုမို အာဖရိက၏ အနာဂတ်သို့ သွားရာလမ်း' ဆိုတဲ့ နာမည်နဲ့ ဗီဒီယိုအခွေတွေ ထုတ်ပေးရမှာ..” ကယ်လီသည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်သည်။ စားပွဲပေါ်မှ ကော်ဖီ ပန်းကန်ကို လက်တစ်ဖက်ဖြင့် ပုတ်ထုတ်လိုက်သည်။ ကော်ဖီခွက်သည် ဒင်နီယယ်၏ ရင်ခွင်ကို ထိမှန်ကာ အောက်သို့ ကျသွားသည်။ “ရှင်....ရှင်” ကယ်လီသည် ဒင်နီယယ်အား ဒေါသတကြီး ကြည့်နေသည်။ “ရှင်က ဟယ်ရစ်ဆန်လို သတ္တဝါကြီးနဲ့ တွဲနေတာကို.. ရှင်ဟာ တော်တော်ယုတ်မာတဲ့ ကောင်ပါလား" ကယ်လီသည် စားသောက်ခန်းထဲမှ ထွက်သွားသည်။ ကပျာကယာ ထ၍ နောက်မှ အပြေးလိုက်သွားသည်။ အပြင်ရောက်သောအခါ လမ်းတစ်ဖက်ရှိ ၂၅၀ စီစီတွန်ဒါ မော်တော် ဆိုင်ကယ်ပေါ် ခွထိုင်နေသည့် ကယ်လီအား လှမ်းမြင်သည်။ “ကယ်လီ”ဟု ဒင်နီယယ်က လှမ်းအော်ခေါ်သည်။ “နေပါဦး၊ ကိုယ်ရှင်းပြပါရစေဦး” မော်တော်ဆိုင်ကယ်သည် အရှိန်ပြင်းစွာဖြင့် ထွက်သွားသည်။ ဒင်နီ ယယ်သည် အငှားကားတစ်စီးဖြင့် နောက်မှလိုက်ရန် စိတ်ကူးလိုက်သေးသည်။ သို့သော်လည်း မီဖို့ မလွယ်သည့်အဖြစ်ကို သတိရကာလက်လျှော့ လိုက်သည်။ ဟိုတယ်ဘက်သို့ နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် ပြန် လျှောက်လာသည်။ ဘွန်နို့အပေါ်တွင်လည်း ဒေါသဖြစ်၍ မဆုံး။ သို့သော်လည်း ဟိုတယ် ဝင်ပေါက်အနီး ရောက်သည့်အခါ ဘွန်နီနှင့် 199. ရန်ဖြစ်၍ အကျိုးမထူးနိုင်သည့်အဖြစ်ကို မြင်လာသည်။ လောလောဆယ် ဘွန်နီနှင့် မပြေမလည်ဖြစ်ပါက ကင်မရာမင်းလောင်းတစ်ယောက် လက်လွတ်ရမည်မှာမလွဲ။ ဤအရပ် ဤဒေသတွင် လူစားထိုးဖို့ဆိုသည်မှာ မလွယ်။ဤပြဿနာ သည် ဘော့စ်ကုမ္ပဏီနှင့် စာချုပ်ပျက်သည်အထိ ဖြစ်သွားနိုင်စရာရှိ၏။ သို ့ဆိုလျှင် လပ်ကီးဒရက်ဂွန် ကုမ္ပဏီနှင့် နင်ချင်ပွန်းနောက်လိုက် ရန် ရည်ရွယ်ထားသမျှ အစီအစဉ် အားလုံးပျက်ပြားသွားဖို ့သာ ရှိတော့၏။ သူသည် ဘွန်ဂိုနှင့် ရင်မဆိုင်ဘဲ ရှောင်နေရန် ဆုံးဖြတ်လိုက်သည်။ ဟိုတယ်နှင့် အနီးဆုံး ဘားတစ်ခုသို့သွားကာ ဝီစကီသောက်ရင်း တစ်နာရီနီးပါး မျှ အချိန့်ဖြုန်းလိုက်သည်။ သူ့အခန်းထဲ ပြန်ရောက်ချိန်တွင် ဘွန်နီ အိပ်ပျော်နေပြီ။ နောက်တစ်နေ့ နံနက်တွင် ဟိုတယ်ခ ငွေရှင်းသည့်အခါ ဘွန်နီ၏ တယ်လီဖုန်းဆက်ခ ကင်ညာ သျှီလင် ၁၂၀ ကိုပါ ပေးရသည်။ *မင်း မနေ့ညက ဘယ်ကို တယ်လီဖုန်းဆက်သလဲ” “အမေ့ဆီ ဆက်တာ” ဟု ဘွန်နီ ဖြေသည်။ သူ့မျက်နှာထား မူမမှန် ဖြစ်နေသည်ကို ကြည့်ကာ ဒင်နီယယ် စိတ်ထဲ တွင် ဘဝင်မကျ ဖြစ်သည်။ သို့သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ ဘွန်နီအား နောက်ထပ်မမေးတော့။ ဘွန်နီကတော့ သူ့ဗီဒီယိုပစ္စည်းများ ကားပေါ်တင်နေ သည်ကို သွားကြည့်ဦးမည်ဟု ပြောကာ ရှေ့မှထွက်သွားနှင့်သည်။ ဘွန်နီထွက်သွားသည်နှင့် တစ်ပြိုင်နက် ဒင်နီယယ်သည် ဟိုတယ် တယ်လီဖုန်း အော်ပရေတာဆီ ဆက်သည်။ ညကဘွန်နိဆက်သော ဖုန်းနံပါတ်ကို မေးသည်။ “လန်ဒန် ၇၁၇၆၄၆ ပါ ခင်ဗျား” “အခုတစ်ခါ အဲဒီဖုန်းကို ထပ်ခေါ်ပေးစမ်းပါ " တစ်ဖက်မှ အသံကြားရသည်။ “မင်္ဂလာနံနက်ပါ...၊ ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ” “အခု စကားပြောတာ ဆီလီဘီလား” ဟူ 3 sic.com) ဒင်နီယယ် အသံကို မှတ်မိသည်။ ပို၍သေချာသွားရန်အတွက် မေးလိုက်သည်။
87.310004
Elephant Trader
Mg Htun Thu
10356
127
________________ ၂၅၆ www.burmeseclassic.com မောင်ထွန်းသူ “ဟုတ်ပါတယ် ခင်ဗျာ၊ ဆီလီဘီပါ၊ လူကြီးမင်း သခင်ကြီးနဲ့ စကား ပြောချင်လို့လား" ဒင်နီယယ်က တယ်လီဖုန်းကို ပြန်ချလိုက်သည်။ ဆီလီဘီသည် တပ် ဟယ်ရစ်ဆန်၏ လူယုံတော်တပည့် ဖြစ်၏။ ဘွန်နီသည် တပ်ဟယ်ရုပ်ဆန်၏ တိုက်ခန်းသို့ ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။ ဘာကိစ္စနှင့် ဆက်ရသနည်း....။ “တော်တော့်ကို ထူးဆန်းတာပဲ” ဟု ဒင်နီယယ်က ရေရွတ်သည်။ ဆင်ကုန်သည် ၂၅၇ ဒါဟာလီသို့ ပျံသန်းသည့် ယူဘိုမိုလေကြောင်းဌာနပိုင် လေယာဉ်တွင် ထိုင်ခုံ တိုင်း လူပြည့်နေသည်။ ခရီးသည် အများစုသည် စီးပွားရေးသမားများဖြစ်၍ နိုင်ငံရေးသမား ခရီးသည်ဟူ၍ အနည်းငယ်သာ ပါသည်။ လေယာဉ်မယ်သည် ဟီတာအမျိုးသမီး ဖြစ်သည်။ မကြာမီ လေယာဉ်သည် အဲလ်ဘတ် ရေအိုင်ကြီးပေါ်မှ ဖြတ်သန်း လာသည်။ ဤရေအိုင်ကို ယခုအခါတွင် ‘မိုဘူတူ’ရေအိုင်ဟု အမည် ပြောင်းထား သည်။ ဒင်နီယယ်ကတော့ ဤရေအိုင်၏ သမိုင်းနောက်ကြောင်းကို မပျောက် မပျက်စေနိုင်၍ မူလအမည်ကိုသာ နှစ်သက်ချင်သလိုလို ဖြစ်နေမိ၏။ သူသည် လေယာဉ်ပြတင်းမှနေ၍ အပြင်ဘက်ရှုခင်းများကို ကြည့်ကာ အတွေးရေလျဉ်ကြောတွင် နှစ်မျောလျက် ရှိသည်။ ဘွန်နီကတော့ ပီကေကို ဝါးကာ အပေါစားသိပ္ပံဝတ္ထုတစ်အုပ် ဖတ်နေသည်။ တကယ်တော့ ယူဘိုမိုဟူသော အမည်သည် လွမ်းမောဖွယ်ရာ ကောင်း ၍ လျှို့ဝှက်နက်နဲသော ဇာတ်လမ်းတစ်ပုဒ်၏ အမည်ဟု သူထင်မိသည်။ ဤ ဒေသသို့ ရောက်လာခဲ့သော စပီကိသည် ဤလမ်းမှ ဖြတ်၍ အာဖရိကတိုက် တွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ခြင်း ဖြစ်၏။ ထို့နောက်တော့ စတန်လေဆိုသူနှင့် ထောင်ပေါင်းများစွာyo.com မူဆိုးများ၊ ကျွန်ရှာဖွေဖမ်းသူများ၊ စစ်သားများနှင့် စွန့်စား ဤလမ်းကိုပင် ကျော်ဖြတ်ခဲ့ကြ၏။ များသည်
86.340394
Elephant Trader
Mg Htun Thu
10356
128
________________ ၅၈ www.burmeseclassic.com မောင်ထွန်းသူ တချို့ ပုဂ္ဂိုလ်များ၏ ခန့်မှန်းချက်အရ ဤဒေသတစ်ဝိုက်မှ လူပေါင်း ငါးသန်းခန့် အဖမ်းခံခဲ့ရပြီး တိရစ္ဆာန်များသဖွယ် သံကြိုးကြီးများနှင့် ချည်နှောင် ကာ ကျွဲအုပ်၊ နွားအုပ် မောင်းသလို မောင်း၍ ဤရေအိုင်ကမ်းခြေသို့ သယ်ဆောင် လာခဲ့ကြသည်။ ထို့နောက် လှေကြီးများပေါ်သို့ တင်ဆောင်ကာ ပင်လယ်ကမ်းခြေသို့ ပို့သည်။ ထိုမှတစ်ဆင့် ရပ်ဝေးမြေခြားနိုငံများသို့ ပို့သည်။ ထိုစဉ်က ရှေးခေတ် အာရပ်တို့၏ ရွက်သင်္ဘောကြီးများပေါ်တွင် ဆင်စွယ်များနှင့် ငါးပိငါးချဉ် သိပ် သလို အပြည့်အကျပ် တင်လာသော လူမည်းကျွန်များကိုသာ တွေ့ ကြရသည်။ တကယ်တော့ ထိုရှေးဟောင်းခေတ်အခါက အာဖရိကတိုက်၏ အဓိက ထွက်ကုန်နှစ်မျိုးမှာ လူမည်းကျွန်များနှင့် ရွှေပြုဟုခေါ်နေကြသော ဆင် စွယ် များသာ ဖြစ်သည်မဟုတ်ပါလော...။ ထိုစဉ်က လေတိုက်နှုန်း ကောင်းပါက နှစ်ရက်နှင့် သုံးညအကြာတွင် လိုရာဂရီးသို့ ရောက်နိုင်ကြသည်။ အာရပ် ကျွန်ကုန်သည်ကြီးများသည် သူတို့ ဖမ်းလာသည့် အာဖရိကန်လူမည်းများအား ငါးသေတ္တာထဲ ငါးများထည့်သလို ထည့်၍ တင်လာကြခြင်းဖြစ် အသေအပျောက် အလွန်များသည်။ သို့သော်လည်း ကုန်သည်များအဖို့ ကျွန် ၅ဝ ရာခိုင်နှုန်းခန့် ကျန်လျှင် တွက်ခြေကိုက်နေပြီဖြစ်သဖြင့် ဂရုမစိုက်လှပေ။ ဤရေအိုင်၏ အရှေ့ဘက်ကမ်းသို့ ရောက်သည့်အခါလူသေအား လုံးကိုမိကျောင်းများ၏ အစာအဖြစ်ရေထဲသို့ ပစ်ချပေးလိုက်ကြပြီ။ အသက်ရှင် ကျန်ခဲ့သူများကို ဆက်လက်သယ်ဆောင်သွားကြသည်။ တကယ်တော့ အာဖရိက၏ အဖြစ်သည် ရင်နာစရာ ကောင်းလှ သည်။ ယခုအချိန်ထိ တိုးတက်ဖွံ့ဖြိုးမှု ဖြစ်မလာသေး။ အာဖရိကသည် တိုးတက် ဖွံ့ဖြိုးနေသော ကမ္ဘာကြီးထံ ငိုကြွေးမြည်တမ်းကာ အကူအညီ တောင်းခံလျက် ရှိ၏။ သို့သော်လည်း ကမ္ဘာကြီးအနေဖြင့် မည်ကဲ့သို့သော အကူအညီမျိုး ပေးနိုင် ပါမည်နည်း။ အကယ်၍ ပေးလာသည် ဆိုဦးတော့၊ အာဖရိကအစိုးရများ၊ အာဏာ ရှင်များနှင့် လက်တစ်ဆုပ်စာမျှသော ခေါင်းဆောင်ဆိုသူများသည် အသိဉာဏ် ပညာကင်းမဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ကိုယ်ချင်းစာတရား နည်းပါးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း စသောနည်းလမ်းများကိုသာ အမြဲတစေကျင့်သုံးနေ ကြသည်ဖြစ်ရာ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းလာဖွယ်ရာ မရှိဟုပင် ဆင်ကုန်သည် ယူဆရပေလိမ့်မည်။ ၂၅8 ဒင်နီယယ်သည် သက်ပြင်းတစ်ချက်ချကာ သူ့ဘေးမှ ဘွန်နီအား လှည့်ကြည့်လိုက်သည်။ သူ့အတွေးများကို ဆွေးနွေးပြောပြလို၍ ကြည့်လိုက် ခြင်း ဖြစ်၏။ သို့သော်လည်း ဘွန်နီ၏အပြုအမူမှာ ဤပြဿနာမျိုးအပေါ် စိတ်ဝင်စားမည့်ပုံမျိုး မတွေ့ရ၊ ဒင်နီယယ်သည် မျက်နှာကို လေယာဉ်ပြတင်း ဘက် ပြန်လှည့်လိုက်သည်။ လေယာဉ်ခရီးမှာ လေးနာရီမျှသာ ကြာသည်ဖြစ်ရာ ယခုတစ်ကြိမ် အပြင်သို့ ကြည့်လိုက်သည့်အခါ ယူဘိုမိုကမ်းခြေကိုပင် မြင်နေရပြီ။ အောက်မှ ကလေးသူငယ်များသည် လေယာဉ်ဆီသို့ လက်များ ဝှေ့ယမ်းပြနေကြ၏။ ထို့နောက် “ကျေးဇူးပြု၍ ခါးပတ်များ ပတ်ထားကြပါရှင်” ဟူသော လေယာဉ်မယ်၏ အသံ.... လေယာဉ်သည် တဖြည်းဖြည်း နိမ့်ဆင်းလာသည်။ ထို့ နောက် လေယာဉ်ဘီးများနှင့် မြေပြင် ထိတွေ့ ပွတ်တိုက်သံများ ကြားရသည်။ လေယာဉ် သည် ပြေးလမ်းအတိုင်း ရွေ့လျားနေရာမှ ငြိမ့်ခနဲဖြစ်ကာ ရပ်သွားသည်။ လေယာဉ်တံခါး ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အပြင်မှ အပူရှိန်သည် ဒလဟော ထိုးပြေးဝင်လာသည်။ လေယာဉ်တွင် အဆောက်အအုံများဆီသို့ မရောက်မီမှာပင် သူတို့ တစ်ကိုယ်လုံး ချွေးများဖြင့် နွှဲနေကြလေပြီ။ ဟီတာလူမျိုး စစ်အရာရှိတစ်ဦးသည် ခရီးသည်များကြားမှ ဒင်နီယယ် လက်မြှောက်၍ နှုက်ဆက်သည်။ လူချင်းဆုံမိသောအခါ “ဒေါက်တာ့ကို စာအုပ်ထဲမှာ ဓာတ်ပုံတွေ့ဖူးခဲ့တယ်” ဟု ပြော၍ လက်ဆွဲနှုတ်ဆက်သည်။ “ကျွန်တော် ဗိုလ်ကြီးကာပါ၊ ဒေါက်တာ ဒီမှာနေတဲ့ အချိန်ကာလ အတွင်း လမ်းညွှန်လုပ်ရမယ့်လူပါ၊ သမ္မတကြီးက ကျွန်တော့်ကို မှာလိုက်ပါ တယ်...ဒေါက်တာကို ကြိုဆိုပါတယ်တဲ့။ လိုအပ်သမျှ အကူအညီတွေကို ပေးသွား ပါ့မယ်တဲ့...ဆာပီတာဟယ်ရစ်ဆန်ဟာ သမ္မတကြီးရဲ့ မိတ်ဆွေပါ၊ သမ္မတကြီး ကိုယ်တိုင်လည်း ဒေါက်တာနဲ့ တွေ ့ဖို့ စီစဉ်ထားပါတယ်" ဗိုလ်ကြီးကာဂျိုသည် အင်္ဂလိပ်စကား ကောင်းစွာပြောတတ်သည်။ ဟီတာလူမျိုးဖြစ်သည့်အားလျော်စွာ အရပ်ကလည်း မြင့်သည်။ ဒင်နီယယ်လက် နှစ်လက်မခန့်ပိုမြင့်သည်။ ဒင်နီနယ်က ကာဂျိုအား ဘွန်နီနှင့် မိတ်ဆက်ပေး၏။ ဘွန်နီသည် မချိုမချဉ် မျက်နှာပေးဖြင့် ကာဗျို့ အားကြည့်နေ ။ ဒင်နိ ယယ်သည် ဘွန်နီ၏ အပြုအမူကို မနှစ်သက်။ သူ့ကွယ်ရာမှာ အိတ်တဆိတ်
90.025722
Elephant Trader
Mg Htun Thu
10356
129
________________ ၂၆ဝ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ ကျိတ်၍ တပ်ဟယ်ရစ်ဆန်ထံ ဖုန်းဆက်သည်ကို သိရကတည်းက သဘောမကျ ဖြစ်နေခဲ့သော စိတ်သည် အခုလို အပြုအမူကို မြင်ရသည့်အခါ တိုး၍လာသည်။ ထို့အပြင်လည်း ဘွန်နီအပေါ် ယုံကြည်စိတ်ချမှုက မရှိသလောက်ပင် ကင်းမဲ့သွားခဲ့ပြီ မဟုတ်ပါလား။ ၂၆၁ လဆန်းရက်ဖြစ်သည်။ ကြယ်များသည် လင်းလက်တောက်ပနေကြသည်။ လနှင့်ကြယ်များ၏ အရိပ်သည် ရေပြင်တွင် ထင်ဟပ်နေကြသည်။ ကယ်လီကင်နီးယားသည် လှေဦးပိုင်း၌ထိုင်ကာ ပတ်ဝန်းကျင်ကို ငေးမောနေ၏။ သူသည် ကြယ်များကို မော့ကြည့်ကာ နက္ခတ်အမည်များကို ရေရွတ်ကြည့်နေ သည်။ သူတောထဲ ရောက်နေပြီဆိုလျှင် ကြယ်များကို မြင်ချင်၍ မမြင်ရ။ ကြယ် များရော ကောင်းကင်ပါ ထိပ်ဖျားချင်း သိနေကြသည့် သစ်ပင်မြင့်မြင့်ကြီး၏ နောက်ကွယ်၌ ရောက်နေကြသည် မဟုတ်ပါလား။ ရွက်လှေပဲ့ကိုင်သည် တေးသီချင်းတစ်ပုဒ်ကို ထပ်တလဲလဲ သိဆိုလျက် ရှိသည်။ ရေအိုင်စောင့်နတ်နှင့် လေနတ်သားတို့အား တိုင်တည် ကန်တော့နေ သည့် သီချင်းဖြစ်၏။ ကယ်လီ၏ စိတ်သည် လေနှင့်အတူ လွင့်မျောနေသည်။ ကျသည့်အခါ ကျလိုက်၊ တက်သည့်အခါ တက်လိုက်နှင့် တည်ငြိမ်ခြင်း မရှိ။ သူ သံယောဇဉ်တွယ်နေသော လူများထံ ပြန်လာရသည့်အတွက် ဝမ်းသာကြည်နူးခြင်း ဖြစ်နေရသော်လည်း သူ့ရှေ့တွင် ကာဆီးနေသည့် အန္တရာယ်များကို တွေးကြောက်နေရသဖြင့် စိတ်လွတ်လပ်မှု မရှိ။ သမ္မတအသစ် တက်လာသည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေး၏။ သို့သော်လည်း နေရာတိုင်းတွင် ပျက်စီးမှုများကို တွေ့ မြင်နေကြရပြီ။ ရခဲ့သဖြင့် ပမ်းသာအားတက်ခဲ့ရ၏။ သို့သော်လည်း နှုတ်၏ စောင်မမှုများသာလျှင် ဖြစ်၏။ သူအင်္ဂလန်နှင့် ဥရောပဘက်သို့ ပြန့်ခဲ့ သည် ic,com)
87.657993
Elephant Trader
Mg Htun Thu
10356
130
________________ ၂၆၂ www.burmeseclassic.com မောင်ထွန်းသူ ငွေအားဖြင့် ကူညီအားပေးခြင်း၊ ထောက်ပံ့ခြင်း စသည်များကိုကား ရခဲ့သည်မဟုတ်။ ရုတ်တရက် သူ့အတွေးသည် ဒင်နီယယ်အမ်းစထရောင်းထံ ရောက် သွားသည်။ စိတ်မချမ်းမြေ့ခြင်းသည် ချက်ချင်းဖြစ်ပေါ်လာသည်။ ဒေါသအရှိန်လည်း တစ်မုဟုတ်ချင်း တက်လာသည်။ သူသည် ဒင်နီယယ်အား အထင်အမြင်ကြီးခဲ့သူ ဖြစ်၏ ဒင်နီယယ်၏ ဗီဒီယိုကားများ၊ စာအုပ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဆောင်းပါးများကို ဖတ်၍ လေးစားကြည်ညိုခဲ့သူ ဖြစ်သည်။ လူချင်းမတွေ့ မီက ကြည်ညိုခဲ့သမျှသည် လူချင်းတွေ့လိုက်သည့်အခါ သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။ ဟိုတစ်ချိန်က သူသည် ဒင်နီယယ်ထံ စာနှစ်စောင် ရေးခဲ့ဖူး၏။ ရုပ်မြင်သံကြား ကုမ္ပဏီမှတစ်ဆင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုစာများမှာ ဒင်နီယယ်ထံ မရောက်၍လား..သို ့မဟုတ် ရောက်ပါလျက်နှင့် သတိမေ့၍လားတော့ မပြော တတ်။ ပြန်စာ မရခဲ့။ မည်သို့ပင်ဖြစ်စေ လူချင်းတွေ့လိုက်သည့်အခါ ကယ်လီသည် ဒင်နီ ယယ့်အပေါ် ပို၍အထင်အမြင်ကြီးခဲ့သည်။ အသိဉာဏ်အဆင့်အတန်းလည်း မြင့်၏။ ဝါသနာနှင့် စိတ်ဝင်စားမှုများလည်း တူ၏။ သဘောသကန်လည်း ကောင်း၏။ ထို့ကြောင့် ပို၍အထင်အမြင်ကြီးကာ ယုံကြည်ကိုးစားမိခဲ့၏။ အမှန်အားဖြင့် ကယ်လီသည် သူ အံ့ဩလောက်အောင် အသိဉာဏ် ရှိသော ယောက်ျားသားများကိုသာ အထင်ကြီးတတ်သူ၊ ခင်မင်တွယ်တာတတ်သူ၊ ချစ်ခင်တတ်သူ ဖြစ်လေသည်။ သူ ပထမဆုံးချစ်ခဲ့သော ယောက်ျားမှာ သူ့ထက် အသက်နှစ်ဆယ့် ငါးနှစ်မျှကြီးသော ဆေးတက္ကသိုလ်မှ ပါမောက္ခ ဖြစ်သည်။ ထိုပါမောက္ခမှာ အခုအချိန်ထိ မိတ်ဆွေဘဝ၌ ရှိနေဆဲ ဖြစ်သည်။ နောက်နှစ်ဦးမှာ ကျောင်းနေဖက် များဖြစ်၍ စတုတ္ထလူမှာ နောက်ဆုံး သူနှင့်လက်ထပ်ခဲ့သောလူ ဖြစ်၏။ ပေါလ်သည် သူ့လိုပင် ဆေးဘွဲ့ရပညာရှင်တစ်ဦးဖြစ်၍ သူတို့ လက်ထပ်အပြီးတွင် အာဖရိကသို့ ထွက်လာခဲ့ကြသည်။ အာဖရိကသို့ ရောက်ပြီး ခြောက်လခန့် အတွင်းမှာပင် ပေါလ်သည် တောထဲ၌ မြွေကိုက်၍ သေဆုံး ခဲ့ရသည်။ အခုအချိန်အထိ အခါအခွင့်သင့်တိုင်း ယူဘိုမိုမြစ်ကမ်းပါး အလွန် နက်ခေါင်သော တောကြီးအတွင်းရှိ ပိုးစာပင်ခြေရင်းမှ ပေါလ်၏မြေပုံဆီကို သူသွားနေဆဲ ဖြစ်၏။ ဆင်ကုန်သည် ၂၆၃ နှစ်ပေါင်း သုံးဆယ့်နှစ်နှစ်အတွင်း ချစ်သူလေးဦးမျှ ရှိခဲ့ဖူးသော ကယ်လို့အဖို့ ဒင်နီယယ်အမ်းစထရောင်းသည်လည်း မက်မောတွယ်တာစရာ လူ တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း ဒင်နီယယ်သည် လူသတ်သမား၏ အငှားသနတ်တစ်လက် ဖြစ် နေသည်။ သူလုံးဝ မထင်သောအရာဖြစ်၍ များစွာ စိတ်ထိခိုက်ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့စိတ်ထဲမှ မေ့ပျောက်သွားရန် ကြိုးစားသည်။ သို့သော်လည်း မလွယ်လှသည့် အဖြစ်နှင့် ရင်ဆိုင်နေရလေပြီ။ ရွက် လှေပဲ့ပိုင်းဆီမှ လှေသူကြီးသည် သူ့အား တီးတိုးလေသံဖြင့် လှမ်းခေါ်ပြီး အရှေ့ ဘက်သို့ လက်ညှိုးထိုးပြသည်။ မိုင်ဝက်ခန့်အကွာမှ ကမ်းခြေကို မြင်နေရပြီ။ ကြယ်ရောင်များအောက်တွင် ကမ်းခြေဆီသို့ ပြေးသွားနေသည့်လှိုင်း လုံးဖြူများ...သူ အိမ် သူ့ယာလို ဖြစ်ခဲ့ရသော ယူဘိုမိုသို့ သူရောက်ရပေဦးတော့ မည်။ ရုတ်တရက် လှေသူကြီး၏အော်သံကို ကြားရသည်။ မလှသမားနှစ်ဦး သည် အပြေးအလွှားရောက်လာပြီး ရွက်ကို ဖြုတ်ချလိုက်သည်။ ကပျာကယာလိပ်၍ လှေဝမ်းထဲသို့ ချလိုက်ကြသည်။ လှေသည် မှောင်မည်းနေသော ရေပြင်ထက်ဝယ် ရွက်မပါဘဲမျောလျက် ရှိ၏။ “ဘာလဲ” ဟု ကယ်လီက ဆွာဟီလီဘာသာဖြင့် တိုးတိုးမေးသည်။ သူကိုယ်တိုင်လည်း မော်ဘော်သံကို ကြားလာသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ လှေသမားများသည် ယူဟာလီလူမျိုးများ ဖြစ်၏။ သူတို့ သည် အသက်ကို စွန့်၍ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ကာ သူ့အား လိုက်ပို့ နေကြခြင်း ဖြစ်၏။ သူတို့သည်လှေဝမ်းထဲ၌ ဝပ်ကာ အမှောင်ထုဆီသို့ မျှော်ကြည့်ကြ သည်။ မော်တော်စက်သံသည် ပို၍ကျယ်လာသည်။ ဤကင်းလှည့်မော်တော် သည် လက်နက် တပ်ဆင်ထားသည်ဖြစ်ရာ အန္တရာယ်ပြုနိုင်သော အခြေအနေ ရှိ၏ ။ ရေနံသူဋ္ဌေး အာရပ်စော်ဘွားတစ်ဦးက သမ္မတသစ်အစိုးရcom) လက်ဆောင်ပေးထားသည့် မော်တော်ပေတည်း။ ကယ်လီသည် အရှိန်ပြင်းစွာဖြင့် လာနေသော မော်တော်ကို ကောင်းစွာ မြင်နေရသည်။ တောင်ဘက်မှ လာနေခြင်း ဖြစ်၏။ သူသည် လှေဝမ်းထဲ၌
89.772373
Elephant Trader
Mg Htun Thu
10356
131
________________ ၂၆၄ www.burmeseclassic.com ဆင်ကုန်သည် မောင်ထွန်းသူ ဝပ်ကာ အခြေအနေကို စဉ်းစားသည်။ အခုလမ်းကြောင်းအတိုင်းသာ ဆက်လာ မည်ဆိုပါမူ...သူတို့လှေနှင့် ထိပ်တိုက် တွေ့ တော့မည်မှာ မလွဲ။ မိမိအား တွေ့ပါက အစစ်အဆေးအမေးအမြန်းမရှိဘဲ ပစ်သတ်ကြလိမ့် မည် ဖြစ်ပါသည်။ သမ္မတတပ်ဖာရီအစိုးရ၏ အုပ်ချုပ်ရေးစနစ်အရ ဤအလုပ် သည် တရားဥပဒေနှင့် ညီညွတ်သော အလုပ်ဖြစ်သဖြင့် ဘာမျှ ပြောပိုင်ခွင့်မရှိ။ မည်သို့ပင်ဖြစ်စေ မိမိအား အသက်စွန့် ကူညီနေကြသူများကိုတော့ သူကာကွယ်ပေးသင့်သည်ဟု ထင်၏။ အကယ်၍ ဤလှေပေါ်၌ သူ့ကို မတွေ့ ရ ပါမူ လှေသူကြီးနှင့် လှေသမား ယူဟာလီလူမျိုးအား ရိုက်ပုတ်ကြမည်။ ရောင်းချ စားသောက်ရနိုင်မည့် ပစ္စည်းများကို လုယူမည်။ ထို့နောက် ယူဟာလီများအား ဒဏ်ငွေရိုက်ကာ ရွက်လှေကို သိမ်းမည်။ အသက်သေရမည့် ဘေးကတော့ လွတ်မြောက်ဖွယ်ရာ ရှိ၏။ သူသည် ကျောပိုးအိတ်ကိုယူကာ အထဲမှ လေမွေ့ ရာကို ထုတ်သည်။ လေပြွန်ပေါက်ကို ပါးစပ်ဖြင့်ငုံ၍ အားရှိသလောက် လေမှုတ်သွင်းသည်။ မော်တော်သည် သူတို့ဆီသို့ ဦးတည်၍ လျင်မြန်စွာ လာနေပြီ။ လူသည် လေကို ပြည့်အောင်မှုတ်ဖို့ အချိန်မရတော့။ ရသလောက်နှင့်ပင်ရပ်ကာ လေပြွန်ပေါက်ကို ပြန်ပိတ်လိုက်သည်။ သူသည် ဝပ်နေရာမှ ထရပ်လိုက်ပြီး လှေသူကြီးဘက်သို့ လှည့်၍ နှုတ်ဆက်သည်။ “ရှင်တို့ကို ကျေးဇူးတင်ပါတယ်၊ အာလာဟု သခင်က ရှင်တို့ကို စောင့်ရှောက်ပါစေ.. ဤရေအိုင် ပတ်ပတ်လည်၌ နေထိုင်ကြသည့် ယူဟာလီများသည် မွတ်စလင်များ ဖြစ်ကြသည် မဟုတ်ပါလား... လှေသူကြီးကလည်း ကယ်လိုအား ပြန့်၍နှုတ်ဆက်သည်။ သူ့အသံ တွင် စိတ်အေးသွားသည့် သဘောနှင့် ကယ်လိအား ကျေးဇူးတင်သည့် အရိပ် အငွေ့ ပါနေသည်။ ကယ်လီသည် လှေလက်ရန်းပေါ်၌ ထိုင်ကာ ခြေထောက်များကို တွဲလောင်းချလိုက်သည်။ လေမွေ့ ရာကို ရင်ဘတ်၌ကပ် အသက်ကိုတစ်ချက်မျှ ပြင်းပြင်း ရှူလိုက်ပြီး ရေထဲသို့ ခုန်ချလိုက်သည်။ သူ့တစ်ကိုယ်လုံး ရေထဲသို့ ဖြစ်သွားသည်။ သို့သော်လည်း ချက်ချင်းပင် ပြန်ပေါ်လာသည်။ သူသည် ရေပေါ်၌ ပေါလောတင်နေသည့် လေမွေ ့ရာပေါ်သို့ ကိုယ် ၂၆၅ တစ်ပိုင်း တင်လိုက်ပြီး ခြေနှစ်ချောင်းဖြင့် ရေကိုယက်၍ ကူးခပ်သည်။ နောက်သို့ တစ်ချက်မျှ ပြန်၍ လှည့်ကြည့်သည်။ ရွက်လှေသည် သူနှင့် အတော်ဝေးကွာသည့် နေရာ၌ ကျန်ခဲ့သည်ကို မြင်ရ၏။ သူ့လေမွေ့ ရာသည် ရေစီးထဲတွင် အလွန်လျင်မြန်စွာ မျောပါသွားခြင်း ကြောင့်ပေတည်း။ နောက်တစ်ကြိမ် ပြန်၍ကြည့်လိုက်သောအခါ ရွက်လှေရော မော်တော်ပါ အမှောင်ထုထဲ၌ ကွယ်ပျောက်သွားခဲ့လေပြီ။ သူသည် ခြေနှစ်ဖက်ကို အငြိမ်မထားဘဲ ကူးခပ်မြဲကူးခတ်သည်။ တအားကုန် ကူးခပ်ခြင်းတော့မပြုရဲ။ ဤရေအိုင်ထဲတွင် မိကျောင်းများ ရှိဘတ် သည် မဟုတ်ပါလော..။ မည်သို့ပင်ဖြစ်စေ... လေမွေ့ ရာကတော့ မျောမြဲတိုင်း မျောပါလျက် ရှိ၏။ အတန်ကြာသော အခါ လှိုင်းဖွေးဖွေးများကို မြင်ရသည်။ ထိုလှိုင်းလုံးများသည် ကမ်းတက် လှိုင်းလုံးများ ဖြစ်သည်ကို သူသိနေသဖြင့် အားသစ်ဝင်လာသည်။ တဖြည်းဖြည်း ကူးခတ်ရင်းနှင့်ပင် သူ့ခြေထောက်များသည် သဲပြင်ပေါ် ထောက်မိလာသည်။ မိနစ်ပိုင်းအတွင်းမှာပင် သူ့ခြေထောက်များသည် ခိုင်မြဲစွာ ရုပ်နိုင်လာသည်။ လှိုင်းလုံးတစ်လုံးသည် သူ့အား နောက်မှနေ၍ ဝင်ရိုက်သည်။ သူသည် သောင်ပြင်ပေါ် မှောက်လျက်လဲကျသည်။ အတင်းအားယူ၍ ပြန်ထကာ ကျူပင် များကြားသို့ ဘိုးဝင်ခဲ့သည်။ လက်မှ ရိုးလက်စ်နာရီကို ကြည့်သည်။ လေးနာရီ ထိုးပြီးပြီ။ မကြာခင် အလင်းရောင်ဝင်လာတော့မည်။ ကင်းမော်တော်မှ မြင်သွားပါမူ သူ့အား လာဖမ်းမည်မှာ သေချာသည်။ သို့သော်လည်း ခဏတစ်ဖြုတ်တော့ မနား၍မဖြစ်၊ သူ့ တစ်ကိုယ်လုံး နုံးချည့် နွမ်းနယ်ကာ အသက်ပင် မှန်မှန်မရှူနိုင်လောက်အောင် မောဟိုက်လှပြီ။ နောက်ခဏမျှ အကြာတွင် မှောက်လျက်လှဲနေရာမှ ထထိုင်သည်။ ကျောပိုးအိတ်ကို ပြန်လွယ်သည်။ ရေအိုင်ကမ်းပါးအတိုင်း မြောက်ဘက်သို့ ဦးတည်၍ လျှောက်သွားသည်။ တစ်နာရီခန့် လျှောက်မိ၍ နှစ်မိုင်ခန့် ခရီးပေါက်လာသည့်အခါ အရုဏ်ဦး အလင်းရောင်အောက်မှ ဗလီတစ်ခု၏ ခေါင်မိုးခုံးခုံးကို မြင်ရသည်။ သူ့ခြေလှမ်းများသည် သွက်လာသည်။ မကြာခင် မန်ကျည်းပင် တစ်ပင်အောက်မှ မီးဖိုကို မြင်သည်။ www.bum
89.237392
Elephant Trader
Mg Htun Thu
10356
132
________________ ၂၆ www.burmeseclassic.com မောင်ထွန်းသူ မီးဖိုဘေးတွင် ဆောင့်ကြောင့် ထိုင်နေကြသည့် လူနှစ်ယောက် ....။ “ပက်ထရစ်” မီးဖိုဘေးမှ လူတစ်ယောက်သည် ထိုင်နေရာမှ ခုန်ထပြီး ကယ်လီဘက် သို့ ပြေးလာသည်။ “ဒေါက်တာ ကယ်လီ" “ကင်း မော်တော်နဲ့ တွေ့ လာတယ်” “ဟုတ်တယ် သေနတ်သံတွေလည်း ကြားတယ်၊ ကျွန်တော်တို့က ခင်ဗျားကို မိသွားပြီလို့ ထင်တာ" ပက်ထရစ်အိုမီရူသည် သမ္မတဟောင်းအိုမီရူ၏ တူတစ်ဦး ဖြစ်၏။ ယူဘိုမိုသို့ ရောက်ကတည်းက ကယ်လီနှင့် ရင်းနှီးခင်မင်လာခဲ့သော မိတ်ဆွေ တစ်ဦးပေတည်း။ ။ “မီးဖိုကို ငြိမ်းပစ်လိုက်”ဟု ပက်ထရစ်က သူ့ညီအား လှမ်းပြောသည်။ သူတို့သည့် ကယ်လီအား နှစ်ယောက်ညှပ်၍ တွဲကာ ဗလီ၏ နောက် ဘက် သရက်ပင်ကြီးအောက်၌ ရပ်ထားသော ထရပ်ကားဆီသို့ ခေါ်သွားပြီး ကားပေါ်တင်ပေးသည်။ ရွက်ထည်ကြီးတစ်ထည်ဖြင့် အုပ်ပေးသည်။ ထရပ်ကား ပေါ်တွင် ငါးခြောက်များ တင်ထားသည်ကို တွေ့ ရ၏။ ခဏမျှအကြာတွင် ကယ်လီသည် အိပ်ပျော်သွားသည်။ ဘယ်လို အခြေ အနေမျိုးနှင့်ပင် ကြုံရကြုံရ အိပ်ပျော်အောင် အိပ်နိုင်သည့် အကျင့်ကို သူ ရထားခဲ့ သည်မှာ ယူတိုမိုသစ်တောကြီးများထဲသို့ ရောက်ကတည်းကဖြစ်၍ နှစ်နှင့်ပင်ချီ၍ ကြာခဲ့ပြီ မဟုတ်ပါလား...။ *** ဆင်ကုန်သည် ၂၆၇ အိပ်ရာမှ နိုးလျှင်နိုးချင်း လက်ပတ်နာရီကို ကြည့်သည်။ နံနက် ၉ နာရီထိုးပြီ။ သူသည် အုပ်ထားသည့် တာပေါ်လင် ရွက်ထည်နှင့် ငါးခြောက်အိတ် များကြားမှ အပြင်သို့ မထွက်ရဲ။ စကားပြောသံများ ကြားနေရ၏။ ပက်ထရစ် ကားပေါ်တက်လာပြီး ရွက်ထည်ကို ဖယ်ပေးသည်။ “တို့ ဘယ်ရောက်နေကြတာလဲ ပက်ထရစ်”ဟု ကယ်လီက မေးသည်။ “ခါဟာလီမြို့ဟောင်း၊ ဒီမှာကတော့ လုံခြုံသင့်သလောက် လုံခြုံပါ တယ်" ဟု ပတ်ထရစ်က ဖြေသည်။ ကယ်လီသည် ကားပေါ်မှ ခဏဆင်း၍ ပက်ထရစ်၏မိန်းမ ပြင်ပေး သော အစားကို စားသည်။ သမ္မတဟောင်းအိုမီရူ၏ ဆွေမျိုးယောက်ျားများသည် သူ့အားလာ၍ နှုတ်ဆက်ကြသည်။ အတော စကားစမြည် ပြောကြသည်။ ကယ်လီ အင်္ဂလန် ပြန်နေသည့် အ အတွင်း ယူဘိုမို၌ ဖြစ်ပျက်ခဲ့သမျှကို ပြောပြကြသည်၊ ဝေဖန်သုံးသပ်ကြသည်။ ညပိုင်းတွင် ထရပ်ကားသည် ငါးခြောက်ခြင်းကြီးများတင်၍ ခရီး ဆက်သည်။ ခြင်းများအောက်တွင် ကယ်လီအတွက် ပုန်းစရာနေရာတစ်ခု လုပ်ပေးထားသဖြင့် လိုက်လာရသည်မှာ သက်သောင့်သက်သာ ရှိသည်။ ယခု ထွက်လာသည့် ခရီးသည် မိုင် ၃ဝဝ မျှ ရှိသည်။ ကယ်လီသည် တစ်လမ်းလုံး အိပ်၍ လိုက်လာခဲ့သည်။ classic.com တစ်ခါတစ်ရံကျတော့လည်း သူ့အတွက် ဖောက်ပေးထားသည် ချောင်း ကြည့်ပေါက်ကလေးမှနေ၍ အပြင်သို့ ကြည့်မိသည်။ လမ်းဘေးဝဲယာတွင် သစ်ပင်ဟူ၍ မရှိ။ လွင်တီးခေါင်ကြီးတစ်ခုသဖွယ် ဖြစ်နေသည်။
86.469447
Elephant Trader
Mg Htun Thu
10356
133
________________ ၂၆၈ အပူရှိန်ကလည်း ပြင်းလှပါဘိခြင်း...။ www.burmeseclassic.com မောင်ထွန်းသူ ယူဘိုမိုတွင် အပူချိန်သည် တစ်နှစ်ထက်တစ်နှစ် တိုး၍သာ လာနေ သည်ဖြစ်ရာ မကြာမီ ဆာဟာရသဲကန္တာရ အငယ်စားလေး ဖြစ်သွားလိမ့်မည်ဟု ထင်ရ၏။ သစ်တောများမှာလည်း ယခင်ကလို မဟုတ်။ အခုတ်အလှဲ များလွန်း သဖြင့် ပြောင်သလင်းခါလျက်ရှိနေပေပြီ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကြည့်ကာ ကယ်လီသည် စိတ်မကောင်းဖြစ်လျက် ရှိ၏။ ရုတ်တရက် ထရပ်ကားသည် ရပ်သွားသည်။ ကယ်လီက ချောင်း ကြည့်သည်။ လမ်းဘေး စတိုးဆိုင်တစ်ဆိုင်ရှေ့၌ ရပ်လိုက်ခြင်း ဖြစ်၏။ ပက်ထရစ်နှင့် သူ့ညီသည် ကားပေါ်မှ ငါးခြောက်ခြင်းကြီးများ ချသည်။ ကယ်လီအား အဆင်သင့် ပြင်ထားရန်လည်း မှာလေသည်။ ဆိုင်ရှေ့၌ ရပ်ထားသည့် သစ်လုံးတင် ထရပ်ကားကြီး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပက်ထရစ်သည် ကားဆီသို့ အပြေးအလွှား ပြန်ရောက်လာသည်။ “ဒေါက်တာကယ်လီ အခုနှေဘုန်း မြန်မြန်ဆင်းပြီး မြန်မြန်သွားပေ တော့၊ မကြာခင်မှာ ကင်းလှည့် စစ်သားတွေ ရောက်လာလိမ့်မယ်လို့ စတိုးဆိုင်ရှင် ပြောတယ်” Y ကယ်လီသည် ပုန်းနေရာမှ ထွက်လာပြီး ကားပေါ်မှ ခုန်ဆင်းသည်။ ပက်ထရစ်ကို့ ညီအစ်ကိုအား ကပျာကယာ နှုတ်ဆက်ကာ လမ်းဘေးငှက်ပျော ခြံကြီး တစ်ခြံသို့ ဝင်၏။ ထိုမှတစ်ဆင့် ခြံစည်းရိုးတစ်ပေါက်ကို ဖြဲထွက်ကာ သစ်တောကြီး အတွင်းသို့ ဝင်ခဲ့သည်။ ကယ်လီသည် မရပ်မနား လျှောက်လာခဲ့သည်။ တောထဲ ခြေချမိသည့် အချိန်မှစ၍ သူ့ဘဝသည် လုံခြုံမှု ရှိသွားခဲ့ပြီဖြစ်ရာ ဘာကိုမျှ တွေးတောခြင်း မပြုတော့၊ မွန်းလွဲပိုင်းတွင် မိုးသည်းထန်စွာ ရွာလေသည်။ သို့သော်လည်း သူ သည် မိုးခိုရန် စိတ်မကူး။ မိုးရေထဲမှာပင် သီချင်းတအေးအေးနှင့် ဆက်လျှောက် သည်။ ဤသို့ဖြင့် တစ်နေ့တာ ကုန်ဆုံးပြီး နေဝင်သွားလေသည်။ ထိုညအဖို့ ကယ်လီသည် သစ်ပင်ကြီးတစ်ပင်ခြေရင်းရှိ ဂူတစ်လုံးထဲ၌ ပင်၍ စခန်းချသည်။ ပစ်ဂမီများနှင့် အနေကြာလာခဲ့သော ကယ်လီသည် အကြောက်အရွံ့မရှိ။ မီးဖိုတစ်ဖိုနှင့် အေးအေးဆေးဆေးပင် နားသည်။ နောက်တစ်နေ့နံနက်တွင် သူသည် ခရီးဆက်ရပြန်၏။ နေ့ခင်းပိုင်း ဆင်ကုန်သည် ၂၆၉ တွင် သူသည် လမ်းတစ်ခုမှနေ၍ အနောက်တောင်ဘက်သို့ ဦးတည်ပြီး လျှောက် သည်။ စမ်းချောင်းတစ်ခုသို့ ရောက်သည့်အခါ တစ်ခဏမျှထိုင်၍ အမောဖြေ သည်။ ရေချိုးသည်။ သူနေထိုင်ရာ ဂွန်ဒါလာ” သည် မဝေးတော့။ နောက်နာရီအနည်းငယ်မျှ ကြာလျှင် ရောက်ပေတော့မည်။ သူသည် ကျောပိုးအိတ်ထဲမှ ဘီးကိုထုတ်၍ ဆံပင်ကို ဖြီးသည်။ ထိုအခိုက်မှာပင် အသံ တစ်သံ သူကြားလိုက်ရသည်။ သူသည် ဖျတ်ခနဲ ထရပ်လိုက်၏ အသံက လန့်စရာကောင်းသည်။ ဘာသံပါလိမ့်။ ကျားသစ်သံနှင့် တူသလိုလိုရှိ၏။ သို့သော်လည်း ကျားသစ်ဆိုသည့် သတ္တဝါသည် ညဉ့်သတ္တဝါဖြစ်၏။ အခုလို နေ့ခင်းကြောင်တောင်တွင် အပြင်သို့ ထွက်၍ ကျက်စားလေ့မရှိ။ အသံကို ထပ်၍ကြားရပြန်၏။ ကျားသစ်သံမှ ကျားသစ်သံအစစ်။ အသံသည် စောစောကထက် နီးကပ်လာ၏။ ကယ်လီသည် ဦးခေါင်းကိုထောင်၍ နားစွင့်၏။ ထူးဆန်းလှသည့် အသံဟု သူထင်၏။ သူသည် ထိုင်နေသည့် သစ်တုံးပေါ်မှဆင်း၍ ဘေးနားတွင်ကပ်ပြီး ဝပ်နေ၏။ လမ်းလျှောက်တုတ်ကိုလည်း လက်နှစ်ဖက်ဖြင့်သာအားဆုပ်ကိုင်ထားသည်။ တစ်တောလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျားသစ်၏အသံကို နားစွင့်နေကြသည်ဟုပင် ထင်ရသည်။ နောက်ထပ် အော်သံကြားရပြန်သည်။ အသံသည် နီးကပ်လွန်းလှ၏။ သူငပ်နေသော နေရာနှင့် ပေ ၅ဝ ခန့်အကွာ ကမ်းပါးအထက်မှ လာခြင်းဖြစ်၏။ ယခုတစ်ကြိမ်တွင်မူ ကယ်လီ၏ ရင်ထဲ၌ သံသယဝင်လာသည်။ ကျားသစ်သံအပေါ်တွင် သင်္ကာမကင်း ဖြစ်လာသည်။ သူသည် ဝပ်နေ ရာမှ တဖြည်းဖြည်းချင်း အသံလာရာဆီသို့ တွားသွားသည်။ အနီးရောက်သည့် အခါ သတ္တဝါပုန်းနေလိမ့်မည်ဟု ထင်သည့် ချုံပင်များကို လက်ထဲမှ တုတ်ဖြင့် တအားလွှဲ၍လွှဲ၍ ရိုက်၏ ။ ချုံထဲမှ ပြေးထွက်လာသည့် လူပုကလေး တစ်ယောက်။ “တော်တော်အကျင့်ယုတ်တဲ့ အဘိုးကြီး” ဟု ကယ်လီက အော်ပြော Com “သက်သက်မဲ့ လူကို လန့်အောင်လုပ်တယ်” လူပုကလေးသည် ချုံများကြားမှ ကိုးထွက်လာ၏။ ကယ်လီအား ကြည့်ပြီး ရယ်သည်။ ကယ်လီကလည်း အားရပါးရ ရယ်သည်။
88.962682
Elephant Trader
Mg Htun Thu
10356
134
________________ ၂၇ဝ www.burmeseclassic.com မောင်ထွန်းသူ “ဆီပူး ရှင်ဟာ တော်တော်ဆိုးတဲ့လူကြီးပဲ” ဟု ကယ်လီက ပြော၏။ သူတို့သည် ဆွာဟာလီ၊ ယူဟာလီနှင့် ဟီတာ ဘာသာစကားသုံးမျို၊ ရောနေသည့် “ဝါဇွန်ဝူးဘာသာ' စကားဖြင့် စကားလက်ဆုံကျနေကြသည်။ ဘင်ဘူတီဟု ခေါ်နေကြသော ပစ်ဂမီလူမျိုးစုများတွင် သူတို့၏ ကိုယ်ပိုင်ဘာသာစကား ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သူတို့ ယခုပြောနေကြသည့် ဘာသာစကားမှာ သူတို့နှင့် အထိအတွေ့ အဆက်အဆံ ရှိလာခဲ့သော ဆွာဟာလိ၊ ယူဟာလီနှင့် ဟီတာလူမျိုးများ၏ ဘာသာစကားများကို ရော၍ပြောဆိုနေကြသည့် ထူးဆန်းသော စကားတစ်မျိုး ဖြစ်သည်။ “အဘိုးကြီး ဆီပူးက ခြောက်လို့ ကာရာကီ ကြောက်သွားတယ်” ဟု ́ဆီပူးက ပြောသည်။ ကာရာကီဟူသောအမည်မှာ ကယ်လီအား ပစ်ဂမီများက မှည့်ထား သော နာမည်ဖြစ်သည်။ “မကြောက်တတ်သူ”ဟု အဓိပ္ပာယ်ရ၏။ ဆီပူးက သူ ယနေ့နံနက် မျောက်တစ်ကောင်ကို မြားနှင့်ပစ်၍ ရလာ ကြောင်း၊ မျောက်သားကို ဆားနှင့် နယ်ထားကြောင်း၊ ကားလမ်းဘေးမှာ ထိုင်၍ ရောင်းရန် စိတ်ကူးထားကြောင်း ပြောပြသည်။ ထို့နောက် သူသည် ထင်းခြောက် များနှင့် မီးဖိုကာ ပါလာသည့် မျောက်သားကို ကင်၏။ မျောက်သားတင်ကို စားရင်း စကားစမြည် ပြောဖြစ်ကြပြန်၏။ ကယ်လီက ဆီပူးအား သူ့ဆွေမျိုးများနှင့် သူ့မိန်းမ ပင်ဘာ အကြောင်း မေး၏။ “ငါ့မိန်းမကတော့ သစ်ပင်ထိပ်ဖျားက မျောက်မတစ်ကောင် အော်သကဲ့သို့ မြည်တွန်တောက်တီးနေတာပဲ ကာရာကီ၊ တစ်ခါတလေကျရင်တော့ ဟိုးမိုးပေါ် က မိုးခြိမ်းသံလို အသံမျိုး ထွက်ထွက်လာတယ်ကွယ့်” ဟု ဆီပူးက ပြော၏။ ဆီပူးသည် အိမ်ထောင်သက် အနှစ်လေးဆယ်မျှရှိပြီ ဖြစ်ခဲ့ရာ သူ့မိန်းမ အဘွားကြီး ပင်ဘာကို အလွန်သံယောဇဉ်ကြီး၏။ အခုလည်းသူသည် ပင်ဘာ အကြောင်းပြောရင်း တစ်စုံတစ်ခု တွေးမိဟန်ဖြင့် ပြုံးနေ၏ ။ ဝင်ကုန်သည် ၁ “ငါ့မိန်းမက အလွန်ဆိုးတဲ့ အဘွားကြီးကွ၊ ငါက ကောင်မငယ်ငယ် ချောချော လေးတစ်ယောက် ရှာယူမယ်ပြောတော့ ဘာပြန်ပြောတယ် ထင်သလဲ၊ နင့်လို ရွတ်တွကြီးကို ယူချင်လောက်အောင် မိုက်လုံးကြီးတဲ့ ကောင်မရှိမှာလားတဲ့...” ဆီပူး သည် သူ့ပြက်လုံးကို သဘောတွေ့ကာ အားရပါးရရယ်သည်။ လက်တွင် ပေနေ သည့် မျောက်သားမှ အဆီများကို သူ့ပေါင်နှစ်ဖက်တွင် ပွတ်၍သုတ်သည်။ “တခြားလူတွေကော နေကောင်းကြရဲ့လား” ဟု ကယ်လီကမေးသည်။ “အဆင်ကောပြေကြရဲ့လား၊ ရှင့်အစ်ကို ပီရီကော ဘယ်လိုလဲ” ပိရိအကြောင်းမေးခြင်းသည် သူတို့အုပ်စုထဲ၌ပင် ပဋိပက္ခတစ်ခုခု ရှိနေ သံလားဟု သွယ်ဝိုက်၍ စုံစမ်းလိုက်သည့်သဘော ဖြစ်၏။ သူတို့ အုပ်စုထဲတွင် ဆီပူးနှင့်ပီရီ ညီအစ်ကိုသည် မအေတူဖအေကွဲ ပြိုင်ဘက်များ ဖြစ်၏။ သူတို့ အုပ်စုထဲတွင် အသက်အကြီးဆုံးနှင့် အတော်ဆုံး မုဆိုးကျော် များ ဖြစ်သည်။ အမှန်တော့ ယင်းအရည်အချင်းများကြောင့် သူတို့နှစ်ယောက် သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးကြဖို့ကောင်းသည်။ သို့သော်လည်း စိတ်ချင်းမတူ၊ ဆီပူး၏ အစ်ကိုဝမ်းကွဲ ပီရီသည် ပစ်ဂမီ အစစ်မဟုတ်။ ပီရီ၏ အဖေသည် ဟီတာတစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများ စွာက အပျိုစင်မလေးဖြစ်သော သူတို့မိခင်သည် သစ်တောကြီးအစွန်းသို့ ရောက် COIT သွားခဲ့ရာ ဟီတာမုဆိုးအဖွဲ့နှင့် ဆုံမိသည်။ ယင်းတို့က ပစ်ဂမီမလေးအား ဖမ်းဆီးပြီး သူတို့စခန်းတွင် နှစ်ညတိတ် သိပ်ထားသည်။ ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုပါက ဟီတာများသည် ပစ်ဂမီမလေး အား သတ်ပစ်ဖို့ ရှိ၏။ သို့သော်လည်း သူတို့မသတ်ခင် ပစ်ဂမီမကလေး
88.511749
Elephant Trader
Mg Htun Thu
10356
135
________________ ၂၇၂ www.burmeseclassic.com မောင်ထွန်းသူ လွတ်မြောက်လာခဲ့သည်။ ယင်းဖြစ်ရပ်ကို အကြောင်းပြု၍ ပီရီကိုမွေးဖွားလာခဲ့ရာ သူတို့လူမျိုးအုပ်စုထဲတွင် အရပ်အမြင့်ဆုံး လူတစ်ယောက် ဖြစ်လာသည်။ အသားအရောင်ကလည်း တခြားလူတွေလို သိပ်ပြီးမမည်း။ ပါးစပ်နှင့် နှာခေါင်းသည် ဟီတာလူမျိုးနှင့် တစ်ထေရာတည်း တူသည်။ အကျင့်စရိုက်ကျ တော့လည်း များစွာခြားနား၏။ ပီရီသည် နိုင်ထက်ကလူပြုချင်တတ်ရုံမက သိလိုမြင်လို စူးစမ်းလိုသော စိတ်လည်း ရှိသည်။ ဆီပူးနှင့် ကယ်လီတို့သည် နေအလင်းရောင်ပျောက်ချိန်အထိ စကား ကောင်းနေကြဆဲ..။ လေထဲတွင် မိုးနံ့များပါလာနေသည်ကို သူတို့သတိထားမိ ကြသည်။ ဤမိုးသည် ပြင်းထန်ကြီးမားမည့် လက္ခဏာရှိသည်ကိုလည်း သိနေကြ သည်။ ဆီပူးနှင့် ကယ်လီတို့သည် ပစ်ဂမီများ လုပ်နေကျအတိုင်း အနီးအနားရှိ သစ်ရွက်များနှင့် အမိုးအကာများရက်ကာ ယာယီတဲလေးတစ်လုံး ထိုးကြသည်။ ထိုတစ်ည ထိုတဲမှာပင် မိုးခိုကြသည်။ ထိုညက ရုတ်တရ) အိပ်မပျော်ကြသဖြင့် နှစ်ဦးသားစကားလက်ဆုံ ကျ ပြန်သည်။ ဆီပူးက သူတို့နတ်ဘုရားများ၏ သွေးများစီးဆင်းနေသည့် မြစ်များအကြောင်း ပြောပြသည်။ ကယ်လီကလည်း ထိုမြစ်ကို သူကြည့်လိုသည်ဟု ပူဆာ၏။ နောက် တစ်နေ့နံနက် အရုဏ်တက်တွင် သူတို့သည် ဂွန်ဒါလာသို့ မပြန်သေးဘဲ ပစ်ဂမီ များက “တက်ဂါမြစ်” ဟု ခေါ်သော မြစ်ဆီသို့ ခရီးဆန့်ကြသည်။ တက်ဝါမြစ်မှာ ယူဘိုမိုမြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်၍ပေ ၅ဝ ကျယ်၏။ ကမ်းပါးတစ်ဖက်တစ်ချက်တွင် သစ်တောကြီးများ ဖုံးလွှမ်းလျက်ရှိ၏။ ဆီပူးပြောသည့်အတိုင်းပင် မြစ်ရေသည် အနီရောင်ဖြစ်၏။ သို့သော် လည်း သွေးရောင်မဟုတ်၊ နီညိုညိုအသွေးရောင် ဖြစ်၏။ “ဘာဖြစ်လို့ အခုလို ဖြစ်နေတာလဲ” ဟု ကယ်လီက မေးလေသည်။ “ငါလည်း မသိဘူး” ဟု ဆီပူးက ဖြေသည်။ “အဘ ဟိုး...မြစ်ညာအထိ တက်သွားပြီး ကြည့်ဖူးသလား" “မကြည့်ဖူးဘူး” “ဒါဆိုရင် ကျွန်မတို့ သွားကြည့်ကြရအောင်” နှစ်ယောက်သား မြစ်ညာသို့ ခရီးဆက်ကြပြန်သည်။ နှစ်ရက်ကြာမျှ သွားမိသောအခါ အဖြေကို တွေ့ လာသည်။ မြစ်ညာရှိ မြေများသည် အနီရောင် များ ဖြစ်သည်။ ထိုမြေနီများကို တိုက်စားပြီး စီးဆင်းလာရသော မြစ်ရေသည် အဘယ်မှာလျှင် မနီဘဲ နေပါမည်နည်း။ ဤသို့ဖြင့် သူတို့သည် လမ်းခရီးတွင် မကြန့်ကြာသင့်ဘဲ ကြန့်ကြာ ခဲ့ရသည်ဖြစ်ရာ နောက်ငါးရက်အကြာမှာပင် ဂွန်ဒါလာသို့ ရောက်ခဲ့ကြသည်။ ဆင်ကုန်သည် ၂၇၃ ဂွန်ဒါလာ၏ တည်နေပုံသည် ထူးခြားသည်။ သစ်ပင်ဟူ၍ လုံးဝမရှိသော ဆင်ငို မြက်ပင်ကြီးများ ပေါက်ရောက်နေ့သည့် မြေကွက်လပ်တစ်ခုဖြစ်၏။ အကျယ်မှာ ဧက ၁ဝဝ နီးပါးခန့် ရှိ၏။ မြေကွက်လပ်၏ တောင်ဘက်စွန်းတွင် သစ်တောများ လွှမ်းခြုံနေသည့် တောင်ကုန်းများ တည်ရှိသည်။ ဤသစ်ဘာမှ သစ်ရိပ်ပါးရိပ်များသည် တစ်နေ့ လုံးလိုလိုပင် မြေကွက်လပ်ပေါ် ကျရောက်နေသဖြင့် အပူပိုင်းဒေသ၏ နေရောင် ကို တိုက်ရိုက်မခံရပေ။ ဤမြေကွက်လပ်ကို စမ်းချောင်းနှစ်ခုက ရံထားသည်၊ ကောင်ကုန်း ဆင်ခြေလျှောများသည် အနောက်မြောက်ဘက်သို့ နိမ့်ဆင်းနေကြသည်။ဤ နေရာသည် ယူဘိုမူချိုင့်ဝှမ်းဒေသတွင် အမြင့်ပိုင်း၌ တည်ရှိနေသဖြင့် အပေါ်စီး ရထားသော နေရာဖြစ်သည်။ ပြန့်ပြူးသော ကွင်းပြင်ဖြစ်၍အေးမြသော လေကိုရသည်။ နက်ရှိုင်း သော သစ်တောထဲလောက် စိုစွတ်ထိုင်းမှိုင်းခြင်း မရှိ၊ ကယ်လီသည် တောအုပ် အစွန်၌ ရပ်ကာ မိုင် ၁ဝဝ ခန့် အကွာမှ တောင်ထိပ်များဆီသို့ မျှော်ကြည့်နေ သည်။ ထုံးစံအတိုင်းဆိုပါက လစန္ဒာတောင်ထိပ်များသည် တိမ်လွှာတိမ များအောက်၌ ပုန်းကွယ်နေလေ့ရှိသော်လည်း ယနေ့နံနက်ကျတော့ စင်ကာ လှပထည့်ဝါလျက် ရှိသည်။ ကယ်လီ အိမ်အပြန်ခရီးကို ဆီးကြိုတ်ဆက် နေသည်ဟုပင်.ထင်ရလောက်၏။ .com
88.959212
Elephant Trader
Mg Htun Thu
10356
136
________________ ၂၇၄ www.burmeseclassic.com မောင်ထွန်းသူ သူသည် မြေကွက်လပ်အတွင်းမှ သူ့အိမ်နှင့် သူ့ဓာတ်ခွဲခန်းဆီသို့ လှမ်း ကြည့်သည်။ သစ်လုံးများ ရွှံ့စေးများဖြင့် တည်ဆောက်ထားခြင်းဖြစ်၍ အမိုးမှာ သက်ငယ် ဖြစ်၏။ ဤမျှလောက် အဆောက်အအုံကိုပင် သူသည် သုံးနှစ်ကြာမျှ အချိန်ယူ၍ တည်ဆောက်ထားခဲ့ရခြင်းဖြစ်သည်။ တောင်စောင်းအောက်ခြေပိုင်းများတွင် စိုက်ပျိုးခြံများရှိ၍ ဘေးပတ် ပတ်လည်မှ ခြံစည်းရိုးများ ခတ်ထားသည်။ စိုက်ပျိုးခြံများအတွင်းတွင် စမ်းချောင်းများမှ ရေးသွင်းယူ၍ စိုက်ပျိုးထားသည့် ဟင်းသီး ဟင်းခင်းများရှိ၏။ ယင်းတို့သည် ဂွန်ဒါလာ အုပ်စုအတွင်းမှ လူများ၏ စားရေးအတွက် တည်မှီရာ စိုက်ခင်းများပေတည်း။ သစ်တောထဲမှ ထွက်လာသော ကယ်လီတို့ # စိုက်ခင်းထဲရှိ အလုပ် လုပ်နေကြသည့် မိန်းမတချို့က မြင်သည်။ ကယ်လီ အား နှုတ်ဆက်ရန် ပြေးလာကြ၏။ တချို့မှာ ဘင်ဘူတီ (ပစ်ဂမီ) များ ဖြစ်ကြ၍ အများစုမှာ ယူဟာလီများ ဖြစ်သည်။ ရောင်စုံမျိုးစုံ စကတ်များဝတ်ထားကြသည်။ သူတို့သည် ကယ်လီအား ဝိုင်းအုံနှုတ်ဆက်ကာ အိမ်ပေါက်အထိ လိုက်လာကြသည်။ ဓာတ်ခွဲခန်းအတွင်းမှ အပြင်ဝရန်တာသို့ လူတစ်ယောက် ထွက်လာ၏။ ဆံပင်များမှာ စတန်လေတောင်တန်းပေါ်၌ အုပ်နေသည့် ဆီးနှင်း များသဖွယ် ဖွေးဖွေးလှုပ်နေကြသည်။ အပြာရောင် ဝတ်စုံဝတ်ကာ ညှပ်ဖိနပ် စီးထားသည်။ အဘိုးသည် ကယ်လီအား ချက်ချင်း မှတ်မိ၏။ “ကယ်လို့” ကယ်လီက အဘိုးအိုထံ ပြေးသွားသည်။ သူ့ဆီသို ့ ဆန့်တန်းထား သည့် လက်နှစ်ဖက်ကို ဆွဲယူလိုက်၏။ “ငါ မင့်အတွက် စိတ် စိတ်ပူနေတာ၊ မင်းရောက်သင့်တာ လေးငါးရက် မကတော့ဘူး ကယ်လီ" ”ဟု အဘိုးအိုက ပြောသည်။ “ကျွန်မ သမ္မတကြီးကိုသိပ်သတိရတာပဲ၊ ကျွန်မမှာ ပြောစရာတွေ အများကြီးပါလာတယ်၊ များလွန်းလို့ ဘယ်ဟာက စပြောရမှန်းတောင်မသိ တော့ဘူး' သမ္မတဗစ်တာအိုမီရူသည် အသက် ၇ဝ ကျော်ပြီ။ သို့သော်လည်း သန်စွမ်းဆဲပင် ဖြစ်၏။ သူသည် ကယ်လီ၏ လက်ကိုဆွဲ၍ ဓာတ်ခွဲခန်းထဲသို့ ခေါ်သည်။ “မင်းမရှိတုန်း မင်းဓာတ်ခွဲခန်းကို ငါပစ်မထားဘူးဆိုတာ သိစေချင် တယ်၊ ငါဟာ နိုင်ငံရေးသမားမဖြစ်ဘဲ သိပ္ပံပညာရှင်တစ်ယောက်သာ ဖြစ်လိုက် ဆင်ကုန်သည် J ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ ခဏခဏ တွေးမိတယ်” သမ္မတဗစ်တာအိုမီရှသည် လူငယ်ဘဝကလန်ဒန်၌ ပညာသင်ခဲ့သူဖြစ် ၏။ အီလက်ထရစ်ကယ်အင်ဂျင်နီယာ မဟာဝိဇ္ဇာဘွဲ့ ရသည့်အခါ ယူဘိုမိုသို့ ပြန်လာပြီး ကိုလိုနီအစိုးရလက်ထက်တွင် နှစ်အနည်းငယ်မျှ အလုပ်လုပ်ခဲ့၏။ ထို့နောက် အလုပ်မှထွက်ကာ ယူဘိုမိုနိုင်ငံလွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်နဲ့ ၏။ သူသည်ယခုအချိန်အထိ သိပ္ပံပညာဘာသာရပ်တွင်စိတ်ဝင်စားနေဆဲဖြစ်၏။ သူ့လက်ထဲမှ အာဏာကို အက်ဖ်ရပ်တပ်ဖာရီက သိမ်းယူလိုက်သည့် အခါ ဗစ်တာအိုမီယူသည် သူ့သစ္စာတော်ခံ လူလက်တစ်ဆုပ်စာဖြင့် ကယ်လီ ကင်နီးယားနေထိုင်ရာ ဂွန်ဒါလာသို့ ထွက်ပြေးလာပြီးခိုလှုံခဲ့၏။ သူရောက်လာပြီး ဆယ်လကျော်ကျော်ခန့် အကြာတွင် ဤနေရာ ဤ ဌာနသည် တပ်ဖာရီ အာဏာရှင်အစိုးရအား ဆန့်ကျင်နေသည့် ယူဟာလီ တော်လှန်ရေးလှုပ်ရှားမှု ဗဟိုဌာန ဖြစ်လာခဲ့၏။ ကယ်လီမှာလည်း အိုမီရူ၏ စိတ် အချရဆုံးသောလူတစ်ယောက် ဖြစ် လာခဲ့၏။ နိုင်ငံရေးလှုပ်ရှားမှုများ နည်းပါးချိန်တွင် အိုမီရူသည် ကယ်လီ၏ ဓာတ်ခွဲခန်း၌ ကယ်လီ၏အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသော လက် ထောက်တစ်ဦး ဖြစ်လာခဲ့လေသည်။ အမှန်တော့ ကယ်လီသည် သမ္မတ အိုမီရူ၏ကူညီထောက်ပံ့မှုကိုရယူ ကာ သူ့ဓာတ်ခွဲခန်းတွင်ငှက်ဖျားရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါများ တိုက် ဖျက်ရေးအတွက် ဆေးဝါးများ စူးစမ်းရှာဖွေနေခြင်း ဖြစ်သည်။ သို့သော်လည်း အိုမီရူအာဏာမဲ့သွားသည့်အခါ ကယ်လီ၏လုပ်ငန်းသည် အားပြတ်သလို ဖြစ်သွားခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ ယခုအခါတွင် သူတို့နှစ်ယောက်၏အားစိုက်မှုဖြင့် ငှက်ဖျားရောဂါကို အမြစ်ပြတ်စေနိုင်သည့် ဓာတ်တစ်ခုကို ဆီလီမီပင် အအေးထဲ၌ တွေ့နေရပြီးဖြစ်၏။ ထိုအပင်မှာ ပစ်ဂမီတို့က သူတို့တဲများ ဆောက်လုပ်ရာ၌ လည်းကောင်း၊ အဖျားရောဂါကုသရာ၌ လည်းကောင်း အသုံးပြုလာခဲ့သောအပင် ဖြစ်သည်။ ယခုလည်း အိုမီရူသည် ကယ်လီ မရှိခိုက် သူလုပ်ထားခဲ့သမျှကို ပြောပြလျက် ရှိသည်။ ကယ်လီကလည်း အိုမီရူ၏ရှာဖွေတွေ့ ရှိချက်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခြင်း ပြုလေသည်။ စခန်းတွင် လက်ခံပြီး စမ်းသပ်ကုသပေးနေ သည့် အေအိုင်ဒီအက်စ်ရောဂါသည် ယူဟာလီ အမျိုးသား သုံးယောက်၏ အခြေ
90.159104
Elephant Trader
Mg Htun Thu
10356
137
________________ ၂၇၆ အနေကိုလည်း သူတို့ချင်း တိုင်ပင်နှီးနှောကြသည်။ www.burmeseclassic.com မောင်ထွန်းသူ ကယ်လီအဖို့တော့ ဤအဘိုးအိုနှင့် ပြန်လည်ဆုံမိရသည့်အတွက် စိတ်ချမ်းသာသည်။ ပညာဉာဏ်ကြီးမားပြီး ကိုယ်ချင်းစာ တရားထားတတ်သော သူ့လို ပုဂ္ဂိုလ်ကြီးနှင့် စကားပြောရသည်မှာ ကြည်နူးစရာကောင်းသည်။ . တကယ်တော့ ဗစ်တာအိုမီရှုသည် သူ လေးစားကြည်ညိုသော၊ ချစ် မြတ်နိုးသော၊ အထင်ကြီးသော ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။ ဆင်ကုန်သည် J77 ဖော်မိုဆာဟူသောစကားလုံးသည် ‘လှပသော”ဟု အဓိပ္ပာယ်ရသည်။ ဤစကား လုံးသည် ပေါ်တူဂီဘာသာစကား ဖြစ်၏။ အခုတော့လည်း ဖော်မိုဆာဟူသော အမည်ထက် တရုတ်တိုင်ပေကျွန်း”ဟူသောအမည်ကိုသာ လူသိများနေကြလေပြီ။ လေယာဉ်ပြတင်းမှနေ၍ တရုတ်တိုင်ပေကျွန်း၏ အလှကိုကြည့်နေ သော တပ်ဟယ်ရစ်ဆန်၏ ဦးနှောက်သည် အေးမြကြည်လင်လျက်ရှိ၏။ သူ့ လေယာဉ်သည် အပူပိုင်းဒေသလွင်ပြင်၏ အထက်ဘက်ကောင်းကင်းတွင် ပေပေါင်း ၄ဝဝဝ ကျော်၌ ရှိနေသည်ဖြစ်ရာ အောက်ဘက်မှ ဖော်မိုဆာ ရေလက် ကြား၊ တိုင်ဝမ်ကျွန်းနှင့် တိုင်ပေမြို့တို့ကို မြင်တွေ့ ရပြီ ဖြစ်၏။ တပ်ဟယ်ရစ်ဆန် အဖို့တော့ ကိုယ်လိုသည့်ခရီးကို ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် သွားရခြင်းသည် စိတ်ချမ်းသာစရာအကောင်းဆုံးအလုပ်တစ်ခုဟု ထင်သည်။ တပ်အနေဖြင့် ယခုတစ်ခေါက် လန်ဒန်မှထွက်လာခဲ့သည့်ခရီးတွင် အဘူဒါဘီ၊ ဘာရိန်း၊ ဘရူနိုင်းနှင့် ဟောင်ကောင်စသည့် နေရာများ၌ တစ်ရက် နှစ်ရက်နေခဲ့သည်။ သူဟောင်ကောင်၌ ရပ်နားခဲ့သည့် ကာလအတွင်းတွင် လုပ်ငန်းရှင် အတော်များများနှင့် တွေ့ဆုံခဲ့ရရုံမျှမက ပေါင်သန်းရှစ်ဆယ်ခန့် ရင်းနှီးမြှုပ်နှံရန် စာချုပ်နှစ်ခု ချုပ်ဆိုနိုင်ခဲ့၏။ မကြာမတင်မှာပင် လေယာဉ်သည် တိုင်ပေလေယာဉ်ကွင်းသို့ ဆင်း သည်။ မြေပြင်ရှိလေယာဉ်ထိန်းသိမ်းရေးမှူးများသည် တပ်၏လေယာဉ်ကို ကာသေးပစိဖိတ်လေကြောင်း ကုမ္ပဏီပိုင် လေယာဉ်များထားရာ ကွင်းထဲ၌ ရပ်နားခိုင်းသည်။ လေယာဉ်ကွင်းထဲမှ တပ်ထွက်လာသည့်အခါ နှစ်မိသားပဲမှ အငယ် ဆုံးသားနှင့် ဆုံမိသည်။ ရိုးရွိုက်စ်မော်တော်ကားနှင့် သူ့အား ယာကြိုခြင်းပေ
89.515152
Elephant Trader
Mg Htun Thu
10356
138
________________ ၂၇၈ www.burmeseclassic.com မောင်ထွန်းသူ တည်း။ သူကိုင်ဆောင်လာသည့် သံတမန်နိုင်ငံကူးလက်မှတ်ကြောင့် အကောက် နွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတွင် ကြာကြာအစစ်ဆေး အမေးမြန်းမခံရ။ သူ၏အနီရောင် နိုင်ငံကူးလက်မှတ်စာအုပ်ထဲ၌ တံဆိပ်ရိုက်ပေးခြင်း အတွက် ငါးမိနစ်ခန့်မျှသာ အချိန်ကုန်သည်။ သူ့ပစ္စည်းများကို ရိုးရွိုက်စ်ကား ပေါ် သယ်တင်ရသည့်အတွက်သာ အနည်းငယ်စောင့်ရသည်။ စောင့်ရသည့် အချိန်မှာလည်း ပြောပလောက်သည် မဟုတ်။ သူ့လေယာဉ်ဆိုက်ပြီး အချိန် ဆယ့်ငါးမိနစ်ခန့်မျှအတွင်း ရိုးရွိုက်စ်ကားသည် လေဆိပ်မှ ထွက်ခွာလာနိုင်ခဲ့၏။ တပ်သည် သူငယ်စဉ်က ခရီးသွားလာခဲ့ပုံများကို သတိရမိသည်။ ထိုစဉ်က အာဖရိကတိုက်ထဲ၌ ခြေကျင်တစ်မျိုး၊ စက်ဘီးနှင့်တစ်သွယ် ခရီးသွား ခဲ့ရ၏။ တစ်ခါတစ်ရံတွင် ဘတ်စ်ကားစီး၍ သွားခဲ့ရ၏။ သူ ပထမဆုံး ကိုယ်တိုင် မောင်းခဲ့ရသည့် ကားသည် ဖို့ဒ်ဗွီအိပ်ထရပ်ကားဖြစ်၍ ကားရှေ့မှရှုံ့ကာ များသည် ဆင်နားရွက်များနှင့်တူနေသည်။ သူ့အတွေးနှင့်သူ ငြိမ်ဆိတ်လာသော တပ်ဟယ်ရစ်ဆန်သည် သူ့အား ကြိုလာသည့် နင်ချင်ဂွန်းအား လှည့်ကြည့်ပြီး ပြုံး၏၊ သူ သိထားသလောက် ဆိုပါက နှင်ချင်ဂွန်းသည် အဖေအချစ်ဆုံးသား ဖြစ်၏။ အသက်ကြီးလာမှယူ သည့် တတိယမယား အင်္ဂလိပ်အမျိုးသမီးမှ မွေးဖွားလာသော သားဖြစ်၏။ ဖြစ်ရိုးဖြစ်စဉ်အတိုင်းဆိုလျှင် အရှေ့တိုင်းနှင့် အနောက်တိုင်းသွေးရော နေသည့် လူတစ်ယောက်တွင် နှစ်ဖက်မိဘ၏ ကောင်းသော အကျင့်စရိုက်နှင့် အရည်အသွေးများ ပါလာတတ်၏။ ဤလူငယ်ကတော့ ဘယ်လိုအမျိုးအစား ဖြစ်သည်ကို သူမသိ။ သူရထားသည့် မှတ်တမ်းများအရ ဆိုပါက အဘိုးကြီးနှင်ဟင်ဆူးသည် သူ့သားငယ်အား ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့၏။ တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ရပြီး ကျောင်းထွက်လာခဲ့သော နှင်ချင်ဂွန်းအား စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ ဝင်စေခဲ့၏။ သူ့သားတပ်မှ ထွက်သည့်အခါတွင် ဗိုလ်ကြီးအဆင့် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ဤလူရွယ်သည် ငယ်စဉ်ကအမည်းစက် တစ်စက် ရှိခဲ့ဖူး၏။ တိုင်ပေမြို့ ရှိ နာမည်ကြီးပြည့်တန်ဆာအိမ်မှ သူခေါ်သွားသော မိန်းကလေး တစ်ယောက် အစအနပင်ရှာမရအောင် ပျောက်သွားခဲ့သည့်ကိစ္စပင် ဖြစ်၏။ ယင်းကိစ္စနှင့်ပတ်သက်၍ ရဲကသူ့အားစစ်ဆေးခြင်း ပြုခဲ့သော်လည်း အမှုဖွင့် အရေးယူသည် အထိကား မဖြစ်ခဲ့ပေ။ ထို့နောက်တော့ နှင်ချင်ပွန်းသည် ဖခင်၏ အရှိန်အဝါဩဇာဖြင့် သံတမန် နယ်ပယ်တွင်းသို့ ရောက်သွားခဲ့လေ သည်။ လုပ်သက် လေးငါးနှစ်မျှ ကြာသောအခါ သံအမတ်ရာထူးကို ရခဲ့သော် ဆင်ကုန်သည် J70 လည်း သူသွားရောက် တာဝန်ယူရသည့် နိုင်ငံမှာ အာဖရိကတိုက်ထဲမှ မထင်ရှား J နိုင်ငံငယ်လေးတစ်နိုင်ငံ ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း လူမည်းမလေးတစ်ယောက် ပျောက်သွားသည့် ကိစ္စနှင့် ပတ်သက်၍ သူ့အပေါ် သံသယမကင်းစရာများ ရှိခဲ့သည်။ ထိုစဉ်က နှင်ချင်ဂွန်းသည် ဇမ်ဘီဇီမြစ် တောင်ဘက်ကမ်းပါးထက်မှ တည်းခိုရိပ်သာ တစ်ခုတွင် တည်းနေ၏။ သူတည်းနို့နေသည့် ရိပ်သာအနိုးတွင် ရွာလေးတစ်ရွာရှိရာ တစ်ညနေ ခင်းတွင် ထိုရွာထဲမှ မိန်းကလေးတစ်ယောက်သည် နင်ချင်ပွန်း၏ တည်းခိုရိပ်သာ ထဲ ဝင်သွားသည်ကို မြင်လိုက်ကြရသည်။ ထို့ နောက်တော့ မိန်းကလေး ပျောက်သွားသည်။ ပြန်တွေ့သည့်အခါ ဇမ်ဘီဇီမြစ်တွင်းမှ ဖြစ်၏။ တံငါသည်များ၏ ပိုက်ကွန်တွင်ငြိပြီး ပါလာခြင်းဖြစ်၍ အလောင်းမှာ မိကျောင်းကိုက်ထားသဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ ထူးခြားမှုတစ်ခုမှာ အလောင်းတွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရခြင်း ဖြစ်သည်။ ယင်းသဲလွန်စ ကြောင့် ရဲများသည်အမှုကို ဆက်လက်စုံစမ်းခြင်း ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း တရားခံကို ဖော်ထုတ်ခြင်းကား မပြုလုပ်နိုင်ခဲ့ကြပေ။ ဤကား ဒုတိယအမည်းစက် ဖြစ်လေသည်။ ဤသည်တို့ကား နင်ချင်ပွန်းနှင့် ပတ်သက်၍ သူရထားသည့် စုံစမ်းတွေ့ရှိချက်များ ဖြစ်သည်။ အခုကျတော့လည်း နှင်ချင်ပွန်းသည် သံတမန်အလုပ်မှ ထွက်ကာ တရုတ်တိုင်ပေသို့ ပြန်၍ သူ့အဖေ၏ လပ်ကီးကုမ္ပဏီကို ဦးစီးနေခဲ့လေပြီ။ သူ့အဖေကတော့ သူ့သားအပေါ် ယုံကြည်ကိုးစားသော စိတ်ဖြင့် သူ့ကုမ္ပဏီတွင် ဒုတိယဥက္ကဋ္ဌအဆင့်ကိုပင် ပေးအပ်ထားခဲ့သည်။ တပ်ဟယ်ရစ်ဆန်သည် နှင်ချင်ဂွန်းအပေါ်များစွာ စိတ်ဝင်စားနေမိ သည်။ အသက်ငယ်ငယ်နှင့် ဤမျှကြီးလေးသော တာဝန်ကို ယူနိုင်သည့်အတွက် အံ့သြခြင်းလည်း ဖြစ်မိသည် ။ ရုပ်ရည်ချောမောသလောက် အပျင်းထူလှသော သူ့သားသုံးယောက်နှင့် နှိုင်းယှဉ်ကာ စိတ်ထိခိုက်ခြင်းလည်း ဖြစ်နေမိ၏။ မော်တော်ကားသည် နင်မိသားစုခြံဝင်းအတွင်းသို့ ဝင်လာသည်။ အဝင်တံခါးက တစ်ဖက်တစ်ချက်ရှိ တရုတ်နဂါးရုပ်တုကြီးများသည် သမိုင်းမတင် မီခေတ်ဆီက ထူးခြားဆန်းပြားသော သတ္တဝါကြီးနှင့် တူလှသည်။ ရွှေချထား သဖြင့် အရောင်က ဝင်းလက်နေ၏။ sic.com
90.66447
Elephant Trader
Mg Htun Thu
10356
139
________________ . www.burmeseclassic.com မောင်ထွန်းသူ ကောက်ကွေးကွေး ခြေသည်းကြီးများ၊ တစ်ဖက်လျှင် ပေ ၅၀ ခန့် အကျယ် ရှိသည့် အကောင်ကြီးများ၊ မီးလုံးသဖွယ် ရဲရဲတောက်နေသည့် မျက်လုံးကြီးများ နှင့် ဟထားသည့်ပါးစပ်ကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းသည့် အစွယ်ကြီးများ...။ တပ်ဟယ်ရစ်ဆန်က နဂါးရုပ်ကြီးများကိုကြည့်ပြီး ဘုရားတသည်။ ရှင်က တအံ့တသြဖြစ်သွားသော တပ်ဟယ်ရစ်ဆန်ကို ကြည့်၍ရယ်၏။ {3 “ကျွန်တော့်အဖေက နည်းနည်းတော့ကြောင်တယ်”ဟု ရှင်ကပြောသည်။ “နဂါးရဲ့ သွားတွေက ဆင်စွယ်တွေကို လုပ်ထားတာ၊ မျက်လုံးနှစ်လုံး သီရိလင်္ကာနိုင်ငံထွက် ပတ္တမြားအတုတွေ... “နှစ်လုံးပေါင်း အလေးချိန် ငါးကီလို လေးတယ်၊ သူတို့ နှစ်လုံးကတင် ဒေါ်လာတစ်သန်းကျော်လောက် တန်ဖိုးရှိတယ်၊ ဒါကြောင့်ခြံဝမှာ လက်နက် ကိုင် အစောင့်တွေချထားရတယ်” ထိုအခါကျမှပင် တပ်ဟယ်ရစ်ဆန်သည် ဂိတ်တံခါးဖွင့်ပေးသူ နှစ်ဦး ကို သတိထားမိ၏။ နှစ်ဦးစလုံး ယူနီဖောင်းဝတ် လက်နက်ကိုင်များ ဖြစ်၏။ တကယ်တော့ အဘိုးကြီး နင်ဟင်ဆူးသည် သန်းကြွယ်သူဋ္ဌေးကြီးဘဝ မရောက်မီက ဒုစရိုက်မှုပေါင်း အမြောက်အမြားတွင် မွေ ့လျော်ခဲ့သူ ဖြစ်၏။ သူကြားဖူးထားသမျှ ဆိုပါက နင်ဟင်ဆူးသည် အလွန်တန်ခိုးသြဇာ ကြီးမားခဲ့သော လျှို့ဝှက်ဒုစရိုက်ဂိုဏ်းကြီးတစ်ဂိုဏ်းကိုပင် ခေါင်းဆောင်ခဲ့သူဖြစ်၏။ အခုအချိန်မှာတော့ သူသည် အနုပညာတွင် စိတ်ဝင်စားသည့် ပန်းချီ ပညာရှင် ဖြစ်ချင်လည်းဖြစ်မည်၊ ကဗျာစာဆိုတစ်ဦး ဖြစ်ချင်လည်းဖြစ်မည်။ သို့သော်လည်း အခုဘာတွေပဲ ဖြစ်နေနေ ဟိုတစ်ချိန်ကတော့ လူဆိုး တစ်ဦးသာ ဖြစ်၏။ အဘိုးကြီး၏ အတိတ်သမိုင်းကြောင့် အထင်သေးစရာ မနှစ် မမြို့စရာ မလိုဟု တပ်က ယူဆသည်။ သူကိုယ်တိုင်တွင်လည်း ငယ်စဉ်ဘဝက ဤလျှို့ဝှက်မှုမျိုးတွေ အများကြီး ရှိခဲ့ဖူးသည် မဟုတ်လော။ သူငယ်စဉ်ဘဝက အချိန်အတော်ကြာမျှ လူဆိုးလူမိုက်၊ လူသတ် သမားများနှင့် တွဲခဲ့ရဖူးသည် မဟုတ်လော။ သူ့အနေဖြင့် လူ့ဘဝကို သူတွေ့ထား သည့်အတိုင်းသာလျှင် လက်ခံချင်၏ ၊ ထို့ထက်ပို၍ ဆင်ခြင်လိုသော ဆန္ဒမရှိ။ မော်တော်ကားသည် အိမ်ရှေ့ဆင်ဝင်၌ ရပ်၏။ ချင်က တပ်အတွက် စီစဉ်ထားသည့် အခန်းသို့ လိုက်ပို့၏။ အစစအရာရာ လိုအပ်သမျှကို လုပ်ကိုင် ပေးရန်အတွက် မိန်းကလေးအစေအပါးများရှိကြောင်း၊ ရေမိုးချိုးပြီးလျှင် အနားယူဖို့ အချိန်တစ်နာရီ ပေးထားကြောင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် သူ့အဖေနှင့် နေ့လယ်စာ စားရန် စီစဉ်ထားကြောင်း စသည်များအသိပေးကာ သူ့အခန်းထဲမှထွက်သွားသည်။ ဆင်ကုန်သည် ၂၁ အဘိုးကြီး နင်ဟင်ဆူးသည် အိုမင်းရင့်ရော်လှပြီ။ သူ့ထက်အသက် ဆယ်နှစ်မက ကြီးလိမ့်မည်ဟု တပ်က ယူဆသည်။ အသားအရေသည် ပိန်လှီခြောက်ခန်းလျက် ရှိ၏။ ဘယ်ဘက်ပါးတွင် လူအိုများ၌ ပေါက်လာတတ်သည့် မှဲ့ကြီးတစ်လုံး ရှိသည်။ ထိုမှဲ့ပေါ်တွင် အမွေးများ ပေါက်နေသည်ကိုလည်း သတိထားမိ၏။ မျက်နှာတွင် ပေါက်လာသည့် မှဲ့ပေါ်၌ အမွေးအမျှင်များ ပေါက်နေလျှင် ကံအလွန် ကောင်းသည်ဟူသော အယူအဆသည် တရုတ်လူမျိုးတို့၌ ရှိတတ်သည်။ နေ့လယ်စာစားပွဲသို့ နင်ဟင်ဆူး၏ သားများအားလုံး လာကြသည်။ သူတို့သည် ဖခင်အဘိုးကြီး၏နောက်တွင် ကြီးစဉ်ငယ်လိုက်တန်းစီ၍ ရပ်နေကြ၏။ အကြီးသားသုံးယောက်နှင့် အငယ်ဆုံးသား ချင်တို့ ဖြစ်သည်။ အဘိုး ကြီးက တပ်အား သူ့သားများနှင့် မိတ်ဆက်ပေး၏။ အာလာပသလ္လာပစကား ပြောသည်။ “ကျုပ်သား ချင်က ပြောတယ်၊ မစ္စတာတပ်က ကျုပ်စုဆောင်းထားတဲ့ ဆင်စွယ်တွေကို ကြည့်ချင်တယ်ဆို” ဟု မေးသည်။ “မှန်ပါတယ် ခင်ဗျာ” ဟု တပ်က ပြန်ပြောသည်။ “ကျုပ်တို့ တရုတ်လူမျိုးတွေဟာ ဗေဒင်နှင့် နက္ခတ်ပညာအပေါ်မှာ အထူးသဖြင့် ဆင်စွယ်ဟာ ကျုပ်တို့အတွက် အကောင်းဆုံး ယုံကြည်စွဲလမ်းမှု ရှိကြတယ်၊ အဆောင်ပစ္စည်းတွေကိုလည်း ယုံကြည်ကြ con ကုလားထိုင်ပေါ်မှ ထူပေးရန် စေခိုင်းခြင်း ဖြစ်သည်။ ထို့နောက် သူ့သား အငယ်ဆုံးအား လ ( ၁တ သူ့အား
89.018303
Elephant Trader
Mg Htun Thu
10356
140
________________ ၂၈၂ www.burmeseclassic.com မောင်ထွန်းသူ အဘိုးကြီးက တပ်ဘက် လှည့်၍ “ကြွပါ..ဆာပီတာ”ဟု ပြောသည်။ သူ စုဆောင်းထားသည့် ဆင်စွယ်ပစ္စည်းများထားရာ ပြတိုက်သို့ သွားရန် ခေါ်လိုက်ခြင်းပေတည်း။ ပြတိုက်သည် အိမ်မကြီးနှင့် ခပ်လှမ်းလှမ်း၌ တည်ရှိ၍ ပန်းခြံတွင်းမှ ဖြတ်သွားရသည်။ ပြတင်းပေါက်ဟူ၍ တစ်ပေါက်မျှ မရှိသော်လည်း အတွင်း ဘက်၌ တပ်ဆင်ထားသည့် လျှပ်စစ်မီးများကြောင့် ခင်းကျင်းထားသည့် အရာ ဝတ္ထုများကို ပြက်ပြက်ထင်ထင် မြင်နေရ၏။ “ဆာပီတာကို ကျုပ်တစ်ခုမေးချင်တယ်၊ လောဘသာမရှိရင် ခင်ဗျားတို့ ကျုပ်တို့ ဘယ်နေရာမှာရှိမယ် ထင်သလဲ” “မှန်ပါတယ် ခင်ဗျာ၊ သင့်တင့်မျှတတဲ့ လောဘဟာ အရင်းရှင်စနစ်ရဲ့ လိုအပ်တဲ့ လောင်စာ ဖြစ်ပါတယ်” ဟု တပ်က ပြန့်ပြောသည်။ အဘိုးအိုက ခေါင်းတ်သည်။ “တခြားလူတွေရဲ့ အဆင်ခြင်ကင်းမဲ့ပြီး ရိုက်မဲတဲ့ လောဘကြောင့် ခင်ဗျားနဲ့ကျုပ် ချမ်းသာလာရတယ်ဆိုရင်ကော မှန်မယ်ထင်သလား “မှန်ပါတယ်ခင်ဗျာ” ဟု “တကယ်တော့ ကျုပ်မြတ်နိုးတဲ့ ပစ္စည်းတွေကို လောဘဗာကြီး စုဆောင်းခဲ့တဲ့အတွက် အခုလို တခမ်းတနား ထားနိုင်ခဲ့တာပါ ဆာပီတာ” အဘိုးအိုက ပြောသည်။ တပ်ကလည်း အလိုက်သင့် ခေါင်းညိတ်ပြီး ထောက်ခံ သည်။ အဘိုးအိုသည် သီးသန့်အခန်းငယ်တစ်ခုအတွင်း၌ လှပစွာ ချထား သည့် ဆင်စွယ်ကြီးတစ်စုံကို ပြသည်။ မေးသည်။ “ဆာပီတာ...ဒီဆင်စွယ်ကို မြင်ဖူးခဲ့တယ်လို့ ထင်ပါသလား” ဟု “ဟုတ်ကဲ့...မြင်ဖူးခဲ့ပါတယ်၊ ကြာတော့ ကြာပါပြီ။ တော်လှန်ရေးဆိုတဲ့ အရေးအခင်းတစ်ခု မဖြစ်ခင်က ဇင်ဇီဘာနိုင်ငံ စူလတန်စော်ဘွားရဲ့ နန့်းတော်ကို ကျွန်တော် တစ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြင်ဖူးခဲ့တာပါ” အဘိုးအိုက ခေါင်းညိတ်သည်။ “စူလတန်ကို ပြည်နှင်ဒဏ် ပေးလိုက်ပြီးနောက် ၁၉၆၄ ခုနှစ်မှာ ကျုပ် ဂယ်လိုက်တာပါ၊ ဒီဆင်စွယ်တွေကို ကျုပ်ပိုင်တယ်ဆိုတာ လူနည်းနည်းပဲ သိတယ်" ဆင်ကုန်းသည် ၂၃ ဤဆင်စွယ်များသည် တကယ့်အဖိုးတန်ပစ္စည်းများ ဖြစ်သည်ကို တပ် သိသည်။ ဆင်စွယ်တစ်ချောင်းလျှင် ဆယ်ပေခန့် ရှည်သည်ဖြစ်ရာ ဆင်စွယ် တစ်ချောင်းလျှင် လူလေးယောက်သယ်မှ ရနိုင်သည်။ အာဖရိကသမိုင်းကို လေ့လာခဲ့ဖူးသော တပ်သည် ဤဆင်စွယ်များ အကြောင်း ကောင်းကောင်းသိ၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ကီလီမန်ဂျေရိုးတောင်တန်း တောင်ဘက် ဆင်ခြေလျှောမှ ဆီနော့စီအမည်ရှိ ကျွန်တစ်ယောက် ရလာခြင်း ဖြစ်၏။ ဆီနော့စီ၏ ပိုင်ရှင်သခင်မှာ နာမည်ကြီးလူဆိုး ရွန်ဒီဆိုသူ ဖြစ်သည်။ ရွန်ဒီသည် အရက်စက် အကြမ်းကြုတ်ဆုံးနှင့် အညစ်ပတ်ဆုံးသော ဆင်ကုန် သည်တစ်ဦးအဖြစ် အာဖရိက အရှေ့ဘက်ကမ်းခြေတစ်လျှောက်တွင် နာမည် ကျော်ကြားခဲ့သူ ဖြစ်သည်။ သမိုင်းအဆိုအရ ကျွန်တစ်ဦးဖြစ်သော ဆီနော့စီသည် ဤဆင်အိုကြီး ကို ပြင်ရသည့်အခါ အလွန်အမင်း အံ့ဩလျက်ရှိသည်။ ပါလာသည့် တူမီး သေနတ်ဖြင့် ရုတ်တရက် မပစ်ရဲ။ အံ့မခန်းဖြစ်လောက်အောင် ကြီးမားလွန်းသည့် ဆင်ကြီးကို လေးစားသနားသော စိတ်ဖြင့် နာရီပေါင်းများစွာ အချိန်ကုန်သည် အထိ ချောင်းကြည့်နေမိသည်။ နောက်ဆုံးတွင် သူသည် ဆင်ကြီးကို ပစ်ရန် ဆုံးဖြတ်ကာ နှလုံးဆီသို့ ချိန်၍ ပစ်လိုက်သည်။ ဆင်ကြီးသည် ကိုက် ၁ဝဝ ကျော်ကျော်ခန့်အထိ လန့်ဖျပ် ပြီး ထွက်ပြေးသွားသည်။ ထို့နောက် ဦးခေါင်းကို တစ်ချက်မျှ မော့လိုက်ပြီး လဲကျသွားသည်။ ဤဆင်စွယ်ကို ရွန်ဒီက ဇင်ဇီဘာရှိ ဆင်စွယ်ဈေးသို့ တင်ပို့ ရောင်းချခဲ့ရာ ဆင်ကုန်သည်အားလုံးသည် ဤဆင်စွယ်ကြီးများကို ကြည့်၍ ရင်သပ်ရှုမော အံ့သြခဲ့ကြရ၏။ ဆင်စွယ် အစုအဆောင်း ဝါသနာရှိသော စူလတန် စော်ဘွားသည် ရွန်ဒီထံမှ စတာလင်ပေါင် တစ်ထောင်ပေး၍ ဝယ်ယူခဲ့သည်။ ထိုခေတ်အခါက စတာလင်ပေါင်တစ်ထောင်ဆိုသည်မှာ အဆမတန်များပြားပြီး အဖိုးအလွန်တန် သည့် ငွေဖြစ်၏။ တကယ်တော့ ဤဆင်စွယ်ကြီးများသည် အာဖရိကတိုက်၏။ သမိုင်း ဝင် အစဉ်အလာကြီးသော ရတနာများဟု ထင်သည်။ ဆင်စွယ်များကို သူ့လက် ဖြင့် အသာအယာ ထိတွေ့ ပွတ်သပ်ကြည့်နေသော တပ်၏ စိတ်ထဲတွင်
88.990526
Elephant Trader
Mg Htun Thu